CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

NSCN-K (Khango)က အထွေထွေအတွင်းရေးမှူး အိုင်ဆတ်ဆူမီကို ရာထူးမှထုတ်ပယ်

By CNI
CNI
Category: Watch TV
Hits: 656

Share
Tweet
Share
Share
powered by social2s

ရခိုင်လက်နက်ကိုင်များ မညီညွတ်မှုက ရခိုင်များအတွက် ရှုံးစေဟု ပြော

By CNI
CNI
Category: Watch TV
Hits: 627

Share
Tweet
Share
Share
powered by social2s
၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်မြို့မှာ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်းနဲ့ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်- ဗိုလ်မှူးကြီးကျော်ဟန်တို့ကိုတွေ့ရစဉ်

ရခိုင်လက်နက်ကိုင်များ မညီညွတ်မှုက ရခိုင်များအတွက် ရှုံးစေဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1416

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆

ရခိုင်တော်လှန်ရေး အင်းအားစု အချင်းချင်း မညီညွတ်မှုသည် ရခိုင်များအတွက် ရှုံးစေကြောင်း ရခိုင်ပြည် လွတ် မြောက်ရေးပါတီ(ALP)မှ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

ALP ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ အပါအဝင် အမှတ်(၁၀၁)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီးခိုင်သူရိန္ဒ တို့ကို ရက္ခိုင့်တပ်တော်(ULA/AA)က ဇန်နဝါရီ ၄ ရက်နေ့က လုပ်ကြံပစ်ခတ် သတ်ဖြတ်သွားခဲ့ကြောင်း၊ ထိုလုပ်ရပ်ကို အပြင်းအထန် ရှုတ်ချကြောင်း ALP က ဇန်နဝါရီ ၅ ရက်က ထုတ်ပြန်ခဲ့သည်။

ဒေါ်စောမြရာဇာလင်းက “ကိုယ်တို့ပဲ ရှုံးပါတယ်၊ ကိုယ်တို့အချင်းချင်းပဲ ရှုံးပါတယ်လို့ ဒီလောက်ပဲ ပြောချင်ပါတယ်၊ လူထုအတွက်လည်း စိတ်မအေးစရာတွေ အများကြီးဖြစ်နိုင်ပါတယ်၊ အခုလည်းပဲ ဖြစ်နေကြတာတွေလည်း ရှိပါ တယ်။ ကျမတို့က မဖြစ်သင့်တာတွေကို မဖြစ်ဖို့အတွက်ကို တာဝန်ရှိသူများအားလုံးက ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဖို့ အများကြီး လိုအပ်တယ်လို့ မြင်ပါတယ်၊ ထိုနည်းလည်းကောင်းပဲ ဒီလို တာဝန်ရှိနေတဲ့ အစိုးရဟာလည်းပဲ လုံလုံခြုံခြုံနဲ့ ကိုယ့်တိုင်းပြည်မှာ လူတွေက ကောင်းကောင်းမွန်မွန် သွားလာလှုပ်ရှား နေထိုင်ဖို့အတွက်ကို ဒီထက် ကြပ်မတ် ဆောင်ရွက်ရမယ်လို့ မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ဒေသတစ်နေရာကိုတွေ့ရစဉ်

အဆိုပါ လုပ်ကြံသတ်ဖြတ်မှုကို မိမိတို့ လုပ်ဆောင်ခြင်း မရှိကြောင်း ULA/AA မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ရခိုင်အခြေစိုက် မီဒီယာများကို ဖြေကြားထားသည်။

မိမိတို့ အနေဖြင့် အချက်အလက်များကို သိရှိရပါက ကြားဝင်စေ့စပ် ညှိနှိုင်းပေးနိုင်ကြောင်း ရခိုင်အမျိုးသား ကွန်ရက်မှ ဥက္ကဋ္ဌ ဦးတင်ထူးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အပြန်အလှန် စွပ်စွဲနေတာထက် ဘယ်လို ညှိနှိုင်းလုပ်ဆောင်သင့် သလဲဆိုတော့ တစ်ဦးနဲ့ တစ်ဦးပေါ့နော်၊ တစ်ဖက်နဲ့ တစ်ဖက် အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း သိရရင်တော့ ကျနော်တို့အနေနဲ့ လိုအပ်လာရင် တော့ ကြားဝင်စေ့စပ်ညှိနှိုင်း ပေးပါဆိုရင်လည်း ကျနော်တို့ အနေနဲ့ ညှိနှိုင်းပေးဖို့အတွက် ကျနော်တို့ လုပ်ကိုင် ဆောင်ရွက်ပေးလို့တော့ ရတာပေါ့၊ ဒါပေမဲ့ ကျ‌နော်တို့မှာတော့ အဲဒီဟာနဲ့ ပတ်သက်လို့ လုံလောက်တဲ့ အချက် အလက် ကျနော်တို့မှာ မရှိဘူး” ဟု ပြောသည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်မြို့မှာ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ် 

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂ ရက်က AA သည် ALP မှ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ၎င်း၏ နေအိမ်ထဲသို့ ဝင်ရောက်၍ ဖမ်းဆီးသွားကြောင်း ALP မှ ထုတ်ပြန်ထားသည်။

အဆိုပါ ဖမ်းဆီးမှုမှာ ALP ပါတီဝင် ဖြစ်သည့်အတွက် မဟုတ်ဘဲ ပြစ်မှုကျူးလွန်ထားခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း AA ၏ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ဩဂုတ် ၁၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့သည် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်း များဖြစ်ပြီး ALP သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသော အဖွဲ့ဖြစ်ကာ AA ကမူ မထိုးနိုင်သေးဘဲ ညှိနှိုင်းမှုများ ရှိနေသည့် အဖွဲ့ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

သီရိလင်္ကာတွင် ပဋိပက္ခများဖြစ်ပြီးနောက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကျင်းပမည်

By CNI
CNI
Category: Watch TV
Hits: 649

Share
Tweet
Share
Share
powered by social2s

ဝန်ကြီးချုပ်နှင့် ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်များကို တိုက်ခိုက်မည်ဟု ပါကစ္စတန်တာလီဘန်ပြော

By CNI
CNI
Category: Watch TV
Hits: 665

Share
Tweet
Share
Share
powered by social2s

နိုင်ငံကို တည်ဆောက်လိုပါက အမျိုးသားရင်ကြားစေ့ရေး လိုအပ်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 662

Share
Tweet
Share
Share
powered by social2s

ဆဲလ်ဖုန်းခိုးသုံးမှုကြောင့် ရုရှားစစ်သားများရှိရာနေရာကို ယူကရိန်းက ပစ်ခတ်နိုင်ခဲ့

By CNI
CNI
Category: Watch TV
Hits: 660

Share
Tweet
Share
Share
powered by social2s
ဝန်ကြီးချုပ် ရှာဘတ် ရှရစ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဘီလာဝယ်လ် ဘူတိုဇာဒါရီကိုတွေ့ရစဉ် (GETTY IMAGES)

ဝန်ကြီးချုပ်နှင့် ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်များကို တိုက်ခိုက်မည်ဟု ပါကစ္စတန်တာလီဘန်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1451

CNI International news

အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ - ၅

မိမိတို့ကို စစ်ကြေညာခဲ့သည့်အတွက် အစိုးရအဖွဲ့အတွင်းရှိနေသော နိုင်ငံရေးပါတီများ၏ ထိပ်သီး ခေါင်းဆောင် များအပေါ် ပြင်းထန်သည့် တုန့်ပြန်မှုများ ပြုလုပ်သွားမည်ဟု ပါကစ္စတန်တာလီဘန်အဖွဲ့(TTP)က သတိပေးခဲ့ ကြောင်း အယ်ဂျာဇီးယားသတင်းတွင် ဖော်ပြထားသည်။

TTP အဖွဲ့မှ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ ဝန်ကြီးချုပ် ရှာဘတ် ရှရစ် (Shehbaz Sharif) နှင့် နိုင်ငံခြားရေးဝန်ကြီး ဘီလာဝယ်လ် ဘူတိုဇာဒါရီ (Bilawal Bhutto Zardari) တို့၏ နာမည်များလည်း ပါဝင်နေသည်။

ရှရစ်သည် PML-N ပါတီ၏ ဥက္ကဋ္ဌဖြစ်ကာ ဘူတိုဇာဒါရီ၏ PPP ပါတီသည် ပါကစ္စတန် အစိုးရတွင် အဓိက ပါတနာ များ ဖြစ်သည်။ TTP အနေဖြင့် ယခင်က နိုင်ငံရေးပါတီများကို ပစ်မှတ်ထားခြင်းမျိုး မလုပ်ခဲ့ကြောင်း အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်က အယ်ဂျာဇီးယားသို့ ပြောကြားခဲ့သည်။

ပါကစ္စတန်တာလီဘန်အဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

သို့သော် PML-N နှင့် PPP ပါတီနှစ်ခု အနေဖြင့် ၎င်းတို့၏ ရပ်တည်ချက်အတိုင်း ဆက်သွားနေမည်ဆိုလျှင် ၎င်းတို့၏ ပါတီများမှ ခေါင်းဆောင်များအပေါ် အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အနေဖြင့် ၎င်းတို့နှင့် နီးကပ်စွာနေခြင်းကို ရှောင်ကျဉ်ရမည်ဖြစ်ကြောင်းလည်း ပါကစ္စတန်တာလီဘန်(TTP)အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

TTP ၏ ပစ်မှတ်များသည် နိုင်ငံ၏အကျိုးစီးပွားကို လျစ်လျူရှုကာ အနောက်အုပ်စု အလိုကျ လုပ်ဆောင်နေသော လုံခြုံရေးတပ်ဖွဲ့များသာ ဖြစ်ကြောင်းနှင့် နိုင်ငံတွင်းရှိ ဘာသာရေးကို အခြေခံသော ပါတီများ အနေဖြင့်လည်း TTP အား ဆန့်ကျင်မှုများကို ရှောင်ရှားစေလိုသည်ဟု ၎င်းက ပြောခဲ့သည်။

ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံး လုံခြုံရေးအဖွဲ့ အမျိုးသားလုံခြုံရေးကော်မတီ(NSC)ကတော့ အကြမ်းဖက်မှုကို လုံးဝ သည်းခံမည် မဟုတ်ကြောင်းနှင့် အကြမ်းဖက်မှုကို ဖြစ်စေသည့် အရာများကိုလည်း လက်သင့်ခံမည် မဟုတ် ကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီး နှစ်ရက်အကြာတွင် ပါကစ္စတန်တာလီဘန်၏ ခြိမ်းခြောက်မှု ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

NSC တွင် ရှရစ်နှင့် ပါကစ္စတန် စစ်ဦးစီးချုပ်သစ်တို့ အဖွဲ့ဝင်အဖြစ် ပါဝင်နေပြီး ပါကစ္စတန်မှ လုံခြုံရေး အခြေအနေ များအတွက် နှစ်ရက်ကြာ အစည်းအဝေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
တင်းကြပ်သော အစ္စလာမ္မစ် ဥပဒေများကို ပြဋ္ဌာန်းရန်၊ အနောက်မြောက် ခါဘာ ပတ်တန်ခွာ (Khyber Pakhtun khwa) ပြည်နယ်ကို ပါကစ္စတန်လူမျိုးစု ဧရိယာများနှင့် ပေါင်းစည်းခြင်းကို ပြန်ရုပ်သိမ်းရန် တိုက်ခိုက် နေရခြင်း ဖြစ်သည်ဟု TTP ဘက်က ပြောသည်။

TTP အဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် အာဖဂန်တာလီဘန်အဖွဲ့က ကြားဝင် ဆောင်ရွက်ပေးထားသော အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို တစ်ဖက်သတ် ဖျက်သိမ်းကာ တိုက်ခိုက်မှုများ ပြုလုပ်ရန် အဖွဲ့ဝင်များကို အမိန့်ထုတ်ပြန်ခဲ့သည်။

TTP ခေါင်းဆောင်ပိုင်းသည် အာဖဂန်မြေပေါ်တွင် ရှိနေသည်ဟု ပါကစ္စတန်ဘက်က စွပ်စွဲထားသော်လည်း အာဖဂန်အစိုးရကတော့ ငြင်းဆိုထားသည်။

Source: အယ်ဂျာဇီးယား

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားစစ်သားနှစ်ဦး ဆဲလ်ဖုန်းအသုံးပြုနေစဉ်(ဓါတ်ပုံ-AFP)

ဆဲလ်ဖုန်းခိုးသုံးမှုကြောင့် ရုရှားစစ်သားများရှိရာနေရာကို ယူကရိန်းက ပစ်ခတ်နိုင်ခဲ့

By CNI
CNI
Category: နိုင်ငံရေး
Hits: 1269

CNI International News

ကိယက်ဗ်၊ ဇန်နဝါရီ ၅

ရုရှားစစ်သားများစခန်းချရာ စက်ရုံသို့ ယူကရိန်းဒုံးကျည်ကျရောက်ခဲ့ခြင်းမှာ ခွင့်ပြုချက်မရှိဘဲ ဆဲလ်ဖုန်း ခိုးသုံးသည့် ရုရှားစစ်သားများကြောင့်ဖြစ်သည်ဟု ရုရှားစစ်တပ်ဘက်မှ ထုတ်ပြန်ကြောင်း AP သတင်းတွင် ဖော်ပြသည်။

အဆိုပါဖြစ်ရပ်ကြောင့် ရုရှားစစ်သားသေဆုံးမှုအရေအတွက်မှာ ၈၉ ဦးအထိ မြင့်တက်လာပြီလည်းဖြစ်သည်။

ဖုန်းမှထွက်သော အချက်ပြမှုများကြောင့် ယူကရိန်းဘက်မှ ရုရှားစစ်သားများရှိရာနေရာကို ပစ်ခတ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု အင်္ဂါနေ့နှောင်းပိုင်းထုတ်ပြန်ချက်တစ်ခု၌ ရုရှားဗိုလ်ချုပ်ကြီး ဆာဂီဆီယူကော့ဗ်(Sergei Sevryukov)က ပြောသည်။

နောင်တွင် ထိုသို့သော ဆိုးရွားသည့်ဖြစ်ရပ်မျိုး ထပ်မဖြစ်စေရန်အတွက် ကန့်သတ်ချက်များကို ထုတ်ပြန်သွားမည် ဟု ၎င်းကပြောကာ ဆဲလ်ဖုန်း ခိုးသုံးခဲ့သူများကိုလည်း ထိထိရောက်ရောက်အရေးယူသွားမည်ဟုပြောသည်။

ထိုဖြစ်စဉ်သည် နှစ်သစ်ကူးပြီးချိန်တွင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကာ ယင်းမှာ ၁၀ လ ကျော်ကြာ ယူကရိန်းစစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ရသည့် ဆိုးဆိုးရွားရွားဖြစ်ရပ်များမှတစ်ခုလည်း ဖြစ်သည်။ ယခုဖြစ်ရပ် သည် ယူကရိန်းကျူးကျော်စစ်အတွင်း ရှေ့တိုးနိုင်ရန် ရုန်းကန်နေရသော ရုရှားတပ်များအတွက် အထိနာစေသည့် ဖြစ်ရပ်တစ်ခုဖြစ်ရုံသာမက ယူကရိန်းတို့၏ တန်ပြန်ထိုးစစ်ဆင်မှုများ အောင်မြင်မှုရှိနေချိန်တွင် ရုရှားတို့၏စစ်ရေး ကိစ္စရပ်များအပေါ် ရုရှားနိုင်ငံတွင်းမှ ဝေဖန်မှုသစ်များကိုလည်း ပေါ်ပေါက်လာခဲ့စေသည်။

ယူကရိန်းဘက်မှ ဒုံးကျည်ထိမှန်ခဲ့သည့် ရုရှားစစ်သားများ  စခန်းချရာနေရာ၌ ပျက်ဆီးနေမှုများကို ဖယ်ရှားနေစဉ်(ဓါတ်ပုံ-ရိုက်တာ)

နှစ်သစ်ကူးညဖြစ်ရပ်တွင် ယူကရိန်းတပ်ဖွဲ့များသည် ရုရှားစစ်သားများစခန်းချရာ အဆောက်အဦကို အမေရိကန်မှ ထောက်ပံ့ထားသော HIMARS ဒုံးကျည်ပစ်ခတ်မှုစနစ်ဖြင့် ဒုံးကျည် ၆ လုံးပစ်ခတ်ခဲ့သည်။ နှစ်လုံးကို ရုရှားတို့ဘက် မှ ပစ်ချနိုင်ခဲ့သော်လည်း ၄ လုံးမှာ အဆောက်အဦကို ထိမှန်ပေါက်ကွဲခဲ့သောကြောင့် အဆောက်အဦ ပြိုကျမှု ဖြစ်စေခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များသည် ပြီးခဲ့သည့် ရက်ပိုင်းတွင်မှ တ ဖြည်းဖြည်းချင်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ရုရှားတပ်ဖွဲ့ဝင်များသေဆုံးမှု မြင့်တက်နေရခြင်းမှာ ရုရှားအစိုးရ၏ ပရော်ဖက်ရှင်နယ်မဆန်သော စစ်ရေးလုပ်ဆောင်ချက်များကြောင့်ဖြစ်သည်ဟုလည်း ဗြိတိန် ထောက်လှမ်းရေးအရာရှိများက ဗုဒ္ဓဟူးနေ့တွင်ပြောခဲ့သည်။

အပျက်အစီးများ၏ အခြေအနေအရ တပ်ဖွဲ့များစခန်းချရာ နေရာအနီးတွင် လက်နက်ခဲယမ်းများကို ထားရှိနိုင်မည် ဟု ယူဆရကြောင်း၊ အဆိုပါ လက်နက်ခဲယမ်းများကပါ ထပ်မံပေါက်ကွဲခြင်းကြောင့် သေဆုံးသူအရေအတွက် များပြားရခြင်း ဖြစ်နိုင်သည်ဟု ဗြိတိန်ထောက်လှမ်းရေးဌာနက တွစ်တာတွင် ရေးသားခဲ့သည်။

ယခုဖြစ်ရပ် ဖြစ်ပွားပြီးနောက် ရုရှားကာကွယ်ရေးဌာနသည် ရုရှားစစ်သားသေဆုံးမှုများနှင့်ပတ်သက်သည့် ရှားရှား ပါးပါး ဝန်ခံမှုတစ်ခုကိုလုပ်ဆောင်ခဲ့ပြီး ကနဦးထုတ်ပြန်ချက်တွင် စစ်သား ၆၃ ဦးသေဆုံးသည်ဟု ဆိုသည်။

သို့သော် အပျက်အစီးများကို ရှာဖွေမှုများလုပ်ဆောင်ခဲ့ပြီးနောက် သေဆုံးသည့် စစ်သားအရေအတွက်မှာ မြင့်တက် လာခြင်းဖြစ်သည်။

Source:AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
သီရိလင်္ကာက ရွေးကောက်ပွဲအရာရှိများ မဲစာရွက်များသယ်ဆောင်လာစဉ် (GETTY IMAGES)

သီရိလင်္ကာတွင် ပဋိပက္ခများဖြစ်ပြီးနောက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကျင်းပမည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1045

CNI International News

ကိုလံဘို၊ ဇန်နဝါရီ ၅

ဖေဖော်ဝါရီလ မကုန်ခင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကျင်းပမည်ဟု သီရိလင်္ကာအစိုးရက ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

၎င်းက ပဋိပက္ခများဖြင့် ရှုပ်ထွေးနေသော သီရိလင်္ကာနိုင်ငံတွင် ဆန္ဒပြမှုများကြောင့် သမ္မတဟောင်း ရာထူးမှ နုတ်ထွက်၍ ထွက်ပြေးခဲ့ရပြီးနောက် ပထမဆုံးသော ရွေးကောက်ပွဲ ဖြစ်ရုံမက လက်ရှိ သမ္မတသစ်အပေါ် ပြည်သူများ၏ ထောက်ခံမှုဆိုင်ရာ စမ်းသပ်ချက်လည်း ဖြစ်လာလိမ့်မည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ မကုန်ခင် ရွေးကောက်ပွဲများကို ကျင်းပသွားမည်ဟု အာဏာပိုင်များက ပြောခဲ့သည်။

ကူးစက်ရောဂါကြောင့် ရွေးကောက်ပွဲကို တစ်နှစ် နောက်ကျ ကျင်းပရခြင်း ဖြစ်သည်။

သမ္မတဟောင်း ဂိုတာ ဘာယာ ရာဂျာပတ်ဆာ (Gotabaya Rajapaksa) ၏ နေရာကို ဆက်ခံထားသော လက်ရှိ သမ္မတ ရာနီဝစ်ရီမီဆင်ဟီ (Ranil Wickremesinghe)သည် လွှတ်တော်တွင်း၌ ၎င်းတို့ပါတီ၏ တစ်ဦးတည်းသော ကိုယ်စားလှယ် ဖြစ်နေခြင်းကြောင့် ရွေးကောက်ပွဲတွင် အရှက်ရစရာ ဖြစ်ရပ်များနှင့် ကြုံတွေ့ရနိုင်သည်ဟုလည်း ခန့်မှန်းထားကြသည်။

သီရိလင်္ကာ သမ္မတဟောင်း ဂိုတာ ဘာယာ ရာဂျာပတ်ဆာ နုတ်ထွက်ရေးတောင်းဆိုကြစဉ် (GETTY IMAGES)

အစားအစာ၊ လောင်စာနှင့် လျှပ်စစ်မီး ရှားပါးပြတ်လတ်မှုများကြောင့် ၂၀၂၁ နောက်ပိုင်းတွင် သီရိလင်္ကာပြည်သူများက သမ္မတဟောင်း ရာဂျာပတ်ဆာ အစိုးရကို လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

ထို့ကြောင့် ၎င်းသည် ရာထူးမှ နုတ်ထွက်ကာ နိုင်ငံတွင်းမှ ထွက်ပြေးခဲ့ရသည်။ ရာဂျာပတ်ဆာ၏ နေရာတွင် အစားထိုးရန် လွှတ်တော်မဲခွဲမှုအတွင်း ဝန်ကြီးချုပ်အဖြစ် ခြောက်ကြိမ် တာဝန်ထမ်းဆောင်ဖူးသူ အသက် ၇၃ နှစ်အရွယ် ဝစ်ရီမီဆင်ဟီက အနိုင်ရ ရှိခဲ့သည်။

ရာဂျာပတ်ဆာ၏ ပါတီဖြစ်သော SLPP ၏ ထောက်ခံမှုဖြင့် ရရှိခဲ့သော်လည်း ၎င်းသည် လူကြိုက်များသူ တစ်ဦးတော့ မဟုတ်ပေ။

၎င်းသည် သမ္မတဟောင်း၏ အခွန်လျော့ချရေးကို ပြန်လည်ကျင့်သုံးခဲ့ကာ ငွေကြေးဖောင်းပွဲမှု စံချိန်တင် ၇၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခြင်းကြောင့် ဈေးနှုန်းများကိုလည်း မြှင့်တင်ခဲ့သည်။

ထို့အပြင် အစိုးရဆန့်ကျင် ဆန္ဒပြပွဲများကို ဖြိုခွင်းရန်လည်း ဝစ်ရမီဆင်ဟီက အမိန့်ပေးခဲ့သည်။

၂၀၁၈ ရွေးကောက်ပွဲတွင် ၎င်း၏ပါတီသည် နေရာ ၃၄၀ မှ ၁၀ ရာခိုင်နှုန်းကိုသာ ရရှိခဲ့သည်။ သမ္မတက ဒေဝါလီ ခံထားရသော နိုင်ငံအနေဖြင့် ရွေးကောက်ပွဲကျင်းပရန် ကုန်ကျစရိတ် ရူပီး ၁၀ ဘီလီယံကို မသုံးနိုင်ကြောင်း ပြော ကာ ရွေးကောက်ပွဲကို ဆက်လက် ရွေ့ဆိုင်းရန် ပြောသော်လည်း ရွေးကောက်ပွဲကော်မရှင်က ကျင်းပခဲ့ခြင်း ဖြစ် သည်။

Source:CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s

နယ်မြေတောင်းဆိုမှု မရုပ်သိမ်းသရွေ့ ULFA-I နှင့် ငြိမ်းချမ်းရေး မဆွေးနွေးဟုဆို

By CNI
CNI
Category: Watch TV
Hits: 643

Share
Tweet
Share
Share
powered by social2s

ယူကရိန်းဒုံးကျည် တိုက်ခိုက်မှုကြောင့် စစ်သား ၆၃ ဦး သေဆုံးခဲ့ဟု ရုရှားပြော

By CNI
CNI
Category: Watch TV
Hits: 702

Share
Tweet
Share
Share
powered by social2s
ပြည်သူ့ပါတီ၀င်များကိုတွေ့ရစဉ်

ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်အရေးကို တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် မတည်ဆောက်နိုင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1451

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄

ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသား တန်းတူညီမျှရေး ဖက်ဒရယ်အရေးကို တစ်ဦးတစ်ယောက်ကောင်း၊ အဖွဲ့အစည်းတစ်ခုကောင်းဖြင့် တည်ဆောက်၍ မရကြောင်း ပြည်သူ့ပါတီ (PP) က ထုတ်ပြန်ခဲ့သည်။

ထို့အတူ လက်ရှိ ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာများကိုလည်း ရွေးကောက်ပွဲ နည်းလမ်းဖြင့် ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း ယနေ့ (၇၅ နှစ်ပြည့် လွတ်လပ်ရေးနေ့) နှင့် ပတ်သက်သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ပြည်သူ့ပါတီက “အခြေခံနိုင်ငံရေး ပြဿနာဖြစ်သည့် ဒီမိုကရေစီရေးနှင့် တိုင်းရင်းသား တန်းတူညီမျှရေး ဖက်ဒရယ်အရေးကို တစ်ဦးကောင်း တစ်ဖွဲ့ကောင်းဖြင့် တည်ဆောက်နိုင်မည် မဟုတ်ပါ။ ရွေးကောက်ပွဲ နည်းလမ်း သက်သက်ဖြင့်လည်း ဖြေရှင်းနိုင်မည် မဟုတ်ပါ။ နိုင်ငံတော်နှင့် နိုင်ငံသားများ၊ မွေးဖွားကြီးပြင်းလာကြမည့် မျိုးဆက်သစ် လူငယ်များ၏ အနာဂတ်အတွက် ရှေ့လာမည့် ဆယ်စုနှစ်တစ်ခုစာ နှစ်ခုစာ စသည်ဖြင့် ဘုံမျှော်မှန်း ချက်၊ ပြင်ဆင်ချက် တစ်ခုကို ဦးတည်လျက် နိုင်ငံရေး စစ်ရေး စီးပွါးရေး ဘာသာရေး လူမှုရေး နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များ ဝိုင်းဝန်းညှိနှိုင်း ဖော်ထုတ်ကြမှသာ ဆိုးမွေများကို ချုပ်ငြိမ်းစေပြီး လွတ်လပ်ငြိမ်းချမ်းသော ကြွယ်ဝချမ်းသာသော အနာဂတ်နိုင်ငံတော်ကို လက်ဆင့်ကမ်း အမွေပေးနိုင်ကြမည်” ဟု သဝဏ်လွှာတွင် ပြောထားသည်။

ပြည်သူ့ပါတီခေါင်းဆောင် ဦးကိုကိုကြီးကိုတွေ့ရစဉ်

လက်ရှိ အချိန်ထိ အချုပ်အခြာအာဏာ ကိုယ်စားပြုမှုနှင့် ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် အာဆီယံ အဖွဲ့အစည်းများအထိ အငြင်းပွားနေရဆဲဖြစ်ကြောင်း ပြည်သူ့ပါတီ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

လက်နက်ကိုင်ပဋိပက္ခ၏ သက်တမ်းသည်လည်း လွတ်လပ်ရေးနှင့်အမျှ ကြာရှည်နေပြီး သေကြေပျက်စီးမှုများ၊ နိုင်ငံရေးအကျဉ်းသားများ၊ စစ်ဘေးရှောင်ပြည်သူများ၊ ပြည်ပထွက်ခွာနေကြသည့် လူသားအရင်းအမြစ်များ၏ ပမာဏမှာ ကြီးမားလွန်းလှပြီး အချုပ်အခြာအာဏာသည်လည်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြင်းထန်စွာ ထိခိုက်နေရပြီဖြစ်ကြောင်း ဖော်ပြထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရဲနှင့်မီးသတ်ကို နှစ်သစ်ကူးတွင် မီးရှူးမီးပန်းများဖြင့် တိုက်ခိုက်မှု ဂျာမနီအစိုးရရှုတ်ချ

By CNI
CNI
Category: Watch TV
Hits: 696

Share
Tweet
Share
Share
powered by social2s

မြန်မာ့တပ်မတော်က စစ်ပန်းနေ၍ ၁ နှစ် အပစ်ရပ်ခြင်းဟု ပြော

By CNI
CNI
Category: Watch TV
Hits: 628

Share
Tweet
Share
Share
powered by social2s
ရုရှားစစ်ကားများ တိုက်ခိုက်ခံရမှုကိုတွေ့ရစဉ် (GETTY IMAGES)

ယူကရိန်းဒုံးကျည် တိုက်ခိုက်မှုကြောင့် စစ်သား ၆၃ ဦး သေဆုံးခဲ့ဟု ရုရှားပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1560

CNI International News

ကိယတ်ဗ်၊ ဇန်နဝါရီ ၃

ယူကရိန်းဘက်မှ ဒုံးကျည်ပစ်ခတ်မှုများကြောင့် ရုရှားစစ်သား ၆၃ ဦး သေဆုံးခဲ့ရသည်ဟု ရုရှားကာကွယ်ရေးဌာန က ထုတ်ပြန်ခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ရုရှားစစ်သားများ စခန်းချရာ ဒွန်းတက်ခ် (Donetsk) ဒေသအရှေ့ပိုင်းမှ စက်ရုံတစ်ခုကို ယူကရိန်းဘက်မှ ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်။ ယင်းသည် ၁၀ လကျော် စစ်ပွဲကာလအတွင်း ရုရှားတပ်များအား ဆိုးဆိုးရွားရွား တိုက်ခိုက်မှုများမှ တစ်ခုလည်း ဖြစ်သည်။

ယူကရိန်းတပ်ဖွဲ့များက HIMARS ဖြင့် ဒုံးကျည်ခြောက်လုံး ပစ်ခဲ့ကြောင်း၊ ထိုထဲမှ နှစ်လုံးကို ပစ်ချနိုင်ကြောင်း ရုရှားကာကွယ်ရေးဌာန၏ ထုတ်ပြန်ချက် တစ်ခုတွင် ပါဝင်သော်လည်း မည်သည့်အချိန်တွင် ဖြစ်ခဲ့သည်ကိုတော့ မဖော်ပြထားချေ။


ယခု တိုက်ခိုက်မှုကို အမေရိကန်မှ ထောက်ပံ့ထားသော လက်နက်များကို အသုံးပြု၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းက ရုရှားတပ်ဖွဲ့အတွက် နောက်ထပ် ဆုံးရှုံးနစ်နာမှု တစ်ခုလည်း ဖြစ်သည်။

ယူကရိန်းစစ်ပွဲအတွင်း ပျက်စီးနေမှုကိုတွေ့ရစဉ်(AP)

ရုရှားသည် ပြီးခဲ့သည့် လများအတွင်း ယူကရိန်းတပ်များ၏ တင်ပြန် ထိုးစစ်ဆင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခု တိုက်ခိုက်မှုနှင့်ပတ်သက်၍ ယူကရိန်းဘက်မှ တိုက်ရိုက် အတည်ပြု ပြောဆိုခြင်းမျိုး မရှိသော်လည်း ရုရှား ကာကွယ်ရေးဌာနမှ ထုတ်ပြန်ခဲ့သည့် တိုက်ခိုက်မှုနှင့်ကိုက်ညီသော တိုက်ခိုက်မှုအကြောင်းကိုတော့ ပြောဆိုခဲ့ သည်။

ယူကရိန်း၏ မဟာဗျူဟာမြောက် ဆက်သွယ်ရေး ညွှန်ကြားမှုအဖွဲ့၏ တနင်္ဂနွေနေ့(ဇန်နဝါရီ ၁ ရက်) ထုတ်ပြန် ချက်တွင် မာကစ်ဗ်ကာ (Makiivaka) မြို့ရှိ ကျောင်းအဆောက်အဦ တစ်ခုတိုက်ခိုက်မှုများ၌ ရုရှားစစ်သား ၄၀၀ သေဆုံးကာ ၃၀၀ ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

သို့သော် ထိုပြောဆိုချက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးချေ။ ရုရှားဘက်မှ ထုတ်ပြန်မှုတွင်လည်း တိုက် ခိုက်မှုသည် မာကစ်ဗ်ကာမြို့တွင် ဖြစ်ခဲ့သည်ဟု ဖော်ပြထားသော်လည်း ကျောင်းတွင် ဖြစ်ခဲ့သည်ဟု သီးခြား ပြောဆိုခြင်းမရှိပေ။

မြို့တော်ဝန် ဗီတာလီ ကလစ်ချ်ကို အားတွေ့ရစဉ် (GETTY IMAGES)


ရုရှားတပ်များသည် တနင်္လာနေ့တွင်လည်း ဖောက်ခွဲရေး ဒရုန်းများနှင့် ညအချိန် တိုက်ခိုက်မှုများကို ထပ်မံ လုပ် ဆောင်ခဲ့သည်။ ယင်းက ရုရှားအစိုးရအနေဖြင့် ယူကရိန်းရှိ အခြေခံ အဆောက်အဦများကို တိုက်ခိုက်ကာ ၎င်းတို့ ၏ ကျူးကျော်မှုအပေါ် ယူကရိန်းတို့ဘက်မှ မဟန့်တားနိုင်ရေး မဟာဗျူဟာကို ဆက်လက် ကျင့်သုံးနေသည့် သဘောလည်း ဖြစ်သည်။

ကိယတ်ဗ်မြို့တော်ဆီ ဦးတည်လာသော ရုရှား၏ ဒရုန်းအစင်း ၄၀ ကို ယူကရိန်းလေကြောင်း ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ချနိုင်ခဲ့သည်ဟု မြို့တော်ဝန် ဗီတာလီ ကလစ်ချ်ကို (Vitali Klitschko) က တနင်္လာနေ့တွင် ပြောခဲ့သည်။

ဒရုန်း ၂၂ စင်းကို မြို့တော်ကောင်းကင်ယံတွင် ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကာ ကျန် ၁၈ စီးကို အနီးအနားရှိ ပြည်နယ်များ တွင် ပစ်ချခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28

Page 24 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar