CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်နေသည်ကို သတင်းကြည့်နေကြ(GETTY IMAGES)

အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုမတိုင်မီ မြောက်ကိုရီးယားပဲ့ထိန်းဒုံးကျည် ပစ်လွှတ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1716

CNI International News

ပြုံယမ်း၊ စက်တင်ဘာ ၂၆

တောင်ကိုရီးယားနှင့် အမေရိကန်တို့ စီစဉ်ထားသော စစ်ရေးလေ့ကျင့်မှုမတိုင်မီ မြောက်ကိုရီးယားက ၎င်း၏ ပဲ့ထိန်း ဒုံးကျည်တစ်စင်းကို ကျွန်းဆွယ် အရှေ့ဘက် ပင်လယ်ပြင်ထဲသို့ စက်တင်ဘာ ၂၅ ရက်၌ ပစ်လွှတ်ခဲ့ ကြောင်း အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အဆိုပါ လက်နက်စမ်းသပ်မှုတွင် ပြုံယမ်းမြို့တော် မြောက်ဘက်ရှိ တေချွန် (Taechon) ဒေသအနီးမှ ပစ်လွှတ်ခဲ့ သော တာတိုပစ် ဒုံးကျည်တစ်စင်း ပါဝင်ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောသည်။

ထိုစမ်းသပ်ပစ်လွှတ်မှုတွင် မည်သည့်ဒုံးကျည် အမျိုးအစား (သို့မဟုတ်) အကွာအဝေးမည်မျှ ပျံသန်းခဲ့ကြောင်း အပါအဝင် လက်နက်နှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ချက်ချင်း မသိရသေးပေ။

အမေရိကန် လေယာဉ်တင် သင်္ဘော (AP)

ယင်းလက်နက်သည် ဒေါင်လိုက် အမြင့်ဆုံး ကီလိုမီတာ ၅၀ (၃၁ မိုင်) အကွာသို့ ရောက်ရှိခဲ့ကြောင်း ဂျပန်ဘက်မှ ခန့်မှန်းထားကြောင်း၊ သမားရိုးကျမဟုတ်သော လမ်းကြောင်းပျံသန်း သွားနိုင်ဖွယ်ရှိကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီး ယာစူကာဇူဟာမာဒါက ပြောသည်။

ဒုံးကျည်သည် ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန် အပြင်ဘက်သို့ ကျရောက်သွားခဲ့ပြီး သင်္ဘောနှင့် လေကြောင်း သွားလာရေးဆိုင်ရာ ကြိုတင် သတင်းပေးပို့မှုမရှိကြောင်း ဟာမာဒါက ဆက်လက်ပြောကြားခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း မြောက်ကိုရီးယား စမ်းသပ်ခဲ့သည့် တာတိုပစ်ဒုံးကျည်များသည် ပျံသန်းနေစဉ် အတွင်း အခြားဒုံးကျည်များ၏ လမ်းကြောင်းကို ရှောင်ကွင်းသွားနိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားကြောင်း လက်နက် ရေးရာ ကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။

ခရုဇ်ဒုံးကျည်များ ပစ်လွှတ်မှုကိုပါ ထည့်သွင်း ရေတွက်မည်ဆိုလျှင် ယခုလက်နက် စမ်းသပ်မှုသည် ရှားရှားပါးပါး ၁၉ ကြိမ်မြောက် အရှိန်အဟုန်မြှင့် ပစ်လွှတ်ခြင်းဖြစ်ကြောင်း ဟာမာဒါက သုံးသပ်ပြသည်။

အမေရိကန်ဒုတိယသမ္မတ ကာမယ်လာဟားရစ် (AP)

“မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ ကျနော်တို့နိုင်ငံ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်ပါတယ်။ ယူကရိန်းကျူးကျော်မှုလိုမျိုး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ချင် တယ်ဆိုရင်တော့ ခွင့်မလွှတ်နိုင်စရာပါ” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။

ယခုဖြစ်စဉ်အပေါ် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ရှိ မြောက်ကိုရီးယား သံရုံးမှတဆင့် ဂျပန်က ကန့်ကွက်ထား ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားတပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပါဝင်ရန်အတွက် အမေရိကန်ဒုတိယသမ္မတ ကာမယ် လာဟားရစ်သည် ယခုသီတင်းပတ်အတွင်း ဆိုးလ်မြို့တော်သို့ သွားမည်ဟု သိရသည်။

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် နျူကလီးယားစွမ်းအင်သုံး အမေရိကန် လေယာဉ်တင် သင်္ဘော USS Ronald Reagan ဂျပန်ပင်လယ်သို့ ရောက်ရှိလာပြီးနောက် ယခုကဲ့သို့ မြောက်ကိုရီးယား၏ စမ်းသပ် ပစ်လွှတ်မှု ပေါ်ပေါက်လာခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်က နေပြည်တော်သို့ ရောက်လာသော NDAA ကိုယ်စားလှယ်များကို တွေ့ရစဉ်

UWSA၊ NDAA၊ SSPP တို့ ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည်တော်ရောက်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1759

 

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၅

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ခေါင်းဆောင်များသည် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တွေ့ဆုံ ဆွေးနွေးရန် ယနေ့ (စက်တင်ဘာ ၂၅ ရက်)တွင် နေပြည်တော် သို့ ရောက်ရှိလာခဲ့သည်။

UWSA ကိုယ်စားလှယ်အဖွဲ့ကို ဒုဥက္ကဋ္ဌ ဦးလော့ယာကုက လည်းကောင်း၊ NDAA ကိုယ်စားလှယ်အဖွဲ့အား ဒုဥက္ကဋ္ဌ ဦးစန်ပေ့က လည်းကောင်း၊ SSPP ကိုယ်စားလှယ်အဖွဲ့ကို ဒုဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်က လည်းကောင်း အသီးသီး ဦးဆောင်လာခဲ့ကြောင်း သိရသည်။

UWSA  ဒုဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက် နေပြည်တော်ရောက်လာစဉ် 

ထို့နောက် စက်တင်ဘာ ၂၆ ရက်နေ့တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဆိုပါ ပူးတွဲ သုံးဖွဲ့မှ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။ ဆက်လက်၍ နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSA၊ NDAA၊ SSPP ပူးတွဲကိုယ်စားလှယ်များ အသေးစိတ်ကို ဆွေးနွေးကြမည်ဖြစ်သည်။

UWSA ၊ NDAA ၊ SSPP တို့သည် နစကနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ယခုအခါသည် ဒုတိယအကြိမ် တွေ့ဆုံ ခြင်း ဖြစ်သည်။

SSPP ဒုဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင် ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်က နေပြည်တော်ရောက်လာစဉ်

ပထမ အချိန်ကတော့ UWSA နှင့် နစကသည် ၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်နေ့ တွေ့ဆုံ ဆွေးနွေးထားသလို NDAA နှင့် နစကလည်း ၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်က တွေ့ဆုံ ဆွေးနွေးထားသည်။ ထို့နောက် SSPP နှင့် နစကသည် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၄ ရက်က တွေ့ဆုံ ဆွေးနွေးထားသည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသော အဖွဲ့များသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားခေါင်းဆောင် ပူတင်

နျူကလီးယားစစ်တစ်ခု စတင်ရန်မဖြစ်နိုင်သော ပူတင်၏အကြောင်းရင်းတစ်ခုက ဘာလဲ

By CNI News
CNI News
Category: ဆောင်းပါး
Hits: 1890

 

CNI Article

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၅

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ မကြာသေးမီက နျူကလီးယားလက်နက် ထုတ်သုံးမည်ဟု ခြိမ်းခြောက်မှုကို ကမ္ဘာက အလေးအနက်ထား နေချိန်၌ ရုရှားနိုင်ငံသားတစ်ဦးကတော့ “ပူတင်အနေဖြင့် နျူကလီးယားစတင်ရန် မဖြစ်နိုင်ခြင်းမှာ နောက်ဆက်တွဲ ကြောက်ရွံ့မှုတစ်ခုသာ ဖြစ်ကြောင်း” မှတ်ချက်ချခဲ့သည်။

ပူတင်၏ စစ်မှုထမ်းခေါ်သည့် ကြေညာချက်ကြောင့် ရုရှားမှ ထွက်ပြေးလာသော အသက် ၃၈ နှစ်အရွယ်ရှိ အန်တွန် ရှားလက်ဗ်က The Atlantic မီဒီယာနှင့် အင်တာဗျူးတွင် “ယူကရိန်းကို စပြီး ကျူးကျော်တုန်းက ဒီအဘိုးကြီး (ပူတင်) အနေနဲ့ အရှုံးနှင့် ရင်ဆိုင်ရမှာ မဟုတ်ဘူးလို့ ထင်ခဲ့မိတာဗျ” ဟု ပြောကြားခဲ့သည်။

“ဒီလူက စိတ်ကျန်းမာရေး သိပ်မကောင်းဘူးဗျ။ ကျနော်တို့အားလုံးရော ကျနော်တို့စီးပွားရေး‌ပါ နောင်အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ သူ ဂရုမစိုက်ဘူးဗျ။ ကျနော်တို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ ဒီအဘိုးကြီး ဆီမှာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ ဗီဇတချို့ရှိနေတာကြောင့် ကျနော်တို့အားလုံး လက်ရှိထက် နိမ့်မကျသွားဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ရုရှားမှာ စစ်မှုမထမ်းလို၍ နိုင်ငံသားတချို့တိုင်းပြည်က ထွက်ခွာနေကြစဉ်

ရုရှားက အရန်တပ်ဖွဲ့ဝင် အင်အား ၃ သိန်းကို တစိတ်တပိုင်း စည်းရုံးအားဖြည့်မည်ဟု ကြေညာပြီးနောက် ကရင်မလင်သမ္မတ နန်းတော်အနေဖြင့် နျူကလီးယာတိုက်ခိုက်မှု လုပ်ဆောင်လာနိုင်ကြောင်း ပူတင်က စက်တင်ဘာ ၂၁ ရက်တွင် အတိအလင်း ပြောကြားခဲ့သည်။

၎င်း၏ စစ်မှုထမ်းရေး ဆော်ဩမှုကို တုံ့ပြန်သည့်အနေဖြင့် လက်နက်ကိုင်ရသည့် ဒုက္ခကို ရှောင်ရန်အတွက် ရုရှား အမျိုးသားထု လှိုင်းလုံးကြီးဖြင့်  ပြည်တွင်းမှ အလျှိုလျှို ထွက်ပြေးကုန်ကြသည်။

ရှားရှားပါးပါး မိန့်ခွန်းတစ်ခုတွင် ပူတင်က “ယူကရိန်း၏ အနောက်အုပ်စု မဟာမိတ်များသည် ရုရှားကို နျူကလီးယား လက်နက်ဖြင့် ပြန်သိမ်းနေကြောင်း” စွပ်စွဲခဲ့သေးသည်။

“ရုရှားက ကိုယ့်နယ်မြေ စိုးမိုးရေး ခြိမ်းခြောက်နေတယ်လို့ ခံစားမိလာတဲ့အခါမှာ ကာကွယ်ရေး နည်းလမ်းအားလုံး ထုတ်သုံးသွားမှာပါ။ ဒီအတွက် နှောင့်နှေးစရာ မရှိပါဘူး” ဟု ပူတင်က ဆက်လက် ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲအတွင်းက ပျက်စီးမှု

ရုရှားသမ္မတ၏ မှတ်ချက်စကားကြောင့် မော်စကိုအစိုးရသည် ယခုအချိန်အထိ စစ်ပွဲကို နျူကလီးယားအဆင့်အထိ အရှိန်မြှင့်မည် မဟုတ်ကြောင်း ထောက်လှမ်းရေးနှင့် ကာကွယ်ရေး အရာရှိများမှတစ်ဆင့် ကပျာကသီ ဖြေရှင်း ခဲ့ရသည်။

အချို့ကတော့ မော်စကိုအစိုးရအနေဖြင့် ပူတင်ကို လျှော့တွက်မိမည်ကို စိုးရိမ်ကြောင်း ထုတ်ပြောခဲ့ကြသည်။

ယခု သီတင်းပတ်အတွင်း ရုရှားလူထု၏ တုံ့ပြန်မှုကို ကြည့်လျှင် နိုင်ငံသားအများစုသည် ပူတင်အတွက် စစ်တိုက် ရန် ဆန္ဒမရှိကြကြောင်း ပြသခဲ့ကြသည်။

ဥပမာအားဖြင့် အထက်ပါ အင်တာဗျူးဖြေဆိုခဲ့သူ အန်တွန်ရှားလက်ဗ်က ၎င်းအနေဖြင့် ယူကရိန်းစစ်ထဲသို့ မည်သည့်အခါမျှ ဝင်တိုက်ပေးမည် မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

ယူကရိန်းစစ် ဆန့်ကျင်သော ရုရှားနိုင်ငံသားများ ဖမ်းဆီးခံရ

“ယူကရိန်းစစ်ကို တိုက်မယ့်အစား ထောင်ထဲသွားရတာ ပိုကြိုက်တယ်။ စစ်ဆန့်ကျင်ရေး ရပ်တည်ချက်ကို ပွင့်ပွင့်လင်းလင်းပဲ ကျနော် ဆုတ်ကိုင်ထားပါတယ်။ ယူကရိန်းနိုင်ငံသားတွေကို လှူဒါန်းကြဖို့ လူမှုကွန်ရက် မီဒီယာ သုံးစွဲသူတွေကို တိုက်တွန်းပါတယ်ဗျာ။ ဒီစစ်ပွဲကြီးတစ်ခုလုံးဟာ လူသားမျိုးနွယ်နဲ့ ဆန့်ကျင်တဲ့ ရာဇဝတ်မှု တစ်ခုပါပဲ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“ရုရှားခေါင်းဆောင်တွေဟာ သူတပါးနယ်မြေကို သိမ်းပိုက်ပြီး အပြစ်မဲ့လူတွေကို သတ်ပစ်ကြတယ်” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။

“အဘိုးကြီးတချို့နဲ့ သွေးဆာနေတဲ့ ဖုတ်ကောင်တွေရဲ့ စစ်တပ်ဟာ ကျနော်တို့ ရုရှားလူထုကို ငရဲထဲ ပို့နေတာဗျ။ ရုရှားက ကျနော့် ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေဟာ ဖုတ်ကောင် အကိုက်ခံရသလို ခံစားရသလို ကျနော်တို့ တနိုင်ငံ လုံးကို ကြောက်စရာကောင်းတဲ့ စစ်ပွဲထဲကို တွန်းပို့ခဲ့ပါတယ်။ ရုရှားအရှုံးသမား ခင်ပွန်းသည်တွေကို ရှုံးမဲမဲပြီး သူတို့ ဇနီးမယားကို လှိမ့်ရိုက်တာ ကျနော် မြင်ခဲ့ရပါတယ်။ ကျနော်တို့ နိုင်ငံတော်စနစ်နဲ့ အုပ်ချုပ်ရေးယန္တရားလည်း ပုပ်ပွ နေပါပြီ။ လူသေကောင်တွေ စုပုံနေတဲ့ စစ်တပ်အဖြစ် ပြောင်းသွားပြီ ” ရှားလက်ဗ်က The Atlantic မီဒီယာနှင့် အင်တာဗျူးတွင် ရင်ဖွင့်သွားခဲ့သည်။

Source: News Week 

(News Week မဂ္ဂဇင်းဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင် Katherine Fung ၏ရေးသားချက်ကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါသည်)

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားစစ်မှုထမ်းအင်အားတိုးမြှင့်ရာတွင် ကင်းလွတ်ခွင့်ပေးသူများရှိ

By CNI
CNI
Category: Watch TV
Hits: 772

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်အရေး အန္တရာယ်များသော အချက်ပြမှုများ အမေရိကန်ပေးပို့နေဟု တရုတ်ပြော

By CNI
CNI
Category: Watch TV
Hits: 710

Share
Tweet
Share
Share
powered by social2s

ရှရှားဘက်မှ ဒရုန်းတိုက်ခိုက်မှုများလာ၍ အီရန်သံရုံးထားရှိမှုအဆင့် ယူကရိန်းလျှော့ချမည်

By CNI
CNI
Category: Watch TV
Hits: 694

Share
Tweet
Share
Share
powered by social2s

နွေဦးတော်လှန်ရေး ပေါ်လာရခြင်းက မျိုးဆက်များ၏ အနာဂတ်အတွက်ဟုပြော

By CNI
CNI
Category: Watch TV
Hits: 684

Share
Tweet
Share
Share
powered by social2s

ရှီကျင့်ဖျင် အဖမ်းခံရပြီး အာဏာသိမ်းမှုဖြစ်ပွားဟု ကောလာဟလများ ပျံ့နှံ့

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2297

 

CNI International News

ဘေဂျင်း၊ စက်တင်ဘာ ၂၄

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နေအိမ်အကျယ်ချုပ်ချ၍ အာဏာသိမ်းမှုဖြစ်ပွားကြောင်း ထင်ကြေးများနှင့် ကောလာဟလများ လူမှုကွန်ရက် မီဒီယာများတွင် ပျံ့နှံ့သွားခဲ့သည်ဟု ယနေ့ (စက်တင်ဘာ ၂၄ ရက်) ညနေ ပိုင်းတွင် အိန္ဒိယတူဒေးဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

အတည်မပြုနိုင်သော သတင်းများဖြစ်သည့် အင်တာနက် လူမှုကွန်ရက်ရှိ ပို့စ်များစွာတွင် “ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီး အစည်းအဝေး တက်ရောက်ရန် ဥဇဘက်ကစ္စတန်နိုင်ငံ၊ ဆမာခန်မြို့သို့ ရှီကျင့်ဖျင် ရောက်ရှိနေစဉ်အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က တရုတ်ပြည်တွင်း၌ ၎င်းကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း” ပြောဆိုရေးသားနေကြသည်။

သို့သော် တရုတ်ကွန်မြူနစ်ပါတီ (သို့မဟုတ်) တရုတ်အစိုးရမီဒီယာများက အဆိုပါ ပြောဆိုရေးသားနေမှုများကို တရားဝင် အတည်ပြုခြင်း မရှိသေးပေ။

“စစ်ဆေးရမယ့် ကောလာဟလအသစ်ပါ။ ရှီကျင့်ဖျင်ဟာ ဘေဂျင်းမှာ အကျယ်ချုပ် ကျနေသလားပေါ့။ သူက မကြာခင်ကပဲ ဆမာခန်မြို့မှာ ရှိနေတုန်း တရုတ်ကွန်မြူပါတီ ခေါင်းဆောင်ပိုင်းက သူ့ကို ပါတီရဲ့ စစ်တပ် ကွပ်ကဲမှု တာဝန်ကနေ ဖယ်ရှားခဲ့တယ်လို့ ယူဆနေကြတာ။ အဲဒီနောက် အကျယ်ချုပ် ကျတယ်ပေါ့ဗျာ။ ဒါကြောင့် ကောလာဟလ ထွက်လာတယ်” ဟု အိန္ဒိယအစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းနှင့် BJP ပါတီခေါင်းဆောင် ဆူဘရာ မာနီ ယန်းစဝါမီက တွစ်တာလူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။

အလားတူ ရှီကျင့်ဖျင် နေအိမ် အကျယ်ချုပ် ကျနေကြောင်း တွစ်တာလူမှုကွန်ရက်တွင် တရုတ်နိုင်ငံသား အများ အပြားက ရေးသားလွှင့်တင်နေကြသည်။

၎င်းတို့အထဲမှ အများစုက PLA စစ်တပ်က အာဏာသိမ်းလိုက်ပြီဟု အခိုင်အမာ ပြောဆိုနေကြသည်။ အချို့က တော့ လီချောင်မင်ကို ယာယီသမ္မတ ခန့်ထားသည်ဟုပင် ထင်ကြေးပေးနေကြသည်။ လီချောင်မင်သည် PLA တပ်တွင် ဗိုလ်ချုပ်ကြီးအဆင့် ရာထူးရှိသူ ဖြစ်သည်။

အဆိုပါ ကောလာဟလ သတင်းများသည် ယခုရက်ပိုင်းအတွင်း တရုတ်အစိုးရ ခေါင်းဆောင်ဟောင်းများကို ပြစ်ဒဏ် စီရင်ချက်ချခြင်းနှင့် ဆက်စပ်နေသည်။ ဝန်ကြီးဟောင်းနှစ်ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး အခြားအရာရှိ တစ်ဦးကို ယခုသီတင်းပတ်အတွင်း ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။

အဆိုပါ ၆ ဦးသည် နိုင်ငံရေး အစုအဖွဲ့ငယ်တစ်ခု ဖြစ်သည်။

လက်ရှိတွင် တရုတ်ကွန်မြူနစ်ပါတီသည် နိုင်ငံတဝန်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကို အရှိန်မြှင့် နေချိန် ၎င်း ၆ ဦးမှာ ရှီကျင့်ဖျင်ကို ဆန့်ကျင်သူများ ဖြစ်သည်ဟု ယုံကြည်ရသည်။

သို့ဖြစ်၍ ရှီကျင့်ဖျင် နေအိမ် အကျယ်ချုပ် ကျခံရကြောင်း ကောလာဟလကို ၎င်းအား ဆန့်ကျင်သည့် အသိုင်း အဝိုင်းမှ စတင်ဖြန့်ချိသည်ဟု ယူဆရကြောင်း အိန္ဒိယတူဒေးက ဆက်လက်ရေးသားသည်။

Source: India Today

 

Share
Tweet
Share
Share
powered by social2s
ရုရှားနဲ့ပေါင်းစည်းရေး ယူကရိန်းနိုင်ငံထဲက ခွဲထွက်ဒေသမှ လူထုဆန္ဒခံယူပွဲ (တာ့စ်)

ရုရှားသိမ်းပိုက်နယ်မြေက ဒေသခံများကို ထောက်ခံမဲ အတင်းထည့်ခိုင်ဟု ယူကရိန်းပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1498

CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၂၄

ယူကရိန်းထံမှ ရုရှားသိမ်းပိုက်ထားသော ဒေသ ၄ ခုကို အပြီးအပိုင် ထိန်းချုပ်ရန် ရည်ရွယ်၍ ပြုလုပ်သော လူထု ဆန္ဒခံယူပွဲကို ရုရှားအစိုးရက စက်တင်ဘာ ၂၃ ရက်တွင် စတင်ခဲ့သည်။

ထိုဆန္ဒခံယူပွဲသည် အတုအယောင် ထောက်ခံမဲများကို လုပ်ကြံဖန်တီးမည်ဖြစ်၍ ယင်းပွဲမှ မဲရလဒ်များကို အသိ အမှတ် မပြုကြရန် ကိယက်အစိုးရနှင့် အနောက်အုပ်စုက အပြစ်တင်ရှုတ်ချခဲ့ကြသည်။

၄ ရက်ကြာ မဲပေးနေမှုများ မပြီးမချင်း ဒေသခံများကို ရုရှားသိမ်းထားသည့် နေရာတချို့မှ ထွက်ခွာခွင့် ပိတ်ပင် ထားကြောင်း၊ အစိုးရဝန်ထမ်းများ သွားရောက် မဲမပေးလျှင် အလုပ်ထုတ်ခံရမည်ဟု ခြိမ်းခြောက်ထားကြောင်း ယူကရိန်းအစိုးရ အရာရှိများက ပြောသည်။

အဆိုပါ လူထုဆန္ဒခံယူပွဲ မဲများကို ကမ္ဘာက ပြတ်ပြတ်သားသား ရှုတ်ချမှ ဖြစ်မည်ဟု ညစဉ်ဗွီဒီယိုမိန့်ခွန်းတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ပြောကြားခဲ့သည်။

ရုရှားနဲ့ပေါင်းစည်းရေး ယူကရိန်းနိုင်ငံထဲက ခွဲထွက်ဒေသ (AP)

ထိုကဲ့သို့ မဲပေးစေ၍ စည်းရုံးသိမ်းသွင်းရေး လှုပ်ရှားမှုကို ခရိုင်းမီးယားနှင့် အခြားသိမ်းပိုက်နယ်မြေများ အပါအဝင် ရုရှားက ယခုသီတင်းပတ်၌ စတင်ခဲ့သည်။

“ဒါတွေဟာ နိုင်ငံတကာဥပဒေနဲ့ ယူကရိန်းဥပဒေကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ရုံတင်မကဘဲ လူမျိုးတစ်မျိုး အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေလည်း ဖြစ်ပါတယ်” ဟု ဇာလန်းစကီးက ထပ်လောင်း ပြောကြားခဲ့သည်။

ယခုလ အစောပိုင်း တန်ပြန်ထိုးစစ်တစ်ခုတွင် ယူကရိန်းက ၎င်း၏အရှေ့မြောက် နယ်မြေ အများအပြားကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ရုရှားတို့က လူထုဆန္ဒခံယူပွဲ မဲများ ရရှိဖို့ အဆောတလျင် စီစဉ်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ယူကရိန်း၌ တိုက်ပွဲဝင်ဖို့ တပ်ဖွဲ့ဝင် ၃ သိန်း စစ်မှုထမ်းစေရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယခုသီတင်းပတ်၌ ကြေညာခဲ့သည်။ ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်မှုနောက်ပိုင်း အကြိတ်အနယ် တိုက်ခိုက်ကြသည့် စစ်ရေးပဋိပက္ခအတွက် ကရင်မလင်သမ္မတနန်းတော်သည် အလောတကြီးဖြင့် ကြိုးစား နေပုံရသည်။

ရုရှားပေါင်းစည်းရေး ယူကရိန်းနိုင်ငံထဲက ခွဲထွက်ဒေသမှ လူထုဆန္ဒခံယူပွဲ (တာ့စ်)

ဇာလန်းစကီး ကတော့ ရုရှားသိမ်းပိုက်ထားသော ယူကရိန်းနယ်မြေများရှိ ဒေသခံပြည်သူများကို တိုက်ရိုက် ရည်ညွှန်း၍ မိန့်ခွန်းပြောကြားခဲ့ပြီး ဆက်လက်တွန်းသွားကြဖို့ တိုက်တွန်းခဲ့သည်။

“ရုရှားစည်းရုံးရေးကနေ အတတ်နိုင်ဆုံး ရှောင်ပါ။ အမိန့်မူကြမ်းတွေ လက်မခံပါနဲ့။ ယူကရိန်းရဲ့နယ်မြေ ပြန်ဖြစ် လာအောင် ကြိုးစားကြပါ” ဟု မှာကြားခဲ့ပြီး ရုရှားလက်နက်တပ်ဖွဲ့များတွင် ဆုံးဖြတ်ချသူများ တွေ့လျှင် အဖျက် အမှောင့် စွက်ဖက်မှုအဖြစ် ယူကရိန်းထောက်လှမ်းရေးထံသို့ သတင်းပို့ကြရန် ဆော်ဩထားသည်။

ရုရှားသည် ၎င်းသိမ်းပိုက်ထားသော နယ်မြေ ၄ ခုကို တပေါင်းတစည်း ဖြစ်စေခြင်းဖြင့် ရုရှားတိုက်ခိုက်မှု အရှိန်ကို ပြန်လည် ပုံဖော်နိုင်မည်ဖြစ်သည်။ အကယ်၍ နျူကလီးယားဖြင့် တုံ့ပြန်လာသည့်တိုင် မျှတမှု ရှိစေရေးအတွက် ယခု ဆန္ဒခံယူပွဲကို အသုံးချခြင်းဖြစ်နိုင်ကြောင်း ရိုက်တာက ဆက်လက် ရေးသားထားသည်။

Source: Reuters

 

 

 

Share
Tweet
Share
Share
powered by social2s

ကြိုတင်သတ်မှတ်ချက်မပါဘဲ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးရန် တရုတ်တောင်းဆို

By CNI
CNI
Category: Watch TV
Hits: 776

Share
Tweet
Share
Share
powered by social2s

ပါတီစေခိုင်းချက်ကို ပြတ်သားစွာလုပ်မည်ဟု တရုတ်စစ်တပ်ပြော

By CNI
CNI
Category: Watch TV
Hits: 870

Share
Tweet
Share
Share
powered by social2s

စစ်ဒဏ်ကြောင့် ယူကရိန်းပြန်လည်ထူထောင်ရေးဘဏ္ဍာငွေ လိုအပ်နေ

By CNI
CNI
Category: Watch TV
Hits: 766

Share
Tweet
Share
Share
powered by social2s

PNLO တပ်ဖွဲ့ ဝင်များ သတ်ဖြတ်ခံရသည့်ကိစ္စ ဖြေရှင်းပြီးပြီဟု PNO ပြော

By CNI
CNI
Category: Watch TV
Hits: 717

Share
Tweet
Share
Share
powered by social2s
UN ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်(GETTY IMAGES)

မြန်မာနိုင်ငံအခြေအနေမှာ ပိုမိုဆိုးရွားလာကြောင်း UN ကိုယ်စားလှယ်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1336

CNI International News

ဂျနီဗာ၊ စက်တင်ဘာ ၂၃

မြန်မာနိုင်ငံမှ လူဦးရေ ၅၄ သန်း၏ အခြေအနေသည် မြန်မာ့တပ်မတော်က အရပ်သားအစိုးရကို ဖြုတ်ချလိုက်ချိန် ကထက် ပိုမိုဆိုး ရွားလာနေပြီး ထိန်လန့်တုန်လှုပ်စရာကောင်းကြောင်း ကုလသမဂ္ဂ (UN)၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောသည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပသည့် UN လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၌ အင်ဒရူးစ်က အစီရင်ခံ ခဲ့ရာမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော မြန်မာ့အကျပ်အတည်းကို နိုင်ငံ တကာ၏ တုံ့ပြန်မှုမှာ မအောင်မြင်ခဲ့ကြောင်း၊ မြန်မာ့တပ်မတော်သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ညှင်းပန်း နှိပ်စက်မှု၊ အရပ်သားများအား သတ်ဖြတ်မှု အပါအဝင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ လုပ်ဆောင်နေကြောင်း ပါရှိခဲ့သည်။

မြန်မာ့တပ်မတော်၏ အာဏာရယူမှုကို ဆန့်ကျင်တိုက်ခိုက်နေသူများ ခိုအောင်းနေသည်ဟု အကြောင်းပြချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အလယ်ပိုင်းရှိ စာသင်ကျောင်း တစ်ကျောင်းကို ရဟတ်ယာဉ်ဖြင့် မြန်မာ့တပ်မတော်က တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁၁ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း အင်ဒရူးစ်က စက်တင်ဘာ ၂၁ ရက်တွင် လူ့အခွင့်အရေးကောင်စီသို့ ပြောကြားခဲ့သည်။

တပ်မတော်သား တစ်ဦးကိုတွေ့ရစဉ်(EPA)

ပြန်လည်ရွေးကောက်ခံရသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ လွှတ်တော်သစ် စတင်မည့်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာရယူလိုက်ခြင်းကြောင့် မြန်မာနိုင်ငံတွင် အကျပ်အတည်း ကျရောက်ခဲ့ရသည်။

လမ်းမများပေါ်တွင် လူထုဆန္ဒပြပွဲများ၊ ပြည်လုံးကျွတ် အာဏာဖီဆန်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ရာ မြန်မာ့ တပ်မတော်က အင်အားသုံး ဖြိုခွင်းခဲ့ပြီးနောက် အရပ်သားတချို့ လက်နက်ကိုင်တွန်းလှန်မှုများ ပျံ့နှံ့လာခဲ့သည်။

အာဏာသိမ်းပြီးကတည်းက လူပေါင်း ၂၃၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ထောင်နှင့်ချီ၍ အဖမ်းခံရကြောင်း အခြေအနေကို စောင့်ကြည့်အကဲခတ်နေသည့် အရပ်ဘက် အဖွဲ့တစ်ဖွဲ့ဖြစ်သော နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောသည်။

မီးလောင်နေသော အပျက်အစီးများ (GETTY IMAGES)

အကျဉ်းချခံထားရသူများထဲတွင် ကလေးသူငယ် ၂၉၅ ဦး ပါဝင်ကြောင်း၊ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၈၄ ဦး မှာ ကြိုးတိုက်ထဲ ရောက်နေကြောင်း အင်ဒရူးစ်က ဆက်လက် အစီရင်ခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထင်ရှားသော ပါတီဝင်ဟောင်း တစ်ဦး အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို ပြီးခဲ့သည့် ဇူလိုင်လ၌ နစက-က သေဒဏ်ချ၍ ကြိုးပေးစီရင်ခဲ့သည်။
ထိုသို့‌သေဒဏ်ပေးမှုမှာ ၁၉၈၀ ပြည့်လွန် နောက်ပိုင်း ပထမဆုံး စီရင်ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်များသည် မိမိတို့စုံစမ်းစစ်ဆေးမှု၏ အဓိကအာရုံစိုက်မှုများဖြစ်ကြောင်း မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) မှ နီကိုလပ်စ်ကိုယွမ်ဂျင်းက လူ့အခွင့်အရေးကောင်စီထံသို့ တင်ပြခဲ့သည်။

Source: Aljazeera

 

 

 

Share
Tweet
Share
Share
powered by social2s
ရှီကျင့်ဖျင် တရုတ်စစ်တပ်ကို လိုက်လံကြည့်ရှုလေ့လာနေစဉ်(AP)

ပါတီစေခိုင်းချက်ကို ပြတ်သားစွာလုပ်မည်ဟု တရုတ်စစ်တပ်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2522

CNI International News

ဘေဂျင်း၊ စက်တင်ဘာ ၂၃

အာဏာရကွန်မြူနစ်ပါတီ၏ စေခိုင်းချက်(ညွှန်ကြားချက်)များကို ပြတ်သားစွာ လိုက်နာလုပ်ဆောင်သွားမည်ဟု တရုတ်စစ်တပ် PLA ၏ နေ့စဉ်သတင်းစာ၌ ဖော်ပြခဲ့ကြောင်း South China Morning Post က ရေးသားခဲ့သည်။

လက်နက်ကိုင်တပ်ဖွဲ့များ အရေးနှင့်ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရှည်လျားလှသော အတွေးအမြင် ဆောင်းပါးတစ်ပုဒ်ကို တရုတ်စစ်တပ် PLA ၏ နေ့စဉ်သတင်းစာက ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ဆောင်းပါးထဲတွင် မည်မျှခက်ခဲပြီး အန္တရာယ်ရှိစေကာမူ ပါတီ၏ဦးဆောင်မှုကို လိုက်နာလျက် ပေးအပ်သည့် တာဝန်များကို ဦးလည်မသုန် ထမ်းဆောင်သွားကြရန် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို တိုက်တွန်း ရေးသားထားသည်။

ရှီကျင့်ဖျင်သည် ပါတီကွန်ဂရက် အစည်းအဝေးမတိုင်မီ တစ်လအလိုတွင် ၎င်း၏ အာဏာအတွက် တတိယ သက်တမ်းကို ကြေညာခဲ့ပြီး စစ်တပ်ရေးရာများ၌ အမိန့်ပေး ထိန်းကျောင်းမှုများ၊ ထိပ်တန်း စစ်ရာထူး အပြောင်း အလဲများကို ဦးဆောင်ဦးရွက် ပြုနေခဲ့သည်။

တရုတ်စစ်သားများကိုတွေ့ရစဉ် (GETTY IMAGES)

ရှီ ဦးဆောင်သော ဗဟိုစစ်ကော်မရှင် (CMC) သည် အလုံးစုံ အမိန့်ပေးပိုင်ခွင့်ရှိနေပြီး အချိန်နှင့်တပြေးညီ ထိုအမိန့် ကို နာခံရမည်ဖြစ်ကြောင်း အဆိုပါဆောင်းပါးထဲတွင် အလေးပေး ရေးသားထားသည်။

ထူးခြားချက်မှာ CMC ဥက္ကဋ္ဌ၏ အာဏာနှင့်လုပ်ပိုင်ခွင့်ကို လျော့ပါးစေရန် ရည်ရွယ်ချက်ဖြင့် ကြိုးစားခဲ့ကြသဖြင့် ရှီ ၏ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး လှုပ်ရှားများအရ ဖယ်ရှားခံခဲ့ရသည့် ထိပ်တန်း စစ်ဗိုလ်ချုပ်များကို အမည် များနှင့်တကွ ဆောင်းပါးတစ်နေရာ၌ ဖော်ပြထားခြင်း ဖြစ်သည်။

ရှီကျင့်ဖျင် မတိုင်မီက ဟူဂျင်တောင်းသည်လည်း CMC ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။

PLA တပ်သည် ပါတီခေါင်းဆောင်ပိုင်းမှ တောင်းဆိုစေခိုင်းလာသည့် မည်သည့် တာဝန်ပေး စေလွှတ်မှု (မစ်ရှင်)ကို မဆို အကောင်အထည် ဖော်ပြရမည်ဟု ဆောင်းပါးထဲတွင် အတိအလင်း ရှင်းပြထားသည်။

ထိုင်ဝမ်အပေါ် ကမ္ဘာ့စစ်ရေး ထိပ်တန်းဖြစ်သည့် အမေရိကန်နှင့် တရုတ်တို့ တင်းမာနေချိန်၌ PLA ဘက်မှ ယခုကဲ့ သို့ ဆောင်းပါးမျိုး ရေးသားတင်ဆက်လာခဲ့သည်။

ထိုင်ဝမ်ကို ဘေဂျင်းက ၎င်း၏ပိုင်နက် အစိတ်အပိုင်းအဖြစ် မှတ်ယူထားသော်လည်း ပြန်လည်သိမ်းယူရန် အင်အား သုံးမည် မဟုတ်ဟု ပြောကြားထားပြီး ဖြစ်သည်။

အကယ်၍ ဘေဂျင်းဘက်မှ တိုက်ခိုက်မှုများ စတင်လာခဲ့ပါက ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းကို စစ်ရေး အရ ခုခံကာကွယ်သွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထပ်လောင်း ပြောကြားခဲ့သည်။

Source: South China Morning Post

 

 

 

 

Share
Tweet
Share
Share
powered by social2s
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကို လုံခြုံရေးကောင်စီအစည်းအဝေးတွင် တွေ့ရစဉ် (GETTY IMAGES)

ကြိုတင်သတ်မှတ်ချက်မပါဘဲ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးရန် တရုတ်တောင်းဆို

By CNI
CNI
Category: နိုင်ငံရေး
Hits: 1566

CNI International News

နယူးယောက်၊ စက်တင်ဘာ ၂၃

မော်စကိုနှင့် ကိယက်ဗ်တို့သည် ကြိုတင် သတ်မှတ်ချက်များမပါဘဲ တွေ့ဆုံဆွေးနွေးရေး ပြန်လည် စတင်သင့် ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စက်တင်ဘာ ၂၂ ရက်တွင် တောင်းဆိုခဲ့ကြောင်း အာရ်တီသတင်း ဌာနက ရေးသားဖော်ပြသည်။

ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ နယူးယောက်မြို့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း ဆွေးနွေး နေစဉ် ၎င်းက ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းပဋိပက္ခတွင် တရုတ်၏ တသမတ်တည်း ရှင်းလင်းပြတ်သားသော ကြားနေရပ်တည်ချက်နှင့်အညီ အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို လေးစားကြရန် တိုက်တွန်းပါကြောင်း၊ အစိတ်အပိုင်းအားလုံး၏ လုံခြုံရေး ကို အလေးအနက်ထား၍ ဆောင်ရွက်သင့်ကြောင်း ဝမ်ယိက ထပ်လောင်း ပြောကြားခဲ့သည်။

ပဋိပက္ခမှ လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ တွေ့ဆုံဆွေးနွေးခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်းသာ ဖြစ်ကြောင်း ၎င်းက မှတ်ချက်ချခဲ့သည်။

“သက်ဆိုင်ရာ အစိတ်အပိုင်းတွေအတွက် အဓိကဦးစားပေးဖို့က ကြိုတင် သတ်မှတ်ချက်တွေ မပါဘဲ တွေ့ဆုံ ဆွေးနွေးရေး ပြန်စဖို့ပါ” ဟု ၎င်းက တိုက်တွန်းခဲ့သည်။

ကုလလုံခြုံရေးကောင်စီအစည်းအဝေး (UN)

အကျပ်အတည်းကို ဖြေရှင်းရာတွင် ကူညီနိုင်သည့် အတိုင်းအတာဖြင့် တရုတ်သည် ပံ့ပိုးသွားရန် အသင့်ရှိပါ ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။

ယခုလအတွင်း ယူကရိန်းနိုင်ငံ ဇာပိုရေဇီးယား နျူကလီးယားစက်ရုံသို့ မစ်ရှင်စေလွှတ်ခဲ့သည့် နိုင်ငံတကာ အဏု မြူ စွမ်းအင်အေဂျင်စီ (IAEA) ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍကို ဝမ်ယိက ချီးကျူးခဲ့ပြီး နျူကလီးယား စက်ရုံများ ဘေးကင်းစေရေးနှင့်ပတ်သက်၍ အမှားအယွင်းမရှိ ကိုင်တွယ်နိုင်ခဲ့ခြင်းကို အသိအမှတ် ပြုခဲ့သည်။

အခြားသော ဦးစားပေး လုပ်ငန်းများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ဖြေလျှော့ပေးပြီး ကမ္ဘာ့စားနပ်ရိက္ခာနှင့် စွမ်းအင်ဈေးကွက်များ လုံခြုံရေးကို အာမခံကြဖို့ ၎င်းက အလေးပေး ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ နိုင်ငံတကာစနစ်အပေါ် စွဲကိုင်ထားရမည့် အချက်မှာ “စစ်ပူ (သို့မဟုတ်) စစ်အေးဟု ခေါ်တွင်သော မည်သည့်ပုံစံကိုမဆို တားဆီးသွားရန်” ဖြစ်ကြောင်း ဝမ်ယိက ကောက်ချက်ချခဲ့သည်။

စက်တင်ဘာ ၂၁ ရက်တွင် ဝမ်ယိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့နှင့် တွေ့ဆုံခဲ့ပြီး “ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှတဆင့် ပဋိပက္ခအင်အားစုအားလုံး တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းသင့်ကြောင်း၊ သို့မှသာ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း” အသိပေးခဲ့သည်။

Source: အာရ်တီသတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 54
  • 55
  • 56
  • 57
  • 58
  • 59
  • 60
  • 61
  • 62
  • 63

Page 59 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar