CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ Suseo မီးရထားဘူတာရုံ၌ ၂၀၂၁ ခုနှစ် မတ်လက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ရဲ့ သတင်းဓာတ်ပုံကို တီဗီတွင် ပြသထားသည်ကို ခရီးသည်များက ကြည့်ရှုနေကြစဉ်(ဓါတ်ပုံ-VOA)

နျူကလီးယားမှတ်ချက်ကြောင့် မြောက်ကိုရီးယားအပေါ် အမေရိကန်မူဝါဒ မပြောင်းလဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1485

CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၂၉

နျူကလီယားအရေးနှင့်ပတ်သက်၍ အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦး၏သဘောထားမှတ်ချက်များကြောင့် မြောက်ကိုရီးယားအပေါ် မိမိတို့ မူဝါဒ အပြောင်းအလဲမရှိကြောင်း အမေရိကန်အစိုးရက အောက်တိုဘာ ၂၈ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဝါရှင်တန်သည် ပြုံယမ်းအစိုးရကို လက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲများ၌ ပါဝင်စေလိုသည့် ဆန္ဒရှိကြောင်း အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦး၏သဘောထားမှတ်ချက်ကို ထိုကဲ့သို့ ထပ်မံရှင်းလင်း၍ သတင်းထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားကို နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံအဖြစ် အသိအမှတ်ပြုရေးမှာ ပြုံယမ်းအစိုးရ လိုလားနေသည့်အရာဖြစ်ပြီး ယင်းဆွေးနွေးမှုပေါ်ပေါက်စေဖို့ ကြိုတင်ပြင်ဆင်ခြင်း ဖြစ်နိုင်ကြောင်း စစ်ရေး ကျွမ်းကျင်သူ အချို့က ကောက်ချက်ချကြသည်။

သို့သော် မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်သည် တရားမဝင်ကြောင်း၊ ကုလသမဂ္ဂပိတ်ဆို့ အရေးယူမှု အောက်တွင်သာ ရှိသေးကြောင်း ဝါရှင်တန်က စောဒကတက်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။

Hwasong-17 တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှ လှည့်ပတ် ကြည့်ရှုနေစဉ်(ဓါတ်ပုံ-အေပီ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်နက်ထိန်းချုပ်ရေးဆိုင်ရာအတွင်းဝန် ဘွန်နီဂျန်ကင် (Bonnie Jenkins) သည် အောက်တိုဘာ ၂၇ ရက်တွင် ဝါရှင်တန်၌ ကျင်းပသည့် နျူကလီးယားကွန်ဖရင့်၌ မြောက်ကိုရီးယားလက်နက်ထိန်းချုပ်ရေးကို ဆွေးနွေးစရာ ပြဿနာတစ်ရပ်အဖြစ် ရှုမြင်သင့်ကြောင်း သဘောထားမှတ်ချက်ပေးခဲ့သည်။

“ကျနော်တို့နဲ့ စားပွဲဝိုင်းမှာထိုင်ပြီး စကားစမြည်ပြောချင်တဲ့ နိုင်ငံနှစ်နိုင်ငံရှိတယ်ဆိုရင် လက်နက်ထိန်းချုပ်ရေးဟာ ရွေးချယ်စရာတစ်ခုဖြစ်လာမှာပါ” ဟု ၎င်းက သဘောထားမှတ်ချက်ပေးခဲ့သည်။

“နျူကလီးယားလက်နက်ထိန်းချုပ်ရုံမကဘဲ အန္တရာယ်လျှော့ချရေး၊ သမားရိုးကျလက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ရေးတို့လည်း အကျုံးဝင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“သူတို့နဲ့ စကားပြောဖို့ အဆင်သင့်ရှိတယ်ဆိုတာ မြောက်ကိုရီးယားကို ကျမတို့ ရှင်းရှင်းလင်းလင်း ပြောထား ပြီးပါပြီ။ ကျမတို့ ကြိုတင်သတ်မှတ်ထားတဲ့အခြေအနေတွေ မရှိပါဘူး” ဟု မြောက်ကိုရီးယားနိုင်ငံ၏ တရားဝင် အမည်ကို ရည်ညွှန်းသုံးနှုန်း၍ ဘွန်နီဂျန်ကင်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီးယားဗုံးစမ်းသပ်ရေး ပြန်လည်စတင် တော့မည်ကို အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက စိုးရိမ်နေကြသည်။ ထို့ပြင် လာမည့်လအစောပိုင်း အမေရိကန်ရွေးကောက်ပွဲများ မတိုင်မီ ဘိုင်ဒန်အစိုးရအတွက် မလိုလားအပ်စရာအရေးကိစ္စတစ်ခုလည်း ဖြစ်သည်။

နျူကလီးယားဆွေးနွေးပွဲသို့ ပြန်လည်ဝင်ရောက်ရန် အမေရိကန်၏တောင်းဆိုချက်ကို မြောက်ကိုရီးယားက ပယ်ချခဲ့ပြီးလည်းဖြစ်သည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားသမ္မတ ဗလာဒီမာပူတင် လေးစားကြည်ညိုသည့် ရုရှားစစ်သူကြီး ဂရီဂိုရီပိုတမ်ကန် ရုပ်ပုံ(Getty Images)

ပူတင်လေးစားသည့် စစ်သူကြီး၏အရိုးကို သိမ်းပိုက်ခံ ယူကရိန်းနယ်မြေမှ ရွှေ့ပြောင်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1474

CNI International News

မော်စကို၊ အောက်တိုဘာ ၂၉

သိမ်းယူခံခဲ့ရသည့် ယူကရိန်းအစိတ်အပိုင်း ခါဆွန်မြို့မှ ၁၈ ရာစု၌ အထူးထင်ရှားခဲ့သည့် ရုရှားစစ်သူကြီး ဂရီဂိုရီပိုတမ်ကန် (Grigory Potemkin) ၏ အရိုးများကို ရုရှားလိုလားသူအာဏာပိုင်များက ယူဆောင်သွား ကြကြောင်း CNN က ရေးသားဖော်ပြသည်။

စစ်သူကြီး ပိုတမ်ကန်၏အရိုးများကို ရုပ်တုနှင့်အတူ စိန့်ကက်သရင်းဘုရားကျောင်းမှနေ၍ ဒနီပရိုမြစ်ကို ဖြတ်ကူးလျက် ရုရှားထိန်းချုပ်နယ်မြေထဲသို့ ယူဆောင်သွားခဲ့ကြောင်း ရုရှားလိုလားသူ တစ်ဆင့်ခံအုပ်ချုပ်နေသူ ဗလာဒီမာဆယ်လ်ဒို (Vladimir Saldo) က ခရိုင်းမီးယားရုပ်သံဌာနသို့ ပြောကြားခဲ့သည်။

“ကျနော်တို့က စိန့်ကက်သရင်းဘုရားကျောင်းကနေ တော်ဝင်စစ်သူကြီး ပိုတမ်ကန်ရဲ့ ရုပ်ကြွင်းနဲ့ ရုပ်တုကို မြစ်ရဲ့အရှေ့ကမ်းကို ရွှေ့လိုက်ပြီဖြစ်ပါတယ်” ဆယ်လ်ဒိုက ရုရှားပိုင် RIA Novosti သတင်းဌာနသို့ ပြောကြားခဲ့သည်။

ပိုတမ်ကန်သည် ၁၇၈၃ ခုနှစ်တွင် တူရကီတို့ထံမှ ခရိုင်းမီးယားကျွန်းဆွယ်ကို ပြန်လည်သိမ်းပိုက်ရာတွင် အရေးပါ သောကဏ္ဍမှ ပါဝင်ခဲ့ပြီး ရုရှား၏လက်ရုံးရည်၊ နှလုံးရည်သည် ရုရှားပြည်တွင်း၌ ယခင်နယ်မြေချဲ့ထွင်ရေး မအောင်မြင်ခဲ့သဖြင့် ပြန်လည်ထူထောင်ရေး ရည်ရွယ်ချက်ရှိသူများအတွက် အဓိကကျသူဖြစ်သည်။

ခါဆွန်မြို့ရှိ ဘုရားကျောင်းတစ်ခုမှ ပိုတမ်ကန်၏ အုတ်ဂူ(Public Domain)

ပူတင်သည် ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကို ယူကရိန်းလက်မှ သိမ်းပိုက်ရာတွင်လည်း ပိုတမ်ကန်ကို အကြောင်းပြခဲ့ပြီး ၎င်း၏စွမ်းရည်ကို ရည်ညွှန်းကိုးကားခဲ့သည်။

ပိုတမ်ကန်၏အထိမ်းအမှတ်များနှင့်အတူ ထားရှိသည့် ရေတပ်မှူး ဖယိုဒေါ်အူရှာကော့ဗ်၊ အခြားတပ်မှူးများဖြစ်ကြသော အလက်ဇန္ဒားဆူဗိုရော့ဗ်နှင့် ဗာစီလီမာဂျီလော့ဗ်တို့၏အရိုးများ ကိုလည်း အဆိုပါ ဘုရားကျောင်းမှ ဖယ်ရှားခဲ့ပြီးနောက် အတိအကျထုတ်ဖော်လိုခြင်းသည့်မရှိသည့်နေရာတစ်ခုသို့ ယူဆောင်သွားခဲ့ကြောင်း ဆယ်လ်ဒိုက ဆက်လက်ပြောကြားခဲ့သည်။ 

ခါဆွန်မြို့ကြီး လုံခြုံစိတ်ချရသောတစ်ချိန်ချိန်တွင် အဆိုပါအထိမ်းအမှတ်များကို ပြန်လည်ပေးအပ်မည်ဟု ဆယ်လ်ဒိုက ဖြည့်စွက်ပြောကြားခဲ့သည်။

တော်ဝင်မင်းသားနှင့်စစ်သူကြီးဖြစ်သူ ဂရီဂိုရီပိုတမ်ကန်သည် ရုရှား၏ ၁၈ ရာစု နိုင်ငံ့ခေါင်းဆောင်၊ စစ်ဦးစီးချုပ်နှင့် ဧကရီဘုရင်မ မဟာကက်သရင်း၏ အချစ်တော်နှင့်အကြံပေးပုဂ္ဂိုလ်လည်းဖြစ်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ ယူကရိန်းသို့ ရုရှားစတင်ကျူးကျော်ခဲ့ပြီး ပိုတမ်ကန်၏အမည်သည် ကရင်မလင်သမ္မတ နန်းတော်ထဲတွင် အကြိမ်ရေ အနည်းငယ် ပေါ်ပေါက်လာခဲ့သည်။

Source: CNN

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်းမှာ နျူမသုံးဟု ပူတင်ပြော

By CNI
CNI
Category: Watch TV
Hits: 570

Share
Tweet
Share
Share
powered by social2s

မြန်မာကို တိကျခိုင်မာသည့် အချိန်ဇယားတစ်ခု အာဆီယံချပြ

By CNI
CNI
Category: Watch TV
Hits: 574

Share
Tweet
Share
Share
powered by social2s

ကမ္ဘာသည် အန္တရာယ်အရှိဆုံး ဆယ်စုနှစ်ရောက်လာပြီဟု ပူတင်သတိပေး

By CNI
CNI
Category: Watch TV
Hits: 558

Share
Tweet
Share
Share
powered by social2s

လေကြောင်းတိုက်ခိုက်မှုက စစ်‌ရေးအဆုံးအဖြတ် မဟုတ်ဟု ဦးရည်မွန်ပြော

By CNI
CNI
Category: Watch TV
Hits: 617

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က PPST အဖွဲ့ဝင်များ အစည်းအဝေးကို တွေ့ရစဉ်

အနုတ်လက္ခဏာဆောင်သော လုပ်ဆောင်မှုများကို ရှောင်ရှားကြရန် PPST တိုက်တွန်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1009

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းအား ထုတ်မှုများအပေါ် အနုတ်လက္ခဏာဆောင်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသော လုပ်ဆောင်မှုများကို ရှောင်ရှားကြရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)က တိုက်တွန်းသည်။

PPST ၏ ၂/၂၀၂၂ အစည်းအဝေးကို အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် ယခု ထုတ်ပြန် တိုက်တွန်းချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

PPST က “မကြာမီက ဖြစ်ပေါ်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်း ဖြစ်စဉ်နှင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အနန့်ပါ ကျေးရွာဖြစ်စဉ်တို့တွင် လေကြောင်းမှ အင်အား အလွန်အကျွံ အသုံးပြုပြီး တိုက်ခိုက်ခံရမှုကြောင့် ပြည်သူများ အသက်ဆုံးရှုံးခဲ့ကြရသည့်အတွက် များစွာ ဝမ်းနည်းရပါသည်။ အဆိုပါ ဖြစ်ရပ်ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းအား ထုတ်မှုများအပေါ် အနုတ်လက္ခဏာဆောင်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသည့်အတွက် သက်ဆိုင်သူများ အနေဖြင့် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများကို ပိုမို ဆိုးရွားစေမည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို ရှောင်းရှာကြရန်နှင့် နောက်နောင် မဖြစ်ပေါ်စေရေးအတွက် PPST အနေဖြင့် တိုက် တွန်းသည်”ဟု ထုတ်ပြန်ခဲ့သည်။

ထို့နောက် လက်ရှိ နိုင်ငံရေးအကျပ်အတည်းများကို ကျော်လွှားနိုင်ရန်အတွက် NCA အနှစ်သာ ၃ ချက်၊ PPST ၏ နိုင်ငံရေး ရည်မှန်းချက် ၇ ချက်နှင့် နိုင်ငံရေး လမ်းပြ မြေပုံဆိုင်ရာ အဆိုပြုချက် အဆင့် ၈ ဆင့်တို့ကို အခြေခံ ပြီး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု PPST က ပြောသည်။

PPST ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

အလားတူ PPST အနေဖြင့် မိမိတို့၏ ရပ်တည်ချက် အခြေခံမူ ၃ ချက်ဖြစ်သော နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူ အားလုံးပါဝင်သည့် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ် မြောက်ရေး နှင့် အရပ်သားများကို အကာအကွယ်ပေးရေး စသည့် မူများအပေါ် ခိုင်မာစွာ ရပ်တည်ပြီး ရေရှည် တည်တံ့ခိုင်မြဲ သော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လှိုင်း လေထန်သည့် နိုင်ငံရေးမုန်တိုင်းကြား မမှိတ်မသုန် အားထုတ်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထား သည်။

PPST ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည်။

NCA ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပအိုဝ်း အမျိုး သား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ လက်မှတ်ရေးထိုးထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

KNU ကွန်ဂရက် ရွှေ့ဆိုင်းရခြင်းအပေါ် ပဒိုစောတောနီး ဘာပြောလဲ

By CNI
CNI
Category: Watch TV
Hits: 746

Share
Tweet
Share
Share
powered by social2s
၂၀၁၅ ခုနှစ် မော်စကိုမြို့ အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားတွင် ရုရှားလုပ် Yars RS-24 တိုက်ချင်းပစ် ဒုံးကျည်ကို တင်ဆောင်လာစဉ်(ဓါတ်ပုံ-AFP)

ယူကရိန်းမှာ နျူမသုံးဟု ပူတင်ပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1394

CNI International News

မော်စကို၊ အောက်တိုဘာ ၂၈

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းမှာ နျူကလီးယားလက်နက်အသုံးပြုရန် ရည်ရွယ်ချက်မရှိကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

သို့သော် ယူကရိန်းပဋိပက္ခသည် ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးချုပ်ကိုင်ဖို့ အနောက်အုပ်စု ကြိုးပမ်းအားထုတ်မှု၏ တစိတ်တပိုင်းအဖြစ် ပူတင်က ပြောကြားခဲ့ပြီး ထိုသို့ကြိုးစားမှု ကျရှုံးရမည်ဟု အခိုင်အမာပြောကြားခဲ့သည်။

နိုင်ငံတကာ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်သူများ၏ညီလာခံတွင် ရုရှားသမ္မတ ပူတင်က “ယူကရိန်းကို နျူကလီးယားဖြင့် တိုက်ခိုက်ခြင်းသည် အဓိပ္ပါယ်မဲ့ကြောင်း” ဟု ပြောကြားခဲ့သည်။

“အဲဒါကို ထုတ်သုံးဖို့ မလိုဘူးလို့ ကျနော်တို့မြင်ပါတယ်။ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ ဘာမှ အဓိပ္ပါယ်မရှိပါ ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ရုရှားကို ကာကွယ်ဖို့ ရနိုင်သမျှ နည်းလမ်းတွေ သုံးဖို့ အဆင်သင့်ဖြစ်နေပြီ” ဟု ပူတင်၏အစောပိုင်း သတိ ပေးချက်သည် နျူကလီးယားကို အတင်းအဓမ္မသုံးရန် မရည်ရွယ်ဘဲ နျူကလီးယားလက်နက်အကြောင်း အနောက် အုပ်စုနိုင်ငံများ၏ထုတ်ပြန်ချက်များကို တုံ့ပြန်ခြင်းသာဖြစ်ကြောင်း ယခုအခါ ရှင်းလင်းပြောကြားလာခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က မော်စကိုမြို့ရှိ အမျိုးသားကာကွယ်ရေး၊ ထိန်းချုပ်ရေးဗဟိုဌာနသို့ လာရောက်လည်ပတ်ခဲ့စဉ်(ဓါတ်ပုံ-ရိုက်တာ)

“ဗြိတိန်မှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ရင် နျူကလီးယားလက်နက်သုံးဖို့ အဆင်သင့်ဖြစ်မယ်” ဟု ပြီးခဲ့သည့်ဩဂုတ်လ အတွင်း လစ်ဇ်ထရက်စ်၏ ပြောကြားချက်သည် ကရင်မလင်သမ္မတနန်းတော်အတွက် အထူးစိုးရိမ်ကြောင့်ကြစရာ ဖြစ်ခဲ့သည်။

“ကျနော်တို့ ဘာတွေစဉ်းစားရမှာလဲ။ ဒါဟာ ညှိနှိုင်းတဲ့အနေအထားလိုလိုနဲ့ ကျနော်တို့ကို ခြိမ်းခြောက်ဖို့ ကြိုးစား တာလို့ပဲ မြင်ပါတယ်” ဟု ပူတင်က ကောက်ချက်ချခဲ့သည်။

အမေရိကန်ဦးဆောင် မဟာမိတ်များကို ဆန့်ကျင်ဘက်သဘောထားမှတ်ချက်များဖြင့် ပြည့်နှက်နေခဲ့သော ၎င်း၏ရှည်လျားလှသည့် မိန့်ခွန်းထဲတွင် ဗလာဒီမာပူတင်က “အနောက်အုပ်စုသည် အန္တရာယ်အရှိဆုံး သွေးထွက်သံယိုမှုဖြစ်စေပြီး မကောင်းသည့်အကြံအစည်ဖြင့် လွှမ်းမိုးချုပ်ကိုင်လိုသည့် ဂိမ်းတွင် အခြားနိုင်ငံများကို ၎င်းတို့လိုလားသည့် ဝေါဟာရအဓိပ္ပါယ်များဖြင့် သတ်မှတ်ပြဋ္ဌာန်းရန် ကြိုးစားနေကြောင်း” စွပ်စွဲခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းသို့ ၎င်း၏တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့သည့် ပူတင်က “ဝါရှင်တန်နှင့် ၎င်း၏မဟာမိတ်များသည် စည်းမျဉ်းများကို အခြေခံသည့် ကမ္ဘာ့အစီအစဉ်အတွက် ၎င်းတို့သဘောဆန္ဒတိုင်း နိုင်ငံအားလုံး နာခံကြဖို့ ကြိုးပမ်းမှု၏တစိတ်တပိုင်းအဖြစ် ယူကရိန်းကို အနောက်အုပ်စု ထောက်ခံခဲ့ကြကြောင်း” အပြစ်တင်ခဲ့သည်။

“အနောက်အုပ်စုဟာ ကမ္ဘာ့လူသားတွေကို သူတို့လိုသလို မထိန်းနိုင်တော့ပေမယ့် အဲဒီဆန္ဒကို အကောင်အထည် ဖော်ဖို့ ကြိုးစားနေကြတုန်းပါ။ နိုင်ငံအများစုကတော့ သည်းမခံနိုင်တဲ့အခါမှာ ကမ္ဘာကြီးဟာ အချိုးအကွေ့တစ်ခု ရောက်နေပြီ” ဟု ၎င်းက စောဒကတက်ခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာကိုယ်စားလှယ် လွတ်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုတွေ့ရစဉ် (AFP)

မြန်မာကို တိကျခိုင်မာသည့် အချိန်ဇယားတစ်ခု အာဆီယံချပြ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1472

CNI International News

ဂျကာတာ၊ အောက်တိုဘာ ၂၈

မြန်မာနိုင်ငံအတွင်း ပြည်တွင်းအကြမ်းဖက်မှုများ အဆုံးသတ်ရေး အစီအစဉ် တိုးတက်လုပ်ဆောင်နိုင်အောင် မထုတ်ပြန်ရသေးသည့် အချိန်ဇယားတစ်ခုကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အောက်တိုဘာ ၂၇ ရက်တွင် ချမှတ်ခဲ့ကြောင်း ဘန်ကောက်ပို့စ်က ရေးသားဖော်ပြသည်။

ထို့နောက် မြန်မာနိုင်ငံကို ခိုင်မာသည့်ပုံစံတစ်ခုဖြင့် ထိန်းထားရေးအတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကြား သဘောတူညီခဲ့ကြသည်ဟု သိရသည်။

ယမန်နှစ်က NLD အစိုးရ ဖြုတ်ချခံရပြီးနောက် မြန်မာ့တပ်မတော် လက်ခံခဲ့သည့် သဘောတူညီမှု အချက် ၅ ချက် ကို အပြည့်အဝ အကောင်အထည်ဖော်ရန် ဂျကာတာတွင် ယခုကျင်းပသည့် အစည်းအဝေး၌ အာဆီယံ နိုင်ငံခြား ရေးဝန်ကြီးများက အကြံပြု ဆွေးနွေးခဲ့ကြသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ကမ္ဘောဒီးယား ထုတ်ပြန်သော ကြေညာချက် တစ်စောင်တွင် လာမည့် အာဆီယံထိပ်သီး အစည်းအဝေးကို ရှေ့လ နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပမည် ဖြစ်ပြီး ဒေသတွင်း၊ ကမ္ဘာ့ခေါင်းဆောင်များကို ဖိတ်ကြားနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပါရှိသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကိုတွေ့ရစဉ် (GETTY IMAGES)

“တကယ်တော့ မြေပြင် ပကတိ အခြေအနေဟာ အတိမ်းအစောင်း မခံနိုင်ဘဲ ထိရှလွယ်တုန်းပါ။ ဒါဟာ အာဆီယံ အသင်းနဲ့ အထူးသံတမန်တို့က ကတိကဝတ် ကင်းမဲ့မှုကြောင့် မဟုတ်ဘဲ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်များစွာ တိုင်အောင် ကြာရှည်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ရှုပ်ထွေး ခက်ခဲမှုတွေကြောင့်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး”ဟု ၎င်း ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။

“အာဆီယံအနေနဲ့ စိတ်ဓာတ် မကျသင့်ဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ မြန်မာနိုင်ငံကို ဆက်လက် ကူညီသွားနိုင်အောင် စိတ်ပိုင်းဖြတ်ထားပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်လည်းဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန် (Prak Sokhonn) က ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရပ်သားအစိုးရကို ယမန်နှစ်၌ ဖြုတ်ချပြီးကတည်းက အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုများ အဆုံးသတ်စေဖို့ နစကကို စည်းရုံးရန် အာဆီယံအသင်းအပေါ် ဖိအားကျရောက်လာခဲ့ သည်။

မြန်မာနိုင်ငံမှ နိုင်ငံရေးနယ်ပယ် တာဝန်မယူထားသူ ကိုယ်စားလှယ် တစ်ဦးဦးကို အောက်တိုဘာ ၂၇ ရက် အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးသို့ ဖိတ်ကြားခဲ့သော်လည်း အပြုသဘော တုံ့ပြန်မှု မရှိကြောင်း ကြေညာ ချက်တွင် ဆက်လက် ရေးသားထားသည်။

ယမန်နှစ် ဧပြီလတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အထူးအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး အရပ်သားများနှင့် ပဋိပက္ခများ ရပ်တန့်စေရေး အစီအမံများကို အာဆီယံအဖွဲ့ဝင်နိုင်ငံ အသီးသီး က သဘောတူ လက်ခံခဲ့ကြသည်။

Source: Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားသမ္မတ ဗလာဒီမာပူတင်(ဓါတ်ပုံ-ရိုက်တာ)

ကမ္ဘာသည် အန္တရာယ်အရှိဆုံး ဆယ်စုနှစ်ရောက်လာပြီဟု ပူတင်သတိပေး

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1444

CNI International News

မော်စကို၊ အောက်တိုဘာ ၂၈

ကမ္ဘာကြီးသည် ဒုတိယကမ္ဘာစစ်အပြီး ယခုဆယ်စုနှစ်အတွင်း အန္တရာယ်အရှိဆုံးအနေအထားသို့ ဆိုက်ရောက် လာဖွယ်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာ ၂၇ ရက်တွင် သတိပေးခဲ့သည်ဟု အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

ယူကရိန်းပဋိပက္ခအား အနောက်အုပ်စုနိုင်ငံများ၏ လွှမ်းမိုးချုပ်ကိုင်မှုအဖြစ် ဆန့်ကျင်သည့် ရုန်းကန်မှု ၏တစိတ်တပိုင်းအဖြစ် ထုတ်ဖော်ပြသရာတွင် ပူတင်က အထက်ပါအတိုင်း သတိပေးခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ရေးရာများတွင် အနောက်အုပ်စု၏ လွှမ်းမိုးချုပ်ကိုင်မှု နိဂုံးချုပ်သွားပြီဟု ပူတင်က စောဒကတက်ခဲ့ပြီး ရုရှားအနေဖြင့် အနောက်အုပ်စုကို စိန်ခေါ်ရုံတင်မကဘဲ မိမိ၏ကိုယ်ပိုင်ဖြစ်တည်ခွင့်အတွက် တိုက်ပွဲဝင် နေခြင်းဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

စစ်ပွဲအစ၌ မော်စကိုသိမ်းယူခဲ့သော နယ်မြေများကို ယူကရိန်းတပ်များက ပြန်လည်သိမ်းယူနိုင်ခဲ့ပြီးနောက် ရုရှားတပ်အင်အား ထပ်မံစုဆောင်းနေရသည့်အချိန်တွင် ပူတင်က ထိုသို့ ပြောကြားလာခဲ့သည်။

“ဒုတိယကမ္ဘာစစ်ပြီးကတည်းက မိမိတို့၏ရှေ့ခရီးသည် အန္တရာယ်အရှိဆုံး၊ ကြိုတင်မှန်းဆမရနိုင်ခြင်းနှင့်အတူ အရေးကြီးသောဆယ်စုနှစ်ဖြစ်နိုင်ကြောင်း” ပူတင်က နှစ်စဉ်ကျင်းပနေကျဖြစ်သည့် ဗယ်ဒိုင်းဆွေးနွေးရေးကလပ် (Valdai Discussion Club) အဖွဲ့ဝင်များ၏အမေးအဖြေကဏ္ဍတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရုရှားကို တိုက်ခိုက်ရာမှာ ကျဆုံးခဲ့သည့် ယူကရိန်း စစ်မှုထမ်းသုံးဦး၏ ရုပ်အလောင်းများကို ယူကရိန်း စစ်သားများက Lviv မြို့မှာ ဒူးထောက်ချ ဦးညွတ်ခဲ့ကြစဉ်(ဓါတ်ပုံ-AFP)

လက်ရှိအခြေအနေသည် အတိုင်းအတာတစ်ခုအထိ တော်လှန်နေမှု၏တိကျသောအစိတ်အပိုင်းဖြစ်ကြောင်း၊ ယူကရိန်းထိုးစစ်သည် ကမ္ဘာ့အစီအစဉ်တစ်ခုလုံး၏ ဟန်ချက်ညီညီမဖြစ်ဘဲ ဝေးကွာစေခြင်း၏သဘောတရားကို ရိုးရှင်းစွာပြသနေကြောင်း ပူတင်က ဆက်လက်ပြောကြားခဲ့သည်။

“ကမ္ဘာ့ရေးရာမှာ အနောက်အုပ်စု သီးခြားလွှမ်းမိုးနေခဲ့တဲ့ သမိုင်းဝင်ကာလ ကုန်ဆုံးတော့မှာပါ။ ကမ္ဘာကြီးမှာ တဖက်သတ်ဖြစ်နေတာဟာ အတိတ်မှာ ကျန်ခဲ့တော့မယ့် ကိစ္စပါပဲ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“အနောက်အုပ်စုနိုင်ငံတွေက ကမ္ဘာ့လူသားတွေကို လွှမ်းမိုးအုပ်ချုပ်ဖို့ အပြင်းအထန် ကြိုးစားခဲ့ပေမယ့် သူတို့ အရာမထင်ခဲ့ပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ လူများစုက ဒါကို သည်းမခံနိုင်ကြတော့ဘူး။ လက်ရှိအကျပ်အတည်းဟာ ရုရှားအတွက် ဆက်လက်ရှင်သန်နိုင်ဖို့ တိုက်ပွဲသာ ဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။

“ရုရှားဟာ အနောက်အုပ်စုရဲ့ ရေပေါ်ဆီလူတန်းစား (the elites) တွေကို စိန်ခေါ်နေတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ခုခံကာကွယ်ဖို့ ရုရှား ကြိုးစားနေတာသာ ဖြစ်ပါတယ်” ဟု ပူတင်က မှတ်ချက်ချခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ဝင်များသည် မလျော်ကန်သည့်ဗုံးအမျိုးအစား သုံးရန် ကြိုးစားနေကြောင်း ရုရှား၏စွပ်စွဲချက် နှင့်ပတ်သက်၍ ပူတင်က ငြင်းခုံစရာတစ်ခုကိုလည်း ယခုတလော ပြောကြားနေခဲ့သည်။

ကိယက်ဗ်အစိုးရသည် ထိုသို့ဗုံးအမျိုးအစား သုံးရန် ပြင်ဆင်ခဲ့မှုအပေါ် သဲလွန်စများ ဖုံးဖိရန် ကြိုးစားနေသည် ဟုလည်း ၎င်းက စွပ်စွဲခဲ့သည်။

မော်စကိုဘက်မှ မေးခွန်းထုတ်လာခဲ့သည့် နေရာနှစ်ခုကို မိမိတို့ ပုံမှန်စစ်ဆေးကြည့်ရှုပြီးဖြစ်ကြောင်း အောက်တို ဘာ ၂၄ ရက်တွင် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က သတင်းထုတ်ပြန်ခဲ့သည်။

Source: AFP, Bangkok Post

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

စီအိုင်အေအကြီးအကဲ ယူကရိန်းသို့ သွားရောက်

By CNI
CNI
Category: Watch TV
Hits: 543

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်ကို သိမ်းရန် တရုတ်အရှိန်မြှင့်လိုဟု အမေရိကန်ပြော

By CNI
CNI
Category: Watch TV
Hits: 532

Share
Tweet
Share
Share
powered by social2s

ထိုင်းအစိုးရသစ်ဖွဲ့ရေး ဆွေးနွေးမှု အချိန်မတန်သေးဟု အာဏာရပါတီပြော

By CNI
CNI
Category: Watch TV
Hits: 526

Share
Tweet
Share
Share
powered by social2s

လုံခြုံမှုမရှိဘဲ ဘူးသီးတောင်တိုက်ပွဲရှောင်များကို နေရပ်ပြန်ခိုင်းမှု ဒုက္ခရောက်နိုင်ဟုပြော

By CNI
CNI
Category: Watch TV
Hits: 524

Share
Tweet
Share
Share
powered by social2s

မြန်မာမပါဘဲ မြန်မာနိုင်ငံအကျပ်အတည်းကို အာဆီယံဝန်ကြီးများ ဆွေးနွေး

By CNI
CNI
Category: Watch TV
Hits: 607

Share
Tweet
Share
Share
powered by social2s
  • 40
  • 41
  • 42
  • 43
  • 44
  • 45
  • 46
  • 47
  • 48
  • 49

Page 45 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar