CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း တောင်ကိုရီးယားစစ်သားများမှ ဟောင်ဝစ်ဇာကျည်များကို စီမံခန့်ခွဲနေစဉ်(ဓါတ်ပုံ-အေပီ)

စစ်ရေးပို့ကုန်များ၌ တရုတ်ကို ကျော်တက်ရန် တောင်ကိုရီးယားရည်မှန်းထား

By CNI
CNI
Category: နိုင်ငံရေး
Hits: 1608

CNI International News

ဆိုးလ်၊ နိုဝင်ဘာ ၂၂

ယခုနှစ်အတွင်း တောင်ကိုရီးယား၏လက်နက်ရောင်းချမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံသည် ယမန်နှစ်က သတ်မှတ်ခဲ့သည့် တစ်နှစ်တာစံချိန်ထက် နှစ်ဆကျော် တိုးလာခဲ့ကြောင်း South China Morning Post သတင်းစာက ရေးသားဖော်ပြသည်။

ယူကရိန်းစစ်ပွဲနှင့် အာရှအရှေ့ဖျားတင်းမာမှုများ၏ နောက်ခံအခင်းအကျင်းကို တန်ပြန်သည့်အနေဖြင့် တောင်ကိုရီးယား၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်မှုလုပ်ငန်းမှာ ကြီးထွားလာမည်ဟု ၎င်းပြည်တွင်း၌ မျှော်လင့်နေကြသည်။

သို့သော် တောင်ကိုရီးယားအစိုးရ၏ရည်မှန်းချက်အရ ကမ္ဘာ့ထိပ်တန်းလက်နက်တင်ပို့ရောင်းချသူ ၄ ဦးအနက် တစ်ဦးဖြစ်လာနိုင်ခြေရှိသော်လည်း လက်ရှိစတုတ္ထနေရာတွင် ရပ်တည်နေသည့် တရုတ်ကို ကျော်တက်သွားနိုင် ကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောကြားသည်။ ထို့အပြင် တောင်ကိုရီးယား၏ ပစ်မှတ်ထားရာ ဈေးကွက်များမှာ အခြေခံအားဖြင့် ကွဲပြားနေ၍ လက်နက်တင်ပို့ရောင်းချမှုကဏ္ဍတွင် ပြိုင်ဆိုင်ရန် မဖြစ်နိုင် ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားကြသည်။
၂၀၂၁ ခုနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိခဲ့သော တောင်ကိုရီးယား လက်နက် ရောင်းချမှု အလျင်အမြန်တိုးလာခဲ့သည့်နောက်ကွယ်တွင် အဓိကတွန်းအားမှာ ယူကရိန်း၏အိမ်နီးချင်း ပိုလန် ဖြစ်ပြီး ယခုနှစ် ပထမ ၁၀ လအတွင်း ပိုလန်ကြောင့် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုး ဝယ်ယူမှု တိုးလာခဲ့ သည်။

တောင်ကိုရီးယား စစ်တပ်၏ တင့်ကားတစ်စီးကို တွေ့ရစဉ်

အဆိုပါကိန်းဂဏန်းများကို ၂၀၁၁ - ၂၀၂၀ ပြည့်နှစ်အတွင်း တောင်ကိုရီးယား၏လက်နက်ရောင်းချမှုတန်ဖိုး နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံမှ ၃ ဘီလီယံခန့်သာ ရှိခဲ့ခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။
“ယူကရိန်းစစ် စဖြစ်ပြီးတဲ့နောက်မှာ ပိုလန်မှာလည်း လက်နက်ဝယ်ယူဖြည့်တင်းဖို့ အရေးတကြီးလိုလာတဲ့အတွက် တောင်ကိုရီးယားအတွက် အခွင့်အရေးရသွားခဲ့ပါတယ်။ ဒီလိုအချိန်တိုအတွင်းမှာ လက်နက်ထုတ်လုပ်နိုင်တဲ့နိုင်ငံ က နည်းနည်းပဲ ရှိတာမို့ ဒီအခွင့်အရေးရခဲ့တာပါ။ ဥရောပနိုင်ငံတွေကလည်း သူတို့ရဲ့ကာကွယ်ရေးကို ဦးစားပေး လုပ်လာတဲ့အချိန်မှာ လက်နက်က အရေးတကြီးလိုလာပြီလေ” ဟု စက်မှုစီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကိုရီးယားသိပ္ပံကျောင်းမှ သုတေသီပညာရှင် ကင်မ်မီဂျောင် (Kim Mi-jung) ပြောကြားခဲ့သည်။

“ကိုရီးယားလက်နက်ထုတ်လုပ်‌ရေးလုပ်ငန်းမှာ စွမ်းဆောင်ရည်အရရော ငွေကြေးအရပါ တန်ဖိုးကြီးတဲ့ အမြောက် တွေကနေ မောင်းသူမဲ့လေယာဉ်အထိ ထုတ်ကုန်များများစားစား ထုတ်လုပ်နိုင်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
တောင်ကိုရီးယားထံမှ K239 Chunmoo (ချန်မိုး) ဒုံးကျည်အမြောက်စနစ်များကို ဝယ်ယူရန်အတွက် ယခင်လ၌ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၅ ဘီလီယံတန်ဖိုးရှိ စာချုပ်လက်မှတ်မရေးထိုးမီတွင် ပိုလန်ကာကွယ်ရေးဝန်ကြီး မရစ်ဇညက်ဘလက်ဇိဇက် (Mariusz Blaszczak) က အဆိုပါလက်နက်အရည်အသွေးကို ချီးကျူးခဲ့သည်။ ထို လက်နက်များသည် ပိုလန်မှ ယခင်မှာယူဖြည့်တင်းခဲ့ဖူးသည့် အမေရိကန်လုပ် HIMARS လက်နက်စနစ်များနှင့် အလွန်ဆင်တူသည့်အတွက် ချန်မိုးလောင်ချာများကို ထိုကဲသို့ ချီးကျူးခဲ့ခြင်းဖြစ်သည်။

Source: South China Morning Post

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်းစစ်တပ်သားတစ်ဦးကိုတွေ့ရစဉ် (GETTY IMAGES)

ခါဆွန်မြို့၌ ရုရှားညှင်းပန်းနှိပ်စက်ခဲ့ဟု သံသယနေရာ ၄ ခုတွေ့ရ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1808

CNI International News

ကိယက်ဗ်၊ နိုဝင်ဘာ ၂၂

ခါဆွန်မြို့ကို ရုရှားတို့ မစွန့်ခွာမီ အရပ်သားများအပေါ် ညှင်းပန်းနှိပ်စက်ခဲ့သည်ဟု သံသယရှိသော နေရာ ၄ ခုကို ယူကရိန်းရဲတပ်ဖွဲ့နှင့်ရှေ့နေများက ဖော်ထုတ်နိုင်ခဲ့ကြောင်း ယူကရိန်းအစိုးရရှေ့နေချုပ်ရုံးမှ နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု CNA က ရေးသားဖော်ပြသည်။

ရုရှားတပ်ဖွဲ့များသည် ထိန်းသိမ်းရေးစခန်းများနှင့် ယူကရိန်းတောင်ပိုင်းရှိ ရဲတပ်ဖွဲ့ပိုင် အဆောက်အအုံများတွင် အယောင်ပြ ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ ထူထောင်ထားကြောင်း ယူကရိန်းရှေ့နေချုပ်ရုံး၏ တယ်လီဂရမ် ချန်နယ်မှ သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ရုရှားတပ်များ သိမ်းပိုက်လိုက်သဖြင့် ယူကရိန်းတို့ ဆုတ်ခွာပေးခဲ့ရသော ခါဆွန်မြို့ ၏ အခြေအနေအား ယနေ့ ယူကရိန်းရဲတပ်ဖွဲ့၊ အစိုးရရှေ့နေများနှင့် ကျွမ်းကျင်ပညာရှင်များက ၎င်းတို့ရရှိသော စာရွက်စာတမ်းများနှင့်တွေ့ရှိချက်များအပေါ် အခြေခံ၍ အဆိုပါ သတင်းထုတ်ပြန်ချက်ကို ရေးသားပြုစုခဲ့ကြ သည်။

ယူကရိန်းခေါင်းဆောင် ဇာလန်းစကီးကိုတွေ့ရစဉ် (GETTY IMAGES)

ပြန်လည်သိမ်းပိုက်ရမိသော အဆောက်အအုံများ အတွင်းမှ ရာဘာနံပါတ်တုတ်၊ သစ်သားတုတ်၊ လက်ထိပ်နှင့် မီးချောင်းများကို တွေ့ရပြီး နံရံများ၌ ကျည်ဆန်ရာများ တွေ့ရကြောင်း ရှေ့နေချုပ်ရုံးက ပြောသည်။

“ညှင်းပန်းနှိပ်စက်မှု၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နည်းလမ်းတွေနဲ့ မြေအောက်ခန်းထဲမှာ ဒေသခံတွေကို ပြုမူခဲ့တာ တွေ့ရပါတယ်” ဟု ၎င်းရုံးက ဆက်ပြောသည်။

အထက်ပါအတိုင်း ယူကရိန်း အရပ်သားများနှင့် စစ်မှုထမ်းအပေါ် ညှင်းပန်းနှိပ်စက်ခဲ့မှု စွပ်စွဲချက်များကို မော်စကို က ပယ်ချခဲ့သည်။

ကိယက်ဗ်မြို့တော် အနီးရှိ ဘူချာမြို့လေးကဲ့သို့ ယခင်လများစွာက ရုရှားသိမ်းပိုက်ခဲ့သော နေရာများတွင်လည်း အလားတူ ကျူးလွန်ခဲ့ကြောင်း ယူကရိန်းအစိုးရက စွပ်စွဲခဲ့သည်။

ရုရှားကာကွယ်‌ရေးဝန်ကြီးကိုတွေ့ရစဉ် (GETTY IMAGES)

၉ လနီးပါးကြာ ရုရှားသိမ်းပိုက်ခဲ့ပြီးနောက် လူပေါင်း ဆယ်ဂဏန်းထက်မနည်း စစ်ကြောမေးမြန်း၍ ညှင်းပန်း နှိပ်စက်ခဲ့သော ခါဆွန်မြို့ရှိ ရဲအဆောက်အအုံ တစ်လုံးကို ရိုက်တာသတင်းဌာနက ဖော်ထုတ် တွေ့ရှိခဲ့သည်။

အဆိုပါ စွပ်စွဲချက်များကိုတော့ ရုရှားကာကွယ်‌ရေးဝန်ကြီးဌာနနှင့် ကရင်မလင် သမ္မတနန်းတော်တို့က လတ်တ လော တုံ့ပြန်ခြင်း မရှိသေးပေ။

တဖန် ရုရှားကလည်း စစ်ရေးပဋိပက္ခအတွင်း ယူကရိန်း စစ်သားများ၏ စော်ကားကျူးလွန်မှုများကို ပြန်လှန် စွပ်စွဲခဲ့မှုများ ရှိသည်။

ယူကရိန်းစစ်သားများသည် ရုရှားစစ်သုံ့ပန်း ၁၀ ဦးကျော်ကို ကွပ်မျက်သုတ်သင်ခဲ့ကြောင်း ရုရှားလူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့သော ဗွီဒီယိုဖိုင်အား ကိုးကားလျက် ယခင်သီတင်းပတ်၌ မော်စကိုက ပြောကြားခဲ့သည်။ ယင်းသို့ ကွပ်မျက် သုတ်သင်မှုအတွက် တာဝန်ရှိသူများကို တရားမျှတအောင် တုံ့ပြန်မည်ဟုလည်း ကရင်မလင်နန်းတော်က နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ထိုသို့ ရုရှားစွပ်စွဲချက်များကို ယူကရိန်းလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဒီမီထရိုလူဘီနက် (Dmytro Lubinets)က ပယ်ချခဲ့သည်။

Source: Reuters, Channel News Asia

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယားက UN အတွင်းရေးမှူးချုပ်ကို အမေရိကန်၏ရုပ်သေးဟု ခေါ်

By CNI
CNI
Category: Watch TV
Hits: 689

Share
Tweet
Share
Share
powered by social2s

တပ်မတော်ကို နိုင်ငံရေးမှ ဆုတ်ခွာဖို့ ဘယ်လိုသဘောတူညီမှု ယူသင့်လဲ

By CNI
CNI
Category: Watch TV
Hits: 695

Share
Tweet
Share
Share
powered by social2s

အာဆီယံအထူးသံတမန် ဆိုခွန် မြန်မာသို့ တတိယအကြိမ်လာမည်

By CNI
CNI
Category: Watch TV
Hits: 653

Share
Tweet
Share
Share
powered by social2s
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားရေးအတွင်းဝန် Shri vinay Mohan Kwatra တို့ တွေ့ဆုံစဉ်

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် နယ်စပ်လုံခြုံရေး လာရောက် ဆွေးနွေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1435

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁

အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားရေးအတွင်းဝန် Shri vinay Mohan Kwatra သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ အလုပ်သဘော လာရောက်၍ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း နှစ်နိုင်ငံနယ်စပ် စီမံခန့်ခွဲမှု၊ လုံခြုံရေးနှင့် ဆက်လက် ဆောင်ရွက်ဆဲ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အိန္ဒိယ၏ ပံ့ပိုး ကူညီမှုဆိုင်ရာ အရေးကြီးသော နှစ်နိုင်ငံ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။

ဦးဝဏ္ဏမောင်လွင်နဲ့ အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားရေးအတွင်းဝန် Shri vinay Mohan Kwatra တို့တွေ့ဆုံစဉ်

အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားရေးအတွင်းဝန် Shri vinay Mohan Kwatra သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးညှိနှိုင်းမှု ကော်မတီ (NSPNC) ဥက္ကဋ္ဌလည်းဖြစ် နစက အဖွဲ့ဝင်လည်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းကလည်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နစက တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။

လက်ရှိတွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်၌ အိန္ဒိယကို တော်လှန်တိုက်ခိုက်နေသော ကသည်း၊ နာဂ သူပုန်များ ရှိနေသလို မြန်မာ့တပ်မတော်ကို တော်လှန်တိုက်ခိုက်နေသော နွေဦးတော်လှန်ရေး လက်နက်ကိုင် အဖွဲ့များ လှုပ်ရှားလျက်ရှိနေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရှီကျင့်ဖျင်နဲ့ မိုဒီကိုတွေ့ရစဉ်

အာရှပါဝါသစ်နဲ့ တရုတ်ရဲ့ အလားအလာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 3312

CNI International Article

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၀

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၌ ကျင်းပပြီးစီးခဲ့သည့် ထိပ်သီး အစည်းအဝေးမှာ ကမ္ဘာ့ခေါင်းဆောင် အယောက် ၂၀ တို့က ယူကရိန်းသို့ ရုရှားကျူးကျော်စစ်ပွဲကို ဝိုင်းဝန်းရှုတ်ချသော ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ကြ သည်။

စာမျက်နှာပေါင်း ၁,၁၈၆ ပါသည့် အဆိုပါကြေညာချက်နှင့် အများရင်းနှီးပြီးသား စာကြောင်းတစ်ကြောင်းက ထင်ရှားပေါ်လွင်စွာ တွေ့ရသည်။

အဆိုပါ စာကြောင်းကတော့ “ယနေ့ခေတ်သည် စစ်တိုက်ရမည့်ခေတ် မဟုတ်ကြောင်း” ဟု ပြီးခဲ့သည့် စက်တင်ဘာလ မျက်နှာချင်းဆိုင် တွေ့ဆုံမှုအတွင်း အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီက ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ကို ပြောခဲ့သည့်စကား ဖြစ်သည်။
၎င်းစကားကို ယခုကြေညာချက်တွင် ပဲ့တင်ထပ်ရေးသားထားသည်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိသော အိန္ဒိယနိုင်ငံမှ မီဒီယာများနှင့် အစိုးရတာဝန်ရှိသူများသည် ရုရှား ပိုမိုအထီးကျန်စေဖို့ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များ အရေးယူ ဒဏ်ခတ်မှုကြောင့် ကွဲလွဲနေကြသည့် သဘောထားများ ကို ပေါင်းကူးရာတွင် အိန္ဒိယအနေဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်စေလိုသည့် လက္ခဏာအဖြစ် ပါဝင်မှုကို အမြန်တောင်းဆိုခဲ့ကြသည်။

“အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ငြိမ်းချမ်းရေး အယူအဆကို G-20 အစည်းအဝေး၌ တညီတညွတ်တည်း လက်ခံခဲ့ကြကြောင်း” အိန္ဒိယထုတ် အင်္ဂလိပ်ဘာသာဖြင့် သတင်းစာဖြစ်သည့် Times of India တွင် သတင်းခေါင်းစီးတင်၍ ဝေဝေဆာဆာ ဖော်ပြခဲ့သည်။

“ဒီခေတ်က စစ်ဖြစ်ရမယ့်ခေတ် မဟုတ်တော့ဘူးလို့ ကျနော်တို့ ဝန်ကြီးချုပ်ရဲ့ စကားဟာ G-20 အုပ်စုထဲမှာ နက်နက်ရှိုင်းရှိုင်း ပဲ့တင်ထပ်နေခဲ့ပါတယ်။ မတူညီတဲ့ အစိတ်အပိုင်းတွေကြား ကွာဟချက်တွေကို ပေါင်းကူး တံတား ထိုးပေးခဲ့ပါတယ်” ဟု အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗီနေးကဝါထရာ (Vinay Kwatra)က သတင်း ထောက်များကို နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

 မိုဒီနဲ့ ဘိုင်ဒန်ကိုတွေ့ရစဉ်

လာမည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် အိန္ဒိယနိုင်ငံ၊ မြို့တော်နယူးဒေလီ၌ ကျင်းပမည့် G-20 ထိပ်သီး အစည်း အဝေး မတိုင်မီ G-20 ဥက္ကဋ္ဌ တာဝန်ကို မိုဒီထံ လွှဲပြောင်းပေးချိန်၌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။

နယူးဒေလီ အစိုးရသည် ရုရှားနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးကို ပြတ်ပြတ်သားသား ဟန်ချက်ညီအောင် ထိန်းညှိပေးသည့် အနေဖြင့် မိုဒီသည် ဘက်ပေါင်းစုံမှ ချစ်ခင်လေးစားမှုရှိသော ခေါင်းဆောင်တစ်ဦးအဖြစ် ပေါ် ထွက် လာခဲ့သည်။

မိုဒီ၏ စွမ်းဆောင်ချက်ကြောင့် အိန္ဒိယကို နိုင်ငံတကာပါဝါ ချိန်ညှိပေးသူအဖြစ် ခိုင်မာစေခဲ့ပြီး အိန္ဒိယပြည်တွင်း၌ လည်း ထောက်ခံ အားပေးမှုများ ပေါ်ထွက်လျက်ရှိသည်။

“အခု G-20 ထိပ်သီး အစည်းအဝေးဟာ ပြည်တွင်းမှာ မိုဒီရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုမှာ ကြီးမားတဲ့ အထောက်အပံ့ ဖြစ်ပါတယ်။ သူဟာ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့အကြောင်း ပြသဖို့အတွက် G-20 ထိပ်သီး အစည်းအဝေးမှာ သူ့ရပ်တည်ချက်ကို ဖော်ထုတ် အသုံးချနိုင်ခဲ့ပါတယ်။ အခုလက်ရှိ အိန္ဒိယ ခေါင်းဆောင်တွေဟာ သူတို့ကိုယ်သူတို့ စားပွဲမြင့်မြင့်မှာ ထိုင်နေတဲ့ အင်အားကြီးနိုင်ငံ တစ်နိုင်ငံလို့ မှတ်ယူထား ပါတယ်” ဟု နယူးဒေလီ အခြေစိုက် မူဝါဒသုတေသနစင်တာမှ ဝါရင့်ပညာရှင် Sushant Singh က ပြောကြား ခဲ့သည်။

တစ်ဖက်နှင့်တစ်ဖက် ရန်လိုမုန်းထား နေကြသူများကို အိန္ဒိယ ပေါင်းကူးတံတားထိုးပေး
***********************************************************************************

G-20 ထိပ်သီး အစည်းအဝေးသို့ အိန္ဒိယတက်ရောက်မှုသည် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်တို့အကြား မျှော်လင့်ထားသည်ထက် အားရစရာ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ရုရှားလုပ် ဒုံးကျည်တစ်စင်း ပိုလန်နယ်နိမိတ်ထဲ ကျရောက် ပေါက်ကွဲခဲ့ရာ ပိုလန်နိုင်ငံသား နှစ်ဦး သေဆုံးခဲ့ရမှုကို စုံစမ်းစစ်ဆေးရန် အပြိုင်အဆိုင် ကြိုးပမ်းလာခဲ့ကြသည်။ အဆိုပါ ရုရှားလုပ် ဒုံးကျည်သည် ယူကရိန်းနဲ့ နေတိုးအဖွဲ့ဝင် ပိုလန်တို့၏ နှစ်နိုင်ငံနယ်စပ်နားက ကျေးရွာတစ်ရွာသို့ ကျရောက် ပေါက်ကွဲခဲ့ ခြင်း ဖြစ်သည်။

အင်အားကြီး နိုင်ငံအချင်းချင်း ပြိုင်ဆိုင်မှုမှ အတိအလင်း ဖြစ်ပွားသော ပဋိပက္ခအဖြစ်သို့ မကျယ်ပြန့်သွားစေရန် ကြိုးပမ်းမှုအဖြစ် ဘိုင်ဒင်နှင့် ရှီကျင်းဖျင်တို့ နိုဝင်ဘာ ၁၄ ရက်တွင် ၃ နာရီကြာ တွေ့ဆုံခဲ့ပုံတို့ကို ကမ္ဘာ့မီဒီယာများ က ထိပ်တန်းသတင်း ဖော်ပြခဲ့ကြသည်။

နိုဝင်ဘာ ၁၆ ရက်တွင် စက်မှုထိပ်သီး G-7 နှင့် နေတိုးတို့မှ ခေါင်းဆောင်များသည် ပိုလန်ဒုံးကျည် ပေါက်ကွဲမှုနှင့် ပတ်သက်၍ ဆွေးနွေးရန် ဘာလီကျွန်း၌ပင် အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူညှိနှိုင်းခဲ့ကြသည်။

အခြားတစ်ဖက်တွင်လည်း မိုဒီသည် အသစ်ခန့်အပ်ခံရသော ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆန်းနက် အပါအဝင် ကမ္ဘာ့ ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး စားနပ်ရိက္ခာ ဖူလုံရေးနှင့် သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် စီးပွားရေး ပြန်လည်နိုးထလာသည်အထိ ဗလာဒီမာပူတင်၏ ရန်စမှုကို ပြတ်ပြတ်သားသား ရှုတ်ချ ရန် တွန်းအားပေးခဲ့သည်။

အိန္ဒိယသည် ရုရှားကျူးကျော်စစ်၏ ရလဒ်ကြောင့် စွမ်းအင်၊ ရာသီဥတုနှင့် စီးပွားရေး မတည်ငြိမ်မှုများအကြောင်း G-20 တွင် သဘောထား ပျော့ပျောင်းစွာ ချပြသွားရန် အစီအစဉ်ရှိခဲ့သည်။ အနောက်နိုင်ငံများမှ ခေါင်းဆောင်များ ကလည်း ဒေသတွင်း အဓိက အစုအဖွဲ့တစ်ခု အနေဖြင့် အိန္ဒိယ၏အသံကို နားစွင့်နေခဲ့ကြသည်။

“အိန္ဒိယဟာ အနောက်နိုင်ငံတွေနဲ့ ရုရှားကို ပြန်လည် နီးကပ်စေချင်ပါတယ်” ဟု နယူးဒေလီရှိ ဂျဝါဟလာနေရူး တက္ကသိုလ် (JNU) မှ သံတမန်ရေးရာနှင့် လက်နက်ဖျက်သိမ်းရေး အထူးပြုလေ့လာသူ လက်ထောက်ပါမောက္ခ ဟက်ပီမွန်ဂျက်ကော့က ပြောကြားခဲ့သည်။

နယူးဒေလီသည် စစ်အေးခေတ်ဟောင်း ကာလက မော်စကိုနှင့် ခိုင်မာသော ဆက်ဆံရေးရှိခဲ့သည်။

အင်ဒိုက မိုဒီကို G-20 ဥက္ကဋ္ဌ လွှဲပြောင်းပေး

မျက်မှောက်ကာလတွင်လည်း အိန္ဒိယသည် စစ်လက်နက် ပစ္စည်းများအတွက် မော်စကိုနှင့် ဆက်ဆံရေး ကောင်း မွန်နေသည်။ ထို့အပြင် တရုတ်-အိန္ဒိယ၏ တင်းမာမှုများ ဆက်လက် ဖြစ်ပွားနေသော ဟိမဝန္တာနယ်စပ်တွင် အိန္ဒိယအတွက် မော်စကိုနှင့်ဆက်ဆံရေးမှာ အရေးကြီးသော ချိတ်ဆက်မှုတစ်ခု ဖြစ်သည်။

တစ်ချိန်တည်းမှာပင် နယူးဒေလီ အစိုးရခေါင်းဆောင်သည် ဘေဂျင်း၏ ကြီးထွားလာမှုကို တန်ပြန်ရန် အိန္ဒိယနိုင်ငံ ကိုအား မဟာဗျူဟာမြောက် သက်သောင့်သက်သာ အနေအထားတွင် ထားရှိပေးခြင်းဖြင့် နယူးဒေလီသည် အနောက်နိုင်ငံများနှင့် ပိုမိုနီးကပ်လာခဲ့သည်။

“G-20 မှာ အိန္ဒိယက ထိရောက်စေခဲ့တဲ့ နည်းလမ်းတွေထဲက တစ်ခုကတော့ ဘက်ပေါင်းစုံကို ထိတွေ့ဆက်ဆံနိုင် တဲ့ နိုင်ငံအနည်းစုထဲက တစ်နိုင်ငံ အနေနဲ့ ရပ်တည်ချက်ပါ။ အိန္ဒိယဟာ ရန်သူမျိုးစုံကို ပေါင်းကူးပေးနိုင်ခဲ့တဲ့ ဖွံ့ဖြိုးဆဲ ကမ္ဘာ၏အသံတစ်သံ ထွက်ပေါ်စေခဲ့ပါတယ်” ဟု King's College London မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဟက်ရှ်ဗီပန့် (Harsh V. Pant) က ပြောကြားခဲ့သည်။

စစ်ပွဲ စတင်ကတည်းက အိန္ဒိယသည် ယူကရိန်းတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ သော်လည်း ရုရှား၏ကျူးကျော်မှုကို ပြတ်ပြတ်သားသား ရှုတ်ချရန် ပျက်ကွက်ခဲ့သည်က အမှန်ပင် ဖြစ်သည်။

သို့သော် ပူတင်၏ ရန်လိုမှု ပြင်းထန်လာကာ လူထောင်ပေါင်းများစွာ သေဆုံးစေပြီး ကမ္ဘာ့စီးပွားရေးကို ကမောက် ကမဖြစ်အောင် ကိုင်လှုပ်ခါ ယမ်းလာသည့် အခါဝယ် အိန္ဒိယသည် ကန့်သတ်ချက်များကို အစမ်းသပ်ခံ လာရပြီဟု ကမ္ဘာ့အရေး လေ့လာသူများက သုံးသပ်ကြသည်။

မကြာသေးမီ လများအတွင်း ပူတင်ကို မိုဒီ အခိုင်အမာ ပြောခဲ့သည့် စကားသည် အစားအသောက်၊ လောင်စာဆီ နှင့် ဓာတ်မြေသြဇာ ဈေးနှုန်းများ မြင့်တက်လာမှုနှင့် အခြားနိုင်ငံများအတွက် အခက်အခဲများ ဖြစ်ပေါ်နေသည့် အခြေအနေတွင် ထွက်ပေါ်လာခဲ့ကြောင်း လေ့လာသူများက ထောက်ပြကြသည်။

ယခုနှစ် G-20 ကို ရုရှားကျူးကျော်စစ်ကို အသေးစိတ် အကဲခတ်ရင်းဖြင့် အိန္ဒိယသည် ၎င်း၏ကိုယ်ပိုင် အစီအစဉ် အား လာမည့်နှစ်အတွက် ရေးဆွဲလာနိုင်စရာ အကြောင်းရှိလာခဲ့သည်။

 ဗြိတိန်၀န်ကြီးချုပ်နဲ့ မိုဒီတွေ့ဆုံစဉ်

“G-20 မှာ အိန္ဒိယက ဥက္ကဋ္ဌ တာဝန်ရယူလိုက်တဲ့ အချိန်ဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ကုန်ဈေးနှုန်း တက်လာမှု နှင့် ငွေကြေးဖောင်းပွမှုအပေါ် ကမ္ဘာကြီးက အာရုံစိုက်နေချိန် ဖြစ်ပါတယ်။ ရောက်ရှိလာသည်" ဟု ဂျဝါဟလာ နေရူးတက္ကသိုလ်မှ ဂျက်ကော့က ပြောကြားခဲ့သည်။

“အိန္ဒိယဟာ တောင်အာရှနဲ့ အခြားဒေသရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အဓိကနိုင်ငံ တစ်ခုအဖြစ် မှတ်ယူထားတဲ့ ခံစားချက်ရှိပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

စစ်ပွဲ၏ ရလဒ်အဖြစ် စွမ်းအင်ရင်းမြစ် အများအပြားတွင် ကမ္ဘာ့စျေးနှုန်းများ မြင့်တက်လာခြင်းသည် အစားအစာ ကုန်ကျစရိတ်နှင့် ငွေကြေးဖောင်းပွမှုတို့ကို ရင်ဆိုင်နေရသော စားသုံးသူများအား အနှောင့်အယှက် ဖြစ်စေသည်။

နိုဝင်ဘာ ၁၆ ရက် G-20 ထိပ်သီး အစည်းအဝေးအပြီးတွင် “အိန္ဒိယဟာ ကမ္ဘာ့ပထဝီဝင် နိုင်ငံရေးတင်းမာမှု၊ စီးပွား ရေး နှေးကွေးမှု၊ အစားအစာနဲ့ စွမ်းအင်စျေးနှုန်းများ မြင့်တက်မှု၊ ကပ်ရောဂါရဲ့ ရေရှည်ဆိုးကျိုးတွေနဲ့ ရင်ဆိုင်နေရ တဲ့ အချိန်မှာ အိန္ဒိယက G-20 ဥက္ကဋ္ဌ တာဝန်ယူလိုက်ရတာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ G-20 ရဲ့ ဥက္ကဋ္ဌ ရာထူးဟာ ရည်မှန်းချက် ကြီးကြီးမားမား၊ ပြတ်ပြတ်သားသားနဲ့ စွမ်းဆောင်ချက်တွေကို တိုးလာအောင် ဦးဆောင်သွားမယ် ဆိုတာ ကျနော် အာမခံချင်ပါတယ်" ဟု ၎င်း၏မိန့်ခွန်းတွင် မိုဒီက ပြောကြားခဲ့သည်။

လာမည့်နှစ် ထိပ်သီး အစည်းအဝေးအတွက် အိန္ဒိယ၏ ရပ်တည်ချက်သည် ဖွံ့ဖြိုးဆဲကမ္ဘာနှင့် ကမ္ဘာ့တောင်ပိုင်း၏ အသံဖြစ်ရန် အလွန်အရေးကြီးကြောင်း King's College London မှ ပါမောက္ခ ဟက်ရှ်ဗီပန့်က ထောက်ပြခဲ့သည်။

“မိုဒီရဲ့ အကြံဉာဏ်က အိန္ဒိယကို ခေတ်ပြိုင် ကမ္ဘာ့အစီအစဉ်နဲ့ ပတ်သက်ပြီး အဆင်းရဲဆုံး နိုင်ငံတချို့မှာ ရှိနေတဲ့ စိုးရိမ်မှုတွေကို ပဲ့တင်ထပ်စေခဲ့ပါတယ်။ သူ့နိုင်ငံကို ဒီနေ့ရဲ့ စိန်ခေါ်မှုတွေ တုံ့ပြန်နိုင်တဲ့ နိုင်ငံအဖြစ် ပုံဖော်ဖို့ ဖြစ်ပါ တယ်”

အားလုံးက မိုဒီကို မျက်စိကျနေကြ
********************************
အိန္ဒိယနိုင်ငံသည် G-20 ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် ပြင်ဆင်နေချိန်တွင် အိန္ဒိယ၏ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးမှုများ စတင်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ သို့ဖြစ်၍ မိုဒီကို အားလုံးက မျက်စိကျ နေကြသည်။

ပြည်တွင်းတွင် သူ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ BJP ပါတီ၏ လူကြိုက်များသော နိုင်ငံရေးမှာ သဘောထားကွဲလွဲများ ရှိနေဆဲ ဖြစ်သည်။

လူဦးရေ၏ 80% ခန့် ဟိန္ဒူဘာသာ ကိုးကွယ်သော နိုင်ငံ၌ မိုဒီသည် အလွန်ရေပန်းစားနေသော်လည်း ၎င်း၏ အစိုးရက လူနည်းစုများအပေါ် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ခွဲခြားဆက်ဆံမှုဆိုင်ရာ မူဝါဒများကို ကန့်သတ် ချုပ်ချယ်ခဲ့၍ အကြိမ်ကြိမ် ဝေဖန်ခံခဲ့ရသည်။

G-20 အစည်းအဝေးကို တွေ့ရစဉ်

ထိုဝေဖန်မှုများကြားတွင် မိုဒီ၏ နိုင်ငံရေးမဟာမိတ်များက ၎င်းတို့၏ နိုင်ငံတကာ အစီအစဉ်ကို တွန်းအားပေးရန် စိတ်အား ထက်သန်နေကြသည်။ ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းတွင် အိန္ဒိယကို သူတို့က အဓိကကျသော ကစား သမား တစ်ဦးအဖြစ် ပုံဖော်ထားကြသည်။

“BJP ပါတီဟာ မိုဒီ၏ G-20 အစည်းအဝေး အရှိန်ကြောင့် နိုင်ငံရပ်ခြားမှာ အိန္ဒိယရဲ့ ပုံရိပ်ကို အားကောင်းစေပြီး ခိုင်မာတဲ့ မိတ်ဖက်များ ထူထောင်နေတယ်ဆိုတဲ့အကြောင်း နိုင်ငံရေးသတင်းစကား လက်ဆောင် ပါးလိုက်တယ်” ဟု မူဝါဒသုတေသနစင်တာမှ Singh က ပြောကြားခဲ့သည်။

ယခု သီတင်းပတ်တွင် အိန္ဒိယနှင့် ဗြိတိန်တို့က စီစဉ်ရေးဆွဲခဲ့ကြသည့် နှစ်နိုင်ငံ လူငယ် ကျွမ်းကျင်ပညာရှင် ပေါ် ထွန်းရေး စီမံချက်ဖြင့် အသက် ၁၈ နှစ်မှ ၃၀ ကြား ဘွဲ့ရပညာတတ် အိန္ဒိယ နိုင်ငံသား ၃၀၀၀ ကို ဗြိတိန်၌ နှစ်နှစ် နေထိုင်လုပ်ကိုင်နိုင်စေရန် များစွာသော မျှော်မှန်းချက်တို့ဖြင့် ရှေ့ဆက်သွားမည်ဖြစ်ကြောင်း ယခု သီတင်းပတ် တွင် ကြေညာခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် မိုဒီ၏တွစ်တာတွင် ၎င်းသည် အနောက်တိုင်း မိတ်ဖက်များနှင့်အတူ ယှဉ်တွဲ၍ အပြုံးဓာတ်ပုံ များနှင့် ဗွီဒီယိုများကို လွှင့်တင်ပြသခဲ့သည်။

“သူ့ရဲ့ ပြည်တွင်းပုံရိပ်က အားကောင်းနေဆဲပါ” ဟု မူဝါဒသုတေသနစင်တာမှ Singh က ပြောကြားခဲ့သည်။ “ဒါပေ မယ့် သူ့ရဲ့ နိုင်ငံတကာရပ်တည်မှုဟာ BJP ပြည်တွင်း ရပ်တည်မှုကနေ လာတယ်လို့ ကျနော်ထင်ပါတယ်။ ခိုင်ခိုင် မာမာ ဆက်လက် ရပ်တည်နိုင်ဖို့ နိုင်ငံတကာက သူ့ကို အလေးထား၊ လေးစားဖို့ လိုပါတယ်” ဟု ၎င်းက ဆက် လက် ပြောကြားခဲ့သည်။

Source: CNN

(CNN ဝက်ဘ်ဆိုက်တွင် နိုဝင်ဘာ ၁၇ ရက် ရက်စွဲဖြင့် လွှင့်တင်ထားသော မူရင်းဆောင်းပါးရှင် Rhea Mogul ၏ရေးသားချက်ကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်လိုက်ပါသည်)

 

 

 

 

Share
Tweet
Share
Share
powered by social2s

တရုတ်အကျင့်ပျက်တိုက်ဖျက်ရေး အကြီးအကဲဟောင်း ဒေါ်လာ ၃၃ သန်း လာဘ်ယူဟု ဝန်ခံ

By CNI
CNI
Category: Watch TV
Hits: 697

Share
Tweet
Share
Share
powered by social2s

နေတိုးနှင့်ရုရှား ထိပ်တိုက်တွေ့အောင် ယူကရိန်းဖန်တီးနေဟု ရုရှားပြော

By CNI
CNI
Category: Watch TV
Hits: 703

Share
Tweet
Share
Share
powered by social2s

တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်၍ အမေရိကန်ခြိမ်းခြောက်မှုကို ထိန်းချုပ်နိုင်ဟု ကင်မ်ဂျုံအန်းပြော

By CNI
CNI
Category: Watch TV
Hits: 717

Share
Tweet
Share
Share
powered by social2s

ရခိုင်ခွဲထွက်မှာ ဗမာလူထုတစ်ရပ်လုံးက ထောက်ခံမှာ မဟုတ်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 665

Share
Tweet
Share
Share
powered by social2s
နီပေါအထွေထွေရွေးကောက်ပွဲတွင် ပြည်သူတစ်ဦး မဲထည့်နေစဉ် (Reuters)

အမေရိကန်၊ တရုတ်၊ အိန္ဒိယတို့အတွက် ပထဝီဝင်နိုင်ငံရေးတဆစ်ချိုး ဖြစ်လာမည့် နီပေါရွေးကောက်ပွဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 2718

CNI International News

ခတ္တမန္ဒူ၊ နိုဝင်ဘာ ၁၉

ဟိမဝန္တာဒေသတွင် ကုန်းပိတ်နိုင်ငံအဖြစ် တည်ရှိသော နီပေါ၌ နိုဝင်ဘာ ၂၀ ရက်မှာ အထွေထွေရွေးကောက်ပွဲ စတင် ကျင်းပမည်ဟု South China Morning Post မီဒီယာက ရေးသားဖော်ပြသည်။

ရွေးကောက်ပွဲပြီးလျှင် နီပေါ(ခတ္တမန္ဒူ)အစိုးရသစ်သည် အမေရိကန်၊ တရုတ်၊ အိန္ဒိယတို့နှင့် ဆက်ဆံရေးကို ဘယ်လို ဆက်လက် ကိုင်တွယ်ရန် ဆုံးဖြတ်လာမလဲကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြသည်။

ပထဝီဝင်နိုင်ငံရေးအရ ထိရှလွယ်သော တောင်အာရှဒေသရှိ နီပေါနိုင်ငံတွင် မဲဆန္ဒရှင် ၁၇ ဒသမ ၉ သန်းကျော်တို့သည် တရုတ်နှင့်အိန္ဒိယတို့အကြား ကြားညှပ်နေမည့် အစိုးရသစ်နှင့်လွှတ်တော်တို့ကို ရွေးချယ်ရမည် ဖြစ်သည်။

နီပေါနိုင်ငံ၏ လွှတ်တော်တွင် အမတ်နေရာ ၁၆၅ နေရာနှင့် ပြည်နယ်အလိုက် လွှတ်တော်အမတ် ၅၅၀ နေရာတို့ အတွက် ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

ဒေသတွင်း နိုင်ငံရေးအတွက် နီပေါ(ခတ္တမန္ဒူ)အစိုးရ အားထုတ်နေချိန်၌ ရွေးကောက်အကြို စစ်တမ်းများလည်း ထွက်ပေါ်လာလျက်ရှိသည်။

နီပေါအစိုးရ အကြီးအကဲတစ်ဦးနဲ့ ရှီကျင့်ဖျင်ကိုတွေ့ရစဉ် (GETTY IMAGES)

တရုတ်နှင့်အိန္ဒိယတို့သည် အိမ်နီးချင်းနီပေါအပေါ် ကိုယ်စီ ဩဇာလွှမ်းမိုးရေးအတွက် ကာလအတန်ကြာအောင် ကစားကွက် ရွှေ့နေခဲ့ကြသည်။ သို့သော် အမေရိကန်ကလည်း နီပေါနှင့်ပတ်သက်၍ ၎င်း၏ရပ်တည်ချက်ကို ချဲ့ထွင်နိုင်ဖို့ မကြာသေးမီက ပြင်းထန်စွာ ကြိုးပမ်းခဲ့သည်။

တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဒုတိယဝန်ကြီး လီကွမ် (Li Qun) သည် ယခုအစောပိုင်းတွင် ခတ္တမန္ဒူ မြို့တော်သို့ သမာရိုးမကျ မဟုတ်သော အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့သည်။

လက်ရှိ နီပေါ(ခတ္တမန္ဒူ)အစိုးရထံတွင် ထိရှလွယ်၍ သိမ်မွေ့သော နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပြဿနာများကို လီကွမ်က ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိခဲ့ရကြောင်း South China Morning Post က ဆက်လက်ရေးသားသည်။

“အဲဒီပြဿနာတွေက နိုင်ငံတည်ရှိတဲ့နေရာနဲ့ သက်ဆိုင်ရပါတယ်။ နီပေါဟာ တရုတ်ရဲ့ တိဘက်ဒေသနဲ့ နယ်နိမိတ်ချင်း ထိစပ်နေသလို မဟာဗျူဟာမြောက် အရေးပါတဲ့နိုင်ငံအဖြစ် တောင်အာရှဒေသအတွက် ဘေဂျင်းအစိုးရရဲ့ တံတားတစ်စင်းလို့ ရှုမြင်ထားပါတယ်” ဟု လေ့လာသုံးသပ်သူများက ပြောကြသည်။

နီပေါအစိုးရ အကြီးအကဲတစ်ဦးနဲ့ မိုဒီကိုတွေ့ရစဉ် (GETTY IMAGES)

နယူးဒေလီအစိုးရကလည်း အိန္ဒိယနှင့်တရုတ်တို့အကြား ကြားခံဖြစ်နေပြီး ဟိန္ဒူဘာသာဝင်အများစု မှီတင်းနေထိုင် ရာ နီပေါနိုင်ငံနှင့် အစဉ်အလာအရ နီးကပ်သော ဆက်ဆံရေးထားရှိသည်။

အိန္ဒိယနှင့် နီပေါတို့သည် နယ်နိမိတ်အဖွင့် မူဝါဒကို အသီးသီး ကျင့်သုံးကြပြီး အိန္ဒိယစစ်တပ်ကလည်း နီပေါနိုင်ငံ သားများကို ၎င်း၏ ဂေါ်ခါး (Gorkha) တပ်ရင်းများ၌ တပ်ဖွဲ့ဝင်များအဖြစ် စုစည်းရပ်တည်စေခဲ့သည်။

အမေရိကန်-တရုတ်နှင့် တရုတ်-အိန္ဒိယ ဆက်ဆံရေးတို့ ပျက်ပြားနေချိန်၌ ဘေဂျင်းက ခတ္တမန္ဒူအစိုးရကို စည်းရုံး သွေးဆောင်လာမည့် အရေးအား ဝါရှင်တန်က အထူးအာရုံစိုက်နေကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြ ကြသည်။

ယခု နီပေါရွေးကောက်ပွဲများ၌ အဆိုပါအင်အားကြီး ၃ နိုင်ငံစလုံးနှင့် ခတ္တမန္ဒူအစိုးရတို့၏ အနာဂတ် ဆက်ဆံရေး ကို ဆုံးဖြတ်ရာတွင် အရေးကြီးလာမည်ဟု အမေရိကန်နှင့်ဗြိတိန်တို့တွင် တာဝန်ထမ်းဆောင်ဖူးသော နီပေါ သံအမတ်ဟောင်း ဆူရက်ချ်ချာလစ်က ပြောကြားခဲ့သည်။

Source: South China Morning Post

 

 

 

 

Share
Tweet
Share
Share
powered by social2s
တရုတ်အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအကြီးအကဲဟောင်း လျူရန်ပိုင်ကိုတွေ့ရစဉ်

တရုတ်အကျင့်ပျက်တိုက်ဖျက်ရေး အကြီးအကဲဟောင်း ဒေါ်လာ ၃၃ သန်း လာဘ်ယူဟု ဝန်ခံ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1287

CNI International News

ဘေဂျင်း၊ နိုဝင်ဘာ ၁၉

တရုတ်ထောက်လှမ်းရေးအေဂျင်စီမှ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အကြီးအကဲဟောင်းသည် လာဘ်ငွေ အမေရိကန်ဒေါ်လာ ၃၃ သန်း ရယူမိခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်ဟု South China Morning Post သတင်းစာက ရေးသားဖော်ပြသည်။

အသက် ၆၇ နှစ်ရှိ လျူရန်ပိုင်သည် ယခင်က တရုတ်အမျိုးသား ထောက်လှမ်းရေးအေဂျင်စီ၏ အကျင့်ပျက် ခြစားမှု တိုက်ဖျက်‌ရေးဌာန၌ အကြီးအကဲတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လာဘ်ပေးလာဘ်ယူမှု ဖြစ်စဉ်တစ်ခု အတွက် အပြစ်ရှိကြောင်း မကြာသေးမီက ဝန်ခံထွက်ဆိုခဲ့သည်။

၎င်းကို တရုတ်ယွမ်ငွေ ၂၃၄ သန်း (အမေရိကန်ဒေါ်လာ ၃၃ သန်း) ကျော် လက်ခံရယူမှုဖြင့် စွဲချက်တင်ခဲ့ပြီး တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂျီလင်းပြည်နယ်၊ ချန်ချောင်ပြည်သူ့တရားရုံးသို့ နိုဝင်ဘာ ၁၇ ရက်တွင် ရုံးထုတ် စစ်ဆေးခဲ့ သည်။

တစ်ချိန်က နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲလည်းဖြစ်ခဲ့သူ လျူသည် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး နောင်တရမိနေပြီဟု တရားရုံးက သတင်းထုတ်ပြန်ခဲ့သည်။

၎င်း၏အမှုကို တရားရုံးက ခေတ္တဆိုင်းငံ့ထားပြီး နောက်မှ စီရင်ချက်ချမည်ဟု သိရသည်။

 ဆန်လီဂျန်းကိုတွေ့ရစဉ်

ပြီးခဲ့သည့် ဇန်နဝါရီလ၌ တရုတ်အစိုးရပိုင် CCTV ရုပ်သံလိုင်းမှ ထုတ်လွှင့်ချက်တွင် “လျူသည် သမ္မတရှီကျင့်ဖျင် အပေါ် သစ္စာမဖောက်ဘဲ ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီးဟောင်း ဆန်လီဂျန်း ဦးဆောင်သော နိုင်ငံရေးလှုပ်ရှားမှုတွင် တစိတ်တပိုင်း ပါဝင်ခဲ့ဖူးကြောင်း ယခင်က အစွပ်စွဲခံခဲ့ရဖူးသည်” ဟု ဖော်ပြခဲ့သည်။

လျူသည် ဆန်လီဂျန်း၏ နိုင်ငံရေးဂိုဏ်းထဲမှ နောက်ဆုံးစွဲချက် တင်ခံရသော အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၅ နှစ်အတွင်း တရုတ်၏လုံခြုံရေးယန္တရားထဲ အကြီးမားဆုံး သုတ်သင်ရှင်းလင်းမှုနှင့် ယခုအခါ နီးကပ်လာပြီ ဖြစ်ကြောင်း အချက်ပြနေသည်။

လျူသည် စီးပွားဖြစ် လှုပ်ရှားခဲ့ပြီး သက်ညှာလောက်သော ပြစ်ဒဏ်များ ကျူးလွန်ခဲ့ကြောင်း၊ အခြားသူများ ရာထူး တိုးရေးနှင့် ကန့်သတ်ထားသော ကားနံပါတ်ပြားများ ရရှိရေးတို့အတွက် လာဘ်ထိုးသည့် ငွေများကို သက်ဆိုင်ရာ သို့ ပြန်လည် အပ်နှံခဲ့ကြောင်း တရားရုံး၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

လျူ၏ လာဘ်စားခဲ့မှု ဖြစ်စဉ်ကို တရုတ်ထိပ်တန်း ခေါင်းဆောင်များအား အကာအကွယ်ပေးရသည့် ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၏ ဗျူရိုတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ချိန် ၂၀၀၁ ခုနှစ်အထိ ခြေရာခံ စုံစမ်းဖော်ထုတ်နိုင်ခဲ့ကြောင်း တရားရုံး သတင်းထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

အဆိုပါ ဗျူရိုတွင် လျူသည် အကြီးအကဲ ဖြစ်လာပြီးနောက် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ စည်းကမ်း ထိန်းသိမ်းရေး တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ချိန်၌ လာဘ်ငွေကို ရယူခဲ့မိကြောင်း ၎င်းထုတ်ပြန်ချက်အရ သိရသည်။

Source: South China Morning Post

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်ဆိုင်ရာ ရုရှားသံအမတ် အနာတိုလီအန်တိုနော့ဗ်ကိုတွေ့ရစဉ်

နေတိုးနှင့်ရုရှား ထိပ်တိုက်တွေ့အောင် ယူကရိန်းဖန်တီးနေဟု ရုရှားပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1175

CNI International News

နယူးယောက်၊ နိုဝင်ဘာ ၁၉

ယူကရိန်းအစိုးရသည် ရုရှားနှင့် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (နေတိုး) တို့အကြား ထိပ်တိုက်ရင်ဆိုင် တွေ့ စေရန် ကြိုးပမ်းနေသည်ဟု နယူးယောက်မြို့ရှိ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ် အနာတိုလီအန်တိုနော့ဗ် (Anatoly Antonov) က နယူးစ်ဝိခ်မီဒီယာသို့ သဘောထား မှတ်ချက်ပေးခဲ့ကြောင်း တာ့စ်သတင်းဌာနက ရေးသား ဖော်ပြသည်။

“ယူကရိန်းက စစ်ရေးအကူအညီတွေ ပိုပေးဖို့ ဝါရှင်တန်ကို တောင်းဆိုရုံတင် မကပါဘူး။ ရုရှားဖက်ဒရေးရှင်းနဲ့ နေတိုးတို့အကြား စစ်ရေးအရ တိုက်ရိုက် မကျေမလည် ဖြစ်စေဖို့ နှိုးဆွနေပါတယ်” ဟု ရုရှားသံအမတ် အန်တိုနော့ဗ်၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်ရှိ ရုရှားသံရုံးကလည်း သတင်းထုတ်ပြန်ခဲ့သည်။

ရုရှားနိုင်ငံ၌ အရာရာတိုင်း ပြောင်းလဲသွားစေရန် အနောက်အုပ်စု၏ အဓိပ္ပါယ်မဲ့ ကြိုးပမ်းမှုများအတွက် ခွင့်ပြုချက် ရနေပြီဟု တွေးထင်နေသော ယူကရိန်းအစိုးရသည် အနှောင့်အယှက် ပေးလာနိုင်ကြောင်း သံအမတ် အန်တိုနော့ဗ် က ဆက်လက် ပြောကြားခဲ့သည်။

ပိုလန်သမ္မတ အန်ဒရီညက်ဒူဘာကိုတွေ့ရစဉ် (GETTY IMAGES)

နိုဝင်ဘာ ၁၅ ရက်တွင် ပိုလန်နိုင်ငံ၏ အရှေ့ပိုင်း လူဘလင်ဗွိုင်ဗိုရှစ် (Lublin Voivodeship) ဒေသရှိ ပရိုက်ဇ်ဝိုဒိုး (Przewodow) ကျေးရွာတွင် ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲ၍ လူ ၂ ဦး သေဆုံးခဲ့သည်။

အဆိုပါ ဒုံးကျည်သည် ယူကရိန်းလေကြောင်း ကာကွယ်ရေးစနစ်၏ တစိတ်တပိုင်းဖြစ်ကြောင်း ပိုလန်သမ္မတ အန်ဒရီညက်ဒူဘာက နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ပိုလန်၏ တိကျသည့် ကောက်ချက်ချမှုအပေါ် အမေရိကန်က ယုံကြည်မှု အပြည့်အဝရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယူကရိန်းအစိုးရ၏ ထုတ်ပြန်ချက်နှင့် စပ်လျဉ်းပြီး ဆိုးရွားသော ရန်စမှုများဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနကလည်း ပြောကြားခဲ့သည်။

အဆိုပါ ဒုံးကျည်ကို ယူကရိန်း S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်ဖြင့် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အခိုင်အမာ ပြောကြားထားသည်။

Source: တာ့စ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s

အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ နန်စီပလိုစီ နုတ်ထွက်သော်လည်း လွှတ်တော်ထဲဆက်ရှိမည်

By CNI
CNI
Category: Watch TV
Hits: 700

Share
Tweet
Share
Share
powered by social2s

အမေရိကန်နိုင်ငံအထိ ရောက်နိုင်သည့် ဒုံးကျည်တစ်စင်း မြောက်ကိုရီးယားပစ်လွှတ်

By CNI
CNI
Category: Watch TV
Hits: 647

Share
Tweet
Share
Share
powered by social2s
  • 34
  • 35
  • 36
  • 37
  • 38
  • 39
  • 40
  • 41
  • 42
  • 43

Page 39 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar