CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ယူကရိန်းစစ်၊ အနောက်အုပ်စုနှင့်တရုတ်တင်းမာမှု G-20 ၌ ရေပန်းအစားဆုံးဖြစ်နေ

By CNI
CNI
Category: Watch TV
Hits: 651

Share
Tweet
Share
Share
powered by social2s

ရခိုင်တော်လှန်‌ရေးအဖွဲ့အချင်းချင်း စိတ်ဝမ်းကွဲမှု ကောင်းသည့်လက္ခဏာမဟုတ်ဟု ALP ပြော

By CNI
CNI
Category: Watch TV
Hits: 637

Share
Tweet
Share
Share
powered by social2s
အစိုးရ၊ EAOs၊ တပ်မတော်ခေါင်းဆောင်များ တွေ့ဆုံစဉ်

ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို ထောက်ခံကြိုဆိုဟု PPST ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2067

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၄

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၎င်း၏ နိုင်ငံရေးသဘောထားကို NLD ဗဟိုအလုပ်အမှု ဆောင်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခွင့်ရမှသာလျှင် ထုတ်ဖော်ပြောဆိုနိုင်မည်ဖြစ်ကြောင်း ပြောကြားချက်ကို မိမိတို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အနေဖြင့် ထောက်ခံကြိုဆိုပါကြောင်း နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

PPST ထုတ်ပြန်ချက်

ထို့နောက် အာဆီယံ၏ ဘုံသဘောတူညီချက်(၅)ချက် အကောင်အထည်ဖော်အပေါ်တွင် SAC အနေဖြင့် ပူးပေါင်းပါဝင်ပါရန် အမေရိကန်ပြည်ထောင်စုသမ္မတ ဂျိုးဘိုင်ဒန်၏ ထောက်ခံကြိုဆိုကြောင်း PPST ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဖမ်းဆီးချုပ်နှောင်ခံထားရပြီး တရားဥပဒေအရ အမှုရင်ဆိုင်နေရသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ CEC အဖွဲ့ဝင် တချို့ လည်း ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မလေးရှားနိုင်ငံရှိ အချုပ်ကား၊ ဖမ်းဆီးခံထားရသူများ

မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာများ ပြည်တော်ပြန်ရန် အခက်ကြုံနေ

By CNI
CNI
Category: လူမှုဘဝ
Hits: 2203


CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၄

မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရသည့်နောက် ကမ့်၊ အချုပ်များထဲတွင် ပြစ်ဒဏ် ကျခံပြီးသော မြန်မာ အများအပြားသည် ပြည်တော်ပြန်ရန်အတွက် အခက်အခဲဒုက္ခများ ကြုံတွေ့နေကြကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။

ထိုသူများသည် မြန်မာဘက်မှ မိသားစုဝင်များ၊ မလေးရှားရှိ မိတ်ဆွေများနှင့် အဆက်အသွယ်မရရှိခြင်း၊ လေယာဉ် လက်မှတ် မဝယ်နိုင်ခြင်းနှင့် မြန်မာသံရုံးမှ နေရပ်ပြန်ပို့ပေးသည့် ဦးရေ နည်းပါးခြင်းတို့ကြောင့် ပြည်တော်ပြန်ခွင့် ရရှိပြီးသူများဖြစ်သော်လည်း ကမ့်၊ အချုပ်များထဲတွင်သာ ရှိနေကြကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားတွင် မြန်မာများအား ကူညီပေးနေသည့် ဦးဘာဘူကြီးက “အခုအချိန်မှာ တကယ်ပဲ အများကြီးပဲ ဖြစ်နေတာပေါ့နော်။ ကမ့်တွေထဲမှာ လူတွေ တောင်ပုံ ရာပုံဖြစ်နေတာပေါ့။ မပြန်နိုင်တာအများကြီးပေါ့။ အဲဒီလိုမျိုး အဆက်အသွယ်မရတာတွေ၊ လေယာဉ်လက်မှတ် ဝယ်ပေးမယ့်သူမရှိ အဲဒီလိုမျိုးတွေဆိုတော့ သူတို့အတွက် အခက်အခဲဖြစ်တယ်။ ပြန်ဖို့အခက်အခဲတွေ အများကြီးဖြစ်နေတာပေါ့နော်။ တစ်ချို့ဆိုရင် ပြန်လို့ရနေတာတောင် မှ အဆက်အသွယ် မရကြလို့ လနဲ့ချီပြီးတော့ ကြန့်ကြာနေတာတွေလည်း အများကြီး ရှိတာပေါ့။ ကျနော်လည်း တစ်ယောက်စ နှစ်ယောက်စကတော့ ကူညီလို့ရတာပေါ့။ လူက များနေတော့ ကျနော်လည်း မတတ်နိုင်ဘူးလေ။ လေယာဉ်လက်မှတ်လည်း တစ်ယောက်ကို ၉၀၀ (ရင်းဂစ်ငွေ) ဆိုတော့ နည်းတဲ့ပိုက်ဆံမဟုတ်ဘူး ကျနော့် အတွက်။ ကျနော်လည်း သာမန် အလုပ်သမားတစ်ယောက်ပဲဆိုတော့ အဲဒီလောက်ကြီး မတတ်နိုင်ဘူး။ သူတို့က ပတ်စပို့ ရှိတယ်ဆို ဒါမှမဟုတ် မှတ်ပုံတင် ရှိတယ်ဆိုရင်လည်း ဆက်သွယ်ရလွယ်သေးတယ်” ဟု ပြောသည်။

မလေးရှားရှိ အချုပ်ခန်းတစ်နေရာနှင့် အချုပ်ကား

မလေးရှားနိုင်ငံရှိ ကမ့်၊ အချုပ် တစ်ခုစီ၌ ယခုကဲ့သို့ ပြည်တော်ပြန်ရန် အခက်အခဲဖြစ်နေသည့် မြန်မာဦးရေ ရာနှင့်ချီရှိကြောင်း သိရသည်။

မြန်မာသံရုံးအနေဖြင့် ပြည်တော်ပြန်ခွင့်ရရှိသည့် မြန်မာများအား နေရပ်ပြန်ပို့ရန် နိုင်ငံသား စိစစ်ရေးအတွက် ထိုလူပုဂ္ဂိုလ်၏ အချက်အလက်အား မြန်မာနိုင်ငံသို့ ပေးပို့ပြီး မှန်ကန်မှသာ Certificate of Identity အထောက် အထား ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ထိုအထောက်အထား စာရွက်ရရှိပြီဆိုပါက လေယာဉ်လက်မှတ်ကြေး ရင်းဂစ်ငွေ ၉၀၀ အား ပေါက်ဈေးအတိုင်း ပေးသွင်းပြီးမှသာ နေရပ်ပြန်ပို့သည့် လုပ်ငန်းစဉ် လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ထိုလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရသဖြင့် သံရုံးမှ ပြည်တော်ပြန်ပို့ခြင်းမှာ အချိန်ကာလကြန့်ကြာခြင်းဖြစ်ကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။

ထို့သို့ အချိန်ကြန့်ကြာနေသဖြင့် ကမ့်များ၊ အချုပ်များတွင် နေရပ်မပြန်ရသေးသည့် မြန်မာ အများအပြား ရှိနေခြင်းဖြစ်ကြောင်းလည်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက ပြောသည်။

ဦးဘာဘူကြီးက “လေယာဉ်လက်မှတ် ဝယ်ပေးနိုင်တဲ့သူတွေကတော့ ပြန်လို့ရတာပေါ့။ အဆက်အသွယ် ရတဲ့သူတွေဆိုရင်တော့ လေယာဉ်လက်မှတ် ဝယ်ပေးနိုင်တယ်ဆိုရင် မြန်မြန်လေး ပြန်ရတာပေါ့။ နောက်ပြီးတော့ နာမည်တူတွေ ကလည်း အများကြီးဆိုတော့ တလောကဆို မိန်းကလေးတစ်ယောက်ဆို ထောင်တစ်ခုမှာ သွားတွေ့တာ ကျနော် တွေ့ရမယ့် လူမဟုတ်ဘဲနဲ့ နာမည်က တူနေတယ်။ ကျနော် တကယ် တွေ့ရမယ့်လူက နောက် ထောင်ထဲမှာ။ အခုဆိုလည်း ကောင်လေး တစ်ယောက် ကျနော်ရှာထားပေးတယ်။ ဒါပေမယ့် အဲဒီနာမည်နဲ့ ထောင်တစ်ခု မှာ ၃ ယောက်ရှိတယ်။ ဘယ်တစ်ယောက်ကို အတည်ယူပေးရမလဲမသိဘူး။ အဲဒီလိုမျိုးတွေလည်း အများကြီးပေါ့။ ဒီလို ကူညီရတာလည်း ကျနော်တို့အတွက် အခက်အခဲတွေ အများကြီး ရှိပါတယ်” ဟု ပြောသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ နေ့စဉ်ဆိုသလို အဖမ်းအဆီးများပြားနေသဖြင့် ကမ့်များ၊ အချုပ်များထဲတွင် လူအပြည့်အကျပ်ဖြစ်နေကာ ကျန်းမာရေးပိုင်းနှင့်ပတ်သက်၍ ဝမ်းရောဂါများ၊ စိတ်ကျရောဂါများလည်း ခံစားနေကြရကြောင်း သိရသည်။

 

မလေးရှားရှိ အချုပ်ထောင်တစ်ခုတွင် ဖမ်းဆီးခံထားရသူများကိုတွေ့ရစဉ်



ထို့ကြောင့် မြန်မာသံရုံးအနေဖြင့် ၎င်း၏ လုပ်ငန်းဆောင်တာများအား ယခုထက် ပို၍ တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း မလေးရှားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီမှုအဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး ဦးချစ်ကောင်းက CNI သတင်းဌာနသို့ ပြောသည်။

“တခြားနိုင်ငံတွေရဲ့ သံရုံးတွေမှာဆိုရင် သူတို့က department လေးတစ်ခုဖန်တီးထားတယ်။ အဲဒီ department လေးတစ်ခု ဘာလဲဆိုရင် ရှေ့နေပါတယ်၊ သံရုံးကနေ အရာရှိတစ်ယောက် လူအင်အားနည်းတယ်ဆိုရင် တစ်ယောက်(သို့မဟုတ်)နှစ်ယောက် သူတို့ရှိတယ်။ မလေးရှားမှာရောက်နေတဲ့ သံရုံးတွေကနေ သူတို့ နိုင်ငံသား တစ်ယောက် အဲဒီလိုအခက်အခဲဖြစ်တာပဲဖြစ်ဖြစ်၊ အဖမ်းအဆီးတစ်ခုခုနဲ့ကြုံပြီး အမှုတွေဖြစ်ပြီဆိုတာနဲ့ သံရုံး ကနေ အနောက်က ရှေ့နေတွေဘာတွေနဲ့ follow up လိုက်လုပ်ပေးတယ်။ နောက်ပိတ်ဆုံး ကြီးမားတဲ့အမှုဆိုရင် လျော့သွားအောင်လို့ပေါ့။ လျော့တဲ့အမှုဆိုရင် မြန်မြန်ပြန်ပို့လို့ရနိုင်တဲ့ အနေအထားမျိုးတွေ သူတို့စီစဉ်တာတွေ တွေ့ရတယ်။ အဲဒီအခါမှာ သူများနိုင်ငံတွေရဲ့ သံရုံးတွေနည်းတူ team လေးတစ်ခုဖွဲ့ထားပြီးတော့ သံရုံးကို အကြောင်းကြားပြီဆိုတာနဲ့ တစ်ပြိုင်နက်၊ သိရပြီဆိုတာနဲ့ အဲဒီကိစ္စတွေကို follow up လေးလိုက်ပြီး ကိုယ့်နိုင်ငံသားတွေရဲ့ အရေးကို အမြန်ဆုံးစီစဉ်ဆောင်ရွက်နိုင်တယ်ဆိုရင် အချုပ်သားက ထောင်ကျမယ်၊ ထောင်ကျပြီးတော့ အချုပ်ရောက်မယ်၊ အချုပ်ရောက်ပြီဆိုတဲ့အခါကျမှ ဒီကိစ္စကို စိစစ်တာထက်စာရင် သူ ထောင်ကိုသွားပြီး ဘယ်လောက်ဘယ်လောက်ကျပြီဆိုတာနဲ့ ကြိုတင်သတ်မှတ်ပြီးတော့ ဒီလူရဲ့ဖိုင် အားလုံကို မြန်မာပြည်ကနေ လိုအပ်တဲ့အချက်အလက်အားလုံးကိုယူရင် ဒီကိစ္စက ပိုပြီးတော့ လွယ်ကူသွားမယ်၊ ပိုပြီးတော့ လည်း မြန်ဆန်သွားမယ်” ဟု ၎င်းက ပြောသည်။

ယခင်က မြန်မာသံရုံးအနေဖြင့် ပြစ်ဒဏ်ကျခံပြီး ပြည်တော်ပြန်ခွင့်ရသည့် မြန်မာများအား နေရပ်ပြန်ပို့ရာတွင် လေယာဉ်လက်မှတ် မတတ်နိုင်သည့် သူများအား အခမဲ့ပို့ဆောင်ခြင်းအား မကြခဏ ပြုလုပ်ပေးလေ့ရှိသော် လည်း ယခုနောက်ပိုင်းတွင် ထိုသို့ ပြုလုပ်ပေးခြင်းမှာ နည်းလာကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘိုင်ဒန်ကိုတွေ့ရစဉ်

ဘိုင်ဒန်တက်မည့် အေပက်ထိပ်သီး အစည်းအဝေးနှင့် အာဆီယံ၏ စိုးရိမ်မှုများ

By CNI
CNI
Category: ဆောင်းပါး
Hits: 3523

CNI International Article

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၃

“ဒါဟာ ဒီမိုကရေစီအတွက် ကောင်းမွန်တဲ့ နေ့တစ်နေ့ဖြစ်သလို အမေရိကန်အတွက် ကောင်းမွန်တဲ့ နေ့တစ်နေ့လို့ လည်း ကျနော်ထင်ပါတယ်”

သမ္မတ ဂျိုးဘိုင်ဒန်က ၎င်း၏ ဒီမိုကရက်တစ်ပါတီဝင် ကိုယ်စားလှယ်လောင်းများ လက်ရှိ ကြားဖြတ်ရွေးကောက်ပွဲမှာ မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည် ရှိနေကြောင်း ဝင့်ကြွားစွာ ထုတ်ဖော် ပြောဆိုခဲ့ ခြင်းပင် ဖြစ်သည်။

ရီပတ်ဘလစ်ကန်များ အနေဖြင့် အမေရိကန်(ကွန်ဂရက်)လွှတ်တော်ကို လွယ်လင့်တကူ လွှမ်းမိုးချုပ်ကိုင်ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ဘိုင်ဒန်က ကြိုးစားနေသည်။

၎င်း၏နိုင်ငံရေး အစီအစဉ်သည် အမေရိကန် အများစုကြားတွင် ရေပန်းစားနေသေးကြောင်း လက်ရှိသမ္မတဖြစ်သူ ဘိုင်ဒန်က ရွေးကောက်ပွဲရလဒ်ကို အထက်ပါအတိုင်း သရုပ်ပြ အမွှမ်းတင်ထားသည်။

ရွေးကောက်ပွဲ ရလဒ်များကြောင့် ဘိုင်ဒန်သည် လာမည့် သီတင်းပတ်တွင် အရှေ့တောင်အာရှ တဝန်းအတွက် အရေးကြီးသည့် အစည်းအဝေးများကို ဆက်တိုက် တက်ရောက်ရန် စိတ်ချလက်ချ ဖြစ်ခဲ့ရသည်။ ၎င်းအတွက် ပထမဆုံးသော အရေးကြီးသည့် အရှေ့တောင်အာရှဒေသသို့ အရောက်သွားဖို့အရေး ဘိုင်ဒန် တစ်ယောက် အားခဲ နေခဲ့သည်။

ဘိုင်ဒန်သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် နိုဝင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။

 အာဆီယံထိပ်သီး ခေါင်းဆောင်များကိုတွေ့ရစဉ်

ထို့နောက် အင်ဒို-ပစိဖိတ် ဒေသတလျှောက်မှ ခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီတွင် ကျင်းပမည့် ကမ္ဘာ့ထိပ်တန်း စက်မှုနိုင်ငံများ G-20 ထိပ်သီး အစည်းအဝေးကိုလည်း နိုဝင်ဘာ ၁၃ ရက် မှ ၁၆ ရက်ကြား တက်ရောက်ရန် စီစဉ်ထားသည်။

၎င်းသည် တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် အထူးထိပ်သီး အစည်းအဝေး ကျင်းပရာတွင် သီးခြား တွေ့ဆုံနိုင်မည့် အလားအလာလည်း ရှိနေသည်။ ဒုတိယသမ္မတ ကာမယ်လေဟားရစ် ကတော့ ဘိုင်ဒန် ကိုယ်စား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီး အစည်းအဝေး သို့ တက်ရောက်မည် ဖြစ်သည်။

အေပက် (APEC) ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ဆော်ဒီအာရေးဗီးယား၊ ဘိုင်ဒင်နှင့် ရှီကျင့်ဖျင်တို့ကို စုံစုံလင်လင် မတွေ့ရလျှင် ထိုင်းအစိုးရအတွက် ခဲလေသမျှ သဲရေကျ ဖြစ်ကိန်းလည်း ရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ၄ နှစ်တာ သက်တမ်းတစ်လျှောက် အာဆီယံ ထိပ်သီး အစည်းအဝေးများကို လျစ်လျူရှုခဲ့သဖြင့် ဘိုင်ဒန်သည် အာရှဒေသတွင်း အစည်းအဝေးများသို့ ဆယ်စု နှစ် တစ်ခုအတွင်း ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ခဲ့သည့် ပထမဆုံးသော အမေရိကန်ခေါင်းဆောင် ဖြစ်လာ ပေမည်။

၂၀၁၃ ခုနှစ်တွင် အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားသည်လည်း ဝါရှင်တန်ရှိ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာများနှင့်ပတ်သက်ပြီး အစိုးရပိတ်ဆို့မှုများကြောင့် ၎င်း၏ အာရှခရီးစဉ်ကို ဖျက်သိမ်းခဲ့ရဖူးသည်။

သို့သော် ဘိုင်ဒန်သည် ၎င်းသမ္မတသက်တမ်း၏ နောက်ဆုံး နေ့ရက်များဆီသို့ ဝင်ရောက်လာချိန်မှာတော့ အာဆီယံဒေသတွင်းမှာ အမေရိကန်၏ မူဝါဒအပေါ် စိုးရိမ်မှုများ တိုးလာနေခြင်းနှင့် တိုက်ဆိုင်နေခဲ့သည်။

အမေရိကန်ဒုတိယသမ္မတဟားရစ်နဲ့ ဗီယက်နမ်၀န်ကြီးချုပ်ကိုတွေ့ရစဉ်

အထူးသဖြင့် အရှေ့တောင်အာရှ ခေါင်းဆောင်များသည် ခိုင်မာသော အမေရိကန်စီးပွားရေး အစပျိုးမှု ကင်းမဲ့ နေခြင်းနှင့် အမေရိကန်-တရုတ်တို့ကြား စစ်ရေးတင်းမာမှုများ တိုးလာခြင်းတို့အတွက် သောကများ နေကြသည်။

ဘိုင်ဒန်၏ သမ္မတသက်တမ်း ရှေ့ပိုင်း နှစ်နှစ်အတွင်း ဘိုင်ဒန်အစိုးရသည် စိတ်အားထက်သန်သော သံတမန် ဆက်ဆံရေးအပြင် ကပ်ရောဂါနှင့် ဆက်စပ်သော အရေးပါသည့် အကူအညီများကြောင့် အရှေ့တောင်အာရှ တဝန်း တွင် အမေရိကန်အပေါ် ချစ်ကြည်ဖော်ရွေမှု ရရှိခဲ့သည်က အမှန်ပင်ဖြစ်သည်။

ဘိုင်ဒန်သည် ယခုနှစ် အစောပိုင်း၌ အရှေ့တောင်အာရှ ခေါင်းဆောင်များကို ဖိတ်ခေါ်ပြီး ရာစုနှစ် ထက်ဝက်နီးပါး အတွင်း ပထမဆုံးအကြိမ်အဖြစ် အိမ်ဖြူတော်၌ အာဆီယံထိပ်သီး အစည်းအဝေးကို လက်ခံ ကျင်းပပေးခဲ့သည်။

ထိုအချိန် မတိုင်မီ ယမန်နှစ် နိုဝင်ဘာလတွင် အာဆီယံဒေသတွင်း ခေါင်းဆောင်များနှင့် ဗွီဒီယိုခေါ်ဆိုမှုဖြင့် ထိပ်သီး အစည်းအဝေးကို ကျင်းပခဲ့သေးသည်။

တစ်ချိန်တည်းတွင် ဒုတိယသမ္မတဟားရစ်၊ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့သည် အရှေ့တောင်အာရှဒေသတွင်းရှိ အထင်ကရ မြို့တော်များဆီသို့ လူးလာခေါက်တုံ့ အကြိမ်ကြိမ် သွားရောက်ခဲ့ကြပြီး ဖြစ်သည်။

ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် အမေရိကန်သည် အာဆီယံအဖွဲ့ဝင်များထံသို့ ထိရောက်သော Covid-19 ကာကွယ် ဆေး သန်း ၂၀ ကျော် လှူဒါန်းပေးခဲ့ရာ ပြည်သူ့ကျန်းမာရေးအကူအညီ ဒေါ်လာ သန်း ၁၅၀ ကျော်မှ အကျိုးအမြတ်များ ပြန်ရခဲ့သည်။

အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စုကိုတွေ့ရစဉ်

လာမည့်နှစ်အတွက် ဘိုင်ဒန်အစိုးရသည် အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး အစပျိုးနိုင်ဖို့ ဒေါ်လာ သန်း ၈၀၀ ကျော် ခွဲဝေပေးရန် မျှော်လင့်ထားသည်။ မည်သို့ပင်ဆိုစေကာမူ ဘိုင်ဒန်အစိုးရသည် ရှေ့နောက် ညီညွတ်ပြီး မြင်သာထင်သာရှိသော ဒေသတွင်းဆိုင်ရာ စီးပွားရေးဗျူဟာမှာ အလွန်အမင်း ချို့တဲ့လို့နေသည်။

ယခုနှစ် အစောပိုင်းတွင် ဖိလစ်ပိုင်သမ္မတသစ် ဖာဒီနန်မားကို့စ်ဂျူနီယာက ဝါရှင်တန်၏ အခြေအနေအရ အကူအညီများထက် တိုးချဲ့ကုန်သွယ်မှုကို ပိုမိုနှစ်သက်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဖိလစ်ပိုင်သမ္မတသစ်သည် ဘိုင်ဒန်နှင့် အတော်အတန် နွေးထွေးသော ဆက်ဆံရေး ရှိသော်လည်း ၎င်းနိုင်ငံ၏ အများပြည်သူဆိုင်ရာ အခြေခံ အဆောက်အအုံများတွင် တိုးချဲ့လာသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို လိုလို လားလား လက်ခံလျက်ရှိသည်။

တရုတ်နိုင်ငံသည် ၎င်း၏ စီးပွားရေးရပ်ဝန်း (Belt and Road Initiative - BRI) အရ အရှေ့တောင်အာရှတဝန်း၌ လက်ကြီးကြီးဖြင့် အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းများကို ဆက်လက် လုပ်ဆောင်နေချိန်တွင် အမေရိကန် ဦးဆောင်သော အာရှဒစ်ဂျစ်တယ် ကုန်သွယ်မှုနှင့် အင်ဒို-ပစိဖိတ် စီးပွားရေးဆိုင်ရာ မူဘောင် အစပျိုး မှုများသည် ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးလို့ နေသည်။

တိုးချဲ့ဒစ်ဂျစ်တယ် ကုန်သွယ်ရေးကဲ့သို့သော စီးပွားရေး အဆိုပြုချက်များသည်ပင် ဘိုင်ဒန်၏ အမြင့်ဆုံးသော ကဏ္ဍများ၌ အတွင်းပိုင်း ခုခံမှုကို ကြုံတွေ့ခဲ့ရသည်။ ပိုမိုခိုင်မာသော ကုန်သွယ်ရေး အစပျိုးမှုသည် ပြည်တွင်း၌ အကာအကွယ်ပေးသည့် စိတ်ဓာတ်များ ပြင်းထန်လာနေသဖြင့် ဝါရှင်တန်တွင် နှစ်ဘက်သော ပါတီအစိတ်အပိုင်း များ၏ တုံ့ပြန်မှုကို သေချာပေါက် နှိုးဆွရာ ရောက်မည်ဖြစ်သည်။

မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (CSIS) မှ သုတေသီများဖြစ်ကြသည့် အီမလီဘန်ဆင်နှင့် အိုင်ဒန် အရာဆာဆင်းဟမ်တို့က မကြာသေးမီက သုံးသပ်ချက် စာတစ်ပုဒ်တွင် စောဒက တက်ထားပုံက ဤသို့ဖြစ်သည်။

“အာရှဒစ်ဂျစ်တယ် ဈေးကွက်ထဲ ဝင်ရောက်ခွင့်ကို စေ့စပ်ညှိနှိုင်းရန် ဝါရှင်တန်၏ ဆန္ဒကင်းမဲ့ခြင်းသည် လေးနက် သော လိုက်လျောမှုများ ကမ်းလှမ်းနိုင်စွမ်းကို မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။ ကုန်သွယ်ရေး သဘောတူညီ ချက်များ လွတ်လွတ်လပ်လပ် ညှိနှိုင်းရာတွင် ရင်ဆိုင်နေရသော အမေရိကန်ပြည်တွင်း၌ နိုင်ငံရေး ကန့်သတ်ချက် များကို မီးမောင်းထိုးပြစရာ ရှိနေပါသည်” ဟူ၏။

ပြောရမည်ဆိုလျှင် အခြေခံအားဖြင့် ဘိုင်ဒန်အစိုးရသည် ပြည်တွင်း အရင်းအနှီးကို ချုပ်ကိုင်ထားသော တရုတ် ကွန်မြူနစ်ပါတီ၏ မူဝါဒကဲ့သို့ မဟုတ်ဘဲ လွှမ်းမိုးမှု ကင်းမဲ့နေသည်။

 

အာဆီယံထိပ်သီးခေါင်းဆောင်များနဲ့ ဘိုင်ဒန် ဗွီဒီယိုကွန်ဖရင့်လုပ်နေစဉ်

တရုတ်သည် နိုင်ငံရပ်ခြားဒေသများတွင် ကြီးမားသော ကုန်သွယ်မှုနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်း များကို ငွေကြေးထောက်ပံ့ရန် အဓိကကုမ္ပဏီများနှင့် မူဝါဒဆိုင်ရာ ဘဏ်လုပ်ငန်းများကို လျင်မြန်စွာ အရှိန်မြှင့်တင် နိုင်နေသည်။

ချို့ယွင်းချက်များ ရှိနေသော်လည်း ဂျပန်နှင့် သြစတြေးလျ (ဆိုလိုသည်မှာ Blue Dot Network) အပြင် ပိုမို ကျယ်ပြန့်သော စက်မှုထိပ်သီး G-7 နိုင်ငံများ အပါအဝင် ယခင်ရှိပြီးသားနှင့် အဆိုပြုထားသော ပဏာမ ခြေလှမ်း များကို စုစည်းလိုက်လျှင် ဘိုင်ဒန်အစိုးရသည် အာရှဒေသ စီးပွားရေး အခင်းအကျင်းအတွက် ကြီးမားသော အပြောင်းအလဲကို ပြုလုပ်နိုင်စရာ ရှိပါသေးသည်။

အမေရိကန်သည် မကြာသေးမီ နှစ်များအတွင်း ဒေါ်လာ ၁၁၀ ထရီလီယံအထိ ပမာဏရှိသော အနောက်အုပ်စု နိုင်ငံများရှိ အလုံးအရင်းဖြင့် မသုံးစွဲရသေးသော ပုဂ္ဂလိက အရင်းအနှီးကို စုစည်းနိုင်ဖို့ ကူညီရာတွင်လည်း ဦးဆောင်နိုင်မည် ဖြစ်သည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အာဆီယံအသင်း တစ်ခုလုံးနီးပါး ပါဝင်သော ဖွံ့ဖြိုးဆဲ အာရှနိုင်ငံ အများစုအတွက် အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များကို ယခုဆယ်စုနှစ်အထိ ကာမိစေရန် ဒေါ်လာ ၂၆ ထရီလီယံအထိ လိုအပ်မည်ဟု ခန့်မှန်းထားကြောင်း ထုတ်ပြန်ခဲ့သည်။

တစ်ချိန်တည်းတွင် ဘိုင်ဒန်အစိုးရသည် အာဆီယံနိုင်ငံများအတွက် ၎င်း၏မဟာဗျူဟာကို ပြန်လည်ချိန်ညှိရန် လိုအပ်မည်ဖြစ်သည်။ ဥပမာအားဖြင့် ဝါရှင်တန်၏ သဘောတရားရေးရာအရ မောင်းနှင်သော “ဒီမိုကရေစီ မြှင့်တင်ရေး” အစီအစဉ်ကြောင့် ဗီယက်နမ်ကို ထိတ်လန့်စေခဲ့သည်။

ထိုသို့ အထိတ်တလန့် ဖြစ်မှု၏ ရလဒ်အနေဖြင့် ဗီယက်နမ် ကွန်မြူနစ် ခေါင်းဆောင်များသည် ဘေဂျင်းရှိ ကွန်မြူနစ်များထံသို့ ချဉ်းကပ်မှု နှစ်ဆတိုးလာစေပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့်ပတ်သက်၍ အနောက် နိုင်ငံများ၏ နိုင်ငံရေး ဝင်ရောက်စွက်ဖက်မှုကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကန့်ကွက်ကြောင်း ဗီယက်နမ်က ကျယ်ကျယ်လောင်လောင် အသံမြည်လာခဲ့သည်။

ကွန်မြူနစ်အချင်းချင်း မကြာသေးမီက တွေ့ဆုံမှုအတွင်း တရုတ်နှင့် ဗီယက်နမ် ခေါင်းဆောင်များသည် ဆယ်စုနှစ် များအတွင်း ပထမဆုံးအကြိမ်အဖြစ် “ရောင်စုံတော်လှန်ရေး”၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး ကိစ္စများကို ဗန်းပြသည့် “နိုင်ငံရေးလုပ်ခြင်း” ၊ ဘိုင်ဒန်၏ ဒီမိုကရေစီလိုလားသော အစီအစဉ်အပေါ် ပါးလွှာစွာ ဖုံးအုပ်ထား သော ဝေဖန်မှုများအကြောင်း အလေးထား၍ ခေါင်းချင်းရိုက်ခဲ့ကြသည်။

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့တွေ့ဆုံစဉ်

အဆုံးစွန်အားဖြင့် ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ် အငြင်းပွားမှုများကြောင့် တင်းမာနေချိန်တွင် တရုတ်နှင့် လက်နက်ကိုင်ပဋိပက္ခ မဖန်တီးလိုကြောင်း အာဆီယံနိုင်ငံများကို ဘိုင်ဒန်အစိုးရက အာမခံရန် လိုအပ်မည် ဖြစ် သည်။

အကယ်၍ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲ၌ ဘိုင်ဒန်နှင့် ရှီကျင့်ဖျင်တို့ ဆုံမိ ကြလျှင် အာဆီယံခေါင်းဆောင်များ ရင်တထိတ်ထိတ် ဖြစ်နေကြသည့် ဒေသတွင်း စိုးရိမ်ပူပန်မှုများ လျော့ပါး သွားစရာတော့ ရှိပါသည်။

အရှေ့တောင်အာရှ မြို့တော်များတွင် ဝါရှင်တန်၏ ကစားကွက် အသစ်များကို အမှန်တကယ်ပင် စိုးရိမ်ပူပန်နေ ကြသည်။

ယခုနှစ် အစောပိုင်းက ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းတွင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက “အမေရိကန်နှင့် တရုတ်တို့သည် စစ်ပွဲကြီးတစ်ခုလုံးဖြစ်ဖို့အရေး ခေတ္တငြိမ်သက်နေခြင်းအတွက် စိုးရိမ်နေမိကြောင်း” ထပ်လောင်း ပြောကြားခဲ့သည်။

“ကျနော်တို့ ပတ်ဝန်းကျင်မှာ မုန်တိုင်းတွေ တိုက်နေတယ်။ အင်အားကြီး နှစ်နိုင်ငံကြား ဖျန်ဖြေသူအဖြစ် ဆောင်ရွက်နိုင်ရန် အရှေ့တောင်အာရှ နိုင်ငံတွေ အဆက်မပြတ် ကြိုးပမ်းနေတဲ့ ကြားကပဲ အမေရိကန်-တရုတ် ဆက်ဆံရေးက ပိုဆိုးလာတယ်ဗျာ။ ပြဿနာတွေ၊ နက်နဲတဲ့ သံသယတွေနဲ့ ဆက်ဆံရေး အကန့်အသတ် ဖြစ်နေ တာတွေက အခြေအနေ ပိုဆိုးလာစေပါတယ်” ဟု စင်ကာပူဝန်ကြီးချုပ်က သတိပေးခဲ့သည်။

“ဒါတွေဟာ မကြာခင်မှာ ထပ်တိုးလာဖို့ မဖြစ်သင့်ပါဘူး။ ဒါ့အပြင် တွက်ချက်မှု အမှားအယွင်းတွေ (ဒါမှမဟုတ်) လွဲချော်စွာ တွက်ချက်မိတာတွေက ပိုဆိုးလာစေနိုင်ပါတယ်” ဟု ၎င်းက အာဆီယံနိုင်ငံများအနေဖြင့် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု၏ ဦးတည်ချက်အပေါ် မဟာဗျူဟာမြောက် စိုးရိမ်ပူပန်နေကြောင်း အတိအလင်း မီးမောင်း ထိုးပြခဲ့ပေသတည်း။

Source: Asia Times

(အေးရှားတိုင်းမ်ဝက်ဘ်ဆိုက်တွင် နိုဝင်ဘာ ၁၀ ရက် ရက်စွဲဖြင့် လွှင့်တင်ထားသော မူရင်းဆောင်းပါးရှင် Richard Javad Heydarian ၏ အတွေးအမြင်ကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်လိုက်ပါသည်)

 

 

 

 

Share
Tweet
Share
Share
powered by social2s

G-20 အစည်းအဝေးမှာ မြောက်ကိုရီးယားအရေး ရှီနှင့် ဘိုင်ဒန် ဆွေးနွေးမည်

By CNI
CNI
Category: Watch TV
Hits: 641

Share
Tweet
Share
Share
powered by social2s

အရှေ့အာရှထိပ်သီးအစည်းအဝေး၌ အမေရိကန်ခြိမ်းခြောက်မှုများကို ရုရှားချပြမည်

By CNI
CNI
Category: Watch TV
Hits: 723

Share
Tweet
Share
Share
powered by social2s
ခါးပိုက်နှိုက်ကျူးလွန်၍ ဖမ်းဆီးခံရသူများကို ပြသထားသည့်စာရင်းကိုတွေ့ရစဉ်

ကမာရွတ်နှင့် စမ်းချောင်းမြို့နယ်အတွင်း ခါးပိုက်နှိုက်နေသူ ၁၁ ဦးကို ဖမ်းဆီးရမိ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1903

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့အတွင်း အုပ်စုဖွဲ့ ခါးပိုက်နှိုက်မှု ကျူးလွန်နေ သူ ၁၁ ဦးကို ဖမ်းဆီးရမိကြောင်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်တွင် နစက-က သတင်းထုတ်ပြန်ခဲ့သည်။

ခါးပိုက်နှိုက်မှု ကျူးလွန်သူ တရားခံ ၉ ဦးနှင့် ကျူးလွန်ရာမှ ရရှိသည့် လက်ကိုင်ဖုန်းများအား လက်ခံဝယ်ယူသူ တရားခံ ၂ ဦးတို့အား လက်နက်ကိုင်ဖုန်း မျိုးစုံ ၁၂၀ လုံး၊ ခါးပိုက်နှိုက်ရာမှ ရရှိခဲ့သည့် ငွေစက္ကူရောရာ ၅,၆၈၀,၀၀၀ိ/ကျပ် (ငွေကျပ် သိန်း ၅၀ ကျော်) အပါအဝင် ၎င်းတို့စီးနင်း အသုံးပြုခဲ့သည့် Toyota Filder အဖြူ ရောင် မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အုပ်စုဖွဲ့ ခါးပိုက်နှိုက်နေသူများသည် ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ လှည်းတန်းလမ်းဆုံအနီး နှင့် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတစ်ဝိုက်တို့တွင် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခါးပိုက်နှိုက်ကျူးလွန်သူများကို ဖုန်းများ-ပိုက်ဆံများနဲ့အတူတွေ့ရစဉ်

နစက-က ဖမ်းဆီးခဲ့သူများမှာ စိန်သန်းအေး(ခ)စိန်ကြီး၊ ဇော်မင်းထွေး(ခ)အောင်လေး(ခ) ကုလားကြီး၊ ထွန်းမင်း လတ်(ခ)တုတ်တုတ်၊ မျိုးကျော်သူ(လက်ကိုင်ဖုန်းများဝယ်ယူသူ)၊ သူရထွန်း(ခ)ဘောကြီး၊ ဇော်မျိုးဦး(ခ)ဝက်ကြီး (ခ)ပါကျဲ၊ ကျော်ကျော်(ခ)အသေးလေး၊ သက်နိုက်ထွန်း၊ ကျော်မျိုးလှိုင်(ခ)ကျော်ကြီး(လက်ကိုင်ဖုန်းများဝယ်ယူ သူ)၊ လင်းလင်းထွန်း(ခ)ဝိုင်းဝိုင်း၊ ကျော်မျိုးနိုင်(ခ)ကိုမျိုး(ခ)အပုလေး တို့ဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိ တရားခံ ၁၁ ဦးအနက် စိန်သန်းအေး(ခ)စိန်ကြီး၊ ဇော်မင်းထွေး(ခ) အောင်လေး (ခ)ကုလား ကြီး၊ ဇော်မျိုးဦး(ခ)ဝက်ကြီး(ခ)ပါကျဲနှင့် ကျော်မျိုးနိုင်(ခ)အပုလေးတို့ ၄ ဦးသည် ၂၀၂၂ ခုနှစ်၊ မေလ ၁၁ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်က ကမာရွတ်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ဇေယျာသီရိလမ်း၌ မောင်ကတုံး (စိစစ်ဆဲ)ကို ဝိုင်းဝန်းထိုးကြိတ်ပြီး ချွန်ထက်သောအရာဖြင့် ထိုး၍ သတ်ဖြတ်ခဲ့သူ ၁၃ ဦးအနက်မှ တရားခံပြေး ၄ ဦးဖြစ်သည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

နောင်လာမည့် အာဆီယံအစည်းအဝေးများတွင် မြန်မာပါဝင်မှု လျှော့ချနိုင်

By CNI
CNI
Category: Watch TV
Hits: 655

Share
Tweet
Share
Share
powered by social2s
ခါဆွန်မြို့ကို ယူကရိန်းတပ်ဖွဲ့ ပြန်သိမ်းနိုင်ခဲ့လို့ ယူကရိန်းပြည်သူများ ပျော်ရွှင်နေကြစဉ် (Reuters)

ရုရှားလက်မှ ခါဆွန်ပြန်ရ၍ ကိယက်ဗ်မြို့တော်ရှိ ယူကရိန်းပြည်သူများ ပျော်ရွှင်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1512

CNI International News

ကိယက်ဗ်၊နိုဝင်ဘာ ၁၂

ယူကရိန်းနိုင်ငံ၊ ခါဆွန်မြို့ခံ ပြည်သူများသည် ၉ လနီးပါးကြာ စစ်ပွဲအတွင်း ၎င်းတို့မြို့အတွက် ပထမဆုံး ပျော်ရွှင် ခြင်း အထိမ်းအမှတ်အဖြစ် ကိယက်ဗ်မြို့တော်ရှိ မိုင်ဒန်ရင်ပြင်တွင် နိုဝင်ဘာ ၁၁ ရက်၌ စုဝေးခဲ့ကြကြောင်း AFP သတင်းကို ကိုးကား၍ ဘန်ကောက်ပို့စ် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

“ကျမမွေးခဲ့တဲ့ ဇာတိမြို့၊ တသက်လုံး နေလာခဲ့တဲ့မြို့ဟာ အခုနောက်ဆုံးတော့ လွတ်လပ်သွားပါပြီ” ဟု အသက် ၁၇ နှစ်အရွယ်ရှိ နက်စတီယာစတီပင်စကာက မျက်ရည်များဝဲနေရင်းမှ ပြောကြားခဲ့သည်။

“ရုရှားတွေ စဝင်လာတုန်းက ကြောက်စရာကြီးပါ။ နောက်တစ်နေ့ ဘာဆက်ဖြစ်မလဲ (ဒါမှမဟုတ်) ကျမတို့ အသက်ရှင် နေဦးမှာလား ဆိုတာတောင် မသိတော့ပါဘူး” ဟု ကျောင်းသူတစ်ဦးဖြစ်သည့် စတီပင်စကာက ပြောကြားရင်း တစ်ချိန်က တုန်လှုပ်ခြောက်ခြားခဲ့မှုကို ရင်ဖွင့်ခဲ့သည်။

ယူကရိန်းစစ်သမီးပျိုတစ်ဦးကိုတွေ့ရစဉ်

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နောက်ပိုင်း မော်စကို ကျူးကျော် သိမ်းပိုက်ခဲ့သော ခါဆွန်မြို့မှ ဆုတ်ခွာပြီဖြစ် ကြောင်း ရုရှားက ကြေညာပြီးနောက် “ခါဆွန်မြို့သည် ကျွန်ုပ်တို့မြို့ဖြစ်ကြောင်း” ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက နိုဝင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ မြို့ကြီးသည် အနောက်ဘက်ရှိ ပင်လယ်နက်နှင့် အရှေ့ဘက်ရှိ အေဇော့ (Azov) ပင်လယ်သို့ ကူးသန်း နိုင်ပြီး ခါဆွန်ဒေသကြီး တစ်ခုလုံးအတွက် ယူကရိန်းတပ်ဖွဲ့များအနေဖြင့် တံခါးပေါက်တစ်ခု ဖွင့်လှစ်နိုင်မည် ဖြစ်သည်။

“ဖြစ်နိုင်ရင် ကျမမြို့ကိုပဲ ပြန်တော့မယ်။ ဘေးကင်းနေမှာပါ။ မကြာခင် ပြန်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်” ဟု စတီပင်စကာက ဆက်လက် ပြောကြားခဲ့သည်။

ခါဆွန်မြို့အတွင်းသို့ ယူကရိန်းတပ်များ ဝင်သွားပြီဟု သတင်းကြေညာလိုက်ပြီးနောက် ကိယက်ဗ်မြို့တော်ပေါ်တွင် ရှားရှားပါးပါး ပျော်ရွှင်မှုများ ထွက်ပေါ်လာခဲ့သည်။ လမ်းမများပေါ်တွင် တေးသီချင်းသံများ၊ ကားဟွန်းတီးသံများ ဆူညံသွားခဲ့သည်။
ပြီးခဲ့သည့် မတ်လတွင် ရုရှားတပ်များက ခါဆွန်မြို့ကို သိမ်းပိုက်လိုက်ချိန်၌ ကိယက်ဗ်မြို့သို့ တိမ်းရှောင်လာရသည့် ခါဆွန်မြို့သူမြို့သားများသည် စက်တင်ဘာ ၁၁ ရက်၊ ည ၇ နာရီတွင် မိုင်ဒန်ရင်ပြင်၌ ပြန်လည် ဆုံစည်းမိကြပြီး ယူကရိန်းအလံများ ၎င်းတို့ခန္ဓာကိုယ်တွင် ရစ်ပတ်၍ ရှန်ပိန်ဖော့ဘူးများ ဖောက်ကြရင်း အချင်းချင်း ပွေ့ဖက်လိုက် ကြသည်။

“အစတုန်းက ဒီသတင်းကြားကြားချင်း ယုံတောင်မယုံမိဘူး။ တစ်ပတ်လောက် (ဒါမှမဟုတ်) တစ်လလောက် ကြာဦးမယ်လို့ ထင်တာ။ တစ်ရက်တည်းမှာပဲ သူတို့က ခါဆွန်မြို့ကို လက်ရပြန်သိမ်းနိုင်ခဲ့ပါတယ်။ သိပ်အံ့ဩစရာ ကောင်းပါတယ်” ဟု အသက် ၄၁ နှစ်ရှိ အာတမ်လူကစ်က ပြောသည်။

ယူကရိန်းပြည်သူများ အောင်ပွဲခံနေကြစဉ်(Reuters)

“အခုတော့ ကျနော်တို့ လွတ်မြောက်ပြီပေါ့ဗျာ။ ကျနော်တို့အားလုံး မျက်ရည်လည်လာမိပါတယ်” ဟု ၎င်း၏ ရင်သွေးငယ် နှစ်ဦးနှင့် ယူကရိန်းအလံကို ပွေ့ဖက်ထားရင်း ၎င်းက ဆက်ပြောသည်။

၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုထဲမှ ယူကရိန်း သီးခြားလွတ်လပ်ရေးရစဉ်က အထိမ်းအမှတ် လုပ်ခဲ့သည့် ကိယက်ဗ်မြို့ရှိ မိုင်ဒန်ရင်ပြင်တွင် ယခုအခါ အောင်ပွဲခံ စစ်ကြောင်း၏ သတင်းကြောင့် ခါဆွန်မြို့မှ ပြောင်းရွှေ့ တိမ်းရှောင်လာသူများက ယူကရိန်းနိုင်ငံတော်သီချင်းကို ဟစ်ကြွေးသီဆိုကြရင်း မျက်ရည်များ သုတ်နေကြသည်။

ထို့နောက် ရုရှားတို့ထံ ကျဆုံးပြီး ပထမဆုံး ပြန်လည်သိမ်းယူနိုင်ခဲ့သည့် အရေးပါသော မြို့ပြအချက်အချာ တစ်ခု ဖြစ်သော ခါဆွန်အတွင်းသို့ ဝင်ရောက်နေကြသည့် ယူကရိန်းစစ်တပ်၏ တပ်မဟာနံပါတ်များကို နှစ်ထောင်း အားရစွာ ကြွေးကြော်အော်ဟစ်နေခဲ့သည်။

“ကျနော်တို့ တကယ်ပျော်ပါတယ်။ ကျနော်တို့ စစ်သည်တွေဟာ နတ်ဘုရားတွေပဲဗျ။ ကျနော်တို့ဟာ မြို့ကို ပြန်ရဖို့ ၉ လတိတိ စောင့်ခဲ့ရပါတယ်။ ခါဆွန်ဟာ ယူကရိန်းပိုင်အဖြစ် အမြဲတမ်းရှိတော့မှာပါ” အာတမ်လူကစ်က ဖြည့်စွက်ပြောသည်။

Source: AFP, Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s
အာဆီယံထိပ်သီး အစည်းအဝေးမှာ နေရာလွတ်အဖြစ် တွေ့ရတဲ့ မြန်မာကိုယ်စားလှယ်ထိုင်ခုံ(Reuters)

နောင်လာမည့် အာဆီယံအစည်းအဝေးများတွင် မြန်မာပါဝင်မှု လျှော့ချနိုင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1477

CNI International News

ဖနွမ်ပင်၊ နိုဝင်ဘာ ၁၂

မြန်မာနိုင်ငံ၏ အခြေအနေ ပိုဆိုးလာနေသဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် နောင်လာ မည့် အစည်းအဝေးများ၌ မြန်မာကို ဖယ်ထုတ်၍ ပါဝင်ပတ်သက်မှု လျှော့ချရန် စဉ်းစားနေကြောင်း Channel News Asia သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အာဆီယံခေါင်းဆောင်များက နိုဝင်ဘာ ၁၁ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် “အခြေအနေ လိုအပ်ပါက နောင်လာမည့် အစည်းအဝေးများသို့ မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်မှုကို ထပ်မံ သုံးသပ် စဉ်းစားရန် အာဆီယံညှိနှိုင်းရေးကောင်စီအား တာဝန်ပေးအပ်လိုက်ကြောင်း” ထည့်သွင်းရေးသားထားသည်။

အာဆီယံထိပ်သီး အစည်းအဝေးနှင့် အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများသို့ မြန်မာမှ နိုင်ငံရေးမဟုတ်သော ကိုယ်စားလှယ်များကို ဖိတ်ကြားသည့် လက်ရှိရပ်တည်ချက်အား ဆက်လက် ထားရှိမည် ဖြစ်သည်။

အာဆီယံခေါင်းဆောင်များသည် မြန်မာ့အရေးနှင့်ပတ်သက်၍ အချက် ၅ ချက် သဘောတူညီချက်ဟု ခေါ်ဆိုသည့် ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်သွားမည့် အချိန်ဇယားကိုလည်း တောင်းဆိုခဲ့သည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကို တွေ့ရစဉ် 

မြန်မာနိုင်ငံကလည်း ၎င်းသဘောတူလက်ခံခဲ့သည့် အဆိုပါအစီအစဉ်ကို လွန်ခဲ့သည့် ၁၈ လကတည်းက စတင် လုပ်ဆောင်ခဲ့သော်လည်း တိုးတက်မှု အနည်းငယ်ရှိခဲ့သည်။

တိကျသည့် အချိန်ဇယားဖြင့် လက်တွေ့အကောင်အထည် ဖော်သွားမည့် အစီအစဉ်တစ်ခု လိုအပ်ကြောင်း နိုဝင်ဘာ ၁၁ ရက်၌ ထုတ်ပြန်သော ကြေညာချက်ထဲတွင် အာဆီယံခေါင်းဆောင်များက ပြောကြားထားသည်။

အဆိုပါ အကောင်အထည်ဖော်မှု အစီအစဉ်ကို ရေးဆွဲရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို တာဝန် ပေးအပ် သွားမည်ဟု အာဆီယံခေါင်းဆောင်များက ဆက်လက် ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းရယူမည့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက နစကကို ထိပ်သီးအစည်းအဝေးများအပြင် အသင်းအဖွဲ့ဆိုင်ရာ အစည်းအဝေးများမှလည်း ပိတ်ပင်ရန် အဆိုပြုခဲ့သည်။

မြန်မာ့အရေးကိစ္စကို အာဆီယံခေါင်းဆောင်များ အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း မစ္စတာဝီဒိုဒို၏ ပြောကြား ချက်အား Bloomberg မီဒီယာက သတင်းဖော်ပြထားသည်။

အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပနေစဉ်

“မြန်မာနိုင်ငံကနေ နိုင်ငံရေး မဟုတ်တဲ့အဆင့် ကိုယ်စားပြုပါဝင်မှုကို အာဆီယံထိပ်သီး အစည်းအဝေးနဲ့ နိုင်ငံခြား ရေးဝန်ကြီးတွေ အစည်းအဝေးထက် ကျော်လွန်ပြီး ကျင့်သုံးသင့်တယ်လို့ အင်ဒိုနီရှားက အဆိုပြုခဲ့ပါတယ်” ဟု ဝီဒိုဒိုက ပြောကြားခဲ့သည်။

မစ္စတာဝီဒိုဒိုနှင့်အတူ မိမိလည်း သဘောတူလက်ခံကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း ပြောကြားခဲ့ သည်။

ဖနွမ်ပင်မြို့တွင် ကျင်းပသည့် ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းဝေးမှာ မစ္စတာလီက “မြန်မာစစ်တပ် အာဏာပိုင်တွေဆီ ပြတ်ပြတ်သားသား အချက်ပြဖို့ နောက်ထပ်ခြေလှမ်းတွေ အလေးအနက် စဉ်းစားသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

Covid-19 ကပ်ရောဂါနောက်ပိုင်း ပထမဆုံးအကြိမ် လူကိုယ်တိုင် တက်ရောက်ကြသည့် အာဆီယံထိပ်သီး အစည်းအဝေး၌ အရှေ့တောင်အာရှဒေသတွင်းမှ ခေါင်းဆောင်များ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တော်၌ တွေ့ဆုံခဲ့ကြသည်။

Source: Channel News Asia

 

 

 

Share
Tweet
Share
Share
powered by social2s

အာဖဂန်အမျိုးသမီးများကို အားကစားခန်းမ မသွားရန် တာလီဘန်များ ပိတ်ပင်

By CNI
CNI
Category: Watch TV
Hits: 714

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ပို့ရန် တောင်ကိုရီးယားလုပ် ဟောင်ဝစ်ဇာအမြောက်များ အမေရိကန်ဝယ်

By CNI
CNI
Category: Watch TV
Hits: 651

Share
Tweet
Share
Share
powered by social2s

ထိုင်းသို့ အလည်လာမည့် မြန်မာများ အချက်အလက် အပြည့်အစုံ လိုအပ်

By CNI
CNI
Category: Watch TV
Hits: 652

Share
Tweet
Share
Share
powered by social2s

ဒေသတွင်းဖွံ့ဖြိုးရေးနှင့် မြန်မာ့အရေး စင်ကာပူနှင့်အင်ဒိုနီးရှား ဆွေးနွေး

By CNI
CNI
Category: Watch TV
Hits: 697

Share
Tweet
Share
Share
powered by social2s

အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ် နိုင်ငံရေးပြဿနာဖြေရှင်းရေး မျှော်လင့်၍မရသေး

By CNI
CNI
Category: Watch TV
Hits: 648

Share
Tweet
Share
Share
powered by social2s
  • 36
  • 37
  • 38
  • 39
  • 40
  • 41
  • 42
  • 43
  • 44
  • 45

Page 41 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar