CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ယူကရိန်းသို့ တိုက်ရန် ဆယ်ကျော်သက်သားများကို ချေချင်းညှာခေါင်းဆောင်စေလွှတ်

By CNI
CNI
Category: Watch TV
Hits: 706

Share
Tweet
Share
Share
powered by social2s

ဂျပန်နိုင်ငံအပေါ် ဖြတ်ကျော်၍ မြောက်ကိုရီးယားဒုံးကျည်များ ပစ်လွှတ်

By CNI
CNI
Category: Watch TV
Hits: 663

Share
Tweet
Share
Share
powered by social2s
နာဇီ၊ ပိုလန်၊ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဘေးဘော့ တို့ကိုတွေ့ရစဉ်

ဒုတိယကမ္ဘာစစ်လျော်ကြေး ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံပေးရန် ဂျာမနီကို ပိုလန်တောင်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1997

CNI International News

ဝါဆော၊အောက်တိုဘာ ၄

ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမန်များ သိမ်းပိုက်ခဲ့၍ ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေး ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံ ပေးအပ်ရန် ဂျာမနီနိုင်ငံထံသို့ တရားဝင် တောင်းခံသည့်စာတစ်စောင်ကို ပိုလန်နိုင်ငံခြားဝန်ကြီးက လက်မှတ်ရေးထိုးခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

၎င်း၏ သဘောထား မှတ်ချက်ပါရှိသော စာလွှာကို ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဇီဘီနီရောင်း (Zbiniew Rau) က ပြောကြားခဲ့သည်။

ယခုရက်ပိုင်း လုံခြုံရေးညီလာခံ တစ်ခုသို့ တက်ရောက်မည့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘေးဘော့နှင့် ဝါဆောမြို့တွင် ဇီဘီနီရောင်းက အကြိုတွေ့ဆုံခဲ့ရာ ယခုစာလွှာကို လက်မှတ်ရေးထိုး တောင်းခံမှု ပေါ်ပေါက်လာခဲ့ သည်။

ဂျာမနီက ပိုလန်ကို ၁၉၃၉-၁၉၄၅ ခုနှစ် သိမ်းပိုက်ခဲ့ခြင်း၏ အကျိုးသက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် မိမိ တို့ နှစ်ဖက်စလုံးက မနှောင့်နှေးသင့်ကြောင်း ဇီဘီနီရောင်းက ၎င်း၏အမြင်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

ဂျာမနီထံမှ စစ်လျော်ကြေးများအပြင် လုယက်ယူဆောင်သွားသော အနုပညာလက်ရာများ၊ မော်ကွန်း မှတ်တမ်း မှတ်ရာများ၊ ဘဏ်အပ်ငွေဆိုင်ရာ ပြဿနာများကိုလည်း ဖြေရှင်းပေးရမည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ပိုလန်နိုင်ငံသူများကိုတွေ့ရစဉ်

ဘာလင်အစိုးရသည် ထိုစစ်ပွဲ၏ စစ်မှန်သော ပုံသဏ္ဌာန်နှင့် ပိုလန်အပေါ် ဆိုးကျိုးပြုခဲ့ခြင်းအကြောင်း ယနေ့ ဂျာမန်လူ့အဖွဲ့အစည်းကို အသိပေးသွားရန် ကြိုးပမ်းသင့်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။

လျော်ကြေးငွေ ပေးချေမှုသည် အမှန်တရားနှင့် တရားမျှတမှုမှတဆင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးတက်စေပြီး အတိတ်မှ နာကျင်စရာများကို ပြည်ဖုံးကား ချသွားမည်ဖြစ်ကြောင်း ဝါဆောအစိုးရက လိုလားနေသည်။

“ဒီကိစ္စကို ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ပြည်ဖုံးကား ချပြီးသားပါ” ဟု ဂျာမနီက တုံ့ပြန်ခဲ့သည်။

ဥရောပအိမ်နီးချင်းလည်းဖြစ်၊ မိတ်ဖက်နိုင်ငံလည်းဖြစ်ကြသည့် မိမိတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်း အတူတကွ တည်ဆောက်ခဲ့ကြသော ယုံကြည်မှုကို ထိန်းသိမ်းထားရန် တာဝန်ရှိကြောင်း ပိုလန်နိုင်ငံသို့ မထွက်ခွာ မီ ဘာလင်မြို့တွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဘေးဘော့က ပြောကြားခဲ့သည်။

“အဲဒါနဲ့ပတ်သက်လို့ ဂျာမနီဟာ ပိုလန်ပြည်သူတွေ ပေးဆပ်ခဲ့ရတဲ့ အတိုင်းအဆမရှိ ဆင်းရဲဒုက္ခတွေကို သတိရ အောက်မေ့ခြင်းလည်း ပါဝင်ပါတယ်” ဘေးဘော့က ဆက်လက်ပြောကြားခဲ့သည်။

လက်ယာယိမ်းသည့် ပိုလန်အစိုးရသည် ၎င်း၏အဓိကမိတ်ဖက်ထဲမှ တစ်နိုင်ငံဖြစ်သည့် အိမ်နီးချင်းဂျာမနီထံမှ စစ်လျော်ကြေး အပြည့်အဝ မရသေးကြောင်း ယခုအခါ ဥရောပသမဂ္ဂ (EU) အတွင်း စောဒကတက်နေခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဦးခင်ရီ ၊ ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) မျိုးဇော်သိန်း၊ ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) အောင်စိုးတို့ကိုတွေ့ရစဉ်

ဦးခင်ရီ USDP ပါတီဥက္ကဋ္ဌဖြစ်၊ ဒုဗိုလ်ချုပ်ကြီး(ငြိမ်း)မျိုးဇော်သိန်း ဒုဥက္ကဋ္ဌဖြစ်လာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 2646

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုဥက္ကဋ္ဌအဖြစ် မကြာခင်ကမှ အရပ်ဖက် ကို ပြောင်းရွှေ့ပြီး ရောက်လာသည့် စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) မျိုးဇော်သိန်းက ဒုဥက္ကဋ္ဌ(၁) ဖြစ်လာ ကြောင်း သိရသည်။

USDP ပါတီသည် တတိယအကြိမ် ပါတီညီလာခံကို နေပြည်တော်မှာ အောက်တိုဘာ ၄ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိရာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များကို ပြန်လည် ရွေးချယ်ခဲ့သည်။

ထို့နောက် ဦးခင်ရီက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုဗိုလ်ချုပ်ကြီး(ငြိမ်း)မျိုးဇော်သိန်းက ဒုဥက္ကဋ္ဌ(၁)အဖြစ် လည်း ကောင်း၊ ဒုဗိုလ်ချုပ်ကြီး(ငြိမ်း)အောင်စိုးက အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း အသီးသီး ရွေးချယ်ခံ ခဲ့ရကြောင်း နီးစပ်သူများထံမှ သိရသည်။

 
 
Share
Tweet
Share
Share
powered by social2s
KIA လက်နက်ကိုင်နဲ့ နာဂလူမျိုးများကိုတွေ့ရစဉ်

နာဂလူငယ်နှစ်ဦးကို KIA က တပ်သားသစ် စုဆောင်းသွားဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 3369

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့နယ် တရုံကျေးရွာရှိ နာဂလူငယ် နှစ်ဦးကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ တပ်သားသစ် စုဆောင်းသွားကြောင်း ရှင်ဗွေယန်ဒေသခံများနှင့် နာဂအဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။

KIA အနေဖြင့် နာဂလူငယ်များကို ယခင်ကတည်းက စုဆောင်းမှုရှိကြောင်း၊ ယခု လူငယ်နှစ်ဦးကို နေအိမ်သို့ တက်ရောက် ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း လုံခြုံရေးအရ အမည်မလိုသူ ရှင်ဗွေယန်ဒေသခံ တစ်ဦးက ပြောသည်။

၎င်းက “လွန်ခဲ့တဲ့ စနေညကြတော့ တစ်ယောက်ပေါ့၊ မနေ့က ညကြတော့ နောက်တစ်ယောက်ကို ဆွဲတာပေါ့လေ၊ ဆွဲတဲ့အခါကြတော့ အဲဒီတစ်ယောက်က ထွက်ပြေးတော့ သူ့အစ်ကိုကို ပြန်ခေါ်သွားတယ်၊ ဘယ်လိုပြောမလဲ စစ်သား စုဆောင်းတာပါပဲ၊ ဘယ်လိုကြောင့်လို့တော့ မဟုတ်ဘူး။ ကျနော်တို့ ဟူးကောင်းဒေသမှာကြတော့ အဓိက လှုပ်ရှားတာက KIA ပေါ့လေ၊ KIA က လှုပ်ရှားတဲ့ အခါကြတော့ သူတို့တွေ လူအင်အား ဖြည့်တာပါပဲ၊ ဘာရယ်လို့ တော့ မဟုတ်ပါဘူး။ တပ်သားသစ် စုဆောင်းတာပါပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရှင်ဗွေယန်မြို့၊ တရုံကျေးရွာတွင် အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိပြီး ကချင်၊ နာဂနှင့် အခြားလူမျိုးစုများ စုပေါင်း နေထိုင် ကြကြောင်း၊ နာဂနည်းတူ အခြားလူမျိုးစုများလည်း တပ်သားသစ် စုဆောင်းခံရကြောင်း အထက်ပါ ရှင်ဗွေယန် ဒေသခံက ပြောသည်။

ရှင်ဗွေယန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကိုတွေ့ရစဉ်

အဆိုပါ နာဂလူငယ်နှစ်ဦးကို တပ်သားသစ် စုဆောင်းသည့် ကိစ္စနှင့် ပတ်သက်၍ KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ‌နော်ဘူထံ CNI သတင်းဌာနမှ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

မိမိ၏ သဘောဆန္ဒအရ ဝင်ရောက်ပါက မတားဆီးနိုင်ကြောင်း၊ သို့သော်လည်း အိမ်ပေါ်တက်ကာ တပ်သားသစ် စုဆောင်းခြင်းမှာ အဆင်မပြေကြောင်း ရှင်ဗွေယန် ဒေသခံတစ်ဦးဖြစ်သူ ကိုကျော်လင်း(အမည်လွှဲ)က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျ‌နော်တို့ရဲ့ နာဂလူငယ်မောင်မယ်တွေကတော့ တပ်သားစု‌ဆောင်းရေးဆိုတဲ့ ဟာကတော့ အစောက ကျ‌နော်ပြောသလို ဒါကတော့ ကျနော်တို့ အနေနဲ့ကြတော့ မစု‌ဆောင်းပေးရင် ကောင်းတယ်၊ မစုဆောင်းရင် ကောင်းတယ်ဆိုတဲ့ဟာက ခုနပြောသလို ဝင်ချင်လို့ ဝင်သွားတယ်ဆိုရင်ကတော့ ကျနော်တို့ကတော့ ဘယ်လိုမှ တားဆီးလို့ မရဘူး။ သို့သော်ငြားလည်းပဲ ဒီအိမ်တိုင်ရာရောက်ကြီး လာခေါ်တဲ့ အပိုင်းဆိုရင် ဒါကတော့ ကျ‌နော် တစ်ဦး တစ်ယောက်အနေနဲ့တော့ သိပ်တော့ အဆင်မပြေနိုင်တဲ့ အခြေအနေရှိတာပေါ့နော်၊ တချို့တွေဆိုတာတော့ မိဘရဲ့ အခြေအနေကြောင့်လည်း အများကြီးရှိတယ်ပေါ့၊ ဒီဟာလေးကိုတော့ ကျနော်ပြောချင်တယ်၊ ဒါကတော့ ကျနော်ရဲ့ တစ်ဦးတစ်ယောက်အနေနဲ့ပေါ့ ပြောတာပေါ့” ဟု ပြောသည်။

နာဂလူမျိုးများကိုတွေ့ရစဉ်

KIA အနေဖြင့် တပ်သားသစ်စုဆောင်းသွားသည့် လူမျိုးခြားများကို ကချင်နာမည် ပြောင်းပေးလေ့ရှိကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ အထက်ပါ ရှင်ဗွေယန် ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “လက်နက်ကိုင် လုပ်တယ်ဆိုရင်တောင်မှ ကျနော်အနေနဲ့ ဖြစ်စေချင်တာက ကိုယ့်အမျိုးထဲမှာ လုပ်တာ တော့ ပိုပြီးတော့ တိကျတယ်ပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ညီအစ်ကို ကချင်တွေက သူတို့ထဲရောက်သွားရင် နာမည် တွေ ပြောင်းပေးလိုက်တာတို့၊ အဲဒီလိုမျိုးတွေ လုပ်တာရော တကယ်လို့ နောက်နောင် သမိုင်းဘာညာ လိုက်လာရင်‌ တောင်မှ မိဘက ပေးလိုက်တဲ့ နာမည်က ပျောက်သွားတယ်၊ ရှာမတွေ့တော့ဘူးပေါ့၊ လူပျောက်တာဆိုတာထက် နာမည်တွေ ပြောင်းပေးလိုက်တာတွေ ရှိတယ်ပေါ့လေ၊ အဲဒီခါကြတော့ ရှင်းရှင်းပြောရရင် သူတို့ နိုင်ငံရေးလုပ်တာ မဟုတ်ဘဲနဲ့ လူမျိုးရေးလုပ်တယ်လို့တောင် ပြောလို့ ရတာပေါ့လေ၊ အဲဒီလိုမျိုး ကချင်နာမည်တွေ ပြောင်းပေးလိုက် တာတွေ ရှိတယ်ပေါ့။ အဲဒါကြောင့်မို့ သူတို့နဲ့ ပူးပေါင်းသွားခြင်းဟာ ကျနော်တို့ အတွက်တော့ ဘာမှ ထူးထူးထွေ ထွေ အကျိုးရခြင်း မရှိဘူးပေါ့” ဟု ပြောသည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၂) လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

နာဂလူမျိုးများတွင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN)ဆိုသော လက်နက်ကိုင် အဖွဲ့အစည်းရှိသလို လက်ရှိ နွေဦးတော်လှန်ရေးအရ ပေါ်ပေါက်လာသော နာဂ PDF လည်းရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်က ယူကရိန်းကိုပို့မယ့် HIMARS ဒုံးကျည်စနစ်ကို သယ်ဆောင်လာစဉ် (AP)

ယူကရိန်းသို့ ပိုမိုအဆင့်မြင့်သော ဒုံးကျည်များ အမေရိကန်ပို့မည်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1612

CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၄

ရုရှားနှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် အရှိန်အဟုန်မြင့်တက်လာစေရန် အထောက်အကူပြုမည့် အဆင့်မြင့် ဒုံးကျည် စနစ် ၄ ခုကို ယူကရိန်းထံသို့ အမေရိကန် ပေးပို့တော့မည်ဖြစ်ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ဟိုင်းမာ့စ် (HIMARS) ဟု ထင်ရှားသည့် အဆင့်မြင့်နည်းပညာသုံး ပစ်ခတ်နိုင်သည့် အမြောက်ဒုံးကျည်စနစ် (High Mobility Artillery Rocket Systems) ကို အောက်တိုဘာ ၄ ရက်တွင် အမေရိကန်စစ်ဘက်က ကြေညာမည်ဟု မျှော်လင့်ရကြောင်း၊ အဆိုပါ ပေးအပ်မည့် အစီအစဉ်သည် ယူကရိန်းသို့ အမေရိကန်၏ စစ်ရေးအကူအညီ တစိတ် တပိုင်းအဖြစ် ဒေါ်လာ ၆၂၅ သန်း တန်ဖိုးရှိမည်ဖြစ်ကြောင်း အမေရိကန်အစိုးရအရာရှိများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ နှောင်းပိုင်းမှစ၍ ယူကရိန်းသို့ HIMARS စနစ်များ အမေရိကန်က ပထမဆုံးအကြိမ် ပေးပို့ခဲ့ပြီး ယခုအချိန် ပေးပို့ထားသည့် အရေအတွက်မှာ ၂၀ ရှိလာမည်ဖြစ်သည်။

ထိုစနစ်သုံး၍ ရုရှားတပ်ဖွဲ့များ၏ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများကို ယူကရိန်းက ထိရောက်စွာ ဖြတ်တောက် နိုင်ခဲ့ပြီး ရုရှားထိန်းချုပ်ထားသည့် နယ်မြေများသို့ ယူကရိန်းတပ်များ တန်ပြန် ထိုးဖောက် ဝင်ရောက် နိုင်စေခဲ့သည်။

ယူကရိန်းစစ်မြေပြင်ကိုတွေ့ရစဉ် (AFP)

မကြာသေးမီ ရက်သတ္တပတ်များအတွင်း အမေရိကန်သည် သီးခြားအစီအစဉ်အဖြစ် ယူကရိန်းထံသို့ လုံခြုံရေး အကူအညီပေးရာ၌ ထောက်ပံ့ငွေများအပြင် နောက်ထပ် HIMARS စနစ် ၁၈ ခုကို ရေရှည်စာချုပ်ဖြင့် ဝယ်ယူခွင့် ပြုခဲ့သည်။

USAI ထောက်ပံ့ကြေး ရန်ပုံငွေများကို အမေရိကန်၏ ကြိုးပမ်းမှုဖြင့် ရုရှား-ယူကရိန်းစစ်တွင် တစိတ်တပိုင်း အသုံးပြုလျက်ရှိသည်။

လာမည့် နှစ်များတွင် ယူကရိန်းတပ်ဖွဲ့များကို ကာကွယ်ရေးလေ့ကျင့်မှု သင်ခန်းစာများ ပို့ချပေးသွားရန်ရှိကြောင်း အနောက်အုပ်စု မဟာမိတ်နိုင်ငံများက ပြောကြားခဲ့ကြသည်။ သို့ရာတွင် ယင်းအစီအစဉ်များအတွက် သဘောတူ စာချုပ်များမှာ နှစ်နှင့်ချီ၍ ကြာမြင့်လိမ့်ဦးမည်ဖြစ်သည်။

ယခုနောက်ဆုံး ထောက်ပံ့ကူညီမှုတွင် ယူကရိန်းတပ်များအတွက် အခြားခဲယမ်းမီးကျောက်များ၊ လက်နက် ကိရိယာများ ပါဝင်မည်ဟု မျှော်လင့်ရသည်။

တရားဝင် ကြေညာချက် မထုတ်မီ အကူအညီ အသေးစိတ်ကို ပြောကြားရန် အမည်မဖော်လိုသူ အမေရိကန်အစိုးရ တာဝန်ရှိသူများက ငြင်းဆိုခဲ့ကြသည်။

ယခု စစ်ရေး အကူအညီသည် အောက်တိုဘာ ၁ ရက်မှ စတင်သည့် ဘဏ္ဍာရေးနှစ်သစ်အတွက် အမေရိကန်၏ ပထမဆုံး ထောက်ပံ့ကူညီသည့် အစီအစဉ်လည်း ဖြစ်ကြောင်း သိရသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ချေချင်းညှာ ခေါင်းဆောင် ရမ်ဇန်ကဒီရော့ဗ်ကိုတွေ့ရစဉ် (GETTY IMAGES)

ယူကရိန်းသို့ တိုက်ရန် ဆယ်ကျော်သက်သားများကို ချေချင်းညှာခေါင်းဆောင်စေလွှတ်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1682

 

CNI International News

မော်စကို၊ အောက်တိုဘာ ၄

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အနီးကပ်မဟာမိတ်ဖြစ်သော ချေချင်းညှာခေါင်း‌ဆောင် ရမ်ဇန်ကဒီရော့ဗ် (Ramzan Kadyrov) က ၎င်း၏ဆယ်ကျော်သက်အရွယ် သား ၃ ယောက်ကို ယူကရိန်းရှေ့တန်း စစ်မြေပြင်သို့ စေလွှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်မြေပြင်တွင် ဆက်တိုက်ရှုံးနိမ့်ခဲ့သော မော်စကိုဘက်မှ စစ်ခေါင်းဆောင်များကိုလည်း ယခင်လ၌ ၎င်းက အပြစ်တင် ဝေဖန်ခဲ့သည်။

ယူကရိန်းသို့ တိုက်ခိုက်နေသည့် ၎င်း၏ကိုယ်ပိုင်တပ်ဖွဲ့ကို တစ်ချိန်တည်းတွင် ရမ်ဇန်ကဒီရော့ဗ်က စီမံကွပ်ကဲ လျက်ရှိသည်။ ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားတပ်များ၏ တပ်မှူးထံသို့ ဆုတံဆိပ်များ ဖယ်ရှားပြီး တိုက်ပွဲဝင်ရန် အတွက် ရှေ့တန်းစေလွှတ်ရေးကိုလည်း ကဒီရော့ဗ်က အစောပိုင်းတွင် တောင်းဆိုခဲ့သေးသည်။

ရုရှားတပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ်အလက်ဇန္ဒားလာပင် (Alexksandr Lapin) သည် သာမန်အဆင့်သာ ရှိသူဟု ကဒီရော့ဗ်က ဝေဖန်ခဲ့သည်။

ယူကရိန်းစစ်မြေပြင်က ရုရှားစစ်သားများ (GETTY IMAGES)

ယူကရိန်းအရှေ့ပိုင်း စစ်ဗျူဟာအရ အရေးပါသော လေမန် (Lyman) မြို့မှ ရုရှားတပ်များ ဆုတ်ခွာခဲ့ရပြီးနောက် ချေချင်းညှာခေါင်းဆောင် ကဒီရော့ဗ်က ရုရှားတပ်ဖွဲ့ ခေါင်းဆောင်ပိုင်းကို ပြင်းပြင်းထန်ထန် အပြစ်တင်ခဲ့သည်။

တယ်လီဂရမ်ချန်နယ်တွင် ကဒီရော့ဗ်က စစ်မြေပြင်သို့ စေလွှတ်မည့် ၎င်း၏သားများဖြစ်ကြသော အသက် ၁၆ နှစ်ရှိ အက်ခမက် (Akhmat) ၊ အသက် ၁၅ နှစ်ရှိ အီလီ (Eli) နှင့် အသက် ၁၄ နှစ်ရှိ အဒမ်တို့၏ ဗွီဒီယိုဖိုင်များကို လွှင့်တင်ခဲ့သည်။

အဆိုပါသားများသည် နောက်ပိုင်းတွင် ဆက်သွယ်ရန် ခက်ခဲသည့်နေရာများသို့ ရောက်ရှိသွားတော့ မည်ဖြစ် ကြောင်း ကဒီရော့ဗ်က တယ်လီဂရမ်ချန်နယ်တွင် ရေးသားဖော်ပြခဲ့သည်။

၎င်းဆယ်ကျော်သက် ၃ ဦးသည် ငယ်ရွယ်စဉ်ကတည်းက တိုက်ခိုက်ရေးအတွက် လေ့ကျင့်သင်ကြားပြီးသူများ ဖြစ်ကြောင်း၊ အပြောင်အပြက်သဘောမျိုး ပြောဆိုခြင်း မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ရမ်ဇန်ကဒီရော့ဗ်ရဲ့သားများကို တွေ့ရစဉ် (GETTY IMAGES)



“တကယ့်ကို တိုက်ပွဲတွေမှာ သူတို့အစွမ်းသတ္တိတွေ သက်သေပြဖို့ အချိန်တန်ပါပြီ။ ဒီလိုတိုက်ပွဲဝင်ချင်တဲ့ သူတို့ လေးတွေရဲ့ဆန္ဒကို ကျနော် ကြိုဆိုဖို့ပဲ ရှိပါတယ်” ဟု ကဒီရော့ဗ်က မှတ်ချက်ချခဲ့သည်။

၎င်းလွှင့်တင်သည် ဗွီဒီယိုဖိုင်ထဲတွင် အမျိုးသားငယ် ၃ ဦးတို့သည် စစ်ဝတ်စုံအပြည့် ဝတ်ဆင်ထားပြီး မျက်မှန် အညိုများ တပ်ဆင်ထားသည်။ ခါးတွင် သေနတ်ချိတ်၍ ဒုံးပစ်လောင်ချာများ၊ စစ်လက်နက်များ ကိုင်ဆောင်နေပုံ ကို ရိုက်ကူးထားကြောင်း တွေ့ရသည်။

တချို့ဗွီဒီယိုဖိုင်များတွင် ဆယ်ကျော်သက် အမျိုးသားငယ်များသည် လက်မထောင်ပြသည့် အမူအရာဖြင့် ပြုံးပြနေ သည်ကို တွေ့ရှိရသည်။

ကဒီရော့ဗ်သည် ယူကရိန်းသို့ ရုရှားကျူးကျော်ခဲ့မှုကို ပြတ်ပြတ်သားသား ထောက်ခံခဲ့သူများထဲမှ တစ်ဦးဖြစ်သည်။

ရုရှားသည် ဗျူဟာမြောက် အသေးစား နျူကလီးယား လက်နက်များ ထုတ်သုံးရန် စဉ်းစားသင့်ကြောင်းလည်း ၎င်းက အကြံပြုခဲ့သေးသည်။

Source: Aljazeera

 

 

 

Share
Tweet
Share
Share
powered by social2s

ယီမင်တွင် UN ကျောထောက်နောက်ခံ အပစ်အခတ်ရပ်စဲရေး ပျက်ကွက်

By CNI
CNI
Category: Watch TV
Hits: 745

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်ကို တရုတ် မကြာမီကျူးကျော်မည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး မရှုမြင်

By CNI
CNI
Category: Watch TV
Hits: 677

Share
Tweet
Share
Share
powered by social2s

နွေဦးတော်လှန်ရေးမှာ ရှမ်းပြည်က EAOs များ ပါဝင်လာနိုင်သလား

By CNI
CNI
Category: Watch TV
Hits: 795

Share
Tweet
Share
Share
powered by social2s

ဘာကီနာဖာဆိုအာဏာသိမ်းမှုကြောင့် ဖြုတ်ချခံစစ်ခေါင်းဆောင် ဒါမီဘာ နုတ်ထွက်

By CNI
CNI
Category: Watch TV
Hits: 707

Share
Tweet
Share
Share
powered by social2s
ဘော့စနီးယားဆာ့ဘ်ခေါင်းဆောင် Milorad Dodik ကိုတွေ့ရစဉ် (AP)

ပြုပြင်ပြောင်းလဲရေးသမားများ အာဏာရသည့်တိုင် ဘော့စနီးယားအပြောင်းအလဲ အလားအလာနည်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1292

CNI International News

ဆာရာဂျေဗို၊အောက်တိုဘာ ၃

အများပြည်သူများ ဝင်ထွက်သွားလာနေသည့် အစိုးရရုံးများတွင် အကျင့်ပျက်ခြစားမှုနှင့် ပုဂ္ဂိုလ်စွဲဝါဒ တိုက်ဖျက် နေသည့် ပြုပြင်ပြောင်းလဲရေး သမားများသည် ဘော့စနီးယားနိုင်ငံ၏ ရွေးကောက်ပွဲကို အရေးပါသည့် ယှဉ်ပြိုင်မှု အဖြစ် အနိုင်ဖြင့် ပိုင်းရန် ကြံရွယ်နေပုံရကြောင်း အေပီသတင်းအရ သိရသည်။

ဘော့စနီးယားနိုင်ငံတွင် ၁၉၉၂-၁၉၉၅ ခုနှစ်များဆီက ဂိုဏ်းဂဏ စစ်ပွဲဒဏ်ကြောင့် လုံးဝနာလန် မထူနိုင်သေးသည့် တိုင်းပြည် ဦးတည်ချက်အပေါ် ဆက်လက် ယိမ်းယိုင်စေမည့် လူမျိုးစုရေးရာ အငြင်းပွားမှုများ ရှိနေဆဲ ဖြစ်သည်။

အောက်တိုဘာ ၃ ရက် (ယနေ့)အစောပိုင်းတွင် ဘော့စနီးယား ဗဟိုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော ကနဦး ရလဒ်များအရ ဘော့စနီးယားနိုင်ငံ၏ သုံးပွင့်ဆိုင်သမ္မတ ရာထူးအတွက် ပြိုင်ဘက်များဖြစ်ကြသည့် ဒင်းနစ်ဘီစီရိုဗစ် (Denis Becirovic) နှင့် ဇယ်ဂျကိုကွမ်စစ် (Zeljko Komsic) တို့ အနိုင်ရရှိစေရန် လမ်းစများ ပေါ်ပေါက်နေကြောင်း သိရသည်။

သို့သော်လည်း ပြုပြင်ပြောင်းလဲရေး ဝါဒီများသည် အပြင်းထန်ဆုံးဖြစ်သည့် ဘော့စနီးယား ဆာ့ဘ်ပါတီမှ ဇယ်ဂျကိုကွမ်စစ်၊ ခွဲထွက်ရေးနှင့် ရုရှားလိုလားသော SNSD တို့ကို လက်တွဲရဖွယ်ရှိနေသည်။

ရုရှားသည် ဘော့စနီးယားနိုင်ငံကို ဘော်လကန်ဒေသအတွင်းမှ အခြား ဆာ့ဘ်လူမျိုး မဟာမိတ်များမှတဆင့် မတည်မငြိမ်ဖြစ်စေရန် ကြိုးစားနေသည်ဟု အနောက်အုပ်စုနိုင်ငံများက စွပ်စွဲလေ့ရှိသည်။

Zeljka Cvijanovic နဲ့ Milorad Dodik တို့ကို တွေ့ရစဉ် (AP)

ယူကရိန်းတွင် ရုရှား၏ နယ်မြေသိမ်းသွင်းမှုများအပေါ် နိုင်ငံတကာ အာရုံပြောင်းစေရန်အတွက် ကရင်မလင်သည် ဘော့စနီးယားနိုင်ငံတွင် ပဋိပက္ခများ ပြန်လည်နှိုးဆွရန် ကြိုးပမ်းလာမည့်အရေး စိုးရိမ်နေကြချိန်တွင် ယခုကဲ့သို့ ဘော့စနီးယားရွေးကောက်ပွဲ စတင်ခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲတွင် ဘော့စနီးယားနိုင်ငံကို အာဏာခွဲဝေအုပ်ချုပ်ကြမည့် လူမျိုးပေါင်းစုံ သုံးပွင့်ဆိုင် သမ္မတရာထူး အတွက် အဖွဲ့ဝင် ၃ ဦး ယှဉ်ပြိုင်မှုလည်း ပါဝင်သည်။

ထို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ အစိတ်အပိုင်းနှစ်ခုမှ တစ်ခု၏ သမ္မတနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တစိတ်တပိုင်း အုပ်ချုပ်ရေး အဆင့်ဆင့်များကို ရွေးချယ်မဲပေးကြရမည် ဖြစ်သည်။

ကမ္ဘာပေါ်တွင် အရှုပ်ထွေးဆုံးများထဲမှ တစ်ခုဟူ၍ ဆိုစမှတ်ပြုကြရသည့် ဘော့စနီးယား၏ အဖွဲ့အစည်း အသွင် သဏ္ဌာန် ထူထောင်မှုကို အဓိက လူမျိုးစု ၃ စုဖြစ်သော မွတ်ဆလင် ဘော့စနီးယား၊ အော်သိုဒေါ့စ် ဆာ့ဘ်များနှင့် ကက်သလစ် ခရိုအေးရှားများအကြား ဖြစ်တည်စေခဲ့သည်။

  ဘော့စနီးယား ရွေးကောက်ပွဲ မဲရလဒ် စိစစ်နေစဉ် (AP)

ဘော့စနီးယား ပြည်တွင်းစစ်သည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အမေရိကန် ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် ငြိမ်းချမ်းရေး ယူနိုင်ခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေး သဘောတူညီချက် စည်းမျဉ်းအောက်တွင် ဘော့စနီးယားနိုင်ငံကို လွတ်လပ်သော အဖွဲ့အစည်းနှစ်ခု ပိုင်းခြားအုပ်ချုပ်ရန် စီမံခဲ့ရာ တစ်ခုကို ဆာ့ဘ်လူမျိုးများက ဦးစီးသည်။

ကျန်တစ်ခုကို မွတ်ဆလင် ဘော့စနီးယားများနှင့် ခရိုအေးရှား မျိုးနွယ်စုများက အာဏာခွဲဝေ ဦးစီးသည်။ အဆိုပါစနစ်တွင် ကျယ်ပြန့်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားပြီး ဒေသခံလူမျိုးစု အဖွဲ့အစည်းများဖြင့် ချိတ်ဆက် ထိန်းကျောင်းစေသည်။

သို့ဖြစ်၍ ယခုကဲ့သို့ ရွေးကောက်ပွဲ ကျင်းပရေးကိစ္စမျိုး၌ အထက်ပါ လူမျိုးစု ၃ စုစလုံး၏ သဘောတူညီချက် လိုအပ်ကြောင်း အေပီက ရေးသားဖော်ပြထားသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်က UWSA NDAA SSPP မှ ခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံဆွေးနွေးစဉ်

နွေဦးတော်လှန်ရေးမှာ ရှမ်းပြည်က EAOs များ ပါဝင်လာနိုင်သလား

By CNI
CNI
Category: နိုင်ငံရေး
Hits: 2263

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃

လက်ရှိ နွေဦးတော်လှန်ရေးတွင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAOs)များ သည် ပါဝင် ပတ်သက်မှုမရှိခြင်းကြောင့် တချို့က အားမလိုအားမရဖြစ်ကာ ပါဝင်လာရေး ကြိုးပမ်းခြင်းနှင့် တိုက် တွန်း တောင်းဆိုမှုများ ရှိလာသည်။

ပြည်တွင်းရှိ နိုင်ငံရေးလေ့လာသုံးသပ်သူများ တချို့ကတော့ ရှမ်းပြည်နယ်အတွင်းရှိ EAOs များသည် တခြားသော လက်နက်ကိုင်နှင့် အခြေအနေ မတူညီသလို နယ်မြေ အနေအထားအရလည်း ဂရုတစိုက် လှုပ်ရှားနေခြင်းကြောင့် နွေဦးတော်လှန်ရေးမှာ ပါဝင်ရန် ခက်ခဲကြောင်း ပြောသည်။

တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသူ ဒေါက်တာလှကျော်ဇောကတော့ ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသား လက်နက်ကိုင်များသည် နွေဦးတော်လှန်ရေးမှာ တဖြေးဖြေးခြင်း ပါဝင်လာနိုင်ခြေရှိကြောင်း ပြောသည်။

၎င်းက “ -ဝ- ပြည်နယ်မှာ ဟိုတလောတုန်းက ပန်ဆန်းမှာ စုပြီးဆွေးနွေး နိုင်လိုက်ကြတာလေ၊ ဒါဟာ ကောင်းတဲ့ အချက်ဗျ၊ အဲဒီတော့ သူတို့ ဆွေးနွေးလိုက်ပြီးတဲ့ အခါမှာ လက်နက်ကိုင် တိုက်တဲ့သူက လက်နက်ကိုင် တိုက်စရာ ရှိတာ ဆက်တိုက်ပေါ့နော်၊ နေပြည်တော်သွားပြီး ဆွေးနွေးတဲ့သူက သွားဆွေးနွေး၊ အဲဒီလို တက်ညီလက်ညီနဲ့ စုစု စည်းစည်း အဲဒီလို ဖြစ်လာတာ ကောင်းတဲ့ လက္ခဏာပဲ၊ အဲဒီတော့ ဒီ SSA တို့ ဘာတို့ကလည်း တဖြည်းဖြည်း စုစည်း လာနိုင်ပါတယ်။ ဒီလိုပြောလို့ ဒီတပ်ပေါင်းစုက လွယ်လိမ့်မယ်လို့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ် က နေနေမှာ မဟုတ်ဘူးလေ။ သူကလည်း ကြားထဲက အမျိုးမျိုး ခလောက်ဆံနေမှာပဲ၊ အဲဒီဟာတွေ အားလုံးကို ကျမ တို့ နိုင်ငံရေးသမားတွေ တော်လှန်ရေးသမားတွေက အမြင်ရှင်းရှင်းနဲ့ ကြည့်နိုင်တယ်၊ စစ်တပ် အားနည်း အောင်၊ စစ်တပ် ချည့်နဲ့အောင်အတွက်ပဲ ဘက်ပေါင်းစုံက ကြိုးစားသင့်တယ်၊ အဲဒီတော့ တဖြည်းဖြည်း‌တော့ ဖြစ် လာမှာပါ၊ ခင်ဗျားပြောသလို ရှမ်းပြည်တင် မကပါဘူး။ လူမျိုးစုတွေအားလုံး EAO ခေါ်တယ် ထင်ပါတယ်။ အဲဒီ ဟာတွေ အားလုံး တစ်စုတစ်စည်းတဲ့ တဖြည်းဖြည်းတော့ အဲဒီလမ်းပေါ် ရောက်လာပါလိမ့်မယ် ထင်ပါတယ်။ အဲဒီလို ရောက်လာဖို့လည်း အားလုံးက ဝိုင်းလုပ်ဖို့ လိုပါလိမ့်မယ်” ဟု ပြောသည်။

MNDAA ခေါင်းဆောင်နှင့် UWSA ခေါင်းဆောင် တွေ့ဆုံဆွေးနွေးစဉ်

လက်ရှိတွင် ရှမ်းပြည် အနေအထားအရ တိုင်းရင်းသားလက်နက်ကိုင်များ မြန်မာ့တပ်မတော်ကို စုစည်းတိုက်ခိုက် နိုင်သည့် အနေအထား မရှိသေးကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “ရှမ်းပြည်ထဲမှာ ရှမ်းအမျိုးသား လက်နက်ကိုင်အဖွဲ့တွေက အဖွဲ့ကွဲနေတာ SSPP နဲ့ RCSS နှစ်ဖွဲ့က ကွဲနေ ပြီးတော့ စစ်ကောင်စီတပ်တွေ မတိုက်ဘဲနဲ့ အချင်းချင်းပြန်ပြီးတော့ နယ်မြေလု တိုက်ခိုက်နေတဲ့ အနေအထား ဖြစ်နေပါတယ်။ အဲဒီလို အခြေအနေကြောင့် ကျနော်တို့ ရှမ်းပြည်ကတော့ တစ်စုတစ်စည်းတည်း တိုက်ခိုက်နိုင်တဲ့ အနေအထား အခြေအနေ မရှိသေးပါဘူး။ တစ်စုံတစ်ရာ အကန့်အသတ်နဲ့ လှုပ်ရှားနေရတာက ညီနောင်သုံးဖွဲ့ပါ၊ ညီနောင်သုံးဖွဲ့ဆိုတာက TNLA ‌ခေါ်တဲ့ ပလောင်တပ်ဖွဲ့၊ နောက်ပြီးတော့ MNDAA ခေါ်တဲ့ ကိုးကန့်တပ်ဖွဲ့၊ AA တပ်ဖွဲ့ အစိတ်အပိုင်းတချို့ အဲဒီ ၃ ဖွဲ့ကတော့ ပူးတွဲပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေပါတယ်” ဟု ပြောသည်။

လက်ရှိ အနေအထားအရ ရှမ်းပြည်နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဩဇာသက်ရောက်မှု၊ စစ်ရေးအရ လှုပ်ရှားနိုင်မှု နည်းပါးနေကြောင်း ၎င်းက ပြောသည်။

ရှမ်းပြည်နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ (MNDAA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (TNLA)၊ ပအိုဝ်းအမျိုး သား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)နှင့် ပြည်သူ့စစ် စသည့် လက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှား လျက်ရှိသည်။

TNLA ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ်တာဂျုတ်ဂျားကိုတွေ့ရစဉ်

အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်းများအနက် UWSA၊ NDAA၊ SSPP၊ RCSS၊ PNLO၊ LDU တို့သည် နစကနှင့် ငြိမ်း ချမ်းရေး ဆွေးနွေးလျက်ရှိသလို TNLA KIA MNDAA တို့ကမူ နစကနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု မရှိသေးသော် လည်း တိုက်ပွဲ ဖြစ်ပွားမှု အလွန်နည်းပါးလျက်ရှိသည်။

ပြည်သူ့စစ်အဖွဲ့အစည်းများကတော့ တပ်မတော်၏ လက်အောက်တွင် တည်ရှိသည့်အတွက် ထည့်သွင်း စဉ်းစားစရာမလိုအပ်ပေ။

UWSA ကတော့ လက်ရှိ မြန်မာ့နိုင်ငံရေးသည် ဗမာတိုင်းရင်းသား ခေါင်းဆောင် ၂ ဦးကြားက ပြဿနာဖြစ်၍ မိမိတို့ ပါဝင်မည်မဟုတ်ကြောင်း၊ တွေ့ဆုံဆွေးနွေးအဖြေရှာကြစေလိုကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘာကီနာဖာဆိုမှာ ဒုတိယအကြိမ် အာဏာသိမ်းမှု လူထုသဘောထားကိုတွေ့ရစဉ် (AP)

ဘာကီနာဖာဆိုအာဏာသိမ်းမှုကြောင့် ဖြုတ်ချခံစစ်ခေါင်းဆောင် ဒါမီဘာ နုတ်ထွက်

By CNI
CNI
Category: နိုင်ငံရေး
Hits: 2002

CNI International News

ဝါဒါဒူဂူ၊ အောက်တိုဘာ ၃

ဘာကီနာဖာဆိုနိုင်ငံတွင် တစ်နှစ်အတွင်း ဒုတိယအကြိမ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ရာထူးမှ ဖြုတ်ချခံရ သော စစ်ဦးစီးချုပ်သည်လည်း နှစ်ရက်အတွင်း သမ္မတ ရာထူးကနေ နုတ်ထွက်ပေးရန် သဘောတူလိုက်ပြီဟု အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။

လူသားဖြစ်တည်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ အကျိုးဆက်များအပေါ် ထိပ်တိုက်ရင်ဆိုင်ရခြင်းမှ ရှောင်ရှားရန်အတွက် ၎င်း၏ နုတ်ထွက်လွှာကို ပေါလ်ဟင်နရီ ဆန်ဒါအို ဒါမီဘာ (Paul-Henri Sandaogo Damiba) က ကမ်းလှမ်းခဲ့ ကြောင်း စေ့စပ်ဖျန်ဖြေသူများ၏ ပြောကြားချက်အရ သိရသည်။

စစ်ခေါင်းဆောင် ဒါမီယာ ယခင်ပထမအကြိမ် အာဏာသိမ်းမှုတွင် သမ္မတရာထူး ရယူထားသူ ဖြစ်သည်။

ဖြုတ်ချခံ အာဏာသိမ်းခေါင်းဆောင် ဒါမီဘာကိုတွေ့ရစဉ် (AFP)

ဩဇာကြီးမားသော ဘာသာရေးနှင့် ရပ်မိရပ်ဖ ခေါင်းဆောင်များက တိုင်းပြည် အကျပ်အတည်း ဖြေရှင်းရန် အတွက် ဒါမီဘာနှင့် သူ့ကိုယ်သူ ခေါင်းဆောင်သစ်ဟု ကြွေးကြော်ထားသော ဗိုလ်ကြီး အီဘရာဟင်ထရာအိုရီ (Captain Ibrahim Traore) တို့အကြား စေ့စပ်ဖျန်ဖြေရေးဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့သည်။

“သမ္မတ ပေါလ်ဟင်နရီဆန်ဒါအိုဒါမီဘာက ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေကို ရှောင်ရှားဖို့အတွက် သူ့နုတ်ထွက်ခွင့်ကို အဆိုပြုခဲ့ပါတယ်” ဟု စေ့စပ်ဖျန်ဖြေရေး ကြိုးပမ်းမှုများအတွက် ပြောရေးဆိုခွင့်ရှိသူ ဟာမီဒူးယာမီအိုဂို (Hamidou Yameogo) က ရှင်းပြသည်။

ဒါမီဘာ ရာထူးမှ နုတ်ထွက်ရန်အတွက် အခြေအနေအချက် ၇ ချက် သတ်မှတ်ခဲ့သည်။

ဒုတိယအကြိမ် အာဏာသိမ်းမှုနဲ့ ဘာကီနာဖာဆို ပြည်သူများ (AP)

ထိုအချက်များတွင် စစ်တပ်ရှိ ၎င်း၏မဟာမိတ်များအတွက် လုံခြုံရေးအာမခံချက်၊ ၎င်းအတွက် လုံခြုံရေးနှင့် အခွင့် အရေးများ အာမခံချက်၊ နောက်နှစ်နှစ်အတွင်း အရပ်သားအုပ်ချုပ်ရေး ပြန်လည်ရောက်ရှိရန်အတွက် အနောက် အာဖရိကဒေသတွင်း အစုအဖွဲ့ထံသို့ ပေးအပ်ခဲ့သော ကတိကဝတ်များကို ယခုဒုတိယ အာဏာသိမ်းသူများ လေးစားလိုက်နာရေး အာမခံချက်တို့ ပါဝင်သည်။

ဒါမီဘာတောင်းဆိုသည့် အခြေအနေ ၇ ချက်ကို ထရာအိုရီက လက်ခံခဲ့ပြီး လူထုတည်ငြိမ်ရေး၊ ထိန်းသိမ်း စီမံနိုင်ရေးနှင့် ဆုတောင်းဝတ်ပြုရေးတို့ကို တောင်းဆိုလျက် သူ့ကိုယ်သူ နိုင်ငံ့အကြီးအကဲအဖြစ် တရားဝင် ခန့်အပ်ခဲ့ သည်။

ထရာအိုရီလိုလားသော စစ်တပ်က အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်သော ကြေညာချက်ထဲတွင် ၎င်းကပင် ဆက်လက် တာဝန်ယူမည်ဟု ရေးသားထားသည်။ အဆိုပါကြေညာချက်၌ ၎င်းတို့လူမျိုး၏ တက်ကြွသော တပ်ဖွဲ့ များက ဘာကီနာဖာဆို သမ္မတကျမ်းစာကျိန်ဆိုမည့်ကာလကို ရက်စွဲအတိအကျဖြင့် သတ်မှတ်ဖော်ပြထားခြင်း မရှိပေ။

ဘာကီနာဖာဆိုနိုင်ငံတွင် စက်တင်ဘာ ၃၀ ရက်မှစ၍ စစ်ခေါင်းဆောင်နှင့်လက်ရှိသမ္မတ ဒါမီဘာကို ဖြုတ်ချပြီး တစ်နှစ်အတွင်း ဒုတိယအကြိမ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့ရာ အသွင်ကူးပြောင်းရေးအစိုးရ ဖျက်သိမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့ခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

တင်းမာနေသည့်ကြားမှ မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်

By CNI
CNI
Category: Watch TV
Hits: 784

Share
Tweet
Share
Share
powered by social2s

နယ်မြေမတည်ငြိမ်မှုကြောင့် စစ်ကိုင်းတိုင်းသို့ ကုန်ကားများ သွားရောက်မှု နည်းပါး

By CNI
CNI
Category: Watch TV
Hits: 836

Share
Tweet
Share
Share
powered by social2s
  • 50
  • 51
  • 52
  • 53
  • 54
  • 55
  • 56
  • 57
  • 58
  • 59

Page 55 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar