CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မြန်မာအများဆုံးရှိသည့် မဲဆောက်တွင် ဖမ်းဆီးစိစစ်မှု ပိုမိုတင်းကြပ်လာ

By CNI
CNI
Category: Watch TV
Hits: 710

Share
Tweet
Share
Share
powered by social2s

အာဆီယံဝန်ကြီးများ အောက်တိုဘာ ၂၇ ရက်၌ မြန်မာ့အရေး ဆွေးနွေးကြမည်

By CNI
CNI
Category: Watch TV
Hits: 693

Share
Tweet
Share
Share
powered by social2s

ဘောရစ်ဂျွန်ဆင် ပယ်ချခံရ၍ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ရီရှီဆန်းနက် အားကောင်းနေ

By CNI
CNI
Category: Watch TV
Hits: 682

Share
Tweet
Share
Share
powered by social2s

တရုတ်ပေါ်လစ်ဗျူရို အပြောင်းအလဲ မြန်မာအပေါ် သက်ရောက်မှု မရှိနိုင်

By CNI
CNI
Category: Watch TV
Hits: 672

Share
Tweet
Share
Share
powered by social2s
ပေါ်လစ်ဗျူရိုအသစ် အဖွဲ့ဝင် ၇ ဦးကိုတွေ့ရစဉ်

တရုတ်ပေါ်လစ်ဗျူရို အပြောင်းအလဲ မြန်မာအပေါ် သက်ရောက်မှု မရှိနိုင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1869

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၄

တရုတ်ကွန်မြူနစ်ပါတီ၏ ကွန်ဂရက် အစည်းအဝေးတွင် ပေါ်လစ်ဗျူရို ခေါင်းဆောင်များ အပြောင်းအလဲ ရှိသော်လည်း မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်က ကွန်မြူနစ်ပါတီ၏ ကွန်ဂရက် အစည်းအဝေး ပြီးဆုံးသွားခဲ့ပြီး ခေါင်းဆောင် အပြောင်းအလဲများ ရှိခဲ့သလို ရှီကျင့်ဖျင်ကို တတိအကြိမ် ၅ နှစ်သက်တမ်း ဆက်လက်ထမ်းဆောင်ရန် ရွေးချယ် တင်မြောက်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီသည် ခေါင်းဆောင်များ အပြောင်းအလဲရှိသည့်တိုင် ပါတီ၏ ပေါ်လစီများ ပြောင်းလဲမှာ မဟုတ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအပေါ် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း တရုတ်-မြန်မာ အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

၎င်းက “ကျမကြည့်တာတော့ ဘာမှ သိပ်ထူးထူးခြားခြား ရှိမယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပေါ်လစီတွေ သိပ်ပြောင်းမှာ မဟုတ်ဘူးလေ၊ နောက်တစ်ခုကလည်း အခုဟာက ပါတီရဲ့ ခေါင်းဆောင်မှုကိုသာ ပြောင်းတာ အစိုးရအဖွဲ့အစည်းတို့က မပြောင်းသေးဘူး၊ လာမယ့် မတ်လကြမှ ပြောင်းမှာ၊ အဲဒါကြောင့်မို့လို့ လောလောဆယ်က သိပ်ပြဿနာ ကြီးကြီးမားမားရှိမှာ မဟုတ်ဘူး။ မနေ့က ကွန်ဂရက် အပိတ်ပွဲမှာပေါ့နော် ရှီကျင့်ဖျင် ပြောသွားတဲ့ မိန့်ခွန်းမှာတော့ နိုင်ငံတကာနဲ့ ပတ်သက်လို့ သိပ်ထူးထူးခြားခြား ပြောမသွားဘူး။ ခါတိုင်း ပြောနေကြ စကားပဲပေါ့ဗျာ၊ သူတို့ တရုတ်ပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်၊ တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက် ရေးကြောင့် ချမ်းသာကြွယ်ဝလာတာ၊ ကြွယ်ဝလာတာကိုလည်း ကမ္ဘာကြီးကို မျှဝေသွားမယ်ပေါ့ဗျာ၊ အဲဒါတွေ လည်း ပါတယ်၊ ထူးထူးခြားခြား မပါပါဘူး။ သူက ငြိမ်းချမ်းရေးတို့၊ ဖွံ့ဖြိုးတိုးတက်ရေးတို့၊ ဒီမိုကရေစီရေးတို့ ဒါတွေ ပဲ ခါတိုင်းပြောနေကြ စကားတွေပါပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ယခင် လစ်ဗျူရို အဖွဲ့ဝင် ၇ ဦးကိုတွေ့ရစဉ်

တရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် တရုတ်နိုင်ငံ အကျိုးစီးပွားအတွက် လုပ်စရာရှိသည်ကို လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့်လည်း ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေးတွင် အတားအဆီး ဖြစ်နေသည့် စစ်အာဏာရှင်စနစ် ဖြုတ်ချရေး ကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကျင်းပ ပြီးစီးသွားသည့် တရုတ်ကွန်မြူနစ်ပါတီ၏ ကွန်ဂရက်သည် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်နိုင်ငံ၏ ရှေ့ဆက်သွားမည့် လမ်းကြောင်းကိုသာ ရွေးချယ်ပြီး ဆုံးဖြတ်ချမှတ်ခဲ့ခြင်းကြောင့် မြန်မာပြည်အတွက် သက်ရောက်မှုရှိမှာ မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ ကျနော်ကတော့ ယူဆတဲ့ အကြောင်းပါပဲ။ သူ့ရဲ့ ပထဝီနိုင်ငံရေး အနေ အထားအရ ဗမာပြည်က ဘယ်အင်အားစုပဲ အာဏာရလာလာ သူလွှမ်းမိုးနိုင်‌အောင်လို့ သူလိုချင်တဲ့ လမ်းကြောင်း အတိုင်း လိုက်ပါလာဖို့အတွက် သူကတော့ ခင်းကျင်းနေရာ ချထားမှာ ဖြစ်ပါတယ်၊ အဲဒါကို ပြောင်းလဲနိုင်တဲ့ အင်အားစု ဗမာပြည်မှာ မမြင်သေးဘူးလို့ ကျနော်ပြောပါရစေ” ဟု ပြောသည်။

တပ်မတော်ဖြုတ်ချရေး တိုက်ပွဲ၀င်နေတဲ့ NUG နဲ့ PDF များကိုတွေ့ရစဉ် 

တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ် သည့် ရက္ခိုင့်တပ်တော် (ULA/AA)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့မှ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ပါတီကွန်ဂရက် ကနေ ၅ နှစ် သက်တမ်းအတွက် အထွေထွေ အတွင်းရေးမှူး အဖြစ် ခန့်အပ်ခဲ့ပြီး ပေါ်လစ်ဗျူရို အမြဲတမ်းအဖွဲ့ဝင် ၇ ဦး အပါအဝင် အဖွဲ့ဝင် ၂၄ ဦးကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသစ်ရွေးချယ်ခဲ့သည့် ပေါ်လစ်ဗျူရို အမြဲတမ်းအဖွဲ့ဝင် ၇ ဦးတွင် ယခင် ပေါ်လစ်ဗျူရိုအဖွဲ့ဝင်များဖြစ် သော လီခဲ့ချန်(Li Keqiang)၊ လီဇန်ရူ(Li Zhanshu)၊ ဝမ်ရန် (Wang Yang)၊ ဝမ်ဟူနင်(Wang Huning)၊ ဟန်ကျန် (Han Zheng)တို့ မပါဝင်တော့ပေ။

တရုတ်နိုင်ငံသည် နိုင်ငံရေး အကျပ်အတည်းဖြစ်ကာ လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွား နေသော အိမ်နီးချင်း မြန်မာနိုင်ငံအပေါ် တစ်စုံတစ်ရာ လွှမ်းမိုးထားနိုင်ခြင်းကြောင့် ယခု ပေါ်လစ်ဗျူရို အပြောင်းအလဲကနေ မြန်မာ့အရေး ချဉ်းကပ်မှု အသစ်များဖြစ် ဆောင်ရွက်လာမလား စောင့်ကြည့်လျက် ရှိနေကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်ကြီးပရာယွတ်ကိုတွေ့ရစဉ်

ထိုင်းဝန်ကြီးချုပ်အဖြစ် ပရာယွတ်ကို ထောက်ခံကြောင်း လက်ရှိအာဏာရပါတီပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1510

CNI International News

ဘန်ကောက် အောက်တိုဘာ ၂၄

ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို နုတ်ထွက်စေပြီး လာမည့်ရွေးကောက်ပွဲတွင် ပလန်ပရာချာရတ်ပါတီ (PPRP) ခေါင်းဆောင် ပရာဝစ်ဝေါင်ဆူဝမ်ကိုသာ ပါတီ၏ တစ်ဦးတည်းသော ဝန်ကြီးချုပ် အလောင်းအလျာအဖြစ် ဝင် ရောက်ယှဉ်ပြိုင်ရန် ပါတီဝင်တစ်ဦး၏ အကြံပြုချက်ကို အဆိုပါပါတီက ပယ်ချလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းအရ သိရသည်။

မိမိတို့ပါတီသည် ဗိုလ်ချုပ်ကြီးပရာယွတ်ကို ပါတီ၏ကိုယ်စားလောင်းအဖြစ် ဗိုလ်ချုပ်ကြီးပရာဝစ်နှင့် အစားထိုးရန် မရှိကြောင်း PPRP လက်ထောက်ခေါင်းဆောင် ချိုင်ဝပ်သနက်မနူဆွန်က ပြောကြားခဲ့သည်။

PPRP ပါတီမှ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ရွမ်ဘွန်ဆူယာဖန် (Rong Boonsuayfan) ၏ အကြံပြုချက်ကို ချိုင်ဝပ်သနက်မနူဆွန်က ထိုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့သည်။

ချိုင်ဝပ်သနက်မနူဆွန်သည် ထိုင်းအစိုးရအဖွဲ့ဝင်လည်းဖြစ်ပြီး ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူမှုရေးဝန်ကြီး တာဝန် ကို ထမ်းဆောင်နေသည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် ထပ်မံခန့်အပ်ရန် အကြောင်းပြချက် မရှိတော့ဘဲ ဗိုလ်ချုပ်ကြီး ပရာဝစ်ကို ရာထူးတက်ပေးသင့်ကြောင်း မကြာသေးမီကပင် မစ္စတာ ရွမ်ဘွန်ဆူယာဖန်က အကြံပြု တင်ပြခဲ့သည်။

PPRP ပါတီသည် ဗိုလ်ချုပ်ကြီး ပရာယွတ်ကို လက်ရှိ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်စေသည့်အပြင် ထိုင်းပြည်သူများ အကျိုးစီးပွားအတွက် တိုင်းပြည်ကို ရှေ့ဆက်တိုးနိုင်အောင် ကြိုးပမ်း နေကြောင်း ချိုင်ဝပ်သနက်မနူဆွန်က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီးပရာယွတ်နဲ့ ဗိုလ်ချုပ်ကြီး ပရာဝစ်ကို တွေ့ရစဉ် 

ဗိုလ်ချုပ်ကြီး ပရာယွတ် အနေဖြင့် လာမည့် ထိုင်းရွေးကောက်ပွဲတွင် PPRP ပါတီ အောင်ပွဲခံနိုင်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို လာမည့်နှစ် မေလ ၇ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။

“အခုလတ်တလော နိုင်ငံရေးကိစ္စ မဆွေးနွေးဘဲ နေကြရအောင်ဗျာ။ ရွေးကောက်ပွဲ မတိုင်မီ ကျန်ရှိနေသးတဲ့ အချိန်တိုလေးကို ပြည်သူအတွက် ကျနော်တို့ အသုံးချသင့်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

PPRP ပါတီ ဦးဆောင်သော လက်ရှိထိုင်းအစိုးရသည် အဓိက အခြေခံ အဆောက်အအုံ စီမံကိန်းများကို သိသာ ထင်ရှားစွာ အကောင်အထည် ဖော်နိုင်ခဲ့သော်လည်း ကပ်ရောဂါကာလ နှစ်နှစ်တာအတွင်း ထိုင်းနိုင်ငံသားများမှာ ငွေကြေးကျပ်တည်းမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့ပြင် ယူကရိန်းသို့ ရုရှားကျူးကျော်စစ်ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် ငွေကြေးဖောင်းပွမှု အခက်အခဲ ကိုလည်း ထိုင်းနိုင်ငံသားများ ထပ်ဆင့် ခံစားခဲ့ကြရသည်။

Source: Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဆီယံကိုတွေ့ရစဉ် (CNA)

အာဆီယံဝန်ကြီးများ အောက်တိုဘာ ၂၇ ရက်၌ မြန်မာ့အရေး ဆွေးနွေးကြမည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1376

CNI International News

ဖနွမ်ပင်၊ အောက်တိုဘာ ၂၄

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စဉ်းစားဆွေးနွေးရန်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ယခုသီတင်းပတ် အောက်တိုဘာ ၂၇ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၃ ရက်မှာ ကြေညာခဲ့သည်။

လက်ရှိ အာဆီယံအသင်း၏ အလှည့်ကျ ဥက္ကဋ္ဌမှာ ကမ္ဘောဒီးယားဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် ကျင်းပမည့် အဆိုပါ အထူး အစည်း အဝေး၌ “မြန်မာစစ်တပ် အုပ်ချုပ်ရေးပိုင်းနှင့် အာဆီယံတို့ ယမန်နှစ်က လက်ခံခဲ့ကြသည့် ငြိမ်းချမ်းရေး သဘော တူညီချက် အချက် ၅ ချက်ကို အကောင်အထည် ဖော်ခြင်းကိစ္စလည်း အကျုံးဝင်မည်ဖြစ်ကြောင်း” ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ချမ်ဆောင်နရီ (Chum Sounry) က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာ့တပ်မတော်က ဖြုတ်ချလိုက်ပြီးကတည်းက မြန်မာနိုင်ငံသည် အကြမ်းဖက်မှု သံသရာထဲ၌ တဝဲလည်လည် ဖြစ်နေခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်နှင့်ချီသော တက်ကြွလှုပ်ရှားသူများကို မြန်မာ့တပ်မတော်က ဖမ်းဆီးခဲ့ပြီး ဆန္ဒပြမှုများနှင့် သဘောထား ကွဲလွဲမှုများကို သွေးထွက်သံယို နှိမ်နင်းခဲ့သည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကိုတွေ့ရစဉ် (GETTY IMAGES)

ယခု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် လာမည့်လ အာဆီယံထိပ်သီး အစည်းအဝေး မတိုင်မီ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို မည်ကဲ့သို့ တွန်းအားပေး ဆောင်ရွက်နိုင်မလဲ အကြံပြုချက်များ ရရှိစေရန် ကြိုးပမ်းသွားမည်ဟု ချမ်ဆောင်နရီက ရိုက်တာသို့ မတ်ဆေ့ချ်စာသားရေးပို့၍ ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသည်ဟု အဆိုရှိသော်လည်း ၁၀ နိုင်ငံ စုစည်းထားသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့သည် ထိုကြိုးပမ်းမှုနှင့် အကောင်အထည်ဖော်မှုတွင် တိုးတက်ခြင်း မတွေ့ရသဖြင့် ပိုမို စိတ်မရှည် ဖြစ်လာခဲ့ကြသည်။

ထိုသို့ စိတ်မရှည်ကြသည့် အကြောင်းများထဲတွင် နိုင်ငံရေး ပြိုင်ဘက်များနှင့် ထိတွေ့ဆက်ဆံမှု ကင်းမဲ့ခြင်းနှင့် ရန်လို တိုက်ခိုက်မှုများ မရပ်တန့်ခြင်းတို့လည်း ပါဝင်သည်။

မြန်မာ့ငြိမ်းချမ်းရေး သဘောတူညီချက် (အချက် ၅ ချက်) သည် လက်ရှိအသက်ဝင်နေမှု ရှိနေသေးသလား ဆိုသည့် မေးခွန်းကို အာဆီယံက လာမည့် နိုဝင်ဘာလတွင် ဆုံးဖြတ်ချရန် လိုအပ်ကြောင်း မလေးရှား နိုင်ငံခြား ရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာ (Saifuddin Abdullah)က ယခင်လ၌ ပြောကြားခဲ့ပြီး ဖြစ်သည်။

Source: Reuters, Channel News Asia

 

 

 

 

Share
Tweet
Share
Share
powered by social2s
တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဘေဂျင်းမြို့ရှိ Great Hall of the People ရှိ အခမ်းအနားတစ်ခုမှ ထွက်ခွာသွားစဉ်(ဓါတ်ပုံ-အေပီ)

ရှီ၏ သမ္မတသက်တမ်း တတိယအကြိမ်ကြောင့် တင်းမာမှုများနှင့် တရုတ်ရင်ဆိုင်နေရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1931

CNI International News

ဘေဂျင်း၊ အောက်တိုဘာ ၂၄

ရှီကျင့်ဖျင်သည် အာဏာရကွန်မြူနစ်ပါတီ၏ခေါင်းဆောင်အဖြစ် အောက်တိုဘာ ၂၄ ရက်(ယနေ့)တွင် တတိယ အကြိမ် ၅ နှစ်သက်တမ်း ဆက်လက်ထမ်းဆောင်ဦးမည်ဖြစ်သဖြင့် ကုန်သွယ်ရေး၊ လုံခြုံရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာတို့တွင် တရုတ်နှင့်ပိုမိုတင်းကျပ်လာမည့်အလားအလာကို ကမ္ဘာက ရင်ဆိုင်နေရကြောင်း အေပီ သတင်း ဌာနက ရေးသားဖော်ပြသည်။

ရှီသည် ပြည်တွင်းထိန်းချုပ်မှုကို တင်းကျပ်ထားပြီး ပြည်ပတွင် ၎င်း၏ဩဇာတိုးပွားလာစေရန် တရုတ်၏စီးပွားရေး အင်အားကို အသုံးချဖို့ ကြိုးစားနေသည်။

ယခုလအတွင်း ဘေဂျင်းသည် အမေရိကန်၏မဟာမိတ်များ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့်စီးပွားရေး စည်းမျဉ်း စည်းကမ်းများ ပျက်ပြားအောင် ကြိုးစားနေသည်ဟု ဝါရှင်တန်က စွပ်စွဲခဲ့သည်။

“ကမ္ဘာ့စနစ်ပျက်ပြီး တရုတ်မှာ အဖြေရှိပါတယ်” ဟု ရှီကျင့်ဖျင်၏ ပြောကြားချက်ကို လန်ဒန်စီးပွားရေးကျောင်း (London School of Economics) မှ ဝီလျံကော်လန်ဟန် (William Callahan) က ကိုးကားရေးသားခဲ့သည်။

“ရှီကျင့်ဖျင်ဟာ တရုတ်ပုံစံကို ကမ္ဘာ့အစီအစဉ်ရဲ့စံနှုန်းတစ်ခုအဖြစ် ထပ်တလဲလဲပြောနေတဲ့အတွက် စစ်အေး တိုက်ပွဲကို ပြန်သွားတဲ့သဘောပါပဲ” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။

ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီဝင်အသစ်များနှင့်အတူ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဘေဂျင်းရှိ Great Hall of the People သို့ ရောက်ရှိလာစဉ်(ဓါတ်ပုံ-အေပီ)

အောက်တိုဘာ ၂၂ ရက်တွင် ပြီးခဲ့သော ကွန်မြူနစ်ပါတီ၏ ကွန်ဂရက်အစည်းအဝေးတွင် “တရုတ်ပြည်တွင်း၌ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေပြီး စီးပွားရေးနှင့် ကုန်သွယ်ရေး နှောင့်နှေးစေသော တင်းကျပ်လွန်း သည့် Covid ဆိုင်ရာမဟာဗျူဟာ အပြောင်းအလဲလုပ်မည့်အစီအစဉ်များ”ကို ရှီက အရိပ်အယောင်မှပင် မပြသ ခဲ့ပေ။

နည်းပညာပိုင်းတွင် မိမိကိုယ်ကို ပိုမိုအားကိုးရန်၊ စစ်ရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဘေဂျင်း၏ အဓိကအကျိုးစီးပွား တို့ကိုသာ အကာအကွယ်ပေးရန် ရှီက တောင်းဆိုခဲ့သည်။

ဝါရှင်တန်အပါအဝင် အာရှအိမ်နီးချင်းများနှင့် ဆက်ဆံရေးတင်းမာစေသည့် ဘေဂျင်း၏လက်ရှိမူဝါဒများကို အပြောင်းအလဲလုပ်ရန်မရှိကြောင်းလည်း ၎င်းက ကြေညာခဲ့သည်။

၁၉၄၉ ခုနှစ် တရုတ်ကွန်မြူနစ်တို့ အောင်ပွဲခံခဲ့သော ရွှေခေတ်ကို သာယာမနေဘဲ ကျောခိုင်းပြီး လက်ရှိအာဏာရ ကွန်မြူနစ်ပါတီ၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာတို့ကို ပိုမို အသက်ဝင်လှုပ်ရှားစေဖို့ “တရုတ်ပြည်ကြီး ပြန်လည်နုပျိုလန်းဆန်းလာစေရေး” ဦးစားပေးကြရန် ရှီက တောင်းဆိုခဲ့သည်။

“လီနင်ဝါဒကို ခံယူတဲ့ ရှီဟာ တရုတ်ကို နိုင်ငံရေးနဲ့စီးပွားရေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွတ်လွတ်လပ်လပ် ဖော်ဆောင် နိုင်စေဖို့ သူ့ရဲ့လိုလားတောင့်တတဲ့ အတွေးအခေါ်တွေကို အနားယူသင့်ပါပြီ” ဟု အာရှလူ့အဖွဲ့အစည်း (Asia Society) ဥက္ကဋ္ဌဟောင်း နှင့် ဩစတြေးလျဝန်ကြီးချုပ်ဟောင်းဖြစ်သူ Kevin Rudd က နိုင်ငံတကာရေးရာ (Foreign Affairs) စာစောင်တွင် ရေးသားခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

OPEC+ ရေနံဖြတ်တောက်မှုအပေါ် ဆော်ဒီကို အမေရိကန်အနိုင်ကျင့်ဟု တူရကီပြော

By CNI
CNI
Category: Watch TV
Hits: 716

Share
Tweet
Share
Share
powered by social2s

စစ်ပွဲကို ဘယ်လာရုစ်မလိုလားဟု လူကာရှန်ကိုပြော

By CNI
CNI
Category: Watch TV
Hits: 682

Share
Tweet
Share
Share
powered by social2s

အမည်မဲစာရင်းသွင်းခြင်းက စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ကြိုးပမ်းချက်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 684

Share
Tweet
Share
Share
powered by social2s

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲနှင့်ဆက်စပ်ပြီး ယူကရိန်းစိုးရိမ်နေ

By CNI
CNI
Category: Watch TV
Hits: 730

Share
Tweet
Share
Share
powered by social2s

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲနှင့်ဆက်စပ်ပြီး ယူကရိန်းစိုးရိမ်နေ

By CNI
CNI
Category: Watch TV
Hits: 693

Share
Tweet
Share
Share
powered by social2s
ယူကရိန်းအလံနဲ့ အမေရိကန် အောက်လွှတ်တော် အဆောက်အဦကိုတွေ့ရစဉ်

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲနှင့်ဆက်စပ်ပြီး ယူကရိန်းစိုးရိမ်နေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1664

CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၂၂

အမေရိကန်နိုင်ငံ၌ လာမည့်နိုဝင်ဘာလတွင် လွှတ်တော်(ကွန်ဂရက်)၏ အခွင့်အာဏာကို ရီပက်ဘလစ်ကန် အမတ်များက အလှည့်ကျ ရယူမည်ဖြစ်ပြီး ၎င်းတို့သည် ယူကရိန်းအပေါ် ထောက်ခံမှု လျှော့ချမည်ဟု ကြွေးကြော် နေကြသဖြင့် ထွက်ပေါ်လာမည့် အကျိုးရလဒ်များအား ယူကရိန်းအစိုးရအရာရှိများ၊ လွှတ်တော်အမတ်များနှင့် ကျွမ်းကျင်ပညာရှင်များအကြား စိုးရိမ်ပူပန်နေကြကြောင်း နယူးစ်ဝိခ်မီဒီယာက ရေးသားဖော်ပြသည်။

“ယူကရိန်းကို စစ်ရေးနဲ့ငွေကြေး ထောက်ပံ့မှု ဖြတ်တောက်ဖို့ အမေရိကန် ကွန်ဂရက်ထဲမှာ အထူးသဖြင့် သမ္မတ ဟောင်း ထရမ့်ကို ထောက်ခံသူတွေကြားထဲမှာ ရီပက်ဘလစ်ကန်အမတ်တွေ ပြောဆိုနေမှုဟာ ယူကရိန်းဘက်ကို အများကြီး စိုးရိမ်လာစေပါတယ်” ဟု ယူကရိန်းရေးရာကျွမ်းကျင်သူ မက်ဇင်ယာလီ (Maxim Yali) က နယူးစ်ဝိခ် သို့ ပြောသည်။

ထိုသို့ သဘောထား မှတ်ချက်မျိုးကို အမေရိကန်မီဒီယာများတွင် မကြာခဏ တွေ့ရလေ့ရှိသဖြင့် ၎င်းအနေဖြင့် စိတ်အနှောင့်အယှက် ဖြစ်မိကြောင်း ယာလီက ဆက်ပြောသည်။

ထရမ့်နဲ့ ရီပက်လလစ်ကန်ပါတီဝင်များကိုတွေ့ရစဉ်

အောက်တိုဘာ ၁၈ ရက်တွင် အောက်လွှတ်တော် ခေါင်းဆောင်တစ်ဦးဖြစ်သူ ကီဗင်မက်ကာသီက “၎င်းတို့ ရီပက်ဘလစ်ကန်ပါတီ အနေဖြင့် မကြာခင် ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အောက်လွှတ်တော် အမတ်နေရာ အများစုကို ပြန်လည်ရယူနိုင်ခဲ့လျှင် မော်စကို၏ ကျူးကျော်စစ်အတွက် ချက်လက်မှတ် အလွတ်များ (ငွေကြေးကုန်ကျခံခြင်းသဘော) ရေးပေးနေမည် မဟုတ်ကြောင်း” ပြောကြားခဲ့သည်။

စံချိန်တင် မြင့်မားနေသည့် အမေရိကန်ပြည်တွင်း ငွေကြေးဖောင်းပွမှုနှုန်းသည် မော်စကို၏ ကျူးကျော်စစ်ကို ဆန့်ကျင်ပြီး ယူကရိန်းအစိုးရအား ကူညီနေခြင်းအတွက် အမေရိကန်လူထု၏ဆန္ဒအပေါ် ပြောင်းလဲစေဖို့ ကီဗင်မက်ကာသီက အကြံပြုခဲ့သည်။

ထရမ့်ထောက်ခံသူ မာဂျိုရီ တေလာ ဂရင်းနီကိုတွေ့ရစဉ်

“လူထုက စီးပွားရေး ကျဆင်းမှုကြားမှာ နေထိုင်နေရတော့ သူတို့က ယူကရိန်းအတွက် ချက်လက်မှတ် အလွတ်တွေ ရေးပေးချင်မှာ မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ယူကရိန်းကိစ္စ အရေးကြီးပါတယ်။ ဒါပေမယ့် တစ်ချိန် တည်းမှာပဲ သူတို့(လက်ရှိ အစိုးရနှင့်ဒီမိုကရက်တစ် အမတ်များ) လုပ်နေတာကို လူထုက လွတ်လွတ်လပ်လပ် စစ်ဆေးလို့လည်း မရဘူးဖြစ်နေတယ်” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။

၎င်း၏ သဘောထား မှတ်ချက်သည် ရီပက်ဘလစ်ကန်ပါတီ၏ အတိအလင်း အပြောင်းအလဲ လိုလားမှုကို ထင်ဟပ် စေခဲ့သည်။

မကြာသေးမီအထိ လက်ယာစွန်းနှင့် ထရမ့်ကို ထောက်ခံကြသည့် မက်ဂေးတစ်ဇ် (Matt Gaetz) နှင့် မာဂျိုရီ တေ လာ ဂရင်းနီ (Marjorie Taylor Greene) တို့ကဲ့သို့ ရီပက်ဘလစ်ကန် အမတ်များသည် ယူကရိန်းသို့ အမေရိကန် ကူညီမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်နေခဲ့ကြသည်။

ပြီးခဲ့သည့် မေလတွင် အောက်လွှတ်တော် အမတ်ဖြစ်ကြသည့် ရီပက်ဘလစ်ကန်ပါတီဝင် ၅၇ ဦးတို့က ယူကရိန်း သို့ ဒေါ်လာ ဘီလီယံ ၄၀ အထိ အကူအညီပေးပို့ရေး အစီအစဉ်ကို လွှတ်တော်အတွင်း ကန့်ကွက်မဲ ပေးခဲ့ကြသည်။

Source: News Week

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘယ်လာရုစ်သမ္မတ လူကာရှန်ကို(ဓါတ်ပုံ-Sputnik)

စစ်ပွဲကို ဘယ်လာရုစ်မလိုလားဟု လူကာရှန်ကိုပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1363

CNI International News

မင့်ခ်၊ အောက်တိုဘာ ၂၂

မိမိနိုင်ငံကို အခြားနိုင်ငံများ လာရောက် မတိုက်ခိုက်လျှင် ဘယ်လာရုစ်နှင့်ပတ်သက်သည့် စစ်ပွဲဖြစ်လာမည် မဟုတ်ဟု သမ္မတ အလက်ဇန္ဒားလူကာရှန်ကာကိုက အောက်တိုဘာ ၂၁ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့ကြောင်း ရုရှားအခြေစိုက် အာရ်တီသတင်းဌာနက ရေးသားဖော်ပြသည်။

ယူကရိန်းစစ်ပွဲ၌ ဘယ်လာရုစ်တပ်များ ရုရှားဘက်မှ ပါဝင်နိုင်ကြောင်း စွပ်စွဲမှုအကြား ယခုကဲ့သို့ လူကာရှန်ကိုက သဘောထားမှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

“ဒီလိုမျိုး ပြောသံဆိုသံတွေကို ဂရုမစိုက်ပါနဲ့” ဟု လူကာရှန်ကို၏ ပြောကြားချက်ကို ဘယ်လာရုစ်အစိုးရပိုင် မီဒီယာဖြစ်သော ဘယ်လ်တာ (Belta) က ကိုးကားဖော်ပြခဲ့သည်။ ဘယ်လာရုစ်နိုင်ငံ၊ အနောက်ပိုင်း ဘရက်စ် ဒေသရှိ စစ်ရေးပြလေ့ကျင့်ရေးကွင်းသို့ သွားရောက်စဉ်က ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ဆိုရင် ကျနော်တို့က ဘယ်ကိုသွားတာမဟုတ်ဘူး။ လောလောဆယ် စစ်ဆိုတာ ကျနော်တို့မှာ မရှိဘူး။ တိုက်ဖို့လည်း မလိုအပ်ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လူကာရှန်ကိုက စိတ်အေးအေးထားကြရန်နှင့် မိမိတို့ဆောင်ရွက်နေကျ လုပ်ငန်းဆောင်တာများ ဆက်လက် ဆောင်ရွက်ကြရန် နိုင်ငံသူ၊ နိုင်ငံသားများကို တိုက်တွန်းခဲ့သည်။

ရုရှားနှင့် ဘယ်လာရုစ်တပ်များ ၂၀၁၉ ခုနှစ်တွင် ဘယ်လာရုစ်နိုင်ငံ Muchavec အနီး၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြစဉ်(ဓါတ်ပုံ-Getty)

မဝေးလှသည့်အနာဂတ်တွင် တတိယကမ္ဘာစစ် ဖြစ်ပွားနိုင်ခြေ ထင်ကြေးများကိုလည်း ၎င်းက ရှုတ်ချခဲ့သည်။ ကမ္ဘာစစ်ကဲ့သို့ ပဋိပက္ခသည် လူသားအားလုံး ပျက်သုဉ်းနိုင်သည့် အလားအလာကို ဆိုလိုနေသည်။

သို့သော် ကမ္ဘာကြီးသည် ထိုသို့အလားအလာ ယခင်ကထက် ပိုမိုနီးကပ်လာသည်ဟု ၎င်းက သတိပေးခဲ့သည်။

ယခင်သီတင်းပတ်၌ လူကာရှန်ကိုသည် ရုရှား-ဘယ်လာရုစ်နှစ်နိုင်ငံနယ်စပ်တွင် ပူးတွဲတပ်များ ဖြန့်ကြက်ချ ထားကြောင်း ကြေညာခဲ့သည်။ တပ်များ အရွှေ့အပြောင်းလုပ်ရခြင်း၏ အကြောင်းရင်းအဖြစ် နယ်နမိတ်ကိစ္စ တင်းမာမှုတိုးလာသည်ဟု ၎င်းက ရည်ညွှန်းပြောကြားခဲ့သည်။ ဘယ်လာရုစ်တပ်များအကြား အမာခံတပ်သားများ ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၇ ရက်တွင် ဘယ်လာရုစ်ကာကွယ်ရေးဝန်ကြီး၏ လက်ထောက်တစ်ဦးဖြစ်သူ ဗယ်လာရီရီဗန်ကို (Valery Revenko) က ရုရှားစစ်တပ်ထံမှ တင့်ကားအစီးရေ ၁၇၀၊ သံချပ်ကာ ကားအစီးရေ ၂၀၀ နှင့် အမြောက် အလက် ၁၀၀ တို့ကို ၎င်းတို့ပြည်တွင်း၌ ဖြန့်ကြက်ချထားမည်ဟု တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

“တွေ့ဆုံဆွေးနွေးမှု ကင်းမဲ့နေတဲ့ကြားက နေတိုးတပ်တွေ ကျနော်တို့နိုင်ငံရဲ့နယ်နမိတ်အနားမှာဖြန့်ပြီး မဟာ မိတ်တပ်အဖြစ် ထူထောင်လာပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

Source: အာရ်တီသတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရွေးကောက်ပွဲအပြီး အလုပ်အကိုင် ၁ သန်းဖန်တီးပေးမည်ဟု မိုဒီကတိပြု

By CNI
CNI
Category: Watch TV
Hits: 670

Share
Tweet
Share
Share
powered by social2s
  • 43
  • 44
  • 45
  • 46
  • 47
  • 48
  • 49
  • 50
  • 51
  • 52

Page 48 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar