CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
UNHCR ရုံး၊ ဒုက္ခသည်ကတ်၊ မြန်မာများကို တွေ့ရစဉ်

ဒုက္ခသည်ကတ် လျှောက်ထားသူ ရခိုင် ၅၀၀၀ ကျော်တွင် ၂၀ ဝန်းကျင်သာရသေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 3023

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈

မလေးရှားနိုင်ငံတွင် UNHCR ၌ ဒုက္ခသည်ကတ် လျှောက်ထားသည့် ရခိုင်လူမျိုး ၅၀၀၀ ကျော်ရှိသည့်အနက် ၂၀ ဝန်းကျင်သာ ဒုက္ခသည်ကတ် ရရှိသေးကြောင်း ရခိုင်ဒုက္ခသည်များဗဟို (CAR)မှ နာယကချုပ် ဆရာတော် ဦးဥတ္တရက CNI သတင်းဌာနသို့ မိန့်သည်။

အဆိုပါ ရခိုင်လူမျိုး ၅၀၀၀ ကျော်အား ရခိုင်ဒုက္ခသည်များဗဟို(CAR) မှ UNHCR ဒုက္ခသည်ကတ် လျှောက်ထား ပေးခြင်းဖြစ်ပြီး အချိန်ကာလအားဖြင့် ၂ လကျော် ကြာမြင့်နေပြီဖြစ်ကြောင်း ၎င်းက ဆက်လက် မိန့်သည်။

ဆရာတော် ဦးဥတ္တရက “UNHCR ဆီမှာ တကယ် ဒုက္ခဖြစ်တဲ့လူတွေ အများကြီးပါ။ ဦးဇင်းတို့ Center For Arakan Refugees မှာတောင် တကယ့်ကို ဒုက္ခ အခက်အခဲ အများကြီး။ တချို့လူတွေဟာ စားစရာမဲ့ သောက်စရာမရှိ၊ နေစရာမရှိတဲ့လူတွေ တစ်ပုံကြီး ရှိပါတယ်။ ဦးဇင်းတို့ စင်တာမှာတောင် လူပေါင်းက အခု စာရင်း ကောက်ထား တာမှာ ၅၀၀၀ ကျော် ၆၀၀၀ နီးပါးရှိသွားပြီ။ UNHCR ဆီမှာ အင်တာနက် ကနေပြီးတော့ လျှောက်ပေးတယ်။ ဦးဇင်းတို့ကနေပြီးတော့ ရခိုင်တိုင်းရင်းသား ဒုက္ခသည်ကတ် ထုတ်ပေးတယ်။ ဦးဇင်းတို့ community ကတ် ထုတ် ပေးလိုက်တယ်၊ ဟိုဘက်ကနေ UN လျှောက်ပေးလိုက်တယ်။ အဲဒီအထဲမှာ တကယ့်တကယ် အခက်အခဲ အမှန်ကျ နေတဲ့လူတွေ အများကြီးပါတယ်။ ဦးဇင်းတို့ အခုတင်ထားတာ ၂ လကျော်ပြီ။ ဦးဇင်းတို့ တင်ထားတာထဲမှာ ကြိုကြားကြိုကြားဆို အကုန်လုံး လူပေါင်း ၂၀ လောက်တော့ ရတယ်။ အရမ်းနည်းတယ်။ အခုက တွေ့ရသ လောက် ကတော့ UNHCR ဆီမှာ အခွင့်အရေး ရတာကတော့ အကူအညီရတယ်လို့ ပြောရမလားပေါ့။ မွတ်ဆလင် အုပ်စု၊ တခြားတခြားသော တိုင်းရင်းသား အဖွဲ့အစည်းတွေ တိုင်းရင်းသားတွေပဲ ရတာတွေ့တယ်။ များသောအား ဖြင့်ကတော့ ဦးဇင်းတို့ဆီမှာ အကူအညီ မရတာတွေ များနေတယ်။ တွေ့တာကတော့ UN ရုံးကို ရောက်သွားလို့ရှိ ရင် မွတ်ဆလင် အဖွဲ့အစည်းတွေ၊ နောက်ပြီးတော့ ချင်းတိုင်းရင်းသားတွေ ရတာတော့တွေ့တယ်။ နောက် တိုင်းရင်းသားတွေကတော့ မြန်မာဒုက္ခသည်ကတ် ကြိုကြားကြိုကြားတော့ ရကြတာတွေ့တယ်” ဟု မိန့်သည်။

UNHCR ဒုက္ခသည်ကတ်များကိုတွေ့ရစဉ် 

ဒုက္ခသည်အဖြစ် ခံယူရန် စောင့်ဆိုင်းနေသည့် ရခိုင်တိုင်းရင်းသားများ အလုပ်အဆင်မပြေခြင်း၊ အလုပ် မရရှိခြင်းများ ရှိပါက ရခိုင်ဒုက္ခသည်များဗဟို (CAR) မှ အလုပ်ရှာပေးခြင်းအပြင် ဆေးရုံ၊ ဆေးခန်းများသို့ လိုက်၍ အကူ အညီ ပေးမှုများအား ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ ဒုက္ခသည်အဖြစ် ခံယူရန် စောင့်ဆိုင်းနေသည့် အခြား တိုင်းရင်းသား လူမျိုးများသည်လည်း ၎င်းတို့နှင့် သက်ဆိုင်သည့် တိုင်းရင်းသား၊ လူမျိုးစု အဖွဲ့အစည်းများမှနေ၍ ကူညီဆောင်ရွက်မှုများ ရှိကြောင်း သိရသည်။

လက်ရှိတွင် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာများထဲ၌ လူမျိုးပေါင်းစုံရှိပြီး ထိုသူအားလုံး ဒုက္ခရောက်နေ ကြခြင်းဖြစ်သည့်အတွက် UNHCR အနေဖြင့် ဒုက္ခသည်ကတ် ထုတ်ပေးခြင်း အပါအဝင် အကူအညီ ပေးခြင်းများ အား မျှမျှတတ ဆောင်ရွက်ပေးသင့်ကြောင်း ဆရာတော် ဦးဥတ္တရက ဆက်လက် မိန့်ကြားသည်။

၎င်းက “UNHCR အနေနဲ့ မျှမျှတတပေါ့နော်။ မွတ်ဆလင် ဒုက္ခသည်တွေပဲ ဒုက္ခဖြစ်တာလားဆိုတော့ မဟုတ်ဘူး။ ချင်းတွေသာ ဒုက္ခဖြစ်တာလား ဆိုတော့လည်း မဟုတ်ဘူး။ တိုင်းရင်းသားပေါင်းစုံ ဒုက္ခဖြစ်နေတဲ့ အချိန်မှာ အကုန် လုံး တိုင်းရင်းသားရေးရာ Community အဖွဲ့အစည်း အကုန်လုံးတွေကို မျှမျှတတနဲ့ ဒုက္ခသည်ကတ်ကို ထုတ်ပေး ထားဖို့လိုတယ်။ ကူညီပေးဖို့လိုတယ်။ မလေးရှား UN ရဲ့ ဒုက္ခသည်များဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ UNHCR ဆီ အနေနဲ့ အကုန်လုံးကို မျှမျှတတနဲ့ ကိုင်တွယ်ပြီးတော့ အကုန်လုံးကို စီစဉ် ဆောင်ရွက် ပေးစေလိုတယ်၊ အကူအညီ ပေးစေလိုတယ်”ဟု မိန့်သည်။

မလေးရှားအစိုးရနှင့် UNHCR တို့သည် လက်ရှိတွင် ဒုက္ခသည်အရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်နေကြ ကာ ဒုက္ခသည်အဖြစ် ခံယူမည့် လူဦးရေမှာ များပြားသဖြင့် မလေးရှား အစိုးရဘက်မှ စဉ်းစားစရာဖြစ်နေကြောင်း၊ UN ဘက်မှ ကြည့်ပါကလည်း ဒုက္ခသည်များအား ပစ်ပယ်ထားရန်မှာ မဖြစ်နိုင်သည့်အတွက် ညှိနှိုင်းဆွေးနွေးနေကြကြောင်း သိရသည်။

UNHCR ဒုက္ခသည်ကတ် လျှောက်ထားရန် ကူညီပေးနေခြင်း

မလေးရှားနိုင်ငံတွင် အထောက်အထား မရှိသူဖြစ်ပါက အလုပ်အကိုင် အခွင့်အလမ်း၊ ကျန်းမာရေး၊ ပညာရေးသင် ကြားရေးတို့တွင် နစ်နာမှုများရှိကြောင်း ARRC မှ ဒုတိယဥက္ကဋ္ဌ ကိုအောင်မင်းသူက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “UN နဲ့ မလေးရှားအစိုးရနဲ့ ညှိနှိုင်းမှု အပိုင်းတွေကို မြန်မြန်ဆန်ဆန်လေး အဆင်ပြေစေချင်တယ်ပေါ့။ ဘာလို့ဆို မြန်မာပြည်ရဲ့ အခြေအနေက တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ဆိုးလာတယ်။ မလေးရှားမှာ ကျနော်တို့ ခိုကိုးရာက UN ပဲ ရှိတယ်လေ။ UNHCR ရဲ့ မလေးရှားအစိုးရအပေါ် ချဉ်းကပ်မှုအပိုင်းကို မြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေ စေချင်တယ်ပေါ့။ UN ကကျတော့ သနားမှုအပိုင်းနဲ့ လူ့အခွင့်အရေးအပိုင်းနဲ့ဆို သူက လက်ခံပြီးသား။ ဒါပေမယ့် ဒီနိုင်ငံကြီးကို သူပိုင်တာမဟုတ်ဘူးလေ။ ဒီနိုင်ငံကြီးကို ဒီနိုင်ငံသားတွေပဲ ဒီနိုင်ငံရဲ့ အစိုးရပဲ ပိုင်တယ်ဆို တော့ ဒီနိုင်ငံအစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ သူက တချို့ဟာတွေက များစွာသော အကြောင်းအရာတွေက လုပ်လို့ မရ ဘူး။ လုပ်လို့မရဘူးဆိုတော့ သူက အစိုးရကို အများကြီး ချဉ်းကပ်ပြီးတော့ ညှိနှိုင်းရတယ်။ သူတို့ရဲ့ ညှိနှိုင်းမှု ရလဒ် အပေါ်မှာပဲ ကျနော်တို့က အကျိုးခံစားခွင့် ရှိမှာလေ။ ကျနော်တို့အတွက် လုံခြုံမှုတွေရှိမယ်။ အဲဒီတော့ ညှိနှိုင်းမှု မြန်မြန်ဆန်ဆန်လေး အဆင်ပြေစေချင်တယ်” ဟု ပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံမှ UNHCR ရုံးသည် ဒုက္ခသည်ကတ် လျှောက်ထားခြင်းအား အွန်လိုင်း website မှ တဆင့် လက်ခံနေကြောင်း၊ သို့သော်လည်း မလုပ်ဆောင်တတ်သည့်သူ အများအပြား ရှိနေကြောင်း၊ ဒုက္ခသည် ကတ် လျှောက်ချင်ပါက လူကိုယ်တိုင် သွားရောက် လျှောက်ထား၍မရဘဲ UNHCR Malaysia ဆိုသည့် website တွင် ဝင်ရောက် လျှောက်ထားနိုင်ပြီး ၎င်းတို့ဖြည့်ခိုင်းသည့် အချက်အလက်များအား ပြည့်စုံစွာ ဖြည့်သွင်းပြီး လျှောက်ထားနိုင်ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
စစ်မှုမထမ်းချင်လို့ အိမ်နီးချင်းနိုင်ငံတွေဘက်ကို ရုရှားနိုင်ငံသားတွေ ထွက်ခွာနေစဉ် (AP)

စစ်ထဲမဝင်လိုသော ရုရှားနိုင်ငံသား တစ်သိန်းကိုးသောင်းကျော် ထွက်ပြေးတိမ်းရှောင်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1665

CNI International News

တာလင်းန်(အက်စ်တိုးနီးယား)၊ စက်တင်ဘာ ၂၈

သမ္မတ ဗလာဒီမာပူတင်၏ စစ်မှုထမ်းရေး ကြေညာချက်ထွက်ပေါ်ပြီးနောက် ရက်သတ္တတစ်ပတ်အတွင်း အိမ်နီးချင်း နိုင်ငံများဖြစ်ကြသည့် ဂျော်ဂျီယာ၊ ကာဇက်စတန်နှင့် ဖင်လန်တို့သို့ ထွက်ပြေး တိမ်းရှောင်လာသူ ရုရှားနိုင်ငံသားပေါင်း ၁၉၄,၀၀၀ ကျော်ရှိကြောင်း အေပီသတင်းအရ သိရသည်။

၎င်းတို့အများစုသည် မော်တော်ယာဉ်၊ စက်ဘီး (သို့မဟုတ်) ခြေလျင်ခရီးဖြင့် ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။

ထွက်ပြေး တိမ်းရှောင်သူ တစ်ဦးဖြစ်သည့် ရုရှားအမျိုးသား ဗက်စီဗိုလော့ (Vsevolod) က မော်စကိုမြို့တော်မှ ရုရှားတောင်ပိုင်း နယ်စပ်အနီးသို့ ဖြတ်သန်းလျက် ဂျော်ဂျီယာနိုင်ငံအထိ ရောက်ရှိအောင် မော်တော်ယာဉ် မောင်းနှင်ခဲ့ရာ ၄ ရက်ကြာခဲ့ကြောင်း၊ ထို့နောက် ၎င်း၏ မော်တော်ယာဉ်ကို တစ်နေရာတွင် စွန့်ပစ်ခဲ့ပြီး ဂျော်ဂျီယာ နိုင်ငံထဲသို့ ခြေလျင်ခရီးဖြင့် ဝင်ရောက်ခဲ့ကြောင်း ၎င်းက အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၇ ရက်တွင် ဗက်စီဗိုလော့သည် ၎င်းဖြတ်သန်းခဲ့သော ကီလီမီတာ ၁,၈၀၀ (မိုင် ၁,၁၀၀) ခရီးကို အဆုံးသတ်ခဲ့ခြင်းဖြင့် ယူကရိန်းပြည်တွင်းသို့ ရုရှားထိုးစစ်အတွက် စစ်မှုထမ်းရေး ဆင့်ခေါ်မည့်ဘေးမှ ကင်းဝေး သွားခဲ့သည်။

စစ်မှုမထမ်းချင်လို့ အိမ်နီးချင်းနိုင်ငံတွေဘက်ကို ကားတန်းအရှည်ကြီးနဲ့ ရုရှားနိုင်ငံသားတွေထွက်ခွာနေကြ (AP)

“အင်ပါယာ တည်ထောင်ချင်စိတ် ပြင်းပြနေသူ တစ်ယောက်အတွက် ဖြစ်ရတဲ့စစ်ကြောင့် ကျနော့်အသက် ၂၆ နှစ် မှာ တခြားသူတွေရဲ့သွေး စွန်းထင်းနေတဲ့ ခန္ဓာကိုယ်ကို သယ်ပြီး အိမ်မပြန်ချင်တော့ဘူး” ဟု ၎င်းက အေပီသတင်း ဌာနသို့ ရင်ဖွင့်သည်။

ရုရှားတို့၏ လက်စားချေမှုကို ကြောက်ရွံ့နေရချိန်ဖြစ်၍ ၎င်း၏ နောက်ဆုံးအမည်ကို သတင်းထဲ ထည့်မရေးရန် လည်း ၎င်းက အေပီကို မေတ္တာရပ်ခံခဲ့သည်။

ပူတင်၏ စစ်မှုထမ်းဆင့်ခေါ်ရေး မိန့်ခွန်းပြောပြီး တစ်ပတ်အတွင်း ရုရှားပြည်တွင်း၌ ယောက်ျားလေးများနှင့် မိသားစုများ၊ မိတ်ဆွေ အပေါင်းအသင်းများသည် စက်တင်ဘာ ၂၁ ရက်မှစ၍ တစ်ဦးချင်းရော၊ အစုအဖွဲ့လိုက်ပါ ဆက်တိုက်ဆိုသလို မော်စကိုအား ကျောခိုင်းထွက်ခွာနေကြသည်။

အစောပိုင်းတွင် ရုရှားနိုင်ငံမှ ထွက်ခွာမည့် လေကြောင်းလိုင်း အနည်းငယ်တွင် လေယာဉ်လက်မှတ်နှုန်းထားများ ဈေးတက်သွားခဲ့သည်။

ပူတင်နဲ့ ကာကွယ်ရေး၀န်ကြီးတို့ကိုတွေ့ရစဉ် (GETTY IMAGES)

အချို့ကတော့ မော်တော်ယာဉ်များကို ဆီဖြည့်၊ ဓာတ်ငွေ့ဖြည့်၍ ရုရှားနယ်စပ် မျဉ်းကြောင်းတလျှောက် တသီ တသန်းကြီး ထွက်ခွာကြသည်။

ထိုသို့ ထွက်ခွာသည့် ယာဉ်များပြားမှုကြောင့် ရုရှား၏မြောက်ပိုင်း အိုစီတီးယား (Ossetia) ဒေသမှ ဂျော်ဂျီယာ နယ်စပ်သို့ ဖြတ်ကျော်သည့် ဗာခါနီလာ့စ်(Verkhny Lars) လမ်းပိုင်းတွင် ယာဉ်ကြောပိတ်ဆို့မှုမှာ စက်တင်ဘာ ၂၇ ရက်တွင် ၁၅ ကီလိုမီတာ (၉ မိုင်ကျော်)အထိ ရှည်လျားသွားခဲ့သည်။

ရုရှားနယ်ခြားစောင့်တပ်များကလည်း စည်းမျဉ်းစည်းကမ်းများကို ဖြေလျော့ပေးပြီး ထွက်ခွာသူများကို ခြေလျင် ဖြတ်ကျော်ခွင့်ပေးခဲ့ရာ ရာနှင့်ချီသော လမ်းသွားလမ်းလာများဖြင့် ပျားပန်းခတ်နေပုံကို လူမှုကွန်ရက် မီဒီယာများ တွင် တွေ့ရှိရသည်။

အလားတူ ရုရှားမှ ကာဇက်စတန်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ထွက်ခွာရန်အတွက် ရှည်လျားစွာ တန်းစီစောင့်ဆိုင်း မှုများလည်း ရှိခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်က လူမြင်ကွင်းပြန်ထွက်လာတဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ် (Xinhua)

၃ ပတ်အတွင်း ပထမဆုံးအကြိမ် ရှီကျင့်ဖျင် လူထုမြင်ကွင်း၌ ပြန်လည်ထွက်ပေါ်လာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1219

CNI International News

ဘေဂျင်း၊ စက်တင်ဘာ ၂၈

ယခုလ အစောပိုင်း နိုင်ငံခြားခရီးစဉ်မှ ပြန်ရောက်ပြီးနောက် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ကွန်မြူနစ်ပါတီ (ကွန်ဂရက်) ညီလာခံမတိုင်မီ သီတင်းသုံးပတ်အတွင်း ပထမဆုံးအကြိမ်ဖြစ် စက်တင်ဘာ ၂၇ ရက်၌ အများ ပြည်သူ မြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာခဲ့ကြောင်း South China Morning Post သတင်းစာက ရေးသား ဖော်ပြသည်။

ပြီးခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း တရုတ်နိုင်ငံ၏ အောင်မြင်တိုးတက်မှု အခြေအနေများကို ထင်ဟပ်ပြသခဲ့ သော ဘေဂျင်းမြို့တော်တွင် ကျင်းပသည့် ပြပွဲတစ်ပွဲသို့ ရှီကျင့်ဖျင် သွားရောက်ကြည့်ရှုခဲ့သည်။

ကွန်မြူနစ်ပါတီသည် လွန်ခဲ့သော ၁၀ နှစ်အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ ဝါဒရေးရာ စိန်ခေါ်မှုများနှင့် သဘာဝဘေး ဒဏ် အမျိုးမျိုးကို ကျော်ဖြတ်လျက် တိုင်းပြည်ကို ဦးဆောင်မှုပေးခဲ့ကြောင်း အဆိုပါ ပြပွဲကို ကိုးကားလျက် ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်မြူရိုအဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

ပါတီကို ရှီကျင့်ဖျင် စတင်ဦးဆောင်ခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက တရုတ်အာဏာပိုင်များ၏ အဓိက အောင်မြင်မှု များကို ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် ဖြန့်ဝေသင့်ကြောင်း ရှီက မှာကြားခဲ့သည်။

ရှီသည် ပါတီ၏ အပြီးသတ် ဆုံးဖြတ်ချက်ချသည့် အဖွဲ့ဖြစ်သော ဘေဂျင်းအခြေစိုက် အဖွဲ့ဝင် ၂၅ ဦးပါ ပေါ်လစ်ဗျူ ရို (နိုင်ငံရေးဦးဆောင်)အဖွဲ့ အပါအဝင် ဆယ်ဂဏန်းမျှရှိသော တရုတ်ထိပ်တန်း အရာရှိများနှင့် ပူးပေါင်း ဆောင် ရွက်မှုများ ရှိခဲ့ကြောင်း ဆင်ဟွာက ဆက်လက် ရေးသားဖော်ပြသည်။

ရှီသည် ကာဇက်စတန်နှင့် ဥဇဘက်ကစ္စတန် နိုင်ငံများမှ ခရီးစဉ်အပြီး ဘေဂျင်းမြို့တော်သို့ ပြန်ရောက်ခဲ့ရာ ၁၀ ရက်အကြာ ကွန်ဂရက်နှင့် ပါတီခေါင်းဆောင်အဖြစ် တတိယသက်တမ်း ထပ်မံထမ်းဆောင်ဖို့ စပ်ကူးမတ်ကူး ကာလသို့ ရောက်ရှိလာခဲ့သည်။

စက်တင်ဘာ ၂၇ ရက်တွင် ပါတီသည် ရှီ၏ မူဝါဒပန်းတိုင်များကို ထောက်ခံအားပေးရန် ထင်ရှားသည့် ကြိုးပမ်းမှု များဖြင့် တရုတ်နိုင်ငံ၏ ပြန်လည် အားသစ်လောင်းစေရေး စာပေများ စုစည်းထုတ်ဝေမည်ဟု ကြေညာခဲ့သည်။

“ပြန်လည် အားသစ်လောင်း စေရေးစာစု” များဟု အမည်ပေးထားသည့် စာအုပ်အတွဲ ၅ တွဲ စုစည်းထုတ်ဝေမှုတွင် ရှီကျင့်ဖျင်၏ ထီးရိပ်မူဝါဒ ဆောင်ပုဒ်ဖြစ်သော ၎င်း ၂၀၁၂ ခုနှစ် အာဏာရလာချိန်မှစ၍ “တရုတ်ပြည် အားသစ် လောင်း” ၍ တဖန်နုပျို လန်းဆန်းလာပုံကို ပုံဖော်ရေးသားပြုစုထားသည်။

တရုတ်ကွန်မြူနစ်ပါတီ ထောက်ခံခြင်း (GETTY IMAGES)

 

“ကွန်မြူနစ်ပါတီရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုအောက်မှာ တရုတ်ပြည်သူပြည်သားတွေဟာ တရုတ်ပြည်ရဲ့ကံကြမ္မာနဲ့ တိုးတက်မှုကို သူတို့လက်ထဲမှာ ကျစ်ကျစ်လစ်လစ် ဆုတ်ကိုင်နိုင်တဲ့ သမိုင်းကြောင်းကို ဆက်လက် ပြသသွားမှာ ဖြစ်ပါတယ်” ဟု ရှီကျင့်ဖျင်၏ အတွေးအခေါ်များ စာစုထဲ၌ နိဒါန်းပျိုးထားသည်ဟု ဆင်ဟွာက သတင်း ဆက် လက် ဖော်ပြသည်။

“မိမိတို့နိုင်ငံသည် ပါတီတည်ထောင်ချိန်မှစ၍ ယနေ့ ခေတ်သစ်သမိုင်းတွင် မကြုံစဖူး ကပ်ဆိုးဘေးဆိုးများ ကြုံတွေ့ခဲ့ရပြီး တရုတ်ပြည် ပြန်လည် အားသစ်လောင်းမှုကို အကောင်အထည်ဖော်ဖို့ မှန်ကန်သည့် လမ်းကြောင်း တွေ့ရှိခဲ့ပြီဖြစ်ကြောင်း” ရှီကျင့်ဖျင်က ၎င်း၏စာစုထဲတွင် ပြောကြားထားသည်။

Source: South China Morning Post

 

 

 

Share
Tweet
Share
Share
powered by social2s

တရုတ်နှင့်တင်းမာမှုရှိနေသည့် အိန္ဒိယကို အမေရိကန်ကြိုဆို

By CNI
CNI
Category: Watch TV
Hits: 736

Share
Tweet
Share
Share
powered by social2s

ရုရှားကျင်းပသည့် လူထုဆန္ဒခံယူပွဲကို ယူကရိန်းနိုင်ငံသားများ စိုးရိမ်ထိတ်လန့်

By CNI
CNI
Category: Watch TV
Hits: 704

Share
Tweet
Share
Share
powered by social2s

စစ်တပ်ကို ဖြုတ်ချပြီးမှ ဗမာပြည်နယ်ကိစ္စ ဆွေးနွေးသင့်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 759

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် UWSA၊ NDAA၊ SSPP ခေါင်းဆောင်များကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ်

စစ်တပ်ကို ဖြုတ်ချပြီးမှ ဗမာပြည်နယ်ကိစ္စ ဆွေးနွေးသင့်ဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2102

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇

မြန်မာ့တပ်မတော်ကို ဖြုတ်ချပြီးမှ ဗမာပြည်နယ် ဖွဲ့စည်းရေးကိစ္စများအရေး ဆွေးနွေးလုပ်ဆောင်သင့်ဟု မြန်မာ့ အရေး လေ့လာသုံးသပ်သူလည်းဖြစ် တရုတ်နိုင်ငံအရေးကျွမ်းကျင်သူလည်း ဖြစ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် အားလုံး၏ ဘုံရည်မှန်းချက်ဖြစ်သည့် စစ်အာဏာရှင်စနစ် ဖြုတ်ချရေးကို လုပ်ဆောင်သင့်ကြောင်း၊ ထို့နောက် ပြည်နယ်သစ် ပေါ်ထွန်းရေး ကိစ္စများကို ဆွေးနွေးတိုင်ပင်သင့်ကြောင်း ၎င်းက ပြောသည်။

ဒေါက်တာလှကျော်ဇောက “အဲဒီကိစ္စတွေက ကျမသိပ်တော့ နားမလည်ဘူးဗျ၊ ဘာဖြစ်လို့လဲဆိုရင် ကျမတို့ရဲ့ ရည်မှန်းချက်က တစ်ခုတည်းပဲရှိတယ်၊ ဒီစစ်ကောင်စီကို ဖယ်ရှားဖို့ပဲ၊ အဲဒါပြီးမှဘဲ ဒီဟာတွေကို စနစ်တကျ ဆွေးနွေးတိုင်ပင်ကြတာ ပိုကောင်းမယ်ထင်တယ်၊ အခုလောလောဆယ် လုပ်ငန်းအရက‌တော့ ကျမတို့အားလုံး စစ်အာဏာရှင်စနစ်ကို မကြိုက်တဲ့သူတွေ အားလုံး တစ်စုတစ်စည်းတည်း စုပြီးတော့ ကျမတို့ ဒီစစ်တပ်ကို နိုင်အောင်တိုက်ဖို့ပဲဗျ၊ ကျန်တာတွေကတော့ ကျမတို့ ဖြည်းဖြည်းလုပ်လို့ ရပါတယ် ထင်ပါတယ်။ ဒီဟာတွေက လောလောဆယ်လည်း သိပ်မလိုအပ်သေးပါဘူး။ အခုကျမတို့ ဗမာပြည်မှာ တကယ့်ကို အလောတကြီး လိုအပ်နေ တာက ဒီစစ်ကောင်စီကို ဖယ်ပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် လုပ်ဖို့က ပိုအရေးကြီးတယ် ထင်ပါတယ်၊ စစ်ကောင်စီ ရှိနေသ၍ ဗမာပြည်နယ်ပေးပေး၊ ဘာပေးပေး ဘယ်သူမှ ဘာမှ မရနိုင်ပါဘူး။ ဒီစစ်ကောင်စီ မရှိမှ ရနိုင်မှာ ဖြစ်တဲ့အတွက် ဒီစစ်ကောင်စီတွေကို အမြစ်ပြတ်ဆိုသလို ပြတ်ပြတ်သားသား အောင်ပွဲရပြီးမှသာလျှင် တခြားဟာတွေကို လုပ်နိုင်မယ်ထင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်မြို့မှာ တွေ့ရသော လူမျိုးစုလူငယ်များ

လက်ရှိ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှု မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်မှ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် ကြေညာထားသည်။

ထို့နောက် တော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ ၏ ပူးပေါင်းအဖွဲ့များ နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ပြည်နယ်ဖွဲ့စည်းရေးကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ်တွင် သဘောတူထားသည့် အချက်အလက်များရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) မှာဆိုရင် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေ ခံတဲ့ ပြည်ထောင်စုကို တိုင်းဒေသကြီး မျဉ်းစောင်း ပြည်နယ်အဖြစ် ဖွဲ့စည်းရမည်။ အဲဒီလိုမျိုး ကျနော်တို့ သဘော တူ ထားတာရှိတယ်၊ တိုင်းဒေသကြီး မျဉ်းစောင်း ပြည်နယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ တိုင်းဒေသကြီး ခေါ်မလား ပြည်နယ်ခေါ်မလား ဆိုတာကလေးလည်း ကျနော်တို့ ဆက်လက်ပြီးတော့ ညှိနှိုင်းဆွေးနွေးရမယ့် အခင်းအကျင်း လို့ နားလည်တယ်၊ အဲဒီအောက်မှာလည်းပဲ မှတ်ချက် တစ်ဆက်ထဲပေါ့လေ၊ တိုင်းဒေသကြီး မျဉ်းစောင်း ပြည်နယ် များက တန်းတူရည်တူရှိတယ်၊ အမည်နာမ သတ်မှတ်ချက်နဲ့ ပတ်သက်ပြီးတော့ နောင်ဆိုရင် ဆက်လက် ဆွေးနွေး ဖို့ သဘောတူတယ်ဆိုတဲ့ အချက်အလက်တွေ အပေါ်မှာကိုလည်းပဲ ဆရာတို့ ပြန်ပြီးတော့ အဲဒါကို သုံးသပ်ကြည့် မယ်ဆိုရင်တော့ ခုနက ပြောတဲ့ ကိစ္စရပ်တွေကတော့ ကျနော်တို့ ဆက်လက် ညှိနှိုင်းဆောင်ရွက်ဖို့ အချိန်လို အပ် တယ်၊ ကြိုးပမ်းဖို့ လိုအပ်ဦးမယ်ဆိုတာကို‌တော့ ကျနော့်အနေနဲ့ အဲဒီလို နားလည်းထားပါတယ်” ဟု ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပနေသည်ကိုတွေ့ရစဉ်

(၈) ပြည်နယ်မူသည် တန်းတူ အခွင့်အရေးကို တောင်းဆိုခြင်းဖြစ်ကြောင်း၊ ကျန်သည့် လူမျိုးစုတွင် ပြည်နယ်ရှိပြီး ဖြစ်သည့်အတွက် ဗမာလူမျိုးစုတွင်လည်း အမျိုးသားပြည်နယ် တစ်ရပ်လိုသည်ဟုဆိုကာ တင်ပြတောင်းဆိုခြင်း ဖြစ်ကြောင်း သိရ သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေအရ တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခု၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း ၁ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ နေပြည်တော်ကောင်စီနယ်မြေ ၁ ခု စသဖြင့် စုစည်း သတ်မှတ် ပြဋ္ဌာန်းထားသည်။

ထို့နောက် ရှမ်းနီ၊ တအာင်း(ပလောင်)၊ “ဝ”၊ ပအိုဝ်း တို့က ပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုလျက်ရှိသလို မိုင်းလား (အထူးဒေသ ၄)ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးရန် တောင်းဆိုလျက်ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆူဘရာ မန်ယန် ဂျိုင်ရှန်ကာကိုတွေ့ရစဉ် (GETTY IMAGES)

တရုတ်နှင့်တင်းမာမှုရှိနေသည့် အိန္ဒိယကို အမေရိကန်ကြိုဆို

By CNI
CNI
Category: နိုင်ငံရေး
Hits: 2408

CNI Internatioanl News

ဝါရှင်တန်၊ စက်တင်ဘာ ၂၇

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) သည် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆူဘရာ မန်ယန် ဂျိုင်ရှန်ကာ (Subrahmanyam Jaishankar) ကို စက်တင်ဘာ ၂၆ ရက်တွင် အမေရိကန်နိုင်ငံ၊ ပင်တဂွန် စစ်ဌာနချုပ်တွင် လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်း ဖြစ်စေမည့် နည်းလမ်းများ ဆွေးနွေးခဲ့ကြကြောင်း အာရ်တီသတင်းအရ သိရသည်။

ဝန်ကြီးနှစ်ဦးတို့သည် လွတ်လပ်၍ ပွင့်လင်းပြီး အားလုံးပါဝင်နိုင်သော အင်ဒို-ပစိဖိတ်ဒေသအတွက် အမေရိကန်နှင့် အိန္ဒိယတို့ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ထို့ပြင် တည်ကြည်လေးနက်သော မိတ်ဖက်များအဖြစ် အတူတကွ ပူးပေါင်းသွားကြရန် ၎င်းတို့၏ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သတင်း ထုတ်ပြန်ခဲ့သည်။

ဝါရှင်တန်၏ အမြင်တွင် အင်ဒို-ပစိဖိတ်ဒေသအတွက် အဓိကစိန်ခေါ်မှုမှာ တောင်တရုတ်ပင်လယ်၌ ဒေသတွင်း နိုင်ငံအသီးသီးနှင့် နယ်မြေအငြင်းပွားမှု ရှိနေခဲ့သည့် တရုတ်နိုင်ငံ ဖြစ်သည်။

တရုတ်နဲ့ အိန္ဒိယ နယ်စပ်အငြင်းပွားမှုဖြစ်ပွားခဲ့စဉ် (GETTY IMAGES)

ထို့ပြင် ဘေဂျင်းအစိုးရသည် ထိုင်ဝမ်ကို ၎င်း၏ခွဲထွက် ပြည်နယ် အစိတ်အပိုင်းတစ်ခုဟု သတ်မှတ်ထားပြီး ပြန်လည် ပေါင်းစည်းရန် ဆုံးဖြတ်ထားသည်။

အထူးသဖြင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ ပြီးခဲ့သည့် ဩဂုတ်လတွင် ကိုယ်ပိုင်အုပ်ချုပ်နေ သည့် ထိုင်ဝမ်ကျွန်းသို့ လာရောက် လည်ပတ်ပြီး နောက်ပိုင်း ကျွန်း၏အရေးကြောင့် အမေရိကန်နှင့်တရုတ်တို့ အကြား တင်းမာမှုများ ပိုမိုတိုးလာခဲ့သည်။

တရုတ်သည် ဝါရှင်တန်အစိုးရနှင့် စစ်ရေး၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆက်ဆံရေးတို့ကို ဖြတ်တောက်ခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားတွင် အကြီးစား စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

“အထူးသဖြင့် ထိုင်ဝမ်နဲ့ပတ်သက်ပြီး တရုတ်ရဲ့ရန်လိုမှုတွေ တိုးလာနေတာကြောင့် ဒေသတွင်း လုံခြုံရေးအတွက် အင်မတန် အရေးကြီးပါတယ်။ အရင်လတွေ တုန်းကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းကို စိန်ခေါ်ဖို့ အရှိန်မြှင့်လာတာကို ကျနော်တို့ တွေ့ရပါတယ်” ဟု လွိုက်အော်စတင်က ပြောကြားခဲ့ သည်။

နန်စီပလိုစီ ထိုင်ဝမ်ကို သွားရောက်ခဲ့စဉ်(GETTY IMAGES)

အမေရိကန်နှင့်အိန္ဒိယတို့သည် ကမ္ဘာတလွှား ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် သာယာဝပြောရေးတို့အတွက် စိန်ခေါ် မှုများကို အဆက်မပြတ် ရင်ဆိုင်နေရကြောင်း အော်စတင်က ထပ်လောင်းပြောကြားခဲ့သည်။

ယူကရိန်းပဋိပက္ခနှင့် ပတ်သက်ပြီး ရုရှားကို ရှုတ်ချ၍ သီးခြားအထီးကျန်စေဖို့ ငြင်းဆိုခဲ့သည့် ဘေဂျင်း၏ အပြုအမူ ကိုလည်း ၎င်းက အပြစ်တင်ခဲ့သည်။

စက်တင်ဘာ ၂၆ ရက်၌ အော်စတင်နှင့် တွေ့ဆုံမှုတွင် အိန္ဒိယဝန်ကြီး ဂျိုင်ရှန်ကာက ယူကရိန်းအရေးကိစ္စကို အနည်းငယ်သာ ထည့်သွင်းဆွေးနွေးခဲ့ပြီး “အထူးသဖြင့် အင်ဒို-ပစိဖိတ်ဒေသဟာ အကြောင်းပြချက် အမျိုးမျိုးနဲ့ ဒီနှစ် ကမ္ဘာ့အခြေအနေအတွက် စိန်ခေါ်မှုတွေ ထပ်တိုးလာပါတယ်။ အင်ဒို-ပစိဖိတ်‌ဒေသ တည်ငြိမ်ရေး၊ လုံခြုံရေး နဲ့ သာယာဝပြောရေးတို့ စိတ်ချလုံခြုံစေဖို့ အရေးကြီးပါတယ်။ ကျနော်တို့နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ တခြား နိုင်ငံတွေအတွက်လည်း အကောင်းဆုံး လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Source: အာရ်တီသတင်းဌာန

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်းက ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲ လုပ်နေစဉ် (AP)

ရုရှားကျင်းပသည့် လူထုဆန္ဒခံယူပွဲကို ယူကရိန်းနိုင်ငံသားများ စိုးရိမ်ထိတ်လန့်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1496

CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၂၇

ကရင်မလင် ကြိုးကိုင်ထားသော လူထုဆန္ဒခံယူပွဲများသည် သိမ်းပိုက်ခံထားရသော ယူကရိန်းနယ်မြေ ၄ ခု အတွက် ရုရှား၏ အနီးကပ် ထိန်းချုပ်နိုင်မှုကို ပြသလာသဖြင့် စစ်ဒဏ်ကို ၇ လကြာအောင် ခံစားနေရသည့် ယူကရိန်းပြည်သူများအတွက် စိုးရိမ်ထိတ်လန့်စရာများ တိုးပွားလာခဲ့ကြောင်း အေပီသတင်းဌာနက ရေးသား ဖော်ပြသည်။

အဆိုပါ နယ်မြေများတွင် ဆန္ဒခံယူပွဲများ မစတင်မီကပင် ဒေသခံအချို့သည် အတင်းအကျပ် မဲထည့်စေခြင်း (သို့မဟုတ်) ရုရှားစစ်တပ်ထဲသို့ မဖြစ်မနေ စစ်မှုထမ်းစေခြင်းတို့မှ ရှောင်ရှားလိုကြသဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ ကြသည်။

အချို့က အိမ်တံခါးအလုံပိတ်၍ ပုန်းအောင်းနေကြခြင်းဖြင့် မဲထည့်ဖို့ တစ်အိမ်တက်ဆင်း စည်းရုံးနေသော လက်နက်ကိုင် စစ်သားများကို ရှောင်လွှဲနိုင်မည်ဟု မျှော်လင့်ကြသည်။

ကြိုတင်မဲပေးမှုများ မစတင်မီ စက်တင်ဘာ ၂၃ ရက်ကပင် ရုရှားထိန်းချုပ်ထားသော ယူကရိန်းတောင်ပိုင်း၊ ခါဆွန်နယ်မြေမှ ထွက်ပြေးလာသည့် ပက်ထရိုကိုဘာနစ် (Petro Kobernik) အမည်ရှိ ဒေသခံတစ်ဦးက “ရုရှား ဥပဒေအောက်တွင် နေရခြင်းနှင့် တိုက်ပွဲများ ပြင်းထန်လာခြင်းတို့က မိမိနှင့် အခြားသူများ၏ အနာဂတ်ကို တုန်လှုပ်ခြောက်ခြားစေခဲ့ကြောင်း” ပြောကြားခဲ့သည်။

ရုရှားစစ်သားများကို တွေ့ရစဉ် (AP)

“အခြေအနေတွေက ပြောင်းလဲပုံက အင်မတန်မြန်ပါတယ်။ ရုရှားစစ်တပ် (ဒါမှမဟုတ်) ယူကရိန်း ပြောက်ကျား တွေနဲ့ ချီတက်လာတဲ့တပ်တွေ ထိတွေ့မှာကို ဒီကလူတွေ စိုးရိမ်နေကြပါတယ်” ဟု အသက် ၃၁ နှစ်အရွယ်ရှိ ပက်ထရိုကိုဘာနစ်က အေပီသတင်းဌာနသို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။

လက်နက်ကိုင် ရဲသားများနှင့်အတူ ရုရှားတပ်ဘက် အရာရှိတချို့က မဲပုံးများ ယူဆောင်လာစဉ် ခါဆွန်နယ်မြေ၏ တစိတ်တပိုင်းဖြစ်သော နိုဗိုထရိုက်စကီ (Novotroitske) ကျေးရွာရှိ ၎င်း၏နေအိမ်၌ ကိုဘာနစ်သည် အသက် ၇၀ အရွယ်ရှိ ဖခင်ကြီးကို အိမ်ထဲသို့ မည်သူမျှ ဝင်ခွင့်မပေးရန် မှာကြားပြီး ပုန်းအောင်းနေခဲ့သည်။

ကိယက်ဗ်အစိုးရနှင့် အနောက်အုပ်စု မဟာမိတ်များက အတုအယောင်ဟု ရှုတ်ချထားသည့် အဆိုပါ လူထု ဆန္ဒခံ ယူပွဲကို ယခုရက်ပိုင်း ရုရှားထိန်းချုပ်ထားသော လူဟန့်စ် (Luhansk) ၊ ခါဆွန်၊ ဒွန်နက်စ်၊ ဇာပိုရေဇီးယား စသည့် နယ်မြေ ၄ ခုတွင် ကျင်းပနေခဲ့သည်။

ထိုနယ်မြေများကို ရုရှား အပြီးအပိုင် သိမ်းယူရန်အတွက် အကြောင်းပြချက်အဖြစ် ဆန္ဒမဲကောက်ခံခြင်းဟု ရှုမြင် ကြပြီး စက်တင်ဘာ ၂၇ ရက် (ယနေ့)တွင် မဲစာရင်းများ အတည်ပြုပြီးလျှင် ရုရှားအာဏာပိုင်များက ၎င်းတို့ ပိုင်ဆိုင်သော နယ်မြေဒေသများအတွက် ထုတ်ဖော်ကြေညာတော့မည်ဟု မျှော်လင့်ရသည်။

ယူကရိန်းခွဲထွက်ဒေသအတွင်းတစ်နေရာကိုတွေ့ရစဉ် (AP)

ကရင်မလင်သမ္မတနန်းတော်သည် ယခင်ကလည်း ထိုသို့နည်းဗျူဟာများကို အသုံးပြုခဲ့ဖူးသည်။

ပင်လယ်နက် ကျွန်းဆွယ်တစ်ခုဖြစ်သည့် ယူကရိန်းနိုင်ငံ၊ ခရိုင်းမီးယားဒေသကိုလည်း လူထုဆန္ဒခံယူပွဲဟူ၍ အဆောတလျင် ခေါ်ဝေါ်သမုတ်လျက် ဒေသခံများထံမှ အလားတူ ထောက်ခံမဲများကို ၂၀၁၄ ခုနှစ်က ဖန်တီးပြု လုပ်ခဲ့သည်။

လက်ရှိ ဖြစ်ပွားနေဆဲ စစ်ပွဲအတွက် တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်စုဆောင်းစေရန် ဗလာဒီမာပူတင်က ယခင် သီတင်း ပတ်တွင် အမိန့်ပေးခဲ့ပြီးနောက် နယ်မြေများကာကွယ်ရေးအတွက် နျူလက်နက်များ ထုတ်သုံးဖို့ အသင့်ရှိကြောင်း ယူကရိန်းကို ပြတ်ပြတ်သားသား ခြိမ်းခြောက်ခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s

ကလေးများ ကျောင်းပြီးမှ တိုက်ပွဲရှောင်စခန်းရွှေ့ရန် အသနားခံစာတင်

By CNI
CNI
Category: Watch TV
Hits: 733

Share
Tweet
Share
Share
powered by social2s

အီတလီမဲဆန္ဒရှင်များ မီလိုနီ၏လက်ယာစွန်းပါတီကို စုပုံအားပေး

By CNI
CNI
Category: Watch TV
Hits: 816

Share
Tweet
Share
Share
powered by social2s

ယူကရိန်းအရေး ရွေးချယ်စရာမရှိတော့ဟု ရုရှားပြော

By CNI
CNI
Category: Watch TV
Hits: 759

Share
Tweet
Share
Share
powered by social2s

အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုမတိုင်မီ မြောက်ကိုရီးယားပဲ့ထိန်းဒုံးကျည် ပစ်လွှတ်

By CNI
CNI
Category: Watch TV
Hits: 804

Share
Tweet
Share
Share
powered by social2s
နမ္မတူတိုက်ပွဲရှောင်၊ နမ္မတူမြို့နယ်၊ RCSS၊ SSPP တို့ကိုတွေ့ရစဉ်

ကလေးများ ကျောင်းပြီးမှ တိုက်ပွဲရှောင်စခန်းရွှေ့ရန် အသနားခံစာတင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1604

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆

ရှမ်းပြည်မြောက်ပိုင်းရှိ တိုက်ပွဲရှောင်စခန်းများ ရွှေ့ခိုင်းထားမှုကို ကလေးများ ကျောင်းပြီးမှ ရွေ့ဆိုင်းပေးရန် အသနားခံစာ တင်ထားကြောင်း နမ္မတူမြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ယခုနှစ် အောက်တိုဘာလကုန် နောက်ဆုံးထား၍ ပိတ်သိမ်းရန် ဌာနဆိုင်ရာများမှ စက်တင်ဘာလ အစောပိုင်းက ညွှန်ကြားထားကြောင်း သိရသည်။

နမ္မတူမြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးကော်မတီမှ တာဝန်ရှိသူက “ကျနော်တို့ကတော့ လောလောဆယ်ကတော့ သူတို့ရဲ့ သားသမီးတွေ ကျောင်းတက်နေတဲ့ အတွက်ကြောင့် နောက်နှစ် ဧပြီလမှာ ရွှေ့ခိုင်းဖို့ အသနားခံစာ ကျ‌နော်တို့ တင်ထားတယ်၊ အဲဒါ အကြောင်းတော့ ပြန်မလာသေးဘူးဗျ။ အဲဒါလေး အောင်မြင်လို့ ရှိရင်‌တော့ ၄ လပိုင်းအထိတော့ သူတို့ ကလေးတွေ ကျောင်းတက်ဖို့ အဆင်ပြေသွားမှာပေါ့” ဟု ပြောသည်။

နမ္မတူမြို့နယ်တွင် ရှမ်း၊ လီဆူ၊ ကချင် တိုက်ပွဲရှောင်စခန်းများရှိပြီး အိမ်ထောင်စု ၁၀၀ ကျော်ရှိကာ တိုက်ပွဲရှောင် ဦးရေ ၅၀၀ ကျော်ရှိကြောင်း ၎င်းက ပြောသည်။

နမ္မတူမြို့နယ်အတွင်း တစ်နေရာကိုတွေ့ရစဉ် (GETTY IMAGES) 

လက်ရှိတွင် ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲမရှိသေးသည့်အတွက် တိုက်ပွဲရှောင်များကို နေရပ်ပြန်ခိုင်းသည့် သဘောဟု ကျောက်မဲမြို့နယ်မှ ဇီဝိတဒါန လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီမှာ အရင်တုန်းက ဖြစ်ခဲ့ကြတာ ကျနော်တို့ ဖက်ဆိုရင် RC ရှိတယ်၊ RC နဲ ထိပ်တိုက် တွေ့ခဲ့ကြတယ် ပေါ့နော်၊ SSA နဲ့ RC နဲ့ ထိပ်တိုက်တွေ့ကြတယ်‌၊ နောက်တစ်ခါ TNLA ပါကြတယ်၊ သူတို့ မဟာမိတ်အဖွဲ့တွေ‌ပေါ့၊ အဲဒီလိုနဲ့ စစ်ဖြစ်ခဲ့တယ်၊ အခုက မရှိတော့တဲ့အတွက် စစ်ပွဲမရှိတော့လို့ ပြန်ခိုင်းတဲ့ သဘောပေါ့” ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)နှင့် တပ်မတော်အကြားလည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင်တပ် အချင်းချင်း အကြားလည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

နမ္မတူတိုက်ပွဲရှောင်များကိုတွေ့ရစဉ်(AFP

နမ္မတူမြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက “တိုက်ပွဲတွေ ကတော့ မရှိတော့ဘူးပေါ့။ ဒါပေမယ့် ဝင်ထွက်သွားလာမှုတော့ ရှိကောင်းရှိမှာပေါ့။ သူတို့ တချို့တွေပေါ့၊ တချို့ တွေကတော့ ဒီမှာပဲ မြေကွက်ဝယ်ပြီးမှ မြေကွက်ကို ပေါင်းဝယ်ပြီးမှ အိမ်ဆောက်နေမယ်‌ပေါ့၊ တချို့က ကြတော့ လည်း ရွာမှာ ပြန်တော့မယ်ပေါ့၊ တချို့ကကြတော့လည်း အခန်းတွေ ငှားပြီးမှ နေမယ်‌ပေါ့၊ အဲဒီလိုမျိုးတော့ အစီအစဉ် ဆွဲထားတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ၊ မန်တုံ၊ လားရှိုးနှင့် သိန္နီ စသည့်မြို့နယ်များအတွင်း တိုက်ပွဲ ရှောင်စခန်း (၂၆)ခုရှိပြီး တိုက်ပွဲရှောင် လူဦးရေ တစ်သောင်းခွဲ(၁၅၀၀၀)ဝန်းကျင် ရှိနေကြောင်း ရွှေဖီမြေ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ဗ် ကုလမှာ မိန့်ခွန်းပြောနေစဉ် (AP)

ယူကရိန်းအရေး ရွေးချယ်စရာမရှိတော့ဟု ရုရှားပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1650

CNI International News

နယူးယောက်၊ စက်တင်ဘာ ၂၆

ယူကရိန်းအရေးကို မော်စကိုအနေဖြင့် စစ်ရေးအရ အရေးယူခြင်းမှအပ အခြားရွေးချယ်စရာမရှိတော့ကြောင်း ကုလသမဂ္ဂ (UN) အထွေထွေညီလာခံသို့ ရုရှားက ပြောကြားခဲ့သည်။

ထို့နောက် ယူကရိန်းသို့ ကျူးကျော်စစ်နှင့်ပတ်သက်၍ ရုရှားက ၎င်း၏ရပ်တည်ချက်ကို ကမ္ဘာသိအောင် စက်တင်ဘာ ၂၄ ၌ ပြောကြားရာတွင် အိမ်နီးချင်း ယူကရိန်းနှင့်အနောက်အုပ်စုနိုင်ငံအပေါ် မကျေနပ်ချက်များကို ထပ်လောင်း ပြောကြားခဲ့သည်။

UN ညီလာခံကဲ့သို့ ထင်ရှားသည့် သံတမန် အစည်းအဝေးတွင် ရက်အတန်ကြာအောင် ရှုတ်ချခံရပြီးနောက် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ဗ်က ဝါရှင်တန်ကို အထူးအာရုံစိုက်ခဲ့သည်။

UN တွင် ပြောကြားခဲ့သည့် ၎င်း၏မိန့်ခွန်းထဲ၌ လာဗရော့ဗ်က “အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များသည် ကုလသမဂ္ဂ ကိုယ်စားပြုသော နိုင်ငံတကာစနစ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ကြောင်း” အဓိကထား ပြောကြားသွားခဲ့သည်။

၂၀၀၀ ပြည့်လွန်နှစ်များ အစောပိုင်း အီရတ်သို့ အမေရိကန် စစ်ပြုခဲ့ကြောင်း၊ ၂၀ ရာစုကာလ စစ်အေးကာလ၊ ၁၉ ရာစု အမေရိကန် မူဝါဒများကို ပြန်ကြည့်လျှင် အနောက်ကမ္ဘာခြမ်းအပေါ် အမေရိကန်၏ ဩဇာလွှမ်းမိုးမှုကို အဓိက ကြွေးကြော်ထားသည့် သမိုင်းကြောင်းအား တွေ့ရမည်ဖြစ်ကြောင်း လာဗရော့ဗ်က ပြောကြားခဲ့သည်။

ဇာလန်းစကီးနဲ့ ဘိုင်ဒန်ကိုတွေ့ရစဉ် (GETTY IMAGES)

အမေရိကန်သည် ၎င်းအလိုရှိသည့် နေရာတိုင်းတွင် အပြစ်ကင်းစေခြင်းအလို့ငှာ တတ်နိုင်သမျှ ကြိုးပမ်းလေ့ ရှိသော်လည်း အခြားသူများ ၎င်းတို့အမျိုးသား အကျိုးစီးပွား မြှင့်တင်ခြင်းကိုတော့ လက်မခံနိုင်ကြောင်း အမေရိကန်၏ ရပ်တည်ချက်ကို လာဗရော့ဗ်က ပုံဖော်ပြောကြားခဲ့သည်။

“အမေရိကန်နဲ့ သူ့မဟာမိတ်တွေက သမိုင်းကြောင်းအရ ချီတက်နေမှုကို ရပ်တန့်ချင်ကြတယ်” ဟု ၎င်းက ထောက်ပြခဲ့သည်။

စက်တင်ဘာ ၂၄ ရက်၌ UN ညီလာခံ၌ လာဗရော့ဗ်၏ ပြောကြားချက်များကို အမေရိကန်နှင့် ယူကရိန်းတို့က တုံ့ပြန်ခြင်း မရှိသေးသော်လည်း ညီလာခံ ပြီးစီးသည့်နောက်ပိုင်း တရားဝင်တုံ့ပြန်မှု ရှိလာနိုင်သေးသည်။

“ယူကရိန်းနှင့်အမေရိကန် နှစ်နိုင်ငံစလုံးမှ သမ္မတများက ရုရှားကို အန္တရာယ်ရှိသော ရန်လိုသူအဖြစ် သတ်မှတ် ထားခြင်းကို ရပ်တန့်ရမည်” ဟု လာဗရော့ဗ်က ပြောကြားခဲ့သည်။

အနောက်အုပ်စုသည် ရုရှားကို ဖြိုခွဲရန် ရည်ရွယ်နေကြောင်း လာဗရော့ဗ်က စွပ်စွဲခဲ့သည်။

“လွတ်လပ်လွန်းလှတဲ့ ပထဝီဝင်နိုင်ငံရေး အဖွဲ့အစည်းတစ်ခုကို ကမ္ဘာ့မြေပုံကနေ ဖယ်ထုတ်နိုင်ဖို့ သူ ကြိုးစား နေကြတယ်” ဟု ၎င်းက အတိအလင်း ပြောကြားခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

မာရှားအေမီနီ သေဆုံးမှုနှင့်ပတ်သက်ပြီး အမျိုးသမီးများ ဆံပင်ညှပ်ဆန္ဒပြ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1654

CNI International News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆

ရဲတပ်ဖွဲ့၏ လက်ချက်ဖြင့် ကာ့ဒ်အမျိုးသမီးငယ် မာရှားအေမီနီ (Mahsa Amini) သေဆုံးမှုနှင့် ပတ်သက်၍ နိုင်ငံတဝန်း ပျံ့နှံ့နေသော ဆန္ဒပြပွဲများကို အစိုးရအနေဖြင့် ပြတ်ပြတ်သားသားတုံ့ပြန်မည်ဟု  အီရန်သမ္မတ အီဘရာဟင်ရိုင်စီက အတိအလင်းပြောကြားခဲ့သည်။ 

အဆိုပါဆန္ဒပြမှုများသည် အီရန်နိုင်ငံအတွင်းရှိ အနည်းဆုံးမြို့ပေါင်း ၁၃၃ မြို့သို့ ပျံ့နှံ့သွားခဲ့သည်။

Share
Tweet
Share
Share
powered by social2s
  • 53
  • 54
  • 55
  • 56
  • 57
  • 58
  • 59
  • 60
  • 61
  • 62

Page 58 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar