CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မဏိပူရ၊ အင်ဖာရှိ အထက်တန်းကျောင်းသားများကို စစ်မှုထမ်းပညာပေး ဟောပြော

By CNI
CNI
Category: Watch TV
Hits: 550

Share
Tweet
Share
Share
powered by social2s

ကယားတိုက်ပွဲရှောင်များ စားနပ်ရိက္ခာနှင့် အမျိုးသမီးအသုံးအဆောင်များ လိုအပ်

By CNI
CNI
Category: Watch TV
Hits: 563

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ လက်နက်ပံ့ပိုးမှုသက်တမ်းတိုးရန် အီတလီလွှတ်တော်၌ မဲခွဲ၍ ငြင်းမည်

By CNI
CNI
Category: Watch TV
Hits: 573

Share
Tweet
Share
Share
powered by social2s

မလေးတွင် အစိုးရသစ်မဖွဲ့နိုင်သေး၍ အထောက်အထားမဲ့များ အဖမ်းခံနေရဆဲ

By CNI
CNI
Category: Watch TV
Hits: 548

Share
Tweet
Share
Share
powered by social2s
မလေးရှားတွင် တရားမဝင်အလုပ်သမားများကို ဖမ်းဆီးထားစဉ်

မလေးတွင် အစိုးရသစ်မဖွဲ့နိုင်သေး၍ အထောက်အထားမဲ့များ အဖမ်းခံနေရဆဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 2083

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀

မလေးရှားတွင် အစိုးရသစ် မဖွဲ့နိုင်သေး၍ မြန်မာ အပါအဝင် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသား အများအပြား အဖမ်းခံနေရဆဲ ဖြစ်ကြောင်း မလေးရှားတွင် မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မလေးရှား၌ ဝန်ကြီးချုပ်အသစ်ကိုသာ ရွေးချယ်ရသေးကြောင်း၊ ထို့ကြောင့် မလေးရှား လ.ဝ.က အနေဖြင့် ၎င်း၏ လုပ်ထုံးလုပ်နည်းအရ တရားမဝင် အထောက်အထားမဲ့များအား ဆက်လက် ဖမ်းဆီးနေဦးဖြစ် ကြောင်း၊ အစိုးရသစ် ဖွဲ့ပြီးချိန်တွင်မူ အဖမ်းအဆီးမှာ အတိုင်းအတာ တစ်ခုအထိ ပြောင်းလဲသွားနိုင်ကြောင်း မလေးရှားတွင် မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

မလေးရှားတွင် မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက “လောလောဆယ် ရပ်တန့်မှုတော့ မရှိသေးဘူးပေါ့။ တစ်ခါတစ်ခါ အဖမ်းခံရင် ရာနဲ့ရှိတာ။ အခုဆိုရင် ထောင်တွေထဲမှာ မဆန့်လို့ ဟိုးနယ်စပ်တွေမှာ။ ဒီဝန်ကြီးချုပ် တစ်ယောက်တည်းနဲ့ သူကလည်း ဘာမှ ဆုံးဖြတ်ချက် လုပ်လို့မရတဲ့ အနေအထားမျိုးမှာ အရင်က မူအတိုင်းပဲ အရင်က လုပ်ထုံးလုပ်နည်း အတိုင်းပဲ သူတို့ ဆက်သွားနေတုန်းပါပဲ။ အဲဒီအတွက် စောင့်ရမယ်ဆိုရင် တော့ တစ်လလောက်ဆိုရင်တော့ တစ်မျိုးတစ်ဖုံ ဖြစ်ကောင်း ဖြစ်လာနိုင်တာပေါ့။ အဓိက ပစ်မှတ်ရယ်လို့တော့ မရှိဘူး။ အလုပ်ရုံတွေမှာ ဝင်ဖမ်းတာရှိသလို အိမ်တွေမှာလည်း ဝင်ဖမ်းတာ ရှိတာပဲ။ လက်ရှိ မလေးရှား အခြေအနေက လောလောဆယ် ဝန်ကြီးချုပ်ပဲ ရွေးချယ် တင်မြှောက်ထားတာပဲ ရှိသေးတယ်။ သူ့ရဲ့ အစိုးရ အဖွဲ့ အစည်းကို ရွေးချယ်တင်မြှောက်ထားတာ မရှိသေးဘူး။ ဘယ်သူက ဘယ်ဝန်ကြီး၊ ဘယ်သူက ဘယ်ဌာနက ဝန်ကြီး ဆိုတာ သူတို့ တင်မြှောက်ထားတာ မရှိသေးဘူး။ လောလောဆယ် ဝန်ကြီးချုပ် တစ်ယောက်ပဲ ရှိနေသေးတဲ့ အနေ အထားမျိုးမှာ ပြောင်းလဲမှု ကြီးကြီးကျယ်ကျယ်ဆိုတာ မရှိသေးဘူးပေါ့။ ဥပဒေကတော့ အရင်ဥပဒေအတိုင်းပဲ ဆက် သွားနေတာပေါ့။ သတင်းထဲမှာ ကြားတာကတော့ ဒီတပတ် အတောအတွင်း လောက်မှာပဲ သူတို့ တခြား အစိုးရ အဖွဲ့တွေကို အခြားဝန်ကြီးတွေကို ခန့်အပ်မယ်လို့တော့ သူတို့ ကြေညာထားတာပဲ။ ဒါပေမယ့် ဘယ်နေ့ ဘယ်ရက်လဲ ဆိုတာကတော့ သူတို့ အတိအကျ မပြောသေးဘူးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားဝန်ကြီးချုပ်အသစ် Anwar Ibrahim(အန်ဝါအီဘရာဟင်)ကိုတွေ့ရစဉ်

လက်ရှိ အဖမ်းအဆီး များပြားနေမှုသည် အစိုးရသစ် ဖွဲ့စည်းပြီးချိန်ကာလ ယခုနှစ်ကုန်ပိုင်းနှင့် လာမည့် ၂၀၂၃ ခုနှစ်ခန့်တွင် ပုံမှန်အတိုင်း စစ်ဆေးမှုမျိုးသာ ပြုလုပ်သွားနိုင်ခြေရှိကြောင်း မလေးရှား၌ မြန်မာများအရေး ကူညီ ဆောင်ရွက်ပေးနေသူများက သုံးသပ်ကြသည်။

ထို့ကြောင့် မလေးရှားနိုင်ငံတွင် နေထိုင် အလုပ်လုပ် ကိုင်လျက်ရှိသည့် တရားမဝင် အထောက်အထားမဲ့ မြန်မာ များအနေဖြင့် ထိုကာလ အပိုင်းအခြားသို့ မရောက်ခင် ယခုကာလ၌ အထူးသတိထား နေထိုင်ကြရန် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ကူညီမှုအဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး ဦးချစ်ကောင်းက ပြောသည်။

၎င်းက “ဒီကာလကတော့ သူ့နိုင်ငံရဲ့ ရွေးကောက်ပွဲပြီးကာစ နိုင်ငံရေး အချိန်းအပြောင်း လုပ်နေတဲ့အချိန်ဆိုတော့ နိုင်ငံခြားသားတွေကတော့ အသွားအလာ အနေအထိုင်ကတော့ အမြဲသတိထားရတာပဲလေ။ သူ့နိုင်ငံသားတွေ လည်း အသွားအလာ သတိထားပြီးနေရတဲ့ အချိန်ဆိုတော့ ကျနော်တို့ နိုင်ငံသားတွေက ပိုဆိုးတာပေါ့။ ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ သိပ်ပြီးတော့ ဆူဆူညံညံ မလုပ်ဖို့ပေါ့။ သူတို့သတ်မှတ်ထားတဲ့ နေရာတွေ မသွားဖို့။ ဒီကာလမှာ တော့ တရားမဝင် နေထိုင်တဲ့ အထောက်အထားမဲ့တွေ အကောင်းဆုံးကတော့ အသွားအလာ လုံးဝ ဆင်ခြင်တာ ကောင်းတယ်။ လူစည်ကားတဲ့ နေရာတွေ၊ ရထားဂိတ်တွေ၊ ကားဂိတ်တွေ အဲဒါမျိုးတွေ ပေါ့နော်။ နောက်ပြီးတော့ ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ သူ့နိုင်ငံသားတွေ များများစားစား ရှိတဲ့နေရာမျိုးဆို ပိုပြီးတော့ ဆင်ခြင်ရတယ်။ ပြော ချင်တာကတော့ အထောက်အထားမဲ့တဲ့ ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ကတော့ ကိုယ့်နေရာမှာပဲ သိုသိုသိပ်သိပ် နေပြီးတော့ လူစည်ကားတဲ့ အရပ်တွေကို မသွားတာ အကောင်းဆုံးပဲ အခုချိန်က ဆင်ခြင်တုံတရားပဲ။ မိသွားရင် တော့ အဆင်မပြေဘူးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားတွင် တရားမဝင်အလုပ်သမားများကို ဖမ်းဆီးထားစဉ်

လက်ရှိတွင် မလေးရှားဝန်ကြီးချုပ်အသစ် Anwar Ibrahim(အန်ဝါအီဘရာဟင်) တက်လာသည့် ရက်ပိုင်းအတွင်း မလေးရှား ရင်းဂစ်ငွေတန်ဖိုး အနည်းငယ် တက်လာသဖြင့် မလေးရှား၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာများ အတွက် ကောင်းမွန်ကြောင်း မလေးရှားမှာ မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက ပြောသည်။

ထို့အပြင် ယခုဝန်ကြီးချုပ် အသစ်သည် အလုပ်သမား အရေးနှင့်ပတ်သက်၍ အကောင်းဆုံး လုပ်ဆောင်သွား လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောသည်။

ဦးဘာဘူကြီးက “ဒီဝန်ကြီးချုပ်အသစ်က သူကလည်း ဝန်ကြီးချုပ် ဖြစ်လာဖို့အတွက် တိုက်ပွဲဝင်လာတာ ကြာပြီလို့ ပဲ ပြောရမှာပေါ့။ သူ့ဘက်မှာလည်း ဒီလုပ်ငန်းရှင်တွေ တော်တော်များများက ပါနေတော့။ အဓိကက တရုတ်လို့ပဲ ပြောရမှာပေါ့။ တရုတ်လုပ်ငန်းရှင်တွေ တော်တော်များများ ပါနေတော့ ဒီလုပ်ငန်းပိုင်း အလုပ်သမား ရေးရာမှာ တော့ သူ ဖိဖိစည်းစည်း လုပ်သွားမယ်လို့တော့ ကျနော်ထင်တာပဲပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားနိုင်ငံတွင် အစိုးရသစ် တက်လာတိုင်း တရားမဝင် ရောက်ရှိနေသည့် နိုင်ငံခြားသားများနှင့်ပတ်သက်၍ အထောက်အထားကတ်ကဲ့သို့ တစ်စုံတစ်ခု လုပ်ပေးနေကြဖြစ်သည့်အတွက် ယခု ဝန်ကြီးချုပ်အသစ် လက်ထက် တွင်လည်း တရားမဝင် အထောက်အထားမဲ့များအား နေထိုင်ခွင့် ထုတ်ပေးရန် မလေးရှား၌ မြန်မာများအရေး ကူညီဆောင်ရွက်ပေးနေသူများ အပါအဝင် တရားမဝင် မြန်မာများက မျှော်လင့်နေကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မက်ခရွန်နဲ့ဘိုင်ဒန်ကိုတွေ့ရစဉ်(AP)

ပြင်သစ်သမ္မတနှင့် ဘိုင်ဒန်တို့ ယူကရိန်းအရေး ဆွေးနွေးမည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1018

 

CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၃၀

ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်သည် ဂျိုးဘိုင်ဒန်၏ သမ္မတသက်တမ်းအတွင်း ၎င်း၏ပထမဆုံး နိုင်ငံတော် အဆင့် ခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တော်သို့ နိုဝင်ဘာ ၂၉ ရက်တွင် ရောက်ရှိလာခဲ့ပြီး Covid-19 ကပ်ရောဂါကြောင့် ရပ်တန့်ခဲ့ရသော သံခင်းတမန်ခင်း ပြန်လည်နိုးကြားလာကြောင်း အေပီသတင်းဌာနက ရေးသားသည်။

မက်ခရွန်သည် ယမန်နှစ်က အမေရိကန်ဆိုင်ရာ ပြင်သစ်သံအမတ်ကို ခေတ္တပြန်ခေါ်ခဲ့သဖြင့် ဘိုင်ဒန်-မက်ခရွန် ဆက်ဆံရေးမှာ ဂယက်များလည်း ရှိခဲ့သည်။

ထို့အပြင် အိမ်ဖြူတော်က ဩစတြေးလျကသို့ နျူကလီးယားသုံး ရေငုပ်သင်္ဘောရောင်းချရေး သဘောတူညီချက် ကို ကြေညာခဲ့ပြီးနောက် ပြင်သစ်အတွက် ဒီဇယ်သုံး ရေငုပ်သင်္ဘောများ ရောင်းချပေးရေးစာချုပ်မှာ ပျက်ပြား သွားခဲ့သေးသည်။
သို့သော် ယူကရိန်းသို့ ရုရှားကျူးကျော်ချိန်၌ အနောက်အုပ်စု တုံ့ပြန်သည့် အနေဖြင့် ဘိုင်ဒန်၏ အားကိုးအားထား ရာ ဥရောပမဟာမိတ်များအနက် မက်ခရွန်က ရှေ့ထွက်လာခဲ့သဖြင့် နှစ်နိုင်ငံဆက်ဆံရေးမှာ ပြန်လည် သင့်မြတ် သွားခဲ့သည်။
ယခုသီတင်းပတ် မက်ခရွန်၏ ဝါရှင်တန်ခရီးစဉ်အတွင်း ဘဲဥပုံရုံးခန်း ဆွေးနွေးမှု၊ ညစာစားပွဲ၊ ပူးတွဲသတင်းစာ ရှင်းလင်းပွဲနှင့် အခြားအစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး ခေါင်းဆောင်နှစ်ဦး စလုံးအတွက် အရေးကြီးသည့် အခိုက် အတန့်ကို အတူဖြတ်သန်းကြမည်ဟု သိရသည်။

မက်ခရွန်နဲ့ဇနီး အမေရိကန်ကိုလာရောက်စဉ်(AP)

အီရန်၏ နျူကလီးယား အစီအစဉ်၊ အင်ဒို-ပစိဖိတ်ဒေသ၌ တရုတ်၏ အားကောင်းလာမှုနှင့် အာဖရိက၊ ဆာဟဲဒေ လုံခြုံရေးနှင့်တည်ငြိမ်ရေး စိုးရိမ်ပူပန်မှုများ အပါအဝင် ကဏ္ဍမျိုးစုံတို့ကို အိမ်ဖြူတော်တွင် ဒီဇင်ဘာ ၁ ရက်၌ နှစ်နိုင်ငံ အစိုးရချင်း အချိန်ယူ ဆွေးနွေးကြမည် ဖြစ်သည်။

ထို့အပြင် ဘိုင်ဒန်နှင့်မက်ခရွန်တို့သည် ရုရှားတပ်များကို တွန်းလှန်နေသည့် ယူကရိန်းသို့ စီးပွားရေးနှင့်စစ်ရေး ထောက်ပံ့မှုများ ဆက်ပေးဖို့ အမြင်ချင်း ဖလှယ်ကြရန်လည်း စီစဉ်ထားသည်။

ပြီးခဲ့သည့် သီတင်းပတ်၌ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့တွင် ဘေဂျင်းအစိုးရ၏ Zero Covid မဟာဗျူဟာ ကန့်ကွက်ဆန္ဒပြမှုများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် ဝါရှင်တန်နှင့်ပါရီတို့က တရုတ်ကို လတ်တလော စောင့်ကြည့်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

မက်ခရွန်သည် နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းတွင် ဝါရှင်တန်သို့ လေကြောင်းခရီးဖြင့် ဆင်းသက်ရောက်ရှိပြီးနောက် ကောဇောနီခင်း၍ ကြိုဆိုသည့် အခမ်းအနား၌ ဘိုင်ဒန်နှင့်၎င်းတို့ တရုတ်ဆန္ဒပြပွဲကိစ္စ ဆွေးနွေးရန် ရှိ/မရှိ သတင်း ထောက် တစ်ဦး၏ မေးမြန်းချက်ကို မက်ခရွန်က လျစ်လျူရှုခဲ့သည်။

တရုတ်ဆန္ဒပြပွဲသည် ဆယ်စုနှစ်အတွင်း ၎င်းပြည်တွင်း၌ အကြီးမားဆုံး သဘောထား ကွဲလွဲမှုပြယုဂ်လည်း ဖြစ်သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
အာသံတပ်ဖွဲ့က အင်ဖာမှာ ကျောင်းသားလူငယ်တွေကို ကာကွယ်ရေးအသိပညာပေး သင်တန်းပေး နေစဉ် (IFP)

မဏိပူရ၊ အင်ဖာရှိ အထက်တန်းကျောင်းသားများကို စစ်မှုထမ်းပညာပေး ဟောပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1286

CNI International News

အင်ဖာ၊ နိုဝင်ဘာ ၃၀

လူငယ်များ အထူးသဖြင့် စစ်မှုထမ်းလိုသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းအဖြစ် လမ်းညွှန်နိုင်ဖို့ စစ်တပ် နှင့်ကာကွယ်ရေးဘက်မှ အသက်မွေးဝမ်းကျောင်းပြုခြင်း အသိပညာပေး အစီအစဉ်ကို အိန္ဒိယနိုင်ငံ၊ မဏိပူရ ပြည်နယ်၊ အင်ဖာမြို့အနောက်ပိုင်း၊ ကန်ချီပူရ်ရပ်ကွက်ရှိ အထက်တန်းကျောင်းဝင်းအတွင်း နိုဝင်ဘာ ၂၉ ရက်တွင် ကျင်းပခဲ့သည်။

ကျောင်းအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် အဆိုပါအစီအစဉ်ကို ၁၆၅ ခြေမြန်တပ်ရင်း (အာသံ)က တင်ဆက်ခဲ့ခြင်း ဖြစ်သည်။

ပစ္စတိုမှ ဒုံးကျည်အထိ နယ်မြေခံ စစ်တပ်၏ လက်နက်မျိုးစုံနှင့် အခြားကြိုးမဲ့သုံး ကိရိယာများကို ယခုအစီအစဉ်သို့ တက်ရောက်လေ့လာသူ ကျောင်းသားလူငယ်များကို ပြသခဲ့သည်။

လက်နက်များ၏ အသေးစိတ် အချက်အလက်များကို တပ်အရာရှိငယ်များက ရှင်းလင်းဟောပြောခဲ့ကြသည်။

လူငယ်များနှင့် အပြန်အလှန် ဆက်ဆံမှု အနေဖြင့် ဗိုလ်မှူး ဟိုင်ဂျမ်ဆိုမော်ဂျစ်က စစ်သားများအတွက် အကျိုးခံစားခွင့်များနှင့် အခွင့်ထူးများအကြောင်း အသေးစိတ် ပြောကြားခဲ့သည်။

အာသံတပ်ဖွဲ့က လူငယ်တွေကို စစ်မှုထမ်းသင်တန်းပေးနေစဉ် (IFP)

စစ်တပ်အရာရှိ ဖြစ်လာစေဖို့ သတင်းစာ၊ ဂျာနယ်နှင့် အခြားစာပေများ ဖတ်ရှုသည့် အလေ့အထကိုလည်း ၎င်းက တိုက်တွန်းခဲ့သည်။

လူတစ်ယောက်၏ အသက်မွေးဝမ်းကျောင်း ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာ၌ ကတိကဝတ်နှင့် ဇွဲရှိဖို့ လိုကြောင်း၊ အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေး အစီအစဉ်သည် နှုန်းစံတစ်ခု (သို့မဟုတ်) ဘွဲ့ရပြီးနောက် ကြည်းတပ်၊ ရေတပ် (သို့မဟုတ်) လေတပ်တွင် ပါဝင်လိုသည့် လူငယ်များကို ဟောပြောခြင်းဖြစ်ကြောင်း ကျောင်းမှ တာဝန်ရှိသူ ဖာ့လန်ဟိုနီ (Ph Landhoni) က မီဒီယာများကို ပြောကြားခဲ့သည်။

ထိုအစီအစဉ်သည် ကျောင်းသား၊ ကျောင်းသူများ၏ မျိုးချစ်စိတ်ကို မြှင့်တင်ပေးသည့်အပြင် ၎င်းတို့၏ ရည်မှန်း ချက်များ အထမြောက်စေဖို့ တွန်းအားပေးလိမ့်မည်ဟု မိမိယုံကြည်ကြောင်း ၎င်းက မှတ်ချက်ချခဲ့သည်။

ဤဟောပြောပွဲသို့ အမှတ် ၁၆၅ ခြေမြန်တပ်ရင်း (အာသံ) ဗိုလ်မှူးကြီး အက်ဖ်ပီဒူဘတ်ချ် တက်ရောက်အားပေးခဲ့သည်။

Source: Imphal Free Press

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် ကူကီးတပ်ဖွဲ့ တိုက်ပွဲကြောင့် ကူကီးလူမျိုး ၃၀၀ နီးပါး အိန္ဒိယသို့ထွက်ပြေးလာ

By CNI
CNI
Category: Watch TV
Hits: 589

Share
Tweet
Share
Share
powered by social2s

ကွန်ဂိုအရှေ့ပိုင်း သူပုန်နှင့်အစိုးရတို့ လက်နက်ဖျက်သိမ်းရေး စတင်ဆွေးနွေး

By CNI
CNI
Category: Watch TV
Hits: 595

Share
Tweet
Share
Share
powered by social2s

မတည်ငြိမ်မှုကြောင့် သေဆုံးသူ ၃၀၀ ကျော်ပြီဟု အီရန်စစ်ဗိုလ်ချုပ်ကြီး ဝန်ခံ

By CNI
CNI
Category: Watch TV
Hits: 541

Share
Tweet
Share
Share
powered by social2s

အာဆီယံကိုယ်စားလှယ်နှင့်တွေ့လျှင် ပြည်တွင်းရေး မစွက်ဖက်ရန် တင်ပြမည်

By CNI
CNI
Category: Watch TV
Hits: 572

Share
Tweet
Share
Share
powered by social2s

ဒါက လူထုတော်လှန်ရေးဖြစ်တယ် အုပ်စုတစ်ခုအတွက် လုပ်နေတာမဟုတ်ဘူး

By CNI
CNI
Category: Watch TV
Hits: 654

Share
Tweet
Share
Share
powered by social2s
ကင်ညာနိုင်ငံ၏ လက်ရှိသမ္မတ ဝီလျံရူတို၊ ကင်ညာသမ္မတဟောင်း အူဟူရူကန်ယက်တာနဲ့ ဘူရန်ဒီနိုင်ငံ၏သမ္မတ အီဗာရိုစတီနဒါယီရှီမိုင်ယီတို့ကိုတွေ့ရစဉ် (AP)

ကွန်ဂိုအရှေ့ပိုင်း သူပုန်နှင့်အစိုးရတို့ လက်နက်ဖျက်သိမ်းရေး စတင်ဆွေးနွေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 917

CNI International News

နိုရိုဘီ(ကင်ညာ)၊ နိုဝင်ဘာ ၂၉

အိမ်နီးချင်း ကင်ညာနိုင်ငံ၊ မြို့တော်နိုင်ရိုဘီတွင် စက်တင်ဘာ ၂၈ ရက်က စတင်ကျင်းပသည့် တတိယအကြိမ် ကွန်ဂိုပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ သူပုန်အဖွဲ့များ၏ လက်နက်ဖျက်သိမ်းရေးဆိုင်ရာကိစ္စကို ဆွေးနွေး ခဲ့ကြကြောင်း အေပီမှ ဖော်ပြထားသည်။

အဆိုပါ ဆွေးနွေးပွဲကို အရှေ့အာဖရိကဒေသဆိုင်ရာ အစုအဖွဲ့၏ ပံ့ပိုးမှုဖြင့် စတင် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲ စတင်ဖွင့်လှစ်သည့်နေ့ နိုဝင်ဘာ ၂၈ ရက်၌ ကင်ညာနိုင်ငံ၏သမ္မတ ဝီလျံရူတို (William Ruto) နှင့် ဘူရန်ဒီနိုင်ငံ၏သမ္မတ အီဗာရိုစတီနဒါယီရှီမိုင်ယီ (Évariste Ndayishimiye) တို့ လူကိုယ်တိုင် တက်ရောက်ခဲ့ကြသည်။

ထို့နောက် ကွန်ဂို၊ ရဝမ်ဒါနှင့် ယူဂန်ဒါတို့မှ သမ္မတများကတော့ ဗွီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။

ကင်ညာနိုင်ငံ၏သမ္မတ ဝီလျံရူတိုကိုတွေ့ရစဉ် (AP)

ပါဝင်ဆွေးနွေးကြသည့် ခေါင်းဆောင်များက ကွန်ဂိုထာဝရငြိမ်းချမ်းရေး ရရှိစေရန်အတွက် ပံ့ပိုးကူညီသွားကြဖို့ ၎င်းတို့ ကတိကဝတ်များကို ထပ်လောင်း အတည်ပြုခဲ့ကြသည်။

ဆွေးနွေးပွဲကို ဦးဆောင်သူ ကင်ညာသမ္မတဟောင်း အူဟူရူကန်ယက်တာ (Uhuru Kenyatta) က “မိမိတို့ ရည်ရွယ်ချက်မှာ နိုင်ငံရေး လုပ်ငန်းစဉ်များနှင့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများကို ညှိနှိုင်း အဖြေရှာ ကြရန် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထိုသို့ အဖြေရှာကြရာတွင် လက်နက်ဖျက်သိမ်းရေး၊ ပြန်လည်ထူထောင်ရေးနှင့် ကွန်ဂိုပြည်တွင်းရှိ လက်နက်ကိုင် အဖွဲ့များ ပြန်လည်ပေါင်းစည်းရေးတို့ ဖြစ်ထွန်းလာအောင် အထောက်အကူပေးမည့် ပတ်ဝန်းကျင်တစ်ခု သေချာ ရေရာစွာ ဖန်တီးဖို့ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အင်ဂိုလာနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်၌ ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် ခေါင်းဆောင်များသည် ကွန်ဂိုပြည်တွင်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့ကြပြီးနောက် M-23 သူပုန်အဖွဲ့၏ ထိန်းချုပ်နယ်မြေရှိ မြို့ကြီးများမှ သူပုန်တပ်များ ဆုတ်ခွာသွားခဲ့သည်။

M-23 သူပုန်ကိုတွေ့ရစဉ် (AFP)

M-23 သူပုန်အဖွဲ့သည် အင်ဂိုလာ အစည်းအဝေးသို့ တရားဝင် အစိတ်အပိုင်းအဖြစ် တက်ရောက်ခဲ့ခြင်း မဟုတ် သော်လည်း အပစ်အခတ်ရပ်စဲရေးကို လက်ခံသွားမည်ဟု သတင်းထုတ်ပြန်လာခဲ့သည်။

သို့သော် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လေးစားပြီး ရန်လိုမှုများ အဆုံးသတ်ဖို့အရေး လက်ရှိကွန်ဂိုအစိုးရကို မိမိတို့ အယုံအကြည် မရှိကြောင်း M-23 က ပြောကြာထားသည်။

ယခု နိုဝင်ဘာ ၂၈ ရက် ကင်ညာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့် ကွန်ဂိုလက်နက်ကိုင် အဖွဲ့များမှာ မည်သည့် အဖွဲ့များ ဖြစ်ကြောင်းကိုတော့ အရှေ့အာဖရိကဒေသဆိုင်ရာအစုအဖွဲ့၊ အထွေထွေအတွင်းရေးမှူး ပီတာမာတူးကီ (Peter Mathuki) က အတိအကျ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

ကင်ညာဆွေးနွေးပွဲ၌ ဦးဆောင်သူသည် ကွန်ဂို၏ပြည်နယ် ၅ ခု၌ ပဋိပက္ခများ၏ မူလဇစ်မြစ်ကို ဖော်ထုတ်ရန် စီစဉ်နေပြီး ရေရှည်တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး ပေါ်ထွန်းလာအောင် ပြည်နယ်အလိုက် ခေါင်းဆောင်များ၏ အခန်းကဏ္ဍ ပြန်လည်ထားရှိရေး ညှိနှိုင်းကြရန် ဦးတည်ထားသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

MOU သက်တမ်း ၆ နှစ်ပြည့် မြန်မာများကို ထိုင်းမှ work permit နှင့် ဗီဇာမထုတ်ပေး

By CNI
CNI
Category: Watch TV
Hits: 586

Share
Tweet
Share
Share
powered by social2s

၂၀၂၃ ၌ ယူကရိန်းသို့ ဗြိတိန် စစ်ရေးအကူအညီတိုးနိုင်

By CNI
CNI
Category: Watch TV
Hits: 576

Share
Tweet
Share
Share
powered by social2s

ရှီကျင့်ဖျင်ကို ရာထူးကနှုတ်ထွက်ပေးဖို့ တရုတ်လူထုတောင်းဆို

By CNI
CNI
Category: Watch TV
Hits: 569

Share
Tweet
Share
Share
powered by social2s
  • 30
  • 31
  • 32
  • 33
  • 34
  • 35
  • 36
  • 37
  • 38
  • 39

Page 35 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar