CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

SNA ကို PDF က တိုက်ခိုက်နေမှု NUG ဖြေရှင်းပေးသင့်ဟု ဒေသခံများပြော

By CNI
CNI
Category: Watch TV
Hits: 568

Share
Tweet
Share
Share
powered by social2s

တရုတ်သမ္မတရှီကျင့်ဖျင် ဥဇဘက်ကစ္စတန်နိုင်ငံသို့ ရောက်လာ

By CNI
CNI
Category: Watch TV
Hits: 1015

Share
Tweet
Share
Share
powered by social2s
ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျေရွှိုင်ဂုကိုတွေ့ရစဉ် (Reuters)

ယူကရိန်းတွင် ရှုံးနိမ့်မှု ကာကွယ်ရေးဝန်ကြီးကို ဆင့်ခေါ်ရန် ရုရှားလွှတ်တော်စဉ်းစားနေ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1588

CNI International News

မော်စကို၊ စက်တင်ဘာ ၁၆

လွှတ်တော် အပြီးသတ် အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီး ဆာဂျေရွှိုင်ဂုကို ဆင့်ခေါ်မေးမြန်းရန် ရုရှား အောက်လွှတ်တော်က စဉ်းစားနေကြောင်း ထိပ်တန်းလွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဆာဂျေမိုင်ရိုနော့ဗ်က ပြောကြားခဲ့သည်ဟု စက်တင်ဘာ ၁၅ ရက်ထုတ် ကွမ်မာဆင့် (Kommersant) သတင်းစာကို ကိုးကားလျက် ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

သို့ရာတွင် ကာကွယ်ရေးဝန်ကြီးကို အွန်လိုင်းမှတစ်ဆင့် နိုင်ငံတော် ဒူးမားလွှတ်တော်သို့ ဆင့်ခေါ်နိုင်ခြင်း ရှိ/မရှိ မသိရသေးပေ။

ယူကရိန်းနိုင်ငံ၊ ခါကိဗ်ဒေသရှိ အစိတ်အပိုင်းများကို ယူကရိန်းတပ်က အလျင်အမြန် ပြန်လည် သိမ်းပိုက်နိုင်ခဲ့၍ ရုရှားဘက်မှ လက်လွှတ် ဆုံးရှုံးခဲ့ရခြင်းအပေါ် ယခုသီတင်းပတ်အတွင်း ရုရှားစစ်တပ်အား စစ်ရေး လေ့လာသုံးသပ် သူများက အတိအလင်း ဝေဖန်ထောက်ပြခဲ့ကြသည်။

ယူကရိန်းစစ်မြေပြင်မှာတွေ့ရသော ရုရှားစစ်သားများ(Reuters)

လွှတ်တော်အမတ် ဆာဂျေမိုင်ရိုနော့ဗ်သည် ယူကရိန်းသို့ ရုရှားကျူးကျော်မှုနှင့် ကရင်မလင် သမ္မတနန်းတော်ကို အခိုင်အမာထောက်ခံနေသည့် Just Russia ပါတီ၏ ခေါင်းဆောင်ဖြစ်သည်။

ထိုသို့ စစ်ရေးရှုံးနိမ့်ခြင်းနှင့်ပတ်သက်၍ လွှတ်တော်၏ လုပ်ငန်းစဉ်များကို စီမံခန့်ခွဲသော နိုင်ငံတော်ဒူးမား လွှတ်တော်ကောင်စီတွင် စက်တင်ဘာ ၁၉ ရက်၌ ဆွေးနွေးသွားမည်ဟု ဆာဂျေမိုင်ရိုနော့ဗ်၏ ပြောကြားချက်ကို ကွမ်မာဆင့် သတင်းစာက ဆက်လက် ရေးသားသည်။

မိမိပါတီသည် ကာကွယ်ရေးဝန်ကြီး ရွှိုင်ဂုနှင့် ဆွေးနွေးရေး လွှတ်တော်ထဲတွင် အဆိုပြုခဲ့ကြောင်း မိုင်ရိုနော့ဗ်က စက်တင်ဘာ ၁၄ ရက်၌ တွစ်တာပေါ်သို့ ရေးသားလွှင့်တင်ခဲ့သည်။

ရုရှားဒူးမားလွှတ်တော်(GETTY IMAGES)

“လွှတ်တော် ကိုယ်စားလှယ်တွေက သူနဲ့ တံခါးပိတ် စကားပြောပြီးတော့ ကျနော်တို့ အမတ်တွေနဲ့ ကျနော်တို့ နိုင်ငံ သားတွေ စိတ်ဝင်စားကြတဲ့ မေးခွန်းအားလုံး မေးနိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။

ထိုကဲ့သို့ ခါကိဗ်ဒေသတွင် ရုရှား၏ ရှုံးနိမ့်မှုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က စတင်ခဲ့သော ကျူးကျော်စစ် ပထမပိုင်းအတွင်း ယူကရိန်းမြို့တော် ကိယက်ဗ်မှ ဆုတ်ခွာရပြီးနောက်ပိုင်း နောက်ထပ် အကြီးမားဆုံး ရှုံးနိမ့်မှု ဖြစ်သည်။

အနောက်နိုင်ငံများ၏ ရန်စမှုများကို တားဆီးဟန့်တားရန်နှင့် ယူကရိန်းပိုင်နက်အတွင်း ရုရှားဘာသာစကား ပြောဆို သုံးစွဲသူများအတွက် အကာအကွယ်ပေးဖို့ အထူးစစ်ဆင်ရေး လိုအပ်သဖြင့် ဝင်ရောက် တိုက်ခိုက် ရခြင်း ဖြစ်ကြောင်း မော်စကိုက စစ်စတင်ချိန်တွင် ပြောကြားခဲ့သည်။

အဆိုပါ ပြောကြားချက်များသည် နယ်ချဲ့ပုံစံ ကျူးကျော်စစ်အတွက် အခြေအမြစ်မရှိသော အကြောင်းပြချက်များ အဖြစ် ကိယက်ဗ်အစိုးရနှင့် ၎င်း၏အနောက်အုပ်စု မဟာမိတ်နိုင်ငံများက ပယ်ချခဲ့ကြသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
SNA၊ KIA၊ NUG နဲ့ ဗန်းမောက်မြို့အ၀င်ကိုတွေ့ရစဉ်

SNA ကို PDF က တိုက်ခိုက်နေမှု NUG ဖြေရှင်းပေးသင့်ဟု ဒေသခံများပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2161

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းမှာ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် ကချင်လွတ်လပ် ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြားဝင်ဖြေရှင်းပေးသင့်ကြောင်း ဒေသခံများက ပြောသည်။

ဗန်းမောက်မြို့နယ်ထဲတွင် ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်က SNA ၏ ရှေ့တန်းစခန်းတစ်ခုကို KIA၊ PDF မှ အင်အား ၂၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ဩဂုတ် ၂၃ ရက်ကလည်း နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့နယ်မှ ဒေသခံ စိုင်းခမ်းက “SNA ဆိုတာကလည်း မူဘောင်တစ်ခုရှိတယ်ဗျ၊ ဘာကိုသွားနေလဲဆို တော့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို သွားနေတယ်၊ KIA ဆိုတာကလည်း ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို သွားနေ တယ်၊ PDF ဆိုတာကလည်း ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို သွားနေတယ်လို့ နားလည်ထားတယ်ဗျ၊ PDF ကလေးလေးတွေ က တော်လှန်ရေးအဖွဲ့ အချင်းချင်းကို ဘာကြောင့် လာတိုက်နေသလဲ၊ ဒီလိုလုပ်တာက NUG ရဲ့ လမ်းညွန်ချက် မဟုတ်ဘူးဆိုရင်တော့ ဒီပူးပေါင်းတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်က အရမ်းမှားယွင်းနေတယ်၊ ဒီလုပ်ရပ် ဖြစ်စဉ် အပေါ် မှာလည်း NUG ကနေ တာဝန်ခံသင့်တယ်” ဟု ပြောသည်။

ဗန်းမောက်မြို့အ၀င်ကိုတွေ့ရစဉ်

ဗန်းမောက်မြို့နယ်အတွင်းမှာ SNA နှင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့ကြား ဖြစ်ပွားသည့် လက်နက်ကိုင် ပဋိပက္ခ ကြောင့် မိမိတို့ ဒေသခံများ လယ်ယာလုပ်ငန်းများ လုပ်ကိုင်၍ မရဘဲ ဖြစ်နေသလို KIA-PDF ပူးပေါင်းတပ်ဖွဲ့၏ ဖမ်းဆီးခြင်းနှင့် လူသစ်စု ဆောင်းခြင်းများလည်း ခံနေရကြောင်း၊ စားဝတ်နေရေးလည်း အခက်အခဲ ရှိလာကြောင်း၊ ထို့ကြောင့် NUG က ကြားဝင်ဖြေရှင်းပေးသင့်ကြောင်း ဒေသခံများက ပြောသည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး လမ်းကြောင်းကို သွားနေသည့် အဖွဲ့အစည်း အချင်းချင်းကြား တိုက်ခိုက်စရာ မရှိကြောင်း SNA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြောရလို့ရှိရင်‌တော့ ဖက်ဒရယ်ပြည်‌ထောင်စုစနစ် တည်ဆောက်ရေး လမ်းကြောင်းပေါ်ကို သွားနေကြတဲ့ သူအချင်းချင်း၊ သွားနေကြတဲ့ အဖွဲ့အချင်းချင်း လာရောက် တိုက်ခိုက်တယ်ဆိုတာက ပြောရလို့ရှိရင် ကြားထဲက အမှောင်ပယောဂ မကင်းဘူးလို့ပဲ ပြောရမှာပေါ့။ အမှောင်ပယောဂ ရှိနေလို့သာ အခုလို လာတိုက်ခိုက်တာလို့ ပြောလို့ရတာပေါ့။ ပြောရလို့ရှိရင် PDF တွေက ကျနော်တို့ကို လာတိုက်ခိုက်စရာ မရှိဘူး။ အဓိက KIA ကနေပြီးမှ ကြိုးကိုင်ခြယ်လှယ်နေလို့ ဒီကိစ္စတွေ သူတို့ လိုက်လုပ်နေတာ ဖြစ်တယ်၊ အဓိက KIA ပါပဲ။ KIA တပ်မှူးတွေက PDF တွေကို ဦးဆောင်နေတဲ့ အခါကြတော့ သူတို့ အမိန့်တွေ ညွှန်ကြားတိုင်း လုပ်ရတာဆိုလို့ရှိရင် PDF တွေလည်း လိုက်လုပ်ရမှာပဲ။ အဲဒီတော့ NUG ဖက်ကတော့ ကျ‌နော်တို့ကို ဘာတစ်ခုမှ ပြန်ပြောလာတာတော့ မရှိသေးပါဘူး။ ကျနော်တို့ အနေနဲ့လည်း ပြန်ပြီး‌တော့မှ အဆက်အသွယ်လုပ် ပြောဆိုဆွေးနွေးတာလည်း မရှိသေးပါဘူး” ဟု ပြော သည်။

SNA နှင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲနှင့် ပတ်သက်၍ KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။

လက်ရှိ ပြည်တွင်းတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများသည် နောက်ဆုံးမှာတော့ နိုင်ငံရေးအရ စားပွဲဝိုင်းမှာ အဖြေရှာရမည်ဖြစ်ကြောင်း ကချင်နိုင်ငံ‌ရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

PDF တပ်ဖွဲ့နှင့် NUG ၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့ကတော့ ဘယ်ဟာကို မှားတယ်၊ မမှားဘူးဆိုတာကို ကျနော် ပြောစရာတော့ မရှိပါဘူး။ ကျနော် နိုင်ငံရေးသမား တစ်ယောက်နေနဲ့ကတော့ အဓိကတော့ ကျနော်တို့ လက်နက်ကိုင်ပြီးမှ သွားတယ်ဆိုရင် အကုန် လုံး လက်နက်ကိုင် ကြတယ်ဆိုရင်တော့ ဒီဟာတွေကိုင်တဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့်လည်း တင်းမာ မှု၊ မတင်းမာမှု ဆိုတာကတော့ ကာယကံရှင်တွေရဲ့ အခြေအနေပေါ်မှာပဲ မူတည်တယ်၊ ကျနော်ကတော့ ကျနော် ပြောလိုတာကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှပဲ အမြန်ဆုံး တည်ဆောက်ဖို့လိုတယ်၊ တည်ဆောက်မှပဲ ကျနော်တို့ နိုင်ငံဟာ ငြိမ်းချမ်းတဲ့ သာယာတဲ့ နိုင်ငံတစ်ခုဖြစ်ပါလိမ့်မယ်၊ ဒါမှ မဟုတ်ဘူးဆိုရင် ကျ‌နော်တို့ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော်ပါပြီ၊ အခုထိ အဖြေက မရသေးဘူး။ ဒါကြောင့်လည်း နောက်ဆုံး မှာ အခုကတော့ နိုင်ငံရေးထက် လက်နက်ကိုင် လမ်းစဉ်နဲ့ ဖြေရှင်းတဲ့ အပိုင်းတွေပဲ သက်ရောက်လာပါတယ်၊ ဒါပေမဲ့ ဘယ်သူပဲ လက်နက်ကိုင်ပြီးမှ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ နောက်ဆုံးမှာတော့ နိုင်ငံရေးအရ စားပွဲ ပေါ်မှာ ဆွေးနွေးပြီးမှ အဖြေရှာ၊ ရှာသွားကြတာပဲ တွေ့မြင်နေရပါတယ်၊ ဒါကတော့ နိုင်ငံရေးအရ အဖြေရှာဖို့ တစ်နေ့ကြရင်‌တော့ ဒီနိုင်ငံရေးစားပွဲပေါ်ကိုပဲ အဖြေရှာပြီးတော့ ဆုံးဖြတ်ကြပါလိမ့်မယ်” ဟု ပြောသည်။

SNA ၊ KIA ၊ PDF တို့ကိုတွေ့ရစဉ်

ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့က ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ SNA ၏ ရှေ့တန်းစခန်းတစ်ခုကို KIA- PDF ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

SNA သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

KIA သည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ် သလို PDF ကတော့ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကနေ အာဏာရှင်စနစ် တွန်းလှန်ရေး ကြိုးပမ်းနေသော လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်(ဓါတ်ပုံ-The New York Times)

အမုန်းတရားပြန့်စေသည့် လူမှုမီဒီယာများကို ကိုင်တွယ်ရန် လွှတ်တော်ကို ဘိုင်ဒန်တောင်းဆို

By CNI
CNI
Category: နိုင်ငံရေး
Hits: 953

CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၁၆

လူမျိုးရေးခွဲခြားမှုနှင့် အစွန်းရောက်ဝါဒကို ဆန့်ကျင်ပြောဆိုကြရန် အမေရိကန်ပြည်သူများကို သမ္မတ ဂျိုးဘိုင်ဒန် က စက်တင်ဘာ ၁၅ ရက် အိမ်ဖြူတော်တွင် ကျင်းပသည့်ထိပ်သီးဆွေးနွေးပွဲအတွင်း တိုက်တွန်းလိုက်ကြောင်း ရိုက်တာသတင်းအရ သိရသည်။

အမုန်းတရားပြန့်ပွားမှုအတွက် လူမှုကွန်ရက်မီဒီယာများကို တာဝန်ယူကိုင်တွယ်ကြရန် ကွန်ဂရက်(လွှတ်တော်)သို့ မိမိတောင်းဆိုသွားမည်ဖြစ်ကြောင်းလည်း ဘိုင်ဒန်က ဆက်လက်ပြောကြားခဲ့သည်။

“လူဖြူကြီးစိုးရေးဝါဒီတွေရဲ့စကားသံတွေ တိတ်သွားစေရမယ်” ဟု ဘိုင်ဒန်က United We Stand ခေါင်းစဉ်ဖြင့် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ် ပါတီနှစ်ခုမှ ခေါင်းဆောင် များ၊ ကျွမ်းကျင်ပညာရှင်များ၊ အခြေအနေဆိုးတစ်ရပ်မှ အသက်ကျန်ရစ်သူများရှေ့မှောက်တွင် ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း လူနည်းစုများအပေါ် နိုင်ငံရေးနှင့်မီဒီယာများက မီးလောင်ရာလေပင့်ခဲ့ကြသဖြင့် အမေရိကန်နိုင်ငံသည် အမုန်းတရားများ၏ဒဏ်ရာကို ကာလအတန်ကြာအောင် ခံစားခဲ့ရကြောင်း ဘိုင်ဒန်က ဆက်လက်ပြောကြားခဲ့သည်။

“ကျနော်တို့ ဆက်ပြီးတော့ ဒါကို ကျယ်ကျယ်လောင်လောင် ပြောနေဖို့ သိပ်အရေးကြီးပါတယ်။ ကျနော်တို့ဟာ ဘယ်လိုလူစားတွေဆိုတာ ပြည်သူတွေသိဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်၊ အော်လန်ဒိုမြို့ရှိ လိင်တူချစ်သူညကလပ်တစ်ခုဖြစ်စဉ်နှင့် ယခုနှစ် နယူးယောက်ပြည်နယ်၊ ဘက်ဖဲလိုးမြို့ရှိ စူပါမားကက်ဖြစ်စဉ်တို့တွင် အမုန်းတရားများ အခြေခံ၍ အများအပြား တိုက်ခိုက်ခြင်းခံခဲ့ရသည့် လူ့အသိုင်းအဝိုင်းတစ်ရပ်ကိုလည်း ဘိုင်ဒန်က အသိအမှတ်ပြုခဲ့သည်။ စူပါမားကက်ဖြစ်စဉ်၌ လူမည်း ၁၀ ဦးကို လူမျိုးရေးခွဲခြားမှုဦးတည်၍ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည်။

လူမည်းအမျိုးသား ဂျော့ရှ်ဖလိုက် သေဆုံးခဲ့သည့် နေရာအနီး၌ ၎င်း၏ ပုံတူနှင့်အတူ ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်ထားစဉ်(ဓါတ်ပုံ- Associated Press)

အမေရိကန်နိုင်ငံတွင် အမုန်းတရားအခြေခံသည့် ရာဇဝတ်မှုများ ၂၀၂၀ ပြည့်နှစ်အထိ ၁၂ နှစ်ကြာ တိုးပွားလာခဲ့ရာ အဆိုပါတိုးပွားလာမှုနှုန်းသည် နောက်ဆုံးရရှိထားသော အချက်အလက်များပေါ်တွင် မူတည်၍တွက်ချက်ထားကြောင်း ရာဇဝတ်မှုနှိမ်နင်းရေး FBI က ယမန်နှစ်တွင် ထုတ်ပြန်ခဲ့သည်။

ယခုဆွေးနွေးပွဲ၌ ဘိုင်ဒန်ကို ဗာဂျီးနီးယားပြည်နယ်၊ ချားလော့စ်ဗီလီမြို့တွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ လူဖြူအမျိုးသားရေးဝါဒီများ စုဝေးပွဲအတွင်း အသတ်ခံခဲ့ရသည့် ဟီသာဟေယာ (Heather Heyer) ၏မိခင် ဆူဇန်ဘရို (Susan Bro) နှင့် မိတ်ဆက်ပေးခဲ့သည်။

“အဲဒီတုန်းက အသတ်ခံရမှုဟာ ကမ္ဘာတခုလုံး ပဲ့တင်ထပ်ခဲ့ပေမယ့် အမုန်းတရားကတော့ အဲဒီနေရာမှ မရပ်တန့်ခဲ့ပါဘူး” ဟု ဆူဇန်ဘရိုက ပြောကြားခဲ့သည်။

“အမုန်းတရားပြန့်ပွားမှုအတွက် လူမှုကွန်ရက်မီဒီယာကုမ္ပဏီများကို ကွန်ဂရက်(လွှတ်တော်)က တာဝန်ယူ စေလိုကြောင်း” ဘိုင်ဒန်က ပြောကြားခဲ့သည့်အခါ ဆွေးနွေးပွဲတက်ရောက်လာသူများက အားပေးကြိုဆို၍ ဩဘာပေးခဲ့ကြသည်။

“လူမှုမီဒီယာကုမ္ပဏီတွေကို အထူးအကာအကွယ်ပေးတာကို ဖယ်ရှားပြီးတော့ သူတို့အားလုံးအတွက် ပိုပြီး ခိုင်မာတဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ လိုအပ်ချက်တွေကို ချမှတ်ပေးဖို့ ကွန်ဂရက်ကို တောင်းဆိုလိုက်ပါတယ်” ဟု ဘိုင်ဒန်က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
အလောင်းများ မြှုပ်နှံထားသည့်နေရာမှာ ယူကရိန်းစစ်သားကိုတွေ့ရစဉ် (AP)

ရုရှားဆုတ်ခွာခဲ့သော အီဇယွန်မြို့တွင် အလောင်းများ စုပြုံမြှုပ်နှံထားဟု ယူကရိန်းပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1159

CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၁၆

ရုရှားတပ်များ ဆုတ်ခွာပြီးနောက် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် ယူကရိန်းအရှေ့မြောက်ပိုင်းရှိ အီဇယွန်မြို့ ၌ အလောင်း ၄၄၀ ကို စုပြုံမြှုပ်နှံထားသော သင်္ချိုင်းတစ်ခုကို ယူကရိန်းအာဏာပိုင်များက တွေ့ရှိရကြောင်း ရိုက်တာ သတင်းအရ သိရသည်။

စစ်ဖြစ်ပွားနေစဉ် ပစ်ခတ်မှုများနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသူများ၏ အလောင်းများ ဖြစ်ကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ရုရှားလက်လွှတ်သွားခဲ့ရတဲ့ အီဇယွန်မှာ အလောင်းတွေ စုပြုံမြှုပ်ထားတဲ့ သင်္ချိုင်းတွေ ကျနော်တို့ တွေ့ရပါတယ်” ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီး၏ တွစ်တာလူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ခါကိဗ်ဒေသဆိုင်ရာ ယူကရိန်းရဲအရာရှိချုပ် ဆာဟေးဘော်ဘီနော့ဗ်က Sky News မီဒီယာသို့ ပြောကြားရာတွင် “အမြောက်များ ပစ်ခတ်မှုကြောင့် လူတချို့ သေဆုံးခဲ့ရကြောင်း၊ တချို့သေဆုံးမှုများမှာ လေကြောင်း တိုက်ခိုက်ခံ ရ၍ ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

ယူကရိန်းဘက်မှ ထုတ်ပြန်သည့် သတင်းများကို ရိုက်တာက ချက်ချင်း အတည်မပြုနိုင်သေးသလို ရုရှားထံမှလည်း လတ်တလော သဘောထား မှတ်ချက်ပေးခြင်း မရှိသေးပေ။

စက်တင်ဘာ ၁၄ ရက်တွင် အီဇယွန်မြို့သို့ လာရောက်ကြည့်ရှုခဲ့သည့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီးက ယခုတွေ့ရှိချက်ကို စစ်ပွဲအစောပိုင်း ကာလများ၌ ကိယက်ဗ်မြို့တော် အပြင်ဘက် ဘူချာမြို့ရှိ အရပ်သားများ အပေါ် ရုရှားတပ်များ၏ စစ်ရာဇဝတ်မှု ကျူးလွန်ပုံများနှင့် နှိုင်းယှဉ်ပြခဲ့သည်။

ယူကရိန်းစစ်သားများကိုတွေ့ရစဉ် (Reuters)

“ရုရှားက နေရာတိုင်းမှာ သတ်ဖြတ်ခဲ့တာတွေ ချန်ထားရစ်ခဲ့တဲ့အတွက် တာဝန်ယူရလိမ့်မယ်” ဟု ဇာလန်းစကီးက စက်တင်ဘာ ၁၅ ရက်နှောင်းပိုင်း ဗွီဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရုရှားဘက်ကတော့ အရပ်သားများကို ပစ်မှတ်ထားခြင်း (သို့မဟုတ်) စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

အရှေ့မြောက် စစ်မျက်နှာတွင် ရက်သတ္တတစ်ပတ်ကြာ ယူကရိန်းတို့က အရှိန်အဟုန်ဖြင့် စစ်ရေးတိုးမြှင့်လာခဲ့ရာ ယင်းအရှိန်အဟုန်ကို ရုရှားတပ်ဖွဲ့များ တားဆီးနိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

ယခုလအတွင်း ၎င်းတပ်ဖွဲ့များ ကြုံတွေ့ရသော ဖရိုဖရဲ ဆုတ်ခွာရမှုများနှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အများသိအောင် သဘောထား မှတ်ချက်မပေးသေးပေ။

ယခုအခါ ဆိုက်ပရပ်စ်ကျွန်း အရွယ်အစားခန့်ရှိသည့် ယူကရိန်းနယ်မြေဟောင်း စတုရန်းကီလိုမီတာ ၉,၀၀၀ (၃,၄၀၀၀ စတုရန်းမိုင်) ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း ယူကရိန်းအစိုးရက ပြောကြားခဲ့သည်။

Source: Reuters

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်က လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရသွားသူများ (Mobye Rescue Team)

မိုးဗြဲမှာ လက်နက်ကြီးကျည် မှန်၍ ကလေးငယ် ၂ ဦးနှင့် အမျိုးသား ၂ ဦးသေဆုံး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1205

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ကယားပြည်နယ်စပ် မိုးဗြဲမြို့ရှိ မွေတော်ဘုရားကျောင်းတွင် တိုက်ပွဲရှောက်နေသူများ၏ နေရာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ကလေးငယ်(မောင်နှမ)၂ ဦးနှင့် အမျိုးသား ၂ ဦး သေဆုံး သွားကြောင်း စက်တင်ဘာ ၁၆ ရက်တွင် Mobye Rescue Team က ထုတ်ပြန်ထားသည်။

Mobye Rescue Team က “မိုးဗြဲပြည်သူများ အနေဖြင့် လူစုလူဝေးများ ရှောင်ရှားပေးပါရန်နှင့် လုံခြုံသောနေရာတွင် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်”ဟု ပြောသည်။

စက်တင်ဘာ ၁၆ ရက်နေ့က မြန်မာ့တပ်မတော်မှ ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်သည် မိုးဗြဲမွေတော်ဘုရားကျောင်း အတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၁၃ ဦး ထိမှတ်ခဲ့ပြီး အသက် ၁၀ နှစ်အောက် ကလေးငယ်(မောင်နှမ) ၂ ဦးနှင့် အသက် ၅၀ ကျော် အမျိုးသား ၂ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု Mobye Rescue Team က ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်က လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားသူ ၄ ဦးရုပ်အလောင်းကိုတွေ့ရစဉ် (Mobye Rescue Team)

မိုးဗြဲမြို့အတွင်းမှာ စက်တင်ဘာ ၈ ရက်နေ့က မြန်မာ့တပ်မတော်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ကရင် နီတပ်မတော်(KA)၊ ဖယ်ခုံ PDF၊ မိုးဗြဲ PDF ၊ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) ပူးပေါင်းအဖွဲ့တို့ကြား စက်တင်ဘာ ၁၃ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထို့နောက် နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိပြီး အချိန်မရွေး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာမည့်အခြေအနေအတွက် စစ် ရေး ပြင်ဆင်မှုများ လုပ်နေကြသည်။

စက်တင်ဘာ ၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မိုးဗြဲတိုက်ပွဲရှောင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၄၀၀၀ ကျော်ရှိကြောင်း သိရသည်။

 

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသမ္မတ ယာဉ်မတော်တဆမှုဖြစ်သော်လည်း အန္တရာယ်မရှိ

By CNI
CNI
Category: Watch TV
Hits: 532

Share
Tweet
Share
Share
powered by social2s

ရုရှား-အိန္ဒိယ စစ်ရေးနည်းပညာပူးပေါင်းမှု တိုးတက်လာနေဟု ရုရှားသံအမတ်ပြော

By CNI
CNI
Category: Watch TV
Hits: 530

Share
Tweet
Share
Share
powered by social2s

ပအိုဝ်းဒေသကို စစ်တလင်း မဖြစ်ချင်ဟု PNO ပြော

By CNI
CNI
Category: Watch TV
Hits: 527

Share
Tweet
Share
Share
powered by social2s

ဟေတီ၌ လောင်စာဆီဈေးတက်၍ လူထုဒေါသကြောင့် ဆန္ဒပြပွဲ ပိုများလာ

By CNI
CNI
Category: Watch TV
Hits: 601

Share
Tweet
Share
Share
powered by social2s

ရှီကျင့်ဖျင်နှင့်တွေ့ဆုံစဉ် ပူတင် ဘာတွေပြောလဲ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1221

 

CNI International News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကို စက်တင်ဘာ ၁၅ ရက်က တွေ့ဆုံရာတွင် ယူကရိန်း အကျပ်အတည်းသို့ ၎င်း၏ ဟန်ချက်ညီညီ ချဉ်းကပ်မှုအတွက်  ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည် ဟု အေပီက ရေးသားဖော်ပြသည်။

ထို့နောက် စစ်မြေပြင်တွင် မော်စကိုအတွက် ကြီးမားသော အရှုံးနှင့်ရင်ဆိုင်ရပြီးနောက် ကျင်းပသည့် ယခု အစည်းအဝေး၌ ဝါရှင်တန်၏ မလိုလားအပ်သော မူဝါဒများကို ပူတင်က အပြစ်တင် ဝေဖန်ခဲ့သည်။

 ဥဇဘက်ကစ္စတန်တွင် ရှီနှင့် ဆွေးနွေးမှု အစပိုင်း၌ ရုရှားသမ္မတ ပူတင်က "ယူကရိန်းနှင့်ပတ်သက်၍ တရုတ် နိုင်ငံ၏ စိုးရိမ်‌နေမှုများကို လျော့ကျစေရန် ကြိုးပမ်းနေသည်"ဟု  ပြောကြားခဲ့သည်။

ရုရှားသမ္မတ ပူတင်(AP)

"ယူကရိန်း အကျပ်အတည်းနှင့် ဆက်စပ်ပြီးတော့ ကျွနှ်ပ်တို့ တရုတ်မိတ်ဆွေတွေရဲ့ မျှတတဲ့ ရပ်တည်ချက်ကို ကျွနှ်ပ် အင်မတန်ကျေးဇူးတင်ပါတယ်" ဟု ပူတင်က စားပွဲရှည်ကြီးတစ်ခုတွင် ရှီကို မျက်နှာချင်းဆိုင် ကြည့်ရင်း ပြောကြားခဲ့သည်။

"အဆွေတော်ရဲ့ မေးခွန်းတွေနဲ့ ဒီကိစ္စမှာ အဆွေတော်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွနှ်ပ်တို့ နားလည်ပါတယ်။ စောစောက ပြောထားပြီးသားဖြစ်ပေမဲ့ ဒီနေ့ အစည်းအဝေးမှာ ဒီပြဿနာအပေါ် ကျွနှ်ပ်တို့ရဲ့ ရပ်တည်ချက်ကို အသေးစိတ် ရှင်းပြပေးမှာပါ" ဟု ပူတင်က ဆက်လက် ပြောကြားခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်(AP)

၎င်းတို့နှစ်ဦးသည် အိန္ဒိယ၊ ပါကစ္စတန်နှင့် အာရှအလယ်ပိုင်း‌ဒေသရှိ ဆိုဗီယက်နိုင်ငံဟောင်း ၄ နိုင်ငံတို့ ပါဝင်သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ အစည်းအဝေးပြင်ပတွင် သီးခြား တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ 

အဆိုပါ ရှန်ဟိုင်းမဟာမိတ်အဖွဲ့သည် အမေရိကန်၏ လွှမ်းမိုးမှုကို တန်ပြန်ရန် ဖွဲ့စည်းထားသည်။

 

 

Share
Tweet
Share
Share
powered by social2s

ဒီမိုကရေစီလိုလားတောင့်တနေသူများ၏ ဆန္ဒကို လေးစားရန် စစ်တပ်ကို အမေရိကန်တောင်းဆို

By CNI
CNI
Category: Watch TV
Hits: 583

Share
Tweet
Share
Share
powered by social2s

ရုရှားသမ္မတ ပူတင် ဥဇဘက်ကစ္စတန်သို့ ရောက်လာ

By CNI
CNI
Category: Watch TV
Hits: 656

Share
Tweet
Share
Share
powered by social2s
PNO တပ်ဖွဲ့ကိုတွေ့ရစဉ်

PNO က မိမိတို့ တပ်ဖွဲ့ဝင် ၅ ဦးကို သတ်ဖြတ်ဟု PNLO ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2347

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ဝါးပြုံးကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့(PNO/PNLA)က မိမိတို့ တပ်ဖွဲ့ဝင် ၅ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ် ဆောင်၍ သတ်ဖြတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)က စက်တင်ဘာ ၁၅ ရက်၌ ထုတ်ပြန်ခဲ့သည်။

PNO/PNA အဖွဲ့သည် ခွန်ထွန်းဦး (ဒု-စုမှူး)၊ ခွန်ရှိန် (ဒု-စိပ်မှူး)၊ ခွန်သန်းဖေ (ရုဲင်းဖက်)၊ ခွန်ကြယ်စင် (ရုဲင်း ဖက်)၊ ခွန်ရဲနောင် (ရုဲင်းဖက်)တို့ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်က ရန်ငြိုးရန်စ တစ်စုံတစ်ရာ မရှိဘဲ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ကြောင်း၊ ထိုသတ်ဖြတ်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ ကြောင်း၊ ၎င်းပြဿနာအား ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း PNLO/PNLA က ထုတ်ပြန်ခဲ့သည်။

PNO/PNA သည် ၁၉၉၁ ခုနှစ်က တပ်မတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက် ပအိုဝ်းဒေသကို အထူးဒေသ ၆ အဖြစ် သတ်မှတ်ပေးကာ ကိုယ်ပိုင်အုပ်ချုပ်ခဲ့သည်။

ထို့နောက် ၂၀၁၀ ခုနှစ်တွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့/ပအိုဝ်းအမျိုးသားတပ်မတော်(PNO/PNA)အဖြစ် ပြောင်းလဲခဲ့သလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာလည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နာမည်ဖြင့် နိုင်ငံရေးပါတီ အနေနှင့် မှတ်ပုံတင်ခဲ့သည်။

 PNLO တပ်ဖွဲ့ကိုတွေ့ရစဉ်

ထို့ကြောင့် PNO သည် ပြည်သူ့စစ်နှင့် နိုင်ငံရေးပါတီဟုဆိုကာ အသွင်နှစ်မျိုးဖြစ် ရပ်တည်လျက်ရှိပြီး ပင်လောင်း မြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုန်းမြို့နယ်တို့ ပါဝင်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား စီမံအုပ်ချုပ် လျက်ရှိသည်။

PNLO/PNLA ကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ပအိုဝ်းလက်နက်ကိုင်ဖြစ်ပြီး ခွန်သူရိန်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဦးဆောင် နာယကအဖြစ်လည်းကောင်း တာဝန်ယူကာ ဦးဆောင်လျက်ရှိသည်။

ထို့နောက် PNLO/PNLA သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်၊ ဟိုပုန်း၊ မောက်မယ် ဒေသများတွင် လှုပ်ရှား လျက်ရှိပြီး မောက်မယ်တွင် ဌာနချုပ်အဖြစ် သတ်မှတ်ထားသည်။

ယခင် PNLO ၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သော ခွန်မြင့်ထွန်းကတော့ ပအိုဝ်းအမျိုးသား များဖက်ဒရယ်ကောင်စီ(PNFC)ကို ထူထောင်၍ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ နွေဦးတော်လှန်ရေးတွင် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ဖြင့် ချိတ်ဆက်ကာ ဆောင်ရွက်လျက်ရှိနေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရှမ်းတောင် ဖက်ဒရယ် တပ်ပေါင်းစုကို တွေ့ရစဉ် (USSFU)

ပအိုဝ်းဒေသကို စစ်တလင်း မဖြစ်ချင်ဟု PNO ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2500

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်အတွင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်တလင်း မဖြစ်စေချင်ကြောင်း ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)မှ ဗဟိုအလုပ်အမှုဆောင် စောခွန်ကျော်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

PNO အနေဖြင့် စစ်တလင်းမဖြစ်အောင် ကာကွယ်မည်ဆိုသည့် မူကိုချထားကြောင်း၊ မိမိ၏ တစ်ဦးတည်းအမြင် အရ စစ်ဖြစ်ပါက ပြည်သူလူထုသည် ဓါးစာခံဖြစ်မှာဖြစ်ကြောင်း ၎င်းက ပြောသည်။

စောခွန်ကျော်ဝင်းက “ကျနော်အမြင်ကတော့ PNO ရဲ့ မူကတော့ ဆရာတို့ သိပြီးသားပေါ့နော်၊ သိပြီးသားဆို ကျနော်တို့ ပအိုဝ်းဒေသပေါ့၊ အရင်တုန်းက ငြိမ်းချမ်းရေးယူတုန်းက အထူးဒေသ ၆ ပေါ့နော်၊ သတ်မှတ်ထားတဲ့ နယ်မြေရှိတယ်၊ အဲဒီနယ်မြေမှာ အစိုးရနဲ့ သဘောတူထားတာရှိတယ်၊ ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ပေါ့၊ ဥပမာ တောင်ဖက်ရော၊ အရှေ့ဖက်ရော အားလုံးက သူ့နယ်မြေ၊ ကိုယ့်နယ်မြေ ရှိပြီးသားပေါ့၊ ခြံစည်းရိုးက ရှိပြီးသားပေါ့၊ ဒီလိုသတ်မှတ်ထားတာ ရှိပြီးသားပေါ့နော်၊ အဓိကတော့ ဒီဖက်မှ နစက အာဏာ စယူတဲ့အချိန် ကစ ပြီး‌တော့ အဓိက ကျနော်တို့ နယ်မြေမှာ စစ်တလင်း မဖြစ်ချင်ဘူးပေါ့နော်၊ စစ်တလင်း မဖြစ်ချင်ဘူး။ စစ်ဖြစ်မယ် ဆိုရင် ကျနော်တို့ ဒီလက်နက်ကိုင်တဲ့ အဖွဲ့အစည်းမှန်သမျှ ပြဿနာမရှိဘူး။ ကိုယ့်ဟာကိုယ် ကာကွယ်လို့ရတယ်၊ ရိက္ခာတွေအားလုံး ပြည်သူလူထုနဲ့ ယူလို့ရတယ်၊ ဘယ်နည်းနဲ့ ဖြစ်ဖြစ်ပေါ့နော်၊ ဒါပေမဲ့ အဓိက ဓါးစာခံဖြစ်မှာ ပြည်သူလူထုက ဓါးစာခံဖြစ်မယ်၊ ဒုက္ခရောက်မှာ လူထုပဲ ဒုက္ခရောက်မှာ။ ဒါကြောင့် ဒီနယ်မြေကတော့ အတတ် နိုင်ဆုံး စစ်တလင်း မဖြစ်အောင် ကာကွယ်မယ်ဆိုတဲ့ မူကိုတော့ ချထားတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပအိုဝ်းပြည်သူ့စစ်အဖွဲ့(PNO)

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ထောင်ဒေသရှိ မြန်မာ့တပ်မတော်၏ စခန်း (၂) ခုကို ညီညွတ်သောရှမ်းတောင် ဖက်ဒရယ် တပ်ပေါင်းစုမှ စက်တင်ဘာ ၁၂ ရက်က ပထမဆုံးအကြိမ် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် တပ်မတော်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ နစကဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပေ။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့် ပတ်သက်၍ မှတ်ချက်ပေးစရာမရှိကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူး ခွန်မင်းသိမ်းက CNI သတင်းဌာနသို့ ပြောသည်။

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(PNDF)

၎င်းက “မှတ်ချက်ပေးစရာမရှိပါဘူး အဲဒါကတော့၊ တိုက်ပွဲဖြစ်တယ်ဆိုကတည်းက တိုက်ပွဲကတော့ ထုံးစံအတိုင်းပေါ့နော်၊ သေကြေ၊ ထိခိုက်၊ နစ်နာမှုတွေတော့ ရှိတတ်ပါတယ်” ဟု ပြောသည်။

ဆီဆိုင်မြို့နယ်၊ နောင်ထောင်ဒေသသည် PNLO လှုပ်ရှားဒေသ မဟုတ်ကြောင်း သို့သော်လည်း ဖြတ်သန်း သွားလာမှုရှိကြောင်း PNLO မှ ဗိုလ်မှူးခွန်မင်းသိမ်းက ပြောသည်။

တခြားတစ်ဖက်မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ဝါးပြုံးကျေးရွာ တွင် PNLO/PNLA တပ်ဖွဲ့ဝင် ၅ ဦးကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့က PNO/PNA ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ခြင်းကို ရှုံ့ချကြောင်း PNLO/PNLA က စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

PNLO ၏ ထုတ်ပြန်ချက်

စက်တင်ဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သော ဖြစ်စဉ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်က အာဏာယူပြီးနောက်ပိုင်း ဖြစ်ပွားသည့် ဆန့်ကျင်တော်လှန်တိုက်ပွဲများတွင် ပအိုဝ်းဒေသ၌ ပထမဆုံး ဖြစ်ပွား သော တိုက်ပွဲဖြစ်သည်။

PNO ဆိုသည်မှာ ပြည်သူ့စစ် လက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီဆိုကာရှိသည်။ သို့သော် ထိုနှစ်ဖွဲ့သည် ခွန်အောင်ခမ်းထီး၏ ဦးဆောင်မှုကနေ ပအိုဝ်းအမျိုးသားရေးကို ဆောင်ရွက်နေကြခြင်းဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 57
  • 58
  • 59
  • 60
  • 61
  • 62
  • 63
  • 64
  • 65
  • 66

Page 62 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar