- By CNI
- Category: ရုရှား-ယူကရိန်းအရေး
- Hits: 790
CNI International News
မော်စကို၊ ဒီဇင်ဘာ ၁၂
ဥရောပ၊ အမေရိကန်နှင့် သြစတြေးလျတို့ရှိ ရန်သူများထံမှ မိမိကိုယ်ကို ကာကွယ်ရန် ရုရှားနိုင်ငံသည် မျိုးဆက်သစ်လက်နက်များထုတ်လုပ်ခြင်းကို အရှိန်မြှင့်တင်ဆောင်ရွက်နေပြီဟု ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) က ပြောသည်ဟု Bangkok Post သတင်းတွင် ဖော်ပြသည်။
“ဖျက်အားပြင်းလက်နက်ထုတ်လုပ်နေမှုကို အရှိန်မြှင့်တင်နေပါတယ်။ အဲဒီထဲမှာ နိယာမသစ်များကို အသုံးပြုရတဲ့ လက်နက်များလည်းပါဝင်နေပါတယ်” ဟု မက်ဗီဒက်ဗ်က တယ်လီဂရမ်မှာ ပြောခဲ့သည်။
“ရန်သူများဟာ ကျွန်တော်တို့မူလရင်းမြစ်ဖြစ်တဲ့ မာလိုရော့စီယာ (Malorossiya) ရှိ ကိယက်ဗ် (Kyiv) တွင်သာ မဟုတ်ဘဲ ဥရောပ၊ မြောက်အမေရိက၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်တို့အပါအဝင် နာဇီဝါဒကို လက်ခံတဲ့ တခြားကမ္ဘာ့နေရာများမှာရှိနေပြီ” ဟုလည်း သမ္မတဟောင်းက ပြောသည်။
ရုရှား၏ အသံထက်မြန်သော ဒုံးကျည်ကို တွေ့ရစဉ်(ဓါတ်ပုံ-TASS)
ရုရှားဘုရင်များလက်ထက်က ရုရှားအင်ပါယာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သော လက်ရှိ ယူကရိန်းနိုင်ငံ တည်ရှိရာ နယ်မြေကို ရည်ရွယ်ကာ မာလိုရော့စီယာဟု ၎င်းက ရည်ရွယ်သုံးနှုန်းခဲ့ခြင်းလည်းဖြစ်သည်။
မက်ဗီဒက်ဗ်သည် ရုရှားလုံခြုံရေးကောင်စီ၏ လက်ထောက်ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လက်နက် များနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များကိုတော့ ပြောဆိုခဲ့ခြင်းမရှိပေ။ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)သည်လည်း ရုရှားသည် အသံထက်ပိုမြန်သော လက်နက်များအပါအဝင် လက်နက်သစ်များကို ထုတ်လုပ်နေသည်ဟု မကြာခဏပြောဆိုခဲ့ဖူးသည်။ အသံထက်ပိုမြန်သောလက်နက်များသည် ကမ္ဘာပေါရှိ လက်ရှိ ဒုံးကျည်ကာကွယ်ရေးစနစ်အားလုံးကို ကျော်ဖြတ်နိုင်သည်ဟုလည်း ၎င်းက အမွှန်းတင်ထားသည်။
ရုရှားထုတ် ဝေဟင်ပစ်ဒုံးကျည်များကို ပြသထားစဉ်(ဓါတ်ပုံ- Piotr Butowski)
ယူကရိန်းကို ရုရှားတပ်များစတင်ဝင်ရောက်ခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှစတင်ကာ မက်ဗီဒက်ဗ်သည် လူမှုကွန်ယက်တွင် လေကျယ်သော ပို့စ်များကို မကြာခဏရေးတင်လေ့ရှိသူ ဖြစ်သည်။
ယူကရိန်းစစ်ပွဲတွင် အခြေအနေမကောင်းမှုကြောင့် စစ်ဘက်ဆိုင်ရာ အသာစီးရယူမှုအတွက် ရုရှားအနေဖြင့် နျူကလီးယားလက်နက်များအသုံးပြုလာနိုင်သည်ဆိုသည့် အနေအထားက စိုးရိမ်မှုများကိုမြင့်တက်စေလျက် ရှိသည်။
ပြီးခဲ့သည့် သောကြာနေ့ကလည်း ပူတင်သည် နျူကလီးယားလက်နက်များကို အသုံးပြုလာနိုင်မည့် အဓိပ္ပာယ်မျိုးပေါ်အောင် ပြောခဲ့ဖူးသည်။ ရုရှားတွင်ရှိနေသော ခရုဇ်ဒုံးကျည်များနှင့် အသံထက်မြန်သော ဒုံးကျည်များက အမေရိကန်တွင်ရှိသောလက်နက်များထက် ပိုခေတ်မှီကာ ပိုအသုံးဝင်သည်ဟုလည်း ပူတင်က ပြောသည်။
Source:Bangkok Post
- By CNI
- Category: နိုင်ငံရေး
- Hits: 527
CNI International News
ပရစ်တီနာ၊ ဒီဇင်ဘာ ၁၂
ဆားဘီးယားဘက်မှ လမ်းများပိတ်ဆို့ခဲ့ခြင်းကြောင့် ကိုဆိုဗိုမြောက်ပိုင်းတွင် တနင်္ဂနွေနေ့က တင်းမာမှုများ မြင့်တက်လာသည်ဟု AP သတင်းတွင် ဖော်ပြထားသည်။
ပစ်ခတ်မှုများနှင့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လမ်းများကို ပိတ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ဒဏ်ရာ ရရှိသူများ ရှိ/မရှိကိုတော့ မသိရသေးကြောင်း ကိုဆိုဗိုရဲတပ်ဖွဲ့နှင့် မီဒီယာများက ပြောသည်။
လမ်းများကို မော်တော်ယာဉ်ကြီးများ၊ ထရပ်ကားများဖြင့် ပိတ်ထားခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်ရပ်သည် ဆားဘီးယားလူမျိုး အများစုနေထိုင်ရာ ကိုဆိုဗိုမြောက်ပိုင်းတွင် ဆားဘီးယားလူမျိုးများ ထိခိုက်နစ်နာမှု ရှိနေခြင်းတို့ကြောင့် ဆားဘီးယားတပ်ဖွဲ့ဝင် ၁၀၀၀ ကို ကိုဆိုဗိုဒေသသို့ ဝင်ရောက်ခွင့်ပြုရန် ဆားဘီးယားသမ္မတက ခွင့်ပြုမိန့် တောင်းခံခဲ့ပြီးနောက် တစ်ရက်အကြာတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လမ်းများ ပိတ်ဆို့ထားရခြင်းသည် ကိုဆိုဗိုဆားဘီးယား ရဲအရာရှိဟောင်းတစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းကို ဆန္ဒပြရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆားဘီးယားဘက်မှ ပြောသည်။ ကိုဆိုဗိုရှိ ဆားဘီးယားလူမျိုးများ၏ ကန့်ကွက်မှုများကြောင့် မြူနီစပါယ် ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခဲ့ရသည်။
ကိုဆိုဗိုက ဆားဘီးယားများ လမ်းပိတ်ထားသည်ကိုတွေ့ရစဉ် (AP)
ကိုဆိုဗိုရှိ ဆားဘီးယား လူမျိုးများသည် အညံ့ခံမည်မဟုတ်၊ အညံ့ခံမှု ရှိလာမည်မဟုတ်ဟု သတင်းစကား ပါးလို သည်ဟု ဆားဘီးယားသမ္မတ အလက်ဆန်ဒါ ဗူဆစ် (Aleksandar Vucic)က ပြောသည်။ ကိုဆိုဗိုလုံခြုံရေး တပ်ဖွဲ့ များထံမှ ဆားဘီးယားလူမျိုးများသည် မိမိကိုယ်ကို ကာကွယ်ရန် ယခုကဲ့သို့ လမ်းပိတ်ထားရခြင်း ဖြစ်သည်ဟု လည်း ၎င်းက ပြောသည်။
သို့သော် ကိုဆိုဗိုဘက်ကတော့ ဆားဘီးယားသည် ကိုဆိုဗိုကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေခြင်းဟု စွပ်စွဲ သည်။ ထို့အပြင် ဆားဘီးယားတို့သည် အီးယူမှ ကြားဝင်စေ့စပ်ပေးသော နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် ဆွေးနွေးပွဲများကို ရပ်တန့်ရန်နှင့် ထိုဆွေးနွေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ သယ်ဆောင်သွားရန် ကြိုးစား နေသည်ဟုလည်း ကိုဆိုဗို ဝန်ကြီးချုပ် အယလ်ဘင် ကာတီ (Albin Kurti) ကပြောသည်။
လုံခြုံရေးကောင်စီတွင် ဆားဘီးယားတို့က ရုရှားထံမှ အကူအညီရရန်လည်း မျှော်လင့်ထားသည်။
ထို့ကြောင့် ကိုဆိုဗိုမှ ဆားဘီးယားများ အနေဖြင့် ရာဇဝတ်အုပ်စုများအပြင် ၎င်းတို့ကို ငွေကြေး ထောက်ပံ့ကာ စစ်ဖြစ်လိုနေသည့် ဆားဗီးယား အစိုးရနှင့် မပတ်သက်ရန်လည်း ကာတီက တောင်းဆိုသည်။
Source: AP
- By CNI
- Category: ဆောင်းပါး
- Hits: 2738
CNI International Article
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၁
တရုတ်သည် ဆော်ဒီနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး ဆော်ဒီသည် တရုတ်၏အကြီးမားဆုံး ရေနံဝယ်လက် ဖြစ်နေခြင်းကြောင့် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုများမှာ သိပ်မထူးခြား ခြေ။ သို့သော် ယခုတစ်ကြိမ်တွင်တော့ ထူးခြားမှုတချို့ ရှိလာနေပြီ ဖြစ်သည်။
တရုတ်သမ္မတ ရှီ (Xi Jinping)က ဆော်ဒီမြေကို ခြေမချခင်ကတည်းက အမေရိကန်ကို နှပ်ချရန်၊ ဒေသတွင်း အမေရိကန်၏ သြဇာသက်ရောက်မှုကို စွက်ဖက်ရန် ပြောဆိုမှုများ ရှိခဲ့သည်။
တစ်ဖက်တွင်လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)က အရှေ့အလယ်ပိုင်းဒေသတွင် တရုတ်၊ ရုရှား နှင့် အီရန်တို့နေရာ ရလာမည်ကို အမေရိကန်ဘက်က လက်ခံသွားမည် မဟုတ်ဟု ပြောခဲ့သည်။ လွန်ခဲ့တဲ့ ၅ လ ဆော်ဒီခရီးစဉ်တွင် ဘိုင်ဒန်က ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။
အာဖဂန်မှ အမေရိကန်တပ်များ ထွက်ခွာလာရခြင်းမှာလည်း ပင်လယ်ကွေ့နှင့် ဒေသတွင်းမှ နိုင်ငံများအတွက် အရင်းအမြစ်များ ပိုမိုရရှိရန် ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု ဘိုင်ဒန်က အရှေ့အလယ်ပိုင်း မဟာမိတ်များကို စိတ်အေးရန် ပြောကြားခဲ့ရသည်။
သို့သော် ထိုပြောဆိုချက်များက တရုတ်နှင့် ဆော်ဒီ၏ ဆက်ဆံရေးများ ရှေ့မတိုးလာစေရန် အဟန့်အတား မဖြစ် ခဲ့ပါခြေ။ ရှီ၏ ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်နေ့ ဆော်ဒီခရီးစဉ်အတွင်း ဆော်ဒီခေါင်းဆောင်များအပြင် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်မှု ကောင်စီ (GCC) နှင့် သီးခြား ညီလာခံများပါ ဆောင်ရွက်နိုင်ခဲ့သည်။
အမေရိကန်တို့အတွက် ပိုပြီးမျက်ခုံးလှုပ်ရသည်မှာ အာရပ်ခေါင်းဆောင်များက ရှီနှင့်ဆွေးနွေးပွဲများကို ဘိုင်ဒန်နှင့် ဆွေးနွေးပွဲများထက် ပို၍ ခမ်းနားအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက မည်သည့်အတွက်ကြောင့် ယခုကဲ့ သို့ လုပ်ဆောင်ရသလဲဆိုသည့် မေးခွန်းကို ပေါ်ထွက်လာစေသည်။
အဘယ့်ကြောင့်ဆိုသော် အမေရိကန်- ဆော်ဒီ ဆက်ဆံရေးသည် အမေရိကန်-တရုတ် ဆက်ဆံရေးခဲ့သို့ပင် မကျေလည်မှု တချို့ ရှိနေခြင်းကြောင့် ဖြစ်သည်။ အမေရိကန်ဘက်က ဆော်ဒီနှင့်ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းရန် ကြိုးပမ်းနေရင်းနှင့်ပင် ယခုကဲ့သို့ ဖြစ်နေရခြင်း ဖြစ်သည်။
ဘိုင်ဒန်နဲ့ ဆော်ဒီမင်းသားကို တွေ့ရစဉ် (GETTY IMAGES)
ဆော်ဒီနှင့် တရုတ်တို့သည် ယူကရိန်း အရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံအပေါ် ၎င်းတို့၏ သဘောထားကြောင့် အမေရိကန်၏ ဖိအားပေးခြင်းနှင့် ရင်ဆိုင်နေရသည်။
ထိုအခြေအနေကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုကောင်းလာကာ ပို၍ နီးကပ်မှု ရှိလာခြင်း ဖြစ်သည်။ ပင်လယ် ကွေ့ နိုင်ငံများမှ လူငယ်ခေါင်းဆောင် မျိုးဆက်များသည်လည်း လက်ရှိအချိန်တွင် အမေရိကန်နှင့် ပိုမို ကင်းလွတ် ခွင့် ရရှိရေးနှင့် ၎င်းတို့နိုင်ငံများ၏ စွမ်းအင်၊ နည်းပညာနှင့် လုံခြုံရေးဆိုင်ရာ ကဏ္ဍများတွင် ပိုမိုခိုင်မာစေရေး အတွက် ကြိုးပမ်းဆောင်ရွက် လာနေကြသည်။
ထိုအခြေအနေတွင် တရုတ်နိုင်ငံသည် ၎င်းတို့အတွက် သင့်တော်သော မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်လာကာ မှီခိုနိုင် သော စွမ်းအင် အရင်းအမြစ်များ ရှာဖွေမှု၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် ဈေးကွက်ဖြစ်မှု၊ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ကုန်သွယ်မှုတို့ကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးထက် ပို၍ အလေးထား ဆောင်ရွက်လျက်ရှိသည်။
ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်မှု ကောင်စီ(GCS)သည်ပင် ဝီဂါမူဆလင်များနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ အငြင်းပွားဖွယ် မူဝါဒများကို ထောက်ခံသလို ပြောဆိုခဲ့မှုကြောင့် အမေရိကန်နှင့် တခြားနိုင်ငံများ၏ ဝေဖန်မှုဖြင့် ရင်ဆိုင်ခဲ့ရသည်။
၂၀၂၁ ခုနှစ်တွင် ဘိုင်ဒန်အစိုးရက ဆော်ဒီနိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းများ ဆိုးရွားနေမှုနှင့်ပတ်သက်၍ ဝေဖန် ခဲ့သည်။
အနောက်နိုင်ငံများ အနေဖြင့်လည်း ရုပ်ကြွင်းလောင်စာများမှ ဂရင်းစွမ်းအင် ပြောင်းလဲရေးနှင့်ပတ်သက်၍ မသိ ကျိုးကျွံ ပြုနေထိုင်ခဲ့ကြသည်။ သို့သော် ယခုနှစ် အစောပိုင်း ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်စစ်က အခြေအ နေများကို ပြောင်းလဲသွားစေခဲ့သည်။
အမေရိကန်နှင့် ဥရောပ မဟာမိတ်များသည် ရုရှားအရေးကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ရှားပါး ခြင်း သို့မဟုတ် ဈေးကြီးခြင်းဖြင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအခြေအနေက ကိုဗစ်ကူးစက်မှုမှ ပြန်လည် ထူထောင်စ ၎င်းတို့နိုင်ငံများ၏ စီးပွားရေးကို ခက်ခဲစေခဲ့သည်။
ယူကရိန်းစစ်ပွဲအတွင်းက အခြေအနေကိုတွေ့ရစဉ် (AP)
အမေရိကန်၏ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် ရေနံဈေးကို လျှော့ချရေး ဘိုင်ဒန်၏ ဆော်ဒီနိုင်ငံအပေါ် ပြောဆို စည်းရှုံးမှုများသည် အောင်မြင်ခဲ့ခြင်း မရှိပေ။
ဆော်ဒီ ဦးဆောင်သည့် OPEC အဖွဲ့က ရေနံထုတ်လုပ်မှုကို တိုးမြှင့်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အခြား သော အနောက်အုပ်စု ခေါင်းဆောင်များကလည်း ၎င်းတို့၏ နည်းလမ်းများဖြင့် ကြိုးစားခဲ့ကြသည်။
ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဇ် ရှလို့ဇ် ( Olaf Scholz) သည် ရုရှားမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ နေရာ အစိုးရန် အတွက် ရှာဖွေရန် ပင်လယ်ကွေ့ ဒေသသို့ လာရောက်ခဲ့သည်။
သို့သော် တရုတ်ဘက်က ၎င်းတို့ကို ကျော်ဖြတ်ကာ ဒေါ်လာ ဘီလီယံ ပေါင်းများစွာ တန်ကြေးရှိသော တင်ဒါ စာချုပ်များကို ဒေသတွင်း အုပ်ချုပ်သူများနှင့် ချုပ်ဆိုနိုင်ခဲ့သည်။
ပင်လယ်ကွေ့ ဒေသအတွက် ကစားပွဲအသစ်တွင် စွမ်းအင်ကဏ္ဍသည် အဓိကကျသော်လည်း အမေရိကန်ကတော့ ဒေါသထွက်ရန် တခြားကိစ္စများလည်း ရှိနေသေးသည်။ ယခု ကစားပွဲအသစ်မှာ ယခင်ကထက်ပို၍ ရက်စက် ကြမ်းကြုတ်မှုများလည်း ရှိနေသည်။
အမေရိကန်သည် အရေးပါဆုံး အာဏာလွှမ်းခြုံ ထားနိုင်မှုကို မြှင့်တင်ရန် ဘိုင်ဒန်၏ ကသိုက်ကရိုက် ကြိုးပမ်းမှုက အရှေ့အလယ်ပိုင်းနှင့် တခြားသော ဒေသများတွင် အမေရိကန်၏ လိုအပ်ချက်ကြောင့် လစ်ဟာသွားသော နေရာ များကို တရုတ်က အစားထိုး ဝင်ရောက်လိုခြင်း၊ ဝင်ရောက်နိုင်ခြင်း စသည်တို့ကို ထိတ်လန့်ခြင်းမှ အခြေခံသည်။
ထိုအခြေအနေများကြောင့် အမေရိကန်၏ အာရှဗဟိုပြု မူဝါဒများ ပေါ်ပေါက် လာရခြင်းလည်း ဖြစ်သည်။
အာဆီယံနိုင်ငံများ အစည်းအဝေး ကျင်းပနေစဉ် (GETTY IMAGES)
တရုတ်က ယခင်အချိန်များထက် ပိုမိုကြီးမားသော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ရရှိရန် အရှေ့အလယ်ပိုင်း နှင့် ပင်လယ်ကွေ့ ဒေသတို့တွင် အားစိုက် ဆောင်ရွက်နေစဉ် အမေရိကန်သည် တရုတ်၏ မြင့်တက်လာမှုကို ထိန်းသိမ်းရန် မူဝါဒများ ပြောင်းလဲ ဆောင်ရွက်လာနေသည်။
တရုတ်သည် ဒီဂျိုဘူတီ (Djibouti) တွင် ရေတပ် အခြေစိုက် စခန်းတစ်ခု တည်ဆောက်ကာ ပါရှန်ပင်လယ်ကွေ့ တွင် စစ်သင်္ဘောအုပ်စုငယ်များ ပို့ဆောင်ထားသည်။
ထို့အပြင် တရုတ်သည် အယ်လ်ဂျီးရီးယား၊ အီဂျစ်၊ ယူအေအီး၊ အီရန်တို့ဖြင့်လည်း မဟာဗျူဟာမြောက် မိတ်ဖက် သဘောတူညီချက်များ ရရှိထားသည်။ အလားတူ ရုရှား၊ အီရန်တို့ဖြင့်လည်း ကြီးမားသော ရေတပ်စစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်ထားသည်။
စွမ်းအင် လိုအပ်ချက် နည်းသော အမေရိကန်နှင့် မတူသည်မှာ တရုတ်သည် စီးပွားရေး တိုးတက်မှု၊ စစ်ရေး ယန္တရားများနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုအဖြစ် ရှိနေမှုတို့ကို ထိန်းသိမ်းတိုးမြှင့်ရန် ပင်လယ်ကွေ့ဒေသမှ ရေနံနှင့် ဓာတ်ငွေ့ကို လိုအပ်သည်။
အဆိုပါ အခြေအနေများသည် အမေရိကန်ကို ဒေါသဖြစ်စေသည်။ စူပါပါဝါနိုင်ငံ တစ်ခုအနေဖြင့် အမေရိကန်သည် အရှေ့အလယ်ပိုင်း ဒေသကို စစ်ရေး၊ နိုင်ငံရေး စသည်ဖြင့် ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးထားသည်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကိုတွေ့ရစဉ် (GETTY IMAGES)
ထို့အပြင် အမေရိကန်သည် ပါရှန်ပင်လယ်ကွေ့တွင် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွဝ်ရန် လိုအပ်လာပါက စစ်အင်အား အသုံးပြုခွင့်ကိုလည်း ရရှိထားသည်။
GCC နှင့် တရုတ်ဆက်ဆံရေးက သံတမန်ရေးရာ အခြေအနေသစ် တစ်ခုနှင့် ပထဝီဝင် နိုင်ငံရေးဆိုင်ရာ တင်းမာ မှုများအထိ ဖြစ်လာနိုင်ဖွယ် ရှိနေသည်ဟု အမေရိကန်မှ ပြောဆိုမှုများ ရှိလာနိုင်သော်လည်း ထိုကိစ္စကို အဆုံး အဖြတ် ပေးမှာသည် တရုတ်၏ ပြန်လည် ပြင်ဆင်ရေးဝါဒအပေါ်တွင် မူတည်သည်။
ဆိုဗီယက်ယူနီယံနှင့် မတူသည်မှာ တရုတ်က အနောက်အုပ်စု ဦးဆောင်သည့် နိုင်ငံတကာစနစ် အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ထားကာ တခြားသော ကမ္ဘာ့မူဝါဒတစ်ခုနှင့် ကမ္ဘာကို လွှမ်းမိုးရန် ကြိုးပမ်းခြင်းမျိုး မဟုတ်ပေ။
၎င်းက မျှတစွာ ပါဝင်သူ တစ်ဦးအနေဖြင့် ကမ္ဘာ့လမ်းစဉ် အသစ်တစ်ခု၏ မူဝါဒများကို ပူးတွဲဖော်ဆောင်သွားရန် ပြောဆိုထားသည်။
အင်အား ကြီးမားလာခြင်းနှင့် အင်အား လွှမ်းမိုးထားခြင်းတို့က ပေးဆပ်မှုများသော ထိပ်တိုက် တွေ့ဆုံမှုများကို ဖြစ်စေကြောင်း သမိုင်းအခြေအနေများက ပြသခဲ့ပြီး ဖြစ်သည်။
ထိုနည်းတူစွာပင် လိုက်လျောညီထွေဖြစ်မှု၊ ပေါင်းစည်းမှုတို့လည်း ထိပ်တိုက် တွေ့ဆုံခြင်းနှင့် ပြိုလဲခြင်းတို့မှ ကာကွယ်ပေးနိုင်သည်ကို သမိုင်းအခြေအနေများမှ လေ့လာခဲ့ရပြီး ဖြစ်သည်။
ပဋိပက္ခပေါင်းစုံနှင့် စစ်ပွဲများစွာဖြင့် ရင်ဆိုင်ခဲ့ရပြီးဖြစ်သော အရှေ့အလယ်ပိုင်း ဒေသထက် မည်သည့် ကမ္ဘာ့ဒေသ ကမှ ထိုအရာများ၏ အကျိုးအပြစ်များကို ပို၍ သိနိုင်လိမ့်မည် မဟုတ်ပေ။
Source: Al Jazeera
- By CNI
- Category: Watch TV
- Hits: 338
- By CNI
- Category: Watch TV
- Hits: 310
- By CNI
- Category: Watch TV
- Hits: 364
- By CNI
- Category: Watch TV
- Hits: 328
- By CNI
- Category: နိုင်ငံရေး
- Hits: 491
CNI International News
ဝါဆော၊ ဒီဇင်ဘာ ၁၀
ဂျာမနီသည် ဥရောပကို ကြီးစိုးရန် ကြိုးစားနေသည်ဟု ပိုလန်အာဏာရပါတီ ခေါင်းဆောင် ဂျာရိုစလော ကတ်ဇီရန် စကီက ပြောကြောင်း AP သတင်းမှ ဖော်ပြခဲ့သည်။
ပိုလန်လူမျိုးများသည် နောင်တွင် ဂျာမနီ၏ အလိုကျသာ ဖြစ်လာနိုင်ကြောင်း ၎င်းက သတိပေးသည်။
လက်ရှိ အာဏာရ အမျိုးသားကွန်ဆားဗေးတစ်ပါတီ ဥက္ကဋ္ဌ ဂျာရိုစလော ကတ်ဇီရန်စကီ (Jaroslaw Kaczynski) သည် လာမည့်နှစ် ရွေးကောက်ပွဲမတိုင်ခင် ဂျာမနီနိုင်ငံနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ ပြိုင်ဘက်များကိုလည်း ဂျာမန်သစ္စာတော်ခံများဟု ဖော်ညွှန်းခဲ့သည်။
တခြားသော အလယ်ဥရောပ နိုင်ငံများနည်းတူ ပိုလန်လူမျိုး အများစုသည်လည်း ယူကရိန်းအရေးနှင့် ပတ်သက်သည့် ဂျာမနီ၏ ရပ်တည်ချက်အပေါ် ဝေဖန်လျက်ရှိသည်။
အထူးသဖြင့် ရုရှား၏ စွမ်းအင်ကို မှီခိုနေရသော ဓာတ်ငွေ့ဆိုင်ရာ စာချုပ်များကြောင့်ဖြစ်ပြီး ထိုစာချုပ်များက ရုရှားတို့၏ စစ်ရေးလှုပ်ရှားမှုများအတွက် အထောက်အပံ့ ဖြစ်စေလျက်ရှိသည်ဟု ရှုမြင်ထားသည်။
ပိုလန်အထိန်းအမှတ် ကျောက်တိုင်ကိုတွေ့ရစဉ် (AP)
သို့သော် လက်ရှိအာဏာရ ဥပဒေနှင့်တရားမျှတမှုပါတီကို ဝေဖန်သူများက ၎င်း၏ ဂျာမနီဆန့်ကျင်ရေး သဘော ထားသည် ပိုလန်အကျိုးစီးပွားအတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်ရုံမက အနောက်အုပ်စု မဟာမိတ်များနှင့် ဆက်ဆံ ရေးပြတ်တောက်နိုင်သည့် အန္တရာယ်ရှိနေသည်ဟု ထောက်ပြသည်။
ဂျာမနီဘက်မှ ကမ်းလှမ်းထားသော ဒုံးကျည်ကာကွယ်ရေးစနစ် သုံးခုကို ပိုလန်နိုင်ငံဘက်မှ လက်ခံခြင်း ရှိ/မရှိနှင့် ပတ်သက်၍ အာဏာရပါတီ၏ မပြတ်သားမှုက ပို၍ အန္တရာယ်ရှိသည်ဟုလည်း ဝေဖန်သူများက ပြောသည်။
ပြီးခဲ့သည့်လ ယူကရိန်းနှင့် နယ်စပ်အနီး ပိုလန်မြေပေါ်သို့ ဒုံးကျည်တစ်ခု ကျရောက်ခဲ့မှုကြောင့် ဂျာမနီ ဘက်က ထိုသို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ထိုကမ်းလှမ်းမှုကို ကတ်ဇီရန်စကီက ယူကရိန်းမြေပေါ်တွင် သွားရောက် တပ် ဆင်သင့်သည်ဟု တုန့်ပြန်ခဲ့ပြီး ထိုအချက်ကို ဂျာမနီဘက်မှ လက်မခံချေ။
ပြီးခဲ့သည့် အင်္ဂါနေ့မှ ကမ်းလှမ်းမှုများကို လက်ခံကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သော် လည်း ထိုသို့ လက်ခံရခြင်းအအတွက် စိတ်ပျက်မိသည်ဟု ကတ်ဇီရန်စကီက ပြောခဲ့သည်။
ပိုလန်သမ္မတ အန့်ဇတ်ဒူဒါကို လူငယ်များနဲ့အတူ တွေ့ရစဉ် (AP)
ပိုလန်အာဏာရ ပါတီဘက်မှ ယခုကဲ့သို့ ဂျာမနီကို လိုလားဟန် မရှိခြင်းမှာ သက်ကြီးပိုင်း မဲဆန္ဒရှင်များထံမှ မဲများရရှိရေး ကြိုးစားနေမှုဟု ဝေဖန်သူများက ပြောသည်။
ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့က ပိုလန်ကို ကျူးကျော်ခဲ့ကာ ပိုလန်နိုင်ငံသား ၆ သန်းကျော် သေဆုံးခဲ့ သည်။ ထိုအတိတ် ဖြစ်ရပ်များနှင့်ဆက်စပ်၍ သက်ကြီးပိုင်း မဲဆန္ဒရှင်များထံမှ ထောက်ခံမဲ ရရှိအောင် အာဏာရ ပါတီက လုပ်ဆောင်နေခြင်းဟု ဝေဖန်ကြခြင်း ဖြစ်သည်။
သို့သော် ဂျာမနီတွင် ပညာသင်ကြားခဲ့သည့် သို့မဟုတ် အလုပ်လုပ်ခဲ့သည့် ပိုလန်လူမျိုး အများစုကတော့ ခေတ်သစ် ဂျာမနီနိုင်ငံနှင့်ပတ်သက်၍ အကောင်းမြင် သဘောထား ရှိကြသည်။
ပိုလန်၏ အကြီးမားဆုံး အနောက်ဘက် အိမ်နီးချင်း နိုင်ငံဖြစ်သော ဂျာမနီသည် ၎င်းတို့၏ ပင်မကုန်သွယ်ဖက် ဖြစ်ရုံမက နေတိုး(NATO)နှင့် အီးယူ(EU) မဟာမိတ်နိုင်ငံ တစ်ခုလည်း ဖြစ်သည်။ ပိုလန်သမ္မတ အန့်ဇတ်ဒူဒါ (Andrzej Duda) သည် လာမည့် တနင်္လာနေ့တွင် ဘာလင်(ဂျာမနီ)သို့ သွားရောက်ရန် စီစဉ်ထားသည်။
Source: AP
- By CNI
- Category: Watch TV
- Hits: 352
- By CNI
- Category: Watch TV
- Hits: 337
- By CNI
- Category: နိုင်ငံရေး
- Hits: 814
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ဟူးမန်းကျေးရွာ အနီးမှာ တအာင်း အမျိုး သားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲကြောင့် ဟူးမန်းကျေးရွာမှ ဒေသခံများသည် ဇယန်းကြီးကျောင်းတိုက်သို့ ယနေ့ (ဒီဇင်ဘာ ၉ ရက်)တွင် ထွက်ပြေးတိမ်းရှောင်လာကြသည်။
အဆိုပါ တိုက်ပွဲရှောင်များသည် ယနေ့ (ဒီဇင်ဘာ ၉ ရက်) နေ့လယ် ၁ နာရီ ၄၀ မိနစ်က ဟူးမန်းကျေးရွာအုပ်စု၊ ဟူးမန်း ကျေးရွာ၊ ဇယန်းကြီးကျောင်းတိုက်သို့ တိမ်းရှောင်လာကြခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့က ဇယန်းကြီးကျောင်းတိုက်သို့ ရောက်လာသည့် ဟူးမန်းရွာက တိုက်ပွဲ ရှောင်များကိုတွေ့ရစဉ် (Palaung Land)
အရေအတွက် အတည်အကျကိုတော့ မသိရသေးကြောင်း ဒေသတွင်း ပလောင် အဖွဲ့အစည်းများက ပြောသည်။
TNLA နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများသည် နမ့်ဆန်မြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၇ ရက်နေ့မှ စတင်ကာ ဖြစ်ပွား နေခြင်း ဖြစ်သည်။
ထိုတိုက်ပွဲကြောင့် ဇယန်းကြီးကျောင်းတိုက်သို့ မန်လုံး၊ ဟူးမန်း၊ လီဆူရွာမှ ဒေသခံ ၂၀၀ ဝန်းကျင် တိမ်းရှောင်လာခဲ့ကြ သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1122
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉
လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မှ အရပ်သားများ၏ လုံခြုံရေးဆိုင်ရာ ပြဿနာများ အား ဖြေရှင်းနိုင်မှာဖြစ်ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
တရားဥပဒေစိုးမိုးမှု ပျက်ပြားသွားသည့်အတွက် ရာဇဝတ်မှုများ ပိုမိုများပြားလာကြောင်း၊ ထို့နောက် လိမ်လည်မှု၊ ခိုးမှု၊ လုယက်မှု၊ လူသတ်မှု၊ ဓားပြမှု အစရှိသည့် အမှုမျိုးများကအစ ဘာမှမလုပ်နိုင်ပဲ ဖြစ်နေကြောင်း ၎င်းက ပြော သည်။
ဦးကိုကိုကြီးက “အဲဒီတော့ အခြေခံ အကြောင်းအရင်းကတော့ နိုင်ငံရေးပေါ့၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နစက-က နိုင်ငံတော် အာဏာရယူပြီး နောက်ပိုင်း ခုခံမှုတွေ ဆန္ဒပြမှုတွေကနေ နောက်ဆုံး လက်နက်ကိုင် ခုခံမှုတွေအထိ ပေါ့နော်၊ အရပ်သား သေကြေပျက်စီးမှုတွေ ရပ်ရွာအိုးအိမ် မီးလောင် ဖျက်ဆီးခံရတာတွေ အစရှိသဖြင့် ဒါနောက် ဆုံး ပြောရရင် ဗုဒ္ဓဘာသာရဟန်း သံဃာတော်တွေ အခုလိုမျိုး အပါး ၈၀ လောက်အထိ ရှိသွားပြီပေါ့နော်၊ သေကြေ ပျက်စီးတာတွေ အရပ်သား သေကြေပျက်စီးမှုဆိုလည်း ၇၀၀၀ ကျော် ဒါဟာ ကျနော်တို့ သမိုင်းမှာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ အနိဋ္ဌာရုံတွေ ကြုံနေရတာလို့ ကျနော်တို့ ပြောရမှာပဲ၊ ဒါကြောင့် အခြေခံ နိုင်ငံရေးပြဿနာကို ဖြေရှင်း နိုင်ဖို့က အရေးကြီးတယ်လို့ မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ကျပ်သန်းပေါင်း ၄ သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ ဖမ်းဆီးရမိစဉ်
မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်းကနေ လက်နက်ကိုင်ပဋိပက္ခများ နိုင်ငံအနှံ့ဖြစ်ပွားလာပြီးနောက် လက်နက်နှင့် မူးယစ်ဆေးဝါး စီးဆင်းမှုများလည်း တစ်ပါးတည်း ဝင်ရောက်လာခဲ့သည်။
ထို့နောက် အရပ်သားများသည် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်ခံရမှုများဖြင့် ရင်ဆိုင်လာနေကြရသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးကို လက်နက်ကိုင်အဖွဲ့အစည်းအချို့မှ လုပ်ကိုင်နေကြကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ခင်ညွှန့်တို့၊ သန်းရွှေတို့ မူးယဇ်ဆေးဝါးနဲ့ အုပ်ချုပ်လာတာပဲလေ ၂၅ နှစ်တောင် အုပ်ချုပ်သွားတာ၊ သိန်းစိန် တက်လာတော့မှ နည်းနည်းပါးပါးလေး တန့်သွားတာ၊ နည်းနည်းပါးပါးလေး ပြောတာ၊ ဒါပေမယ့်လို့ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ပြည်သူ့စစ်တွေက အဲဒီအလုပ်နဲ့ပဲ လုပ်စားနေတာ၊ AA ဆို မူးယဇ်ဆေးဝါးနဲ့ပဲ လက်နက်တွေ ဝယ်၊ AA တပ်ကို ထူထောင်တာပဲကွ” ဟု ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA)ကိုတွေ့ရစဉ် (GETTY IMAGES)
AA ကို မူးယစ်ဆေးဝါးဖြင့် ထူထောင်သည်ဆိုသော စွပ်စွဲချက်နှင့် ပတ်သက်ပြီး AA မှ တာဝန်ရှိသူများထံ ဆက် သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားမှု မရှိပေ။
လက်ရှိ မူးယစ်ဆေးဝါးကြောင့် လူငယ်များ၏ အခြေခံ အကျင့်စာရိတ္တများ ပျက်စီးလာကြောင်း၊ လူငယ်မျိုးဆက် များအတွက် ပြဿနာဖြစ်နေကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြောရရင် ကျနော်တို့ နိုင်ငံလို နိုင်ငံမျိုးပေါ့နော်၊ လုံခြုံရေးစည်းမျဉ်း၊ စည်းကမ်းတွေ ရှိသော်ငြားလည်းပဲ ဒါ ကို လိုက်နာနိုင်မှု အားနည်းတယ်၊ တစ်ဖက်က ဖော်ဆောင်သော်ငြားလည်း လိုက်နာသူဖက်က ပျက်ကွက်တဲ့ဟာ ရှိတယ်၊ တစ်ခါ ဖော်ဆောင်သူ ဖက်မှာလည်း ခုနပြောသလို အဂတိလိုက်စားမှု ဘာညာရှိတဲ့ အခါကြတော့ ယိုပေါက်ဟာပေါက်တွေ ဖြစ်လာတဲ့ အခါကြတော့ ကျနော်တို့ နိုင်ငံရဲ့ လုံခြုံရေးအတွက်ကတော့ ခြိမ်းခြောက်မှု အင်မတန်ကြီးတဲ့ အနေအထားမှာ ရှိပါတယ်။ အထူးသဖြင့် မူးယဇ်ဆေးပေါ့၊ အရင်တုန်းက ကျနော်တို့ ကျောင်း သား ဘဝမှာ ကြားခဲ့ဖူးတာက ဘိန်းဖြူ၊ နံပါတ်ဖိုးဆိုတာ ဒါအမြင့်ဆုံးပေါ့၊ နောက်ပိုင်း မူးယဇ်ဆေးဝါးဖြစ်တဲ့ ICE တို့၊ ယာမတို့ ဘာတို့ ပေါ်လာတဲ့ အချိန်ရောက်တော့ ပိုပြီး အဆင့်မြင့် သွားတာပေါ့၊ တကယ်ကို ကမ်မစ်ကယ် တွေနဲ့ ထုတ်လုပ်တာ ဘိန်းဆို သူ့ Process က ကျနော်တို့ လေ့လာထားသလောက် တော်တော်လေးကို အရင်းအနှီးများပြီးတော့ အချိန်ယူရတဲ့ လုပ်ငန်းပေါ့၊ ICE တို့ဆိုရင် ၁၀ ပေပတ်လည် အခန်းကျဉ်းလေးတစ်ခုနဲ့ ဆေးပြားရိုက်စက်လေးရှိရင် လိုချင်သလောက် အများကြီးထုတ်လို့ ရတယ်၊ အဲဒါမျိုးတွေက ဘာဖြစ်စေလဲဆိုတော့ မူးယဇ်ဆေးဝါးကြောင့်ပဲ ကျနော်တို့ ဒီလူငယ်တွေရဲ့ အခြေခံ အကျင့်စာရိတ္တပျက်စီးမယ်၊ နောက်တစ်ခါ ကျန်းမာ ရေးပေါ့၊ လူငယ်မျိုးဆက်သစ်တွေအတွက် အဓိက ပြဿနာဖြစ်နေတဲ့ အပိုင်း” ဟု ပြောသည်။
နွေဦးတော်လှန်ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကိုတွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က အရပ်သားအစိုးရကို တပ်မတော်က ဖြုတ်ချပြီးနောက် ပြည်တွင်းတွင် လက်နက်နှင့် မူးယစ်ဆေးဝါး ဝင်ရောက်ပျံ့နှံ့မှု များပြားလာကာ တရားဥပဒေစိုးမိုးမှု အားနည်းလာကြောင်း၊ တရားဥပဒေစိုးမိုးမှုကြောင့် ခိုးမှု-လုယက်မှု- လူသတ်မှု- ဓားပြမှုများ မကြာခဏ ဖြစ်ပွားလာကြောင်း၊ ထို့နောက် အရပ်သား ပြည်သူများ၏ လုံခြုံရေးများလည်း ခြိမ်းခြောက်ခံလာရကြောင်း သိရသည်။
ထို့ကြောင့် အရပ်သား ပြည်သူများ၏ လုံခြုံရေးကို ခြိမ်းခြောက်လာနေသော လက်နက်နှင့်မူးယစ်ဆေးဝါးများ အဆမတန် ပြည်တွင်းသို့ ဝင်ရောက်ပျံ့နှံ့လာနေမှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများက ပြန်လည် ထိန်းသိမ်း ပေးရန် ပြည်သူအများက တောင်းဆိုနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 563
CNI International News
အာမတ်ဒါဘတ်၊ ဒီဇင်ဘာ ၉
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi)၏ BJP ပါတီသည် သူ၏မွေးရပ်မြေ ဂူဂျာရတ်ပြည်နယ်တွင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်ဟု ကြာသပတေးနေ့ မဲရေတွက်မှုများတွင် တွေ့ခဲ့ရကြောင်း AFP သတင်း တွင် ဖော်ပြသည်။
အဆိုပါ အနိုင်ရလဒ်သည် လာမည့် ၂၀၂၄ ရွေးကောက်ပွဲမတိုင်ခင် ကောင်းမွန်သော စွမ်းဆောင်ရည် ဖြစ်သည်။
လူဦးရေ သန်း ၆၀ နီးပါး နေထိုင်သော ဂူဂျာရတ်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ် ၁၈၂ နေရာရှိကာ BJP ပါတီက အနည်းဆုံး ၁၄၇ နေရာကို အနိုင်ရရှိခဲ့သည်။
သို့သော် မဲရေတွက်မှု အားလုံး ပြီးဆုံးချိန်တွင် နောက်ထပ် ၉ နေရာ ထပ်မံရရှိမည်ဟုလည်း ခန့်မှန်းထားသည်။
မိုဒီသည် သူ၏မွေးရပ်မြေတွင် မဲဆွယ်စည်းရုံးမှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့သည်။
ကွန်ဂရက်ပါတီ ခေါင်းဆောင်များကိုတွေ့ရစဉ် (GETTY IMAGES)
မိုဒီသည် ၂၀၁၄ ခုနှစ်က အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်မလာခင် ထိုပြည်နယ်တွင် ၁၂ နှစ်ကြာ ပြည်နယ်ဝန်ကြီး ချုပ်အဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။
မဲရလဒ်ကြောင့် အလွန်အင်မတန် စိတ်လှုပ်ရှားရကြောင်း၊ ပြည်နယ်သူ/သားများကို ကျေးဇူးတင်ကြောင်း မိုဒီက တွစ်တာတွင် ရေးသားခဲ့သည်။
မိုဒီ ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဂူဂျာရတ်ပြည်နယ်တွင် လူဦးရေ ၁၀၀၀ နီးပါး သေဆုံးခဲ့ရသော လူမျိုးရေးပြဿနာ ဖြစ်ပွားခဲ့ဖူးသည်။ အဆိုပါ သေဆုံးသူ အများစုမှာ မူဆလင်များ ဖြစ်သည်။
ဂူဂျာရတ်ပြည်နယ်တွင် ဒီဇင်ဘာ ၁ ရက်နေ့မှ ၅ ရက်အထိ မဲပေးမှု လုပ်ဆောင်ခဲ့ရာ မဲပေးမှု မစတင်ခင်က ရေပန်း စားခဲ့သော ကွန်ဂရက်ပါတီမှာ အဆိုးရွားဆုံး ရလဒ်အဖြစ် နေရာ ၁၆ နေရာသာ အနိုင်ရခဲ့သည်။
AAP ခေါင်းဆောင်များကိုတွေ့ရစဉ် (GETTY IMAGES)
BJP သည် နယူးဒေလီနှင့် ပန်ဂျပ်ကို အုပ်ချုပ်နေသော AAP ပါတီ၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အဆိုပါ ပါတီမှာ ၅ နေရာသာ အနိုင်ရရှိခဲ့သည်။
BJP ပါတီသည် ဂူဂျာရတ်ပြည်နယ်ကို ၂၇ နှစ်ဆက်တိုက် အုပ်ချုပ်ခဲ့ကာ ၎င်းနှင့် မဟာမိတ်ပါတီများသည် အိန္ဒိယ၏ ပြည်နယ် ၂၈ ခုမှ ၁၆ ခုကို ကြီးစိုးထားသည်။
မဲဆွယ်ကာလအတွင်း BJP သည် လူမှုကွန်ယက်ကို အင်တိုက်အားတိုက် အသုံးချခဲ့သလို ခရစ်ကတ် ကစားသမား ဟောင်းတစ်ဦးနှင့် လက်ရှိ ကစားသမားတစ်ဦးတို့၏ ဇနီးသည်တို့ကိုလည်း အသုံးချ မဲဆွယ်ခဲ့သည်။
အစောပိုင်း ရလဒ်များတွင်လည်း BJP သည် အူတာပရာဒတ်ရှ် ပြည်နယ်တွင် ကြီးကြီးမားမား အနိုင်ရရှိခဲ့သော် လည်း ဟီမာချယ် ပရာဒတ်ရှ် ပြည်နယ်တွင်တော့ ကွန်ဂရက်ပါတီကို ရှုံးနိမ့်ထားသည်။
လာမည့် ၂၀၂၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားပြီး အသက် ၇၂ နှစ်အရွယ် မိုဒီပဲ တတိယသက်တမ်းကို အနိုင်ရရှိလိမ့်မည်ဟု ခန့်မှန်းမှုများ ရှိနေသည်။
Source: CNA
- By CNI
- Category: နိုင်ငံရေး
- Hits: 656
CNI International News
ဗျူနိုအေရိစ်၊ ဒီဇင်ဘာ ၉
သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဒေါ်လာ ၁ ဘီလီယံကို အလွဲသုံးစားလုပ်မှုဖြင့် အာဂျင်တီးနား ဒုသမ္မတ ခရစ္စတီးနား ဖာနန်ဒက်ဇ်ကို ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း AP သတင်းတွင်ဖော်ပြသည်။
ပြည်သူ့လုပ်ငန်းများအတွက် ငွေကို အလွဲသုံစားမှုကြောင့် သူမသည်နိုင်ငံရေးလောကမှ ရာသက်ပန် ဖယ်ရှားခံခဲ့ရ ပြီလည်း ဖြစ်သည်။
တရားသူကြီး ၃ ဦးပါသော အဖွဲ့က အလွဲသုံးစားမှုဖြင့် သူမကို ပြစ်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။ ဖာနန်ဒက်ဇ်သည် တရားမဝင် ရာဇဝတ်ဂိုဏ်းတစ်ခုကို ဖွဲ့စည်းမှုဖြင့်လည်း စွပ်စွဲခံထားရသော်လည်း ယင်းကို တရားသူကြီးများက ပယ်ဖျက်ခဲ့သည်။ ထိုအမှုတွင်ပါ အပြစ်ရှိကြောင်းတွေ့ရလျှင် သူမ၏ ပြစ်ဒဏ်မှာနှစ်ဆ ဖြစ်လာနိုင်သည်။
ဖာနန်ဒက်ဇ်သည် တာဝန်ယူချိန်အတွင်းအပြစ်ပေးခံရသည့် ပထမဆုံးသော ဒုတိယသမ္မတအဖြစ်လည်း အာဂျင်တီးနားသမိုင်းတွင် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။ ၂၀၀၇ မှ ၂၀၁၅ အထိ သမ္မတအဖြစ် ထမ်းဆောင် ခဲ့သော ဖာနန်ဒက်ဇ်က တရားရင်ဆိုင်ရချိန်တွင် သူမသည် မတရားခံခဲ့ရသည်ဟု ထွက်ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် လာမယ့်နှစ် သမ္မတရွေးကောက်ပွဲကို မဝင်တော့ဟု ပြောသည်။ ပြစ်ဒဏ်ချခံခဲ့ရသော်လည်း ၎င်းသည် အယူခံနှင့်ပတ်သတ်၍ မဆုံးဖြတ်မချင်း အကျုံးဝင်ဦးမည်မဟုတ်ပေ။ အယူခံဖြစ်စဉ်သည် နှစ် အနည်းငယ် ကြာမြင့်နိုင်ကာ ဖာနန်ဒက်ဇ်သည်လည်း ဖမ်းဆီးခံရဦးမည်မဟုတ်ပေ။
အာဂျင်တီးနားသမ္မတဟောင်း ခရစ္စတီးနား ဖာနန်ဒက်ဇ်အား ထောက်ခံသူများသည် တရားရုံးအပြင်ဘက်တွင် တရားသူကြီးများက သူမအား အကျင့်ပျက်ခြစားမှုဖြင့် စီရင်ချက်ချမည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့၌ စုရုံးကာ ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်(ဓါတ်ပုံ-အေပီ)
ပြစ်ဒဏ်ချခံရမှုကြောင့် ဖာနန်ဒက်ဇ်ကို ထောက်ခံသူများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သပိတ်မှောက်မည် ဟုပြောသည်။ ထောက်ခံသူများသည် မြို့တော် ဗျူနိုအေးရိစ် (Buenos Aires) မြို့လယ်မှ ဖက်ဒရယ်တရားရုံး အဆောက်အဦသို့ချီတက်ခဲ့ကြသည်။
ဖာနန်ဒက်ဇ်က သူမအပေါ်စွဲထားသော စွဲချက်များအားလုံးကို ငြင်းဆိုထား သည်။ သူမသည် မိသားစုနှင့် နီးစပ်သော ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုနှင့် ပြည်သူ့လုပ်ငန်း စာချုပ်များကို ချုပ်ဆိုရာတွင် အလွဲသုံးစားမှု လုပ်ခဲ့သည်ဟု စွပ်စွဲခံထားရခြင်းဖြစ်သည်။ဖာနန်ဒက်ဇ်သည် တိုင်းပြည်အတွင်း ချစ်သူ၊ မုန်းသူများကို ပိုင်ဆိုင်ထားခြင်းကြောင့် သူမကိုပြစ်ဒဏ်ချမှတ်ခြင်းက အာဂျင်တီးနားနိုင်ငံ၏ နိုင်ငံရေးအခြေအနေမှာ ဆိုးရွားလာဖို့ရှိနေသည်။
ဖာနန်ဒက်ဇ်သည် အပြစ်ကင်းစင်ကြောင်းနှင့် သူမကို တရားရုံးစစ်ဆေးမှုများတွင် လိုအပ်ချက်များရှိနေသည်ဟု လက်ရှိ အာဂျင်တီးနားသမ္မတ အဲလ်ဘာတို ဖာနန်ဒက်ဇ် (Alberto Fernandez) က ပြောသည်။ ဖာနန်ဒက်ဇ်သည် သူမအပြင် ကွယ်လွန်ခဲ့ပြီဖြစ်သော သူမ၏ခင်ပွန်းသမ္မတဟောင်း နက်စ်တိုကစ်ချနာ (Nestor Kirchner)တို့နှင့် နီးစပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Lázaro Báez နှင့် ပြည်သူပိုင်လုပ်ငန်း ၅၁ ခုကို စာချုပ်ချုပ် ဆိုရာတွင် အလွဲသုံးစားမှုများကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း အစိုးရရှေ့နေများက ပြောသည်။
Source:AP
Page 30 of 136