CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
မလေးရှားက နေရပ်ပြန်ပို့ခြင်း ခံရသော မြန်မာနိုင်ငံသားများကိုတွေ့ရစဉ် (GETTY IMAGES)

ပြည်နှင်ဒဏ်ခံထားရသော မြန်မာ ၁၁၄ ဦးကို နေရပ်ပြန်ပို့ရန် မလေးရှားဆုံးဖြတ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1062

CNI International News

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁၃

ဆိုင်းငံ့ပြည်နှင်ဒဏ် ပေးခံထားရသော မြန်မာနိုင်ငံသား ၁၁၄ ဦးကို နေရပ်ပြန်ပို့ရန် မလေးရှားတရားရုံး တစ်ခုက ဒီဇင်ဘာ ၁၃ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

မလေးရှားအစိုးရ၏ တောင်းဆိုးမှုအပေါ် တရားရုံးက ထိုသို့ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ မလေးရှား အစိုးရသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲ ကိစ္စရပ်များ ပေါ်ပေါက်ခဲ့ပြီးနောက် ရက်ပိုင်း အတွင်းတွင်လည်း မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့သည်။

တရားရုံးဘက်က ဆိုင်းငံ့ပြည်နှင်ဒဏ်ဖြင့် နိုင်ငံတွင်း ဆက်လက်နေထိုင်ရန် ခွင့်ပြုခဲ့သော်လည်း အစိုးရက ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသား ၁၁၄ ဦးကို ချက်ချင်း မြန်မာနိုင်ငံသို့ ပြန်ပို့မည်လား ဆိုသည်ကိုတော့ မသိရ သေးပေ။

အစိုးရအနေဖြင့် ၎င်းတို့၏ အစီအစဉ်များကို ပြန်လည်သုံးသပ်ရန် အလေးအနက် တိုက်တွန်းသည်ဟု မလေး ရှားနိုင်ငံ၏ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်နှင့် နိုင်ငံရေးခိုလှုံခွင့်အဖွဲ့က ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်သည်။

လူ့အခွင့်အရေးနှင့် နိုင်ငံတကာ ဥပဒေများကို လေးစားရန် ခေါင်းဆောင်များကို ဆက်လက် တောင်းဆို သွားမည် ဟုလည်း ၎င်းအဖွဲ့က ပြောသည်။

 မလေးရှား တရားရုံးတစ်ခုကိုတွေ့ရစဉ် (GETTY IMAGES)

မြန်မာနိုင်ငံသား ၁၁၄ ဦးတွင် ကလေးများနှင့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသည်ဟု ယူဆရသူများ ပါဝင်ကြောင်း၊ ၎င်းတို့သည် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းမှု အောက်တွင် ရှိနေကြောင်း မလေးရှား လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ကတ်ထရီနာ မာလီယာမူး (Kartrina Maliamauv) က Reuters သို့ ပြောသည်။

ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီသည်လည်း ထိုသူများ၏ အခြေအနေကို သိရှိရန် တွေ့ဆုံခွင့် မရခဲ့ကြောင်း သူမက ဆက်လက် ပြောကြားသည်။

မလေးရှားနိုင်ငံတွင် ဒုက္ခသည်များဟု တရားဝင် သတ်မှတ်ထားခြင်း မရှိမှုကြောင့် ၎င်းတို့ကို အထောက် အထားမဲ့ ရွှေ့ပြောင်း နေထိုင်သူများအဖြစ် သတ်မှတ်သည်။

ထိုသူများသည် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်းအတွက် ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်ဟု မလေးရှားဝန်ကြီးဌာနက ပြောခဲ့ဖူးသည်။

မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံတွင်းမှ အခြေအနေများနှင့်ပတ်သတ်၍ ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့ သော်လည်း ဒုက္ခသည်ဟု ယူဆရသူများ အပါအဝင် မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ လျက်ရှိသည်။

ထိုသို့ နေရပ်ပြန်ပို့မှုများသည် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်သည်ဟုလည်း ကုလသမဂ္ဂက ပြောဆိုထားသည်။

Source: Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရွေးကောက်ပွဲကို နှစ်နှစ်စော ကျင်းပသွားမည်ဟု ပီရူးသမ္မတသစ် ပြော

By CNI
CNI
Category: Watch TV
Hits: 712

Share
Tweet
Share
Share
powered by social2s

ရုရှားတိုက်ခိုက်မှုကို ကာကွယ်ဖို့ စစ်ရေးအကူအညီများ ယူကရိန်းတောင်းဆို

By CNI
CNI
Category: Watch TV
Hits: 706

Share
Tweet
Share
Share
powered by social2s

အီရန်အစိုးရက ဆန္ဒပြသူတစ်ဦးကို လူမြင်ကွင်း၌ ကွပ်မျက်

By CNI
CNI
Category: Watch TV
Hits: 697

Share
Tweet
Share
Share
powered by social2s

EAOs ၇ ဖွဲ့မှ တွေ့ဆုံရန်အဆိုပြုမှု အဆင်သင့်မဖြစ်သေးဟု NSPNC အကြောင်းပြန်

By CNI
CNI
Category: Watch TV
Hits: 678

Share
Tweet
Share
Share
powered by social2s
NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်

EAOs ၇ ဖွဲ့မှ တွေ့ဆုံရန်အဆိုပြုမှု အဆင်သင့်မဖြစ်သေးဟု NSPNC အကြောင်းပြန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1973

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၃

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(EAOs) ၇ ဖွဲ့မှ တွေ့ဆုံဆွေးနွေးရန် အဆိုပြုခဲ့သော်လည်း တွေ့ဆုံရန် အဆင်သင့် မဖြစ်‌‌သေးကြောင်း အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC)က အကြောင်းပြန်ခဲ့သည်ဟု EAOs ၇ ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

PPST က တွေ့ဆုံဆွေးနွေးမှုကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နှစ်ဖက် ကိုယ်စား လှယ် အနည်းငယ်ဖြင့် စတင်တွေ့ဆုံရန် အဆိုပြုခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီးစောကျော်ညွန့်က “ကျနော်တို့က အဲဒီ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ NSPNC ကို ကျနော် တို့က ပြီးခဲ့တဲ့ ၇ ရက်နေ့က ကျနော်တို့ စာပို့ထားတယ်၊ ကျနော်တို့ ဆိုတာက EAOs ၇ ဖွဲ့ရဲ့ ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ပေါ့လေ၊ အဲဒီ EAOs ၇ ဖွဲ့ကနေပြီးတော့ ကျနော်တို့ စာကို ဆရာတို့ သိတဲ့အတိုင်းပဲ ၇ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့အတွက် ကျနော်တို့ ညှိနှိုင်းစာကို ကျနော်တို့ ၇ ရက်နေ့မှာ ပို့တယ်၊ သူတို့ဖက်ကလည်း အချိန်နဲ့ တစ်ပြေးညီပါပဲ၊ ကျနော်သိရသလောက်တော့ ၈ ရက်နေ့မှာပဲ သူတို့ရဲ့ သဘောထား ပြန်ကြားလာတာရှိတယ်၊ လောလောဆယ်ပေါ့လေ၊ အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ အကြောင်းပေါ့၊ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာက။ ကျနော် တို့ကတော့ ကိုယ့်ရဲ့ အဆိုပြုစာကတော့ ဘယ်နေ့ဘယ်ရက်မှာ ဘယ်နေရာမှာ တွေ့ဆုံလိုတယ်၊ နောက်တစ်ကြိမ် ကြရင် ဘယ်နေ့ဘယ်ရက်မှာ တွေ့ဆုံလိုတယ်၊ စာထဲမှာ တွေ့ရတဲ့အတိုင်းပဲ ကျနော်တို့ရဲ့ ညှိနှိုင်းစာ၊ အဆိုပြုစာပဲ ဖြစ်ပါတယ်၊ ကျနော်တို့ဖက်က လုပ်ဆောင်နေတဲ့ အစီအစဉ်ကို စတင်ပြီးတော့ အဆိုပြုတာ ဖြစ်ပါတယ်၊ သို့သော် လည်းပဲ အဲဒီအဆိုပြုချက် အပေါ်မှာပေါ့လေ၊ NSPNC ဘက်ကတော့ လောလောဆယ်ကတော့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့် မဖြစ်ဘူး။ ကျနော်တို့ အဆိုပြုတဲ့ ရက်တွေမှာပဲ ကျနော်တို့ တွေ့ဆုံနိုင်ခြင်း၊ ဆွေးနွေးနိုင်ခြင်း လော လော ဆယ်ကတော့ မရှိသေးပါဘူး ဆိုတာကို‌တော့ အဲဒီလိုပဲ ပြောချင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြော သည်။

NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် RCSS  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကို တွေ့ရစဉ်

NSPNC နှင့် တွေ့ဆုံရန် အဆိုပြုခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)တို့ ဖြစ်ကြသည်။

နှစ်ဖက် အဖွဲ့အစည်း အနေဖြင့် ညှိနှိုင်းသဘောတူညီချက်များ ရရှိရေး အလွတ်သဘော တွေ့ဆုံရန် အဆိုပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ နှစ်နီးပါး လူထုများ ကြုံတွေ့နေရသည့် အကျပ်အတည်းများကို ဖြေလျော့နိုင်ရေး ကြိုးပမ်းချက် ဖြစ်ကြောင်း EAOs ၇ ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော် ညွန့်က ပြောသည်။

NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် KNU/KNLA-PC ခေါင်းဆောင်များကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့ နေပြည်တော် သွားလက်စ ၇ ဖွဲ့အနေနဲ့ အရင်ကလိုမျိုး တစ်ဖွဲ့ချင်းစီ သွားရောက် တွေ့ဆုံတာ ထက် စာရင်ပေါ့၊ ကျနော်တို့ ၇ ဖွဲ့ကနေ စုပေါင်းပြီးတော့ ပထမဆုံး ကြိုးပမ်းမှုအနေနဲ့ လက်ရှိ နိုင်ငံရေး အကျပ် အတည်းကို ကျော်လွှားလွန်မြောက်နိုင်ဖို့ ဒါမှမဟုတ် ဖြေလျော့နိုင်ဖို့ နည်းလမ်းရှာလိုတဲ့ အကြောင်းအရာ၊ နည်းလမ်းရှာနိုင်မယ့် အခင်းအကျင်းတစ်ခုကို ကျနော်တို့ နှစ်ဖက်ညှိနှိုင်းသဘောတူညီမှုနဲ့ ဖော်ဆောင်နိုင်ဖို့ကို စတင် ပြီးတော့ ချည်းကပ်တတယ်၊ အဆိုပြုတာပဲ ဖြစ်ပါတယ်ခင်ဗျ” ဟု ပြောသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများ ဖြစ်သည်။

ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အထက်ပါ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့မှ ခေါင်း ဆောင်များ တစ်ဖွဲ့ချင်းစီးဖြင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ထားသည်။ အလားတူ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်လည်း တစ်ဖွဲ့ချင်း သီးသန့်တွေ့ဆုံ ဆွေးနွေးထားကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်း ခံတပ်ကိုတွေ့ရစဉ် (GETTY IMAGES)

ရုရှားတိုက်ခိုက်မှုကို ကာကွယ်ဖို့ စစ်ရေးအကူအညီများ ယူကရိန်းတောင်းဆို

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1898

CNI International News

ကိယတ်ဗ်၊ ဒီဇင်ဘာ ၁၃

Patriot ဒုံးကျည်များနှင့် တခြားသော နည်းပညာမြင့် ဒုံးကျည်ကာကွယ်ရေးစနစ်များ ထောက်ပံ့ပေးရန် ယူကရိန်း ဝန်ကြီးချုပ် ဒန်းနစ် ရှမီဟဲလ် (Denys Shmyhal)က တောင်းဆိုခဲ့သည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

တနင်္လာနေ့(ဒီဇင်ဘာ ၁၂ ရက်)က ယူကရိန်း အရှေ့ပိုင်းဒေသများတွင် ရုရှား၏ လက်နက်ကြီး ပစ်ခတ်မှုများ ပို၍ ဖြစ်ပွားခဲ့ပြီးနောက် ၎င်းက တောင်းဆိုလာခြင်း ဖြစ်သည်။

ရုရှားသည် ဥရောပဒေသကို ယူကရိန်း ဒုက္ခသည်များနှင့် ပြည့်နှက်သွားအောင် လုပ်ဆောင်လိုနေသည်ဟု ယူကရိန်း ဝန်ကြီးချုပ် ဒန်းနစ် ရှမီဟဲလ် (Denys Shmyhal) က ပြင်သစ်ရုပ်သံဌာနတစ်ခုကို ပြောခဲ့သည်။

ယူကရိန်းရှိ အခြေခံ အဆောက်အဦများကို ရုရှားဘက်က ပြစ်မှတ်ထား တိုက်ခိုက်မှုကြောင့် အေးခဲနေသော ရာသီဥတုအတွင်း လျှပ်စစ်နှင့်ရေ ပြတ်လပ်မှုများ ပေါ်ပေါက်နေရသည်။

ယူကရိန်း ဝန်ကြီးချုပ် ဒန်းနစ် ရှမီဟဲလ်ကိုတွေ့ရစဉ်  (GETTY IMAGES)

ယူကရိန်းသည် ဒုံးအမြောက်များနှင့် နောက်ဆုံးပေါ် တင့်ကားများလည်း လိုအပ်နေသည်ဟု ရှမီဟဲလ်က ပြော သည်။ ယူကရိန်းအတွက် နိုင်ငံတကာ အကူအညီများ ရရှိရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပဲရစ်(ပြင်သစ်) အစည်းအဝေး မတိုင်ခင် ထိုသို့ ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ယူကရိန်း စွမ်းအင် ထောက်ပံ့ရေး စနစ်များကို တိုက်ခိုက်ခြင်းသည် ခရိုင်းမီးယားကျွန်းဆွယ်ရှိ ရုရုားတို့ဘက်မှ တည်ဆောက်ထားသော အရေးပါသည့် တံတားတစ်စီးကို ယူကရိန်းဘက်က တိုက်ခိုက်ခဲ့ခြင်းအပေါ် လက်တုန့် ပြန်ခြင်းဟု ရုရှားက ပြောသည်။

ယူကရိန်းနှင့် အမေရိကန်သမ္မတများ တနင်္ဂနွေနေ့တွင် ဖုန်းဖြင့် ဆက်သွယ်မှုရှိခဲ့ပြီး ၎င်းတွင် သမ္မတ ဘိုင်ဒန်က ဒေါ်လာ ၂၇၅ သန်းတန် ထပ်တိုး လက်နက်ခဲယမ်းများ၊ ရုရှား၏မောင်းသူမဲ့ လေကြောင်း တိုက်ခိုက်မှုများကို တုန့်ပြန်ရန် စနစ်များ အပါအဝင် လုံခြုံရေးဆိုင်ရာ အကူအညီများဖြင့် ယူကရိန်းလေကြောင်း ကာကွယ်ရေးစနစ် ကို မြှင့်တင်ပေးရန် အမေရိကန်ဘက်က ကြိုးပမ်းနေသည်ဟု ပြောခဲ့သည်။

Patriot ဒုံးကျည်စနစ်ကိုတွေ့ရစဉ် (GETTY IMAGES)

အိုဒီဆာ (Odesa) ပင်လယ်နက် ဆိပ်ကမ်းအနီးသို့ ရုရှား၏ သီတင်းပတ်ကုန်ပိုင်း ဒရုန်းတိုက်ခိုက်မှုများကြောင့် ယူကရိန်းနိုင်ငံတွင်းရှိ စွမ်းအင်စက်ရုံတချို့ ပျက်စီးကာ လူပေါင်းများစွာ စွမ်းအင် ပြတ်တောက် ခဲ့ရသည်။

နောက်ထပ် တိုက်ခိုက်မှုများကို ကာကွယ်ရန် ရှမီဟဲလ်က ယခင်ကတည်းက တောင်းဆိုခဲ့ဖူးသည့် မြေပြင်မှ ဝေဟင်ပစ် Patriot ဒုံးကျည်များကို ထပ်မံတောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လက်ရှိနိုင်ငံတွင်း၌ အသုံးပြုနေ သော ပြင်သစ်နှင့် ဂျာမနီတို့မှ ဒုံးကျည်ကာကွယ်ရေး စနစ်များကိုလည်း ထပ်မံကူညီပေးရန် ၎င်းက တောင်းဆိုသည်။

Patriot ဒုံးကျည်များ ရရှိမည်ဆိုပါက ၎င်းသည် ယူကရိန်း၏ လေကြောင်းကာကွယ်ရေး စနစ်များအတွက် ကြီးမားသော အထောက်အပံ့ တစ်ခုဖြစ်လာမည် ဖြစ်သော်လည်း ရုရှားနှင့်တင်းမားမှုများ မြင့်တက်လာ နိုင်ခြေ ရှိခြင်းကြောင့် မည်သည့်နိုင်ငံကမှ ယူကရိန်းအား ကူညီရန် ကမ်းလှမ်းမှုမျိုး မရှိသေးပေ။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
မာဂျစ်ရီဇာ ရာနာဗတ်ဆိုသော အမျိုးသားတစ်ဦးကို အီရန်က လူမြင်ကွင်းမှာ ကွပ်မျက်လိုက်စဉ် (AFP)

အီရန်အစိုးရက ဆန္ဒပြသူတစ်ဦးကို လူမြင်ကွင်း၌ ကွပ်မျက်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1237

CNI International News

တီဟီရန်၊ ဒီဇင်ဘာ ၁၃

ဆန္ဒပြပွဲများနှင့်ပတ်သက်သည့် အသက် ၂၃ နှစ်အရွယ် မာဂျစ်ရီဇာ ရာနာဗတ်ဆိုသော အမျိုးသားတစ်ဦးကို လူမြင်ကွင်းတွင် ကြိုးပေးကွပ်မျက်ခဲ့ သည်ဟု အီရန်နိုင်ငံက ထုတ်ပြန်ခဲ့ကြောင်း BBC အင်္ဂလိပ်ပိုင်းမှ ရေးသားဖော်ပြခဲ့သည်။

အဆိုပါ လုပ်ရပ်သည် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့်ပတ်သက်၍ ဒုတိယအကြိမ်မြောက် ကွပ်မျက်မှု ဖြစ် သည်။ အသက် ၂၃ နှစ်အရွယ် မာဂျစ်ရီဇာ ရာနာဗတ် (Majajidreza Rahnavard)ကို တနင်္လာနေ့ အစောပိုင်းတွင် မတ်ဟတ် (Mashhad) မြို့၌ ကြိုးပေးခဲ့သည်ဟု တရားစီရင်ရေးဘက်က ပြောသည်။

Basij Resistance Force ဟုခေါ်သော ပြည်သူ့စစ်တပ်ဖွဲ့ဝင် နှစ်ဦးကို သေသည်အထိ ဓားဖြင့်ထိုး သတ်ခဲ့ကြောင်း တွေ့ရှိခဲ့ပြီးနောက် ၎င်းကို ဘုရားသခင်အား ဆန့်ကျင်ခြင်းအတွက် အပြစ်ရှိသည်ဟု တရားရုံးတစ်ခုက အမိန့် ချမှတ်ခဲ့သည်။

ရာနာဗတ်သည် အဖမ်းခံရပြီး ၂၃ ရက်အကြာတွင် ကြိုးပေးခံခဲ့ရခြင်း ဖြစ်သည်။ ဆန္ဒပြသူများသည် သေချာ စီစဉ် ထားခြင်းမရှိသော တရားရုံးစစ်ဆေးမှုများဖြင့် သေဒဏ်ပေးခြင်း ခံနေရသည်ဟု လူ့အခွင့်အရေးအဖွဲ့များက သတိ ပေးထားသည်။
ရာနာဗတ် ကွပ်မျက်ခံရမည်ကို ၎င်း၏မိသားစုဝင်များက လုံးဝသိရှိထားခြင်း မရှိဟု အတိုက်အခံ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တစ်ခုက ပြောသည်။

မာဂျစ်ရီဇာ ရာနာဗတ်ကိုတွေ့ရစဉ် (GETTY IMAGES)

အရာရှိတစ်ဦးက ရာနာဗတ်ကို ကွပ်မျက်လိုက်ကြောင်းနှင့် ၎င်း၏ ရုပ်အလောင်းအား ဘီဟတ်-အီရီဇာတွင် မြေမြှုပ်နှံခဲ့သည်ဟု အကြောင်းကြား လာမှသာလျှင် မိသားစုမှ သိရှိခဲ့ရကြောင်း ထိုအဖွဲ့၏ တွစ်တာတွင် ရေးသားထားသည်။

ရာနာဗတ် အဖမ်းခံခဲ့ရပြီးနောက် နိုဝင်ဘာ ၁၉ ရက်တွင် နိုင်ငံပိုင်သတင်း၌ ထုတ်လွှင့်ခဲ့သော ဗွီဒီယိုတစ်ခုတွင် ၎င်းကို မျက်လုံးစည်း အနေအထားဖြင့် မြင်တွေ့ခဲ့ရသည်။

ထိုဗွီဒီယိုတွင် ရာနာဗတ်က Basij အဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ ငြင်းဆန်ခဲ့ခြင်း မရှိသော်လည်း ထိုအချိန်တွင် ၎င်း၏စိတ်မှာ ပုံမှန်အခြေအနေတွင် ရှိမနေခဲ့ခြင်းအတွက် အဖြစ်အပျက်များ၏ အသေးစိတ်ကို မမှတ်မိတော့ဟု ပြောသည်။

ထို့နောက် တနင်္လာနေ့တွင် ရာနာဗတ်က တရားရုံ၌ ၎င်းကျူးလွန်ခဲ့ခြင်းများအတွက် ဝန်ခံနေသည်ကို နိုင်ငံပိုင်ရုပ် သံက ပြသခဲ့သည်။ သို့သော် တက်ကြွလှုပ်ရှားသူများက နိုင်ငံပိုင်ရုပ်သံလိုင်းသည် နှိပ်စက်ညှင်းပန်းခြင်း နည်းလမ်း များဖြင့် ဖိအားပေးခံထားရသော ထိန်းသိမ်းခံများ၏ အလိမ်အညာ ဝန်ခံမှုများကို ထုတ်လွှင့်နေခြင်းဟု ပြောသည်။

ရာနာဗတ် မတိုင်ခင် အသက် ၂၃ နှစ်အရွယ် မိုဟန်ရှီကာရီကိုလည်း အီရန်အစိုးရက ကွပ်မျက်ခဲ့ ခြင်းကြောင့် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဇမ်ဘီယာရှိ လမ်းဘေးတစ်နေရာတွင် စွန့်ပစ်ထားသော အလောင်းများတွေ့

By CNI
CNI
Category: Watch TV
Hits: 778

Share
Tweet
Share
Share
powered by social2s

ဖျက်အားပြင်း လက်နက်များထုတ်လုပ်မှု အရှိန်မြှင့်နေဟု ရုရှားသမ္မတဟောင်း ပြော

By CNI
CNI
Category: Watch TV
Hits: 739

Share
Tweet
Share
Share
powered by social2s

ဆားဘီးယားဘက်မှ လမ်းပိတ်ဆို့၍ ကိုဆိုဗိုမြောက်ပိုင်းတွင် တင်းမာနေ

By CNI
CNI
Category: Watch TV
Hits: 748

Share
Tweet
Share
Share
powered by social2s

နမ့်ဆန်တွင် တပ်မ‌တော်နှင့် TNLA တို့ တိုက်ပွဲကြောင့် လူ ၂ ထောင်ကျော် တိမ်းရှောင်နေရ

By CNI
CNI
Category: Watch TV
Hits: 753

Share
Tweet
Share
Share
powered by social2s

ပြည်သူက တော်လှန်ရေးက ထွက်စေချင်ရင် လက်နက်-ငွေကြေးအပ်ပြီး ထွက်မယ်

By CNI
CNI
Category: Watch TV
Hits: 1526

Share
Tweet
Share
Share
powered by social2s
ဇမ်ဘီယာက လူသေအလောင်းများ တွေ့ရာနေရာကို တားဆီးထားစဉ် (GETTY IMAGES)

ဇမ်ဘီယာရှိ လမ်းဘေးတစ်နေရာတွင် စွန့်ပစ်ထားသော အလောင်းများတွေ့

By CNI
CNI
Category: နိုင်ငံရေး
Hits: 1270

CNI International News

လူဆာကာ ၊ ဒီဇင်ဘာ ၁၂

ဇမ်ဘီယာနိုင်ငံ၏မြို့တော် လူဆာကာ(မြို့)မြောက်ပိုင်း ဂွာဝီရီရီဒေသတွင် စွန့်ပစ်ထားသော အလောင်း ၂၇ လောင်းကို တွေ့ခဲ့ရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ထို အလောင်းများမှာ အီသီယိုးပီးယားမှ ရွှေ့ပြောင်းနေထိုင်သူများ ဖြစ်နိုင်ကြောင်း ယူဆရသည်။

အဆိုပါ အလောင်းများမှာ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့သယ်ဆောင်စဉ် အသက်ရှုကြပ်ပြီး သေဆုံးခဲ့ ရသူများ ဖြစ်နိုင်သည်ဟု ဇမ်ဘီယာရဲတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဒန်နီမာဝါလီ (Danny Mwale) က BBC သို့ပြော သည်။

အသက်ရှုရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းနေရသည့် အသက်ရှင်ဆဲ ဖြစ်နေသူတစ်ဦးကိုလည်း ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ခဲ့ရသည်ဟု ၎င်းက ပြောသည်။

ဇမ်ဘီယာနိုင်ငံသည် အထူးသဖြင့် အာဖရိက ဦးဂျိုဒေသမှ ရွှေ့ပြောင်း နေထိုင်သူများ အာဖရိကတောင်ပိုင်းသို့ သွားရန်ကြိုးပမ်းသည့် ခရီးအတွင်းက လမ်းကြောင်းတစ်ခု ဖြစ်သည်။

သမ္မတဟောင်း ပီတာ မူသာရီကာကိုတွေ့ရစဉ်(GETTY IMAGES)

လူသေ အလောင်းများကို ဂွာဝီရီရီ (Ngwerere ) ဒေသခံများက တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ၆ နာရီတွင် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်ဟု မာဝါလီက ပြောသည်။

လူသေများနှင့်အတူ ရှာဖွေတွေ့ခဲ့သည့် အလောင်းများမှ စာရွက်စာတမ်းများအရ သေဆုံးခဲ့သူများသည် အီသီယိုးပီးယား ရွှေ့ပြောင်း နေထိုင်သူများ ဖြစ်သည်ဟု ယုံကြည်ရကြောင်း ၎င်းက ပြောသည်။

ကနဦး စစ်ဆေးချက်များအရ စွန့်ပစ်ခံထားရသူ အရေအတွက်မှာ ၂၈ ဦးရှိကြောင်း၊ အားလုံးမှာ အမျိုးသားများ ဖြစ်ပြီး အသက် ၂၀ မှ ၃၈ နှစ်အတွင်း ဖြစ်ကြောင်း၊ သူတို့ကို မည်သူမည်ဝါမှန်း မသိရသူများက ဂွာဝီရီရီဒေသ မင်းဝု နမ့်ဟိုရှီ (Meanwood Nkhosi) နှင့် ချီမီနူကာ (Chimimuka) လမ်းတစ်လျှောက်တွင် စွန့်ပစ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကြေညာချက် တစ်စောင်တွင် ဖော်ပြထားသည်။

အဆိုပါ အလောင်းများကို ဇမ်ဘီယာ တက္ကသိုလ်ဆေးရုံသို့ သယ်ဆောင်သွားသည်ဟုလည်း သိရသည်။

ဇမ်ဘီယာနည်းတူ အိမ်နီးချင်း မာလာဝီနိုင်ငံတွင်လည်း ပြီးခဲ့သည့် အောက်တိုဘာလက အီသီယိုးပီးယား ရွှေ့ ပြောင်း နေထိုင်သူ ၂၅ ဦး၏ အလောင်းကို အာဏာပိုင်များက တွေ့ခဲ့ရသည်။

မာလာဝီတွင် တွေ့ခဲ့ရသော အလောင်းများသည် သမ္မတဟောင်း ပီတာ မူသာရီကာ (Peter Mutharika)၏ မိသားစုနှင့် ဆက်စပ်နေသည် ဆိုသည့် အထောက်အထားများကိုပါ တွေ့ခဲ့ရသည်ဟုလည်း အာဏာပိုင်များက ပြောသည်။

Source: BBC

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားသမ္မတ ဗလာဒီမာပူတင် Kalashnikov ခရီးစဉ်ဖြစ်သည့် အောက်တိုဘာလအတွင်းက Kalashnikov စက်သေနတ်တစ်လက် ကိုင်ဆောင်ကြည့်နေစဉ်(ဓါတ်ပုံ-Getty Images)

ဖျက်အားပြင်း လက်နက်များထုတ်လုပ်မှု အရှိန်မြှင့်နေဟု ရုရှားသမ္မတဟောင်း ပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1794

CNI International News

မော်စကို၊ ဒီဇင်ဘာ ၁၂

ဥရောပ၊ အမေရိကန်နှင့် သြစတြေးလျတို့ရှိ ရန်သူများထံမှ မိမိကိုယ်ကို ကာကွယ်ရန် ရုရှားနိုင်ငံသည် မျိုးဆက်သစ်လက်နက်များထုတ်လုပ်ခြင်းကို အရှိန်မြှင့်တင်ဆောင်ရွက်နေပြီဟု ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) က ပြောသည်ဟု Bangkok Post သတင်းတွင် ဖော်ပြသည်။

“ဖျက်အားပြင်းလက်နက်ထုတ်လုပ်နေမှုကို အရှိန်မြှင့်တင်နေပါတယ်။ အဲဒီထဲမှာ နိယာမသစ်များကို အသုံးပြုရတဲ့ လက်နက်များလည်းပါဝင်နေပါတယ်” ဟု မက်ဗီဒက်ဗ်က တယ်လီဂရမ်မှာ ပြောခဲ့သည်။

“ရန်သူများဟာ ကျွန်တော်တို့မူလရင်းမြစ်ဖြစ်တဲ့ မာလိုရော့စီယာ (Malorossiya) ရှိ ကိယက်ဗ် (Kyiv) တွင်သာ မဟုတ်ဘဲ ဥရောပ၊ မြောက်အမေရိက၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်တို့အပါအဝင် နာဇီဝါဒကို လက်ခံတဲ့ တခြားကမ္ဘာ့နေရာများမှာရှိနေပြီ” ဟုလည်း သမ္မတဟောင်းက ပြောသည်။

ရုရှား၏ အသံထက်မြန်သော ဒုံးကျည်ကို တွေ့ရစဉ်(ဓါတ်ပုံ-TASS)

ရုရှားဘုရင်များလက်ထက်က ရုရှားအင်ပါယာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သော လက်ရှိ ယူကရိန်းနိုင်ငံ တည်ရှိရာ နယ်မြေကို ရည်ရွယ်ကာ မာလိုရော့စီယာဟု ၎င်းက ရည်ရွယ်သုံးနှုန်းခဲ့ခြင်းလည်းဖြစ်သည်။

မက်ဗီဒက်ဗ်သည် ရုရှားလုံခြုံရေးကောင်စီ၏ လက်ထောက်ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လက်နက် များနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များကိုတော့ ပြောဆိုခဲ့ခြင်းမရှိပေ။ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)သည်လည်း ရုရှားသည် အသံထက်ပိုမြန်သော လက်နက်များအပါအဝင် လက်နက်သစ်များကို ထုတ်လုပ်နေသည်ဟု မကြာခဏပြောဆိုခဲ့ဖူးသည်။ အသံထက်ပိုမြန်သောလက်နက်များသည် ကမ္ဘာပေါရှိ လက်ရှိ ဒုံးကျည်ကာကွယ်ရေးစနစ်အားလုံးကို ကျော်ဖြတ်နိုင်သည်ဟုလည်း ၎င်းက အမွှန်းတင်ထားသည်။

ရုရှားထုတ် ဝေဟင်ပစ်ဒုံးကျည်များကို ပြသထားစဉ်(ဓါတ်ပုံ- Piotr Butowski)

ယူကရိန်းကို ရုရှားတပ်များစတင်ဝင်ရောက်ခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှစတင်ကာ မက်ဗီဒက်ဗ်သည် လူမှုကွန်ယက်တွင် လေကျယ်သော ပို့စ်များကို မကြာခဏရေးတင်လေ့ရှိသူ ဖြစ်သည်။

ယူကရိန်းစစ်ပွဲတွင် အခြေအနေမကောင်းမှုကြောင့် စစ်ဘက်ဆိုင်ရာ အသာစီးရယူမှုအတွက် ရုရှားအနေဖြင့် နျူကလီးယားလက်နက်များအသုံးပြုလာနိုင်သည်ဆိုသည့် အနေအထားက စိုးရိမ်မှုများကိုမြင့်တက်စေလျက် ရှိသည်။

ပြီးခဲ့သည့် သောကြာနေ့ကလည်း ပူတင်သည် နျူကလီးယားလက်နက်များကို အသုံးပြုလာနိုင်မည့် အဓိပ္ပာယ်မျိုးပေါ်အောင် ပြောခဲ့ဖူးသည်။ ရုရှားတွင်ရှိနေသော ခရုဇ်ဒုံးကျည်များနှင့် အသံထက်မြန်သော ဒုံးကျည်များက အမေရိကန်တွင်ရှိသောလက်နက်များထက် ပိုခေတ်မှီကာ ပိုအသုံးဝင်သည်ဟုလည်း ပူတင်က ပြောသည်။

Source:Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆားဘီးယားသမ္မတ အလက်ဆန်ဒါ ဗူဆစ်ကိုတွေ့ရစဉ် (fb)

ဆားဘီးယားဘက်မှ လမ်းပိတ်ဆို့၍ ကိုဆိုဗိုမြောက်ပိုင်းတွင် တင်းမာနေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 971

CNI International News

ပရစ်တီနာ၊ ဒီဇင်ဘာ ၁၂

ဆားဘီးယားဘက်မှ လမ်းများပိတ်ဆို့ခဲ့ခြင်းကြောင့် ကိုဆိုဗိုမြောက်ပိုင်းတွင် တနင်္ဂနွေနေ့က တင်းမာမှုများ မြင့်တက်လာသည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

ပစ်ခတ်မှုများနှင့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လမ်းများကို ပိတ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ဒဏ်ရာ ရရှိသူများ ရှိ/မရှိကိုတော့ မသိရသေးကြောင်း ကိုဆိုဗိုရဲတပ်ဖွဲ့နှင့် မီဒီယာများက ပြောသည်။

လမ်းများကို မော်တော်ယာဉ်ကြီးများ၊ ထရပ်ကားများဖြင့် ပိတ်ထားခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်သည် ဆားဘီးယားလူမျိုး အများစုနေထိုင်ရာ ကိုဆိုဗိုမြောက်ပိုင်းတွင် ဆားဘီးယားလူမျိုးများ ထိခိုက်နစ်နာမှု ရှိနေခြင်းတို့ကြောင့် ဆားဘီးယားတပ်ဖွဲ့ဝင် ၁၀၀၀ ကို ကိုဆိုဗိုဒေသသို့ ဝင်ရောက်ခွင့်ပြုရန် ဆားဘီးယားသမ္မတက ခွင့်ပြုမိန့် တောင်းခံခဲ့ပြီးနောက် တစ်ရက်အကြာတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လမ်းများ ပိတ်ဆို့ထားရခြင်းသည် ကိုဆိုဗိုဆားဘီးယား ရဲအရာရှိဟောင်းတစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းကို ဆန္ဒပြရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆားဘီးယားဘက်မှ ပြောသည်။ ကိုဆိုဗိုရှိ ဆားဘီးယားလူမျိုးများ၏ ကန့်ကွက်မှုများကြောင့် မြူနီစပါယ် ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခဲ့ရသည်။

ကိုဆိုဗိုက ဆားဘီးယားများ လမ်းပိတ်ထားသည်ကိုတွေ့ရစဉ် (AP)

ကိုဆိုဗိုရှိ ဆားဘီးယား လူမျိုးများသည် အညံ့ခံမည်မဟုတ်၊ အညံ့ခံမှု ရှိလာမည်မဟုတ်ဟု သတင်းစကား ပါးလို သည်ဟု ဆားဘီးယားသမ္မတ အလက်ဆန်ဒါ ဗူဆစ် (Aleksandar Vucic)က ပြောသည်။ ကိုဆိုဗိုလုံခြုံရေး တပ်ဖွဲ့ များထံမှ ဆားဘီးယားလူမျိုးများသည် မိမိကိုယ်ကို ကာကွယ်ရန် ယခုကဲ့သို့ လမ်းပိတ်ထားရခြင်း ဖြစ်သည်ဟု လည်း ၎င်းက ပြောသည်။

သို့သော် ကိုဆိုဗိုဘက်ကတော့ ဆားဘီးယားသည် ကိုဆိုဗိုကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေခြင်းဟု စွပ်စွဲ သည်။ ထို့အပြင် ဆားဘီးယားတို့သည် အီးယူမှ ကြားဝင်စေ့စပ်ပေးသော နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် ဆွေးနွေးပွဲများကို ရပ်တန့်ရန်နှင့် ထိုဆွေးနွေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ သယ်ဆောင်သွားရန် ကြိုးစား နေသည်ဟုလည်း ကိုဆိုဗို ဝန်ကြီးချုပ် အယလ်ဘင် ကာတီ (Albin Kurti) ကပြောသည်။

လုံခြုံရေးကောင်စီတွင် ဆားဘီးယားတို့က ရုရှားထံမှ အကူအညီရရန်လည်း မျှော်လင့်ထားသည်။

ထို့ကြောင့် ကိုဆိုဗိုမှ ဆားဘီးယားများ အနေဖြင့် ရာဇဝတ်အုပ်စုများအပြင် ၎င်းတို့ကို ငွေကြေး ထောက်ပံ့ကာ စစ်ဖြစ်လိုနေသည့် ဆားဗီးယား အစိုးရနှင့် မပတ်သက်ရန်လည်း ကာတီက တောင်းဆိုသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 26
  • 27
  • 28
  • 29
  • 30
  • 31
  • 32
  • 33
  • 34
  • 35

Page 31 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar