CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ပါကစ္စတန်ရွေးကောက်ပွဲကို ဝန်ကြီးချုပ်ဟောင်း လွှမ်းမိုးထား

By CNI
CNI
Category: Watch TV
Hits: 671

Share
Tweet
Share
Share
powered by social2s

ယူကရိန်းနှင့် အကျဉ်းသားလဲလှယ်ရေး ရုရှားစစ်တပ် အတည်ပြုလက်ခံ

By CNI
CNI
Category: Watch TV
Hits: 664

Share
Tweet
Share
Share
powered by social2s

စီးပွားရေးမဟာဗျူဟာကြောင့် ကျပ်တည်းလာ၍ ဗြိတိန်ဝန်ကြီးချုပ် လူထုသို တောင်းပန်

By CNI
CNI
Category: Watch TV
Hits: 630

Share
Tweet
Share
Share
powered by social2s

ပြည်သူ၏ယုံကြည်မှုရဖို NUG က မြိုနယ်တရားရုံး ဖွင့်ခြင်းဖြစ်နိုင်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 678

Share
Tweet
Share
Share
powered by social2s
မလေးရှား အာဏာပိုင်များက ရွှေ့ပြောင်းလုပ်သမားများကို ဖမ်းဆီးထားစဉ်

မလေးရှားတွင် စီမံချက်ဖြင့် ဖမ်းဆီးလာ၍ တရားမဝင်မြန်မာများ အခက်ကြုံနေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 2820

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၈

မလေးရှားနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေမှုများနှင့် နိုင်ငံရေးအရ အားပြိုင်မှုများ ဖြစ်လာနေခြင်းကြောင့် စီမံချက်ဖြင့် တရားမဝင် အလုပ်သမားများကို အဖမ်းအဆီး များလာနေသည့်အတွက် မလေးရှားတွင် နေထိုင်၍ အလုပ်လုပ်ကိုင်နေသည့် တရားမဝင် မြန်မာများ အခက်အခဲများ ကြုံတွေ့နေရကြောင်း မလေးရှားရှိ မြန်မာ အဖွဲ့ အစည်းများက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီမှု အဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး ဦးချစ်ကောင်းက “အဖမ်းအဆီးတွေက လက်ရှိအနေအထားတော့ စက်ရုံတွေ တော်တော်များများကို လတ်တလောတော့ သူတို့ Target ထားပြီး စိစစ်နေတာတွေ တွေ့ရတယ်။ အလုပ်သမားတွေကတော့ သတိထားပြီးတော့ပဲ သွားလာနေထိုင် လုပ်ကိုင် စားသောက်နေရတာပေါ့။ ဒါကြီးကို ခေါင်းထဲထည့်ထားပြီးတော့ ကြောက်နေလို့မှ မရတာ။ အလုပ်က လည်း လုပ်နေရတာကိုး။ အကြောင်း အမျိုးမျိုးကြောင့် အဲဒီလိုဖြစ်တဲ့ အခါကျတော့ တရားမဝင် အလုပ်သမားကြ တော့ ဒီလိုမျိုးပဲ နေရတာကို။ တရားဝင် အလုပ်သမားကတော့ ဘာမှ ခေါင်းကိုက်စရာ မလိုဘူးလေ။ သူ့အလုပ်သူ ပုံမှန်အတိုင်း သွားလာ လှုပ်ရှားနေတာ။ အဓိကကတော့ တရားမဝင် အလုပ်သမားက နည်းနည်းလေး သတိထား ပြီးတော့ လုပ်ရတာပေါ့ အလုပ်ကို။ လုပ်ငန်းခွင်မှာ စက်ရုံဆိုလည်း စက်ရုံ အတိုင်းအတာအရ သတိလေး ထားရ တာပေါ့။ တချို့စက်ရုံတွေကျတော့ ရဲတို့၊ လ.ဝ.က တို့နဲ့ သူငယ်ချင်းတွေ ရှိတဲ့အခါကျတော့ သတင်းရတဲ့အခါ စက်ရုံ ပိတ်လိုက်တာမျိုးတွေ ရှိကြပါတယ်။ အခုအနေအထားက သတိထားပြီး သွားလာဖို့ လိုအပ်တယ်ပေါ့ ဒီအချိန်က။ နိုင်ငံရေးကလည်း အလှည့်အပြောင်းက ရှိနေတော့။ ကျန်းမာရေးဆိုင်ရာ တကယ်လို့ဆေးရုံ၊ ဆေးခန်း တက်မယ်ဆိုရင် ပတ်စပို့စ်မရှိလို့ အခက်အခဲရှိတယ်၊ ပါမစ်မရှိတဲ့ အခါကျတော့ အခက်အခဲရှိတယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသူ တစ်ဦးကို လက်ထိပ်ခတ်ထားစဉ်

မလေးရှားရောက် တရားမဝင် မြန်မာအလုပ်သမားများသည် ပုံမှန်ကာလများတွင်ပင် ဆေးရုံ၊ ဆေးခန်းများ၌ ဆေးကုသမှု ခံယူရန် မလွယ်ကူကြောင်း၊ ယခု စီမံချက်ဖြင့် အဖမ်းအဆီး များလာနေခြင်းကြောင့် ပို၍ ခက်ခဲလာ ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် အကူအညီပေးနေသည့် မြန်မာအဖွဲ့အစည်း တချို့မှာလည်း အဖမ်းအဆီး များနေသဖြင့် ရုံးများကို ယာယီရပ်နားလာကြေင်း၊ တခြားအဖွဲ့အစည်းများတွင်လည်း ဝင်ရောက် ဖမ်းဆီးမှုများ ရှိနေသည့်အတွက် တရားမဝင် မြန်မာများမှာ ပို၍ ဒုက္ခရောက်ကြကြောင်း Alliance of Chin Refugees(ACR) မှ စတီဗင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဖွဲ့အစည်းတစ်ခုက မလေးရှားမှာက သူ့လူမျိုးနဲ့သူ သူ့တိုင်းရင်းသားနဲ့သူ အဖွဲ့အစည်းရှိတဲ့ အခါကျတော့ ဥပမာ တိုင်းရင်းသားတစ်ခုဖြစ်တဲ့ ညီအစ်ကို အဖွဲ့အစည်းတစ်ခုက အဖမ်းခံလိုက်ရလို့ရှိရင် ကိုယ့် အဖွဲ့အစည်းက တစ်စုံတစ်ရာ ဖြစ်သွားမယ်ဆိုရင် ကိုယ့်မြန်မာတွေက ပထမ ဒုက္ခရောက်တာပေါ့။ ဒီလိုမျိုး မဖြစ်ရလေအောင်လည်း အဖွဲ့အစည်း အသီးအသီးက သော်လည်းကောင်း၊ အစိုးရပိုင်းဘက်က သော်လည်း ကောင်း ကျနော်တို့ သတိထားပြီးတော့ နေနေရပါတယ်။ မလေးရှားမှာက ကျနော်တို့ ဘယ်တိုင်းရင်းသား မဆို ပေါ့။ မြန်မာချည်းပဲ မဟုတ်ပါဘူး။ Middle East ဘက်ကပဲဖြစ်ဖြစ် ဒါတွေအားလုံးက အစိုးရမှာ မှတ်ပုံတင်ခွင့် မရှိ ဘူး။ မရှိတဲ့ အတွက်ကြောင့် UNHCR ရဲ့ processing အောက်မှာပဲ နေရပါတယ်။ ဘယ်သူမဆို သူတို့မှာ ဖမ်းပိုင် ခွင့် ရှိတာပေါ့။ အချိန်မရွေး ဘယ်သူမဆိုပေါ့ UN ကတ်ပဲ ကိုင်ကိုင်” ဟု ပြောသည်။

ရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရစဉ်   

မလေးရှားတွင် နိုင်ငံရေး အပြောင်းအလဲဖြစ်ပါက နိုင်ငံအတွက် ဝင်ငွေရှာသည့် အနေဖြင့် ယခုကဲ့သို့ တရားမဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထား၍ ရှာဖွေဖမ်းဆီးမှု လုပ်ဆောင်ကြောင်း၊ အစိုးရဌာန ဆိုင်ရာ များ၏ ထုတ်ပြန်ချက်များအရ တရားမဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများထံမှ အခွန်ဝင်ငွေ ဘီလီယံဖြင့် ချီ၍ ရရှိကြောင်း မလေးရှားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီမှုအဖွဲ့ အစည်းမှ အထွေထွေအတွင်းရေးမှူး ဦးချစ်ကောင်းက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ အဖမ်းအဆီးခံရသည့် တရားမဝင် နိုင်ငံခြားသား ရွှေ့ပြောင်း လုပ်သားများအား အစိုးရမှ ပါမစ် ထုတ်ပေးသည့်အခါတွင် တစ်ဦးလျှင် ရင်းဂစ်ငွေ ၂၈၀၀ ဝန်းကျင်ခန့် ကုန်ကျကြောင်းလည်း သိရသည်။

ယခုကဲ့သို့ အဖမ်းအဆီး များနေသည့် အချိန်တွင် မြန်မာသံရုံးအနေဖြင့် တစ်စုံတစ်ရာ ကူညီပေးခြင်းများ မရှိဘဲ အဖမ်းအဆီးခံရမှသာ မြန်မာသံရုံးအနေဖြင့် ၎င်း၏ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးသည်ကို တွေ့ရ ကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်း-ရုရှား အကျဉ်းသားလဲလှယ်ရေးအစီအစဉ်မှ လွတ်မြောက်လာသူများ(ဓါတ်ပုံ-The Associated Press)

ယူကရိန်းနှင့် အကျဉ်းသားလဲလှယ်ရေး ရုရှားစစ်တပ် အတည်ပြုလက်ခံ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1377

CNI International News

မော်စကို၊ အောက်တိုဘာ ၁၈

ကိယက်ဗ်အစိုးရနှင့် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်၏ တစိတ်တပိုင်းအဖြစ် ရုရှားနိုင်ငံသား စုစုပေါင်း ၁၁၀ သည် ယူကရိန်းမှ မော်စကိုသို့ ပြန်လာနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၇ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါလွတ်မြောက်လာသူများထဲတွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ယူကရိန်းတွင် ဖမ်းဆီးခံထားရသည့် အရပ်ဘက်မှ သင်္ဘောသား ၇၂ ဦးလည်း ပါဝင်ကြောင်း ၎င်းသတင်းထုတ်ပြန်ချက်အရ သိရသည်။

အပြန်အလှန်အားဖြင့် မော်စကိုသည် ယူကရိန်းဘက်သို့ အမျိုးသမီးစစ်သည် ၁၀၈ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ အကျဉ်းသားလဲလှယ်ရေးတွင် စီစဉ်ထားသည့် အမျိုးသမီးနှစ်ဦးကို ပြန်လွှတ်ပေးရန် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ၎င်းတို့သည် ရုရှားနိုင်ငံတွင် ဆက်လက်ဖမ်းဆီးရန် လိုအပ်ကြောင်း ကာကွယ်ရေးဝန်ကြီး၏ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

နေရပ်သို့ ပြန်လာကြသော ရုရှားနိုင်ငံသားအားလုံးသည် ဆေးဝါးကုသမှုနှင့် စိတ်ပိုင်းဆိုင်ရာအကူအညီများအားလုံး ရရှိကြမည်ဟု ၎င်းထုတ်ပြန်ချက်ထဲတွင် ဆက်လက်ဖော်ပြထားသည်။

အကျဉ်းသားလဲလှယ်ရေးအစီအစဉ်မှ ပြန်လည်လွတ်မြောက်လာခဲ့သည့် ရုရှား သင်္ဘောသားများကို တွေ့ရစဉ် (ဓါတ်ပုံ-Sputnik)

အဆိုပါအကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကို နောက်ထပ်အကြီးစားနှစ်ဘက်ဖလှယ်မှုဟူ၍ ကိယက်ဗ်အစိုးရက လည်း အတည်ပြုခဲ့သည်။ အောက်တိုဘာ ၁၇ ရက်အစောပိုင်းတွင် ဒွန်နက်စ်ပြည်သူ့သမ္မတနိုင်ငံ DPR (ရုရှား အဆိုအရ သီးခြားသမ္မတနိုင်ငံ၊ ယူကရိန်းအဆိုအရ ခွဲထွက်နယ်မြေ)၏ အကြီးအကဲဖြစ်သူ ဒင်းနစ်ပွတ်သျှလင် (Denis Pushilin) က အဆိုပါလဲလှယ်ရေးအစီအစဉ်ကို လူမှုကွန်ရက်မီဒီယာတွင် ကြေညာခဲ့သည်။

DPR နှင့် အိမ်နီးချင်း လူဟန့်စ် (Lugansk) ပြည်သူ့သမ္မတနိုင်ငံ (LPR) အပါအဝင် ရုရှားဒေသအသီးသီးမှ တပ်ဖွဲ့ဝင် ဦးရေ ၃၀ ခန့် ပါဝင်မည်ဟု ရုရှားတူဒေး (အာရ်တီ) သတင်းဌာနက ရေးသားဖော်ပြသည်။

ယူကရိန်းသို့ မော်စကို၏စစ်ဆင်ရေးစတင်ချိန် ပြီးခဲ့သည့်ဖေဖော်ဝါရီနှောင်းပိုင်း၌ ယူကရိန်းဆိပ်ကမ်းများတွင် ရပ်နားထားသော သင်္ဘောများပေါ် လိုက်ပါလာသည့် ရုရှားအရပ်သားဆယ်ဂဏန်းများကို ကိယက်ဗ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

မာရီယူပေါလ်ဆိပ်ကမ်းမြို့ကို ရုရှား သိမ်းပိုက်ပြီးနောက် ၎င်း၏တပ်ဖွဲ့ဝင်အချို့ လွတ်မြောက်လာခဲ့သော်လည်း အချို့မှာ ယူကရိန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်။

Source: အာရ်တီသတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
အီမရန်ခမ်းကိုတွေ့ရစဉ် (GETTY IMAGES)

ပါကစ္စတန်ရွေးကောက်ပွဲကို ဝန်ကြီးချုပ်ဟောင်း လွှမ်းမိုးထား

By CNI
CNI
Category: နိုင်ငံရေး
Hits: 1483

CNI International News

အစ္စလာမ္မာဘတ်၊ အောက်တိုဘာ ၁၈

ပြီးခဲ့သည့် ၆ လခန့်က ရာထူးမှ ဖယ်ရှားခံရသော ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းသည် ယခု ပါကစ္စတန် ကြားဖြတ်ရွေးကောက်ပွဲကို လွှမ်းမိုးထားပြီး အသာစီးရနေခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။

အောက်တိုဘာ ၁၆ ရက်က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်အတွက် လစ်လပ် နေသော အမတ်နေရာ ၈ နေရာအတွက် ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

ခိုင်ဘာပက်ထန်ခဝါ (Khyber Pakhtunkhwa) နှင့် ပန်ဂျပ် (Punjab) ပြည်နယ်များတွင် ၃ နေရာစီနှင့် ကရာချိမြို့ တွင် ၂ နေရာ ယှဉ်ပြိုင်ရွေးချယ်ခဲ့ရာ အသက် ၇၀ နှစ်အရွယ်ရှိ အီမရန်ခမ်း ဦးဆောင်သည့် ပါကစ္စတန် သီဟက် အီအင်ဆက်ဖ် (PTI) ပါတီက လစ်လပ် ၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၆ နေရာ အနိုင်ရခဲ့သည်။

အခြားနှစ်နေရာကိုတော့ လက်ရှိအာဏာရ မဟာမိတ်အဖွဲ့၏ တစိတ်တပိုင်းဖြစ်သော ပါကစ္စတန်ပြည်သူ့ပါတီ (PPP) မှ ကိုယ်စားလှယ်လောင်းများက အနိုင်ရသွားခဲ့သည်။

ပါကစ္စတန်ဥပဒေအရ ကိုယ်စားလှယ်လောင်း တစ်ဦးသည် နေရာအများအပြားကို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ သို့သော် နေရာတစ်ခုထက်ပို၍ နိုင်နေလျှင် တစ်ခုကို ရွေးချယ်ပြီး ကျန်တစ်ခုကို စွန့်လွှတ်ရန် ဖြစ်သည်။

ပါကစ္စတန် ရွေးကောက်ပွဲ မဲပေးနေစဉ် (GETTY IMAGES)

ပြီးခဲ့သည့် ဧပြီလတွင် လွှတ်တော်အတွင်း အယုံအကြည်မရှိ အဆိုကို မဲခွဲဆုံးဖြတ်ကြပြီးနောက် အီမရန်ခမ်းနှင့် ၎င်း၏အစိုးရကို ဖယ်ရှားခဲ့ရာ PTI ပါတီမှ အမတ်အချို့၏နေရာများ လစ်လပ်သွားခဲ့သည်။

ထိုလစ်လပ်နေရာများအတွက် ယခု အောက်တိုဘာ ၁၆ ရက်၌ ကျင်းပသည့် ရွေးကောက်ပွဲ၌ ပါကစ္စတန်နိုင်ငံသား များ မဲပေးခဲ့ကြခြင်း ဖြစ်သည်။

ထိုအချိန်မှစ၍ အီမရန်ခမ်းသည် နိုင်ငံခြားနှင့်ပူးပေါင်းကြံစည်မှု၏ သားကောင်အဖြစ် အစွပ်စွဲခံခဲ့ရပြီး အမေရိကန် ကို အပြစ်တင်ရန် လက်ညှိုးထိုးခဲ့ကြသည်။ ထိုစွပ်စွဲချက်များကိုတော့ ဝါရှင်တန်အစိုးရက ငြင်းဆိုခဲ့ပြီးဖြစ်သည်။

ခမ်းသည် ၎င်း၏နိုင်ငံရေး ကျဆုံးခဲ့ရချိန်တွင် ပါကစ္စတန်၏ စစ်ရေးထူထောင်မှု အခန်းကဏ္ဍ မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

စစ်တပ်သည် ပါကစ္စတန်နိုင်ငံ၏ အဓိကအာဏာရှင်အဖြစ် သတ်မှတ်ခံထားရပြီး ၇၅ နှစ်တာ ကာလအထိ ကြာရှည်အောင် လူဦးရေ သန်း ၂၂၀ ရှိသော နိုင်ငံကို အုပ်ချုပ်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် အီမရန်ခမ်း အာဏာရလာရေးအတွက် စစ်တပ်သည် အဓိက ဗိသုကာတစ်ဦးဖြစ်ကြောင်း စွပ်စွဲချက်များလည်း ပေါ်ပေါက်ခဲ့ရာ ခုခံချေပခဲ့ရသည်။

ရာထူးမှ ဖယ်ရှားခံရပြီးကတည်းက ခမ်းသည် ၎င်း၏ဝန်ကြီးချုပ်နေရာကို အစားထိုးခဲ့သည့် ပါကစ္စတန် ဒီမိုကရက်တစ်လှုပ်ရှားမှု (PDM) ကို ဆန့်ကျင်သည် လူထုစုဝေးပွဲများ ပြုလုပ်ခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

နယ်မြေတည်ငြိမ်မှု မရှိသည့် ဒေသများသို့ ပြည်ပခရီးသွားများကို ပို့ဆောင်ခြင်းမရှိ

By CNI
CNI
Category: Watch TV
Hits: 676

Share
Tweet
Share
Share
powered by social2s

ယူကရိန်း၊ ဒွန်နက်စ်ဒေသ၌ တိုက်ပွဲများ ပြင်းထန်နေ

By CNI
CNI
Category: Watch TV
Hits: 665

Share
Tweet
Share
Share
powered by social2s

ဗြိတိန်ဝန်ကြီးချုပ်ထရက်စ်ကို ဖြုတ်ချရန် လွှတ်တော်အမတ်များ ကြိုးစားမည်

By CNI
CNI
Category: Watch TV
Hits: 655

Share
Tweet
Share
Share
powered by social2s

တပ်တွင်းစည်းရုံးနေ၍ အလုပ်မဖြစ် ပြည်သူပါရန် လိုအပ်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 641

Share
Tweet
Share
Share
powered by social2s
အီရန်သမ္မတ အီဘရာဟင်ရိုင်စီ ကိုတွေ့ရစဉ် (GETTY IMAGES)

အမေရိကန်ကို မငြိမ်သက်အောင် လှုံ့ဆော်သည့် နတ်ဆိုးဟု အီရန်စွပ်စွဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1612

CNI International News

တီဟီရန်၊ အောက်တိုဘာ ၁၇

ပြီးခဲ့သည့် တစ်လနီးပါးခန့်က အီရန်အစိုးရအချုပ်အတွင်း မာရှားအေမီနီ သေဆုံးမှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲများကို အမေရိကန် ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် သမ္မတ ဂျိုးဘိုင်ဒန်သည် မငြိမ် သက်အောင် လှုံ့ဆော်နေသည့် နတ်ဆိုးဟု အီရန်သမ္မတ အီဘရာဟင်ရိုင်စီက စွပ်စွဲလိုက်သည်။

အမျိုးသမီးများ ဝတ်စားဆင်ယင်မှု စည်းကမ်း သတ်မှတ်ချက်ဖြင့် အီရန် အကျင့်စာရိတ္တရေးရာ ရဲတပ်ဖွဲ့က ချုပ်နှောင်ထားစဉ် ၃ ရက်အတွင်း အသက် ၂၂ နှစ်ရှိ အေမီနီ သေဆုံးသွားခဲ့ရာ ပြီးခဲ့သည့် စက်တင်ဘာလလယ်မှ စ၍ ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲများ စတင်ခဲ့သည်။

“မငြိမ်သက်မှုတွေ၊ အထိတ်တလန့် ဖြစ်စေမှုတွေနဲ့ တခြားနိုင်ငံကို ထိခိုက်အောင် လှုံ့ဆော်နေတဲ့ အမေရိကန် သမ္မတရဲ့ သဘောထား မှတ်ချက်တွေဟာ အမေရိကန်နတ်ဆိုးဟု ခေါ်ခဲ့ဖူးတဲ့ ကျနော်တို့ အစ္စလာမ္မစ် သမ္မတနိုင်ငံ တည်ထောင်သူရဲ့ ထာဝရ မှန်နေတဲ့ စကားကို အမှတ်ရစေပါတယ်” ဟု ရိုင်စီက ပြောကြားခဲ့သည်။

သွားလေသူ အယာတိုလာ ရူဟို လာခိုမေနီကို ရည်ညွှန်း၍ ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အေမီနီ သေဆုံးမှု အီရန်ပြည်သူများဆန္ဒပြ (GETTY IMAGES)

“ပြည်သူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ထိရောက်တဲ့ အစီအမံတွေနဲ့ ရန်သူရဲ့ အကြံအစည်ကို တန်ပြန်ရမယ်” ဟု ရိုင်စီက သမ္မတရုံး၏ ထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

ဆန္ဒပြပွဲများအတွင်း လူပေါင်း ဆယ်ဂဏန်းမျှ သေဆုံးခဲ့သည်။

သေဆုံးသူ အများစုမှာ ဆန္ဒပြသူများ ဖြစ်ကြသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးမှုလည်း ရှိခဲ့သည်။

ဖမ်းဆီးခံရသူများမှာ ရာနှင့်ချီသည်။

ယခင်သီတင်းပတ် အောက်တိုဘာ ၁၄ ရက်တွင် ဘိုင်ဒန်က “ကျနော်တို့ နိုင်ငံသားတွေဟာ ရဲရင်တဲ့ အီရန် အမျိုးသမီးတွေနဲ့အတူ ရပ်တည်နေပါတယ်” ဟု ပြောကြားခဲ့သည်။

“အီရန်မှာ နိုးကြားလာတဲ့အတွက် ကျနော် အံ့အားသင့်မိပါတယ်။ အချိန်အကြာကြီး တိတ်ဆိတ်နေရာက မထင်မှတ်ထားတဲ့ အရာတစ်ခုကြောင့် နိုးကြားလာတာပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ ပြောကြားချက်ကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နာဆာကာနီက တုံ့ပြန်ရာတွင် “နှစ်ပေါင်းများစွာ အရှုံးတွေနဲ့ ငြီးငွေ့နေတဲ့ နိုင်ငံရေးသမား တစ်ယောက်ရဲ့ ဝင်ရောက် စွက်ဖက်မှုကို အီရန်ဟာ ကိုယ့်သဘောဆန္ဒအတိုင်း ခိုင်ခိုင်မာမာ တွန်းလှန်နိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော်အရာရှိကြီးများကိုတွေ့ရစဉ် (GETTY IMAGES)

တပ်တွင်းစည်းရုံးနေ၍ အလုပ်မဖြစ် ပြည်သူပါရန် လိုအပ်ဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1473

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇

တပ်မတော်အတွင်း စည်းလုံးညီညွတ်မှုရှိရေး စည်းရုံးနေ၍ အလုပ်မဖြစ်ကြောင်း၊ ပြည်သူပါဝင်ရန် လိုအပ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော်အတွင်း စည်းလုံးညီညွတ်မှုရှိနေသည့် ကာလတစ်လျှောက်လုံး တိုင်းပြည်ကို ဖြိုခွဲ၍ရမှာ မဟုတ် ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၁၆ ရက် မော်လမြိုင်တပ်နယ်မှ တပ် မိသားစုများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်ကတော့ ပြည်သူနဲ့လည်း ပါရမှာပေါ့ဗျာ၊ သူပြောတာကတော့ ပြည်သူရော ထည့် ပြောသင့်တာပေ့ါ၊ သူတို့ စည်းရုံးနေတာက သူတို့အတွက်ပဲ ဖြစ်နေရင်တော့ အလုပ်မဖြစ်ဘူးပေါ့၊ ပြည်သူနဲ့ တကွ၊ ပြည်သူ့ထောက်ခံမှုကို ရတယ်ဆိုတာလေးထည့်ရင် ကောင်းတာပေါ့၊ အဲဒါလေးပါပဲ။ ပြည်သူပါဖို့ လိုတယ်လို့ တပ် ကြီးပဲ အလုပ်မဖြစ်ဘူးလို့ အဲဒါပါ ကျနော်မှတ်ချက်ကတော့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီအရေး တောင်းဆိုနေကြသူများ (ဖရွန်းတီးယားမြန်မာ)

တပ်မတော်အနေဖြင့် တပ်တွင်း စည်းလုံးညီညွတ်ရေးကို ယခင်ကတည်းက ဆောင်ရွက်ခဲ့ပြီး သက်သာချောင်ချိ ရေး လုပ်ငန်းများ၊ တပ်တည်ဆောက်ရေး လုပ်ငန်းများနှင့် လေ့ကျင့်ရေး လုပ်ငန်းများကို အမြဲမပြတ် ဆောင်ရွက်ခဲ့ ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

တောင့်တင်းခိုင်မာပြီး အင်အားရှိသည့် အဖွဲ့အစည်းတစ်ခုမှာ တပ်မတော် တစ်ရပ်သာ ဖြစ်ကြောင်း သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဦးသိန်းထွန်းဦးက “မြန်မာပြည်မှာ ဒီနိုင်ငံရေးသမားများနဲ့ ပတ်သက်ပြီး တော်တော်များများ လေ့လာသူတွေလည်း သုံးသပ်ကြတယ်၊ တောင့်တင်းခိုင်မာပြီးတော့ တကယ့်ကို အင်အားရှိတဲ့ Institution တွေ အများကြီး လိုအပ်တယ်၊ အဲဒီတော့ Institution အဲဒီလိုမျိုး ဒီအချက်အလက်တွေနဲ့ ညီတယ်၊ တကယ်ကို တောင့်တင်းခိုင်မာပြီးတော့ သမိုင်းကြောင်း ကောင်းခဲ့တဲ့ Institution ဆိုပြီးတော့ ကျနော်တို့ အချက်အလက်တွေ ပြန်ရှာလိုက်တဲ့အချိန်မှာ လောလောဆယ် လက်ရှိ တပ်မတော်ဆိုတဲ့ Institution တစ်ခုပဲ ကျနော်တို့ တွေ့တယ်၊ ကျန်တဲ့ Institution တွေက အင်အားတောင့်တင်းခဲ့တာရှိတယ်၊ ဒါပေမဲ့ ရေရှည် သွားနိုင်တဲ့ အနေအထားမျိုး မတွေ့ဘူး။ Institution တစ်ခုရဲ့ ပြောရရင်တော့ ဝိသေသ လက္ခဏာတွေနဲ့ ပြည့်စုံအောင် မသွားနိုင်တဲ့ အနေအထားပေါ့နော်၊ အဲဒီတော့ တပ်မတော် တစ်ရပ်ကတော့ Institution တစ်ခုဆိုတဲ့ ဝိသေသ လက္ခဏာလည်း ပြည့်တယ်၊ နောက် စတင် ဖြစ်ပေါ် လာကတည်းကနေပြီးတော့ ဒီအချိန်ထိပေါ့၊ ဒီဦးတည်ထားတဲ့ ဦးတည်ချက်တောင်မှ အမြဲတမ်း တည့် တည့်မတ်မတ် ထိန်းထားနိုင်တာ ကျနော်တို့ တွေ့တယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်တွင်း စစ်သည်၊ မိသားစုများတွေ့ဆုံကြစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆို ကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်သည့် ဒေသကာကွယ်ရေးတပ် (PDF)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့ ပူးပေါင်းကာ တပ်မတော်ကို ဖြုတ်ချရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်းတပ်ဖွဲ့များ လက်နက်ကြီးပစ်ခတ်နေစဉ်

ယူကရိန်း၊ ဒွန်နက်စ်ဒေသ၌ တိုက်ပွဲများ ပြင်းထန်နေ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1655

CNI International News

ကိယက်ဗ်၊ အောက်တိုဘာ ၁၇

နိုင်ငံအရှေ့ပိုင်း ဒွန်နက်စ်ဒေသရှိ ဘက္ကမက်နှင့် ဆိုးလ်ဒါမြို့များတွင် ရုရှားနှင့်ယူကရိန်း တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ ပြင်းထန်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းအရ သိရသည်။

ဒွန်နက်စ်နှင့် လူဟန့်စ်ဒေသများတွင် ယခင် သီတင်းပတ် အကုန်ပိုင်းတွင် တိုက်ပွဲများ အထူးပြင်းထန်ခဲ့သည်။ ၎င်းနယ်မြေ အစိတ်အပိုင်းများသည် ဒွန်ဘတ်စ်စက်မှု ဒေသကြီးတွင် ပါဝင်ပြီး ယူကရိန်းတောင်ပိုင်းရှိ မဟာဗျူဟာ အရ အရေးပါသော ခါဆွန်ပြည်နယ်နှင့် ဆက်စပ်တည်ရှိသည်။

အဆိုပါ ဒေသများသည် ရုရှား၏ တစိတ်တပိုင်းအဖြစ် ပူတင်ကြေညာခဲ့သည့် ပြည်နယ် ၄ ခုအနက် ၃ ခုနှင့် အကျုံး ဝင်သည်။ ယင်းသို့ ကြေညာခြင်းကို အနောက်အုပ်စု မဟာမိတ်နိုင်ငံများက တရားမဝင်ဟူ၍ ပယ်ချခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လများ၌ လိုင်ဆိုင်ချက်နှင့် ဆီဗီးရိုဒွန်နက်စ် စသည်ဖြင့် အဓိက စက်မှုမြို့များကို သိမ်းပိုက်ခဲ့ပြီးနောက် ဘက္ကမက်မြို့သည် ဒေသတွင်း၌ ရုရှားတပ်များ၏ နှေးကွေးစွာ ရွေ့လျားရာ ပစ်မှတ်ဖြစ်ခဲ့သည်။

ဆိုးလ်ဒါမြို့သည် ဘက္ကမက်မြို့၏ မြောက်ဘက်တွင် တည်ရှိသည်။

ရုရှားစစ်သား ၂ ဦးကိုတွေ့ရစဉ်

“ဒွန်ဘက်စ်မှာ အဓိကအချက်အချာ နေရာတွေကတော့ ဆိုးလ်ဒါနှင့် ဘက္ကမက်တို့ဖြစ်ပါတယ်။ အဲဒီမှာ တိုက်ပွဲတွေ အင်မတန် ပြင်းထန်နေပါတယ်” ဟု ဇာလန်းစကီးက ၎င်း၏ညစဉ် ဗွီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ရုရှားတပ်ဖွဲ့များသည် ယူကရိန်း တပ်စခန်းများကို အောက်တိုဘာ ၁၆ ရက်တွင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတပ်စခန်းများသည် ခါကိဗ်၊ ဒွန်နက်စ်နှင့် ခါဆွန်ဒေသများတွင် တည်ရှိကြောင်း ယူကရိန်းတပ်မှ တာဝန်ရှိ သူများက ပြောကြားခဲ့ကြသည်။

ဘက္ကမက်မြို့ မြောက်ပိုင်းတွင် အပြင်းထန်ဆုံး တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ လွန်ခဲ့သော ၂၄ နာရီအတွင်း တွန်စကီနှင့် စပရင်းမြို့များတွင် ရုရှားတို့၏ စစ်ရေးအရှိန် မြှင့်လာခြင်းကို ယူကရိန်းတပ်များက တွန်းလှန်နိုင်ခဲ့ ကြောင်း အိုလက်ဇာဒါနော့ဗ် (Oleh Zhdanov) က အခိုင်အမာ ပြောကြားခဲ့သည်။

“ရုရှားတွေဟာ တွန်စကီနဲ့ စပရင်းကို ဖြတ်ကျော်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီနေရာတွေမှာ တပ်တွေ အရွှေ့ အပြောင်း လုပ်နေပါတယ်။ ကျနော်တို့က အဲဒီနေရာ တွေထဲက စစ်ကူတွေ၊ အမြောက်တွေနဲ့ ရုရှားရဲ့ သာလွန် အင်အားကို တန်ပြန်ဖို့ လမ်းကြောင်း ပြောင်းနေပါတယ်” ဟု အိုလက်ဇာဒါနော့ဗ်က အွန်လိုင်းပေါ်သို့ ရေးသား လွှင့်တင်ခဲ့သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
မိုဟာမက်ဘင်ဆယ်လမန်နဲ့ ဘိုင်ဒန်ကိုတွေ့ရစဉ် (Reuters)

G-20 အစည်းအဝေး၌ ဘိုင်ဒန်နှင့်ဆော်ဒီ တွေ့ရန်မရှိ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1677

CNI International News

ရီယာ့ဒ်၊ အောက်တိုဘာ ၁၇

လာမည့်လ၌ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမည့် ကမ္ဘာ့စက်မှုထိပ်သီး နိုင်ငံပေါင်း ၂၀ (G-20) အစည်းအဝေးတွင် ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လမန်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ တွေ့ဆုံရန် အစီအစဉ် မရှိကြောင်း အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားကြောင်း အယ်လ်ဂျာဇီးယားက ရေးသား ဖော်ပြသည်။

လက်ရှိတွင် ဆော်ဒီနှင့် အမေရိကန်သည် ရေနံထုတ်လုပ်မှု ဖြတ်တောက်ရန် OPEC+ ၏ ဆုံးဖြတ်ချက်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေသည်။

ရေနံထုတ်လုပ်မှု ဖြတ်တောက်မှုနှင့်စပ်လျဉ်း၍ ဘိုင်ဒန်သည် ဆော်ဒီအာရေဗျကို မည်သို့တုံ့ပြန်မလဲဆိုသော စဉ်းစား ဆုံးဖြတ်ရာတွင် နည်းလမ်းတကျ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရွေးချယ်မှုများအနက် အမေရိကန်၏ လုံခြုံရေးဆိုင်ရာ အကူအညီများ အပြောင်းအလဲ ရှိခြင်းလည်း ပါဝင်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျက်ဆူလီဗန်က အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

မိုဟာမက်ဘင်ဆယ်လမန်နဲ့ ပူတင်ကိုတွေ့ရစဉ် (GETTY IMAGES)

ဘိုင်ဒန် အဆိုပါအရေးကိစ္စ စဉ်းစားဆုံးဖြတ်နေချိန်တွင် အမေရိကန်-ဆော်ဒီ ဆက်ဆံရေး အပြောင်းအလဲ ရှိမည်တော့ မဟုတ်ကြောင်း ဆူလီဗန်က ဆက်လက် ပြောကြားခဲ့သည်။

“သမ္မတက ယတိပြတ် ဆောင်ရွက်မှာတော့ မဟုတ်ပါဘူး။ နည်းလမ်းတကျနဲ့ ဗျူဟာမြောက် ဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ ပါတီနှစ်ရပ်စလုံးရဲ့ ပါတီဝင်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ အချိန်ယူရဦးမယ်။ သူကိုယ်တိုင် ထိုင်ပြီးတော့ ရွေးချယ်စရာရအောင် ကွန်ဂရက်(လွှတ်တော်)ထဲ ပြန်ရောက်လာဖို့ အခွင့်အရေးရလာမှာပါ” ဟု ၎င်းက ရှင်းပြ သည်။

ရေနံထုတ်လုပ်မှု ဖြတ်တောက်ခြင်းအတွက် အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့ ဆက်ဆံရေးမှာ လက်ရှိ အနေအထား၌ အေးစက်မာကြောနေဆဲ ဖြစ်သည်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျက်ဆူလီဗန်ကို တွေ့ရစဉ် (Reuters)

ပြီးခဲ့သည့် သီတင်းပတ်၌ ဆော်ဒီ ဦးဆောင်သော OPEC အဖွဲ့နှင့် ရုရှားဦးဆောင်သော အခြား ရေနံထုတ်လုပ်သည့် (၁၀) နိုင်ငံအဖွဲ့တို့သည် လာမည့် နိုဝင်ဘာလမှစ၍ ကမ္ဘာ့ရေနံ ထုတ်လုပ်မှုတွင် နေ့စဉ် စည်ပေါင်း ၂ သန်းအထိ လျှော့ချသွားကြရန် ဆုံးဖြတ်ခဲ့ကြသည်။

သို့ဖြစ်၍ ယူကရိန်းသို့ ရုရှား ကျူးကျော်စစ်နှင့်အတူ လောင်စာဆီဈေး တက်မည့် အလားအလာ များနေသည်။

ယူကရိန်းစစ်ပွဲ၌ ဆော်ဒီသည် ရုရှားနှင့်အတူ ရပ်တည်နေသည်ဟု စွပ်စွဲချက် ပေါ်ပေါက်လာသဖြင့် မိမိ အံ့အား သင့်မိကြောင်း ဆော်ဒီအာရေဗျအစိုးရအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး (မင်းသား) ခါလစ်ဘင်ဆယ်လမန်က ပြောကြားခဲ့သည်။

OPEC+ ၏ ဆုံးဖြတ်ချက်သည် စီးပွားရေး အကြောင်းပြချက် သက်သက်ဖြင့် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ခါလစ်ဘင်ဆယ်လမန်က ဆက်လက် ပြောကြားခဲ့သည်။

“ဒီလို မှားယွင်းတဲ့ စွပ်စွဲချက်တွေဟာ ယူကရိန်းအစိုးရ ဘက်ကနေ လာတာ မဟုတ်ပါဘူး” ဟု ဘုရင်ဆယ်လမန် ၏ သားတစ်ဦးဖြစ်သူ ခါလစ်က တွစ်တာလူမှုကွန်ရက်ပေါ်၌ အတိအလင်း ပြောကြားခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် တွေ့ဆုံစဉ်

တပ်တွင်းစည်းလုံးညီညွတ်ရေး အရေးကြီးဟု နစကဥက္ကဋ္ဌပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1619

 

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၆

တပ်တွင်း စည်းလုံးညီညွတ်ရေးသည် တပ်မတော်အတွက် အရေးကြီးပြီး တပ်ဖွဲ့များအချင်းချင်း စည်းလုံး ညီညွတ်မှုရှိပါက တပ်မတော်ကို မည်သူမျှဖြိုခွဲ၍ ရမည်မဟုတ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောသည်။

အောက်တိုဘာ ၁၆ ရက်နေ့က အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ မော်လမြိုင်(မွန်ပြည်နယ်)တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်သား အားလုံးနှင့် တပ်မိသားစုဝင်များ အားလုံး၏ စုစည်းညီညွတ်သည့်အားဖြင့် နိုင်ငံတည်ဆောက် ရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းက “ စည်းကမ်းဆိုသည်မှာ လုပ်သင့် လုပ်ထိုက်သည်များကို လုပ်ဆောင်ရန် တိုက်တွန်းခြင်းနှင့် မဖြစ်သင့် သည်များကို မလုပ်ဆောင်ရန် တားမြစ်ခြင်းပင်ဖြစ်ကြောင်း၊ စစ်စည်းကမ်းများကို အလေးထား လိုက်နာမည် ဆိုပါက တပ်တွင်းစည်းလုံး ညီညွတ်မှုကို ရရှိမည်ဖြစ်ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိ မည်ဖြစ်ကြောင်း၊ တပ်တွင်း စည်းလုံးညီညွတ်ရေးသည် တပ်မတော်အတွက် အရေးကြီးပြီး တပ်ဖွဲ့များ အချင်း ချင်း စည်းလုံးညီညွတ်မှုရှိပါက တပ်မတော်ကို မည်သူမျှ ဖြိုခွဲ၍ ရနိုင်မည်မဟုတ်”ဟု ပြောသည်။

အချို့သော အဖွဲ့များက တပ်မတော် အင်အားချိနဲ့စေရန် တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် နိုင်ငံရေး ပြဿနာများဖြစ်ပေါ်ခဲ့ပြီး အခြေခံ ဥပဒေအရ တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ရကြောင်း၊ ထို့ကြောင့် တပ်တွင်း စည်းလုံး ညီညွတ်ရေးကို ပြိုကွဲစေရန်နှင့် တပ်မတော်၏ အင်အားကို ချိနဲ့စေရန် ကြိုးပမ်းဆောင်ရွက်လာမှုများ ရှိလာခဲ့ သည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

၎င်းက “ ခေါင်းဆောင်မှု မှန်ကန်ပြီး တပ်မတော်အတွင်း စည်းလုံးညီညွတ်မှုရှိနေသည့် ကာလတစ်လျှောက်လုံး တိုင်းပြည်ကို ဖြိုခွဲ၍ရနိုင်မည် မဟုတ်ကြောင်း၊ တပ်မတော်အနေဖြင့် တပ်တွင်းစည်းလုံးညီညွတ်ရေးကို ယခင် ကတည်းက ဆောင်ရွက်ခဲ့ပြီး သက်သာချောင်ချိရေးလုပ်ငန်းများ၊ တပ်တည်ဆောက်ရေး လုပ်ငန်းများနှင့် လေ့ ကျင့်ရေး လုပ်ငန်းများကို အမြဲမပြတ်ဆောင်ရွက်ခဲ့ကြောင်း၊ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ် စသည်တို့ဖြင့် တပ်တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့တယ်”ဟု ပြောသည်။

ထို့နောက် တပ်တွင်းစည်းလုံးညီညွတ်မှုမရှိပါက အုပ်ချုပ်မှုလုပ်ငန်းများကို ထိခိုက်လာနိုင်ကြောင်း၊ ထို့ကြောင့် တပ်တွင်းစည်းလုံးညီညွတ်မှုရှိရန် အရေးကြီးလိုအပ်သဖြင့် တပ်မတော်သား အားလုံး အလေးထား နေထိုင် ဆောင်ရွက်သွားကြရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

လက်ရှိတွင် တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို ၂၀၂၀ အထွေထွေ ရွေး ကောက်ပွဲ  မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းနိုင်ရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ်ကြေညာထားသည်။

အဆိုပါ အရေးပေါ် အခြေအနေ ကြေညာမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့မှုများ မြန်မာနိုင်ငံတဝှမ်းပေါ်ပေါက်ခဲ့သလို တပ်မတော်ကို ဖြုတ်ချ၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က လက်နက်ကိုင်တော်လှန်ရေးကို ဖော်ဆောင် လျက်ရှိသည်။

အလားတူ တပ်မတော်သားများနှင့် မိသားစုဝင်များ CDM လုပ်ကြရန်နှင့် မြန်မာ့တပ်မတော်ဖြင့် မပူးပေါင်း ကြရန်လည်း တိုက်တွန်းလျက်ရှိသည်။

 

Share
Tweet
Share
Share
powered by social2s
  • 45
  • 46
  • 47
  • 48
  • 49
  • 50
  • 51
  • 52
  • 53
  • 54

Page 50 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar