CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ရုရှားနိုင်ငံသားများအတွက် လစ်သူယေးနီးယား ကာလတိုဗီဇာပိတ်ပင်ထား

By CNI
CNI
Category: Watch TV
Hits: 737

Share
Tweet
Share
Share
powered by social2s

တရုတ်ကျူးကျော်မည့်အရေးမှ ထိုင်ဝမ်ကို ကာကွယ်သွားမည်ဟု ဘိုင်ဒန်ကတိပြု

By CNI
CNI
Category: Watch TV
Hits: 662

Share
Tweet
Share
Share
powered by social2s

UWSA နှင့် လက်တွဲပြီး အလုပ်လုပ်နိုင်ရန် ဆွေးနွေးခဲ့ဟု AA ဒုစစ်ဦးစီးချုပ် ပြော

By CNI
CNI
Category: Watch TV
Hits: 661

Share
Tweet
Share
Share
powered by social2s

ULA/AA သည် အာရကန်နိုင်ငံ အစိုးရဖြစ်ဖို့ ကြိုးပမ်းနေဟု ဦးခိုင်သုခ ပြော

By CNI
CNI
Category: Watch TV
Hits: 1024

Share
Tweet
Share
Share
powered by social2s
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး(Reuters)

ယူကရိန်းတပ်များ အရှေ့မြောက်ရှိ အိုစကယ်မြစ်မှ ပြန်မဆုတ်ဟု ဇာလန်းစကီးပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1777

CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၁၉

ရုရှားဘက်၌ ဆုံးရှုံးခဲ့ရသော မိမိတို့နယ်မြေများ ပြန်လည်ရရှိရေးတိုက်ပွဲကို လက်မလွှတ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ကတိပြုခဲ့ပြီး ကိယက်ဗ်အစိုးရတပ်များ အိုစကယ်မြစ် အရှေ့ဘက်ကမ်းသို့ တိုး၍ ချီတက်လာခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

ယင်းသို့ ယူကရိန်းတပ်များ ချီတက်နေခြင်းဖြင့် ဒွန်ဘတ်စ်ဒေသကို ရုရှားလွှမ်းမိုးနိုင်ရေး ကြိုးပမ်းမှုအား ခြိမ်းခြောက် လာခဲ့သည်။

အိုစကယ်မြစ်ကို ဖြတ်ကျော်မိလျှင် ယူကရိန်း အရှေ့မြောက်ပိုင်း၊ ခါကိဗ်ဒေသအတွက် ယူကရိန်း၏ တန်ပြန် ထိုးစစ်အတွက် နောက်ထပ် အရေးကြီးသော မှတ်တိုင်တစ်ခု ဖြစ်လာမည်ဟု သိရသည်။

အိုစကယ်မြစ်သည် ဒွန်ဘတ်စ်ဒေသကြီးရှိ နယ်မြေနှစ်ခုအနက် လူဟန့်စ်နယ်မြေကို ဖြတ်သန်းပြီး တောင်ပိုင်းရှိ စီဗာစကီဒွန်နက်စ်မြစ်အတွင်းသို့ စီးဝင်သည်။

ဒွန်ဘတ်စ်သည် ဒွန်နက်စ်နှင့် လူဟန်ဆက် နယ်မြေ အစိတ်အပိုင်းနှစ်ခုဖြင့် ဖွဲ့စည်းထားပြီး ယူကရိန်း၏ စက်မှု လုပ်ငန်းများ၏ ဗဟိုအချက်အချာလည်း ဖြစ်သည်။

 ယူကရိန်းစစ်သားကိုတွေ့ရစဉ် (GETTY IMAGES)

ယူကရိန်းတပ်များသည် အိုစကယ်မြစ်ကို ဖြတ်ကျော်ဝင်ရောက်၍ စက်တင်ဘာ ၁၈ ရက်မှစ၍ မြစ်၏ အရှေ့ကမ်း ကို ထိန်းချုပ်နိုင်ပြီဟု ယူကရိန်းစစ်တပ်က တယ်လီဂရမ်ချန်နယ်တွင် ရေးသားခဲ့သည်။

ယခုလအတွင်း ခါကိဗ်ဒေသတွင် ယူကရိန်းသည် အရှိန်အဟုန်ဖြင့် စစ်ရေး အမြတ်ထွက်ခဲ့ပြီး မော်စကိုအပေါ် ဖိအားဆက်ပေးနိုင်ရန် ထိန်းသိမ်းသွားမည်ဟု ဇာလန်းစကီးက ကတိပြုခဲ့သည်။

ယူကရိန်း အောင်ပွဲခံနိုင်ခြင်းသည် ရုရှားတပ်များကို ယူကရိန်း တနိုင်ငံလုံးမှ ဖယ်ရှားခြင်းဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ချီးကျူးခဲ့ပြီး ရှေ့ဆက်၍ အမေရိကန်၏ အကူအညီ ပေးအပ်သွားဦးမည်ဟု ကတိပြုခဲ့သည်။

“ယူကရိန်းတွေ နိုင်ခဲ့တာဟာ ရုရှားလက်ထဲက ယူကရိန်းနယ်မြေတွေ အပြီးအပိုင် ရုန်းထွက်နိုင်ဖို့နဲ့ အချုပ်အခြာ အာဏာကို အသိအမှတ်ပြုဖို့ပါ။ သူတို့က ရုရှားကို နိုင်နေပြီ” ဟု CBS မီဒီယာ၏မိနစ် ၆၀ အစီအစဉ်တွင် ဘိုင်ဒန် က မှတ်ချက်ချခဲ့သည်။

 

 ရုရှားသမ္မတ ပူတင် (Reuters)

“လူတော်တော်များများ ထင်ထားသလောက် ရုရှားဟာ အရည်အချင်းနဲ့ စွမ်းဆောင်ရည် ထွက်မလာပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ရုရှားအမြောက်တပ်သည် ဇာပိုရေဇီးယားမြို့၏ အရှေ့တောင်ဘက် အရပ်ဘက် အခြေခံ အဆောက်အအုံများ အပါအဝင် မြို့ရွာအချို့ကို စက်တင်ဘာ ၁၈ ရက်တွင် ပစ်ခတ်ခဲ့ကြောင်း ယူကရိန်း အစိုးရအရာရှိများက ပြောကြား ခဲ့ကြသည်။

စစ်မြေပြင်တွင် ဆုတ်ခွာရမှု များပြားသဖြင့် ရုရှားတပ်များသည် ယူကရိန်းအရပ်ဘက် အခြေခံ အဆောက်အအုံ များကို တိုးမြှင့်တိုက်ခိုက်နေပြီး ၎င်းတို့ပစ်မှတ်များကို ပိုမိုချဲ့ထွင်နိုင်ဖွယ်ရှိကြောင်း ဗြိတိန်က ပြောကြားခဲ့သည်။

“ရှေ့တန်းစစ်မျက်နှာမှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် ရုရှားဟာ ယူကရိန်းပြည်သူတွေနဲ့ အစိုးရရဲ့ စိတ်ဓာတ်ကို တိုက်ရိုက် ထိုးနှက်နိုင်အောင် ပစ်မှတ်တွေ ချဲ့ထွင်လာမယ့် သဘောရှိပါတယ်” ဟု ဗြိတိန် ကာကွယ် ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းအရ သိရသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

FPNCC အဖွဲ့ဝင်များ တွေ့ဆုံမှု အခြေအနေ ဒေါက်တာညိုထွန်းအောင် ရှင်းပြ

By CNI
CNI
Category: Watch TV
Hits: 1074

Share
Tweet
Share
Share
powered by social2s
ရုရှားနိုင်ငံကူးလက်မှတ်ကိုတွေ့ရစဉ်(ဓါတ်ပုံ- Associative Image)

ရုရှားနိုင်ငံသားများအတွက် လစ်သူယေးနီးယား ကာလတိုဗီဇာပိတ်ပင်ထား

By CNI
CNI
Category: နိုင်ငံရေး
Hits: 1760

CNI International News

ဗီနီးယက်စ်၊ စက်တင်ဘာ ၁၉

ရှန်ဂင် (Schengen) ကာလတို ပြည်ဝင်ခွင့်ဗီဇာဖြင့် ရုရှားနိုင်ငံသားများကို စက်တင်ဘာ ၁၉ ရက် (ယနေ့) မှစ၍ လစ်သူယေးနီးယားနိုင်ငံထဲ ဝင်ရောက်ခွင့်မပြုတော့ကြောင်း တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါရှန်ဂင်ဗီဇာသည် ဥရောပနိုင်ငံ ၂၆ နိုင်ငံအတွင်း နယ်ခြားအကန့်အသတ်မရှိဘဲ ကာလတိုနေထိုင်ခွင့်ဗီဇာ အမျိုးအစားဖြစ်သည်။

စက်တင်ဘာလ ၁၃ ရက်တွင် ချမှတ်ခဲ့သော အထက်ပါဆုံးဖြတ်ချက်သည် ယနေ့စတင်အသက်ဝင်မည်ဖြစ်ပြီး အရေးပေါ်အခြေအနေအရ လာမည့် ဒီဇင်ဘာ ၁၅ ရက်အထိ သက်တမ်းတိုးမည်ဟု သိရသည်။

ထိုသို့ လစ်သူယေးနီးယား၏ဆုံးဖြတ်ချက်ကို ပိုလန်နိုင်ငံနှင့် အခြားဘော်လ်တစ်ဒေသနိုင်ငံများက ထောက်ခံ ကြသည်။

ဥရောပနိုင်ငံတစ်ခုဖြစ်သည့် လစ်သူယေးနီးယားနိုင်ငံသို့ ရုရှားခရီးသွားများ လာရောက်လှည်ပတ်နေစဉ် (ဓါတ်ပုံ- အေပီ)

တစ်ချိန်တည်းတွင် လစ်သူယေးနီးယားအစိုးရသည် သံတမန်များ၊ အတိုက်အခံလွှတ်တော်အမတ်များ၊ အခြား ဥရောပသမဂ္ဂ (EU) အုပ်စုဝင်နိုင်ငံများနှင့်ပတ်သက်၍ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း (သို့မဟုတ်) နိုင်ငံသားဖြစ်ခွင့် ရှိသူ မိသားစုဝင်များအပါအဝင် ရုရှားနိုင်ငံသားအချို့အတွက် ခြွင်းချက်ထားရှိမည်ဖြစ်သည်။

ရုရှားနိုင်ငံ၊ ကာလီနင်ဂရက် (Kaliningrad) ဒေသသို့ ခရီးသွားသူများအပါအဝင် လစ်သူယေးနီးယားနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြသည့် ရုရှားနိုင်ငံသား ၈၃,၀၀၀(ရှစ်သောင်းသုံးထောင်)ကျော် ရှိခဲ့ကြောင်း လစ်သူ ယေးနီးယား အာဏာပိုင်များက ပြောသည်။

ယခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်၍ ရုရှားနိုင်ငံသား ၃၉၅,၀၀၀(သုံးသိန်းကိုးသောင်းငါးထောင်) ကျော်တို့သည် လစ်သူယေးနီးယားနိုင်ငံသို့ ဝင်ရောက်ခဲ့ကြပြီး ထိုအထဲမှ ၁၈၀,၀၀၀(တစ်သိန်းရှစ်သောင်း)ကျော်မှာ ပြည်တွင်း၌ ဆက်လက်နေထိုင်ခြင်းမရှိဘဲ ဖြတ်သန်းသွားလာသူများဖြစ်ကြကြောင်း သိရသည်။

ရှန်ဂင်ဗီဇာ စည်းမျဉ်းနှင့်မကိုက်ညီ၍ လစ်သူယေးနီးယားနိုင်ငံထဲသို့ ဝင်ရောက်ခွင့်မပြုခဲ့သည့် ဗီဇာအရေအတွက် မှာ ၈၆၁ ခုရှိခဲ့သည်။

Source: တာ့စ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော ဒေါက်တာညိုထွန်းအောင်

UWSA နှင့် လက်တွဲပြီး အလုပ်လုပ်နိုင်ရန် ဆွေးနွေးခဲ့ဟု AA ဒုစစ်ဦးစီးချုပ် ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2204

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၉

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် လက်တွဲပြီး အလုပ်လုပ်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း ရက္ခိုင့် တပ်တော် (ULA/AA) ၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောသည်။

UWSA ဌာနချုပ် ပန်းဆန်း(ပန်းခမ်း)မြို့မှာ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ ဝင်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ FPNCC အဖွဲ့များ ပူးပေါင်းဆောင်ရွက်မှု ယခင်ထက် ပိုမိုခိုင်မာလာရေး အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း ယနေ့ (စက်တင်ဘာ ၁၉ ရက်) တွင် ULA/AA က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောသည်။

AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က “FPNCC အဖွဲ့ကလည်း နိုင်ငံရေးဦးဆောင်မှုအဖွဲ့ ဖြစ်ပါတယ်။ စစ်ရေး ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့မဟုတ်၊ အထူးသဖြင့် ဒီမြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးကိစ္စတွေ ပြီးရင် ကျနော်တို့ အချင်းချင်း တစ်ဖွဲ့ချင်းအလိုက် FPNCC ထဲမှာလည်း ပူးပေါင်းဆောင်ရွက်မူကြီး အရင်ကထက် ပိုမိုခိုင်မာလာအောင် တစ်ဖွဲ့ချင်းရဲ့ အခြေအနေတွေကိုလည်း တင်ပြရင်း ရခိုင်ပြည်၊ ဗမာပြည်ရဲ့ အခြေအနေတွေ ကို အမြင်ချင်းဖလှယ်တဲ့ ပုံစံမျိုးကို ပြောဖြစ်ပါတယ်။ ကျနော်တို့ ပြောတဲ့အထဲမှာလည်း အရင်ထက်ပိုပြီး ခိုင်မာ လာအောင် နောက်တစ်ခုက အခု UWSA အဖွဲ့တွေနဲ့ မျိုးဆက်သစ် လူငယ်ခေါင်းဆောင်တွေနဲ့ ကျနော်တို့အဖွဲ့ထဲ မှာ ပိုလို့ ရင်းရင်းနှီးနှီးနဲ့ လက်တွဲပြီး အလုပ်လုပ်နိုင်ဖို့ အများကြီးပါပါတယ်” ဟု ပြောသည်။

FPNCC အဖွဲ့ဝင်များ ပန်းဆန်း(ပန်းခမ်း)မြို့မှာ တွေ့ဆုံစဉ် (The Kokang)

ယခင်က ကိုဗစ် - ၁၉ ကူးစက်မှုကြောင့် တွေ့ဆုံမှုကို မလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ထို့အတွက်ကြောင့် ယခု တွေ့ဆုံ ဆွေးနွေးမှုကို ပြန်လည်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒေါက်တာညိုထွန်းအောင်က “အခု တွေ့တာကတော့ အဆန်းတော့ မဟုတ်ပါဘူး။ ကျနော်တို့ က FPNCC အဖွဲ့ ဝင်ဖြစ်တယ်၊ ကျနော်တို့က FPNCC အဖွဲ့ဝင်ဖြစ်တဲ့ အလျှောက် အခုကျနော်လည်း FPNCC ရုံးမှာ တာဝန် ထမ်း ဆောင်နေပါတယ်။ အရင်ကလည်း ကျနော်လည်း FPNCC ရုံးရဲ့ တာဝန်ခံတစ်ယောက် ဖြစ်ပါတယ်။ ကိုဗစ် ကူးစက်မှုကြောင့် တွေ့ဆုံမှုကြီး မလုပ်နိုင်ခဲ့ဘူး။ ပြောရမယ်ဆိုရင် အခုလို တွေ့ဆုံတာက လွန်ခဲ့တဲ့နှစ်တွေလို ပုံမှန်တွေ့ဆုံမှု တစ်ခုလောက်ပေါ့။ ဘာကြောင့် တွေ့တယ် အခြားသီးသန့်ကြီးကတော့ အရံလောက်ပဲ FPNCC အဖွဲ့ဝင်ထဲမှာ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်” ဟု ပြောသည်။

UWSA ခေါင်းဆောင် ဦးပေါက်ယူချန်းနဲ့ MNDAA ခေါင်းဆောင်တို့ကိုတွေ့ရစဉ် (The Kokang)

FPNCC အဖွဲ့ကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ ရက္ခိုင့်တပ်တော် (AA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ (MNDAA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (TNLA) တို့ဖြင့် ဖွဲ့စည်းထားသည်။

သို့သော်လည်း အဆိုပါ ဆွေးနွေးပွဲကို KIA အနေဖြင့် တက်ရောက်ခြင်း မရှိကြောင်း သိရသည်။

အဆိုပါ အဖွဲ့များသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးဘဲ လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးလျက်ရှိသည်။

တခြားတစ်ဖက်မှာတော့ FPNCC အဖွဲ့ဝင်ထဲက UWSA၊ NDAA၊ SSPP တို့သည် နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု များ ပြုလုပ်နေသလို AA အဖွဲ့ကတော့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲများ ဖြစ်ပွားနေပြီး KIA အဖွဲ့ကတော့ ရှမ်းပြည် နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ဘက်မှာ တိုက်ပွဲများ ဖြစ်ပွားနေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
တိုက်ပွဲဖြစ်ပွားနေသော နေရာပြ မြေပုံ

သံတောင်ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့ဟု AA ထုတ်ပြန်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2385

 

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၈

သုံးလကျော်ကြာ ဖြတ်တောက်ထားနိုင်ခဲ့သော သံတောင်ဗျူဟာစခန်းကို ရက္ခိုင့်တပ်တော်(AA)မှ သိမ်းပိုက် ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း စက်တင်ဘာ ၁၈ ရက်နေ့တွင် AA က သတင်းထုတ်ပြန်ခဲ့သည်။

သံတောင်ဗျူဟာစခန်းသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းတွင် တည်ရှိကြောင်း သိရသည်။

AA က “ရန်သူ၏ သံတောင်ဗျူဟာ စခန်းကုန်းကို ၃ လကျော်ကြာ ဖြတ်တောက်ထားနိုင်ခဲ့ကာ ၎င်းသံတောင်ဗျူ ဟာ စခန်းကို ရက္ခိုင့်တပ်တော်မှ ယခုအချိန်တွင် သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဖြစ်သည်”ဟု ထုတ်ပြန်ချက်တွင် ပြော ထားသည်။

AA သည်  မြန်မာ့တပ်မတော်၏ ရခိုင်-ဘဂ်လားဒေ့ရှ်နယ်စပ်ရှိ မိုင်တိုင်အမှတ် ၄၀ အနီးရှိ စခန်းအား ၂၀၂၂ ခုနှစ်၊ သြဂုတ် ၃၁ ရက်တွင် သိမ်းပိုက်ထားသလို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့က ခမရ ၃၅၂ တပ်ရင်း စခန်းကုန်းကိုလည်း သိမ်းပိုက်ထားသည်။

ထို့နောက် မြန်မာ့တပ်မတော်၏ နောက်ထပ် စခန်းတချို့ကိုလည်း ဖြတ်တောက်ပိတ်ဆိုထားကြောင်း၊ ထိုအထဲ တွင် အိန္ဒိယ- ဘင်္ဂလားဒေ့ရှ်- မြန်မာ သုံးနိုင်ငံနယ်စပ်အနီးရှိ ပလက်ဝမြို့နယ်အတွင်းက “မြိတ်ဝ စခန်း”လည်း ပါဝင်သည်ဟု AA က စက်တင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

 မြန်မာ့တပ်မတော်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်နေသည်ဟု AA ၏ ထုတ်ပြန်ချက်

တပြိုင်နက်တည်းတွင် ပလက်ဝမြို့နယ်၊ နှမဒါရွာ၏ တောင်ဘက် ၂ ကီလိုမီတာခန့်အကွာရှိ မိမိတို့ တပ်ဖွဲ့ဝင် များရှိရာနေရာသို့ မြန်မာ့တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်မှာ ယခုဆိုလျှင် တစ်လနီးပါးခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲများမှာ ၎င်းပတ်ဝန်းကျင်၌ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေကြောင်း AA က ပြောသည်။

၎င်းက “၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်၊ နေ့လယ် ၁ နာရီ ၄၈ မိနစ်မှစ၍ နှမဒါရွာ၏ တောင်ဘက် ၂ ကီလို မီတာ အကွာအဝေးရှိ မိမိတို့ တပ်ဖွဲ့ဝင်များရှိရာ နေရာသို့ ရန်သူသည် ဂျက်တိုက်လေယာဉ် ၃ စီး၊ စစ်ရဟတ် ယာဉ် ၂ စီးဖြင့် ညနေ ၃ နာရီခန့်အထိ တစ်လှည့်စီ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ယနေ့ ရန်သူ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ဂျက်တိုက်လေယာဉ် ၃ စီးမှ ဗုံး၊ ရော့ကတ် ၁၁ ကြိမ်တိုင်တိုင် ပစ်ခတ် တိုက် ခိုက်ခဲ့ပြီး တပြိုက်နက်တည်း တောက်လျှောက် မရပ်မနားဘဲ မိနစ် ၃၀ ခန့်ကြာ ဆက်တိုက် အကြိမ်အများဆုံး တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် AA သည် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများနှင့် ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အတွင်းမှာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

 

Share
Tweet
Share
Share
powered by social2s

ရှီကျင့်ဖျင်ကို တန်ပြန်ရန် နိုင်ငံရေးပါတီတစ်ရပ်ဖွဲ့စည်းဖို့ ရှင်ကျန်းပြည်နယ်သားတစ်ဦး စီစဉ်နေ

By CNI
CNI
Category: Watch TV
Hits: 668

Share
Tweet
Share
Share
powered by social2s

ရုရှားကိုဦးတည်သော ဟိုတယ်နှင့်ခရီးသွားအတွက် ရုရှားအစားအစာကို ပြင်ဆင်မှုမလုပ်နိုင်သေး

By CNI
CNI
Category: Watch TV
Hits: 708

Share
Tweet
Share
Share
powered by social2s

ပူတင်၏ ယူကရိန်းစစ်ရေးရည်မှန်းချက် မအောင်မြင်ဟု အမေရိကန်စစ်ထောက်လှမ်းရေးပြော

By CNI
CNI
Category: Watch TV
Hits: 710

Share
Tweet
Share
Share
powered by social2s

၈ ပြည်နယ်မူ ကျင့်သုံးပါက ငြိမ်းချမ်းရေးရမှာ မဟုတ်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 682

Share
Tweet
Share
Share
powered by social2s

ယူကရိန်းစစ်ပွဲ အမြန် အဆုံးသတ်ချင်ကြောင်း မိုဒီကို ပူတင်ပြော

By CNI
CNI
Category: Watch TV
Hits: 683

Share
Tweet
Share
Share
powered by social2s
အမေရိကန် အောက်လွှတ်တော်အမတ် နန်စီပလိုစီ (ဓါတ်ပုံ-အေပီ)

အဇာဘိုင်ဂျန်နှင့် အပစ်အခတ်ရပ်စဲစေရန် အာမေးနီးယားသို့ နန်စီပလိုစီသွားမည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1876

CNI International News

ရီရယ်ဗန်၊ စက်တင်ဘာ ၁၇

အာမေးနီးယားနိုင်ငံသို့ ယခုသီတင်းပတ်အကုန်ပိုင်းတွင် သွားရောက်ရန် စီစဉ်နေကြောင်း အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

အာမေးနီးယားနိုင်ငံသည် အိမ်နီးချင်း အဇာဘိုင်ဂျန်နှင့်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် နှစ်ဘက်စလုံးမှ တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော် သေဆုံးခဲ့ရ၍ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ စတင်ခဲ့ရသည်။

အာမေးနီးယားနွယ်ဖွား လွှတ်တော်အမတ် ဂျက်စီစပီးယားအပါအဝင် ကာလီဖိုးနီးယားပြည်နယ်၊ ဒီမိုကရက်တစ် ပါတီဝင် အမတ်များနှင့်အတူ စက်တင်ဘာ ၁၇ ရက်တွင် အာမေးနီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နန်စီပလိုစီက ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်သို့ရောက်ရှိစဉ် သတင်းထောက်များကို ပြောကြားခဲ့သည်။

ခရီးစဉ်အသေးစိတ်အချက်အလက်များကို ရှင်းပြရန် နန်စီပလိုစီက ငြင်းဆန်ခဲ့ပြီး မိမိတို့လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ကို အဖွဲ့အစည်းတစ်ခုခု၏ပစ်မှတ်ဖြစ်သွားမည်ကို မလိုလားကြောင်း ပြောကြားခဲ့သည်။

“ဘယ်လိုပဲဖြစ်ဖြစ် လူသားတို့ရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးကို လေးစားတယ်ဆိုသမျှဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပါ တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၅ ရက်၊ ည ၈ နာရီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အသက်ဝင်ချိန်ကတည်းက အဇာဘိုင်ဂျန်နှင့်အာမေးနီးယားနယ်စပ်တွင် အခြေအနေများ ငြိမ်သက်နေခဲ့ကြောင်း၊ နောက်တစ်ရက်တွင်လည်း သဘောတူညီချက် ချိုးဖောက်မှုမရှိကြောင်း အာမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အဇာဘိုင်ဂျန်-အာမေးနီးယားနယ်စပ်တွင် အသတ်ခံရပြီး သေဆုံးခဲ့သည့် အဇာဘိုင်ဂျန် စစ်မှုထမ်းတစ်ဦး ၏ ဈာပနအခမ်းအနားမြင်ကွင်း(ဓါတ်ပုံ-အေပီ)

နှစ်နှစ်နီးပါးကာလအတွင်း အကြီးမားဆုံး ပစ်ခတ်တိုက်ခိုက်မှုများအဖြစ် နှစ်ရက်နီးပါးကြာ တိုက်ပွဲများ ပြင်းထန် ခဲ့ပြီးနောက် နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး ကြေညာနိုင်ခဲ့သည်။

အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့သည် ထိတွေ့ပစ်ခတ်မှုများအတွက် အပြန်အလှန် စွပ်စွဲအပြစ်တင်ခဲ့ကြသည်။

အဇာဘိုင်ဂျန်က စတင်၍ ရန်လိုခြင်းဖြစ်ကြောင်း အာမေးနီးယားအာဏာပိုင်များက စွပ်စွဲခဲ့ကြသည်။

အလားတူ အဇာဘိုင်ဂျန်ကလည်း မိမိတို့နိုင်ငံအပေါ် အာမေးနီးယား ထိုးနှက်တိုက်ခိုက်နေခြင်းကို တုံ့ပြန်ခြင်း သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၆ ရက်၌ လွှတ်တော်တွင် မိန့်ခွန်းပြောကြားရာ၌ အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ်ပါရှင်ယန်က တိုက်ပွဲကာလအတွင်း အာမေးနီးယားတပ်ဖွဲ့ဝင် ၁၃၅ ဦးထက်မနည်း ကျဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

အလားတူ အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ၎င်းတို့ဘက်မှ ၇၇ ဦး ဆုံးရှုံးခဲ့ကြောင်း ပြောကြားခဲ့ သည်။

အာမေးနီးယားနိုင်ငံတောင်ပိုင်းရှိ ရေပူစမ်းအပန်းဖြေစခန်းတည်ရှိရာ ဂျာမက်မြို့အနီး ၇ ဒသမ ၅ ကီလိုမီတာ (၄ ဒသမ ၇ မိုင်) အကွာအထိ အဇာဘိုင်ဂျန်တပ်ဖွဲ့များ ရောက်ရှိလာခဲ့ကြောင်း အာမေးနီးယားလက်နက်ကိုင် တပ်ဖွဲ့ များ၏ စစ်ဦးစီးချုပ် အက်ဗာ့အက်စရန်က ရီရယ်ဗန်မြို့တော်တွင် နိုင်ငံခြားသံတမန်များကို အသိပေးပြောကြားခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပူတင်နဲ့ ဘိုင်ဒန်ကိုတွေ့ရစဉ်

ပူတင်၏ ယူကရိန်းစစ်ရေးရည်မှန်းချက် မအောင်မြင်ဟု အမေရိကန်စစ်ထောက်လှမ်းရေးပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1769

CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၁၇

ယူကရိန်းဘက်မှ ရုရှားတပ်ဖွဲ့ အများအပြား ဆုတ်ခွာလာရမှုကြောင့် သမ္မတ ဗလာဒီမာပူတင်၏ ကနဦး ကျူး ကျော်မှု စစ်ရေးရည်မှန်းချက်များမှာ ယခုအချိန်တွင် မအောင်မြင်တော့ကြောင်း မြင်တွေ့နေရပြီဟု အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်၏ ထောက်လှမ်းရေးခေါင်းဆောင်က ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။

“ဒီစစ်ဆင်ရေးအတွက် ပူတင်ဟာ သူ့ရဲ့ရည်မှန်းချက်တွေ ပြန်သုံးသပ်ရတော့မယ်လို့ ထင်ပါတယ်” ဟု ပင်တဂွန် စစ်ဘက်ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး စကော့ဘယ်ရီယာ (Scott Berrier) က စက်တင်ဘာ ၁၆ တွင် ကျင်းပသည့် ညီလာခံတစ်ခုတွင် ပြောကြားခဲ့သည်။

“အခုအချိန်မှာတော့ အစက သူ ရည်မှန်းထားတဲ့အတိုင်း လုပ်နိုင်တော့မှာ မဟုတ်ဘူးဆိုတာ ရှင်းပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ရုရှားတပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

ယူကရိန်းသည် တန်ပြန်ထိုးစစ်ကို ပြီးခဲ့သည့် သီတင်းပတ်က စတင်ခဲ့ရာ မော်စကိုတပ်များ ယူကရိန်းနိုင်ငံ၏ အရှေ့မြောက်နယ်မြေများမှ ပြန်လည်ဆုတ်ခွာခဲ့ရခြင်းမှာ ရုရှားအတွက် ကြီးမားသောအရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။
“ကျူးကျော်စစ်ဆိုတာကို မလိုအပ်ဘဲနဲ့ ရုရှားတွေက သိမ်းပိုက်ရေး အကြံအစည်နဲ့ ဝင်တိုက်တယ်။ အဲဒီ အကြံ အစည်က သူတို့ကို နောက်ကြောင်းပြန် လှည့်စေခဲ့တာပဲ” ဟု စစ်ပွဲတွင် လူအင်အား ပိုမိုရရှိစေရန် ရုရှားတပ်ဖွဲ့ များကို အပြည့်အဝ စည်းရုံးဖို့ ပူတင်တုံ့ဆိုင်းနေခဲ့ခြင်းအပေါ် ရည်ညွှန်း၍ စကော့ဘယ်ရီယာက ဆက်လက် ပြောကြားခဲ့သည်။

ယခုနောက်ဆုံး ရုရှား၏ဆုတ်ခွာမှုကို ယူကရိန်းအောင်ပွဲ (သို့မဟုတ်) စစ်ရေးပဋိပက္ခ အလှည့်အပြောင်းဟု မှတ်ယူခေါ်ဆိုခြင်း မပြုကြစေရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အခြားအစိုးရ ထိပ်တန်းအရာရှိများက ဂရုတစိုက်ရှိခဲ့ကြသည်။

လက်ရှိ စစ်ရေးပဋိက္ခတွင် ရှေ့ဆက် ဖြစ်ပေါ်လာမည့် အချင်းအရာများကို အကဲဖြတ်၍ ဟောကိန်းထုတ်ရန် မဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူများက သတိပေးခဲ့ကြသည်။

“သူ တစ်ခုခု ဆုံးဖြတ်ချက်ချဖို့ နီးနေပါပြီ။ ဒီဆုံးဖြတ်ချက် ဘယ်လိုဖြစ်မယ်ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် ဒီပဋိပက္ခဟာ ဘယ်လောက် ကြာဦးမလဲဆိုတာတော့ သူ့ဆုံးဖြတ်ချက်က သိသိသာသာ တွန်းအားပေး ပါလိမ့်မယ်” ဟု ပူတင်နှင့်ပတ်သက်၍ ဘယ်ရီယာက သဘောထား မှတ်ချက်ပေးခဲ့သည်။

Source: Aljazeera

Share
Tweet
Share
Share
powered by social2s
  • 57
  • 58
  • 59
  • 60
  • 61
  • 62
  • 63
  • 64
  • 65
  • 66

Page 62 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar