CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
အာဂျင်တီးနား ဒုသမ္မတ ခရစ္စတီးနားဖာနန်ဒက်ဇ်သည် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့က အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့ရှိ ၎င်း၏နေအိမ်မှ ထွက်ခွာစဉ် ထောက်ခံသူများအား နှုတ်ဆက်နေ စဉ်(ဓါတ်ပုံ- အေပီ)

ဒေါ်လာ ၁ ဘီလီယံ အလွဲသုံးစားမှုဖြင့် အာဂျင်တီးနားဒုသမ္မတကို ထောင်ဒဏ် ၆ နှစ်ချမှတ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1254

CNI International News

ဗျူနိုအေရိစ်၊ ဒီဇင်ဘာ ၉

သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဒေါ်လာ ၁ ဘီလီယံကို အလွဲသုံးစားလုပ်မှုဖြင့် အာဂျင်တီးနား ဒုသမ္မတ ခရစ္စတီးနား ဖာနန်ဒက်ဇ်ကို ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း AP သတင်းတွင်ဖော်ပြသည်။
ပြည်သူ့လုပ်ငန်းများအတွက် ငွေကို အလွဲသုံစားမှုကြောင့် သူမသည်နိုင်ငံရေးလောကမှ ရာသက်ပန် ဖယ်ရှားခံခဲ့ရ ပြီလည်း ဖြစ်သည်။

တရားသူကြီး ၃ ဦးပါသော အဖွဲ့က အလွဲသုံးစားမှုဖြင့် သူမကို ပြစ်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။ ဖာနန်ဒက်ဇ်သည် တရားမဝင် ရာဇဝတ်ဂိုဏ်းတစ်ခုကို ဖွဲ့စည်းမှုဖြင့်လည်း စွပ်စွဲခံထားရသော်လည်း ယင်းကို တရားသူကြီးများက ပယ်ဖျက်ခဲ့သည်။ ထိုအမှုတွင်ပါ အပြစ်ရှိကြောင်းတွေ့ရလျှင် သူမ၏ ပြစ်ဒဏ်မှာနှစ်ဆ ဖြစ်လာနိုင်သည်။

ဖာနန်ဒက်ဇ်သည် တာဝန်ယူချိန်အတွင်းအပြစ်ပေးခံရသည့် ပထမဆုံးသော ဒုတိယသမ္မတအဖြစ်လည်း အာဂျင်တီးနားသမိုင်းတွင် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။ ၂၀၀၇ မှ ၂၀၁၅ အထိ သမ္မတအဖြစ် ထမ်းဆောင် ခဲ့သော ဖာနန်ဒက်ဇ်က တရားရင်ဆိုင်ရချိန်တွင် သူမသည် မတရားခံခဲ့ရသည်ဟု ထွက်ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် လာမယ့်နှစ် သမ္မတရွေးကောက်ပွဲကို မဝင်တော့ဟု ပြောသည်။ ပြစ်ဒဏ်ချခံခဲ့ရသော်လည်း ၎င်းသည် အယူခံနှင့်ပတ်သတ်၍ မဆုံးဖြတ်မချင်း အကျုံးဝင်ဦးမည်မဟုတ်ပေ။ အယူခံဖြစ်စဉ်သည် နှစ် အနည်းငယ် ကြာမြင့်နိုင်ကာ ဖာနန်ဒက်ဇ်သည်လည်း ဖမ်းဆီးခံရဦးမည်မဟုတ်ပေ။

အာဂျင်တီးနားသမ္မတဟောင်း ခရစ္စတီးနား ဖာနန်ဒက်ဇ်အား ထောက်ခံသူများသည် တရားရုံးအပြင်ဘက်တွင် တရားသူကြီးများက သူမအား အကျင့်ပျက်ခြစားမှုဖြင့် စီရင်ချက်ချမည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့၌ စုရုံးကာ ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်(ဓါတ်ပုံ-အေပီ)

ပြစ်ဒဏ်ချခံရမှုကြောင့် ဖာနန်ဒက်ဇ်ကို ထောက်ခံသူများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သပိတ်မှောက်မည် ဟုပြောသည်။ ထောက်ခံသူများသည် မြို့တော် ဗျူနိုအေးရိစ် (Buenos Aires) မြို့လယ်မှ ဖက်ဒရယ်တရားရုံး အဆောက်အဦသို့ချီတက်ခဲ့ကြသည်။

ဖာနန်ဒက်ဇ်က သူမအပေါ်စွဲထားသော စွဲချက်များအားလုံးကို ငြင်းဆိုထား သည်။ သူမသည် မိသားစုနှင့် နီးစပ်သော ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုနှင့် ပြည်သူ့လုပ်ငန်း စာချုပ်များကို ချုပ်ဆိုရာတွင် အလွဲသုံးစားမှု လုပ်ခဲ့သည်ဟု စွပ်စွဲခံထားရခြင်းဖြစ်သည်။ဖာနန်ဒက်ဇ်သည် တိုင်းပြည်အတွင်း ချစ်သူ၊ မုန်းသူများကို ပိုင်ဆိုင်ထားခြင်းကြောင့် သူမကိုပြစ်ဒဏ်ချမှတ်ခြင်းက အာဂျင်တီးနားနိုင်ငံ၏ နိုင်ငံရေးအခြေအနေမှာ ဆိုးရွားလာဖို့ရှိနေသည်။

ဖာနန်ဒက်ဇ်သည် အပြစ်ကင်းစင်ကြောင်းနှင့် သူမကို တရားရုံးစစ်ဆေးမှုများတွင် လိုအပ်ချက်များရှိနေသည်ဟု လက်ရှိ အာဂျင်တီးနားသမ္မတ အဲလ်ဘာတို ဖာနန်ဒက်ဇ် (Alberto Fernandez) က ပြောသည်။ ဖာနန်ဒက်ဇ်သည် သူမအပြင် ကွယ်လွန်ခဲ့ပြီဖြစ်သော သူမ၏ခင်ပွန်းသမ္မတဟောင်း နက်စ်တိုကစ်ချနာ (Nestor Kirchner)တို့နှင့် နီးစပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Lázaro Báez နှင့် ပြည်သူပိုင်လုပ်ငန်း ၅၁ ခုကို စာချုပ်ချုပ် ဆိုရာတွင် အလွဲသုံးစားမှုများကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း အစိုးရရှေ့နေများက ပြောသည်။

Source:AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရှီကျင့်ဖျင်နဲ့ ဆော်ဒီ အိမ်ရှေ့စံ မိုဟာမက် ဘင် ဆဲလ်မန်ကိုတွေ့ရစဉ် (AFP)

ဆော်ဒီနှင့် တရုတ် မဟာဗျူဟာမြောက် သဘောတူညီချက်များ လက်မှတ်ထိုး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1253

CNI International News

ရီယတ်၊ ဒီဇင်ဘာ ၉

စွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍများ အပါအဝင် တရုတ်နှင့်ဆော်ဒီနိုင်ငံတို့သည် သဘောတူညီချက်များစွာတွင် လက်မှတ်ရေးထိုးခဲ့သည်ဟု Reuters သတင်းမှာ ဖော်ပြထားသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် မြို့တော်ရီယတ်တွင် အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။ ထိုအစည်းအဝေးသည် နှစ်နိုင်ငံဆက်ဆံရေး၌ ရေနံရောင်းဝယ်ရေးထက် ပို၍လေးနက်ကြောင်း ဖော်ပြနေသည်။

အဆိုပါ အစည်းအဝေးကို တော်ဝင်နန်းတော်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆော်ဒီဘုရင် ဆဲလ်မန် ဘင် အဗ္ဗဒဲလ် အဇစ် (Salman bin Abdul Aziz)၊ အိမ်ရှေ့စံ မိုဟာမက် ဘင် ဆဲလ်မန် (Mohammad bin Salman) တို့နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်(Xi Jinping) တို့က လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

လက်မှတ်ထိုးခဲ့သော သဘောတူညီမှုများတွင် မဟာဗျူဟာမြောက် မိတ်ဖက် သဘောတူညီချက်၊ ရေနံအပေါ် စီးပွားရေး မှီခိုနေရမှုကို ပြောင်းလဲရေး ဆော်ဒီ၏ Vision 2030 လိုက်လျောညီထွေမှု အစီစဉ်နှင့် တရုတ်၏ Belt & Road စီမံကိန်း တို့ ပါဝင်သည်။

ရှီကျင့်ဖျင်နဲ့ ဆော်ဒီဘုရင် ဆဲလ်မန် ဘင် အဗ္ဗဒဲလ် အဇစ် သဘောတူစာချုပ် လက်မှတ်ထိုးအပြီး လဲလှယ်နေစဉ် (GETTY IMAGES)

ဟိုက်ဒရိုဂျင် စွမ်းအင်၊ ဆိုလာစွမ်းအင်၊ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် အိမ်ယာ စီမံကိန်းများတွင်လည်း နားလည်မှု စာချွန်လွှာများ ပါဝင်သည်။ ဆော်ဒီဘုရင် ဆဲလ်မန်သည် ထင်သာမြင်သာရှိသော မဟာဗျူဟာမြောက် မိတ်ဖက် သဘောတူညီချက်ကိုလည်း သမ္မတရှီနှင့် လက်မှတ်ရေးထိုးသည်။

သမ္မတရှီကို ဆော်ဒီဘက်မှ အခမ်းအနားဖြင့် ကြီးကြီးကျယ်ကျယ် ကြိုဆိုခဲ့ပြီး ဆော်ဒီမီဒီယာတစ်ခုနှင့် တွေ့ဆုံရာ တွင် ယခုခရီးစဉ်သည် တရုတ်နှင့် အာရပ်ကမ္ဘာ၊ ပင်လယ်ကွေ့ရှိ အာရပ်နိုင်ငံများနှင့် ဆော်ဒီတို့၏ ဆက်ဆံရေး ခေတ်သစ်တစ်ခု ထူထောင်ရန် အစပျိုးသည့် ခရီးစဉ်ဖြစ်သည်ဟု ညွှန်းဆိုခဲ့သည်။

တရုတ်နှင့် အာရပ်နိုင်ငံများသည် ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်ရေး မူဝါဒအား ဆက်လက် ကိုင်ဆွဲကာ၊ အချုပ်အခြာအာဏာဆိုင်ရာ ကိစ္စများတွင် အပြန်အလှန် အခိုင်အမာ ထောက်ပံ့သွားမည်ဟုလည်း ရှီက ပြောသည်။

ဆော်ဒီသည် ကမ္ဘာ့အကြီးမားဆုံး ရေနံရောင်းချသည့် နိုင်ငံဖြစ်ကာ တရုတ်က ၎င်းတို့၏ အကြီးဆုံး ဖောက်သည် ဖြစ်သောကြောင့် နှစ်နိုင်ငံဆက်ဆံရေးတွင် ရေနံမှာ အရေးပါသည်။ ထို့ကြောင့် နှစ်နိုင်ငံစလုံးမှ စွမ်းအင်ကိစ္စ အပြင် တရားသော ကဏ္ဍများတွင်လည်း ဆက်ဆံရေး ခိုင်မာစေရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကွပ်မျက်ခံရသည့် အသက်(၂၃)နှစ်အရွယ် မိုဟန်ရှိတ်ကာရီ၊ အစိုးရကို ဆန့်ကျင်ဆန္ဒပြသူများ

ဆန္ဒပြပွဲများတွင် ဖမ်းဆီးထားသူတစ်ဦးကို ကွပ်မျက်လိုက်ပြီဟု အီရန်အစိုးရ ထုတ်ပြန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 722

CNI International News

ဒူဘိုင်း၊ ဒီဇင်ဘာ ၉

လက်ရှိဖြစ်ပေါ်နေသော ဆန္ဒပြပွဲများအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့သူတစ်ဦးကို ကွပ်မျက်လိုက်ပြီဟု အီရန်နိုင်ငံက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့ကြောင်း AP သတင်းတွင် ဖော်ပြသည်။ ယင်းက အီရန်အစိုးရ၏ ပထမဆုံးသော ကွပ်မျက်မှုလည်းဖြစ်သည်။

ကျင့်ဝတ်ထိန်းသိမ်းရေးဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၏လုပ်ရပ်မှတစ်ဆင့် ပေါ်ပေါက်လာခဲ့သော ဆန္ဒပြပွဲများသည် စက်တင်ဘာလလယ်ပိုင်းတွင် စတင်ခဲ့သည်။ ကြာသပတေးနေ့ ကွပ်မျက်မှုကြောင့် တခြားသော ထိန်းသိမ်းခံ ထားရသူများလည်း ကွပ်မျက်ခံရမည်ကို စိုးရိမ်မှုများရှိလာသည်။

လက်ရှိအချိန်တွင် ဆန္ဒပြပွဲများတွင်ပါဝင်ခဲ့မှုဖြင့် အနည်းဆုံးလူ တစ်ဒါဇင်ခန့် သေဒဏ်ချမှတ်ခံထားရသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။ ဆန္ဒပြသူများကို ကွပ်မျက်မှုလုပ်ဆောင်ခဲ့ခြင်းအား ပြင်းပြင်းထန်ထန် တုန့်ပြန်သင့်ကြောင်းနှင့် ထိုသို့မဟုတ်လျှင် နေ့တိုင်းလိုလို ကွပ်မျက်မှုများရှိလာနိုင်သည်ဟု အော်စလိုအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ မာမွတ်အမီရီ-မိုဟတ်ဒမ် (Mahmood Amiry-Moghaddam) ကပြောသည်။ ကွပ်မျက်မှုကို နိုင်ငံတကာအတိုင်းအတာဖြင့် လက်တွေ့ကျကျ အရေးယူရမည်ဟုလည်း ၎င်းကဆက်ပြောသည်။

အောက်တိုဘာလလယ်မှ စတင်လာခဲ့သည့် အီရန်ဆန္ဒပြမှုများအတွင်း မြင်ကွင်း(ဓါတ်ပုံ- Associated Press)

အီရန်အစိုးရ၏သေဒဏ်ပေးမှုအပေါ် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးကလည်း ရှုတ်ချခဲ့ပြီး အစိုးရသည် လူသားဆန်မှု ဘောင်ကိုကျော်လွန်သွားခဲ့ပြီဟု ပြောသည်။ အီရန်တရားရေးဌာန၏ The Mizan သတင်းတွင် ကွပ်မျက်ခံရသည့် ဆန္ဒပြသူမှာ မိုဟန်ရှိတ်ကာရီ(Mohsen Shekari)ဟု ဖော်ပြသည်။ ယင်းကို တီဟီရန်မြို့ရှိ တော်လှန်ရေးတရားရုံးက အမိန့်ချ ခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင်ဖော်ပြထားသည်။

အဆိုပါတရားရုံးသည် ပုံမှန်အားဖြင့် တံခါးပိတ်စစ်ဆေးမှုကို လုပ်ဆောင်သည်။ ထို့ကြောင့် ရှေ့နေခေါ်ခွင့်မပေးခြင် သို့မဟုတ် စွဲဆိုထားမှုနှင့်ပတ်သတ်သည့် သက်သေတင်ပြမှု မရှိခြင်းတို့ကြောင့်လည်း အဆိုပါတရားစီရင်ရေးကို နိုင်ငံတကာက ဝေဖန်ထားသည်။

ရှိတ်ကာရီသည် တီဟီရန်မြို့ရှိလမ်းမတစ်ခုကို ပိတ်ပစ်ခဲ့ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဓားဖြင့် တိုက်ခိုက်ကာ ဒဏ်ရာရစေခြင်းတို့ဖြင့် စွပ်စွဲခံထားရသည်။ ရှိတ်ကာရီသည် ထိုသို့တိုက်ခိုက်မှုပြုလုပ်ရန်အတွက် တစ်စုံ တစ်ယောက်ဆီမှ ငွေးကြေးလက်ခံရယူခဲ့သည်ဟုလည်း The Mizan သတင်းတွင် ဖော်ပြထားသည်။

အီရန်အစိုးရသည် နိုင်ငံတွင်းမှ မတည်ငြိမ်မှုများကို တခြားနိုင်ငံများက ကြိုးကိုင်စီစဉ်နေသည်ဟု လပေါင်းများစွာ စွပ်စွဲထားခဲ့သော်လည်း အထောက်အထားပြသခြင်းမရှိပေ။ ယခုဆန္ဒပြပွဲများမှာ နိုင်ငံ၏စီးပွားရေးပြိုလဲမှု၊ အစိုးရ ပိုင်းမှအကျင့်ပျက်ခြစားမှုနှင့် နိုင်ငံ၏အစ္စလာမ္မစ်ခေါင်းဆောင်များ အားကောင်းလာမှုတို့အပေါ် ပြည်သူများ၏ ဒေါသကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု ဆန္ဒပြသူများဘက်မှ ပြောသည်။

Source:AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

အာဏာရှင်အစစ်က ဘယ်သူလဲဟု အီရန်သမ္မတ မေးခွန်းထုတ်

By CNI
CNI
Category: Watch TV
Hits: 567

Share
Tweet
Share
Share
powered by social2s

ထိုင်းတွင် မြန်မာအပါ ခွင့်ပြုကာလကျော်လွန် နေထိုင်သူများကို စီမံချက်ဖြင့်ဖမ်း

By CNI
CNI
Category: Watch TV
Hits: 536

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေး ပဋိပက္ခအတွင်း ပီရူးသမ္မတကို ရာထူးမှဖယ်ရှား

By CNI
CNI
Category: Watch TV
Hits: 551

Share
Tweet
Share
Share
powered by social2s

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းက ဘာလဲ

By CNI
CNI
Category: Watch TV
Hits: 522

Share
Tweet
Share
Share
powered by social2s

ကာဒစ်ဇ်နဲ့ပွဲက စွမ်းဆောင်ရည်ဟာ လက်ခံနိုင်စရာမရှိဘူးလို့ အဲရစ်တန်ဟတ် ပြော

By CNI
CNI
Category: Watch TV
Hits: 541

Share
Tweet
Share
Share
powered by social2s

ကားဂိတ်များက လက်မခံသေး၍ ရခိုင်မှာ ဆေးဝါးပြတ်လပ်နေဆဲ

By CNI
CNI
Category: Watch TV
Hits: 522

Share
Tweet
Share
Share
powered by social2s

ဂျာမနီတွင် အာဏာသိမ်းရန် ကြံစည်မှုဖြင့် လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီး

By CNI
CNI
Category: Watch TV
Hits: 568

Share
Tweet
Share
Share
powered by social2s
ဘူးသီးတောင်မြို့နယ်အတွင်းမှာ နိပွန်ဖောင်ဒေးရှင်းက ဆန်အိတ်များ လှူဒါန်းနေစဉ် (နိရဥ္စရာ)

တိုက်ပွဲရှောင်စာရင်းမကိုက်၍ နိပွန်ဖောင်ဒေးရှင်းက ဆန်လှူဒါန်းမှု ယာယီရပ်နား

By CNI
CNI
Category: နိုင်ငံရေး
Hits: 1313

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲရှောင်များအတွက် နိပွန်ဖောင်ဒေးရှင်းမှ ဆန်လှူဒါန်းခြင်းကို ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

နိပွန်ဖောင်ဒေးရှင်းမှ ရရှိထားသည့် မြေပြင် အချက်အလက်နှင့် ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး က ပေးထားသည့် တိုက်ပွဲရှောင်စာရင်း ကွာခြားနေခြင်းနှင့် တချို့နေရာများမှာ တိုက်ပွဲရှောင် မရှိသည့် နေရာ ဖြစ် နေခြင်းကြောင့် ဆန်လှူဒါန်းမှုကို ယာယီရပ်နားလိုက်ရခြင်းဖြစ်သည်ဟု နိပွန်ဖောင်ဒေးရှင်းမှ ကိုဝင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စာရင်းကွာနေလို့ပါ။ စာရင်းကွာနေတယ်ဆိုတာက ကျနော်တို့က ဒီဘက်မှာ ပေါ်လစီကကျတော့ စခန်းမှာ ရှိတဲ့ စစ်ဘေးရှောင် ဒေသခံတွေ ဖြစ်ရမယ်။ အဲဒီမှာ စခန်းလည်း ရှိနေရမယ်။ လူလည်း ရှိနေရမယ်ပေါ့နော်။ ကျနော်တို့ ထွေ/အုပ်က တင်လာတဲ့ စာရင်းကို တွက်ကြည့်လိုက်တဲ့ အခါကျတော့ စခန်း ၃ ခု ပါတာပေါ့နော်။ အဲဒီ စခန်း ၃ ခုက စခန်းလည်း မရှိဘူး။ လူလည်း မရှိဘူး၊ အဲဒီဟာတွေ ဖြစ်နေပါတယ်။ ထွေ/အုပ်က အဲဒီနေရာကို ဝေဖို့အတွက် ဆန်အိတ် ၅၇၀ သူတို့က တောင်းခံတာပေါ့နော်။ ကျနော်တို့က မြေပြင်မှာ စစ်ဆေး လုပ်ဆောင် တာတွေ လုပ်ပြီးပါပြီ။ အဲဒီနေရာတွေကို ပေးဖို့ အဆင်မပြေပါဘူး။ အဲဒါကြောင့် လောလောဆယ်မှာ ဒီဆန်တွေကို မဖြန့်ဖို့ ပြန်ပြီးတော့ တားထားလိုက်တာပါ” ဟု ပြောသည်။

ဘူးသီးတောင်မြို့နယ်အတွင်းက တိုက်ပွဲရှောင်စခန်းတစ်ခုကိုတွေ့ရစဉ်(နိရဥ္စရာ)

ဘူးသီးတောင်မြို့နယ်ရှိ တိုက်ပွဲရှောင်စခန်း ၈ ခုအတွက် ဆန်အိတ်ရေ ၁၁၁၅ အိတ်အနက် ဆန်အိတ်ရေ ၅၇၀ ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ၎င်းတို့အစီအစဉ်ဖြင့် ဖြန့်ဝေရန် တောင်းခံခဲ့ကြောင်း သိရသည်။

သို့သော် အဆိုပါစခန်း ၃ ခုသည် တိုက်ပွဲရှောင်များ မရှိသည့်စခန်း ဖြစ်နေကြောင်း နိပွန်ဖောင်ဒေးရှင်းဘက်က ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် လူတစ်ဦးလျှင် ဆန်တစ်အိတ်နှုန်းဖြင့် လူဦးရေ ၄၈၀၀ အတွက် ရံထားသော်လည်း ပြည်နယ်ကောင်စီမှ ၁၁၁၅ အိတ်သာ ဖြန့်ဝေခွင့် ပြုထားကြောင်း သိရသည်။

ဧပြီလကတည်းက ဆန်များကို ဖြန့်ဝေရန် စီစဉ်ထားသော်လည်း ဆန်ဈေးနှုန်းများ မြင့်တက်ခြင်း၊ ဆန်ကုန်သည် များ ငွေကြေးထုတ်ယူရ အခက်အခဲ ဖြစ်နေခြင်းနှင့် နေရာပြောင်းရွှေ့ နေရမှုများကြောင့် ဒီဇင်ဘာလမှသာ စတင် ဖြန့်ဝေနိုင်ခဲ့သည်။

နိပွန်ဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ အမ်း၊ ရသေ့တောင်နှင့် ပေါက်တော စသည့် မြို့နယ်များအတွင်းရှိ တိုက်ပွဲရှောင်များအတွက် ဆန်အိတ်ရေ ၅၅၀၉၄ အိတ်ကို ဧပြီလအတွင်း၌ လှူဒါန်းထားခဲ့ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရှီကျင့်ဖျင် ဆော်ဒီနိုင်ငံကို ရောက်လာစဉ် (AP)

ဆက်ဆံရေးတိုးမြှင့်ရန် တရုတ်သမ္မတရှီကျင့်ဖျင် ဆော်ဒီသို့ ရောက်ရှိ

By CNI
CNI
Category: နိုင်ငံရေး
Hits: 879

CNI International News

ဒူဘိုင်း၊ ဒီဇင်ဘာ ၈

ပင်လယ်ကွေ့ နိုင်ငံများနှင့်တွေ့ဆုံရန် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဗုဒ္ဓဟူးနေ့တွင် ဆော်ဒီအာရေးဗျ နိုင်ငံသို့ ရောက်ရှိခဲ့သည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်များကြောင့် တရုတ်နိုင်ငံအတွင်း စီးပွားရေး ကျဆင်းနေမှုကို ပြန်လည် ဦးမော့ရန် ကြိုးပမ်းမှုအဖြစ် စွမ်းအင်လိုအပ်ချက်အား ဖြည့်စည်းရန်အတွက် ထိုသို့ သွားရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

ရှီကျင့်ဖျင် (Xi Jinping)သည် တရုတ်လေကြောင်းလိုင်း၏ ဘိုးရင် ၇၄၇ လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ရှီသည် လေဆိပ်တွင် ရီယတ်မြို့အုပ်ချုပ်ရေးမှူး မင်းသား ဖိုင်ဆယ်ဘင်ဘန်ဒါ ( Faisal bin Bandar)နှင့် တွေ့ဆုံသည်။ အမေရိကန်ဘက်မှ စိတ်ဝင်စားမှု လျော့နည်းလာခြင်းကြောင့် ပင်လယ်ကွေ့နိုင်ငံများသည် ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲရန် ကြိုးစားလျက်ရှိသည်။

ထို့အပြင် ရုရှား၏ ယူကရိန်း ကျူးကျော်စစ်ကြောင့်လည်း အာရပ်နိုင်ငံများက တရုတ်နှင့်ဆက်ဆံရေးကို ခိုင်မာအောင် ဆောင်ရွက်လိုနေခြင်း ဖြစ်သည်။

ရှီကျင့်ဖျင်နဲ့ ဆော်ဒီ အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန် (GETTY IMAGES)

ဆော်ဒီ ခရီးစဉ်တွင် ရှီသည် တရုတ်-အာရပ်ပြည်ထောင်စုများ ညီလာခံနှင့် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှု အစည်းအဝေးကို တက်ရောက်မည်ဟု ယူဆရသည်။

အဆိုပါ အစည်းအဝေးတွင်း ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာနှင့် ယူအေအီးနိုင်ငံတို့ ပါဝင်သည်။

တရုတ် - အာရပ်ဆက်ဆံရေး သမိုင်းကြောင်းကို တစ်ခေတ်ဆန်းစေသည့် အောင်မြင်မှု မှတ်တိုင်တစ်ခုကို လုပ် ဆောင်မည့် အကြီးမားဆုံးနှင့် အမြင့်ဆုံးသော တရုတ်၊ အာရပ်သံတမန် အခမ်းအနားဟု တရုတ်နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံသည် ရေနံစိမ်း တင်သွင်းမှုဆိုင်ရာ ကမ္ဘာ့အကြီးဆုံး နိုင်ငံတစ်ခုဖြစ်ပြီး ဆော်ဒီမှ ရေနံများကို နှစ်စဉ် ဒေါ်လာဘီလီယံနှင့်ချီ ဝယ်ယူလျက်ရှိသည်။ ထို့အပြင် တရုတ်နိုင်ငံအတွင်း ရေနံစိမ်း လိုအပ်ချက်နှင့်ပတ်သက် ၍လည်း ရှီက နားလည် သဘောပေါက်ထားသည်။


ယခု ခရီးစဉ်အတွင်း ရှီသည် အသက် ၈၆ နှစ်အရွယ် ဆော်ဒီဘုရင် ဆယ်လ်မန် (King Salman) အပြင် အိမ်ရှေ့စံ မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် (Mohammed bin Salman) တို့နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။

ထို့နောက် ခရီးစဉ်အတွင်း ရေနံရောင်းဝယ်မှုအပြင် ဆော်ဒီမင်းသား၏ ဒေါ်လာ ဘီလီယံ ၅၀၀ တန် နီယွန် (Neom) မြို့တော်စီမံကိန်းအတွက် တရုတ်ဆောက်လုပ်ရေးကုမ္ပဏီများ ပါဝင်ရေးအတွက်လည်း ဆွေးနွေးမှုများ လုပ်ဆောင် သွားမည်ဖြစ်သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

မွန်ဂိုလီးယား ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခများဖြစ်ပွား

By CNI
CNI
Category: Watch TV
Hits: 599

Share
Tweet
Share
Share
powered by social2s

ကူကီးတပ်ဖွဲ့များနှင့် အပစ်ရပ်စဲရေးမှ အစိုးရနှုတ်ထွက်ရန် မဏိပူရအရပ်ဖက်အဖွဲ့ပြော

By CNI
CNI
Category: Watch TV
Hits: 580

Share
Tweet
Share
Share
powered by social2s

နိုင်ငံကိုကာကွယ်ဖို့ဝယ်ထားသည့် လက်နက်များနှင့် တိုက်ခိုက်နေဟု KNDF ပြော

By CNI
CNI
Category: Watch TV
Hits: 576

Share
Tweet
Share
Share
powered by social2s

ဆူဒန်စစ်တပ်နှင့် နိုင်ငံရေးအင်အားစုများကြား အသွင်ကူးပြောင်းရေးသဘောတူ

By CNI
CNI
Category: Watch TV
Hits: 572

Share
Tweet
Share
Share
powered by social2s
  • 27
  • 28
  • 29
  • 30
  • 31
  • 32
  • 33
  • 34
  • 35
  • 36

Page 32 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar