CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး မြို့လယ်ခေါင်တွင် ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးထားစဉ်(ဓါတ်ပုံ-ရိုက်တာ)

ကမ္ဘာ့ဖလား၌ မော်ရိုကိုအား ဘယ်လ်ဂျီယံရှုံး၍ အဓိကရုဏ်းဖြစ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1459

CNI International News

ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၈

ကာတာနိုင်ငံ၌ ကျင်းပနေဆဲ ကမ္ဘာ့ဖလားပွဲ၌ မော်ရိုကိုအား ဘယ်လ်ဂျီယံက နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့ပြီးနောက် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့လယ်ခေါင်၌ ဘောလုံးပရိတ်သတ်များ အဓိကရုဏ်းဖြစ်ပွားခဲ့၍ ရဲက မီးသတ် ပိုက်နှင့် မျက်ရည်ယိုဗုံးများသုံး၍ ဖြိုခွင်းခဲ့ရကြောင်း AFP သတင်းကို ကိုးကား၍ ဘန်ကောက်ပို့စ်က ရေးသား ဖော်ပြသည်။

ဆယ်ဂဏန်းမျှရှိသော ဘောလုံးပရိသတ်များသည် အရောင်းဆိုင်ပြတင်းပေါက်များကို ရိုက်ခွဲကြပြီး မော်တော် ယာဉ်များကို မီးတင်ရှို့ခဲ့ကြသည်။ အဓိကရုဏ်းများကြောင့် လူ ၁၁ ဦးကို ဖမ်းဆီးထားပြီး ကျန် ၁ ဦးကို အချုပ်ချ ထားခဲ့သည်။

ဘောလုံးပွဲတိုက်ရိုက်ထုတ်လွှင့်မှု မပြီးဆုံးခင်မှာပင် ခေါင်းစွပ်အင်္ကျီဝတ်ဆင်ထားသူအချို့အပါအဝင် လူဆယ် ဂဏန်းမျှ လမ်းပေါ်ထွက်လာပြီး အများပြည်သူလုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးဖြစ်အောင် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ရန် ကြိုးစားခဲ့ကြောင်း ဘရပ်ဆဲလ်မြို့တော်ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မော်ရိုကိုက ဘယ်လ်ဂျီယံကို အနိုင်ရပြီးနောက် ဘရပ်ဆဲလ်တွင် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့စဉ်(ဓါတ်ပုံ-အေအပ်ဖ်ပီ)

ဆူပူမှုအချို့သည် တုတ်များကိုင်ဆောင်ထားပြီး မီးကျည်ပစ်ခတ်ခဲ့မှုကြောင့် သတင်းထောက်တစ်ဦး၏မျက်နှာတွင် ဒဏ်ရာရခဲ့သည်။

မြို့လယ်ခေါင်ရှိ အချို့နေရာများသို့ သွားလာခြင်းမှ ရှောင်ရှားကြရန် မြို့ခံများကို သတိပေးချက်ထုတ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀၀ ခန့် တာဝန်ချထားခဲ့သည်။

အကြမ်းဖက်မှု မပြန့်ပွားစေရန် မြေအောက်ဘူတာရုံများကို ယာယီပိတ်ခဲ့ပြီး လမ်းများပေါ် အတားအဆီးများ ကာရံခဲ့သည်။

ဒေသစံတော်ချိန် ည ၇ နာရီ (ဂရင်းနစ်စံတော်ချိန် ညနေ ၆ နာရီ) ဝန်းကျင်တွင် အခြေအနေ ပြန်လည် ငြိမ်သက်ခြင်းရှိ/မရှိ ထောက်လှမ်းရေးရဟတ်ယာဉ်တစ်စင်း ပျံသန်းလာချိန်မှာတော့ ဆန္ဒပြသူများသည် မော်တော်ယာဉ်၊ အမှိုက်ပုံးများနှင့် လျှပ်စစ်စကူတာ(အသေးစားယာဉ်)တို့ကို မီးတင်ရှို့နေကြောင်း AFP သတင်းထောက်က မြင်တွေ့ခဲ့ရသည်။

“ဒီနေ့မွန်းလွဲပိုင်း အဖြစ်အပျက်တွေကို အပြင်းထန်ဆုံး ရှုတ်ချပါတယ်။ရဲတပ်ဖွဲ့က တင်းတင်းကြပ်ကြပ် အရေးယူကိုင်တွယ်နေပြီဖြစ်လို့ မြို့လယ်ခေါင်ကို လောလောဆယ် မလာကြပါနဲ့လို့ အကြံပြု တိုက်တွန်း ချင်ပါတယ်။ ရဲတပ်ဖွဲ့ကလည်း အများပြည်သူ စည်းကမ်းထိန်းသိမ်းရေး တတ်နိုင်သမျှ လုပ်ဆောင်နေပါတယ်” ဟု ဘရပ်ဆဲလ်မြို့တော်ဝန် ဖီလစ်ပီကလို့စ် (Philippe Close) က တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

Source: AFP, Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဒေသတွင်းနှင့်ကမ္ဘာ့တည်ငြိမ်ရေးအတွက် အတူလက်တွဲရန် ကင်မ်ဂျုံအန်းကို ရှီကျင့်ဖျင်ပြော

By CNI
CNI
Category: Watch TV
Hits: 681

Share
Tweet
Share
Share
powered by social2s

ဆင်းရဲဒုက္ခများကို နိုင်ငံသားများ ခံနိုင်ရည်ရှိဟု ယူကရိန်းသမ္မတကတော်ပြော

By CNI
CNI
Category: Watch TV
Hits: 729

Share
Tweet
Share
Share
powered by social2s

စစ်သည်မိခင်များနှင့်တွေ့ဆုံစဉ် ပူတင်က မီဒီယာများကို ရှုတ်ချ

By CNI
CNI
Category: Watch TV
Hits: 730

Share
Tweet
Share
Share
powered by social2s

အမျိုးသမီးများအပေါ် အကြမ်းဖက်သူများကို အရေးယူနိုင်ရန် ဆောင်ရွက်နေဟု NUG ပြော

By CNI
CNI
Category: Watch TV
Hits: 691

Share
Tweet
Share
Share
powered by social2s
ဘရာဇီးလ်ရဲ့ လက်ရှိသမ္မတ ဂျိုင်ယာဘော်ဆိုနာရိုကို တွေ့ရစဉ် (AP)

ဘရာဇီးလ်ဆန္ဒပြပွဲများ ပြင်းထန်လာသော်လည်း သမ္မတနှုတ်ဆိတ်နေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1195

CNI International News

ရွိုင်ယိုဒီဂျနီးရိုး၊ နိုဝင်ဘာ ၂၆

ပြီးခဲ့သည့် အောက်တိုဘာလ အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့မှုကို လက်ခံရန် အပြင်းအထန် ငြင်းဆန်နေသည့် လက်ရှိသမ္မတ ဂျိုင်ယာဘော်ဆိုနာရိုကို ထောက်ခံအားပေးသူများက လမ်းများပိတ်ဆို့ပြီး ဘရာဇီးလ်နိုင်ငံ၊ မက်တိုဂရော်ဆိုပြည်နယ်ရှိ စစ်ဘက် အဆောက်အအုံ အပြင်ဘက်၌ စခန်းချ၍ ဆန္ဒပြနေခဲ့ကြသည်။

ဆန္ဒပြသူများသည် အကြမ်းဖက်မှုများလည်း ကျူးလွန်ကြပြီး ၎င်းတို့အကြောင်းပြချက်မှာ ရွေးကောက်ပွဲရလဒ် အပေါ် မကျေလည်မှုနှင့် ဒီမိုကရေစီမဆန်ဘဲ အသွင်ကူးပြောင်းရေးကြောင့် ဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်များကို ကြိုတင်ထိန်းသိမ်းရန်အတွက် ဖက်ဒရယ်တရားသူကြီးက အမိန့်တစ်ရပ် ထုတ်ပေးခဲ့သည်။

ရွေးကောက်ပွဲရလဒ် မကျေနပ်တဲ့ ဘော်ဆိုနာရို ထောက်ခံသူများ ဆန္ဒပြနေကြစဉ် (AP)

အပူဒဏ်မှ သက်သာရန် ဘားတစ်ခု၌ ထိုင်၍ အဖျော်ယမကာ သောက်စားနေသူ အမျိုးသားနှစ်ဦးကို ရဲက နိုဝင်ဘာ ၂၁ ရက်၌ ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် ကုန်တင်ယာဉ်နှင့် လူနာတင်ယာဉ်များကို မိုလိုတော့ဗ် (ဓာတ်ဆီ ပုလင်းဗုံး)ဖြင့် မီးရှို့ကြောင်း စွပ်စွဲချက်ဖြင့် ရဲက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဘော်ဆိုနာရိုကို ထောက်ခံသူများသည် လက်နက်ကိုင်တပ်ဖွဲ့များ၏ ကြားဝင်စွက်ဖက်မှု (သို့မဟုတ်) တပ်မှူးများ ချီတက်ကြရန် တောင်းဆိုနေကြပြီး နိုင်ငံတဝန်း အခြားပြည်နယ်များတွင် ဆူပူဆန္ဒပြခဲ့ကြသည်။

ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးကတည်းက ဘော်ဆိုနာရိုသည် ယခုဆန္ဒပြမှုများ တရားဝင်ကြောင်းနှင့် ပြည်သူများ အသွားအလာ အဟန့်အတားမဖြစ်မချင်း ဆက်လက်ဆန္ဒပြကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

 ရွေးကောက်ပွဲရလဒ် မကျေနပ်တဲ့ ဘော်ဆိုနာရို ထောက်ခံသူများ ဆန္ဒပြနေကြစဉ် (AP)

ထို့ပြင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကိုလည်း ဘော်ဆိုနာရိုက ကန့်ကွက်ရှုတ်ချခြင်း မပြုခဲ့ပေ။

ဆန္ဒပြပွဲ အများစုသည် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဖြစ်ကြသော်လည်း နောက်ပိုင်းတွင် အာဏာပိုင်များ အပေါ် သဘောထား တင်းမာသူများ ပါဝင်လာကြပြီး နည်းဗျူဟာအချို့ကို စတင်သုံးစွဲလာခဲ့သည်။

၎င်းတို့၏ လှုပ်ရှားမှုများသည် ပြောက်ကျားတိုက်ခိုက်ရေးသမားများ၊ ပြည်သူ့စစ်များနှင့် ပြည်တွင်း အကြမ်းဖက် သမားများနှင့် နှိုင်းယှဉ်၍ရကြောင်း ပြည်နယ်အစိုးရရှေ့နေချုပ် ဂျိုစီအန်တိုနီယိုဘော်ဂက်က ပြောကြားခဲ့သည်။

မက်တိုဂရော်ဆိုပြည်နယ်သည် ဘရာဇီးလ်ပြည်တွင်း ဆူပူအုံကြွမှုများအနက် အဓိကတစ်နေရာဖြစ်နေပြီး ဆန္ဒပြ သူများက လက်လုပ်ဗုံးများ၊ မီးရှူးမီးပန်းများ၊ သံတုတ်များ၊ ကျောက်တုံးများ၊ မော်တော်ကား တာယာများဖြင့် အဝေးပြေးလမ်းမများကို ပိတ်ဆို့ခဲ့ကြကြောင်း အဝေးပြေးလမ်း တာဝန်ကျရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
SSPP နဲ့ မြန်မာ့တပ်မတော် တိုက်ပွဲအတွင်းက လက်နက် ခဲယမ်းတချို့ကို တွေ့ရစဉ်

ရှမ်းနှစ်သစ်ကူး လုံခြုံရေးယူထားသည့် SSPP နှင့် တပ်မတော် တိုက်ပွဲဖြစ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1596

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာတွင် ကျင်းပခဲ့သော သက္ကရာဇ် ၂၁၁၇ ရှမ်းနှစ်သစ်ကူးပွဲနှင့် ကောက်ဦးဆွမ်းကပ်လှူပွဲကို လုံခြုံရေးယူထားသော ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် မြန်မာ့တပ်မတော်တို့ နိုဝင်ဘာ ၂၅ ရက်နေ့က တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

SSPP က သီပေါမြို့နယ်၊ ကုန်းသာကျေးရွာတွင် ရှမ်းနှစ်သစ်ကူးပွဲနှင့် ကောက်ဦးဆွမ်းကပ်လှူပွဲကို နိုဝင်ဘာ ၂၃ ရက်မှ ၂၄ ရက်ထိ ကျင်းပခဲ့ရာ လုံခြုံရေးယူပေးခဲ့ကြောင်း၊ ထို့နောက် တပ်မတော်မှ အင်အား ၈၀ ခန့်ဖြင့် ထိုးစစ်ဆင်လာသည့် အတွက် နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ကနေ နံနက် ၇ နာရီထိ နှစ်ဖက် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း SSPP က သတင်းထုတ်ပြန်ခဲ့သည်။

 သီပေါမြို့နယ်၊ ကုန်းသာကျေးရွာမှာ ကျင်းပနေသည့် ရှမ်းနှစ်သစ်ကူးပွဲကို တွေ့ရစဉ်

အဆိုပါ တိုက်ပွဲကြောင့် ကုန်းသာကျေးရွာအုပ်စု အတွင်းမှ ဒေသခံ ၆၀၀ ခန့် သီပေါမြို့ပေါ်နှင့် လုံယွန်းဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်ရှောင်နေကြရကြောင်း SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် နှစ်ဖက် အင်အားများ ဖြည့်တင်းလျက်ရှိပြီး စစ်ရေးတင်မာနေကြောင်း သိရသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
KIA တပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

ဖားကန့်တွင် တပ်မတော်နှင့် KIA တိုက်ပွဲဖြစ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1521

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ နိုဝင်ဘာ ၂၃ ရက်နေ့က စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ကြိုကြားဖြစ်ပွားနေကြောင်း၊ မြန်မာ့တပ်မတော်ဘက်မှ လှုပ်ရှားမှုများ ရှိလာကြောင်း KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူ “ပြောလို့ရတာကတော့ ဖားကန့်ဖက်မှာ ကြိုကြား၊ ကြိုကြား တိုက်ပွဲဖြစ်နေတာ အဲဒါတော့ ပြောလို့ ရပါတယ်။ နောက်ပြီး ဗန်းမော်၊ မိုးမောက်ဖက်မှာလည်း စစ်အင်အားတွေ တိုးထားတာကိုတော့ ကျနော်တို့ တွေ့ရပါတယ်။ အဲဖက်မှာလည်း ကျနော်တို့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ဖားကန့် ဖက်မှာတော့ မနေ့ကလည်း တိုက်ပွဲတွေ ဖြစ်ပါတယ်။ ပြောရမယ်ဆိုလို့ ရှိရင်တော့ ဖားကန့်ဖက်မှာ စစ်ကောင်စီ ဖက်ကလူတွေရဲ့ လှုပ်ရှားတာကို တွေ့ရတာ ဖြစ်ပါတယ်။ ကျန်တဲ့ မြို့နယ်တွေမှာတော့ အဲလောက်ထိ မဟုတ်ဘူး။ မြစ်ကြီးနားမြို့ ဘေးမှာကတော့ စစ်ကောင်စီဘက်က ပြည်သူလူထုတွေရဲ့ နေအိမ်ကို ပစ်တာနဲ့ ပစ္စည်းတွေကို စစ် တာတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေကို စစ်တာတွေ ဆက်တိုက်လုပ်နေတာ တွေ့ရပါတယ်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ဆိပ်မှုကျေးရွာ အုပ်စုအတွင်းရှိ အောင်ကျော်စု၊ ကောင်းဆန်၊ သောင်းကော့၊ ပင်လောင် နှင့် ဝှေခါ စသည့် ကျေးရွာများမှ ဒေသခံ ၁၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။

မြို့တွင်း လုံခြုံရေး ကင်းလှည့်နေသော လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

ဖားကန့်မြို့နယ် ဆိပ်မူတွင် မြန်မာ့တပ်မတော်နှင့် KIA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဖားကန့်ဒေသခံ တစ်ဦးဖြစ်သူ ကိုအောင်ခင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်း“အခုလောလောဆယ်က မနေ့ကဆိုရင် ဆိုင်းတောင်(ဆိပ်မူ)မှာ ဖြစ်တာ၊ ဒါကတော့ အခြေအနေက မကောင်း ဘူးဗျ။ KIA ဘက်ကလည်း သူတို့က ကုန်းပေါ်ကြတော့ သူတို့က အချိန်မရွေး ငါတို့က နေပြည်တော်ဆင်းပြီး နှောင့်ယှက်တာ မဟုတ်ဘူး။ ငါတို့က ငါ့တို့နယ်မြေ မွေးဇာတိမှာ လာနှောင့်ယှက် နေတာဆိုတော့ တွယ်ချင်တာ (တိုက်ခိုက်) PDF တွေရယ်၊ ဒါပေမဲ့လည်း အထက်က KIA ရဲ့ အုပ်ချုပ်နေတဲ့ အခါကြတော့ KIA က မပစ်ခိုင်းဘူး လေ၊ မလုပ်နဲ့တဲ့ ငါတို့ နှစ်ပေါင်း ၆၀ ကျော်လုံးလုံး တော်လှန်ရေးလုပ်ခဲ့တာ သည်းခံဦး၊ သည်းခံဦးဆိုပြီး တခါ တည်း မပစ်ခိုင်းဘူး။ PDF တွေက ချချင်နေတာ။ လောလောဆယ်တော့ လေယာဉ်နဲ့ လုပ်တာတွေ၊ ဘာတွေတော့ အဲဒီတစ်လလောက်က ဖြစ်သွားတဲ့ဟာ အဲဒီနောက်ပိုင်းက မရှိသေးဘူး။ ဒီဖက်တော့” ဟု ပြောသည်။

ဖားကန့်မြို့နယ်သည် ရွေ့ပြောင်း အလုပ်သမား အများစုရှိသည့် ကျောက်စိမ်းထွက်ရှိရာ ဒေသဖြစ်ပြီး မြန်မာ့ တပ်မတော် အပါဝင် KIA၊ ဌာနေပြည်သူစစ်များလည်း လှုပ်ရှားလျက်ရှိသည်။

လက်ရှိတွင် ဖားကန့်၊ ဗန်းမော်၊ မိုးမောက်နှင့် တနိုင်းတို့တွင် မြန်မာ့တပ်မတော်နှင့် KIA၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပူတင်နဲ့ မာကယ်ကိုတွေ့ရစဉ် (GETTY IMAGES)

ပူတင်အပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်း မိမိထံတွင် မရှိခဲ့ဟု အိန်ဂျမာကယ်ဝန်ခံ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1470

CNI International News

ဘာလင်၊ နိုဝင်ဘာ ၂၅

ဗလာဒီမာပူတင်ကို ဩဇာလွှမ်းမိုးနိုင်စွမ်း မရှိကြောင်း ဂျာမနီအဓိပတိ(ဝန်ကြီးချုပ်)ဟောင်း အိန်ဂျလာမာကယ်က ဝန်ခံခဲ့ခြင်းအားဖြင့် ယူကရိန်းသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ၌ မကျူးကျော်မီ ရုရှားအပေါ် ၎င်း၏နိုင်ငံခြားမူဝါဒကို ကာကွယ်ပြောကြားခဲ့ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းက ဖော်ပြထားသည်။

ရုရှားသမ္မတ ပူတင်နှင့် ပြင်သစ်သမ္မတ အီမန်နွယ် မက်ခရွန်တို့ကို ၂၀၂၁ ခုနှစ်၊ နွေရာသီ၌ ဥရောပနိုင်ငံ အချင်းချင်း ဆွေးနွေးပွဲများ ခေါ်ယူကျင်းပရန် မိမိ ကြိုးစားခဲ့ကြောင်း မာကယ်က ဆက်လက် ပြောကြားခဲ့သည်။

“ဒါပေမယ့် ကျမမှာ အဲဒီခြေလှမ်းတွေ လှမ်းဖို့ ခွန်အား မရှိခဲ့ဘူးရှင့်” ဟု ၎င်းက Spiegel မီဒီယာသို့ ပြောကြား ခဲ့သည်။

“တကယ်တော့ လူတိုင်း ရိပ်မိပါတယ်။ ဆောင်းဦးပေါက်ကျရင် သူ (ပူတင်) ဝင်တိုက်တော့မယ်ဆိုတာပေါ့” ဟု မာကယ်က မှတ်ချက်ချခဲ့သည်။

ယူကရိန်းစစ်သားများ လက်နက်များပြင်ဆင်နေစဉ်(GETTY IMAGES)

ဂျာမနီနိုင်ငံ၏ ဝန်ကြီးချုပ်တာဝန်ကို ၄ ကြိမ် ထမ်းဆောင်ပြီးနောက် မစ္စစ်မာကယ်သည် ယမန်နှစ် ဒီဇင်ဘာလ တွင် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် မော်စကိုမြို့သို့ နောက်ဆုံးသွားရောက် လည်ပတ်ခဲ့သည်။

“အခု ကျမ ခံစားချက် အင်မတန် ရိုးရှင်းပါတယ်။ အာဏာရ နိုင်ငံရေးအရ ပူတင်ရေ …မင်း ပြီးသွားပြီလို့ပဲ ပြောချင်ပါတယ်” ဟု ဂျာမန်သတင်းမဂ္ဂဇင်း တစ်စောင်ဖြစ်သည့် Spiegel သို့ မာကယ်က ထပ်လောင်း ပြောကြားခဲ့သည်။

ယခုစစ်ပွဲသည် ပူတင်၏အာဏာကို အားပြိုင်မှု တစ်ခုသာဖြစ်ကြောင်း မာကယ်က သူ့အမြင်ကို ရှင်းပြခဲ့သည်။

ယူကရိန်းစစ်သားများကို အရပ်သားများနဲ့အတူ တွေ့ရစဉ်(GETTY IMAGES)

၎င်းတို့နှစ်ဦး နောက်ဆုံး တွေ့ဆုံပွဲသို့ မစ္စတာပူတင်က ၎င်း၏နိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ကိုလည်း အတူထိုင်စေခဲ့ကြောင်း၊ ယခင်ကလည်း ပူတင်နှင့် ၎င်းတို့ တွေ့ဆုံခဲ့ဖူးကြောင်း မာကယ်က ဖြည့်စွက် ပြောကြားခဲ့သည်။

ယူကရိန်းနယ်စပ်တွင် သီတင်းပတ်ပေါင်းများစွာ ကြာအောင် အကြီးစား စစ်ရေးအင်အား ချထားမှုများ မတိုင်မီ သမ္မတပူတင်၏ ကျူးကျော် ဝင်ရောက်လိုမှုကို ရိပ်မိကြသည့် မစ္စမာကယ် အပါအဝင် အခြား ဥရောပသမဂ္ဂ ခေါင်းဆောင်များ အနေဖြင့် ကရင်မလင်နန်းတော်ထဲသို့ ပိုနီးကပ်သော ချဉ်းကပ်မှုတစ်ရပ် ရှိခဲ့သင့်ကြောင်း စောဒတက်ကြသူများကိုလည်း တွေ့ရသည်။

မာကယ်၏ ခရစ်ယာန်ဒီမိုကရက်တစ်ပါတီ (CDU) မှ နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူ လွှတ်တော်အမတ် ရိုဒါရစ် ကိုင်စီဝက်တာက “ပူတင်သည် ဥရောပကို ခွဲထုတ်ပြီး အားပျော့အောင် လုပ်ဆောင်ရန် ကြိုးစားနေသည်ကို မာကယ်သိ‌သော်လည်း ပါဝါအပျော့ (soft power) အနေဖြင့် မှန်ကန်သော ချဉ်းကပ်မှုဖြစ်သည်ဟု မာကယ် ယုံကြည်ခဲ့ကြောင်း” သုံးသပ်ပြခဲ့သည်။

ထို့ပြင် ဂျာမနီသည် ရုရှားဓာတ်ငွေ့ကို အလွန်အမင်း မှီခိုနေရကြောင်း ကျူးကျော်စစ် မတင်မီကပင် ဘာလင် အစိုးရက ဆင်ခြေပေးခဲ့ဖူးသည်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပိုလန်နိုင်ငံရှိ မော်ဂျူလာချေမှုန်းရေးရိုင်ဖယ်စနစ် PGZ လက်နက်စက်ရုံမှ လက်နက်များကိုတွေ့ရစဉ်(ဓါတ်ပုံ-ရိုက်တာ)

အရှေ့ဥရောပ၌ လက်နက်လုပ်ငန်းအခွင့်အလမ်း ကောင်းလာ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1750


CNI International News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅

အရှေ့ဥရောပဒေသတွင် လက်နက်ထုတ်လုပ်တင်ပို့ရေးလုပ်ငန်းများသည် စစ်အေးခေတ်ကတည်းက မမြင်ခဲ့ရ သော သေနတ်များ၊ အမြောက်ကျည်များနှင့် အခြားစစ်ရေးဆိုင်ရာအထောက်အပံ့များမှာ အလျင်အမြန် တက်လာ နေကြောင်း ရိုက်တာသတင်းအရ သိရသည်။

ထိုသို့ တက်လာခြင်းမှာ ယူကရိန်းက ရုရှားကို တွန်းလှန်တိုက်ခိုက်ရာတွင် ဒေသတွင်းရှိအစိုးရများက ထောက်ပံ့ ကူညီရေး ဦးဆောင်မှုယူထား၍ ဖြစ်သည်။

လက်ရှိအနေအထားတွင် အဆိုပါမဟာမိတ်နိုင်ငံများက ကိယက်ဗ်အစိုးရကို လက်နက်နှင့်စစ်သုံးပစ္စည်းများ ဆက်တိုက်ထောက်ပံ့နေသည်။

ရုရှားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ၎င်း၏အိမ်နီးချင်းယူကရိန်းအတွင်းသို့ ကျူးကျော်တိုက်ခိုက် ခဲ့သည်။

အမေရိကန်နိုင်ငံ Dover လေတပ်အခြေစိုက်စခန်းတစ်ခုရှိ အကြီးတပ်လေတပ်အရာရှိတစ်ဦး ယူကရိန်းသို့ ပို့ဆောင်မည့် လက်နက်များကို စီမံခန့်ခွဲနေစဉ်(ဓါတ်ပုံ-အေပီ)

အမေရိကန်နှင့်ဗြိတိန်တို့သည် ယူကရိန်းအတွက် တိုက်ရိုက်စစ်ရေးအကူအညီကို သည့်မတိုင်မီ ဇန်နဝါရီ ၂၄ ရက် ကတည်းက စတင်ပေးအပ်ခဲ့ရာ အောက်တိုဘာ ၃ ရက် ဆက်တိုက်ပေးအပ်ခဲ့ကြောင်း ကမ္ဘာ့စီးပွားရေး စောင့်ကြည့်အဖွဲ့တစ်ဖွဲ့ဖြစ်သော Kiel သိပ္ပံကျောင်းက ဖော်ပြသည်။ ထိုသို့ စစ်ရေးအကူအညီများပေးအပ်မှု၌ တတိယနေရာလိုက်သည့်နိုင်ငံမှာ ပိုလန်ဖြစ်ပြီး နဝမနေရာတွင် ချက်သမ္မတနိုင်ငံတို့ ရှိနေသည်။ ချက်နှင့်ပိုလန် တို့သည် အရှေ့ဥရောပနိုင်ငံများ ဖြစ်ကြသည်။

ယခင် ဝါဆောစစ်စာချုပ်အဖွဲ့ဝင်ဟောင်းများဖြစ်သော အဆိုပါနှစ်နိုင်ငံအနေဖြင့် ယူကရိန်းကို ဒေသတွင်း လုံခြုံရေးအကူအညီပေးနေခြင်းအပေါ် ရုရှားက သတိကြီးကြီးဖြင့် စောင့်ကြည့်နေခဲ့သည်။ ယခင် စစ်အေး ခေတ်ဟောင်းတလျှောက် ဝါဆောစစ်စာချုပ်အဖွဲ့ကို ဆိုဗီယက်(ရုရှား) က ဦးဆောင်ခဲ့သည်။

သို့သော် ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းနိုင်ခဲ့သည့် အစိုးရဘက်နှင့် ပုဂ္ဂလိကကုမ္ပဏီများမှ တာဝန်ရှိသူများအပါအဝင် စစ်ရေးလေ့လာသုံးသပ်သူ ဆယ်ဂဏန်းမျှတို့က လက်ရှိပဋိပက္ခသည် အရှေ့ ဥရောပဒေသတွင်း လက်နက်လုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များကို မြင်တွေ့လာစေကြောင်း ပြောကြားခဲ့ကြသည်။

လက်နက်စက်ရုံတစ်ခု မြင်ကွင်း(ဓါတ်ပုံ-ရိုက်တာ)

“ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲရဲ့ သရုပ်မှန်နဲ့ ကာကွယ်ရေးအသုံးစရိတ်တွေကို တိုးမြှင့်ဖို့ ရည်ရွယ်ထားတဲ့ တိုင်းပြည်တွေရဲ့ မြင်သာတဲ့သဘောထားကို ထည့်စဉ်းစားမယ်ဆိုရင် လာမယ့်နှစ်တွေမှာ ဈေးကွက်သစ်ထဲ ဝင်ဖို့နဲ့ ပို့ကုန်တိုးလာဖို့ အမှန်တကယ် အခွင့်အလမ်းရှိနေပါတယ်” ဟု ပိုလန်မှ PGZ လုပ်ငန်းစု၊ အမှုဆောင်အရာရှိချုပ် ဆာဘတ်ရှန်ချက်ဝါလက် (Sebastian Chwalek) က ပြောကြားခဲ့သည်။

အစိုးရပိုင် PGZ လုပ်ငန်းစုသည် လက်နက်နှင့်ခဲယမ်းမီးကျောက် ထုတ်လုပ်သည့် ကုမ္ပဏီပေါင်း ၅၀ ကျော် ထိန်းချုပ်ထားပြီး ကျည်ကာမော်တော်ယာဉ်များမှ မောင်းသူမဲ့လေယာဉ်စနစ်အထိ အစုရှယ်ယာပေါင်းများစွာ ပိုင်ဆိုင်ထားကြသည်။

ထိုလုပ်ငန်းစုအနေဖြင့် လာမည့် ဆယ်စုနှစ်အတွင်း ပိုလန်သုံး zlotys ၈ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၈) အထိ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။

အခြားထုတ်လုပ်သူများကလည်း ပိုလန်၊ ဆလိုဗက်ကီးယားနှင့် ချက်သမ္မတနိုင်ငံတို့မှ အလုပ်သမားများ၊ အစိုးရဘက်မှလုပ်ငန်းများ ငှားရမ်းပြီး ၎င်းတို့၏ ထုတ်လုပ်မှုစွမ်းရည်ကို တိုးမြှင့်နိုင်ဖို့ ပြိုင်ဆိုင်နေကြသည်ဟု ပြောကြားထားသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

တောင်ကိုရီးယားသည် ခွေးနှင့်တူကြောင်း ကင်မ်ဂျုံအန်း၏ညီမ ပြော

By CNI
CNI
Category: Watch TV
Hits: 663

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေးတွင် စစ်တပ် စွက်ဖက်မိဟု ပါကစ္စတန်စစ်ဗိုလ်ချုပ်ကြီးဟောင်း ဝန်ခံ

By CNI
CNI
Category: Watch TV
Hits: 670

Share
Tweet
Share
Share
powered by social2s

ထိုင်းရွေးကောက်ပွဲမတိုင်မီ ပရာယွတ် ပါတီအပြောင်းအရွှေ့လုပ်မည်ဟု သတင်းထွက်

By CNI
CNI
Category: Watch TV
Hits: 706

Share
Tweet
Share
Share
powered by social2s

TNLA ၏ သဝဏ်လွှာမှာ ဌာနေသားများ စည်းလုံးရန်လက္ခဏာဟု ပြော

By CNI
CNI
Category: Watch TV
Hits: 664

Share
Tweet
Share
Share
powered by social2s
ရှမ်းတိုင်းရင်းသားများကို တွေ့ရစဉ်

TNLA ၏ သဝဏ်လွှာမှာ ဌာနေသားများ စည်းလုံးရန်လက္ခဏာဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1350

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄

ရှမ်နှစ်သစ်ကူးနေ့သို့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)မှ ပေးပို့သည့် သဝဏ်လွှာသည် ရှမ်းပြည်ဌာနေသား အချင်းချင်း စည်းလုံးရန် ကောင်းသည့် လက္ခဏာဖြစ်ကြောင်း ရှမ်းလူ့အခွင့်အ‌ရေးမဏ္ဍိုင် (SHRF)မှ ယိင်းလျန်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသား အချင်းချင်း အပြုသဘောဆောင် ပြောခြင်းကြောင့် မိမိတစ်ဦးတည်း၏ အမြင်အရ ရှမ်းပြည်အရေး အတွက် ကောင်းမွန်ကြောင်း ၎င်းက ပြောသည်။

SHRF မှ ယိင်းလျန်းဟန်က “ဒါကတော့ ကျနော်ရဲ့ Personal အမြင်ပါ။ အဖွဲ့အစည်းရဲ့ ကိုယ်စားပြု အနေနဲ့တော့ မဟုတ်ဘူးပေါ့နော်၊ ဒီလိုမျိုးကို ကျ‌နော်တို့ တိုင်းရင်းသားအချင်းချင်း ဒီလိုမျိုးတွေ အပြုသဘော‌ဆောင်ပြီး ကျနော် တို့ အချင်းချင်း ဒီလိုမျိုးတွေ ပြောပေးတာ၊ ရှမ်းပြည်အရေးအတွက် ကောင်းတဲ့ လက္ခဏာပဲလို့ ကျနော်တို့ ပြောလို့ ရတယ်ပေါ့နော်၊ အဲလိုတော့ မြင်ပါတယ်ရှင့်၊ ကျနော်တို့ ရှမ်းပြည်ရှေ့ရေးအတွက် ဒီရှမ်းပြည်မှာဆို ကျနော်တို့ ငြိမ်း ငြိမ်းချမ်းချမ်း အတူတူနေဖို့ပေါ့နော်၊ တိုင်းရင်းသား အချင်းချင်း အတူတူနေဖို့ ဒီထက်ပိုပြီး စည်းလုံးနိုင်ဖို့ ဒီလိုမျိုး ပြောတာ‌မျိုးက ကျနော်တို့ ကြိုလည်း ကြိုဆိုပါတယ်၊ ကောင်းတဲ့ လက္ခဏာလို့လည်း မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပလောင်တိုင်းရင်းသားများကိုတွေ့ရစဉ်

နတ်တော်လဆန်း ၁ ရက်နေ့တွင် ကျရောက်သော ရှမ်းအမျိုးသားများ၏ ၂၁၁၇ မြောက် ရှမ်းနှစ်သစ် မင်္ဂလာနေ့၌ ရှမ်းလူမျိုးများ အားလုံး ဘေးအန္တရာယ် ကင်းဝေးပြီး၊ ကျန်းမာတိုးတက် ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သသည်ဟု TNLA မှ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ယခုလို သဝဏ်လွှာ ပေးပို့ခြင်းသည် ကောင်းသောလက္ခဏာဟု ပြော၍ရကြောင်း၊ ရှမ်းနှင့် တအာင်း အချင်းချင်း ကြား ညီညွတ်မှု ပိုခိုင်မာလာမည်ဟု မျှော်လင့်ကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်း(TWO)မှ အထွေထွေ အတွင်းရေးမှူး လေးပိုးကမေဲ့ခြိူဝ်းက CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းတိုင်းရင်းသားများကိုတွေ့ရစဉ်

၎င်းက “ဒီလိုပို့လိုက်တဲ့ အပေါ်မှာ ဒါကကောင်းတဲ့လက္ခဏာ တစ်ခုလို့လည်း ပြောလို့ရတယ်၊ ဒီစည်းလုံးညီညွတ်မှု အတွက်လည်း သက်သေအနေနဲ့ ပြတယ်လို့လည်း ကျမတို့ သုံးသပ်လို့ရတယ်ပေါ့၊ ကျမတို့ တိုင်းရင်းသားလူမျိုး အချင်းချင်း ညီညွတ်ပြီးတော့ ဒီအာဏာရှင်ကို တိုက်ထုတ်ပြီးတော့ ကျမတို့ရဲ့ ဖက်ဒရယ်နိုင်ငံတော်ကို တည် ထောင်ရမယ့် အချိန်ကောင်းဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဘာပဲနေနေ ဒီလိုသဝဏ်လွှာ ပို့တဲ့အတွက်ကြောင့်မို့လို့ ကျမတို့ တအာင်းနဲ့ ရှမ်းတွေ အချင်းချင်းကြားထဲမှာလည်း ညီညွတ်မှုတွေ ပိုပြီးမှ ခိုင်မာလာမယ်လို့လည်း ကျမ အနေနဲ့ မျှော်လင့်မိပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့များ အချင်းချင်း ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများ ရှိလာကြောင်း၊ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများ နည်းလာကြောင်း၊ ထိုအခြေအနေများကြောင့် အချင်းချင်းအကြား ယုံကြည်မှုများ ပိုရှိလာမည်ဟု မြင်မိကြောင်း လေးပိုးကမေဲ့ခြိူဝ်းက ပြောသည်။

ရှမ်းပြည်နယ်တွင် တအာင်း၊ ရှမ်း၊ ကချင်၊ တရုတ်၊ ဗမာ၊ ဝ၊ ကိုးကန့်၊ အာခါ၊ ဓနု၊ ပအိုဝ်း၊ လားဟူ၊ လီဆူ အပါအဝင် တခြားသော တိုင်းရင်းသား လူမျိုးစုများလည်း နေထိုင်ကြသလို လက်နက်ကိုင်အဖွဲ့များ အနေဖြင့်လည်း လူမျိုးစု အလိုက် တည်ရှိနေကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်ကြီး ပရာယွတ်(ဓါတ်ပုံ- asiatimes.com)

ထိုင်းရွေးကောက်ပွဲမတိုင်မီ ပရာယွတ် ပါတီအပြောင်းအရွှေ့လုပ်မည်ဟု သတင်းထွက်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1570

CNI International News

ဘန်ကောက်၊ နိုဝင်ဘာ ၂၄

ထိုင်းနိုင်ငံတွင် အသစ်ဖွဲ့စည်းထားသော ထိုင်းအမျိုးသားပေါင်းစည်းရေးပါတီ (UTN) (သို့မဟုတ်) ရူအမ်ထိုင်း ဆောင်ချက် (Ruam Thai Sang Chart) တွင် မိမိပါဝင်ရန် စဉ်းစားနေကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်က ရေးသားဖော်ပြသည်။

ပါတီအပြောင်းအရွှေ့ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ကောလာဟလများ အလွန်အမင်း လွှမ်းမိုးခဲ့သဖြင့် ပရာယွတ်က နိုဝင်ဘာ ၂၃ ရက်တွင် အဆိုပါကိစ္စအတွက် ပထမဆုံးအကြိမ် ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

ပါတီဝင်အဖြစ် လျှောက်ထားခြင်းရှိ/မရှိ သတင်းထောက်များက ဆက်လက်မေးမြန်းရာ ဗိုလ်ချုပ်ကြီး ပရာယွတ်က “ကျနော် စဉ်းစားနေတုန်းပါ” ဟု ဖြေကြားခဲ့သည်။

ထို့နောက် ၎င်း၏အနာဂတ်နိုင်ငံရေးခြေလှမ်းနှင့်ပတ်သက်၍ တစုံတရာဖြေကြားပေးရန် တောင်းဆိုသည့်အခါ ၎င်းက သဘောထားမှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့သည်။

“နောက်နှစ်မှာ ဒါက ရှင်းသွားပါလိမ့်မယ်” ဟုသာ ပြောကြားခဲ့သည်။

ယခင်က ဒီမိုကရက်တစ်အမတ်တစ်ဦးဖြစ်ခဲ့ပြီး ဝန်ကြီးချုပ်၏အကြံပေးဟောင်းလည်း ဖြစ်ခဲ့သူ လက်ရှိ UTN ခေါင်းဆောင် ပီရာပန်ဆလီရာသာဗီဘာဂါ (Pirapan Salirathavibhaga) က “မိမိတို့ပါတီဝင်အဖြစ် ပရာယွတ် လာရောက်လျှောက်ထားခြင်းမရှိကြောင်း” ငြင်းဆန်ခဲ့သည်။

လက်ရှိ အာဏာရ ပါလန်ပရာချာရတ်ပါတီ (PPRP) ပါတီမှ ဗိုလ်ချုပ်ကြီး ပရာယွတ် နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့လျှင် ၎င်းကို UTN ပါတီကတော့ ကြိုဆိုသွားမည်ဟု မစ္စတာ ပီရာပန်က ပြောကြားခဲ့သည်။

လာမည့်နှစ် ရွေးကောက်ပွဲပြီးသည့်အခါ ဗိုလ်ချုပ်ကြီး ပရာယွတ် ဝန်ကြီးချုပ်အဖြစ် ပြန်လည်အာဏာရလာပါက ထောက်ခံအားပေးရန်အတွက် UTN ပါတီကို ယမန်နှစ် မတ်လတွင် တည်ထောင်ခဲ့သည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်သည် နိုဝင်ဘာ ၂၀ ရက်၌ ဘန်ကောက်မြို့ရှိ အမှတ် ၁ ခြေလျင်တပ်ရင်းဝင်းအတွင်းရှိ ပြည်နယ် ၅ ခု သစ်တောထိန်းသိမ်းရေးဖောင်ဒေးရှင်းရုံးတွင် PPRP ပါတီ၏ခေါင်းဆောင် ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝေါင်ဆူဝမ်နှင့် တွေ့ဆုံပြီးနောက် ၎င်းအနေဖြင့် UTN ပါတီသို့ ပြောင်းရွှေ့နိုင်ခြေ ထင်ကြေးများ တိုးလာခဲ့သည်။

လာမည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ပါတီအပြောင်းအရွှေ့လုပ်ရန် ၎င်း၏ အစီအစဉ်ကို ဗိုလ်ချုပ်ကြီး ပရာဝစ်ထံသို့ အသိပေးခဲ့ကြောင်း ယုံကြည်ရသည်ဟု ဘန်ကောက်ပို့စ်က ဆက်လက် ရေးသားသည်။

Source: Bangkok Post

Share
Tweet
Share
Share
powered by social2s
  • 32
  • 33
  • 34
  • 35
  • 36
  • 37
  • 38
  • 39
  • 40
  • 41

Page 37 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar