CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

အာဖဂန်နိုင်ငံတွင်း NGO သုံးဖွဲ့ လုပ်ငန်းဆောင်ရွက်မှု ရပ်ဆိုင်း

By CNI
CNI
Category: Watch TV
Hits: 830

Share
Tweet
Share
Share
powered by social2s

သက်ဆင်၏သမီးဖြစ်သူ ပေတုန်တန် ဝန်ကြီးချုပ်သစ်ဖြစ်လာရန် ရေပန်းစားနေ

By CNI
CNI
Category: Watch TV
Hits: 687

Share
Tweet
Share
Share
powered by social2s

PR စနစ်က ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ လွယ်ကူလား

By CNI
CNI
Category: Watch TV
Hits: 636

Share
Tweet
Share
Share
powered by social2s

ရုရှားနှင့်ဆက်ဆံရေး ခိုင်မာအောင် ဆောင်ရွက်မည်ဟု တရုတ်ပြော

By CNI
CNI
Category: Watch TV
Hits: 719

Share
Tweet
Share
Share
powered by social2s

EAO အနည်းဆုံး ၄ ဖွဲ့မှ ခေါင်းဆောင်များ နေပြည်တော် ရောက်နေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1556

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)မှ အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) အနည်း ဆုံး ၄ ဖွဲ့မှ ခေါင်းဆောင်များ နေပြည်တော်သို့ ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ အဖွဲ့များမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) တို့ဖြစ်သည်။

သို့သော် KNU/KNLA-PC ကတော့ နေပြည်တော် ဆွေးနွေးပွဲသို့ မသွားဘဲ လွတ်လပ်ရေးနေ့နှင့် ဘွဲ့များအပ်နှင်းပွဲ သို့သာ တက်ရောက်နိုင်ခြေရှိကြောင်း သိရသည်။

နေပြည်တော်ရောက်နေသော EAO တစ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးက “ဟုတ်တယ်၊ နေပြည်တော် ရောက်နေတာ တော့ ဟုတ်တယ်။ ဘယ်အဖွဲ့တွေလည်း အတိအကျ မသိရသေးဘူး၊ ဘာအကြောင်းအရာတွေ ရှိမလဲဆိုတာ တော့ နောက်မှ ပြောမယ်။ အခုမသိရသေးဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)က ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP) အပါအဝင် PNLO၊ LDU၊ ALP၊ DKBA၊ KNU/KNLA-PC တို့နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တွေ့ဆုံ ဆွေးနွေးလိုကြောင်း စာပို့ခဲ့သည်။

ထို့နောက် ယခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နေပြည်တော် ခရီးစဉ် ဖြစ်လာခဲ့သည်။

NSPNC သည် EAO ၇ ဖွဲ့ထံသို့ နံပါတ် ၁ အနေဖြင့် ဒီဇင်ဘာ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဉပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲ တက်ရောက်ရန်၊ နံပါတ် ၂ အနေဖြင့် နစက-က အလွှာအသီးသီးကို ပေးအပ် ခဲ့သော ဘွဲ့များ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ရန်၊ နံပါတ် ၃ လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ရန် စသဖြင့် နည်းလမ်း သုံးသွယ်ဖြင့် ဖိတ်ကြားလာခဲ့သည်ဟု သိရသည်။

ထို့နောက် RCSS နှင့် NMSP တို့ကတော့ NSPNC နှင့် တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း၊ လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ဘွဲ့အပ်နှင်းပွဲများသို့ တက်ရောက်ရန်အတွက် ကိုယ်စားလှယ် စေလွှတ်မှုကို တော့ လုပ်ဆောင်သွားမည်ဟု ကြားသိရသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းများဖြစ်သည်။

ထို EAOs များသည် လက်ရှိ မြန်မာ့နိုင်ငံရေး ပဋိပက္ခကို ဖြေရှင်းနိုင်ရေး ကြားဝင် ဆောင်ရွက်ပေးရန်လည်း ကြိုး ပမ်းလျက်ရှိနေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

စင်ကာပူနိုင်ငံသားဖြစ်သွားလို့ တော်လှန်ရေးမလုပ်တော့ဘူးလို့ မအိုင်ရင်းပြော

By CNI
CNI
Category: Watch TV
Hits: 1788

Share
Tweet
Share
Share
powered by social2s
ထိုင်ဝမ်ကိုတွေ့ရစဉ် (Reuters)

ထိုင်ဝမ်အနီးတွင် တရုတ်စစ်တပ်မှ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1049

CNI International News

ဘေဂျင်း၊ဒီဇင်ဘာ ၂၆

ထိုင်ဝမ်အနီး ရေပြင်နှင့် လေပိုင်နက်အတွင်းမှာ ပစ်ခတ်လေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့သည်ဟု တရုတ်စစ်တပ် က တနင်္ဂနွေနေ့(ဒီဇင်ဘာ ၂၅ ရက်)တွင် ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုက ထိုင်ဝမ်နှင့်အမေရိကန်တို့၏ ခြိမ်းခြောက်မှုအပေါ် တုန့်ပြန်မှု ဖြစ်သည်ဟု တရုတ်စစ်တပ်က ပြောသည်။

တရုတ်ဘက်က ထိုင်ဝမ်သည် ၎င်းတို့ပိုင်နက် ဖြစ်သည်ဟု ပြောကြားထားသည်။ သို့သော် တရုတ်၏ လုပ်ရပ်များ သည် ဒေသတွင်း ငြိမ်းချမ်းရေးကို ဖျက်ဆီးနေကြောင်း၊ ၎င်းတို့သည် ထိုင်ဝမ်ပြည်သူများကို ခြိမ်ခြောက် နေသည် ဟု ထိုင်ဝမ်ဘက်က ပြောသည်။

တိုင်ပေ(ထိုင်ဝမ်)ကို ထိုစဉ်က အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ ရောက်ရှိလာခဲ့ပြီးနောက် သြဂုတ်လတွင် တရုတ်ဘက်က ထိုင်ဝမ်အနီး၌ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သေးသည်။

ထိုင်ဝမ်ကို စစ်ရေး အကူအညီများ မြှင့်တင်ပေးမည့် ကာကွယ်ရေးဆိုင်ရာ ဥပဒေသစ်နှင့် ပတ်သက်၍လည်း တရုတ်က စနေနေ့တွင် အမေရိကန်ကို ပြစ်တင်ရှုတ်ချခဲ့သည်။

ထိုင်ဝမ် သတင်းများ ဖော်ပြထားသည်ကိုတွေ့ရစဉ်(Reuters)

ထုတ်ပြန်ခဲ့သော ကြေညာချက် တစ်စောင်တွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေးပါတီ၏ အရှေ့ပိုင်းစစ်ဌာနချုပ်မှ ပူးတွဲတိုက်ခိုက်ရေး အဆင်သင့် ဖြစ်မှုဆိုင်ရာ ကင်းလှည့်မှုနှင့် ပူးတွဲပစ်ခတ်မှုဆိုင်ရာ လေ့ကျင့်မှုတို့ကို ထိုင်ဝမ် အနီးတစ်ဝိုက်တွင် ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသော်လည်း နေရာအတိအကျကို မဖော်ပြထားပေ။

၎င်းက ထိုင်ဝမ်နှင့် အမေရိကန်တို့၏ ရန်လိုမှုနှင့် ပွတ်တိုက်မှုများ မြင့်တက်လာစေခြင်းပေါ် တုန့်ပြန်မှုဟုလည်း ဖော်ပြထားပြီး အသေးစိတ်ကိုမူ မရှင်းလင်းထားပေ။

ထိုင်ဝမ်ဘက်ကလည်း ၎င်းတို့တပ်များ အနေဖြင့် အချုပ်အခြာ အာဏာကို ကာကွယ်ရန်အတွက် လိုအပ်သော ဆောင်ရွက်ချက်များ အာလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်၏ လုပ်ရပ်များသည် ကွဲပြားမှုများကို အင်အားသုံး ဖြေရှင်းလိုသည့် ၎င်းတို့၏သဘောထားကို ထပ်မံဖော်ပြခြင်းဖြစ်ကြောင်း၊ ဒေသတွင်း တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ဖျက်ဆီးနေကြောင်း တုန့်ပြန်ထားသည်။

ထိုင်ဝမ်-အမေရိကန် ပူးပေါင်းမှုသည် အင်ဒို-ပစိဖိတ်ဒေသအတွက် လွတ်လပ်မှု၊ ပွင့်လင်းမှု၊ ငြိမ်းချမ်းမှု နှင့် တည်ငြိမ်မှုတို့ကို ဖြစ်စေပြီး ထိုင်ဝမ်အနေဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်ရေး လိုအပ်ချက်၊ ရန်သူဘက်မှ ခြိမ်း ခြောက် မှုများနှင့်အညီ စစ်အင်အားကို ဆက်လက် တိုးချဲ့သွားမည်ဟု ထိုင်ဝမ်ကာကွယ်ရေးဌာနက ပြောသည်။

တရုတ်နိုင်ငံကိုတွေ့ရစဉ်(Reuters)

တရုတ်စစ်တပ်သည် ပြီးခဲ့သည့် သုံးနှစ်အတွင်း ထိုင်ဝမ်အနီး စစ်ရေးလှုပ်ရှားမှုများကို ဆက်တိုက်လုပ်ဆောင်ခြင်း သို့မဟုတ် တရုတ်နိုင်ငံပိုင်အဖြစ် လက်ခံရေး တိုင်ပေကို ဖိအေားပးရန် တရုတ်ဘက်က ခြိမ်းခြောက်မှုများ လုပ် ဆောင်နေသည်ဟု ထိုင်ဝမ်ဘက်က ထုတ်ဖော် ပြောဆိုထားသည်။

နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး မရှိသော်လည်း အမေရိကန်သည် ထိုင်ဝမ်၏ အရေးပါဆုံး နိုင်ငံတကာ မိတ်ဆွေ တစ်ဦးဖြစ်သလို လက်နက်ထောက်ပံ့သူလည်း ဖြစ်သည်။

တရုတ်အစိုးရသည် ထိုင်ဝမ်ကို ၎င်းတို့နိုင်ငံ ပိုက်နက်အဖြစ် သိမ်းသွင်းရေးအတွက် အင်အားသုံးမည်ဆိုခြင်းကို လုံးဝ ငြင်းပယ်ထားခြင်း မရှိပေ။

သို့သော် ထိုင်ဝမ်ဘက်မှ တရုတ်၏ ပြောဆိုချက်များကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားကာ ၎င်းတို့၏ အနာဂတ်ကို ပြည်သူ ၂၃ သန်းကသာ ဆုံးဖြတ်မည်ဟု ပြောဆိုထားသည်။

Source: ရိုက်တာ

 

 

 

 

Share
Tweet
Share
Share
powered by social2s
တာလီဘန်တစ်ဦးကိုတွေ့ရစဉ် (Reuters)

အာဖဂန်နိုင်ငံတွင်း NGO သုံးဖွဲ့ လုပ်ငန်းဆောင်ရွက်မှု ရပ်ဆိုင်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1105

CNI International News

ကဘူးလ်၊ ဒီဇင်ဘာ ၂၆

အဓိကကျသော နိုင်ငံတကာအကူအညီပေးရေး အဖွဲ့ကြီးသုံးခုက အာဖဂန်နစ္စတန်နိုင်ငံတွင်း ၎င်းတို့၏ လုပ်ငန်း ဆောင်ရွက်မှုများကို တနင်္ဂနွေနေ့(ဒီဇင်ဘာ ၂၅ ရက်)တွင် ရပ်ဆိုင်းလိုက်သည်ဟု အေပီသတင်း၌ ဖော်ပြထားသည်။

တာလီဘန်များက အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် အမျိုးသမီးများ အလုပ်လုပ်ကိုင်ခြင်းကို တားမြစ် လိုက်ပြီးနောက် ယခုကဲ့သို့ ရပ်နားလိုက်ခြင်း ဖြစ်သည်။

Save the Children၊ Norwegian Refugee Council နှင့် CARE တို့က ၎င်းတို့၏ ဝန်ထမ်းများတွင် အမျိုးသမီး များ မပါဝင်လျှင် အာဖဂန်နစ္စတန်နိုင်ငံအတွင်း အမှန်တကယ် အကူအညီ လိုအပ်နေသော ကလေးများ၊ အမျိုးသမီးနှင့် အမျိုးသားများထံ ကူညီဆောင်ရွက် ပေးနိုင်လိမ့်မည် မဟုတ်ဟု ပြောသည်။

အမျိုးသမီးများကို အလုပ်လုပ်ခွင့် ပိတ်ပင်ကြောင်း ဆုံးဖြတ်ချက်အား တာလီဘန်များက စနေနေ့(ဒီဇင်ဘာ ၂၄ ရက်)တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ထိုအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးများသည် အစ္စလာမ္မစ် ခေါင်းဆောင်းများကို မှန်ကန်စွာ မဝတ်ဆင်ခြင်းကြောင့် ဖြစ်သည်။

လုပ်ငန်းဆောင်ရွက်မှု ရပ်ဆိုင်းထားသော အဖွဲ့သုံးဖွဲ့သည် အာဖဂန်နိုင်ငံတွင်း ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် အာဟာရဝန်ဆောင်မှုတို့အပြင် ဆိုးရွားနေသော လူသားခြင်းစာနာမှုဆိုင်ရာ အခြေအနေများကို ကူညီရန် ထောက်ပံ့ပေးလျက်ရှိသည်။

အမျိုးသမီးများ သူတို့အခွင့်အရေးအတွက် တောင်းဆိုနေကြစဉ် (AP)

ယဉ်ကျေးမှု စံနှုန်းများအတိုင်း လိုက်နာဆောင်ရွက်လျက် ရှိသည်။ အမှန်တကယ် အကူအညီ လိုအပ်နေသော အမျိုးသမီးများအတွက် အမျိုးသမီး ဝန်ထမ်းများ မရှိလျှင် လုပ်ငန်းဆောင်ရွက်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ဟု အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ Norwegian Refugee Council ၏ အကြီးအကဲဖြစ်သူ နေးလ်တာနာ (Neil Turner) က ပြောသည်။

ထိုအဖွဲ့သည် နိုင်ငံတစ်ဝန်းလုံး၌ အမျိုးသမီး ဝန်ထမ်းဦးရေ ၄၆၈ ဦးကို ပိုင်ဆိုင်ထားသည်။ တာလီဘန်တို့သည် ၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် အာဖဂန်နိုင်ငံကို ထိန်းချုပ်လိုက်သည်။

ထို့ကြောင့် တိုင်းပြည်၏ စီးပွားရေး ပျက်ယွင်းသွားခဲ့ပြီး နိုင်ငံလည်း ပြောင်းလဲသွားခဲ့ရပြီး ပြည်သူသန်းပေါင်း များ စွာသည် ဆင်းရဲမှု၊ ငတ်မွတ်မှုတို့နှင့် ရင်ဆိုင်ရလျက်ရှိသည်။

တာလီဘန်တို့ကြောင့် နိုင်ငံခြား အကူအညီများလည်း ချက်ချင်းနီးပါး ရပ်တန့်သွားခဲ့သည်။

ဘဏ်မှ ငွေကြေးလွဲပြောင်းခြင်းကို ရပ်တန့်ခြင်း ၊ နိုင်ငံ၏ သီးသန့်ရန်ပုံငွေ ဘီလီယံများစွာကို ထိန်းချုပ်လိုက် သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကုလသမဂ္ဂအရာရှိကို ဘာကီနာဖာဆိုအစိုးရက နိုင်ငံတွင်းမှ နှင်ထုတ်

By CNI
CNI
Category: Watch TV
Hits: 644

Share
Tweet
Share
Share
powered by social2s

အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုအပြီး မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်

By CNI
CNI
Category: Watch TV
Hits: 809

Share
Tweet
Share
Share
powered by social2s

နစက ကျင်းပမည့် ရွေးကောက်ပွဲ NLD ဝင်ပြိုင်လာနိုင်လား

By CNI
CNI
Category: Watch TV
Hits: 714

Share
Tweet
Share
Share
powered by social2s
ဒေါ်အောင်ဆန်းစုကြည် ပုံရိပ်နှင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကြစဉ် (Ye Naing Ye)

နစက ကျင်းပမည့် ရွေးကောက်ပွဲ NLD ဝင်ပြိုင်လာနိုင်လား

By CNI
CNI
Category: နိုင်ငံရေး
Hits: 2203

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄

နစက ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဝင်ရောက် ယှဉ်ပြိုင်နိုင် သလားဆိုကာ နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ သုံးသပ်လျက်ရှိနေသည်။

နစက အနေဖြင့် ရွေးကောက်ပွဲကို ဗမာပြည်မကို အဓိကထားပြီး ကျင်းပလာနိုင်ကြောင်း၊ NLD အနေဖြင့် ဝင် ရောက် ယှဉ်ပြိုင်နိုင်ခြေနည်းကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က CNI သတင်းဌာနသို့ ပြောသည်။

ဦးကြီးမြင့်က “ပထမတစ်ကြိမ်မှာတော့ ဗမာပြည်မကြီးကို အဓိကထားပြီးတော့ ဒုတိယက ပြည်နယ်တွေမှာ သူတို့ အဆင်ပြေတဲ့နေရာ အဲဒီလိုလုပ်ပြီးတဲ့ အခါကြတော့မှ သူတို့က အစိုးရအဖွဲ့ကို PR (အချိုးကျကိုယ်စားပြုစနစ်) စနစ်နဲ့ သွားမယ်ဆိုတော့ PR စနစ်က အရင်က လုပ်ခွင့်မရှိဘူး။ ၂၀၀၈ ကို ပြင်တာမှ မဟုတ်တာကို PR စနစ်နဲ့ လုပ်တယ်ကွာဆိုရင် လုပ်မှာ၊ အဲဒီတော့ PR စနစ်အရဆိုပြီးတော့ အစိုးရဖွဲ့မှာ NLD ကတော့ ရွေးကောက်ပွဲ မဝင် လောက်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က အပြတ်ပြောလိုက်ပြီ၊ NLD မဝင်ဘူး။ ရှမ်းမဝင်ဖို့များတယ်၊ SNLD မဝင်ဖို့ များတယ်၊ ကျန်တဲ့ဟာလည်း ဘယ်သူမှ ဝင်မှာ မဟုတ်ဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ထုတ်ပြန်လိုက်သည့် ဆုံးဖြတ်ချက်တွင် ဒေါ်ဆောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ပြန်လွတ်ပေးရန် တောင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ် (GETTY IMAGES)

လက်ရှိ အနေအထားအရ NLD ဝင်ပြိုင်မည့် အခြေအနေ မတွေ့ရသေးကြောင်း၊ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပါက တစ်မျိုးပြောင်းလဲသွားနိုင်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP)မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

နိုင်သန်းရွှေ “ဒါက‌တော့ အခုတလောက NLD ပါတီက ပါတီပြန်လည် နိုးကြားလာ‌အောင်တော့ ကျနော်တို့ မတွေ့ သေးဘူးပေါ့နော်၊ တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်သာ လွတ်လာလို့ရှိရင်တော့ တစ်မျိုးတစ်ဖုံ ဖြစ်လာ မလားတော့ မသိဘူးပေါ့၊ အခု လောလောဆယ်ဆယ်က NLD ပါတီက လှုပ်ရှားမှုတော့ ဘာမှ မတွေ့သေးဘူး ပေါ့နော်” ဟု ပြောသည်။

NLD ပါတီကို မည်သို့မျှ ဖြိုခွဲ၍ မရသလို NLD ပါတီ အနေဖြင့် ဆက်လက် ရပ်တည်နေမှာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

NLD မဲရုံကိုယ်စားလှယ် သင်တန်းကိုတွေ့ရစဉ် (GETTY IMAGES)

ဒေါက်တာလှကျော်ဇော “ဒီလိုရှိတယ်ဗျ၊ ပါတီတစ်ရပ်ပဲဖြစ်ဖြစ် သူက သူဘယ်ခါမှာ ပျက်ပြယ်သွားမလဲဆိုရင် သူကိုယ်တိုင်က ရှုံးပါပြီဆိုပြီး ဖျက်သိမ်းလိုက်မှ ပျက်ပြယ်တာဗျ၊ သူက ရှုံးတယ်လို့ သဘောမထားရင် သူတခြား နည်းလမ်းရှာမှာပဲ ကျမတို့ ဗကပလည်း ကြည့်လေ ကျမတို့ တစ်ခါမှ ကိုယ့်ကိုယ်ကို ရှုံးတယ်လို့ မထင်ဘူး။ ကျမ တို့ ယာယီအရေးနိမ့်သွားတာပဲ၊ ကျမတို့ ဗကပမှာဆိုတာ စည်းကမ်းရှိတယ်၊ ပါတီဝင် ၃ ယောက်ရှိရင် ကလပ် စည်း ပြန်ဖွဲ့လို့ရတယ်၊ ရောက်တဲ့နေရာမှာ ရောက်တဲ့လူက ထပ်ပြီးတော့ ကြိုးစားတယ်၊ တော်လှန်ရေး တစ်ရပ် က ဒီလောက်လွယ်တာ မဟုတ်ဘူး။ NLD ကို သူတို့ ဖြိုခွဲလာတာ နည်းတဲ့ နှစ်လား၊ ပြိုမှ မပြိုတာ၊ NLD ကိုယ်တိုင် က ကိုယ့်ဟာကိုယ် ဖြိုဖျက်ပစ်လိုက်မှ မဆလကြီး ပျက်သလိုပေါ့၊ ကိုယ့်ဟာကို ဖျက်ပစ်လိုက်မှပဲ ပြိုစရာရှိ တယ်၊ နိုးမဟုတ်ရင်တော့ သူဆက်ရှိနေမှာပဲ” ဟု ပြောသည်။

NLD အနေဖြင့် ဥပဒေနှင့် ညီညွတ်ပါက နစက ကျင်းပမည့် ‌ရွေးကောက်ပွဲကို ဝင်ပြိုင်၍ ရမှာဖြစ်ကြောင်း၊ ဝင်ပြိုင်ရန် ကြိုးစားနေသည်ကို တွေ့ရကြောင်း အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)ဥက္ကဋ္ဌ ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနေစဉ် (GETTY IMAGES)

ဦးစိန်ဝင်း “အဲဒါကတော့ NLD အနေနဲ့ကတော့ သူ့ရဲ့ ပြစ်မှုကျူးလွန် တာတွေကတော့ ဟုတ်လား မဟုတ်လား တော့ သေချာလေ့လာ ဆန်းစစ်ပြီး‌တော့ ခုထက်ထိတော့ NLD ကို တရားဝင်ပါတီ မဟုတ်ဘူးဆိုတာ‌တော့ ခုထက် ထိ အမိန့်မထွက်သေးဘူးပေါ့၊ မထွက်‌သေးတဲ့အတွက် အဲဒီအပေါ်မှာလည်း ငါတို့က ငါတို့အလုပ်၊ ငါတို့တာဝန်၊ ငါတို့လုပ်ရမယ့် ရာထူးတာဝန် မဟုတ်တဲ့အတွက် ငါတို့က ဘာမှ မပြောလိုဘူး။ သို့သော် NLD ဝင်ပြိုင်မှု၊ မပြိုင်မှု သည် NLD ရဲ့ လုပ်ရပ်သည် ဥပဒေနဲ့ ညီညွတ်ရင် ဝင်ပြိုင်လို့ရမှာပေါ့၊ မညီညွတ်ဘူးဆိုရင်လည်း မညီညွတ်တဲ့ အကြောင်း ဖြစ်လာမှာပေါ့၊ သို့သော်လည်း လက်ရှိအခြေအနေမှာ NLD က ဝင်ပြိုင်ဖို့ အလားအလာရှိလားဆိုတာ ကြိုးစားနေတဲ့ အရိပ်အရောင်လေးတွေတော့ တွေ့ရတာပေါ့” ဟု ပြောသည်။
လာမည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမှာဖြစ်ကြောင်း၊ အနိုင်ရသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲအပ်ပေးမှာဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကတော့ နစက ကျင်းပမည့် ရွေး ကောက်ပွဲကို မပျက် ပျက်အောင်ဖျက်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ မဝင်ကြရန်လည်း ပြောကြားထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပြင်သစ်ရဲတပ်ဖွဲ့ကိုတွေ့ရစဉ် (AP)

ပဲရစ်မြို့ ကာ့ဒ်ယဉ်ကျေးမှုစင်တာ ပစ်ခတ်မှုကြောင့် ၃ ဦးသေ၊ ၃ ဦးဒဏ်ရာရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1122

CNI International News

ပဲရစ်၊ဒီဇင်ဘာ ၂၄

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ လူစည်ကားရာ အရပ်တစ်ခုရှိ ကာ့ဒ်ယဉ်ကျေးမှုစင်တာ တစ်ခုတွင် သောကြာနေ့၌ ပစ်ခတ် မှု ဖြစ်ပွားခဲ့ရာ လူသုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ပစ်ခတ်မှုအတွက် သံသယရှိသူ အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးထားသည်။

ယခုဖြစ်ရပ်အတွက် ပဲရစ်အစိုးရရှေ့နေရုံးက လူသတ်မှု၊ လူသတ်ရန် ကြံစည်မှုတို့ဖြင့် စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။

သံသယရှိသူသည် တဲများတွင် နေထိုင်နေသော ရွှေ့ပြောင်း နေထိုင်သူများကို တိုက်ခိုက်မှုကြောင့် မကြာသေးခင် ကမှ ထောင်က လွတ်မြောက်လာခဲ့သူဖြစ်ကာ ယခုပစ်ခတ်မှု နောက်ကွယ်တွင် လူမျိုးရေးခွဲခြားမှုများ ရှိနေနိုင် သည်ဟု စုံစမ်းစစ်ဆေးသူများက စဉ်းစားနေပြီလည်း ဖြစ်သည်။

ပဲရစ်မြို့ အမှတ် ၁၀ ဒေသ၏ မြို့တော်ဝန်ကို တွေ့ရစည် (AP)

ပစ်ခတ်မှုကြောင့် ထိတ်လန့်နေသော ကာ့ဒ်လူမျိုးများက ၎င်းတို့ကို ပစ်မှတ်ထား တိုက်ခိုက်မည့် ခြိမ်းခြောက်မှုရှိ သည်ဟု ရဲတပ်ဖွဲ့မှ သတိပေးထားကြောင်းနှင့် ယခုပစ်ခတ်မှုအတွက် တရားမျှတမှုကို တောင်းဆိုကြောင်း ပြောသည်။

ပစ်ခတ်မှုသည် ခရစ္စမတ်ပွဲတော် ကာလအဖြစ် လူများရှုပ်ထွေးနေချိန်တွင် ဖြစ်ပွားခဲ့ကြောင်း၊ နေ့လည်ပိုင်း ပစ်ခတ်မှုတွင် ကာ့ဒ်စင်တာ၊ စားသောက်ဆိုင် တစ်ခုနှင့် ဆံပင်အလှပြင်ဆိုင် တစ်ခုတို့ပါ ထိခိုက်သွားခဲ့ကြောင်း ပဲရစ်မြို့ အမှတ် ၁၀ ဒေသ၏ မြို့တော်ဝန်က ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို ဖြစ်စေသည့် စေ့ဆော်မှုအား ယခုအထိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သူမက သတင်းထောက်များကို ပြောခဲ့သည်။

၎င်း ဖြေကြားနေစဉ်အတွင်း ဘေးနားမှလူများက တူရကီသမ္မတ အာဒိုဝမ်ကို ရည်ညွှန်းကာ အာဒိုဝမ် အကြမ်းဖက် သမားဟု သံပြိုင်အော်ဟစ် နေသည်ကိုလည်း တွေ့ရသည်။

တူရကီကို အကြမ်းဖက်သမားအဖြစ် အော်ဟစ်နေစဉ် (AP)

သေနတ်သမားသည် ကာ့ဒ်စင်တာတွင်းသို့ ဦးစွာ ဝင်ရောက်ပြီး ထိုမှတဆင့် စားသောက်ဆိုင်၊ ဆံပင်ညှပ်ဆိုင်သို့ သွားခဲ့ကြောင်း၊ ၎င်းကို လမ်းသွားလမ်းလာ နှစ်ဦးမှ တားဆီးခဲ့ခြင်း ဖြစ်ကြောင်းလည်း ပစ်ခတ်မှုဖြစ်စဉ် အနီးအနား ရှိ ဆောက်လုပ်ရေး လုပ်သားတစ်ဦးက ပြောသည်။

သေနတ်သမားသည် ပစ္စတိုပြောင်းတို သေနတ်ဖြင့် တိတ်တိတ် ဆိတ်ဆိတ် သွေးအေးအေးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။

ပစ်ခတ်မှုတွင် ဒဏ်ရာရရှိခဲ့သူ သုံးဦးမှ တစ်ဦးသည် အရေးပေါ် အခြေအနေတွင်ရှိပြီး ကျန်နှစ်ဦးမှာ အသေးစား ဒဏ်ရာများသာ ရရှိခဲ့ကြောင်းနှင့် သေနတ်သမားသည်လည်း မျက်နှာတွင် ဒဏ်ရာနှင့် ဖမ်းဆီးခံခဲ့ရကြောင်း ပဲရစ် အစိုးရရှေ့နေ လော်ရီဘတ်စီအူး (Laure Beccuau) က ပြောသည်။

ယခု ပစ်ခတ်မှုနှင့် ပတ်သက်၍ အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့များနှင့် ဆက်သွယ်ထားမှု ရှိသော်လည်း ယခု ဖြစ်ရပ် သည် အကြမ်းဖက်မှုနှင့် ဆက်စပ်ခြင်း ရှိ/မရှိကို ရှင်းလင်း ပြောဆိုခဲ့ခြင်း မရှိပေ။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

အမေရိကန်သည် ယူကရိန်းတွင် ကြားခံစစ်ပွဲ တိုက်နေသည်ဟု ရုရှားစွပ်စွဲ

By CNI
CNI
Category: Watch TV
Hits: 726

Share
Tweet
Share
Share
powered by social2s

ဖီဂျီဝန်ကြီးချုပ်က တရားဥပဒေစိုးမိုးရေးလုပ်ပေးရန် စစ်တပ်ကို အကူအညီတောင်း

By CNI
CNI
Category: Watch TV
Hits: 719

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယား ဟက်ကာများက ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ခိုးယူ

By CNI
CNI
Category: Watch TV
Hits: 730

Share
Tweet
Share
Share
powered by social2s
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

Page 27 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar