CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
နိုဘယ်ငြိမ်းချမ်းရေးဆုရတဲ့ အေလက်စ်ဘီယာလီယက်စကီ (Reuters)

ဘယ်လာရုစ်၊ ရုရှား၊ ယူကရိန်းအရေး တက်ကြွလှုပ်ရှားသူများ နိုဘယ်ငြိမ်းချမ်းရေးဆုရ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1418

 

CNI International News

အော်စလို၊ အောက်တိုဘာ ၇

ဘယ်လာရုစ်နိုင်ငံတွင် အကျဉ်းကျခံနေရသည့် လူ့အခွင့်အရေးရှေ့နေ အေလက်စ်ဘီယာလီယက်စကီ၊ ရုရှား လူ့အခွင့်အရေးအဖွဲ့ Memorial နှင့် ယူကရိန်း လူ့အခွင့်အရေးအဖွဲ့ ပြည်သူ့လွတ်လပ်ရေးစင်တာတို့သည် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို မှတ်တမ်းတင်ရန် ကြိုးစားခဲ့ကြသဖြင့် ၂၀၂၂ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆုများ အသီးသီး ရရှိသွားကြောင်း အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အဆိုပါ ဆုရစာရင်းကို နော်ဝေနိုင်ငံ၊ အော်စလိုမြို့တော်ရှိ နော်ဝေနိုဘယ်ဆုရေးရာသိပ္ပံက အောက်တိုဘာ ၇ ရက် (ယနေ့) ကြေညာခဲ့သည်။

“အိမ်နီးချင်း တိုင်းပြည်များဖြစ်သည့် ဘယ်လာရုစ်၊ ရုရှားနှင့် ယူကရိန်းတို့မှ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့အတွက် ထူးချွန်သူ ၃ ဦးကို နော်ဝေနိုဘယ်ဆုကော်မတီက ဂုဏ်ပြုလို ခြင်းဖြစ်သည်” ဟု  ကော်မတီဥက္ကဋ္ဌ ဘီရစ်ရီယစ်စ်အန်ဒါဆင်က ပြောကြားခဲ့သည်။

၎င်းသည် ဘယ်လာရုစ်အကျဉ်းထောင်မှ အေလက်စ်ဘီယာလီယက်စကီ လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့သူ ဖြစ်သည်။

ဆုကြေးအဖြစ် ဆွီဒင် ခရိုနာငွေကြေး ၁၀ သန်း (သို့မဟုတ်) ဒေါ်လာ ၉ သိန်းကို အော်စလိုမြို့တွင် လာမည့် ဒီဇင်ဘာ ၁၀ ရက်၌ ပေးအပ်မည်ဖြစ်ပြီး ထိုနေ့သည် အဆိုပါဆုကို စတင်တည်ထောင်ခဲ့သည့် ဆွီဒင်စက်မှု လုပ်ငန်းရှင် အဲလ်ဖရက်နိုဘယ်လ် ကွယ်လွန်သည့် နှစ်ပတ်လည်နေ့လည်း ဖြစ်သည်။

“နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်တွေဟာ သူတို့မိခင်နိုင်ငံတွေမှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို ကိုယ်စားပြုပါ တယ်။ အာဏာကို ဝေဖန်ပိုင်ခွင့်နဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အခြေခံ အခွင့်အရေးတွေကို ကာကွယ်ဖို့ နှစ်ပေါင်း များစွာ ကြိုးစားမြှင့်တင်ခဲ့ကြသူတွေပါ” ဟု နော်ဝေနိုဘယ်ဆုကော်မတီက ကြေညာချက်တွင် ပြောကြား ထားသည်။

“သူတို့ဟာ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အာဏာအလွဲသုံးစား လုပ်မှုတွေကို မှတ်တမ်း တင်ဖို့ ပြောင်မြောက်စွာ ကြိုးစားခဲ့ကြသူတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အရေးပါမှုကို သူတို့ဟာ အတူတကွ ပြသခဲ့ကြပါတယ်” ဟု အဆိုပါကြေညာချက်တွင် ဆက်လက်ပြောကြားထားသည်။

“မော်စကိုမြို့ရှိ MEMORIAL International အဖွဲ့ကို အတင်းအကျပ် ဖျက်သိမ်းခဲ့ပေမယ့်လည်း နေရာသစ်မှာ တည်ရှိပြီးတော့ ရုရှားမိတ်ဖက်တွေအတွက် ဆက်လက် ပံ့ပိုးကူညီဖို့ ကျနော်တို့ သန္နိဋ္ဌာန်ချထားပါတယ်” ဟု Memorial ဘုတ်အဖွဲ့ဝင် အန်ကီဂျင်ဆင်းက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

Source: Aljazeera

 

Share
Tweet
Share
Share
powered by social2s
ဘိုင်ဒန်နဲ့ ဆော်ဒီမင်းသား မိုဟာမက်ဘင်စလန်ကိုတွေ့ရစဉ် (AP)

ဆော်ဒီ၏ ထိုးနှက်ချက်ကြောင့် နိုင်ငံရေးအရ ဘိုင်ဒန်အရှက်ရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1638

CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၇

လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် ဆက်စပ်နေသည့် ဆော်ဒီအာရေဗျ အိမ်ရှေ့စံမင်းသား၏ ထိုးနှက်ချက်ကြောင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် နိုင်ငံရေးမူဝါဒ အလောင်းအစားထဲတွင် အရှက်ရဆုံး ရှုံးနိမ့်မှုတစ်ခုကို အသိ အမှတ် ပြုခဲ့ရကြောင်း အေပီက ရေးသားဖော်ပြသည်။

ကမ္ဘာ့ဩဇာအကြီးဆုံး ရေနံစွမ်းအင်ပိုင်ဆိုင်သည့် ဆော်ဒီအာရေဗျနှင့် တစ်ချိန်က ဆက်ဆံရေးကို ပြုပြင်ပြောင်းလဲ ရန် ကြိုးပမ်းချက် တစ်ရပ်အဖြစ် ဘိုင်ဒန်သည် ပြီးခဲ့သည့် ဇူလိုင်လတွင် ဆော်ဒီမင်းသား မိုဟာမက်ဘင်စလန်နှင့် တွေ့ဆုံခဲ့သော်လည်း ပြေလည်မှု မရခဲ့ပေ။

ယူကရိန်းသို့ ရုရှားကျူးကျော်စစ်ကြောင့် ရေနံထုတ်လုပ်သူ တစ်ဦးဖြစ်သည့် ရုရှားကို အမေရိကန်က အဆက်ဖြတ် ခဲ့သလို အခြားတဖက်တွင်လည်း အိုပက် (OPEC) ၏ ခြိမ်းခြောက်မှုလည်း ရှိလာခဲ့သည်။

အမေရိကန်ပြည်တွင်း၌ ငွေကြေးဖောင်းပွမှုနှုန်း တိုးလာခြင်း၊ လောင်စာဆီဈေး တက်လာခြင်းတို့ကြောင့် ၎င်း၏ အမေရိကန်သမ္မတ သက်တမ်းမကုန်မီ မဲဆန္ဒရှင်များ၏ ဒေါသများမှာ ဘိုင်ဒန်အပေါ် ပုံကျလာခဲ့ပြီး ဒီမိုကရက်တစ် ပါတီ ဝင်များ၏ ရွေးကောက်ပွဲ အလားအလာ လျော့ပါးစေခဲ့သည်။

ဘိုင်ဒန်နဲ့ သူ့ကိုထောက်ခံသူများ အမှတ်တရာ ဓာတ်ပုံရိုက်နေစဉ် (Biden-fb)

ဆော်ဒီအာရေဗျနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်ကို ဘိုင်ဒန်က “စိတ်ပျက်စရာပါ။ အမေရိကန်-ဆော်ဒီ ဆက်ဆံရေးမှာ ပြဿနာတွေ ရှိနေတယ်” ဟု အောက်တိုဘာ ၆ ရက်တွင် ဖြေကြားခဲ့သည်။

ဆယ်စုနှစ်များစွာ သက်တမ်းရှိသည့် အမေရိကန်၏ လက်နက်နှင့်စစ်ဘက်ဆိုင်ရာ အကာအကွယ်ပေးမှုကို ပြန်လည် ရုပ်သိမ်းခြင်းဖြင့် ဆော်ဒီကို တုံ့ပြန်ရန် ကွန်ဂရက်(လွှတ်တော်)အတွင်း ဒီမိုကရက်တစ်ပါတီဝင်များက ဘိုင်ဒန်အစိုးရထံသို့ အောက်တိုဘာ ၆ ရက်တွင် တောင်းဆိုခဲ့သည်။

ဆော်ဒီမင်းသား မိုဟာမက်ကတော့ အနှစ် ၇၀ ကျော်ကြာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက် ဆော်ဒီရပ်တည်ချက်ကို အဆုံးသတ်ခဲ့ပြီဟု အခိုင်အမာပြောကြားခဲ့ပြီး ဖြစ်သည်။

ယူကရိန်းစစ်မြေပြင်ကိုတွေ့ရစဉ် (AP)

နှစ်နိုင်ငံ ဆက်ဆံရေး မဟာဗျူဟာတွင် အမေရိကန်က ဆော်ဒီ၏ ပြင်ပရန်သူများကို အကာအကွယ်ပေးရန် အတွက် အခြေခံထားမှုကို တောက်လျှောက် ထားရှိခဲ့သလို ဆော်ဒီကလည်း အခြေအနေ တည်ငြိမ်စေရန်အတွက် ကမ္ဘာ့ဈေးကွက်များထဲသို့ ရေနံ လုံလောက်စွာ တင်ပို့ပေးခဲ့သည်။

ယခုကဲ့သို့ ဆော်ဒီဘက်မှ ရေနံဖြတ်တောက်လာခြင်းသည် ရန်လိုသည့်လုပ်ရပ်ဟု ခေါ်ဆိုလျက် နယူးဂျာစီ ပြည်နယ်မှ ဒီမိုကရက်တစ် လွှတ်တော်အမတ် တွမ်မာလီနောင်းစကီက အခြားအမတ်နှစ်ဦးနှင့်အတူ ကွန်ဂရက် (လွှတ်တော်)သို့ တင်ပြခဲ့သည်။

“ယူကရိန်းထဲ စက်ဆုပ်စရာကောင်းတဲ့ ကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ ပူတင်အပေါ် ဆော်ဒီ ကူညီခဲ့တာတွေကို အမေရိကန် နိုင်ငံသားတွေက ဘယ်လောက်ကြာကြာ အမှတ်ရနေမှာပါ။ ဒါဟာ ပြင်းထန်ရက်စက်တဲ့ လုပ်ရပ်ပါ” ဟု အထက်လွှတ်တော် (ဆီးနိတ်) လူများစုရေးရာခေါင်းဆောင် ချက်စဂျူးမားက ပြောကြားခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s

နွေဦးတော်လှန်ရေး အောင်မြင်ရန် တိုင်းရင်းသားများ၏ အခန်းကဏ္ဍမှာ အရေးကြီးဟု ပြော

By CNI
CNI
Category: Watch TV
Hits: 712

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယားကို တရုတ်နှင့်ရုရှား အကာအကွယ်ပေးနေဟု အမေရိကန်စွပ်စွဲ

By CNI
CNI
Category: Watch TV
Hits: 694

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်ကာကွယ်ရေးအတွက် တစ်ပါးသူကို အားကိုးနေမည် မဟုတ်ဟုပြော

By CNI
CNI
Category: Watch TV
Hits: 727

Share
Tweet
Share
Share
powered by social2s

မြန်မာစစ်တပ်ကိုယ်စားလှယ်ကို အာဆီယံစားပွဲဝိုင်းခေါ်ဖို့ အဆိုပြုမည်ဟု ဖိလစ်ပိုင်ပြော

By CNI
CNI
Category: Watch TV
Hits: 720

Share
Tweet
Share
Share
powered by social2s

ကျောက်တော်တိုက်ပွဲရှောင်များကို နေရပ်ပြန်ခိုင်း၊ နစက-က ထောက်ပံ့ပေးမည်ဟုဆို

By CNI
CNI
Category: Watch TV
Hits: 703

Share
Tweet
Share
Share
powered by social2s
UN ဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်ဂရင်းဖီးကိုတွေ့ရစဉ် (GETTY IMAGES)

မြောက်ကိုရီးယားကို တရုတ်နှင့်ရုရှား အကာအကွယ်ပေးနေဟု အမေရိကန်စွပ်စွဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1331

CNI International News

နယူးယောက်၊အောက်တိုဘာ ၆

နျူကလီးယား လက်နက်များနှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်များအပေါ် ကုလသမဂ္ဂ (UN) လုံခြုံရေးကောင်စီ ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများမှ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ရုန်းထွက်၍ အားကောင်းစေရန် တရုတ်နှင့်ရုရှားတို့ ပံ့ပိုးနေကြကြောင်း အမေရိကန်က အောက်တိုဘာ ၅ ရက်တွင် စွပ်စွဲခဲ့သည်။

“မြောက်ကိုရီးယားဟာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နှစ်နိုင်ငံရဲ့ အကာအကွယ်ပေးမှုကို ရရှိနေပါတယ်” ဟု UN ဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်ဂရင်းဖီးက ပြောကြားခဲ့သည်။

“တိုတိုပြောရရင် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နှစ်ယောက်က ကင်မ်ဂျုံအန်းကို လမ်းဖွင့်ပေးထားပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အောက်တိုဘာ ၄ ရက်၌ နျူကလီးယားလက်နက်ပိုင်ရှင် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ် ပစ်လွှတ်ခဲ့ပြီးနောက် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံတို့ အောက်တိုဘာ ၅ ရက်တွင် တွေ့ဆုံခဲ့ကြသည်။

မြောက်ကိုရီးယားဒုံးကျည်သည် ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံကို ဖြတ်ကျော်၍ ပစ်လွှတ်ခဲ့ရာ ဂျပန်ကျွန်းများပေါ် နေထိုင်သူများအား အရေးပေါ် သတိပေးချက် ထုတ်ခဲ့ရသည်။

UN ဆိုင်ရာ ရုရှားသံအမတ်ကြီးကိုတွေ့ရစဉ် (GETTY IMAGES)

လုံခြုံရေးကောင်စီ အစည်းအဝေးအား တရုတ်နှင့်ရုရှားတို့က အခြေအနေတစ်ရပ်ကို ဖြေလျှော့ရန် မသင့်တော်ဟု ယူဆ၍ မလိုလားကြပေ။

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အယ်လ်ဘေးနီးယား၊ ဘရာဇီး၊ အိန္ဒိယ၊ အိုင်ယာလန်၊ နော်ဝေနှင့် အာရပ်စော်ဘွား များ ပြည်ထောင်စု (ယူအေအီး)တို့မှ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၉ ဦးတို့သည် မြောက်ကိုရီးယား၏ ဒုံးကျည် ပစ်လွှတ်မှုကို ရှုတ်ချကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

လုံခြုံရေးကောင်စီသည် ပြင်းထန်သော စကားလုံးများ (သို့မဟုတ်) ဖိအားများကို အားကိုးနေမည့်အစား အပြု သဘော ဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရန် လိုအပ်ကြောင်း UN ဆိုင်ရာ တရုတ်လက်ထောက်သံအမတ် ဂန်ရှောင် (Geng Shuang) က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း (GETTY IMAGES)

“အခြေအနေတစ်ရပ်ကို အရှိန်မြှင့်တာထက် ဆွေးနွေးမှုတွေနဲ့ အထောက်အကူ ဖြစ်သင့်ပါတယ်။ ကွဲပြားခြားနားမှု တွေကို ကျယ်ပြန့်အောင် ချဲ့ထွင်မယ့်အစား တွေ့ဆုံဆွေးနွေးရေး ပြန်စဖို့ အရှိန်မြှင့်သင့်ပါတယ်။ ညီညွတ်မှုကို တည်ဆောက်ပါ” ဟု ၎င်းက တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့် မေလတွင် မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့ မှုများ ထပ်မံချမှတ်ရန် အမေရိကန်ဦးဆောင်၍ တွန်းအားပေးခဲ့သော်လည်း လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် တရုတ်နှင့်ရုရှားတို့က ဗီတိုအာဏာဖြင့် ပယ်ချခဲ့ကြသည်။

၂၀၀၆ ခုနှစ်တွင် ပြုံယမ်းအစိုးရကို အပြစ်ပေး အရေးယူမှု စတင်ပြီးနောက် လုံခြုံရေးကောင်စီအတွင်း သဘော ထား ကွဲလွဲမှုများ ပထမဆုံးအကြိမ် အများသိအောင် ဖြစ်လာခဲ့သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကိုလံဘီယာအစိုးရနှင့် ELN သူပုန်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စမည်

By CNI
CNI
Category: Watch TV
Hits: 697

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယားကိုတုံ့ပြန်သည့် တောင်ကိုရီးယားပဲ့ထိန်းဒုံးကျည် ကျရောက်ပေါက်ကွဲ

By CNI
CNI
Category: Watch TV
Hits: 678

Share
Tweet
Share
Share
powered by social2s

နောင်ကျင်းပမည့်‌ ရွေးကောက်ပွဲတွင် မျှတမှုရှိရန် ပြင်ဆင်ရမည်ဟု နစက ဥက္ကဋ္ဌ ပြော

By CNI
CNI
Category: Watch TV
Hits: 674

Share
Tweet
Share
Share
powered by social2s

နောင်ကျင်းပမည့်‌ ရွေးကောက်ပွဲတွင် မျှတမှုရှိရန် ပြင်ဆင်ရမည်ဟု နစက ဥက္ကဋ္ဌ ပြော

By CNI
CNI
Category: Watch TV
Hits: 689

Share
Tweet
Share
Share
powered by social2s
ရခိုင်အမျိုးသားပါတီကိုတွေ့ရစဉ်

ရခိုင်တိုက်ပွဲရှောင်အရေး ဆွေးနွေးရန် ANP ကို UEC စာပို့

By CNI
CNI
Category: နိုင်ငံရေး
Hits: 1770

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅

လက်ရှိ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် အရေးကိစ္စများ ဆွေးနွေးရန် ရခိုင်အမျိုးသားပါတီ (ANP) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က စာပို့ထားကြောင်း ANP ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့ တကျော့ပြန် တိုက်ပွဲကြောင့် ဒေသခံ လူထုများ၏ ထိခိုက်နစ်နာမှုနှင့် ပတ်သက်၍ စက်တင်ဘာ ၂၉ ရက်က ANP မှ ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန် ခဲ့သည်။

ဦးသာထွန်းလှက “ကျနော်တို့ ပါတီကနေ စက်တင်ဘာ ၂၉ ရက်နေ့က အခု ရခိုင်ပြည်နယ်မှာ တကျော့ပြန် တိုက်ပွဲ တွေ ပြင်းထန်လာတာ ဖြစ်နေတယ်၊ မြန်မာ့တပ်မ‌တော်နဲ့ ရက္ခိုင့်တပ်တော် AA ကြားမှာ တိုက်ပွဲပြင်းထန်မှုတွေ ဖြစ်လာတဲ့အတွက်ကြောင့် ပြည်သူတွေ အသက်ထိခိုက် ဆုံးရှုံးမှုတွေ၊ ထိခိုက်ဒဏ်ရာ ရမှုတွေ၊ နေအိမ်ပျက်စီးမှု‌ တွေ စစ်ဘေးရှောင်ပြည်သူတွေ ဦးရေ အသစ်ထပ်တိုးလာတာနဲ့ ပတ်သက်ပြီး ကျနော်တို့ ပါတီက သဘောထား ကြေညာချက် တစ်ခုထုတ်ခဲ့တယ်၊ အဲဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ဆိုပြီး UEC က ခေါ်တဲ့ တွေ့ဆုံဆွေးနွေးဖို့တော့ ‌ခေါ်တာရှိတယ်၊ အဲဒီစာက မနေ့က ကျနော်တို့ လက်ခံရရှိခဲ့တယ်၊ အဲဒါကြောင့် အောက်တိုဘာ ၁၂ ရက်နေ့မှာ ဆွေးနွေးဖို့ဆိုပြီး ကျနော်တို့ ပါတီကို စာပို့ထားတာ ရှိတယ်၊ လောလောဆယ် အဲဒီလောက်ပါပဲ” ဟု CNI သတင်း ဌာနသို့ ပြောသည်။

ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွားများကို အကာအကွယ်ယူပြီး တိုက်ပွဲ မဖော်ဆောင်ကြရန်၊ မြန်မာ့တပ်မ‌တော်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုတို့ အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ကြောင်း စက်တင်ဘာ ၂၉ ရက်က ANP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ထို့အတူ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးနေကြသည့် INGOs၊ NGOs နှင့် CSOs များအား ပိတ်ပင် ထားမှုကို ပြန်လည်ဖွင့်ပေးရန်၊ စစ်ပွဲဧရိယာ၊ စစ်ပွဲနှင့် မပတ်သက်သည့် နေရာများ အပါအဝင် မြို့နယ်တချို့အား ကုန်းလမ်း၊ ရေးလမ်း များကို အကန့်အသတ်မရှိ ပိတ်ဆို့ထားမှုသည် ၎င်းဒေသရှိ ဒေသခံပြည်သူ လူမျိုးပေါင်းစုံ၏ အသက်ရှင် နေထိုင်ရေးကို ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု ရှုမြင်ကြောင်း ANP ၏ ထုတ်ပြန်ချက်က ပြောထားသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် AA သည် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ နယ် အတွင်းမှာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများရှိသလို အဆိုပါ တိုက်ပွဲများ ကြောင့် တိုက်ပွဲရှောင် ၁ သောင်းခွဲကျော် ရှိလာကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

၂၀၂၀ ရွေးကောက်ပွဲနဲ့ နစက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဦးခင်ရီ ဘာပြောလဲ

By CNI
CNI
Category: Watch TV
Hits: 1237

Share
Tweet
Share
Share
powered by social2s
အမျိုးသား လွတ်မြောက်ရေးတပ် (ELN) တပ်မှူး အန်တိုနီယိုဂါစီယာနှင့် ကိုလံဘီယာ အစိုးရ ကိုယ်စား ငြိမ်းချမ်းရေးဆိုင်ရာ မဟာမင်းကြီး အိုင်ဗန်ဒါနီလိုတို့ လက်ဆွဲ နှုတ်ဆက်နေကြစဉ်(ဓါတ်ပုံ-အေပီ)

ကိုလံဘီယာအစိုးရနှင့် ELN သူပုန်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စမည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1393

CNI International News

ဘိုဂိုတာ၊ အောက်တိုဘာ ၅

ကိုလံဘီယာအစိုးရကိုယ်စားလှယ်များနှင့် ပြည်တွင်းအင်အားအကောင်းဆုံး ELN ပြောက်ကျားသူပုန်အဖွဲ့တို့ အောက်တိုဘာ ၄ ရက်တွင် တွေ့ဆုံခဲ့ကြပြီး ၂၀၁၈ ခုနှစ်က ဆိုင်းငံ့ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည် စတင်သွားမည်ဟု ကြေညာခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

၎င်းတို့သည် ဗင်နီဇွဲလားနိုင်ငံ၏မြို့တော်တွင် တွေ့ဆုံခဲ့ကြပြီးနောက် ကိုလံဘီယာအစိုးရနှင့် အမျိုးသား လွတ်မြောက်ရေးတပ် (ELN) ကိုယ်စားလှယ်များ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်မည့်ရက်ကို လာမည့်နိုဝင်ဘာ ပထမရက်သတ္တပတ်အကုန်ပိုင်းတွင် ထပ်မံကြေညာမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

နော်ဝေ၊ ဗင်နီဇွဲလားနှင့် ကျူးဘားစသည့် နိုင်ငံများသည် ကိုလံဘီယာငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အာမခံ ပေးကြသော နိုင်ငံများဖြစ်ကြပြီး ဆွေးနွေးမှုများ အောင်မြင်စေဖို့ အရပ်ဘက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု လည်း မရှိမဖြစ်လိုအပ်ကြောင်း အထက်ပါကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။

အမျိုးသား လွတ်မြောက်ရေးတပ် (ELN) တပ်မှူး အန်တိုနီယိုဂါစီယာနှင့် ကိုလံဘီယာ အစိုးရ ကိုယ်စား ငြိမ်းချမ်းရေးဆိုင်ရာ မဟာမင်းကြီး အိုင်ဗန်ဒါနီလို လက်မှတ်ရေးထိုးကြစဉ်(ဓါတ်ပုံ-အေပီ)

ဆွေးနွေးပွဲကျင်းပမည့်နေရာကို မကြေညာရသော်လည်း ELN တပ်မှူး အန်တိုနီယိုဂါစီယာ (Antonio Garcia) က ကျူးဘား၊ နော်ဝေနှင့် ဗင်နီဇွဲလားနိုင်ငံများတွင် စေ့စပ်ညှိနှိုင်းရေးအဆင့်များကို သီးခြားစီ ဆွေးနွေးနိုင်ရန် အကြံပြုတင်ပြထားသည်။

ELN ပြောက်ကျားတပ်ဖွဲ့ကို ကျူးဘားတော်လှန်ရေးမှ လှုံ့ဆော်လာခဲ့သည့် ကျောင်းသားများ၊ သမဂ္ဂခေါင်းဆောင် များနှင့် ဘာသာရေးခေါင်းဆောင်များက ၁၉၆၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ကြသည်။

အဆိုပါတပ်ဖွဲ့သည် ကိုလံဘီယာပြည်တွင်း၌ အင်အား ၄ သောင်းခန့်ရှိသည်ဟု ယုံကြည်ရပြီး တရားမဝင်ရွှေတွင်း များနှင့်မူးယစ်ဆေးဝါး‌ရောင်းဝယ်ဖောက်ကားသည့်လမ်းကြောင်းများကို ဗင်နီဇွဲလားနိုင်ငံပိုင်နက်နှင့် ချိတ်ဆက် လုပ်ကိုင်နေသည်။

ကိုလံဘီယာအစိုးရနှင့် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များအကြား ၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေး သဘော တူညီချက်အရ ELN သည် ပြည်တွင်း၌ နောက်ဆုံးလက်ကျန်နှင့်အင်အားအကောင်းဆုံး ပြောက်ကျား သူပုန် အဖွဲ့အဖြစ် အသိအမှတ်ပြုခဲ့သည်။ ထိုအချိန်မှစ၍ ယခင် FARC အဖွဲ့၏ ထိန်းချုပ်နယ်မြေများတွင် ELN က ၎င်း၏လှုပ်ရှားမှုများကို တိုးမြှင့်လာခဲ့သည်။

ELN သည် ပြန်ပေးဆွဲခြင်းနှင့် ရေနံလုပ်ငန်းအခြေခံအဆောက်အဦများကို တိုက်ခိုက်ခြင်းတို့ကြောင့် နာမည်ကြီး သဖြင့် အမေရိကန်အစိုးရနှင့် ဥရောပသမဂ္ဂ (EU) တို့၏ အကြမ်းဖက်အဖွဲ့အစည်းစာရင်းထဲသို့ သွတ်သွင်းထားခြင်း ခံရသည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ ပိုမိုအဆင့်မြင့်သော ဒုံးကျည်များ အမေရိကန်ပို့မည်

By CNI
CNI
Category: Watch TV
Hits: 743

Share
Tweet
Share
Share
powered by social2s
  • 49
  • 50
  • 51
  • 52
  • 53
  • 54
  • 55
  • 56
  • 57
  • 58

Page 54 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar