CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
မီးလောင်နေတဲ့ ကားကို တွေ့ရစဉ် (AP)

ရဲနှင့်မီးသတ်ကို နှစ်သစ်ကူးတွင် မီးရှူးမီးပန်းများဖြင့် တိုက်ခိုက်မှု ဂျာမနီအစိုးရရှုတ်ချ

By CNI
CNI
Category: နိုင်ငံရေး
Hits: 964

CNI International News

ဘာလင်၊ ဇန်နဝါရီ ၃

နှစ်သစ်ကူးပွဲတော်တွင် မီးသတ်နှင့်ရဲတပ်ဖွဲ့ဝင်များကို မီးရှူးမီးပန်းများဖြင့် တိုက်ခိုက်ခဲ့မှုများအပေါ် ဂျာမနီအစိုးရက တနင်္လာနေ့(ဒီဇင်ဘာ ၂ ရက်)တွင် ပြစ်တင်ရှုတ်ချခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ဂျာမနီနိုင်ငံ တစ်ဝန်းလုံးရှိ လူများစွာသည် နှစ်သစ်ကူးချိန်တွင် မီးရှူးမီးပန်းများစွာကို အများနှင့်ဆိုင်သော နေရာများ၌ ပစ်လွှတ် ဖောက်ခွဲသည့် ဓလေ့အား ပြီးခဲ့သည့် စနေနေ့(ဒီဇင်ဘာ ၃၁ ရက်)တွင် ပြန်လည် ပြုလုပ်ခဲ့သည်။

ဆေးရုံကို အစုလိုက် အပြုံလိုက် ရောက်ရှိလာခြင်းကို ရှောင်ရှားရန်၊ ကိုဗစ်ရောဂါ ပျံ့နှံ့နေချိန်တွင် လူစုလူဝေး ဖြစ်ပေါ်ခြင်းကို တားဆီးရန်အတွက် မီးရှူးမီးပန်းများ ရောင်းချခြင်းအား နှစ်နှစ်ကြာ တားမြစ်ထားပြီးနောက် ထိုသို့ ပြန်လည် ပြုလုပ်လာခြင်း ဖြစ်သည်။

ထိုသို့ နှစ်သစ်ကူးချိန် အောင်ပွဲခံမှု အခမ်းအနားများတွင် အရေးပေါ် တပ်ဖွဲ့ဝင်များကို မီးရှူးမီးပန်းများနှင့် တိုက် ခိုက်မှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ဘာလင်မြိုတွင် တိုက်ခိုက်ခံရမှုပေါင်း အနည်းဆုံး ၃၈ ခုရှိပြီး ဝန်ထမ်း ၁၅ ဦး ဒဏ်ရာရှိခဲ့သည်ဟု မီးသတ်တပ်ဖွဲ့က ပြောသည်။

AP ဝန်ကြီးချုပ် အိုလပ်ဖ် စခို့ဇ်ကိုတွေ့ရစဉ် (GETTY IMAGES)

ရဲတပ်ဖွဲ့ကလည်း တပ်ဖွဲ့ဝင် ၁၈ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ကြောင်း DPA သတင်းတွင် ဖော်ပြထားသည်။

အကြမ်းဖက်မှုနှင့် ဖျက်ဆီးမှုများကို အလုံးအရင်းနှင့် လုပ်ဆောင်ခဲ့ခြင်းက မြို့ကို ဖျက်ဆီးခဲ့သည်ဟု ဘာလင် မြို့တော်ဝန် ဖရန်ဇီကာ ဂစ်ဖေး (Franziska Giffey) ကပြောသည်။

မီးရှူးမီးပန်းများ ရောင်းချခြင်းကို ပိတ်ပင်သည့် ဧရိယာများအား ထပ်မံတိုးချဲ့ရန် တာဝန်ရှိသူများက ဆွေးနွေးနေသည်ဟုလည်း သူမက တွစ်တာတွင် ရေးသားခဲ့သည်။

မီးရှူးမီးပန်းများဖြင့် တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်မှုဖြင့် ဘာလင်မြို့ တစ်ခုထဲမှာပဲ လူ ၁၀၀ ကျော်ကို ဖမ်းဆီး ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကိုလည်း ဂျာမာန်ပြည်ထဲရေးဝန်ကြီး နန်စီဖေဆာ (Nancy Faeser) က ကျေးဇူးတင် ကြောင်း၊ တိုက်ခိုက်မှု၌ ပါဝင်သူတိုင်း တရားဥပေဒအရ အပြစ်ပေးခြင်းကို ခံရမည်ဟု ပြောသည်။

ဂျာမနီအစိုးရပြောခွင့်ရပုဂ္ဂိုလ် ခရစ္စတိန်း ဟော့ဖ်မန်း (Christiane Hoffmann) ကလည်း ဝန်ကြီးချုပ် အိုလပ်ဖ် စခို့ဇ် (Olaf Scholz)နှင့် အစိုးရအဖွဲ့သည် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောသည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
ဒုံးကျည်များတင်ဆောင်လာသော ကားပေါ်တွင် တပ်မတော်သားတစ်ဦးကိုတွေ့ရစဉ် (GETTY IMAGES)

မြန်မာ့တပ်မတော်က စစ်ပန်းနေ၍ ၁ နှစ် အပစ်ရပ်ခြင်းဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2047

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃

မြန်မာ့တပ်မတော်မှ စစ်ပန်းနေ၍ ရှောင်လွှဲလိုတာကြောင့် ၁ နှစ် အပစ်အခတ်ရပ်စဲခြင်း ဖြစ်ကြောင်း ရခိုင်နိုင်ငံ ရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ‌ပြောသည်။

မြန်မာ့တပ်မတော် အနေဖြင့် ၁ နှစ် အပစ်အခတ်ရပ်စဲသော်လည်း ၎င်းတို့အနေဖြင့် တိုက်ခိုက်လိုပါက အကြောင်းပြချက် အမျိုးမျိုးရှာကာ တိုက်ခိုက်လေ့ရှိကြောင်း ၎င်းက ပြောသည်။

ဦးဖေသန်းက “ဒီစကားလုံးလောက်နဲ့လေးက ရပ်စဲထားပါတယ်ဆိုတာလောက်က သိပ်အဓိပ္ပာယ်မရှိဘူး။ သူ့အနေ နဲ့ လိုအပ်ရင် တိုက်မယ်၊ မလိုအပ်ရင် သူအနားယူမယ်ပေါ့၊ ဒါသူ့ရဲ့ စစ်ပန်းမှုကို ရှောင်လွှဲချင်တဲ့ လုပ်ငန်း တစ်ခု လည်း ဖြစ်တယ်၊ ပြီးတော့ ၂၀၂၃ ရွေးကောက်ပွဲ နီးလာတဲ့အတွက် သူက နိုင်ငံရေးအရ သူတို့က ငြိမ်းချမ်းရေးကို လိုချင်ပါတယ်၊ တိုင်းရင်းသားအားလုံး ကျနော်နဲ့ လက်တွဲပြီး ဆောင်ရွက်နေပါတယ်၊ ဆောင်ရွက်စေလိုပါတယ် ဆိုတဲ့ ပုံရိပ်ကောင်းကို ရအောင်လည်း သူက ပြောနေတာပဲ ဖြစ်တယ်၊ တကယ်တော့ ဒီလိုပြောခဲ့တာတွေ အများ ကြီး ရှိပါတယ်၊ တနိုင်ငံလုံးမှာ တိုက်ပွဲတွေက မကြာမကြာ၊ ခဏခဏ ဖြစ်နေတယ်၊ အဲဒါကြောင့် ဒါကတော့ ကျနော်တို့က သူ့တို့ရဲ့ စေတနာကို ပြချင်တဲ့ သဘောပေါ့၊ သူတို့ဖက်က မလုပ်ချင်ပါဘူးဆိုတာ ဒီဖက်ကလုပ်မှ သူတို့က ပြန်လုပ်တယ်ဆိုတဲ့ ဟာမျိုးပေါ့၊ အဲဒီလို မြင်အောင်ပေါ့နော်၊ အဲဒီလို Messages (သတင်းစကားများ) ပေးချင်တဲ့ သဘောလို့ပဲ အဲဒီလောက်ပဲ အဆင့်ရှိတယ်လို့ ကျနော်ပြောချင်ပါတယ်” ဟု ပြောသည်။

လုံခြုံရေးဆောင်ရွက်နေသည့် စစ်တပ်ကိုတွေ့ရစဉ် (GETTY IMAGES)

တပ်မ‌တော်က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တစ်နှစ် ထပ်မံ တိုးမြှင့်ရပ်စဲကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ဒုတိယကမ္ဘာစစ် ပြီးကတည်းက စစ်နည်းဗျူဟာများမှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း၊ လူအင်အားကို ခြွေတာကာ တိုက်ပွဲဝင်၍ ရနေကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှာ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်း ဌာနသို့ ပြောသည်။

အထူးကွန်မန်ဒိုတပ်ဖွဲ့ကိုတွေ့ရစဉ် (EPA)

ဦးသိန်းထွန်းဦးက “ဟုတ်ကဲ့ စစ်ပန်းတယ်ပေါ့နော်၊ အဲဒီပြဿနာကလည်း ကျနော်တို့ ဒီအပစ်အခတ်ရပ်စဲမှု သက် တမ်း တိုးလိုက်တိုင်း ဒီ EAO ဖက်က တော်တော်များများ ထွက်ကြတယ်၊ တချို့ လေ့လာသူတွေဖက်ကလည်း ပြောတယ်ပေါ့နော်၊ စစ်ပန်းတယ်၊ ကျနော်တို့က စစ်ပွဲဟာ ဒုတိယကမ္ဘာစစ် ပြီးကတည်းကပေါ့၊ စစ်ဆင်ရေး ဗျူဟာ နဲ့ စစ်နည်းဗျူဟာတွေ အများကြီး ပြောင်းလဲသွားပြီ၊ နောက်ပိုင်းမှာ လူအင်အားကို ချွန်းချန်ခြွေတာပြီး စစ်လက် နက် နည်းပညာနဲ့ တိကျတဲ့ လက်နက် weapon၊ Smart weapons (ခေတ်မီလက်နက်များ)၊ Precision weapons (ပစ်မှတ်ကို အတိအကျ ထိမှန်နိုင်တဲ့ လက်နက်များ) ၊ Guided weapons (ပဲထိန်းတပ်ဒုံး) အများကြီး သုံးလာနိုင် တဲ့ အခြေအနေ၊ အဲဒီအခြေအနေမျိုးမှာ အပစ်အခတ်ရပ်စဲတယ်ဆိုတဲ့ ကိစ္စရပ်တစ်ခုကို ဟိုလိုပေါ့၊ စစ်ပန်းလို့ ရပ် လိုက်တယ်ဆိုတာမျိုးကို တွေးခေါ်တယ်ဆိုရင်တော့ ခေတ်နဲ့ သိပ်မလိုက်နိုင်ဘူး။ ခေတ်နဲ့အညီ သိပ်မလိုက်နိုင်ဘူး။ သိပ်မြင့်မြင့်မားမား မတွေးခေါ်နိုင်တဲ့ ပုံစံမျိုးလို့ပဲ ကျနော်တို့ သုံးသပ်ချင်ပါတယ်၊ သိပ်အများကြီးတော့ မပြောချင် ဘူး။ စစ်ပန်းလို့ဆိုတဲ့ စကားရပ်တစ်ခုနဲ့ သုံးသပ်တာကတော့ တော်‌တော်ကြီး လက်ရှိ အခြေအနေနဲ့ လွှဲနေတယ် လို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

တပ်မတော်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှ စတင်၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ၄ နှစ်ကျော် အပစ်အခတ်ရပ်စဲခဲ့သည်။ အပစ်အခတ်ရပ်စဲကြောင်းကိုလည်း စုစုပေါင်း ၂၁ ကြိမ် ထုတ်ပြန်ခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

တရားမဝင် ပြည်ပအလုပ်အကိုင်အေဂျင်စီများကို အရေးယူမှု အားနည်းသဖြင့် ပိုများလာ

By CNI
CNI
Category: Watch TV
Hits: 619

Share
Tweet
Share
Share
powered by social2s

နျူကလီးယားတပ်ဆင်ထားမှုနှင့် စက်ရုံစာရင်းကို အိန္ဒိယနှင့်ပါကစ္စတန် လဲလှယ်

By CNI
CNI
Category: Watch TV
Hits: 690

Share
Tweet
Share
Share
powered by social2s

ကဘူးလ်မြို့ရှိ စစ်တပ်လေဆိပ် အပြင်ဘက်တွင် ပေါက်ကွဲမှုဖြစ်ပွား

By CNI
CNI
Category: Watch TV
Hits: 686

Share
Tweet
Share
Share
powered by social2s

နှစ်သစ်ကူးနေ့အစောပိုင်း ယူကရိန်းမြို့တော်တွင် ပေါက်ကွဲမှုများဖြစ်ပွား

By CNI
CNI
Category: Watch TV
Hits: 658

Share
Tweet
Share
Share
powered by social2s

တော်လှန်ရေးဆန်သော အဖွဲ့အစည်းအချို့နှင့် လက်တွဲမည်ဟု AA၊ MNDAA၊ TNLA ပြော

By CNI
CNI
Category: Watch TV
Hits: 611

Share
Tweet
Share
Share
powered by social2s
တရားမဝင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရစဉ်

တရားမဝင် ပြည်ပအလုပ်အကိုင်အေဂျင်စီများကို အရေးယူမှု အားနည်းသဖြင့် ပိုများလာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 2305

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂

မြန်မာနိုင်ငံတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူတို့အနေဖြင့် တရားမဝင် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို အရေးယူမှု အားနည်းသည့်အတွက် လက်ရှိ၌ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း အိမ်နီးချင်း နိုင်ငံများတွင် အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ များပြားလာခြင်းမှာ အလိမ်ခံလိုက်ရသူများအနေဖြင့် မည်ကဲ့သို့ တိုင်ကြားရမည်ကို မသိရှိခြင်းနှင့် အချိန်ကုန် ငွေကုန်မည်ကို စိုးရိမ်ခြင်းတို့ကြောင့် ဖြစ်သည်။

တရားမဝင် အေဂျင်စီ၊ ပွဲစားများနှင့်ပတ်သက်၍ တိုင်ကြားမှု နည်းပါးခြင်းမှာလည်း အကြောင်းအရင်း တစ်ရပ် ဖြစ်ကြောင်း ထိုင်းအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

MOU ဖြင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာများကိုတွေ့ရစဉ်

၎င်းက “တိုင်ကြားတဲ့သူ ရှိရင်တောင်မှ ဝန်ထမ်းတွေ အလုပ်မလုပ်တာ၊ ဝန်ထမ်းတွေ ကိုယ်တိုင်ကလည်း လိုင်စင် ထုတ်ထားပေးတဲ့ အေးဂျင့်တွေနဲ့ ပေါင်းစားတာ၊ လိုင်စင်မရှိဘဲနဲ့ နယ်မှာ လူစုဆောင်း ငွေကြေး ကောက်ခံတဲ့ သူတွေနဲ့ အခြားခြားသော အဖွဲ့အစည်းတွေနဲ့ ပေါင်းစားခြင်းဟာ၊ အရေးယူမှု မလုပ်ခြင်းဟာ ကျနော်တို့ တိုင်း ပြည်ရဲ့ အခြေအနေပေါ်မှာလည်း မူတယ်ပေါ့။ ဥပဒေစိုးမိုးမှု လုံးဝမရှိတာ ဖြစ်တဲ့အတွက် ဝန်ထမ်းတွေ ကလည်း လုံးဝ ကြောက်ရွံမှု မရှိလို့ ဒီအတိုင်း ပြဿနာတွေဟာ ပိုမိုများပြားလာတာကို တွေ့ရတယ်။ အ.လ.ည (အလုပ် သမား ညွှန်ကြားရေးဦးစီးဌာန)မှာ တာဝန်ယူထားတဲ့ ဌာနတစ်ခုလုံးဟာ ဒီအလုပ်သမားအရေးမှာ အမည်ခံ ဌာန တစ်ခုလို့ ကျနော်တို့ သုံးသပ်လို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို social media ခေတ်ကြီးထဲမှာ ထိုင်းမှာ အခြေစိုက်တဲ့ ကျနော်တို့လို အလုပ်သမားအရေး အဖွဲ့အစည်းတွေဟာ ပြည်တွင်းထဲမှာဖြစ်တဲ့ ပြဿနာတွေကို အချိန်နဲ့တပြေးညီ သိတယ်။ ဒီ အ.လ.ည ဌာနက မသိဘူးဆိုတာ ဒါလုံးဝ မဖြစ်နိုင်တဲ့ ကိစ္စကြီး။ လိုရင်း တိုရှင်း ပြောရင်တော့ အဂတိ မကင်းတာရယ်၊ မိမိတာဝန်ယူထားတဲ့ အလုပ်အပေါ်မှာ တာဝန် မကျေတာရယ်ပေါ့။ တစ်ဖက်ကလည်း ဒီ တရားမဝင် လူပွဲစားတွေဟာ ငွေကြေးတွေကို မတရားကောက်ခံ ပြီးတော့မှ သက်ဆိုင်ရာ အေဂျင်စီတွေကို အပ်တယ်။ ဒီအေဂျင်စီတွေဟာလည်း အ.လ.ညကို ဂါဝရတရားအနေနဲ့ ကန်တော့ရတာတွေ ဘာတွေ ငွေကြေးတွေ ပေးဆောင်ရတာတွေ ရှိတယ်။ အဲဒီတော့ ဒီလို ပေါင်းစားတဲ့ အနေအထားတစ်ခုပေါ်မှာ မတရားမှုကြီးက ပျောက်သွားတာပေါ့။ အရေးယူမှုတွေ အားနည်းသွားတယ်” ဟု ပြောသည်။

တရားမဝင် အေဂျင်စီနှင့် ပွဲစားများမှာ ယခင်ကတည်းက ရှိကြခြင်းဖြစ်သော်လည်း ယခုနောက်ပိုင်း ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်လိုသူ အင်မတန် များပြားလာသည့်အတွက် ပို၍ များပြားလာကြခြင်း ဖြစ်သည်။

တရားမဝင် လာရောက်သည့် မြန်မာများကိုဖမ်းမိစဉ်

၎င်းတို့နှင့် ချိတ်ဆက်ပြီး ပြည်ပ သွားရောက်သူများတွင် ငွေကြေး လိမ်လည် ခံလိုက်ရခြင်းများလည်း ကြုံရပြီး တစ်ဖက်နိုင်ငံသို့ ရောက်ပါကလည်း အလုပ်အကိုင်နှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသဖြင့် အခက်အခဲ၊ ဒုက္ခများစွာ ကြုံတွေ့ကြရကြောင်းလည်း သိရသည်။

ထို့နောက် ၎င်းတို့ကို ဖမ်းဆီး အရေးယူရာတွင်လည်း အဓိကဦးဆောင် လုပ်ကိုင်နေသည့် လူပုဂ္ဂိုလ်များကို မဖမ်းမိ ပါက တရားမဝင် အေဂျင်စီနှင့် ပွဲစားများမှာ လျော့ကျသွားမည် မဟုတ်ကြောင်း မလေးရှားတွင် မြန်မာသားများ အား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့အလုပ်မလုပ်လို့လည်း ဒီလို မှိုလိုပေါက်နေတယ်လို့ပဲ ပြောရတော့မှာပေါ့။ ဘယ်လိုပဲ ကြပ်မတ်ကြပ် မတ် သူတို့က ရှိနေမှာပဲလို့ ကျနော်ထင်တယ်။ သူတို့ကို ကြပ်မတ်ပြီးတော့ ထိန်းချုပ်ဖို့ ဆိုတာတော့ မလွယ်ဘူး ပေါ့နော်။ အဲဒီတော့ နိုင်ငံခြားသွားချင်တဲ့လူတွေ ကိုယ်တိုင်ကိုကသာ ဝေဖန် ခွဲခြားပြီးတော့ လုပ်ဖို့ လိုအပ်တာ ပေါ့နော်။ အခုအချိန်မှာကတော့ ဘယ်လိုပဲ ကြပ်မတ်ကြပ်မတ် လုပ်နေကြမှာပဲ။ အခုအချိန်မှာ ဆွေမျိုးအရင်း တောင်မှ လိမ်လည်တာတွေ ရှိပါတယ်။ ဥပမာ မလေးရှား ပို့ပေးမယ်ဆိုပြီးတော့ ဦးလေးတို့၊ ညီအစ်ကို ဝမ်းကွဲ တို့ကိုခေါ်၊ ခေါ်ပြီးတော့ ဒီလည်းရောက်ရော အဆင်မပြေမှုတွေဖြစ် အဖမ်းအဆီးခံရ။ အဲဒီလိုမျိုး ရှောင်ထွက် သွား တာတွေ အများကြီးပါပဲ။ တကယ်ပဲ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ပွဲစားအေးဂျင့်ဆိုတာ မရှိသလောက်ပါပဲ။ ဒီပွဲစား တို့ အေးဂျင့်တို့ ဘာတို့ကတော့ ထိန်းချုပ်ဖို့ အတွက်ကတော့ မလွယ်ပါဘူး။ သူတို့ နီးစပ်ရာ နီးစပ်ရာနဲ့ လုပ်စားနေ ကြမှာပဲ။ အဲဒီတော့ အဲဒီလို ထိန်းချုပ်လိုက်လို့ရှိရင် တကယ့် ခေါင်သမားက လွတ်ခဲ့ရင်တောင်မှ သူ့ အပွှားလေး တွေကို ဆက်ခိုင်းနေဦးမှာပဲ။ အဲဒီအတွက်ကြောင့် သူတို့ကို ထိန်းချုပ်ဖို့ဆိုတာ လုံးဝမလွယ်ပါဘူး” ဟု ပြောသည်။

MOU ဖြင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာများကိုတွေ့ရစဉ်

ယခုနောက်ပိုင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများသည် ၎င်းတို့၏ လုပ်ငန်းအမည်အား ဆိုင်းဘုတ်ချိတ်ဆွဲခြင်း၊ တပ်ဆင်ခြင်းမျိုး မရှိသည့်အတွက် ထိုအေဂျင်စီသည် တရားဝင် ဟုတ်၊ မဟုတ်အား သိရှိနိုင်ရန် ခက်ခဲလှသည်။

အလုပ်သမားဝန်ကြီးဌာန အနေဖြင့်လည်း တရားမဝင် အေဂျင်စီများနှင့် ပတ်သက်၍ ကွင်းဆင်း စစ်ဆေးမှုများ မပြုလုပ်နိုင်သဖြင့် တရားမဝင် အေဂျင်စီ၊ ပွဲစားများအား တိုင်ကြားမည်ဆိုပါက မိမိတို့မြို့နယ်ရှိ သက်ဆိုင်ရာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ ဆက်သွယ်ပေးပို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး အခြေအနေနှင့် အလုပ်အကိုင် ရှားပါးမှုတို့ကြောင့် လစဉ် မြန်မာနိုင်ငံသား လေးသောင်း နီးပါးသည် ပြည်ပသို့ ထွက်ခွာနေကြောင်း ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) က ထုတ်ပြန်ထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
နှစ်သစ်ကူးနေ့အပြီး ကိယက်ဗ်မြို့ရှိ ပေါက်ကွဲပျက်စီးမှုများ(ဓါတ်ပုံ-အေပီ)

နှစ်သစ်ကူးနေ့အစောပိုင်း ယူကရိန်းမြို့တော်တွင် ပေါက်ကွဲမှုများဖြစ်ပွား

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1453

CNI International News

ကိယက်ဗ်၊ ဇန်နဝါရီ ၂

နှစ်သစ်ကူးအပြီး မိနစ်ပိုင်းအကြာတွင် ယူကရိန်းမြို့တော် ကိယက်ဗ်၌ ပေါက်ကွဲမှုပေါင်းများစွာ ဖြစ်ပွားခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြသည်။

အဆိုပါဖြစ်ရပ်များ မတိုင်ခင်ကလည်း ယူကရိန်းနိုင်ငံတစ်ဝန်းလုံးရှိ ပစ်မှတ်များသို့ ရုရှားဘက်က ခရုစ်ဒုံးကျည် အနည်ဆုံး ၂၀ ခန့် ပစ်ခတ်ခဲ့ကြောင်း ယူကရိန်းအရာရှိများက ပြောကြားကာ ၎င်းသည် နှစ်သစ်ကူးချိန်တွင် အကြမ်းဖက်မှုလုပ်ဆောင်ခြင်းဟုလည်း ခေါင်းစဉ်တပ်ခဲ့သည်။

ပထမဆုံးတိုက်ခိုက်မှုများသည် တနင်္ဂနွေနေ့ည ၁၂ နာရီထိုးအပြီး နာရီဝက်အကြာတွင် ဖြစ်ပွားခဲ့ကာ ခရိုင်နှစ်ခုသို့ ထိမှန်ကာ သေဆုံးဒဏ်ရာရမှုစာရင်းကို မသိရသေးဟု ကိယက်ဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ရှ်ကို (Vitali Klitschko) က ပြောသည်။ ရုရှားဘက်မှ လေကြောင်းတိုက်ခိုက်မှု ၂၃ ခုကိုလည်း ပစ်ချနိုင်ခဲ့သည်ဟု သိရသည်။

တနင်္ဂနွေနေ့ညနေပိုင်းတွင် ယူကရိန်းအနေဖြင့် အောင်ပွဲရသည်အထိ တိုက်ခိုက်မှုများကို လုပ်ဆောင်သွားမည်ဟု သမ္မတ ဇာလန်းစကီးက ပြောသည်။ ယူကရိန်းစစ်ပွဲသည် ၁၁ လတွင်းသို့ ရောက်ရှိလာပြီလည်း ဖြစ်သည်။

နှစ်သစ်ကူးနေ့အပြီး ကိယက်ဗ်မြို့ရှိ ပေါက်ကွဲပျက်စီးမှုများ(ဓါတ်ပုံ-ရိုက်တာ)

အစောပိုင်းတိုက်ခိုက်မှုများတွင် ကိယက်ဗ်မြို့ရှိ ဟိုတယ်တစ်ခုနှင့် လူနေအဆောက်အဦတစ်ခု ပျက်စီးသွားခဲ့ပြီး အနည်းဆုံးလူ ၁ ဦးသေဆုံးကာ များစွာဒဏ်ရာရခဲ့သည်ဟု မြို့တော်ဝန်က ပြောသည်။ ဒဏ်ရာရသူများတွင် ဂျပန် သတင်းထောက်တစ်ဦး ပါဝင်နေပြီး ၎င်းကို ဆေးရုံတင်ထားရသည်ဟုလည်း သိရသည်။

ထို့အပြင် ရုရှားတပ်များသည် နိုင်ငံတောင်ပိုင်းရှိ မီကိုလစ်ဗ် (Mykolaiv) မြို့တွင် ဝင်ရောက်စီးနင်းမှုများ လုပ်ဆောင်ခဲ့သည်ဟုလည်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောသည်။ လူခုနှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟုလည်း သိရသည်။ လက်ရှိအချိန်တွင် ရုရှားတပ်များသည် အရပ်သားများကို ပစ်မှတ်ထားသည့် စီးနင်မှုများကိုပါ လုပ် ဆောင်လာပြီဟု မြို့တော်ဝန် ဗီတာလီကင် (Vitaliy Kim) က ပြောသည်။ ရုရှားအစိုးရသည် စီးနင်းမှုများ မလုပ်ဆောင်ဟု ယခင်က ငြင်းဆိုခဲ့ဖူးသည်။ ရုရှားတပ်များသည် အရေးပါသည့် အခြေခံအဆောက်အဦများပင် မဟုတ်ဘဲ လူနေဧရိယာများ၊ ဟိုတယ်များ၊ ဂိုထောင်များနှင့် လမ်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာပြီဟုလည်း ၎င်းက တယ်လီဂရမ်တွင် ပြောဆိုခဲ့သည်။

ရုရှား၏ တိုက်ခိုက်မှုများအတွင်း ယခုတစ်ကြိမ်တိုက်ခိုက်မှုများသည် လူသေဆုံးမှုများစွာဖြစ်စေခဲ့သည်ဟုလည်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာ (Dmytro Kuleba) က ပြောသည်။ ယခုတစ်ကြိမ်တွင် ရုရှား၏ ဒုံးတိုက်ခိုက်မှုများသည် အခြေခံအဆောက်အဦများအပြင် လူနေဧရိယာများကိုပင် ပစ်မှတ်ထားလာသည်ဟု ၎င်းက ပြောသည်။

စစ်ရာဇဝတ်သားပူတင်သည် နှစ်သစ်ကို လူသတ်၍ ကြိုဆိုလိုက်ကြောင်း၊ ယင်းကြောင့် ရုရှားကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ထုတ်ပယ်ရန်တောင်းဆိုကြောင်းလည်း ကူလီဘာက ထပ်လောင်းပြောကြားခဲ့သည်။

Source:Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

တရုတ်နှင့်စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများကို မြှင့်တင်လိုသည်ဟု ပူတင်ပြော

By CNI
CNI
Category: Watch TV
Hits: 668

Share
Tweet
Share
Share
powered by social2s

တရုတ်က သံအမတ်ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး

By CNI
CNI
Category: Watch TV
Hits: 704

Share
Tweet
Share
Share
powered by social2s

စစ်တပ်၏ ဒုံးကျည်လွှတ်တင်မှုကြောင့် တောင်ကိုရီးယားပြည်သူများ ထိတ်လန့်ခဲ့ကြ

By CNI
CNI
Category: Watch TV
Hits: 666

Share
Tweet
Share
Share
powered by social2s

၂၀၂၂ က ငြိမ်းချမ်းရေးနှစ် ဖြစ်ခဲ့ပါသလား

By CNI
CNI
Category: Watch TV
Hits: 784

Share
Tweet
Share
Share
powered by social2s
ပူတင်နဲ့ ရှီကျင့်ဖျင် ဗွီဒီယိုကနေ ဆွေးနွေးနေစဉ် (Reuters)

တရုတ်နှင့်စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများကို မြှင့်တင်လိုသည်ဟု ပူတင်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 957

CNI International News

ဘေဂျင်း၊ ဒီဇင်ဘာ - ၃၁

ရုရှားနှင့်တရုတ် နှစ်နိုင်ငံဆက်ဆံရေးမှာ သမိုင်းတလျှောက် အကောင်းဆုံး အနေအထားတွင်ရှိနေပြီး စစ်ဘက် ဆိုင်ရာ ဆက်ဆံရေးကို ပိုမိုမြှင့်တင်လိုသည်ဟု ရုရှားသမ္မတဗလာဒီမာပူတင် (Vladimir Putin)က တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)အား ပြောကြားခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် သောကြာနေ့(ဒီဇင်ဘာ ၃၀ ရက်)တွင် ဗွီဒီယိုလင့်ခ်မှ တဆင့် ဆက်သွယ် ပြောဆိုခဲ့ခြင်း ဖြစ်ကာ လာမည့် ၂၀၂၃ ခုနှစ်တွင် ရှီကျင့်ဖျင် အနေဖြင့် ရုရှားသို့ လာရောက် လည်ပတ်ရန် မျှော်လင့်သည်ဟု ပူတင်က ပြောသည်။

သို့သော် ထိုခရီးစဉ် အမှန်တကယ် ဖြစ်ပေါ်လာမည်ဆိုပါက ၎င်းသည် ယူကရိန်းအရေးနှင့် ပတ်သက်၍ တရုတ် သည် ရုရှားဘက်၌ ရှိနေသည်ဆိုခြင်းကို လူသိရှင်ကြား ဖော်ထုတ်ပြသခြင်းလည်း ဖြစ်သည်။

တရုတ်နိုင်ငံပိုင် ရုပ်သံမှ ထုတ်လွှင့်သော ဗွီဒီယို ဆွေးနွေးပွဲတွင် ပူတင်က“ မိတ်ဆွေကြီး လာရောက် လည်ပတ်ရန် မျှော်လင့်နေပါသည်။ လာမည့် နွေရာသီတွင် မော်စကိုသို့ နိုင်ငံတော်ခရီးစဉ်ဖြင့် လာရောက် လည်ပတ်ရန် မျှော် လင့် နေပါသည်” ဟု ပြောခဲ့သည်။

ပူတင်ကိုတွေ့ရစဉ် (Reuters)

ထိုခရီးစဉ်သည် ရုရှား-တရုတ် နှစ်နိုင်ငံအကြား နီးကပ်သော ဆက်ဆံရေးကို ကမ္ဘာကြီးသို့ ပြသခြင်းဖြစ်သည် ဟုလည်း ပူတင်က ပြောသည်။

၈ မိနစ်ကြာ စကားပြောဆိုမှုတွင် ပူတင်က ရုရှား-တရုတ် ဆက်ဆံရေး တိုးတက်လာမှုသည် တည်ငြိမ်ရေးကဏ္ဍ တစ်ခုအဖြစ် အရေးပါကြောင်းပြော၍ နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်သွားရန် ရည်ရွယ်ထားသည်ဟုလည်း ပြောသည်။
ရှီ၏ တုန့်ပြန်ပြောဆိုမှုတွင် တရုတ်နိုင်ငံ အနေဖြင့်လည်း ရုရှားနှင့်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အဆင်သင့် ရှိနေသည်ဟု ပြောခဲ့သည်။

ယခုလ အစောပိုင်းတွင် နှစ်နိုင်ငံ ရေတပ်များသည် ပူးပေါင်းစစ်ရေး လေ့ကျင့်မှု လုပ်ဆောင်ခဲ့ပြီး ၎င်းက အာရှ-ပစိဖိတ်ဒေသတွင် အမေရိကန်တို့၏ ရန်လိုမှုများကို တုန့်ပြန်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ရုရှားစစ်ဘက် အကြီးအကဲများက ပြောခဲ့သည်။

ရုရှားနဲ့ တရုတ် စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှုကိုတွေ့ရစဉ် (GETTY IMAGES)

ရှီ၏ တုန့်ပြန်မှုတွင် ရုရှားနိုင်ငံသည် ပြဿနာများကို သံတမန်ရေး တွေ့ဆုံညှိနှိုင်းမှုများအရ ဖြေရှင်းရန် မည်သည့် အခါတွင်မှ နောက်မဆုတ်ခဲ့ကြောင်း၊ ယင်းကို တရုတ်နိုင်ငံအနေဖြင့် အသိအမှတ် ပြုကြောင်း ပြောခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာ CCTV တွင် ဖော်ပြခဲ့သည်။

ယူကရိန်းအရေးနှင့် ပတ်သက်၍လည်း ရှီက ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲလမ်းကြောင်းသည် ချောမွေ့ နေမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် ထိုအရေးနှင့်ပတ်သက်ပြီး မျှတစွာရပ်တည်ခြင်း သဘောထားကို ဆက်လက် ဆွဲကိုင်သွားမည်ဟု ပြောခဲ့သည်။

အမေရိကန် ဦးဆောင်သော အနောက်အုပ်စု၏ ဗိုလ်ကျစိုးမိုးမှုနှင့်ပတ်သက်၍ လက်မခံသော သဘောထားတွင် တရုတ်နှင့်ရုရှားတို့ကြား အတွေးအမြင်ပိုင်းဆိုင်ရာ နှီးနွယ်မှုရှိသည်ဟုလည်း ရှီ၏ ပြောဆိုမှုတွင် ပါဝင်သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ လာဘ်စားမှုကို သည်းခံမည်မဟုတ်ဟု ထိုင်း ဒုဝန်ကြီးချုပ်ပြောai

By CNI
CNI
Category: Watch TV
Hits: 687

Share
Tweet
Share
Share
powered by social2s

ယူကရိန်းနိုင်ငံတစ်ဝန်းလုံးရှိ ပင်မအဆောက်အဦးများကို ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်

By CNI
CNI
Category: Watch TV
Hits: 690

Share
Tweet
Share
Share
powered by social2s
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29

Page 25 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar