CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

အာရှသည် ပါဝါပြိုင်ဆိုင်စရာနေရာ ဖြစ်လာမည်မဟုတ်ဟု ရှီကျင့်ဖျင်ပြော

By CNI
CNI
Category: Watch TV
Hits: 676

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် သမီးဖြစ်သူနှင့်အတူ တိုက်ချင်းပစ်ဒုံးကျည် ICBM စမ်းသပ်မှုကို ကြည့်ရှုခဲ့စဉ်(ဓါတ်ပုံ-KCNA/Reuters)

တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်၍ အမေရိကန်ခြိမ်းခြောက်မှုကို ထိန်းချုပ်နိုင်ဟု ကင်မ်ဂျုံအန်းပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1422

CNI International News

ပြုံယမ်း၊ နိုဝင်ဘာ ၁၉

အသစ်တီထွင်ထားသည့် တိုက်ချင်းပစ်ဒုံးကျည် (ICBM) စမ်းသပ်မှုသည် မိမိနိုင်ငံကို ပြည်ပမှခြိမ်းခြောက်မှုများကို ခံနိုင်ရည်ရှိစေဖို့ နောက်ထပ်ယုံကြည်စိတ်ချရပြီး အမြင့်မားဆုံးစွမ်းရည်လက်နက်ရှိကြောင်း ပြသလိုက်ခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက အတည်ပြုပြောကြားခဲ့သည်။

အမေရိကန်နှင့် ၎င်း၏မဟာမိတ်များ ရန်စလိုသည့်ခြေလှမ်းများသည် ၎င်းတို့ကိုယ်တိုင်ကို ဖျက်ဆီးရာရောက်စေမည်ဟု သတိပေးလိုက်ကြောင်း မြောက်ကိုရီးယားမီဒီယာက နိုဝင်ဘာ ၁၉ ရက် (ယနေ့) တွင် ထုတ်လွှင့်ခဲ့သည်ဟု အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အမေရိကန်ပြည်တွင်းရှိ မည်သည့်နေရာကိုမဆို ထိမှန်နိုင်စွမ်းအလားအလာကို ပြသခဲ့သည့် ICBM ပစ်လွှတ်မှုကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း အိမ်နီးချင်းများဖြစ်သည့် ဂျပန်နှင့်တောင်ကိုရီးယားတို့ သတင်းထုတ်ပြန်ပြီး တစ်ရက်အကြာ ကင်မ်ဂျုံအန်းသည် Hwasong-17 ဒုံးကျည်ပစ်လွှတ်မှုကို အနီးကပ် ကြီးကြပ်ခဲ့သည်ဟု မြောက်ကိုရီးယားအစိုးရမီဒီယာက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ KCNA မီဒီယာ၏သတင်းဖော်ပြမှုတွင် ကင်မ်ဂျုံအန်းသည် ၎င်း၏ဇနီး ရီဆိုလ်ဂျူ၊ သမီးငယ် အပါအဝင် ထိပ်တန်းအစိုးရအရာရှိများနှင့်အတူ ဒုံးကျည်ပစ်လွှတ်မှုကို စောင့်ကြည့်နေခဲ့ကြောင်း တွေ့ရသည်။

KCNA မှ ထုတ်လွှင့်ခဲ့သော သတင်းဓာတ်ပုံများအနက် ကင်မ်ဂျုံအန်းသည် အဖြူရောင်အင်္ကျီနှင့် အနီရောင်ဖိနပ် တို့ကို ဝတ်ဆင်ထားသည့် သမီးငယ်ကို လက်ချင်းတွဲ၍ ICBM ပစ်လွှတ်တော့မည့် ထရပ်ကားပေါ်သို့ ဒုံးကျည်တစ်စင်း တွဲဆက်တင်နေခြင်းအား စောင့်ကြည့်နေပုံလည်း ပါဝင်ခဲ့သည်။

တိုက်ချင်းပစ်ဒုံးကျည်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်နှင့် သမီးဖြစ်သူ(ဓါတ်ပုံ-KCNA/Reuters)

ကင်မ်၏သမီးကို မြောက်ကိုရီးယားမီဒီယာက ယခု ပထမဆုံးအကြိမ် ထုတ်လွှင့်ပြသခြင်းဖြစ်သည်။

လက်နက်ပစ်လွှတ်နေခြင်းကို မိသားစုနှင့်အတူ စောင့်ကြည့်နေခြင်းမှာ ကင်မ်အတွက် ၎င်း၏အောင်မြင်မှုအပေါ် ယုံကြည်စိတ်ချသည့်ဟန်ရှိကြောင်း စစ်ရေးလေ့လာသူများက ပြောကြသည်။

အသက် ၃၈ နှစ်အရွယ်ရှိ ကင်မ်သည် မြောက်ကိုရီးယားကို အုပ်ချုပ်နေသည့် တစ်ခုတည်းသော မိသားစု၏ တတိယမြောက်မျိုးဆက်ဖြစ်သည်။ ၎င်းနှင့်ရသည့် ကလေး ၃ ဦးကို ၂၀၁၀၊ ၂၀၁၃ နှင့် ၂၀၁၇ ခုနှစ်များတွင် အသီးသီးမွေးဖွားခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာများက ဖော်ပြခဲ့ဖူးသည်။

ယခုလွှတ်တင်ရာသို့ မည်သည့်ခုနှစ်တွင် မွေးဖွားသည့်သမီးကို ခေါ်ဆောင်သွားမှန်း လတ်တလော မသိရသေးပေ။

ကင်မ်ဂျုံအန်း၏ ကိုယ်ပိုင်ဘဝကို သေချာစွာ မသိရသေးသော်လည်း ၎င်းသည် ပင်လယ်ကမ်းခြေ အပန်းဖြေသည့် အခါ ဂျူအေး (Ju Ae) ဟု ခေါ်သော ကလေးတွေကို ခေါ်ဆောင်သွားလေ့ရှိကြောင်း ၂၀၁၃ ခုနှစ်တွင် ပြုံယမ်းသို့ ရောက်ရှိခဲ့ဖူးသည့် NBA အကျော်အမော်တစ်ဦးဖြစ်သူ ဒင်းနစ်ရော့ဒ်မန်း (Dennis Rodman) က ဗြိတိန်ထုတ် ဂါးဒီးယန်းသတင်းစာသို့ ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှ ဒုံးကျည်းစမ်းသပ်ပစ်လွှတ်နေမှုမြင်ကွင်း(ဓါတ်ပုံ-အေပီ)

နိုဝင်ဘာ ၁၈ ရက်က ပစ်လွှတ်မှုသည် မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှုလုပ်ငန်းစဉ်၏ တစိတ်တပိုင်းဖြစ်ပြီး ၎င်းသည် လက်နက်အင်အားတိုးချဲ့ရန်နှင့် အနာဂတ် သံခင်းတမန်ခင်းတွင် ဩဇာချဲ့ထွင်ရန် ကြိုးပမ်းမှုအဖြစ် ရှုမြင်ကြသည်။

Hwasong-17 ဒုံးကျည်သည် အလုံးစုံစွမ်းဆောင်ရည်ပြည့်ဝဖို့ တီထွင်နေဆဲဖြစ်သော်လည်း အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်များကို ဖြိုခွင်းနိုင်ရန်အတွက် နျူကလီးယားထိပ်ဖူးများစွာ သယ်ဆောင်ရန် ဒီဇိုင်း ထုတ်လုပ်ထားသည့် တာဝေးပစ်လက်နက်ဟု သိရသည်။

ပြုံယမ်းနိုင်ငံတကာလေဆိပ်အနီးမှ ပစ်လွှတ်လိုက်သော အဆိုပါဒုံးကျည်သည် ဒေါင်လိုက်အမြင့်ဆုံး ကီလိုမီတာ ၆,၀၄၀ (၃,၇၅၀) အထိ ခရီးနှင်နိုင်ပြီး အလျားလိုက်(ရေပြင်ညီ)အကွာအဝေး ကီလိုမီတာ ၁,၀၀၀ (၆၂၀ မိုင်) အထိ ပျံသန်းသွားခဲ့ကြောင်း KCNA က သတင်းထုတ်လွှင့်ခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်းရှိ မြန်မာများ ဗီဇာနှင့် နိုင်ငံကူးလက်မှတ်လုပ်ရာတွင် အခက်အခဲရှိနေ

By CNI
CNI
Category: Watch TV
Hits: 686

Share
Tweet
Share
Share
powered by social2s

လွတ်ငြိမ်းကနေ ဆွေးနွေးရေး လမ်းကြောင်းပေါ် ရောက်လာရန် မျှော်လင့်ဟုပြော

By CNI
CNI
Category: Watch TV
Hits: 684

Share
Tweet
Share
Share
powered by social2s
ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၊ ဗီဇာသက်တမ်းတိုးဆောင်ရွက်နေသူများ

ထိုင်းရှိ မြန်မာများ ဗီဇာနှင့် နိုင်ငံကူးလက်မှတ်လုပ်ရာတွင် အခက်အခဲရှိနေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1596

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၈

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများသည် လက်ရှိတွင် ဗီဇာသက်တမ်းတိုးလုပ်ဆောင်ခြင်းနှင့် နိုင်ငံကူး လက်မှတ်အသစ် ပြုလုပ်ရာတို့တွင် အခက်အခဲများရှိနေကြကြောင်း ထိုင်းရှိ အလုပ်သမားအရေး ဆောင်ရွက် နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ကိုဗစ်ကာလများကြောင့် ရွှေ့ပြောင်းလုပ်သားများအား ထိုင်းမှ ဗီဇာသက်တမ်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ တိုးပေးထားခြင်းဖြစ်ကာ မကြာခင်တွင် သက်တမ်းကုန်တော့မည့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် အခက်အခဲများရှိနေကြောင်း ထိုင်းရှိ အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

MWRNမှ အကြံပေး ဦးအောင်ကျော်က “တော်တော့်ကို ခေါင်းကိုက်စရာ ကောင်းလောက်အောင် အရှုပ်အထွေး တွေ ဖြစ်နေတယ်။ တချို့ကျတော့လည်း ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ဒေသအာဏာပိုင်တွေကနေ နေထိုင်ခွင့် အလုပ်လုပ်ခွင့်ထုတ်ပေးတဲ့ ပန်းရောင်ကတ် ဆိုတာမျိုး ရိုက်တဲ့ဟာနေရာကို ပြောင်းသွားတဲ့သူတွေကလည်း ပြောင်းသွား။ တစ်ချို့စက်ရုံတွေကလည်း လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေလည်း ရောဂါတွေကလည်း လျော့ပါးသွားပြီဖြစ်တဲ့အတွက်ကြောင့် တချို့စက်ရုံတွေလည်း စီစဉ်နေပြီဆိုတာက မြန်မာနိုင်ငံကို သူ့လုပ်သား တွေကို ပြန်ပို့မယ်။ ပို့ပြီးမှ ပြန်ပြီးမှ တရားဝင်စာချုပ်ချုပ်ပြီး ပြန်တက်မယ်။ လမ်းကြောင်းတွေ အမျိုးမျိုး သွားနေကြတယ်။ စက်ရုံတွေမှာ လျာထားနေကြတာ။ တချို့လည်း အလုပ်သမားတွေကို ဆွေးနွေးပွဲတွေမှာ ခေါ်ပြီး အသိပေးနေပြီ။ နေရပ်ကို ပြန်ပို့မယ်၊ စာချုပ်ချုပ်ပြီး ပြန်တက်မယ်။ တချို့ အလုပ်သမားတွေ ကြတော့လည်း နေရပ်ရေး မပြန်လိုပါဘူး။ ကျမတို့မှာ နေစရာအိမ်လည်းမရှိတော့ဘူး။ ကျမတို့ဒေသတွေမှာ စစ်မက်တွေ ဖြစ်ပွား နေပါတယ်။ ဒါတွေလည်း ကျနော်တို့ကို လာရင်ဖွင့်တာတွေ အများကြီးဆိုတော့ ကျနော်တို့လည်း ဘယ်လို လုပ်ပေးလို့ပေးရမှန်းမသိ ဖြစ်နေတာ။ တော်တော်လေးကို အခက်အခဲတွေရှိနေပါတယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းတိုးဆောင်ရွက်နေကြသည့် နိုင်ငံခြားသားများ


ရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်၍ ထိုင်း-မြန်မာ နှစ်နိုင်ငံ MOU ရေးထိုးထားရာတွင် တစ်ဦးလျှင် ၄ နှစ်သက်တမ်းရှိပြီး ထိုင်းတွင် ဗီဇာသက်တမ်းတိုးရာတွင်လည်း ၂ နှစ်တစ်ကြိမ်ဖြင့် စုစုပေါင်း ၂ ကြိမ် သက်တမ်း တိုးရကြောင်းနှင့် ၄ နှစ်ပြည့်သည့်အခါ နေရပ်သို့ပြန်ရပြီး စာချုပ်ထပ်မံချုပ်ဆိုပြီးမှ ထိုင်းသို့တစ်ခါ ပြန်ဝင်ရခြင်း ဖြစ်ကြောင်း သိရသည်။

ပွဲစားများဖြင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ဗီဇာသက်တမ်းတိုးခြင်းလုပ်ဆောင်ထားသည့် အချို့ မြန်မာရွှေ့ပြောင်းလုပ်သားများသည် ယခုလက်ရှိအထိ စာအုပ်ပြန်လည်မရရှိသေးသူများလည်း ရှိကြောင်း ထိုင်းရှိ အလုပ်သမားအရေးဆောင်ရွက်နေသူများထံက သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ PJ (passport for job) နိုင်ငံကူးလက်မှတ် သက်တမ်းကုန်မည့် မြန်မာရွှေ့ပြောင်း လုပ်သားများ နိုင်ငံကူးလက်မှတ်စာအုပ်အသစ်ပြုလုပ်သည့်အခါတွင် မြန်မာသံရုံး လုပ်ဆောင်နေပုံတချို့ကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသည့် ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“နိုင်ငံကူးလက်မှတ်ဆိုတဲ့ အနီရောင်စာအုပ်တစ်အုပ် ထုတ်လို့ရှိရင် တိုကင်လက်မှတ်ဝယ်ရတာက ရုပ်အဆိုးဆုံးပဲ။ ဒါဟာ နိုင်ငံရဲ့ image အတွက်လည်း မကောင်းဘူးပေါ့။ ဒီနေရာမှာ ဒီ စီနီယာနံပါတ်တွေရမှ ပတ်စပို့လျှောက်ရန် အတွက် ပတ်စပို့ဝင်ရိုက်ရမှာကို။ အဲဒီတော့ ဒီနံပါတ်တွေ ဒီကတ်ပြားတွေရဖို့အတွက် လူတစ်ယောက်ကို ဘတ် ၄၀၀၀ ကနေ ၆၀၀၀ အထိ ပေးဝယ်နေရတယ်။ အဲဒီတော့ စာအုပ်လုပ်တာ ၈၀၀၊ ၁၀၀၀၊ ၁၅၀၀ နဲ့ဆိုရင် လူတစ်ယောက်အတွက် ပတ်စပို့တစ်အုပ်က ဘတ် ၄၊ ၅ ၊ ၆၀၀၀၊ ၇၀၀၀ ကုန်တယ်။ ဒါကြောင့်မို့လို့ သက်ဆိုင်ရာသံရုံးမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း ဒီမြန်မာနိုင်ငံသားတွေအပေါ်မှာ ကုန်ကြမ်းပမာ အကျိုးစီးပွားတစ်ခုအဖြစ်နဲ့ လုပ်စားနေတာကို ကျနော်တို့ တွေ့ခဲ့ရတယ်။ လက်ရှိ တိုင်းပြည်ရဲ့ အခြေအနေနဲ့ ဘယ်သူ့ကို အပြစ်ပြောရမလဲလည်း မသိပါဘူး။ အဲဒီတော့ ကြားထဲက မြေစာပင်ဖြစ်တာကတော့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေပဲပေါ့”ဟု ၎င်းက ပြောသည်။

ကိုဗစ်ကာလ ထိုင်းတွင် ဗီဇာသက်တမ်းတိုးဆောင်ရွက်နေကြသည့် အခြေအနေ

ထို့အပြင် နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်ရန်အတွက် မြန်မာသံရုံးမှ ထုတ်ပေးသည့် ရက်ချိန်းအတိုင်း လာရောက် သော်လည်း ရုံးပိတ်ရက်များဖြစ်နေသဖြင့် သံရုံးမှာမဖွင့်လှစ်သောကြောင့် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် နစ်နာမှုများရှိကြောင်း သိရသည်။

ကိုသားကြီးက “အဲဒါကပိုဆိုးတယ်။ အဲဒါကအများကြီးပဲ။ အစောကြီးကတည်းက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပတ်စပို့ထုတ်ပေးတဲ့ စခန်းတွေမှာ တာဝန်ယူတဲ့ပုဂ္ဂိုလ်တွေက ရွှေ့ပြောင်းလုပ်သားတွေကို ချိန်းလိုက်တဲ့ ဒိတ်မှာ ရုံးပိတ်ရက် ဟုတ်၊ မဟုတ်ဆိုတာကို သူတို့သိဖို့လိုအပ်တယ်။ အဲဒီတော့ ချိန်းလိုက်တဲ့ရက်က ရုံးပိတ်ရက်ကြီး မကြည့်ဘဲနဲ့ ရက်ချိန်းကို ဖြစ်သလိုပေးလိုက်တယ်။ အလွယ်တကူ လုပ်လိုက်တယ်။ တချို့ နယ်မြေက အဝေးက ရွှေ့ပြောင်းလုပ်သားတွေဆို ခဲရာခဲဆစ် အလုပ်ကနေ ခွင့်ယူရတယ်။ ရက်လွန်သွားရင်လည်း အလုပ်ဖြုတ်ခံရမှာ ကြောက်ရတယ်။ ဒီလိုအလုပ်သမားတွေအတွက် အရမ်း ဂယက်ရိုက်စေတယ်။ အရမ်း ဒုက္ခရောက်စေတယ်။ အားလုံးဟာ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းတယ်လို့ ပြောချင်တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ PJ (passport for job) နိုင်ငံကူးလက်မှတ် စာအုပ်အသစ်ပြုလုပ်ခြင်းအား နိုဝင်ဘာ ၇ ရက်နေ့တွင် စတင်ပြုလုပ်၍ ရကြောင်းနှင့် ကုန်ကျစရိတ်အနေဖြင့် ဘတ် ၈၀၀ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ထားခြင်းဖြစ်သည်။
သို့သော် လက်ရှိတွင် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ဗီဇာနှင့်ပတ်သက်၍ သော်လည်းကောင်း၊ နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍သော်လည်းကောင်း ပွဲစားများဖြင့် ပြုလုပ်သည့်အခါတွင်လည်း ငွေကြေး လိမ်လည်ခံရမှုများပါ ကြုံတွေ့နေရကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်လွှတ်မှုသတင်း ကြေညာနေစဉ် (AP)

အမေရိကန်နိုင်ငံအထိ ရောက်နိုင်သည့် ဒုံးကျည်တစ်စင်း မြောက်ကိုရီးယားပစ်လွှတ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 955

CNI International News

ပြုံယမ်း၊ နိုဝင်ဘာ ၁၈

မြောက်ကိုရီးယားသည် နိုဝင်ဘာ ၁၈ ရက် (ယနေ့)တွင် ဂျပန်ရေပိုင်နက်အနီးသို့ ကျရောက်ခဲ့သည့် တိုက်ချင်းပစ် တာဝေးဒုံးကျည်ဟု ယူဆရသော ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း ၎င်း၏အိမ်နီးချင်းများ ဖြစ်ကြသော ဂျပန်နှင့်တောင်ကိုရီးယားတို့က အသီးသီး သတင်းထုတ်ပြန်ခဲ့ကြသည်။

အမေရိကန်နိုင်ငံအထိ ပစ်မှတ်ထား၍ ပြီးပြည့်စုံသော လက်နက်စနစ်များကို ထုတ်လုပ်ရန် ၎င်း၏ဆုံးဖြတ်ချက်အား ပြသသည့် ယခုလအတွင်း မြောက်ကိုရီးယား၏ ဒုတိယမြောက် အရေးပါသော လက်နက်စမ်းသပ်မှုလည်း ဖြစ်ကြောင်း အေပီက ဆက်လက်ရေးသားသည်။

ယခုပစ်လွှတ်မှုမှာ မကြာသေးမီ လများအတွင်း မြောက်ကိုရီးယားသည် လက်နက်စမ်းသပ်မှုများကို အမေရိကန်၏ ရန်လိုခြင်းအား တုံ့ပြန်ခြင်းဟု ပြောပြီး နောက်ဆုံး ပစ်လွှတ်ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှု တင်းကျပ်ရန် အမေရိကန်၏ လုပ်ဆောင်ချက်ကို တရုတ်နှင့်ရုရှားတို့ က ဆန့်ကျင်ကြသဖြင့် ယခုကဲ့သို့ လက်နက်စမ်းသပ်မှုများအား မြောက်ကိုရီးယား ဆက်လက် လှုပ်ရှားနိုင်ဖွယ် ရှိသည်ဟု စစ်ရေးကျွမ်းကျင်သူအချို့က သုံးသပ်ကြသည်။

 မြောက်ကိုရီးယား ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်သွားရာလမ်းကြောင်းကိုတွေ့ရစဉ်(AP)

မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့တော်ဘက်မှ ပစ်လွှတ်လိုက်သည်ဟု ယူဆရသော တိုက်ချင်းပစ် ဒုံးကျည် (ICBM) ကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် တွေ့ရှိရကြောင်း၊ အဆိုပါ လက်နက်သည် မိမိတို့ နိုင်ငံ၏ကောင်းကင်ယံမှ ဖြတ်ကျော်လျက် အရှေ့ဘက်ကမ်းရိုးတန်းဘက်သို့ ပျံသန်းသွားကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောကြားခဲ့သည်။

တောင်ကိုရီးယားစစ်တပ်သည် မြောက်ကိုရီးယားကို စောင့်ကြည့် ထောက်လှမ်းမှု အားကောင်းစေခဲ့ပြီး အမေရိကန်နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ရန် အသင့်ဖြစ်နေကြောင်း ပူးတွဲစစ်ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ခဲ့သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း အဆိုပါလက်နက်ကို ICBM အမျိုးအစား တိုက်ချင်းပစ် တာဝေးဒုံးကျည် အဖြစ်ကနဦး သတ်မှတ်ခဲ့သည်။

၎င်းဒုံးကျည်သည် ဂျပန်၏ အဓိကကျွန်း တစ်ကျွန်းဖြစ်သော ဟော့ကိုင်းဒိုး၏ အနောက်ဘက်ရှိ ဂျပန်သီးသန့် စီးပွားဇုန်အတွင်းရှိ ပင်လယ်ထဲသို့ ကျရောက်ခဲ့ကြောင်း ယုံကြည်ရသည်ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒေသတွင်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ဖူမီယိုကီရှိဒါ ရောက်ရှိနေစဉ် သတင်းထောက်များကို ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားလုပ် ဒုံးကျည်ကျ၍ လူ ၂ ဦးသေဆုံးဟု ပိုလန်ပြော

By CNI
CNI
Category: Watch TV
Hits: 709

Share
Tweet
Share
Share
powered by social2s

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် မလိုအပ်ဘဲ ခရီးမသွားကြရန် သတိပေးထား

By CNI
CNI
Category: Watch TV
Hits: 741

Share
Tweet
Share
Share
powered by social2s

၂၀၂၄ သမ္မတလောင်း ဝင်ပြိုင်ရန် ဒေါ်နယ်ထရမ့် ခြေလှမ်းစတင်

By CNI
CNI
Category: Watch TV
Hits: 701

Share
Tweet
Share
Share
powered by social2s

သတ္ထုတွင်းကို တိုက်တာမဟုတ်ဘူး KNU ကို လုံခြုံရေးအရလုပ်တာလို့ နစကပြော

By CNI
CNI
Category: Watch TV
Hits: 1004

Share
Tweet
Share
Share
powered by social2s

ရှီနှင့်ဘိုင်ဒန် ထိုင်ဝမ်အရေးဆွေးနွေးသော်လည်း စစ်ရေးပါလာဖို့ မမြင်

By CNI
CNI
Category: Watch TV
Hits: 653

Share
Tweet
Share
Share
powered by social2s

ဟောင်ကောင်၊ ဒူဘိုင်း၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ ထောပတ်သီးအမှာစာများ ရရှိထား

By CNI
CNI
Category: Watch TV
Hits: 695

Share
Tweet
Share
Share
powered by social2s

APEC အစည်းအဝေးကာလ မြန်မာများ ဆန္ဒပြခြင်းနှင့် နယ်ကျော်ခြင်း သတိထားရန်လို

By CNI
CNI
Category: Watch TV
Hits: 641

Share
Tweet
Share
Share
powered by social2s

နိုင်ငံအများစု နစ်နာဆုံးရှုံးမှု US လျော်ကြေးပေးရေး UN ဆုံးဖြတ်ရန် ရုရှားပြော

By CNI
CNI
Category: Watch TV
Hits: 664

Share
Tweet
Share
Share
powered by social2s

အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာကို ထုတ်ပယ်ဖို့ ဆွေးနွေးခဲ့ကြ

By CNI
CNI
Category: Watch TV
Hits: 658

Share
Tweet
Share
Share
powered by social2s

ချင်းဒေသမှာ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးကို လုပ်ဆောင်မည်ဟု CJDC ပြော

By CNI
CNI
Category: Watch TV
Hits: 701

Share
Tweet
Share
Share
powered by social2s
  • 35
  • 36
  • 37
  • 38
  • 39
  • 40
  • 41
  • 42
  • 43
  • 44

Page 40 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar