CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

TNLA ၏ သဝဏ်လွှာမှာ ဌာနေသားများ စည်းလုံးရန်လက္ခဏာဟု ပြော

By CNI
CNI
Category: Watch TV
Hits: 546

Share
Tweet
Share
Share
powered by social2s
ရှမ်းတိုင်းရင်းသားများကို တွေ့ရစဉ်

TNLA ၏ သဝဏ်လွှာမှာ ဌာနေသားများ စည်းလုံးရန်လက္ခဏာဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1087

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄

ရှမ်နှစ်သစ်ကူးနေ့သို့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)မှ ပေးပို့သည့် သဝဏ်လွှာသည် ရှမ်းပြည်ဌာနေသား အချင်းချင်း စည်းလုံးရန် ကောင်းသည့် လက္ခဏာဖြစ်ကြောင်း ရှမ်းလူ့အခွင့်အ‌ရေးမဏ္ဍိုင် (SHRF)မှ ယိင်းလျန်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသား အချင်းချင်း အပြုသဘောဆောင် ပြောခြင်းကြောင့် မိမိတစ်ဦးတည်း၏ အမြင်အရ ရှမ်းပြည်အရေး အတွက် ကောင်းမွန်ကြောင်း ၎င်းက ပြောသည်။

SHRF မှ ယိင်းလျန်းဟန်က “ဒါကတော့ ကျနော်ရဲ့ Personal အမြင်ပါ။ အဖွဲ့အစည်းရဲ့ ကိုယ်စားပြု အနေနဲ့တော့ မဟုတ်ဘူးပေါ့နော်၊ ဒီလိုမျိုးကို ကျ‌နော်တို့ တိုင်းရင်းသားအချင်းချင်း ဒီလိုမျိုးတွေ အပြုသဘော‌ဆောင်ပြီး ကျနော် တို့ အချင်းချင်း ဒီလိုမျိုးတွေ ပြောပေးတာ၊ ရှမ်းပြည်အရေးအတွက် ကောင်းတဲ့ လက္ခဏာပဲလို့ ကျနော်တို့ ပြောလို့ ရတယ်ပေါ့နော်၊ အဲလိုတော့ မြင်ပါတယ်ရှင့်၊ ကျနော်တို့ ရှမ်းပြည်ရှေ့ရေးအတွက် ဒီရှမ်းပြည်မှာဆို ကျနော်တို့ ငြိမ်း ငြိမ်းချမ်းချမ်း အတူတူနေဖို့ပေါ့နော်၊ တိုင်းရင်းသား အချင်းချင်း အတူတူနေဖို့ ဒီထက်ပိုပြီး စည်းလုံးနိုင်ဖို့ ဒီလိုမျိုး ပြောတာ‌မျိုးက ကျနော်တို့ ကြိုလည်း ကြိုဆိုပါတယ်၊ ကောင်းတဲ့ လက္ခဏာလို့လည်း မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပလောင်တိုင်းရင်းသားများကိုတွေ့ရစဉ်

နတ်တော်လဆန်း ၁ ရက်နေ့တွင် ကျရောက်သော ရှမ်းအမျိုးသားများ၏ ၂၁၁၇ မြောက် ရှမ်းနှစ်သစ် မင်္ဂလာနေ့၌ ရှမ်းလူမျိုးများ အားလုံး ဘေးအန္တရာယ် ကင်းဝေးပြီး၊ ကျန်းမာတိုးတက် ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သသည်ဟု TNLA မှ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ယခုလို သဝဏ်လွှာ ပေးပို့ခြင်းသည် ကောင်းသောလက္ခဏာဟု ပြော၍ရကြောင်း၊ ရှမ်းနှင့် တအာင်း အချင်းချင်း ကြား ညီညွတ်မှု ပိုခိုင်မာလာမည်ဟု မျှော်လင့်ကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်း(TWO)မှ အထွေထွေ အတွင်းရေးမှူး လေးပိုးကမေဲ့ခြိူဝ်းက CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းတိုင်းရင်းသားများကိုတွေ့ရစဉ်

၎င်းက “ဒီလိုပို့လိုက်တဲ့ အပေါ်မှာ ဒါကကောင်းတဲ့လက္ခဏာ တစ်ခုလို့လည်း ပြောလို့ရတယ်၊ ဒီစည်းလုံးညီညွတ်မှု အတွက်လည်း သက်သေအနေနဲ့ ပြတယ်လို့လည်း ကျမတို့ သုံးသပ်လို့ရတယ်ပေါ့၊ ကျမတို့ တိုင်းရင်းသားလူမျိုး အချင်းချင်း ညီညွတ်ပြီးတော့ ဒီအာဏာရှင်ကို တိုက်ထုတ်ပြီးတော့ ကျမတို့ရဲ့ ဖက်ဒရယ်နိုင်ငံတော်ကို တည် ထောင်ရမယ့် အချိန်ကောင်းဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဘာပဲနေနေ ဒီလိုသဝဏ်လွှာ ပို့တဲ့အတွက်ကြောင့်မို့လို့ ကျမတို့ တအာင်းနဲ့ ရှမ်းတွေ အချင်းချင်းကြားထဲမှာလည်း ညီညွတ်မှုတွေ ပိုပြီးမှ ခိုင်မာလာမယ်လို့လည်း ကျမ အနေနဲ့ မျှော်လင့်မိပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များ အချင်းချင်း ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများ ရှိလာကြောင်း၊ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများ နည်းလာကြောင်း၊ ထိုအခြေအနေများကြောင့် အချင်းချင်းအကြား ယုံကြည်မှုများ ပိုရှိလာမည်ဟု မြင်မိကြောင်း လေးပိုးကမေဲ့ခြိူဝ်းက ပြောသည်။

ရှမ်းပြည်နယ်တွင် တအာင်း၊ ရှမ်း၊ ကချင်၊ တရုတ်၊ ဗမာ၊ ဝ၊ ကိုးကန့်၊ အာခါ၊ ဓနု၊ ပအိုဝ်း၊ လားဟူ၊ လီဆူ အပါအဝင် တခြားသော တိုင်းရင်းသား လူမျိုးစုများလည်း နေထိုင်ကြသလို လက်နက်ကိုင်အဖွဲ့များ အနေဖြင့်လည်း လူမျိုးစု အလိုက် တည်ရှိနေကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်ကြီး ပရာယွတ်(ဓါတ်ပုံ- asiatimes.com)

ထိုင်းရွေးကောက်ပွဲမတိုင်မီ ပရာယွတ် ပါတီအပြောင်းအရွှေ့လုပ်မည်ဟု သတင်းထွက်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1312

CNI International News

ဘန်ကောက်၊ နိုဝင်ဘာ ၂၄

ထိုင်းနိုင်ငံတွင် အသစ်ဖွဲ့စည်းထားသော ထိုင်းအမျိုးသားပေါင်းစည်းရေးပါတီ (UTN) (သို့မဟုတ်) ရူအမ်ထိုင်း ဆောင်ချက် (Ruam Thai Sang Chart) တွင် မိမိပါဝင်ရန် စဉ်းစားနေကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်က ရေးသားဖော်ပြသည်။

ပါတီအပြောင်းအရွှေ့ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ကောလာဟလများ အလွန်အမင်း လွှမ်းမိုးခဲ့သဖြင့် ပရာယွတ်က နိုဝင်ဘာ ၂၃ ရက်တွင် အဆိုပါကိစ္စအတွက် ပထမဆုံးအကြိမ် ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

ပါတီဝင်အဖြစ် လျှောက်ထားခြင်းရှိ/မရှိ သတင်းထောက်များက ဆက်လက်မေးမြန်းရာ ဗိုလ်ချုပ်ကြီး ပရာယွတ်က “ကျနော် စဉ်းစားနေတုန်းပါ” ဟု ဖြေကြားခဲ့သည်။

ထို့နောက် ၎င်း၏အနာဂတ်နိုင်ငံရေးခြေလှမ်းနှင့်ပတ်သက်၍ တစုံတရာဖြေကြားပေးရန် တောင်းဆိုသည့်အခါ ၎င်းက သဘောထားမှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့သည်။

“နောက်နှစ်မှာ ဒါက ရှင်းသွားပါလိမ့်မယ်” ဟုသာ ပြောကြားခဲ့သည်။

ယခင်က ဒီမိုကရက်တစ်အမတ်တစ်ဦးဖြစ်ခဲ့ပြီး ဝန်ကြီးချုပ်၏အကြံပေးဟောင်းလည်း ဖြစ်ခဲ့သူ လက်ရှိ UTN ခေါင်းဆောင် ပီရာပန်ဆလီရာသာဗီဘာဂါ (Pirapan Salirathavibhaga) က “မိမိတို့ပါတီဝင်အဖြစ် ပရာယွတ် လာရောက်လျှောက်ထားခြင်းမရှိကြောင်း” ငြင်းဆန်ခဲ့သည်။

လက်ရှိ အာဏာရ ပါလန်ပရာချာရတ်ပါတီ (PPRP) ပါတီမှ ဗိုလ်ချုပ်ကြီး ပရာယွတ် နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့လျှင် ၎င်းကို UTN ပါတီကတော့ ကြိုဆိုသွားမည်ဟု မစ္စတာ ပီရာပန်က ပြောကြားခဲ့သည်။

လာမည့်နှစ် ရွေးကောက်ပွဲပြီးသည့်အခါ ဗိုလ်ချုပ်ကြီး ပရာယွတ် ဝန်ကြီးချုပ်အဖြစ် ပြန်လည်အာဏာရလာပါက ထောက်ခံအားပေးရန်အတွက် UTN ပါတီကို ယမန်နှစ် မတ်လတွင် တည်ထောင်ခဲ့သည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်သည် နိုဝင်ဘာ ၂၀ ရက်၌ ဘန်ကောက်မြို့ရှိ အမှတ် ၁ ခြေလျင်တပ်ရင်းဝင်းအတွင်းရှိ ပြည်နယ် ၅ ခု သစ်တောထိန်းသိမ်းရေးဖောင်ဒေးရှင်းရုံးတွင် PPRP ပါတီ၏ခေါင်းဆောင် ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝေါင်ဆူဝမ်နှင့် တွေ့ဆုံပြီးနောက် ၎င်းအနေဖြင့် UTN ပါတီသို့ ပြောင်းရွှေ့နိုင်ခြေ ထင်ကြေးများ တိုးလာခဲ့သည်။

လာမည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ပါတီအပြောင်းအရွှေ့လုပ်ရန် ၎င်း၏ အစီအစဉ်ကို ဗိုလ်ချုပ်ကြီး ပရာဝစ်ထံသို့ အသိပေးခဲ့ကြောင်း ယုံကြည်ရသည်ဟု ဘန်ကောက်ပို့စ်က ဆက်လက် ရေးသားသည်။

Source: Bangkok Post

Share
Tweet
Share
Share
powered by social2s

လုံခြုံရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရမည်ဟု အမေရိကန်ကို ကင်မ်ဂျုံအန်း၏ညီမ သတိပေး

By CNI
CNI
Category: Watch TV
Hits: 563

Share
Tweet
Share
Share
powered by social2s

ထိုင်းမှာ MOU သမားများ အခွင့်အရေး ချိုးဖောက်ခံရခြင်း မရှိဟု အလုပ်သမားဝန်ကြီးဌာန ပြော

By CNI
CNI
Category: Watch TV
Hits: 544

Share
Tweet
Share
Share
powered by social2s

ယူကရိန်းတောင်းသည့် မောင်းသူမဲ့လေယာဉ်ကိစ္စ ပြန်စဉ်းစားရန် ဘိုင်ဒန်ကို လွှတ်တော်ပြော

By CNI
CNI
Category: Watch TV
Hits: 565

Share
Tweet
Share
Share
powered by social2s

စက်ဖြင့် မဲပေးသည့် ရွေးကောက်ပွဲရလဒ်ကို ဘရာဇီးလ်သမ္မတ လက်မခံ

By CNI
CNI
Category: Watch TV
Hits: 553

Share
Tweet
Share
Share
powered by social2s

ရှမ်းတိုင်းရင်းသားများ သက္ကရာဇ် ၂၁၁၇ ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပ

By CNI
CNI
Category: Watch TV
Hits: 545

Share
Tweet
Share
Share
powered by social2s
Grey Eagle မောင်းသူမဲ့လေယာဉ်ကိုတွေ့ရစဉ် (GETTY IMAGES)

ယူကရိန်းတောင်းသည့် မောင်းသူမဲ့လေယာဉ်ကိစ္စ ပြန်စဉ်းစားရန် ဘိုင်ဒန်ကို လွှတ်တော်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1118

CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၂၃

ရုရှားကို တိုက်ခိုက်ရန်အတွက် လူအသေအပျောက်များစေမည့် Grey Eagle မောင်းသူမဲ့လေယာဉ် (ဒရုန်း)များကို ယူကရိန်းတောင်းခံခြင်းအပေါ် သတိကြီးကြီးဖြင့် ပြန်လည်သုံးသပ်စဉ်းစားရန် အမေရိကန် အထက်လွှတ်တော် အမတ် ၁၆ ဦးပါ အဖွဲ့တစ်ဖွဲ့က သမ္မတ ဂျိုးဘိုင်ဒန်ကို တိုက်တွန်းခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါအဖွဲ့တွင် ရီပက်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်များမှ လွှတ်တော်အမတ်များ ပါဝင်ကြသည်။

ထိုဒရုန်းသည် အကွာအဝေး မီတာ ၈,၈၀၀ (၂၉,၀၀၀ ပေ) အထိ ရောက်ရှိနိုင်ပြီး ၂၄ နာရီကျော်ကြာအောင် ပျံသန်းနိုင်သည်။

ဒရုန်းများမှနေ၍ ပစ်ခတ်ဖောက်ခွဲခြင်းကြောင့် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ တိုးလာမည်ကို စိုးရိမ်မိကြောင်း အထက်ပါ လွှတ်တော်အမတ်များက ပြောကြားခဲ့ကြသည်။

ရုရှားသည် အီရန်လုပ် kamikaze ဒရုန်းကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလျက် ယူကရိန်း အရပ်ဘက် အခြေခံ အဆောက်အအုံများကို တိုက်ခိုက်နေခြင်းကြောင့် ယူကရိန်းကလည်း ယခုကဲ့သို့ အစွမ်းထက်သည့် ဒရုန်းများကို အမေရိကန်ထံသို့ အသည်းအသန် တောင်းခံနေခြင်း ဖြစ်သည်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကို တွေ့ရစဉ် (GETTY IMAGES)

၎င်းတို့ တိုက်တွန်းလွှာထဲတွင် အထက်လွှတ်တော် အမတ်များက ယခုလကုန် နိုဝင်ဘာ ၃၀ ရက်အထိ ပင်တဂွန် အနေဖြင့် ယူကရိန်းတိုက်ပွဲများကို အထောက်အပံ့ပေးရန် မသင့်လျော်သေးဟု ယုံကြည်မိသော အကြောင်းပြချက် ကိုလည်း လွှတ်တော်သို့ လာရောက်ရှင်းပြရန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကို တိုက်တွန်းခဲ့သည်။

နိုဝင်ဘာ ၂၂ ရက် အစောပိုင်း၌ ခရိုင်းမီးယား ကျွန်းဆွယ်တွင် ရုရှားခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သူ မီခေးလ်ရက်ဇ်ဗိုဇာခိဗ် (Mikhail Razvozhaev) က ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်များ စတင် ချထား သည့် ဆီဗာစတိုပေါမြို့ (Sevastopol) ကောင်းကင်ယံသို့ ဝဲပျံလာသော ဒရုန်းနှစ်စင်းကို ပစ်ချခဲ့ကြောင်း ကြေညာ ခဲ့သည်။

“ကျနော်တို့ လေကြောင်းရန် ကာကွယ်ရေးတပ်တွေက အခုဆို စတင်လှုပ်ရှားနေပါပြီ။ သူတို့(ယူကရိန်း)ဘက်က ဒရုန်းနဲ့ လာတိုက်တာတွေ ရှိပါတယ်။ ပဏာမ အချက်အလက်တွေအရ မောင်းသူမဲ့လေယာဉ် (အင်ဂျင်မပါသည့် ဝေဟင်သုံး) တွေကို ပစ်ချနိုင်ခဲ့ပါတယ်။ အဲဒီတပ်တွေ အားလုံးဟာ သတိနဲ့ အသင့်ရှိနေကြပါတယ်” ဟု ပြောကြား ခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

အာဂျင်တီးနားကို အနိုင်ရလို့ ဗုဒ္ဓဟူးနေ့ကို အများပြည်သူအားလပ်ရက်အဖြစ် ဆော်ဒီ ကြေညာ

By CNI
CNI
Category: အားကစား
Hits: 1116

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်မှာ မက်ဆီရဲ့ အာဂျင်တီးနားအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိအောင် ဆော်ဒီအသင်း စွမ်းဆောင်ခဲ့ပြီးနောက် ဘုရင်ဆဲလ်မန်က ဗုဒ္ဓဟူးနေ့ကို အများပြည်သူအားလပ်ရက်အဖြစ် ကြေညာလိုက်ပါတယ်။

ဆော်ဒီနိုင်ငံရဲ့ တရားဝင်တွစ်တာမှာ “ နိုဝင်ဘာလ ၂၃ ရက် ဗုဒ္ဓဟူးနေ့ဟာ နိုင်ငံတော်နဲ့ ပုဂ္ဂလိကကဏ္ဍရှိ ဝန်ထမ်း တွေအားလုံး၊ပညာရေးအတန်းတိုင်းမှာရှိတဲ့ ကျောင်းသား၊ကျောင်းသူတွေအားလုံးအတွက် အားလပ်ရက်အဖြစ် ညွှန်ကြားထားတယ်” လို့ ဖော်ပြထားတာပါ။

ဆော်ဒီအသင်းဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ မက်ဆီရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ အာဂျင်တီးနားအသင်းရဲ့ ဦးဆောင်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် ဒုတိယပိုင်းအရောက်မှာ အယ်လ်ရှီဟီရီနဲ့ အယ်လ်ဒေါစာရီတို့က ဆော်ဒီအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းပေးခဲ့လို့ အာရှကလပ်အတွက် သမိုင်းဝင်နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာပါ။ ဆော်ဒီပရိသတ်တွေဟာ ဒီနိုင်ပွဲကြောင့် အလွန်ပျော်ရွှင်စွာ အောင်ပွဲခံနေကြတာဖြစ်ပါတယ်။

ဒီနိုင်ပွဲဟာ ဆော်ဒီအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ၄ ပွဲမြောက်နိုင်ပွဲဖြစ်ခဲ့ပြီး၊ အာဂျင်တီးနားအသင်းရဲ့ ပြိုင်ပွဲစုံ ၃၆ ပွဲဆက်ရှုံးပွဲမရှိစံချိန်ကိုလည်း ရပ်တန့်နိုင်ခဲ့တာပါ။ဆော်ဒီအသင်းဟာ ဂါနာအသင်းပြီးရင် အခု ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ဒုတိယမြောက်ကမ္ဘာ့အဆင့်ရပ်တည်မှုအနိမ့်ဆုံးအသင်းဖြစ်ပါတယ်။ဒါပေမယ့် ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အာဂျင်တီးနားအသင်းကို အံအားသင့်ဖွယ်အနိုင်ရခဲ့တာပါ။

ဆော်ဒီအသင်းနည်းပြ ရီနာတ့်က “ဒါက စာအုပ်တွေထဲမှာ မှတ်သားရမယ့်အရာတစ်ခုဖြစ်ပြီး ဆော်ဒီဘောလုံး သမိုင်းကို ဖန်တီးခဲ့တာပါ။ဒါက အမြဲတမ်းရှိနေတော့မယ့်အရာပါ။ဒါပေမယ့် ကျနော်တို့ အလွန်ခက်ခဲတဲ့ ပွဲ ၂ ပွဲ ကျန်သေးတာကြောင့် ဆက်သွားရဦးမှာပါ” လို့ ပြောခဲ့ပါတယ်။

ဆော်ဒီအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် စနေနေ့မှာ ပိုလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ပိုလန်အသင်းကတော့ အုပ်စုအဖွင့်ပွဲမှာ မက္ကဆီကိုအသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပါတယ်။

Source:Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယား ခေါင်းဆောင် ညီမဖြစ်သူ ကင်မ်ယိုဂျောင်ကိုတွေ့ရစဉ် (GETTY IMAGES)

လုံခြုံရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရမည်ဟု အမေရိကန်ကို ကင်မ်ဂျုံအန်း၏ညီမ သတိပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1252

CNI International News

ပြုံယမ်း၊ နိုဝင်ဘာ ၂၃

မြောက်ကိုရီးယားနိုင်ငံတွင် ဩဇာကြီးမားလှသော ကင်မ်ဂျုံအန်း၏ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က “အမေရိကန် သည် ပိုမိုဆိုးရွားသော လုံခြုံရေး အကျပ်အတည်းကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်ဟု South China Morning Post သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အမေရိကန်သည် မကြာသေးမီက မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည် (ICBM) စမ်းသပ်မှုကို ကုလသမဂ္ဂ (UN) ထဲ၌ ရှုတ်ချရန် တိုက်တွန်းထားသည်။

နိုဝင်ဘာ ၂၂ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး၌ အမေရိကန်သံအမတ် လင်ဒါ သောမတ် ဂရင်းဖီးလ် (Linda Thomas-Greenfield) က “မြောက်ကိုရီးယားအပေါ် တားမြစ်ထားသည့် ဒုံးကျည် ပစ်လွှတ်မှုနှင့် အခြား မတည်မငြိမ်ဖြစ်မည့် လုပ်ဆောင်ချက်များကို UN အတွင်း ရှုတ်ချရန် အမေရိကန် အဆိုပြု ထားသော သမ္မတ၏ကြေညာချက်” ကို တိုက်တွန်းပြောကြားခဲ့သည်။

ထိုသို့ ပြောကြားပြီး နာရီပိုင်းအတွင်း ကင်မ်ဂျုံအန်း၏ညီမ ကင်မ်ယိုဂျောင် (Kim Yo-jong) ၏ သတိပေးချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သံအမတ် လင်ဒါ သောမတ် ဂရင်းဖီးလ်ကိုတွေ့ရစဉ် (GETTY IMAGES)

အရေးပေါ် အစည်းအဝေးအပြီး သောမတ်ဂရင်းဖီးလ်က မြောက်ကိုရီးယား၏ လက်နက်အစီအစဉ်ကို ကန့်သတ်ရန် ထောက်ခံကြသည့် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ကြေညာချက် တစ်စောင်ကို ဖတ်ကြားတင်သွင်းခဲ့သည်။

အစ်ကိုဖြစ်သူပြီးလျှင် မြောက်ကိုရီးယား၏ ဒုတိယအာဏာ အရှိဆုံးဟု သတ်မှတ်ခံထားရသူ ကင်မ်ယိုဂျောင်သည် ဗြိတိန်၊ ပြင်သစ်၊ ဩစတြေးလျ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့နှင့်အတူ စက်ဆုပ်ရွံရှာစရာ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သဖြင့် အမေရိကန်ကို အပြစ်တင်ခဲ့သည်။

အမေရိကန်သည် ကြောက်အားလန့်အားဖြင့် ထဟောင်သော ခွေးတစ်ကောင်နှင့်တူကြောင်း ကင်မ်ယိုဂျောင်က ခိုင်းနှိုင်းပြောကြားခဲ့သည်။

“အမေရိကန်ဦးဆောင်၍ ထုတ်ပြန်သော ယခုကြေညာချက်သည် မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးပြီး ပြင်းထန်သည့် နိုင်ငံရေးရန်စမှုအဖြစ် ယူဆကြောင်း” ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“ကျမတို့ (မြောက်ကိုရီးယား) ကို လက်နက်ဖြုတ်သိမ်းပြီး ဘယ်လောက်ပဲ ကြိုးစား … ကြိုးစား၊ ကျမတို့ကတော့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အတွက် ဘယ်တော့မှ နှုတ်ဆိတ်နေမှာ မဟုတ်ဘဲ ဆန့်ကျင်သွားမှာပါ။ မြောက်ကိုရီးယားကို ဒါမျိုးလာလုပ်ရင် အထိနာစေမယ့် လုံခြုံရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ရပါလိမ့်မယ်” ဟု အစိုးရပိုင်မီဒီယာမှ ထုတ်ပြန်သည့် ကြေညာချက် တစ်စောင်တွင် ကင်မ်ယိုဂျောင်က ပြောကြားထားသည်။

မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်ကိုတွေ့ရစဉ် (GETTY IMAGES)

မြောက်ကိုရီးယား၏ ICBM ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်သည့် အနေဖြင့် နိုဝင်ဘာ ၂၁ ရက်တွင် UN လုံခြုံရေး ကောင်စီ၏ အရေးပေါ် အစည်းအဝေး ခေါ်ယူကျင်းပခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယား လက်နက်များကို ခေတ်မီစေရန်နှင့် အနာဂတ် သံခင်းတမန်ခင်းတွင် ဩဇာတိုးမြှင့်နိုင်ရန် ယခုနှစ်အတွင်း ဒုံးကျည်များ ဆက်တိုက် စမ်းသပ်မှု၏ တစိတ်တပိုင်းအဖြစ် ICBM ပစ်လွှတ်ခဲ့ ကြောင်း စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

နိုဝင်ဘာ ၁၈ ရက် စမ်းသပ်ပစ်လွှတ်မှုတွင် မြောက်ကိုရီးယား၏ အားအပြင်းဆုံး ဟွာဆောင်း-၁၇ (Hwasong-17) ဒုံးကျည် ပါဝင်ခဲ့ပြီး မတ်စောက်သော ထောင့်ဖြတ်ချိန်ရွယ်၍ သတ်မှတ်စံချိန်၊ စံညွှန်းတိုင်း ပစ်လွှတ်ခဲ့ပါက အမေရိကန်နိုင်ငံရှိ မည်သည့်နေရာမဆို ထိမှန်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်အချို့က သုံးသပ်ပြခဲ့သည်။

Source: South China Morning Post

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘရာဇီးလ်နိုင်ငံတွင် လက်ရှိသမ္မတ ဂျိုင်ယာဘော်ဆိုနာရိုကိုတွေ့ရစဉ် (GETTY IMAGES)

စက်ဖြင့် မဲပေးသည့် ရွေးကောက်ပွဲရလဒ်ကို ဘရာဇီးလ်သမ္မတ လက်မခံ

By CNI
CNI
Category: နိုင်ငံရေး
Hits: 935

CNI International News

ဘရာဇီးလီယာ၊ နိုဝင်ဘာ ၂၃

ဘရာဇီးလ်နိုင်ငံတွင် လက်ရှိသမ္မတ ဂျိုင်ယာဘော်ဆိုနာရိုသည် ဘရာဇီးလ်ရွေးကောက်ပွဲတွင် အရှုံးနှင့် ရင်ဆိုင် ခဲ့ရပြီးနောက် အီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးသည့်စနစ်ကို ပယ်ဖျက်ပေးရန် ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များ(ကော်မရှင်)ကို တောင်းဆိုခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

လွတ်လပ်သော ကျွမ်းကျင်ပညာရှင်များကမူ အဆိုပါကွန်ပျူတာ အပါအဝင် စက်နှင့်မဲပေးခြင်းဖြင့် လွဲချော်မှုရှိသည့်တိုင် ထွက်ပေါ်လာသော ရလဒ်များ၏ ယုံကြည်စိတ်ချရမှုကို မထိခိုက်စေကြောင်း ပြောကြားခဲ့ကြသည်။

ထိုသို့ တောင်းဆိုခြင်းအားဖြင့် ဘော်ဆိုနာရိုသည် ကျန်ရှိနေသည့် တရားဝင်မဲ ၅၁ ရာခိုင်နှုန်းကို ချန်လှပ်၍ ပြန်လည် ရွေးကောက်တင်မြှောက်ခံရရန် ရည်ရွယ်ကြောင်း သမ္မတနှင့် ၎င်း၏လစ်ဘရယ်ပါတီ ကိုယ်စား စာမျက်နှာ ၃၃ မျက်နှာပါ တောင်းဆိုချက်ကို တင်သွင်းခဲ့သည့် ရှေ့နေ မာဆီလိုဒီဘက်ဆာ (Marcelo de Bessa)က သတင်းထောက်များကို ပြောကြားခဲ့သည်။

သို့ရာတွင် ဘော်ဆိုနာရိုကို အဆိုးဝါးဆုံး ရလဒ်ဖြစ်စေမည့် လက်ဝဲဝါဒီ ယခင်သမ္မတဟောင်း လူဝိဇ်အင်နာစီယို လူလာဒါဆေဗာ (Luiz Inácio Lula da Silva) အောင်ပွဲခံပြီဟု ရွေးကောက်ပွဲ အာဏာပိုင်များက ကြေညာထားပြီး ဖြစ်သည်။

ဘရာဇီးလ် ရွေးကောက်ပွဲ စက်ဖြင့် ပေးသည့်စနစ်ကိုတွေ့ရစဉ် (AP)

အဆိုပါ ရွေးကောက်ပွဲရလဒ်ကို လက်ရှိသမ္မတ၏ နိုင်ငံရေးမဟာမိတ် အများအပြားကပင် လက်ခံထားကြသည်။

အထူးသဖြင့် ရွေးကောက်ပွဲရလဒ်ကို ဘော်ဆိုနာရိုက လက်မခံဘဲ အပြင်းအထန် ငြင်းဆန်နေသဖြင့် နိုင်ငံတဝန်းရှိ မြို့ကြီးများတွင် ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။

လစ်ဘရယ်ပါတီခေါင်းဆောင် ဗယ်ဒီမာကော်စတာ (Valdemar Costa) နှင့် ပါတီမှ ငှားရမ်းထားသော စာရင်းစစ် တစ်ဦးတို့က “၎င်းတို့အကဲဖြတ်ချက်အရ ၂၀၂၀ ပြည့်နှစ် မတိုင်မီက မဲပေးမှုများ၏ စနစ်အားလုံးကို သိရှိပြီး ဖြစ် ကြောင်း၊ ၎င်းတို့အထဲမှ မဲပေါင်း ၂၈၀,၀၀၀ နီးပါး (သို့မဟုတ်) ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်တွင် အသုံးပြုခဲ့ သည့် မဲရေတွက်မှု စနစ်၏ ၅၉ ရာခိုင်နှုန်း ဖြစ်နေသည်ကို တွေ့ရကြောင်း၊ ကော်မရှင်၏ အတွင်း မှတ်တမ်းများ တွင် မဲဆန္ဒရှင်တစ်ဦးချင်းစီ၏ မှတ်ပုံတင်နံပါတ်များ မပါဝင်ကြောင်း” ပြောကြားခဲ့ကြသည်။

ယခုထွက်ပေါ်လာသော ရွေးကောက်ပွဲရလဒ်သည် မည်သို့ထိခိုက်စေနိုင်ကြောင်း ၎င်းတို့က ရှင်းမပြသော်လည်း စက်ဖြင့် ရရှိလာသော မဲအားလုံးကို ပျက်ပြယ်စေရန် ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုနေခြင်း ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ အနိုင်ရသည့် လူဝိဇ်အင်နာစီယို လူလာဒါဆေဗာကို တွေ့ရစဉ် (GETTY IMAGES)

၎င်းတို့၏ တောင်းဆို တိုင်ကြားချက်တွင် စက်၏ချို့ယွင်းမှုမှာ ရလဒ်များ၏ စစ်မှန်ခြင်း အနေအထားကို မေးခွန်း ထုတ်စရာ ဖြစ်ကြောင်း၊ ပြန်လည် ပြုပြင်မရတော့သည့် လိုက်နာမှု ကင်းမဲ့ခြင်းအဖြစ် သတ်မှတ်ကြောင်း လစ်ဘရယ်ပါတီက ဆက်လက် ပြောကြားခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ဘော်ဆိုနာရို၏ ပါတီအနေဖြင့် ထိုကဲ့သို့ စိန်ခေါ်မှုမျိုး ကြုံတွေ့ရနိုင်ခြေကို သိသာ စွာ တိုးလာစေသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ရွေးကောက်ပွဲကော်မရှင် အကြီးအကဲက သတင်းထုတ်ပြန်ခဲ့သည်။

၎င်း၏ပါတီအနေဖြင့် ၂၄ နာရီအတွင်း ပြင်ဆင်ထားသည့် အဆိုပါသတင်းထုတ်ပြန်ခဲ့သည့် ဆုံးဖြတ်ချက်ကို ကမ်းလှမ်းခြင်း မရှိခဲ့လျှင် တရားရုံးက ပါတီ၏တိုင်ကြားချက်ကို လက်ခံစဉ်းစားမည် မဟုတ်ကြောင်း ကော်မရှင် အကြီးအကဲ အလက်ဇန္ဒရီဒီမော်ရေ့စ် (Alexandre de Moraes) က ပြောကြားခဲ့သည်။

ဘရာဇီးလ်နိုင်ငံတွင် လစ်ဘရယ်ပါတီသည် ကွန်ဂရက်(လွှတ်တော်)နှစ်ရပ်စလုံးတွင် အခြားနေရာများထက် ၎င်းပါတီမှ အမတ်နေရာ ပိုမိုရရှိခဲ့သော မဲဆန္ဒနယ်များ အပါအဝင် ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက် ပထမ အကျော့ ရွေးကောက်ပွဲမှ ရလဒ်များ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

“ကျနော်ဟာ ပြည်သူ့အစေခံပါ”ဟု မိုဒီပြော

By CNI
CNI
Category: Watch TV
Hits: 548

Share
Tweet
Share
Share
powered by social2s

စစ်ရေးပို့ကုန်များ၌ တရုတ်ကို ကျော်တက်ရန် တောင်ကိုရီးယားရည်မှန်းထား

By CNI
CNI
Category: Watch TV
Hits: 542

Share
Tweet
Share
Share
powered by social2s

တနိုင်းတွင် ဖြတ်သန်းသွားလာသူများထံမှ KIA၊ PDF တို့ ငွေကြေးကောက်ခံနေ

By CNI
CNI
Category: Watch TV
Hits: 540

Share
Tweet
Share
Share
powered by social2s

ခါဆွန်မြို့၌ ရုရှားညှင်းပန်းနှိပ်စက်ခဲ့ဟု သံသယနေရာ ၄ ခုတွေ့ရ

By CNI
CNI
Category: Watch TV
Hits: 574

Share
Tweet
Share
Share
powered by social2s
  • 32
  • 33
  • 34
  • 35
  • 36
  • 37
  • 38
  • 39
  • 40
  • 41

Page 37 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar