CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ရုရှားအပေါ် ကွဲလွဲမှု၊ G-20 အစည်းအဝေးနဲ့ အင်ဒိုဆောင်ရွက်မှု အိန္ဒိယထောက်ခံ

By CNI News
CNI News
Category: ဆောင်းပါး
Hits: 2179

 

CNI International News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၉

ယူကရိန်းသို့ ရုရှားကျူးကျော်မှုအပေါ် ဆန့်ကျင်သည့်အုပ်စုများ အခိုင်အမာရှိနေသည့် နောက်ခံအခင်းအကျင်း၌ စီစဉ်ခဲ့သည့် လာမည့် G-20 ထိပ်သီး အစည်းအဝေးအတွက် အိန္ဒိယသည် အဓိပ္ပါယ်ပြည့်ဝသော ရလဒ်များ အပြီး သတ်နိုင်စေဖို့ အင်ဒိုနီးရှားကို တက်ကြွစွာ အားပေးထောက်ခံခြင်းများ ပြသခဲ့သည်။

နယူးဒေလီအစိုးရ၏ G-20 ထိပ်သီး အစည်းအဝေးကို ထောက်ခံကြိုဆိုသည့် အကြောင်းကို အစိုးရအဖွဲ့၏ မူဝါဒရေးရာ ပညာရှင်အဖွဲ့ခေါင်းဆောင် အမီတာကန့်က ထုတ်ဖော်ပြောကြားသည်။

၎င်းဦးဆောင်သည့် အိန္ဒိယကိုယ်စားလှယ်အဖွဲ့သည် G-20 လက်ရှိဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှား၏ အကြို အစည်း အဝေးကို ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ယောယာကာတားမြို့၌ ကျင်းပခဲ့ရာ သွားရောက် ဆွေးနွေးခဲ့ကြသည်။

ထိပ်သီးအစည်းအဝေး အကြိုဆွေးနွေးမှုအဖြစ် အမီတာကန့်က “လာမည့်နိုဝင်ဘာ ကျင်းပမည့် G-20 ဘာလီ ထိပ်သီး အစည်းအဝေးအတွက် အဓိပ္ပါယ်ပြည့်ဝသော ရလဒ်များ အပြီးသတ်နိုင်ရန် အင်ဒိုနီးရှား၏ G-20 အလှည့် ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း အိန္ဒိယ၏ ကတိကဝတ်နှင့် တက်ကြွစွာ ထောက်ခံအားပေးသွားမည့် အကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်” ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက စက်တင်ဘာလကုန်ပိုင်း၌ သတင်းထုတ် ပြန်ခဲ့သည်။

G-20 ကို လက်ရှိလွှမ်းမိုးနေသည့် ပထဝီဝင် နိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ နိုင်ငံအသီးသီးမှ မိတ်ဖက်များ နှင့် တွေ့ဆုံဆွေးနွေးစဉ် အမီတာကန့်က ၎င်းတို့ဝန်ကြီးချုပ် နရိန္ဒရာမိုဒီ၏ စက်တင်ဘာ ၁၆ ရက် ပြောကြားချက် ကို နောက်ထပ်တဖန် ချပြခဲ့သည်။

မိုဒီက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံစဉ် “ယနေ့ခေတ်သည် စစ်ဖြစ်ရတော့မည့် အချိန် မဟုတ်ကြောင်း၊ သံတမန်ရေးအရ ဆွေးနွေးမှုများဖြင့် ကမ္ဘာ့ပြဿနာများကို ထိရောက်စွာ အဖြေရှာရမည်ဖြစ်ကြောင်း” အတိ အလင်း သဘောထား မှတ်ချက်ပေးခဲ့ရာ ဂယက်များစွာ ဖြစ်ပေါ်ခဲ့သည်။

ဥဇဘက်ကစ္စတန်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီး အစည်းအဝေးတွင် ပူတင်နှင့် တွေ့ဆုံစဉ်အတွင်း မိုဒီက အထက်ပါ သဘောထား မှတ်ချက်ကို ပြတ်သားစွာ ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် ကျူးကျော်စစ် အဆုံးသတ်ရန် ပူတင်ကို မိုဒီက တိုက်တွန်းခဲ့ပြီး စစ်ရေးပဋိပက္ခကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ရင်ဆိုင်နေရသော စားနပ်ရိက္ခာနှင့် စွမ်းအင် အကျပ်အတည်းကို ထည့်သွင်း စဉ်းစားရမည်ဟု သတိချပ်စေခဲ့သည်။

အမီတာကန့်ကလည်း အင်ဒိုနီးရှားသို့ ရောက်ရှိစဉ် G-20 အလားအလာနှင့်ပတ်သက်၍ အဓိက ဦးစားပေး နယ်ပယ် များတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကြိုးပမ်းအားထုတ်မှုများကို အားကောင်းလာစေရန်နှင့် ကမ္ဘာလုံး ဆိုင်ရာ အာရုံစိုက်မှုကို မြှင့်တင်ရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

အဓိက ဦးစားပေး နယ်ပယ်များတွင် ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှု (SDGs) အရှိန်မြှင့်တင်ရေး၊ ရာသီဥတု ပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေး စသည်တို့ ပါဝင်သည်။

အိန္ဒိယ၏ လူမှုပတ်ဝန်းကျင် နေထိုင်မှုပုံစံ (Lifestyle for Enviroment)၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ ဒစ်ဂျစ်တယ် အများသုံး အခြေခံ အဆောက်အဦ၊ ဘက်စုံပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသမီး စွမ်းဆောင်မှုတို့လည်း အကျုံးဝင် ကြောင်း အမီတာကန့်၏ ပြောကြားချက်များတွင် ပါရှိသည်။

ထို့ပြင် G-20 ထိပ်သီး အစည်းအဝေးအကြို Sherpa ဆွေးနွေးပွဲပြင်ပတွင် သီးခြားအနေဖြင့် အမီတာကန့်သည် ဘရာဇီး၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တောင်ကိုရီးယား၊ စပိန်၊ ဗြိတိန်နှင့် အမေရိကန်တို့မှ Sherpa မိတ်ဖက် ကိုယ်စားလှယ်များနှင့် အပြန်အလှန် တွေ့ဆုံနှုတ်ဆက်မှုများ ပြုလုပ်ခဲ့သည်။

“အိန္ဒိယဘက်မှ အပြုသဘောဆောင်သည့် ကြားဝင်ဆောင်ရွက်ပေးမှုများသည် G-20 ဆွေးနွေးမှုများတွင် အကောင်း မြင်လာစေမှုကို ရှေးရှုလျက် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် စုပေါင်း ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာလာစေကြောင်း” နယူးဒေလီမြို့ရှိ ပြည်ပရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ထဲတွင် ရေးသားထားသည်။

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး စက်မှုထိပ်သီး နိုင်ငံပေါင်း ၂၀ ကို စုဖွဲ့ထားသော G-20 အတွင်း ရုရှား၏ ယူကရိန်း ကျူးကျော်စစ်အပေါ် သဘောထားမှာ သိသာထင်ရှားစွာ ကွဲလွဲနေကြသေးသည်။

G-20 အစည်းအဝေးများ ကျင်းပချိန် ရုရှားအစိုးရဘက်မှ တာဝန်ရှိသူများ မိန့်ခွန်းတက်ပြောသည့်အခါ နိုင်ငံပေါင်း ၂၀ အစုအဖွဲ့မှ အဖွဲ့ဝင် အများအပြား အစည်းအဝေးခန်းမကို ကျောခိုင်း၍ အပြင်ထွက်ခွာကြသည်။ ထို့ပြင် ရုရှား ကို G-20 အဖွဲ့ထဲမှ ထုတ်ပယ်ရန် တောင်းဆိုသည့် အဖွဲ့ဝင်နိုင်ငံ အများအပြား ရှိနေသည်။

ထိုသို့ သဘောထား ကွဲလွဲမှုများကို အဆုံးသတ်စေလိုသူမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို ဖြစ်သည်။ သူသည် ယူကရိန်း-ရုရှား စစ်ရေးပဋိပက္ခ ဖြေရှင်းရန် ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် ၎င်းနှစ်နိုင်ငံမှ ခေါင်းဆောင်များ စစ်ဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာရှမြေပေါ်တွင် တွေ့ဆုံရန် စီစဉ်နိုင်ခဲ့သည့် အာရှခေါင်းဆောင် လည်း ဖြစ်သည်။

အမေရိကန်ဦးဆောင်သော အနောက်အုပ်စုများ၏ ဖိအားများကို တွန်းလှန်၍ ဂျိုကိုဝီဒိုဒိုသည် ဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးတို့ကို G-20 များကို အောင်မြင်စွာ ဖိတ်ကြားခဲ့သည်။

အင်ဒိုနီးရှားက ဥက္ကဋ္ဌ တာဝန်ယူထားစဉ်အတွင်း ပထမအကြိမ် G-20 Sherpa အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာတွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို ပြီးခဲ့သည့် ဇူလိုင်လတွင် ကျင်းပခဲ့သည်။

အိန္ဒိယသည် လာမည့် ဒီဇင်ဘာလရောက်လျှင် G-20 အလှည့်ကျ ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းရမည်ဖြစ်သည်။ ထို့အတွက် လာမည့် ၂၀၂၃ ခုနှစ်တွင် နယူးဒေလီမြို့တော်တွင် G-20 ထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် အိန္ဒိယက လက်ခံ ကျင်းပပေးရမည် ဖြစ်သည်။

သို့ဖြစ်၍ မဝေးလှသော အနာဂတ်တွင် အိန္ဒိယသည် G-20 တာဝန်နှင့်အတူ ကမ္ဘာ့ရေးရာများကို ကျွဲကူးရေပါ ဆိုသလို ဆုံးဖြတ် လုပ်ကိုင်ရဦးမည် ဖြစ်ပေသတည်း။      ။

Source: Hindustan Times

(ဟိန္ဒူစတန်တိုင်းမ်သတင်းဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင် Rezaul H Laskar ၏ရေးသားချက်ကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်)

 

 

 

Share
Tweet
Share
Share
powered by social2s
ပူတင်၊ ဇာလန်စကီးနဲ့ ဂျိုကိုဝီဒိုဒို တို့ကိုတွေ့ရစဉ်

ပူတင်နှင့်ဇာလန်းစကီး G-20 အစည်းအဝေးတက်ရန် အင်ဒိုနီးရှားသွားကြမည်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1378

 

CNI International News

ဘာလီ၊ အောက်တိုဘာ ၈

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ၎င်း၏ ယူကရိန်းသမ္မတ ဗလာဒီမာ ဇာလန်စကီးတို့သည် G-20 ထိပ်သီး အစည်းအဝေး တက်ရန်အတွက် လာမည့် နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းသို့ သွားရောက် ကြမည် ဖြစ်ကြောင်း အင်ဒိုနီးရှား သံတမန်တစ်ဦးက ယူအေအီးအခြေစိုက် The National မီဒီယာသို့ ပြောကြားခဲ့ သည်ဟု အာရ်တီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အဆိုပါသတင်း အမှန်ဆိုပါက လာမည့် G-20 ထိပ်သီး ဆွေးနွေးပွဲသည် ယူကရိန်းသို့ ရုရှား၏ထိုးစစ် စတင်စဉ် ကတည်းက နှစ်နိုင်ငံခေါင်းဆောင်များ ပထမဆုံး တက်ရောက်သည့် ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာမည်ဟု ရုရှား အခြေစိုက် အာရ်တီ သတင်းဌာနက ဆက်လက် ရေးသားသည်။

“နှစ်ရပ်လုံးက တက်ရောက်ဖို့ သဘောတူထားပါတယ်” ဟု ယူအေအီးနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ် ဟူစိန်ဘာဂစ် (Husain Bagis) က The National မီဒီယာသို့ အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

“ယူကရိန်း-ရုရှားစစ်ပွဲကြောင့် အစည်းအဝေး အခြေအနေက မလွယ်ပါဘူး” ဟု ဟူစိန်ဘာဂစ်က ဝန်ခံခဲ့ပြီး အင်ဒိုနီးရှား အစိုးရအနေဖြင့်  အဆိုပါခေါင်းဆောင်နှစ်ဦး ရောက်ရှိလာရေးအတွက် ကြိုတင်စီစဉ်စရာများ ပြင်ဆင် နေပြီဟု ဆက်လက်ပြောကြားခဲ့သည်။

ပူတင်နဲ့ ဂျိုကိုဝီဒိုဒို ကိုတွေ့ရစဉ်(AP)

“သူတို့ကို ဘယ်ဟိုတယ်မှာ ထားရမလဲဆိုတာ သေသေချာချာ စီမံနေပါတယ်။ တည်းခိုစရာ တစ်ခုက မစ္စတာ ပူတင် အတွက်ပေါ့။ နောက်တစ်ခုက မစ္စတာ ဇာလန်းစကီး အတွက်ဆိုပြီး စဉ်းစားဆုံးဖြတ်နေပါတယ်” ဟု ၎င်းက ပြောသည်။

ရုရှားသမ္မတ ပူတင် G-20 ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည်ဟု ပြီးခဲ့သည့် ဇွန်လတွင် ကရင်မလင် သမ္မတနန်းတော်က အတည်ပြုခဲ့ပြီး ဖြစ်သော်လည်း ပူတင် တက်ရောက်မည့် အစီအစဉ်ကို မသတ်မှတ်ရသေး ကြောင်း ကရင်မလင်ပြောခွင့်ရသူ ဒီမီထရီပက်စကော့ဗ်က အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

ဇာလန်းစကီးကတော့ “စစ်အတွင်းကာလ ကိယက်ဗ်၌ပင် မိမိ ရှိသင့်သည်ဟု ယုံကြည်ကြောင်း” ပြီးခဲ့သည့် ဩဂုတ်လတွင် ပြောကြားခဲ့ဖူးသော်လည်း G-20 သို့ ပူတင် ကိုယ်တိုင် တက်မည်ဆိုပါက သူလည်း ပြည်ပ ခရီးစဉ် အတွက် စဉ်းစားလိမ့်မည်ဟု အာရ်တီသတင်းဌာနက ဖော်ပြသည်။

ဇာလန်းစကီးနဲ့ဂျိုကိုဝီဒိုဒို ကိုတွေ့ရစဉ်

ပူတင်ကို ဖိတ်ကြားခြင်းမပြုရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အခြားအနောက်အုပ်စုနိုင်ငံ ခေါင်းဆောင်များ က အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကို တိုက်တွန်းခဲ့ကြသော်လည်း ဝီဒိုဒိုက အနောက်အုပ်စုဖိအားကို တွန်းလှန်၍ ၎င်း၏အစီအစဉ်အတိုင်း ရုရှားခေါင်းဆောင်ကို ဖိတ်ကြားခဲ့သည်။

ဝီဒိုဒိုသည် လာမည့် နွေရာသီမတိုင်မီ ဇာလန်းစကီးနှင့် ပူတင်တို့ကို တွေ့ဆုံစေပြီး ခေါင်းဆောင်နှစ်ဦး ဆွေးနွေးရေး လမ်းဖွင့်ရန်နှင့် စစ်ပွဲရပ်တန့်ရေး ကမ်းလှမ်းရန်အတွက် ကြိုးပမ်းနေခဲ့ကြောင်း၊ မိမိတို့ အင်ဒိုနီးရှားသည် G-20 ကို ပဋိပက္ခ အငြင်းပွားရေးအတွက် မရည်ရွယ်ဘဲ ငြိမ်းချမ်းရေး ပလက်ဖောင်း တစ်ခုဖြစ်အောင် ရည်ရွယ် ကျင်းပသွား မည်ဖြစ်ကြောင်း အင်ဒိုသံတမန်က The National မီဒီယာသို့ ရှင်းပြခဲ့သည်။

Source: အာရ်တီသတင်းဌာန

 

 

 

Share
Tweet
Share
Share
powered by social2s

၁၉၆၂ အကျပ်အတည်းနောက်ပိုင်း နျူကလီးယားအန္တရာယ်အကြီးဆုံးဟု ဘိုင်ဒန်ပြော

By CNI
CNI
Category: Watch TV
Hits: 539

Share
Tweet
Share
Share
powered by social2s
နိုဘယ်ငြိမ်းချမ်းရေးဆုရတဲ့ အေလက်စ်ဘီယာလီယက်စကီ (Reuters)

ဘယ်လာရုစ်၊ ရုရှား၊ ယူကရိန်းအရေး တက်ကြွလှုပ်ရှားသူများ နိုဘယ်ငြိမ်းချမ်းရေးဆုရ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1236

 

CNI International News

အော်စလို၊ အောက်တိုဘာ ၇

ဘယ်လာရုစ်နိုင်ငံတွင် အကျဉ်းကျခံနေရသည့် လူ့အခွင့်အရေးရှေ့နေ အေလက်စ်ဘီယာလီယက်စကီ၊ ရုရှား လူ့အခွင့်အရေးအဖွဲ့ Memorial နှင့် ယူကရိန်း လူ့အခွင့်အရေးအဖွဲ့ ပြည်သူ့လွတ်လပ်ရေးစင်တာတို့သည် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို မှတ်တမ်းတင်ရန် ကြိုးစားခဲ့ကြသဖြင့် ၂၀၂၂ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆုများ အသီးသီး ရရှိသွားကြောင်း အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အဆိုပါ ဆုရစာရင်းကို နော်ဝေနိုင်ငံ၊ အော်စလိုမြို့တော်ရှိ နော်ဝေနိုဘယ်ဆုရေးရာသိပ္ပံက အောက်တိုဘာ ၇ ရက် (ယနေ့) ကြေညာခဲ့သည်။

“အိမ်နီးချင်း တိုင်းပြည်များဖြစ်သည့် ဘယ်လာရုစ်၊ ရုရှားနှင့် ယူကရိန်းတို့မှ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့အတွက် ထူးချွန်သူ ၃ ဦးကို နော်ဝေနိုဘယ်ဆုကော်မတီက ဂုဏ်ပြုလို ခြင်းဖြစ်သည်” ဟု  ကော်မတီဥက္ကဋ္ဌ ဘီရစ်ရီယစ်စ်အန်ဒါဆင်က ပြောကြားခဲ့သည်။

၎င်းသည် ဘယ်လာရုစ်အကျဉ်းထောင်မှ အေလက်စ်ဘီယာလီယက်စကီ လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့သူ ဖြစ်သည်။

ဆုကြေးအဖြစ် ဆွီဒင် ခရိုနာငွေကြေး ၁၀ သန်း (သို့မဟုတ်) ဒေါ်လာ ၉ သိန်းကို အော်စလိုမြို့တွင် လာမည့် ဒီဇင်ဘာ ၁၀ ရက်၌ ပေးအပ်မည်ဖြစ်ပြီး ထိုနေ့သည် အဆိုပါဆုကို စတင်တည်ထောင်ခဲ့သည့် ဆွီဒင်စက်မှု လုပ်ငန်းရှင် အဲလ်ဖရက်နိုဘယ်လ် ကွယ်လွန်သည့် နှစ်ပတ်လည်နေ့လည်း ဖြစ်သည်။

“နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်တွေဟာ သူတို့မိခင်နိုင်ငံတွေမှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို ကိုယ်စားပြုပါ တယ်။ အာဏာကို ဝေဖန်ပိုင်ခွင့်နဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အခြေခံ အခွင့်အရေးတွေကို ကာကွယ်ဖို့ နှစ်ပေါင်း များစွာ ကြိုးစားမြှင့်တင်ခဲ့ကြသူတွေပါ” ဟု နော်ဝေနိုဘယ်ဆုကော်မတီက ကြေညာချက်တွင် ပြောကြား ထားသည်။

“သူတို့ဟာ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အာဏာအလွဲသုံးစား လုပ်မှုတွေကို မှတ်တမ်း တင်ဖို့ ပြောင်မြောက်စွာ ကြိုးစားခဲ့ကြသူတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အရေးပါမှုကို သူတို့ဟာ အတူတကွ ပြသခဲ့ကြပါတယ်” ဟု အဆိုပါကြေညာချက်တွင် ဆက်လက်ပြောကြားထားသည်။

“မော်စကိုမြို့ရှိ MEMORIAL International အဖွဲ့ကို အတင်းအကျပ် ဖျက်သိမ်းခဲ့ပေမယ့်လည်း နေရာသစ်မှာ တည်ရှိပြီးတော့ ရုရှားမိတ်ဖက်တွေအတွက် ဆက်လက် ပံ့ပိုးကူညီဖို့ ကျနော်တို့ သန္နိဋ္ဌာန်ချထားပါတယ်” ဟု Memorial ဘုတ်အဖွဲ့ဝင် အန်ကီဂျင်ဆင်းက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

Source: Aljazeera

 

Share
Tweet
Share
Share
powered by social2s
ဘိုင်ဒန်နဲ့ ဆော်ဒီမင်းသား မိုဟာမက်ဘင်စလန်ကိုတွေ့ရစဉ် (AP)

ဆော်ဒီ၏ ထိုးနှက်ချက်ကြောင့် နိုင်ငံရေးအရ ဘိုင်ဒန်အရှက်ရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1380

CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၇

လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် ဆက်စပ်နေသည့် ဆော်ဒီအာရေဗျ အိမ်ရှေ့စံမင်းသား၏ ထိုးနှက်ချက်ကြောင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် နိုင်ငံရေးမူဝါဒ အလောင်းအစားထဲတွင် အရှက်ရဆုံး ရှုံးနိမ့်မှုတစ်ခုကို အသိ အမှတ် ပြုခဲ့ရကြောင်း အေပီက ရေးသားဖော်ပြသည်။

ကမ္ဘာ့ဩဇာအကြီးဆုံး ရေနံစွမ်းအင်ပိုင်ဆိုင်သည့် ဆော်ဒီအာရေဗျနှင့် တစ်ချိန်က ဆက်ဆံရေးကို ပြုပြင်ပြောင်းလဲ ရန် ကြိုးပမ်းချက် တစ်ရပ်အဖြစ် ဘိုင်ဒန်သည် ပြီးခဲ့သည့် ဇူလိုင်လတွင် ဆော်ဒီမင်းသား မိုဟာမက်ဘင်စလန်နှင့် တွေ့ဆုံခဲ့သော်လည်း ပြေလည်မှု မရခဲ့ပေ။

ယူကရိန်းသို့ ရုရှားကျူးကျော်စစ်ကြောင့် ရေနံထုတ်လုပ်သူ တစ်ဦးဖြစ်သည့် ရုရှားကို အမေရိကန်က အဆက်ဖြတ် ခဲ့သလို အခြားတဖက်တွင်လည်း အိုပက် (OPEC) ၏ ခြိမ်းခြောက်မှုလည်း ရှိလာခဲ့သည်။

အမေရိကန်ပြည်တွင်း၌ ငွေကြေးဖောင်းပွမှုနှုန်း တိုးလာခြင်း၊ လောင်စာဆီဈေး တက်လာခြင်းတို့ကြောင့် ၎င်း၏ အမေရိကန်သမ္မတ သက်တမ်းမကုန်မီ မဲဆန္ဒရှင်များ၏ ဒေါသများမှာ ဘိုင်ဒန်အပေါ် ပုံကျလာခဲ့ပြီး ဒီမိုကရက်တစ် ပါတီ ဝင်များ၏ ရွေးကောက်ပွဲ အလားအလာ လျော့ပါးစေခဲ့သည်။

ဘိုင်ဒန်နဲ့ သူ့ကိုထောက်ခံသူများ အမှတ်တရာ ဓာတ်ပုံရိုက်နေစဉ် (Biden-fb)

ဆော်ဒီအာရေဗျနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်ကို ဘိုင်ဒန်က “စိတ်ပျက်စရာပါ။ အမေရိကန်-ဆော်ဒီ ဆက်ဆံရေးမှာ ပြဿနာတွေ ရှိနေတယ်” ဟု အောက်တိုဘာ ၆ ရက်တွင် ဖြေကြားခဲ့သည်။

ဆယ်စုနှစ်များစွာ သက်တမ်းရှိသည့် အမေရိကန်၏ လက်နက်နှင့်စစ်ဘက်ဆိုင်ရာ အကာအကွယ်ပေးမှုကို ပြန်လည် ရုပ်သိမ်းခြင်းဖြင့် ဆော်ဒီကို တုံ့ပြန်ရန် ကွန်ဂရက်(လွှတ်တော်)အတွင်း ဒီမိုကရက်တစ်ပါတီဝင်များက ဘိုင်ဒန်အစိုးရထံသို့ အောက်တိုဘာ ၆ ရက်တွင် တောင်းဆိုခဲ့သည်။

ဆော်ဒီမင်းသား မိုဟာမက်ကတော့ အနှစ် ၇၀ ကျော်ကြာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက် ဆော်ဒီရပ်တည်ချက်ကို အဆုံးသတ်ခဲ့ပြီဟု အခိုင်အမာပြောကြားခဲ့ပြီး ဖြစ်သည်။

ယူကရိန်းစစ်မြေပြင်ကိုတွေ့ရစဉ် (AP)

နှစ်နိုင်ငံ ဆက်ဆံရေး မဟာဗျူဟာတွင် အမေရိကန်က ဆော်ဒီ၏ ပြင်ပရန်သူများကို အကာအကွယ်ပေးရန် အတွက် အခြေခံထားမှုကို တောက်လျှောက် ထားရှိခဲ့သလို ဆော်ဒီကလည်း အခြေအနေ တည်ငြိမ်စေရန်အတွက် ကမ္ဘာ့ဈေးကွက်များထဲသို့ ရေနံ လုံလောက်စွာ တင်ပို့ပေးခဲ့သည်။

ယခုကဲ့သို့ ဆော်ဒီဘက်မှ ရေနံဖြတ်တောက်လာခြင်းသည် ရန်လိုသည့်လုပ်ရပ်ဟု ခေါ်ဆိုလျက် နယူးဂျာစီ ပြည်နယ်မှ ဒီမိုကရက်တစ် လွှတ်တော်အမတ် တွမ်မာလီနောင်းစကီက အခြားအမတ်နှစ်ဦးနှင့်အတူ ကွန်ဂရက် (လွှတ်တော်)သို့ တင်ပြခဲ့သည်။

“ယူကရိန်းထဲ စက်ဆုပ်စရာကောင်းတဲ့ ကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ ပူတင်အပေါ် ဆော်ဒီ ကူညီခဲ့တာတွေကို အမေရိကန် နိုင်ငံသားတွေက ဘယ်လောက်ကြာကြာ အမှတ်ရနေမှာပါ။ ဒါဟာ ပြင်းထန်ရက်စက်တဲ့ လုပ်ရပ်ပါ” ဟု အထက်လွှတ်တော် (ဆီးနိတ်) လူများစုရေးရာခေါင်းဆောင် ချက်စဂျူးမားက ပြောကြားခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s

နွေဦးတော်လှန်ရေး အောင်မြင်ရန် တိုင်းရင်းသားများ၏ အခန်းကဏ္ဍမှာ အရေးကြီးဟု ပြော

By CNI
CNI
Category: Watch TV
Hits: 583

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယားကို တရုတ်နှင့်ရုရှား အကာအကွယ်ပေးနေဟု အမေရိကန်စွပ်စွဲ

By CNI
CNI
Category: Watch TV
Hits: 577

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်ကာကွယ်ရေးအတွက် တစ်ပါးသူကို အားကိုးနေမည် မဟုတ်ဟုပြော

By CNI
CNI
Category: Watch TV
Hits: 571

Share
Tweet
Share
Share
powered by social2s

မြန်မာစစ်တပ်ကိုယ်စားလှယ်ကို အာဆီယံစားပွဲဝိုင်းခေါ်ဖို့ အဆိုပြုမည်ဟု ဖိလစ်ပိုင်ပြော

By CNI
CNI
Category: Watch TV
Hits: 596

Share
Tweet
Share
Share
powered by social2s

ကျောက်တော်တိုက်ပွဲရှောင်များကို နေရပ်ပြန်ခိုင်း၊ နစက-က ထောက်ပံ့ပေးမည်ဟုဆို

By CNI
CNI
Category: Watch TV
Hits: 575

Share
Tweet
Share
Share
powered by social2s
UN ဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်ဂရင်းဖီးကိုတွေ့ရစဉ် (GETTY IMAGES)

မြောက်ကိုရီးယားကို တရုတ်နှင့်ရုရှား အကာအကွယ်ပေးနေဟု အမေရိကန်စွပ်စွဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1112

CNI International News

နယူးယောက်၊အောက်တိုဘာ ၆

နျူကလီးယား လက်နက်များနှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်များအပေါ် ကုလသမဂ္ဂ (UN) လုံခြုံရေးကောင်စီ ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများမှ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ရုန်းထွက်၍ အားကောင်းစေရန် တရုတ်နှင့်ရုရှားတို့ ပံ့ပိုးနေကြကြောင်း အမေရိကန်က အောက်တိုဘာ ၅ ရက်တွင် စွပ်စွဲခဲ့သည်။

“မြောက်ကိုရီးယားဟာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နှစ်နိုင်ငံရဲ့ အကာအကွယ်ပေးမှုကို ရရှိနေပါတယ်” ဟု UN ဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်ဂရင်းဖီးက ပြောကြားခဲ့သည်။

“တိုတိုပြောရရင် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နှစ်ယောက်က ကင်မ်ဂျုံအန်းကို လမ်းဖွင့်ပေးထားပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အောက်တိုဘာ ၄ ရက်၌ နျူကလီးယားလက်နက်ပိုင်ရှင် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ် ပစ်လွှတ်ခဲ့ပြီးနောက် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံတို့ အောက်တိုဘာ ၅ ရက်တွင် တွေ့ဆုံခဲ့ကြသည်။

မြောက်ကိုရီးယားဒုံးကျည်သည် ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံကို ဖြတ်ကျော်၍ ပစ်လွှတ်ခဲ့ရာ ဂျပန်ကျွန်းများပေါ် နေထိုင်သူများအား အရေးပေါ် သတိပေးချက် ထုတ်ခဲ့ရသည်။

UN ဆိုင်ရာ ရုရှားသံအမတ်ကြီးကိုတွေ့ရစဉ် (GETTY IMAGES)

လုံခြုံရေးကောင်စီ အစည်းအဝေးအား တရုတ်နှင့်ရုရှားတို့က အခြေအနေတစ်ရပ်ကို ဖြေလျှော့ရန် မသင့်တော်ဟု ယူဆ၍ မလိုလားကြပေ။

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အယ်လ်ဘေးနီးယား၊ ဘရာဇီး၊ အိန္ဒိယ၊ အိုင်ယာလန်၊ နော်ဝေနှင့် အာရပ်စော်ဘွား များ ပြည်ထောင်စု (ယူအေအီး)တို့မှ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၉ ဦးတို့သည် မြောက်ကိုရီးယား၏ ဒုံးကျည် ပစ်လွှတ်မှုကို ရှုတ်ချကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

လုံခြုံရေးကောင်စီသည် ပြင်းထန်သော စကားလုံးများ (သို့မဟုတ်) ဖိအားများကို အားကိုးနေမည့်အစား အပြု သဘော ဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရန် လိုအပ်ကြောင်း UN ဆိုင်ရာ တရုတ်လက်ထောက်သံအမတ် ဂန်ရှောင် (Geng Shuang) က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း (GETTY IMAGES)

“အခြေအနေတစ်ရပ်ကို အရှိန်မြှင့်တာထက် ဆွေးနွေးမှုတွေနဲ့ အထောက်အကူ ဖြစ်သင့်ပါတယ်။ ကွဲပြားခြားနားမှု တွေကို ကျယ်ပြန့်အောင် ချဲ့ထွင်မယ့်အစား တွေ့ဆုံဆွေးနွေးရေး ပြန်စဖို့ အရှိန်မြှင့်သင့်ပါတယ်။ ညီညွတ်မှုကို တည်ဆောက်ပါ” ဟု ၎င်းက တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့် မေလတွင် မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့ မှုများ ထပ်မံချမှတ်ရန် အမေရိကန်ဦးဆောင်၍ တွန်းအားပေးခဲ့သော်လည်း လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် တရုတ်နှင့်ရုရှားတို့က ဗီတိုအာဏာဖြင့် ပယ်ချခဲ့ကြသည်။

၂၀၀၆ ခုနှစ်တွင် ပြုံယမ်းအစိုးရကို အပြစ်ပေး အရေးယူမှု စတင်ပြီးနောက် လုံခြုံရေးကောင်စီအတွင်း သဘော ထား ကွဲလွဲမှုများ ပထမဆုံးအကြိမ် အများသိအောင် ဖြစ်လာခဲ့သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကိုလံဘီယာအစိုးရနှင့် ELN သူပုန်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စမည်

By CNI
CNI
Category: Watch TV
Hits: 587

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယားကိုတုံ့ပြန်သည့် တောင်ကိုရီးယားပဲ့ထိန်းဒုံးကျည် ကျရောက်ပေါက်ကွဲ

By CNI
CNI
Category: Watch TV
Hits: 572

Share
Tweet
Share
Share
powered by social2s

နောင်ကျင်းပမည့်‌ ရွေးကောက်ပွဲတွင် မျှတမှုရှိရန် ပြင်ဆင်ရမည်ဟု နစက ဥက္ကဋ္ဌ ပြော

By CNI
CNI
Category: Watch TV
Hits: 558

Share
Tweet
Share
Share
powered by social2s

နောင်ကျင်းပမည့်‌ ရွေးကောက်ပွဲတွင် မျှတမှုရှိရန် ပြင်ဆင်ရမည်ဟု နစက ဥက္ကဋ္ဌ ပြော

By CNI
CNI
Category: Watch TV
Hits: 573

Share
Tweet
Share
Share
powered by social2s
ရခိုင်အမျိုးသားပါတီကိုတွေ့ရစဉ်

ရခိုင်တိုက်ပွဲရှောင်အရေး ဆွေးနွေးရန် ANP ကို UEC စာပို့

By CNI
CNI
Category: နိုင်ငံရေး
Hits: 1557

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅

လက်ရှိ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် အရေးကိစ္စများ ဆွေးနွေးရန် ရခိုင်အမျိုးသားပါတီ (ANP) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က စာပို့ထားကြောင်း ANP ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့ တကျော့ပြန် တိုက်ပွဲကြောင့် ဒေသခံ လူထုများ၏ ထိခိုက်နစ်နာမှုနှင့် ပတ်သက်၍ စက်တင်ဘာ ၂၉ ရက်က ANP မှ ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန် ခဲ့သည်။

ဦးသာထွန်းလှက “ကျနော်တို့ ပါတီကနေ စက်တင်ဘာ ၂၉ ရက်နေ့က အခု ရခိုင်ပြည်နယ်မှာ တကျော့ပြန် တိုက်ပွဲ တွေ ပြင်းထန်လာတာ ဖြစ်နေတယ်၊ မြန်မာ့တပ်မ‌တော်နဲ့ ရက္ခိုင့်တပ်တော် AA ကြားမှာ တိုက်ပွဲပြင်းထန်မှုတွေ ဖြစ်လာတဲ့အတွက်ကြောင့် ပြည်သူတွေ အသက်ထိခိုက် ဆုံးရှုံးမှုတွေ၊ ထိခိုက်ဒဏ်ရာ ရမှုတွေ၊ နေအိမ်ပျက်စီးမှု‌ တွေ စစ်ဘေးရှောင်ပြည်သူတွေ ဦးရေ အသစ်ထပ်တိုးလာတာနဲ့ ပတ်သက်ပြီး ကျနော်တို့ ပါတီက သဘောထား ကြေညာချက် တစ်ခုထုတ်ခဲ့တယ်၊ အဲဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ဆိုပြီး UEC က ခေါ်တဲ့ တွေ့ဆုံဆွေးနွေးဖို့တော့ ‌ခေါ်တာရှိတယ်၊ အဲဒီစာက မနေ့က ကျနော်တို့ လက်ခံရရှိခဲ့တယ်၊ အဲဒါကြောင့် အောက်တိုဘာ ၁၂ ရက်နေ့မှာ ဆွေးနွေးဖို့ဆိုပြီး ကျနော်တို့ ပါတီကို စာပို့ထားတာ ရှိတယ်၊ လောလောဆယ် အဲဒီလောက်ပါပဲ” ဟု CNI သတင်း ဌာနသို့ ပြောသည်။

ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွားများကို အကာအကွယ်ယူပြီး တိုက်ပွဲ မဖော်ဆောင်ကြရန်၊ မြန်မာ့တပ်မ‌တော်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုတို့ အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ကြောင်း စက်တင်ဘာ ၂၉ ရက်က ANP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ထို့အတူ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးနေကြသည့် INGOs၊ NGOs နှင့် CSOs များအား ပိတ်ပင် ထားမှုကို ပြန်လည်ဖွင့်ပေးရန်၊ စစ်ပွဲဧရိယာ၊ စစ်ပွဲနှင့် မပတ်သက်သည့် နေရာများ အပါအဝင် မြို့နယ်တချို့အား ကုန်းလမ်း၊ ရေးလမ်း များကို အကန့်အသတ်မရှိ ပိတ်ဆို့ထားမှုသည် ၎င်းဒေသရှိ ဒေသခံပြည်သူ လူမျိုးပေါင်းစုံ၏ အသက်ရှင် နေထိုင်ရေးကို ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု ရှုမြင်ကြောင်း ANP ၏ ထုတ်ပြန်ချက်က ပြောထားသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် AA သည် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ နယ် အတွင်းမှာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများရှိသလို အဆိုပါ တိုက်ပွဲများ ကြောင့် တိုက်ပွဲရှောင် ၁ သောင်းခွဲကျော် ရှိလာကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 48
  • 49
  • 50
  • 51
  • 52
  • 53
  • 54
  • 55
  • 56
  • 57

Page 53 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar