CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ဟူးမန်းကျေးရွာ အနီးမှာ တအာင်း အမျိုး သားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲကြောင့် ဟူးမန်းကျေးရွာမှ ဒေသခံများသည် ဇယန်းကြီးကျောင်းတိုက်သို့ ယနေ့ (ဒီဇင်ဘာ ၉ ရက်)တွင် ထွက်ပြေးတိမ်းရှောင်လာကြသည်။

အဆိုပါ တိုက်ပွဲရှောင်များသည် ယနေ့ (ဒီဇင်ဘာ ၉ ရက်) နေ့လယ် ၁ နာရီ ၄၀ မိနစ်က ဟူးမန်းကျေးရွာအုပ်စု၊ ဟူးမန်း ကျေးရွာ၊ ဇယန်းကြီးကျောင်းတိုက်သို့ တိမ်းရှောင်လာကြခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့က ဇယန်းကြီးကျောင်းတိုက်သို့ ရောက်လာသည့် ဟူးမန်းရွာက တိုက်ပွဲ ရှောင်များကိုတွေ့ရစဉ် (Palaung Land)

အရေအတွက် အတည်အကျကိုတော့ မသိရသေးကြောင်း ဒေသတွင်း ပလောင် အဖွဲ့အစည်းများက ပြောသည်။

TNLA နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများသည် နမ့်ဆန်မြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၇ ရက်နေ့မှ စတင်ကာ ဖြစ်ပွား နေခြင်း ဖြစ်သည်။

ထိုတိုက်ပွဲကြောင့် ဇယန်းကြီးကျောင်းတိုက်သို့ မန်လုံး၊ ဟူးမန်း၊ လီဆူရွာမှ ဒေသခံ ၂၀၀ ဝန်းကျင် တိမ်းရှောင်လာခဲ့ကြ သည်။