CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

အမေရိကန်က သတင်းပေး၍ အဆိပ်ဖြင့်တိုက်ခိုက်မည့် အီရန်တစ်ဦးကို ဂျာမနီဖမ်း

By CNI
CNI
Category: Watch TV
Hits: 671

Share
Tweet
Share
Share
powered by social2s

မလေးရှားတွင် လုပ်သားအသစ် ခေါ်မည့်အတွက် တရားမဝင်များကို ရှင်းထုတ်နေဟုဆို

By CNI
CNI
Category: Watch TV
Hits: 670

Share
Tweet
Share
Share
powered by social2s

ကိုဆိုဗိုသို့ တပ်ဖွဲ့များစေလွှတ်ရေး ဆားဘီးယား၏ တောင်းဆိုမှုကို နေတိုးပယ်ချ

By CNI
CNI
Category: Watch TV
Hits: 707

Share
Tweet
Share
Share
powered by social2s

နေတန်ညာဟုအစိုးရသစ်ကို အစ္စရေးပြည်သူထောင်ပေါင်းများစွာ ဆန့်ကျင်ဆန္ဒပြ

By CNI
CNI
Category: Watch TV
Hits: 749

Share
Tweet
Share
Share
powered by social2s
NUG ၏ ၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းနဲ့ PDF အဖွဲ့ကိုတွေ့ရစဉ်

တိုက်ပွဲပိုပြင်းထန်လာပြီး အဆုံးအဖြတ်ဆီ ဦးတည်သွားနိုင်သည့်နှစ်ဟုပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1791

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉

ယခု ၂၀၂၃ ခုနှစ်သည် လက်ရှိ ပြည်တွင်းမှာ ဖြစ်ပွားနေသည့် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး အဆုံးအဖြတ်ဆီ ဦးတည်သွားနိုင်သောနှစ် ဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော် ဘက်ကလည်း မိုးမဝင်ခင် ပိုမိုထိုးစစ်ဆင်လာနိုင်ကြောင်း၊ ပြည်သူများလည်း ပိုမိုပြီး ဒုက္ခ ရောက်စရာရှိကြောင်း ၎င်းက ပြောသည်။

ဒေါက်တာလှကျော်ဇောက “အခုဟာကလေ မြို့ပြပြောက်ကျားတို့ သို့မဟုတ် ပြည်မထဲသို့ ထားလိုက်ဦး၊ အခု ပတ်ပတ်လည်မှာ ဖြစ်နေတဲ့ ကိစ္စတွေလည်း သူမဖြေရှင်းနိုင်သေးဘူးလေ၊ အခု ကြာအင်းဆိပ်ကြီးတို့လို နေရာမျိုး အဲဒီလိုဘက်တွေမှာ နောက် KIA တို့ဘက်တွေမှာလည်း မနေ့ကပဲ ဖားကန့်က ဆန္ဒပြပွဲတို့ ဘာတို့ ရှိနေတာ၊ KIA တို့ကလည်း မနေဘူး ဖော်မှာပဲ တိုက်ပွဲက တအောင်းနဲ့ ဖြစ်နေတာ၊ ကိုးကန့်နဲ့ ဖြစ်နေတာလည်း တောက် လျှောက် ကြားနေတာပဲ၊ အဲဒီတော့ ဒီပြည်မကြီးထက် အဲပတ်ပတ်လည်မှာတော့ သူတော်တော် လှုပ်ရှားနေရ တယ်ဗျ၊ နောက်တစ်ခုက ခင်ဗျားတို့ သတိထားမိသလားမသိဘူး။ စကစရဲ့ တိုက်ရေခိုက်ရေက တော်တော်ကို အခြေအနေ ဆိုးနေတယ်၊ အခြေအနေ ဆိုးတယ်ဆိုတာ ဒီလိုလေ သူတို့တပ်မှာကိုက တပ်မှူးကောင်းကို မရှိတော့ တာ၊ ဒါကလည်း တောက်လျှောက်ဗျ၊ စစ်တပ်က ငြိမ်းချမ်းရေးယူထားတဲ့ အနှစ် ၂၀ အတွင်းမှာ စစ်တပ်က တော် တော်ပျက်သွားပြီ။ အဲဒါကြောင့်မို့လို့ စကစဘက်က အထိအခိုက် အကျဆုံးတွေက မုချများမှာ၊ အဲဒီတော့ သူတို့ ဘယ်လောက်ပဲတိုက်တိုက် သူတို့ကတော့ တိုးတိုက်လာမှာပဲ၊ မြေပြင်ကနေမရရင် လေယာဉ်ကနေချမယ်၊ ဘာ မယ်၊ ပြည်သူတွေကိုတော့ ပိုပြီးတော့ အတိဒုက္ခ ပိုပြီးတော့ ရောက်စရာတွေတော့ ရှိတာပေါ့၊ သို့သော်လည်း စစ်ကောင်စီဖက်က သိပ်တော့ မချောင်လောက်ပါဘူး။ ဒီနှစ်က သူတို့ပြောသလိုပဲ အဆုံးအဖြတ်နှစ် မဟုတ်တောင် မှ အဆုံးအဖြတ်ဆီ ဦးတည်သွားနိုင်တဲ့ နှစ်ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

နွေဦးတော်လှန်ရေး လက်နက်ကိုင်အင်အားစု တစ်ဖွဲ့ကိုတွေ့ရစဉ်

၂၀၂၃ ခုနှစ်သည် နွေဦးတော်လှန်ရေး၏ အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့ညတွင် ပြုလုပ်သည့် ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
စစ်ရေးအရ ၂၀၂၃ ခုနှစ်မှာ အဆုံးအဖြတ်နှစ် ဖြစ်နိုင်စရာမရှိကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါကတော့ နှစ်ပိုင်းရှိတယ်၊ စစ်ရေးအရပြောရင် ဘယ်လိုမှ ဖြစ်နိုင်စရာအကြောင်းမရှိဘူး၊ ဒါက‌တော့ သက်သက်မဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ ရမ်း(မောင်း)တင်တဲ့ သဘောပါပဲ၊ စစ်ရေးပိုင်းအရ ဘယ်လိုမှ လုပ်နိုင် စရာ အကြောင်းမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ၂၀၂၁ ကနေ ၂၀၂၂ အကုန်ပေါ့နော်၊ ၂၀၂၃ အစအထိ ၂ နှစ်ကာလ တွက်ကြည့်လိုက် အဲဒီထဲမှာ ၁ နှစ်ခွဲ ကျော်ကျော်လောက်က လက်နက်ကိုင်ပဋိပက္ခကို သူတို့ ရွေးချယ်ခဲ့တယ်၊ အကြမ်းဖက်ဖို့ လမ်းစဉ်ကို သူတို့ရွေးချယ်ခဲ့တယ်၊ ဒါပေမဲ့ အောင်မြင်မှုမရှိဘူး။ မရှိတဲ့အပြင်ကို သူတို့ ပိုဆိုးလာ တာက လုပ်ရပ်တွေအကုန်လုံးက အကြမ်းဖက်ကို ဦးတည်သွားတဲ့ အတွက်ကြောင့် လက်နက်ကိုင်လမ်းစဉ်နဲ့ သွားမယ်ဆိုတဲ့ ကိစ္စရပ်မှာတော့ အဆုံးအဖြတ်က ဖြစ်နိုင်စရာ အကြောင်းမရှိဘူး။ တစ်ခုပဲ အဲဒါကို နိုင်ငံရေးနည်း အရ ပြန်တွေးမယ်ဆိုရင်‌တော့ ရွေးကောက်ပွဲကို ဖျက်ပြီးတော့ သူတို့ အောင်မြင်တယ်လို့ အော်ရင်‌တော့ တစ်မျိုး ဖြစ်သွားနိုင်တယ်၊ သူတို့ပြောတဲ့ အဆုံးအဖြတ်ဆိုတဲ့ ကိစ္စရပ်သည် မြေပြင်က လက်နက်ကိုင်လမ်းစဉ်နဲ့က ဖြစ်နိုင် စရာ အကြောင်း လုံးဝမရှိပါဘူး။ ရွေးကောက်ပွဲကို သူတို့ ရာခိုင်နှုန်း ဘယ်လောက်လောက် ဖျက်မလဲ အဲလို ဖျက် ပြီးတော့ အဖျက်အမှောင့်လုပ်ရင်းနဲ့ပဲ သူတို့ အောင်မြင်တယ်လို့ ယူဆမလား၊ အဲဒီနှစ်လမ်းပဲ ရှိတာဗျ၊ သေချာတာ ကတော့ လက်နက်ကိုင်လမ်းစဉ်နဲ့က ဖြစ်စရာအကြောင်း လုံးဝမရှိပါဘူး” ဟု ပြောသည်။

NUG ၏ ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်နဲ့ PDF အဖွဲ့ကိုတွေ့ရစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မ‌တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရန် ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချခဲ့ပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်။

လက်ရှိတွင်လည်း ကရင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတို့တွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ပြည်သူ့ ကာကွယ် ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
သံသယရှိသူ အီရန်အမျိုးသားတစ်ဦးကို ဂျာမနီအာဏာပိုင်များက ဖမ်းဆီးလာစဉ်(GETTY IMAGES)

အမေရိကန်က သတင်းပေး၍ အဆိပ်ဖြင့်တိုက်ခိုက်မည့် အီရန်တစ်ဦးကို ဂျာမနီဖမ်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1592

CNI International News

ဘာလင်၊ ဇန်နဝါရီ ၉

အမေရိကန်လုံခြုံရေး အရာရှိများ၏ သတင်းပေးမှုကြောင့် အသက် ၃၂ နှစ်အရွယ် အီရန်အမျိုးသားတစ်ဦးကို ဂျာမနီအာဏာပိုင်များက တနင်္ဂနွေနေ့တွင် ဖမ်းဆီးခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ထိုအမျိုးသားသည် ပြင်းထန်သော ဓာတုပစ္စည်းများဖြင့် တိုက်ခိုက်ရန် ကြံစည်နေသည်ဟု အမေရိကန်ဘက်မှ သတင်းပေးခဲ့ခြင်း ဖြစ်သည်။

၎င်းနှင့် နောက်ထပ် တစ်ဦးတို့ကို ဒေါ့မွန်အနောက်မြောက် ကတ်ရော့-ရောက်ဆယ် (Castrop-Rauxel) တွင် ညတွင်းခြင်း ထိန်းသိမ်းခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် အစိုးရရှေ့နေများက ပြောသည်။

အဆိုပါ အမျိုးသားသည် အစ္စလာမ္မစ် အစွန်းရောက် လှုံ့ဆော်မှုကြောင့် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ကျူးလွန် ရန် စီစဉ်နေသည်ဟု သံသယရှိကြောင်း၊ ထို့ကြောင့် ၎င်းသည် အလွန်ပြင်းထန်သော ဆိုင်ရာနိုင်နှင့် ricin ဟု ခေါ်သော အဆိပ်တစ်မျိုးကို ရှာဖွေနေကြောင်း အာဏာပိုင်များ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြသည်။

 ဂျာမနီဆေးတပ်ဖွဲ့က စစ်ဆေးနေစဉ် (AP)

ထိုသူ၏ နေအိမ်တွင် အဆိပ်အတောက် ကာကွယ်ပေးသော ဝတ်စုံများဖြင့် သက်သေ ရှာဖွေနေသည်ကိုလည်း တွေ့ရသည်။ သို့သော် လက်ရှိအချိန်ထိ တိုက်ခိုက်မှုအတွက် မည်မျှပြင်ဆင်ပြီးသည်နှင့် မည်သည့် ပစ်မှတ်ကို တိုက်ခိုက်မည် ဆိုသည်ကိုတော့ မသိရသေးပေ။

ခိုင်လုံသည့် သတင်းပေးမှုကြောင့် ညတွင်းချင်း ရှာဖွေမှု လုပ်ဆောင်ခဲ့ရသည်ဟု ဂျာမနီအာဏာပိုင်တစ်ဦးက ပြောခဲ့ကြောင်း DPA သတင်းတွင် ကိုးကားဖော်ပြထားသည်။

ထိုသတင်းကို မိတ်ဖက်ထောက်လှမ်းရေး အဖွဲ့များက ပေးခဲ့သည်ဟု Bild သတင်းက ဆိုသည်။ အစိုးရ ရှေ့နေများဘက်က ထိုသတင်းသည် အမေရိကန်မှ လာသည်ဟု အတည်ပြု ထားသော်လည်း အတိအကျကိုမူ မပြောခဲ့ပေ။

လက်ရှိအချိန်အထိ သံသယရှိသူသည် အီရန်အစိုးရကိုယ်စား လုပ်ဆောင်သည်ဟု သံသယရှိစရာ မတွေ့ရသေး ကြောင်း၊ ၎င်းသည် ဆွန်နီအစိုးရအဖွဲ့များကို ထောက်ခံသူ ဖြစ်နိုင်ကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးကို ကိုးကား၍ DPA သတင်းတွင် ရေးသားထားသည်။

ပြည်ထဲရေးဝန်ကြီး နန်စီဖေဆာကိုတွေ့ရစဉ်(GETTY IMAGES)

ယခု ရှာဖွေမှုတွင် ပါဝင်သည့် ရောဂါထိန်းချုပ်ရေး အေဂျင်စီမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ကို ကျေးဇူး တင်ကြောင်း ဂျာမနီအာဏာပိုင်များက ပြောသည်။

လုံခြုံရေး တာဝန်ရှိသူများသည် အစ္စလာမ္မစ် အကြမ်းဖက်မှုများနှင့် ဆက်နွယ်သော ခြိမ်းခြောက်မှု၊ လုပ်ရပ်များနှင့် ပတ်သက်သည့် သတင်းများကို အထူးအလေးထား ဆောင်ရွက်သွားမည်ဟုလည်း ပြည်ထဲရေးဝန်ကြီး နန်စီဖေဆာ (Nancy Faser) က ပြောသည်။

ဂျာမနီတွင် ယခုရာစုနှစ်အတွင်း အစ္စလာမ္မစ် အစွန်းရောက်များ၏ တိုက်ခိုက်မှုပေါင်း ၂၁ ကြိမ် ပေါ်ပေါက်ခဲ့သည်။

Source: အေပီ

 

 

 

 

Share
Tweet
Share
Share
powered by social2s
အစ္စရေးနိုင်ငံ တဲအဗစ်မြို့ရှိ ဟာဗီးမားရင်ပြင်တွင် ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု ဦးဆောင်သည့် လက်ယာယိမ်းအစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြစဉ်(ဓါတ်ပုံ-ရိုက်တာ)

နေတန်ညာဟုအစိုးရသစ်ကို အစ္စရေးပြည်သူထောင်ပေါင်းများစွာ ဆန့်ကျင်ဆန္ဒပြ

By CNI
CNI
Category: နိုင်ငံရေး
Hits: 2140

CNI International News

ဂျေရုစလင်၊ ဇန်နဝါရီ ၉

ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု (Benjamin Netanyahu) အစိုးရသစ်၏ အစီအစဉ်များသည် ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေသည်ဟုဆိုကာ အစ္စရေးပြည်သူထောင်ပေါင်းများစွာက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ ကြသည်ဟု အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြသည်။

နိုင်ငံ၏ ၇၄ နှစ်တာ သမိုင်းတစ်လျှောက် လက်ယာယိမ်းမှုနှင့် ဘာသာရေးအရ ရှေးရိုးစွဲမှု အများဆုံး အစိုးရအဖြစ် ကျမ်းကျိန်ပြီးနောက် ရက်အနည်းငယ်အကြာတွင် ပြည်သူများက တဲလ်အဗစ် (Tel Aviv) မြို့တွင် စုဝေးဆန္ဒပြ ခဲ့ကြခြင်းဖြစ်သည်။ အစိုးရသစ်သည် တရားစီရင်ရေး အာဏာလျော့ကျစေရန် ကျူးကျော်ထားသော အနောက် ဘက်ကမ်းခြေဒေသတွင် တရားမဝင်အခြေချနေထိုင်ခြင်းများ တိုးမြှင့်လာသည့် ကိစ္စရပ်များကို ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ရန် စီစဉ်ထားသည်။

“ဒီမိုကရေစီအန္တရယ်ကျရောက်ပြီ၊ ဖက်ဆစ်စနစ်နှင့် လူမျိုးရေးခွဲခြားမှုများကိုအတူတကွ ဆန့်ကျင်ကြ” ဟူသော စာတန်းများဖြင့်ဆန္ဒပြသူများက ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ တချို့ ဆန္ဒပြသူများကလည်း နေအိမ်၊ လူနေမှု၊ မျှော်လင့်ချက် ဟူသောစာတန်းများ ကိုင်ဆောင်ကြပြီး တချို့က သက်တန့်ရောင်အလံများဖြင့် ဆန္ဒပြခဲ့ ကြသည်။ ယခုဆန္ဒပြမှုများကို လက်ဝဲယိမ်းအဖွဲ့များနှင့် Knesset ဟုခေါ်သော အစ္စရေးလွှတ်တော်တွင်းမှ ပါလက် စတိုင်း အဖွဲ့ဝင်များက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးအလံကို ကိုင်မြှောက်ပြီး ဝန်ကြီးချုပ် နေတန်ညာဟု ခေါင်းဆောင်သည့် အစိုးရကို ဆန့်ကျင် ဆန္ဒပြ နေစဉ်

အစိုးရ၏ တရားစီရင်ရေးစနစ်ကို ကာလရှည်ပြင်ဆင်ရေးသည် နိုင်ငံ၏ဗဟိုတရားရုံးချုပ်ကို အင်အားနည်းအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အစ္စရေးတရားရေးဝန်ကြီးက ပြောသည်။ အစိုးရသစ်၏ အစီအစဉ်များသည် မဟာမိတ်အစိုးရကို အကြွင်းမဲ့လုပ်ပိုင်ခွင့်ပေးခြင်းဖြင့် နိုင်ငံ၏ဒီမိုကရေစီအဖွဲ့အစည်းများကို လျော့ပါးစေရုံ သာမက နိုင်ငံ၏အပြန်အလှန် ထိန်းကျောင်းမှုစနစ်ကို အဆုံးသတ်သွားစေမည်ဖြစ်ကြောင်း ထောက်ပြကာ အစိုးရ သစ်သည် တရားစီရင်ရေးစနစ်ကို စတင် စစ်ကြေညာလိုက်ခြင်းဖြစ်သည်ဟုလည်း ဝေဖန်သူများက စွပ်စွဲထားသည်။

ဒီမိုကရေစီစနစ်အား ဆုံးရှုံးရမည်ကိုကြောက်ကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦး၏ တရားစီရင်မှုကို ရှောင်လွဲလိုခြင်း အတွက် အာဏာရှင်စနစ်အောက်ကိုမသွားလိုကြောင်း အသက် ၇၇ နှစ်အရွယ်ဆန္ဒပြသူတစ်ဦးက ပြောသည်။ ယင်းက ၂၀၂၁ ခုနှစ်တွင်အကျင့်ပျက်ခြစားမှုဖြင့်စွဲချက်တင်ခံရသော နေတန်ညာဟုကို ရည်ညွှန်းပြောဆိုခြင်း လည်းဖြစ်သည်။

အသက် ၇၃ နှစ်အရွယ် နေတန်ညာဟုသည် အစ္စရေးသမိုင်းတစ်လျှောက် သက်တမ်းအကြာဆုံး ဝန်ကြီးချုပ် အဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ ၎င်း၏ အစိုးရအသစ်တွင် အခွန်ရှောင်ခဲ့ကြောင်း ဝန်ခံထားသည့်နိုင်ငံ ရေးသမားတစ်ဦးအပြင် ပါလက်စတိုင်းဝတ်ပြုသူများကို အစုလိုက်အပြုံလိုက်သတ်ခဲ့သူ၏ ပုံတူကိုနေအိမ်တွင် ချိတ်ဆွဲထားသူတစ်ဦးအပါအဝင် လက်ယာစွန်းနိုင်ငံရေးသမားများ ပါဝင်နေသည်။ ယင်းကြောင့် ဆန္ဒပြသူများက နိုင်ငံတွင်းရှိ ဂျူးနှင့်ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေးနှင့် အတူယှဉ်တွဲနေထိုင်ရေးတို့ကိုတောင်းဆိုခဲ့ကြသည်။

Source:Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆားဘီးယားသမ္မတ အလက်ဇန္ဒား ဗူစစ်ကိုတွေ့ရစဉ် (Aleksandar Vucic)

ကိုဆိုဗိုသို့ တပ်ဖွဲ့များစေလွှတ်ရေး ဆားဘီးယား၏ တောင်းဆိုမှုကို နေတိုးပယ်ချ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1198

CNI International News

ဘဲလ်ဂရိတ်၊ ဇန်နဝါရီ ၉

ဆားဘီးယားစစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၀၀၀ ကို ကိုဆိုဗိုသို့ စေလွှတ်ရေး ဆားဘီးယားအစိုးရ၏ တောင်းဆိုမှုအား နေတိုးအဖွဲ့က ပယ်ချလိုက်ကြောင်း အယ်ဂျာဇီးယားသတင်းတွင် ဖော်ပြထားသည်။

ဆားဘီးယားနှင့် ကိုဆိုဗိုအာဏာပိုင်များအကြား တင်းမာမှုများ ပေါ်ပေါက်နေချိန်တွင် ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆားဘီယား၏ ဒေသဟောင်း တစ်ခုဖြစ်သော ကိုဆိုဗိုသည် ၁၉၉၈-၉၉ စစ်ပွဲပြီးနောက် ၂၀၀၈ ခုနှစ်တွင် လွတ်လပ်ရေး ကြေညာခဲ့သည်။

အဆိုပါ လွတ်လပ်ရေးကြေညာသည့် ဒေသတွင် အယ်လ်ဘေးနီးယား အများစုနေထိုင်သည်။ ကိုဆိုဗိုရှိ လုပ်ပိုင်ခွင့် အပေါ် ကုလသမဂ္ဂ၏ အတည်ပြုမှုကို ကိုးကားပြီး ကိုဆိုဗိုသို့ ဆားဘီးယားတပ်များ စေလွှတ်ရန် မလိုအပ်ဟု ကိုဆိုဗိုရှိ နေတိုးအဖွဲ့ KFOR က အကြောင်းပြန်ခဲ့ကြောင်း ဆားဘီးယားသမ္မတ အလက်ဇန္ဒား ဗူစစ် (Aleksandar Vucic) က ပြောသည်။

ပြီးခဲ့သည့်လတွင် စစ်ပွဲကာလ အပြီးနောက်ပိုင်း ပထမဆုံးအဖြစ် ဆားဘီးယားနှင့် ကိုဆိုဗိုအာဏာပိုင်များအကြား ကိုဆိုဗို မြောက်ပိုင်းတွင် တင်းမာမှုများ ဖြစ်ပွားခဲ့သည်။

 ကိုဆိုဗိုဒေသကိုတွေ့ရစဉ် (GETTY IMAGES)

မြောက်ပိုင်းဒေသတွင် ဆားဘီးယားလူမျိုးအများစု နေထိုင်ရာ ဆားဘီးယားအစိုးရက တပ်များစေလွှတ်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။ ကုလလုံခြုံရေးကောင်စီက KFOR မှ ခွင့်ပြုမည်ဆိုလျှင် ဆားဘီးယားတပ်များကို အော်သိုဒေါ့ ခရစ္စယာန်ဘာသာရေးဆိုင်ရာ နေရာများ၊ ဆားဘီးယားလူမျိုး အများစု နေထိုင်ရာ ဧရိယာများနှင့် နယ်စပ်ဖြတ်ကျော်ဂိတ်များသို့ ဝင်ရောက် ခွင့်ပေးမည်ဟု ပြန်လည်ဖြေဆိုခဲ့သည်။

၎င်းတို့၏ ဆုံးဖြတ်ချက်ကို အော်သိုဒေါ့ ခရစ္စမတ်နေ့တွင် အကြောင်းကြားခဲ့ခြင်း အတွက်လည်း ဗူစစ်က KFOR ကို ဝေဖန်ခဲ့သည်။ ဘယ်ရန် (Shterpce) မြို့အနီးရှိ ဆားဘီးယားလူငယ်နှစ်ဦးကို ပစ်ခတ်ခြင်း၊ ဒဏ်ရာရရှိ စေခြင်းတို့ ဖြင့် ကိုဆိုဗိုရဲတပ်ဖွဲ့က တာဝန်ချိန်ပြင်ပ စစ်သားတစ်ဦးကို ဖမ်းဆီးခဲ့သည်။

ဘုရားကျောင်းမှ ပြန်လာသော နောက်ထပ် လူငယ်တစ်ဦးကိုလည်း အယ်လ်ဘေးနီးယား အုပ်စုတစ်ခုက တိုက်ခိုက်ခဲ့သည်ဟု ဆားဘီးယားမီဒီယာများတွင် ဖော်ပြသည်။

ထိုဖြစ်ရပ်များသည် အကြမ်းဖက်မှုများ ဖြစ်သည်ဟု ဆားဘီးယားအာဏာပိုင်များက သတ်မှတ်ကာ ကိုဆိုဗိုတွင် ဆားဘီးယားလူမျိုးများကို အလိုမရှိကြောင်း ဖော်ပြနေသည်ဟု ပြောသည်။

ဘယ်ရန်မြို့တွင် ကန့်ကွက်ဆန္ဒပြမှုများ လုပ်ဆောင်မည်ဟုလည်း ကြေညာခဲ့သည်။ ကိုဆိုဗိုရှိ ဆားဘီးယားလူမျိုး အများစုမှာ မြောက်ပိုင်းတွင် နေထိုင်ကြပြီး အများစုက ကိုဆိုဗို၏ လွတ်လပ်ရေးကို အသိအမှတ် မပြုကြပေ။ ကိုဆိုဗိုပဋိပက္ခသည် အယ်လ်ဘေးနီးယား ခွဲထွက်ရေးသမားများက ဆားဘီးယား အုပ်ချုပ်မှုကို ပုန်ကန်ခြင်း အပေါ် ဆားဘီးယားအစိုးရဘက်မှ ပြင်းပြင်းထန်ထန် တုန့်ပြန်ရာမှ စတင်ခဲ့ပြီး နေတိုးအဖွဲ့မှ ကြားဝင်ဖြေရှင်း ပေးခဲ့ရသည်။

ကိုဆိုဗိုအတွင်း လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

ထိုပဋိပက္ခအတွင်းလူ ၁၃၀၀၀ နီးပါး သေဆုံးခဲ့ရပြီး အများစုမှာ အယ်လ်ဘေးနီးယားလူမျိုးများ ဖြစ်သည်။

ထိုစစ်ပွဲအတွင်း ကုလသမဂ္ဂ၏ ဖြေရှင်းပေးမှုအရ ဆားဘီးယားလုံခြုံရေးတပ်များ ကိုဆိုဗိုသို့ ဝင်ရောက် တပ်စွဲ ခွင့် ရှိကြောင်း၊ ဆားဘီးယားတပ်များ ပြန်လည်ရောက်ရှိလာပါက ကိုဆိုဗိုတွင် တင်းမာမှုများ လျော့ကျသွားနိုင် ကြောင်း ဆားဘီးယားဘက်က ပြောသည်။

သို့သော်လည်း ယင်းကို ကိုဆိုဗိုနှင့် အနောက်အုပ်စု အာဏာပိုင်များက ငြင်းဆိုထားသည်။

အနောက်အုပ်စုက ကိုဆိုဗို လွတ်လပ်ရေးကို ထောက်ခံထားသည့်အတွက် ဆားဘီးယား၏ တောင်းဆိုမှုကို ပယ်ချ မည်ဟု ကြိုတင် ခန့်မှန်းထားပြီး ဖြစ်ကြောင်းလည်း ဗူစစ်က ပြောသည်။ အီးယူ အဖွဲ့ဝင်ဖြစ်ရေး တိုးတက်မှုများ ရရှိရန် ဆားဘီးယားနှင့် ကိုဆိုဗို အာဏာပိုင်များအနေဖြင့် ပုံမှန်ဆက်ဆံရေးအတိုင်း ပြန်ဖြစ်အောင် ဆောင်ရွက်ရန် ပြောကြားထားပြီးလည်း ဖြစ်သည်။

မတင်မကျဖြစ်နေသော အီးယူမှ ကမကထ ပြုထားသည့် ဆွေးနွေးပွဲများကို တွန်းအားဖြစ်စေရန် အမေရိကန်မှ ထိပ်တန်း ကိုယ်စားလှယ် အဖွဲ့တစ်ခုသည် လာမည့် သီတင်းပတ်တွင် ထိုဒေသသို့ သွားရောက်မည်ဟု သိရသည်။

Source: အယ်ဂျာဇီးယား

 

 

 

 

Share
Tweet
Share
Share
powered by social2s

မူးယစ်ရာဇာ၏ သားကို ဖမ်းဆီးမှုကြောင့် မက္ကဆီကိုတွင် အကြမ်းဖက်မှုများဖြစ်

By CNI
CNI
Category: Watch TV
Hits: 671

Share
Tweet
Share
Share
powered by social2s

ဖြူးထိုင်းလွှတ်တော်အမတ်တစ်ဦးက ဘတ်ငွေ ၅ သန်း လာဘ်ယူရန် ကြိုးပမ်း

By CNI
CNI
Category: Watch TV
Hits: 694

Share
Tweet
Share
Share
powered by social2s

ဂျာမနီက ယူကရိန်းကို Mardar ကျည်ကာယာဉ်အစင်း ၄၀ ထောက်ပံ့မည်

By CNI
CNI
Category: Watch TV
Hits: 715

Share
Tweet
Share
Share
powered by social2s

အာဆီယံဥက္ကဋ္ဌအသစ် လက်ထက် အပြောင်းအလဲတစ်ခုကို မျှော်လင့်

By CNI
CNI
Category: Watch TV
Hits: 616

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်ခဲ့သူ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကို တွေ့ရစဉ်

အာဆီယံဥက္ကဋ္ဌအသစ် လက်ထက် အပြောင်းအလဲတစ်ခုကို မျှော်လင့်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1137

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၇

အာဆီယံ ဥက္ကဋ္ဌအသစ် လက်ထက်တွင် မြန်မာနိုင်ငံ၏ အပြောင်းအလဲတစ်ခု ဖြစ်မည်ဟု မျှော်လင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် အင်ဒိုနီးရှားနိုင်ငံက စစ်အာဏာရှင်စနစ်ကို အားပေးမှာ မဟုတ်ကြောင်း ၎င်းက ပြောသည်။

စိုင်းလိတ်က “အခု အာဆီယံဥက္ကဋ္ဌအဖြစ် ထမ်းဆောင်မယ့် အင်ဒိုနီးရှားနိုင်ငံက အရှေ့တောင်အာရှမှာ အင်အား အကြီးဆုံး ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်တယ်ပေါ့နော်၊ အဲဒီတော့ သူက အာဏာရှင်စနစ်ကိုတော့ အားပေးမှာ မဟုတ်ဘူး။ ဆိုတော့ ဒီမိုကရေစီ အရေးဖက်ကို ပိုပြီးတော့မှ ဦးတည်အောင် ပိုပြီး အာရုံစိုက်အောင်တော့ သူကတော့ အရင်ကထက် ပိုပြီး ဖိအားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ကမ္ဘောဒီးယားနဲ့ စာရင်တော့ အရွေ့အပြောင်း တစ်ခု တော့ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ” ဟု ပြောသည်။

လက်ရှိ အကျပ်အတည်းကို ဖြေရှင်းနိုင်ငံရေး နိုင်ငံတကာ၏ ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်း တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင် ၇ ဖွဲ့ဖြင့် စုဖွဲ့ထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကိုတွေ့ရစဉ်

ဗိုလ်မှူးကြီးစောကျော်ညွန့်က “လာမယ့် အာဆီယံဥက္ကဋ္ဌ အပြောင်းအလဲ၊ အခင်းအကျဉ်း အပေါ်မှာကတော့ တကယ် ဖြစ်တည်လာတဲ့ အခြေအနေအပေါ်မှာလည်း ကျ‌နော်တို့က အဲဒီကနေ ထွက်ရှိလာတဲ့ ကျ‌နော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အပေါ်မှာ ဘယ်လောက်အတိုင်းအတာအထိ ကျ‌နော်တို့အတွက် အကူအညီ ပံ့ပိုးမှုတွေ ဖြစ်နိုင်မလဲ ဆိုတာတော့ ကျနော်တို့ ပြောနိုင်မှာ ဖြစ်ပါတယ်ခင်ဗျ၊ လောလောဆယ် အရတော့ ကျနော်တို့ အနေ နဲ့ကတော့ ခုနက ပြောသလိုမျိုးပဲ လက်ရှိ အကျပ်အတည်းကို ကျော်လွှားဖို့ဆိုရင် ကျနော်တို့ ၇ ဖွဲ့အနေနဲ့ ကတော့ နိုင်ငံတကာရဲ့ ပူးပေါင်းပါဝင် ပံ့ပို့မှုတွေကလည်း လိုအပ်တယ်လို့ ကျနော်တို့ အဲဒီလိုပဲ နားလည်မှုရှိတယ်” ဟု ပြောသည်။

နစကအပေါ် အာဆီယံဖိအားက ကြီးလာပြီး ဒီမိုကရေစီ လှုပ်ရှားသူများအတွက် အင်အားတစ်ခု ဖြစ်လာလိမ့်မည် ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဆန္ဒပြလူငယ်များကိုတွေ့ရစဉ်

ဦးသန်းစိုးနိုင်က “ကောင်းပါတယ် အခုက ဘာဖြစ်လို့လဲဆိုတော့ အင်ဒိုနီးရှားနိုင်ငံ အလှည့်ကျတာကိုး၊ အင်ဒိုနီးရှား နိုင်ငံကတော့ တော်တော်လေး ဒီမိုကရေစီ အင်အားစုတွေအပေါ်မှာ တော်တော်လေး စာနာထောက်ထားမှုရှိတဲ့ နိုင်ငံဖြစ်တဲ့ အခါကြတော့ စစ်ကောင်စီအပေါ်မှာ ဖိအားတွေ ပေးပြီးတော့ တစ်စုံတစ်ရာ ရလဒ်ဖော်ဆောင်နိုင်မယ့် အင်အားတစ်ရပ် ဖြစ်လာလိမ့်မယ်လို့ ကျနော်တော့ မျှော်လင့်ပါတယ်၊ ဥပမာ အာဆီယံက ချမှတ်ထားတဲ့ မူ ၅ ရပ် ကို အကောင်အထည် ဖော်ရေးဆိုတဲ့ကိစ္စမှာ အခုက ရက်ချိန်း သတ်မှတ်ထားတာကို အဲဒီတော့ ဒီဆုံးဖြတ်ချက်ကို အင်ဒိုနီးရှားနိုင်ငံက အကောင်အထည် ဖော်ပေးလိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

မကြာခင်က သက်တမ်းကုန်ဆုံးခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်၍ အင်ဒိုနီးရှားနိုင်ငံက လွှဲပြောင်း တာဝန်ယူခဲ့ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မာဒါ(Marder)ယာဉ်များနှင့်အတူ စစ်သားများကိုတွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

ဂျာမနီက ယူကရိန်းကို Mardar ကျည်ကာယာဉ်အစင်း ၄၀ ထောက်ပံ့မည်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1934

CNI International News

ဘာလင်၊ ဇန်နဝါရီ ၇

ဂျာမနီအစိုးရအနေဖြင့် ယခုနှစ် ပထမသုံးလအတွင်း ယူကရိန်းသို့ မာဒါ (Mardar) ကျည်ကာယာဉ်အစီး ၄၀ ဝန်းကျင် ထောက်ပံ့သွားရန် ရည်ရွယ်ထားသည်ဟု သောကြာနေ့က ပြောကြောင်း AP သတင်းတွင်ဖော်ပြသည်။

ဂျာမနီအဓိပတိ အိုလပ်ဇ် ရွိုင်း (Olaf Scholz) နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) တို့ကြား ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ပြီးနောက် ဂျာမနီဘက်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကာ ၎င်းမှာယူကရိန်းကို လက်နက် ထောက်ပံ့ရေးနှင့်ပတ်သက်၍ ဂျာမနီအစိုးရ၏ သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခုလည်း ဖြစ်သည်။

အဆိုပါယာဉ်အစင်း ၄၀ သည် ယူကရိန်းသို့ ပို့ဆောင်ရန် ယခုနှစ် ပထမ ၃ လပတ်အတွင်း အဆင်သင့်ဖြစ်နေရ မည်ဟု ရွိုင်း၏ပြောခွင့်ရပုဂ္ဂိုလ် စတဲဖန် ဟေဘစ်စတိုင်းမ် (Steffen Hebestreit) က ပြောသည်။ ဂျာမနီသည် ယာဉ်များကို အသုံးပြုပုံနှင့်ပတ်သက်၍ ယူကရိန်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးရန်လည်း စီစဉ်ထားပြီး သီတင်းပတ် ရှစ်ပတ်မျှကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်းလည်း ၎င်းကပြောသည်။

ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ Deir Ezzor ကျေးလက်ဒေသတွင် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း Bradley တိုက်ခိုက်ရေးယာဉ်တစ်စီးကို အမေရိကန်စစ်သားများက မောင်းနှင်လာစဉ်(ဓါတ်ပုံ-အေပီ)

ဟောင်ဝှစ်ဇာများ (howitzer)၊ ဂျပတ်(Gepard) လေယာဉ်ပစ်သေနတ်များနှင့် အိုင်းရစ်-တီ(IRIS-T) မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ် တစ်ခုအပါအဝင် ဂျာမနီသည် ယူကရိန်းသို့စစ်ရေးအကူအညီများစွာ ပေးထားခဲ့ပြီးဖြစ်ကာ အဆိုပါ လက်နက်များကို ယခုနှစ်အတွင်းထပ်ပေးရန်လည်း စီစဉ်ထားသည်။

မာဒါ(Marder)ယာဉ်များ၊ တင့်ကားများကဲ့သို့ အနောက်နိုင်ငံလုပ် စစ်ဘက်သုံးယာဉ်များကို ထောက်ပံ့ရန်အတွက် ရွိုင်းသည် စိုးရိမ်မှုများစွာရှိခဲ့ကာ ဂျာမနီတစ်နိုင်ငံတည်းအနေဖြင့် ထိုသို့ထောက်ပံ့မှုများကို မလုပ်ဆောင်နိုင် ကြောင်းလည်း ၎င်းကပြောခဲ့သည်။ တခြားသောနိုင်ငံများသည် မည်သည့်အကူအညီမှ မပေးသေးဟုလည်း အာဏာပိုင်များကပြောသည်။ သို့သော် ယခုသီတင်းပတ်တွင်မှ ပြင်သစ်၊ အမေရိကန်နှင့်ဂျာမနီတို့က အဆိုပါယာဉ် များကိုထောက်ပံ့ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ယူကရိန်းအတွက် မည်သို့မည်ပုံ ထောက်ပံ့ပေးမလဲဆိုသည်နှင့်ပတ်သက်၍ ဒီဇင်ဘာလ အလယ်ပိုင်းမှ စတင်ကာ အမေရိကန်အပြင် တခြားနိုင်ငံများနှင့် ဆွေးနွေးခဲ့သည်ဟု ဟေဘစ်စတိုင်းမ်က ပြောသည်။ အခြေခံ အဆောက် အဦများကို ပစ်မှတ်ထားကာ ရုရှားတို့ဘက်မှ ဗျူဟာပြောင်းလဲလာခြင်း၊ ရာသီဥတု ပူနွေးလာချိန်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ခြင်းတို့ကြောင့် ယူကရိန်းသို့ ဆိုဗီယက်ခေတ် လက်နက်များထောက်ပံ့ခြင်းက စစ်ပွဲကို အဆုံးသတ်ရန် ပို၍ကြာမြင့်စေလိမ့်မည်ဟုလည်း ၎င်းက ပြောခဲ့သည်။

Source:AP

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

မင်းသားဝီလျံက ညီဖြစ်သူ မင်းသား ဟယ်ရီကို ကိုင်ပေါက်ခဲ့သည်ဟု ဆို

By CNI
CNI
Category: Watch TV
Hits: 765

Share
Tweet
Share
Share
powered by social2s

ကင်ဂျုံအန်၏ သမီးဖြစ်သူကို ပွဲထုတ်ခဲ့ခြင်းက မျိုးရိုးစဉ်ဆက် အာဏာယူမည့်လက္ခဏာဟုဆို

By CNI
CNI
Category: Watch TV
Hits: 709

Share
Tweet
Share
Share
powered by social2s
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27

Page 23 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar