CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ယူကရိန်းရှိ US ဇီဝဓာတ်ခွဲခန်းစစ်ရန် UN လုံခြုံရေးကောင်စီထံ ရုရှားအကြံပြု

By CNI
CNI
Category: Watch TV
Hits: 682

Share
Tweet
Share
Share
powered by social2s

ကြားဖြတ်ရွေးကောက်ပွဲ အလားအလာကြောင့် ဘိုင်ဒန်၏အိမ်ဖြူတော် စိုးရိမ်နေ

By CNI
CNI
Category: Watch TV
Hits: 685

Share
Tweet
Share
Share
powered by social2s

ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းဖို့ ဖြစ်နိုင်လား

By CNI
CNI
Category: Watch TV
Hits: 691

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယားကြောင့် မဟာမိတ်များကို စစ်ရေးအပြည့်ပေးမည်ဟု အမေရိကန်ကတိပြု

By CNI
CNI
Category: Watch TV
Hits: 690

Share
Tweet
Share
Share
powered by social2s
ဘိုင်ဒန်နဲ့ ပူတင်ကို သရော်ထားခြင်း (GETTY IMAGES)

နျူကလီးယားစစ်ရေး လေ့ကျင့်မည်ဟု အမေရိကန်ကို ရုရှားအသိပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1366

CNI International News

မော်စကို၊ အောက်တိုဘာ ၂၆

ရုရှားသည် ၎င်း၏ နျူကလီးယားတပ်ဖွဲ့များဖြင့် နှစ်စဉ်စစ်ရေး လေ့ကျင့်မည်ဟု မိမိတို့ကို အသိပေးခဲ့ကြောင်း အမေရိကန်အစိုးရက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနမှာ ရေးသား ဖော်ပြသည်။

ယခုကဲ့သို့ အသိပေးမှုသည် ရုရှား၏ နျူကလီးယား အပြောအဆို များနေချိန်တွင် မှားယွင်းတွက်ချက်မှု အန္တရာယ်ကို လျှော့ချပေးသည့် အပြုအမူဖြစ်ကြောင်း၊ မဟာဗျူဟာမြောက် နျူကလီးယား တပ်ဖွဲ့များ၏ နှစ်စဉ် Grom စစ်ရေး လေ့ကျင့်မှုအတွင်း ရုရှားသည် ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မည်ဟု မျှော်မှန်းမိကြောင်း အမေရိကန် အစိုးရက ဆက်လက် ပြောကြားခဲ့သည်။

ယခင်က ရုရှား၏ တိုက်ချင်းပစ် ဒုံးကျည်များ (inter-continental ballistic missiles) ကို ရည်ညွှန်း၍ အမေရိကန် အစိုးရက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

New START စာချုပ်အရ ရုရှားသည် အဆိုပါ ဒုံးကျည်အမျိုးအစား ပစ်လွှတ်မှုနှင့်ပတ်သက်၍ ကြိုတင် အသိပေး ရန် တာဝန်ရှိကြောင်း အမေရိကန်အစိုးရအရာရှိများက ဖြည့်စွက်ပြောကြားခဲ့ကြသည်။

ရုရှား ဒုံးကျည်နဲ့ ပေါက်ကွဲမှုဒဏ်ကို ညွန်းပြခြင်း (GETTY IMAGES)

“အရင်က ကျနော်တို့ မီးမောင်းထိုးပြခဲ့သလို အမေရိကန်ဘက်ကို သူတို့ အသိပေးထားပြီး ဖြစ်ပါတယ်။ ဒါဟာ နှစ်စဉ် လုပ်နေကျ လေ့ကျင့်မှုဖြစ်ပါတယ်” ဟု အမေရိကန်စစ်ရေး ပြောခွင့်ရသူ လေတပ်ဗိုလ်မှူးချုပ် ပက်ထရစ် ရိုင်ဒါ (Patrick Ryder) က သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။
နောက်ထပ် အသေးစိတ် အချက်အလက်များကိုတော့ ၎င်းက ထုတ်ဖော် ပြောကြားခြင်း မရှိပါ။

ရုရှား၏ စစ်ရေး လေ့ကျင့်မှုသည် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအတွက် အလားအလာရှိသော စိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း၊ ယူကရိန်းကို ရုရှားသမ္မတ ဗလာဒီမာပူတင် ကျူးကျော်ချိန်မှစ၍ ၎င်း၏ တိုင်းပြည်အတွက် ကာကွယ်ရန် နျူကလီးယား လက်နက်သုံးမည်ဟု အတိအလင်း ခြိမ်းခြောက်ထားကြောင်း ရိုက်တာက ဆက်လက် ရေးသားသည်။

ယူကရိန်းသည် ၎င်း၏ပိုင်နက် နယ်မြေအတွင်း မလျော်ကန်သည့် ဗုံးအမျိုးအစား သုံးရန် ပြင်ဆင်နေကြောင်း ရုရှား နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ထံသို့ အောက်တိုဘာ ၂၅ ရက်တွင် စွပ်စွဲတင်ပြခဲ့သည်။

ထိုစွပ်စွဲချက်ကို သတင်းအမှားသာ ဖြစ်ကြောင်းနှင့် စစ်ပွဲအရှိန်မြှင့်ရန် အကြောင်းပြချက်ဖြစ်ကြောင်း အနောက် အုပ်စုနှင့် ယူကရိန်းတို့က ပြတ်ပြတ်သားသား ပယ်ချခဲ့ကြသည်။

Source: Reutuers

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားနှင့်ဆွေးနွေးရန် လွှတ်တော်တောင်းဆိုချက်ကို အိမ်ဖြူတော်တုံ့ပြန်

By CNI
CNI
Category: Watch TV
Hits: 705

Share
Tweet
Share
Share
powered by social2s

မြန်မာများ နေရပ်ပြန်မပို့ရန် UNHCR ၏ တောင်းဆိုမှု မြေပြင်တွင် သက်ရောက်မှုမရှိ

By CNI
CNI
Category: Watch TV
Hits: 674

Share
Tweet
Share
Share
powered by social2s

အမေရိကန်ဖိအားတိုးနေချိန် တရုတ်ကို အစ္စရေး နည်းပညာ ကန့်သတ်နိုင်

By CNI
CNI
Category: Watch TV
Hits: 678

Share
Tweet
Share
Share
powered by social2s

အဖွဲ့တွင်းအားပြိုင်မှုကြောင့် KNU ကွန်ဂရက် ရွှေ့ဆိုင်းနေခြင်းဖြစ်နိုင်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 681

Share
Tweet
Share
Share
powered by social2s

စစ်လက်နက် အမျိုးအစားအားလုံး ရုရှား တိုးမြှင့်ထုတ်လုပ်နေ

By CNI
CNI
Category: Watch TV
Hits: 729

Share
Tweet
Share
Share
powered by social2s

မဲဘယ်လောက် ရာခိုင်နှုန်းပေးမှ ရွေးကောက်ပွဲအောင်မြင်မယ် မသတ်မှတ်ထားဘူး

By CNI
CNI
Category: Exclusive Interview
Hits: 1356

Share
Tweet
Share
Share
powered by social2s
မြန်မာနိုင်ငံသို့ ပြန်ပို့ခံရမည့် မြန်မာနိုင်ငံသားများကို မလေးရှားလေဆိပ်တွင် တွေ့ရစဉ်

မြန်မာများ နေရပ်ပြန်မပို့ရန် UNHCR ၏ တောင်းဆိုမှု မြေပြင်တွင် သက်ရောက်မှုမရှိ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1864

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၅

မြန်မာနိုင်ငံသားများအား နေရပ်ပြန်မပို့ရန်အတွက် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မြန်မာနိုင်ငံနှင့် နီးစပ်သည့် အိမ်နီးချင်း နိုင်ငံများသို့ တိုက်တွန်းတောင်းဆိုမှုသည် မြေပြင်တွင် သက်ရောက်မှု မရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံသားများ အများဆုံး ရောက်ရှိနေသည့် ထိုင်းနှင့် မလေးရှားတို့တွင် တရားမဝင် နေထိုင်၊ အလုပ် လုပ်ကိုင်သူများအား ဖမ်းဆီးစိစစ်မှုမှာ ပိုမိုများပြာလာကြောင်း၊ ဖမ်းဆီးခံရသူများထဲတွင် တတိယနိုင်ငံသို့ သွား ရောက်ရန် UNHCR ထံ၌ လျှောက်ထားသူ တချို့လည်း ပါဝင်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့ကို တတိယနိုင်ငံသွားဖို့ လျှောက်ထားတယ်ဆိုတဲ့ အထောက်အထား A4 စာရွက်ထဲမှာ နာမည်လေး တွေနဲ့ link တစ်ခုတော့ ပေးထားတယ်ပေါ့။ ဒီအထောက်အထား တစ်ရပ် ပေးထားရုံနဲ့ မလုံလောက်ဘူး။ အဖမ်း ခံရတဲ့ အချိန်မှာ သူတို့တွေက UN ကို စောင့်တယ်။ UN ရုံးမှာ တာဝန်ရှိသူတွေ၊ တကယ် ဆုံးဖြတ်နိုင်တဲ့ သူတွေက မရှိဘူး။ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားဟာ ဘာတွေ နစ်နာသွားသလဲဆိုတော့ UNHCR ကို စောင့်ဆိုင်းနေတဲ့ အချိန်မှာပဲ တစ်ဖက်က လူမှုရေးအရ ပိုက်ဆံ ပေးပြီးတော့ အဖမ်းခံရသူနဲ့ အာဏာပိုင်နဲ့ ဆွေးနွေးပြီး ထုတ်မယ် ဆိုရင်တောင် ကျနော်တို့ထုတ်လို့ မရတော့ဘူး။ UN က လာမှလို့ အဲဒီလိုတွေ ဖြစ်သွားရော။ တကယ် အဖမ်းခံရရင် ထဲထဲဝင်ဝင် ချက်ချင်း လာထုတ်သွားတာ မရှိသလောက်ပဲ။ ဒါနဲ့ပတ်သက်ပြီးတော့ UN ကထိုင်းကို CDM သမား တွေပေါ့ အစရှိသဖြင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ ထည့်ပြောရမှာ ဆိုတော့ တတိယနိုင်ငံ သွား မယ့် လူတွေ အားလုံးကို အပြည့်အဝ အကူအညီ မပေးနိုင်ဘူး ဆိုတာကိုတော့ ပေါ်လွင် ထင်ရှားနေတယ်။ ဘယ်လိုပဲ စာထုတ်ထုတ် အထောက်အထားမဲ့ အဖြစ်နဲ့ ဖမ်းရမှာကလည်း သက်ဆိုင်ရာနိုင်ငံရဲ့ တည်ဆဲဥပဒေကို။ ဒါကိုလည်း ဖမ်းဆီးတဲ့ အာဏာပိုင်တွေကို ကျနော်တို့ အပြစ် ပြောလို့မရဘူး။ UNHCR အနေနဲ့ သူထုတ်ထားတဲ့ A4 စာရွက်တစ်ရွက်ဟာ သူ့ရဲ့ဩဇာဟာ ဘယ်လောက်ထိ သက်ရောက်သလဲဆိုတာကို သူကိုယ်တိုင် ပြန်လည် မေး ခွန်း ထုတ်ဖို့ လိုအပ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ခံရစဉ်

အိမ်နီးချင်းနိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံသားများအား နေရပ်ပြန်ပို့ခြင်းကို ရပ်တန့်ရန်နှင့် အကာအကွယ်ပေးရန် UNHCR အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့က တိုက်တွန်း တောင်းဆိုထားသည်။

သို့သော် ကမ့်(Camp)များ၊ အချုပ်ခန်းများတွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသူ အင်မတန် များပြားနေကြောင်း၊ ထို အထဲတွင် UN ကတ် ကိုင်ဆောင်ထားသူများနှင့် လျှောက်ထားသူများ ပါဝင်ကြောင်း၊ သို့သော်လည်း UN မှ လာရောက် တွေ့ဆုံခြင်းမှာ နည်းပါးသဖြင့် နေရပ်ပြန်မပို့၍ မရသည့် အခြေအနေ ဖြစ်ကြောင်း မလေးရှားတွင် မြန်မာဒုက္ခသည်အရေး ဆောင်ရွက်နေသူ ကျန်ကျောင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “UNHCR ရဲ့ ပါဝါတွေက သိပ်မရှိတော့ဘူး မလေးရှားမှာ။ ရှေ့နေပိုင်းဆိုင်ရာကအစ တရားရုံးကအစ UN က ပါဝါတွေ မလေးရှားမှာ သိပ်ပြီးတော့ မရှိတော့ဘူး ပြောရမှာပေါ့။ အခုက ကမ့်ထဲမှာ ထောင်ထဲမှာ ရှိနေတဲ့ သူတွေကို သိပ်ပြီးတော့ UN ရုံးကနေ မလုပ်ပေးတော့ဘူး။ ဒီကမ့်ထဲမှာ ရှိနေတဲ့ လူတွေကိုကျတော့ UN ရုံးကနေ တားပိုင်ခွင့်နဲ့မရဘူး။ ဒါ မလေးရှားအစိုးရနဲ့ပဲ ဆိုင်တယ်။ ပြန်ပို့တယ်ဆိုတာက လောလောဆယ် သူတို့မှာ မလေးရှားရဲ့ အစိုးရရဲ့ လ.ဝ.က ရဲ့ လုပ်ထုံးလုပ်နည်းပေါ့နော်။ မပို့လို့မှ မရတာ။ ကမ့်ထဲမှာနေပြီး အများကြီး ရက်ကြာရှည်ထားလို့ မရဘူးလေ သူတို့မှာ။ မလေးရှား လ.ဝ.က ရဲ့ ဥပဒေကနေပြီး ကမ့်ထဲမှာ လူတွေတအားများ တယ်လေ။ ကမ့်မှာက နေရထိုင်ရတာလည်း အဆင်မပြေဘူး။ စားရသောက်ရတာလည်း အဆင်မပြေဘူးဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် မလေးရှားအစိုးရကတော့ ပို့မှာပဲ။ ကမ့်ကိုလည်း UN ကလည်း သွားတွေ့တာ မဟုတ်ဘူးလေ” ဟု ပြောသည်။

UNHCR အနေဖြင့် ယခုကဲ့သို့ ထုတ်ပြန်ချက် စာများထုတ်မည့်အစား မြေပြင်တွင် မြန်မာနိုင်ငံသားများအတွက် အမှန်တကယ် ထိရောက်မည့် လုပ်ဆောင်ချက်မျိုးကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း FED မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသားများကို ဖမ်းဆီးထားစဉ်

၎င်းက “UNHCR အနေနဲ့ တောင်းဆိုတယ်ဆိုတဲ့ စကားလုံးတွေထက် ကြပ်ကြပ်မတ်မတ်ပေါ့။ ထိုင်း လ.ဝ.က အချုပ်တွေထဲမှာ ပုံမှန် သွားလေ့လာပြီးတော့ စိစစ်သင့်တယ်။ ဒါတရားမဝင် အလုပ်သမားတွေကို ပြန်ပို့တယ်ဆို တာကတော့ ဒါကတော့ ပြဿနာ မရှိဘူး။ ဒါကတော့ သူတို့ ဟိုဘက် ဒီဘက်နိုင်ငံ လက်မှတ်မရှိလို့ ပြန်ပို့တယ်။ ဒါပေမယ့် ကျနော်တို့ ပြောနေတာသည် CDM ပေါ့ အစိုးရကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ ကျနော်တို့ ဝန်ထမ်းတွေကို ပြန်ပို့တဲ့ဟာမျိုးကျတော့ ဒါက အန္တရာယ်ရှိတယ်။ လောလောဆယ် ထိုင်းမှာတော့ UNHCR က သူတို့ကို အရေးပေါ် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ပေးထားတယ်။ ဒါပေမယ့် ပြဿနာက ဖုန်းတွေက ဆက်လို့မရဘူး။ တကယ်လို့ UNHCR က ထိုင်းအစိုးရနဲ့ သပ်သပ်မတ်မတ် စနစ်တကျနဲ့ ဆွေးနွေးမယ်ဆိုရင်တော့ ထိုင်းအစိုးရ ဘာပဲဖြစ်ဖြစ် လိုက်နာမယ်လို့ ယုံကြည်တယ်ပေါ့လေ။ ဒါကြောင့်မို့လို့ UNHCR အနေနဲ့ ထိုင်းအစိုးရနဲ့ စနစ်တကျ ဆွေးနွေး ညှိနှိုင်း တောင်းဆိုသင့်တယ်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်” ဟု ပြောသည်။

လက်ရှိတွင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းအပြင် မလေးရှားတို့၌ ၎င်းတို့ နိုင်ငံအတွင်း အခြေအနေများကြောင့် တရားမဝင် နေထိုင်၊ အလုပ်လုပ်ကိုင်သူများအား နေ့စဉ်နှင့်အမျှ ဖမ်းဆီးခြင်းနှင့် စိစစ်ခြင်းများ ပိုမို လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် အထောက်အထားမဲ့ မြန်မာများအနေဖြင့် အလုပ်လုပ်ကိုင်သည့် အခါသာမက နေထိုင်သွားလာသည့် အခါများတွင် ယခင်ထက် ပိုမို သတိပြု နေထိုင်နေကြရကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများ ထံက သိရသည်။

အဖမ်းအဆီးနှင့် စိစစ်မှုများ များပြားနေသည့်အတွက် တရားမဝင် လမ်းကြောင်းမှ ခိုးဝင်မည့်သူများ အနေဖြင့် လက်ရှိတွင် မလာကြသေးရန် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက တိုက်တွန်းထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
KNU ၏ ၁၆ ကြိမ်မြောက် ကွန်ဂရက်ကို ကျင်းပခဲ့စဉ် (KNU)

အဖွဲ့တွင်းအားပြိုင်မှုကြောင့် KNU ကွန်ဂရက် ရွှေ့ဆိုင်းနေခြင်းဖြစ်နိုင်ဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1834

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၅

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဗဟိုကော်မတီအတွင်း အားပြိုင်မှုကြောင့် ကွန်ဂရက်ကို မကြာခဏ ရွှေ့ဆိုင်းနေရခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနကို ပြောသည်။

အဆိုပါ အားပြိုင်မှုတွင် တစ်ဖွဲ့ဖွဲ့မှ ပြတ်ပြတ်သားသား အသားစီးရသွားမှသာလျှင် ကွန်ဂရက်ကို ကျင်းပနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးသန်းစိုးနိုင်က “ကျနော်မြင်တာတော့ KNU ဆိုတာ ဗဟိုကော်မတီထဲမှာလည်း အင်အားစုကွဲနေတယ်၊ ဗဟိုကော် မတီနဲ့ အောက်ခြေတပ်တွေ ကြားထဲမှာလည်း သဘောထား မတူကြဘူး။ အဲဒီအောက်မှာ ဒီကိစ္စတွေ ခဏခဏ ဖြစ်နေတယ်၊ ဗဟိုကော်မတီမှာ စောမူတူးစေးဖိုးနဲ့ နော်စီဖိုးရာစိန်တို့ အုပ်စုက အားပြိုင်နေကြတာ၊ နောက်ပြီး တော့ တပ်မဟာတွေကလည်း ကျနော်တို့ အခု တစ်ဗိုလ်၊ တစ်မင်းပေါ့ ကိုယ့်နယ်နဲ့ လုပ်ကိုင်နေကြတယ်၊ အခု လှုပ်ရှားမှုအတွင်းမှာ ပေါ်လာတဲ့ နယ်ဒါးမြဆိုရင်လည်း သူ့ကို ဗဟိုကော်မတီက ထုတ်ထားတယ်၊ ဒါပေမဲ့ သူက KNLA တပ်ဖွဲ့တွေနဲ့ တိုက်နေတယ်၊ အဲဒီလို အနေအထားတွေ ရှိတဲ့အောက်မှာ ခဏခဏ ရွှေ့ပြောင်းရတာ မဆန်း ဘူးလို့ ထင်ပါတယ်။ အဖွဲ့တစ်ဖွဲ့က အင်အားစု ပြတ်ပြတ်သားသား အသာစီးရသွားတဲ့ အချိန်ကြမှ သူတို့ လုပ်ကြပါ လိမ့်မယ်၊ ကျနော်ထင်တာတော့” ဟု CNI သတင်းဌာနသို့ ပြောသည်။

 KNU တပ်ဖွဲ့ကိုတွေ့ရစဉ် (KNU)

၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ကျင်းပရန် လျာထားသည့် KNU ၏ (၁၇)ကြိမ်မြောက် ကွန်ဂရက်ကို အကြိမ်ကြိမ် ရွှေ့ ဆိုင်းလာခဲ့ရာ ယခုလ (အောက်တိုဘာ) ၂၄ ရက်၌ ကျင်းပရန် စီစဉ်ခဲ့သည်။

သို့သော် အစည်းအဝေးသို့ ကိုယ်စားလှယ် ၁၈၀ ဦး၏ ၇၅ ရာခိုင်နှုန်း ရောက်ရှိမှ အထမြောက်မည်ဖြစ်သော်လည်း ၇၅ ရာခိုင်နှုန်း မပြည့်မီသည့်အတွက် မကျင်းပနိုင်ဘဲ ဖြစ်ခဲ့ကြောင်း KNU နှင့် နီးစပ်သူများက ပြောသည်။

ထို့ကြောင့် KNU ကွန်ဂရက် မကျင်းပနိုင်ခဲ့ခြင်းနှင့် ရွှေ့ဆိုင်းနေရမှု အခြေအနေများနှင့်ပတ်သက်၍ KNU တာဝန်ရှိ ပုဂ္ဂိုလ်များထံ CNI သတင်းဌာနမှ အကြိမ်ကြိမ် ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

KNU ကွန်ဂရက်တွင် ခေါင်းဆောင်များကို ပြန်လည်ရွေးချယ်ရန်အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သ‌ဘောတူစာချုပ် (NCA) စာချုပ်အတိုင်း ဆက်လက်ရပ်တည်ရန် သင့်/မသင့်နှင့် လက်ရှိ တပ်မ‌တော်ကို တော်လှန်နေသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းမည် မပူးပေါင်းမည် စသည့် အကြောင်းအရာများကို ဆွေးနွေးရန် ရှိကြောင်း သိရသည်။

လက်ရှိတွင် KNU ၏ ကွန်ဂရက် ကျင်းပရန် အချိန် ၂ နှစ်လွန်သွားပြီဖြစ်ကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ် ပါတီမှ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီဟာက သူတို့ ညီလာခံက လုပ်ဖို့ အချိန်ကျနေတာ ၂ နှစ်တောင် လွန်သွားပြီလေ၊ ၂ နှစ်တောင် လွန်သွားပြီဆိုတော့ အဲဒီဟာနဲ့ အခုဖြစ်တဲ့ဟာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု သက်ရောက်မှု ရှိမလားဆိုတာ ကျနော်တို့လည်း ကြိုပြီးတော့ သုံးသပ်လို့ မရနိုင်သေးဘူးလို့ ပြောရမှာပဲ၊ သူတို့ ဘာတွေ ဆုံးဖြတ်လို့ ဘာတွေ လုပ်မလဲမှ မသိသေးတာ၊ အကြမ်းဖျင်း အားဖြင့်တော့ သူတို့ EC ပေါ့၊ အသစ်ပြန်ရွေးမယ်၊ အဲဒီ EC အသစ်တွေ ကနေ ဖြစ်လာတဲ့ လူတွေက ဘယ်လို သဘောထား ရှိသလဲဆိုတာ ကျနော်တို့လည်း မသိရသေးဘူးလေ၊ မသိနိုင် သေးဘူး၊ ဒါကြောင့်မို့ အဲဒီဟာကတော့ ပြောဖို့ နည်းနည်း မရသေးဘူး။ ပြောဖို့လည်း စောသေးတယ်လို့ပဲ ခင်ဗျား ကို အသိပေးပါရစေ” ဟု ပြောသည်။

မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပြီးနောက် KNU က သိမ်းဆည်းရမိခဲ့သော လက်နက်များကိုတွေ့ရစဉ် (KNU)

KNU ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကွန်ဂရက်ကို လေးနှစ်တစ်ကြိမ် ကျင်းပရမည် ဖြစ်သော်လည်း ကိုဗစ်ကပ် ရောဂါနှင့် တပ်မတော်က အာဏာရယူပြီးနောက် ဖြစ်ပေါ်လာသည့် နိုင်ငံရေး အကျပ်အတည်းများကြောင့် ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သ‌ဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

တခြားတစ်ဖက်မှာလည်း နွေဦးတော်လှန်ရေး အင်အားစုများကို လူသားချင်းစာနာထောက်ထားမှုအရ စောင့် ရှောက်ထားသလို PDF များနှင့်ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
တရုတ်နဲ့ အစ္စရေး အလံများကိုတွေ့ရစဉ် (GETTY IMAGES)

အမေရိကန်ဖိအားတိုးနေချိန် တရုတ်ကို အစ္စရေး နည်းပညာ ကန့်သတ်နိုင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1569

CNI International News

ဂျေရုဆလင်၊ အောက်တိုဘာ ၂၅

အမေရိကန်ဖိအား တိုးလာနေချိန်၌ တရုတ်ကို ပစ်မှတ်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက် အသစ် များအား အစ္စရေးအစိုးရက အတည်ပြုရန် မျှော်လင့်ရကြောင်း ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာတွင် ရေးသားဖော်ပြသည်။

အစ္စရေးအစိုးရအဖွဲ့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အစိုးရအနေဖြင့် ကြီးကြပ်ကိုင်တွယ်ရေး အားကောင်းစေမည့် အစီအမံများကို အတည်ပြုသွားရန် မျှော်လင့်ထားကြောင်း ဟာရက်(Harretz) မီဒီယာက သတင်းဖော်ပြ ခဲ့သည်။

ထိုအစီအမံများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့ကုမ္ပဏီ၏ အစုရှယ်ယာ ၅ ရာခိုင်နှုန်းထက် ကျော်၍ ထိန်းချုပ်ထားလျှင် အစိုးရက ဝင်ရောက်စွက်ဖက်ခွင့်ပြုခြင်း၊ နိုင်ငံ့လုံခြုံရေး ခြိမ်းခြောက်လာသည်ဟု ယူဆပါက ပြည်တွင်း စီမံကိန်းများကို နိုင်ငံခြားကုမ္ပဏီများ လေလံဆွဲခြင်း (သို့မဟုတ်) လိုင်စင်ထုတ်ပေးရေး နှောင့်နှေးစေ ခြင်းတို့ ပါဝင်သည်။

ကန့်သတ်ချက် အသစ်များ၌ အဆင့်မြင့် စက်မှုနည်းပညာ လုပ်ငန်းများ အကျုံးဝင်မည် မဟုတ်သော်လည်း ကြီးထွားလာနေသည့် အမေရိကန်-တရုတ် နည်းပညာပြိုင်ဆိုင်မှုကြောင့် မကြာမီ ယင်းနယ်ပယ် တိုးချဲ့သွား နိုင်ကြောင်း အစ္စရေးနိုင်ငံ၊ အက်ကီလွန်ပညာရေးကောလိပ်မှ နိုင်ငံရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ ဝါရင့်ကထိက မော်ဒီချိုင်ချာဇီဇာ (Mordechai Chaziza) က ပြောကြားခဲ့သည်။

အစ္စရေးနည်းပညာကိုတွေ့ရစဉ် (GETTY IMAGES)

“လက်ရှိရာစုနှစ်ရဲ့ နိုင်ငံတကာစနစ်မှာ ဖော်ညွှန်းနေတဲ့ နည်းပညာပြိုင်ဆိုင်မှုမှာ ဘယ်သူနိုင်မလဲဆိုတာ လူတိုင်း သိပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“အစ္စရေးနဲ့ အနောက်နိုင်ငံတွေက အမေရိကန်ကို ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် ဆက်ရှိနေဖို့ အာရုံစိုက်ထားကြပါ တယ်။ ဒါကြောင့် အဆင့်မြင့် နည်းပညာနယ်ပယ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ကန့်သတ်ထိန်းချုပ်တာဟာ ဆင်ခြင်တုံတရားနဲ့ ယှဉ်ဖို့ လိုပါတယ်” ဟု မော်ဒီချိုင်ချာဇီဇာက မှတ်ချက်ချခဲ့သည်။
“အစ္စရေးနှင့်တရုတ်သည် အရေးကြီးသော စမ်းသပ်မှုတစ်ရပ် လုပ်နေကြောင်း၊ ဘေဂျင်းအပေါ် အမေရိကန်နှင့် လိုက်လျောညီထွေ သဘောမျိုး အစ္စရေးဘက်က မထားရှိဖို့ မိမိတို့ လိုလားပါကြောင်း” ဟု တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဆက်ဆံရေးဌာနတာဝန်ခံ လျူဂျင်ချောင် (Liu Jianchao) က တရုတ်ဆိုင်ရာ အစ္စရေးသံအမတ် အီရစ် ဘန် အေဘာ (Irit Ben-Abba) ကို ယခင်ဩဂုတ်လတွင် ပြောကြားခဲ့သည်။

သို့သော် “ထိုစဉ်က အခြေအနေကို မိမိ သတိမမူမိခဲ့ကြောင်း” တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝီဘင် (Wang Wenbin) က နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

အမေရိကန်သည် မကြာသေးမီ လများအတွင်း တရုတ်အပေါ် ကန့်သတ်ချက် အများအပြား ချမှတ်ခဲ့ရာ အဆင့်မြင့် ချစ်ပ် (chip) နည်းပညာကို အသုံးပြုခွင့် ကန့်သတ်ရန်လည်း အပါအဝင် ဖြစ်သည်။

Source: South China Morning Post

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂျွန်ကာဘီနဲ့ ကာရင်ဂျင်ပီးရီတို့ကိုတွေ့ရစဉ် (GETTY IMAGES)

ရုရှားနှင့်ဆွေးနွေးရန် လွှတ်တော်တောင်းဆိုချက်ကို အိမ်ဖြူတော်တုံ့ပြန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1659

CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၂၅

ယူကရိန်းအရေးကို သံတမန်နည်းလမ်းဖြင့် အဆုံးသတ်စေရန် သမ္မတဂျိုးဘိုင်ဒန်ထံသို့ ဒီမိုကရက်တစ်အမတ် ၃၀ ခန့်က စာရေးသားတောင်းဆိုပြီးနောက် ယူကရိန်းမပါဝင်ဘဲ ရုရှားနှင့် တိုက်ရိုက်ဆွေးနွေးရေး အစီအစဉ်အား အမေရိကန်အစိုးရ တာဝန်ရှိသူများက ပယ်ချခဲ့ကြောင်း အာရ်တီသတင်းဌာနမှ ရေးသားဖော်ပြသည်။

“ကျနော်တို့ဘက်က ရှင်းပါတယ်။ ယူကရိန်း မပါဘဲနဲ့ ယူကရိန်းကိစ္စ ဘာမှပြောစရာ မရှိပါဘူး။ ဒါဟာ ရုရှားနဲ့ ဆွေးနွေးပုံ ဆွေးနွေးနည်း၊ စေ့စပ်ညှိနှိုင်းကြမယ့် အမျိုးအစားနဲ့ပတ်သက်လာရင်တော့ သမ္မတဗိုလိုဒီမီယာ ဇာလန်းစကီးကပဲ ဆုံးဖြတ်ချက် ချမှတ်ရမှာ ဖြစ်ပါတယ်” ဟု အိမ်ဖြူတော် သတင်းပြန်ကြားရေးတာဝန်ခံ ကာရင်ဂျင်ပီးရီ (Karine Jean-Pierre) က အောက်တိုဘာ ၂၄ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အနာဂတ် စေ့စပ်ညှိနှိုင်းရေးတွင် ယူကရိန်းက တစိတ်တပိုင်း ပါဝင်ရမည်ဟု အမေရိကန် အမျိုးသားလုံခြုံရေး ကောင်စီ ပြောခွင့်ရသူ ဂျွန်ကာဘီ (John Kirby) က အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

“ယူကရိန်းဘက်ကနေ ကိုယ်စားလှယ်မပါဘဲ ရုရှားခေါင်းဆောင်တွေနဲ့ စကားမပြောဘူး” ဟု ဂျွန်ကာဘီ၏ ပြောကြားချက်ကို ကိုးကားလျက် ဝါရှင်တန်ပို့စ် သတင်းစာက ရေးသားသည်။

ယူကရိန်းခေါင်းဆောင် ဇာလန်းစကီးကိုတွေ့ရစဉ် (GETTY IMAGES)

“မစ္စတာ ဇာလန်းစကီးဟာ သူ့နိုင်ငံအရေးကိစ္စ ဖြစ်တဲ့အတွက် ဘယ်လိုအောင်မြင်အောင် ဆွေးနွေး ပုံဖော်မလဲဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

သမ္မတထံသို့ လွှတ်တော်အမတ်များ ပေးပို့သော စာလွှာကို မိမိ မမြင်ဖူးကြောင်း ကာရင်ဂျင်ပီးရီက ဝန်ခံပြောကြား ခဲ့သလို ဂျွန်ကာဘီကလည်း “လွှတ်တော်အမတ်များ၏ တွေးခေါ်မြော်မြင်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အမေရိကန် အစိုးရက တန်ဖိုးထားလေးစားပါကြောင်း” မှတ်ချက်ချခဲ့သည်။

သို့သော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်သည် လက်ရှိပဋိပက္ခကို အချိန်မရွေး အဆုံးသတ်ဖို့ ရွေးချယ်နိုင် ကြောင်း ကာရင်ဂျင်ပီးရီရော ဂျွန်ကာဘီကပါ အသီးသီး ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၄ ရက်တွင် အိမ်ဖြူတော်သို့ ပေးပို့သော စာလွှာတစ်စောင်ထဲတွင် ကွန်ဂရက်(လွှတ်တော်) တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ပရာမီလာက “ယူကရိန်း၏ ပျက်စီးဆုံးရှုံးမှုကြောင့် ဥရောပတွင် နျူကလီးယား စစ်ပွဲ ခြိမ်းခြောက်မှုနှင့် စီးပွားရေး မတည်ငြိမ်မှုများ ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ စေ့စပ်ညှိနှိုင်း အဖြေရှာရန်လို ကြောင်း” ပြောကြားထားသည်။

Source: အာရ်တီသတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရှီ၏ သမ္မတသက်တမ်း တတိယအကြိမ်ကြောင့် တင်းမာမှုများနှင့် တရုတ်ရင်ဆိုင်နေရ

By CNI
CNI
Category: Watch TV
Hits: 715

Share
Tweet
Share
Share
powered by social2s
  • 42
  • 43
  • 44
  • 45
  • 46
  • 47
  • 48
  • 49
  • 50
  • 51

Page 47 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar