CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈

ဒေါ်အောင်ဆန်းစုကြည်သည် ပိုင်ဆိုင်သည့် ပစ္စည်းများအား လူရင်းနှစ်ဦးထံသို့ ၎င်းကိုယ်တိုင် လက်မှတ်ထိုးပြီး အပ်နှံ ထားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့်နီးစပ်သည့် ရှေ့နေ အသိုင်းအဝိုင်းထံက သိရသည်။

အကျဉ်းထောင်သို့ ပြောင်း‌ရွှေ့ မခံရခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်သည် ကြိုတင်စီစဉ်၍ လုပ်ဆောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းနှင့်နီးစပ်သည့် ရှေ့နေအသိုင်းအဝိုင်းမှ "သူက ကြိုစီစဉ်တာလေ။ သူ့ပစ္စည်းတွေကို ဟိုဟာလုပ်ဖို့က။ သူ့ပစ္စည်းက ဂိုဒေါင် တစ်လုံးနဲ့မဆန့်ဘူး အများကြီးရယ်။

အဲဒီအခါကျတော့ ပထမတစ်ခေါက် စပြီးတော့ အပြစ်ပေးတယ်ဆိုပြီး sentence ထုတ် ကတည်းကပေါ့။ လိုရမယ်ရဆိုပြီး သူစီစဉ်ပါတယ် "ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၂ ရက်က သက်ဆိုင်ရာ တရားရုံးများမှာ တရားစီရင်ပြီးဖြစ်၍ ပြစ်မှုဆိုင်ရာ ဥပဒေများ အရ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

ထို့နောက် ၎င်းအား သီးသန့် အဆောက်အဦတွင် ကောင်းမွန်စွာ ထားရှိထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများ ကို ပြောကြားခဲ့သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို နစကမှ ပုဒ်မ ၆ ခုနှင့် ထောင် ၁၁ နှစ် ချမှတ်ထားပြီး စွဲချက်တင် ခံထားရသည့် အမှုများအတွက် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။