CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် ကူကီးတပ်ဖွဲ့ တိုက်ပွဲကြောင့် ကူကီးလူမျိုး ၃၀၀ နီးပါး အိန္ဒိယသို့ထွက်ပြေးလာ

By CNI
CNI
Category: Watch TV
Hits: 726

Share
Tweet
Share
Share
powered by social2s

ကွန်ဂိုအရှေ့ပိုင်း သူပုန်နှင့်အစိုးရတို့ လက်နက်ဖျက်သိမ်းရေး စတင်ဆွေးနွေး

By CNI
CNI
Category: Watch TV
Hits: 714

Share
Tweet
Share
Share
powered by social2s

မတည်ငြိမ်မှုကြောင့် သေဆုံးသူ ၃၀၀ ကျော်ပြီဟု အီရန်စစ်ဗိုလ်ချုပ်ကြီး ဝန်ခံ

By CNI
CNI
Category: Watch TV
Hits: 631

Share
Tweet
Share
Share
powered by social2s

အာဆီယံကိုယ်စားလှယ်နှင့်တွေ့လျှင် ပြည်တွင်းရေး မစွက်ဖက်ရန် တင်ပြမည်

By CNI
CNI
Category: Watch TV
Hits: 672

Share
Tweet
Share
Share
powered by social2s

ဒါက လူထုတော်လှန်ရေးဖြစ်တယ် အုပ်စုတစ်ခုအတွက် လုပ်နေတာမဟုတ်ဘူး

By CNI
CNI
Category: Watch TV
Hits: 752

Share
Tweet
Share
Share
powered by social2s
ကင်ညာနိုင်ငံ၏ လက်ရှိသမ္မတ ဝီလျံရူတို၊ ကင်ညာသမ္မတဟောင်း အူဟူရူကန်ယက်တာနဲ့ ဘူရန်ဒီနိုင်ငံ၏သမ္မတ အီဗာရိုစတီနဒါယီရှီမိုင်ယီတို့ကိုတွေ့ရစဉ် (AP)

ကွန်ဂိုအရှေ့ပိုင်း သူပုန်နှင့်အစိုးရတို့ လက်နက်ဖျက်သိမ်းရေး စတင်ဆွေးနွေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1117

CNI International News

နိုရိုဘီ(ကင်ညာ)၊ နိုဝင်ဘာ ၂၉

အိမ်နီးချင်း ကင်ညာနိုင်ငံ၊ မြို့တော်နိုင်ရိုဘီတွင် စက်တင်ဘာ ၂၈ ရက်က စတင်ကျင်းပသည့် တတိယအကြိမ် ကွန်ဂိုပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ သူပုန်အဖွဲ့များ၏ လက်နက်ဖျက်သိမ်းရေးဆိုင်ရာကိစ္စကို ဆွေးနွေး ခဲ့ကြကြောင်း အေပီမှ ဖော်ပြထားသည်။

အဆိုပါ ဆွေးနွေးပွဲကို အရှေ့အာဖရိကဒေသဆိုင်ရာ အစုအဖွဲ့၏ ပံ့ပိုးမှုဖြင့် စတင် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲ စတင်ဖွင့်လှစ်သည့်နေ့ နိုဝင်ဘာ ၂၈ ရက်၌ ကင်ညာနိုင်ငံ၏သမ္မတ ဝီလျံရူတို (William Ruto) နှင့် ဘူရန်ဒီနိုင်ငံ၏သမ္မတ အီဗာရိုစတီနဒါယီရှီမိုင်ယီ (Évariste Ndayishimiye) တို့ လူကိုယ်တိုင် တက်ရောက်ခဲ့ကြသည်။

ထို့နောက် ကွန်ဂို၊ ရဝမ်ဒါနှင့် ယူဂန်ဒါတို့မှ သမ္မတများကတော့ ဗွီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။

ကင်ညာနိုင်ငံ၏သမ္မတ ဝီလျံရူတိုကိုတွေ့ရစဉ် (AP)

ပါဝင်ဆွေးနွေးကြသည့် ခေါင်းဆောင်များက ကွန်ဂိုထာဝရငြိမ်းချမ်းရေး ရရှိစေရန်အတွက် ပံ့ပိုးကူညီသွားကြဖို့ ၎င်းတို့ ကတိကဝတ်များကို ထပ်လောင်း အတည်ပြုခဲ့ကြသည်။

ဆွေးနွေးပွဲကို ဦးဆောင်သူ ကင်ညာသမ္မတဟောင်း အူဟူရူကန်ယက်တာ (Uhuru Kenyatta) က “မိမိတို့ ရည်ရွယ်ချက်မှာ နိုင်ငံရေး လုပ်ငန်းစဉ်များနှင့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများကို ညှိနှိုင်း အဖြေရှာ ကြရန် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထိုသို့ အဖြေရှာကြရာတွင် လက်နက်ဖျက်သိမ်းရေး၊ ပြန်လည်ထူထောင်ရေးနှင့် ကွန်ဂိုပြည်တွင်းရှိ လက်နက်ကိုင် အဖွဲ့များ ပြန်လည်ပေါင်းစည်းရေးတို့ ဖြစ်ထွန်းလာအောင် အထောက်အကူပေးမည့် ပတ်ဝန်းကျင်တစ်ခု သေချာ ရေရာစွာ ဖန်တီးဖို့ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အင်ဂိုလာနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်၌ ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် ခေါင်းဆောင်များသည် ကွန်ဂိုပြည်တွင်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့ကြပြီးနောက် M-23 သူပုန်အဖွဲ့၏ ထိန်းချုပ်နယ်မြေရှိ မြို့ကြီးများမှ သူပုန်တပ်များ ဆုတ်ခွာသွားခဲ့သည်။

M-23 သူပုန်ကိုတွေ့ရစဉ် (AFP)

M-23 သူပုန်အဖွဲ့သည် အင်ဂိုလာ အစည်းအဝေးသို့ တရားဝင် အစိတ်အပိုင်းအဖြစ် တက်ရောက်ခဲ့ခြင်း မဟုတ် သော်လည်း အပစ်အခတ်ရပ်စဲရေးကို လက်ခံသွားမည်ဟု သတင်းထုတ်ပြန်လာခဲ့သည်။

သို့သော် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လေးစားပြီး ရန်လိုမှုများ အဆုံးသတ်ဖို့အရေး လက်ရှိကွန်ဂိုအစိုးရကို မိမိတို့ အယုံအကြည် မရှိကြောင်း M-23 က ပြောကြာထားသည်။

ယခု နိုဝင်ဘာ ၂၈ ရက် ကင်ညာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့် ကွန်ဂိုလက်နက်ကိုင် အဖွဲ့များမှာ မည်သည့် အဖွဲ့များ ဖြစ်ကြောင်းကိုတော့ အရှေ့အာဖရိကဒေသဆိုင်ရာအစုအဖွဲ့၊ အထွေထွေအတွင်းရေးမှူး ပီတာမာတူးကီ (Peter Mathuki) က အတိအကျ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

ကင်ညာဆွေးနွေးပွဲ၌ ဦးဆောင်သူသည် ကွန်ဂို၏ပြည်နယ် ၅ ခု၌ ပဋိပက္ခများ၏ မူလဇစ်မြစ်ကို ဖော်ထုတ်ရန် စီစဉ်နေပြီး ရေရှည်တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး ပေါ်ထွန်းလာအောင် ပြည်နယ်အလိုက် ခေါင်းဆောင်များ၏ အခန်းကဏ္ဍ ပြန်လည်ထားရှိရေး ညှိနှိုင်းကြရန် ဦးတည်ထားသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

MOU သက်တမ်း ၆ နှစ်ပြည့် မြန်မာများကို ထိုင်းမှ work permit နှင့် ဗီဇာမထုတ်ပေး

By CNI
CNI
Category: Watch TV
Hits: 686

Share
Tweet
Share
Share
powered by social2s

၂၀၂၃ ၌ ယူကရိန်းသို့ ဗြိတိန် စစ်ရေးအကူအညီတိုးနိုင်

By CNI
CNI
Category: Watch TV
Hits: 670

Share
Tweet
Share
Share
powered by social2s

ရှီကျင့်ဖျင်ကို ရာထူးကနှုတ်ထွက်ပေးဖို့ တရုတ်လူထုတောင်းဆို

By CNI
CNI
Category: Watch TV
Hits: 667

Share
Tweet
Share
Share
powered by social2s

အီရန်အသင်းအလံကို အမေရိကန်က ပြောင်းလဲခဲ့၍ အရေးယူပေးဖို့ အီရန်မှ ဖီဖာသို့တိုင်ကြား

By CNI
CNI
Category: Watch TV
Hits: 635

Share
Tweet
Share
Share
powered by social2s

AA ကို နမူနာယူပြီး လူထုနစ်နာမှုကို ဆွေးနွေးသင့်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 650

Share
Tweet
Share
Share
powered by social2s

RSO က အချောင်စခန်းတွေကို ဝင်ထိုင်လို့ အင်အားသုံး တိုက်ခဲ့တယ်

By CNI
CNI
Category: Watch TV
Hits: 1266

Share
Tweet
Share
Share
powered by social2s
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး မြို့လယ်ခေါင်တွင် ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးထားစဉ်(ဓါတ်ပုံ-ရိုက်တာ)

ကမ္ဘာ့ဖလား၌ မော်ရိုကိုအား ဘယ်လ်ဂျီယံရှုံး၍ အဓိကရုဏ်းဖြစ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1413

CNI International News

ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၈

ကာတာနိုင်ငံ၌ ကျင်းပနေဆဲ ကမ္ဘာ့ဖလားပွဲ၌ မော်ရိုကိုအား ဘယ်လ်ဂျီယံက နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့ပြီးနောက် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့လယ်ခေါင်၌ ဘောလုံးပရိတ်သတ်များ အဓိကရုဏ်းဖြစ်ပွားခဲ့၍ ရဲက မီးသတ် ပိုက်နှင့် မျက်ရည်ယိုဗုံးများသုံး၍ ဖြိုခွင်းခဲ့ရကြောင်း AFP သတင်းကို ကိုးကား၍ ဘန်ကောက်ပို့စ်က ရေးသား ဖော်ပြသည်။

ဆယ်ဂဏန်းမျှရှိသော ဘောလုံးပရိသတ်များသည် အရောင်းဆိုင်ပြတင်းပေါက်များကို ရိုက်ခွဲကြပြီး မော်တော် ယာဉ်များကို မီးတင်ရှို့ခဲ့ကြသည်။ အဓိကရုဏ်းများကြောင့် လူ ၁၁ ဦးကို ဖမ်းဆီးထားပြီး ကျန် ၁ ဦးကို အချုပ်ချ ထားခဲ့သည်။

ဘောလုံးပွဲတိုက်ရိုက်ထုတ်လွှင့်မှု မပြီးဆုံးခင်မှာပင် ခေါင်းစွပ်အင်္ကျီဝတ်ဆင်ထားသူအချို့အပါအဝင် လူဆယ် ဂဏန်းမျှ လမ်းပေါ်ထွက်လာပြီး အများပြည်သူလုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးဖြစ်အောင် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ရန် ကြိုးစားခဲ့ကြောင်း ဘရပ်ဆဲလ်မြို့တော်ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မော်ရိုကိုက ဘယ်လ်ဂျီယံကို အနိုင်ရပြီးနောက် ဘရပ်ဆဲလ်တွင် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့စဉ်(ဓါတ်ပုံ-အေအပ်ဖ်ပီ)

ဆူပူမှုအချို့သည် တုတ်များကိုင်ဆောင်ထားပြီး မီးကျည်ပစ်ခတ်ခဲ့မှုကြောင့် သတင်းထောက်တစ်ဦး၏မျက်နှာတွင် ဒဏ်ရာရခဲ့သည်။

မြို့လယ်ခေါင်ရှိ အချို့နေရာများသို့ သွားလာခြင်းမှ ရှောင်ရှားကြရန် မြို့ခံများကို သတိပေးချက်ထုတ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀၀ ခန့် တာဝန်ချထားခဲ့သည်။

အကြမ်းဖက်မှု မပြန့်ပွားစေရန် မြေအောက်ဘူတာရုံများကို ယာယီပိတ်ခဲ့ပြီး လမ်းများပေါ် အတားအဆီးများ ကာရံခဲ့သည်။

ဒေသစံတော်ချိန် ည ၇ နာရီ (ဂရင်းနစ်စံတော်ချိန် ညနေ ၆ နာရီ) ဝန်းကျင်တွင် အခြေအနေ ပြန်လည် ငြိမ်သက်ခြင်းရှိ/မရှိ ထောက်လှမ်းရေးရဟတ်ယာဉ်တစ်စင်း ပျံသန်းလာချိန်မှာတော့ ဆန္ဒပြသူများသည် မော်တော်ယာဉ်၊ အမှိုက်ပုံးများနှင့် လျှပ်စစ်စကူတာ(အသေးစားယာဉ်)တို့ကို မီးတင်ရှို့နေကြောင်း AFP သတင်းထောက်က မြင်တွေ့ခဲ့ရသည်။

“ဒီနေ့မွန်းလွဲပိုင်း အဖြစ်အပျက်တွေကို အပြင်းထန်ဆုံး ရှုတ်ချပါတယ်။ရဲတပ်ဖွဲ့က တင်းတင်းကြပ်ကြပ် အရေးယူကိုင်တွယ်နေပြီဖြစ်လို့ မြို့လယ်ခေါင်ကို လောလောဆယ် မလာကြပါနဲ့လို့ အကြံပြု တိုက်တွန်း ချင်ပါတယ်။ ရဲတပ်ဖွဲ့ကလည်း အများပြည်သူ စည်းကမ်းထိန်းသိမ်းရေး တတ်နိုင်သမျှ လုပ်ဆောင်နေပါတယ်” ဟု ဘရပ်ဆဲလ်မြို့တော်ဝန် ဖီလစ်ပီကလို့စ် (Philippe Close) က တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

Source: AFP, Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဒေသတွင်းနှင့်ကမ္ဘာ့တည်ငြိမ်ရေးအတွက် အတူလက်တွဲရန် ကင်မ်ဂျုံအန်းကို ရှီကျင့်ဖျင်ပြော

By CNI
CNI
Category: Watch TV
Hits: 657

Share
Tweet
Share
Share
powered by social2s

ဆင်းရဲဒုက္ခများကို နိုင်ငံသားများ ခံနိုင်ရည်ရှိဟု ယူကရိန်းသမ္မတကတော်ပြော

By CNI
CNI
Category: Watch TV
Hits: 700

Share
Tweet
Share
Share
powered by social2s

စစ်သည်မိခင်များနှင့်တွေ့ဆုံစဉ် ပူတင်က မီဒီယာများကို ရှုတ်ချ

By CNI
CNI
Category: Watch TV
Hits: 701

Share
Tweet
Share
Share
powered by social2s
  • 31
  • 32
  • 33
  • 34
  • 35
  • 36
  • 37
  • 38
  • 39
  • 40

Page 36 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar