CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

တောင်ကိုရီးယားက ဒုံးကျည် ၃ စင်း စမ်းသပ်ပစ်လွှတ်၍ မြောက်ကိုရီးယားကို တုံ့ပြန်

By CNI
CNI
Category: Watch TV
Hits: 672

Share
Tweet
Share
Share
powered by social2s

မြန်မာ့နိုင်ငံရေးပြဿနာကို ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ဖြေရှင်းပေးနိုင်လား

By CNI
CNI
Category: Watch TV
Hits: 622

Share
Tweet
Share
Share
powered by social2s

အာရှ၌ တစ်လအတွင်း ဖြစ်ရပ်ဆိုး ၃ ခုကြောင့် လူရာနှင့်ချီ သေဆုံး

By CNI
CNI
Category: Watch TV
Hits: 651

Share
Tweet
Share
Share
powered by social2s
ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ် (EPA)

မြန်မာ့နိုင်ငံရေးပြဿနာကို ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ဖြေရှင်းပေးနိုင်လား

By CNI
CNI
Category: နိုင်ငံရေး
Hits: 2188

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂

လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာကို ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ဖြေရှင်းပါက ပြေလည်သွားနိုင်ခြေ ရှိ/ မရှိ မြန်မာနိုင်ငံရေးအသိုင်းအဝိုင်းနှင့် နိုင်ငံတကာကြားမှာ ဆွေးနွေးငြင်းခုံလျက် ရှိနေသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာကို ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ဖြေရှင်းပါက ပြေလည်သွားမည်ဟု ပြောဆိုမှုများရှိသလို တစ်ဖက်မှာလည်း အဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးမှ ပြေလည်မည်ဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်မှာ အကျဉ်းချခံထားရသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ နိုင်ငံရေးပြဿနာများမှာ နိုင်ငံရေး နည်းလမ်းအရ အဖြေရှာမှု အားနည်း၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (AFP)

၎င်းက “ဒေါ်အောင်ဆန်းစုကြည်က စေ့စပ်ပေးရန် အဆင်ပြေမလားမေးရင် ဒေါ်အောင်ဆန်းစုကြည်က ဘယ်လို ပုံစံ စေ့စပ်မလဲဆိုတဲ့ အပေါ်မှာ မူတည် လိမ့်မယ်ထင်တယ်၊ အဲဒါကြောင့် အခုက ဒေါ်အောင်ဆန်းစုကြည်လည်း အကျဉ်းချခံထားရတဲ့ ပုဂ္ဂိုလ်ဖြစ်နေတဲ့ အတွက်ကြောင့် အဲဒါကလည်း တစ်စုံတစ်ရာ စဉ်းစားချက်သာ ဖြစ်လိမ့် မယ်ထင်တယ်၊ လက်တွေ့ အကောင်အထည်ဖော်ဖို့တော့ အဲဒီကိစ္စလည်း အဲဒီပုံစံမျိုးလည်း အခက်အခဲ ရှိလိမ့်မယ် လို့ မြင်တယ်၊ ဘာလို့လဲဆိုရင် မြန်မာနိုင်ငံမှာ အခုဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာက နိုင်ငံရေးနည်းလမ်းအရ အဖြေရှာမှု အားနည်းလို့ ဖြစ်နေတဲ့ ပြဿနာဖြစ်တယ်၊ အဲဒါကြောင့် နိုင်ငံရေးနည်းလမ်းအရ အဖြေရှာဖို့အတွက် စိတ်ဆန္ဒ အမှန်တကယ် ရှိဖို့လိုတယ်၊ နိုင်ငံရေးနည်းလမ်းအရ အဖြေရှာဖို့က စိတ်ဆန္ဒ အမှန်တကယ် ရှိလားဆိုတဲ့ အပေါ်မှာ အဓိက မူတည်လိမ့်မယ်လို့ မြင်တယ်” ဟု ပြောသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်မှု၊ သဘာဝကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု၊ အဂတိလိုက်စားမှု စသည့် အမှုအတော်များများဖြင့် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ထားပြီး ဖြစ်သလို အဂတိအမှု ၅ မှုကိုလည်း ဆက်လက် ရင်ဆိုင်နေရကြောင်း သိရသည်။

မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်တွင် အခွင့်အလမ်း မရှိကြောင်း တရား လွှတ်တော်ရှေ့နေ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နံပတ် ၁ ကတော့ အဲဒီလို ဖြစ်ပေါ်ဖို့ အခွင့်အလမ်း လုံးဝမရှိဘူး။ လုံးဝလုံးဝ မရှိဘူး။ စစ်တပ်က မင်းအောင်လှိုင် သမ္မတဖြစ်ရေးက လွှဲလို့ ဘာမှ လျော့မပေးဘူး။ ကုလသမဂ္ဂလည်း ဂရုမစိုက်ဘူး။ အာဆီယံလည်း ဂရုမစိုက်ဘူး။ ဘယ်သူ့မှ ဂရုမစိုက်ဘူး။ သူတို့ လမ်းစဉ်အတိုင်း သူတို့ ရွေးကောက်ပွဲကို သွားမယ်၊ သမ္မတလုပ်မယ်၊ ရွေးကောက်ပွဲကိုလည်း ဘယ်လို လုပ်မလဲဆိုရင် သူ တစ်နိုင်တစ်နိုင် လုပ်သွားမယ်၊ ရန်ကုန်တိုင်း စလုပ်မယ်၊ မန္တလေးကို လုပ်မယ် အစရှိ၊ အဲဒီလို တစ်နိုင်လေးကို လုပ်ပြီးတော့ နောက်တစ်ခါ ထပ်ပြီးတော့ ဘာလုပ်မလဲ၊ ပြီး လည်း ပြီးရော နောက်တစ်ခါ အဲဒီ ရွေးကောက်ပွဲအရ ဆိုပြီးတော့ ဘယ်သူ အသိအမှတ်ပြုပြု၊ မပြုပြု ပြည်တွင်း ပြည်ပ အရှက်ပြေပေါ့၊ ရနိုင်တဲ့ နည်းလမ်းနဲ့ သူတို့ သမ္မတလုပ်မယ်၊ အဲဒီနည်းလမ်းနဲ့ မရဘူးဆိုရင်လည်း သူတို့ တိုင်းပြည်ကို မီးနဲ့ ရှို့ပြီး ထွက်ပြေးမယ်၊ လုံးဝ အောင်ဆန်းစုကြည်ကို ပြန်နေရာပေးတဲ့ အလုပ်မလုပ်ဘူး။ အဲဒါ အတိအကျပဲ။ ပြောချင်တာတော့ စစ်တပ်ကိုတော့ ဘာမှ ပြောစရာ မရှိတော့ဘူး။ သူတို့က ဂိတ်ဆုံးနေပြီ။ ကိုယ့် NUG က လေနဲ့ တိုင်းပြည်ကို မသိမ်းနဲ့ လေတွေနဲ့ မသိမ်းနဲ့ တကယ် အလုပ်လုပ်ပြပြီးတော့ တိုင်းပြည်ကို ကယ် တင်၊ နိုးမဟုတ်ရင် သူတို့ ပြောတာနဲ့ လုပ်တာနဲ့ တလွဲ‌တွေ ဖြစ်လေ၊ ပိုနာလေပဲ တိုင်းပြည်ကနော်” ဟု ပြောသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းမည်ဆိုပါက နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်း အားလုံး ပါဝင်သည့် ဆွေးနွေးပွဲ အခင်းအကျင်းဖြစ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်အေးလွင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေကြသူများ (AFP)

၎င်းက “ကျနော်တို့ ဒီ ၃၄ နှစ် ဖြတ်သန်းမှုကာလမှာ ကျနော်တို့ အဖွဲ့အစည်းရဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်တဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုပြီးတော့ ကျနော်တို့ ချမှတ်ခဲ့တာ ရှိပါတယ်။ ဒီအတွက်ကြောင့်မို့လည်း ကျနော်တို့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲ‌တွေမှာ ကျနော်တို့ အတူတူ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ ယနေ့ မြန်မာ့နိုင်ငံရေး ပြဿနာက လူတစ်ဦးတစ်ယောက်တည်း အပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ တည်ဆောက်ပြီးတော့ သွားမယ်ဆိုတဲ့ အနေအထားမျိုးတော့ ကျနော်တို့ အဖွဲ့အစည်းမှာ မရှိပါဘူး။ ကျနော်တို့ အဖွဲ့အစည်းရဲ့ ချမှတ်ထားတဲ့ မူအရကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး အရ ဖြေရှင်းမယ်ဆိုရင် ဒီနိုင်ငံရေးပြဿနာကို ပါဝင်ပတ်သက်နေတဲ့ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ အခင်းအကျင်း ဖြစ်ဖို့ လိုတယ်လို့ အဲဒီလိုပဲ ထပ်လောင်း ပြောချင်ပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအစိုးရ (NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်း ဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် NLD ပါတီ ခေါင်းဆောင်အချို့ကို ဖမ်းဆီးထိန်းသိမ်းထား သည်။

ထို့နောက် မြန်မာ့တပ်မတော်ကို ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာကာ လက်ရှိ မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည် အခြေအနေများသည် အကျပ် အတည်း များဖြင့် ရင်ဆိုင်နေရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆိုးလ်မြို့တော်တွင် Helloween ပွဲတော်ဆင်နွှဲရင် သေဆုံးသွားသူများအတွက် ၀မ်းနည်ကြေကွဲနေကြ (AP)

အာရှ၌ တစ်လအတွင်း ဖြစ်ရပ်ဆိုး ၃ ခုကြောင့် လူရာနှင့်ချီ သေဆုံး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1200

CNI International News

ဆိုးလ်၊ နိုဝင်ဘာ ၂

ပြီးခဲ့သည့် အောက်တိုဘာ တစ်လတည်း အတွင်းမှာပင် အာရှ၌ လူစုလူဝေး များပြားလွန်းသဖြင့် ဖြစ်ရပ်ဆိုး ၃ ခု ဖြစ်ပွားခဲ့ပြီး လူရာနှင့်ချီ သေဆုံးခဲ့ရကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။

အဆိုပါ ဖြစ်ရပ်ဆိုး ၃ ခုမှာ အိန္ဒိယနိုင်ငံတွင် ပျော်ပွဲရွှင်ပွဲကာလ၌ တံတားကျိုးကျခဲ့ခြင်း၊ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်တွင် Helloween ပွဲတော် ဆင်နွှဲသူများ လူအုပ်ကြားတွင် အချင်းချင်း ထိခိုက်သေဆုံးခဲ့ခြင်းနှင့် အင်ဒိုနီးရှားနိုင်ငံရှိ အားကစားရုံတွင် ပရိသတ်ကို ထိန်းမရဖြစ်၍ ရဲများက မျက်ရည်ယိုဗုံးသုံး၍ ဖြိုခွင်းခဲ့ရခြင်းတို့ ဖြစ်သည်။

ထိုဖြစ်ရပ်ဆိုးများကြောင့် လူ စုစုပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ရသည်။

လူစုလူဝေးဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် အင်ဒိုနီးရှားနှင့် တောင်ကိုရီးယားတို့တွင် ဖြစ်ရပ်ဆိုး ဖြစ်ပွား စေသည်ဟု ကျွမ်းကျင်သူများက ပြောကြသော်လည်း ဖြစ်ပွားပုံများမှာ ကွဲပြားခြားနားကြသည်။

အိန္ဒိယနိုင်ငံတွင် မကြာသေးမီက ပြုပြင်ထားသော တံတားကို လူအများ ဖြတ်သန်းခွင့် တားမြစ်စဉ် အာဏာပိုင် များက တိကျမှန်ကန်စွာ စစ်ဆေးခြင်း ရှိ/မရှိ စုံစမ်းစစ်ဆေးနေသည်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်တွင် Halloween ပွဲတော်၌ လူ ၁ သိန်းကျော်ခန့် အောက်တိုဘာ ၂၉ ရက် တွင် ညပိုင်းစုဝေးခဲ့ကြရာ လူ ၁၅၆ ဦးအထိ သေဆုံးခဲ့ရသည်။

အိန္ဒိယနိုင်ငံတွင် ပျော်ပွဲရွှင်ပွဲကာလ၌ တံတားကျိုးကျ(AP)

အီထယ်ဝမ်ခရိုင်ရှိ ကျဉ်းမြောင်းလှသော လမ်းကြားများထဲတွင် လူအများ ပြွတ်သိပ် ပိတ်ဆို့နေသဖြင့် အချင်းချင်း ထိခိုက်မိပြီး ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့ကြောင်း ကျွမ်းကျင်သူများက ကောက်ချက်ချကြသည်။

အခင်းဖြစ်ပွားချိန်တွင် လူအများသည် ၎င်းတို့ကိုယ်လက်အင်္ဂါ လှုပ်ရှားမှုများအပေါ် အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိတော့၍ လူတန်းရှည်ကြီး ဆက်တိုက်ရွေ့လျားနေသည့် သဏ္ဌာန် ဖြစ်ပေါ်လာခဲ့သည်။

လူအုပ်ထဲတွင် ပိတ်မိနေသူများမှာ ၎င်းတို့၏ခြေလက်များ လှုပ်မရတော့သည့် အနေအထား ဖြစ်ခဲ့သည်။

“ဘယ်သူ့ကိုမှ အပြစ်တင်စရာ မလိုပါဘူး။ ရန်လိုတဲ့ သဘောမျိုး ရည်ရွယ်ချက်ရှိရှိ တွန်းအားပေးဖို့လည်း မလိုအပ်ဘူးလို့ မြင်ပါတယ်” ဟု ဩစတြေးလျနိုင်၊ ဆစ်ဒနီမြို့ နယူးဝေလတောင်ပိုင်းတက္ကသိုလ်မှ သုတေသီ မီလက်ဟာ ဂါနီ (Milad Haghani) က ပြောကြားခဲ့သည်။

အင်ဒိုနီးရှား ဘောလုံးကွင်အဓိကရုန်းဖြစ်(AP)

အီထယ်ဝမ် ဖြစ်စဉ်တွင် လူစုလူဝေး ပမာဏသည် ခန့်မှန်းခြေ အဆင့်ဖြင့် ကောင်းစွာ မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး လူအများ လဲပြိုခဲ့ခြင်းကြောင့် ဒိုမိုနို (တစ်ခုလဲလျှင် ကျန်သည့်အရာ ဆက်တိုက် လဲပြိုသည့် သဘောတရား) အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု မီလက်ဟာဂါနီက သုံးသပ်ပြသည်။

၎င်းသည် ၁၉၀၂ ခုနှစ်မှ စတင်၍ ထိုကဲ့သို့ လူစုလူဝေး ဖြစ်ရပ်ဆိုးပေါင်း ၂၇၅ ခုကို စူးစမ်းလေ့လာခဲ့သည့် သုတေသီ ဖြစ်သည်။

“ဒါပေမယ့် တားဆီးလို့ ရပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ လူအုပ်ကြီးကို ကိုင်တွယ် ဖြေရှင်းရန်အတွက် အောက်တိုဘာ ၂၉ ရက်တွင် လုံခြုံရေးတာဝန်ရှိသူ ၁၃၇ ဦး သာ ထားရှိခဲ့ခြင်းအတွက် ဆိုးလ်အာဏာပိုင်များမှာ အပြစ်တင် ဝေဖန်ခြင်း ခံခဲ့ရသည်။

ထိုဖြစ်စဉ်၏ နောက်ဆက်တွဲ ပေါ်ပေါက်လာသော ဆိုးလ်မြို့တော်ရှိ ဆန္ဒပြပွဲများကို ထိန်းချုပ်ရန်အတွက် အာဏာပိုင်များက နောက်ထပ် ရဲအများအပြားကို ပုံမှန်စေလွှတ်၍ တာဝန်ချထားခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
အစ္စရေးဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင်နေတန်ယာဟု မဲထည့်နေစဉ် (AP)

အစ္စရေးရွေးကောက်ပွဲတွင် နေတန်ယာဟု ရှေ့ဆုံးမှ ဦးဆောင်နေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1307

CNI International News

ဂျေရုဆလင်၊ နိုဝင်ဘာ ၂

အစ္စရေးဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင်နေတန်ယာဟုသည် နိုဝင်ဘာ ၂ ရက် (ယနေ့) အစောပိုင်း၌ သိုသိပ် ကျစ်လစ်စွာဖြင့် ကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် ရှေ့ဆုံးမှ ဦးဆောင်ခဲ့ကြောင်း အကြိုစစ်တမ်းများကို ကိုးကားပြီး အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ယခုရွေးကောက်ပွဲ အလားအလာမှာ အာရပ်ဆန့်ကျင်ရေး သဘောထားများအတွက် ထင်ရှားသည့် အစွန်းရောက် လက်ယာယိမ်း မဟာမိတ်များ အားကောင်းနေပြီး အာဏာ ပြန်ရနိုင်ခြေများနေသည်ဟု စစ်တမ်းများအရ သိရသည်။

သို့သော် စစ်တမ်းများတွင် အစ္စရေးမဲဆန္ဒရှင်များ အပြောင်းအလဲ ရှိစေလိုခြင်းကို ထောက်ပြခဲ့ကြသည်။

ပါလက်စတိုင်းများနှင့် ငြိမ်းချမ်းရေးမျှော်လင့်ချက် ပိုမိုမှေးမှိန်သွားခဲ့ပြီး ဘိုင်ဒန်အစိုးရနှင့် အမေရိကန်နိုင်ငံရှိ အစ္စရေး ထောက်ခံသူများကြောင့် ဖြစ်နိုင်ခြေရှိသော ပဋိပက္ခများကို စစ်တမ်းများတွင် အဆင့် သတ်မှတ်ထားခဲ့သည်။

ယခုနိုဝင်ဘာလ ရွေးကောက်ပွဲသည် ၄ နှစ်အတွင်း အစ္စရေးနိုင်ငံ၏ ပဉ္စမမြောက် ရွေးကောက်ပွဲဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲအားလုံးတွင် နေတန်ယာဟု၏ အုပ်ချုပ်ရေး ခိုင်မာစေရန် ဦးတည်ခဲ့ကြသည်။

 အစ္စရေးနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲ (AP)

အကျင့်ပျက်ခြစားမှု စွဲချက်အချို့အတွက် ရုံးတင်စစ်ဆေးခြင်းအပေါ် နေတန်ယာဟုကို ထောက်ခံသူများက မကောင်းသူ ပယ်သည်ဟု ရှုမြင်ခဲ့ကြသော်လည်း အတိုက်အခံများကတော့ လူထုကို လှည့်စားခြင်းနှင့် ဒီမိုကရေစီ ကို ခြိမ်းခြောက်ခြင်းအဖြစ် ရှုတ်ချခဲ့ကြသည်။

ယခုရွေးကောက်ပွဲတွင်လည်း ယခင်ရွေးကောက်ပွဲများ အလားတူ မဲများ တင်းကျပ်ခဲ့သည်။

အစ္စရေးနိုင်ငံ၏ အဓိကရုပ်သံလိုင်း ၃ လိုင်းစလုံးက ကောက်ခံခဲ့သော စစ်တမ်းများတွင် နေတန်ယာဟုနှင့် ၎င်း၏ သဘောထား တင်းမာသော မဟာမိတ်များက လွှတ်တော်ထဲတွင် အမတ်နေရာ ၆၁ နေရာ (သို့မဟုတ်) ၆၂ နေရာ ရရှိမည်ဟု ခန့်မှန်းတွက်ဆထားသည်။

အစ္စရေးလွှတ်တော်ထဲတွင် အမတ်နေရာ ၁၂၀ အများစု ရရှိမှသာ အစိုးရဖွဲ့နိုင်မည် ဖြစ်သည်။

သို့သော် လွှတ်တော်ထဲ ရောက်ရှိရေး လိုအပ်သည့် သတ်မှတ်ချက်ကို ကျော်လွှားနိုင်ရန် နီးစပ်သည့် အာရပ်ပါတီ ငယ်တစ်ခုသည် ၎င်း၏ ထိုးဖောက်တိုးတက်မှုကို ပြသခဲ့သေးသည်။

ရွေးကောက်ပွဲ တာဝန်ရှိသူများသည် ညလုံးပေါက် မဲရေတွက်ခြင်း ဆောင်ရွက်ခဲ့ကြသည်။

နိုဝင်ဘာ ၂ ရက် (ယနေ့) အစောပိုင်းအထိ မဲစုစုပေါင်း ၂၅ ရာခိုင်နှုန်း ရေတွက်ပြီးစီးသော်လည်း နောက်ဆုံး ရလဒ် မှာ ရှင်းရှင်းလင်းလင်း မထွက်ပေါ်လာသေးပေ။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
အောက်တိုဘာ ၃၁ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ Gunsan တွင် အမေရိကန်နှင့်တောင်ကိုရီးယားတို့ကြား ပူးတွဲလေကြောင်းလေ့ကျင့်မှုမှ အမေရိကန်လေတပ်၏ F-35B တိုက်လေယာဉ်များကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

တောင်ကိုရီးယားက ဒုံးကျည် ၃ စင်း စမ်းသပ်ပစ်လွှတ်၍ မြောက်ကိုရီးယားကို တုံ့ပြန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1256

CNI International News

ဆိုးလ်၊ နိုဝင်ဘာ ၂

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည် စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့သည်ဟု အေပီသတင်းဌာနက ရေးသား ဖော်ပြသည်။

နှစ်နိုင်ငံ၏အရှေ့ဘက်နယ်စပ်အနီးတွင် တောင်ကိုရီးယားဘက်မှ တိုက်လေယာဉ်များသည် တိကျသည့် ပဲ့ထိန်း ဒုံးကျည် ၃ စင်းကို နိုဝင်ဘာ ၂ ရက် (ယနေ့)တွင် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

အဆိုပါပစ်လွှတ်မှုသည် နိုဝင်ဘာ ၂ ရက်အစောပိုင်း မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုကို တုံ့ပြန်ခြင်းဖြစ်သည်။ မြောက်ကိုရီးယားဒုံးကျည် ၁ စင်းသည် ပင်လယ်နှင့်နှစ်နိုင်ငံနယ်စပ်အနီး ကျရောက်ခဲ့ကြောင်း တောင်ကိုရီးယား က သတင်းထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မီးရထားဘူတာရုံတွင် နိုဝင်ဘာလ ၂ ရက်နေ့က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ရုပ်သံဖိုင်ကို တီဗွီဖန်သားပြင်တွင် ပြသထားစဉ်(ဓါတ်ပုံ-အေပီ)

မြောက်ကိုရီးယားသည် ၎င်းဦးတည်ရာဘက်သို့ နိုဝင်ဘာ ၂ ရက်တွင် ဒုံးကျည်ပစ်ခတ်ခဲ့ပြီးနောက် ပင်လယ်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့ရာ လေကြောင်းအရေးပေါ်သတိပေးမှု ဥဩသံများ ဆူညံသွားခဲ့သည်။

အမေရိကန်နှင့်တောင်ကိုရီးယားတို့ကို အဆိုးရွားဆုံးဖြစ်အောင် နျူကလီးယားလက်နက်သုံးမည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အဆိုပါပစ်လွှတ်စမ်းသပ်မှု ပေါ်ထွက်လာခဲ့ သည်။

နှစ်နိုင်ငံ ပြိုင်ဘက်များအကြား အကြီးစားစစ်ရေးလေ့ကျင့်မှုကို ပစ်မှတ်ထားလုပ်ဆောင်လာကြသဖြင့် ကြွေးကြော် သံများကိုလည်း အသီးသီး ပြင်းထန်လာစေခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်းနိုင်ငံ၏အရှေ့ဘက်နှင့် အနောက်ဘက်ကမ်းရိုးတန်းသို့ ဒုံးကျည်အမျိုးစုံ ၁၀ စင်းကျော် ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က အတည်ပြုထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲသည် ဆိုးလ်မြို့ရှိ အမျိုးသားလုံခြုံရေးကောင်စီ (NSC) အစည်းအဝေးသို့ တက်ရောက်ခဲ့စဉ်(ဓါတ်ပုံ-အေပီ)

မြောက်ကိုရီးယား၏ အရှေ့ဘက်ကမ်းရိုးတန်းရှိ ဝန်ဆန် (Wonsan) မှ ပစ်ခတ်ခဲ့သည့် ပဲ့ထိန်းဒုံးကျည် ၃ စင်းကို မိမိတို့တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက နိုဝင်ဘာ ၂ ရက် အစောပိုင်းတွင် သတင်းထုတ် ပြန်ခဲ့သည်။

အဆိုပါဒုံးကျည်များအနက် တစ်လုံးသည် နှစ်နိုင်ငံနယ်စပ် ပင်လယ်အနီးရှိ ၂၆ ကီလိုမီတာ (၁၆ မိုင်) အကွာ အဝေးသို့ ကျရောက်ခဲ့ကြောင်း သိရသည်။

၎င်းဒုံးကျည်ကျရောက်ခဲ့သော နေရာသည် နိုင်ငံတကာရေပိုင်နက်အတွင်း တည်ရှိသော်လည်း နယ်စပ်၏ တောင်ဘက်နှင့် အလှမ်းဝေးသေးသည်။ မြောက်ကိုရီးယား ဒုံးကျည်ကျရောက်မှုမှာ ၁၉၄၈ ခုနှစ် နှစ်နိုင်ငံပြိုကွဲ သွားပြီးနောက် ပင်လယ်ပြင်နယ်စပ်အနီး ပထမဆုံး ကျရောက်မှုဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

အမေရိကန်လေ့ကျင့်ပေးခဲ့သော အာဖဂန်ကွန်မင်ဒိုများကို ယူကရိန်းကိုတိုက်ဖို့ ရုရှားခေါ်

By CNI
CNI
Category: Watch TV
Hits: 703

Share
Tweet
Share
Share
powered by social2s

အီရန်ကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပိတ်ပင်ဖို့ ဖီဖာထံ ယူကရိန်းအက်ဖ်အေ တောင်းဆို

By CNI
CNI
Category: Watch TV
Hits: 681

Share
Tweet
Share
Share
powered by social2s

တစိတ်တပိုင်း စစ်ရေးလှုပ်ရှားမှုအားလုံး ရပ်ဆိုင်းဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနပြော

By CNI
CNI
Category: Watch TV
Hits: 640

Share
Tweet
Share
Share
powered by social2s

၂၀၂၅ နောက်ပိုင်း ထိုင်းဝန်ကြီးချုပ်အဖြစ် ပရာယွတ် ဆက်မရှိနိုင်တော့

By CNI
CNI
Category: Watch TV
Hits: 642

Share
Tweet
Share
Share
powered by social2s

နွေဦးတော်လှန်ရေး ဆက်လက်ကူညီရန် ABSDF ကို NUG တောင်းဆို

By CNI
CNI
Category: Watch TV
Hits: 668

Share
Tweet
Share
Share
powered by social2s
ရုရှားတပ်များ စစ်ရေးပြနေစဉ်(ဓါတ်ပုံ-Tass)

တစိတ်တပိုင်း စစ်ရေးလှုပ်ရှားမှုအားလုံး ရပ်ဆိုင်းဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1538

CNI International News

မော်စကို၊ နိုဝင်ဘာ ၁

တစိတ်တပိုင်း စစ်ရေးလှုပ်ရှားမှုများနှင့် စစ်မှုထမ်းဆင့်ခေါ်စာများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု မော်စကိုအခြေစိုက် တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

“စစ်မှုထမ်းရုံးတွေနဲ့ ဒေသန္တရအစိုးရအသီးသီးတွေမှာ အရန်တပ်အင်အား စစ်မှုထမ်းဖို့ဆင့်ခေါ်တဲ့ လှုပ်ရှားမှု အားလုံးကို ရပ်ဆိုင်းလိုက်ပါပြီ။ ပြင်ဆင်ရေးနဲ့ ဆင့်ခေါ်စာပေးပို့တာတွေကိုလည်း အခု ရပ်ဆိုင်းထားပါတယ်” ဟု ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တစိတ်တပိုင်း စည်းရုံးသိမ်းသွင်းမှု အပြီးသတ်အစီရင်ခံစာများကို နိုဝင်ဘာ ၁ ရက် (ယနေ့) နောက်ဆုံးတင်ပြ ကြရမည်ဖြစ်ပြီး ယင်းကိစ္စနှင့်စပ်လျဉ်းသည့် ညွှန်ကြားချက်များကို စစ်တိုင်းနှင့်ခရိုင်အလိုက် တပ်မှူးများနှင့် မြောက်ပိုင်းတိုင်း ရေတပ်မှ တပ်မှူးထံသို့ ပေးပို့ထားကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ရေးသားထားသည်။

မော်စကိုရှိ စစ်ပညာကျောင်းဆင်း တပ်သားများကိုတွေ့ရစဉ်(ဓါတ်ပုံ-Victor Berzkin/ZUMA)

စည်းရုံးသိမ်းသွင်းရေးလုပ်ငန်းစဉ်အရ အသုံးပြုခဲ့သော အစည်းအဝေးပွဲနေရာများနှင့် အခြားအဆောက်အအုံများကို ယခုအခါ ၎င်းတို့၏ယခင်မူလရည်ရွယ်ချက်များအတိုင်း အသုံးပြုသွားရမည်ဖြစ်ဖြစ်ပြီး စစ်မှုရေးရုံးများကို လည်း မူလလုပ်ငန်းဆောင်တာများအတိုင်း ပြန်လည်တာဝန်ထမ်းဆောင်သွားစေမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောသည်။

စစ်မှုထမ်းရေးအတွက် စစ်သားစုဆောင်းရေးရုံးခွဲအသီးသီးမှာ တပ်ဖွဲ့ဝင်သစ်များအဖြစ် စေတနာ့ဝန်ထမ်းနှင့် စာချုပ်ချုပ်ထားသည့် တပ်သားများကိုသာ ဆက်လက်ခေါ်ယူသွားမည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်တွင် စတင်ခဲ့သည့် တစိတ်တပိုင်း စစ်မှုထမ်းစည်းရုံးသိမ်းသွင်းရေးလှုပ်ရှားမှုကို အပြီးသတ်လိုက်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေရွှိုင်ဂု (Sergey Shoigu) က သမ္မတဗလာ ဒီမာပူတင်ထံသို့ အစီရင်ခံတင်ပြပြီးဖြစ်သည်။

လူသစ် ၃၀၀,၀၀၀(သုံးသိန်း) ဆင့်ခေါ်ထားပြီးဖြစ်သည်ဟု ရွှိုင်ဂုက ပြောကြားထားပြီး တစိတ်တပိုင်း စည်းရုံးခြင်း အတွက် နောက်ထပ်ရည်မှန်းချက်များ ချမှတ်ထားမှု မရှိကြောင်း သိရသည်။

Source: တာ့စ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘလင်ကင်နှင့် ဝမ်ယိတွေ့ပြီး ယူကရိန်းစစ်ပွဲ၊ တရုတ်-အမေရိကန်ဆက်ဆံရေး ဆွေးနွေး

By CNI
CNI
Category: Watch TV
Hits: 673

Share
Tweet
Share
Share
powered by social2s

ယူကရိန်းစစ်နှင့်ကျူးဘားဒုံးကျည် အကျပ်အတည်းကို နှိုင်းယှဉ်ပြီး ရုရှားပြော

By CNI
CNI
Category: Watch TV
Hits: 676

Share
Tweet
Share
Share
powered by social2s

အီထယ်ဝမ်ဖြစ်ရပ်အပေါ် အမုန်းပွားစေမည့် မှတ်ချက်များရှောင်ကြရန် ဝန်ကြီးချုပ်တိုက်တွန်း

By CNI
CNI
Category: Watch TV
Hits: 634

Share
Tweet
Share
Share
powered by social2s
  • 39
  • 40
  • 41
  • 42
  • 43
  • 44
  • 45
  • 46
  • 47
  • 48

Page 44 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar