CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
သံသယရှိသူ အီရန်အမျိုးသားတစ်ဦးကို ဂျာမနီအာဏာပိုင်များက ဖမ်းဆီးလာစဉ်(GETTY IMAGES)

အမေရိကန်က သတင်းပေး၍ အဆိပ်ဖြင့်တိုက်ခိုက်မည့် အီရန်တစ်ဦးကို ဂျာမနီဖမ်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1226

CNI International News

ဘာလင်၊ ဇန်နဝါရီ ၉

အမေရိကန်လုံခြုံရေး အရာရှိများ၏ သတင်းပေးမှုကြောင့် အသက် ၃၂ နှစ်အရွယ် အီရန်အမျိုးသားတစ်ဦးကို ဂျာမနီအာဏာပိုင်များက တနင်္ဂနွေနေ့တွင် ဖမ်းဆီးခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ထိုအမျိုးသားသည် ပြင်းထန်သော ဓာတုပစ္စည်းများဖြင့် တိုက်ခိုက်ရန် ကြံစည်နေသည်ဟု အမေရိကန်ဘက်မှ သတင်းပေးခဲ့ခြင်း ဖြစ်သည်။

၎င်းနှင့် နောက်ထပ် တစ်ဦးတို့ကို ဒေါ့မွန်အနောက်မြောက် ကတ်ရော့-ရောက်ဆယ် (Castrop-Rauxel) တွင် ညတွင်းခြင်း ထိန်းသိမ်းခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် အစိုးရရှေ့နေများက ပြောသည်။

အဆိုပါ အမျိုးသားသည် အစ္စလာမ္မစ် အစွန်းရောက် လှုံ့ဆော်မှုကြောင့် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ကျူးလွန် ရန် စီစဉ်နေသည်ဟု သံသယရှိကြောင်း၊ ထို့ကြောင့် ၎င်းသည် အလွန်ပြင်းထန်သော ဆိုင်ရာနိုင်နှင့် ricin ဟု ခေါ်သော အဆိပ်တစ်မျိုးကို ရှာဖွေနေကြောင်း အာဏာပိုင်များ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြသည်။

 ဂျာမနီဆေးတပ်ဖွဲ့က စစ်ဆေးနေစဉ် (AP)

ထိုသူ၏ နေအိမ်တွင် အဆိပ်အတောက် ကာကွယ်ပေးသော ဝတ်စုံများဖြင့် သက်သေ ရှာဖွေနေသည်ကိုလည်း တွေ့ရသည်။ သို့သော် လက်ရှိအချိန်ထိ တိုက်ခိုက်မှုအတွက် မည်မျှပြင်ဆင်ပြီးသည်နှင့် မည်သည့် ပစ်မှတ်ကို တိုက်ခိုက်မည် ဆိုသည်ကိုတော့ မသိရသေးပေ။

ခိုင်လုံသည့် သတင်းပေးမှုကြောင့် ညတွင်းချင်း ရှာဖွေမှု လုပ်ဆောင်ခဲ့ရသည်ဟု ဂျာမနီအာဏာပိုင်တစ်ဦးက ပြောခဲ့ကြောင်း DPA သတင်းတွင် ကိုးကားဖော်ပြထားသည်။

ထိုသတင်းကို မိတ်ဖက်ထောက်လှမ်းရေး အဖွဲ့များက ပေးခဲ့သည်ဟု Bild သတင်းက ဆိုသည်။ အစိုးရ ရှေ့နေများဘက်က ထိုသတင်းသည် အမေရိကန်မှ လာသည်ဟု အတည်ပြု ထားသော်လည်း အတိအကျကိုမူ မပြောခဲ့ပေ။

လက်ရှိအချိန်အထိ သံသယရှိသူသည် အီရန်အစိုးရကိုယ်စား လုပ်ဆောင်သည်ဟု သံသယရှိစရာ မတွေ့ရသေး ကြောင်း၊ ၎င်းသည် ဆွန်နီအစိုးရအဖွဲ့များကို ထောက်ခံသူ ဖြစ်နိုင်ကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးကို ကိုးကား၍ DPA သတင်းတွင် ရေးသားထားသည်။

ပြည်ထဲရေးဝန်ကြီး နန်စီဖေဆာကိုတွေ့ရစဉ်(GETTY IMAGES)

ယခု ရှာဖွေမှုတွင် ပါဝင်သည့် ရောဂါထိန်းချုပ်ရေး အေဂျင်စီမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ကို ကျေးဇူး တင်ကြောင်း ဂျာမနီအာဏာပိုင်များက ပြောသည်။

လုံခြုံရေး တာဝန်ရှိသူများသည် အစ္စလာမ္မစ် အကြမ်းဖက်မှုများနှင့် ဆက်နွယ်သော ခြိမ်းခြောက်မှု၊ လုပ်ရပ်များနှင့် ပတ်သက်သည့် သတင်းများကို အထူးအလေးထား ဆောင်ရွက်သွားမည်ဟုလည်း ပြည်ထဲရေးဝန်ကြီး နန်စီဖေဆာ (Nancy Faser) က ပြောသည်။

ဂျာမနီတွင် ယခုရာစုနှစ်အတွင်း အစ္စလာမ္မစ် အစွန်းရောက်များ၏ တိုက်ခိုက်မှုပေါင်း ၂၁ ကြိမ် ပေါ်ပေါက်ခဲ့သည်။

Source: အေပီ

 

 

 

 

Share
Tweet
Share
Share
powered by social2s
အစ္စရေးနိုင်ငံ တဲအဗစ်မြို့ရှိ ဟာဗီးမားရင်ပြင်တွင် ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု ဦးဆောင်သည့် လက်ယာယိမ်းအစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြစဉ်(ဓါတ်ပုံ-ရိုက်တာ)

နေတန်ညာဟုအစိုးရသစ်ကို အစ္စရေးပြည်သူထောင်ပေါင်းများစွာ ဆန့်ကျင်ဆန္ဒပြ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1788

CNI International News

ဂျေရုစလင်၊ ဇန်နဝါရီ ၉

ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု (Benjamin Netanyahu) အစိုးရသစ်၏ အစီအစဉ်များသည် ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေသည်ဟုဆိုကာ အစ္စရေးပြည်သူထောင်ပေါင်းများစွာက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ ကြသည်ဟု အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြသည်။

နိုင်ငံ၏ ၇၄ နှစ်တာ သမိုင်းတစ်လျှောက် လက်ယာယိမ်းမှုနှင့် ဘာသာရေးအရ ရှေးရိုးစွဲမှု အများဆုံး အစိုးရအဖြစ် ကျမ်းကျိန်ပြီးနောက် ရက်အနည်းငယ်အကြာတွင် ပြည်သူများက တဲလ်အဗစ် (Tel Aviv) မြို့တွင် စုဝေးဆန္ဒပြ ခဲ့ကြခြင်းဖြစ်သည်။ အစိုးရသစ်သည် တရားစီရင်ရေး အာဏာလျော့ကျစေရန် ကျူးကျော်ထားသော အနောက် ဘက်ကမ်းခြေဒေသတွင် တရားမဝင်အခြေချနေထိုင်ခြင်းများ တိုးမြှင့်လာသည့် ကိစ္စရပ်များကို ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ရန် စီစဉ်ထားသည်။

“ဒီမိုကရေစီအန္တရယ်ကျရောက်ပြီ၊ ဖက်ဆစ်စနစ်နှင့် လူမျိုးရေးခွဲခြားမှုများကိုအတူတကွ ဆန့်ကျင်ကြ” ဟူသော စာတန်းများဖြင့်ဆန္ဒပြသူများက ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ တချို့ ဆန္ဒပြသူများကလည်း နေအိမ်၊ လူနေမှု၊ မျှော်လင့်ချက် ဟူသောစာတန်းများ ကိုင်ဆောင်ကြပြီး တချို့က သက်တန့်ရောင်အလံများဖြင့် ဆန္ဒပြခဲ့ ကြသည်။ ယခုဆန္ဒပြမှုများကို လက်ဝဲယိမ်းအဖွဲ့များနှင့် Knesset ဟုခေါ်သော အစ္စရေးလွှတ်တော်တွင်းမှ ပါလက် စတိုင်း အဖွဲ့ဝင်များက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးအလံကို ကိုင်မြှောက်ပြီး ဝန်ကြီးချုပ် နေတန်ညာဟု ခေါင်းဆောင်သည့် အစိုးရကို ဆန့်ကျင် ဆန္ဒပြ နေစဉ်

အစိုးရ၏ တရားစီရင်ရေးစနစ်ကို ကာလရှည်ပြင်ဆင်ရေးသည် နိုင်ငံ၏ဗဟိုတရားရုံးချုပ်ကို အင်အားနည်းအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အစ္စရေးတရားရေးဝန်ကြီးက ပြောသည်။ အစိုးရသစ်၏ အစီအစဉ်များသည် မဟာမိတ်အစိုးရကို အကြွင်းမဲ့လုပ်ပိုင်ခွင့်ပေးခြင်းဖြင့် နိုင်ငံ၏ဒီမိုကရေစီအဖွဲ့အစည်းများကို လျော့ပါးစေရုံ သာမက နိုင်ငံ၏အပြန်အလှန် ထိန်းကျောင်းမှုစနစ်ကို အဆုံးသတ်သွားစေမည်ဖြစ်ကြောင်း ထောက်ပြကာ အစိုးရ သစ်သည် တရားစီရင်ရေးစနစ်ကို စတင် စစ်ကြေညာလိုက်ခြင်းဖြစ်သည်ဟုလည်း ဝေဖန်သူများက စွပ်စွဲထားသည်။

ဒီမိုကရေစီစနစ်အား ဆုံးရှုံးရမည်ကိုကြောက်ကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦး၏ တရားစီရင်မှုကို ရှောင်လွဲလိုခြင်း အတွက် အာဏာရှင်စနစ်အောက်ကိုမသွားလိုကြောင်း အသက် ၇၇ နှစ်အရွယ်ဆန္ဒပြသူတစ်ဦးက ပြောသည်။ ယင်းက ၂၀၂၁ ခုနှစ်တွင်အကျင့်ပျက်ခြစားမှုဖြင့်စွဲချက်တင်ခံရသော နေတန်ညာဟုကို ရည်ညွှန်းပြောဆိုခြင်း လည်းဖြစ်သည်။

အသက် ၇၃ နှစ်အရွယ် နေတန်ညာဟုသည် အစ္စရေးသမိုင်းတစ်လျှောက် သက်တမ်းအကြာဆုံး ဝန်ကြီးချုပ် အဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ ၎င်း၏ အစိုးရအသစ်တွင် အခွန်ရှောင်ခဲ့ကြောင်း ဝန်ခံထားသည့်နိုင်ငံ ရေးသမားတစ်ဦးအပြင် ပါလက်စတိုင်းဝတ်ပြုသူများကို အစုလိုက်အပြုံလိုက်သတ်ခဲ့သူ၏ ပုံတူကိုနေအိမ်တွင် ချိတ်ဆွဲထားသူတစ်ဦးအပါအဝင် လက်ယာစွန်းနိုင်ငံရေးသမားများ ပါဝင်နေသည်။ ယင်းကြောင့် ဆန္ဒပြသူများက နိုင်ငံတွင်းရှိ ဂျူးနှင့်ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေးနှင့် အတူယှဉ်တွဲနေထိုင်ရေးတို့ကိုတောင်းဆိုခဲ့ကြသည်။

Source:Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆားဘီးယားသမ္မတ အလက်ဇန္ဒား ဗူစစ်ကိုတွေ့ရစဉ် (Aleksandar Vucic)

ကိုဆိုဗိုသို့ တပ်ဖွဲ့များစေလွှတ်ရေး ဆားဘီးယား၏ တောင်းဆိုမှုကို နေတိုးပယ်ချ

By CNI
CNI
Category: နိုင်ငံရေး
Hits: 900

CNI International News

ဘဲလ်ဂရိတ်၊ ဇန်နဝါရီ ၉

ဆားဘီးယားစစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၀၀၀ ကို ကိုဆိုဗိုသို့ စေလွှတ်ရေး ဆားဘီးယားအစိုးရ၏ တောင်းဆိုမှုအား နေတိုးအဖွဲ့က ပယ်ချလိုက်ကြောင်း အယ်ဂျာဇီးယားသတင်းတွင် ဖော်ပြထားသည်။

ဆားဘီးယားနှင့် ကိုဆိုဗိုအာဏာပိုင်များအကြား တင်းမာမှုများ ပေါ်ပေါက်နေချိန်တွင် ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆားဘီယား၏ ဒေသဟောင်း တစ်ခုဖြစ်သော ကိုဆိုဗိုသည် ၁၉၉၈-၉၉ စစ်ပွဲပြီးနောက် ၂၀၀၈ ခုနှစ်တွင် လွတ်လပ်ရေး ကြေညာခဲ့သည်။

အဆိုပါ လွတ်လပ်ရေးကြေညာသည့် ဒေသတွင် အယ်လ်ဘေးနီးယား အများစုနေထိုင်သည်။ ကိုဆိုဗိုရှိ လုပ်ပိုင်ခွင့် အပေါ် ကုလသမဂ္ဂ၏ အတည်ပြုမှုကို ကိုးကားပြီး ကိုဆိုဗိုသို့ ဆားဘီးယားတပ်များ စေလွှတ်ရန် မလိုအပ်ဟု ကိုဆိုဗိုရှိ နေတိုးအဖွဲ့ KFOR က အကြောင်းပြန်ခဲ့ကြောင်း ဆားဘီးယားသမ္မတ အလက်ဇန္ဒား ဗူစစ် (Aleksandar Vucic) က ပြောသည်။

ပြီးခဲ့သည့်လတွင် စစ်ပွဲကာလ အပြီးနောက်ပိုင်း ပထမဆုံးအဖြစ် ဆားဘီးယားနှင့် ကိုဆိုဗိုအာဏာပိုင်များအကြား ကိုဆိုဗို မြောက်ပိုင်းတွင် တင်းမာမှုများ ဖြစ်ပွားခဲ့သည်။

 ကိုဆိုဗိုဒေသကိုတွေ့ရစဉ် (GETTY IMAGES)

မြောက်ပိုင်းဒေသတွင် ဆားဘီးယားလူမျိုးအများစု နေထိုင်ရာ ဆားဘီးယားအစိုးရက တပ်များစေလွှတ်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။ ကုလလုံခြုံရေးကောင်စီက KFOR မှ ခွင့်ပြုမည်ဆိုလျှင် ဆားဘီးယားတပ်များကို အော်သိုဒေါ့ ခရစ္စယာန်ဘာသာရေးဆိုင်ရာ နေရာများ၊ ဆားဘီးယားလူမျိုး အများစု နေထိုင်ရာ ဧရိယာများနှင့် နယ်စပ်ဖြတ်ကျော်ဂိတ်များသို့ ဝင်ရောက် ခွင့်ပေးမည်ဟု ပြန်လည်ဖြေဆိုခဲ့သည်။

၎င်းတို့၏ ဆုံးဖြတ်ချက်ကို အော်သိုဒေါ့ ခရစ္စမတ်နေ့တွင် အကြောင်းကြားခဲ့ခြင်း အတွက်လည်း ဗူစစ်က KFOR ကို ဝေဖန်ခဲ့သည်။ ဘယ်ရန် (Shterpce) မြို့အနီးရှိ ဆားဘီးယားလူငယ်နှစ်ဦးကို ပစ်ခတ်ခြင်း၊ ဒဏ်ရာရရှိ စေခြင်းတို့ ဖြင့် ကိုဆိုဗိုရဲတပ်ဖွဲ့က တာဝန်ချိန်ပြင်ပ စစ်သားတစ်ဦးကို ဖမ်းဆီးခဲ့သည်။

ဘုရားကျောင်းမှ ပြန်လာသော နောက်ထပ် လူငယ်တစ်ဦးကိုလည်း အယ်လ်ဘေးနီးယား အုပ်စုတစ်ခုက တိုက်ခိုက်ခဲ့သည်ဟု ဆားဘီးယားမီဒီယာများတွင် ဖော်ပြသည်။

ထိုဖြစ်ရပ်များသည် အကြမ်းဖက်မှုများ ဖြစ်သည်ဟု ဆားဘီးယားအာဏာပိုင်များက သတ်မှတ်ကာ ကိုဆိုဗိုတွင် ဆားဘီးယားလူမျိုးများကို အလိုမရှိကြောင်း ဖော်ပြနေသည်ဟု ပြောသည်။

ဘယ်ရန်မြို့တွင် ကန့်ကွက်ဆန္ဒပြမှုများ လုပ်ဆောင်မည်ဟုလည်း ကြေညာခဲ့သည်။ ကိုဆိုဗိုရှိ ဆားဘီးယားလူမျိုး အများစုမှာ မြောက်ပိုင်းတွင် နေထိုင်ကြပြီး အများစုက ကိုဆိုဗို၏ လွတ်လပ်ရေးကို အသိအမှတ် မပြုကြပေ။ ကိုဆိုဗိုပဋိပက္ခသည် အယ်လ်ဘေးနီးယား ခွဲထွက်ရေးသမားများက ဆားဘီးယား အုပ်ချုပ်မှုကို ပုန်ကန်ခြင်း အပေါ် ဆားဘီးယားအစိုးရဘက်မှ ပြင်းပြင်းထန်ထန် တုန့်ပြန်ရာမှ စတင်ခဲ့ပြီး နေတိုးအဖွဲ့မှ ကြားဝင်ဖြေရှင်း ပေးခဲ့ရသည်။

ကိုဆိုဗိုအတွင်း လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

ထိုပဋိပက္ခအတွင်းလူ ၁၃၀၀၀ နီးပါး သေဆုံးခဲ့ရပြီး အများစုမှာ အယ်လ်ဘေးနီးယားလူမျိုးများ ဖြစ်သည်။

ထိုစစ်ပွဲအတွင်း ကုလသမဂ္ဂ၏ ဖြေရှင်းပေးမှုအရ ဆားဘီးယားလုံခြုံရေးတပ်များ ကိုဆိုဗိုသို့ ဝင်ရောက် တပ်စွဲ ခွင့် ရှိကြောင်း၊ ဆားဘီးယားတပ်များ ပြန်လည်ရောက်ရှိလာပါက ကိုဆိုဗိုတွင် တင်းမာမှုများ လျော့ကျသွားနိုင် ကြောင်း ဆားဘီးယားဘက်က ပြောသည်။

သို့သော်လည်း ယင်းကို ကိုဆိုဗိုနှင့် အနောက်အုပ်စု အာဏာပိုင်များက ငြင်းဆိုထားသည်။

အနောက်အုပ်စုက ကိုဆိုဗို လွတ်လပ်ရေးကို ထောက်ခံထားသည့်အတွက် ဆားဘီးယား၏ တောင်းဆိုမှုကို ပယ်ချ မည်ဟု ကြိုတင် ခန့်မှန်းထားပြီး ဖြစ်ကြောင်းလည်း ဗူစစ်က ပြောသည်။ အီးယူ အဖွဲ့ဝင်ဖြစ်ရေး တိုးတက်မှုများ ရရှိရန် ဆားဘီးယားနှင့် ကိုဆိုဗို အာဏာပိုင်များအနေဖြင့် ပုံမှန်ဆက်ဆံရေးအတိုင်း ပြန်ဖြစ်အောင် ဆောင်ရွက်ရန် ပြောကြားထားပြီးလည်း ဖြစ်သည်။

မတင်မကျဖြစ်နေသော အီးယူမှ ကမကထ ပြုထားသည့် ဆွေးနွေးပွဲများကို တွန်းအားဖြစ်စေရန် အမေရိကန်မှ ထိပ်တန်း ကိုယ်စားလှယ် အဖွဲ့တစ်ခုသည် လာမည့် သီတင်းပတ်တွင် ထိုဒေသသို့ သွားရောက်မည်ဟု သိရသည်။

Source: အယ်ဂျာဇီးယား

 

 

 

 

Share
Tweet
Share
Share
powered by social2s

မူးယစ်ရာဇာ၏ သားကို ဖမ်းဆီးမှုကြောင့် မက္ကဆီကိုတွင် အကြမ်းဖက်မှုများဖြစ်

By CNI
CNI
Category: Watch TV
Hits: 493

Share
Tweet
Share
Share
powered by social2s

ဖြူးထိုင်းလွှတ်တော်အမတ်တစ်ဦးက ဘတ်ငွေ ၅ သန်း လာဘ်ယူရန် ကြိုးပမ်း

By CNI
CNI
Category: Watch TV
Hits: 515

Share
Tweet
Share
Share
powered by social2s

ဂျာမနီက ယူကရိန်းကို Mardar ကျည်ကာယာဉ်အစင်း ၄၀ ထောက်ပံ့မည်

By CNI
CNI
Category: Watch TV
Hits: 526

Share
Tweet
Share
Share
powered by social2s

အာဆီယံဥက္ကဋ္ဌအသစ် လက်ထက် အပြောင်းအလဲတစ်ခုကို မျှော်လင့်

By CNI
CNI
Category: Watch TV
Hits: 462

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်ခဲ့သူ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကို တွေ့ရစဉ်

အာဆီယံဥက္ကဋ္ဌအသစ် လက်ထက် အပြောင်းအလဲတစ်ခုကို မျှော်လင့်

By CNI
CNI
Category: နိုင်ငံရေး
Hits: 903

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၇

အာဆီယံ ဥက္ကဋ္ဌအသစ် လက်ထက်တွင် မြန်မာနိုင်ငံ၏ အပြောင်းအလဲတစ်ခု ဖြစ်မည်ဟု မျှော်လင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် အင်ဒိုနီးရှားနိုင်ငံက စစ်အာဏာရှင်စနစ်ကို အားပေးမှာ မဟုတ်ကြောင်း ၎င်းက ပြောသည်။

စိုင်းလိတ်က “အခု အာဆီယံဥက္ကဋ္ဌအဖြစ် ထမ်းဆောင်မယ့် အင်ဒိုနီးရှားနိုင်ငံက အရှေ့တောင်အာရှမှာ အင်အား အကြီးဆုံး ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်တယ်ပေါ့နော်၊ အဲဒီတော့ သူက အာဏာရှင်စနစ်ကိုတော့ အားပေးမှာ မဟုတ်ဘူး။ ဆိုတော့ ဒီမိုကရေစီ အရေးဖက်ကို ပိုပြီးတော့မှ ဦးတည်အောင် ပိုပြီး အာရုံစိုက်အောင်တော့ သူကတော့ အရင်ကထက် ပိုပြီး ဖိအားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ကမ္ဘောဒီးယားနဲ့ စာရင်တော့ အရွေ့အပြောင်း တစ်ခု တော့ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ” ဟု ပြောသည်။

လက်ရှိ အကျပ်အတည်းကို ဖြေရှင်းနိုင်ငံရေး နိုင်ငံတကာ၏ ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်း တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင် ၇ ဖွဲ့ဖြင့် စုဖွဲ့ထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကိုတွေ့ရစဉ်

ဗိုလ်မှူးကြီးစောကျော်ညွန့်က “လာမယ့် အာဆီယံဥက္ကဋ္ဌ အပြောင်းအလဲ၊ အခင်းအကျဉ်း အပေါ်မှာကတော့ တကယ် ဖြစ်တည်လာတဲ့ အခြေအနေအပေါ်မှာလည်း ကျ‌နော်တို့က အဲဒီကနေ ထွက်ရှိလာတဲ့ ကျ‌နော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အပေါ်မှာ ဘယ်လောက်အတိုင်းအတာအထိ ကျ‌နော်တို့အတွက် အကူအညီ ပံ့ပိုးမှုတွေ ဖြစ်နိုင်မလဲ ဆိုတာတော့ ကျနော်တို့ ပြောနိုင်မှာ ဖြစ်ပါတယ်ခင်ဗျ၊ လောလောဆယ် အရတော့ ကျနော်တို့ အနေ နဲ့ကတော့ ခုနက ပြောသလိုမျိုးပဲ လက်ရှိ အကျပ်အတည်းကို ကျော်လွှားဖို့ဆိုရင် ကျနော်တို့ ၇ ဖွဲ့အနေနဲ့ ကတော့ နိုင်ငံတကာရဲ့ ပူးပေါင်းပါဝင် ပံ့ပို့မှုတွေကလည်း လိုအပ်တယ်လို့ ကျနော်တို့ အဲဒီလိုပဲ နားလည်မှုရှိတယ်” ဟု ပြောသည်။

နစကအပေါ် အာဆီယံဖိအားက ကြီးလာပြီး ဒီမိုကရေစီ လှုပ်ရှားသူများအတွက် အင်အားတစ်ခု ဖြစ်လာလိမ့်မည် ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဆန္ဒပြလူငယ်များကိုတွေ့ရစဉ်

ဦးသန်းစိုးနိုင်က “ကောင်းပါတယ် အခုက ဘာဖြစ်လို့လဲဆိုတော့ အင်ဒိုနီးရှားနိုင်ငံ အလှည့်ကျတာကိုး၊ အင်ဒိုနီးရှား နိုင်ငံကတော့ တော်တော်လေး ဒီမိုကရေစီ အင်အားစုတွေအပေါ်မှာ တော်တော်လေး စာနာထောက်ထားမှုရှိတဲ့ နိုင်ငံဖြစ်တဲ့ အခါကြတော့ စစ်ကောင်စီအပေါ်မှာ ဖိအားတွေ ပေးပြီးတော့ တစ်စုံတစ်ရာ ရလဒ်ဖော်ဆောင်နိုင်မယ့် အင်အားတစ်ရပ် ဖြစ်လာလိမ့်မယ်လို့ ကျနော်တော့ မျှော်လင့်ပါတယ်၊ ဥပမာ အာဆီယံက ချမှတ်ထားတဲ့ မူ ၅ ရပ် ကို အကောင်အထည် ဖော်ရေးဆိုတဲ့ကိစ္စမှာ အခုက ရက်ချိန်း သတ်မှတ်ထားတာကို အဲဒီတော့ ဒီဆုံးဖြတ်ချက်ကို အင်ဒိုနီးရှားနိုင်ငံက အကောင်အထည် ဖော်ပေးလိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

မကြာခင်က သက်တမ်းကုန်ဆုံးခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်၍ အင်ဒိုနီးရှားနိုင်ငံက လွှဲပြောင်း တာဝန်ယူခဲ့ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မာဒါ(Marder)ယာဉ်များနှင့်အတူ စစ်သားများကိုတွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

ဂျာမနီက ယူကရိန်းကို Mardar ကျည်ကာယာဉ်အစင်း ၄၀ ထောက်ပံ့မည်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1375

CNI International News

ဘာလင်၊ ဇန်နဝါရီ ၇

ဂျာမနီအစိုးရအနေဖြင့် ယခုနှစ် ပထမသုံးလအတွင်း ယူကရိန်းသို့ မာဒါ (Mardar) ကျည်ကာယာဉ်အစီး ၄၀ ဝန်းကျင် ထောက်ပံ့သွားရန် ရည်ရွယ်ထားသည်ဟု သောကြာနေ့က ပြောကြောင်း AP သတင်းတွင်ဖော်ပြသည်။

ဂျာမနီအဓိပတိ အိုလပ်ဇ် ရွိုင်း (Olaf Scholz) နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) တို့ကြား ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ပြီးနောက် ဂျာမနီဘက်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကာ ၎င်းမှာယူကရိန်းကို လက်နက် ထောက်ပံ့ရေးနှင့်ပတ်သက်၍ ဂျာမနီအစိုးရ၏ သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခုလည်း ဖြစ်သည်။

အဆိုပါယာဉ်အစင်း ၄၀ သည် ယူကရိန်းသို့ ပို့ဆောင်ရန် ယခုနှစ် ပထမ ၃ လပတ်အတွင်း အဆင်သင့်ဖြစ်နေရ မည်ဟု ရွိုင်း၏ပြောခွင့်ရပုဂ္ဂိုလ် စတဲဖန် ဟေဘစ်စတိုင်းမ် (Steffen Hebestreit) က ပြောသည်။ ဂျာမနီသည် ယာဉ်များကို အသုံးပြုပုံနှင့်ပတ်သက်၍ ယူကရိန်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးရန်လည်း စီစဉ်ထားပြီး သီတင်းပတ် ရှစ်ပတ်မျှကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်းလည်း ၎င်းကပြောသည်။

ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ Deir Ezzor ကျေးလက်ဒေသတွင် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း Bradley တိုက်ခိုက်ရေးယာဉ်တစ်စီးကို အမေရိကန်စစ်သားများက မောင်းနှင်လာစဉ်(ဓါတ်ပုံ-အေပီ)

ဟောင်ဝှစ်ဇာများ (howitzer)၊ ဂျပတ်(Gepard) လေယာဉ်ပစ်သေနတ်များနှင့် အိုင်းရစ်-တီ(IRIS-T) မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ် တစ်ခုအပါအဝင် ဂျာမနီသည် ယူကရိန်းသို့စစ်ရေးအကူအညီများစွာ ပေးထားခဲ့ပြီးဖြစ်ကာ အဆိုပါ လက်နက်များကို ယခုနှစ်အတွင်းထပ်ပေးရန်လည်း စီစဉ်ထားသည်။

မာဒါ(Marder)ယာဉ်များ၊ တင့်ကားများကဲ့သို့ အနောက်နိုင်ငံလုပ် စစ်ဘက်သုံးယာဉ်များကို ထောက်ပံ့ရန်အတွက် ရွိုင်းသည် စိုးရိမ်မှုများစွာရှိခဲ့ကာ ဂျာမနီတစ်နိုင်ငံတည်းအနေဖြင့် ထိုသို့ထောက်ပံ့မှုများကို မလုပ်ဆောင်နိုင် ကြောင်းလည်း ၎င်းကပြောခဲ့သည်။ တခြားသောနိုင်ငံများသည် မည်သည့်အကူအညီမှ မပေးသေးဟုလည်း အာဏာပိုင်များကပြောသည်။ သို့သော် ယခုသီတင်းပတ်တွင်မှ ပြင်သစ်၊ အမေရိကန်နှင့်ဂျာမနီတို့က အဆိုပါယာဉ် များကိုထောက်ပံ့ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ယူကရိန်းအတွက် မည်သို့မည်ပုံ ထောက်ပံ့ပေးမလဲဆိုသည်နှင့်ပတ်သက်၍ ဒီဇင်ဘာလ အလယ်ပိုင်းမှ စတင်ကာ အမေရိကန်အပြင် တခြားနိုင်ငံများနှင့် ဆွေးနွေးခဲ့သည်ဟု ဟေဘစ်စတိုင်းမ်က ပြောသည်။ အခြေခံ အဆောက် အဦများကို ပစ်မှတ်ထားကာ ရုရှားတို့ဘက်မှ ဗျူဟာပြောင်းလဲလာခြင်း၊ ရာသီဥတု ပူနွေးလာချိန်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ခြင်းတို့ကြောင့် ယူကရိန်းသို့ ဆိုဗီယက်ခေတ် လက်နက်များထောက်ပံ့ခြင်းက စစ်ပွဲကို အဆုံးသတ်ရန် ပို၍ကြာမြင့်စေလိမ့်မည်ဟုလည်း ၎င်းက ပြောခဲ့သည်။

Source:AP

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

မင်းသားဝီလျံက ညီဖြစ်သူ မင်းသား ဟယ်ရီကို ကိုင်ပေါက်ခဲ့သည်ဟု ဆို

By CNI
CNI
Category: Watch TV
Hits: 560

Share
Tweet
Share
Share
powered by social2s

ကင်ဂျုံအန်၏ သမီးဖြစ်သူကို ပွဲထုတ်ခဲ့ခြင်းက မျိုးရိုးစဉ်ဆက် အာဏာယူမည့်လက္ခဏာဟုဆို

By CNI
CNI
Category: Watch TV
Hits: 511

Share
Tweet
Share
Share
powered by social2s

NSCN-K (Khango)က အထွေထွေအတွင်းရေးမှူး အိုင်ဆတ်ဆူမီကို ရာထူးမှထုတ်ပယ်

By CNI
CNI
Category: Watch TV
Hits: 483

Share
Tweet
Share
Share
powered by social2s

ရခိုင်လက်နက်ကိုင်များ မညီညွတ်မှုက ရခိုင်များအတွက် ရှုံးစေဟု ပြော

By CNI
CNI
Category: Watch TV
Hits: 469

Share
Tweet
Share
Share
powered by social2s
၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်မြို့မှာ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်းနဲ့ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်- ဗိုလ်မှူးကြီးကျော်ဟန်တို့ကိုတွေ့ရစဉ်

ရခိုင်လက်နက်ကိုင်များ မညီညွတ်မှုက ရခိုင်များအတွက် ရှုံးစေဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1099

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆

ရခိုင်တော်လှန်ရေး အင်းအားစု အချင်းချင်း မညီညွတ်မှုသည် ရခိုင်များအတွက် ရှုံးစေကြောင်း ရခိုင်ပြည် လွတ် မြောက်ရေးပါတီ(ALP)မှ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

ALP ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ အပါအဝင် အမှတ်(၁၀၁)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီးခိုင်သူရိန္ဒ တို့ကို ရက္ခိုင့်တပ်တော်(ULA/AA)က ဇန်နဝါရီ ၄ ရက်နေ့က လုပ်ကြံပစ်ခတ် သတ်ဖြတ်သွားခဲ့ကြောင်း၊ ထိုလုပ်ရပ်ကို အပြင်းအထန် ရှုတ်ချကြောင်း ALP က ဇန်နဝါရီ ၅ ရက်က ထုတ်ပြန်ခဲ့သည်။

ဒေါ်စောမြရာဇာလင်းက “ကိုယ်တို့ပဲ ရှုံးပါတယ်၊ ကိုယ်တို့အချင်းချင်းပဲ ရှုံးပါတယ်လို့ ဒီလောက်ပဲ ပြောချင်ပါတယ်၊ လူထုအတွက်လည်း စိတ်မအေးစရာတွေ အများကြီးဖြစ်နိုင်ပါတယ်၊ အခုလည်းပဲ ဖြစ်နေကြတာတွေလည်း ရှိပါ တယ်။ ကျမတို့က မဖြစ်သင့်တာတွေကို မဖြစ်ဖို့အတွက်ကို တာဝန်ရှိသူများအားလုံးက ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဖို့ အများကြီး လိုအပ်တယ်လို့ မြင်ပါတယ်၊ ထိုနည်းလည်းကောင်းပဲ ဒီလို တာဝန်ရှိနေတဲ့ အစိုးရဟာလည်းပဲ လုံလုံခြုံခြုံနဲ့ ကိုယ့်တိုင်းပြည်မှာ လူတွေက ကောင်းကောင်းမွန်မွန် သွားလာလှုပ်ရှား နေထိုင်ဖို့အတွက်ကို ဒီထက် ကြပ်မတ် ဆောင်ရွက်ရမယ်လို့ မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ဒေသတစ်နေရာကိုတွေ့ရစဉ်

အဆိုပါ လုပ်ကြံသတ်ဖြတ်မှုကို မိမိတို့ လုပ်ဆောင်ခြင်း မရှိကြောင်း ULA/AA မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ရခိုင်အခြေစိုက် မီဒီယာများကို ဖြေကြားထားသည်။

မိမိတို့ အနေဖြင့် အချက်အလက်များကို သိရှိရပါက ကြားဝင်စေ့စပ် ညှိနှိုင်းပေးနိုင်ကြောင်း ရခိုင်အမျိုးသား ကွန်ရက်မှ ဥက္ကဋ္ဌ ဦးတင်ထူးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အပြန်အလှန် စွပ်စွဲနေတာထက် ဘယ်လို ညှိနှိုင်းလုပ်ဆောင်သင့် သလဲဆိုတော့ တစ်ဦးနဲ့ တစ်ဦးပေါ့နော်၊ တစ်ဖက်နဲ့ တစ်ဖက် အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း သိရရင်တော့ ကျနော်တို့အနေနဲ့ လိုအပ်လာရင် တော့ ကြားဝင်စေ့စပ်ညှိနှိုင်း ပေးပါဆိုရင်လည်း ကျနော်တို့ အနေနဲ့ ညှိနှိုင်းပေးဖို့အတွက် ကျနော်တို့ လုပ်ကိုင် ဆောင်ရွက်ပေးလို့တော့ ရတာပေါ့၊ ဒါပေမဲ့ ကျ‌နော်တို့မှာတော့ အဲဒီဟာနဲ့ ပတ်သက်လို့ လုံလောက်တဲ့ အချက် အလက် ကျနော်တို့မှာ မရှိဘူး” ဟု ပြောသည်။

၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်မြို့မှာ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ် 

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂ ရက်က AA သည် ALP မှ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ၎င်း၏ နေအိမ်ထဲသို့ ဝင်ရောက်၍ ဖမ်းဆီးသွားကြောင်း ALP မှ ထုတ်ပြန်ထားသည်။

အဆိုပါ ဖမ်းဆီးမှုမှာ ALP ပါတီဝင် ဖြစ်သည့်အတွက် မဟုတ်ဘဲ ပြစ်မှုကျူးလွန်ထားခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း AA ၏ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ဩဂုတ် ၁၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့သည် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်း များဖြစ်ပြီး ALP သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသော အဖွဲ့ဖြစ်ကာ AA ကမူ မထိုးနိုင်သေးဘဲ ညှိနှိုင်းမှုများ ရှိနေသည့် အဖွဲ့ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

သီရိလင်္ကာတွင် ပဋိပက္ခများဖြစ်ပြီးနောက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကျင်းပမည်

By CNI
CNI
Category: Watch TV
Hits: 482

Share
Tweet
Share
Share
powered by social2s

ဝန်ကြီးချုပ်နှင့် ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်များကို တိုက်ခိုက်မည်ဟု ပါကစ္စတန်တာလီဘန်ပြော

By CNI
CNI
Category: Watch TV
Hits: 503

Share
Tweet
Share
Share
powered by social2s
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26

Page 22 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar