CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

လေကြောင်းတိုက်ခိုက်မှုအတွင်း ရုရှားဘက်မှ ဒရုန်းဒါဇင်ကျော် ယူကရိန်း ပစ်ချ

By CNI
CNI
Category: Watch TV
Hits: 840

Share
Tweet
Share
Share
powered by social2s

ရုရှား၏ စစ်ဘက်ဆိုင်ရာ နည်းပညာနှင့်ပစ္စည်းများ ဝယ်ယူပေးသူ ၇ ဦးကို US တရားစွဲ

By CNI
CNI
Category: Watch TV
Hits: 723

Share
Tweet
Share
Share
powered by social2s

နစကသက်တမ်းအလွန် ဘယ်လို နိုင်ငံရေးအခင်းအကျင်း ဖြစ်လာနိုင်လဲ

By CNI
CNI
Category: Watch TV
Hits: 805

Share
Tweet
Share
Share
powered by social2s
၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်မြို့မှာ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကို တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော်ရှန်နဲ့အတူ တွေ့ရစဉ်

ပြင်းပြင်းထန်ထန် တိုက်လာရင် ပြင်းထန်စွာ တုန့်ပြန်မည်ဟု ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1228

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅

မြန်မာ့တပ်မတော်ဘက်က မိမိတို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကို ပြင်းပြင်းထန်ထန် တိုက်လာပါက ပြန်ပြီးတုန့်ပြန်မှုကလည်း ပြင်းပြင်း ထန်ထန်ဖြစ်မည်ဟု ကချင်လွတ်လပ်ရေးကောင်စီ(KIC)ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်လွှင့်ခဲ့သော RFA နှင့် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်၏ အင်တာဗျူး တွင် ၎င်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က “ စစ်ရေး ပရိယာယ်ဆိုတာကတော့ ပြင်ဆင်မှုတွေ၊ ကြိုတင်ပြီးမှ စဉ်းစားထား တာတွေ အများကြီးရှိပါတယ်၊ ပြင်းပြင်းထန်ထန် တိုက်လို့ရှိရင်တော့ ပြင်းပြင်းထန်ထန် ခုခံကာကွယ်တာဆိုတဲ့ အနေအထားကို ရောက်သွားမှာဖြစ်ပါတယ်။ ပြီးလို့ရှိရင် ဘက်တစ်ဘက်က ပြင်းပြင်းထန်ထန် လုပ်ရင် ပြန်ပြီး တုန့်ပြန်မှုကလည်း ပြင်းပြင်းထန်ထန်ဖြစ်မှာပါ။ ဒါကျနော်တို့ကတော့ အစီအစဉ်တွေကို စဉ်းစားထားတာ ရှိ သလို စိတ်ဓာတ်ရေးအရလည်း ပြင်ဆင်မှုအပြည့်ရှိတယ်လို့ ကျနော်ပြောချင်ပါတယ်”ဟု ပြောသည်။

 ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက အနန့်ပါကို တပ်မတော်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားစဉ် 

KIA သည် မြန်မာ့တပ်မတော် ဖြုတ်ချရေး ကြိုးပမ်းနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက် ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)မှ လူဦးရေ ၄၀၀၀ ကျော်ကို စစ်သင်တန်းများ ပေးအပ်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် KIA သည် NUG အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)တို့နှင့် ပူးပေါင်း၍ တပ်မတော် ဖြုတ်ချရေး ဆောင်ရွက်လျက်ရှိနေသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်က ဖားကန့်မြို့နယ်အတွင်းရှိ KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါကို တပ်မတော်မှ လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ KIA အရာရှိကြီးများ အပါအဝင် လူဦးရေ ၈၀ ကျော် သေဆုံးခဲ့သည်။

ထို့နောက် တပ်မတော်နှင့် KIA-PDF ပူးပေါင်း အဖွဲ့များကြား စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်(မြောက်ပိုင်း) စသည့် ဒေသများတွင် မကြာခဏ တိုက်ပွဲများဖြစ်ပွားသလို စစ်ရေးတင်းမာမှုများလည်း ရှိနေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဦးမြင့်ဆွေ ဦးဆောင်သော ကာ/လုံ အစည်း အဝေးကိုတွေ့ရစဉ်

နစကသက်တမ်းအလွန် ဘယ်လို နိုင်ငံရေးအခင်းအကျင်း ဖြစ်လာနိုင်လဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1265

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅

နိုင်ငံတော်အာဏာကို ရယူထားသည့် နစက အနေဖြင့် လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအလွန်မှာ သက်တမ်း ကုန်တော့မည် ဖြစ်သည့်အတွက် မည်သည့် နိုင်ငံရေးအခင်းအကျင်းမျိုး ဖြစ်ပေါ်မည်ကို နိုင်ငံရေး အသိုင်းအဝိုင်း ကြားမှာ သုံးသပ်မှုများ ရှိနေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဦးမြင့်ဆွေ ဦးဆောင်သည့် ကာကွယ်ရေးနှင့် လုံခြုံ‌ရေးကောင်စီမှ နိုင်ငံတော်အာဏာ ကို ပြန်ယူကာ ရွေးကောက်ပွဲ ကျင်းပပေးရမည်ဖြစ်ကြောင်း ရခိုင့်ဦး‌ဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာအေးမောင်က “အခြေခံဥပဒေအရတော့ နစကကို တနည်းအားဖြင့် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာ အပ်နှင်းတာက ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဲဒီတော့ တစ်နှစ်ရယ်၊ ၆ လနှစ်ကြိမ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သူအပ်နှင်းထားတဲ့ ကာလက ပြီးမြောက်တာပေါ့၊ ပြီးမြောက်တော့ အပ်နှင်းထားတဲ့ မူလအမိန့်ကို ကာ/လုံက ပြန်ရုပ်သိမ်းမှာပေါ့၊ အဲဒီ‌တော့ နိုင်ငံတော်သမ္မတကြီး ဦးမြင့်ဆွေ ဦးဆောင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီက နိုင်ငံတော်ရဲ့အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြန်ရယူမှာပေါ့၊ ပြီးရင် ရွေးကောက်ပွဲကို ၆ လ အတွင်းမှာ ကျင်းပပေးရမှာပေါ့၊ အဲဒီတော့ နိုင်ငံတော် သမ္မတကြီးဖက်က ဥပဒေပြုမှု အာဏာရှိတာပေါ့၊ အုပ်ချုပ် ရေး ယန္တရားနဲ့ ပတ်သက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းချက်ပါအတိုင်း ဘယ်လို ဆက်သွားမှာလဲဆိုတာ ကာ/လုံ ဖက်ကတော့ စနစ်တကျ ခုကတည်းက ပြင်ဆင်ထားနှင့်ပြီးပြီလို့တော့ သုံးသပ်ပါတယ်” ဟု ပြောသည်။

ဒီမိုကရေစီအရေး တောင်းဆိုနေကြသည်ကိုတွေ့ရစဉ် (GETTY IMAGES)

ရွေးကောက်ပွဲ ကျင်းပပေးပြီး ပေါ်လာသည့် အစိုးရကို လက်ရှိ ယာယီသမ္မတ ဦးမြင့်ဆွေမှ တာဝန်လွှဲပြောင်းပေး ချိန်အထိ တာဝန်ယူ ဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ မလုံခြုံသည့် အခြေအနေအောက်တွင် နေရာအနှံ့ အကြမ်းဖက်မှုများ ရှိလာနိုင်ကြောင်း၊ အဆိုပါ ပြဿနာ များကို သာမန်ရွေးကောက်ပွဲဖြင့် မဖြေရှင်းနိုင်ကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာန သို့ ပြောသည်။

ဦးကိုကိုကြီးက “ပုံမှန်အားဖြင့်က‌တော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပြဋ္ဌာန်းချက်အရ လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ပြန်ပြီးတော့ လွှဲအပ်ရမှာပေါ့၊ ပြီးတဲ့အခါကြတော့ အဲဒီ ကာ/လုံ ကနေ ပြီးတော့ ၆ လ အတောအတွင်းမှာ ရွေးကောက်ပွဲ လုပ်ပေးရမယ်၊ ဒါကတော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပြဋ္ဌာန်း ချက် သို့သော် ဒီအတိုင်း လုပ်သွားရင်‌တော့ ခုနက ပြောတဲ့ မလုံမခြုံတဲ့ ပဋိပက္ခ တင်းမာမှုတွေလည်း ဆက်ပြီး ရှိနေတယ်၊ နောက်ပြောရရင် ပြည်တွင်းမှာ လက်နက်ဗုံးတွေပေါ့၊ ကျနော်တို့ နေရာအနှံ့မှာလည်းပဲ ပျံ့နှံ့နေတဲ့ဟာ တွေ ရှိတယ်၊ ခြိမ်းခြောက်မှုတွေ ဒီလိုမျိုး အကြမ်းဖက်မှုတွေ နှစ်ဖက်စလုံး ကနေပြီးတော့ပေါ့နော်၊ ဒါမျိုးတွေ ရှိနေ တဲ့ အခြေအနေမျိုးမှာ သာမန် ရွေးကောက်ပွဲနဲ့တော့ ဒီပြဿနာတွေ မဖြေရှင်းနိုင်ဘူးလို့ ကျနော်ထင်တယ်၊ ဒါ ကျနော် အရင့်အရင်က သာမှန်အေးချမ်းနေတဲ့ အခြေအနေမှာတောင်မှ ဒီမိုကရေစီမှာ ရွေးကောက်ပွဲဆိုတာ အရေး ကြီး တယ်ဆိုတာ မှန်ပေမဲ့လို့ ရွေးကောက်ပွဲရလဒ်နဲ့ နိုင်ငံရေးရလဒ်က ထပ်တူ မဖြစ်ဘူး။ ရွေးကောက်ပွဲ တစ်ခု တည်းနဲ့ ၉၆ ပါးရောဂါကို ပျောက်နိုင်တဲ့ ဆေးမဟုတ်ဘူး။ အရေးကြီးတဲ့ ထိပ်တန်းခေါင်းဆောင်တွေ ကြားထဲမှာ ရှိတဲ့ နိုင်ငံရေးသဘောတူညီချက်က အင်မတန် အရေးကြီးပါတယ်လို့ ကျနော် ထပ်ခါ တလဲလဲ ပြောခဲ့တယ်။ အခု လည်းပဲ ဒီအတိုင်းသွားရင် ဒီရွေးကောက်ပွဲဟာ နိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ ပုံစံဖြစ်မှာထက်ကို နောက် ထပ် စိန်ခေါ်မှု အသစ်တွေ ထပ်ပြီးတော့ ပေါ်ပေါက်လာနိုင်တယ်လို့ ကျနော်တော့ မြင်တယ်” ဟု ပြောသည်။

တပ်မတော်ဖြုတ်ချရေး လက်နက်ကိုင်တိုက်ပွဲ၀င်နေခြင်းကို တွေ့ရစဉ် (GETTY IMAGES)

ထို့ကြောင့် အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းကို ယုံကြည်ဆောင်ရွက်နေကြသည့် လူပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီ များ၊ ပြည်သူများအတွက် နိုင်ငံ‌ရေး မျှော်လင့်ချက် ကောင်းကောင်း တည်ဆောက်နိုင်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို မြန်မာ့တပ်မတော်မှ ရယူပြီးနောက် နိုင်ငံတော်ကို အရေးပေါ် တစ်နှစ်ကြေညာခဲ့သည်။ ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၆ လ တစ်ကြိမ်ဖြင့် နှစ်ကြိမ် သက် တမ်းတိုးခဲ့ရာ မကြာမီကာလတွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကိဗ်ယက်မြို့လယ်ခေါင်ရှိ အပျက်အစီးများကို တွေ့ရစဉ်(ဓါတ်ပုံ-AFP)

လေကြောင်းတိုက်ခိုက်မှုအတွင်း ရုရှားဘက်မှ ဒရုန်းဒါဇင်ကျော် ယူကရိန်း ပစ်ချ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 2190


CNI International News

ကိဗ်ယက်၊ ဒီဇင်ဘာ ၁၅

ဗုဒ္ဓဟူးနေ့မနက်အစောပိုင်း မြို့တော် ကိဗ်ယက်သို့ ရုရှားတိုက်ခိုက်မှုတစ်ခုအတွင်း ဒရုန်းတစ်ဒါဇင်ကျော်ကို ပစ်ချနိုင်ခဲ့သည်ဟု ယူကရိန်းအရာရှိများက ပြောကြောင်း BBC သတင်းတွင်ဖော်ပြသည်။ လေကြောင်း အချက် ပေးသံများအပြီးတွင် ကျယ်လောင်သော ပေါက်ကွဲသံများကို ကြားခဲ့ရသည်ဟုလည်း အခင်းဖြစ်ရာနေရာတွင် ရှိနေသော BBC သတင်းထောက်များက ပြောသည်။

အီရန်လုပ် Shahed ဒရုန်းများဟု ယူဆရသည့် ဒရုန်းများကို လေကြောင်းကာကွယ်ရေးစနစ်များက ပစ်ချနိုင်ခဲ့ ပြီးနောက် မြို့လယ်ရှိ ရှက်ချင်ကိဗ်စကီ(Shevchenkivskyi)ခရိုင်တွင် ပေါက်ကွဲသံများ ဖုံးလွှမ်းသွားခဲ့သည်။ ရုရှားသည် အောက်တိုဘာလမှ စတင်ကာ ယူကရိန်း၏ စွမ်းအင်ကဏ္ဍနှင့်ပတ်သက်သော အခြေခံအဆောက်အဦ များကို ဒရုန်းများ၊ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

ဇာပိုရစ်ဇီးယားမြို့ရှိ အပျက်အစီးများထဲမှ လုံခြုံရေးရဲဝန်ထမ်းတစ်ဦး(ဓါတ်ပုံ-NewYork Times)

ကိဗ်ယက်အုပ်ချုပ်ရေးမှူးက ရုရှား၏နောက်ဆုံးပေါ် ဒရုန်းများဖြင့် တိုက်ခိုက်မှုသည် စွမ်းအင်ကဏ္ဍ အခြေခံ အဆောက်အဦအပေါ် ခြိမ်းခြောက်မှုများရှိနေသည်ဟု စွပ်စွဲပြောဆိုခဲ့သော်လည်း ယူကရိန်း အမျိုးသားစွမ်းအင် လိုင်း မန်နေဂျာ ယူရကီနာဂို (Ukrenergo) က ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုများတွင် မည်သည့်စွမ်းအင်စက်ရုံမှ ထိခိုက်မှု မရှိခဲ့ကြောင်းပြောကာ လေကြောင်းကာကွယ်ရေးစနစ်များ၏ စွမ်းရည်ကိုလည်း ချီးကျူးခဲ့သည်။

Shahed ဒရုန်း ၁၃ စီးကိုပစ်ချနိုင်ခဲ့သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး(Volodymyr Zelensky) က ပြောဆိုခဲ့ပြီး ထိုအရေအတွက်သည် ဗုဒ္ဓဟူးနေ့တွင် ရုရှားဘက်မှ လွှတ်တင်ခဲ့သော ဒရုန်းအရေအတွက်အတိုင်း ပင်ဖြစ်သည်ဟုလည်း ဆိုသည်။ ဒရုန်းအပိုင်းအစတစ်ခုမှာ အုပ်ချုပ်ရေးရုံးတစ်ခုနှင့် လူနေအိမ်လေးလုံးကို ထိခိုက် ပျက်စီးစေခဲ့သည်ဟု ကိဗ်ယက် အုပ်ချုပ်ရေးမှူး ကူလီဘာ (Kuleba) က ပြောခဲ့သော်လည်း ထိုဖြစ်ရပ်များ အတွင်း လူသေဆုံးမှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း ယူကရိန်းမီဒီယာက ထုတ်ပြန်သည်။

ယူကရိန်းနိုင်ငံ ဒီနီပရိုမြို့လယ်ခေါင်တွေရှိ အပျက်အစီးများ မြင်ကွင်း(ဓါတ်ပုံ-Getty Images)

ရုရှား၏ ဒရုန်းတိုက်ခိုက်မှုများသည် ဗုဒ္ဓဟူးနေ့ မနက်ပိုင်း ဒေသစံတော်ချိန် ၆ နာရီခွဲအချိန်တွင် ဖြစ်ပွားခဲ့ကာ ကုလသမဂ္ဂ လူသားခြင်းစာနာမှုဆိုင်ရာ အကြီးအကဲ မာတင် ဂရစ်ဖစ်(Martin Griffiths)သည် ကိဗ်ယက်မြို့သို့ ရောက်ရှိနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ဗုဒ္ဓဟူးနေ့ဖြစ်ရပ်များသည် ရှေ့တန်းစစ်မြေပြင်တွင် မဟုတ်ဘဲ ယူကရိန်းတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မည်သို့မည်ပုံ ခံစားနေရဆဲဖြစ်သည်ကို ဖော်ပြနေသည်ဟုလည်း ဂရစ်ဖစ်က ပြောသည်။

အီရန်သည် ရုရှားဘက်သို့ Kamikaze ဒရုန်းများထောက်ပံ့ခဲ့သည်ဟု ယူကရိန်းဘက်က စွပ်စွဲပြောဆိုခဲ့ပြီး ယင်းကို ကနဦး၌ အီရန်ဘက်က ငြင်းဆိုထားသည်။ သို့သော် နောက်ပိုင်းမှ အီရန်ဘက်က ဝန်ခံကာ ကျူးကျော်စစ်မစတင် ခင် ရုရှားသို့ အရေအတွက်အကန့်အသတ်ဖြင့် ဒရုန်းများပေးခဲ့သည်ဟု ဝန်ခံခဲ့သည်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

သမ္မတဟောင်းကို ထောက်ခံသူများ ဘရာဇီး ရဲဌာနချုပ်ကို ဝင်စီးရန် ကြိုးပမ်း

By CNI
CNI
Category: Watch TV
Hits: 657

Share
Tweet
Share
Share
powered by social2s

ထိုင်း-မလေး နယ်စပ်လုံခြုံရေး ပိုမိုတင်းကြပ်၊ တရားမဝင်လာသူများ ဂရုစိုက်ရန်လို

By CNI
CNI
Category: Watch TV
Hits: 699

Share
Tweet
Share
Share
powered by social2s

အင်အားအကြီးဆုံး မူဆလင်နိုင်ငံရေးပါတီ၏ ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဖမ်းဆီး

By CNI
CNI
Category: Watch TV
Hits: 676

Share
Tweet
Share
Share
powered by social2s

အပြုတ်တိုက်ရေးက အဖြေမဟုတ်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 687

Share
Tweet
Share
Share
powered by social2s

ပြည်နှင်ဒဏ်ခံထားရသော မြန်မာ ၁၁၄ ဦးကို နေရပ်ပြန်ပို့ရန် မလေးရှားဆုံးဖြတ်

By CNI
CNI
Category: Watch TV
Hits: 698

Share
Tweet
Share
Share
powered by social2s
ဝန်ကြီးချုပ်ပရာယွတ်နဲ့ ဗိုလ်ချုပ်ကြီးပရာဝပ်ကို တွေ့ရစဉ် (GETTY IMAGES)

ဝန်ကြီးချုပ်ပရာယွတ် တခြားနိုင်ငံရေးပါတီနှင့် ပူးပေါင်းသွားနိုင်သည်ဟု ပရာဝပ်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1198

CNI International News

ဘန်ကောက်၊ ဒီဇင်ဘာ ၁၄

ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ (Prayut Chan-o-Cha) သည် လက်ရှိအာဏာရ ပါလန်ပရာချာရတ်ပါတီ (Palang Pracharath) မဟုတ်သော တခြားနိုင်ငံရေးပါတီ တစ်ခုနှင့် ပူးပေါင်းသွားနိုင်သည်ဟု ဒုတိယဝန်ကြီးချုပ် ပရာဝပ် ဝေါင်ဆူဝန် (Prawit Wongsuwon) က ဒီဇင်ဘာ ၁၃ ရက်တွင် ဝန်ခံခဲ့သည်ဟု ဘန်ကောက်ပို့စ်၌ ဖော်ပြထားသည်။
ပါလန်ပရာချာရတ် ပါတီသည် ပရာယွတ်ကို ဝန်ကြီးချုပ် ဖြစ်စေခဲ့သော ပါတီလည်း ဖြစ်သည်။

ပါလန်ပရာချာရတ်ပါတီ၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ကြီး ပရာဝပ်က ပရာယွတ်သည် လာမည့် ရွေးကောက်ပွဲ တွင် ရွမ်ထိုင်ဆန်ချတ်ပါတီ (Ruam Thai Sang Chart) ပါတီနှင့် ပူးပေါင်းနိုင်သည်ဟု ထွက်ပေါ် နေသော ခန့်မှန်း မှုများနှင့် ပတ်သက်၍ အထက်ပါအတိုင်း ဖြေကြားခဲ့သည်။

ရွမ်ထိုင်ဆန်ချတ်ပါတီကို ပီရာပန် ဆာလီရာရာသာဗီဟဂါက ဦးဆောင်ပြီး ၎င်းသည် လက်ရှိအချိန်တွင် ဝန်ကြီးချုပ် အကြံပေးအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။

ဝန်ကြီးချုပ်ပရာယွတ်နဲ့ ဗိုလ်ချုပ်ကြီးပရာဝပ်ကို တွေ့ရစဉ် (GETTY IMAGES)

သတင်းထောက်များ၏ မေးမြန်းမှုကို ပရာဝပ်က “ ဝန်ကြီးချုပ်အနေနှင့် တခြားပါတီတစ်ခုကို သွားမည့်ပုံ ပေါ်နေပါသည်။ သူသွားနိုင်ပါသည်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

အဘယ်ကြောင့် သွားလိုခြင်း ဖြစ်နိုင်လဲဟု သတင်းထောက်များက ထပ်မံ မေးမြန်းခဲ့ရာ ပရာဝပ်က ဝန်ကြီးချုပ် သည် ပါလန်ပရာချာရတ်ပါတီ(PPRP)တွင် ပါဝင်ပတ်သတ်မှု မရှိကြောင်း၊ ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် ထောက်ပံ့၍ ၎င်းကို အမည်စာရင်း တင်သွင်းပေးခဲ့သော်လည်း ၎င်းသည် ပါတီဝင်တစ်ဦး မဟုတ်ခဲ့ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

“သူပါတီမှာ ဆက်ရှိမည် မရှိမည်က ပရာယွတ်၏ ကိစ္စသာဖြစ်ကြောင်း၊ ၎င်းသည် ပါတီ စတင်ကတည်းက ပါဝင်ခဲ့ခြင်း မရှိခဲ့ကြောင်း”ပရာဝပ်က ဆက်လက် ပြောဆိုသည်။

ထို့ကြောင့် PPRP အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ကြီးပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် ထပ်မံ ယှဉ်ပြိုင်စေမည်လားဆိုသည့် မေခွန်းအပေါ် ဗိုလ်ချုပ်ကြီးပရာဝပ်က တိုက်ရိုက် ဖြေကြားခဲ့ခြင်း မရှိဘဲ ထိုကိစ္စမှာ ပါတီဝင်များနှင့်သာ သက်ဆိုင်ကြောင်း၊ သူသည်ပင် ပါတီဝင်တစ်ဦး ဖြစ်သည့်အတွက် ထိုမေးခွန်းကို ဖြေကြား နိုင်ခြင်း မရှိဟု တုန့်ပြန်ခဲ့သည်။

ဝန်ကြီးချုပ်ပရာယွတ် တခြားနိုင်ငံရေးပါတီ တစ်ခုသို့ ရောက်ရှိသွားသည့်တိုင် သူနှင့်ဝန်ကြီးချုပ်ကြား ချစ်ခြင်း တရားမှာ ပြောင်းလဲသွားမည် မဟုတ်ကြောင်းလည်း PPRP ပါတီခေါင်းဆောင် ပရာဝပ်က ထပ်မံ ပြောကြား ခဲ့သည်။

Source: ဘန်ကောက်ပို့စ်

 

 

 

 

Share
Tweet
Share
Share
powered by social2s
မလေးရှားက နေရပ်ပြန်ပို့ခြင်း ခံရသော မြန်မာနိုင်ငံသားများကိုတွေ့ရစဉ် (GETTY IMAGES)

ပြည်နှင်ဒဏ်ခံထားရသော မြန်မာ ၁၁၄ ဦးကို နေရပ်ပြန်ပို့ရန် မလေးရှားဆုံးဖြတ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1018

CNI International News

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁၃

ဆိုင်းငံ့ပြည်နှင်ဒဏ် ပေးခံထားရသော မြန်မာနိုင်ငံသား ၁၁၄ ဦးကို နေရပ်ပြန်ပို့ရန် မလေးရှားတရားရုံး တစ်ခုက ဒီဇင်ဘာ ၁၃ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

မလေးရှားအစိုးရ၏ တောင်းဆိုးမှုအပေါ် တရားရုံးက ထိုသို့ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ မလေးရှား အစိုးရသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲ ကိစ္စရပ်များ ပေါ်ပေါက်ခဲ့ပြီးနောက် ရက်ပိုင်း အတွင်းတွင်လည်း မြန်မာနိုင်ငံသား ၁၀၈၆ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့သည်။

တရားရုံးဘက်က ဆိုင်းငံ့ပြည်နှင်ဒဏ်ဖြင့် နိုင်ငံတွင်း ဆက်လက်နေထိုင်ရန် ခွင့်ပြုခဲ့သော်လည်း အစိုးရက ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသား ၁၁၄ ဦးကို ချက်ချင်း မြန်မာနိုင်ငံသို့ ပြန်ပို့မည်လား ဆိုသည်ကိုတော့ မသိရ သေးပေ။

အစိုးရအနေဖြင့် ၎င်းတို့၏ အစီအစဉ်များကို ပြန်လည်သုံးသပ်ရန် အလေးအနက် တိုက်တွန်းသည်ဟု မလေး ရှားနိုင်ငံ၏ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်နှင့် နိုင်ငံရေးခိုလှုံခွင့်အဖွဲ့က ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်သည်။

လူ့အခွင့်အရေးနှင့် နိုင်ငံတကာ ဥပဒေများကို လေးစားရန် ခေါင်းဆောင်များကို ဆက်လက် တောင်းဆို သွားမည် ဟုလည်း ၎င်းအဖွဲ့က ပြောသည်။

 မလေးရှား တရားရုံးတစ်ခုကိုတွေ့ရစဉ် (GETTY IMAGES)

မြန်မာနိုင်ငံသား ၁၁၄ ဦးတွင် ကလေးများနှင့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသည်ဟု ယူဆရသူများ ပါဝင်ကြောင်း၊ ၎င်းတို့သည် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းမှု အောက်တွင် ရှိနေကြောင်း မလေးရှား လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ကတ်ထရီနာ မာလီယာမူး (Kartrina Maliamauv) က Reuters သို့ ပြောသည်။

ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီသည်လည်း ထိုသူများ၏ အခြေအနေကို သိရှိရန် တွေ့ဆုံခွင့် မရခဲ့ကြောင်း သူမက ဆက်လက် ပြောကြားသည်။

မလေးရှားနိုင်ငံတွင် ဒုက္ခသည်များဟု တရားဝင် သတ်မှတ်ထားခြင်း မရှိမှုကြောင့် ၎င်းတို့ကို အထောက် အထားမဲ့ ရွှေ့ပြောင်း နေထိုင်သူများအဖြစ် သတ်မှတ်သည်။

ထိုသူများသည် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်းအတွက် ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်ဟု မလေးရှားဝန်ကြီးဌာနက ပြောခဲ့ဖူးသည်။

မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံတွင်းမှ အခြေအနေများနှင့်ပတ်သတ်၍ ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့ သော်လည်း ဒုက္ခသည်ဟု ယူဆရသူများ အပါအဝင် မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ လျက်ရှိသည်။

ထိုသို့ နေရပ်ပြန်ပို့မှုများသည် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်သည်ဟုလည်း ကုလသမဂ္ဂက ပြောဆိုထားသည်။

Source: Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရွေးကောက်ပွဲကို နှစ်နှစ်စော ကျင်းပသွားမည်ဟု ပီရူးသမ္မတသစ် ပြော

By CNI
CNI
Category: Watch TV
Hits: 684

Share
Tweet
Share
Share
powered by social2s

ရုရှားတိုက်ခိုက်မှုကို ကာကွယ်ဖို့ စစ်ရေးအကူအညီများ ယူကရိန်းတောင်းဆို

By CNI
CNI
Category: Watch TV
Hits: 673

Share
Tweet
Share
Share
powered by social2s

အီရန်အစိုးရက ဆန္ဒပြသူတစ်ဦးကို လူမြင်ကွင်း၌ ကွပ်မျက်

By CNI
CNI
Category: Watch TV
Hits: 672

Share
Tweet
Share
Share
powered by social2s
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31
  • 32
  • 33
  • 34

Page 30 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar