CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
နမ္မတူတိုက်ပွဲရှောင်၊ နမ္မတူမြို့နယ်၊ RCSS၊ SSPP တို့ကိုတွေ့ရစဉ်

ကလေးများ ကျောင်းပြီးမှ တိုက်ပွဲရှောင်စခန်းရွှေ့ရန် အသနားခံစာတင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1339

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆

ရှမ်းပြည်မြောက်ပိုင်းရှိ တိုက်ပွဲရှောင်စခန်းများ ရွှေ့ခိုင်းထားမှုကို ကလေးများ ကျောင်းပြီးမှ ရွေ့ဆိုင်းပေးရန် အသနားခံစာ တင်ထားကြောင်း နမ္မတူမြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ယခုနှစ် အောက်တိုဘာလကုန် နောက်ဆုံးထား၍ ပိတ်သိမ်းရန် ဌာနဆိုင်ရာများမှ စက်တင်ဘာလ အစောပိုင်းက ညွှန်ကြားထားကြောင်း သိရသည်။

နမ္မတူမြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးကော်မတီမှ တာဝန်ရှိသူက “ကျနော်တို့ကတော့ လောလောဆယ်ကတော့ သူတို့ရဲ့ သားသမီးတွေ ကျောင်းတက်နေတဲ့ အတွက်ကြောင့် နောက်နှစ် ဧပြီလမှာ ရွှေ့ခိုင်းဖို့ အသနားခံစာ ကျ‌နော်တို့ တင်ထားတယ်၊ အဲဒါ အကြောင်းတော့ ပြန်မလာသေးဘူးဗျ။ အဲဒါလေး အောင်မြင်လို့ ရှိရင်‌တော့ ၄ လပိုင်းအထိတော့ သူတို့ ကလေးတွေ ကျောင်းတက်ဖို့ အဆင်ပြေသွားမှာပေါ့” ဟု ပြောသည်။

နမ္မတူမြို့နယ်တွင် ရှမ်း၊ လီဆူ၊ ကချင် တိုက်ပွဲရှောင်စခန်းများရှိပြီး အိမ်ထောင်စု ၁၀၀ ကျော်ရှိကာ တိုက်ပွဲရှောင် ဦးရေ ၅၀၀ ကျော်ရှိကြောင်း ၎င်းက ပြောသည်။

နမ္မတူမြို့နယ်အတွင်း တစ်နေရာကိုတွေ့ရစဉ် (GETTY IMAGES) 

လက်ရှိတွင် ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲမရှိသေးသည့်အတွက် တိုက်ပွဲရှောင်များကို နေရပ်ပြန်ခိုင်းသည့် သဘောဟု ကျောက်မဲမြို့နယ်မှ ဇီဝိတဒါန လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီမှာ အရင်တုန်းက ဖြစ်ခဲ့ကြတာ ကျနော်တို့ ဖက်ဆိုရင် RC ရှိတယ်၊ RC နဲ ထိပ်တိုက် တွေ့ခဲ့ကြတယ် ပေါ့နော်၊ SSA နဲ့ RC နဲ့ ထိပ်တိုက်တွေ့ကြတယ်‌၊ နောက်တစ်ခါ TNLA ပါကြတယ်၊ သူတို့ မဟာမိတ်အဖွဲ့တွေ‌ပေါ့၊ အဲဒီလိုနဲ့ စစ်ဖြစ်ခဲ့တယ်၊ အခုက မရှိတော့တဲ့အတွက် စစ်ပွဲမရှိတော့လို့ ပြန်ခိုင်းတဲ့ သဘောပေါ့” ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)နှင့် တပ်မတော်အကြားလည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင်တပ် အချင်းချင်း အကြားလည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

နမ္မတူတိုက်ပွဲရှောင်များကိုတွေ့ရစဉ်(AFP

နမ္မတူမြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက “တိုက်ပွဲတွေ ကတော့ မရှိတော့ဘူးပေါ့။ ဒါပေမယ့် ဝင်ထွက်သွားလာမှုတော့ ရှိကောင်းရှိမှာပေါ့။ သူတို့ တချို့တွေပေါ့၊ တချို့ တွေကတော့ ဒီမှာပဲ မြေကွက်ဝယ်ပြီးမှ မြေကွက်ကို ပေါင်းဝယ်ပြီးမှ အိမ်ဆောက်နေမယ်‌ပေါ့၊ တချို့က ကြတော့ လည်း ရွာမှာ ပြန်တော့မယ်ပေါ့၊ တချို့ကကြတော့လည်း အခန်းတွေ ငှားပြီးမှ နေမယ်‌ပေါ့၊ အဲဒီလိုမျိုးတော့ အစီအစဉ် ဆွဲထားတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူ၊ မန်တုံ၊ လားရှိုးနှင့် သိန္နီ စသည့်မြို့နယ်များအတွင်း တိုက်ပွဲ ရှောင်စခန်း (၂၆)ခုရှိပြီး တိုက်ပွဲရှောင် လူဦးရေ တစ်သောင်းခွဲ(၁၅၀၀၀)ဝန်းကျင် ရှိနေကြောင်း ရွှေဖီမြေ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ဗ် ကုလမှာ မိန့်ခွန်းပြောနေစဉ် (AP)

ယူကရိန်းအရေး ရွေးချယ်စရာမရှိတော့ဟု ရုရှားပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1397

CNI International News

နယူးယောက်၊ စက်တင်ဘာ ၂၆

ယူကရိန်းအရေးကို မော်စကိုအနေဖြင့် စစ်ရေးအရ အရေးယူခြင်းမှအပ အခြားရွေးချယ်စရာမရှိတော့ကြောင်း ကုလသမဂ္ဂ (UN) အထွေထွေညီလာခံသို့ ရုရှားက ပြောကြားခဲ့သည်။

ထို့နောက် ယူကရိန်းသို့ ကျူးကျော်စစ်နှင့်ပတ်သက်၍ ရုရှားက ၎င်း၏ရပ်တည်ချက်ကို ကမ္ဘာသိအောင် စက်တင်ဘာ ၂၄ ၌ ပြောကြားရာတွင် အိမ်နီးချင်း ယူကရိန်းနှင့်အနောက်အုပ်စုနိုင်ငံအပေါ် မကျေနပ်ချက်များကို ထပ်လောင်း ပြောကြားခဲ့သည်။

UN ညီလာခံကဲ့သို့ ထင်ရှားသည့် သံတမန် အစည်းအဝေးတွင် ရက်အတန်ကြာအောင် ရှုတ်ချခံရပြီးနောက် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ဗ်က ဝါရှင်တန်ကို အထူးအာရုံစိုက်ခဲ့သည်။

UN တွင် ပြောကြားခဲ့သည့် ၎င်း၏မိန့်ခွန်းထဲ၌ လာဗရော့ဗ်က “အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များသည် ကုလသမဂ္ဂ ကိုယ်စားပြုသော နိုင်ငံတကာစနစ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ကြောင်း” အဓိကထား ပြောကြားသွားခဲ့သည်။

၂၀၀၀ ပြည့်လွန်နှစ်များ အစောပိုင်း အီရတ်သို့ အမေရိကန် စစ်ပြုခဲ့ကြောင်း၊ ၂၀ ရာစုကာလ စစ်အေးကာလ၊ ၁၉ ရာစု အမေရိကန် မူဝါဒများကို ပြန်ကြည့်လျှင် အနောက်ကမ္ဘာခြမ်းအပေါ် အမေရိကန်၏ ဩဇာလွှမ်းမိုးမှုကို အဓိက ကြွေးကြော်ထားသည့် သမိုင်းကြောင်းအား တွေ့ရမည်ဖြစ်ကြောင်း လာဗရော့ဗ်က ပြောကြားခဲ့သည်။

ဇာလန်းစကီးနဲ့ ဘိုင်ဒန်ကိုတွေ့ရစဉ် (GETTY IMAGES)

အမေရိကန်သည် ၎င်းအလိုရှိသည့် နေရာတိုင်းတွင် အပြစ်ကင်းစေခြင်းအလို့ငှာ တတ်နိုင်သမျှ ကြိုးပမ်းလေ့ ရှိသော်လည်း အခြားသူများ ၎င်းတို့အမျိုးသား အကျိုးစီးပွား မြှင့်တင်ခြင်းကိုတော့ လက်မခံနိုင်ကြောင်း အမေရိကန်၏ ရပ်တည်ချက်ကို လာဗရော့ဗ်က ပုံဖော်ပြောကြားခဲ့သည်။

“အမေရိကန်နဲ့ သူ့မဟာမိတ်တွေက သမိုင်းကြောင်းအရ ချီတက်နေမှုကို ရပ်တန့်ချင်ကြတယ်” ဟု ၎င်းက ထောက်ပြခဲ့သည်။

စက်တင်ဘာ ၂၄ ရက်၌ UN ညီလာခံ၌ လာဗရော့ဗ်၏ ပြောကြားချက်များကို အမေရိကန်နှင့် ယူကရိန်းတို့က တုံ့ပြန်ခြင်း မရှိသေးသော်လည်း ညီလာခံ ပြီးစီးသည့်နောက်ပိုင်း တရားဝင်တုံ့ပြန်မှု ရှိလာနိုင်သေးသည်။

“ယူကရိန်းနှင့်အမေရိကန် နှစ်နိုင်ငံစလုံးမှ သမ္မတများက ရုရှားကို အန္တရာယ်ရှိသော ရန်လိုသူအဖြစ် သတ်မှတ် ထားခြင်းကို ရပ်တန့်ရမည်” ဟု လာဗရော့ဗ်က ပြောကြားခဲ့သည်။

အနောက်အုပ်စုသည် ရုရှားကို ဖြိုခွဲရန် ရည်ရွယ်နေကြောင်း လာဗရော့ဗ်က စွပ်စွဲခဲ့သည်။

“လွတ်လပ်လွန်းလှတဲ့ ပထဝီဝင်နိုင်ငံရေး အဖွဲ့အစည်းတစ်ခုကို ကမ္ဘာ့မြေပုံကနေ ဖယ်ထုတ်နိုင်ဖို့ သူ ကြိုးစား နေကြတယ်” ဟု ၎င်းက အတိအလင်း ပြောကြားခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

မာရှားအေမီနီ သေဆုံးမှုနှင့်ပတ်သက်ပြီး အမျိုးသမီးများ ဆံပင်ညှပ်ဆန္ဒပြ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1424

CNI International News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆

ရဲတပ်ဖွဲ့၏ လက်ချက်ဖြင့် ကာ့ဒ်အမျိုးသမီးငယ် မာရှားအေမီနီ (Mahsa Amini) သေဆုံးမှုနှင့် ပတ်သက်၍ နိုင်ငံတဝန်း ပျံ့နှံ့နေသော ဆန္ဒပြပွဲများကို အစိုးရအနေဖြင့် ပြတ်ပြတ်သားသားတုံ့ပြန်မည်ဟု  အီရန်သမ္မတ အီဘရာဟင်ရိုင်စီက အတိအလင်းပြောကြားခဲ့သည်။ 

အဆိုပါဆန္ဒပြမှုများသည် အီရန်နိုင်ငံအတွင်းရှိ အနည်းဆုံးမြို့ပေါင်း ၁၃၃ မြို့သို့ ပျံ့နှံ့သွားခဲ့သည်။

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်နေသည်ကို သတင်းကြည့်နေကြ(GETTY IMAGES)

အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုမတိုင်မီ မြောက်ကိုရီးယားပဲ့ထိန်းဒုံးကျည် ပစ်လွှတ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1464

CNI International News

ပြုံယမ်း၊ စက်တင်ဘာ ၂၆

တောင်ကိုရီးယားနှင့် အမေရိကန်တို့ စီစဉ်ထားသော စစ်ရေးလေ့ကျင့်မှုမတိုင်မီ မြောက်ကိုရီးယားက ၎င်း၏ ပဲ့ထိန်း ဒုံးကျည်တစ်စင်းကို ကျွန်းဆွယ် အရှေ့ဘက် ပင်လယ်ပြင်ထဲသို့ စက်တင်ဘာ ၂၅ ရက်၌ ပစ်လွှတ်ခဲ့ ကြောင်း အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အဆိုပါ လက်နက်စမ်းသပ်မှုတွင် ပြုံယမ်းမြို့တော် မြောက်ဘက်ရှိ တေချွန် (Taechon) ဒေသအနီးမှ ပစ်လွှတ်ခဲ့ သော တာတိုပစ် ဒုံးကျည်တစ်စင်း ပါဝင်ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောသည်။

ထိုစမ်းသပ်ပစ်လွှတ်မှုတွင် မည်သည့်ဒုံးကျည် အမျိုးအစား (သို့မဟုတ်) အကွာအဝေးမည်မျှ ပျံသန်းခဲ့ကြောင်း အပါအဝင် လက်နက်နှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ချက်ချင်း မသိရသေးပေ။

အမေရိကန် လေယာဉ်တင် သင်္ဘော (AP)

ယင်းလက်နက်သည် ဒေါင်လိုက် အမြင့်ဆုံး ကီလိုမီတာ ၅၀ (၃၁ မိုင်) အကွာသို့ ရောက်ရှိခဲ့ကြောင်း ဂျပန်ဘက်မှ ခန့်မှန်းထားကြောင်း၊ သမားရိုးကျမဟုတ်သော လမ်းကြောင်းပျံသန်း သွားနိုင်ဖွယ်ရှိကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီး ယာစူကာဇူဟာမာဒါက ပြောသည်။

ဒုံးကျည်သည် ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန် အပြင်ဘက်သို့ ကျရောက်သွားခဲ့ပြီး သင်္ဘောနှင့် လေကြောင်း သွားလာရေးဆိုင်ရာ ကြိုတင် သတင်းပေးပို့မှုမရှိကြောင်း ဟာမာဒါက ဆက်လက်ပြောကြားခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း မြောက်ကိုရီးယား စမ်းသပ်ခဲ့သည့် တာတိုပစ်ဒုံးကျည်များသည် ပျံသန်းနေစဉ် အတွင်း အခြားဒုံးကျည်များ၏ လမ်းကြောင်းကို ရှောင်ကွင်းသွားနိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားကြောင်း လက်နက် ရေးရာ ကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။

ခရုဇ်ဒုံးကျည်များ ပစ်လွှတ်မှုကိုပါ ထည့်သွင်း ရေတွက်မည်ဆိုလျှင် ယခုလက်နက် စမ်းသပ်မှုသည် ရှားရှားပါးပါး ၁၉ ကြိမ်မြောက် အရှိန်အဟုန်မြှင့် ပစ်လွှတ်ခြင်းဖြစ်ကြောင်း ဟာမာဒါက သုံးသပ်ပြသည်။

အမေရိကန်ဒုတိယသမ္မတ ကာမယ်လာဟားရစ် (AP)

“မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ ကျနော်တို့နိုင်ငံ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်ပါတယ်။ ယူကရိန်းကျူးကျော်မှုလိုမျိုး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ချင် တယ်ဆိုရင်တော့ ခွင့်မလွှတ်နိုင်စရာပါ” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။

ယခုဖြစ်စဉ်အပေါ် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ရှိ မြောက်ကိုရီးယား သံရုံးမှတဆင့် ဂျပန်က ကန့်ကွက်ထား ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားတပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပါဝင်ရန်အတွက် အမေရိကန်ဒုတိယသမ္မတ ကာမယ် လာဟားရစ်သည် ယခုသီတင်းပတ်အတွင်း ဆိုးလ်မြို့တော်သို့ သွားမည်ဟု သိရသည်။

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် နျူကလီးယားစွမ်းအင်သုံး အမေရိကန် လေယာဉ်တင် သင်္ဘော USS Ronald Reagan ဂျပန်ပင်လယ်သို့ ရောက်ရှိလာပြီးနောက် ယခုကဲ့သို့ မြောက်ကိုရီးယား၏ စမ်းသပ် ပစ်လွှတ်မှု ပေါ်ပေါက်လာခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်က နေပြည်တော်သို့ ရောက်လာသော NDAA ကိုယ်စားလှယ်များကို တွေ့ရစဉ်

UWSA၊ NDAA၊ SSPP တို့ ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည်တော်ရောက်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1530

 

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၅

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ခေါင်းဆောင်များသည် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တွေ့ဆုံ ဆွေးနွေးရန် ယနေ့ (စက်တင်ဘာ ၂၅ ရက်)တွင် နေပြည်တော် သို့ ရောက်ရှိလာခဲ့သည်။

UWSA ကိုယ်စားလှယ်အဖွဲ့ကို ဒုဥက္ကဋ္ဌ ဦးလော့ယာကုက လည်းကောင်း၊ NDAA ကိုယ်စားလှယ်အဖွဲ့အား ဒုဥက္ကဋ္ဌ ဦးစန်ပေ့က လည်းကောင်း၊ SSPP ကိုယ်စားလှယ်အဖွဲ့ကို ဒုဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်က လည်းကောင်း အသီးသီး ဦးဆောင်လာခဲ့ကြောင်း သိရသည်။

UWSA  ဒုဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက် နေပြည်တော်ရောက်လာစဉ် 

ထို့နောက် စက်တင်ဘာ ၂၆ ရက်နေ့တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဆိုပါ ပူးတွဲ သုံးဖွဲ့မှ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။ ဆက်လက်၍ နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSA၊ NDAA၊ SSPP ပူးတွဲကိုယ်စားလှယ်များ အသေးစိတ်ကို ဆွေးနွေးကြမည်ဖြစ်သည်။

UWSA ၊ NDAA ၊ SSPP တို့သည် နစကနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ယခုအခါသည် ဒုတိယအကြိမ် တွေ့ဆုံ ခြင်း ဖြစ်သည်။

SSPP ဒုဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင် ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်က နေပြည်တော်ရောက်လာစဉ်

ပထမ အချိန်ကတော့ UWSA နှင့် နစကသည် ၂၀၂၂ ခုနှစ်၊ မေလ ၂၉ ရက်နေ့ တွေ့ဆုံ ဆွေးနွေးထားသလို NDAA နှင့် နစကလည်း ၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်က တွေ့ဆုံ ဆွေးနွေးထားသည်။ ထို့နောက် SSPP နှင့် နစကသည် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၄ ရက်က တွေ့ဆုံ ဆွေးနွေးထားသည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသော အဖွဲ့များသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားခေါင်းဆောင် ပူတင်

နျူကလီးယားစစ်တစ်ခု စတင်ရန်မဖြစ်နိုင်သော ပူတင်၏အကြောင်းရင်းတစ်ခုက ဘာလဲ

By CNI News
CNI News
Category: ဆောင်းပါး
Hits: 1634

 

CNI Article

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၅

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ မကြာသေးမီက နျူကလီးယားလက်နက် ထုတ်သုံးမည်ဟု ခြိမ်းခြောက်မှုကို ကမ္ဘာက အလေးအနက်ထား နေချိန်၌ ရုရှားနိုင်ငံသားတစ်ဦးကတော့ “ပူတင်အနေဖြင့် နျူကလီးယားစတင်ရန် မဖြစ်နိုင်ခြင်းမှာ နောက်ဆက်တွဲ ကြောက်ရွံ့မှုတစ်ခုသာ ဖြစ်ကြောင်း” မှတ်ချက်ချခဲ့သည်။

ပူတင်၏ စစ်မှုထမ်းခေါ်သည့် ကြေညာချက်ကြောင့် ရုရှားမှ ထွက်ပြေးလာသော အသက် ၃၈ နှစ်အရွယ်ရှိ အန်တွန် ရှားလက်ဗ်က The Atlantic မီဒီယာနှင့် အင်တာဗျူးတွင် “ယူကရိန်းကို စပြီး ကျူးကျော်တုန်းက ဒီအဘိုးကြီး (ပူတင်) အနေနဲ့ အရှုံးနှင့် ရင်ဆိုင်ရမှာ မဟုတ်ဘူးလို့ ထင်ခဲ့မိတာဗျ” ဟု ပြောကြားခဲ့သည်။

“ဒီလူက စိတ်ကျန်းမာရေး သိပ်မကောင်းဘူးဗျ။ ကျနော်တို့အားလုံးရော ကျနော်တို့စီးပွားရေး‌ပါ နောင်အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ သူ ဂရုမစိုက်ဘူးဗျ။ ကျနော်တို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ ဒီအဘိုးကြီး ဆီမှာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ ဗီဇတချို့ရှိနေတာကြောင့် ကျနော်တို့အားလုံး လက်ရှိထက် နိမ့်မကျသွားဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ရုရှားမှာ စစ်မှုမထမ်းလို၍ နိုင်ငံသားတချို့တိုင်းပြည်က ထွက်ခွာနေကြစဉ်

ရုရှားက အရန်တပ်ဖွဲ့ဝင် အင်အား ၃ သိန်းကို တစိတ်တပိုင်း စည်းရုံးအားဖြည့်မည်ဟု ကြေညာပြီးနောက် ကရင်မလင်သမ္မတ နန်းတော်အနေဖြင့် နျူကလီးယာတိုက်ခိုက်မှု လုပ်ဆောင်လာနိုင်ကြောင်း ပူတင်က စက်တင်ဘာ ၂၁ ရက်တွင် အတိအလင်း ပြောကြားခဲ့သည်။

၎င်း၏ စစ်မှုထမ်းရေး ဆော်ဩမှုကို တုံ့ပြန်သည့်အနေဖြင့် လက်နက်ကိုင်ရသည့် ဒုက္ခကို ရှောင်ရန်အတွက် ရုရှား အမျိုးသားထု လှိုင်းလုံးကြီးဖြင့်  ပြည်တွင်းမှ အလျှိုလျှို ထွက်ပြေးကုန်ကြသည်။

ရှားရှားပါးပါး မိန့်ခွန်းတစ်ခုတွင် ပူတင်က “ယူကရိန်း၏ အနောက်အုပ်စု မဟာမိတ်များသည် ရုရှားကို နျူကလီးယား လက်နက်ဖြင့် ပြန်သိမ်းနေကြောင်း” စွပ်စွဲခဲ့သေးသည်။

“ရုရှားက ကိုယ့်နယ်မြေ စိုးမိုးရေး ခြိမ်းခြောက်နေတယ်လို့ ခံစားမိလာတဲ့အခါမှာ ကာကွယ်ရေး နည်းလမ်းအားလုံး ထုတ်သုံးသွားမှာပါ။ ဒီအတွက် နှောင့်နှေးစရာ မရှိပါဘူး” ဟု ပူတင်က ဆက်လက် ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲအတွင်းက ပျက်စီးမှု

ရုရှားသမ္မတ၏ မှတ်ချက်စကားကြောင့် မော်စကိုအစိုးရသည် ယခုအချိန်အထိ စစ်ပွဲကို နျူကလီးယားအဆင့်အထိ အရှိန်မြှင့်မည် မဟုတ်ကြောင်း ထောက်လှမ်းရေးနှင့် ကာကွယ်ရေး အရာရှိများမှတစ်ဆင့် ကပျာကသီ ဖြေရှင်း ခဲ့ရသည်။

အချို့ကတော့ မော်စကိုအစိုးရအနေဖြင့် ပူတင်ကို လျှော့တွက်မိမည်ကို စိုးရိမ်ကြောင်း ထုတ်ပြောခဲ့ကြသည်။

ယခု သီတင်းပတ်အတွင်း ရုရှားလူထု၏ တုံ့ပြန်မှုကို ကြည့်လျှင် နိုင်ငံသားအများစုသည် ပူတင်အတွက် စစ်တိုက် ရန် ဆန္ဒမရှိကြကြောင်း ပြသခဲ့ကြသည်။

ဥပမာအားဖြင့် အထက်ပါ အင်တာဗျူးဖြေဆိုခဲ့သူ အန်တွန်ရှားလက်ဗ်က ၎င်းအနေဖြင့် ယူကရိန်းစစ်ထဲသို့ မည်သည့်အခါမျှ ဝင်တိုက်ပေးမည် မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

ယူကရိန်းစစ် ဆန့်ကျင်သော ရုရှားနိုင်ငံသားများ ဖမ်းဆီးခံရ

“ယူကရိန်းစစ်ကို တိုက်မယ့်အစား ထောင်ထဲသွားရတာ ပိုကြိုက်တယ်။ စစ်ဆန့်ကျင်ရေး ရပ်တည်ချက်ကို ပွင့်ပွင့်လင်းလင်းပဲ ကျနော် ဆုတ်ကိုင်ထားပါတယ်။ ယူကရိန်းနိုင်ငံသားတွေကို လှူဒါန်းကြဖို့ လူမှုကွန်ရက် မီဒီယာ သုံးစွဲသူတွေကို တိုက်တွန်းပါတယ်ဗျာ။ ဒီစစ်ပွဲကြီးတစ်ခုလုံးဟာ လူသားမျိုးနွယ်နဲ့ ဆန့်ကျင်တဲ့ ရာဇဝတ်မှု တစ်ခုပါပဲ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“ရုရှားခေါင်းဆောင်တွေဟာ သူတပါးနယ်မြေကို သိမ်းပိုက်ပြီး အပြစ်မဲ့လူတွေကို သတ်ပစ်ကြတယ်” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။

“အဘိုးကြီးတချို့နဲ့ သွေးဆာနေတဲ့ ဖုတ်ကောင်တွေရဲ့ စစ်တပ်ဟာ ကျနော်တို့ ရုရှားလူထုကို ငရဲထဲ ပို့နေတာဗျ။ ရုရှားက ကျနော့် ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေဟာ ဖုတ်ကောင် အကိုက်ခံရသလို ခံစားရသလို ကျနော်တို့ တနိုင်ငံ လုံးကို ကြောက်စရာကောင်းတဲ့ စစ်ပွဲထဲကို တွန်းပို့ခဲ့ပါတယ်။ ရုရှားအရှုံးသမား ခင်ပွန်းသည်တွေကို ရှုံးမဲမဲပြီး သူတို့ ဇနီးမယားကို လှိမ့်ရိုက်တာ ကျနော် မြင်ခဲ့ရပါတယ်။ ကျနော်တို့ နိုင်ငံတော်စနစ်နဲ့ အုပ်ချုပ်ရေးယန္တရားလည်း ပုပ်ပွ နေပါပြီ။ လူသေကောင်တွေ စုပုံနေတဲ့ စစ်တပ်အဖြစ် ပြောင်းသွားပြီ ” ရှားလက်ဗ်က The Atlantic မီဒီယာနှင့် အင်တာဗျူးတွင် ရင်ဖွင့်သွားခဲ့သည်။

Source: News Week 

(News Week မဂ္ဂဇင်းဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင် Katherine Fung ၏ရေးသားချက်ကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါသည်)

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားစစ်မှုထမ်းအင်အားတိုးမြှင့်ရာတွင် ကင်းလွတ်ခွင့်ပေးသူများရှိ

By CNI
CNI
Category: Watch TV
Hits: 643

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်အရေး အန္တရာယ်များသော အချက်ပြမှုများ အမေရိကန်ပေးပို့နေဟု တရုတ်ပြော

By CNI
CNI
Category: Watch TV
Hits: 589

Share
Tweet
Share
Share
powered by social2s

ရှရှားဘက်မှ ဒရုန်းတိုက်ခိုက်မှုများလာ၍ အီရန်သံရုံးထားရှိမှုအဆင့် ယူကရိန်းလျှော့ချမည်

By CNI
CNI
Category: Watch TV
Hits: 579

Share
Tweet
Share
Share
powered by social2s

နွေဦးတော်လှန်ရေး ပေါ်လာရခြင်းက မျိုးဆက်များ၏ အနာဂတ်အတွက်ဟုပြော

By CNI
CNI
Category: Watch TV
Hits: 570

Share
Tweet
Share
Share
powered by social2s

ရှီကျင့်ဖျင် အဖမ်းခံရပြီး အာဏာသိမ်းမှုဖြစ်ပွားဟု ကောလာဟလများ ပျံ့နှံ့

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2014

 

CNI International News

ဘေဂျင်း၊ စက်တင်ဘာ ၂၄

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နေအိမ်အကျယ်ချုပ်ချ၍ အာဏာသိမ်းမှုဖြစ်ပွားကြောင်း ထင်ကြေးများနှင့် ကောလာဟလများ လူမှုကွန်ရက် မီဒီယာများတွင် ပျံ့နှံ့သွားခဲ့သည်ဟု ယနေ့ (စက်တင်ဘာ ၂၄ ရက်) ညနေ ပိုင်းတွင် အိန္ဒိယတူဒေးဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

အတည်မပြုနိုင်သော သတင်းများဖြစ်သည့် အင်တာနက် လူမှုကွန်ရက်ရှိ ပို့စ်များစွာတွင် “ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီး အစည်းအဝေး တက်ရောက်ရန် ဥဇဘက်ကစ္စတန်နိုင်ငံ၊ ဆမာခန်မြို့သို့ ရှီကျင့်ဖျင် ရောက်ရှိနေစဉ်အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က တရုတ်ပြည်တွင်း၌ ၎င်းကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း” ပြောဆိုရေးသားနေကြသည်။

သို့သော် တရုတ်ကွန်မြူနစ်ပါတီ (သို့မဟုတ်) တရုတ်အစိုးရမီဒီယာများက အဆိုပါ ပြောဆိုရေးသားနေမှုများကို တရားဝင် အတည်ပြုခြင်း မရှိသေးပေ။

“စစ်ဆေးရမယ့် ကောလာဟလအသစ်ပါ။ ရှီကျင့်ဖျင်ဟာ ဘေဂျင်းမှာ အကျယ်ချုပ် ကျနေသလားပေါ့။ သူက မကြာခင်ကပဲ ဆမာခန်မြို့မှာ ရှိနေတုန်း တရုတ်ကွန်မြူပါတီ ခေါင်းဆောင်ပိုင်းက သူ့ကို ပါတီရဲ့ စစ်တပ် ကွပ်ကဲမှု တာဝန်ကနေ ဖယ်ရှားခဲ့တယ်လို့ ယူဆနေကြတာ။ အဲဒီနောက် အကျယ်ချုပ် ကျတယ်ပေါ့ဗျာ။ ဒါကြောင့် ကောလာဟလ ထွက်လာတယ်” ဟု အိန္ဒိယအစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းနှင့် BJP ပါတီခေါင်းဆောင် ဆူဘရာ မာနီ ယန်းစဝါမီက တွစ်တာလူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။

အလားတူ ရှီကျင့်ဖျင် နေအိမ် အကျယ်ချုပ် ကျနေကြောင်း တွစ်တာလူမှုကွန်ရက်တွင် တရုတ်နိုင်ငံသား အများ အပြားက ရေးသားလွှင့်တင်နေကြသည်။

၎င်းတို့အထဲမှ အများစုက PLA စစ်တပ်က အာဏာသိမ်းလိုက်ပြီဟု အခိုင်အမာ ပြောဆိုနေကြသည်။ အချို့က တော့ လီချောင်မင်ကို ယာယီသမ္မတ ခန့်ထားသည်ဟုပင် ထင်ကြေးပေးနေကြသည်။ လီချောင်မင်သည် PLA တပ်တွင် ဗိုလ်ချုပ်ကြီးအဆင့် ရာထူးရှိသူ ဖြစ်သည်။

အဆိုပါ ကောလာဟလ သတင်းများသည် ယခုရက်ပိုင်းအတွင်း တရုတ်အစိုးရ ခေါင်းဆောင်ဟောင်းများကို ပြစ်ဒဏ် စီရင်ချက်ချခြင်းနှင့် ဆက်စပ်နေသည်။ ဝန်ကြီးဟောင်းနှစ်ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး အခြားအရာရှိ တစ်ဦးကို ယခုသီတင်းပတ်အတွင်း ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။

အဆိုပါ ၆ ဦးသည် နိုင်ငံရေး အစုအဖွဲ့ငယ်တစ်ခု ဖြစ်သည်။

လက်ရှိတွင် တရုတ်ကွန်မြူနစ်ပါတီသည် နိုင်ငံတဝန်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကို အရှိန်မြှင့် နေချိန် ၎င်း ၆ ဦးမှာ ရှီကျင့်ဖျင်ကို ဆန့်ကျင်သူများ ဖြစ်သည်ဟု ယုံကြည်ရသည်။

သို့ဖြစ်၍ ရှီကျင့်ဖျင် နေအိမ် အကျယ်ချုပ် ကျခံရကြောင်း ကောလာဟလကို ၎င်းအား ဆန့်ကျင်သည့် အသိုင်း အဝိုင်းမှ စတင်ဖြန့်ချိသည်ဟု ယူဆရကြောင်း အိန္ဒိယတူဒေးက ဆက်လက်ရေးသားသည်။

Source: India Today

 

Share
Tweet
Share
Share
powered by social2s
ရုရှားနဲ့ပေါင်းစည်းရေး ယူကရိန်းနိုင်ငံထဲက ခွဲထွက်ဒေသမှ လူထုဆန္ဒခံယူပွဲ (တာ့စ်)

ရုရှားသိမ်းပိုက်နယ်မြေက ဒေသခံများကို ထောက်ခံမဲ အတင်းထည့်ခိုင်ဟု ယူကရိန်းပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1270

CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၂၄

ယူကရိန်းထံမှ ရုရှားသိမ်းပိုက်ထားသော ဒေသ ၄ ခုကို အပြီးအပိုင် ထိန်းချုပ်ရန် ရည်ရွယ်၍ ပြုလုပ်သော လူထု ဆန္ဒခံယူပွဲကို ရုရှားအစိုးရက စက်တင်ဘာ ၂၃ ရက်တွင် စတင်ခဲ့သည်။

ထိုဆန္ဒခံယူပွဲသည် အတုအယောင် ထောက်ခံမဲများကို လုပ်ကြံဖန်တီးမည်ဖြစ်၍ ယင်းပွဲမှ မဲရလဒ်များကို အသိ အမှတ် မပြုကြရန် ကိယက်အစိုးရနှင့် အနောက်အုပ်စုက အပြစ်တင်ရှုတ်ချခဲ့ကြသည်။

၄ ရက်ကြာ မဲပေးနေမှုများ မပြီးမချင်း ဒေသခံများကို ရုရှားသိမ်းထားသည့် နေရာတချို့မှ ထွက်ခွာခွင့် ပိတ်ပင် ထားကြောင်း၊ အစိုးရဝန်ထမ်းများ သွားရောက် မဲမပေးလျှင် အလုပ်ထုတ်ခံရမည်ဟု ခြိမ်းခြောက်ထားကြောင်း ယူကရိန်းအစိုးရ အရာရှိများက ပြောသည်။

အဆိုပါ လူထုဆန္ဒခံယူပွဲ မဲများကို ကမ္ဘာက ပြတ်ပြတ်သားသား ရှုတ်ချမှ ဖြစ်မည်ဟု ညစဉ်ဗွီဒီယိုမိန့်ခွန်းတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ပြောကြားခဲ့သည်။

ရုရှားနဲ့ပေါင်းစည်းရေး ယူကရိန်းနိုင်ငံထဲက ခွဲထွက်ဒေသ (AP)

ထိုကဲ့သို့ မဲပေးစေ၍ စည်းရုံးသိမ်းသွင်းရေး လှုပ်ရှားမှုကို ခရိုင်းမီးယားနှင့် အခြားသိမ်းပိုက်နယ်မြေများ အပါအဝင် ရုရှားက ယခုသီတင်းပတ်၌ စတင်ခဲ့သည်။

“ဒါတွေဟာ နိုင်ငံတကာဥပဒေနဲ့ ယူကရိန်းဥပဒေကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ရုံတင်မကဘဲ လူမျိုးတစ်မျိုး အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေလည်း ဖြစ်ပါတယ်” ဟု ဇာလန်းစကီးက ထပ်လောင်း ပြောကြားခဲ့သည်။

ယခုလ အစောပိုင်း တန်ပြန်ထိုးစစ်တစ်ခုတွင် ယူကရိန်းက ၎င်း၏အရှေ့မြောက် နယ်မြေ အများအပြားကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ရုရှားတို့က လူထုဆန္ဒခံယူပွဲ မဲများ ရရှိဖို့ အဆောတလျင် စီစဉ်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ယူကရိန်း၌ တိုက်ပွဲဝင်ဖို့ တပ်ဖွဲ့ဝင် ၃ သိန်း စစ်မှုထမ်းစေရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယခုသီတင်းပတ်၌ ကြေညာခဲ့သည်။ ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်မှုနောက်ပိုင်း အကြိတ်အနယ် တိုက်ခိုက်ကြသည့် စစ်ရေးပဋိပက္ခအတွက် ကရင်မလင်သမ္မတနန်းတော်သည် အလောတကြီးဖြင့် ကြိုးစား နေပုံရသည်။

ရုရှားပေါင်းစည်းရေး ယူကရိန်းနိုင်ငံထဲက ခွဲထွက်ဒေသမှ လူထုဆန္ဒခံယူပွဲ (တာ့စ်)

ဇာလန်းစကီး ကတော့ ရုရှားသိမ်းပိုက်ထားသော ယူကရိန်းနယ်မြေများရှိ ဒေသခံပြည်သူများကို တိုက်ရိုက် ရည်ညွှန်း၍ မိန့်ခွန်းပြောကြားခဲ့ပြီး ဆက်လက်တွန်းသွားကြဖို့ တိုက်တွန်းခဲ့သည်။

“ရုရှားစည်းရုံးရေးကနေ အတတ်နိုင်ဆုံး ရှောင်ပါ။ အမိန့်မူကြမ်းတွေ လက်မခံပါနဲ့။ ယူကရိန်းရဲ့နယ်မြေ ပြန်ဖြစ် လာအောင် ကြိုးစားကြပါ” ဟု မှာကြားခဲ့ပြီး ရုရှားလက်နက်တပ်ဖွဲ့များတွင် ဆုံးဖြတ်ချသူများ တွေ့လျှင် အဖျက် အမှောင့် စွက်ဖက်မှုအဖြစ် ယူကရိန်းထောက်လှမ်းရေးထံသို့ သတင်းပို့ကြရန် ဆော်ဩထားသည်။

ရုရှားသည် ၎င်းသိမ်းပိုက်ထားသော နယ်မြေ ၄ ခုကို တပေါင်းတစည်း ဖြစ်စေခြင်းဖြင့် ရုရှားတိုက်ခိုက်မှု အရှိန်ကို ပြန်လည် ပုံဖော်နိုင်မည်ဖြစ်သည်။ အကယ်၍ နျူကလီးယားဖြင့် တုံ့ပြန်လာသည့်တိုင် မျှတမှု ရှိစေရေးအတွက် ယခု ဆန္ဒခံယူပွဲကို အသုံးချခြင်းဖြစ်နိုင်ကြောင်း ရိုက်တာက ဆက်လက် ရေးသားထားသည်။

Source: Reuters

 

 

 

Share
Tweet
Share
Share
powered by social2s

ကြိုတင်သတ်မှတ်ချက်မပါဘဲ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးရန် တရုတ်တောင်းဆို

By CNI
CNI
Category: Watch TV
Hits: 610

Share
Tweet
Share
Share
powered by social2s

ပါတီစေခိုင်းချက်ကို ပြတ်သားစွာလုပ်မည်ဟု တရုတ်စစ်တပ်ပြော

By CNI
CNI
Category: Watch TV
Hits: 642

Share
Tweet
Share
Share
powered by social2s

စစ်ဒဏ်ကြောင့် ယူကရိန်းပြန်လည်ထူထောင်ရေးဘဏ္ဍာငွေ လိုအပ်နေ

By CNI
CNI
Category: Watch TV
Hits: 608

Share
Tweet
Share
Share
powered by social2s

PNLO တပ်ဖွဲ့ ဝင်များ သတ်ဖြတ်ခံရသည့်ကိစ္စ ဖြေရှင်းပြီးပြီဟု PNO ပြော

By CNI
CNI
Category: Watch TV
Hits: 599

Share
Tweet
Share
Share
powered by social2s
  • 53
  • 54
  • 55
  • 56
  • 57
  • 58
  • 59
  • 60
  • 61
  • 62

Page 58 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar