CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ရုရှားတပ်များ စစ်ရေးပြနေစဉ်(ဓါတ်ပုံ-Tass)

တစိတ်တပိုင်း စစ်ရေးလှုပ်ရှားမှုအားလုံး ရပ်ဆိုင်းဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1585

CNI International News

မော်စကို၊ နိုဝင်ဘာ ၁

တစိတ်တပိုင်း စစ်ရေးလှုပ်ရှားမှုများနှင့် စစ်မှုထမ်းဆင့်ခေါ်စာများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု မော်စကိုအခြေစိုက် တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

“စစ်မှုထမ်းရုံးတွေနဲ့ ဒေသန္တရအစိုးရအသီးသီးတွေမှာ အရန်တပ်အင်အား စစ်မှုထမ်းဖို့ဆင့်ခေါ်တဲ့ လှုပ်ရှားမှု အားလုံးကို ရပ်ဆိုင်းလိုက်ပါပြီ။ ပြင်ဆင်ရေးနဲ့ ဆင့်ခေါ်စာပေးပို့တာတွေကိုလည်း အခု ရပ်ဆိုင်းထားပါတယ်” ဟု ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တစိတ်တပိုင်း စည်းရုံးသိမ်းသွင်းမှု အပြီးသတ်အစီရင်ခံစာများကို နိုဝင်ဘာ ၁ ရက် (ယနေ့) နောက်ဆုံးတင်ပြ ကြရမည်ဖြစ်ပြီး ယင်းကိစ္စနှင့်စပ်လျဉ်းသည့် ညွှန်ကြားချက်များကို စစ်တိုင်းနှင့်ခရိုင်အလိုက် တပ်မှူးများနှင့် မြောက်ပိုင်းတိုင်း ရေတပ်မှ တပ်မှူးထံသို့ ပေးပို့ထားကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ရေးသားထားသည်။

မော်စကိုရှိ စစ်ပညာကျောင်းဆင်း တပ်သားများကိုတွေ့ရစဉ်(ဓါတ်ပုံ-Victor Berzkin/ZUMA)

စည်းရုံးသိမ်းသွင်းရေးလုပ်ငန်းစဉ်အရ အသုံးပြုခဲ့သော အစည်းအဝေးပွဲနေရာများနှင့် အခြားအဆောက်အအုံများကို ယခုအခါ ၎င်းတို့၏ယခင်မူလရည်ရွယ်ချက်များအတိုင်း အသုံးပြုသွားရမည်ဖြစ်ဖြစ်ပြီး စစ်မှုရေးရုံးများကို လည်း မူလလုပ်ငန်းဆောင်တာများအတိုင်း ပြန်လည်တာဝန်ထမ်းဆောင်သွားစေမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောသည်။

စစ်မှုထမ်းရေးအတွက် စစ်သားစုဆောင်းရေးရုံးခွဲအသီးသီးမှာ တပ်ဖွဲ့ဝင်သစ်များအဖြစ် စေတနာ့ဝန်ထမ်းနှင့် စာချုပ်ချုပ်ထားသည့် တပ်သားများကိုသာ ဆက်လက်ခေါ်ယူသွားမည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်တွင် စတင်ခဲ့သည့် တစိတ်တပိုင်း စစ်မှုထမ်းစည်းရုံးသိမ်းသွင်းရေးလှုပ်ရှားမှုကို အပြီးသတ်လိုက်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေရွှိုင်ဂု (Sergey Shoigu) က သမ္မတဗလာ ဒီမာပူတင်ထံသို့ အစီရင်ခံတင်ပြပြီးဖြစ်သည်။

လူသစ် ၃၀၀,၀၀၀(သုံးသိန်း) ဆင့်ခေါ်ထားပြီးဖြစ်သည်ဟု ရွှိုင်ဂုက ပြောကြားထားပြီး တစိတ်တပိုင်း စည်းရုံးခြင်း အတွက် နောက်ထပ်ရည်မှန်းချက်များ ချမှတ်ထားမှု မရှိကြောင်း သိရသည်။

Source: တာ့စ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘလင်ကင်နှင့် ဝမ်ယိတွေ့ပြီး ယူကရိန်းစစ်ပွဲ၊ တရုတ်-အမေရိကန်ဆက်ဆံရေး ဆွေးနွေး

By CNI
CNI
Category: Watch TV
Hits: 700

Share
Tweet
Share
Share
powered by social2s

ယူကရိန်းစစ်နှင့်ကျူးဘားဒုံးကျည် အကျပ်အတည်းကို နှိုင်းယှဉ်ပြီး ရုရှားပြော

By CNI
CNI
Category: Watch TV
Hits: 699

Share
Tweet
Share
Share
powered by social2s

အီထယ်ဝမ်ဖြစ်ရပ်အပေါ် အမုန်းပွားစေမည့် မှတ်ချက်များရှောင်ကြရန် ဝန်ကြီးချုပ်တိုက်တွန်း

By CNI
CNI
Category: Watch TV
Hits: 662

Share
Tweet
Share
Share
powered by social2s

လာမည့်‌ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် ပြင်ဆင်သွားမည်ဟု ဒူးလေးပါတီဥက္ကဋ္ဌ ပြော

By CNI
CNI
Category: Watch TV
Hits: 653

Share
Tweet
Share
Share
powered by social2s
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ ကိုတွေ့ရစဉ် (GETTY IMAGES)

ယူကရိန်းစစ်နှင့်ကျူးဘားဒုံးကျည် အကျပ်အတည်းကို နှိုင်းယှဉ်ပြီး ရုရှားပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2076

CNI International News

မော်စကို၊ အောက်တိုဘာ ၃၁

၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည် အကျပ်အတည်းနှင့် အလားသဏ္ဌာန်တူသည့် ကမ္ဘာလုံးဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှု များ ကိုင်တွယ်ဖြေရှင်းရာတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အနေဖြင့် အမြော်အမြင် ရှိလိမ့်မည်ဟု မိမိမျှော်လင့် ကြောင်း ယူကရိန်းစစ်ပွဲကို ရည်ညွှန်း၍ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံပိုင် ရုပ်သံလိုင်း တစ်လိုင်းနှင့် အင်တာဗျူးတွင် လာဗရော့က ကျူးဘား အကျပ်အတည်းနှင့် ယနေ့ ယူကရိန်းစစ်တို့ တူညီမှုများ ရှိကြောင်း၊ အဓိကအားဖြင့် ရုရှားသည် ယခုအခါ ယူကရိန်းတွင် အနောက်နိုင်ငံများ၏ လက်နက်များဖြင့် ခြိမ်းခြောက်ခံ နေရသဖြင့် တူညီသည်ဟု ပြောရခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

“ယနေ့ အခြေအနေမှာတော့ သမ္မတ ဂျိုးဘိုင်ဒန်က ဘယ်လို အမိန့်ပေးမလဲဆိုတာ နားလည်ဖို့ အခွင့်အရေး ပိုရ မယ်လို့ မျှော်လင့်ပါတယ်” ဟု လာဗရော့က ပြောကြားခဲ့သည်။

“ဒီလိုအခြေအနေဟာ အင်မတန် စိတ်ပျက်စရာ ကောင်းပါတယ်။ ခြားနားချက်ကတော့ ၁၉၆၂ ခုနှစ်တုန်းက ကရူးရှက်ဗ်နှင့် ကနေဒီတို့ဟာ တာဝန်ယူမှုနဲ့ ဉာဏ်အမြော်အမြင်တို့ကို ပြသခဲ့ကြပါတယ်။ အခုတော့ ဝါရှင်တန် ဘက်က အဲဒီလို အဆင်သင့် ဖြစ်တာမျိုး ကျနော်တို့ မတွေ့ရတော့ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။

ကျူးဘားက ဒုံးကျည်တပ်ဆင်ထားမှုကိုတွေ့ရစဉ် (GETTY IMAGES)

ရုရှားသည် ယူကရိန်းကို ကျူးကျော် ဝင်ရောက်ပြီး ကတည်းက ရုရှားနှင့် အနောက်အုပ်စုတို့အကြား ကျူးဘား ဒုံးကျည် အကျပ်အတည်း နောက်ပိုင်း အကြီးမားဆုံး ရန်လိုမှုများ ဖြစ်ပေါ်ခဲ့သည်။

ကျူးဘားဒုံးကျည် အကျပ်အတည်းတွင် ဆိုဗီယက်ပြည်ထောင်စု(ရုရှား)နှင့် အမေရိကန်တို့သည် နျူးကလီးယား စစ်ဖြစ်မည့် အန္တရာယ်နှင့် နီးကပ်ခဲ့ဖူးသည်။

ထိုစဉ်က ကျူးဘားကျွန်းပေါ်သို့ နျူကလီးယား ဒုံးကျည်များ လာရောက် ဖြန့်ကြက်ထားရှိရန် ဆိုဗီယက် ခေါင်း ဆောင် နီကီတာကရူးရှက်ဗ် ညွှန်ကြားခဲ့ကြောင်း အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီက တွေ့ရှိခဲ့သည်။

အခြားတဖက်တွင်လည်း ကျူးဘားကျွန်းပေါ်မှ နှင်ထုတ်ခံရသော အမေရိကန် ကျောထောက် နောက်ခံပြု အစိုးရ ဟောင်းက ကျူးဘားအာဏာရ ကွန်မြူနစ်အစိုးရသစ်ကို ဖြုတ်ချရန် ကြိုးပမ်းမှုလည်း မအောင်မြင်ခဲ့ပေ။

၁၉၆၂ ခုနှစ်၊ အောက်တိုဘာလတွင် ဆိုဗီယက်ရေငုပ်သင်္ဘော ကပ္ပတိန်တစ်ဦးသည် အမေရိကန်ရေတပ်၏ ရေငုပ် သင်္ဘောလှုပ်ရှားမှုကို စွပ်စွဲခဲ့ပြီး နျူကလီးယားလက်နက် သုံးစွဲလိုသည့် အလားအလာများ ပြသလာခဲ့သည်။

ထိုနေ့ နှောင်းပိုင်းတွင် ကနေဒီသည် ကရူးရှက်ဗ်ကို ကျူးဘားမှ ဒုံးကျည်များ ဖယ်ရှားပေးဖို့ အလဲအလှယ် သဘော ဖြင့် တူရကီသို့ အမေရိကန် ပေးပို့ထားသည့် ဒုံးကျည်အားလုံး ဖယ်ရှားပေးရန် လျှို့ဝှက်သဘောတူခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် စစ်အေးတိုက်ပွဲတွင် စူပါပါဝါချင်း ပြိုင်ဆိုင်မှု၏ ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်လာခဲ့ သော်လည်း အကျပ်အတည်းမှာ နောက်ပိုင်းတွင် ပြေလည်သွားခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို တွေ့ရစဉ် (Reuters)

ဘလင်ကင်နှင့် ဝမ်ယိတွေ့ပြီး ယူကရိန်းစစ်ပွဲ၊ တရုတ်-အမေရိကန်ဆက်ဆံရေး ဆွေးနွေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1120

CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၃၁

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် အောက်တိုဘာ ၃၀ ရက်တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံခဲ့ပြီး ရုရှား- ယူကရိန်းစစ်ပွဲအရေး အပါအဝင် တရုတ်နှင့် အမေရိကန် ဆက်ဆံရေး အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

ထို့နောက် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် စီးပွားရေး တည်ငြိမ်မှုတို့အပေါ် ခြိမ်းခြောက်မှုများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ပွင့်လင်းမြင်သာသော ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု ထိန်းထားရန်နှင့် အမေရိကန်-တရုတ် ဆက်ဆံရေးကို တာဝန်သိစွာ စီမံခန့်ခွဲရန် လိုအပ်ကြောင်း ဘလင်ကင်က ဝမ်ယိကို ပြောကြားခဲ့သည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

ဟေတီတွင် ဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုနှင့် လုံခြုံရေးအခြေအနေ၊ ဟေတီပြည်သူများကို ပံ့ပိုးကူညီမှုများ ဆက်လက် ညှိနှိုင်းလိုအပ်ကြောင်း ဘလင်ကင်က ဆက်လက် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

အောက်တိုဘာ ၂၈ ရက်ကလည်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် နီကိုလပ်စ်ဘန့်စ် (Nicholas Burns) နှင့် တွေ့ဆုံခဲ့ပြီး အမေရိကန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် လက်တွေ့ကျသော မျှော်လင့်ချက်များ ပိုမိုလိုအပ်ကြောင်း ပြသခဲ့သည်။

“သံအမတ်ကြီးအနေနဲ့ တရုတ်နဲ့အမေရိကန် ချိတ်ဆက် ထိတွေ့ရာတွင်မှာ ပေါင်းကူးတံတားတစ်စင်း ဖြစ်လာမယ် လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ဝမ်ယိက ပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေး အခြေအနေသည် ယခုအခါတွင် အရေးကြီးသော လမ်းကြောင်းတစ်ခုပေါ် ရောက်ရှိနေပြီဖြစ် ကြောင်း ရိုက်တာသတင်းကို ကိုကား၍ တရုတ်အခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုဖြစ်သော news.cgtn.com က ရေးသားခဲ့သည်။

ဒေသတွင်း ရှုထောင့်မှ ကြည့်လျှင် ဝါရှင်တန်နှင့်ဘေဂျင်းတို့အတွက် နီးစပ်သော မိတ်ဖက်များသည် အင်အားကြီး နိုင်ငံ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်မှုနှင့် တွက်ချက်မှု လွဲမှားသည့်အန္တရာယ် တိုးလာနိုင်သည့် အခြေအနေကို စောစီးစွာ တားဆီးရန် လိုအပ်ကြောင်း ပြသခဲ့သည်။

ထို့ကြောင့် အမေရိကန်သည် ငြိမ်းချမ်းရေးအတွက် ဒေသတွင်း မျှော်လင့်ချက်များကို ပိုမိုတုံ့ပြန်ရန် လိုအပ်ကြောင်း ဘန့်စ်နှင့်တွေ့ဆုံစဉ် ဝမ်ယိက ပြောကြားခဲ့သည်။

Source: Reuters, CGTN

 

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်၊ ဒုံးကျည်များနှင့် ထောက်လှမ်းရေးများကို တရုတ်ဦးစားပေးလာ

By CNI News
CNI News
Category: ဆောင်းပါး
Hits: 2586

 

CNI International Article

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၀

တရုတ်နိုင်ငံ၏ အဓိက ခေါင်းဆောင်ဖြစ်သူ ရှီကျင့်ဖျင်သည် မော်စီတုန်း၏ ကွန်မြူနစ်ပါတီ အာဏာသိမ်းယူမှု၏ သမိုင်းဝင် တော်လှန်ရေး အခြေခံ စခန်းဖြစ်သည့် ရှန်စီနယ်၊ ယီနန်မြို့ (Yan'an) သို့ အောက်တိုဘာ ၂၇ ရက်တွင် လတ်တလော အသစ်ခန့်အပ်ထားသော တရုတ်ထိပ်တန်း အရာရှိများကို သဘောတရားရေးရာ ကွင်းဆင်းလေ့လာ ရေး ခရီးကို ဦးဆောင်ခဲ့သည်။

မော်စီတုန်းသည် ၎င်းဒေသရှိ လိုဏ်ဂူအတွင်း၌ ရပ်နေကာ တပ်နီတော်(ကွန်မြူနစ်တပ်) များကို တစ်ချိန်က လမ်းညွှန်ပဲ့ကိုင်ခဲ့သည်။

ဆယ်စုနှစ်များစွာ အတွင်း တရုတ်၏ သြဇာအကြီးဆုံး ခေါင်းဆောင် မော်သည် သစ္စာစောင့်သိမှု၊ ကြိုးစား အား ထုတ်မှုနှင့် အနစ်နာခံမှုတို့အတွက် လိုအပ်ကြောင်း ၎င်း၏တပ်သားတိုင်းကို သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ယနေ့ မျက်မှောက် ကာလတွင်လည်း ပါတီသည် ယီနန်စိတ်ဓာတ်ကို ရှေ့တန်း တင်ရမည်ဖြစ်ကြောင်း၊ "မိမိ ကိုယ်ကို အားကိုးမှုနှင့် ခက်ခဲကြမ်းတမ်းသော တိုက်ပွဲများကို အဓိကအားဖြင့် မိမိ ရှေ့ဆောင်လမ်းညွှန် သွားမည် ဖြစ်ကြောင်း ရှီကျင့်ဖျင်က ၎င်း၏နောက်လိုက် ငယ်သားများကို မှာကြားလို့နေပြီ ဖြစ်သည်။  

ရှီ၏ အဆိုအရ ၎င်းတို့ ကွန်မြူနစ်များသည် ဂျပန်ကျူးကျော်မှုကို ပထမဦးစွာ တိုက်ထုတ်ခဲ့သူများ ဖြစ်ကြောင်း၊ အာဏာရ အမျိုးသားရေးပါတီနှင့် ၁၉၄၀ ပြည့်လွန်နှစ်များက ပြည်တွင်းစစ်ကဲ့သို့ ယနေ့ခေတ်တွင်လည်း ကျင့်ဝတ် များ လိုအပ်နေသေးကြောင်း သိရသည်။

ခေါင်းဆောင်ကြီး မော်စီတုန်း

ရှီကျင့်ဖျင် ပြင်ဆင်နေသည့် တိုက်ပွဲ၏ သဘောသဘာဝကို ပြီးခဲ့သော ဆယ်စုနှစ်အတွင်း နှစ်ကြိမ်တိုင်တိုင် နိုင်ငံ ရေးအရ တွေ့ဆုံမှုတွင် ရွေးချယ်ထားသော တရုတ်ထိပ်တန်း ခေါင်းဆောင် နှစ်ဒါဇင်ခန့်၏ နောက်ခံ ကိုယ်ရေး ရာဇဝင်များကို ကြည့်၍ မှန်းဆနိုင်သည်။

ရှီကျင့်ဖျင်၏ ရွေးချယ်မှုများသည် အထူးသဖြင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များထံမှ ဖိအားများကို ခံနိုင်ရည် ရှိစေရန်အတွက် ဘေဂျင်းသည် အဆင့်မြင့် စစ်ရေးနှင့် နည်းပညာစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် အာရုံစိုက် နေခြင်းကို ရောင်ပြန်ဟပ်နေပါသည်။

“ရှီသည် မော်၏ အစဉ်အလာကို အောင်မြင်အောင် အလေးပေး လုပ်ဆောင်သူဖြစ်ကြောင်း သူ့ကိုယ်သူ ရည်ညွှန်း ပြောကြားခဲ့သည်”ဟု စတန်းဖို့ဒ်စင်တာ၊ တရုတ်စီးပွားရေးနှင့် အဖွဲ့အစည်း အသွင်သဏ္ဌာန် လေ့လာရေးသိပ္ပံမှ အကြီးတန်း သုတေသနပညာရှင် ဂိုဂွမ်ဝူက ပြောကြားခဲ့သည်။

၁၉၄၀ ပြည့်နှစ်လွန်များအတွင်း မော်၏ ခေါင်းဆောင်မှု အောက်တွင် ပါတီသည် သူတို့လိုချင်သမျှကို အကောင် အထည် ဖော်နိုင်ခဲ့သည့်။ ယနေ့ကာလတွင်တော့ တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှု ကြီးထွား လာနေ သော်လည်း ရှီသည် တိုးတက်မှု နှေးကွေးကာ အနောက်စက်မှု လုပ်ငန်းကြီးများနှင့် နက်ရှိုင်းသော ချိတ်ဆက်မှုများ နှေးကွေးသွားခဲ့သည့် အချက်ကိုမူ ငြင်း၍ မရပေ။

ပါတီ၏အာဏာကို ချုပ်ကိုင်ထားနိုင်မှုကို အားနည်းစေမည်ကို စိုးရိမ်နေဆဲဖြစ်ကြောင်း ဂိုဂွမ်ဝူက သုံးသပ်ပြသည်။

လီခဲ့ချန်နဲ့ ရှီကျင့်ဖျင်

၎င်းသည် တရုတ်ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် Zhao Ziyang ၏ အကြံပေးအဖြစ် ၁၉၈၀ ပြည့်လွန်နှစ်များ အတွင်း ရာထူးမှ ဖယ်ရှားခံရသည့် အချိန်အထိ လုပ်ကိုင်ခဲ့သူဖြစ်သည်။ Zhao Ziyang သည် ၁၉၈၉ ခုနှစ် တီအန်နန်မင် ဆန္ဒပြပွဲကြောင့် ဖြုတ်ချခံရသည်။

“ရှီက ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ်။ သူ့စကားအရ တရုတ်နိုင်ငံကို ကမ္ဘာ့ဇာတ်ခုံဗဟိုသို့ ရောက်စေချင်နေ တာဗျ။ အဲဒီရည်ရွယ်ချက် အထမြောက်ဖို့က လက်ရှိမှာ တရုတ်ခွန်အားနဲ့ မလုံလောက်သေးဘူး” ဂိုဂွမ်ဝူက ဆက်လက် သုံးသပ်ပြသည်။

မကြာသေးမီက ပြီးစီးခဲ့သော ပါတီကွန်ဂရက် ညီလာခံတွင်  ရှီသည် တရုတ်ပြည်တွင်း ရင်ဆိုင်နေရသော ပြင်းထန် သည့် စိန်ခေါ်မှုများကို အလေးပေး ပြောကြားခဲ့သည်။

သူသည် စီးပွားရေးဆိုင်ရာ စိုးရိမ်မှုများနှင့်အတူ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကိုပါ ဦးတည် ပြောကြားခဲ့ပြီး အခက်အခဲများ ကျော်လွှားနိုင်ဖို့ တရုတ်နိုင်ငံသူ၊ နိုင်ငံသားများ ညီညာဖျဖျ ရုန်းကြွကြရန် တိုက်တွန်းခဲ့သည်။

အစည်းအဝေးသည် မူဝါဒ အစီအစဉ်ချမှတ်ရာ၌ ရှီ၏ အခန်းကဏ္ဍကို ခိုင်မာစေခဲ့သည်။ ၎င်း၏ ပြိုင်ဘက်ဟောင်း လီခဲ့ချန်နှင့် တစ်ကြိမ်ဆက်ခံမည့်သူ နှစ်ဦးစလုံးကို ထုတ်ပယ်ခဲ့ပြီး အခြားနိုင်ငံရေး ကွန်ရက်များကို ဖျက်သိမ်းခဲ့ သည်။

အဖွဲ့ဝင် ၂၄ ဦးပါ နိုင်ငံရေးဦးဆောင်အဖွဲ့ (ပေါ်လစ်ဗျူရို) တွင် ပါဝင်ရန် ရာထူးတိုးမြှင့်ခံရသူ ၁၃ ဦးအနက် အများစု မှာ ရှီနှင့် ပုဂ္ဂိုလ်ရေးအရ ခိုင်မာသော ဆက်ဆံရေး ရှိရုံသာမက နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု(သို့မဟုတ်) လုံခြုံရေးနှင့် စစ်ရေးစွမ်းရည်များ၏ မူဝါဒဆိုင်ရာ သက်ဆိုင်သည့် အတွေ့အကြုံများ ကိုယ်စီရှိကြသည်။

အသစ်ရွေးချယ်လိုက်တဲ့ ပေါ်လစ်ဗျူရိုအဖွဲ့

ပေါ်လစ်ဗျူရို အသစ်တွင် ပါဝင်လာကြသည့် Ma Xingrui, Zhang Guoqing, Li Ganjie, Liu Guo Zhong နှင့် Yuan Jiajun တို့သည် တရုတ်အစိုးရပိုင် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သည့် စက်မှုဇုန်တွင် အလုပ်လုပ်ဖူးကြပြီး အာကာသ ပျံသန်းမှု အပိုင်းမှာလည်း အမေရိကန်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ၏ လက်နက် တိုးချဲ့ ပြိုင်ဆိုင်မှုများတွင် အတွေ့အကြုံ မနည်းကြပေ။

သူတို့သည် အဆုံးစွန်ဆုံးပြောရလျှင် သမားရိုးကျ နျူကလီးယား ဒုံးကျည် ထုတ်လုပ်နည်းအထိ နားလည်ကြသည်။

ဂျာမနီတွင် အာကာသပညာကို လေ့လာနေသော လက်ရှိ ပါတီဝင်တစ်ဦးဖြစ်သည့် Yuan Jiajun သည် ကြွယ်ဝ ချမ်းသာသူ တစ်ဦးဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ပထမဆုံး တရုတ်လူမျိုး အာကာသယာဉ်မှူးကို အာကာသထဲသို့ စေလွှတ်သည့် အစီအစဉ်ကို ဦးဆောင်ခဲ့သည်။

Liu Guo Zhong သည် တရုတ်အရှေ့ပိုင်း သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်တွင် အမြောက်စနစ်များ၊ ဒီဇိုင်းနှင့် ထုတ်လုပ်ရေးတို့ကို အဓိက သင်ကြားခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံရေးလောကသို့ မပြောင်းမီ တရုတ်နိုင်ငံ၏ အစောဆုံး ဗုံးနှင့် ဒုံးကျည်စက်ရုံများတွင် အလုပ်လုပ်ခဲ့သည်။

ရာထူးတိုးခြင်းများသည် တရုတ်နိုင်ငံအတွက် အရေးကြီးသော သွင်းအားစုတစ်ခုအဖြစ် Xi ၏ "သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ ကျွမ်းကျင်မှုအပေါ် အာရုံစိုက်နေခြင်းကို ထင်ဟပ်စေသည်" ဟု Eurasia Group မှ အကြီးတန်း တရုတ် လေ့လာသုံးသပ်သူ Neil Thomas က ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစောပိုင်းကာလမှ အခြား နျူကလီးယား လက်နက်နိုင်ငံများ၏ တွန်းလှန်ခံရခြင်းမှ ရုန်းထွက်ရန် အလို့ငှာ မရှိမဖြစ် လိုအပ်သည့် ဂြိုဟ်တုနှင့် နျူကလီးယား လက်နက်နည်းပညာများကို ၎င်းအစိုးရ တာဝန်ရှိသူများက ပြန်လည် ဖန်တီးရမည်ဟု ရှီက မကြာခဏ ပြောလေ့ရှိသည်။

အသစ်ရွေးချယ်တဲ့ ပေါ်လစ်ဗျူရိုမှာ ပါ၀င်လာတဲ့ Cai Qi

ပေါ်လစ်ဗျူရို အတွင်း အခြားအဓိက ပြဿနာတစ်ရပ်မှာ ထိုင်ဝမ်ဖြစ်ပြီး ပေါ်လစ်ဗျူရို အဖွဲ့ဝင် နှစ်ဒါဇင် အနက် ၁၅ ဦးမှာ အဆိုပါကျွန်းနှင့် တရုတ်ပြည်မကြီး ရေလက်ကြားဖြတ်ကျော် စီးပွားရေး ဆက်ဆံမှုများကို စီမံခန့်ခွဲရန် ဖြစ်သည်။

တစ်စိတ်တစ်ပိုင်းအားဖြင့် တိုင်းပြည် ပေါင်းစည်းရေး ခေါင်းစဉ်အောက်တွင် ဘေဂျင်း၏ ကြိုးပမ်းအားထုတ်မှု သို့မဟုတ် တစ်စိတ်တစ်ပိုင်းအနေဖြင့် ကျွန်းနှင့် ကင်းကွာ၍ မရသော အကြောင်းပြချက်များက ရှိနေသည်။

အကယ်၍ ထိုင်ဝမ် လွတ်လပ်ရေးတရားဝင်ကြေညာခဲ့လျှင် စစ်တပ်ဖြင့် ပစ်မှတ်ထား နိုင်သည့် နေ့တစ်နေ့ ဖြစ်သည်။

ထိပ်တန်းအဖွဲ့ဝင် ခုနစ်ဦးပါ ပေါ်လစ်ဗျူရို အမြဲတမ်း ကော်မတီတွင် အံ့အားသင့်ဖွယ် ပေါင်းထည့်ထားသည့် တစ်ဦးဖြစ်သည့် ပုဂ္ဂိုလ်မှာ Cai Qi ဖြစ်သည်။

၎င်းသည် ဇီကျန်းဒေသတွင် ဒေသဆိုင်ရာ အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၂ ခုနှစ်တွင် ထိုင်ဝမ် သို့ သွားရောက်ခဲ့ပြီး လွတ်လပ်ရေးနှင့် အသွင်ကူးပြောင်းရေးကို နိုင်ငံရေးအရ မဟာမိတ်အဖြစ် ပြောင်းလဲရန် တရုတ်ပြည်မကြီးကို တောင်းဆိုခဲ့ဖူးသည်။

ကျွန်း၏ တောင်ဘက်ရှိ ပြည်နယ်နှစ်ခုတွင် ရှီနှင့် လက်တွဲလုပ်ဆောင်ခဲ့သော Cai သည် ၂၀၁၇ ခုနှစ်တွင် ရှီ အနေဖြင့် ဘေဂျင်းပါတီ ဥက္ကဋ္ဌ ဖြစ်လာရန် ရာထူးတိုးခြင်း အဆင့်ဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းကို ကောင်းစွာ နားလည်ခဲ့သည်။

ထို့အပြင် သူသည် သက်ကြီးရွယ်အို ဆွေမျိုး ပေါက်ဖော် တစ်ဦးနှင့် တွေ့ဆုံခြင်း၊ တရုတ်တွင် ထိုင်ဝမ် ရင်းနှီး မြုပ်နှံမှုများကို အားပေးခြင်းနှင့် ပိုမိုရင်းနှီးသော ကူမင်တန်မှ နိုင်ငံရေးသမားများနှင့် ပေါင်းသင်း ဆက်ဆံခြင်း အကြောင်း အကောင်းမြင် ရေးသားခဲ့သည်။

ထိုအချိန်က ကူမင်တန်သည် ထိုင်ဝမ်ကို တစ်ချိန်က အုပ်ချုပ်ခဲ့သော ပါတီ၏ အမည်ဖြစ်သည်။

 

ခြွင်းချက်အနေဖြင့် ထိုင်ဝမ်ကို အာရုံစိုက်စေသည့် တရုတ်ပြည်မကြီး အရှေ့ပိုင်း ဇာတ်ကွက်ကို ဦးဆောင်ခဲ့သူမှာ He Weidong ဖြစ်သည်။ အသက် ၆၅ နှစ်ရှိ ဗိုလ်ချုပ်ကြီး He Weidong သည် ထူးဆန်းစွာဖြင့် ဗဟိုကော်မတီဝင် ၃၇၀ နေရာတွင်  အဖွဲ့ဝင်ဖြစ်ခဲ့သည်။

ထို့ထက် တစ်ဆင့်တိုး၍ ပေါ်လစ်ဗျူရိုတွင် ထိုင်ခုံ တစ်နေရာ တိုးလာခဲ့သည်။  

ထိုင်ဝမ်ရှိ အမျိုးသားလုံခြုံရေး သုတေသန ဒါရိုက်တာ Shen Ming-Shih က “ပေါ်လစ်ဗျူရို အပြောင်းအလဲများ သည် ထိုင်ဝမ်အပေါ်  ရှီသည် စိတ်ရှည်သည်းခံမှု မရှိတော့ဘဲ ခက်ခဲကြမ်းတမ်းစွာဖြင့် ထိုင်ဝမ်ကို တွန်းအားနေပုံ ရကြောင်း” ကောက်ချက်ချခဲ့သည်။

ရေလက်ကြား ဖြတ်ကျော်ဆက်ဆံရေး ယိုယွင်းလာမှုကို ဂရုမစိုက်သည့် နည်းဗျူဟာကို ဆက်ပြောရလျှင် အသက် ၆၉ နှစ်သာ ရှိသေးသည့် ရှီကျင့်ဖျင်သည် အသက် ၇၂ နှစ်အရွယ် Zhang Youxia ကို ဆက်ထိန်းထားရန် ဆုံးဖြတ် ချက်သည် PLA ထိပ်ပိုင်းရှိ တိုက်ခိုက်ရေး အတွေ့အကြုံကို လိုလားသော ရှီကျင့်ဖျင်၏ ဆန္ဒကြောင့် ဖြစ်နိုင်သည်။

အသက်အကြီးဆုံး ပေါ်လစ်ဗျူရို အဖွဲ့ဝင်ဖြစ်သည့် Zhang Youxia သည် ၁၉၇၉ ခုနှစ်တွင် တရုတ်နှင့် ဗီယက်နမ် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ ထိုစစ်ပွဲသည် ကွန်မြူနစ်ချင်း အတူတူ ဗီယက်နမ်ကို ဒဏ်ခတ်လိုသဖြင့် တရုတ် က တမင်တကာ ကျူးကျော် တိုက်ခိုက်ခြင်းဟု သတ္တုချကြသည်။

နောက်ထပ် စံနှုန်းတစ်ခုဖြစ်သည့် ဆုံးဖြတ်ချက်မှာ တရုတ်နိုင်ငံ၏ လက်ရှိ ထောက်လှမ်းရေး ခေါင်းဆောင် Chen Wenqing ကို ပေါ်လစ်ဗျူရို အဖွဲ့ဝင်အဖြစ် ထားရှိလိုက်ခြင်း ဖြစ်သည်။

၁၉၈၀ ပြည့်လွန် နှစ်များအတွင်း နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနကို ဖွဲ့စည်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ခန့်အပ်လိုက်သည့် ရာထူးလည်း ဖြစ်သည်။ Chen Wenqing သည် အကျင့်ပျက် ခြစားမှု စောင့်ကြည့်ရေးအဖွဲ့တွင် အသက်အငယ်ဆုံး လက်ထောက် အတွင်းဝန်ဖြစ်လာပြီး ရှီသည် Chen Wenqing ကို လက်ကိုင်တုတ်အဖြစ် သုံး၍ အကျင့်ပျက်ခြစားမှုနှင့် ပြိုင်ဘက်များကို  ရေရေလည်လည် သုတ်သင်ရှင်းလင်းခဲ့သည်။

ယခင် ဆိုဗီယက်ပြည်ထောင်စုရှိ KGB ထောက်လှမ်းရေးဂိုဏ်း ကဲ့သို့ပင် ရှီ၏ တရုတ်နိုင်ငံတွင် “သူလျှိုများ အာဏာရလာ”ကြောင်း အရောင်းမြှင့်တင်ရေး ညွှန်ပြသည်ဟု စတန်းဖို့ဒ် ပညာရှင် ဂိုဂွမ်ဝူက ပြောသည်။

လက်ရှိ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တစ်ချိန်က KGB ဂိုဏ်းချုပ်ဖြစ်သည်။

အသစ်ဖွဲ့တဲ့ ပေါ်လစ်ဗျူရိုမှာ ပါ၀င်လာတဲ့ ထောက်လှမ်းရေး ခေါင်းဆောင် Chen Wenqing

“ယခုအခါတွင် ရှီကျင့်ဖျင်သည် လူမှုရေး အင်အားစုများကို သာမက နိုင်ငံရေးထိပ်သီးများနှင့် နိုင်ငံခြား ဆက်ဆံ ရေးရော ထောက်လှမ်းရေးတွင်ပါ အခန်းကဏ္ဍတစ်ခုအဖြစ် အသုံးချလိုပုံရသည်” ဟု ၎င်းက ကောက်ချက်ချသည်။

ထိုင်ဝမ်ရှိ Tamkang တက္ကသိုလ်မှ တရုတ်လေ့လာမှုပညာရှင် Hung Yao-nan က လုံခြုံရေးအပေါ် ရှီ၏ အလေး ထားမှုသည် ၎င်း၏ ဗဟိုချုပ်ကိုင်မှု မြင့်မားသော အုပ်ချုပ်ရေး၏ အကျပ်ရိုက်မှုကို ထင်ဟပ်စေသည်ဟု ပြောကြား ခဲ့သည်။

ဗဟိုချုပ်ကိုင်သည့် အလေ့အထသည် “မော်စီတုန်း ထောင်ချောက်” ဟု ဖြစ်ပြီး ရှီသည် ဂျိုးဇက်စတာလင် ကဲ့သို့ ပြည်တွင်း ထိန်းချုပ်မှုကို ယခင်ကထက် ပိုမိုတင်းကျပ်လာမည် (သို့မဟုတ်) ပြင်းထန်သော အမျိုးသားရေးဝါဒ ဗန်းပြ၍ ရန်လိုမှုများကို လုပ်လာမည်ဟု Hung Yao-nan က သုံးသပ်သည်။  

“ရှီကျင့်ဖျင်သည် ယခင်ကထက် သေးငယ်သော ဆုံးဖြတ်ချက်များသည်ပင် စက်ဝိုင်းတစ်ခု၏ အလယ်ဗဟိုတွင် ရှိလာသဖြင့် ဆိုးရွားသော ဆုံးဖြတ်ချက်များချရန် ပိုမိုလွယ်ကူလာသည်" ဟု ၎င်းက ပြောကြားခဲ့သည်။

“ရှီ၏ မိန့်ခွန်းများတွင် ကမ္ဘာတစ်ဝန်းလုံးတွင် ကွဲပြားခြားနားမှုများကို တိုက်ထုတ်နေပြီး စစ်အေးတိုက်ပွဲသစ်သို့ ဝင်လာစေသည်ဟု စသည်ဖြင့် အမေရိကန်ကို ဝင်္ကဝုတ္တိအလင်္ကာဖြင့် မကြာခဏ သတိပေးသော်လည်း ကိုယ်ပိုင် ထိန်းချုပ်မှုကို ဘောင်ခတ်ထားဖို့ ထိန်းသိမ်းရန်အတွက် “သူကိုယ်တိုင် တံတိုင်းတစ်ခုကို တည်ဆောက်ထား ကြောင်း” Hung Yao-nan က ဆက်လက် ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီသည် တရားဝင်အားဖြင့် ဗလာဒီမာလီနင်၏ ရုရှားမာ့က်စ်ဝါဒီနှင့် အလယ်အလတ် (လစ်ဘရယ်) ဒီမိုကရေစီ အခြေခံ သဘောတရားအပေါ် ကျောရိုးပြု၍ ဖွဲ့စည်းထားသည်။

ပါတီ၏ အမြင့်ဆုံး ဆုံးဖြတ်ချက်များကို ၅ နှစ်တွင် တစ်ကြိမ် ကျင်းပသော အမျိုးသား ကွန်ဂရက် အစည်းအဝေးက ချမှတ်သည်။ အမျိုးသား ကွန်ဂရက် အစည်းအဝေး မကျင်းပ ဖြစ်သည့်အခါ ဗဟိုကော်မတီသည် အမြင့်ဆုံး ဆုံးဖြတ်ချက် ချပေးရသည်။

သို့သော် ဗဟိုကော်မတီသည် သာမန်အားဖြင့် တစ်နှစ်လျှင် တစ်ကြိမ်သာ တွေ့ဆုံသောကြောင့် အများဆုံး တာဝန် နှင့် ဝတ္တရားများအား ပေါ်လစ်ဗျူရို(Politburo) နှင့် ၎င်း၏ အမြဲတမ်းကော်မတီသို့ အခွင့်အာဏာအဖြစ် အပ်နှင်း ထားသည်။

ပါတီ၏ ခေါင်းဆောင်သည် အထွေထွေအတွင်းရေးမှူး (အရပ်သားတာဝန်)၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ (CMC) (စစ်ရေးတာဝန်)နှင့် နိုင်ငံတော်သမ္မတ (နိုင်ငံ့အကြီးဆုံးရာထူး)၏ ရုံးများအား ထိန်းချုပ်ထားသည်။

ထို့ကြောင့် ပါတီခေါင်းဆောင်သည် နိုင်ငံ၏ အထွဋ်အထိပ် ခေါင်းဆောင်ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့သော (၁၈) ကြိမ်မြောက် အမျိုးသားကွန်ဂရက်မှ ရွေးကောက်တင်မြှောက် ထားသော လက်ရှိ ပါတီခေါင်းဆောင်မှာ ရှီကျင့်ဖျင်ဖြစ်ပြီး ၎င်းသည် ၂၀၂၂ ခုနှစ်တွင် အာဏာဆုပ်ကိုင်မှု သက်တမ်းတိုးခဲ့သဖြင့် ဝေဖန်သံများ ကျယ်လောင် လာခဲ့သည်။

“တရုတ်ကွန်မြူနစ်ပါတီဟာ သူတို့ရဲ့ မာ့က်စ်-လီနင်ဝါဒ၊ မော်အတွေးအခေါ်ကို မပျောက်အောင်၊ ခေတ်မီတဲ့ နိုင်ငံ တစ်နိုင်ငံ အဖြစ်နဲ့ စီးပွားရေးအင်အား ကောင်းကောင်းနဲ့ ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်အောင် ‘မူ’အသစ်ချပြီး လုပ်တာပါပဲ။ အဲဒီ ‘မူ’ ကလည်း မော်ခေတ်တုန်းက ‘မူ’ထက် တိန့်ရှောင်ဖိန် လက်ထက်မှာ ချလိုက်တဲ့မူ ဖြစ်တယ်။ အဲဒီ‘မူ’အတိုင်းပဲ သူတို့ဆက်သွားမယ်။ ဆက်သွားတဲ့အခါမှာ ၁၀ နှစ် တစ်ခါ ပြောင်းသွားတယ်ဆိုရင် နောက်ဆက် ပြီးတော့ သူတို့ကိုင်တွယ်ဖို့က ပြန်ပြီးလူရှာရ၊ ရွေးရနဲ့ အခက်အခဲ တွေ့နိုင်တယ်။ အဲဒီတော့ အထွေထွေ အတွင်း ရေးမှူးကို အပြောင်းအလဲ မလုပ်တော့ဘူး။ အဲဒီရာထူးကို ဆက်တိုက်ပဲ အကန့်အသတ် လုပ်လိုက်တာ။ အဲဒီလို လုပ်လိုက်တဲ့အတွက် တရုတ်ပြည်နဲ့ နိုင်ငံတကာဆက်ဆံရေးက ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်စရာ မရှိတော့ဘူး။ သူ့ရဲ့စီးပွားရေးစနစ်နဲ့ အရင်သွားတဲ့ လမ်းအတိုင်းပဲ သွားလိမ့်မယ်။ အမေရိကန်တို့နဲ့ ကျန်တဲ့ ဥရောပသမဂ္ဂ (EU) နိုင်ငံတွေကိုလည်း ဆက်ဆံရေး ကောင်းအောင် လုပ်ပါ့မယ်လို့လည်း ရှီကျင့်ဖျင်က ပြောသွားတာ ရှိတယ်။ အိမ်နီးချင်း နိုင်ငံတွေနဲ့လည်း အဲဒီလိုပဲ ဆက်ဆံရေး ကောင်းအောင်၊ သူ့ရဲ့စီးပွားရေးလမ်းစဉ် အောင်မြင်အောင် ဆက်လုပ်မယ်လို့ ဆရာတော့ ယုံကြည်ပါတယ်” ဟု ရန်ကုန်မြို့ အခြေစိုက် စာရေးဆရာ ဦးထက်မြက်က သုံးသပ် ပြခဲ့သည်။            

Reference: Washington Post

(ဝါရှင်တန်ပို့စ်ဝက်ဘ်ဆိုက်တွင် အောက်တိုဘာ ၂၈ ရက် ရက်စွဲဖြင့် မူရင်းဆောင်းပါးရှင် Christian Shepherd ၏ အတွေးအမြင်ကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆို၍ ဖြည့်စွက်ရေးသား၍ တင်ဆက်လိုက်ပါ သည်)

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်း၌ ရှုံးနိမ့်ပြီးနောက် အရန်တပ်အင်အား ၃ သိန်း ခေါ်ယူထားဟု ရုရှားပြော

By CNI
CNI
Category: Watch TV
Hits: 854

Share
Tweet
Share
Share
powered by social2s

နျူကလီးယားမှတ်ချက်ကြောင့် မြောက်ကိုရီးယားအပေါ် အမေရိကန်မူဝါဒ မပြောင်းလဲ

By CNI
CNI
Category: Watch TV
Hits: 711

Share
Tweet
Share
Share
powered by social2s

ပူတင်လေးစားသည့် စစ်သူကြီး၏အရိုးကို သိမ်းပိုက်ခံ ယူကရိန်းနယ်မြေမှ ရွှေ့ပြောင်း

By CNI
CNI
Category: Watch TV
Hits: 803

Share
Tweet
Share
Share
powered by social2s

အာဆီယံကနေ မြန်မာနုတ်ထွက်မှာ မဟုတ်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 683

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က ခရိုင်းမီးယားတွင် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ စေလွှတ်မည့် မူကြမ်းကို ရုရှားကကြေညာပြီးနောက် စစ်သားများကို တွေ့ရစဉ်(ဓါတ်ပုံ-AFP)

ယူကရိန်း၌ ရှုံးနိမ့်ပြီးနောက် အရန်တပ်အင်အား ၃ သိန်း ခေါ်ယူထားဟု ရုရှားပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1647

CNI International News

မော်စကို၊ အောက်တိုဘာ ၂၉

ယူကရိန်းရှိ အရေးပါသည့် တောင်ပိုင်းမြို့ကြီးတစ်မြို့ဖြစ်သော ခါဆွန်မှ ရုရှားတပ်များ ဆုတ်ခွာခဲ့ရပြီးနောက် မော်စကိုအစိုးရသည် အရန်တပ်သား ၃၀၀,၀၀၀(သုံးသိန်း)ကို ဆင့်ခေါ်ထားကြောင်း အောက်တိုဘာ ၂၈ ရက်တွင် ရုရှားက ပြောကြားခဲ့သည်ဟု Channel News Asia မီဒီယာက ရေးသားဖော်ပြသည်။

ဆောင်းရာသီနီးကပ်လာချိန်၌ အဆိုပါမြို့ကို ယူကရိန်းတပ်များ ပြန်လည်သိမ်းပိုက်ရန် အလားအလာကောင်းနေ သဖြင့် အထက်ပါအတိုင်း ရုရှား၏ပြောကြားချက် ပေါ်ထွက်လာခဲ့သည်။

တိုက်ပွဲများ မတိုင်မီ မူလလူဦးရေ ၂၈၈,၀၀၀(နှစ်သိန်းရှစ်သောင်းရှစ်ထောင်) ဝန်းကျင်ရှိသော ခါဆွန်မြို့တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီ ထိုးစစ်စတင်သည့်အစောပိုင်းရက်များတွင် မော်စကိုတပ်များလက်ထဲသို့ ပထမဆုံး ကျရောက်ခဲ့ရသော်လည်း ယခုအခါ ကိယက်ဗ်အစိုးရအတွက် အဓိကမှတ်တိုင်တစ်ခုအဖြစ် ပြန်လည်သိမ်းပိုက် နိုင်ခဲ့ပြီဖြစ်သည်။

စစ်ရေးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသော သမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းတိုက်ပွဲများ ဆက်လက်ဆင်နွှဲနိုင် ရန် တပ်အင်အား ၃၀၀,၀၀၀(သုံးသိန်း)ကျော်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ပြီး ယခင်စက်တင်ဘာလကလည်း အရန် တပ်အင်အား ခေါ်ယူခဲ့ရသည်။

တိုက်ပွဲပစ်မှတ်များကို ရှောင်ရှားရန်အတွက် ရုရှားနယ်နိမိတ်ထဲသို့ ပြေးဝင်လာကြသည့်ဖြစ်စဉ်များကို အောက်တိုဘာ ၂၈ ရက်တွင် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေရွှိုင်ဂု (Sergei Shoigu) က သမ္မတဗလာဒီမာ ပူတင်ထံသို့ ဗီဒီယိုကွန်ဖရင့်တစ်ခုတွင် အစီရင်ခံတင်ပြခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးသည် ယူကရိန်းမြောက်ပိုင်း၊ Rivne မြို့အပြင်ဘက်ရှိ စစ်ရေးလေ့ကျင့်မှုသို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တက်ရောက်ခဲ့စဉ်(ဓါတ်ပုံ-အေပီ)

တပ်သားသစ်အင်အား ၈၂,၀၀၀(ရှစ်သောင်းနှစ်ထောင်)သည် ယူကရိန်းသို့ ရောက်ရှိနေပြီး ၎င်းတို့အထဲမှ ၄၁,၀၀၀(လေးသောင်းတစ်ထောင်)ကို ခြေကုပ်စခန်းအသီးသီးတွင် တပ်စွဲစေခဲ့ကြောင်း ရွှိုင်ဂု၏အဆိုအရ သိရသည်။

ယူကရိန်းအရှေ့ပိုင်းနှင့်တောင်ပိုင်းတို့တွင် အောင်ပွဲကြီးကြီးမားမား ရခဲ့သော ယူကရိန်းတပ်များသည် တောင်ပိုင်း ခါဆွန်ဒေသနှင့် မြို့ကြီးများကို ပြန်လည်သိမ်းပိုက်ရန် တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေကြသည်။

အောက်တိုဘာလလယ်ပိုင်း၌ ရုရှား၏တစ်ဆင့်ခံအာဏာပိုင်များက ခါဆွန်ဒေသရှိ အရပ်သားများကို ဒနီပရို မြစ်ကမ်းကို ဖြတ်ကူး၍ မော်စကိုထိန်းချုပ်နယ်မြေများထဲသို့ ပြောင်းရွှေ့နေထိုင်စေခဲ့သည်။ ထိုသို့ နေထိုင်စေခြင်း ဖြင့် ရုရှားတောင်ပိုင်းဒေသများ၌ တပ်အရွှေ့အပြောင်းများ ပိုမိုနီးကပ်လာစေဖို့ စီမံခဲ့သည်။

“ရုရှား၏ဘေးကင်းသော နယ်မြေများသို့ ဒနီပရိုမြစ်ကို ဖြတ်ကူးလာပြီး ရွှေ့ပြောင်းနေထိုင်သူများ စုစည်းနေရာချ ထားခြင်း ပြီးစီးပြီ” ဟု မော်စကိုခန့်အပ်ထားသော ခရိုင်းမီးယားကျွန်းဆွယ်အကြီးအကဲ ဆာဂျေအက်ဆိုင်ရိုနော့ဗ် က အောက်တိုဘာ ၂၇ ရက်နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

ဒနီပရိုမြစ်ကိုဖြတ်ကူး၍ ရွှေ့ပြောင်းနေထိုင်စေခြင်းများ အထမြောက်ကြောင်း ကရင်မလင်၏ ပြည်တွင်း အကြီးအကဲ ဆာဂျေကီရီယန်ကိုနှင့်အတူ အဆိုပါဒေသသို့ သွားရောက်ကြည့်ရှုပြီးနောက် ဆာဂျေအက်ဆိုင်ရို နော့ဗ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းနှင့် ဆာဂျေကီရီယန်ကိုအပါအဝင် အခြားရုရှားအရာရှိများ မြစ်ကမ်းပေါ် စုပေါင်းရိုက်ကူးထားသည့် ဓာတ်ပုံကိုလည်း လူမှုကွန်ရက်ပေါ်သို့ လွှင့်တင်ခဲ့သည်။

ခါဆွန်မြို့တဝိုက်မှ အရပ်အသား အနည်းဆုံး ၇၀,၀၀၀(ခုနှစ်သောင်း)ခန့်သည် ရက်သတ္တတစ်ပတ်အတွင်း ၎င်းတို့နေအိမ်အသီးသီးမှ ထွက်ခွာသွားကြပြီဖြစ်ကြောင်း အဆိုပါဒေသ၌ ရုရှားခန့်အပ်ထားသော အုပ်ချုပ်ရေး အရာရှိ ဗလာဒီမာဆယ်လ်ဒိုက ပြောကြားခဲ့သည်။

Source: Channel News Asia

 

 

 

 

Share
Tweet
Share
Share
powered by social2s
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ Suseo မီးရထားဘူတာရုံ၌ ၂၀၂၁ ခုနှစ် မတ်လက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ရဲ့ သတင်းဓာတ်ပုံကို တီဗီတွင် ပြသထားသည်ကို ခရီးသည်များက ကြည့်ရှုနေကြစဉ်(ဓါတ်ပုံ-VOA)

နျူကလီးယားမှတ်ချက်ကြောင့် မြောက်ကိုရီးယားအပေါ် အမေရိကန်မူဝါဒ မပြောင်းလဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1674

CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၂၉

နျူကလီယားအရေးနှင့်ပတ်သက်၍ အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦး၏သဘောထားမှတ်ချက်များကြောင့် မြောက်ကိုရီးယားအပေါ် မိမိတို့ မူဝါဒ အပြောင်းအလဲမရှိကြောင်း အမေရိကန်အစိုးရက အောက်တိုဘာ ၂၈ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဝါရှင်တန်သည် ပြုံယမ်းအစိုးရကို လက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲများ၌ ပါဝင်စေလိုသည့် ဆန္ဒရှိကြောင်း အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦး၏သဘောထားမှတ်ချက်ကို ထိုကဲ့သို့ ထပ်မံရှင်းလင်း၍ သတင်းထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားကို နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံအဖြစ် အသိအမှတ်ပြုရေးမှာ ပြုံယမ်းအစိုးရ လိုလားနေသည့်အရာဖြစ်ပြီး ယင်းဆွေးနွေးမှုပေါ်ပေါက်စေဖို့ ကြိုတင်ပြင်ဆင်ခြင်း ဖြစ်နိုင်ကြောင်း စစ်ရေး ကျွမ်းကျင်သူ အချို့က ကောက်ချက်ချကြသည်။

သို့သော် မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်သည် တရားမဝင်ကြောင်း၊ ကုလသမဂ္ဂပိတ်ဆို့ အရေးယူမှု အောက်တွင်သာ ရှိသေးကြောင်း ဝါရှင်တန်က စောဒကတက်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။

Hwasong-17 တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှ လှည့်ပတ် ကြည့်ရှုနေစဉ်(ဓါတ်ပုံ-အေပီ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်နက်ထိန်းချုပ်ရေးဆိုင်ရာအတွင်းဝန် ဘွန်နီဂျန်ကင် (Bonnie Jenkins) သည် အောက်တိုဘာ ၂၇ ရက်တွင် ဝါရှင်တန်၌ ကျင်းပသည့် နျူကလီးယားကွန်ဖရင့်၌ မြောက်ကိုရီးယားလက်နက်ထိန်းချုပ်ရေးကို ဆွေးနွေးစရာ ပြဿနာတစ်ရပ်အဖြစ် ရှုမြင်သင့်ကြောင်း သဘောထားမှတ်ချက်ပေးခဲ့သည်။

“ကျနော်တို့နဲ့ စားပွဲဝိုင်းမှာထိုင်ပြီး စကားစမြည်ပြောချင်တဲ့ နိုင်ငံနှစ်နိုင်ငံရှိတယ်ဆိုရင် လက်နက်ထိန်းချုပ်ရေးဟာ ရွေးချယ်စရာတစ်ခုဖြစ်လာမှာပါ” ဟု ၎င်းက သဘောထားမှတ်ချက်ပေးခဲ့သည်။

“နျူကလီးယားလက်နက်ထိန်းချုပ်ရုံမကဘဲ အန္တရာယ်လျှော့ချရေး၊ သမားရိုးကျလက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ရေးတို့လည်း အကျုံးဝင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“သူတို့နဲ့ စကားပြောဖို့ အဆင်သင့်ရှိတယ်ဆိုတာ မြောက်ကိုရီးယားကို ကျမတို့ ရှင်းရှင်းလင်းလင်း ပြောထား ပြီးပါပြီ။ ကျမတို့ ကြိုတင်သတ်မှတ်ထားတဲ့အခြေအနေတွေ မရှိပါဘူး” ဟု မြောက်ကိုရီးယားနိုင်ငံ၏ တရားဝင် အမည်ကို ရည်ညွှန်းသုံးနှုန်း၍ ဘွန်နီဂျန်ကင်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီးယားဗုံးစမ်းသပ်ရေး ပြန်လည်စတင် တော့မည်ကို အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက စိုးရိမ်နေကြသည်။ ထို့ပြင် လာမည့်လအစောပိုင်း အမေရိကန်ရွေးကောက်ပွဲများ မတိုင်မီ ဘိုင်ဒန်အစိုးရအတွက် မလိုလားအပ်စရာအရေးကိစ္စတစ်ခုလည်း ဖြစ်သည်။

နျူကလီးယားဆွေးနွေးပွဲသို့ ပြန်လည်ဝင်ရောက်ရန် အမေရိကန်၏တောင်းဆိုချက်ကို မြောက်ကိုရီးယားက ပယ်ချခဲ့ပြီးလည်းဖြစ်သည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားသမ္မတ ဗလာဒီမာပူတင် လေးစားကြည်ညိုသည့် ရုရှားစစ်သူကြီး ဂရီဂိုရီပိုတမ်ကန် ရုပ်ပုံ(Getty Images)

ပူတင်လေးစားသည့် စစ်သူကြီး၏အရိုးကို သိမ်းပိုက်ခံ ယူကရိန်းနယ်မြေမှ ရွှေ့ပြောင်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1673

CNI International News

မော်စကို၊ အောက်တိုဘာ ၂၉

သိမ်းယူခံခဲ့ရသည့် ယူကရိန်းအစိတ်အပိုင်း ခါဆွန်မြို့မှ ၁၈ ရာစု၌ အထူးထင်ရှားခဲ့သည့် ရုရှားစစ်သူကြီး ဂရီဂိုရီပိုတမ်ကန် (Grigory Potemkin) ၏ အရိုးများကို ရုရှားလိုလားသူအာဏာပိုင်များက ယူဆောင်သွား ကြကြောင်း CNN က ရေးသားဖော်ပြသည်။

စစ်သူကြီး ပိုတမ်ကန်၏အရိုးများကို ရုပ်တုနှင့်အတူ စိန့်ကက်သရင်းဘုရားကျောင်းမှနေ၍ ဒနီပရိုမြစ်ကို ဖြတ်ကူးလျက် ရုရှားထိန်းချုပ်နယ်မြေထဲသို့ ယူဆောင်သွားခဲ့ကြောင်း ရုရှားလိုလားသူ တစ်ဆင့်ခံအုပ်ချုပ်နေသူ ဗလာဒီမာဆယ်လ်ဒို (Vladimir Saldo) က ခရိုင်းမီးယားရုပ်သံဌာနသို့ ပြောကြားခဲ့သည်။

“ကျနော်တို့က စိန့်ကက်သရင်းဘုရားကျောင်းကနေ တော်ဝင်စစ်သူကြီး ပိုတမ်ကန်ရဲ့ ရုပ်ကြွင်းနဲ့ ရုပ်တုကို မြစ်ရဲ့အရှေ့ကမ်းကို ရွှေ့လိုက်ပြီဖြစ်ပါတယ်” ဆယ်လ်ဒိုက ရုရှားပိုင် RIA Novosti သတင်းဌာနသို့ ပြောကြားခဲ့သည်။

ပိုတမ်ကန်သည် ၁၇၈၃ ခုနှစ်တွင် တူရကီတို့ထံမှ ခရိုင်းမီးယားကျွန်းဆွယ်ကို ပြန်လည်သိမ်းပိုက်ရာတွင် အရေးပါ သောကဏ္ဍမှ ပါဝင်ခဲ့ပြီး ရုရှား၏လက်ရုံးရည်၊ နှလုံးရည်သည် ရုရှားပြည်တွင်း၌ ယခင်နယ်မြေချဲ့ထွင်ရေး မအောင်မြင်ခဲ့သဖြင့် ပြန်လည်ထူထောင်ရေး ရည်ရွယ်ချက်ရှိသူများအတွက် အဓိကကျသူဖြစ်သည်။

ခါဆွန်မြို့ရှိ ဘုရားကျောင်းတစ်ခုမှ ပိုတမ်ကန်၏ အုတ်ဂူ(Public Domain)

ပူတင်သည် ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကို ယူကရိန်းလက်မှ သိမ်းပိုက်ရာတွင်လည်း ပိုတမ်ကန်ကို အကြောင်းပြခဲ့ပြီး ၎င်း၏စွမ်းရည်ကို ရည်ညွှန်းကိုးကားခဲ့သည်။

ပိုတမ်ကန်၏အထိမ်းအမှတ်များနှင့်အတူ ထားရှိသည့် ရေတပ်မှူး ဖယိုဒေါ်အူရှာကော့ဗ်၊ အခြားတပ်မှူးများဖြစ်ကြသော အလက်ဇန္ဒားဆူဗိုရော့ဗ်နှင့် ဗာစီလီမာဂျီလော့ဗ်တို့၏အရိုးများ ကိုလည်း အဆိုပါ ဘုရားကျောင်းမှ ဖယ်ရှားခဲ့ပြီးနောက် အတိအကျထုတ်ဖော်လိုခြင်းသည့်မရှိသည့်နေရာတစ်ခုသို့ ယူဆောင်သွားခဲ့ကြောင်း ဆယ်လ်ဒိုက ဆက်လက်ပြောကြားခဲ့သည်။ 

ခါဆွန်မြို့ကြီး လုံခြုံစိတ်ချရသောတစ်ချိန်ချိန်တွင် အဆိုပါအထိမ်းအမှတ်များကို ပြန်လည်ပေးအပ်မည်ဟု ဆယ်လ်ဒိုက ဖြည့်စွက်ပြောကြားခဲ့သည်။

တော်ဝင်မင်းသားနှင့်စစ်သူကြီးဖြစ်သူ ဂရီဂိုရီပိုတမ်ကန်သည် ရုရှား၏ ၁၈ ရာစု နိုင်ငံ့ခေါင်းဆောင်၊ စစ်ဦးစီးချုပ်နှင့် ဧကရီဘုရင်မ မဟာကက်သရင်း၏ အချစ်တော်နှင့်အကြံပေးပုဂ္ဂိုလ်လည်းဖြစ်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ ယူကရိန်းသို့ ရုရှားစတင်ကျူးကျော်ခဲ့ပြီး ပိုတမ်ကန်၏အမည်သည် ကရင်မလင်သမ္မတ နန်းတော်ထဲတွင် အကြိမ်ရေ အနည်းငယ် ပေါ်ပေါက်လာခဲ့သည်။

Source: CNN

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်းမှာ နျူမသုံးဟု ပူတင်ပြော

By CNI
CNI
Category: Watch TV
Hits: 691

Share
Tweet
Share
Share
powered by social2s
  • 40
  • 41
  • 42
  • 43
  • 44
  • 45
  • 46
  • 47
  • 48
  • 49

Page 45 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar