- By CNI
- Category: Watch TV
- Hits: 681
- By CNI
- Category: Watch TV
- Hits: 719
- By CNI
- Category: Watch TV
- Hits: 668
- By CNI
- Category: နိုင်ငံရေး
- Hits: 1264
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁
အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာပြည်ခရီးစဉ်အတွင်း လက်ရှိမြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းရေးနှင့် ပတ်သက်၍ များစွာမျှော်လင့်၍ မရသေးကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်သည် ယခုလ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ဦးရဲထွန်းက “ဘာတွေ မျှော်လင့်လို့ ရမလဲဆိုရင် သူက တွေ့မယ်ဗျာ၊ တွေ့တဲ့အခါကြတော့ ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ပြီး ထူးထူးခြားခြား သူက ဘာတွေပြောနိုင်မလဲ၊ ဘာတွေ ကြားထဲကနေပြီးတော့ စေ့စပ်နိုင်မလဲဆို တဲ့ လမ်းစပေါ့နော်၊ အဲဒီလို လမ်းစလေးတွေ မျှော်လင့်နိုင်တာပေါ့၊ ဒါကျနော်တို့က လမ်းစလို့ ပြောတာက ဘာမှ သိပ်ပြီးတော့ ရုတ်တရက်ကြီး ထူးထူးခြားခြားဖြစ်လာမှာ မဟုတ်လို့လေ၊ မဟုတ်တဲ့အခါကြတော့ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမယ်၊ စကားပြောခွင့်ရမယ်၊ နိုင်ငံရေးအခြေအနေတွေကို ဒေါ်အောင်ဆန်းစု ကြည် ကလည်း အကုန်မသိသေးတဲ့ အခါကြတော့ သူရဲ့ သဘောထားတွေ တောင်းခံတဲ့အခါမှာ သူကလည်း သဘောထား ပေးဖို့ကတော့ အခက်အခဲရှိနေဦးမှာ၊ ဒါကြောင့်မို့လို့ သိပ်အများကြီးတော့ ကျနော်တို့ မမျှော်လင့် နိုင်ဘူးပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးမှာ စစ်ဆေးနေစဉ်
ထို့နောက် အာဆီယံထိပ်သီး ခေါင်းဆောင်များသည် နိုဝင်ဘာ ၁၀ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ အစည်းအဝေးကျင်းပ၍ မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် အာဆီယံဘုံသဘောတူချက် ၅ ရပ်ကို ပြန်လည် သုံးသပ်ဆွေးနွေးလျက်ရှိသည်။
လက်ရှိ ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာများ ဖြေရှင်းရေး အာဆီယံအနေဖြင့် ထိထိရောက် ရောက် လုပ်ဆောင်နိုင်လိမ့်မည်ဟု မမြင်မိကြောင်း ရခိုင်အမျိုးသားပါတီ (ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အာဆီယံကလည်း ASEAN’s 5-Point Consensus ကလည်း သဘောတူထားတာက ကြာနေပြီ။ လောလောဆယ် ဘာမှ အကောင်အထည် ဖော်လို့ရတဲ့ အခြေအနေမျိုးမှာလည်း မရှိဘူး။ အရင်တစ်ခါ လာတုန်း ကတော့က လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးကိစ္စတွေကို အကူအညီပေးလို့ ရနေပြီဆိုတဲ့ သဘောတူညီချက်မျိုး ရထားတယ်လို့ အဲဒီလို ပြောထားတာမျိုး ရှိတယ်။ အခုတစ်ခါလာရင်လည်း လူသားချင်း စာနာထောက်ထားရေး အကူအညီပေးရေး ကိစ္စလောက်လား၊ အကောင်အထည်ဖော်လို့ ရနိုင်မလားဆိုပြီး ရနိုင် တဲ့ အခြေအနေမျိုးကို ဖန်တီးနိုင်မလား အဲဒါလည်း မျှော်လင့်ချက်လောက်ပဲ ဖြစ်လိမ့်မယ် ထင်တယ်၊ လက်တွေ့ အကောင်အထည်ဖော်ဖို့က အခုဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ပြောရမယ်ဆိုရင် သိပ်ကို ထိထိရောက်ရောက် လုပ်နိုင်လိမ့်မယ်လို့တော့ မမြင်ဘူး” ဟု ပြောသည်။

ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ် (ဖရွန်တီးယားမြန်မာ)
၂၀၂၂ ခုနှစ်၊ ဇူလိုင်လက အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း နစကဥက္ကဋ္ဌ အပါအဝင် နစက၏ နိုင်ငံခြားရေးဝန်ကြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)နှင့် နိုင်ငံရေးပါတီအချို့တို့ တွေ့ဆုံဆွေးနွေးခဲ့ သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့ပေ။
မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် တောင်းဆိုထားပြီး နစကဘက်ကလည်း လာမည့် မြန်မာပြည် ခရီးစဉ်မှာ တွေ့ခွင့်ပေးမည်ဟု ကတိပြုထားကြောင်း ပရတ်ဆိုခွန် က ပြောကြားထားသည်။
လက်ရှိတွင် အာဆီယံ သဘောတူညီချက် ၅ ချက်ကို နစက-က အကောင်အထည် ဖော်ပေးနိုင်ခြင်း အားနည်းသည်ဟုဆိုကာ အာဆီယံအစည်းအဝေးများ၌ နစက၏ အဆင့်မြင့် ပုဂ္ဂိုလ်များအား တက်ရောက်ခွင့် မပေးဘဲ နိုင်ငံရေးနှင့်မဆိုင်သော သံတမန် တစ်ဦးကိုသား အာဆီယံအဖွဲ့ဝင် နိုင်ငံများက ဆုံးဖြတ်ထားကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2312
CNI International News
စင်ကာပူ၊ နိုဝင်ဘာ ၁၁
မြန်မာနိုင်ငံအပေါ် အာဆီယံ၏ နောက်ဆက်တွဲ ခြေလှမ်းများ အပါအဝင် ဒေသတွင်း ဖွံ့ဖြိုးရေးကိစ္စများကို နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုတို့ ဆွေးနွေးခဲ့ ကြကြောင်း Channel News Asia သတင်းဝက်ဘ်ဆိုက်၌ ရေးသားထားသည်။
အကြိမ် ၄၀ မြောက်နှင့် ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ရန် လီရှန်လွန်း သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာပြီးနောက် အင်ဒိုနီးရှားသမ္မတနှင့် အထက်ပါအတိုင်း တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
မစ္စတာလီနှင့် သမ္မတ ဂျိုကိုဝီတို့သည် နှစ်နိုင်ငံ အချင်းချင်းနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့ တွင် နှစ်ပေါင်းများစွာ အနီးကပ် လက်တွဲဆောင်ရွက်ခဲ့ကြပြီး တိုးတက်ကောင်းမွန်သည့် ပုဂ္ဂိုလ်ရေးဆက်ဆံမှုတို့ကို တည်ဆောက်ခဲ့ကြကြောင်း စင်ကာပူဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အာဆီယံ အစည်းအဝေး ကျင်းပနေသည်ကိုတွေ့ရစဉ် (GETTY IMAGES)
ခေါင်းဆောင်နှစ်ဦးတို့သည် မြန်မာနိုင်ငံအပေါ် အာဆီယံ၏ နောက်ဆက်တွဲ ခြေလှမ်းများ အပါအဝင် ဒေသတွင်း ဖွံ့ဖြိုးရေး တိုးတက်မှု အခြေအနေများကို အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
မစ္စတာလီသည် လာမည့် သီတင်းပတ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၌ ကျင်းပမည့် စက်မှုထိပ်သီး (G-20) အစည်းအဝေးသို့လည်း တက်ရောက်ရန် ရှိနေကြောင်း၊ ဆွေးနွေးမှုများတွင် ပါဝင်လျက် အထောက်အကူပြုရန် မျှော်လင့်ထားကြောင်း စင်ကာပူဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ နေရာကို အင်ဒိုနီးရှားက လွှဲပြောင်းရယူသည့်အခါ စင်ကာပူ၏ အထောက်အကူ နှင့် အာဆီယံဥက္ကဋ္ဌ၏ တာဝန်ဝတ္တရားများအား အကောင်အထည်ဖော်ရန် စင်ကာပူအနေဖြင့် အင်ဒိုနီးရှားနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းထုတ်ပြန်ချက်ထဲတွင် ဆက်လက် ရေးသားထားသည်။
အဆိုပါ နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံသည့် အစီအစဉ်သို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘလာခရစ်နန်းနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာစူဒီတို့လည်း တက်ရောက်ခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဟွန်ဆန်ကိုတွေ့ရစဉ်
မြန်မာနိုင်ငံ အခြေအနေများနှင့်ပတ်သက်၍ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အချင်းချင်း ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ကြ ကြောင်း ဒေါက်တာဘလာခရစ်နန်းက နိုဝင်ဘာ ၁၀ ရက်တွင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားလွှင့်တင်ခဲ့သည်။
၎င်းသည် နိုဝင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဗာနှင့်လည်း တွေ့ဆုံခဲ့ သည်။
“နယူးယောက်မှာ သူ (ကူလီဗာ) နဲ့ ကျနော်တို့ နောက်ဆုံး တွေ့ပြီးကတည်းက အများကြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဝန်ကြီး ကူလီဗာကလည်း ရုရှားရဲ့ကျူးကျော်စစ်အပေါ် ယူကရိန်းကာကွယ် ခုခံနေတာနဲ့ပတ်သက်လို့ နောက်ဆုံး ဖြစ်ပေါ် တိုးတက်မှုတွေကို ပြောကြားခဲ့ပါတယ်” ဟု ဒေါက်တာဘလာခရစ်နန်းက ဖေ့စ်ဘွတ်ခ်တွင် ဆက်လက် ရေးသားထားသည်။
Source: Channel News Asia
- By CNI
- Category: Watch TV
- Hits: 664
- By CNI
- Category: Watch TV
- Hits: 711
- By CNI
- Category: Watch TV
- Hits: 687
- By CNI News
- Category: နိုင်ငံရေး
- Hits: 1665
CNI News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉
မွန်ပြည်သစ်ပါတီ(NMSP)နှင့် နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန(NSPNC) မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား ၁ ပြည်ထောင်စုဥပဒေပြု စာရင်းနှင့် ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းများ ကိစ္စကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁၊၂၊၃)တို့ပါ သဘောတူညီချက်များအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ကိုက်ညီမှု ရှိ/မရှိ လေ့လာစိစစ်ချက်များအပေါ် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ထို ဆွေးနွေးပွဲသို့ NMSP ဘက်မှ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက် အထွေထွေအတွင်းရေး မှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်တို့ တက်ရောက်ခဲ့သလို နစကဘက်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ တက်ရောက် ခဲ့သည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်က NMSP နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်
နိုဝင်ဘာ ၁၀ ရက်နေ့တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း နစကဘက်က ထုတ်ပြန်ခဲ့သည်။
မွန်ပြည်သစ်ပါတီ(NMSP)သည် ၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ပထမအကြိမ် ဆွေးနွေးထားရာ ယခု နိုဝင်ဘာ ၉ ရက်နေ့တွင် နစကနှင့် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။
NMSP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ထိုးထားသည့် မွန်လက်နက်ကိုင်ဖြစ်ပြီး NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် စုဖွဲ့ထားသော ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)တွင် ဥက္ကဋ္ဌတာဝန် ရယူထားသည်။
- By CNI
- Category: Watch TV
- Hits: 710
- By CNI
- Category: Watch TV
- Hits: 661
Page 42 of 138
