CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ဘိုင်ဒန်၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာက တရုတ်နှင့်ရုရှားကို ဦးတည်

By CNI
CNI
Category: Watch TV
Hits: 673

Share
Tweet
Share
Share
powered by social2s

ဘယ်လာရုစ် ယူကရိန်းစစ်ပွဲထဲပါဝင်ရန် နီးလာ

By CNI
CNI
Category: Watch TV
Hits: 697

Share
Tweet
Share
Share
powered by social2s

နျူလက်နက် သယ်ဆောင်နိုင်သည့် ခရုဇ်ဒုံးကျည် မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်

By CNI
CNI
Category: Watch TV
Hits: 687

Share
Tweet
Share
Share
powered by social2s

တည်ဆဲဥပဒေများ လိုက်နာရန် ANP ကို UEC သတိပေး

By CNI
CNI
Category: Watch TV
Hits: 669

Share
Tweet
Share
Share
powered by social2s
နေတိုးအထွေထွေ အတွင်းရေးမှူးချုပ် ဂျန်စ့်စတိုလန်ဘတ်ကိုတွေ့ရစဉ် (AP)

ယူကရိန်းစစ်ပွဲ နေတိုး ရှောင်ရှား၊ အဖွဲ့ဝင်များကို မည်သည့်နည်းဖြင့်မဆို ကူညီမည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1396

CNI International News

ဘရပ်ဆဲလ်၊ အောက်တိုဘာ ၁၃

ယူကရိန်းအတွက် လက်နက်ထုတ်လုပ်ပေးရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ရုန်းကန်နေရသည့် စိန်ခေါ်မှုနှစ်ရပ်ကို အဖွဲ့ဝင်နိုင်ငံများ ရင်ဆိုင်နေရစဉ်အတွင်း မြောက်အတ္တလန္တိတ်စစ်စာချုပ်(နေတိုး)အဖွဲ့ဝင် နိုင်ငံအသီးသီးမှ ကာကွယ်ရေးဝန်ကြီးများ အောက်တိုဘာ ၁၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

လတ်တလော အနေအထားတွင် ရုရှားလက်တုံ့ပြန် ဖျက်ဆီးလိုသည့် စွမ်းအင်ပိုက်လိုင်းများ (သို့မဟုတ်) ဓာတ်အားနှင့်ဆက်သွယ်ရေး ကေဘယ်ကြိုးများကဲ့သို့ အရေးကြီးသည် ဥရောပအခြေခံ အဆောက်အဦများကိုလည်း အကာအကွယ်ပေးနေရသည်။

ယူကရိန်းထဲသို့ ကျူးကျော်ဝင်ရောက်ရန် ၎င်း၏တပ်ဖွဲ့များကို သမ္မတပူတင် အမိန့်ပေးပြီးနောက်ပိုင်း ၈ လတာ အတွင်း နိုင်ငံပေါင်း ၃၀ ပါဝင်သည့် နေတိုးမဟာမိတ်အဖွဲ့သည် စည်းမျဉ်းစည်းကမ်းအတိုင်း ထိန်းသိမ်း ရပ်တည်ခဲ့သည်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီးကိုတွေ့ရစဉ် (AP)

နျူကလီးယား လက်နက်ပိုင်ရှင် ရုရှားနှင့် စစ်ရေးအခြေအနေ ပိုမိုဆိုးရွားလာခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် နေတိုး အဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းထံသို့ နယ်မြေခုခံ ကာကွယ်ရေး အတွက်သာ အထောက်အပံ့များ ပေးပို့ခဲ့သည်။

သို့သော် နေတိုးအဖွဲ့ဝင် တစ်နိုင်ငံချင်းကတော့ သံချပ်ကာယာဉ်များ၊ လေကြောင်းရန် ကာကွယ်ရေးစနစ်များ (သို့မဟုတ်) တင့်ကားဖျက် ဒုံးကျည်များ အပါအဝင် ခဲယမ်းမီးကျောက်များကို ယူကရိန်းထဲသို့ ပေးပို့နေကြသည်။

အဆိုပါ အထောက်အပံ့များအနက် ယူကရိန်းတပ်ဖွဲ့ဝင်များကို စစ်ဆင်ရေး သင်ခန်းစာများ လေ့ကျင့်သင်ကြား ပေးခြင်းလည်း အကျုံးဝင်သည်။

သို့သော် ယခုသီတင်းပတ်အတွင်း ယူကရိန်းမြို့ကြီးများကို ရုရှားက ဒုံးကျည်များဖြင့် ဆက်တိုက် ပစ်ခတ်လာခဲ့ရာ နေတိုးနိုင်ငံများ၏ လက်ရှိစစ်ရေး အထောက်အပံ့များမှာ မလုံလောက်သည့် အနေအထားသို့ ရောက်ရှိလာခဲ့သည်။

ဖင်လန်ကာကွယ်ရေးဝန်ကြီးကိုတွေ့ရစဉ် (AP)

နေတိုးကာကွယ်ရေးဝန်ကြီးများသည် ထောက်ပံ့ရေးဆိုင်ရာ နည်းလမ်းများကို စုစည်း၍ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ပေးရေး စက်မှုလုပ်ငန်းများ အရှိန်မြှင့်တင်ရန် ဆွေးနွေးငြင်းခုံခဲ့ကြသည်။

“ကျနော်တို့ မဟာမိတ်နိုင်ငံတွေက လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ထောက်ပံ့ပေးခဲ့ကြပေမယ့် ပိုပြီး ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ ခရုဇ်ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ မတူညီတဲ့ စစ်ရေးတာဝန်တွေကို ဆက်လုပ်နိုင်ဖို့ တာတို၊ တာဝေး လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ လိုအပ်တာဖြစ်ပါတယ်” ဟု နေတိုးအထွေထွေ အတွင်း ရေးမှူးချုပ် ဂျန်စ့်စတိုလန်ဘတ်က ပြောကြားခဲ့သည်။

“ယူကရိန်းဟာ ကျယ်ပြန့်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီးတော့ မြို့တွေလည်း အများကြီးပါပဲ။ ဒါကြောင့် မြို့တွေနဲ့ နယ်မြေ အစိတ်အပိုင်းတွေကို ရုရှားတိုက်ခိုက်ခံရတာကနေ ကာကွယ်ဖို့ ယူကရိန်းအတွက် အတိုင်းအတာတစ်ခု အထိ တိုးမြှင့်ထောက်ပံ့ဖို့ လိုအပ်ပါတယ်” ဟု ဘရပ်ဆဲလ်မြို့ရှိ နေတိုးဌာနချုပ်တွင် ကျင်းပသည့် အစည်းအဝေး မတိုင်မီ သတင်းထောက်များကို စတိုလန်ဘတ်က ရှင်းပြခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘယ်လာရုစ် သမ္မတ လူကာရှန်ကို (Reuters)

ဘယ်လာရုစ် ယူကရိန်းစစ်ပွဲထဲပါဝင်ရန် နီးလာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1600

CNI International News

မင့်ခ်၊ အောက်တိုဘာ ၁၃

ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲနေသည့် ရုရှား၏ မဟာမိတ်ဖြစ်သော ဘယ်လာရုစ်သည် ယူကရိန်းစစ်ပွဲထဲ ပါဝင်လာရန် နီးကပ်လာနေကြောင်း ရိုက်တာက ရေးသားထားသည်။

ယခုသီတင်းပတ်အတွင်း ဘယ်လာရုစ်နိုင်ငံ၌ စစ်ရေးလှုပ်ရှားမှုများ ဂယက်ရိုက်ခတ်ခြင်းကို ယူကရိန်းနှင့် အနောက်အုပ်စု နိုင်ငံများ အာရုံစိုက်ခဲ့ကြသည်။

ယူကရိန်းမြေပေါ်တွင် ရုရှား၏ ကျူးကျော်စစ်ကို ထောက်ခံအားပေးရန်အတွက် ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို အနေဖြင့် ၎င်း၏စစ်တပ်အား ရုရှားအပေါ် ကတိကဝတ်ပြုလာမည့် အလားအလာရှိကြောင်း အရိပ် လက္ခဏာတစ်ရပ် ပြသလာသည်ဟု ရိုက်တာက ရေးသားသည်။

လူကာရှန်ကိုသည် ယူကရိန်းနယ်စပ်အနီး ရုရှားတပ်ဖွဲ့များနှင့်အတူ ဘယ်လာရုစ်တပ်များ ဖြန့်ကြက်ချထားရန် အမိန့်ပေးထားပြီး တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြောင်း ဘယ်လာရုစ် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ယူကရိန်းရဲ့ စစ်မြေပြင်ကိုတွေ့ရစဉ် (GETTY IMAGES)

ယူကရိန်းနယ်စပ်မှ ကီလိုမီတာ ၂၀ (၁၂ မိုင်)သာ ဝေးကွာသော ယာ့ခ် (Yelk) မြို့အနီးတွင် ဘယ်လာရုစ် ပြည်ထဲရေးဝန်ကြီးဌာနက ချေမှုန်းရေးဆိုင်ရာ လက်နက်ကိုင် လေ့ကျင့်မှုများကို အောက်တိုဘာ ၁၁ ရက်၌ ပြုလုပ်ခဲ့သည်။

ယူကရိန်းအရေးတွင် ဘယ်လာရုစ် ပါဝင်ပတ်သက်မှု ပိုမို၍ ထဲထဲဝင်ဝင် လုပ်ဆောင်လာလျှင် အနောက်အုပ်စု၏ ပိတ်ဆို့ အရေးယူခြင်းနှင့် ရင်ဆိုင်ရနိုင်ကြောင်း ပြင်သစ်က ဘယ်လာရုစ်ကို သတိပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် အဆိုပါ နယ်စပ်အနီးတွင် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးမစ်ရှင် တစ်ခုကို စေလွှတ်ချထားရန် စက်မှုထိပ်သီး (G-7) အုပ်စုဝင် ၇ နိုင်ငံထံသို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက တောင်းဆိုခဲ့သည်။

ယူကရိန်းသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှား စတင်ကျူးကျော်စဉ်က ဘယ်လာရုစ်သည် ၎င်း၏ပိုင်နက် ကို လက်နက်ကြီး ပစ်လွှတ်ရေးအတွက် အသုံးပြုခွင့် ပေးခဲ့သော်လည်း စစ်ပွဲထဲသို့ တိုက်ရိုက်ပါဝင်ခဲ့ခြင်း မရှိပေ။

ရုရှားသမ္မတ ဗလာဒီမာပူတင်က စစ်ပွဲထဲ ဝင်ရန် တောင်းဆိုလာပါက လူကာရှန်ကို အနေဖြင့် ရွေးချယ်စရာမရှိ ကြောင်း ပြောကြားခဲ့ပြီး ဖြစ်သည်။

ယူကရိန်းစစ်ပွဲအတွင်းက ယူကရိန်းပြည်သူများများကိုတွေ့ရစဉ် (GETTY IMAGES)

ယခုအခါ ယူကရိန်းစစ်မြေပြင်တွင် မော်စကိုသည် ဆက်တိုက် ရှုံးနိမ့်မှုများမှ ရုန်းထွက်နိုင်ရန် အားယူနေရပြီး ရုရှား စစ်ဗိုလ်ချုပ်များအပေါ် မကြုံစဖူး လူထုဝေဖန်မှုများ ရင်ဆိုင်နေရချိန်လည်း ဖြစ်သည်။

သို့သော် ဘယ်လာရုစ်၏ စွက်ဖက်မှုရှိလာလျှင် စစ်ရေးအခြေအနေ များစွာ ကွာခြားသွားလိမ့်မည်ဟုလည်း ယူဆနေကြသည်။

နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးသိပ္ပံ၏ အဆိုအရ ဘယ်လာရုစ်နိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီး ချိန် လွတ်လပ်ရေးရစဉ်ကတည်းက စစ်မတိုက်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော် ကြာခဲ့ပြီဖြစ်ကြောင်း သိရသည်။

“သူတို့တပ်ကို တိုက်ခိုက်ရေးစွမ်းရည် အစမ်းသပ်ခံနိုင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့လို့ အတိအကျ ပြောလို့မရပါဘူး” ဟု စစ်ရေးလေ့လာသုံးသပ်သူ ဆာမီယာပူရီ (Samir Puri) က ပြောကြားခဲ့သည်။

၎င်းသည် “ရုရှားနှင့်ယူကရိန်း စစ်ပွဲသို့ သွားရာလမ်း” စာအုပ်ကို ရေးသားပြုစုခဲ့သူ ဖြစ်သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
ANP ပါတီကိုတွေ့ရစဉ်

တည်ဆဲဥပဒေများ လိုက်နာရန် ANP ကို UEC သတိပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1217

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃

လက်ရှိ တည်ဆဲဥပဒေများကို လိုက်နာရန် ရခိုင်အမျိုးသားပါတီ (ANP)အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)မှ သတိပေးခဲ့ကြောင်း ANP ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်က မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန် တိုက်ပွဲကြောင့် ဒေသခံလူထုများ၏ အခက်အခဲနှင့် ပတ်သက်၍ ထုတ်ပြန်ချက် တစ်စောင်ကို ANP မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်သည် မျှတမှု မရှိဟုဆိုကာ UEC က ခေါ်ယူ တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA တိုက်ပွဲ အခြေပြုမြေပုံ

ဦးသာထွန်းလှက “တွေ့ဆုံဆွေးနွေးတာကတော့ အဓိကကြတော့ ကျနော်တို့ စက်တင်ဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့တဲ့ Statement ကိစ္စလေ အဲဒီအပေါ်မှာ UEC ဘက်က သူတို့ အဲဒီ Statement ကို သုံးသပ်ရာမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေက တချို့ပုဒ်မတွေနဲ့ အဲဒီပုဒ်မတွေကို စောင့်ထိန်းလိုက်နာဖို့အတွက် အားနည်း ပျက် ကွက်မှုတွေ တွေ့တယ်ဆိုပြီး အဲဒီလို မနေ့က ရှင်းပြတယ်၊ ပြီးရင် ဒီထုတ်ပြန်ချက် အပေါ်မှာ တဖက်သတ် ဆန်မှု တွေ ရှိတယ်ဆိုတဲ့ အမြင်လည်း သူတို့ ပြောတယ်၊ အဲဒါကြောင့် အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ နောက် နောင် အဲဒီလို ထုတ်မယ်ဆိုရင် ဒီလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေ၊ နည်းဥပဒေတွေကို လိုက်နာဖို့ လိုအပ်တယ်၊ အဲဒီဥပဒေတွေကို လိုက်နာမှု မရှိဘဲ ဆန့်ကျင်တဲ့ သဘောထား ထုတ်ပြန်ချက်တွေကို မထုတ်ပြန်ဖို့ လိုအပ်တယ်၊ UEC ဖက်က အမြင်ကို သူတို့က အဲဒီလို သူတို့အမြင်ကို ပြောတယ်၊ အခုလက်ရှိ ဥပဒေတွေ အပေါ် မှာ လိုက်နာဖို့ လိုတယ်ဆိုတဲ့ ကိစ္စကိုတော့ သူတို့ဖက်က ကျနော်တို့ကို ပါတီကို အသိပေးသလို၊ သတိပေးတဲ့ ပုံစံ မျိုးလည်း ရှိတယ်လို့ ပြောလို့ရတယ်၊ ကျနော်တို့ကလည်း အဲဒီအပေါ်မှာ မူတည်ပြီးကျနော်တို့ ပြန်ပြီး ကျနော်တို့ ဆွေးနွေးတင်ပြတာ ဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို အကာအကွယ်ယူပြီး တိုက်ပွဲ မဖော်ဆောင် ကြရန်၊ မြန်မာ့တပ်မ‌တော်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုတို့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်က လမ်းဆုံတစ်နေရာကိုတွေ့ရစဉ်

ထို့အတူ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးနေကြသည့် INGOs၊ NGOs နှင့် CSOs များအား ပိတ်ပင် ထားမှုကို ပြန်လည်ဖွင့်ပေးရန်၊ စစ်ပွဲဧရိယာ၊ စစ်ပွဲနှင့် မပတ်သက်သည့် နေရာများ အပါအဝင် မြို့နယ်တချို့အား ကုန်းလမ်း၊ ရေလမ်းများကို အကန့်အသတ်မရှိ ပိတ်ဆို့ထားမှုသည် ၎င်းဒေသရှိ ဒေသခံပြည်သူ လူမျိုးပေါင်းစုံ၏ အသက်ရှင် နေထိုင်ရေးကို ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု ရှုမြင်ကြောင်း ANP ထုတ်ပြန်ချက်က ပြောထားသည်။

ဦးသာထွန်းလှက “ကျနော်တို့ကလည်း သဘောထားထုတ်ပြန်ချက်က အခုလက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ တကျော့ပြန် စစ်ပွဲမှာ ပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ရှိနေတယ်၊ အဲဒါကြောင့် ပြည်သူတွေ ခံစားနေရတဲ့ အခြေအနေတွေ ရှိနေတယ်၊ အဲဒီအပေါ်မှာ ကျနော်တို့ ပါတီ အနေနဲ့လည်း ပြည်သူတွေအတွက်၊ နိုင်ငံအတွက် ထူထောင်ထားတဲ့ ပါတီဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ကလည်း အဲဒီလို ထုတ်ဖော်ပြောဆိုဖို့ တာဝန်ရှိတယ်လို့ ယူဆတယ်၊ ယုံလည်း ယုံကြည်တယ်၊ အဲဒါကြောင့် ပြည်သူတွေအတွက် ကျနော်တို့ ပြည်သူတွေ ထိခိုက်နစ်နာမှု အတွက် ရည်ရွယ်လို့ အဲဒါကို ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်၊ ကာကွယ်ဖို့လည်း လိုအပ်တယ်လို့ ယူဆလို့ ထုတ် ပြန်တာ ဖြစ်တယ်၊ အဲဒါကြောင့် အဲဒီအပေါ်မှာကတော့ တစ်ဖက်က အမြင်စိုးရိမ်မှု ရှိနိုင်တယ်၊ ကျနော်တို့ ဖက်က လည်း လိုအပ်လို့ ထုတ်ပြန်တာ ဖြစ်တယ်ဆိုတာ ကျနော်တို့လည်း ပြန်ရှင်းပြတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ULA/AA နှင့် တပ်မတော်တို့ ၂ နှစ်နီးပါး ရပ်နားထားသည့် တိုက်ပွဲမှာ ပြီးခဲ့သည့် ဩဂုတ်လ အတွင်းက စတင်ကာ တကျော့ပြန် ဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲများကြောင့် သြဂုတ်လနှင့် စက်တင်ဘာလအတွင်းမှာ တိုက်ပွဲရှောင် လူဦးရေ ၆၁၆၇ ဦး တိုးလာကြောင်း AA က ထုတ်ပြန်ထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဒုံးကျည်ပစ်လွှတ်နေခြင်းနဲ့အတူ ကင်မ်ဂျုံအန်းကို တွေ့ရစဉ် (AFP)

နျူလက်နက် သယ်ဆောင်နိုင်သည့် ခရုဇ်ဒုံးကျည် မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1749

CNI International News

ပြုံယမ်း၊ အောက်တိုဘာ ၁၃

နျူကလီးယားလက်နက် သယ်ဆောင်နိုင်သည့် ခရုဇ်ဒုံးကျည်ကို မြောက်ကိုရီးယားက စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တာဝေးပစ် မဟာဗျူဟာမြောက် ခရုဇ် (Cruise) ဒုံးကျည်နှစ်စင်း ပစ်လွှတ်မှုကို ခေါင်းဆောင် ကင်မ်ဂျုံ အန်း ကြီးကြပ်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရမီဒီယာကို ကိုးကား၍ ရိုက်တာက အောက်တိုဘာ ၁၃ ရက်တွင် သတင်းဖော်ပြသည်။

စစ်ဘက်ဆိုင်ရာ ယူနစ်များအတွက် နျူကလီးယား စွမ်းရည်နှင့် လက်နက်များ၏ စွမ်းဆောင်ရည်ကို အတည်ပြု စမ်းသပ်ရန် ထိုဒုံးကျည်နှစ်စင်းအား ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၂ ရက်တွင် စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဟု သိရပြီး ဗျူဟာမြောက် နျူကလီးယား စစ်ဆင်ရေးအတွက် ကိုရီးယားပြည်သူ့တပ်မတော် သုံးစွဲမည့် ခရုဇ်ဒုံးကျည်များ၏ ချေမှုန်းရေးစွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း မြောက်ကိုရီးယားမီဒီယာ KCNA က ထုတ်လွှင့်ခဲ့သည်။

ယခု စမ်းသပ် ပစ်လွှတ်ခြင်းသည် မိမိ၏ ရန်သူများကို ထပ်မံ၍ အတိအလင်း သတိပေးချက်ဖြစ်ကြောင်း မြောက်ကိုရီးယားက အလေးပေး ပြောကြားခဲ့သည်။

ဒုံးကျည်ပစ်လွှတ်နေစဉ် (KCNA)

မိမိတို့နိုင်ငံသည် စစ်ရေး အကျပ်အတည်းကို အချိန်မရွေး ပြတ်သားစွာ ဟန့်တားနိုင်ရန်အတွက် ဗျူဟာမြောက် နျူကလီးယား လက်နက်ကိုင် တပ်ဖွဲ့များ၏ စစ်ဆင်ရေး နယ်ပယ်ကို ချဲ့ထွင်သင့်ကြောင်း၊ ထို့အတွက် ယခု စမ်းသပ်ပစ်လွှတ်မှုဖြင့် အစပြုခြင်းဖြစ်ကြောင်း KCNA က သတင်း ဆက်လက် ဖော်ပြသည်။

အောက်တိုဘာ ၁၀ ရက်တွင် ကင်မ်ဂျုံအန်းသည် ယခင်သီတင်းပတ်၌ တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲ ရေတပ် လေ့ကျင့်မှု ကန့်ကွက်သည့် အနေဖြင့် ဗျူဟာမြောက် နျူကလီးယား စစ်ရေးစွမ်းရည် လေ့ကျင့်ရန် ညွှန်ကြားခဲ့ကြောင်း KCNA သတင်းအရ သိရသည်။

အောက်တိုဘာ ၁၂ ရက်၌ စမ်းသပ်ပစ်လွှတ်ခဲ့သော ခရုဇ်ဒုံးကျည်နှစ်စင်းသည် စက္ကန့်ပေါင်း ၁၀,၂၃၄ ကြာအောင် လေထဲတွင် ပျံသန်းခဲ့ပြီး ကီလိုမီတာ ၂,၀၀၀ ( မိုင် ၁၂၄၀) အကွာအဝေးရှိ ပစ်မှတ်ကို တိကျစွာထိမှန်ခဲ့သည်။

အဆိုပါ ဒုံးကျည် ပစ်လွှတ်မှုနှင့်ပတ်သက်၍ ရိုက်တာက သဘောထား မှတ်ချက် တောင်းခံခဲ့သော်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ငြင်းဆိုခဲ့သည်။

ဝါရှင်တန်သည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် မဟာမိတ်များ၊ မိတ်ဖက် နိုင်ငံ များနှင့် အနီးကပ် ပူပေါင်းဆောင်ရွက်သွားရေး အာရုံစိုက်ထားကြောင်းသာ ၎င်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ဗျူဟာမြောက် ခရုဇ်ဒုံးကျည်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ပထမဆုံး စမ်းသပ်ခဲ့ရာ ထိုစဉ်က အဆိုပါ ဒုံးကျည်ကို ၎င်းနိုင်ငံ၏ပထမဆုံး နျူကလီးယားလက်နက်ဟု စစ်ရေးလေ့လာသုံးသပ်သူများက ရှုမြင်ခဲ့ကြသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုတွေ့ရစဉ် (GETTY IMAGES)

ဘိုင်ဒန်၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာက တရုတ်နှင့်ရုရှားကို ဦးတည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1754

CNI International news

ဝါရှင်တန်၊အောက်တိုဘာ ၁၃

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အမျိုးသားလုံခြုံရေးမဟာဗျူဟာသည် တရုတ်၏ အင်အားကြီးထွားလာခြင်းနှင့် ရုရှားကို ဦးတည်ထားသည်ဟု နိုင်ငံတကာ သတင်းများက ရေးသားဖော်ပြခဲ့ကြသည်။

တရုတ်အင်အားကြီးထွားလာမှုကို ထိန်းချုပ်ရန် ကြိုးပမ်းချက်တစ်ရပ်အဖြစ် ကာလအတန်ကြာအောင် နှောင့်နှေး ခဲ့ရသော အမျိုးသားလုံခြုံရေးမဟာဗျူဟာကို အိမ်ဖြူတော်က အောက်တိုဘာ ၁၂ ရက်၌ ထုတ်ပြန်ခဲ့ကြောင်း ဗွီအိုအေ အင်္ဂလိပ်ပိုင်းက ဖော်ပြထားသည်။ သတင်းအရ သိရသည်။

အမေရိကန်သည် ဒီမိုကရေစီနိုင်ငံများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် မဟာမိတ်များနှင့် လက်တွဲ လုပ်ဆောင်ခြင်း၏ အရေးပါမှုကို ပြန်လည် အလေးပေးနေစဉ်အတွင်း အဆိုပါ မဟာဗျူဟာကို ထုတ်ပြန်ခဲ့သည်။

ယူကရိန်း အကျပ်အတည်းကြောင့် နှောင့်နှေးခဲ့ရသော စာမျက်နှာ ၄၈ မျက်နှာပါ မဟာဗျူဟာစာတမ်းတွင် အတွေးအခေါ် ပြောင်းလဲပုံများ ထင်ထင်ရှားရှား မပါဝင်သည့်အပြင် ဘိုင်ဒန်၏ နိုင်ငံခြားရေးမူဝါဒအတွက် အယူအဆ ကြီးကြီးမားမား မိတ်ဆက်ထားခြင်းလည်း မတွေ့ရပေ။

နိုင်ငံခြားရေးမူဝါဒ အယူအဆများအစား ရာသီဥတုပြောင်းလဲမှုနှင့် အာဏာရှင်အစိုးရများ ကျယ်ပြန့်လာခြင်းကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများကို ကျော်လွှားရန်အတွက် အမေရိကန်၏ဦးဆောင်မှု အဓိကသော့ချက် ဖြစ် ကြောင်း အိမ်ဖြူတော်၏ သဘောတရားရေးရာ ရှုမြင်ချက်ကို ယခုထုတ်ပြန်ချက်ထဲတွင် မီးမောင်းထိုးပြထားသည်။

ပူတင်နဲ့ ရှီကျင့်ဖျင်ကိုတွေ့ရစဉ် (GETTY IMAGES)

ရုရှားကျူးကျော်စစ် စတင်ပြီးနောက် တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအတွက် အဆိုးရွားဆုံး စိန်ခေါ်မှုကို ကိုယ်စားပြုနေကြောင်း ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ရေးသားထားသည်။

ကမ္ဘာတလွှား တရုတ်ဩဇာ ဆက်ရှိနေမည်ဟု ယူဆထားပါက အမေရိကန်သည် စူပါပါဝါအနေအထားနှင့် စီးပွားရေး လက်နက် ပြိုင်ဆိုင်မှုအပိုင်းတွင် အနိုင်ယူရမည်ဟု အဆိုပါမဟာဗျူဟာတွင် ချမှတ်ထားသည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ရည်ရွယ်ချက်ရှိရှိဖြင့် ကမ္ဘာလုံးဆိုင်ရာ ကစားကွက်၌ နိုင်ငံတကာ အစီအစဉ်ကို တိမ်းစောင်းစေမည့် အလားအလာ ပိုများလာ၍ အမေရိကန်ပြည်ထောင်စုက နိုင်ငံအချင်းချင်း ပြိုင်ဆိုင်မှုများ အကြား တာဝန်သိသိနှင့် စီမံခန့်ခွဲပေးရန် သန္နိဋ္ဌာန်ချထားဆဲဖြစ်ကြောင်း” အမေရိကန် အမျိုးသားလုံခြုံရေး အကြံ ပေး ဂျက်ဆူလီဗန် (Jake Sullivan) က မူဝါဒအကြိုသုံးသပ်မှုအဖြစ် အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ဖော်ပြော ကြားခဲ့သည်။

ဘိုင်ဒန်သည် ယခင်သမ္မတ ဒေါ်နယ်ထရမ့် ချမှတ်ခဲ့သော တရုတ်ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်များ ကောက်ခံခြင်း အပါအဝင် အဓိကနိုင်ငံခြားရေးမူဝါဒအပေါ် အခြေအတင် ဆွေးနွေးမှုများကို မဖြေရှင်းရသေးဘဲ ရှိသည်။

ထို့ပြင် ကာလအတန်ကြာအောင် မဟာမိတ်ဟောင်း ဆော်ဒီအာရေဗျနှင့် ဆက်ဆံရေး ပျက်ပြားနေခြင်း အပါအဝင် ရုရှားအပေါ်လည်း အရေးယူဆောင်ရွက်မှုများ ဆက်တိုက်ချမှတ်ခဲ့သည်။ လက်ရှိတွင် ရုရှားစွမ်းအင်ကို အာရှ အင်အားကြီး အိန္ဒိယက မှီခိုလာပြီ ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်သူများဖြစ်သည့် OPEC+ က အမေရိကန် ကန့်ကွက်မှုကြောင့် ၎င်း၏ ရေနံထုတ် လုပ်မှု ပစ်မှတ်ကို ဖြတ်တောက်မည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့ရာ အမေရိကန်ကလည်း ဆော်ဒီ အာရေဗျနှင့် ၎င်း၏ ဆက်ဆံရေးကို ပြန်လည်သုံးသ ပ်နေပြီဖြစ်ကြောင်း ယခုသီတင်းပတ် အစောပိုင်းတွင် ဂျက်ဆူ လီဗန်က သဘောထား မှတ်ချက်ပေး၍ တုံ့ပြန်ခဲ့သည်။

Source: VOA

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပူတင် နျူကလီးယားထုတ်သုံးမည်ဟု ဘိုင်ဒန်သံသယရှိ

By CNI
CNI
Category: Watch TV
Hits: 687

Share
Tweet
Share
Share
powered by social2s

အသက် ၉၇ နှစ်ရှိ မဟာသီယာ မလေးရှားရွေးကောက်ပွဲဝင်မည်

By CNI
CNI
Category: Watch TV
Hits: 767

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယားဒုံးကျည်ကို ကြားဖြတ်ဟန့်တားနိုင်စွမ်းရှိဟု တောင်ကိုရီးယားပြော

By CNI
CNI
Category: Watch TV
Hits: 709

Share
Tweet
Share
Share
powered by social2s

နစက ကျင်းပမည့် ရွေးကောက်ပွဲ မပျက်ပျက်အောင် ဖျက်မည်ဟု NUG ယာယီသမ္မတပြော

By CNI
CNI
Category: Watch TV
Hits: 692

Share
Tweet
Share
Share
powered by social2s
ကျိုက်ထီးရိုး ကင်းမွန်းချောင် တောင်တက်ကားဂိတ် ပစ်ခံရလို့ အမျိုးသမီးတစ်ဦးကို ကယ်ဆယ်နေစဉ်

ကျိုက်ထီးရိုးဘုရားဖူး တောင်တက်ကားဂိတ် ပစ်ခံရ ၃ ဦးသေပြီး ၁၉ ဦးဒဏ်ရာရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1877

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရားဖူး ကင်မွန်းချောင် တောင်တက်ကားဂိတ်ကို ယနေ့ (အောက်တိုဘာ ၁၂ ရက်) နံနက်ပိုင်းက ပစ်ခတ်ခံခဲ့ရခြင်းကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

KNLA တပ်မဟာ(၁)နှင့် PDF ပူးပေါင်းအဖွဲ့သည် ယနေ့ (အောက်တိုဘာ ၁၂ ရက်) နံနက်က ဆောင်နိုင်ကြီးရွာ ဘက်မှ မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကင်မွန်းချောင် တောင်တက်ကားဂိတ်အား ပစ်ခတ်ပြီး ဆောင်နိုင်ကြီးရွာဘက်သို့ ပြန်လည် ထွက်သွားခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNLA/PDF ပူးပေါင်းအဖွဲ့ ပစ်ခတ်မှုခဲ့သည်ဆိုသော အခြေပြမြေပုံကို နစကထုတ်ပြန်

အဆိုပါ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံးပြီး အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများကို ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

ကျိုက်ထီးရိုး ကင်မွန်းချောင်တွင် ဈေးဆိုင်ဖွင့်ထားသူ တစ်ဦးက “ တောင်တက်ကားဂိတ်ကို ပစ်ခံလိုက်ရတာတော့ ဟုတ်တယ်။ ဘယ်သူ ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာတော့ သေချာမသိဘူး။ သေဆုံးသူနဲ့ ဒဏ်ရာ ရသူတွေတော့ ရှိတယ်”ဟု ပြောသည်။

ကျိုက်ထီးရိုးဘုရားဖူး ကင်မွန်းချောင် တောင်တက်ကားဂိတ် ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး KNLA နှင့် အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့(NUG)ဘက်က အောက်တိုဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီကျော်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

 

 

 

 

Share
Tweet
Share
Share
powered by social2s
နစကဥက္ကဋ္ဌမဲထည့်၊ ဒူဝါလရှီးလ၊ ဒီမိုကရေစီတောင်းဆို၊ မဲဆွယ်စည်းရုံး သဖြင့်ကိုတွေ့ရစဉ်

နစက ကျင်းပမည့် ရွေးကောက်ပွဲ မပျက်ပျက်အောင် ဖျက်မည်ဟု NUG ယာယီသမ္မတပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1810

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂

နစက ကျင်းပမည့် ရွေးကောက်ပွဲ မပျက်ပျက်အောင် ဖျက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီ သမ္မတ ဒူဝါလရှီးလက ပြောသည်။

၂၀၂၃ ခုနှစ်တွင် နစက ကျင်းပမည့် ရွေးကောက်ပွဲမှာ ၎င်းတို့အတွက် နိုင်ငံရေး ထွက်ပေါက်အဖြစ် မျှော်လင့် ထား ကြောင်း၊ ထို့ကြောင့် နစကကို နိုင်ငံရေးထွက်ပေါက်မရှိရေး လုပ်ဆောင်ထားရန် လိုအပ်ကြောင်း အောက်တိုဘာ ၁၁ ရက်က ကျင်းပသည့် NUG အစည်းအဝေးတွင် ပြောကြားခဲ့သည်။

NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက “စစ်ကောင်စီဟာ ၂၀၂၃ ရွေးကောက်ပွဲကို သူ့အတွက် နိုင်ငံရေးထွက်ပေါက် အဖြစ် မျှော်လင့်ထားတာ ထင်ရှားတယ်။ စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီထဲမှာလည်း ခေါင်းဆောင်မှု အပြောင်း အလဲလုပ်ပြီး သူ့စီမံချက်ထဲမှာ စနစ်တကျ အကွက်ဝင်အောင် စီမံနေတာကို ကျနော်တို့ တွေ့နေရပါတယ်။ ဒါတွေ ကို သတိကြီးကြီးထားပြီး စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုပါတယ်။ ကျနော်တို့ ဘက်ကလည်း စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲ လုပ်လာမယ့်အပေါ် လက်တွေ့ ကျကျ တုံ့ပြန်ဖို့ ဆောင်ရွက် လျက်ရှိပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်၊ ဆန့်ကျင်မယ်၊ အသိအမှတ် မပြုဘူးဆိုတဲ့ အဆင့်ထက်တော့ ကျော်လွန်စဉ်းစားထားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

NUG ၏ အစည်းအဝေးကို တွေ့ရစဉ်

တပ်မတော်မှ အာဏာရယူမှု နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးမှာ ပိုမို များလာပြီဖြစ်ကြောင်း၊ နိုင်ငံတကာမှ အကူအညီများ ပေးနေသော်လည်း နစကကို ကျော်လွန်ကာ လူထုထံ အရောက်ကူညီရန် အကန့်အသတ်များ တွေ့နေရကြောင်း NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ပါက စစ်အုပ်ချုပ်ရေးအတိုင်း ပြန်သွားရတော့မည့် အနေအထား ရောက်သွားမည်ဟု တအာင်းအမျိုးသားပါတီ (TNP) မှ အတွင်းရေးမှူး မိုင်းအုဏ်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။

မိုင်းအုဏ်းခိုင်က “ဒါ လက်ရှိ အနေအထားအရ ပြောရမယ်ဆိုရင် အခက်အခဲ၊ အကျပ်အတည်း အများကြီးတော့ တွေ့ကြုံသွားနိုင်တယ်လို့တော့ ကျနော်တော့ ကျနော်တို့က ဒီလိုတော့ မြင်ပါတယ်၊ အဲဒါကတော့ မှန်းဆလို့တော့ ခက်တယ်လေ၊ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲ ဖြစ်၏၊ မဖြစ်၏ အပေါ်မှာပဲ မူတည်တယ်လေ၊ တကယ်လို့ မဖြစ် ခဲ့ဘူးဆိုရင်တော့ ဒါလောလောဆယ် အနေအထား ကျနော်တို့ မြင်တာ စစ်အုပ်ချုပ်ရေးအတိုင်းပဲ ပြန်သွားရတော့ မယ့် အနေအထား ရောက်သွားတာပေါ့၊ အခုပြောမယ့် အနေအထားက စောပါဦးမယ် အဲဒီလိုပဲ မြင်ပါတယ်၊ ဘာလို့ လဲဆိုတော့ ရွေးကောက်ပွဲ၊ ဖြစ်၏၊ မဖြစ်၏ဆိုတာ ကံသေကံမ မပြောနိုင်သေးလို့ပါ” ဟု ပြောသည်။

ရွေးကောက်ပွဲ မဲရလဒ်ကြေညာနေစဉ်

ထို့နောက် နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့က နစက ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာ့တပ်မတော်၏ ထွက်ပေါက်သာဖြစ်သည်ဟု ဆိုလျှင် ရွေးကောက်ပွဲလည်း မဖြစ်၊ မြန်မာ့တပ်မတော်ကိုလည်း မဖြုတ်ချနိုင်ခဲ့ ဘူးဆိုလျှင် အလုံးစုံ အာဏာသိမ်းမှုဖြစ်ကာ မည်မျှကာလကြာမည် မသိသော စစ်အုပ်ချုပ်ရေးကို ရောက်သွားမည့် အခြေအနေအပေါ် မည်သို့ဆောင်ရွက်မှာလဲ မေးခွန်းထုတ်စရာရှိသည်ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆို ကာ ဖြုတ်၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

ထို့နောက် လက်နက်ကိုင် နွေဦးတော်လှန်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)တို့က ဖော်ဆောင်ကာ တပ်မတော် ဖြုတ်ချရေး ဆောင်ရွက်လျက်ရှိသလို နစက ကျင်းပမည့် ရွေး ကောက်ပွဲကိုလည်း သပိတ်မှောက်ရန် တိုက်တွန်းလျက်ရှိသည်။

သို့သော် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေး မည်ဖြစ်ကြောင်း၊ အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြား ထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန် သမ္မတ ဘိုင်ဒန်နဲ့ ပူတင်ကိုတွေ့ရစဉ် (GETTY IMAGES)

ယူကရိန်းစစ် အဆုံးသတ်ရန် ဆွေးနွေးရေး ဖွင့်ထားဟု ရုရှားပြော၊ အမေရိကန်ပယ်ချ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1807

CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၁၂

ယူကရိန်းမြို့ကြီးများကို ရုရှား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေချိန်၌ မိမိတို့ မော်စကို အစိုးရအနေဖြင့် ယူကရိန်းစစ်ရေး အနောက်အုပ်စုများနှင့် ဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ်က စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားသည် စစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက် အမေရိကန် (သို့မဟုတ်) တူရကီနှင့် ထိတွေ့ဆက်ဆံရန် ဆန္ဒရှိ ကြောင်း၊ ၈ လတာ ကာလအတွင်း စေ့စပ်ညှိနှိုင်းရေးအတွက် လေးနက်သည့် အဆိုပြုချက် မိမိတို့ မရရှိသေး ကြောင်း ရုရှားအစိုးရပိုင် ရုပ်သံလိုင်းတစ်ခုနှင့် အင်တာဗျူးတွင် လာဗရော့ဗ်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်းကတည်းက စစ်ရေးပဋိပက္ခတွင် ယူကရိန်း အသာစီးရလာခဲ့ပြီး အရှုံးများနှင့် ရုရှား ဆက်တိုက် ရင်ဆိုင်လာရသဖြင့် တွေ့ဆုံဆွေးနွေးရေးကို လာဗရော့ဗ်က အထက်ပါအတိုင်း အလေးပေး ပြော ကြားလာခဲ့သည်။

ယူကရိန်းစစ်မြေပြင် အခြေအနေကိုတွေ့ရစဉ် (GETTY IMAGES)

အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ အပါအဝင် အမေရိကန်အစိုးရ တာဝန်ရှိသူများ က တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားကြောင်း ပြောကြားချက်မှာ ရုရှားလက်သင့်ခံနိုင်စရာ မရှိကြောင်း လာဗရော့ဗ်က ပြောကြားခဲ့သည်။

“ဒါဟာ လိမ်ညာမှုတစ်ခုပါ။ အဆက်အသွယ်လုပ်ဖို့ ကြီးကြီးမားမား ကမ်းလှမ်းချက်မျိုးကို ကျနော်တို့ မရခဲ့ပါဘူး” ဟု လာဗရော့ဗ်က ဆက်လက် ပြောကြားခဲ့သည်။

ယူကရိန်းမှာ အရပ်သားများ သေဆုံးခဲ့ရသည့် ရုရှားဒုံးကျည် ပစ်ခတ်မှုအပြီး နာရီပိုင်းအတွင်း လာဗရော့ဗ်၏ သဘောထား မှတ်ချက် ထွက်ပေါ်လာသဖြင့် ရုရှားဘက်က တွေ့ဆုံဆွေးနွေးရေး တရားဝင် ကမ်းလှမ်းလာမှု ပြုလာကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်ပရိုက်စ် (Ned Price) ပြောကြားခဲ့သည်။

“ဒါကို ဟန်ဆောင်မှုလို့ ကျနော်တို့ မြင်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးနဲ့ သံခင်းတမန်ခင်း ပါဝင်ဖို့ အပြုသဘော ဆောင်တဲ့ တရားဝင် ကမ်းလှမ်းမှုကို မမြင်ဘူးခင်ဗျ။ ဒီလို ရက်စက်ကြမ်းကြုတ်ပြီး ရန်ပြုတဲ့စစ်ပွဲ အဆုံးသတ် ဖို့ ကတော့ လုံးဝလိုအပ်ပါတယ်” ဟု နက်ပရိုက်စ်က ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

စစ်ပွဲ အဆုံးသတ်ရေးအတွက် ဆွေးနွေးပွဲများသည် ယူကရိန်းနှင့် ရုရှားတို့အကြား နောက်ဆုံးတွင် ပေါ်ပေါက်လာဖို့ အမှန်တကယ် လိုအပ်ပါကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“ရုရှားဘက်က တွေ့ဆုံဆွေးနွေးရေးနဲ့ သံခင်းတမန်ခင်း အလေးအနက်ထားတယ်ဆိုတာ ပြသချင်တယ်ဆိုရင် ရက်စက်ကြမ်းကြုတ်တဲ့ ချေမှုန်းမှုမျိုးကို ရပ်တန်ဖို့ ပထမခြေလှမ်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီနေရာမှာ အချည်းနှီး ဖြစ်စေတဲ့ စကားလုံးတွေထက် ဘာမှမပိုဘူးလို့လည်း ထင်ရပါတယ်” ဟု နက်ပရိုက်စ်က ထပ်လောင်း ပြောကြားခဲ့သည်။

ယူကရိန်းစစ်မြေပြင် အခြေအနေကိုတွေ့ရစဉ် (GETTY IMAGES)

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့အကြား ဆွေးနွေးမှုကို ရုရှားက ပယ်ချမည် မဟုတ်ကြောင်းနှင့် ဆွေးနွေးရန် အဆိုပြုချက်ကို မိမိတို့ ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း လာဗရော့ဗ်က ပြောကြားခဲ့သည်။

“တွေ့ဆုံဆွေးနွေးရေးကို ဘယ်တော့မှ မငြင်းတဲ့အကြောင်း ကျနော်တို့ အကြိမ်ကြိမ် ပြောပြီးပါပြီ။ ဆွေးနွေးဖို့ ကမ်းလှမ်းချက်တစ်ခု ရလာရင်တော့ ကျနော်တို့ စဉ်းစားမှာ ဖြစ်ပါတယ” ဟု လာဗရော့ဗ်က ဖြည့်စွက် ပြောကြား ခဲ့သည်။

ရုရှားနှင့် အနောက်အုပ်စုတို့အကြား ဆွေးနွေးပွဲများကို တူရကီနိုင်ငံတွင် လက်ခံကျင်းပသည့် အလားအလာနှင့် ပတ်သက်၍ သဘောထား မှတ်ချက်ပေးရာတွင် လာဗရော့ဗ်က “မော်စကိုအနေဖြင့် မည်သည့် အကြံပြုချက်မဆို နားထောင်လိုကြောင်း” ပြောကြားခဲ့သော်လည်း ထိုသို့ရလဒ်ဖြစ်ပေါ်လာရေး ကြိုမပြောနိုင်သေးဟု မှတ်ချက်ချ ခဲ့သည်။

တူရကီသမ္မတ တေယစ်အာဒိုဂန်သည် ယခုသီတင်းပတ်အတွက် ကာဇက်စတန်နိုင်ငံသို့ လာရောက်လည်ပတ် သည့်အခါ ရုရှားသမ္မတ ဗလာဒီမာပူတင်ထံသို့ အဆိုပြုချက်တစ်ရပ် ပေးပို့ရန် အခွင့်အရေး ရှိမည်ဖြစ်ကြောင်း လာဗရော့ဗ်က ထပ်လောင်း ပြောကြားခဲ့သည်။

ရုရှားနှင့်ယူကရိန်းတို့ တိုက်ရိုက် ဆွေးနွေးနေမှုသည် ပြီးခဲ့သည့် မတ်လအကုန်ပိုင်းတွင် ပျက်ပြယ်သွားခဲ့ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီသည် ရုရှားသိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ ၄ ခုကို ပြီးခဲ့လ၌ ပြန်လည်သိမ်းပိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ပူတင်နှင့် စကားပြောဆိုရန် ငြင်းဆန်ခဲ့သည်။

Source: Reuters

 

 

Share
Tweet
Share
Share
powered by social2s
  • 47
  • 48
  • 49
  • 50
  • 51
  • 52
  • 53
  • 54
  • 55
  • 56

Page 52 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar