CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ရွေးကောက်ပွဲ အကျပ်အတည်းကြောင့် တူနီးရှားသမ္မတကို နှုတ်ထွက်ရန်တောင်းဆို

By CNI
CNI
Category: Watch TV
Hits: 627

Share
Tweet
Share
Share
powered by social2s

ဂျပန်အထိရောက်သော ပဲ့ထိန်းဒုံးကျည် နှစ်စင်းကို မြောက်ကိုရီးယား ပစ်လွှတ်

By CNI
CNI
Category: Watch TV
Hits: 799

Share
Tweet
Share
Share
powered by social2s

ငြိမ်းချမ်းရေးတွင် လူထု၏ကဏ္ဍက အရေးကြီးဟု ပြော

By CNI
CNI
Category: Watch TV
Hits: 753

Share
Tweet
Share
Share
powered by social2s
NCA လက်မှတ်ထိုးခြင်း အခမ်းအနားကိုတွေ့ရစဉ်

ငြိမ်းချမ်းရေးတွင် လူထု၏ကဏ္ဍက အရေးကြီးဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1601

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၉

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူထု၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

မည်သည့်အစိုးရမဆို လူထု၏မျက်နှာကို ကြည့်ရမှာဖြစ်ကြောင်း၊ လူထု၏ဆန္ဒမှာ အလွန်အ‌ရေးကြီးကြောင်း ၎င်းက ပြောသည်။

ဒေါက်တာအေးမောင်က “အဲဒီတော့ လူထုရဲ့ ဆန္ဒဆိုတာ အလွန်တရား အရေးကြီးပါတယ်၊ မည်သည့်အစိုးရမဆို လူထုရဲ့ မျက်နှာကိုပဲ ကြည့်ရတာကိုဗျ၊ လူထုကို အုပ်ချုပ်တဲ့ ကောင်းမွန်တဲ့ ယန္တရားတစ်ရပ်ကို အပ်နှင်းချင်လို့သာ အစိုးရဆိုတာ လူထုကိုယ်စား အုပ်ချုပ်ပေးကြရတာကိုး၊ အစိုးရတိုင်းကတော့ဗျာ ဘယ်လိုပဲပြောပြော ကောင်းမွန် တဲ့ အမွေတစ်ခုတော့ ပေးခဲ့ချင်တာပဲ၊ လူထုကို ဆိုတော့ လူထုရဲ့ ဆန္ဒအရေးကြီးပါတယ်၊ လူထုက ဘယ်လို အစိုးရ တစ်ရပ်ကို လိုသလဲ၊ လူထုက ဘယ်လို ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးဖို့အတွက် အဆင်သင့် ဖြစ်နေကြပြီလား၊ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်၊ လူ့အခွင့်အရေး ပြည့်ဝတဲ့ ပတ်ဝန်းကျင်၊ တိုင်းရင်းသားအားလုံး ချစ်ကြည်ပြီးတော့ လက်တွဲနိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် တို့တတွေ မတည်ဆောက်နိုင်တော့ဘူးလား။ တည်ဆောက်ဖို့အတွက် အချိန် မကျသေးဘူးလား။ ဒီလောက် ၇၅ နှစ်လောက် ပေးဆပ်ခဲ့ရတာကိုက နောင်တမရကြသေးဘူးလားဆိုတာ ကျနော်တို့ကပဲ သုံးသပ်ရတာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ငြိမ်းချမ်းရေးတောင်းဆိုကြသူများကိုတွေ့ရစဉ် (GETTY IMAGES)

ထို့ကြောင့် လူထု၊ အစိုးရ၊ လက်နက်ကိုင် အင်အားစုများ၊ တိုင်းရင်းသားများ အနေဖြင့် အကောင်းဆုံးလမ်းကို ရွေးချယ်ရမှာဖြစ်ကြောင်း၊ သွေးမြေကျမှုကင်းသည့် နိုင်ငံတစ်ခု ပေါ်ထွန်းလာစေချင်ကြောင်း ၎င်းက ပြောသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် သက်ဆိုင်သူ အားလုံးပါဝင်မှ ငြိမ်းချမ်းရေးမှာ ရှေ့ဆက်၍ ရမှာဖြစ်ကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်အေးလွင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ငြိမ်းချမ်းရေးဖြစ်စဉ်က အဲဒီတုန်းက ပြောခဲ့ပြီးသားပဲ၊ ကျနော်တို့ ဒီမြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က သက်ဆိုင်တဲ့သူတွေ အားလုံးပါဝင်မှ ရမယ်၊ သက်ဆိုင်တဲ့လူတွေ အားလုံးပါဝင်တဲ့ အနေအထားတစ်ခု ရှိဖို့လိုတယ်၊ အဲဒါမှပဲ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကို ဆက်သွားလို့ရမယ်လို့ ကျနော်တို့ ပြောခဲ့ပြီးပြီ” ဟု ပြောသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)

မိမိတို့ တည်ဆောက်လိုသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် အားလုံး၏ ညှိနှိုင်းဆွေးနွေးမှုဖြင့် တဆင့်ခြင်း လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျ‌နော်တို့ ဖော်ဆောင်လိုတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး၊ ကျနော်တို့ တည်ဆောက်လိုတဲ့ ခုနက ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အတွက်ဆိုရင်တော့ ဒီမိုကရေစီလို့ ပြောလိုက်မယ်ဆိုရင်လည်းပဲ ဒီမိုကရေစီ အင်အားစုတွေ အားလုံး ပါဝင်ရမှာ ဖြစ်သလို ဖက်ဒရယ်လို့ ပြောလိုက်မယ်ဆိုရင်လည်းပဲ တိုင်းရင်းသား အင်အား စုတွေ အားလုံးပေါ့၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေလည်း ရှိရင် ရှိမယ်၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ လည်း ရှိရင်ရှိမယ်၊ အဲဒီလိုမျိုး သက်ဆိုင်တဲ့သူတွေ အားလုံး ပါဝင်စုပေါင်း ညှိနှိုင်း အဖြေရှာနိုင်မယ့် အခင်းအကျင်း ကသာလျှင် ကျနော်တို့ ခုနက ပြောနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ကျနော်တို့ တည်ဆောက်လိုတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အတွက်က‌တော့ ကျ‌နော်တို့ အားလုံးရဲ့ ညှိနှိုင်းဆွေးနွေးမှု အပေါ်မှာပဲ တဆင့်ပြီး တဆင့် ကျနော်တို့ ဆက်လက် လုပ်ဆောင် သွားရမှာ ဖြစ်တယ်လို့ ကျနော်အဲဒီလိုပဲ နားလည်မှု ရှိပါတယ်” ဟု ပြောသည်။

လက်ရှိတွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်က ယခု ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး လျက်ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြို့တစ်နေရာတွင် အီရတ်တပ်ဖွဲ့ဝင်များ စောင့်ကြပ်နေစဉ်(ဓါတ်ပုံ-Getty Images)

ဗုံးခွဲမှု၊ ပစ်ခတ်မှုများကြောင့် အီရတ် ရဲတပ်ဖွဲ့ဝင် ကိုးဦးသေဆုံး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1016


CNI International News

ဘဂ္ဂဒက်၊ ဒီဇင်ဘာ ၁၉

အီရတ်နိုင်ငံမြောက်ပိုင်း ဗုံးပေါက်ကွဲမှုနှင့် သေနတ်ပစ်ခတ်မှုတို့ကြောင့်အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ သည်ဟု BBC သတင်းတွင်ဖော်ပြသည်။ အဆိုပါတိုက်ခိုက်မှုသည် တနင်္ဂနွေနေ့ မြို့တော်ဘဂ္ဂဒက်နှင့် မိုင် ၁၈၀ အကွာ ရေနံကြွယ်ဝသော ကာကွတ်မြို့ (Kirkuk) မြို့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခုတိုက်ခိုက်မှုကို IS အဖွဲ့က ၎င်းတို့ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။ IS အဖွဲ့သည် အီရတ်စစ်သား ၃ ဦး သေဆုံးခဲ့သည့် ဗုဒ္ဓဟူးနေ့ ဘဂ္ဂမြို့အနီး လမ်းဘေးဗုံးခွဲမှုကိုလည်း ပြုလုပ်ခဲ့သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ တနင်္ဂနွေနေ့တိုက်ခိုက်မှုသည် ချာလယ် အယ်လ်-မာတာ (Chalal al-Matar) ကျေးရွာအနီး ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ထရပ်ကားတစ်စီးကို ဗုံးခွဲမှုဖြင့် စတင်ခဲ့ကာ ယင်းနောက်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု အီရတ်အရာရှိများက AFP သတင်းသို့ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားအပြီး အီရတ်မြို့တွင်း သွားလာသူ ပြည်သူများနှင့် အစောင့်တပ်သားတစ်ဦးကို တွေ့ရစဉ်(ဓါတ်ပုံ-RTE)

ယခုဖြစ်ရပ်တွင် အကြမ်းဖက်သမားတစ်ဦး သေဆုံးခဲ့ကာ ကျန်သူများကို ဆက်လက်ရှာဖွေနေသည်ဟုလည်း ၎င်းတို့က ပြောဆိုခဲ့ကာ တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးပါ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဘဂ္ဂဒက်မြို့ရှိ အီရတ် ပြည်ထဲရေးဌာနကလည်း ယခုတိုက်ခိုက်မှုကို အတည်ပြုပြောဆိုသည်။ ယခုတိုက်ခိုက်မှု ကိုပြုလုပ်ခဲ့သည့် IS အဖွဲ့သည် ယခင်တုန်းက အီရတ်နိုင်ငံအရှေ့ပိုင်းမှ ဆီးရီးယားအနောက်ပိုင်းအထိ နယ်မြေ ဧရိယာ ၈၈၀၀၀ စတုရန်းကီလိုမီတာခန့်ကို သိမ်းပိုက်ခဲ့ကာ လူပေါင်း ၈ သန်းနီးပါးကို တင်းကြပ်သောစည်းမျဉ်း များဖြင့်အုပ်ချုပ်ခဲ့သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၅ ရက်က ကာကွတ်မြို့၌ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာကို အီရတ် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့စဉ်(ဓါတ်ပုံ-AFP)

သို့သော် အီရတ်တပ်ဖွဲ့ဝင်များက IS တို့ ခြေကုပ်ရယူထားသော ဆီးရီးယားနယ်စပ်မှ စစ်သွေးကြွများကို ဖယ်ရှားနိုင်ခဲ့ကာ ၂၀၁၇ ဒီဇင်ဘာတွင် IS အဖွဲ့ကို အောင်နိုင်ခဲ့ပြီဟု ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၁၉ တွင် IS အဖွဲ့ဝင်များသည် ၎င်းတို့နောက်ဆုံးခြေကုပ်စခန်းကို လက်လွှတ်ခဲ့ရသော်လည်း ယင်းတို့သည် ပြင်းထန်သော ခြိမ်းခြောက်မှုအဖြစ်ရှိနေဆဲဟု UN က ဇူလိုင်လတွင်ကြေညာခဲ့သည်။

လက်ရှိအချိန်အထိ ဆီးရီးယားနှင့် အီရတ်တို့တွင် IS တိုက်ခိုက်ရေးသမား ၆၀၀၀ မှ ၁၀၀၀၀ ကြားရှိနေဆဲဟု UN က ခန့်မှန်းထားပြီး အဆိုပါ စစ်သွေးကြွများသည် ဝေးလံခေါင်သီသော ဧရိယာများတွင် အများဆုံးအခြေစိုက်ကာ ပစ်ခတ်ထွက်ပြေးခြင်း၊ ချုံခိုတိုက်ခိုက်ခြင်းနှင့် လမ်းဘေးဗုံးခွဲခြင်းများကို ပြုလုပ်နေကြဆဲဖြစ်သည်။

IS အဖွဲ့သည် သိသာထင်ရှားသည့်ခေါင်းဆောင်မှု ပျောက်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း လုံခြုံရေးလစ်ဟာမှုများကို အသုံးချကာ အကြမ်းဖက်ဝါဒကို ဖြန့်ကြက်ရန် လူသစ်စုဆောင်းမှုများနှင့် တိုက်ခိုက်မှုများကို ပြုလုပ်စီစဉ်နိုင်စွမ်း ရှိနေဆဲဖြစ်သည်ဟုလည်း UN ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘိုင်ဒန်နဲ့ အာဖရိကခေါင်းဆောင်တစ်ဦးကိုတွေ့ရစဉ်

အာဖရိကတိုက်အတွက် အမေရိကန်၏ ကြိုးစားမှု ဘယ်အထိရောက်ရှိမည်လဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 3801

CNI International Article

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၈

အာဖရိကတိုက်နှင့် ပတ်သက်သည့် မဟာဗျူဟာသစ် တစ်ရပ်ကို အခုနှစ် နွေရာသီတွင် ကြေညာခဲ့ပြီးနောက် ဘိုင်ဒန် အစိုးရသည် အာဖရိကခေါင်းဆောင်များဖြင့် ဝါရှင်တန်တွင် ညီလာခံတစ်ခုကို ကျင်းပခဲ့သည်။

၎င်းက ဒေါ်နယ်ထရမ့်လက်ထက် ဆိုးဆိုးရွားရွား ပျက်စီးခဲ့သော ဆက်ဆံရေးကို ပြန်လည် ကောင်းမွန်စေဖို့ ကြိုးစားမှုတစ်ရပ်ပင် ဖြစ်သည်။

အာဖရိကနှင့်ဆက်ဆံရေး ပြန်လည် တည်ဆောက်ခြင်းက ကမ္ဘာ့မျက်နှာစာ အသီးသီးမှာ ကျဆင်းလာသည့် အမေရိကန်၏ လွှမ်းမိုးမှုများကို ပြန်လည် အဖတ်ဆယ်မည့် ဘိုင်ဒန်၏ အစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

လက်တင်အမေရိက၊ အင်ဒို-ပစိဖိတ်၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများတွင် အမေရိကန်၏ ပြိုင်ဘက် နိုင်ငံများ အထူးသဖြင့် တရုတ်နိုင်ငံက စီးပွားရေး၊ မဟာဗျူဟာရေး ကဏ္ဍများမှာ များစွာရှေ့သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

အာဖရိကတိုက်တွင် တရုတ် ပါဝင်နေမှုက အမေရိကန်အတွက် စိတ်ရှုပ်ထွေးစရာပင်။ ပြီးခဲ့သည့် နှစ် ၂၀ အတွင်း အာဖရိကတိုက်အပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုသည် ပြင်သစ်၊ ဗြိတိန်တို့လို ယခင်ကိုလိုနီ နိုင်ငံများ အပါအဝင် အနောက် အင်အားကြီး နိုင်ငံများအားလုံးထက် ပို၍ အရှေ့ရောက်ခဲ့သည်။

Francafrique ကဲ့သို့ ခေတ်သစ်ကိုလိုနီ စီမံကိန်းသည်ပင် ရုရှား၏ ပါဝင်မှုကြောင့် မာလီ၊ ဗဟိုအာဖရိကနှင့် ဆာဟာရဒေသ နယ်စပ်များတွင် ကျရှုံးခဲ့ရပြီး ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့ဖူးသည့် တိုဂို၊ ဂါဘွန်နှင့် ရဝမ်ဒါတို့လည်း ပြီးခဲ့သည့် နှစ်များအတွင်း ၎င်းတို့၏ အကျိုးစီးပွားအတွက် ဗြိတိန် သို့မဟုတ် တရုတ်ကို ရွေးချယ်သွားခဲ့ကြသည်။

 

ဘိုင်ဒန်နဲ့ အာဖရိက ခေါင်းဆောင်များကို တွေ့ရစဉ်

ဆိပ်ကမ်းမှသည် ဓာတ်အားပေး စက်ရုံအထိ ပါဝင်သော ငွေချေးမှု၊ အကြီးစား စီမံကိန်းများနှင့် နည်းပညာပိုင်း ဆိုင်ရာ စီမံကိန်းများဖြင့် တရုတ်၏ အာဖရိကဒေသတွင်း ပါဝင်မှုများက အမေရိကန်လို တခြားအင်အားကြီး နိုင်ငံများအတွက် ယှဉ်ပြိုင်ရန် ခက်ခဲစေသည်။

ချေးငွေးများကို ပြန်မဆပ်နိုင်လျှင် နိုင်ငံပိုင် လုပ်ငန်းများအား တရုတ်က သိမ်းယူနိုင်သည့် အန္တရာယ်ရှိသော်ငြား ကိုဗစ်နှင့်အတူ ဖြစ်ပေါ်သော စိန်ခေါ်မှုများစွာ ရှိနေသော အခြေအနေမှာပင် တရုတ်နှင့် အာဖရိကတို့ကြား အပြန်အလှန် ကုန်သွယ်မှုမှာ ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၂၅၄ ဘီလီယံ၊ ၂၀၂၀ ကထက် ၃၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

ထို့အပြင် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးရာ ကိစ္စများထက် ဖွံ့ဖြိုးတိုးတက်ရေးကိုသာ ပိုပြီး ဇောင်းပေးသည့် တရုတ်၏ ရပ်တည်ချက်ကလည်း ဘိုင်ဒန်အစိုးရ၏ စီမံကိန်းထက် အာဖရိကတိုက်နှင့်ပို၍ ကိုက်ညီမှုရှိသည်။ အာဖရိကသည် လွန်ခဲ့သော ၂ နှစ်အတွင်း၌ပင် အာဏာသိမ်းမှုများစွာ ပေါ်ပေါက်ခဲ့ရာ ဒေသတစ်ခုလည်း ဖြစ် သည်။

၂၀၂၀ တွင် မာလီ၌ အာဏာသိမ်းခဲ့ပြီးနောက် ၂၀၂၁ မတ်လတွင် နိုင်ဂျာ၌ အာဏာသိမ်းရန် ကြံစည်မှု ပေါ်ပေါက်ခဲ့ သော်လည်း မအောင်မြင်ခဲ့ပေ။ တစ်နှစ်ထဲမှာတင် ချက်ဒ်၌ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ နှင့် အောက်တိုဘာတို့တွင် ဂီနီယာနှင့် ဆူဒန်တို့၌ အာဏာသိမ်းမှုများ အသီးသီး ပေါ်ပေါက်ခဲ့ ပြန်သည်။

ထို့ကြောင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကပင် အာဖရိက၌ အာဏာသိမ်းမှုဆိုင်ရာ ကပ်ရောဂါ ဖြစ်ပွားနေပြီဟု ပြောယူခဲ့ရသည်။

ရှီကျင့်ဖျင်နဲ့ အာဖရိကခေါင်းဆောင် တစ်ဦးကို တွေ့ရစဉ်

အမေရိကန်သည် လူ့အခွင့်အရေးအတွက် ပြယုဂ်တစ်ခု မဟုတ်ခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ထိုအခြေအနက လူ့အခွင့်အရေးထက် ပထဝီနိုင်ငံရေး အခြေအနေများကို ပိုပြီးဦးစားပေးခဲ့ကာ ထုတ်ဖော်ထားသော တန်ဖိုးများ ထက် အကျိုးစီးပွားကိုသာ ပိုပြီး ဦးစားပေး လျက်ရှိသည်ကို တွေ့ရသည်။

ထို့ကြောင့် အာဖရိကတိုက်အတွင်းမှ ဒီမိုကရေစီရေးရာ ဆုတ်ယုတ်မှုများက အမေရိကန်အတွက် ထိခိုက်မှု မရှိသော အခြေအနေပင် ဖြစ်သည်။

ခေါင်းဆောင်မှု ကောင်းရှိနေခြင်းက အာဖရိကနိုင်ငံများအတွက် ချမ်းသာသော၊ အင်အားကောင်းသော တခြား နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးမှု လုပ်ရာတွင် ပို၍ ကောင်းမွန်သော ရလာဒ်များကို ဖြစ်လာစေမည်ဖြစ်သည်။

ထို့အပြင် ဘိုင်ဒန်အစိုးရ အနေဖြင့် ၎င်းတို့ ပြောဆိုခဲ့သလို ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကိစ္စ ရပ်များတွင် ၎င်းတို့ ပြောဆိုခဲ့သလို အင်အားမြှင့်တင်ရန် အခွင့်အရေး ရရှိခဲ့ပါလျက် မည်သည့် အတွက်ကြောင့် လက်လွှတ် ခံခဲ့ပါသလဲဟု မေးခွန်းထုတ်ရန် ဖြစ်လာသည်။

ဘိုင်ဒန်သည် ယခုနှစ် အစောပိုင်းတွင် ထိုသို့သော အခွင့်အရေး မျိုးရရှိခဲ့သည်။ ရုရှား၏ ယူကရိန်း ကျူးကျော်စစ် ဖြစ်ပွားပြီး အမေရိကန်သည် ကုလသမဂ္ဂတွင် အာဖရိကနိုင်ငံများ၏ ထောက်ခံမှုကို မရရှိခဲ့ပေ။

ကုလလူ့အခွင့်အရေးကောင်စီ၌ ရုရှား၏ အဖွဲ့ဝင် ဖြစ်မှုနှင့်ပတ်သက်၍ ပိတ်ပင်ရန် မူကြမ်းအပေါ် မဲပေးရာတွင် အာဖရိက ၅၄ နိုင်ငံမှ ၁၀ နိုင်ငံကသာလျှင် ထောက်ခံကြောင်း မဲပေးခဲ့သည်။ ၉ နိုင်ငံက ကန့်ကွက်ခဲ့ကာ ကျန်နိုင်ငံ များက ကြားနေ သို့မဟုတ် မဲပေးမှု မလုပ်ခဲ့ကြပေ။ အဆိုးရွားဆုံး အခြေအနေမှာ အမေရိကန်၏ အာဖရိကဒေသ အကြီးဆုံး မိတ်ဖက်ဖြစ်သော တောင်အာဖရိကနိုင်ငံကပါ ကြားနေအဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

ရှီကျင့်ဖျင်၊ ပူတင်နဲ့ အာဖရိက ခေါင်းဆောင်တစ်ဦးကိုတွေ့ရစဉ်

လက်ရှိအချိန်တွင် ဘိုင်ဒန်အစိုးရက ၎င်းတို့အနေဖြင့် အာဖရိကဒေသကို တစ်ဖက်သတ် ဦးဆောင်ခြင်းမျိုး မဟုတ် ဘဲ အပြန်အလှန် အကျိုးစီးပွားနှင့် အပြန်အလှန် လေးစားမှုတို့ကို အခြေခံသည့် အစီအစဉ်ဖြင့် အိုဘားမား အစိုးရ လက်ထက်မှ လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားလိုသည်ဟု ပြောသည်။

အာဖရိကအတွက် အကောင်းဆုံး အကျိုးဖြစ်ထွန်းစေမယ့် မူဝါဒများ ဆောင်ရွက်ခြင်းဖြင့် အာဖရိကမှ မိတ်ဆွေများ အပေါ် အမိန်ပေးခြင်းမျိုး မဟုတ်ဘဲ ဆွေးနွေး နားထောင်ပေးသွားမည်ဟုလည်း ကတိပြုသည်။ အမေရိကန်တို့၏ သဘောထားမှာ အာဖရိကနိုင်ငံများကို တရုတ်နှင့်အမေရိကန် မည်သည့်ဘက်တွင် နေသွားမည်လဲကို ရွေးချယ်ရန် တောင်းဆိုသွားမည် မဟုတ်ဘဲ ရွေးချယ်နိုင်သည့် နိုင်ငံတစ်ခုအဖြစ် ရှိနေပေးမည့် အနေအထားဖြစ်သည်။

ထို အနေအထားမျိုးက အာဖရိကတိုက် ခေါင်းဆောင်များအတွက် တရုတ်ကိုပို၍ အလေးသာ စေမည်မှာ မှန်သော် လည်း ပြုလုပ်ခဲ့သော စစ်တမ်း ကောက်ယူမှုများတွင်တော့ အာဖရိက ဒေသခံများတွင် အမေရိကန်နှင့် ပတ်သက် သည့် အကောင်းမြင်မှု ရှိနေဆဲဆိုသည်ကို ဖော်ပြနေသည်။

အမေရိကန်သည် အာဖရိက နိုင်ငံများအတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ကောင်းမွန်သော လွှမ်းမိုးမှု ရှိသည်ဟု ယုံကြည်သူ အရေအတွက်မှာ ၆၀ ရာခိုင်နှုန်းအထိ ရှိနေသည်။ ၎င်းက တရုတ်၏ ၆၃ ရာခိုင်နှုန်းထက် အနည်းငယ်သာ ကွာဟသည်။

ထို့နောက် ရုရှားက ၃၅ ရာခိုင်နှုန်းနှင့် ကိုလိုနီ နိုင်ငံဟောင်းများက ၄၆ ရာခိုင်နှုန်းဖြင့် အသီးသီး ရပ်တည်နေသည်။ ၎င်းက အာဖရိကန်များ အနေဖြင့် ၎င်းတို့၏ နိုင်ငံခြားဆက်ဆံရေး အခြေအနေများကို သူသေ-ငါရှင် သဘောမျိုး ရှိမနေသည်ကို ညွှန်းဆိုကာ ၎င်းတို့အနေဖြင့် တခြားအင်အားကြီး နိုင်ငံတစ်ခုခုနှင့် မပတ်သက်ဘဲ မနေလိုသည် ကိုလည်း ဖော်ပြနေသည်။

အာဖရိက ခေါင်းဆောင်များ အနေဖြင့် နိုင်ငံတစ်ခုခုကို အပြီးသတ် ရွေးချယ်လိုက်သည်ထက် ၎င်းတို့ အကျိုးစီးပွား ကို ရှေးရှုကာ ရောနှောနေထိုင်နေကြခြင်း ဖြစ်သည်။

မိတ်ဖက်နိုင်ငံအဖြစ် ရွေးမည်ဆိုလျှင် အမေရိကန်သည် တရုတ်နိုင်ငံက ဆောင်ရွက်ခဲ့သလောက်ကို ဦးစွာ ဆောင် ရွက်ရမည် ဖြစ်သည်။ သို့သော် အိုဘားမား အစိုးရလက်ထက် ညီလာခံ ဆောင်ရွက်ပြီးနောက် နောက်ထပ် ညီလာခံ တစ်ခုကို ကျင်းပရန် ၈ နှစ်ကြာ စောင့်ဆိုင်းခဲ့ခြင်းနှင့် ထိုကာလအတွင်း မည်သည့်ဆက်စပ် ဆောင်ရွက်မှုမှ မလုပ် ဆောင်ခဲ့ခြင်းက ပြောစရာအဖြစ် ရှိနေသည်။

 

ဆူဒန်အာဏာသိမ်းမှု ဆန့်ကျင်နေသူများကိုတွေ့ရစဉ်

ထိုသို့ မလုပ်ဆောင်ခဲ့ခြင်းအပြင် ဒေါ်နယ်ထရမ့် လက်ထက် ဝေဖန်မှုများနှင့် အာဖရိကနိုင်ငံများကို “ ချီးထုပ် နိုင်ငံများ” ဟု ပုတ်ခတ်ခဲ့ခြင်းကလည်း အမေရိကန် - အာဖရိက ဆက်ဆံရေး ပြန်လည် ရင်ကြားစေ့စေရန် ခက်ခဲစေလျက်ရှိသည်။

မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့ပြီးနောက် ဘိုင်ဒန်အစိုးရသည် အာဖရိကတွင် မြင့်တက်လာ သော စိန်ခေါ်မှုများကို အမေရိကန်ဘက်က ကူညီဖြေရှင်းပေးလိုသည်ဟု ယခုပြောလာပြီ ဖြစ်သည်။

ကူညီလိုသော ကဏ္ဍများတွင် “ နိုင်ငံရေး မတည်ငြိမ်မှု၊ လက်နက်ကိုင် အဖွဲ့များ၊ ဒီမိုကရေစီ နောက်ကြောင်း ပြန်မှု၊ ကူးစက်ရောဂါ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် ရာသီဥတု ပြောင်းလဲမှုများ ပါဝင်သည်ဟု အမေရိကန် ကာကွယ်ရေးဌာနက ထုတ်ပြန်ထားသည်။ အာဖရိကဒေသသည် ဆင်းရဲမွဲတေမှု၊ မလုံခြုံမှု၊ ဦးဆောင်သူ ညံ့ဖျင်းမှု စသည်တို့နှင့် ရုန်းကန်နေရသော ဒေသလည်း ဖြစ်သည်။

ထိုသို့သော စိန်ခေါ်မှုများကို ဖြေရှင်းရန် အမေရိကန် ပြည်ထဲရေးဌာနက ၎င်းတို့၏ အာဖရိက မဟာဗျူဟာသစ် တွင် မလုံခြုံမှု၊ အကြမ်းဖက်မှုများကို ဖြစ်စေသည့် အကြမ်းဖက်ဝါဒကို တွန်းလှန်ရန်၊ လုံခြုံရေးကို မြှင့်တင်ရန် စသည့် အကြောင်းအရာများထက် စီးပွားရေးကို မြှင့်တင်ရန်၊ အစားအစာလုံခြုံမှု၊ ပညာရေးနှင့် လူငယ် ဦးဆောင်မှု တို့ကို မြှင်တင်ရန် စသည်တို့ကိုသာ ဦးစားပေး ထားသည်။

ထိုသို့ ပျော့ပြောင်းပြီး ယေဘူယျ ဆန်သော သံတမန်ရေးရာ အကြောင်းအရာများကို ဦးစားပေးထားခြင်းကြောင့် လည်း ဘိုင်ဒန်အစိုးရ၏ အာဖရိကဒေသနှင့် ပတ်သက်သည့် အလေးအနက်ထားမှုသည် အပြောသက်သက်ပဲလား ဆိုသည့် မေးခွန်းများလည်း ပေါ်ထွက်လာပြန်သည်။

ထို့ကြောင့် အမေရိကန်အနေဖြင့် ခိုင်မာသည့် လုပ်ဆောင်ချက်များ မဖြစ်မနေ ဆောင်ရွက်ဖို့ လိုအပ်ပြီး ပုဂ္ဂလိက နှင့် အများပိုင်ဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း၊ ကောင်းမွန်သော အုပ်ချုပ်မှုပုံစံများကို ချီးမြှင့်ခြင်း၊ G20 တွင် အာဖရိက သမဂ္ဂ၏ပါဝင်မှုကို ထောက်ပံ့အားပေးခြင်းနှင့် လာမည့်နှစ် အနည်းငယ်အတွင်း အမေရိကန်-အာဖရိက ညီလာခံတစ်ခုကို ထပ်မံကျင်းပကာ ယခုနှစ် ညီလာခံမှ ဆုံးဖြတ်ချက်များကို ပြန်လည် သုံးသပ်ရန် လိုအပ်သည်။

ထိုသို့သော အခြေအနေများကြောင့် အမေရိကန်နိုင်ငံ အနေဖြင့် ၎င်းတို့သည် အာဖရိကကို မေ့မထားကြောင်း အာဖရိကတိုက် တစ်ခုလုံးကို သိအောင်ပြရန် မဖြစ်မနေ လိုအပ်နေမည်ဖြစ်ကာ ထိုသို့မဟုတ်ပါက အာဖရိက တိုက်၏ မေ့ထားခြင်းကို ခံရမည်မှာ သေချာသည်။

Source: အယ်ဂျာဇီးယား

အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသော Marwan Bishara ၏ “The US scramble for Africa” ဆောင်းပါး ကို CNI သတင်းဌာနက ဆီလျှော်အောင် ဘာသာပြန်ဆို ထားပါသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

အကြမ်းဖက်ဝါဒအရေး အိန္ဒိယနှင့်ပါကစ္စတန် စကားလုံးတိုက်ပွဲဖြစ်ပွား

By CNI
CNI
Category: Watch TV
Hits: 782

Share
Tweet
Share
Share
powered by social2s

သူပုန်များကြောင့် ကွန်ဂိုအရှေ့ပိုင်း စီးပွားရေးအခြေအနေ ဆိုးရွားလာ

By CNI
CNI
Category: Watch TV
Hits: 659

Share
Tweet
Share
Share
powered by social2s

နယ်ဒေသတချို့တွင် ဆိုင်ကယ်နှင့်စက်ဘီးများ ဖမ်းဆီးနေ၍ ဒေသခံများ အခက်တွေ့

By CNI
CNI
Category: Watch TV
Hits: 688

Share
Tweet
Share
Share
powered by social2s

ဒေါ်လာ ဘီလီယံ ၃၂၀ အသုံးပြုကာ စစ်အင်အားတိုးချဲ့မည်ဟု ဂျပန်ပြော

By CNI
CNI
Category: Watch TV
Hits: 716

Share
Tweet
Share
Share
powered by social2s

ဦးကျော်မိုးထွန်းကို ကုလသံအမတ်ဆက်ခန့်မှု သံတမန်ရေးရာ အောင်မြင်မှုဟု ပြော

By CNI
CNI
Category: Watch TV
Hits: 685

Share
Tweet
Share
Share
powered by social2s
ယူကရိန်းကို ရုရှားပစ်ခတ်ထားတဲ့ ဒုံးကျည်အခွံများကိုတွေ့ရစဉ် (AP)

ယူကရိန်းစစ်ပွဲ တိုက်ပွဲများ ပြန်လည် ပြင်းထန်လာနိုင်သည်ဟု သုံးသပ်ကြ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1699

CNI International News

ကိယတ်ဗ်၊ ဒီဇင်ဘာ ၁၇

ယူကရိန်းစစ်ပွဲကာလ ၁၀ လအတွင်းသို့ ရောက်ရှိလာချိန်တွင် နှစ်ဖက်စလုံးသည် အင်အားကျဆင်းလာသော ရှေ့ မတိုးသာ နောက်မဆုတ်သာ အခြေအနေသို့ ရောက်ရှိလာခြင်းကြောင့် တိုက်ပွဲများ ပြန်လည် ပြင်းထန်လာနိုင် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ခန့်မှန်းသည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

လက်ရှိ မတင်မကျ အနေအထားမှာ ယူကရိန်းအတွက် ပိုမိုအကျိုးအမြတ် ရှိစေနိုင်သည်ဟု လေ့လာသူများက ပြောသည်။ အနောက်အုပ်စုမှ ထောက်ပံ့သော လက်နက်များကို လက်ခံခြင်းနှင့် တန်ပြန် ထိုးစစ်အသစ်များ အတွက် ကြိုတင်ပြင်ဆင်မှုတို့ကို လုပ်ဆောင်နိုင်ခြင်းတို့ကြောင့် ဖြစ်သည်။

သို့သော် ရုရှားတွင် သမ္မတပူတင်၏ ချီတုံချတုံဖြစ်မှုနှင့် မဟာဗျူဟာအရ ရှင်းလင်းပြတ်သားမှု မရှိခြင်းတို့ အပေါ် စိတ်ပျက်မှုများ ပိုတိုးလာသည်။

စစ်မြေပြင်တွင် အေးခဲမှုများ ရှိလာသည်နှင့်အမျှ တိုက်ပွဲများ ပြန်လည် ပြင်းထန်လာကာ ရုရှားတို့ သိမ်းပိုက်ထား ရာ ယူကရိန်းတောင်ပိုင်း ဧရိယာများသည် ယူကရိန်းတပ်များ၏ နောက်ထပ် စစ်ရေး ပစ်မှတ်များ ဖြစ်လာနိုင်သည် ဟု စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ပြောသည်။

ပူတင်နဲ့ ရုရှားစစ်သားများကိုတွေ့ရစဉ် (AP)

အေးခဲနေသော ရာသီဥတု အခြေအနေတွင် စစ်ဆင်ရေးများ လုပ်ဆောင်ရန် ခက်ခဲသော်လည်း စစ်ရေး လေ့ကျင့်မှု များ ပိုမိုလုပ်ဆောင်နိုင်သည်ဟု လုံခြုံရေးကုမ္ပဏီ အကြီးအကဲဖြစ်သူ ဗြိတိန်တင့်ကား အရာရှိဟောင်း ဂျက်စတင် ခရမ့် (Justin Crump) ကပြောသည်။

ယူကရိန်းတပ်များသည် ဇာပေါ်ရဇ်ဇီယာ (Zaporizhzhia) ဒေသ တောင်ပိုင်းရှိ ဒေသများကို ပြန်လည် သိမ်းပိုက် ရန်နှင့် အဇော့ပင်လယ် (Sea of Azov) ရှိ မာရီပိုလ် (Mariupol) ဆိပ်ကမ်းသို့ ထိုးစစ်ဆင်ရန် ကြိုးပမ်းနိုင်သည်ဟု လည်း ခရမ့်ကပြောသည်။

ထိုသို့ ပြုလုပ်ခြင်းဖြင့် ယူကရိန်းတပ်များသည် ရုရှား၏ ခရိုင်းမီးယားသို့ သွားရာလမ်းကြောင်းများကို ဖြတ်တောက် နိုင်မည်လည်း ဖြစ်သည်။

ဇာပေါ်ရဇ်ဇီယာသည် ယူကရိန်းတပ်များ ထိုးစစ်ဆင်မည့် ဒေသဟုလည်း ယူကရိန်းနိုင်ငံသား လေ့လာ သုံးသပ်သူ အိုလက် ဇာဒါနော့ဗ် (Oleh Zhdanov)က ပြောသည်။

ပြီးခဲ့သည့် နှစ်များအတွင်း ရုရှားသည် စစ်ဘက်ဆိုင်ရာ အရေးနိမ့်မှုများနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် စွန့်လွှတ်လိုက်ရ သော ဒေသများကို ပြန်သိမ်းရန် အရန်တပ်ဖွဲ့ဝင် ၃၀၀၀၀၀ ကို ခေါ်ခဲ့ရသည်။

ထိုသူများမှ တစ်ဝက်ခန့်မှာ လေ့ကျင့်ရေး ကာလတွင်သာ ရှိနေဆဲဟု ပူတင်က ပြောသည်။ ၎င်းက ရုရှားသည် ကြုံရာတပ်ဖွဲ့များကို စစ်မြေပြင်သို့ စေလွှတ်ခြင်းကြောင့် စွမ်းရည် ပိုကောင်းသော တပ်ဖွဲ့ဝင်များ ဖြည့်တင်းနိုင်ရန် အားထုတ်မှုဟု ခရမ့်က ပြောသည်။

Source: AP

Share
Tweet
Share
Share
powered by social2s
ဦးကျော်မိုးထွန်းကိုတွေ့ရစဉ် (Reuters)

ဦးကျော်မိုးထွန်းကို ကုလသံအမတ်ဆက်ခန့်မှု သံတမန်ရေးရာ အောင်မြင်မှုဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1400

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၇

ကုလသမဂ္ဂမှာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက် ထားရှိသည့်အတွက် သံတမန် ရေးရာတွင် အောင်မြင်မှုဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

ဦးကျော်မိုးထွန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ခန့်အပ်သည့် ဝန်ကြီးဖြစ်သည့်အတွက် သက်ရောက်မှု ရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးကြီးမြင့်က “ဒါကတော့ သံတမန်ရေးအရ အောင်မြင်မှုပေါ့၊ အာဖကန်နစ္စတန်ရယ်၊ ဗမာရယ်ကို ဆက်ထားတယ်၊ သံတမန်ရေးရာ အောင်မြင်မှုလို့ သုံးသပ်လို့ရတယ်၊ ကုလသမဂ္ဂမှာ ဘာဖြစ်ဖြစ် ဗမာရဲ့ အသံကို ပြောခွင့်တော့ ရှိနေသေးတာပဲ၊ အဲဒီသဘောရှိပါတယ်။ ဒါ NUG ရဲ့ ဝန်ကြီးပဲ၊ ဒါ NUG က ခန့်တဲ့ ဝန်ကြီးလေ၊ သက်ရောက်မှု ရှိတာပေါ့၊ NUG က ခန့်တဲ့ သံအမတ်ကြီးပဲ၊ သက်ရောက်မှု ရှိတာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဦးကျော်မိုးထွန်းကို ကုလကိုယ်စားလှယ်အဖြစ် လက်ခံပေးရန်တောင်းဆိုနေကြစဉ် (Kyaw Soe Latt)

ဦးကျော်မိုးထွန်းအား ဒီဇင်ဘာ ၁၇ ရက်နေ့ (၇၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကုလမှာ သံအမတ်အဖြစ် အတည်ပြုလိုက်ခြင်းဖြစ်ပြီး လာမည့် ၂၀၂၃ နှစ် ကုလသမဂ္ဂ အထွေထွညီလာခံ ကျင်းပမည့် စက်တင်ဘာလအထိ ဆက်လက် တာဝန်ယူရမှာ ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ၏ စည်းမျဉ်း ၂၉ အရ လက်ရှိ ရှိနေသည့်သူကို ဆက်လက် ထားရှိသည့်သဘော သက်ရောက်ကြောင်း သို့သော်လည်း ဘယ်အဖွဲ့ကိုမှ အသိအမှတ်ပြုသည့် သဘောမဟုတ်ဟု သိရကြောင်း နစက ၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA သတင်းဌာနသို့ ပြောကြားထားသည်။

ဦးကျော်မိုးထွန်း အနေဖြင့် မြန်မာနိုင်ငံကို ကိုယ်စား ပြု/မပြုဆိုသည်မှာ အမျိုးမျိုး ဖြစ်နေကြောင်း၊ မည်ကဲ့သို့ အပြောင်းအလဲ ဖြစ်လာမလဲဆိုသည်ကို စောင့်ကြည့်ရုံသာရှိကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ် (GETTY IMAGES)

၎င်းက “ဦးကျော်မိုးထွန်းကလည်း လွန်ခဲ့တဲ့ နှစ်ကလည်း အဲဒီလို တာဝန်ယူထားခဲ့တာတော့ ကျနော်တို့ တွေ့ တယ်၊ အဲဒါက နိုင်ငံကို ကိုယ်စားပြုသလား၊ မပြုသလားတော့ အမျိုးမျိုးပဲ၊ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဒီအတိုင်း ဆက်ထားမယ်လို့ ပြောတယ်၊ နိုင်ငံကို ကိုယ်စားပြုပြီး သူက မိန့်ခွန်း ပြောခွင့်ရတဲ့ပုဂ္ဂိုလ် မဟုတ်ဘူး။ အဲဒါကြောင့် အပြောင်းအလဲ ဘယ်လောက် ဖြစ်လာမလဲဆိုရင် လွန်ခဲ့တဲ့ တစ်နှစ် မှာလည်း ကျနော်တို့ ကြည့်တယ်၊ ကုလသမဂ္ဂကလည်း ဘာမှ မြန်မာနိုင်ငံကိစ္စမှာ အပြောင်းအလဲ လုပ်ပေးနိုင်တဲ့ အဖွဲ့အစည်းပုံစံမျိုး မဟုတ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်၊ အဲဒါကြောင့် အခုချိန်မှာ ဘယ်လောက် အပြောင်းအလဲ ဖြစ်လာမလဲဆိုတော့က စောင့်ကြည့်ရုံပဲရှိတယ်၊ ဖြစ်လာမလား၊ မဖြစ်လာဘူးလားဆိုတာ ကျနော်တို့လည်း အဲဒီလို သုံးသပ်ဖို့ အခက်အခဲရှိတယ်” ဟု ပြောသည်။

နိုင်ငံတကာသံတမန် အသိုင်းအဝိုင်းနှင့် ပြည်တွင်း သံတမန် အသိုင်းအဝိုင်းကြားမှာတော့ နစက နှင့် NUG တို့သည် ၎င်းတို့က တင်သွင်းသည့် ကုလအမြဲတမ်း ကိုယ်စားလှယ်ကို ခန့်အပ်ပေးရေး အပြိုင်ကြိုးပမ်း လျက်ရှိနေသည်။

လက်ရှိ ကုလက ဦးကျော်မိုးထွန်းကို ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခြင်းက NUG ၏ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခြင်းမဟုတ်ဘဲ ယခင် အစိုးရများလက်ထက်မှ ကိုယ်စားလှယ် အနေဖြင့်သာ လက်ခံခြင်း ဖြစ်ကြောင်း သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

အာဖရိကတိုက်၏ အနာဂတ်တွင် အမေရိကန် အလုံးစုံပုံအောမြှုပ်နှံထားဟု ဂျိုးဘိုင်ဒန်ပြော

By CNI
CNI
Category: Watch TV
Hits: 733

Share
Tweet
Share
Share
powered by social2s

ယူကရိန်းကို ဒုံးလက်နက်များထောက်ပံ့လျှင် ပြင်းထန်သော အကျိုးဆက်ကို ရင်ဆိုင်ရမည်

By CNI
CNI
Category: Watch TV
Hits: 691

Share
Tweet
Share
Share
powered by social2s

လူကြီးများ မြှောက်ပေး၍ လူငယ်များ စစ်တိုက်ခြင်းမဟုတ်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 695

Share
Tweet
Share
Share
powered by social2s
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31
  • 32
  • 33

Page 29 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar