CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၄

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၎င်း၏ နိုင်ငံရေးသဘောထားကို NLD ဗဟိုအလုပ်အမှု ဆောင်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခွင့်ရမှသာလျှင် ထုတ်ဖော်ပြောဆိုနိုင်မည်ဖြစ်ကြောင်း ပြောကြားချက်ကို မိမိတို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အနေဖြင့် ထောက်ခံကြိုဆိုပါကြောင်း နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

PPST ထုတ်ပြန်ချက်

ထို့နောက် အာဆီယံ၏ ဘုံသဘောတူညီချက်(၅)ချက် အကောင်အထည်ဖော်အပေါ်တွင် SAC အနေဖြင့် ပူးပေါင်းပါဝင်ပါရန် အမေရိကန်ပြည်ထောင်စုသမ္မတ ဂျိုးဘိုင်ဒန်၏ ထောက်ခံကြိုဆိုကြောင်း PPST ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဖမ်းဆီးချုပ်နှောင်ခံထားရပြီး တရားဥပဒေအရ အမှုရင်ဆိုင်နေရသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ CEC အဖွဲ့ဝင် တချို့ လည်း ဖမ်းဆီးထိန်းသိမ်းခံထားရသည်။