CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

အာဖရိကတိုက်၏ အနာဂတ်တွင် အမေရိကန် အလုံးစုံပုံအောမြှုပ်နှံထားဟု ဂျိုးဘိုင်ဒန်ပြော

By CNI
CNI
Category: Watch TV
Hits: 606

Share
Tweet
Share
Share
powered by social2s

ယူကရိန်းကို ဒုံးလက်နက်များထောက်ပံ့လျှင် ပြင်းထန်သော အကျိုးဆက်ကို ရင်ဆိုင်ရမည်

By CNI
CNI
Category: Watch TV
Hits: 560

Share
Tweet
Share
Share
powered by social2s

လူကြီးများ မြှောက်ပေး၍ လူငယ်များ စစ်တိုက်ခြင်းမဟုတ်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 572

Share
Tweet
Share
Share
powered by social2s
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ

ထိုင်းတွင် မြန်မာအလုပ်သမား အများအပြား အကြောင်းမဲ့ အလုပ်ထုတ်ခံနေရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1598

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆

ထိုင်းနိုင်ငံတွင် နစ်နာကြေးမပေးဘဲ မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား အကြောင်းမဲ့ အလုပ်ထုတ်ခံ နေရကြောင်း ထိုင်းရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ယခင်ကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုသို့ အကြောင်းမဲ့အလုပ်ထုတ်ပစ်ခြင်းများ ကြုံတွေ့ရသော်လည်း နည်းပါးခဲ့ပြီး လက်ရှိတွင် စက်ရုံ၊ အလုပ်ရုံ အများအပြားမှ အလုပ်ထုတ်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ အများအပြားဖြစ်လာကြောင်း ထိုင်းရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

ထိုသို့ အလုပ်ထုတ်ခံရသည့် မြန်မာများမှာ MOU ဖြင့် လုပ်ကိုင်နေသူများ၊ ယာယီ နေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူများ၊ တရားမဝင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်ကြောင်း ထိုင်းတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“အခုက ထိုင်းနိုင်ငံထဲမှာ တော်တော်များများက အကြောင်းမဲ့ ဘာလို့ အလုပ်ဖြုတ်လဲလို့ မေးရင် ဒီ အလုပ်ဖြုတ် ခြင်းက ရေပန်းစားနေတာက အလုပ်သမားအသစ်တစ်ယောက် လာပြီးတော့လျှောက်ရင် အဲဒီမှာ အလုပ်လျှော က်ခ ပေးရတယ်။ လူတစ်ယောက်ကို ဘတ် ၂၀၀၀ ကနေ ၄၀၀၀ လောက်အထိ ပိုက်ဆံပေးပြီးမှ အဲဒီစက်ရုံ၊ အလုပ်ရုံထဲကို အလုပ်ဝင်ရတယ်။ ဒါကြောင့်မို့လို့ အလုပ်ခွင်ထဲမှာရှိတဲ့ တာဝန်ရှိတဲ့ HR တွေက သူတို့နဲ့ နီးစပ်တဲ့ မြန်မာစကားပြန်တွေ၊ လူပွဲစားတွေပေါ့ အဲဒီလိုလာပြီးတော့ အလုပ်လာသွင်းတယ်။ ၁၀ ယောက်တို့ အယောက် ၂၀၊ ၃၀ တို့ အဲဒီလို လာသွင်းရင် သူတို့ ပိုက်ဆံရတယ်။ ပိုက်ဆံရတော့ အလုပ်သမားအဟောင်းတွေကို အကြောင်းမဲ့ အလုပ်ဖြုတ်လိုက်တယ်။ ဒါတစ်ချက်ပေါ့။ MOU အလုပ်သမားတွေဆိုရင်လည်း စာချုပ်ချုပ်တုန်း က ဒီလိုမဟုတ်ဘူးပေါ့။ စာချုပ်ထဲကအတိုင်း ပေးပါဆိုရင် အဲဒီအလုပ်သမား auto အလုပ်ဖြုတ်ခံရတယ်။ သူတို့က အလုပ်ထုတ်လိုက်ပြီဆိုရင် နေစရာပါ မရှိတော့ဘူးလေ။ အလုပ်ဖြုတ်ခံရပြီဆိုရင် အခန်းပါ မပေးတော့ဘူးလေ။ အခန်းပါမပေးတော့ဘူးဆိုရင် အလုပ်သမားတွေက ဒီအခန်းကနေပါ ထွက်ပေးရတယ်ဆိုတော့ သူတို့ ပိုပြီးတော့မှ ဒုက္ခရောက်တာပေါ့။ ပြန်လည်တရားစွဲဖို့ဆိုတာလည်း သူတို့ မလွယ်ဘူးပေါ့” ဟု ပြောသည်။

အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားများ လျော်ကြေးငွေရရှိခဲ့စဉ်

MOU ဖြင့် လုပ်ကိုင်နေသူများ၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ကိုင်ဆောင်ထားသူများ အကြောင်းမဲ့ အလုပ် ထုတ်ခံရပါက အလုပ်သမားအဖွဲ့အစည်းများမှ တရားဝင်နည်းလမ်းဖြင့် နစ်နာကြေးငွေရရှိရန် ကူညီဆောင်ရွက် ပေးရသည်မှာ လွယ်ကူသည့်အပြင် အမှန်တကယ်လည်း နစ်နာကြေးငွေရရှိကြကြောင်း ထိုင်းရှိ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

သို့သော် တရားမဝင် ဝင်ရောက်၍ လုပ်ကိုင်နေသူများဖြစ်ပါက အလုပ်ရှင်အား အကျိုးအကြောင်းညှိနှိုင်း၍ လျော်ကြေးငွေအဖြစ် လမ်းစရိတ်(သို့မဟုတ်) ရက်အချို့စာအတွက် လုပ်အားခကိုသာ နစ်နာကြေးအဖြစ် ရရှိကြကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် တရားမဝင် အထောက်အထားမဲ့များအား လိုက်လံဖမ်းဆီးနေသည့်အတွက် အလုပ်ရှင်များမှ အရေးယူခံရမည်ကို စိုးရိမ်သည့်အတွက် လုပ်ငန်းခွင်အတွင်းရှိ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား လက်ရှိတွင် အလုပ်ထုတ်နေခြင်းဖြစ်ကြောင်း FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာနသို့ ပြောသည်။

“ထိုင်းကဖမ်းဆီးမှုတွေ များလာမှာမို့လို့ သူတို့အရင်တုန်းက တရားမဝင်လက်မှတ်မရှိတဲ့လူတွေကို သူတို့ ခန့်ထား တာရှိတယ်။ နောက်တစ်ခုက အလုပ်မတူတဲ့ အလုပ်သမားတွေကို ခန့်ထားတာလည်း ကြုံရတယ်။ MOU နဲ့ လာတယ်။ ဥပမာ ဒီမှာ ပန်းရံလုပ်မယ်ဆိုရင် ပန်းရံပဲ လုပ်ရတာ။ ဒါကို သူတို့က ပန်းရံလာလုပ်မယ်ဆိုပြီးတော့ တခြား ဥပမာ စားသောက်ဆိုင်မှာ လုပ်တယ်။ ဒါဆိုရင်လည်း ထိုင်းဥပဒေအရ ငြိစွန်းတယ်လေ။ ငြိစွန်းတယ် ဆိုတော့ အဲဒါမျိုးတွေကို ပြန်ဖြုတ်လိုက်တာတို့ လက်မှတ်တွေကို ပြန်စိစစ်တာတို့ အဲဒါမျိုးတွေကိုတော့ ကြပ်ကြပ်မတ်မတ်လုပ်တာမျိုးတော့ တွေ့ရတယ်။ ထိုင်းက သတ်မှတ်ထားတဲ့ ဥပဒေနဲ့ ငြိစွန်းတာတို့ဆို ထိုင်း လုပ်ငန်းရှင်တွေက သူတို့လည်း အန္တရာယ်ရှိတယ်လေ။ သူတို့ပါ အပြစ်ပေးအရေးယူမှာပေါ့ ထိုင်း ဥပဒေအရ။ ဆိုတော့ အဲဒီလိုမျိုး အလုပ်မတူတဲ့လူတို့ လက်မှတ်မရှိတဲ့ လူတို့ အဲဒါတွေကို ဖြုတ်တယ်၊ လူလျှော့တာတွေ တွေ့နေရတယ်” ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၉ ရက်နေ့က အလုပ်မရသဖြင့် ဆန္ဒပြခဲ့ကြသည့် မြန်မာအလုပ်သမား ၅၀၀၀ ကျော်

ထို့အပြင် ဒီဇင်ဘာ ၉ ရက်နေ့ကလည်း ထိုင်းနှင့် မြန်မာပွဲစားများက ပင်လယ်စာစက်ရုံကြီးတစ်ခုတွင် အလုပ် ဝင်ခွင့်ရမည်ဟုဆို၍ ထောင်နှင့်ချီသော မြန်မာများအား ငွေကြေးလိမ်လည်တောင်းခံခဲ့ပြီး ၆ လခန့် ကြာသည်အထိ အလုပ်မရရှိသေးသည့်အတွက် မြန်မာ ၅၀၀၀ ကျော်သည် ထိုင်းနိုင်ငံအလုပ်သမား ကူညီစောင့်ရှောက်ရေး ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသေးသည်။

ထိုသူများနှင့်ပတ်သက်၍ အလုပ်သမားအရေးဆောင်ရွက်သူများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက် ၎င်းတို့ အလုပ်ရရှိရန်နှင့် လိမ်လည်ခံရသည့် ငွေကြေးများအား ပြန်လည်ရရှိရန် ထိုင်းအာဏာပိုင်များက ဆောင်ရွက်ပေးသွားမည်ဟု အဖြေထွက်ပေါ်လာခဲ့ကြောင်းသိရသည်။

လက်ရှိတွင် မြန်မာအလုပ်သမားများအနေဖြင့် လုပ်ခလစာ ခေါင်းပုံဖြတ်ခံရခြင်း၊ အကြောင်းမဲ့ နစ်နာကြေး မပေးဘဲ အလုပ်ထုတ်ခံရခြင်း၊ အလုပ်သမားခံစားခွင့်အပြည့်အဝမရရှိခြင်းတို့နှင့် ကြုံတွေ့ရပါက အလုပ်သမား အရေးဆောင်ရွက်နေသူများအား အကူအညီတောင်းခံနိုင်သကဲ့သို့ မိမိတို့ မြို့နယ်ရှိ အလုပ်သမား ကာကွယ် စောင့်ရှောက်ရေးရုံးတွင်လည်း တိုင်ကြားနိုင်ကြောင်း ထိုင်းရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက အကြံပြုထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဦးကေဆိုင်းကိုတွေ့ရစဉ် (မုံရွာဂေဇက်)

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌဟောင်း ဦးကေဆိုင်း ကွယ်လွန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1128

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ၂၀၁၅- ၂၀၂၀ တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးကေဆိုင်းသည် ယနေ့ (ဒီဇင်ဘာ ၁၆ ရက်)တွင် ခရစ်တော်၌ အိပ်ပျော်သွားကြောင်း သိရသည်။

ဦးကေဆိုင်းသည် ကျန်းမာရေး မကောင်းသည်မှာ ကြာမြင့်ပြီးဖြစ်ကြောင်း၊ ယနေ့ (ဒီဇင်ဘာ ၁၆ ရက်)တွင် ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ၎င်း၏ နေအိမ်မှာ ခရစ်တော်၌ အိပ်ပျော်သွားကြောင်း သိရသည်။

ဦးကေဆိုင်း ရွေးကောက်ပွဲအနိုင်ရသည့် ရလဒ်ကိုတွေ့ရစဉ်

ဦးကေဆိုင်းသည် တနိုင်းမြို့နယ်၊ ရှင်ဗွေယံမြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး သားသမီး လေးဦးရှိသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားပြု၍ နန်းယွန်းမြို့နယ်ကနေ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဒွန်နက်ဆက်ဒေသအနီးရှိ ရုရှားတပ်များရှိရာ နေရာများကို ယူကရိန်းစစ်သားများက လက်နက်ကြီးဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့က ပစ်ခတ်ခဲ့စဉ်(ဓါတ်ပုံ-အေပီ)

ယူကရိန်းကို ဒုံးလက်နက်များထောက်ပံ့လျှင် ပြင်းထန်သော အကျိုးဆက်ကို ရင်ဆိုင်ရမည်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1884

CNI International News

ကိဗ်ယက်၊ ဒီဇင်ဘာ ၁၆

အမေရိကန်အနေဖြင့် နောက်ဆုံးပေါ် လေကြောင်းကာကွယ်ရေး ဒုံးကျည်များကို ယူကရိန်းသို့ပေးပို့မည်ဆိုပါက ၎င်းမှာ နောက်ထပ်ရန်စမှုတစ်ခုဖြစ်ကာ ရုရှား၏ တုန့်ပြန်မှုများနှင့် ရင်ဆိုင်သွားရမည်ဟု ရုရှား နိုင်ငံခြားရေးဌာန က ကြာသပတေးနေ့တွင် သတိပေးခဲ့ကြောင်း AP သတင်းတွင်ဖော်ပြသည်။

အမေရိကန်သည် မြေပြင်မှ ဝေဟင်ပစ် Patriot ဒုံးကျည်များကို ယူကရိန်းသို့ ထောက်ပံ့ပေးသွားမည်ဟု သတင်း များတွင် ဖော်ပြခဲ့ပြီးနောက် ယင်းသည် ယူကရိန်းစစ်ပွဲတွင် သိသိသာသာပါဝင်လာခဲ့ပြီဟု ရုရှားနိုင်ငံခြားရေးဌာန က ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇတ်ဟာရိုဗာ(Maria Zakharova) က ပြောသည်။

အဆိုပါ လက်နက်များအပြင် ယူကရိန်းစစ်ပွဲအတွင်း အမေရိကန်၏စစ်ဘက်ဆိုင်ရာကူညီထောက်ပံ့မှုများ များပြားလာခြင်းသည် ရန်လိုမှုတစ်မျိုးဖြစ်ကာ အကျိုးဆက်များရှိလာနိုင်သည်ဟုလည်း ဇတ်ဟာရိုဗာက ပြောသည်။ သို့သော်မည်သို့သောတုန့်ပြန်မှု အကျိုးဆက်ဖြစ်လာမည်ဆိုသည်ကိုတော့ ရှင်းလင်းခဲ့ခြင်းမရှိပေ။

ဒွန်နက်ဆက်ဒေသ၏ မြို့တော် ဒွန်နက်ဆက်တွင် ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဘုရားကျောင်း၏ အမိုးတွင် ကျည်ပေါက်ရာကျန်ခဲ့သည်ကို ဒီဇင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

ယူကရိန်းကို Patriot ဒုံးလက်နက်များ အမှန်တကယ်ပေးပို့သွားရန် အတည်ပြုမှုစောင့်ဆိုင်းနေသည်ဟု အမေရိကန်တာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောခဲ့သည်။ ယင်းက ပိုမိုခေတ်မီသောလက်နက်များ ထောက်ပံ့ ပေးရန် ယူကရိန်းဘက်က တောင်းဆိုမှုကို ဖြည့်ဆည်းခဲ့ခြင်းဖြစ်ကာ မကြာခင်အတွင်း တရားဝင်ထုတ်ပြန် ကြေညာမည်ဟု ယူဆရသည်။

Patriot ဒုံးလက်နက်များကို စီမံရန်နှင့်ထိန်းသိမ်းရန်အတွက် တပ်ဖွဲ့ဝင် ၉၀ ခန့်လိုအပ်သည်။ ထို့ကြောင့် ယူကရိန်းသို့ အဆိုပါလက်နက်များထောက်ပံ့မည်ဆိုပါက တပ်သားများကိုပါ စေလွှတ်ရမည်ဖြစ်သောကြောင့် အမေရိကန်ဘက်က ယင်းသို့ပြုလုပ်ရန် လပေါင်းများစွာ တုံ့ဆိုင်းနေခြင်းဖြစ်သည်။

သမ္မတဂျိုးဘိုင်ဒန်အစိုးရ၏ ယူကရိန်းစစ်ပွဲအတွင်း တပ်သားများ မစေလွှတ်ရေးစနစ်ကြောင့် ဖြစ်သည်။ ဒုံး လက်နက်များနှင့်ပတ်သက်၍ ယူကရိန်းသို့ အမေရိကန်တပ်သားများ မစေလွှတ်သည့်တိုင် အဆိုပါလက်နက်များ ပေးပို့ခြင်းက ရုရှားကို ဆွပေးသလိုဖြစ်ကာ ၎င်းတို့သာ ရုရှားနိုင်ငံတွင်းသို့ ရောက်ရှိသွားပါက ပဋိပက္ခအခြေအနေ များ ပို၍ ဆိုးရွားလာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။

ဒွန်နက်ဆက်ဒေသရှိ ဒွန်နက်ဆက်တွင် မီးလောင်ပေါက်ကွဲထားသော ကားတစ်စီးကို မီးသတ်သမားတစ်ဦးက ကြည့်နေစဉ်(ဓါတ်ပုံ-အေပီ)

အဆိုပါ သတင်းများမတိုင်ခင်ကတည်းက သမ္မတ ပူတင် ဦးဆောင်သည့် ရုရှားလုံခြုံရေးကောင်စီ ဒုတိယခေါင်း ဆောင် ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) က ယူကရိန်းသို့ Patriots လက်နက်များနှင့် နေတိုးတပ် ဖွဲ့ဝင်များရောက်ရှိလာလျှင် ယင်းတို့သည် ရုရှားလက်နက်ကိုင်များအတွက် ပစ်မှတ်များဖြစ်လာလိမ့်မည်ဟု ပြောဆိုခဲ့ဖူးသည်။

ကာကွယ်ရေးဌာနကဘက်က ပြောဆိုခြိမ်းခြောက်မှုများအပေါ် ရုရှားအစိုးရဘက်မှ သဘောတူမှု ရှိမရှိနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က သဘောတူကြောင်း ပြန်လည်ဖြေကြားခဲ့သော်လည်း အမေရိကန်ဘက်မှ ဒုံးလက်နက်များကို အမှန်တကယ်မပို့မချင်း ၎င်းတို့ဘက် မှလည်း ထိုကိစ္စနှင့်ပတ်သက်သည့် ပြောဆိုမှတ်ချက်ပေးမှုများကို ရှောင်ရှားသွားမည်ဟု ဆိုသည်။

Source:AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်-အာဖရိက ညီလာခံ ကျင်းပနေစဉ် (AP)

အာဖရိကတိုက်၏ အနာဂတ်တွင် အမေရိကန် အလုံးစုံပုံအောမြှုပ်နှံထားဟု ဂျိုးဘိုင်ဒန်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1234

CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၆

အာဖရိကတိုက်ကို ထောက်ပံ့ရန်နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ရန်အတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ အသုံး ပြုသွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)က ပြောကြားခဲ့ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည်။

အာဖရိကခေါင်းဆောင်များနှင့် ညီလာခံတစ်ခုတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝါရှင်တန်ဒီစီမြို့တွင် ပြုလုပ်ခဲ့သော အာဖရိကခေါင်းဆောင် ၄၉ ဦးနှင့် ညီလာခံ၌ အာဖရိကအနာဂတ်အတွက် အမေရိကန်နိုင်ငံမှ အလုံးစုံပုံအောမြှုပ်နှံထားသည်ဟု ဘိုင်ဒန်က ပြောသည်။

အဆိုပါ ညီလာခံသည် ၈ နှစ်တာကာလအတွင်း ပထမဆုံးသော အမေရိကန်ဘက်မှ လက်ခံကျင်းပသည့် အာဖရိကန်- အမေရိကန် ညီလာခံ ဖြစ်သည်။

၎င်းက တရုတ်၏ ပါဝင်ပတ်သက်မှုများကို တန်ပြန်ရန်အတွက် အမေရိကန်နိုင်ငံ၏ အာဖရိကတိုက်အပေါ် ပြန်လည် သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှု တစ်ရပ်ဟုလည်း ရှုမြင်ခြင်း ခံထားရသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အာဖရိကခေါင်းဆောင်တစ်ဦးကိုတွေ့ရစဉ် (AP)

ဒေါ်နယ်ထရမ့် အစိုးရလက်ထက်တွင် အာဖရိကနိုင်ငံများနှင့် ဆက်ဆံရေး အခြေအနေ ဆိုးရွားခဲ့သော်လည်း ဘိုင်ဒန်ကမူ အာဖရိကဒေသနှင့် ဆက်ဆံရေးကောင်းတစ်ခု ထူထောင်ရန် ကြိုးပမ်းထားသည်။ အာဖရိက၏ အောင်မြင်မှုသည် အမေရိကန်၏ အောင်မြင်မှုပင်ဖြစ်ကာ တစ်ကမ္ဘာလုံး၏ အောင်မြင်မှုဟုလည်း မှတ်ယူနိုင် ကြောင်း ဘိုင်ဒန်က အခိုင်အမာ ပြောထားသည်။

ဘိုင်ဒန်က လက်ရှိကြုံတွေ့နေရသော ကမ္ဘာ့ရေးရာကိစ္စများတွင် အာဖရိက၏ ခေါင်းဆောင်မှု၊ အတွေး အခေါ်များ နှင့် စွန့်ဦးတီထွင်မှုများ လိုအပ်သည်ဟု ပြောသလို ယခင်အစိုးရ အဆက်ဆက် ပြုလုပ်ခဲ့သော အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့သည်။

၃ ရက်ကြာ အမေရိကန် - အာဖရိက ညီလာခံသည် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း၊ လာမည့် ၃ နှစ်အတွင်း အာဖရိက ဒေသသို့ ဒေါ်လာ ၅၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဟု အမေရိကန် အမျိုးသား အကြံပေးအရာရှိ ဂျိတ်ဆူလေဗန် (Jake Sullivan) က ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အာဖရိကခေါင်းဆောင်များကိုတွေ့ရစဉ် (AP)

ညီလာခံတွင် လက်ရှိ ဆောင်ရွက်နေသော ပရိုဂရမ်များနှင့်ပတ်သက်၍ ဦးစားပေး ဆွေးနွေးသွားခဲ့သော်လည်း မြေပြင် အခြေအနေတွင် အဆိုပါ ပရိုဂရမ်များမှာ တိုးတက်မှု နှေးကွေးလွန်းနေသည်။

အာဖရိကသည် အမေရိကန် နိုင်ငံခြားကုန်သွယ်ရေး၏ ၁ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ထားပြီး ထိုကုန်သွယ်ကိုလည်း နိုင်ဂျီးရီးယားနှင့် အန်ဂိုလာတို့မှ ရေနံဆီ တင်သွင်းမှုများက ကြီးစိုးထားသည်။

သို့သော် အနောက်အာဖရိက၏ အရေးပါဆုံး ဆိပ်ကမ်း ဖြစ်သော ဘီနင်ဆိပ်ကမ်းတွင် သယ်ယူပို့ဆောင်စရိတ် လျော့ချရေးအတွက် ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဟု ဘိုင်ဒန်က ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ပြောခဲ့ သည်။

ဒစ်ဂျစ်တယ် စီးပွားရေးကို မြှင့်တင်ရန် ဒေါ်လာ သန်း ၃၅၀ အသုံးပြုသွားမည်ဖြစ်ပြီး အမေရိကန်-အာဖရိက စီးပွားရေးဖိုရမ်တွင် ဒေါ်လာ ၁၅ ဘီလီယံတန်ကြေးရှိ သဘောတူညီချက်များကို ရရှိခဲ့သည်ဟု ၎င်းက ပြောသည်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

လေကြောင်းတိုက်ခိုက်မှုအတွင်း ရုရှားဘက်မှ ဒရုန်းဒါဇင်ကျော် ယူကရိန်း ပစ်ချ

By CNI
CNI
Category: Watch TV
Hits: 738

Share
Tweet
Share
Share
powered by social2s

ရုရှား၏ စစ်ဘက်ဆိုင်ရာ နည်းပညာနှင့်ပစ္စည်းများ ဝယ်ယူပေးသူ ၇ ဦးကို US တရားစွဲ

By CNI
CNI
Category: Watch TV
Hits: 615

Share
Tweet
Share
Share
powered by social2s

နစကသက်တမ်းအလွန် ဘယ်လို နိုင်ငံရေးအခင်းအကျင်း ဖြစ်လာနိုင်လဲ

By CNI
CNI
Category: Watch TV
Hits: 685

Share
Tweet
Share
Share
powered by social2s
၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်မြို့မှာ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကို တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော်ရှန်နဲ့အတူ တွေ့ရစဉ်

ပြင်းပြင်းထန်ထန် တိုက်လာရင် ပြင်းထန်စွာ တုန့်ပြန်မည်ဟု ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1053

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅

မြန်မာ့တပ်မတော်ဘက်က မိမိတို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကို ပြင်းပြင်းထန်ထန် တိုက်လာပါက ပြန်ပြီးတုန့်ပြန်မှုကလည်း ပြင်းပြင်း ထန်ထန်ဖြစ်မည်ဟု ကချင်လွတ်လပ်ရေးကောင်စီ(KIC)ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်လွှင့်ခဲ့သော RFA နှင့် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်၏ အင်တာဗျူး တွင် ၎င်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က “ စစ်ရေး ပရိယာယ်ဆိုတာကတော့ ပြင်ဆင်မှုတွေ၊ ကြိုတင်ပြီးမှ စဉ်းစားထား တာတွေ အများကြီးရှိပါတယ်၊ ပြင်းပြင်းထန်ထန် တိုက်လို့ရှိရင်တော့ ပြင်းပြင်းထန်ထန် ခုခံကာကွယ်တာဆိုတဲ့ အနေအထားကို ရောက်သွားမှာဖြစ်ပါတယ်။ ပြီးလို့ရှိရင် ဘက်တစ်ဘက်က ပြင်းပြင်းထန်ထန် လုပ်ရင် ပြန်ပြီး တုန့်ပြန်မှုကလည်း ပြင်းပြင်းထန်ထန်ဖြစ်မှာပါ။ ဒါကျနော်တို့ကတော့ အစီအစဉ်တွေကို စဉ်းစားထားတာ ရှိ သလို စိတ်ဓာတ်ရေးအရလည်း ပြင်ဆင်မှုအပြည့်ရှိတယ်လို့ ကျနော်ပြောချင်ပါတယ်”ဟု ပြောသည်။

 ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက အနန့်ပါကို တပ်မတော်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားစဉ် 

KIA သည် မြန်မာ့တပ်မတော် ဖြုတ်ချရေး ကြိုးပမ်းနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက် ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)မှ လူဦးရေ ၄၀၀၀ ကျော်ကို စစ်သင်တန်းများ ပေးအပ်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် KIA သည် NUG အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)တို့နှင့် ပူးပေါင်း၍ တပ်မတော် ဖြုတ်ချရေး ဆောင်ရွက်လျက်ရှိနေသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်က ဖားကန့်မြို့နယ်အတွင်းရှိ KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါကို တပ်မတော်မှ လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ KIA အရာရှိကြီးများ အပါအဝင် လူဦးရေ ၈၀ ကျော် သေဆုံးခဲ့သည်။

ထို့နောက် တပ်မတော်နှင့် KIA-PDF ပူးပေါင်း အဖွဲ့များကြား စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်(မြောက်ပိုင်း) စသည့် ဒေသများတွင် မကြာခဏ တိုက်ပွဲများဖြစ်ပွားသလို စစ်ရေးတင်းမာမှုများလည်း ရှိနေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဦးမြင့်ဆွေ ဦးဆောင်သော ကာ/လုံ အစည်း အဝေးကိုတွေ့ရစဉ်

နစကသက်တမ်းအလွန် ဘယ်လို နိုင်ငံရေးအခင်းအကျင်း ဖြစ်လာနိုင်လဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1084

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅

နိုင်ငံတော်အာဏာကို ရယူထားသည့် နစက အနေဖြင့် လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအလွန်မှာ သက်တမ်း ကုန်တော့မည် ဖြစ်သည့်အတွက် မည်သည့် နိုင်ငံရေးအခင်းအကျင်းမျိုး ဖြစ်ပေါ်မည်ကို နိုင်ငံရေး အသိုင်းအဝိုင်း ကြားမှာ သုံးသပ်မှုများ ရှိနေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဦးမြင့်ဆွေ ဦးဆောင်သည့် ကာကွယ်ရေးနှင့် လုံခြုံ‌ရေးကောင်စီမှ နိုင်ငံတော်အာဏာ ကို ပြန်ယူကာ ရွေးကောက်ပွဲ ကျင်းပပေးရမည်ဖြစ်ကြောင်း ရခိုင့်ဦး‌ဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာအေးမောင်က “အခြေခံဥပဒေအရတော့ နစကကို တနည်းအားဖြင့် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာ အပ်နှင်းတာက ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဲဒီတော့ တစ်နှစ်ရယ်၊ ၆ လနှစ်ကြိမ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သူအပ်နှင်းထားတဲ့ ကာလက ပြီးမြောက်တာပေါ့၊ ပြီးမြောက်တော့ အပ်နှင်းထားတဲ့ မူလအမိန့်ကို ကာ/လုံက ပြန်ရုပ်သိမ်းမှာပေါ့၊ အဲဒီ‌တော့ နိုင်ငံတော်သမ္မတကြီး ဦးမြင့်ဆွေ ဦးဆောင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီက နိုင်ငံတော်ရဲ့အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြန်ရယူမှာပေါ့၊ ပြီးရင် ရွေးကောက်ပွဲကို ၆ လ အတွင်းမှာ ကျင်းပပေးရမှာပေါ့၊ အဲဒီတော့ နိုင်ငံတော် သမ္မတကြီးဖက်က ဥပဒေပြုမှု အာဏာရှိတာပေါ့၊ အုပ်ချုပ် ရေး ယန္တရားနဲ့ ပတ်သက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းချက်ပါအတိုင်း ဘယ်လို ဆက်သွားမှာလဲဆိုတာ ကာ/လုံ ဖက်ကတော့ စနစ်တကျ ခုကတည်းက ပြင်ဆင်ထားနှင့်ပြီးပြီလို့တော့ သုံးသပ်ပါတယ်” ဟု ပြောသည်။

ဒီမိုကရေစီအရေး တောင်းဆိုနေကြသည်ကိုတွေ့ရစဉ် (GETTY IMAGES)

ရွေးကောက်ပွဲ ကျင်းပပေးပြီး ပေါ်လာသည့် အစိုးရကို လက်ရှိ ယာယီသမ္မတ ဦးမြင့်ဆွေမှ တာဝန်လွှဲပြောင်းပေး ချိန်အထိ တာဝန်ယူ ဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ မလုံခြုံသည့် အခြေအနေအောက်တွင် နေရာအနှံ့ အကြမ်းဖက်မှုများ ရှိလာနိုင်ကြောင်း၊ အဆိုပါ ပြဿနာ များကို သာမန်ရွေးကောက်ပွဲဖြင့် မဖြေရှင်းနိုင်ကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာန သို့ ပြောသည်။

ဦးကိုကိုကြီးက “ပုံမှန်အားဖြင့်က‌တော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပြဋ္ဌာန်းချက်အရ လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ပြန်ပြီးတော့ လွှဲအပ်ရမှာပေါ့၊ ပြီးတဲ့အခါကြတော့ အဲဒီ ကာ/လုံ ကနေ ပြီးတော့ ၆ လ အတောအတွင်းမှာ ရွေးကောက်ပွဲ လုပ်ပေးရမယ်၊ ဒါကတော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပြဋ္ဌာန်း ချက် သို့သော် ဒီအတိုင်း လုပ်သွားရင်‌တော့ ခုနက ပြောတဲ့ မလုံမခြုံတဲ့ ပဋိပက္ခ တင်းမာမှုတွေလည်း ဆက်ပြီး ရှိနေတယ်၊ နောက်ပြောရရင် ပြည်တွင်းမှာ လက်နက်ဗုံးတွေပေါ့၊ ကျနော်တို့ နေရာအနှံ့မှာလည်းပဲ ပျံ့နှံ့နေတဲ့ဟာ တွေ ရှိတယ်၊ ခြိမ်းခြောက်မှုတွေ ဒီလိုမျိုး အကြမ်းဖက်မှုတွေ နှစ်ဖက်စလုံး ကနေပြီးတော့ပေါ့နော်၊ ဒါမျိုးတွေ ရှိနေ တဲ့ အခြေအနေမျိုးမှာ သာမန် ရွေးကောက်ပွဲနဲ့တော့ ဒီပြဿနာတွေ မဖြေရှင်းနိုင်ဘူးလို့ ကျနော်ထင်တယ်၊ ဒါ ကျနော် အရင့်အရင်က သာမှန်အေးချမ်းနေတဲ့ အခြေအနေမှာတောင်မှ ဒီမိုကရေစီမှာ ရွေးကောက်ပွဲဆိုတာ အရေး ကြီး တယ်ဆိုတာ မှန်ပေမဲ့လို့ ရွေးကောက်ပွဲရလဒ်နဲ့ နိုင်ငံရေးရလဒ်က ထပ်တူ မဖြစ်ဘူး။ ရွေးကောက်ပွဲ တစ်ခု တည်းနဲ့ ၉၆ ပါးရောဂါကို ပျောက်နိုင်တဲ့ ဆေးမဟုတ်ဘူး။ အရေးကြီးတဲ့ ထိပ်တန်းခေါင်းဆောင်တွေ ကြားထဲမှာ ရှိတဲ့ နိုင်ငံရေးသဘောတူညီချက်က အင်မတန် အရေးကြီးပါတယ်လို့ ကျနော် ထပ်ခါ တလဲလဲ ပြောခဲ့တယ်။ အခု လည်းပဲ ဒီအတိုင်းသွားရင် ဒီရွေးကောက်ပွဲဟာ နိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ ပုံစံဖြစ်မှာထက်ကို နောက် ထပ် စိန်ခေါ်မှု အသစ်တွေ ထပ်ပြီးတော့ ပေါ်ပေါက်လာနိုင်တယ်လို့ ကျနော်တော့ မြင်တယ်” ဟု ပြောသည်။

တပ်မတော်ဖြုတ်ချရေး လက်နက်ကိုင်တိုက်ပွဲ၀င်နေခြင်းကို တွေ့ရစဉ် (GETTY IMAGES)

ထို့ကြောင့် အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းကို ယုံကြည်ဆောင်ရွက်နေကြသည့် လူပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီ များ၊ ပြည်သူများအတွက် နိုင်ငံ‌ရေး မျှော်လင့်ချက် ကောင်းကောင်း တည်ဆောက်နိုင်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို မြန်မာ့တပ်မတော်မှ ရယူပြီးနောက် နိုင်ငံတော်ကို အရေးပေါ် တစ်နှစ်ကြေညာခဲ့သည်။ ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၆ လ တစ်ကြိမ်ဖြင့် နှစ်ကြိမ် သက် တမ်းတိုးခဲ့ရာ မကြာမီကာလတွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကိဗ်ယက်မြို့လယ်ခေါင်ရှိ အပျက်အစီးများကို တွေ့ရစဉ်(ဓါတ်ပုံ-AFP)

လေကြောင်းတိုက်ခိုက်မှုအတွင်း ရုရှားဘက်မှ ဒရုန်းဒါဇင်ကျော် ယူကရိန်း ပစ်ချ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1940


CNI International News

ကိဗ်ယက်၊ ဒီဇင်ဘာ ၁၅

ဗုဒ္ဓဟူးနေ့မနက်အစောပိုင်း မြို့တော် ကိဗ်ယက်သို့ ရုရှားတိုက်ခိုက်မှုတစ်ခုအတွင်း ဒရုန်းတစ်ဒါဇင်ကျော်ကို ပစ်ချနိုင်ခဲ့သည်ဟု ယူကရိန်းအရာရှိများက ပြောကြောင်း BBC သတင်းတွင်ဖော်ပြသည်။ လေကြောင်း အချက် ပေးသံများအပြီးတွင် ကျယ်လောင်သော ပေါက်ကွဲသံများကို ကြားခဲ့ရသည်ဟုလည်း အခင်းဖြစ်ရာနေရာတွင် ရှိနေသော BBC သတင်းထောက်များက ပြောသည်။

အီရန်လုပ် Shahed ဒရုန်းများဟု ယူဆရသည့် ဒရုန်းများကို လေကြောင်းကာကွယ်ရေးစနစ်များက ပစ်ချနိုင်ခဲ့ ပြီးနောက် မြို့လယ်ရှိ ရှက်ချင်ကိဗ်စကီ(Shevchenkivskyi)ခရိုင်တွင် ပေါက်ကွဲသံများ ဖုံးလွှမ်းသွားခဲ့သည်။ ရုရှားသည် အောက်တိုဘာလမှ စတင်ကာ ယူကရိန်း၏ စွမ်းအင်ကဏ္ဍနှင့်ပတ်သက်သော အခြေခံအဆောက်အဦ များကို ဒရုန်းများ၊ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

ဇာပိုရစ်ဇီးယားမြို့ရှိ အပျက်အစီးများထဲမှ လုံခြုံရေးရဲဝန်ထမ်းတစ်ဦး(ဓါတ်ပုံ-NewYork Times)

ကိဗ်ယက်အုပ်ချုပ်ရေးမှူးက ရုရှား၏နောက်ဆုံးပေါ် ဒရုန်းများဖြင့် တိုက်ခိုက်မှုသည် စွမ်းအင်ကဏ္ဍ အခြေခံ အဆောက်အဦအပေါ် ခြိမ်းခြောက်မှုများရှိနေသည်ဟု စွပ်စွဲပြောဆိုခဲ့သော်လည်း ယူကရိန်း အမျိုးသားစွမ်းအင် လိုင်း မန်နေဂျာ ယူရကီနာဂို (Ukrenergo) က ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုများတွင် မည်သည့်စွမ်းအင်စက်ရုံမှ ထိခိုက်မှု မရှိခဲ့ကြောင်းပြောကာ လေကြောင်းကာကွယ်ရေးစနစ်များ၏ စွမ်းရည်ကိုလည်း ချီးကျူးခဲ့သည်။

Shahed ဒရုန်း ၁၃ စီးကိုပစ်ချနိုင်ခဲ့သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး(Volodymyr Zelensky) က ပြောဆိုခဲ့ပြီး ထိုအရေအတွက်သည် ဗုဒ္ဓဟူးနေ့တွင် ရုရှားဘက်မှ လွှတ်တင်ခဲ့သော ဒရုန်းအရေအတွက်အတိုင်း ပင်ဖြစ်သည်ဟုလည်း ဆိုသည်။ ဒရုန်းအပိုင်းအစတစ်ခုမှာ အုပ်ချုပ်ရေးရုံးတစ်ခုနှင့် လူနေအိမ်လေးလုံးကို ထိခိုက် ပျက်စီးစေခဲ့သည်ဟု ကိဗ်ယက် အုပ်ချုပ်ရေးမှူး ကူလီဘာ (Kuleba) က ပြောခဲ့သော်လည်း ထိုဖြစ်ရပ်များ အတွင်း လူသေဆုံးမှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း ယူကရိန်းမီဒီယာက ထုတ်ပြန်သည်။

ယူကရိန်းနိုင်ငံ ဒီနီပရိုမြို့လယ်ခေါင်တွေရှိ အပျက်အစီးများ မြင်ကွင်း(ဓါတ်ပုံ-Getty Images)

ရုရှား၏ ဒရုန်းတိုက်ခိုက်မှုများသည် ဗုဒ္ဓဟူးနေ့ မနက်ပိုင်း ဒေသစံတော်ချိန် ၆ နာရီခွဲအချိန်တွင် ဖြစ်ပွားခဲ့ကာ ကုလသမဂ္ဂ လူသားခြင်းစာနာမှုဆိုင်ရာ အကြီးအကဲ မာတင် ဂရစ်ဖစ်(Martin Griffiths)သည် ကိဗ်ယက်မြို့သို့ ရောက်ရှိနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ဗုဒ္ဓဟူးနေ့ဖြစ်ရပ်များသည် ရှေ့တန်းစစ်မြေပြင်တွင် မဟုတ်ဘဲ ယူကရိန်းတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မည်သို့မည်ပုံ ခံစားနေရဆဲဖြစ်သည်ကို ဖော်ပြနေသည်ဟုလည်း ဂရစ်ဖစ်က ပြောသည်။

အီရန်သည် ရုရှားဘက်သို့ Kamikaze ဒရုန်းများထောက်ပံ့ခဲ့သည်ဟု ယူကရိန်းဘက်က စွပ်စွဲပြောဆိုခဲ့ပြီး ယင်းကို ကနဦး၌ အီရန်ဘက်က ငြင်းဆိုထားသည်။ သို့သော် နောက်ပိုင်းမှ အီရန်ဘက်က ဝန်ခံကာ ကျူးကျော်စစ်မစတင် ခင် ရုရှားသို့ အရေအတွက်အကန့်အသတ်ဖြင့် ဒရုန်းများပေးခဲ့သည်ဟု ဝန်ခံခဲ့သည်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

သမ္မတဟောင်းကို ထောက်ခံသူများ ဘရာဇီး ရဲဌာနချုပ်ကို ဝင်စီးရန် ကြိုးပမ်း

By CNI
CNI
Category: Watch TV
Hits: 555

Share
Tweet
Share
Share
powered by social2s

ထိုင်း-မလေး နယ်စပ်လုံခြုံရေး ပိုမိုတင်းကြပ်၊ တရားမဝင်လာသူများ ဂရုစိုက်ရန်လို

By CNI
CNI
Category: Watch TV
Hits: 599

Share
Tweet
Share
Share
powered by social2s

အင်အားအကြီးဆုံး မူဆလင်နိုင်ငံရေးပါတီ၏ ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဖမ်းဆီး

By CNI
CNI
Category: Watch TV
Hits: 578

Share
Tweet
Share
Share
powered by social2s
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31
  • 32
  • 33

Page 29 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar