CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

တောင်ကိုရီးယားကို သတိပေးမှုအဖြစ် မြောက်ကိုရီးယားက ဒုံးကျည်များပစ်လွှတ်

By CNI
CNI
Category: Watch TV
Hits: 670

Share
Tweet
Share
Share
powered by social2s

တမူးဖြစ်စဉ်ကို စစ်ဆေးကာ ကျူးလွန်သူအား ထိရောက်စွာအရေးယူမည်ဟု NUG ပြော

By CNI
CNI
Category: Watch TV
Hits: 733

Share
Tweet
Share
Share
powered by social2s

ဒေါ်အောင်ဆန်းစုကြည်က အလိမ်ခံမှာ မဟုတ်တော့ဘူး

By CNI
CNI
Category: Watch TV
Hits: 1649

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယားက တောင်ကိုရီးယားနယ်စပ်အနီး ဒုံးကျည် ပစ်လွှတ် (AP)

တောင်ကိုရီးယားကို သတိပေးမှုအဖြစ် မြောက်ကိုရီးယားက ဒုံးကျည်များပစ်လွှတ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1051

CNI International News

ဆိုးလ်၊ ဒီဇင်ဘာ ၆

မြောက်ကိုရီးယားနိုင်ငံက ဒီဇင်ဘာ ၅ ရက်နေ့က နှစ်နိုင်ငံ၏ အနောက်နှင့်အရှေ့ဘက် ပင်လယ်နယ်စပ် ရေပြင် အနီးသို့ အမြောက်ပစ်ခတ်မှု အကြိမ်ရေ ၁၃၀ နီးပါး ပြုလုပ်ခဲ့သည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ စစ်ရေးလှုပ်ရှားမှုက အိမ်နီးချင်း နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုမို ဆိုးရွားလာစေခဲ့သည်။

ယခု ပစ်ခတ်မှုများသည် တောင်ကိုရီးယား၏ ချော်ဝန် (Cheorwon)ကုန်းတွင်း နယ်စပ်မြို့အနီး အမြောက် လေ့ကျင့်ရေး လုပ်ဆောင်နေမှုအပေါ် သတိပေးခြင်း ဖြစ်ကြောင်း၊ တောင်ကိုရီးယာားနိုင်ငံသည် တင်းမာမှုများကို ပိုများလာအောင် လုပ်ဆောင်နေသည်ဟုလည်း မြောက်ကိုရီးယားစစ်တပ်က စွပ်စွဲသည်။

မြောက်ကိုရီးယားသည် ဒုံးကျည်များ ပစ်လွှတ်ခြင်းကို တနင်္လာနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံ၏ အရှေ့နှင့်အနောက် ဘက် ကမ်းရိုးတန်းဒေသများမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောသည်။

ထိုပစ်ခတ်မှုများသည် စစ်မဲ့ဇုန်၏ မြောက်ဘက်အတွင်းသို့ ကျရောက်ခဲ့သည်ဟု သိရသော်လည်း တောင်ကိုရီးယား ပိုင်နက်တွင်းသို့ ကျရောက်ခဲ့ခြင်း ရှိ/မရှိကိုတော့ မသိရသေးပေ။

တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ကိုတွေ့ရစဉ် (GETTY IMAGES)

တောင်ကိုရီးယားစစ်ဘက်က ယခုပစ်ခတ်မှုများနှင့်ပတ်သတ်၍ မြောက်ကိုရီးယားကို နှုတ်အားဖြင့် သတိပေးမှု ပြုလုပ်ထားကာ သဘောတူညီချက်များကို လိုက်နာရန် တိုက်တွန်းထားသည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့က မြောက်ကိုရီးယား၏ စစ်ရေးလှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့် လျက်ရှိပြီး ပေါ်ပေါက် လာနိုင်သည့် အရေးပေါ် အခြေအနေများအတွက် အဆင်သင့် ပြင်ထားသည်ဟုလည်း တောင်ကိုရီးယားစစ်ဦးစီးချုပ်က ကြေညာချက် တစ်စောင် ထုတ်ပြန်ကြေညာထားသည်။

တောင်ကိုရီးယား စစ်တပ်သည် ဒုံးကျည်မျိုးစုံ ပစ်ခတ်ခြင်းစနစ်များနှင့် ဟောင်ဝစ်ဇာ (howitzer) များ အပါအဝင် အမှန်တကယ် ပစ်ခတ်လေ့ကျင့်မှုများကို တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ ချော်ဝန်ဒေသရှိ မတူညီသော နေရာနှစ်ခု တွင် ပြုလုပ်လျက်ရှိသည်။

မြောက်ကိုရီးယားဘက်မှ ပစ်ခတ်တုန့်ပြန်မှုများ မတိုင်ခင် ရက်ပိုင်းအတွင်း အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က မြောက်ကိုရီးယားရှိ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းတချို့ကို ပစ်မှတ်ထားသည့် အရေးယူ ဒဏ်ခတ်မှုများ ချမှတ်ကြောင်း ကြေညာခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆူဒန်စစ်တပ်နဲ့ နိုင်ငံရေးအင်အားစုများ အသွင်ကူးပြောင်းရေးသဘောတူလက်မှတ်ထိုးကြစဉ် (GETTY IMAGES)

ဆူဒန်စစ်တပ်နှင့် နိုင်ငံရေးအင်အားစုများကြား အသွင်ကူးပြောင်းရေးသဘောတူ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1414

CNI International News

ခါတွန်၊ ဒီဇင်ဘာ - ၆

ဆူဒန်အာဏာသိမ်း စစ်တပ်နှင့် နိုင်ငံရေးပါတီများက ရွေးကောက်ပွဲ ကျင်းပရေးဆိုသော အချက် ပါဝင်သည့် အသွင်ကူးပြောင်းရေးဆိုင်ရာ မူဘောင်တစ်ခုကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း  အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ သဘောတူညီချက်သည် ၂၀၂၁ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မတင်မကျ အခြေအနေကို အဆုံးသတ် ပေးမည်လည်း ဖြစ်သည်။

သို့သော် တနင်္လာနေ့တွင် ရေးထိုးခဲ့သော သဘောတူညီချက်ကို စစ်တပ်ဆန့်ကျင့်ရေး ဆန္ဒပြ အဖွဲ့အစည်းများနှင့် ခေါင်းဆောင်ဟောင်း အိုမာအယ်လ် ဘာရှား(Omar al-Bashir) ကိုထောက်ခံသည့် အဖွဲ့အစည်းများ အပါအဝင် ပင်မနိုင်ငံရေး အင်အားစုများက ကန့်ကွက်သည်။

ဆူဒန်စစ်တပ် ခေါင်းဆောင် အဘ်ဒဲလ်-ဖာတတ် ဘာဟန်ကိုတွေ့ရစဉ် (AFP)

ကနဦး သဘောတူညီချက်တွင် ဝန်ကြီးချုပ်တစ်ဦးမှ ဦးဆောင်မည့် လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီတွင် စစ်တပ်၏ ပါဝင်မှုကို ကန့်သတ်ထားမည် ဖြစ်သည်။

သို့သော်လည်း အသွင်ကူးပြောင်းရေးဆိုင်ရာ တရားရေးနှင့် လုံခြုံရေးကဏ္ဍပြောင်းလဲမှု အပါအဝင် ထိလွယ်ရှ လွယ်သော အကြောင်းအရာများနှင့်ပတ်သတ်၍ ဆက်လက် ဆွေးနွေးရဦးမည် ဖြစ်သည်။

ယခု သဘောတူညီချက်တွင် စစ်တပ်အနေဖြင့် ဝန်ကြီးချုပ်သစ် လက်အောက်တွင် ပေါ်ပေါက်လာမည့် လုံခြုံရေး နှင့်ကာကွယ်ရေးကောင်စီ အသစ်၏ အစိတ်အပိုင်း တစ်ခုအဖြစ် ရှိနေပေးရန်လည်း တောင်းဆိုထားသည်။

ဆူဒန် လက်နက်ကိုင် တပ်ဖွဲ့များကို စုစည်းရန်နှင့် စစ်တပ်ပိုင်ကုမ္ပဏီများအပေါ် ထိန်းချုပ်မှုများ လုပ်ဆောင်ရန် လည်း သဘောတူညီချက်တွင် တိုက်တွန်းထားသည်။

ဆူဒန်စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်နေကြစဉ်(GETTY IMAGES)

အဆိုပါ သဘောတူညီချက်အား ဆူဒန်နိုင်ငံကို အုပ်ချုပ်နေသည့် ဗိုလ်ချုပ်နှစ်ဦးဖြစ်သော အဘ်ဒဲလ်-ဖာတတ် ဘာဟန် (Abdel-Fattah Burhan)၊ မိုဟာမက် ဟမ်ဒန် ဒါဂါလို (Mohammed Mamdan Dagalo) တို့နှင့် နိုင်ငံ၏ အကြီးမားဆုံး ဒီမိုကရေစီ လိုလားသည့်အဖွဲ့ (Forces of Freedom and Change)မှ ခေါင်းဆောင်များက ခါတွန်ရှိ ရီပတ်ပလီကန် နန်းတော်တွင် လက်မှတ်ရေးထိုးခဲ့သည်။

သို့သော် အထက်ပါ သဘောတူညီချက်ကို ဒီမိုကရေစီလိုလားသည့် Resistance Committee မှ ခေါင်းဆောင်များ က ဆန့်ကျင်ရန် တောင်းဆိုထားသည်။

အသွင်ကူးပြောင်းမှုဆိုင်ရာ တရားရေးနှင့်လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများသည် မည်သည့် သဘောတူညီမှု မျိုးတွင်မဆို အစပိုင်းကတည်းက ပါဝင်ရမည်ဟုလည်း ၎င်းတို့က ယုံကြည်ထားသည်။

သမ္မတနန်းတော်တွင် အသွင်ကူးပြောင်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးမှု မတိုင်ခင် ဆန္ဒပြသူများက ခါတွန်မြို့ရှိ ဧရိယာအနည်းဆုံး ၂ ခုခန့်၌ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

သို့သော် ယခုသဘောတူညီချက်ကို ကုလသမဂ္ဂ အပါအဝင် တခြားသော နိုင်ငံများက ကြိုဆိုခဲ့ကြသည်။ ဆူဒန် စစ်တပ်သည် အာဏာသိမ်းယူပြီးနောက် ဝန်ကြီးချုပ်သစ်ကို ခန့်အပ်ခဲ့ခြင်း မရှိခဲ့သောကြောင့် စစ်တပ်နှင့် Forces of Freedom and Change အဖွဲ့တို့အကြား အာဏာခွဲဝေရေး သဘောတူညီချက် ရရှိရန် ခက်ခဲခဲ့ရခြင်း ဖြစ်သည်။

Source: Al Jazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ကို အီရန် ဖျက်သိမ်း

By CNI
CNI
Category: Watch TV
Hits: 697

Share
Tweet
Share
Share
powered by social2s

ဂါဇာမှ ဒုံးကျည်တိုက်ခိုက်မှုကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုဖြင့် တုန့်ပြန်

By CNI
CNI
Category: Watch TV
Hits: 757

Share
Tweet
Share
Share
powered by social2s

နစကနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးလာနိုင်

By CNI
CNI
Category: Watch TV
Hits: 690

Share
Tweet
Share
Share
powered by social2s

ဆီးရီးယားတောင်ပိုင်း အစိုးရရုံးတစ်ခုကို ဆန္ဒပြသူများက ဝင်ရောက်စီးနင်း မီးရှို့

By CNI
CNI
Category: Watch TV
Hits: 791

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် စကားပြောနေကြစဉ် (GETTY IMAGES)

နစကနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးလာနိုင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 2353

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅

အာဆီယံအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု အဆင်ပြေပါက နစကနှင့်လည်း တွေ့ဆုံဆွေး‌နွေး လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ နိုင်ငံရေးပဋိပက္ခများကို နိုင်ငံတကာအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှသာလျှင် ဖြေရှင်းနိုင် မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ထုတ်ပြန်ထားကြောင်း ၎င်းက ပြောသည်။

ဦးရဲထွန်းက “ကမ္ဘာပေါ့၊ ကမ္ဘာဆိုတာ အထူးသဖြင့် အာဆီယံအထူးကိုယ်စားလှယ်နဲ့ ကျနော်တို့ နိုင်ငံရေး သုံးသပ် သူတွေရဲ့ အမြင်ကတော့ Point က ဒေါ်အောင်ဆန်းစုကြည်ပဲ။ Point က ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဆွေးနွေးပြီးတော့ အဆင်ပြေတယ်ဆိုရင် ဥပမာအားဖြင့်ပေါ့ဗျာ၊ ၂၀၂၃ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ NLD က ပြန်ပြီးတော့ ပါဝင်ယှဉ်ပြိုင်မယ်၊ ပါဝင်ယှဉ်ပြိုင်ခွင့် ရမယ်ဆိုရင် ရွေးကောက်ပွဲရလဒ်ကလည်းပဲ ကျနော့်ခန့်မှန်းခြေက NLD ပဲ ပြန်နိုင်မယ်၊ အဲဒီလို ဖြစ်လာလို့ ရှိရင်တော့ ခုနက NUG တို့၊ PDF တို့ဆိုတာက တဖြည်းဖြည်း လုံးပါး ပါးသွားမှာပါ။ NLD အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်တဲ့ဟာကို သူတို့ လက်ခံနိုင်စရာရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှသာလျှင် အရေးကြီးတယ်ဆိုတဲ့ဟာ သူတို့ ကြေညာ ချက် ထုတ်ထားတာလည်း ရှိတယ်လေ၊ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီး ဆွေးနွေးတာကတော့ ပိုပြီး တော့ main အဓိက ကျလိမ့်မယ်လို့ ထင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်ကိုတွေ့ရစဉ်

နစကနှင့် ဒေါ်ဆောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု ဖြစ်/မဖြစ်ဆိုသည့်ကိစ္စမှာ အာဆီယံ၏ ပံ့ပိုးကူညီမှုနှင့် သက်ဆိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီတော့ ဆွေးနွေးမှု ညှိနှိုင်းမှုဆိုတာ မရှိဘူးလို့လည်း မပြောနိုင်ဘူးလို့ နိုင်ငံရေးအားဖြင့် စဉ်းစားတဲ့အခါ မှာ ဗိုလ်ချုပ်ဇော်မင်းထွန်း ကလည်း ပြောတယ်၊ လက်ရှိသွားနေတဲ့ ပုံစံအရ ကြည့်တဲ့အခါမှာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ဆွေးနွေးခြင်းအားဖြင့် လက်ရှိ SAC က ဘာအကျိုးအမြတ် ရမှာလဲ၊ ဒေါ်အောင်ဆန်းစုကြည်က ဘာလုပ် ပေးနိုင်မှာလဲ၊ အဲဒါလေးတွေလည်း တွေးကြည့်ရမှာပေါ့၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖျန်ဖြေကောင်း၊ ဖျန်ဖြေ နိုင်တာပေါ့။ ခုနပြောသလို လက်ရှိ အကျဉ်းအကျပ်က ဘယ်လို ရုန်းထွက်မှာလဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပွဲ ဖြစ်မဖြစ်ကတော့ဗျာ၊ အာဆီယံနဲ့ ပံ့ပိုးကူညီမှုနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းအ‌ပေါ်မှာ SAC ဘယ်လို သုံးသပ် ခန့်မှန်းသလဲဆိုတာနဲ့ ဆိုင်မယ်ထင်တယ်၊ ဒါပေမယ့် SAC ဖက်က ပြင်ဆင်ထားပုံ ပေါက်တယ်” ဟု ပြော သည်။

မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်မှ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် တောင်းဆိုထားပြီး နစကဘက်ကလည်း လာမည့် မြန်မာပြည် ခရီးစဉ်မှာ တွေ့ခွင့် ပေးမည်ဟု ကတိပြုထားကြောင်း ပြောကြားထားသည်။

ထို့နောက် အာဆီယံအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု အဆင်ပြေပါက နစကနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်း ဖြစ်လာနိုင်ကြောင်း နိုင်ငံရေး အသိုင်း အဝိုင်းကြားတွင် သုံးသပ်မှုများလည်း ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည် ထောက်ခံကြောင်း ပြသနေကြစဉ်(GETTY IMAGES)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဆွေးနွေးဘဲ နစကနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု ဖြစ်နိုင်စရာမရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တော့ ရှိမယ်မထင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးလည်း ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ သူ့ရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH တို့၊ NUG အစိုးရအဖွဲ့တို့နဲ့ မဆွေးနွေး ဘဲနဲ့ မင်း‌အောင်လှိုင်နဲ့ သီးသန့်ဆွေး‌နွေးစရာ အကြောင်းမရှိဘူးလို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် နိုင်ငံတော်အာဏာကို ရယူပြီးနောက် မြန်မာ့တပ်မတော်ကို ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများ နိုင်ငံအနှံ့ ဖြစ်ပွားလာခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည် အခြေအနေများသည် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အစိုးရရုံးတစ်ခုရှေ့တွင် ဆန္ဒပြသူများက မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ထားစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

ဆီးရီးယားတောင်ပိုင်း အစိုးရရုံးတစ်ခုကို ဆန္ဒပြသူများက ဝင်ရောက်စီးနင်း မီးရှို့

By CNI
CNI
Category: နိုင်ငံရေး
Hits: 1358

CNI International News

အန်မန်၊ ဒီဇင်ဘာ ၅

ဆီးရီးယားနိုင်ငံ၏ စီးပွားရေးအခြေအနေဆိုးရွားနေမှုအပေါ် ဒေါသထွက်နေကြသော ဆန္ဒပြသူပေါင်းများစွာက တနင်္ဂနွေနေ့တွင် အစိုးရရုံးတစ်ခုကို ဝင်ရောက်စီးနင်းမွှေနှောက်ခဲ့ကြသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။

နိုင်ငံတောင်ပိုင်း ဆွိုင်ဒါမြို့တွင် အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ကာ ရဲများနှင့်ဆန္ဒပြသူများအကြား အပြန်အလှန် ပစ်ခတ်မှုများ ပေါ်ပေါက်ခဲ့သည်ဟုလည်း အာဏာပိုင်များနှင့် မျက်မြင်တွေ့ရှိသူများက ပြောသည်။

တနင်္ဂနွေနေ့အစောပိုင်းတွင် ဆန္ဒပြသူ ၂၀၀ ကျော်က မြို့လယ်ရှိ အဆောက်အဦတစ်ခုကိုဝိုင်းရံကာ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းနှင့် စီးပွားရေးဆိုင်ရာ ခက်ခဲခြင်းများကြောင်း သမ္မတ ဘာရှားအာဆတ်(Bashar Assad) ကို ဖြုတ်ချ ရေး ကြွေးကြော်ခဲ့သည်။

အစိုးရထိန်းချုပ်ထားသောဒေသတွင် မကြာခဏဆိုသလို အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ပေါ်ပေါက်လေ့ရှိပြီး အာဏာပိုင်များဘက်ကလည် ပြန်လည်တုန့်ပြန်လေ့ရှိသည်။ ဆန္ဒပြသူများက ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးကို ဝင်စီးကာ ဖိုင်များနှင့် စာရွက်စာတမ်းများကို မီးရှို့ခဲ့သည်ဟု ဆီးရီးယားနိုင်ငံပိုင် သတင်းတွင်ဖော်ပြသည်။

မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် အဆောက်အဦရှေ့တွင် ဆန္ဒပြသူများအား တွေ့ရစဉ်

ဆန္ဒပြသူများသည် မြို့၏ရဲတပ်ဖွဲ့ရုံးချုပ်ကို ဝင်စီးရန်ကြိုးစားခဲ့ပြီး ပဋိပက္ခများအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရသည်ဟု ပြည်ထဲရေးဌာနက ပြောသည်။ အခင်းဖြစ်ပွားချိန်တွင် အုပ်ချုပ်ရေးမှူးသည် ရုံးအတွင်း ရှိမနေဘဲ စီးနင်းမှုမဖြစ်ခင်ကတည်းက တိမ်းရှောင်သွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

ဆန္ဒပြသူများကြောင့် အုပ်ချုပ်ရေးမှူးရုံးသည် အတွင်းပိုင်းလုံးဝပျက်စီးခဲ့ကာ အပြန်အလှန်ပစ်ခတ်မှုများအတွင်း လူတစ်ချို့ဒဏ်ရာရရှိခဲ့သည်ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ ပြင်းပြင်းထန်ထန်ပစ်ခတ်မှုများ ရှိခဲ့ပြီး မည်သည့်နေရာမှ ပစ်သည်ဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရကြောင်းလည်း ယင်းက ဆက်ပြောသည်။

သေနတ်မှန်ဒဏ်ရာကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ကာ အခြားတစ်ဦးမှာလည်း ဆေးရုံတက်ကုသနေရသည် ဟု ဆေးဘက်ဆိုင်ရာ သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။ ဆီးရီးယားနိုင်ငံတွင် ဒီမိုကရေစီလိုလားသည့် ဆန္ဒပြသူများက အာဆန်ပြုတ်ကျရေးအတွက် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဆန္ဒပြပွဲများ လုပ်ဆောင်နေကြခြင်း ဖြစ်ပြီး ယင်းတို့ကိုလုံခြုံရေးတပ်ဖွဲ့များက ပြင်းပြင်းထန်ထန် ဖြိုခွဲလျက်ရှိသည်။ တခြားသော ဆီးရီးယားမြို့များ နည်းတူ ဆွိုင်ဒါပြည်နယ်သို့ အကြမ်းဖက်မှုများ ကူးစက်လာခြင်းလည်း ဖြစ်သည်။

Source:Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂါဇာဒေသရှိ ဟားမတ်ဇ်အဖွဲ့ပိုင် လက်နက်ထုတ်လုပ်ရေးစက်ရုံတစ်ခု တိုက်ခိုက်ခံရပြီး မီးခိုးများ ထွက်နေစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

ဂါဇာမှ ဒုံးကျည်တိုက်ခိုက်မှုကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုဖြင့် တုန့်ပြန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1187

CNI International News

ဂျေရုဆလင်၊ ဒီဇင်ဘာ ၅

တနင်္ဂနွေနေ့မနက်အစောပိုင်းတွင် အစ္စရေးလေတပ်က ဂါဇာကမ်းမြှောင်ဒေသကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု Xinhua သတင်းတွင်ဖော်ပြသည်။

အစောပိုင်းအတွင်း အစ္စရေးမြေပေါ်သို့ ဂါဇာဘက်မှ ဒုံးကျည်ဖြင့်ပစ်ခတ်မှုကို ယခုကဲ့သို့ တုန့်ပြန်တိုက်ခိုက်ခြင်း လည်းဖြစ်သည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ Israeli Defense Forces (IDF) က ယခုတိုက်ခိုက်မှုများသည် ဂါဇာဒေသရှိ ဟားမတ်ဇ်အဖွဲ့ပိုင် လက်နက်ထုတ်လုပ်ရေးစက်ရုံတစ်ခုကို ပစ်မှတ်ထားကြောင်းနှင့် အဆိုပါ စက်ရုံသည် ဂါဇာရှိ ဒုံးကျည်အများစုကို ထုတ်လုပ်ပေးရာနေရာဖြစ်သည်ဟုလည်း ပြောသည်။

တိုက်ခိုက်မှုများတွင် ဟားမတ်ဇ်တို့၏ နယ်စပ်ဖြတ်ကျော် ဥမင်များကိုလည်း ပစ်မှတ်ထားခဲ့သည်ဟု သိရသည်။ အစ္စရေးဘက်မှ တုန့်ပြန်လေကြောင်းတိုက်ခိုက်မှုမတိုင်ခင် နာရီအနည်းငယ်၌ ဂါဇာကမ်းမြှောင်ဒေသမှ ဒုံးကျည် တစ်ခု အစ္စရေးတောင်ပိုင်းသို့ကျရောက်ခဲ့သည်။

အစ္စရေးဘက်မှ လေကြောင်းဖြင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်မှု(ဓါတ်ပုံ-credit)

အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု၊ ပျက်စီးမှု တစ်စုံတစ်ရာမရှိခဲ့သလို ယခုတိုက်ခိုက်မှုအတွက်လည်း မည်သည့်အဖွဲ့အစည်းကမှ တာဝန်ယူခဲ့ခြင်း မရှိသေးပေ။ ညတွင်းချင်းတိုက်ခိုက်ရခြင်းမှာ ဟားမက်ဇ်အဖွဲ့၏ စစ်ပြင်ဆင်မှုကို တားဆီးရန်ဖြစ်သည်ဟုလည်း IDF ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ ဟားမတ်ဇ်အဖွဲ့သည် ဂါဇာကမ်းမြှောင်ဒေသကို ၂၀၀၇ ခုနှစ်တွင် ထိန်းချုပ်နိုင်ခဲ့သည်။ ထိုအချိန်မှစကာ အစ္စရေးဘက်မှ ဂါဇာကို အင်အားများစွာဖြင့်တင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်အစောပိုင်းတွင်လည်း အစ္စရေးစစ်တပ်က အနောက်ဘက်ကမ်း ဂျီနင်မြို့ရှိ ပါလက်စတိုင်း အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့(PIJ)၏ ထင်ရှားသောအဖွဲ့ဝင်နှစ်ဦးကို သတ်ခဲ့သည်ဖြစ်ရပ်အတွက်လည်း ပြန်လည် လက်စားချေသွားမည်ဟု PIJ ဘက်မှ ကြုံးဝါးထားသည်။

Source:English.News

 

 

 

 

Share
Tweet
Share
Share
powered by social2s

အာဖဂန်ရှိ ပါကစ္စတန်သံအဖွဲ့ လုပ်ကြံတိုက်ခိုက်ခံရ

By CNI
CNI
Category: Watch TV
Hits: 709

Share
Tweet
Share
Share
powered by social2s

စာအိတ်ဗုံးများသည် ယူကရိန်းစစ်ပွဲနှင့် စပ်ဆက်မှုရှိသည်ဟု စပိန် သံသယဝင်

By CNI
CNI
Category: Watch TV
Hits: 737

Share
Tweet
Share
Share
powered by social2s

တပ်မတော်မှ နိုင်ငံအာဏာကို အကြိမ်ကြိမ် မရယူအောင် ဘယ်လိုညှိနှိုင်းသင့်လဲ

By CNI
CNI
Category: Watch TV
Hits: 715

Share
Tweet
Share
Share
powered by social2s

ဘိုင်ဒန်နှင့်ပူတင် ယူကရိန်းအရေးဆွေးနွေးရန် မဖြစ်နိုင်သေး

By CNI
CNI
Category: Watch TV
Hits: 673

Share
Tweet
Share
Share
powered by social2s
  • 29
  • 30
  • 31
  • 32
  • 33
  • 34
  • 35
  • 36
  • 37
  • 38

Page 34 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar