CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
မြန်မာနိုင်ငံအလံကို တွေ့ရစဉ် (GETTY IMAGES)

မြန်မာ့နိုင်ငံရေးထွက်ပေါက်က ဘယ်လဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 2302

CNI Article

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၄

ရေးသားသူ- သော်ဇင်ဦး

၂၀၂၁ ခုနှစ် အရပ်သားအစိုးရ ဖြုတ်ချခံရမှုနောက်ပိုင်း နိုင်ငံတဝန်း ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင် ပဋိပက္ခ များနှင့်အတူ အထွေထွေ အကျပ်အတည်း မျိုးစုံမှ ရုန်းထွက်နိုင်ရေး ကြိုးပမ်းနေကြရသည်။

သို့သော်လည်း တခြားတစ်ဖက်မှာတော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆက်လက် အသက်သွင်းနိုင်ရေး နှင့် အာဏာဆက်လက် ချုပ်ကိုင်ထားနိုင်ရေးအတွက် ၂၀၂၃ ရွေးကောက်ပွဲကို နိုင်ငံရေး ထွက်ပေါက် အနေဖြင့် နစက-က ချပြလာသည်ကို တွေ့လာရသည်။

တဖက်မှာလည်း ၂၀၂၃ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိမှာမဟုတ်သလို ပြဿနာကို ပိုမိုရှည် ကြာစေပြီး ပိုမိုဆိုးဝါးစေသည့်အတွက် ရွေးကောက်ပွဲကို ထောက်ခံမည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသဖြင့် နစကကို အကြပ်ရိုက်စေပြန်သည်။

အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန် က မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါဝင်လာခြင်းဖြင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ အတိုက်အခံ အုပ်စုများကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ ပါဝင်လာနိုင်ဖွယ် ရှိနေကြောင်း၊ နစကအနေဖြင့် အနည်းဆုံးတော့ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေးနွေးမှုမျိုး လုပ်ဆောင်သင့်ကြောင်း ပရက်ဆိုခွန်က တိုက်တွန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မဲပေးနေစဉ် (Sky News)

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်မှု၊ သဘာဝကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု စသည့် အမှုများဖြင့် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရသလို အဂတိအမှု ၅ မှုကိုလည်း ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်သည်။

လတ်တလော ပူပူနွေးနွေးမှာ ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့အကြား အပစ်ရပ်စဲရေး သဘောတူ ညီ ကြပြန်သဖြင့် ယခု နိုဝင်ဘာလ နှောင်းပိုင်းမှစတင်၍ ရခိုင်ပြည်နယ်တဝန်း တိုက်ပွဲများ ရပ်တန့်သွားသည်ကို တွေ့ရှိ လာရသည်။


အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန (NSPNC)က တိုင်းရင်းသား လက်နက် ကိုင်(EAO) ၁၀ ဖွဲ့နှင့်လည်းကောင်း၊ တိုင်းရင်းသားပါတီများ အပါအဝင် နိုင်ငံရေးပါတီတချို့နှင့်လည်းကောင်း နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်၍ တိုင်းရင်းသားများ၏ တောင်းဆိုချက်များကို ၂၀၂၃ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် လွှတ်တော်သစ်တွင် ပြင်ဆင်အတည်ပြုပေးမည်ဟု ကတိ ပေးထားသည်။

တဖက်မှာလည်း “ဝ”ပြည်နယ် သတ်မှတ်ပေးဖို့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ တောင်းဆို ချက်ကိုလည်း မူအားဖြင့် နစက-က သဘောတူထားသလို တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များအား သက်ဆိုင်ရာ လွှတ်တော်များမှ ရွေးချယ်အတည်ပြုရေး ပုဒ်မ ၂၆၁ ပြင်ဆင်ဖို့ သဘောတူထားသည်ဟု ဆိုသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်နေ့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၁ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ နစကမှ ခန့်အပ်ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အဖွဲ့ဝင် ဦးခင်မောင်ဦးက “ရွေးကောက်ပွဲ ဆိုင်ရာ ကြေညာချက်တွေကို ထုတ်ပြန်မှာပါ ဘယ်ရက်မှာ ကျင်းပမယ်၊ ဘယ်အချိန်မှာ ကိုယ်စားလှယ်လောင်း တွေ တင်သွင်းရမယ်၊ ဘယ်အချိန်မှာ ပိတ်သိမ်းမယ်၊ ဘယ်အချိန်မှာ စိစစ်မယ်ဆိုတာတွေကို ဆင့်ကဲဆင့်ကဲ ထုတ် ပြန် ကြေညာပေးသွားမှာပါ” ဟု ပြောခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဆီယံအထူးကိုယ်စား ပရတ်ဆိုခွန်ကိုတွေ့ရစဉ်

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ကျရောက်ခဲ့သော အမျိုးသားနေ့မှာ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးမှ လူပေါင်း ၅၇၇၄ ဦးကို လွှတ်ပေးသည့် ဖြေလျှော့မှုတချို့၌ နိုင်ငံရေးနှင့်ဆက်စပ်သူ ၇၀၀ ကျော် ပါဝင် သည်ဟု ဆိုသည်။


သို့သော် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်‌‌ရေးအဖွဲ့ AAPP ၏ နိုဝင်ဘာလ ၁၈ ရက်နေ့ ထုတ်ပြန် ချက်တွင် ယခုအပတ် လွတ်ငြိမ်းခွင့်အရ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသား အရေအတွက်မှာ ၇၂ ယောက်သာ ရှိသေးသည်ဟု ဖော်ပြသည်။


ထိုသို့ အကျဉ်းသားများ လွှတ်ပေးရာတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ စာရေးဆရာ မောင်သာချို၊ ရွှေညဝါ ဆရာတော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသိန်းဦး၊ ရှေ့နေ ဦးကျော်ဟိုး၊ ရန်ကုန်တိုင်း လွှတ်တော် ဒုတိယဥက္ကဌဟောင်း ဦးလင်းနိုင်မြင့်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေတို့ ပါသည်။

အလားတူ UEC အဖွဲ့ဝင် ဦးသန်းဌေး၊ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနဲလ်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း မစ္စဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား ဒါရိုက်တာ မစ္စတာ ကူဘိုတာ၊ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦး၊ မဇ္ဈိမသတင်းဌာန အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်၊ သံလွင်သွေးချင်း သတင်းဌာနမှ အယ်ဒီတာ မမြဝန်းရံ၊ မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်း၊ အလွတ်တန်း သတင်း ထောက် ကိုလပြည့်၊ အလွတ်တန်း ဓာတ်ပုံဆရာ ဦးဆန်းမြင့်တို့လည်း ပါဝင်ခဲ့သည်။

ယခုကဲ့သို့ အကျဉ်းသား အမြောက်အများ လွှတ်ပေးမှုကို ဝမ်းသာကြိုဆိုကြောင်း အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်က ထုတ်ပြန်ကြေညာခဲ့ပြီး မြန်မာနိုင်ငံအရေး ပုံမှန်ပြန်ဖြစ်စေဖို့အတွက် သက်ဆိုင်သူအားလုံး ပါဝင် ဆွေးနွေးနိုင်ရေး လမ်းကြောင်းကို ဖန်တီးနိုင်မည့် ပဏာမခြေလှမ်းအဖြစ် ယူဆကြောင်းလည်း ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော် ဖြုတ်ချရေး လက်နက်ကိုင် တိုက်ပွဲ၀င်နေတဲ့ KNDF ကိုတွေ့ရစဉ်(KNDF)

"လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာက အာဆီယံသဘောတူညီချက် ငါးချက်ထဲမှာ ပါဝင်တဲ့ အဓိကသုံးချက်ဖြစ်တဲ့ အကြမ်းဖက်မှု အဆုံးသတ်ရေး၊ လူသားချင်းဆိုင်ရာ အကူအညီတွေ လွှဲပြောင်းပေးရေး၊ အားလုံးပါဝင်တဲ့ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲအတွက် ယုံကြည်မှု တည်ဆောက်ရေးတို့အတွက် ပိုမိုတိုးတက်မှု ရရှိလာဖွယ်ရှိနေတယ်"ဟု အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆိုခွန်က ပြောသည်။

ပြီးခဲ့သည့် အာဆီယံအထူးသံတမန်၏ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဥ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ခွင့်ပေးဖို့ တောင်းဆိုခဲ့ရာမှာ “အမှုတွေ စီရင်စစ်ဆေးပြီးမှသာ“ တွေ့ခွင့်ပေးဖို့ စဥ်းစားနိုင်မည်ဖြစ်ကြောင်း နစက ဘက်က တုံ့ပြန်ခဲ့သည်။

သို့ရာတွင် "နိုင်ငံရေးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး၊ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနိုင်ရေး၊ နစကနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနိုင်ရေး ဖြစ်နိုင် မဖြစ်နိုင်ပေါ့၊ ပထမဆုံး ပြောချင်တာ ကတော့ တရားဥပဒေ ရင်ဆိုင်နေရဆဲ၊ ပြစ်ဒဏ်ကျခံနေရဆဲ လူတွေနဲ့ တွေ့ဆုံဖို့အတွက်တော့ ကန့်သတ်ချက် ရှိတယ်၊ နောင်မှာ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကတော့ နိုင်ငံရေးမှာ ဘာမှ ကြိုပြောလို့ မရဘူး"ဟု နစက သတင်း ထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာ ရှင်းလင်းပွဲများမှာ ထုတ်ပြောလေ့ ရှိသည်။

NLD အစိုးရ ဖြုတ်ချခံခဲ့ရမှုအလွန် ယခုနှစ် အောက်တိုဘာလအထိ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၈၆ ခုမှာ တိုက်ပွဲ ပေါင်း ၇,၇၀၀ ကျော် ဖြစ်ပွားခဲ့ပြီး မြို့နယ်ပေါင်း ၈၁ ခုမှာ နေအိမ်နှင့် ဘာသာရေး အဆောက်အအုံ ၃၈,၅၆၈ လုံး ထက်မနည်း မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း၊ ပြည်တွင်း တိုက်ပွဲရှောင်ဒုက္ခသည် အရေအတွက် ၁,၆၅၀,၆၁၁ ဦး ထက်မနည်း ရှိလာကြောင်း၊ နောက်ဆက်တွဲ ပဋိပက္ခဖြစ်စဉ်များကြောင့် အရပ်သား သေဆုံးမှု ၇,၁၅၈ ဦးထက် မနည်း ရှိလာကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)က အစီရင်ခံခဲ့ သည်။

တဖက်မှာလည်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့၏ ဒလန် အဖြစ် စွပ်စွဲသတ်ဖြတ်ခံရသူ ၃,၅၀၀ ကျော်ရှိခဲ့ပြီး ရဟန်းသံဃာ၊ ပညာရေးဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၁၂ဝ)ဦးအထိ ပါဝင်ကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။

ပရက်ဆိုခွန်၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အစီရင်ခံစာ တရပ်တွင် ပဋိပက္ခထဲမှာ ပြည်သူများက ထိခိုက် ခံစားကြရတာမို့ နစကဘက်ကိုရော တခြားဘက် တဖက်ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကိုလည်း အကြမ်းဖက်မှုများ ရပ်ကြဖို့ တောင်းဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဗဟိုအလုပ်ကော်မတီ၏ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ ၂ နှစ်ပြည့် အထိမ်းအမှတ် ကြေညာချက်တွင် “အာဆီယံ အထူးကိုယ်စားလှယ် အပါအဝင် မြန်မာ့အရေးဆိုင်ရာ ကိုယ်စားလှယ်များ အားလုံးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်စွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာနိုင်မှသာ လက်တွေ့ကျသော ပြဿနာပြေလည်ရေးလမ်းစ ရရှိနိုင်မည်ဖြစ်ကြောင်း မိမိတို့ ယုံကြည်ပါသည်”ဟု ဆိုထားသည့်အပေါ် ထူးခြားမှု ရှိ/မရှိ ဆက်လက် စောင့်ကြည့်နေရဦးမည်။

သို့ရာတွင် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေး အကျပ်အတည်းများကို လူပုဂ္ဂိုလ်နှစ်ဦး တွေ့ဆုံရုံဖြင့် ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

ဒီမိုကရေစီကိုတောင်းဆိုကြစဉ် (GETTY IMAGES)

“မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာက လူပုဂ္ဂိုလ်နှစ်ဦးနဲ့တော့ တွေ့ဆုံရုံနဲ့ ပြီးပြည့်စုံလိမ့်မယ်လို့ ကျနော်တော့ အဲဒီလိုမမြင်ဘူး။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ လွတ်လပ်ရေး ရပြီးကတည်းက ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာတွေက မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် မရှိတဲ့ ပြဿနာကို အဓိက ဦးစားပေးပြီး ဖြေရှင်းဖို့ လိုလိမ့်မယ်လို့ ကျနော်တော့ အဲဒီလိုမြင်တယ်” ဟု ၎င်းက ဆိုသည်။

ထို့အတူ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုအားလုံး ပါဝင်သည့် ဆွေးနွေးမှုကသာ နိုင်ငံအတွက် အာမခံချက်ရှိသည့် ငြိမ်းချမ်းရေးကို ကျနော်တို့ လမ်းစဖွင့်နိုင်မည်ဟု နစကနှင့် တွေ့ဆုံစကား ဆွေးနွေးပြောဆိုနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုသည်။

“ကျနော်တို့ နိုင်ငံမှာ ရှိနေတဲ့ ဖက်ဒရယ်အင်အားစုအားလုံး၊ ဒီမိုကရေစီ အင်အားစုတွေ အားလုံး ပူးပေါင်းပါဝင် ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်းကသာလျှင် ကျနော်တို့ နိုင်ငံအတွက် အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးကို ကျနော်တို့ လမ်းစဖွင့်နိုင်မယ်၊ တည်ဆောက်လို့ရမယ်” ဟု ၎င်းက ပြောသည်။

မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး ပရက်ဆိုခွန် တင်သွင်းသည့် အစီရင်ခံစာမှာ ကမ္ဘောဒီးယားနိုင်ငံ၏ ဥပမာများ ကို အခြေပြုပြီး “စစ်ပွဲကို စစ်ပွဲနဲ့ အဆုံး မသတ်နိုင်ဘူး”ဟု ဆိုထားသလို “ဒါပေမယ့် SAC ရော NUG ရော နှစ်ဖက် လုံးက စစ်ပွဲမှာ သူတို့ဘက်ကနိုင်မှာ”ဟု ခံယူထားနေကြသည်ဟု ဆိုသည်။

“စစ်ကောင်စီဟာ ၂၀၂၃ ရွေးကောက်ပွဲကို သူ့အတွက် နိုင်ငံရေးထွက်ပေါက်အဖြစ် မျှော်လင့်ထားတာ ထင်ရှား တယ်။ စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီထဲမှာလည်း ခေါင်းဆောင်မှု အပြောင်းအလဲလုပ်ပြီး သူ့စီမံချက်ထဲမှာ စနစ်တကျ အကွက်ဝင်အောင် စီမံနေတာကို ကျနော်တို့ တွေ့နေရပါတယ်။ ဒါတွေကို သတိကြီးကြီးထားပြီး စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့လိုပါတယ်”ဟု ယာယီသမ္မတက ဆိုသည်။

တချို့ကလည်း အတိုက်အခံ အင်အားစုသည် စစ်တပ်ကို ဖြုတ်မချနိုင်ဘဲ နစက ကျင်းပမည့် ရွေးကောက်ပွဲ မဖြစ်အောင် ဟန့်တားခြင်းဖြင့် ရှေ့ဆက်သွားမည်ဆိုလျှင် မြန်မာ့နိုင်ငံရေးသည် ထွက်ပေါက်ပိတ်ကာ လူထု ပိုမို ထိခိုက်နိုင်သည်ဟု ဆိုနေကြသည်။

ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ နစက(SAC) ကျင်းပမည့် ရွေးကောက်ပွဲကို အမြင် ကျဉ်းမြောင်းစွာ ကြည့်မည်ဆိုလျှင်တော့ သူ့(SAC)အတွက်သာ ထွက်ပေါက်ဟု မြင်ရမည်ဖြစ်ကြောင်း၊ အမြင် ကျယ်ကျယ် လေ့လာကြည့်မည်ဆိုပါက မြန်မာနိုင်ငံအတွက် တွေ့ဆုံဆွေးနွေးရေး မလုပ်နိုင်သည့်အဆုံး နောက် ဆုံး ထွက်ပေါက်တစ်ခု ဖြစ်သည်ကို မြင်ရမည်ဖြစ်ကြောင်း ပြောသည်။

ထို့ကြောင့်မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် ထွက်ပေါက်မှာ ဘာလဲ စဉ်းစား အဖြေရှာရမည် ဖြစ်သလို မြန်မာ့နိုင်ငံရေးအတွက် ထွက်ပေါက်ဖြစ်မည့် နည်းလမ်းအသစ်မှာ မည်သည့် နည်းလမ်းလဲဆိုသည်ကို အားလုံးက ဝိုင်းဝန်းရှာဖွေရမည့်အချိန် ရောက်နေပြီဖြစ်ကြောင်း။

 

 

 

 

Share
Tweet
Share
Share
powered by social2s

အမေရိကန် ထောက်ပံ့ပေးသည့် ရေဒီယိုလိုင်းတစ်ခုကို တာလီဘန်တို့ ဖယ်ရှား

By CNI
CNI
Category: Watch TV
Hits: 675

Share
Tweet
Share
Share
powered by social2s

ဆီနီဂေါ အမျိုးသားလွှတ်တော်အမတ်တစ်ဦးက အမျိုးသမီးအမတ်ကို ပါးရိုက်

By CNI
CNI
Category: Watch TV
Hits: 713

Share
Tweet
Share
Share
powered by social2s

အမေရိကန်သံရုံး အပါအဝင် စပိန်နိုင်ငံရှိ နေရာ ၆ ခုသို့ စာအိတ်ဗုံးများ ရောက်လာ

By CNI
CNI
Category: Watch TV
Hits: 653

Share
Tweet
Share
Share
powered by social2s

ဖားကန့်မြို့နယ်က JL ဖုန်းဆိုင်ကို သေနတ်သမားနှစ်ဦး ဓားပြတိုက်

By CNI
CNI
Category: Watch TV
Hits: 693

Share
Tweet
Share
Share
powered by social2s

၂၀၀၈ ခြေဥကို ဖျက်လိုက်ရင် တောက်လျှောက်စစ်တပ်ကပဲ အုပ်ချုပ်သွားမှာဟု ပြော

By CNI
CNI
Category: Watch TV
Hits: 810

Share
Tweet
Share
Share
powered by social2s

နိုင်ငံအနှံ့ ရွေးကောက်ပွဲကို ကျင်းပနိုင်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော

By CNI
CNI
Category: Watch TV
Hits: 1390

Share
Tweet
Share
Share
powered by social2s
လာဗရော့ဗ်ကိုတွေ့ရစဉ် (AP)

ယူကရိန်းအရေးတွင် အနောက်အုပ်စု တိုက်ရိုက်ပါဝင်နေသည်ဟု ရုရှားစွပ်စွဲ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1894

CNI International News

မော်စကို၊ ဒီဇင်ဘာ ၂

ယူကရိန်းအား လက်နက်များ ထောက်ပံ့ခြင်း၊ စစ်သားများကို လေ့ကျင့်ပေးခြင်းတို့ဖြင့် အနောက်အုပ်စုသည် ယူကရိန်းပဋိပက္ခတွင် တိုက်ရိုက်ပါဝင် ပတ်သက်နေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ဗ်က အင်္ဂါနေ့တွင် စွပ်စွဲ ပြောကြားခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြသည်။

သတင်းထောက်များနှင့် တွေ့ဆုံမှုတစ်ခုအတွင်း ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်နက်ထောက်ပံ့ရုံတင် မဟုတ်ဘဲ ဗြိတိန်၊ ဂျာမနီ၊ အီတလီနှင့် တခြားနိုင်ငံများသည် စစ်ရေး လေ့ကျင့်မှုများပါ လုပ်ဆောင်နေသည်ဟု ပြောသည်။

ရုရှားဘက်မှ ဒုံးကျည်၊ ဒရုန်းနှင့် အမြောက် ပစ်ခတ်မှုများကြောင့် ယူကရိန်းပြည်သူ သန်းချီ၍ စွမ်းအင်၊ အပူဓာတ် နှင့် ရေပျက်တောက်မှုများ ဖြစ်ပွားခဲ့ရသည်။

စက်မှုထိပ်သီးနိုင်ငံများကိုတွေ့ရစဉ် (GETTY IMAGES)

ထိုသို့ စွမ်းအင်စက်ရုံများနှင့် အခြေခံ အဆောက်အဦများကို ပစ်မှတ်ထားရခြင်းမှာ ရုရှားများအား သတ်မည့် စစ်လက်နက်များ ယူကရိန်းနိုင်ငံအတွင်း ဝင်ရောက်နေမှုကို တားဆီးရန်နှင့် ယူကရိန်းစစ်တပ်များ အင်အား လျော့ကျသွားစေရန် ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ် (Sergey Lavrov) က ပြောသည်။

သို့သော် ရုရှား၏ တိုက်ခိုက်မှုများသည် ပြည်သူများကို ဒုက္ခရောက်စေပြီး ရုရှားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ယူကရိန်းအစိုးရကို ဖိအားပေးနေခြင်းသာ ဖြစ်သည်ဟုလည်း ယူကရိန်းနှင့် အနောက်အုပ်စုဘက်က စွပ်စွဲထား သည်။

ယူကရိန်းတောင်ပိုင်း ခါဆန်ဒေသ(Kherson) သည်လည်း ရုရှား၏ ပစ်မှတ်များမှ တစ်ခုဖြစ်သည်။ ထိုဒေသကို အစပိုင်းတွင် ရုရှားက သိမ်းပိုက်ထားခဲ့သော်လည်း ပြီးခဲ့သည့်လတွင် ပြန်လည် စွန့်ခွာခဲ့သည်။

ခါဆန်နှင့်အခြား ဒေသ ၃ ခုကို ရုရှားက ၎င်းတို့ ပိုင်နယ်မြေအဖြစ် ကြေညာခဲ့သော်လည်း ယူကရိန်း အစိုးရနှင့် အနောက်အုပ်စုမှ လက်မခံခဲ့ပေ။

အမေရိကန်ကာကွယ်ရေး၀န်ကြီးနဲ့ နေတိုး အထွေထွေအတွင်းရေးမှူးကိုတွေ့ရစဉ် (GETTY IMAGES)

ခါဆန်မြို့မှ အခြေခံ အဆောက်အဦများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းနှင့် ရုရှားစကားပြော ယူကရိန်းလူထု ကို ကာကွယ်ပေးရေးဆိုင်ရာ ရုရှားအစိုးရ၏ ရည်ရွယ်ချက်တို့အကြား ဆက်စပ်ပုံအား မေးမြန်းခဲ့ရာတွင် လာဗရော့ဗ်က ဒုတိယကမ္ဘာစစ်အတွင်းမှ စတာလင်ဂတ်တိုက်ပွဲ (Battle of Stalingrad) ဖြစ်စဉ်နှင့် နှိုင်းယှဉ် ပြောဆိုခဲ့သည်။

ရုရှားအစိုးရ အနေဖြင့် ပဋိပက္ခကို အဆုံးသတ်ရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရန် တောင်းဆိုမည် မဟုတ်သော် လည်း ဆွေးနွေးပွဲများအား လမ်းဖွင့် ပေးထားဆဲ ဖြစ်သည်ဟု လာဗရော့ဗ်က ပြောသည်။

“ကျနော်တို့အနေနဲ့ ဆွေးနွေးဖို့ တောင်းဆိုသွားမှာ မဟုတ်ပေမယ့် ဆွေးနွေးပွဲ လုပ်ဆောင်ရန် ဆန္ဒရှိသူများကို နားထောင်ပေးသွားဖို့ အဆင်သင့် ရှိနေပါသည်”ဟု ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့ကြား ဆွေးနွေးပွဲများ ရှိလာနိုင်မည်လားဆိုသည့် မေးခွန်းအတွက်လည်း ဆက်သွယ်မှုများကို ရှောင်လွဲမှာ မဟုတ် ကြောင်း၊ သို့သော် ယခုကိစ္စနှင့်ပတ်သတ်၍ တစ်စုံတစ်ရာ ကြားသိရခြင်း မရှိသေးကြောင်း ၎င်းက ပြန်လည် ဖြေကြားခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆီနီဂေါပါလီမန်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို ပါးရိုက်ပြီးနောက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေစဉ်(ဓါတ်ပုံ-credit)

ဆီနီဂေါ အမျိုးသားလွှတ်တော်အမတ်တစ်ဦးက အမျိုးသမီးအမတ်ကို ပါးရိုက်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1903

CNI International News

ဒါကာ၊ ဒီဇင်ဘာ ၂

ဆီနီဂေါလွှတ်တော်အတွင်း လွှတ်တော်အမတ်များ အချင်းချင်း အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းတွင်ဖော်ပြသည်။

နိုင်ငံ၏ အာဏာရပါတီနှင့် အတိုက်အခံပါတီဝင်တို့အကြား တင်းမာမှုများမြင့်တက်နေချိန်တွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အတိုက်အခံအမျိုးသားလွှတ်တော်အမတ်တစ်ဦးက အခြားလွှတ်တော်အမတ် အမျိုးသမီး တစ်ဦးကို ပါရိုက်ခဲ့သည်ကိုလည်း ထွက်ပေါ်လာသည့်ရုပ်သံမှတ်တမ်းတွင် မြင်တွေ့ခဲ့ရသည်။

ယခုဖြစ်ရပ်သည် ကြာသပတေးနေ့က ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်ပြောဆိုမှုတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အတိုက်အခံလွှတ်တော်အမတ် မာဆာတာဆမ့်(Massata Samb) က အာဏာရ ညွန့်ပေါင်းအဖွဲ့ ဘန်နိုဘောက် ယာကာ Benno Bokk Yakaar (BBY) ၏ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ အေမီဒီယာယီဂျီနာဘီ( Amy Ndiaye Gniby) ကို ပါးရိုက်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ပါးရိုက်မှုကြောင့် လွှတ်တော်အတွင်း ရုန်းရင်း ဆန်ခတ်မှုများ စတင်ပေါ်ပေါက်လာခဲ့ကာ ဂျီနာဘီကလည်း ဆမ့်ကို ခုန်ဖြင့်ပြန်ပစ်ခဲ့သည်။သူမကို အခြား လွှတ်တော်အမတ် တစ်ဦးက ဝင်ရောက်ထိန်းသိမ်းပေးခဲ့ရပြီး အပြန်အလှန် တိုက်ခိုက်မှုများကြောင့် အင်္ဂါနေ့အစီအစဉ်ကို ရပ်နားခဲ့ ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း လွှတ်တော်အမတ်များအကြား တိုက်ခိုက်မှုတစ်ကြိမ် ဖြစ်ပွားခဲ့စဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

ယခုတစ်ကြိမ်ဖြစ်ရပ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း လွှတ်တော်အမတ်များ အကြားတိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့သေးသည်။ဂျီနာဘီက သမ္မတဆဲလ်၏ တတိယမြောက်သက်တမ်းကိစ္စ နှင့်ပတ်သတ်၍ ဆန့်ကျင်ပြောဆိုခဲ့သည့် နတ်ဆရာတစ်ဦးအပေါ်ဝေဖန်မှုကြောင့် ယခုဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆမ့်က ကြာသပတေးနေ့ဖြစ်ရပ်နှင့်ပတ်သတ်၍ပြန်လည်ရှင်းလင်းခဲ့သည်။ သို့သော် ဂျီနာဘီဘက်မှ ဆမ့်၏ပြောဆိုမှုကို လှောင်ပြောင်ခဲ့ကာ သူမဘက်မှ လုံးဝဂရုမစိုက်ကြောင်းပြောကြားခဲ့သည်။

လွှတ်တော်အတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုမှတ်တမ်းသည် လူမှုကွန်ယက်အတွင်း ပျံ့နှံ့လျက်ရှိကာ ယင်းသည် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့်ပတ်သတ်သည့် ငြင်းခုန်မှုများကိုလည်း ပေါ်ပေါက်စေလျက်ရှိသည်။

ဇူလိုင်လ ဥပဒေပြုရွေးကောက်ပွဲပြီးချိန်မှစ၍ ဆီနီဂေါနိုင်ငံ၏ အတိုက်အခံနှင့် အာဏာရပါတီတို့မှ နိုင်ငံရေးသမား များအကြား တင်းမားမှုများမှာမြင့်တက်ခဲ့သည်။ဇူလိုင်လရွေးကောက်ပွဲတွင် အာဏာရပါတီမှ ၎င်းတို့၏မဲ အများစု ကိုဆုံးရှုံးခဲ့ရပြီး လက်ရှိသမ္မတ မက်ကီဆဲလ် (Macky Sall)က ၂၀၂၄ ခုနှစ်တွင် တတိယအကြိမ် တာဝန် ထမ်းဆောင်ခွင့်ရရန် ကြိုးပမ်းနိုင်သည်ဆိုသည့် စိုးရိမ်မှုများလည်းရှိခဲ့သည်။

ထိုအခြေအနေက သက်တမ်းကန့်သတ်ချက်နှင့် သမ္မတ၏ ယခင်ကတိကဝတ်များကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အတိုက်အခံများဘက်မှ ပြောကြားထားသော်လည်း သမ္မတဘက်က တတိယမြောက်သက်တမ်းနှင့် ပတ်သတ်၍ လက်ရှိအချိန်ထိ ရှင်းရှင်းလင်းလင်းပြောဆိုထားခြင်းမရှိသေးပေ။

Source:Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

အီရန်အသင်း ကမ္ဘာ့ဖလားမှထွက်ခဲ့ရမှုအပေါ် အောင်ပွဲခံနေသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

By CNI
CNI
Category: Watch TV
Hits: 673

Share
Tweet
Share
Share
powered by social2s

နစက ကျင်းပမည့်ရွေးကောက်ပွဲကို အာဆီယံအနေဖြင့် အသိအမှတ်မပြုရန် လိုအပ်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 653

Share
Tweet
Share
Share
powered by social2s

IS အဖွဲ့ခေါင်းဆောင်သေဆုံး၊ ခေါင်းဆောင်သစ်ရွေးချယ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာ

By CNI
CNI
Category: Watch TV
Hits: 686

Share
Tweet
Share
Share
powered by social2s

မက်ဒရစ်ရှိ ယူကရိန်းသံရုံးတွင် စာအိတ်ဗုံးပေါက်ကွဲမှုဖြစ်ပွား

By CNI
CNI
Category: Watch TV
Hits: 676

Share
Tweet
Share
Share
powered by social2s

မဏိပူရ၊ အင်ဖာရှိ အထက်တန်းကျောင်းသားများကို စစ်မှုထမ်းပညာပေး ဟောပြော

By CNI
CNI
Category: Watch TV
Hits: 683

Share
Tweet
Share
Share
powered by social2s

ကယားတိုက်ပွဲရှောင်များ စားနပ်ရိက္ခာနှင့် အမျိုးသမီးအသုံးအဆောင်များ လိုအပ်

By CNI
CNI
Category: Watch TV
Hits: 704

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ လက်နက်ပံ့ပိုးမှုသက်တမ်းတိုးရန် အီတလီလွှတ်တော်၌ မဲခွဲ၍ ငြင်းမည်

By CNI
CNI
Category: Watch TV
Hits: 694

Share
Tweet
Share
Share
powered by social2s
  • 30
  • 31
  • 32
  • 33
  • 34
  • 35
  • 36
  • 37
  • 38
  • 39

Page 35 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar