CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မလေးရှားတွင် ရွေးကောက်ပွဲကျင်းပမည့်အတွက် အဖမ်းအဆီး ပိုများလာနိုင်

By CNI
CNI
Category: Watch TV
Hits: 687

Share
Tweet
Share
Share
powered by social2s

အမေရိကန်သည် ရန်သူများနှင့် ဆက်ဆံရေး ပိုယိုယွင်းလာဟု စစ်တမ်းပြော

By CNI
CNI
Category: Watch TV
Hits: 894

Share
Tweet
Share
Share
powered by social2s

လွှတ်တော်ကို မလေးရှားဝန်ကြီးချုပ်ဖျက်သိမ်းပြီး ရွေးကောက်ပွဲကျင်းပရေး ကြေညာ

By CNI
CNI
Category: Watch TV
Hits: 682

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေးနှင့် စစ်ရေး၏ တိုက်ရိုက်သက်ရောက်မှုက ပြည်သူဟု RCSS ပြော

By CNI
CNI
Category: Watch TV
Hits: 660

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး ရုရှားတိုက်ခိုက်

By CNI
CNI
Category: Watch TV
Hits: 676

Share
Tweet
Share
Share
powered by social2s
ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကို

ယူကရိန်းနှင့်ဘယ်လာရုစ် စစ်ဖြစ်ရန် အနောက်အုပ်စု တွန်းအားပေးနေဟု လူကာရှန်ကိုပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1823

CNI International News

မင့်ခ်၊ အောက်တိုဘာ ၁၁

ဘယ်လာရုစ်နယ်စပ်တွင် ဒုတိယစစ်မျက်နှာ ဖွင့်ခြင်းသည် ယူကရိန်းအတွက် လုံးဝအဓိပ္ပါယ် မရှိကြောင်း ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက ပြောကြားခဲ့သော်လည်း အနောက်အုပ်စုကတော့ စစ်မက် ဖြစ်ပွားရန် တွန်းအားပေးနေကြောင်း တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

“ဒီကနေ့ ယူကရိန်းဟာ ဆွေးနွေးမှုဘောင်ကို ကျော်ပြီးတော့ ဘယ်လာရုစ် ပိုင်နက်ထဲကို တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ကိစ္စအပေါ် ကျနော် ပြောပြီးသားပါ။ ဟုတ်ပါတယ် … ယူကရိန်းဘက်က ဒါမျိုး လုပ်စရာ မလိုပါဘူး။ ကောင်းပြီ လေ … မြောက်ပိုင်းနယ်စပ်မှာ ဘာကြောင့် သူတို့ ဒုတိယစစ်မျက်နှာ ထပ်ဖွင့်သင့်သလဲဆိုတာကို စစ်ရေး ရှုထောင့် က ကြည့်လိုက်တော့ ရူးသွပ်မိုက်မဲမှုတစ်ခုပါပဲ” ဟု လူကာရှန်ကိုက လုံခြုံရေးဆိုင်ရာ အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ကြောင်း BelTA သတင်းဌာနက ဖော်ပြသည်။

မည်သို့ပင်ဆိုစေကာမူ ယူကရိန်းဘက်က လုပ်ငန်းစဉ်များ စတင်နေပြီဖြစ်သည်။


ယူကရိန်းစစ်သားများကိုတွေ့ရစဉ် (AFP)


၎င်းတို့သည် ဘယ်လာရုစ်နိုင်ငံဘက်သို့ စစ်ရေးတွန်းပို့၍ ရုရှားနှင့် ဘယ်လာရုစ်တို့ကို တပြိုင်တည်း ရင်ဆိုင်ရန်၊ ဘယ်လာရုစ်နှင့် စစ်ဖြစ်ရန် တွန်းအားပေးနေကြောင်း မော်စကိုအခြေစိုက် တာ့စ်သတင်းဌာနက ဆက်လက်ရေး သားသည်။

ယူကရိန်းသို့ ရုရှား စတင် တိုက်ခိုက်စဉ်ကပင် ဘယ်လာရုစ်နယ်စပ် ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ မိမိ သတိပေးခဲ့ ကြောင်း လူကာရှန်ကိုက ပြန်ပြောင်းပြောကြားခဲ့သည်။ ရုရှားတပ်များကို နောက်ကျောမှ ထိုးနှက်တိုက်ခိုက်ခွင့်ကို မည်သူ့ကိုမှ ဘယ်လာရုစ် ပေးမည်မဟုတ်ကြောင်း ၎င်းက ကတိပြုခဲ့သည်။
“ကျနော်တို့အတွက် အန္တရာယ်အများဆုံး ဦးတည်ချက်ကို အနောက်အုပ်စု အကွက်ရွှေ့နေတယ်ဆိုတာ ကျနော် ကောင်းကောင်းသိပါတယ်။ အဲဒါကို အကာအကွယ် မပြုဘူးဆိုရင်တော့ ဒီကနေ့ ကျနော်တို့နိုင်ငံရဲ့ တံခါးပေါက်မှာ စစ်ဖြစ်တော့မှာ။ ဒါပေမယ့် ကျနော်တို့ လက်နက်ကိုင် တပ်ဖွဲ့တွေကို အဲဒီနေရာမှာ ထိန်းထိန်းသိမ်းသိမ်း ရှိစေဖို့ လိုလားပါတယ်။ အနောက်အုပ်စုက အန္တရာယ်တစ်ခုဆီ ဦးတည်နေတယ်” ဟု လူကာရှန်ကိုက အကျယ်တဝင့် ရှင်းပြသည်။

ခရိုင်းမီးယား တံတားပေါ် နောက်ဆုံး ဖြစ်စဉ်များသည် အကြမ်းဖက် ခြိမ်းခြောက်မှုအဆင့်ကို သိသာထင်ရှားစွာ တိုးလာစေကြောင်း ၎င်းက အလေးအနက်ထား၍ ပြောကြားခဲ့သည်။

“သူတို့က အခုဆိုရင် လူတိုင်းနဲ့ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေကြပြီ” ဟု ယူကရိန်းကို ရည်ညွှန်း၍ လူကာရှန်ကို က ဆက်လက် ပြောကြားခဲ့သည်။

Source: တာ့စ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဒူဝါလရှီးလကို တွေ့ရစဉ် (NUG)

တော်လှန်ရေးကြာရှည်လာပါက လူထုက အီလာတတ်ဟု ဒူဝါလရှီးလပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1472

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁

မြန်မာ့ နွေဦးတော်လှန်ရေးကာလ ကြာရှည်လာတာနှင့်အမျှ လူထုသည် တော်လှန်ရေးမှာ အီလာတတ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ယနေ့ (အောက်တိုဘာ ၁၁ ရက်) တွင် ပြုလုပ်သည့် NUG ၏ ၇၁ ကြိမ်မြောက် အစည်းအဝေးမှာ ၎င်းက အထက်ပါ အတိုင်းပြောခဲ့ခြင်း ဖြစ်သည်။

ဒူဝါလရှီးလက “ မြန်မာ့နွေဦးတော်လှန်ရေးဟာ သိပ်မကြာခင် (၂) နှစ် ပြည့်တော့မှာဖြစ်တယ်။ အမျိုးသား ညီညွတ်ရေး အစိုးရဟာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးမှာ နိုင်ငံရေး ဦးဆောင်မှုနဲ့ စစ်ရေးဦးဆောင်မှု အခန်း ကဏ္ဍမှာ ရှိနေတယ်ဆိုတာ မမေ့ဖို့။ မပေါ့လျော့ကြဖို့။ တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ လူထုဟာ တော်လှန်ရေးမှာ အီလာတတ်တယ်၊ ညောင်းလာတတ်တယ်။ အမှတ်မထင် တစ်ဆစ်ချိုး ပြောင်းလဲသွား တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကို သတိထားပြီး သဘောထားကြီးကြီး အမြင်ကျယ်ကျယ် သတိရှိရှိနဲ့ ကျနော် တို့အားလုံး ရှေ့ဆက်ကြဖို့လိုတယ်”ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့က NUG ၏ အစည်းအဝေးလုပ်နေစဉ်

လက်ရှိ အခြေအနေသည် မိမိတို့မှာ ဖြစ်နိုင်ခြေများ အများကြီးရှိကြောင်း၊ ထို့ကြောင့် အဆုံးအဖြတ် တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ရန် မိမိတို့အားလုံး ပြင်ဆင်ထားကြရမည်ဟု ပြောကြားလိုကြောင်း၊ အထူးသဖြင့် မဟာမိတ် စစ်ရေး တပ်ပေါင်းစုနှင့် စနစ်တကျ စီမံကွပ်ကဲကြရန် ၎င်းက ပြောသည်။

NUG က နွေဦးတော်လှန်ရေးသည် ၂၀၂၃ ခုနှစ်တွင် အဆုံးသတ် တိုက်ပွဲ ဆင်နွှဲမည်ဖြစ်ကြောင်း၊ မြို့နယ်ပေါင်း ၃၃၀ မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ရင်းပေါင်း ၂၅၀ ကျော် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ပြောသည်။
သို့သော် ၂၀၂၃ ခုနှစ်၏ ဘယ်လ ဘယ်ရက်သည် အဆုံးသတ် တိုက်ပွဲကာလဟုကိုတော့ မပြောပေ။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် တို့တွင် PDF၊ LDF (ဒေသခံကာကွယ်ရေးတပ်ဖွဲ့)၊ တိုင်းရင်းသား လက်နက်ကိုင်တချို့နှင့် မြန်မာ့တပ်မတော် ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တွင် အောက်တိုဘာလ ၁၀ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှ ဒဏ်ရာရ အမျိုးသမီးကြီးတစ်ဦးကို ယူကရိန်းစစ်သားတစ်ဦးမှ ဆေးကုသပေးနေစဉ်(ဓါတ်ပုံ-အေပီ)

ယူကရိန်းသို့ လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး ရုရှားတိုက်ခိုက်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1472

CNI International News

ကိယက်ဗ်၊ အောက်တိုဘာ ၁၁

လပေါင်းများစွာအတွင်း ယူကရိန်းသို့ အပြင်းထန်ဆုံး တိုက်ခိုက်မှုအနေဖြင့် အရေးပါသည့် တံတားတစ်စင်းကို အောက်တိုဘာ ၁၀ ရက်တွင် ရုရှားက ဖောက်ခွဲဖျက်ဆီးခဲ့သည်။ အရပ်သားပစ်မှတ်များကို ရုရှားက တိုက်ခိုက်ခဲ့ရာ လျှပ်စစ်ဓာတ်အားပေးစနစ်နှင့် သောက်သုံးရေပိုက်လိုင်းများ၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့သည်။

ရုရှားဘက်မှ အင်အားအလုံးအရင်းသုံး၍ လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် ကြည်းတပ်အင်အားများဖြင့် ယူကရိန်းဒေသအနည်းဆုံး ၁၄ ခုကို နံနက်ပိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူ ၁၀၀ နီးပါး ဒဏ်ရာရရှိသွားခဲ့ကြောင်း ယူကရိန်းအရေးပေါ်ဌာနက ပြောကြားခဲ့သည်။

နိုင်ငံ၏အနောက်ပိုင်းရှိ လာဗစ်မြို့မှ အရှေ့ပိုင်းရှိ ခါကိဗ်မြို့တို့အထိ တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ပျက်စီးခဲ့သော နေရာအများအပြားမှာ ယခင်က စစ်ပွဲ၏ရှေ့တန်းနှင့် အလှမ်းကွာဝေးသော နေရာများဖြစ်ကြသည်။

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် ပျက်ဆီးနေသည့် မော်တော်ကားကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

၎င်းတို့ဘက်မှ ပစ်လွှတ်ခဲ့သော ဒုံးကျည်များမှာ ယူကရိန်းစစ်ဘက်နှင့်စွမ်းအင်ဆိုင်ရာအဆောက်အအုံကို ပစ်မှတ် ထားသည်ဟု ရုရှားက ပြောကြားခဲ့သော်လည်း ဒုံးကျည်အချို့ကတော့ အများပြည်သူလုပ်ငန်းခွင်နှင့် စာသင် ကျောင်းများ၊ သွားလာနေကျ အရပ်သားဧရိယာများကို ထိမှန်ခဲ့သည်။

ဒုံးကျည်တစ်စင်းက ကိယက်ဗ်မြို့လယ်ရှိ အားကစားကွင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အခြားတစ်စင်းမှာ တက္ကသိုလ်ကျောင်းဝင်းထဲ ထိမှန်ခဲ့သည်။

အဆက်မပြတ်တိုက်ခိုက်မှုများကြောင့် အောက်တိုဘာ ၁၀ ရက်၊ ညပိုင်းအထိ နိုင်ငံတဝန်း လျှပ်စစ်မီး ပြတ် တောက်ခဲ့သည်။ အောက်တိုဘာ ၁၁ ရက် (ယနေ့)မှစ၍ ဥရောပနိုင်ငံအချို့ထံသို့ လျှပ်စစ်ဓာတ်အား ရောင်းချမှု များကို ရပ်ဆိုင်းသွားမည်ဟု ယူကရိန်းအာဏာပိုင်များက ကြေညာခဲ့သည်။

ယူကရိန်းနိုင်ငံ Dnipro တွင် ရုရှားတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမီးလောင်ကာ ပျက်ဆီးခဲ့သည်များကို မီးသတ်သမားများက ရှင်းလင်းနေစဉ်(ဓါတ်ပုံ-အေပီ)

လျှပ်စစ်မီးပြတ်တောက်မှု နောက်ဆက်တွဲအဖြစ် သောက်သုံးရေပြတ်လပ်မှုများကိုလည်း ယူကရိန်းဒေသခံများ ရင်ဆိုင်နေရသည်။

ယခုတိုက်ခိုက်ခံရခြင်းများသည် လက်တွေ့ကျသော စစ်ရေးသဘောမျိုး မရှိကြောင်းနှင့် ရုရှား၏ရည်မှန်းချက်မှာ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးဆိုက်ရောက်စေဖို့ဖြစ်ကြောင်း သမ္မတဗိုလိုဒီမီယာဇာလန်းစကီး၏ အကြီး တန်းအကြံပေး အင်ဒရီးယာမက် (Andriy Yermak) က ပြောကြားခဲ့သည်။

နောက်ထပ် ယူကရိန်းသို့ တိုက်ခိုက်မှုများသည် ရုရှား၏လုံခြုံရေးကို ခြိမ်းခြောက်မှုရှိလာသဖြင့် ပြင်းထန်စွာ တုံ့ပြန်ခြင်းဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။

“ဒါနဲ့ပတ်သက်ပြီး ဘယ်သူမှ ယုံမှားသံသယမဖြစ်သင့်ပါဘူး” ဟု ပူတင်က ရုရှားလုံခြုံရေးကောင်စီသို့ ဗီဒီယို မိန့်ခွန်းပြောကြားခဲ့သည်။


Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
မလေးရှားဝန်းကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကော့ဗ်၊ မြန်မာအလုပ်သမားများ ဖမ်းခံရစဉ် (Reuters)

မလေးရှားတွင် ရွေးကောက်ပွဲကျင်းပမည့်အတွက် အဖမ်းအဆီး ပိုများလာနိုင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 4594

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁

မလေးရှားနိုင်ငံတွင် မကြာခင် အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သည့်အတွက် အဖမ်းအဆီး ပိုများလာနိုင်သဖြင့် ရွှေ့ပြောင်းမြန်မာများအနေဖြင့် သတိပြုကြရန် မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက CNI သတင်း ဌာနသို့ ပြောသည်။

Alliance of Chin Refugees (ACR)မှ အတွင်းရေးမှူး စတီဗင်က “ဒီရွေးကောက်ပွဲချိန် နီးပြီဆိုရင် လုပ်နေကြ တစ်ခုပေါ့။ ဒီနှစ်လည်း အဖမ်းအဆီးက ပိုပြီးတော့ များလာနိုင်တယ်။ အထူးသဖြင့် ဒီရွေးကောက်ပွဲ နီးလာတဲ့ အချိန်ဆို။ ရွေးကောက်ပွဲ မတိုင်ခင် လပိုင်း၊ ရက်ပိုင်း အလိုမှာကတော့ တကယ်ကို သတိထားရမယ့် အချိန်ပေါ့။ အသွားအလာ ဆင်ခြင်ရမယ်။ အပြောအဆို အနေအထိုင် ဆင်ခြင်ရမယ်။ တကယ်လို့များ ကိုယ်အလုပ်လုပ်တဲ့ နေ ရာကို အတိုင်အတန်း ခံရတယ် ဘာညာဆိုရင်လည်း immigration နဲ့ ဖမ်းတာတွေ ရှိတယ်။ ဆိုတော့ အဲဒီအချိန် မှာ ဒီရဲဖမ်းတာနဲ့ လ.ဝ.က ဖမ်းတာနဲ့ မတူဘူးကို။ ရဲဖမ်းတာနဲ့ immigration ဝင်လို့ ဖမ်းတာနဲ့ ၂ ခုမှာ ကွာခြားမှု အနည်းအကျဉ်းတော့ ရှိတယ်။ ဒီအချိန်မှာကျတော့ ဘာဖြစ်လာနိုင်လဲဆိုရင် ထင်ထင်ရှားရှားကြီးကို ဖြစ်လာ တယ်။ ရွေးကောက်ပွဲ နီးတော့မယ်ဆိုရင် ဟိုနားတစ်ဝိုက်၊ ဒီနားတစ်ဝိုက် ဆိုပြီးတော့ ကြားနေရတာပေါ့နော်။ ဒါက တော့ လ.ဝ.က အကြီးအကဲတွေ သူတို့ တကယ် အလုပ်လုပ်ပါတယ်ဆိုတဲ့ အကြောင်းပေါ့၊ လုပ်ပြချင်တာ ဖြစ် ကောင်းလည်း ဖြစ်နိုင်တယ်။ နောက်ပြီးတော့ ရွှေ့ပြောင်း အလုပ်သမားတွေကို ပစ်မှတ်ထားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ အခုချိန် ကာလမှာတော့ မျက်စိဖွင့် နားစွင့်ဖို့ပဲ အဓိကကျပါတယ်”ဟု ပြောသည်။

မလေးရှားဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကော့ဗ်က ရွေးကောက်ပွဲအား စောစီးစွာ ကျင်းပရန်အတွက် ပါလီမန်(လွှတ်တော်)ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

မလေးရှားရှိ ရွှေ့ပြောင်းလုပ်သားများ ဖမ်းခံရစဉ် (The Star)

ပါလီမန်(လွှတ်တော်)ကို ဖျက်သိမ်းပြီး ရက်ပေါင်း ၆၀ အတွင်း ကျင်းပမည့် ရွေးကောက်ပွဲ နေ့ရက်ကို ရွေးကောက်ပွဲကော်မရှင်က ကြေညာမည်ဟု မလေးရှားဝန်ကြီးချုပ်ပြောကြောင်း အယ်ဂျာဇီးယား သတင်းဌာနတွင် ရေးသား ဖော်ပြထား သည်။

ထို့ကြောင့် ရွေးကောက်ပွဲသည် နိုဝင်ဘာလ (သို့မဟုတ်) ဒီဇင်ဘာလလောက်တွင် ကျင်းပရန် ဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြသည့်အတွက် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေးကာလ၌ စီမံချက် တစ်ခုအနေဖြင့် အဖမ်းအဆီး ပိုမို များပြားလာမည်ဟု မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက သုံးသပ်ထားကြသည်။

ထို့နောက် စီမံချက်ဖြင့် ဖမ်းဆီးသည့်အခါတွင် တရားမဝင် အထောက်အထားမဲ့များသာမက တရားဝင် အထောက်အထားရှိသူများ၊ တိုင်းရင်းသားလူမျိုး အဖွဲ့အစည်းကတ် ကိုင်ဆောင်ထားသူများနှင့် UN ဒုက္ခသည်ကတ် ကိုင် ဆောင် ထားသူများလည်း ဖမ်းဆီးခံရကြောင်း ရခိုင်ဒုက္ခသည်များ ဗဟို(CAR) မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင် က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လ.ဝ.က ကတော့ အခုက UNHCR ကတ်နဲ့လည်း ဖမ်းတယ်။ တချို့ ပတ်စပို့စ်တွေလည်း ပါတယ်။ ဘာ စာရွက် စာတမ်းမှ မရှိတဲ့လူတွေလည်း ပါတာပေါ့။ ဖမ်းသွားပြီဆိုရင်တော့ လ.ဝ.က ဖမ်းပြီဆိုရင်တော့ လ.ဝ.က အချုပ်တွေကို အကုန်ခေါ်သွားတာ။ တချို့က လုပ်ငန်းပိုင်ရှင်တွေ သူဌေးတွေရှိတဲ့ လူတွေကတော့ လာထုတ်ကြ တယ်၊ ပတ်စပို့စ်တွေ ပါမစ်တွေနဲ့။ တချို့ သူဌေးတွေကျတော့လည်း လ.ဝ.ကတို့ ရဲတို့နဲ့ မဆက်ဆံချင်တော့ ဒီ အတိုင်း ပစ်ထားလိုက်တာ ရှိတယ်။ စာရွက်စာတမ်းမရှိတဲ့ လူတွေက မိမိရဲ့ community center တွေပေါ့။ ကိုယ့် ရဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် မရတဲ့အခါတွေမှာ လုံးဝကို ပျောက်သွားတာတွေ ရှိတာပေါ့။ စီမံချက် နဲ့ဖမ်းရင်တော့ အကုန်လုံးကို ခေါ်သွားတာပါပဲ။ အဲဒီမှာ သူတို့က စုံစမ်းတယ်၊ ဆက်သွယ်တယ်။ ဒီလူ၊ ဒီလူတွေကို တော့ ဖမ်းထားတယ်၊ မြန်မာသံရုံးကို ဆက်သွယ်တယ်။ နောက် လုပ်ငန်းရှင်တွေကို ဆက်သွယ်တာတော့ မရှိဘူး။ ကျနော်တို့လို community အဖွဲ့အစည်းကတ်ကို ကိုင်ထားတဲ့ လူတွေကျတော့ မဆက်သွယ်ဘူး။ တချို့ UN ရှိတဲ့ လူတွေကျတော့ UNHCR ကို ဆက်သွယ်တာတွေရှိတယ်။ UNHCR ကို ဆက်သွယ်တဲ့အခါကျတော့ UN ကတ် ရှိ လား၊ မရှိလား လာထုတ်မလား အဲဒီလိုမျိုးတွေပေါ့။ တစ်ခါတစ်လေလည်း UN နဲ့ အဆက်အသွယ် ရတာတွေ လည်း ရှိတယ်၊ အဆက်အသွယ် မရတာတွေလည်း ရှိတယ်”ဟု ပြောသည်။

မလေးရှားရှိ ရွှေ့ပြောင်းလုပ်သားများ ဖမ်းခံရစဉ် (asia news)

ထို့ကြောင့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာများ အနေဖြင့် အသွားအလာ၊ အနေအထိုင်နှင့် စားသောက်ခြင်းများအား သတိပြုကြရန်၊ ညဘက် အပြင်မထွက်ကြရန်နှင့် မူးယစ်သောက်စား ရမ်းကားခြင်းများ မပြုလုပ် ကြရန် မလေးရှားရောက် မြန်မာအဖွဲ့အစည်းများက အကြံပြုသတိပေးသည်။

ထို့အပြင် အထောက်အထား ရှိသူများအနေဖြင့်လည်း မိမိတို့၏ အထောက်အထားများအား ကိုယ်နှင့်မကွာ အမြဲ ဆောင်ထားကြရန် လိုအပ်ကြောင်းလည်း ၎င်းတို့က အကြံပြုသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
လွှတ်တော်ဖျက်သိမ်းကြောင်း မလေးရှားဝန်ကြီးချုပ်မှ ကြေညာနေသည်ကို မလေးရှားနိုင်ငံသားများ ကြည့်ရှု နေစဉ်(ဓါတ်ပုံ-အေပီ)

လွှတ်တော်ကို မလေးရှားဝန်ကြီးချုပ်ဖျက်သိမ်းပြီး ရွေးကောက်ပွဲကျင်းပရေး ကြေညာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 2221

CNI International News

ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၁

မလေးရှားဝန်ကြီးချုပ် အစ္စမေးဆာဘရီယာကွပ် (Ismail Sabri Yaakob) သည် လွှတ်တော်ကို အောက်တိုဘာ ၁၀ ရက်တွင် ဖျက်သိမ်းလိုက်ပြီး လာမည့် နိုဝင်ဘာအစောပိုင်းတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် လမ်းခင်းပေးသွားမည်ဟု ကြေညာခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

ဝန်ကြီးချုပ် အစ္စမေး၏ မလေးအမျိုးသားညီညွတ်ရေးအဖွဲ့ပါတီ (United Malays National Organization-UMNO) အနေဖြင့် စောစီးစွာ ရွေးကောက်ပွဲကျင်းပသွားရန် တောင်းဆိုချက်များအရ လက်ရှိလွှတ်တော် သက်တမ်း မကုန်မီ ၉ လအလိုတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်သည်။

လက်ရှိအာဏာရညွန့်ပေါင်းအဖွဲ့တွင် အားအကောင်းဆုံးဖြစ်သော UMNO ပါတီသည် ၎င်း၏မဟာမိတ်များနှင့် မသင့်မတင့်ဖြစ်နေပြီး လာမည့်ရွေးကောက်ပွဲတွင် ကြီးကြီးမားမား အောင်ပွဲခံရန် ရည်မှန်းထားသည်။

မိမိနှင့် မလေးရှားဘုရင် ဆူလတန်အဗ္ဗဒူလာဆူလတန်အာမက်ရှား (Sultan Abdullah Sultan Ahmad Shah) တို့ အောက်တိုဘာလ ၉ ရက်တွင် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း အစ္စမေးက ပြောကြားခဲ့သည်။

အစ္စမေးသည် ၎င်း၏အစိုးရအပေါ် အပြစ်တင်ဝေဖန်ခံရမှုများကို တန်ပြန်ရန်အတွက် ယခုကဲ့သို့ ရွေးကောက်ပွဲကို စောစီးစွာ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ လာမည့်ရွေးကောက်ပွဲသည် ၂၀၁၈ ခုနှစ်နောက်ပိုင်း တတိယအကြိမ် မဲ ဆန္ဒပေးခြင်းလည်း ဖြစ်လာမည်ဟု သိရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ပါလီမန်တွင် ဇူလိုင် ၂၆ ရက်၊ ၂၀၂၁ ခုနှစ်က အောက်လွှတ်တော် အထူး အစည်းအဝေး ကျင်းပနေစဉ်(ဓါတ်ပုံ- AFP)

“အခုကြေညာချက်အရ လုပ်ကိုင်ခွင့်ကို ပြည်သူတွေဆီ ပြန်ပေးမှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့လုပ်ပိုင်ခွင့်ဟာ ခိုင်မာပြီး တည်ငြိမ်တဲ့အစိုးရတစ်ရပ် ပေါ်ပေါက်လာရေးအတွက် အာနိသင်ထက်မြက်တဲ့ ဖြေဆေးလည်း ဖြစ်ပါတယ်” ဟု အစ္စမေးက ရုပ်သံလိုင်းမှ ထုတ်လွှင့်သောမိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

လွှတ်တော်ဖျက်သိမ်းပြီး ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ကြေညာရန်အတွက် ရွေး ကောက်ပွဲကော်မရှင်သည် ယခုသီတင်းပတ်အတွင်း တွေ့ဆုံဆွေးနွေးရေးပြုလုပ်မည်ဟု မျှော်လင့်ရသည်။

နန်းတော်မှ ထုတ်ပြန်သောကြေညာချက်တစ်စောင်ထဲတွင် ဘုရင် ဆူလတန်အဗ္ဗဒူလာက “မုတ်သုံရာသီသည် နိုဝင်ဘာလလယ်ပိုင်းတွင် စတင်လေ့ရှိသဖြင့် ရွေးကောက်ပွဲမြန်မြန်ကျင်းပသွားမည်ဟု မျှော်လင့်ကြောင်း” ထုတ်ဖော်ပြောကြားထားသည်။

အောက်တိုဘာ ၁၀ ရက်နှောင်းပိုင်းတွင် လန်ဒန်အလည်အပတ်ခရီးမှ ပြန်ရောက်လာသည့် ဘုရင်က “၎င်းအနေ ဖြင့် အစ္စမေး၏တောင်းဆိုချက်အရ ပြည်သူများထံမှ တည်ငြိမ်သောအစိုးရတစ်ရပ် မဲပေးတင်မြှောက်ဖို့မှအပ အခြားရွေးချယ်စရာမရှိကြောင်း” ပြောကြားခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
Des Moines အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သမ္မတ ဂျိုးဘိုင်ဒန်မှ Air Force One ပေါ်မတက်မီ မီဒီယာ များနှင့် စကားပြောဆိုခဲ့စဉ်(ဓါတ်ပုံ-အေပီ)

အမေရိကန်သည် ရန်သူများနှင့် ဆက်ဆံရေး ပိုယိုယွင်းလာဟု စစ်တမ်းပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1427

CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၁၁

မကြာသေးမီနှစ်များအတွင်း အမေရိကန်၏နိုင်ငံတကာအမြင်သည် ကြီးမားသောအပြောင်းအလဲတစ်ရပ်နှင့် ကြုံတွေ့ခဲ့ရကြောင်း စစ်တမ်းအသစ်တစ်စောင်ကို ကိုးကား၍ အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

၎င်း၏မဟာမိတ်နိုင်ငံများနှင့် အမေရိကန်ဆက်ဆံရေးသည် ယခင်အတိုင်းတူညီစွာ ဆက်ရှိနေမည်(သို့မဟုတ်) တိုးတက်လာမည်ဟု အများစုက မျှော်လင့်နေကြသော်လည်း ရုရှားနှင့်မြောက်ကိုရီးယားတို့ကဲ့သို့ အစဉ်အလာအရ ရန်သူများနှင့် ဆက်ဆံရာတွင်တော့ အမေရိကန်၏ရန်လိုမှုမှာမှာ ကြီးထွားလာမည်ဖြစ်ကြောင်း အေပီက ဆက်လက် ရေးသားသည်။

ဘိုင်ဒန်အစိုးရအပေါ် အကဲဖြတ်ချက်များအရ ထရမ့်အစိုးရထက် အကြမ်းဖျင်းအားဖြင့် တူညီသော်လည်း အချို့ အချက်များမှာ ပြီးခဲ့သည့် ၄ နှစ်အခြေအနေထက် များစွာကွာခြားသွားပုံရသည်။

ယခုအခါ အမေရိကန်နိုင်ငံသား အရွယ်ရောက်ပြီးသူ ၆၀ ရာခိုင်နှုန်းတို့က အမေရိကန်သည် ရန်သူများနှင့်ဆက်ဆံ ရေး ပိုမိုဆိုးရွားလာကြောင်း ပီယာဆင်သိပ္ပံ (Pearson Institute) နှင့် NORC အေပီ၏ပြည်သူ့ရေးရာသုတေသန စင်တာတို့ ပူးပေါင်းကောက်ခံသော စစ်တမ်းတစ်စောင်ထဲတွင် ဖြေဆိုထားကြသည်။ နိုင်ငံသား ၂၁ ရာခိုင်နှုန်းတို့က မဟာမိတ်များနှင့်အမေရိကန် ယိုယွင်းလာမည်ဟု စစ်တမ်းတွင် ဖြေဆိုခဲ့ကြပြီး ၄၆ ရာခိုင်နှုန်းတို့က မဟာမိတ် များနှင့် ဆက်ဆံရေးကျဆင်းသွားသည်ဟု ထုတ်ဖော်ခဲ့ကြသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

ယေဘုယျအားဖြင့် အမေရိကန်၏ ကမ္ဘာ့အပေါ်ရပ်တည်ချက်ပိုဆိုးလာမည်ဟု အဆိုပါစစ်တမ်းဖြေဆိုသူ ၃၉ ရာခိုင် နှုန်းတို့ယုံကြည်ကြသည်။ အဆိုပါမေးခွန်းကိုပဲ ၂၀၁၈ ခုနှစ်တွင် ဖြေဆိုခဲ့ပုံ ၄၈ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ် ကြည့်နိုင် သည်။ အမေရိကန်ပြည်တွင်းနိုင်ငံရေးသည် နိုင်ငံခြားရေးရပ်တည်ချက်များအပေါ် အမြင်များ လွှမ်းမိုးမှုရှိကြောင်း ယင်းရာခိုင်နှုန်းက ပြသနေသည်။

“ထိုရလဒ်များသည် အမှန်တကယ်တွင် ဘက်လိုက်မှုလွန်ကဲနေကြောင်း အတိအလင်းပြသနေကြောင်း၊ ဒီမိုကရက်တစ်နှင့်ရီပတ်ဘလစ်ကန်အမတ်များသည် အမေရိကန်နိုင်ငံခြားရေးရပ်တည်ချက်များအတွက် ဘက်လိုက်နေကြ ကြောင်း ”ဟု ချီကာဂိုမြို့အခြေစိုက် ပီယာဆန်ကမ္ဘာ့ရေးရာပဋိက္ခများနှင့် ဖြေရှင်းနည်း လေ့လာရေးစင်တာမှ နိုင်ငံရေးသိပ္ပံပညာရှင်၊ ဂလိုဘယ်ဖိုရမ်အမှုဆောင်ဒါရိုက်တာဖြစ်သူ ရှီလာကိုဟန်တက်ဘ် (Sheila Kohanteb) က ပြောကြားခဲ့သည်။

နိုင်ငံတကာအပေါ် အမေရိကန်ဆက်ဆံမှုကို ကြည့်လျှင် အမေရိကန်နိုင်ငံသားများ၏ ထင်မြင်ချက်ယူဆချက်များ အနက် အဓိကအချက်မှာ နိုင်ငံရေးအစုအဖွဲ့များထံမှ ထင်ဟပ်မှုများကို တွေ့ရကြောင်း ရှီလာကိုဟန်တက်ဘ် က ဆက်လက်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၄ နှစ်ကတော့ ဒီမိုကရက်တစ်အမတ်များ၏ လေးပုံတစ်ပုံသည် အမေရိကန်၏ကမ္ဘာလုံးဆိုင်ရာ ရပ်တည်ချက်ကို သက်ရောက်စေမည်ဟု မျှော်လင့်ခဲ့ကြသည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်က နေပြည်တော်သို့ NMSP ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာစဉ်

ငြိမ်းချမ်းရေးဆွေးနွေးရန် NMSP နေပြည်တော်ရောက်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1394

 

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးရန် မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ယနေ့ (အောက်တိုဘာ ၁၀ ရက်)တွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အောက်တိုဘာ ၁၁ ရက်နေ့တွင် တွေ့ဆုံ၍ ဆွေးနွေးကြမည်ဖြစ် ပြီး ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တော့ အောက်တိုဘာ ၁၂ ရက်နေ့မှာ ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။

မွန်ပြည်သစ်ပါတီ(NMSP) ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်မှ ၂၅ ရက်အထိ ပထမအကြိမ် နစကနှင့်တွေ့ဆုံ ဆွေးနွေးထားသည်။

ယခု တွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်သည်။ တခြား တစ်ဖက်မှာတော့ မွန်ပြည်သစ်ပါတီ(NMSP)ကို နစက နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး မဆွေးနွေးရန် တောင်းဆိုမှုများလည်း ရှိနေသည်။

NMSP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် မွန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

 

 

Share
Tweet
Share
Share
powered by social2s

အဖွဲ့အစည်း အားလုံးနှင့်တွေဆုံဆွေးနွေးလိုကြောင်း RCSS ကမ်းလှမ်း

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1742

 

CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀

တိုင်းပြည်အကျိုးအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အားလုံးနှင့်တွေ့ဆုံဆွေးနွေးလိုကြောင်း RCSS က ယနေ့(အောက်တိုဘာ ၁၀ ရက်)တွင် ထုတ်ပြန် ကမ်းလှမ်းခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို အောက်တိုဘာ ၁၀ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်အတွင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသော ရှမ်းလက်နက်ကိုင်ဖြစ်သည်။

Share
Tweet
Share
Share
powered by social2s

ရုရှားအပေါ် ကွဲလွဲမှု၊ G-20 အစည်းအဝေးနဲ့ အင်ဒိုဆောင်ရွက်မှု အိန္ဒိယထောက်ခံ

By CNI News
CNI News
Category: ဆောင်းပါး
Hits: 2397

 

CNI International News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၉

ယူကရိန်းသို့ ရုရှားကျူးကျော်မှုအပေါ် ဆန့်ကျင်သည့်အုပ်စုများ အခိုင်အမာရှိနေသည့် နောက်ခံအခင်းအကျင်း၌ စီစဉ်ခဲ့သည့် လာမည့် G-20 ထိပ်သီး အစည်းအဝေးအတွက် အိန္ဒိယသည် အဓိပ္ပါယ်ပြည့်ဝသော ရလဒ်များ အပြီး သတ်နိုင်စေဖို့ အင်ဒိုနီးရှားကို တက်ကြွစွာ အားပေးထောက်ခံခြင်းများ ပြသခဲ့သည်။

နယူးဒေလီအစိုးရ၏ G-20 ထိပ်သီး အစည်းအဝေးကို ထောက်ခံကြိုဆိုသည့် အကြောင်းကို အစိုးရအဖွဲ့၏ မူဝါဒရေးရာ ပညာရှင်အဖွဲ့ခေါင်းဆောင် အမီတာကန့်က ထုတ်ဖော်ပြောကြားသည်။

၎င်းဦးဆောင်သည့် အိန္ဒိယကိုယ်စားလှယ်အဖွဲ့သည် G-20 လက်ရှိဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှား၏ အကြို အစည်း အဝေးကို ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ယောယာကာတားမြို့၌ ကျင်းပခဲ့ရာ သွားရောက် ဆွေးနွေးခဲ့ကြသည်။

ထိပ်သီးအစည်းအဝေး အကြိုဆွေးနွေးမှုအဖြစ် အမီတာကန့်က “လာမည့်နိုဝင်ဘာ ကျင်းပမည့် G-20 ဘာလီ ထိပ်သီး အစည်းအဝေးအတွက် အဓိပ္ပါယ်ပြည့်ဝသော ရလဒ်များ အပြီးသတ်နိုင်ရန် အင်ဒိုနီးရှား၏ G-20 အလှည့် ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း အိန္ဒိယ၏ ကတိကဝတ်နှင့် တက်ကြွစွာ ထောက်ခံအားပေးသွားမည့် အကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်” ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက စက်တင်ဘာလကုန်ပိုင်း၌ သတင်းထုတ် ပြန်ခဲ့သည်။

G-20 ကို လက်ရှိလွှမ်းမိုးနေသည့် ပထဝီဝင် နိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ နိုင်ငံအသီးသီးမှ မိတ်ဖက်များ နှင့် တွေ့ဆုံဆွေးနွေးစဉ် အမီတာကန့်က ၎င်းတို့ဝန်ကြီးချုပ် နရိန္ဒရာမိုဒီ၏ စက်တင်ဘာ ၁၆ ရက် ပြောကြားချက် ကို နောက်ထပ်တဖန် ချပြခဲ့သည်။

မိုဒီက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံစဉ် “ယနေ့ခေတ်သည် စစ်ဖြစ်ရတော့မည့် အချိန် မဟုတ်ကြောင်း၊ သံတမန်ရေးအရ ဆွေးနွေးမှုများဖြင့် ကမ္ဘာ့ပြဿနာများကို ထိရောက်စွာ အဖြေရှာရမည်ဖြစ်ကြောင်း” အတိ အလင်း သဘောထား မှတ်ချက်ပေးခဲ့ရာ ဂယက်များစွာ ဖြစ်ပေါ်ခဲ့သည်။

ဥဇဘက်ကစ္စတန်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီး အစည်းအဝေးတွင် ပူတင်နှင့် တွေ့ဆုံစဉ်အတွင်း မိုဒီက အထက်ပါ သဘောထား မှတ်ချက်ကို ပြတ်သားစွာ ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် ကျူးကျော်စစ် အဆုံးသတ်ရန် ပူတင်ကို မိုဒီက တိုက်တွန်းခဲ့ပြီး စစ်ရေးပဋိပက္ခကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ရင်ဆိုင်နေရသော စားနပ်ရိက္ခာနှင့် စွမ်းအင် အကျပ်အတည်းကို ထည့်သွင်း စဉ်းစားရမည်ဟု သတိချပ်စေခဲ့သည်။

အမီတာကန့်ကလည်း အင်ဒိုနီးရှားသို့ ရောက်ရှိစဉ် G-20 အလားအလာနှင့်ပတ်သက်၍ အဓိက ဦးစားပေး နယ်ပယ် များတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကြိုးပမ်းအားထုတ်မှုများကို အားကောင်းလာစေရန်နှင့် ကမ္ဘာလုံး ဆိုင်ရာ အာရုံစိုက်မှုကို မြှင့်တင်ရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

အဓိက ဦးစားပေး နယ်ပယ်များတွင် ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှု (SDGs) အရှိန်မြှင့်တင်ရေး၊ ရာသီဥတု ပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေး စသည်တို့ ပါဝင်သည်။

အိန္ဒိယ၏ လူမှုပတ်ဝန်းကျင် နေထိုင်မှုပုံစံ (Lifestyle for Enviroment)၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ ဒစ်ဂျစ်တယ် အများသုံး အခြေခံ အဆောက်အဦ၊ ဘက်စုံပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသမီး စွမ်းဆောင်မှုတို့လည်း အကျုံးဝင် ကြောင်း အမီတာကန့်၏ ပြောကြားချက်များတွင် ပါရှိသည်။

ထို့ပြင် G-20 ထိပ်သီး အစည်းအဝေးအကြို Sherpa ဆွေးနွေးပွဲပြင်ပတွင် သီးခြားအနေဖြင့် အမီတာကန့်သည် ဘရာဇီး၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တောင်ကိုရီးယား၊ စပိန်၊ ဗြိတိန်နှင့် အမေရိကန်တို့မှ Sherpa မိတ်ဖက် ကိုယ်စားလှယ်များနှင့် အပြန်အလှန် တွေ့ဆုံနှုတ်ဆက်မှုများ ပြုလုပ်ခဲ့သည်။

“အိန္ဒိယဘက်မှ အပြုသဘောဆောင်သည့် ကြားဝင်ဆောင်ရွက်ပေးမှုများသည် G-20 ဆွေးနွေးမှုများတွင် အကောင်း မြင်လာစေမှုကို ရှေးရှုလျက် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် စုပေါင်း ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာလာစေကြောင်း” နယူးဒေလီမြို့ရှိ ပြည်ပရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ထဲတွင် ရေးသားထားသည်။

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး စက်မှုထိပ်သီး နိုင်ငံပေါင်း ၂၀ ကို စုဖွဲ့ထားသော G-20 အတွင်း ရုရှား၏ ယူကရိန်း ကျူးကျော်စစ်အပေါ် သဘောထားမှာ သိသာထင်ရှားစွာ ကွဲလွဲနေကြသေးသည်။

G-20 အစည်းအဝေးများ ကျင်းပချိန် ရုရှားအစိုးရဘက်မှ တာဝန်ရှိသူများ မိန့်ခွန်းတက်ပြောသည့်အခါ နိုင်ငံပေါင်း ၂၀ အစုအဖွဲ့မှ အဖွဲ့ဝင် အများအပြား အစည်းအဝေးခန်းမကို ကျောခိုင်း၍ အပြင်ထွက်ခွာကြသည်။ ထို့ပြင် ရုရှား ကို G-20 အဖွဲ့ထဲမှ ထုတ်ပယ်ရန် တောင်းဆိုသည့် အဖွဲ့ဝင်နိုင်ငံ အများအပြား ရှိနေသည်။

ထိုသို့ သဘောထား ကွဲလွဲမှုများကို အဆုံးသတ်စေလိုသူမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို ဖြစ်သည်။ သူသည် ယူကရိန်း-ရုရှား စစ်ရေးပဋိပက္ခ ဖြေရှင်းရန် ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် ၎င်းနှစ်နိုင်ငံမှ ခေါင်းဆောင်များ စစ်ဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာရှမြေပေါ်တွင် တွေ့ဆုံရန် စီစဉ်နိုင်ခဲ့သည့် အာရှခေါင်းဆောင် လည်း ဖြစ်သည်။

အမေရိကန်ဦးဆောင်သော အနောက်အုပ်စုများ၏ ဖိအားများကို တွန်းလှန်၍ ဂျိုကိုဝီဒိုဒိုသည် ဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးတို့ကို G-20 များကို အောင်မြင်စွာ ဖိတ်ကြားခဲ့သည်။

အင်ဒိုနီးရှားက ဥက္ကဋ္ဌ တာဝန်ယူထားစဉ်အတွင်း ပထမအကြိမ် G-20 Sherpa အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာတွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို ပြီးခဲ့သည့် ဇူလိုင်လတွင် ကျင်းပခဲ့သည်။

အိန္ဒိယသည် လာမည့် ဒီဇင်ဘာလရောက်လျှင် G-20 အလှည့်ကျ ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းရမည်ဖြစ်သည်။ ထို့အတွက် လာမည့် ၂၀၂၃ ခုနှစ်တွင် နယူးဒေလီမြို့တော်တွင် G-20 ထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် အိန္ဒိယက လက်ခံ ကျင်းပပေးရမည် ဖြစ်သည်။

သို့ဖြစ်၍ မဝေးလှသော အနာဂတ်တွင် အိန္ဒိယသည် G-20 တာဝန်နှင့်အတူ ကမ္ဘာ့ရေးရာများကို ကျွဲကူးရေပါ ဆိုသလို ဆုံးဖြတ် လုပ်ကိုင်ရဦးမည် ဖြစ်ပေသတည်း။      ။

Source: Hindustan Times

(ဟိန္ဒူစတန်တိုင်းမ်သတင်းဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင် Rezaul H Laskar ၏ရေးသားချက်ကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်)

 

 

 

Share
Tweet
Share
Share
powered by social2s
ပူတင်၊ ဇာလန်စကီးနဲ့ ဂျိုကိုဝီဒိုဒို တို့ကိုတွေ့ရစဉ်

ပူတင်နှင့်ဇာလန်းစကီး G-20 အစည်းအဝေးတက်ရန် အင်ဒိုနီးရှားသွားကြမည်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1570

 

CNI International News

ဘာလီ၊ အောက်တိုဘာ ၈

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ၎င်း၏ ယူကရိန်းသမ္မတ ဗလာဒီမာ ဇာလန်စကီးတို့သည် G-20 ထိပ်သီး အစည်းအဝေး တက်ရန်အတွက် လာမည့် နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းသို့ သွားရောက် ကြမည် ဖြစ်ကြောင်း အင်ဒိုနီးရှား သံတမန်တစ်ဦးက ယူအေအီးအခြေစိုက် The National မီဒီယာသို့ ပြောကြားခဲ့ သည်ဟု အာရ်တီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အဆိုပါသတင်း အမှန်ဆိုပါက လာမည့် G-20 ထိပ်သီး ဆွေးနွေးပွဲသည် ယူကရိန်းသို့ ရုရှား၏ထိုးစစ် စတင်စဉ် ကတည်းက နှစ်နိုင်ငံခေါင်းဆောင်များ ပထမဆုံး တက်ရောက်သည့် ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာမည်ဟု ရုရှား အခြေစိုက် အာရ်တီ သတင်းဌာနက ဆက်လက် ရေးသားသည်။

“နှစ်ရပ်လုံးက တက်ရောက်ဖို့ သဘောတူထားပါတယ်” ဟု ယူအေအီးနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ် ဟူစိန်ဘာဂစ် (Husain Bagis) က The National မီဒီယာသို့ အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

“ယူကရိန်း-ရုရှားစစ်ပွဲကြောင့် အစည်းအဝေး အခြေအနေက မလွယ်ပါဘူး” ဟု ဟူစိန်ဘာဂစ်က ဝန်ခံခဲ့ပြီး အင်ဒိုနီးရှား အစိုးရအနေဖြင့်  အဆိုပါခေါင်းဆောင်နှစ်ဦး ရောက်ရှိလာရေးအတွက် ကြိုတင်စီစဉ်စရာများ ပြင်ဆင် နေပြီဟု ဆက်လက်ပြောကြားခဲ့သည်။

ပူတင်နဲ့ ဂျိုကိုဝီဒိုဒို ကိုတွေ့ရစဉ်(AP)

“သူတို့ကို ဘယ်ဟိုတယ်မှာ ထားရမလဲဆိုတာ သေသေချာချာ စီမံနေပါတယ်။ တည်းခိုစရာ တစ်ခုက မစ္စတာ ပူတင် အတွက်ပေါ့။ နောက်တစ်ခုက မစ္စတာ ဇာလန်းစကီး အတွက်ဆိုပြီး စဉ်းစားဆုံးဖြတ်နေပါတယ်” ဟု ၎င်းက ပြောသည်။

ရုရှားသမ္မတ ပူတင် G-20 ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည်ဟု ပြီးခဲ့သည့် ဇွန်လတွင် ကရင်မလင် သမ္မတနန်းတော်က အတည်ပြုခဲ့ပြီး ဖြစ်သော်လည်း ပူတင် တက်ရောက်မည့် အစီအစဉ်ကို မသတ်မှတ်ရသေး ကြောင်း ကရင်မလင်ပြောခွင့်ရသူ ဒီမီထရီပက်စကော့ဗ်က အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

ဇာလန်းစကီးကတော့ “စစ်အတွင်းကာလ ကိယက်ဗ်၌ပင် မိမိ ရှိသင့်သည်ဟု ယုံကြည်ကြောင်း” ပြီးခဲ့သည့် ဩဂုတ်လတွင် ပြောကြားခဲ့ဖူးသော်လည်း G-20 သို့ ပူတင် ကိုယ်တိုင် တက်မည်ဆိုပါက သူလည်း ပြည်ပ ခရီးစဉ် အတွက် စဉ်းစားလိမ့်မည်ဟု အာရ်တီသတင်းဌာနက ဖော်ပြသည်။

ဇာလန်းစကီးနဲ့ဂျိုကိုဝီဒိုဒို ကိုတွေ့ရစဉ်

ပူတင်ကို ဖိတ်ကြားခြင်းမပြုရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အခြားအနောက်အုပ်စုနိုင်ငံ ခေါင်းဆောင်များ က အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကို တိုက်တွန်းခဲ့ကြသော်လည်း ဝီဒိုဒိုက အနောက်အုပ်စုဖိအားကို တွန်းလှန်၍ ၎င်း၏အစီအစဉ်အတိုင်း ရုရှားခေါင်းဆောင်ကို ဖိတ်ကြားခဲ့သည်။

ဝီဒိုဒိုသည် လာမည့် နွေရာသီမတိုင်မီ ဇာလန်းစကီးနှင့် ပူတင်တို့ကို တွေ့ဆုံစေပြီး ခေါင်းဆောင်နှစ်ဦး ဆွေးနွေးရေး လမ်းဖွင့်ရန်နှင့် စစ်ပွဲရပ်တန့်ရေး ကမ်းလှမ်းရန်အတွက် ကြိုးပမ်းနေခဲ့ကြောင်း၊ မိမိတို့ အင်ဒိုနီးရှားသည် G-20 ကို ပဋိပက္ခ အငြင်းပွားရေးအတွက် မရည်ရွယ်ဘဲ ငြိမ်းချမ်းရေး ပလက်ဖောင်း တစ်ခုဖြစ်အောင် ရည်ရွယ် ကျင်းပသွား မည်ဖြစ်ကြောင်း အင်ဒိုသံတမန်က The National မီဒီယာသို့ ရှင်းပြခဲ့သည်။

Source: အာရ်တီသတင်းဌာန

 

 

 

Share
Tweet
Share
Share
powered by social2s

၁၉၆၂ အကျပ်အတည်းနောက်ပိုင်း နျူကလီးယားအန္တရာယ်အကြီးဆုံးဟု ဘိုင်ဒန်ပြော

By CNI
CNI
Category: Watch TV
Hits: 672

Share
Tweet
Share
Share
powered by social2s
  • 48
  • 49
  • 50
  • 51
  • 52
  • 53
  • 54
  • 55
  • 56
  • 57

Page 53 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar