CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ရှီကျင့်ဖျင်နဲ့ ဆော်ဒီမင်းသားကို တွေ့ရစဉ် (GETTY IMAGES)

တရုတ်၊ အမေရိကန်တို့၏ ပင်လယ်ကွေ့ ကစားပွဲသစ်

By CNI
CNI
Category: ဆောင်းပါး
Hits: 4347

CNI International Article

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၁

တရုတ်သည် ဆော်ဒီနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး ဆော်ဒီသည် တရုတ်၏အကြီးမားဆုံး ရေနံဝယ်လက် ဖြစ်နေခြင်းကြောင့် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုများမှာ သိပ်မထူးခြား ခြေ။ သို့သော် ယခုတစ်ကြိမ်တွင်တော့ ထူးခြားမှုတချို့ ရှိလာနေပြီ ဖြစ်သည်။

တရုတ်သမ္မတ ရှီ (Xi Jinping)က ဆော်ဒီမြေကို ခြေမချခင်ကတည်းက အမေရိကန်ကို နှပ်ချရန်၊ ဒေသတွင်း အမေရိကန်၏ သြဇာသက်ရောက်မှုကို စွက်ဖက်ရန် ပြောဆိုမှုများ ရှိခဲ့သည်။

တစ်ဖက်တွင်လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)က အရှေ့အလယ်ပိုင်းဒေသတွင် တရုတ်၊ ရုရှား နှင့် အီရန်တို့နေရာ ရလာမည်ကို အမေရိကန်ဘက်က လက်ခံသွားမည် မဟုတ်ဟု ပြောခဲ့သည်။ လွန်ခဲ့တဲ့ ၅ လ ဆော်ဒီခရီးစဉ်တွင် ဘိုင်ဒန်က ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

အာဖဂန်မှ အမေရိကန်တပ်များ ထွက်ခွာလာရခြင်းမှာလည်း ပင်လယ်ကွေ့နှင့် ဒေသတွင်းမှ နိုင်ငံများအတွက် အရင်းအမြစ်များ ပိုမိုရရှိရန် ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု ဘိုင်ဒန်က အရှေ့အလယ်ပိုင်း မဟာမိတ်များကို စိတ်အေးရန် ပြောကြားခဲ့ရသည်။

သို့သော် ထိုပြောဆိုချက်များက တရုတ်နှင့် ဆော်ဒီ၏ ဆက်ဆံရေးများ ရှေ့မတိုးလာစေရန် အဟန့်အတား မဖြစ် ခဲ့ပါခြေ။ ရှီ၏ ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်နေ့ ဆော်ဒီခရီးစဉ်အတွင်း ဆော်ဒီခေါင်းဆောင်များအပြင် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်မှု ကောင်စီ (GCC) နှင့် သီးခြား ညီလာခံများပါ ဆောင်ရွက်နိုင်ခဲ့သည်။

အမေရိကန်တို့အတွက် ပိုပြီးမျက်ခုံးလှုပ်ရသည်မှာ အာရပ်ခေါင်းဆောင်များက ရှီနှင့်ဆွေးနွေးပွဲများကို ဘိုင်ဒန်နှင့် ဆွေးနွေးပွဲများထက် ပို၍ ခမ်းနားအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက မည်သည့်အတွက်ကြောင့် ယခုကဲ့ သို့ လုပ်ဆောင်ရသလဲဆိုသည့် မေးခွန်းကို ပေါ်ထွက်လာစေသည်။

အဘယ့်ကြောင့်ဆိုသော် အမေရိကန်- ဆော်ဒီ ဆက်ဆံရေးသည် အမေရိကန်-တရုတ် ဆက်ဆံရေးခဲ့သို့ပင် မကျေလည်မှု တချို့ ရှိနေခြင်းကြောင့် ဖြစ်သည်။ အမေရိကန်ဘက်က ဆော်ဒီနှင့်ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းရန် ကြိုးပမ်းနေရင်းနှင့်ပင် ယခုကဲ့သို့ ဖြစ်နေရခြင်း ဖြစ်သည်။

 

ဘိုင်ဒန်နဲ့ ဆော်ဒီမင်းသားကို တွေ့ရစဉ် (GETTY IMAGES)

 ဆော်ဒီနှင့် တရုတ်တို့သည် ယူကရိန်း အရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံအပေါ် ၎င်းတို့၏ သဘောထားကြောင့် အမေရိကန်၏ ဖိအားပေးခြင်းနှင့် ရင်ဆိုင်နေရသည်။

ထိုအခြေအနေကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုကောင်းလာကာ ပို၍ နီးကပ်မှု ရှိလာခြင်း ဖြစ်သည်။ ပင်လယ် ကွေ့ နိုင်ငံများမှ လူငယ်ခေါင်းဆောင် မျိုးဆက်များသည်လည်း လက်ရှိအချိန်တွင် အမေရိကန်နှင့် ပိုမို ကင်းလွတ် ခွင့် ရရှိရေးနှင့် ၎င်းတို့နိုင်ငံများ၏ စွမ်းအင်၊ နည်းပညာနှင့် လုံခြုံရေးဆိုင်ရာ ကဏ္ဍများတွင် ပိုမိုခိုင်မာစေရေး အတွက် ကြိုးပမ်းဆောင်ရွက် လာနေကြသည်။

ထိုအခြေအနေတွင် တရုတ်နိုင်ငံသည် ၎င်းတို့အတွက် သင့်တော်သော မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်လာကာ မှီခိုနိုင် သော စွမ်းအင် အရင်းအမြစ်များ ရှာဖွေမှု၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် ဈေးကွက်ဖြစ်မှု၊ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ကုန်သွယ်မှုတို့ကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးထက် ပို၍ အလေးထား ဆောင်ရွက်လျက်ရှိသည်။

ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်မှု ကောင်စီ(GCS)သည်ပင် ဝီဂါမူဆလင်များနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ အငြင်းပွားဖွယ် မူဝါဒများကို ထောက်ခံသလို ပြောဆိုခဲ့မှုကြောင့် အမေရိကန်နှင့် တခြားနိုင်ငံများ၏ ဝေဖန်မှုဖြင့် ရင်ဆိုင်ခဲ့ရသည်။

၂၀၂၁ ခုနှစ်တွင် ဘိုင်ဒန်အစိုးရက ဆော်ဒီနိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းများ ဆိုးရွားနေမှုနှင့်ပတ်သက်၍ ဝေဖန် ခဲ့သည်။

အနောက်နိုင်ငံများ အနေဖြင့်လည်း ရုပ်ကြွင်းလောင်စာများမှ ဂရင်းစွမ်းအင် ပြောင်းလဲရေးနှင့်ပတ်သက်၍ မသိ ကျိုးကျွံ ပြုနေထိုင်ခဲ့ကြသည်။ သို့သော် ယခုနှစ် အစောပိုင်း ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်စစ်က အခြေအ နေများကို ပြောင်းလဲသွားစေခဲ့သည်။

အမေရိကန်နှင့် ဥရောပ မဟာမိတ်များသည် ရုရှားအရေးကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ရှားပါး ခြင်း သို့မဟုတ် ဈေးကြီးခြင်းဖြင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအခြေအနေက ကိုဗစ်ကူးစက်မှုမှ ပြန်လည် ထူထောင်စ ၎င်းတို့နိုင်ငံများ၏ စီးပွားရေးကို ခက်ခဲစေခဲ့သည်။

ယူကရိန်းစစ်ပွဲအတွင်းက အခြေအနေကိုတွေ့ရစဉ် (AP)

 အမေရိကန်၏ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် ရေနံဈေးကို လျှော့ချရေး ဘိုင်ဒန်၏ ဆော်ဒီနိုင်ငံအပေါ် ပြောဆို စည်းရှုံးမှုများသည် အောင်မြင်ခဲ့ခြင်း မရှိပေ။

ဆော်ဒီ ဦးဆောင်သည့် OPEC အဖွဲ့က ရေနံထုတ်လုပ်မှုကို တိုးမြှင့်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အခြား သော အနောက်အုပ်စု ခေါင်းဆောင်များကလည်း ၎င်းတို့၏ နည်းလမ်းများဖြင့် ကြိုးစားခဲ့ကြသည်။

ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဇ် ရှလို့ဇ် ( Olaf Scholz) သည် ရုရှားမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ နေရာ အစိုးရန် အတွက် ရှာဖွေရန် ပင်လယ်ကွေ့ ဒေသသို့ လာရောက်ခဲ့သည်။

သို့သော် တရုတ်ဘက်က ၎င်းတို့ကို ကျော်ဖြတ်ကာ ဒေါ်လာ ဘီလီယံ ပေါင်းများစွာ တန်ကြေးရှိသော တင်ဒါ စာချုပ်များကို ဒေသတွင်း အုပ်ချုပ်သူများနှင့် ချုပ်ဆိုနိုင်ခဲ့သည်။

ပင်လယ်ကွေ့ ဒေသအတွက် ကစားပွဲအသစ်တွင် စွမ်းအင်ကဏ္ဍသည် အဓိကကျသော်လည်း အမေရိကန်ကတော့ ဒေါသထွက်ရန် တခြားကိစ္စများလည်း ရှိနေသေးသည်။ ယခု ကစားပွဲအသစ်မှာ ယခင်ကထက်ပို၍ ရက်စက် ကြမ်းကြုတ်မှုများလည်း ရှိနေသည်။

အမေရိကန်သည် အရေးပါဆုံး အာဏာလွှမ်းခြုံ ထားနိုင်မှုကို မြှင့်တင်ရန် ဘိုင်ဒန်၏ ကသိုက်ကရိုက် ကြိုးပမ်းမှုက အရှေ့အလယ်ပိုင်းနှင့် တခြားသော ဒေသများတွင် အမေရိကန်၏ လိုအပ်ချက်ကြောင့် လစ်ဟာသွားသော နေရာ များကို တရုတ်က အစားထိုး ဝင်ရောက်လိုခြင်း၊ ဝင်ရောက်နိုင်ခြင်း စသည်တို့ကို ထိတ်လန့်ခြင်းမှ အခြေခံသည်။

ထိုအခြေအနေများကြောင့် အမေရိကန်၏ အာရှဗဟိုပြု မူဝါဒများ ပေါ်ပေါက် လာရခြင်းလည်း ဖြစ်သည်။

အာဆီယံနိုင်ငံများ အစည်းအဝေး ကျင်းပနေစဉ် (GETTY IMAGES)

တရုတ်က ယခင်အချိန်များထက် ပိုမိုကြီးမားသော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ရရှိရန် အရှေ့အလယ်ပိုင်း နှင့် ပင်လယ်ကွေ့ ဒေသတို့တွင် အားစိုက် ဆောင်ရွက်နေစဉ် အမေရိကန်သည် တရုတ်၏ မြင့်တက်လာမှုကို ထိန်းသိမ်းရန် မူဝါဒများ ပြောင်းလဲ ဆောင်ရွက်လာနေသည်။

တရုတ်သည် ဒီဂျိုဘူတီ (Djibouti) တွင် ရေတပ် အခြေစိုက် စခန်းတစ်ခု တည်ဆောက်ကာ ပါရှန်ပင်လယ်ကွေ့ တွင် စစ်သင်္ဘောအုပ်စုငယ်များ ပို့ဆောင်ထားသည်။

ထို့အပြင် တရုတ်သည် အယ်လ်ဂျီးရီးယား၊ အီဂျစ်၊ ယူအေအီး၊ အီရန်တို့ဖြင့်လည်း မဟာဗျူဟာမြောက် မိတ်ဖက် သဘောတူညီချက်များ ရရှိထားသည်။ အလားတူ ရုရှား၊ အီရန်တို့ဖြင့်လည်း ကြီးမားသော ရေတပ်စစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်ထားသည်။

စွမ်းအင် လိုအပ်ချက် နည်းသော အမေရိကန်နှင့် မတူသည်မှာ တရုတ်သည် စီးပွားရေး တိုးတက်မှု၊ စစ်ရေး ယန္တရားများနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုအဖြစ် ရှိနေမှုတို့ကို ထိန်းသိမ်းတိုးမြှင့်ရန် ပင်လယ်ကွေ့ဒေသမှ ရေနံနှင့် ဓာတ်ငွေ့ကို လိုအပ်သည်။

အဆိုပါ အခြေအနေများသည် အမေရိကန်ကို ဒေါသဖြစ်စေသည်။ စူပါပါဝါနိုင်ငံ တစ်ခုအနေဖြင့် အမေရိကန်သည် အရှေ့အလယ်ပိုင်း ဒေသကို စစ်ရေး၊ နိုင်ငံရေး စသည်ဖြင့် ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးထားသည်။

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကိုတွေ့ရစဉ် (GETTY IMAGES)

ထို့အပြင် အမေရိကန်သည် ပါရှန်ပင်လယ်ကွေ့တွင် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွဝ်ရန် လိုအပ်လာပါက စစ်အင်အား အသုံးပြုခွင့်ကိုလည်း ရရှိထားသည်။

GCC နှင့် တရုတ်ဆက်ဆံရေးက သံတမန်ရေးရာ အခြေအနေသစ် တစ်ခုနှင့် ပထဝီဝင် နိုင်ငံရေးဆိုင်ရာ တင်းမာ မှုများအထိ ဖြစ်လာနိုင်ဖွယ် ရှိနေသည်ဟု အမေရိကန်မှ ပြောဆိုမှုများ ရှိလာနိုင်သော်လည်း ထိုကိစ္စကို အဆုံး အဖြတ် ပေးမှာသည် တရုတ်၏ ပြန်လည် ပြင်ဆင်ရေးဝါဒအပေါ်တွင် မူတည်သည်။

ဆိုဗီယက်ယူနီယံနှင့် မတူသည်မှာ တရုတ်က အနောက်အုပ်စု ဦးဆောင်သည့် နိုင်ငံတကာစနစ် အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ထားကာ တခြားသော ကမ္ဘာ့မူဝါဒတစ်ခုနှင့် ကမ္ဘာကို လွှမ်းမိုးရန် ကြိုးပမ်းခြင်းမျိုး မဟုတ်ပေ။

၎င်းက မျှတစွာ ပါဝင်သူ တစ်ဦးအနေဖြင့် ကမ္ဘာ့လမ်းစဉ် အသစ်တစ်ခု၏ မူဝါဒများကို ပူးတွဲဖော်ဆောင်သွားရန် ပြောဆိုထားသည်။

အင်အား ကြီးမားလာခြင်းနှင့် အင်အား လွှမ်းမိုးထားခြင်းတို့က ပေးဆပ်မှုများသော ထိပ်တိုက် တွေ့ဆုံမှုများကို ဖြစ်စေကြောင်း သမိုင်းအခြေအနေများက ပြသခဲ့ပြီး ဖြစ်သည်။

ထိုနည်းတူစွာပင် လိုက်လျောညီထွေဖြစ်မှု၊ ပေါင်းစည်းမှုတို့လည်း ထိပ်တိုက် တွေ့ဆုံခြင်းနှင့် ပြိုလဲခြင်းတို့မှ ကာကွယ်ပေးနိုင်သည်ကို သမိုင်းအခြေအနေများမှ လေ့လာခဲ့ရပြီး ဖြစ်သည်။

ပဋိပက္ခပေါင်းစုံနှင့် စစ်ပွဲများစွာဖြင့် ရင်ဆိုင်ခဲ့ရပြီးဖြစ်သော အရှေ့အလယ်ပိုင်း ဒေသထက် မည်သည့် ကမ္ဘာ့ဒေသ ကမှ ထိုအရာများ၏ အကျိုးအပြစ်များကို ပို၍ သိနိုင်လိမ့်မည် မဟုတ်ပေ။

Source: Al Jazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေးလမ်းစပွင့်ဖို့ ရွေးကောက်ပွဲကျင်းပမည်ဆိုရုံဖြင့် မလုံလောက်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 692

Share
Tweet
Share
Share
powered by social2s

ဟေတီနိုင်ငံ မြို့ တော်၏ ၆၀ ရာခိုင်နှုန်းကို ရာဇဝတ်ဂိုဏ်းများမှ ထိန်းချုပ်ထားဟု ကုလပြော

By CNI
CNI
Category: Watch TV
Hits: 650

Share
Tweet
Share
Share
powered by social2s

အဂတိလိုက်စားမှုက နိုင်ငံအတွက် အန္တရာယ်ဖြစ်၍ အရေးယူရန် နစကဥက္ကဋ္ဌပြော

By CNI
CNI
Category: Watch TV
Hits: 705

Share
Tweet
Share
Share
powered by social2s

ယူကရိန်းစစ်ပွဲမှ ပိုကြီးမားသော စစ်ပွဲတစ်ခုပေါ်ပေါက်လာမည်ကို နေတိုးစိုးရိမ်

By CNI
CNI
Category: Watch TV
Hits: 694

Share
Tweet
Share
Share
powered by social2s
ပိုလန်အာဏာရပါတီ ခေါင်းဆောင် ဂျာရိုစလော ကတ်ဇီရန်စကီကိုတွေ့ရစဉ် (AP)

ဂျာမနီသည် ဥရောပကို ကြီးစိုးရန် ကြိုးစားနေဟု ပိုလန်ခေါင်းဆောင် ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1117

CNI International News

ဝါဆော၊ ဒီဇင်ဘာ ၁၀

ဂျာမနီသည် ဥရောပကို ကြီးစိုးရန် ကြိုးစားနေသည်ဟု ပိုလန်အာဏာရပါတီ ခေါင်းဆောင် ဂျာရိုစလော ကတ်ဇီရန် စကီက ပြောကြောင်း AP သတင်းမှ ဖော်ပြခဲ့သည်။

ပိုလန်လူမျိုးများသည် နောင်တွင် ဂျာမနီ၏ အလိုကျသာ ဖြစ်လာနိုင်ကြောင်း ၎င်းက သတိပေးသည်။

လက်ရှိ အာဏာရ အမျိုးသားကွန်ဆားဗေးတစ်ပါတီ ဥက္ကဋ္ဌ ဂျာရိုစလော ကတ်ဇီရန်စကီ (Jaroslaw Kaczynski) သည် လာမည့်နှစ် ရွေးကောက်ပွဲမတိုင်ခင် ဂျာမနီနိုင်ငံနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ ပြိုင်ဘက်များကိုလည်း ဂျာမန်သစ္စာတော်ခံများဟု ဖော်ညွှန်းခဲ့သည်။

တခြားသော အလယ်ဥရောပ နိုင်ငံများနည်းတူ ပိုလန်လူမျိုး အများစုသည်လည်း ယူကရိန်းအရေးနှင့် ပတ်သက်သည့် ဂျာမနီ၏ ရပ်တည်ချက်အပေါ် ဝေဖန်လျက်ရှိသည်။

အထူးသဖြင့် ရုရှား၏ စွမ်းအင်ကို မှီခိုနေရသော ဓာတ်ငွေ့ဆိုင်ရာ စာချုပ်များကြောင့်ဖြစ်ပြီး ထိုစာချုပ်များက ရုရှားတို့၏ စစ်ရေးလှုပ်ရှားမှုများအတွက် အထောက်အပံ့ ဖြစ်စေလျက်ရှိသည်ဟု ရှုမြင်ထားသည်။

ပိုလန်အထိန်းအမှတ် ကျောက်တိုင်ကိုတွေ့ရစဉ် (AP)

သို့သော် လက်ရှိအာဏာရ ဥပဒေနှင့်တရားမျှတမှုပါတီကို ဝေဖန်သူများက ၎င်း၏ ဂျာမနီဆန့်ကျင်ရေး သဘော ထားသည် ပိုလန်အကျိုးစီးပွားအတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်ရုံမက အနောက်အုပ်စု မဟာမိတ်များနှင့် ဆက်ဆံ ရေးပြတ်တောက်နိုင်သည့် အန္တရာယ်ရှိနေသည်ဟု ထောက်ပြသည်။

ဂျာမနီဘက်မှ ကမ်းလှမ်းထားသော ဒုံးကျည်ကာကွယ်ရေးစနစ် သုံးခုကို ပိုလန်နိုင်ငံဘက်မှ လက်ခံခြင်း ရှိ/မရှိနှင့် ပတ်သက်၍ အာဏာရပါတီ၏ မပြတ်သားမှုက ပို၍ အန္တရာယ်ရှိသည်ဟုလည်း ဝေဖန်သူများက ပြောသည်။

ပြီးခဲ့သည့်လ ယူကရိန်းနှင့် နယ်စပ်အနီး ပိုလန်မြေပေါ်သို့ ဒုံးကျည်တစ်ခု ကျရောက်ခဲ့မှုကြောင့် ဂျာမနီ ဘက်က ထိုသို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ထိုကမ်းလှမ်းမှုကို ကတ်ဇီရန်စကီက ယူကရိန်းမြေပေါ်တွင် သွားရောက် တပ် ဆင်သင့်သည်ဟု တုန့်ပြန်ခဲ့ပြီး ထိုအချက်ကို ဂျာမနီဘက်မှ လက်မခံချေ။

ပြီးခဲ့သည့် အင်္ဂါနေ့မှ ကမ်းလှမ်းမှုများကို လက်ခံကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သော် လည်း ထိုသို့ လက်ခံရခြင်းအအတွက် စိတ်ပျက်မိသည်ဟု ကတ်ဇီရန်စကီက ပြောခဲ့သည်။

ပိုလန်သမ္မတ အန့်ဇတ်ဒူဒါကို လူငယ်များနဲ့အတူ တွေ့ရစဉ် (AP)

ပိုလန်အာဏာရ ပါတီဘက်မှ ယခုကဲ့သို့ ဂျာမနီကို လိုလားဟန် မရှိခြင်းမှာ သက်ကြီးပိုင်း မဲဆန္ဒရှင်များထံမှ မဲများရရှိရေး ကြိုးစားနေမှုဟု ဝေဖန်သူများက ပြောသည်။

ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့က ပိုလန်ကို ကျူးကျော်ခဲ့ကာ ပိုလန်နိုင်ငံသား ၆ သန်းကျော် သေဆုံးခဲ့ သည်။ ထိုအတိတ် ဖြစ်ရပ်များနှင့်ဆက်စပ်၍ သက်ကြီးပိုင်း မဲဆန္ဒရှင်များထံမှ ထောက်ခံမဲ ရရှိအောင် အာဏာရ ပါတီက လုပ်ဆောင်နေခြင်းဟု ဝေဖန်ကြခြင်း ဖြစ်သည်။

သို့သော် ဂျာမနီတွင် ပညာသင်ကြားခဲ့သည့် သို့မဟုတ် အလုပ်လုပ်ခဲ့သည့် ပိုလန်လူမျိုး အများစုကတော့ ခေတ်သစ် ဂျာမနီနိုင်ငံနှင့်ပတ်သက်၍ အကောင်းမြင် သဘောထား ရှိကြသည်။

ပိုလန်၏ အကြီးမားဆုံး အနောက်ဘက် အိမ်နီးချင်း နိုင်ငံဖြစ်သော ဂျာမနီသည် ၎င်းတို့၏ ပင်မကုန်သွယ်ဖက် ဖြစ်ရုံမက နေတိုး(NATO)နှင့် အီးယူ(EU) မဟာမိတ်နိုင်ငံ တစ်ခုလည်း ဖြစ်သည်။ ပိုလန်သမ္မတ အန့်ဇတ်ဒူဒါ (Andrzej Duda) သည် လာမည့် တနင်္လာနေ့တွင် ဘာလင်(ဂျာမနီ)သို့ သွားရောက်ရန် စီစဉ်ထားသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဆန္ဒပြပွဲများတွင် ဖမ်းဆီးထားသူတစ်ဦးကို ကွပ်မျက်လိုက်ပြီဟု အီရန်အစိုးရ ထုတ်ပြန်

By CNI
CNI
Category: Watch TV
Hits: 706

Share
Tweet
Share
Share
powered by social2s

ဆော်ဒီနှင့် တရုတ် မဟာဗျူဟာမြောက် သဘောတူညီချက်များ လက်မှတ်ထိုး

By CNI
CNI
Category: Watch TV
Hits: 700

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှ အရပ်သားလုံခြုံမှုကို ဖြေရှင်းနိုင်မည်

By CNI
CNI
Category: Watch TV
Hits: 694

Share
Tweet
Share
Share
powered by social2s

ဂူဂျာရတ်ပြည်နယ်တွင် မိုဒီ၏ BJP ပါတီအနိုင်ရ

By CNI
CNI
Category: Watch TV
Hits: 772

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့က ဇယန်းကြီးကျောင်းတိုက်သို့ ရောက်လာသည့် ဟူးမန်းရွာက တိုက်ပွဲ ရှောင်များကိုတွေ့ရစဉ် (Palaung Land)

TNLA နှင့် တပ်မတော် တိုက်ပွဲကြောင့် ဟူးမန်းရွာခံများ ထွက်ပြေးတိမ်းရှောင်နေရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1371

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ဟူးမန်းကျေးရွာ အနီးမှာ တအာင်း အမျိုး သားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲကြောင့် ဟူးမန်းကျေးရွာမှ ဒေသခံများသည် ဇယန်းကြီးကျောင်းတိုက်သို့ ယနေ့ (ဒီဇင်ဘာ ၉ ရက်)တွင် ထွက်ပြေးတိမ်းရှောင်လာကြသည်။

အဆိုပါ တိုက်ပွဲရှောင်များသည် ယနေ့ (ဒီဇင်ဘာ ၉ ရက်) နေ့လယ် ၁ နာရီ ၄၀ မိနစ်က ဟူးမန်းကျေးရွာအုပ်စု၊ ဟူးမန်း ကျေးရွာ၊ ဇယန်းကြီးကျောင်းတိုက်သို့ တိမ်းရှောင်လာကြခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့က ဇယန်းကြီးကျောင်းတိုက်သို့ ရောက်လာသည့် ဟူးမန်းရွာက တိုက်ပွဲ ရှောင်များကိုတွေ့ရစဉ် (Palaung Land)

အရေအတွက် အတည်အကျကိုတော့ မသိရသေးကြောင်း ဒေသတွင်း ပလောင် အဖွဲ့အစည်းများက ပြောသည်။

TNLA နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများသည် နမ့်ဆန်မြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၇ ရက်နေ့မှ စတင်ကာ ဖြစ်ပွား နေခြင်း ဖြစ်သည်။

ထိုတိုက်ပွဲကြောင့် ဇယန်းကြီးကျောင်းတိုက်သို့ မန်လုံး၊ ဟူးမန်း၊ လီဆူရွာမှ ဒေသခံ ၂၀၀ ဝန်းကျင် တိမ်းရှောင်လာခဲ့ကြ သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အရပ်သားလုံခြုံရေးအတွက် တာ၀န်ရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့၀င် တစ်ဦးကိုတွေ့ရစဉ် (GETTY IMAGES)

နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှ အရပ်သားလုံခြုံမှုကို ဖြေရှင်းနိုင်မည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1817

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉

လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံ‌ရေးပြဿနာများကို ဖြေရှင်းနိုင်မှ အရပ်သားများ၏ လုံခြုံရေးဆိုင်ရာ ပြဿနာများ အား ဖြေရှင်းနိုင်မှာဖြစ်ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

တရားဥပဒေစိုးမိုးမှု ပျက်ပြားသွားသည့်အတွက် ရာဇဝတ်မှုများ ပိုမိုများပြားလာကြောင်း၊ ထို့နောက် လိမ်လည်မှု၊ ခိုးမှု၊ လုယက်မှု၊ လူသတ်မှု၊ ဓားပြမှု အစရှိသည့် အမှုမျိုးများကအစ ဘာမှမလုပ်နိုင်ပဲ ဖြစ်နေကြောင်း ၎င်းက ပြော သည်။

ဦးကိုကိုကြီးက “အဲဒီတော့ အခြေခံ အကြောင်းအရင်းက‌တော့ နိုင်ငံရေးပေါ့၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နစက-က နိုင်ငံတော် အာဏာရယူပြီး နောက်ပိုင်း ခုခံမှုတွေ ဆန္ဒပြမှုတွေကနေ နောက်ဆုံး လက်နက်ကိုင် ခုခံမှုတွေအထိ ပေါ့နော်၊ အရပ်သား သေကြေပျက်စီးမှုတွေ ရပ်ရွာအိုးအိမ် မီးလောင် ဖျက်ဆီးခံရတာတွေ အစရှိသဖြင့် ဒါနောက် ဆုံး ပြောရရင် ဗုဒ္ဓဘာသာရဟန်း သံဃာတော်တွေ အခုလိုမျိုး အပါး ၈၀ လောက်အထိ ရှိသွားပြီပေါ့နော်၊ သေကြေ ပျက်စီးတာတွေ အရပ်သား သေကြေပျက်စီးမှုဆိုလည်း ၇၀၀၀ ကျော် ဒါဟာ ကျနော်တို့ သမိုင်းမှာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ အနိဋ္ဌာရုံတွေ ကြုံနေရတာလို့ ကျနော်တို့ ပြောရမှာပဲ၊ ဒါကြောင့် အခြေခံ နိုင်ငံရေးပြဿနာကို ဖြေရှင်း နိုင်ဖို့က အရေးကြီးတယ်လို့ မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကျပ်သန်းပေါင်း ၄ သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ ဖမ်းဆီးရမိစဉ်

မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်းကနေ လက်နက်ကိုင်ပဋိပက္ခများ နိုင်ငံအနှံ့ဖြစ်ပွားလာပြီးနောက် လက်နက်နှင့် မူးယစ်ဆေးဝါး စီးဆင်းမှုများလည်း တစ်ပါးတည်း ဝင်ရောက်လာခဲ့သည်။

ထို့နောက် အရပ်သားများသည် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်ခံရမှုများဖြင့် ရင်ဆိုင်လာနေကြရသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးကို လက်နက်ကိုင်အဖွဲ့အစည်းအချို့မှ လုပ်ကိုင်နေကြကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ခင်ညွှန့်တို့၊ သန်းရွှေတို့ မူးယဇ်ဆေးဝါးနဲ့ အုပ်ချုပ်လာတာပဲလေ ၂၅ နှစ်တောင် အုပ်ချုပ်သွားတာ၊ သိန်းစိန် တက်လာတော့မှ နည်းနည်းပါးပါးလေး တန့်သွားတာ၊ နည်းနည်းပါးပါးလေး ပြောတာ၊ ဒါပေမယ့်လို့ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ပြည်သူ့စစ်တွေက အဲဒီအလုပ်နဲ့ပဲ လုပ်စားနေတာ၊ AA ဆို မူးယဇ်ဆေးဝါးနဲ့ပဲ လက်နက်တွေ ဝယ်၊ AA တပ်ကို ထူထောင်တာပဲကွ” ဟု ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA)ကိုတွေ့ရစဉ် (GETTY IMAGES)

AA ကို မူးယစ်ဆေးဝါးဖြင့် ထူထောင်သည်ဆိုသော စွပ်စွဲချက်နှင့် ပတ်သက်ပြီး AA မှ တာဝန်ရှိသူများထံ ဆက် သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားမှု မရှိပေ။

လက်ရှိ မူးယစ်ဆေးဝါးကြောင့် လူငယ်များ၏ အခြေခံ အကျင့်စာရိတ္တများ ပျက်စီးလာကြောင်း၊ လူငယ်မျိုးဆက် များအတွက် ပြဿနာဖြစ်နေကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြောရရင် ကျနော်တို့ နိုင်ငံလို နိုင်ငံမျိုးပေါ့နော်၊ လုံခြုံရေးစည်းမျဉ်း၊ စည်းကမ်းတွေ ရှိသော်ငြားလည်းပဲ ဒါ ကို လိုက်နာနိုင်မှု အားနည်းတယ်၊ တစ်ဖက်က ဖော်ဆောင်သော်ငြားလည်း လိုက်နာသူဖက်က ပျက်ကွက်တဲ့ဟာ ရှိတယ်၊ တစ်ခါ ဖော်ဆောင်သူ ဖက်မှာလည်း ခုနပြောသလို အဂတိလိုက်စားမှု ဘာညာရှိတဲ့ အခါကြတော့ ယိုပေါက်ဟာပေါက်တွေ ဖြစ်လာတဲ့ အခါကြတော့ ကျနော်တို့ နိုင်ငံရဲ့ လုံခြုံရေးအတွက်ကတော့ ခြိမ်းခြောက်မှု အင်မတန်ကြီးတဲ့ အနေအထားမှာ ရှိပါတယ်။ အထူးသဖြင့် မူးယဇ်ဆေးပေါ့၊ အရင်တုန်းက ကျနော်တို့ ကျောင်း သား ဘဝမှာ ကြားခဲ့ဖူးတာက ဘိန်းဖြူ၊ နံပါတ်ဖိုးဆိုတာ ဒါအမြင့်ဆုံးပေါ့၊ နောက်ပိုင်း မူးယဇ်ဆေးဝါးဖြစ်တဲ့ ICE တို့၊ ယာမတို့ ဘာတို့ ပေါ်လာတဲ့ အချိန်ရောက်တော့ ပိုပြီး အဆင့်မြင့် သွားတာပေါ့၊ တကယ်ကို ကမ်မစ်ကယ် တွေနဲ့ ထုတ်လုပ်တာ ဘိန်းဆို သူ့ Process က ကျနော်တို့ လေ့လာထားသလောက် တော်တော်လေးကို အရင်းအနှီးများပြီးတော့ အချိန်ယူရတဲ့ လုပ်ငန်းပေါ့၊ ICE တို့ဆိုရင် ၁၀ ပေပတ်လည် အခန်းကျဉ်းလေးတစ်ခုနဲ့ ဆေးပြားရိုက်စက်လေးရှိရင် လိုချင်သလောက် အများကြီးထုတ်လို့ ရတယ်၊ အဲဒါမျိုးတွေက ဘာဖြစ်စေလဲဆိုတော့ မူးယဇ်ဆေးဝါးကြောင့်ပဲ ကျနော်တို့ ဒီလူငယ်တွေရဲ့ အခြေခံ အကျင့်စာရိတ္တပျက်စီးမယ်၊ နောက်တစ်ခါ ကျန်းမာ ရေးပေါ့၊ လူငယ်မျိုးဆက်သစ်တွေအတွက် အဓိက ပြဿနာဖြစ်နေတဲ့ အပိုင်း” ဟု ပြောသည်။

နွေဦးတော်လှန်ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကိုတွေ့ရစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က အရပ်သားအစိုးရကို တပ်မတော်က ဖြုတ်ချပြီးနောက် ပြည်တွင်းတွင် လက်နက်နှင့် မူးယစ်ဆေးဝါး ဝင်ရောက်ပျံ့နှံ့မှု များပြားလာကာ တရားဥပဒေစိုးမိုးမှု အားနည်းလာကြောင်း၊ တရားဥပဒေစိုးမိုးမှုကြောင့် ခိုးမှု-လုယက်မှု- လူသတ်မှု- ဓားပြမှုများ မကြာခဏ ဖြစ်ပွားလာကြောင်း၊ ထို့နောက် အရပ်သား ပြည်သူများ၏ လုံခြုံရေးများလည်း ခြိမ်းခြောက်ခံလာရကြောင်း သိရသည်။

ထို့ကြောင့် အရပ်သား ပြည်သူများ၏ လုံခြုံရေးကို ခြိမ်းခြောက်လာနေသော လက်နက်နှင့်မူးယစ်ဆေးဝါးများ အဆမတန် ပြည်တွင်းသို့ ဝင်ရောက်ပျံ့နှံ့လာနေမှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများက ပြန်လည် ထိန်းသိမ်း ပေးရန် ပြည်သူအများက တောင်းဆိုနေကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မိုဒီကို တွေ့ရစဉ် (Modi-fb)

ဂူဂျာရတ်ပြည်နယ်တွင် မိုဒီ၏ BJP ပါတီအနိုင်ရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1184

CNI International News

အာမတ်ဒါဘတ်၊ ဒီဇင်ဘာ ၉

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi)၏ BJP ပါတီသည် သူ၏မွေးရပ်မြေ ဂူဂျာရတ်ပြည်နယ်တွင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်ဟု ကြာသပတေးနေ့ မဲရေတွက်မှုများတွင် တွေ့ခဲ့ရကြောင်း AFP သတင်း တွင် ဖော်ပြသည်။


အဆိုပါ အနိုင်ရလဒ်သည် လာမည့် ၂၀၂၄ ရွေးကောက်ပွဲမတိုင်ခင် ကောင်းမွန်သော စွမ်းဆောင်ရည် ဖြစ်သည်။

လူဦးရေ သန်း ၆၀ နီးပါး နေထိုင်သော ဂူဂျာရတ်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၈၂ နေရာရှိကာ BJP ပါတီက အနည်းဆုံး ၁၄၇ နေရာကို အနိုင်ရရှိခဲ့သည်။

သို့သော် မဲရေတွက်မှု အားလုံး ပြီးဆုံးချိန်တွင် နောက်ထပ် ၉ နေရာ ထပ်မံရရှိမည်ဟုလည်း ခန့်မှန်းထားသည်။

မိုဒီသည် သူ၏မွေးရပ်မြေတွင် မဲဆွယ်စည်းရုံးမှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့သည်။

ကွန်ဂရက်ပါတီ ခေါင်းဆောင်များကိုတွေ့ရစဉ် (GETTY IMAGES)

မိုဒီသည် ၂၀၁၄ ခုနှစ်က အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်မလာခင် ထိုပြည်နယ်တွင် ၁၂ နှစ်ကြာ ပြည်နယ်ဝန်ကြီး ချုပ်အဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။

မဲရလဒ်ကြောင့် အလွန်အင်မတန် စိတ်လှုပ်ရှားရကြောင်း၊ ပြည်နယ်သူ/သားများကို ကျေးဇူးတင်ကြောင်း မိုဒီက တွစ်တာတွင် ရေးသားခဲ့သည်။

မိုဒီ ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဂူဂျာရတ်ပြည်နယ်တွင် လူဦးရေ ၁၀၀၀ နီးပါး သေဆုံးခဲ့ရသော လူမျိုးရေးပြဿနာ ဖြစ်ပွားခဲ့ဖူးသည်။ အဆိုပါ သေဆုံးသူ အများစုမှာ မူဆလင်များ ဖြစ်သည်။

ဂူဂျာရတ်ပြည်နယ်တွင် ဒီဇင်ဘာ ၁ ရက်နေ့မှ ၅ ရက်အထိ မဲပေးမှု လုပ်ဆောင်ခဲ့ရာ မဲပေးမှု မစတင်ခင်က ရေပန်း စားခဲ့သော ကွန်ဂရက်ပါတီမှာ အဆိုးရွားဆုံး ရလဒ်အဖြစ် နေရာ ၁၆ နေရာသာ အနိုင်ရခဲ့သည်။

 AAP ခေါင်းဆောင်များကိုတွေ့ရစဉ် (GETTY IMAGES)

BJP သည် နယူးဒေလီနှင့် ပန်ဂျပ်ကို အုပ်ချုပ်နေသော AAP ပါတီ၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အဆိုပါ ပါတီမှာ ၅ နေရာသာ အနိုင်ရရှိခဲ့သည်။

BJP ပါတီသည် ဂူဂျာရတ်ပြည်နယ်ကို ၂၇ နှစ်ဆက်တိုက် အုပ်ချုပ်ခဲ့ကာ ၎င်းနှင့် မဟာမိတ်ပါတီများသည် အိန္ဒိယ၏ ပြည်နယ် ၂၈ ခုမှ ၁၆ ခုကို ကြီးစိုးထားသည်။

မဲဆွယ်ကာလအတွင်း BJP သည် လူမှုကွန်ယက်ကို အင်တိုက်အားတိုက် အသုံးချခဲ့သလို ခရစ်ကတ် ကစားသမား ဟောင်းတစ်ဦးနှင့် လက်ရှိ ကစားသမားတစ်ဦးတို့၏ ဇနီးသည်တို့ကိုလည်း အသုံးချ မဲဆွယ်ခဲ့သည်။

အစောပိုင်း ရလဒ်များတွင်လည်း BJP သည် အူတာပရာဒတ်ရှ် ပြည်နယ်တွင် ကြီးကြီးမားမား အနိုင်ရရှိခဲ့သော် လည်း ဟီမာချယ် ပရာဒတ်ရှ် ပြည်နယ်တွင်တော့ ကွန်ဂရက်ပါတီကို ရှုံးနိမ့်ထားသည်။

လာမည့် ၂၀၂၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားပြီး အသက် ၇၂ နှစ်အရွယ် မိုဒီပဲ တတိယသက်တမ်းကို အနိုင်ရရှိလိမ့်မည်ဟု ခန့်မှန်းမှုများ ရှိနေသည်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
အာဂျင်တီးနား ဒုသမ္မတ ခရစ္စတီးနားဖာနန်ဒက်ဇ်သည် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့က အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့ရှိ ၎င်း၏နေအိမ်မှ ထွက်ခွာစဉ် ထောက်ခံသူများအား နှုတ်ဆက်နေ စဉ်(ဓါတ်ပုံ- အေပီ)

ဒေါ်လာ ၁ ဘီလီယံ အလွဲသုံးစားမှုဖြင့် အာဂျင်တီးနားဒုသမ္မတကို ထောင်ဒဏ် ၆ နှစ်ချမှတ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1590

CNI International News

ဗျူနိုအေရိစ်၊ ဒီဇင်ဘာ ၉

သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဒေါ်လာ ၁ ဘီလီယံကို အလွဲသုံးစားလုပ်မှုဖြင့် အာဂျင်တီးနား ဒုသမ္မတ ခရစ္စတီးနား ဖာနန်ဒက်ဇ်ကို ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း AP သတင်းတွင်ဖော်ပြသည်။
ပြည်သူ့လုပ်ငန်းများအတွက် ငွေကို အလွဲသုံစားမှုကြောင့် သူမသည်နိုင်ငံရေးလောကမှ ရာသက်ပန် ဖယ်ရှားခံခဲ့ရ ပြီလည်း ဖြစ်သည်။

တရားသူကြီး ၃ ဦးပါသော အဖွဲ့က အလွဲသုံးစားမှုဖြင့် သူမကို ပြစ်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။ ဖာနန်ဒက်ဇ်သည် တရားမဝင် ရာဇဝတ်ဂိုဏ်းတစ်ခုကို ဖွဲ့စည်းမှုဖြင့်လည်း စွပ်စွဲခံထားရသော်လည်း ယင်းကို တရားသူကြီးများက ပယ်ဖျက်ခဲ့သည်။ ထိုအမှုတွင်ပါ အပြစ်ရှိကြောင်းတွေ့ရလျှင် သူမ၏ ပြစ်ဒဏ်မှာနှစ်ဆ ဖြစ်လာနိုင်သည်။

ဖာနန်ဒက်ဇ်သည် တာဝန်ယူချိန်အတွင်းအပြစ်ပေးခံရသည့် ပထမဆုံးသော ဒုတိယသမ္မတအဖြစ်လည်း အာဂျင်တီးနားသမိုင်းတွင် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။ ၂၀၀၇ မှ ၂၀၁၅ အထိ သမ္မတအဖြစ် ထမ်းဆောင် ခဲ့သော ဖာနန်ဒက်ဇ်က တရားရင်ဆိုင်ရချိန်တွင် သူမသည် မတရားခံခဲ့ရသည်ဟု ထွက်ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် လာမယ့်နှစ် သမ္မတရွေးကောက်ပွဲကို မဝင်တော့ဟု ပြောသည်။ ပြစ်ဒဏ်ချခံခဲ့ရသော်လည်း ၎င်းသည် အယူခံနှင့်ပတ်သတ်၍ မဆုံးဖြတ်မချင်း အကျုံးဝင်ဦးမည်မဟုတ်ပေ။ အယူခံဖြစ်စဉ်သည် နှစ် အနည်းငယ် ကြာမြင့်နိုင်ကာ ဖာနန်ဒက်ဇ်သည်လည်း ဖမ်းဆီးခံရဦးမည်မဟုတ်ပေ။

အာဂျင်တီးနားသမ္မတဟောင်း ခရစ္စတီးနား ဖာနန်ဒက်ဇ်အား ထောက်ခံသူများသည် တရားရုံးအပြင်ဘက်တွင် တရားသူကြီးများက သူမအား အကျင့်ပျက်ခြစားမှုဖြင့် စီရင်ချက်ချမည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့၌ စုရုံးကာ ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်(ဓါတ်ပုံ-အေပီ)

ပြစ်ဒဏ်ချခံရမှုကြောင့် ဖာနန်ဒက်ဇ်ကို ထောက်ခံသူများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သပိတ်မှောက်မည် ဟုပြောသည်။ ထောက်ခံသူများသည် မြို့တော် ဗျူနိုအေးရိစ် (Buenos Aires) မြို့လယ်မှ ဖက်ဒရယ်တရားရုံး အဆောက်အဦသို့ချီတက်ခဲ့ကြသည်။

ဖာနန်ဒက်ဇ်က သူမအပေါ်စွဲထားသော စွဲချက်များအားလုံးကို ငြင်းဆိုထား သည်။ သူမသည် မိသားစုနှင့် နီးစပ်သော ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုနှင့် ပြည်သူ့လုပ်ငန်း စာချုပ်များကို ချုပ်ဆိုရာတွင် အလွဲသုံးစားမှု လုပ်ခဲ့သည်ဟု စွပ်စွဲခံထားရခြင်းဖြစ်သည်။ဖာနန်ဒက်ဇ်သည် တိုင်းပြည်အတွင်း ချစ်သူ၊ မုန်းသူများကို ပိုင်ဆိုင်ထားခြင်းကြောင့် သူမကိုပြစ်ဒဏ်ချမှတ်ခြင်းက အာဂျင်တီးနားနိုင်ငံ၏ နိုင်ငံရေးအခြေအနေမှာ ဆိုးရွားလာဖို့ရှိနေသည်။

ဖာနန်ဒက်ဇ်သည် အပြစ်ကင်းစင်ကြောင်းနှင့် သူမကို တရားရုံးစစ်ဆေးမှုများတွင် လိုအပ်ချက်များရှိနေသည်ဟု လက်ရှိ အာဂျင်တီးနားသမ္မတ အဲလ်ဘာတို ဖာနန်ဒက်ဇ် (Alberto Fernandez) က ပြောသည်။ ဖာနန်ဒက်ဇ်သည် သူမအပြင် ကွယ်လွန်ခဲ့ပြီဖြစ်သော သူမ၏ခင်ပွန်းသမ္မတဟောင်း နက်စ်တိုကစ်ချနာ (Nestor Kirchner)တို့နှင့် နီးစပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Lázaro Báez နှင့် ပြည်သူပိုင်လုပ်ငန်း ၅၁ ခုကို စာချုပ်ချုပ် ဆိုရာတွင် အလွဲသုံးစားမှုများကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း အစိုးရရှေ့နေများက ပြောသည်။

Source:AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရှီကျင့်ဖျင်နဲ့ ဆော်ဒီ အိမ်ရှေ့စံ မိုဟာမက် ဘင် ဆဲလ်မန်ကိုတွေ့ရစဉ် (AFP)

ဆော်ဒီနှင့် တရုတ် မဟာဗျူဟာမြောက် သဘောတူညီချက်များ လက်မှတ်ထိုး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1459

CNI International News

ရီယတ်၊ ဒီဇင်ဘာ ၉

စွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍများ အပါအဝင် တရုတ်နှင့်ဆော်ဒီနိုင်ငံတို့သည် သဘောတူညီချက်များစွာတွင် လက်မှတ်ရေးထိုးခဲ့သည်ဟု Reuters သတင်းမှာ ဖော်ပြထားသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် မြို့တော်ရီယတ်တွင် အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။ ထိုအစည်းအဝေးသည် နှစ်နိုင်ငံဆက်ဆံရေး၌ ရေနံရောင်းဝယ်ရေးထက် ပို၍လေးနက်ကြောင်း ဖော်ပြနေသည်။

အဆိုပါ အစည်းအဝေးကို တော်ဝင်နန်းတော်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆော်ဒီဘုရင် ဆဲလ်မန် ဘင် အဗ္ဗဒဲလ် အဇစ် (Salman bin Abdul Aziz)၊ အိမ်ရှေ့စံ မိုဟာမက် ဘင် ဆဲလ်မန် (Mohammad bin Salman) တို့နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်(Xi Jinping) တို့က လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

လက်မှတ်ထိုးခဲ့သော သဘောတူညီမှုများတွင် မဟာဗျူဟာမြောက် မိတ်ဖက် သဘောတူညီချက်၊ ရေနံအပေါ် စီးပွားရေး မှီခိုနေရမှုကို ပြောင်းလဲရေး ဆော်ဒီ၏ Vision 2030 လိုက်လျောညီထွေမှု အစီစဉ်နှင့် တရုတ်၏ Belt & Road စီမံကိန်း တို့ ပါဝင်သည်။

ရှီကျင့်ဖျင်နဲ့ ဆော်ဒီဘုရင် ဆဲလ်မန် ဘင် အဗ္ဗဒဲလ် အဇစ် သဘောတူစာချုပ် လက်မှတ်ထိုးအပြီး လဲလှယ်နေစဉ် (GETTY IMAGES)

ဟိုက်ဒရိုဂျင် စွမ်းအင်၊ ဆိုလာစွမ်းအင်၊ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် အိမ်ယာ စီမံကိန်းများတွင်လည်း နားလည်မှု စာချွန်လွှာများ ပါဝင်သည်။ ဆော်ဒီဘုရင် ဆဲလ်မန်သည် ထင်သာမြင်သာရှိသော မဟာဗျူဟာမြောက် မိတ်ဖက် သဘောတူညီချက်ကိုလည်း သမ္မတရှီနှင့် လက်မှတ်ရေးထိုးသည်။

သမ္မတရှီကို ဆော်ဒီဘက်မှ အခမ်းအနားဖြင့် ကြီးကြီးကျယ်ကျယ် ကြိုဆိုခဲ့ပြီး ဆော်ဒီမီဒီယာတစ်ခုနှင့် တွေ့ဆုံရာ တွင် ယခုခရီးစဉ်သည် တရုတ်နှင့် အာရပ်ကမ္ဘာ၊ ပင်လယ်ကွေ့ရှိ အာရပ်နိုင်ငံများနှင့် ဆော်ဒီတို့၏ ဆက်ဆံရေး ခေတ်သစ်တစ်ခု ထူထောင်ရန် အစပျိုးသည့် ခရီးစဉ်ဖြစ်သည်ဟု ညွှန်းဆိုခဲ့သည်။

တရုတ်နှင့် အာရပ်နိုင်ငံများသည် ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ရေး မူဝါဒအား ဆက်လက် ကိုင်ဆွဲကာ၊ အချုပ်အခြာအာဏာဆိုင်ရာ ကိစ္စများတွင် အပြန်အလှန် အခိုင်အမာ ထောက်ပံ့သွားမည်ဟုလည်း ရှီက ပြောသည်။

ဆော်ဒီသည် ကမ္ဘာ့အကြီးမားဆုံး ရေနံရောင်းချသည့် နိုင်ငံဖြစ်ကာ တရုတ်က ၎င်းတို့၏ အကြီးဆုံး ဖောက်သည် ဖြစ်သောကြောင့် နှစ်နိုင်ငံဆက်ဆံရေးတွင် ရေနံမှာ အရေးပါသည်။ ထို့ကြောင့် နှစ်နိုင်ငံစလုံးမှ စွမ်းအင်ကိစ္စ အပြင် တရားသော ကဏ္ဍများတွင်လည်း ဆက်ဆံရေး ခိုင်မာစေရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကွပ်မျက်ခံရသည့် အသက်(၂၃)နှစ်အရွယ် မိုဟန်ရှိတ်ကာရီ၊ အစိုးရကို ဆန့်ကျင်ဆန္ဒပြသူများ

ဆန္ဒပြပွဲများတွင် ဖမ်းဆီးထားသူတစ်ဦးကို ကွပ်မျက်လိုက်ပြီဟု အီရန်အစိုးရ ထုတ်ပြန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 894

CNI International News

ဒူဘိုင်း၊ ဒီဇင်ဘာ ၉

လက်ရှိဖြစ်ပေါ်နေသော ဆန္ဒပြပွဲများအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့သူတစ်ဦးကို ကွပ်မျက်လိုက်ပြီဟု အီရန်နိုင်ငံက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့ကြောင်း AP သတင်းတွင် ဖော်ပြသည်။ ယင်းက အီရန်အစိုးရ၏ ပထမဆုံးသော ကွပ်မျက်မှုလည်းဖြစ်သည်။

ကျင့်ဝတ်ထိန်းသိမ်းရေးဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၏လုပ်ရပ်မှတစ်ဆင့် ပေါ်ပေါက်လာခဲ့သော ဆန္ဒပြပွဲများသည် စက်တင်ဘာလလယ်ပိုင်းတွင် စတင်ခဲ့သည်။ ကြာသပတေးနေ့ ကွပ်မျက်မှုကြောင့် တခြားသော ထိန်းသိမ်းခံ ထားရသူများလည်း ကွပ်မျက်ခံရမည်ကို စိုးရိမ်မှုများရှိလာသည်။

လက်ရှိအချိန်တွင် ဆန္ဒပြပွဲများတွင်ပါဝင်ခဲ့မှုဖြင့် အနည်းဆုံးလူ တစ်ဒါဇင်ခန့် သေဒဏ်ချမှတ်ခံထားရသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။ ဆန္ဒပြသူများကို ကွပ်မျက်မှုလုပ်ဆောင်ခဲ့ခြင်းအား ပြင်းပြင်းထန်ထန် တုန့်ပြန်သင့်ကြောင်းနှင့် ထိုသို့မဟုတ်လျှင် နေ့တိုင်းလိုလို ကွပ်မျက်မှုများရှိလာနိုင်သည်ဟု အော်စလိုအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ မာမွတ်အမီရီ-မိုဟတ်ဒမ် (Mahmood Amiry-Moghaddam) ကပြောသည်။ ကွပ်မျက်မှုကို နိုင်ငံတကာအတိုင်းအတာဖြင့် လက်တွေ့ကျကျ အရေးယူရမည်ဟုလည်း ၎င်းကဆက်ပြောသည်။

အောက်တိုဘာလလယ်မှ စတင်လာခဲ့သည့် အီရန်ဆန္ဒပြမှုများအတွင်း မြင်ကွင်း(ဓါတ်ပုံ- Associated Press)

အီရန်အစိုးရ၏သေဒဏ်ပေးမှုအပေါ် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးကလည်း ရှုတ်ချခဲ့ပြီး အစိုးရသည် လူသားဆန်မှု ဘောင်ကိုကျော်လွန်သွားခဲ့ပြီဟု ပြောသည်။ အီရန်တရားရေးဌာန၏ The Mizan သတင်းတွင် ကွပ်မျက်ခံရသည့် ဆန္ဒပြသူမှာ မိုဟန်ရှိတ်ကာရီ(Mohsen Shekari)ဟု ဖော်ပြသည်။ ယင်းကို တီဟီရန်မြို့ရှိ တော်လှန်ရေးတရားရုံးက အမိန့်ချ ခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင်ဖော်ပြထားသည်။

အဆိုပါတရားရုံးသည် ပုံမှန်အားဖြင့် တံခါးပိတ်စစ်ဆေးမှုကို လုပ်ဆောင်သည်။ ထို့ကြောင့် ရှေ့နေခေါ်ခွင့်မပေးခြင် သို့မဟုတ် စွဲဆိုထားမှုနှင့်ပတ်သတ်သည့် သက်သေတင်ပြမှု မရှိခြင်းတို့ကြောင့်လည်း အဆိုပါတရားစီရင်ရေးကို နိုင်ငံတကာက ဝေဖန်ထားသည်။

ရှိတ်ကာရီသည် တီဟီရန်မြို့ရှိလမ်းမတစ်ခုကို ပိတ်ပစ်ခဲ့ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဓားဖြင့် တိုက်ခိုက်ကာ ဒဏ်ရာရစေခြင်းတို့ဖြင့် စွပ်စွဲခံထားရသည်။ ရှိတ်ကာရီသည် ထိုသို့တိုက်ခိုက်မှုပြုလုပ်ရန်အတွက် တစ်စုံ တစ်ယောက်ဆီမှ ငွေးကြေးလက်ခံရယူခဲ့သည်ဟုလည်း The Mizan သတင်းတွင် ဖော်ပြထားသည်။

အီရန်အစိုးရသည် နိုင်ငံတွင်းမှ မတည်ငြိမ်မှုများကို တခြားနိုင်ငံများက ကြိုးကိုင်စီစဉ်နေသည်ဟု လပေါင်းများစွာ စွပ်စွဲထားခဲ့သော်လည်း အထောက်အထားပြသခြင်းမရှိပေ။ ယခုဆန္ဒပြပွဲများမှာ နိုင်ငံ၏စီးပွားရေးပြိုလဲမှု၊ အစိုးရ ပိုင်းမှအကျင့်ပျက်ခြစားမှုနှင့် နိုင်ငံ၏အစ္စလာမ္မစ်ခေါင်းဆောင်များ အားကောင်းလာမှုတို့အပေါ် ပြည်သူများ၏ ဒေါသကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု ဆန္ဒပြသူများဘက်မှ ပြောသည်။

Source:AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 27
  • 28
  • 29
  • 30
  • 31
  • 32
  • 33
  • 34
  • 35
  • 36

Page 32 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar