CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ကျိုက်ထီးရိုး ကင်းမွန်းချောင် တောင်တက်ကားဂိတ် ပစ်ခံရလို့ အမျိုးသမီးတစ်ဦးကို ကယ်ဆယ်နေစဉ်

ကျိုက်ထီးရိုးဘုရားဖူး တောင်တက်ကားဂိတ် ပစ်ခံရ ၃ ဦးသေပြီး ၁၉ ဦးဒဏ်ရာရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1598

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရားဖူး ကင်မွန်းချောင် တောင်တက်ကားဂိတ်ကို ယနေ့ (အောက်တိုဘာ ၁၂ ရက်) နံနက်ပိုင်းက ပစ်ခတ်ခံခဲ့ရခြင်းကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

KNLA တပ်မဟာ(၁)နှင့် PDF ပူးပေါင်းအဖွဲ့သည် ယနေ့ (အောက်တိုဘာ ၁၂ ရက်) နံနက်က ဆောင်နိုင်ကြီးရွာ ဘက်မှ မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကင်မွန်းချောင် တောင်တက်ကားဂိတ်အား ပစ်ခတ်ပြီး ဆောင်နိုင်ကြီးရွာဘက်သို့ ပြန်လည် ထွက်သွားခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNLA/PDF ပူးပေါင်းအဖွဲ့ ပစ်ခတ်မှုခဲ့သည်ဆိုသော အခြေပြမြေပုံကို နစကထုတ်ပြန်

အဆိုပါ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ဦး သေဆုံးပြီး အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများကို ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

ကျိုက်ထီးရိုး ကင်မွန်းချောင်တွင် ဈေးဆိုင်ဖွင့်ထားသူ တစ်ဦးက “ တောင်တက်ကားဂိတ်ကို ပစ်ခံလိုက်ရတာတော့ ဟုတ်တယ်။ ဘယ်သူ ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာတော့ သေချာမသိဘူး။ သေဆုံးသူနဲ့ ဒဏ်ရာ ရသူတွေတော့ ရှိတယ်”ဟု ပြောသည်။

ကျိုက်ထီးရိုးဘုရားဖူး ကင်မွန်းချောင် တောင်တက်ကားဂိတ် ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး KNLA နှင့် အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့(NUG)ဘက်က အောက်တိုဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီကျော်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

 

 

 

 

Share
Tweet
Share
Share
powered by social2s
နစကဥက္ကဋ္ဌမဲထည့်၊ ဒူဝါလရှီးလ၊ ဒီမိုကရေစီတောင်းဆို၊ မဲဆွယ်စည်းရုံး သဖြင့်ကိုတွေ့ရစဉ်

နစက ကျင်းပမည့် ရွေးကောက်ပွဲ မပျက်ပျက်အောင် ဖျက်မည်ဟု NUG ယာယီသမ္မတပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1595

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂

နစက ကျင်းပမည့် ရွေးကောက်ပွဲ မပျက်ပျက်အောင် ဖျက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီ သမ္မတ ဒူဝါလရှီးလက ပြောသည်။

၂၀၂၃ ခုနှစ်တွင် နစက ကျင်းပမည့် ရွေးကောက်ပွဲမှာ ၎င်းတို့အတွက် နိုင်ငံရေး ထွက်ပေါက်အဖြစ် မျှော်လင့် ထား ကြောင်း၊ ထို့ကြောင့် နစကကို နိုင်ငံရေးထွက်ပေါက်မရှိရေး လုပ်ဆောင်ထားရန် လိုအပ်ကြောင်း အောက်တိုဘာ ၁၁ ရက်က ကျင်းပသည့် NUG အစည်းအဝေးတွင် ပြောကြားခဲ့သည်။

NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက “စစ်ကောင်စီဟာ ၂၀၂၃ ရွေးကောက်ပွဲကို သူ့အတွက် နိုင်ငံရေးထွက်ပေါက် အဖြစ် မျှော်လင့်ထားတာ ထင်ရှားတယ်။ စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီထဲမှာလည်း ခေါင်းဆောင်မှု အပြောင်း အလဲလုပ်ပြီး သူ့စီမံချက်ထဲမှာ စနစ်တကျ အကွက်ဝင်အောင် စီမံနေတာကို ကျနော်တို့ တွေ့နေရပါတယ်။ ဒါတွေ ကို သတိကြီးကြီးထားပြီး စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုပါတယ်။ ကျနော်တို့ ဘက်ကလည်း စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲ လုပ်လာမယ့်အပေါ် လက်တွေ့ ကျကျ တုံ့ပြန်ဖို့ ဆောင်ရွက် လျက်ရှိပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်၊ ဆန့်ကျင်မယ်၊ အသိအမှတ် မပြုဘူးဆိုတဲ့ အဆင့်ထက်တော့ ကျော်လွန်စဉ်းစားထားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

NUG ၏ အစည်းအဝေးကို တွေ့ရစဉ်

တပ်မတော်မှ အာဏာရယူမှု နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးမှာ ပိုမို များလာပြီဖြစ်ကြောင်း၊ နိုင်ငံတကာမှ အကူအညီများ ပေးနေသော်လည်း နစကကို ကျော်လွန်ကာ လူထုထံ အရောက်ကူညီရန် အကန့်အသတ်များ တွေ့နေရကြောင်း NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ပါက စစ်အုပ်ချုပ်ရေးအတိုင်း ပြန်သွားရတော့မည့် အနေအထား ရောက်သွားမည်ဟု တအာင်းအမျိုးသားပါတီ (TNP) မှ အတွင်းရေးမှူး မိုင်းအုဏ်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။

မိုင်းအုဏ်းခိုင်က “ဒါ လက်ရှိ အနေအထားအရ ပြောရမယ်ဆိုရင် အခက်အခဲ၊ အကျပ်အတည်း အများကြီးတော့ တွေ့ကြုံသွားနိုင်တယ်လို့တော့ ကျနော်တော့ ကျနော်တို့က ဒီလိုတော့ မြင်ပါတယ်၊ အဲဒါကတော့ မှန်းဆလို့တော့ ခက်တယ်လေ၊ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲ ဖြစ်၏၊ မဖြစ်၏ အပေါ်မှာပဲ မူတည်တယ်လေ၊ တကယ်လို့ မဖြစ် ခဲ့ဘူးဆိုရင်တော့ ဒါလောလောဆယ် အနေအထား ကျနော်တို့ မြင်တာ စစ်အုပ်ချုပ်ရေးအတိုင်းပဲ ပြန်သွားရတော့ မယ့် အနေအထား ရောက်သွားတာပေါ့၊ အခုပြောမယ့် အနေအထားက စောပါဦးမယ် အဲဒီလိုပဲ မြင်ပါတယ်၊ ဘာလို့ လဲဆိုတော့ ရွေးကောက်ပွဲ၊ ဖြစ်၏၊ မဖြစ်၏ဆိုတာ ကံသေကံမ မပြောနိုင်သေးလို့ပါ” ဟု ပြောသည်။

ရွေးကောက်ပွဲ မဲရလဒ်ကြေညာနေစဉ်

ထို့နောက် နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့က နစက ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာ့တပ်မတော်၏ ထွက်ပေါက်သာဖြစ်သည်ဟု ဆိုလျှင် ရွေးကောက်ပွဲလည်း မဖြစ်၊ မြန်မာ့တပ်မတော်ကိုလည်း မဖြုတ်ချနိုင်ခဲ့ ဘူးဆိုလျှင် အလုံးစုံ အာဏာသိမ်းမှုဖြစ်ကာ မည်မျှကာလကြာမည် မသိသော စစ်အုပ်ချုပ်ရေးကို ရောက်သွားမည့် အခြေအနေအပေါ် မည်သို့ဆောင်ရွက်မှာလဲ မေးခွန်းထုတ်စရာရှိသည်ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆို ကာ ဖြုတ်၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

ထို့နောက် လက်နက်ကိုင် နွေဦးတော်လှန်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)တို့က ဖော်ဆောင်ကာ တပ်မတော် ဖြုတ်ချရေး ဆောင်ရွက်လျက်ရှိသလို နစက ကျင်းပမည့် ရွေး ကောက်ပွဲကိုလည်း သပိတ်မှောက်ရန် တိုက်တွန်းလျက်ရှိသည်။

သို့သော် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေး မည်ဖြစ်ကြောင်း၊ အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြား ထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန် သမ္မတ ဘိုင်ဒန်နဲ့ ပူတင်ကိုတွေ့ရစဉ် (GETTY IMAGES)

ယူကရိန်းစစ် အဆုံးသတ်ရန် ဆွေးနွေးရေး ဖွင့်ထားဟု ရုရှားပြော၊ အမေရိကန်ပယ်ချ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1511

CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၁၂

ယူကရိန်းမြို့ကြီးများကို ရုရှား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေချိန်၌ မိမိတို့ မော်စကို အစိုးရအနေဖြင့် ယူကရိန်းစစ်ရေး အနောက်အုပ်စုများနှင့် ဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ်က စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားသည် စစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက် အမေရိကန် (သို့မဟုတ်) တူရကီနှင့် ထိတွေ့ဆက်ဆံရန် ဆန္ဒရှိ ကြောင်း၊ ၈ လတာ ကာလအတွင်း စေ့စပ်ညှိနှိုင်းရေးအတွက် လေးနက်သည့် အဆိုပြုချက် မိမိတို့ မရရှိသေး ကြောင်း ရုရှားအစိုးရပိုင် ရုပ်သံလိုင်းတစ်ခုနှင့် အင်တာဗျူးတွင် လာဗရော့ဗ်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်းကတည်းက စစ်ရေးပဋိပက္ခတွင် ယူကရိန်း အသာစီးရလာခဲ့ပြီး အရှုံးများနှင့် ရုရှား ဆက်တိုက် ရင်ဆိုင်လာရသဖြင့် တွေ့ဆုံဆွေးနွေးရေးကို လာဗရော့ဗ်က အထက်ပါအတိုင်း အလေးပေး ပြော ကြားလာခဲ့သည်။

ယူကရိန်းစစ်မြေပြင် အခြေအနေကိုတွေ့ရစဉ် (GETTY IMAGES)

အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ အပါအဝင် အမေရိကန်အစိုးရ တာဝန်ရှိသူများ က တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားကြောင်း ပြောကြားချက်မှာ ရုရှားလက်သင့်ခံနိုင်စရာ မရှိကြောင်း လာဗရော့ဗ်က ပြောကြားခဲ့သည်။

“ဒါဟာ လိမ်ညာမှုတစ်ခုပါ။ အဆက်အသွယ်လုပ်ဖို့ ကြီးကြီးမားမား ကမ်းလှမ်းချက်မျိုးကို ကျနော်တို့ မရခဲ့ပါဘူး” ဟု လာဗရော့ဗ်က ဆက်လက် ပြောကြားခဲ့သည်။

ယူကရိန်းမှာ အရပ်သားများ သေဆုံးခဲ့ရသည့် ရုရှားဒုံးကျည် ပစ်ခတ်မှုအပြီး နာရီပိုင်းအတွင်း လာဗရော့ဗ်၏ သဘောထား မှတ်ချက် ထွက်ပေါ်လာသဖြင့် ရုရှားဘက်က တွေ့ဆုံဆွေးနွေးရေး တရားဝင် ကမ်းလှမ်းလာမှု ပြုလာကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်ပရိုက်စ် (Ned Price) ပြောကြားခဲ့သည်။

“ဒါကို ဟန်ဆောင်မှုလို့ ကျနော်တို့ မြင်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးနဲ့ သံခင်းတမန်ခင်း ပါဝင်ဖို့ အပြုသဘော ဆောင်တဲ့ တရားဝင် ကမ်းလှမ်းမှုကို မမြင်ဘူးခင်ဗျ။ ဒီလို ရက်စက်ကြမ်းကြုတ်ပြီး ရန်ပြုတဲ့စစ်ပွဲ အဆုံးသတ် ဖို့ ကတော့ လုံးဝလိုအပ်ပါတယ်” ဟု နက်ပရိုက်စ်က ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

စစ်ပွဲ အဆုံးသတ်ရေးအတွက် ဆွေးနွေးပွဲများသည် ယူကရိန်းနှင့် ရုရှားတို့အကြား နောက်ဆုံးတွင် ပေါ်ပေါက်လာဖို့ အမှန်တကယ် လိုအပ်ပါကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“ရုရှားဘက်က တွေ့ဆုံဆွေးနွေးရေးနဲ့ သံခင်းတမန်ခင်း အလေးအနက်ထားတယ်ဆိုတာ ပြသချင်တယ်ဆိုရင် ရက်စက်ကြမ်းကြုတ်တဲ့ ချေမှုန်းမှုမျိုးကို ရပ်တန်ဖို့ ပထမခြေလှမ်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီနေရာမှာ အချည်းနှီး ဖြစ်စေတဲ့ စကားလုံးတွေထက် ဘာမှမပိုဘူးလို့လည်း ထင်ရပါတယ်” ဟု နက်ပရိုက်စ်က ထပ်လောင်း ပြောကြားခဲ့သည်။

ယူကရိန်းစစ်မြေပြင် အခြေအနေကိုတွေ့ရစဉ် (GETTY IMAGES)

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့အကြား ဆွေးနွေးမှုကို ရုရှားက ပယ်ချမည် မဟုတ်ကြောင်းနှင့် ဆွေးနွေးရန် အဆိုပြုချက်ကို မိမိတို့ ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း လာဗရော့ဗ်က ပြောကြားခဲ့သည်။

“တွေ့ဆုံဆွေးနွေးရေးကို ဘယ်တော့မှ မငြင်းတဲ့အကြောင်း ကျနော်တို့ အကြိမ်ကြိမ် ပြောပြီးပါပြီ။ ဆွေးနွေးဖို့ ကမ်းလှမ်းချက်တစ်ခု ရလာရင်တော့ ကျနော်တို့ စဉ်းစားမှာ ဖြစ်ပါတယ” ဟု လာဗရော့ဗ်က ဖြည့်စွက် ပြောကြား ခဲ့သည်။

ရုရှားနှင့် အနောက်အုပ်စုတို့အကြား ဆွေးနွေးပွဲများကို တူရကီနိုင်ငံတွင် လက်ခံကျင်းပသည့် အလားအလာနှင့် ပတ်သက်၍ သဘောထား မှတ်ချက်ပေးရာတွင် လာဗရော့ဗ်က “မော်စကိုအနေဖြင့် မည်သည့် အကြံပြုချက်မဆို နားထောင်လိုကြောင်း” ပြောကြားခဲ့သော်လည်း ထိုသို့ရလဒ်ဖြစ်ပေါ်လာရေး ကြိုမပြောနိုင်သေးဟု မှတ်ချက်ချ ခဲ့သည်။

တူရကီသမ္မတ တေယစ်အာဒိုဂန်သည် ယခုသီတင်းပတ်အတွက် ကာဇက်စတန်နိုင်ငံသို့ လာရောက်လည်ပတ် သည့်အခါ ရုရှားသမ္မတ ဗလာဒီမာပူတင်ထံသို့ အဆိုပြုချက်တစ်ရပ် ပေးပို့ရန် အခွင့်အရေး ရှိမည်ဖြစ်ကြောင်း လာဗရော့ဗ်က ထပ်လောင်း ပြောကြားခဲ့သည်။

ရုရှားနှင့်ယူကရိန်းတို့ တိုက်ရိုက် ဆွေးနွေးနေမှုသည် ပြီးခဲ့သည့် မတ်လအကုန်ပိုင်းတွင် ပျက်ပြယ်သွားခဲ့ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီသည် ရုရှားသိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ ၄ ခုကို ပြီးခဲ့လ၌ ပြန်လည်သိမ်းပိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ပူတင်နှင့် စကားပြောဆိုရန် ငြင်းဆန်ခဲ့သည်။

Source: Reuters

 

 

Share
Tweet
Share
Share
powered by social2s

မလေးရှားတွင် ရွေးကောက်ပွဲကျင်းပမည့်အတွက် အဖမ်းအဆီး ပိုများလာနိုင်

By CNI
CNI
Category: Watch TV
Hits: 577

Share
Tweet
Share
Share
powered by social2s

အမေရိကန်သည် ရန်သူများနှင့် ဆက်ဆံရေး ပိုယိုယွင်းလာဟု စစ်တမ်းပြော

By CNI
CNI
Category: Watch TV
Hits: 750

Share
Tweet
Share
Share
powered by social2s

လွှတ်တော်ကို မလေးရှားဝန်ကြီးချုပ်ဖျက်သိမ်းပြီး ရွေးကောက်ပွဲကျင်းပရေး ကြေညာ

By CNI
CNI
Category: Watch TV
Hits: 555

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေးနှင့် စစ်ရေး၏ တိုက်ရိုက်သက်ရောက်မှုက ပြည်သူဟု RCSS ပြော

By CNI
CNI
Category: Watch TV
Hits: 551

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး ရုရှားတိုက်ခိုက်

By CNI
CNI
Category: Watch TV
Hits: 562

Share
Tweet
Share
Share
powered by social2s
ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကို

ယူကရိန်းနှင့်ဘယ်လာရုစ် စစ်ဖြစ်ရန် အနောက်အုပ်စု တွန်းအားပေးနေဟု လူကာရှန်ကိုပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1561

CNI International News

မင့်ခ်၊ အောက်တိုဘာ ၁၁

ဘယ်လာရုစ်နယ်စပ်တွင် ဒုတိယစစ်မျက်နှာ ဖွင့်ခြင်းသည် ယူကရိန်းအတွက် လုံးဝအဓိပ္ပါယ် မရှိကြောင်း ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုက ပြောကြားခဲ့သော်လည်း အနောက်အုပ်စုကတော့ စစ်မက် ဖြစ်ပွားရန် တွန်းအားပေးနေကြောင်း တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

“ဒီကနေ့ ယူကရိန်းဟာ ဆွေးနွေးမှုဘောင်ကို ကျော်ပြီးတော့ ဘယ်လာရုစ် ပိုင်နက်ထဲကို တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ကိစ္စအပေါ် ကျနော် ပြောပြီးသားပါ။ ဟုတ်ပါတယ် … ယူကရိန်းဘက်က ဒါမျိုး လုပ်စရာ မလိုပါဘူး။ ကောင်းပြီ လေ … မြောက်ပိုင်းနယ်စပ်မှာ ဘာကြောင့် သူတို့ ဒုတိယစစ်မျက်နှာ ထပ်ဖွင့်သင့်သလဲဆိုတာကို စစ်ရေး ရှုထောင့် က ကြည့်လိုက်တော့ ရူးသွပ်မိုက်မဲမှုတစ်ခုပါပဲ” ဟု လူကာရှန်ကိုက လုံခြုံရေးဆိုင်ရာ အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ကြောင်း BelTA သတင်းဌာနက ဖော်ပြသည်။

မည်သို့ပင်ဆိုစေကာမူ ယူကရိန်းဘက်က လုပ်ငန်းစဉ်များ စတင်နေပြီဖြစ်သည်။


ယူကရိန်းစစ်သားများကိုတွေ့ရစဉ် (AFP)


၎င်းတို့သည် ဘယ်လာရုစ်နိုင်ငံဘက်သို့ စစ်ရေးတွန်းပို့၍ ရုရှားနှင့် ဘယ်လာရုစ်တို့ကို တပြိုင်တည်း ရင်ဆိုင်ရန်၊ ဘယ်လာရုစ်နှင့် စစ်ဖြစ်ရန် တွန်းအားပေးနေကြောင်း မော်စကိုအခြေစိုက် တာ့စ်သတင်းဌာနက ဆက်လက်ရေး သားသည်။

ယူကရိန်းသို့ ရုရှား စတင် တိုက်ခိုက်စဉ်ကပင် ဘယ်လာရုစ်နယ်စပ် ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ မိမိ သတိပေးခဲ့ ကြောင်း လူကာရှန်ကိုက ပြန်ပြောင်းပြောကြားခဲ့သည်။ ရုရှားတပ်များကို နောက်ကျောမှ ထိုးနှက်တိုက်ခိုက်ခွင့်ကို မည်သူ့ကိုမှ ဘယ်လာရုစ် ပေးမည်မဟုတ်ကြောင်း ၎င်းက ကတိပြုခဲ့သည်။
“ကျနော်တို့အတွက် အန္တရာယ်အများဆုံး ဦးတည်ချက်ကို အနောက်အုပ်စု အကွက်ရွှေ့နေတယ်ဆိုတာ ကျနော် ကောင်းကောင်းသိပါတယ်။ အဲဒါကို အကာအကွယ် မပြုဘူးဆိုရင်တော့ ဒီကနေ့ ကျနော်တို့နိုင်ငံရဲ့ တံခါးပေါက်မှာ စစ်ဖြစ်တော့မှာ။ ဒါပေမယ့် ကျနော်တို့ လက်နက်ကိုင် တပ်ဖွဲ့တွေကို အဲဒီနေရာမှာ ထိန်းထိန်းသိမ်းသိမ်း ရှိစေဖို့ လိုလားပါတယ်။ အနောက်အုပ်စုက အန္တရာယ်တစ်ခုဆီ ဦးတည်နေတယ်” ဟု လူကာရှန်ကိုက အကျယ်တဝင့် ရှင်းပြသည်။

ခရိုင်းမီးယား တံတားပေါ် နောက်ဆုံး ဖြစ်စဉ်များသည် အကြမ်းဖက် ခြိမ်းခြောက်မှုအဆင့်ကို သိသာထင်ရှားစွာ တိုးလာစေကြောင်း ၎င်းက အလေးအနက်ထား၍ ပြောကြားခဲ့သည်။

“သူတို့က အခုဆိုရင် လူတိုင်းနဲ့ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေကြပြီ” ဟု ယူကရိန်းကို ရည်ညွှန်း၍ လူကာရှန်ကို က ဆက်လက် ပြောကြားခဲ့သည်။

Source: တာ့စ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဒူဝါလရှီးလကို တွေ့ရစဉ် (NUG)

တော်လှန်ရေးကြာရှည်လာပါက လူထုက အီလာတတ်ဟု ဒူဝါလရှီးလပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1253

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁

မြန်မာ့ နွေဦးတော်လှန်ရေးကာလ ကြာရှည်လာတာနှင့်အမျှ လူထုသည် တော်လှန်ရေးမှာ အီလာတတ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ယနေ့ (အောက်တိုဘာ ၁၁ ရက်) တွင် ပြုလုပ်သည့် NUG ၏ ၇၁ ကြိမ်မြောက် အစည်းအဝေးမှာ ၎င်းက အထက်ပါ အတိုင်းပြောခဲ့ခြင်း ဖြစ်သည်။

ဒူဝါလရှီးလက “ မြန်မာ့နွေဦးတော်လှန်ရေးဟာ သိပ်မကြာခင် (၂) နှစ် ပြည့်တော့မှာဖြစ်တယ်။ အမျိုးသား ညီညွတ်ရေး အစိုးရဟာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးမှာ နိုင်ငံရေး ဦးဆောင်မှုနဲ့ စစ်ရေးဦးဆောင်မှု အခန်း ကဏ္ဍမှာ ရှိနေတယ်ဆိုတာ မမေ့ဖို့။ မပေါ့လျော့ကြဖို့။ တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ လူထုဟာ တော်လှန်ရေးမှာ အီလာတတ်တယ်၊ ညောင်းလာတတ်တယ်။ အမှတ်မထင် တစ်ဆစ်ချိုး ပြောင်းလဲသွား တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကို သတိထားပြီး သဘောထားကြီးကြီး အမြင်ကျယ်ကျယ် သတိရှိရှိနဲ့ ကျနော် တို့အားလုံး ရှေ့ဆက်ကြဖို့လိုတယ်”ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့က NUG ၏ အစည်းအဝေးလုပ်နေစဉ်

လက်ရှိ အခြေအနေသည် မိမိတို့မှာ ဖြစ်နိုင်ခြေများ အများကြီးရှိကြောင်း၊ ထို့ကြောင့် အဆုံးအဖြတ် တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ရန် မိမိတို့အားလုံး ပြင်ဆင်ထားကြရမည်ဟု ပြောကြားလိုကြောင်း၊ အထူးသဖြင့် မဟာမိတ် စစ်ရေး တပ်ပေါင်းစုနှင့် စနစ်တကျ စီမံကွပ်ကဲကြရန် ၎င်းက ပြောသည်။

NUG က နွေဦးတော်လှန်ရေးသည် ၂၀၂၃ ခုနှစ်တွင် အဆုံးသတ် တိုက်ပွဲ ဆင်နွှဲမည်ဖြစ်ကြောင်း၊ မြို့နယ်ပေါင်း ၃၃၀ မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ရင်းပေါင်း ၂၅၀ ကျော် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ပြောသည်။
သို့သော် ၂၀၂၃ ခုနှစ်၏ ဘယ်လ ဘယ်ရက်သည် အဆုံးသတ် တိုက်ပွဲကာလဟုကိုတော့ မပြောပေ။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် တို့တွင် PDF၊ LDF (ဒေသခံကာကွယ်ရေးတပ်ဖွဲ့)၊ တိုင်းရင်းသား လက်နက်ကိုင်တချို့နှင့် မြန်မာ့တပ်မတော် ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တွင် အောက်တိုဘာလ ၁၀ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှ ဒဏ်ရာရ အမျိုးသမီးကြီးတစ်ဦးကို ယူကရိန်းစစ်သားတစ်ဦးမှ ဆေးကုသပေးနေစဉ်(ဓါတ်ပုံ-အေပီ)

ယူကရိန်းသို့ လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး ရုရှားတိုက်ခိုက်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1233

CNI International News

ကိယက်ဗ်၊ အောက်တိုဘာ ၁၁

လပေါင်းများစွာအတွင်း ယူကရိန်းသို့ အပြင်းထန်ဆုံး တိုက်ခိုက်မှုအနေဖြင့် အရေးပါသည့် တံတားတစ်စင်းကို အောက်တိုဘာ ၁၀ ရက်တွင် ရုရှားက ဖောက်ခွဲဖျက်ဆီးခဲ့သည်။ အရပ်သားပစ်မှတ်များကို ရုရှားက တိုက်ခိုက်ခဲ့ရာ လျှပ်စစ်ဓာတ်အားပေးစနစ်နှင့် သောက်သုံးရေပိုက်လိုင်းများ၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့သည်။

ရုရှားဘက်မှ အင်အားအလုံးအရင်းသုံး၍ လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် ကြည်းတပ်အင်အားများဖြင့် ယူကရိန်းဒေသအနည်းဆုံး ၁၄ ခုကို နံနက်ပိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူ ၁၀၀ နီးပါး ဒဏ်ရာရရှိသွားခဲ့ကြောင်း ယူကရိန်းအရေးပေါ်ဌာနက ပြောကြားခဲ့သည်။

နိုင်ငံ၏အနောက်ပိုင်းရှိ လာဗစ်မြို့မှ အရှေ့ပိုင်းရှိ ခါကိဗ်မြို့တို့အထိ တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ပျက်စီးခဲ့သော နေရာအများအပြားမှာ ယခင်က စစ်ပွဲ၏ရှေ့တန်းနှင့် အလှမ်းကွာဝေးသော နေရာများဖြစ်ကြသည်။

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် ပျက်ဆီးနေသည့် မော်တော်ကားကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

၎င်းတို့ဘက်မှ ပစ်လွှတ်ခဲ့သော ဒုံးကျည်များမှာ ယူကရိန်းစစ်ဘက်နှင့်စွမ်းအင်ဆိုင်ရာအဆောက်အအုံကို ပစ်မှတ် ထားသည်ဟု ရုရှားက ပြောကြားခဲ့သော်လည်း ဒုံးကျည်အချို့ကတော့ အများပြည်သူလုပ်ငန်းခွင်နှင့် စာသင် ကျောင်းများ၊ သွားလာနေကျ အရပ်သားဧရိယာများကို ထိမှန်ခဲ့သည်။

ဒုံးကျည်တစ်စင်းက ကိယက်ဗ်မြို့လယ်ရှိ အားကစားကွင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အခြားတစ်စင်းမှာ တက္ကသိုလ်ကျောင်းဝင်းထဲ ထိမှန်ခဲ့သည်။

အဆက်မပြတ်တိုက်ခိုက်မှုများကြောင့် အောက်တိုဘာ ၁၀ ရက်၊ ညပိုင်းအထိ နိုင်ငံတဝန်း လျှပ်စစ်မီး ပြတ် တောက်ခဲ့သည်။ အောက်တိုဘာ ၁၁ ရက် (ယနေ့)မှစ၍ ဥရောပနိုင်ငံအချို့ထံသို့ လျှပ်စစ်ဓာတ်အား ရောင်းချမှု များကို ရပ်ဆိုင်းသွားမည်ဟု ယူကရိန်းအာဏာပိုင်များက ကြေညာခဲ့သည်။

ယူကရိန်းနိုင်ငံ Dnipro တွင် ရုရှားတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမီးလောင်ကာ ပျက်ဆီးခဲ့သည်များကို မီးသတ်သမားများက ရှင်းလင်းနေစဉ်(ဓါတ်ပုံ-အေပီ)

လျှပ်စစ်မီးပြတ်တောက်မှု နောက်ဆက်တွဲအဖြစ် သောက်သုံးရေပြတ်လပ်မှုများကိုလည်း ယူကရိန်းဒေသခံများ ရင်ဆိုင်နေရသည်။

ယခုတိုက်ခိုက်ခံရခြင်းများသည် လက်တွေ့ကျသော စစ်ရေးသဘောမျိုး မရှိကြောင်းနှင့် ရုရှား၏ရည်မှန်းချက်မှာ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးဆိုက်ရောက်စေဖို့ဖြစ်ကြောင်း သမ္မတဗိုလိုဒီမီယာဇာလန်းစကီး၏ အကြီး တန်းအကြံပေး အင်ဒရီးယာမက် (Andriy Yermak) က ပြောကြားခဲ့သည်။

နောက်ထပ် ယူကရိန်းသို့ တိုက်ခိုက်မှုများသည် ရုရှား၏လုံခြုံရေးကို ခြိမ်းခြောက်မှုရှိလာသဖြင့် ပြင်းထန်စွာ တုံ့ပြန်ခြင်းဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။

“ဒါနဲ့ပတ်သက်ပြီး ဘယ်သူမှ ယုံမှားသံသယမဖြစ်သင့်ပါဘူး” ဟု ပူတင်က ရုရှားလုံခြုံရေးကောင်စီသို့ ဗီဒီယို မိန့်ခွန်းပြောကြားခဲ့သည်။


Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
မလေးရှားဝန်းကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကော့ဗ်၊ မြန်မာအလုပ်သမားများ ဖမ်းခံရစဉ် (Reuters)

မလေးရှားတွင် ရွေးကောက်ပွဲကျင်းပမည့်အတွက် အဖမ်းအဆီး ပိုများလာနိုင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 4148

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁

မလေးရှားနိုင်ငံတွင် မကြာခင် အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သည့်အတွက် အဖမ်းအဆီး ပိုများလာနိုင်သဖြင့် ရွှေ့ပြောင်းမြန်မာများအနေဖြင့် သတိပြုကြရန် မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက CNI သတင်း ဌာနသို့ ပြောသည်။

Alliance of Chin Refugees (ACR)မှ အတွင်းရေးမှူး စတီဗင်က “ဒီရွေးကောက်ပွဲချိန် နီးပြီဆိုရင် လုပ်နေကြ တစ်ခုပေါ့။ ဒီနှစ်လည်း အဖမ်းအဆီးက ပိုပြီးတော့ များလာနိုင်တယ်။ အထူးသဖြင့် ဒီရွေးကောက်ပွဲ နီးလာတဲ့ အချိန်ဆို။ ရွေးကောက်ပွဲ မတိုင်ခင် လပိုင်း၊ ရက်ပိုင်း အလိုမှာကတော့ တကယ်ကို သတိထားရမယ့် အချိန်ပေါ့။ အသွားအလာ ဆင်ခြင်ရမယ်။ အပြောအဆို အနေအထိုင် ဆင်ခြင်ရမယ်။ တကယ်လို့များ ကိုယ်အလုပ်လုပ်တဲ့ နေ ရာကို အတိုင်အတန်း ခံရတယ် ဘာညာဆိုရင်လည်း immigration နဲ့ ဖမ်းတာတွေ ရှိတယ်။ ဆိုတော့ အဲဒီအချိန် မှာ ဒီရဲဖမ်းတာနဲ့ လ.ဝ.က ဖမ်းတာနဲ့ မတူဘူးကို။ ရဲဖမ်းတာနဲ့ immigration ဝင်လို့ ဖမ်းတာနဲ့ ၂ ခုမှာ ကွာခြားမှု အနည်းအကျဉ်းတော့ ရှိတယ်။ ဒီအချိန်မှာကျတော့ ဘာဖြစ်လာနိုင်လဲဆိုရင် ထင်ထင်ရှားရှားကြီးကို ဖြစ်လာ တယ်။ ရွေးကောက်ပွဲ နီးတော့မယ်ဆိုရင် ဟိုနားတစ်ဝိုက်၊ ဒီနားတစ်ဝိုက် ဆိုပြီးတော့ ကြားနေရတာပေါ့နော်။ ဒါက တော့ လ.ဝ.က အကြီးအကဲတွေ သူတို့ တကယ် အလုပ်လုပ်ပါတယ်ဆိုတဲ့ အကြောင်းပေါ့၊ လုပ်ပြချင်တာ ဖြစ် ကောင်းလည်း ဖြစ်နိုင်တယ်။ နောက်ပြီးတော့ ရွှေ့ပြောင်း အလုပ်သမားတွေကို ပစ်မှတ်ထားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ အခုချိန် ကာလမှာတော့ မျက်စိဖွင့် နားစွင့်ဖို့ပဲ အဓိကကျပါတယ်”ဟု ပြောသည်။

မလေးရှားဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကော့ဗ်က ရွေးကောက်ပွဲအား စောစီးစွာ ကျင်းပရန်အတွက် ပါလီမန်(လွှတ်တော်)ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

မလေးရှားရှိ ရွှေ့ပြောင်းလုပ်သားများ ဖမ်းခံရစဉ် (The Star)

ပါလီမန်(လွှတ်တော်)ကို ဖျက်သိမ်းပြီး ရက်ပေါင်း ၆၀ အတွင်း ကျင်းပမည့် ရွေးကောက်ပွဲ နေ့ရက်ကို ရွေးကောက်ပွဲကော်မရှင်က ကြေညာမည်ဟု မလေးရှားဝန်ကြီးချုပ်ပြောကြောင်း အယ်ဂျာဇီးယား သတင်းဌာနတွင် ရေးသား ဖော်ပြထား သည်။

ထို့ကြောင့် ရွေးကောက်ပွဲသည် နိုဝင်ဘာလ (သို့မဟုတ်) ဒီဇင်ဘာလလောက်တွင် ကျင်းပရန် ဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြသည့်အတွက် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေးကာလ၌ စီမံချက် တစ်ခုအနေဖြင့် အဖမ်းအဆီး ပိုမို များပြားလာမည်ဟု မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက သုံးသပ်ထားကြသည်။

ထို့နောက် စီမံချက်ဖြင့် ဖမ်းဆီးသည့်အခါတွင် တရားမဝင် အထောက်အထားမဲ့များသာမက တရားဝင် အထောက်အထားရှိသူများ၊ တိုင်းရင်းသားလူမျိုး အဖွဲ့အစည်းကတ် ကိုင်ဆောင်ထားသူများနှင့် UN ဒုက္ခသည်ကတ် ကိုင် ဆောင် ထားသူများလည်း ဖမ်းဆီးခံရကြောင်း ရခိုင်ဒုက္ခသည်များ ဗဟို(CAR) မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင် က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လ.ဝ.က ကတော့ အခုက UNHCR ကတ်နဲ့လည်း ဖမ်းတယ်။ တချို့ ပတ်စပို့စ်တွေလည်း ပါတယ်။ ဘာ စာရွက် စာတမ်းမှ မရှိတဲ့လူတွေလည်း ပါတာပေါ့။ ဖမ်းသွားပြီဆိုရင်တော့ လ.ဝ.က ဖမ်းပြီဆိုရင်တော့ လ.ဝ.က အချုပ်တွေကို အကုန်ခေါ်သွားတာ။ တချို့က လုပ်ငန်းပိုင်ရှင်တွေ သူဌေးတွေရှိတဲ့ လူတွေကတော့ လာထုတ်ကြ တယ်၊ ပတ်စပို့စ်တွေ ပါမစ်တွေနဲ့။ တချို့ သူဌေးတွေကျတော့လည်း လ.ဝ.ကတို့ ရဲတို့နဲ့ မဆက်ဆံချင်တော့ ဒီ အတိုင်း ပစ်ထားလိုက်တာ ရှိတယ်။ စာရွက်စာတမ်းမရှိတဲ့ လူတွေက မိမိရဲ့ community center တွေပေါ့။ ကိုယ့် ရဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် မရတဲ့အခါတွေမှာ လုံးဝကို ပျောက်သွားတာတွေ ရှိတာပေါ့။ စီမံချက် နဲ့ဖမ်းရင်တော့ အကုန်လုံးကို ခေါ်သွားတာပါပဲ။ အဲဒီမှာ သူတို့က စုံစမ်းတယ်၊ ဆက်သွယ်တယ်။ ဒီလူ၊ ဒီလူတွေကို တော့ ဖမ်းထားတယ်၊ မြန်မာသံရုံးကို ဆက်သွယ်တယ်။ နောက် လုပ်ငန်းရှင်တွေကို ဆက်သွယ်တာတော့ မရှိဘူး။ ကျနော်တို့လို community အဖွဲ့အစည်းကတ်ကို ကိုင်ထားတဲ့ လူတွေကျတော့ မဆက်သွယ်ဘူး။ တချို့ UN ရှိတဲ့ လူတွေကျတော့ UNHCR ကို ဆက်သွယ်တာတွေရှိတယ်။ UNHCR ကို ဆက်သွယ်တဲ့အခါကျတော့ UN ကတ် ရှိ လား၊ မရှိလား လာထုတ်မလား အဲဒီလိုမျိုးတွေပေါ့။ တစ်ခါတစ်လေလည်း UN နဲ့ အဆက်အသွယ် ရတာတွေ လည်း ရှိတယ်၊ အဆက်အသွယ် မရတာတွေလည်း ရှိတယ်”ဟု ပြောသည်။

မလေးရှားရှိ ရွှေ့ပြောင်းလုပ်သားများ ဖမ်းခံရစဉ် (asia news)

ထို့ကြောင့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာများ အနေဖြင့် အသွားအလာ၊ အနေအထိုင်နှင့် စားသောက်ခြင်းများအား သတိပြုကြရန်၊ ညဘက် အပြင်မထွက်ကြရန်နှင့် မူးယစ်သောက်စား ရမ်းကားခြင်းများ မပြုလုပ် ကြရန် မလေးရှားရောက် မြန်မာအဖွဲ့အစည်းများက အကြံပြုသတိပေးသည်။

ထို့အပြင် အထောက်အထား ရှိသူများအနေဖြင့်လည်း မိမိတို့၏ အထောက်အထားများအား ကိုယ်နှင့်မကွာ အမြဲ ဆောင်ထားကြရန် လိုအပ်ကြောင်းလည်း ၎င်းတို့က အကြံပြုသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
လွှတ်တော်ဖျက်သိမ်းကြောင်း မလေးရှားဝန်ကြီးချုပ်မှ ကြေညာနေသည်ကို မလေးရှားနိုင်ငံသားများ ကြည့်ရှု နေစဉ်(ဓါတ်ပုံ-အေပီ)

လွှတ်တော်ကို မလေးရှားဝန်ကြီးချုပ်ဖျက်သိမ်းပြီး ရွေးကောက်ပွဲကျင်းပရေး ကြေညာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1929

CNI International News

ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၁

မလေးရှားဝန်ကြီးချုပ် အစ္စမေးဆာဘရီယာကွပ် (Ismail Sabri Yaakob) သည် လွှတ်တော်ကို အောက်တိုဘာ ၁၀ ရက်တွင် ဖျက်သိမ်းလိုက်ပြီး လာမည့် နိုဝင်ဘာအစောပိုင်းတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် လမ်းခင်းပေးသွားမည်ဟု ကြေညာခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

ဝန်ကြီးချုပ် အစ္စမေး၏ မလေးအမျိုးသားညီညွတ်ရေးအဖွဲ့ပါတီ (United Malays National Organization-UMNO) အနေဖြင့် စောစီးစွာ ရွေးကောက်ပွဲကျင်းပသွားရန် တောင်းဆိုချက်များအရ လက်ရှိလွှတ်တော် သက်တမ်း မကုန်မီ ၉ လအလိုတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်သည်။

လက်ရှိအာဏာရညွန့်ပေါင်းအဖွဲ့တွင် အားအကောင်းဆုံးဖြစ်သော UMNO ပါတီသည် ၎င်း၏မဟာမိတ်များနှင့် မသင့်မတင့်ဖြစ်နေပြီး လာမည့်ရွေးကောက်ပွဲတွင် ကြီးကြီးမားမား အောင်ပွဲခံရန် ရည်မှန်းထားသည်။

မိမိနှင့် မလေးရှားဘုရင် ဆူလတန်အဗ္ဗဒူလာဆူလတန်အာမက်ရှား (Sultan Abdullah Sultan Ahmad Shah) တို့ အောက်တိုဘာလ ၉ ရက်တွင် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း အစ္စမေးက ပြောကြားခဲ့သည်။

အစ္စမေးသည် ၎င်း၏အစိုးရအပေါ် အပြစ်တင်ဝေဖန်ခံရမှုများကို တန်ပြန်ရန်အတွက် ယခုကဲ့သို့ ရွေးကောက်ပွဲကို စောစီးစွာ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ လာမည့်ရွေးကောက်ပွဲသည် ၂၀၁၈ ခုနှစ်နောက်ပိုင်း တတိယအကြိမ် မဲ ဆန္ဒပေးခြင်းလည်း ဖြစ်လာမည်ဟု သိရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ပါလီမန်တွင် ဇူလိုင် ၂၆ ရက်၊ ၂၀၂၁ ခုနှစ်က အောက်လွှတ်တော် အထူး အစည်းအဝေး ကျင်းပနေစဉ်(ဓါတ်ပုံ- AFP)

“အခုကြေညာချက်အရ လုပ်ကိုင်ခွင့်ကို ပြည်သူတွေဆီ ပြန်ပေးမှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့လုပ်ပိုင်ခွင့်ဟာ ခိုင်မာပြီး တည်ငြိမ်တဲ့အစိုးရတစ်ရပ် ပေါ်ပေါက်လာရေးအတွက် အာနိသင်ထက်မြက်တဲ့ ဖြေဆေးလည်း ဖြစ်ပါတယ်” ဟု အစ္စမေးက ရုပ်သံလိုင်းမှ ထုတ်လွှင့်သောမိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

လွှတ်တော်ဖျက်သိမ်းပြီး ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ကြေညာရန်အတွက် ရွေး ကောက်ပွဲကော်မရှင်သည် ယခုသီတင်းပတ်အတွင်း တွေ့ဆုံဆွေးနွေးရေးပြုလုပ်မည်ဟု မျှော်လင့်ရသည်။

နန်းတော်မှ ထုတ်ပြန်သောကြေညာချက်တစ်စောင်ထဲတွင် ဘုရင် ဆူလတန်အဗ္ဗဒူလာက “မုတ်သုံရာသီသည် နိုဝင်ဘာလလယ်ပိုင်းတွင် စတင်လေ့ရှိသဖြင့် ရွေးကောက်ပွဲမြန်မြန်ကျင်းပသွားမည်ဟု မျှော်လင့်ကြောင်း” ထုတ်ဖော်ပြောကြားထားသည်။

အောက်တိုဘာ ၁၀ ရက်နှောင်းပိုင်းတွင် လန်ဒန်အလည်အပတ်ခရီးမှ ပြန်ရောက်လာသည့် ဘုရင်က “၎င်းအနေ ဖြင့် အစ္စမေး၏တောင်းဆိုချက်အရ ပြည်သူများထံမှ တည်ငြိမ်သောအစိုးရတစ်ရပ် မဲပေးတင်မြှောက်ဖို့မှအပ အခြားရွေးချယ်စရာမရှိကြောင်း” ပြောကြားခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
Des Moines အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သမ္မတ ဂျိုးဘိုင်ဒန်မှ Air Force One ပေါ်မတက်မီ မီဒီယာ များနှင့် စကားပြောဆိုခဲ့စဉ်(ဓါတ်ပုံ-အေပီ)

အမေရိကန်သည် ရန်သူများနှင့် ဆက်ဆံရေး ပိုယိုယွင်းလာဟု စစ်တမ်းပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1154

CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၁၁

မကြာသေးမီနှစ်များအတွင်း အမေရိကန်၏နိုင်ငံတကာအမြင်သည် ကြီးမားသောအပြောင်းအလဲတစ်ရပ်နှင့် ကြုံတွေ့ခဲ့ရကြောင်း စစ်တမ်းအသစ်တစ်စောင်ကို ကိုးကား၍ အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

၎င်း၏မဟာမိတ်နိုင်ငံများနှင့် အမေရိကန်ဆက်ဆံရေးသည် ယခင်အတိုင်းတူညီစွာ ဆက်ရှိနေမည်(သို့မဟုတ်) တိုးတက်လာမည်ဟု အများစုက မျှော်လင့်နေကြသော်လည်း ရုရှားနှင့်မြောက်ကိုရီးယားတို့ကဲ့သို့ အစဉ်အလာအရ ရန်သူများနှင့် ဆက်ဆံရာတွင်တော့ အမေရိကန်၏ရန်လိုမှုမှာမှာ ကြီးထွားလာမည်ဖြစ်ကြောင်း အေပီက ဆက်လက် ရေးသားသည်။

ဘိုင်ဒန်အစိုးရအပေါ် အကဲဖြတ်ချက်များအရ ထရမ့်အစိုးရထက် အကြမ်းဖျင်းအားဖြင့် တူညီသော်လည်း အချို့ အချက်များမှာ ပြီးခဲ့သည့် ၄ နှစ်အခြေအနေထက် များစွာကွာခြားသွားပုံရသည်။

ယခုအခါ အမေရိကန်နိုင်ငံသား အရွယ်ရောက်ပြီးသူ ၆၀ ရာခိုင်နှုန်းတို့က အမေရိကန်သည် ရန်သူများနှင့်ဆက်ဆံ ရေး ပိုမိုဆိုးရွားလာကြောင်း ပီယာဆင်သိပ္ပံ (Pearson Institute) နှင့် NORC အေပီ၏ပြည်သူ့ရေးရာသုတေသန စင်တာတို့ ပူးပေါင်းကောက်ခံသော စစ်တမ်းတစ်စောင်ထဲတွင် ဖြေဆိုထားကြသည်။ နိုင်ငံသား ၂၁ ရာခိုင်နှုန်းတို့က မဟာမိတ်များနှင့်အမေရိကန် ယိုယွင်းလာမည်ဟု စစ်တမ်းတွင် ဖြေဆိုခဲ့ကြပြီး ၄၆ ရာခိုင်နှုန်းတို့က မဟာမိတ် များနှင့် ဆက်ဆံရေးကျဆင်းသွားသည်ဟု ထုတ်ဖော်ခဲ့ကြသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

ယေဘုယျအားဖြင့် အမေရိကန်၏ ကမ္ဘာ့အပေါ်ရပ်တည်ချက်ပိုဆိုးလာမည်ဟု အဆိုပါစစ်တမ်းဖြေဆိုသူ ၃၉ ရာခိုင် နှုန်းတို့ယုံကြည်ကြသည်။ အဆိုပါမေးခွန်းကိုပဲ ၂၀၁၈ ခုနှစ်တွင် ဖြေဆိုခဲ့ပုံ ၄၈ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ် ကြည့်နိုင် သည်။ အမေရိကန်ပြည်တွင်းနိုင်ငံရေးသည် နိုင်ငံခြားရေးရပ်တည်ချက်များအပေါ် အမြင်များ လွှမ်းမိုးမှုရှိကြောင်း ယင်းရာခိုင်နှုန်းက ပြသနေသည်။

“ထိုရလဒ်များသည် အမှန်တကယ်တွင် ဘက်လိုက်မှုလွန်ကဲနေကြောင်း အတိအလင်းပြသနေကြောင်း၊ ဒီမိုကရက်တစ်နှင့်ရီပတ်ဘလစ်ကန်အမတ်များသည် အမေရိကန်နိုင်ငံခြားရေးရပ်တည်ချက်များအတွက် ဘက်လိုက်နေကြ ကြောင်း ”ဟု ချီကာဂိုမြို့အခြေစိုက် ပီယာဆန်ကမ္ဘာ့ရေးရာပဋိက္ခများနှင့် ဖြေရှင်းနည်း လေ့လာရေးစင်တာမှ နိုင်ငံရေးသိပ္ပံပညာရှင်၊ ဂလိုဘယ်ဖိုရမ်အမှုဆောင်ဒါရိုက်တာဖြစ်သူ ရှီလာကိုဟန်တက်ဘ် (Sheila Kohanteb) က ပြောကြားခဲ့သည်။

နိုင်ငံတကာအပေါ် အမေရိကန်ဆက်ဆံမှုကို ကြည့်လျှင် အမေရိကန်နိုင်ငံသားများ၏ ထင်မြင်ချက်ယူဆချက်များ အနက် အဓိကအချက်မှာ နိုင်ငံရေးအစုအဖွဲ့များထံမှ ထင်ဟပ်မှုများကို တွေ့ရကြောင်း ရှီလာကိုဟန်တက်ဘ် က ဆက်လက်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၄ နှစ်ကတော့ ဒီမိုကရက်တစ်အမတ်များ၏ လေးပုံတစ်ပုံသည် အမေရိကန်၏ကမ္ဘာလုံးဆိုင်ရာ ရပ်တည်ချက်ကို သက်ရောက်စေမည်ဟု မျှော်လင့်ခဲ့ကြသည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်က နေပြည်တော်သို့ NMSP ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာစဉ်

ငြိမ်းချမ်းရေးဆွေးနွေးရန် NMSP နေပြည်တော်ရောက်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1152

 

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးရန် မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ယနေ့ (အောက်တိုဘာ ၁၀ ရက်)တွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အောက်တိုဘာ ၁၁ ရက်နေ့တွင် တွေ့ဆုံ၍ ဆွေးနွေးကြမည်ဖြစ် ပြီး ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တော့ အောက်တိုဘာ ၁၂ ရက်နေ့မှာ ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။

မွန်ပြည်သစ်ပါတီ(NMSP) ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်မှ ၂၅ ရက်အထိ ပထမအကြိမ် နစကနှင့်တွေ့ဆုံ ဆွေးနွေးထားသည်။

ယခု တွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်သည်။ တခြား တစ်ဖက်မှာတော့ မွန်ပြည်သစ်ပါတီ(NMSP)ကို နစက နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး မဆွေးနွေးရန် တောင်းဆိုမှုများလည်း ရှိနေသည်။

NMSP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် မွန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

 

 

Share
Tweet
Share
Share
powered by social2s

အဖွဲ့အစည်း အားလုံးနှင့်တွေဆုံဆွေးနွေးလိုကြောင်း RCSS ကမ်းလှမ်း

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1474

 

CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀

တိုင်းပြည်အကျိုးအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အားလုံးနှင့်တွေ့ဆုံဆွေးနွေးလိုကြောင်း RCSS က ယနေ့(အောက်တိုဘာ ၁၀ ရက်)တွင် ထုတ်ပြန် ကမ်းလှမ်းခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို အောက်တိုဘာ ၁၀ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်အတွင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသော ရှမ်းလက်နက်ကိုင်ဖြစ်သည်။

Share
Tweet
Share
Share
powered by social2s
  • 47
  • 48
  • 49
  • 50
  • 51
  • 52
  • 53
  • 54
  • 55
  • 56

Page 52 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar