CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ယူကရိန်းခေါင်းဆောင် ဇာလန်းစကီးကိုတွေ့ရစဉ် (AP)

ယူကရိန်းစည်းကမ်းအရ ရုရှားနှင့်ဆွေးနွေးရေး လမ်းဖွင့်ထားဟု ဇာလန်းစကီးပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1758

 

CNI International News

ကိယက်ဗ်၊ နိုဝင်ဘာ ၉

ကိယက်ဗ် အဓိကတောင်းဆိုသော စည်းကမ်းချက်များကို လိုက်နာလျက် သမ္မတ ဗလာဒီမာပူတင် အာဏာရနေ သရွေ့ မော်စကိုနှင့်ညှိနှိုင်းရေး ငြင်းဆန်နေခြင်းကို ပျော့ပျောင်းစေပြီး ရုရှားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် လမ်းဖွင့် ထားပါကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက ပြောကြားသည်ဟု အေပီမှ ရေးသားထားသည်။

အထက်ပါ ပြောကြားချက်သည် ပြီးခဲ့သည့် စက်တင်ဘာလ နှောင်းပိုင်းက ရုရှားကို စစ်မှန်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆီသို့ ရောက်ရှိအောင် အတင်းအကြပ် ဖိအားပေးကြရန် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ဇာလန်းစကီး၏ မေတ္တာရပ်ခံ ပန်ကြားချက်၏ အသုံးအနှုန်း(လေသံ) ပြောင်းလဲလာမှုကို ထင်ဟပ်စေသည်။

ယခင် စက်တင်ဘာလ တုန်းကတော့ ယူကရိန်းဒေသ ၄ ခုကို ရုရှားက တရားမဝင် ပေါင်းစည်းခဲ့ပြီးနောက် ပူတင် နှင့် ဆွေးနွေးရန် မဖြစ်နိုင်ကြောင်း အမိန့်ကြေညာချက် တစ်စောင်ကို ဇာလန်းစကီးက လက်မှတ်ထိုးပေးခဲ့သည်။

သို့သော် ယခု နိုဝင်ဘာ ၇ ရက်၌ ချပြလာသော ယူကရိန်းသမ္မတ၏ ကြိုတင်စည်းကမ်းချက်များသည် မော်စကို အတွက် ခြေလှမ်းတစ်ရပ် စတင်ပေးခဲ့ခြင်းတော့ မဟုတ်ပေ။

 ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ်များ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် (GETTY IMAGES)

ထို့ကြောင့် ဇာလန်းစကီး၏ နောက်ဆုံး သဘောထား မှတ်ချက်များသည် နှစ်နိုင်ငံဆွေးနွေးပွဲများ မည်သို့ ရှေ့ဆက် သွားမည်ကို တွက်ဆနိုင်ရန်မှာ ခဲယဉ်းလှကြောင်း အေပီက ဆက်လက် ရေးသားသည်။

ဆွေးနွေးပွဲ ဖြစ်ထွန်းရေးအတွက် လိုအပ်သည့် အခြေအနေများ၌ ယူကရိန်းထံမှ သိမ်းထားသည့် နယ်မြေ အစိတ် အပိုင်း အားလုံး ပြန်ပေးရေး၊ စစ်ဘေးဒုက္ခများအတွက် လျော်ကြေးနှင့် စစ်ရာဇဝတ်မှုများအတွက် တရားစွဲဆိုရေး တို့ ဖြစ်ကြောင်း ဇာလန်းစကီးက ထပ်လောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲ ပေါ်ပေါက်လာအောင် ရုရှားကို ကမ္ဘာ့ခေါင်းဆောင်များ အနေဖြင့် မည်သို့ ဖိအားပေးရမည်ကိုတော့ ဇာလန်းစကီးက ထည့်မပြောခဲ့ပေ။

အနောက်အုပ်စု နိုင်ငံများထံမှ လက်နက်နှင့် အခြားအကူအညီများသည် ရုရှားကျူးကျော်မှုကို တွန်းလှန်ရန် ယူကရိန်းအတွက် သော့ချက်ဖြစ်ခဲ့သည်။ စစ်ပွဲအစပိုင်း၌ အင်အားချင်း ချိန်ခွင်လျှာ မျှတစွာဖြင့် ယူကရိန်း တွန်းလှန်နိုင်မည်ဟု အချို့က မျှော်လင့်မိခဲ့ကြသည်။

ဆိုလိုသည်မှာ အမေရိကန်နှင့်ဥရောပသမဂ္ဂ (EU) အသိုင်းအဝိုင်းတို့ထံမှ စစ်ပွဲ၏ အသွင်သဏ္ဌာန် အကဲဖြတ်ချက် ကို ကိယက်ဗ်အစိုးရ လျစ်လျူရှုထား၍ မရကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သည့် ဗိုလိုဒီမီယာဖီစင်ကိုက ပြောကြားခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်နှင့် အဆက်ဖြတ်ရန် ဗြိတိန်ကို တရုတ်တိုက်တွန်း

By CNI
CNI
Category: Watch TV
Hits: 765

Share
Tweet
Share
Share
powered by social2s

ထိုင်းရှိ ဗီဇာသက်တမ်း ကျော်လွန်သည့် မြန်မာများ အမြန်ဆုံးသက်တမ်းတိုးရန် လိုအပ်

By CNI
CNI
Category: Watch TV
Hits: 789

Share
Tweet
Share
Share
powered by social2s

ဘိုင်ဒန်အပေါ် ထောက်ခံမှု ၃၉ ရာခိုင်နှုန်း ကျဆင်းဟု ရွေးကောက်ပွဲအကြိုစစ်တမ်းက ပြသ

By CNI
CNI
Category: Watch TV
Hits: 669

Share
Tweet
Share
Share
powered by social2s

ရုရှားသို့ လက်နက်မတင်ပို့ဟု မြောက်ကိုရီးယားငြင်း

By CNI
CNI
Category: Watch TV
Hits: 671

Share
Tweet
Share
Share
powered by social2s

၂၀၂၀ ရွေးကောက်ပွဲရလဒ်အတိုင်းသာ သဘောထားရှိပါက ညှိနှိုင်း၍ရမည်မဟုတ်

By CNI
CNI
Category: Watch TV
Hits: 667

Share
Tweet
Share
Share
powered by social2s

ရင်ထဲအသဲထဲမှာ ခြင်္သေ့ကရှိပြီးသားဟု ဦးခင်ရီပြော

By CNI
CNI
Category: Watch TV
Hits: 802

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအန်း ဒုံးကျည်ပစ်လွှတ်နေသည့်ကို ကြည့်ကြပ်နေစဉ် (KCNA)

မြောက်ကိုရီးယားက ဒုံးကျည် ဆယ်ဂဏန်းနဲ့ချီပြီး ပစ်လွှတ်ခဲ့တာ အခု ဘာထူးလဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 3039

CNI International Article

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၆

ယခုရက်ပိုင်းအတွင်း မြောက်ကိုရီးယား အစိုးရအရာရှိများသည် အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု အပေါ် ပြင်းထန်စွာ တုံ့ပြန်မည်ဟု အခိုင်အမာ ပြောခဲ့ကြသည်။

တောင်ကိုးရီးယား ပင်လယ်ပြင်၏ နှစ်နိုင်ငံနယ်စပ်အနီးတွင် ကျရောက်ခဲ့သော တာတိုပစ် လက်နက် အပါအဝင် ဒုံးကျည်အစင်း ၃၀ နီးပါးကို မြောက်ကိုရီးယားက ယခုသီတင်းပတ်အတွင်း ဆက်တိုက် ပစ်လွှတ်ခဲ့ရာ တောင်ကိုရီးယားဘက်မှ တုံ့ပြန်မှု ထွက်ပေါ်လာခဲ့သည်။

ယခုတစ်ခေါက် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှု အများဆုံးအကြိမ် ဖြစ်ခဲ့သဖြင့် တစ်နှစ်တာ အတွင်း သိသာထင်ရှားသော တင်းမာလာမှု တစ်ခုအဖြစ် အရေးတကြီး မေးခွန်းထုတ်စရာ ပေါ်ပေါက်လာခဲ့သည်။

ထိုသို့ လုပ်ဆောင်မှုကို နောက်ထပ် မည်မျှကြာကြာ ဆက်လက် လုပ်ဆောင်မှာလဲဆိုတာ အဓိကဖြစ်သည်။

မြောက်ကိုရီးယား ဒုံးကျည် ပစ်လွှတ်နေသည့် သတင်းကို ကြည့်ရှုနေကြစဉ်(AP)

မြောက်ကိုရီးယား၏ ဖတ်စာအုပ်(ပြဋ္ဌာန်းစာအုပ်)မှာ အစဉ်အလာအားဖြင့် အမေရိကန်၏ အာရုံစိုက်မှုကို မရမချင်း ရန်စမှုများအား အဆက်မပြတ် ထုတ်ပြရန် ဖြစ်နေသည်။

ထို့နောက် ပိတ်ဆို့အရေးယူမှုမှ သက်သာရာ သက်သာကြောင်း (သို့မဟုတ်) အာဏာ၏ ရပ်တည်ချက်အဖြစ် ရှုမြင်သည့် အခြားလိုက်လျောမှုများကို လာရောက်ညှိနှိုင်းနိုင်သည်။

အမေရိကန်သည် လာမည့် ရွေးကောက်ပွဲများကို အာရုံစိုက်နေပြီး ယူကရိန်းစစ်ပွဲကြောင့် ရုရှားနှင့် အနောက်နိုင်ငံ များ၏ ဆုံးရှုံးမှုများကို လတ်တလော အာရုံစိုက်နေရသည်။

ဆိုလိုသည်မှာ မြောက်ကိုရီးယားသည် ၎င်းလိုလားသည့် တုံ့ပြန်မှုကို ရရှိရန် ပိုမိုလုပ်ဆောင်ရမည်ဟု တွက်ဆထား သော်လည်း ပြုံယမ်း၏ တကယ်လုပ်ရပ်များက တောင်ကိုရီးယားနှင့် ဝေးကွာလွန်းအောင် တွန်းပို့နိုင်သည့် အလားအလာကိုလည်း တိုးမြင့်စေသည်။

ပြောရမည်ဆိုလျှင် မြို့တော်ဆိုးလ်တွင် တောင်ကိုရီးယား ပြည်တွင်းဖြစ် နျူကလီးယား အစီအစဉ် ဖန်တီးခြင်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ကြီးထွားလာနေပြီ ဖြစ်သည်။

အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်နေစဉ် (AP)

မြောက်ကိုရီးယား စစ်ရေးသုံးသပ်သူများက ကင်မ်ဂျုံအန်း၏ ဒေါသကို ဖော်ပြရန်အတွက် ပြုံယမ်း အသုံးပြုသည့် လက်နက်အဆင့်ဆင့်ကို ကာလအတန်ကြာ ပုံကြမ်းဆွဲပြခဲ့ ကြသည်။

အဆိုပါ လက်နက်များ၏ စာရင်းအောက်ခြေအား ကိုးကား၍ မြောက်ကိုရီးယား အစိုးရ ထိန်းချုပ်ထားသော မီဒီယာများတွင် ပြင်းထန်သော စကားလုံးများရှိသည်။

ထို့နောက် နိုဝင်ဘာ ၂ ရက်တွင် မြောက်ကိုရီးယားသည် နိုင်ငံတကာ သတင်းစာ မျက်နှာများတွင် မြင်တွေ့ရသည့် အတိုင်း တာတိုပစ်ဒုံးကျည် အမျိုးအစားကို လွှတ်တင်ပြခဲ့သည်။

နိုဝင်ဘာ ၃ ရက်တွင် ပြုံယမ်းမြို့တော်မှ ပစ်ခတ်သည့် ဒုံးကျည်များ အပါအဝင် တာဝေးပစ် ဒုံးကျည်စမ်းသပ်မှုများ သို့မဟုတ် မြောက်ကိုရီးယားက ယခင်က ဂျပန်ကျွန်းစုကို အပြင်းအထန် ပစ်လွှတ်ခဲ့သော တာလတ်ပစ် ဒုံးကျည် စမ်းသပ်မှုများ ရှိလာခဲ့သည်။

တောင်ကိုရီးယား သမ္မတကို တွေ့ရစဉ် (AP)

ပစိဖတ်သမုဒ္ဒရာထဲ ဖောက်ခွဲပစ်လွှတ်သည့် စာရင်း၏ ထိပ်တွင် မြောက်ကိုရီးယား၏ နျူကလီးယား ကိရိယာများ ထဲမှ တစ်ခုကို စမ်းသပ် ဖောက်ခွဲခြင်း ဖြစ်သည်ဟု အေပီသတင်းက ရေးသားဖော်ပြသည်။

မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မှု အဆင့်သစ် တစ်ခုစီတိုင်းကြောင့် ကမ္ဘာပေါ်တွင် လက်နက် အထူထပ် ဆုံး နယ်စပ်တစ်လျှောက် ကိုရီးယားကျွန်းဆွယ်တွင် တောင်ကိုရီးယား တပ်များနှင့် အမေရိကန်တို့၏ သောင်းနှင့် ချီသော နှစ်ဖက်စလုံးမှ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာရှိသော တင်းမာမှုများ တိုးလာနေပြီ ဖြစ်သည်။

၎င်းတပ်ဖွဲ့ဝင် အရေအတွက်သည် အကန့်အသတ်ရှိသော ကျွန်းဆွယ် ပထဝီဝင် ဧရိယာတွင် ပြင်းထန်သော လက်နက် အမျိုးအစားများဖြင့် အသုံးချမိသည့်အခါ တွက်ချက်မှု မှားယွင်းပြီး ခိုက်ရန် ဖြစ်ပွားနိုင်ခြေကို တိုးမြင့် စေသည်။

မကြာသေးမီက ရုရှားသည် ဆုတ်ယုတ်မှုများ ဆက်တိုက် ကြုံတွေ့ခဲ့ရသည့် ယူကရိန်းစစ်ပွဲလည်း နမူနာ ရှိနေ သည်။

မြောက်ကိုရီးယားနှင့် ၎င်း၏ စစ်တပ်ကို ဆယ်စုနှစ်များစွာ ထောက်ခံအားပေးခဲ့သည့် မော်စကိုသည် ဝါရှင်တန် အတွက် ဖန်တီးထားသည့် ဒုံးကျည်စမ်းသပ်မှုမှ အာရုံပြောင်း သွားနိုင်သည်ကို မြောက်ကိုရီးယားက သဘော ပေါက်သင့်သည်။

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်နေစဉ် (KCNA)

Hallowen ပျော်ပွဲရွှင်ပွဲများ တဟုန်ထိုး တိုးလာသည့် တောင်ကိုရီးယားတွင် လူပေါင်း ၁၅၀ ကျော် သေဆုံးမှု အတွက် ဝမ်းနည်းပူဆွေးနေခဲ့ရာ အဆိုပါ စစ်ရေး အတားအဆီးသည် မကြုံချင်ဘဲ ကြုံလာရသည်။

သို့သော် မြောက်ကိုရီးယား၏ နောက်ထပ် နျူကလီးယား စမ်းသပ်မှုသည် သူ့အတွက် အန္တရာယ် ဖြစ်စေနိုင်သည် ဟု ယွန်ဆီးတက္ကသိုလ်မှ သံတမန်လေ့လာရေးဆိုင်ရာ တွဲဖက်ပါမောက္ခ ဂျက်ဖရီရောဘတ်ဆင်က မကြာသေးမီက ရေးသားခဲ့သည်။

“ပြီးခဲ့တဲ့ အနှစ် ၃၀ အတွင်းမှာ တောင်ကိုရီးယားရဲ့ သာလွန်တဲ့ စစ်ရေးစွမ်းရည် (အမေရိကန်နဲ့ မဟာမိတ်ဖွဲ့မှု) နဲ့ မြောက်ကိုရီးယားရဲ့ အခြေတည်တဲ့ နျူကလီးယား လက်နက် စွမ်းရည်တို့ကြား ခပ်ကြမ်းကြမ်း ချိန်ညှိမယ့် ချိန်ခွင် လျှာ တစ်ခုကို ထူထောင်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် တောင်ကိုရီးယားသည် ၎င်း၏ကိုယ်ပိုင် နျူကလီးယား လက်နက်စွမ်းရည်ကို ယုံကြည်မိပြီး လိုက်လျှောက် ပါလျှင် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်စရာ ရှိနေသည်။

ပြုံယမ်းသည် ယုံတမ်းစကားတော့ မပြောတတ်ပေ။ ၎င်း၏အလိုဆန္ဒရရှိရန် ၎င်း၏လက်နက် အပြည့်အစုံအား ဖြည့်ပြီး လက်တွေ့အသုံးပြုရန် ကြိုးပမ်းနေသောကြောင့် ရေတိုအတွင်း မြောက်ကိုရီးယား ခွန်အားကို ရပ်တန့်ရန် မျှော်လင့်၍ မရပါကြောင်း။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

အနောက်အုပ်စု လွှမ်းမိုးချုပ်ကိုင်လို၍ ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းဖြစ်ပေါ်ဟု ရုရှားပြော

By CNI
CNI
Category: Watch TV
Hits: 853

Share
Tweet
Share
Share
powered by social2s

အစ္စရေးရွေးကောက်ပွဲတွင် နေတန်ယာဟုနှင့် လက်ယာစွန်းမဟာမိတ်များ အောင်ပွဲခံ

By CNI
CNI
Category: Watch TV
Hits: 688

Share
Tweet
Share
Share
powered by social2s

ဆန္ဒပြပွဲတစ်ခုတွင် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း သေနတ်ဒဏ်ရာရ

By CNI
CNI
Category: Watch TV
Hits: 689

Share
Tweet
Share
Share
powered by social2s

အနောက်အုပ်စု လွှမ်းမိုးချုပ်ကိုင်လို၍ ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းဖြစ်ပေါ်ဟု ရုရှားပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1468

CNI International News

မော်စကို၊ နိုဝင်ဘာ ၄

အမေရိကန်ဦးဆောင်သော အနောက်အုပ်စု၏လွှမ်းမိုးချုပ်ကိုင်လိုသောဆန္ဒကြောင့် လက်ရှိ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းဖြစ်ပေါ်စေခဲ့ကြောင်း ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး နီကိုလေပက်ထရူရှက်ဗ် (Nikolay Patrushev) က နိုဝင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

CIS လုံခြုံရေးကောင်စီအကြီးအကဲများ အစည်းအဝေးတွင် ပက်ထရူရှက်ဗ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းမှာ ကျနော်တို့မျက်စိရှေ့မှောက်ပဲ မြင်နေရပါတယ်။ အဲဒီအတွက် အဓိက အကြောင်းရင်းကတော့ ကမ္ဘာ့နိုင်ငံအသီးသီးကို လွှမ်းမိုးချုပ်ကိုင်ချင်တဲ့ အနောက်အုပ်စုရဲ့ဆန္ဒကြောင့် ဖြစ်ပါတယ်။ အနောက်အုပ်စုဟာ နိုင်ငံအသီးသီးရဲ့ အမျိုးသားအကျိုးစီးပွား၊ ထူးခြားချက်တွေနဲ့ ဓလေ့ ထုံးတမ်း တွေကို လုံးဝလျစ်လျူရှုထားပါတယ်။ဒါ့အပြင် ဘက်စုံကမ္ဘာ ဖွဲ့စည်းရေးကိုလည်း သူတို့က မျက်ကွယ်ပြုပါတယ်။ အနောက်တိုင်းပုံစံဖော်ဆောင်ဖို့ပဲ ရည်မှန်းလုပ်ဆောင်နေကြတာပါ” ဟု ပက်ထရူရှက်ဗ်က အလေးပေး ပြောကြား ခဲ့သည်။

အမေရိကန်နှင့် အနောက်နိုင်ငံများသည် နိုင်ငံတကာဥပဒေနှင့် ဗျူဟာမြောက် တည်ငြိမ်စေရေး ထိခိုက်စေဖို့ လမ်းစဉ်ကို စတင်ခဲ့ကြောင်း၊ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းသဏ္ဌာန်ကိုလည်း ဖျက်လို ဖျက်ဆီးပြုခဲ့ကြကြောင်း ၎င်းက မှတ်ချက်ချခဲ့သည်။

ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ပက်ထရူရှက်ဗ် ထောက်ပြခဲ့သည့်အတိုင်း အဆိုပါလုပ်ရပ်များကို အနောက်နိုင်ငံများက အချိန်ယူ၍ တမင်တကာ ဖန်တီးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏ စစ်ရေးခွန်အားကို ဖြန့်ထုတ်ခြင်းနှင့် စစ်အင်အားအသုံးပြုခြင်းအပြင် ၎င်းတို့အပေါ် ဆန့်ကျင်ပြီး စစ်ရေးတည်ဆောက်သည့်နိုင်ငံများကို တင်းမာသော ပိတ်ဆို့အရေးယူရေးမူဝါဒအောက်သို့ ထားရှိခဲ့ကြသည်။

“ဝါရှင်တန်၊ လန်ဒန်နဲ့ သူတို့ရဲ့မဟာမိတ်တွေဟာ မဆင်မခြင်မူဝါဒကြောင့် ဘော်လကန်ဒေသ၊ အီရတ်၊ လစ်ဗျား၊ ဆီးရီးယား၊ အာဖဂန်နဲ့ ယူကရိန်းတို့မှာ လူပေါင်း သိန်းနဲ့ချီ အသက်ဆုံးရှုံးခဲ့ရတဲ့ သွေးထွက်သံယိုမှုဖြစ်ခဲ့ရပါတယ်” ဟု ပက်ထရူရှက်ဗ်က ပြန်ပြောင်း ပြောကြားခဲ့သည်။

“ရေရှည် ခိုင်မာစေမယ့် လုံခြုံရေးအာမခံချက်တွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့အဆိုပြုချက်တွေကို အနောက် နိုင်ငံတွေက ပယ်ချခဲ့ကြပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အပြန်အလှန်လက်ခံနိုင်သော ဆွေးနွေးပွဲနည်းလမ်းကို သုံးစွဲခြင်းအစား တရားမဝင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းဖြင့် နိုင်ငံတကာစင်မြင့်တွင် ရုရှားကို သီးခြားခွဲထုတ်ဖို့ ကြိုးပမ်းနေကြကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

Source: တာ့စ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
အစ္စရေးနိုင်ငံ၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဟောင်း နေတန်ယာဟုကို တွေ့ရစဉ်(ဓါတ်ပုံ-ရိုက်တာ)

အစ္စရေးရွေးကောက်ပွဲတွင် နေတန်ယာဟုနှင့် လက်ယာစွန်းမဟာမိတ်များ အောင်ပွဲခံ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1337

CNI International News

ဂျေရုဆလင်၊ နိုဝင်ဘာ ၄

လက်ယာယိမ်း အစ္စရေးဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင်နေတန်ယာဟု ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က စုစုပေါင်းနေရာ ၁၂၀ ရှိသော လွှတ်တော်ထဲတွင် အမတ်နေရာအများစုကို ရရှိပြီး ရွေးကောက်ပွဲအောင်ပွဲ ခံခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။ အစ္စရေးနိုင်ငံတွင် အငြင်းပွားဖွယ်ပုဂ္ဂိုလ်တစ်ဦးက ထပ်မံအာဏာပြန်ရစေခြင်းဖြစ်ကြောင်း အယ်လ်ဂျာဇီးယားက ဆက်လက်ရေးသားသည်။

နိုဝင်ဘာ ၃ ရက်တွင် နောက်ဆုံးထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲရလဒ်များအရ နေတန်ယာဟုနှင့် ၎င်း၏ လက်ယာအစွန်းရောက်အမျိုးသားရေးဝါဒီ မဟာမိတ်များသည် အမတ်နေရာ ၁၂၀ ရှိသော လွှတ်တော်ထဲတွင် ၆၄ နေရာအထိ သိမ်းပိုက်ထားနိုင်ခဲ့သည်။၎င်းအထဲမှ ၃၂ နေရာသည် နေတန်ယာဟု၏ လီကွတ် (Likud) ပါတီမှ ဖြစ်သည်။

နိုဝင်ဘာ ၂ ရက်၌ မဲများ အကြမ်းဖျင်း ၈၅ ရာခိုင်နှုန်း ရေတွက်ပြီးချိန်မှာတော့ နေတန်ယာဟုကို ထောက်ခံကြ သူများက “လွန်စွာကြီးကျယ်ခမ်းနားသော အောင်ပွဲသို့ နီးကပ်လာပြီဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ၎င်းတို့သည် တည်ငြိမ်သော အမျိုးသားအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက် စိတ်အားထက်သန်နေကြသည်။

လက်ရှိဝန်ကြီးချုပ် ယိုင်ယာလာပစ် (Yair Lapid) ဦးဆောင်သော အာဏာရညွန့်ပေါင်းအဖွဲ့က အမတ်နေရာ ၅၁ နေရာ ရရှိခဲ့သည်။ ကျန်နေရာများကိုတော့ အခြားအာရပ်ပါတီငယ်တစ်ခုက ရရှိသွားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် အင်္ဂါနေ့တွင် ဂျေရုဆလင်၌ မဲထည့်ခဲ့စဉ်(ဓါတ်ပုံ-Getty Images)

လာပစ်က နေတန်ယာဟုကို ချီးကျူးဂုဏ်ပြုခဲ့ပြီး အာဏာလွှဲပြောင်းပေးရေး ကြားကာလအတွက် ပြင်ဆင်ကြရန် ၎င်း၏ရုံးအဖွဲ့ဝန်ထမ်းများကို ညွှန်ကြားခဲ့သည်ဟု ဝန်ကြီးချုပ်ရုံးထုတ်ပြန်ချက်အရ သိရသည်။

“နိုင်ငံရေးအရ အထူးတလည်ခေါင်းခဲစရာမလိုတော့ဘဲ အစ္စရေးနိုင်ငံတော် ခရီးရောက်လာခဲ့ပါပြီ။ အစ္စရေးပြည်သူ တွေနဲ့ အစ္စရေးနိုင်ငံတော်အတွက် နေတန်ယာဟု အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်” ဟု လာပစ်က ထုတ်ဖော်ပြောကြားခဲ့သည်။

အခြားတဖက်တွင်လည်း အကျင့်ပျက်ခြစားမှုဖြင့် တရားရင်ဆိုင်နေရသော နေတန်ယာဟုကို ယခုရွေးကောက်ပွဲ ရလဒ်များအရ အစိုးရဖွဲ့ဖို့ အစ္စရေးသမ္မတ အိုင်ဇက်ဟာဇော့ (Issac Herzog) က လာမည့်သီတင်းပတ်တွင် ဖိတ်ခေါ် ကမ်းလှမ်းဖွယ်ရာရှိသည်။

နေတန်ယာဟုသည် သမိုင်းတလျှောက် လက်ယာအယိမ်းဆုံး အစ္စရေးအစိုးရတစ်ရပ် ပေါ်ပေါက်လာရန်အတွက် ဖွဲ့စည်းနိုင်ဖို့ ၂၈ ရက် အချိန်ယူရမည်ဖြစ်သည်။

၎င်း၏ညွန့်ပေါင်းမဟာမိတ်ဖြစ်သည့် ဘာသာရေးအခြေခံသော ဇီယွန်ဝါဒပါတီက အမတ်နေရာ ၁၄ နေရာ အနိုင် ရခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

အီရန် တိုက်ခိုက်လာနိုင်ဟု အမေရိကန်ကို ဆော်ဒီသတင်းပေး

By CNI
CNI
Category: Watch TV
Hits: 756

Share
Tweet
Share
Share
powered by social2s

ရွေးကောက်ပွဲရလဒ်ငြင်းသူများ ခြိမ်းခြောက်လာနိုင်ဟု ဘိုင်ဒန်သတိပေး

By CNI
CNI
Category: Watch TV
Hits: 693

Share
Tweet
Share
Share
powered by social2s

တရုတ်နယ်စပ်မှာ အမေရိကန်ဩဇာခံနိုင်ငံတစ်ခု ပေါ်လာမှာ တရုတ်စိုးရိမ်ဟုပြော

By CNI
CNI
Category: Watch TV
Hits: 691

Share
Tweet
Share
Share
powered by social2s
  • 38
  • 39
  • 40
  • 41
  • 42
  • 43
  • 44
  • 45
  • 46
  • 47

Page 43 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar