CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ယူကရိန်းအလံနဲ့ အမေရိကန် အောက်လွှတ်တော် အဆောက်အဦကိုတွေ့ရစဉ်

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲနှင့်ဆက်စပ်ပြီး ယူကရိန်းစိုးရိမ်နေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1477

CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၂၂

အမေရိကန်နိုင်ငံ၌ လာမည့်နိုဝင်ဘာလတွင် လွှတ်တော်(ကွန်ဂရက်)၏ အခွင့်အာဏာကို ရီပက်ဘလစ်ကန် အမတ်များက အလှည့်ကျ ရယူမည်ဖြစ်ပြီး ၎င်းတို့သည် ယူကရိန်းအပေါ် ထောက်ခံမှု လျှော့ချမည်ဟု ကြွေးကြော် နေကြသဖြင့် ထွက်ပေါ်လာမည့် အကျိုးရလဒ်များအား ယူကရိန်းအစိုးရအရာရှိများ၊ လွှတ်တော်အမတ်များနှင့် ကျွမ်းကျင်ပညာရှင်များအကြား စိုးရိမ်ပူပန်နေကြကြောင်း နယူးစ်ဝိခ်မီဒီယာက ရေးသားဖော်ပြသည်။

“ယူကရိန်းကို စစ်ရေးနဲ့ငွေကြေး ထောက်ပံ့မှု ဖြတ်တောက်ဖို့ အမေရိကန် ကွန်ဂရက်ထဲမှာ အထူးသဖြင့် သမ္မတ ဟောင်း ထရမ့်ကို ထောက်ခံသူတွေကြားထဲမှာ ရီပက်ဘလစ်ကန်အမတ်တွေ ပြောဆိုနေမှုဟာ ယူကရိန်းဘက်ကို အများကြီး စိုးရိမ်လာစေပါတယ်” ဟု ယူကရိန်းရေးရာကျွမ်းကျင်သူ မက်ဇင်ယာလီ (Maxim Yali) က နယူးစ်ဝိခ် သို့ ပြောသည်။

ထိုသို့ သဘောထား မှတ်ချက်မျိုးကို အမေရိကန်မီဒီယာများတွင် မကြာခဏ တွေ့ရလေ့ရှိသဖြင့် ၎င်းအနေဖြင့် စိတ်အနှောင့်အယှက် ဖြစ်မိကြောင်း ယာလီက ဆက်ပြောသည်။

ထရမ့်နဲ့ ရီပက်လလစ်ကန်ပါတီဝင်များကိုတွေ့ရစဉ်

အောက်တိုဘာ ၁၈ ရက်တွင် အောက်လွှတ်တော် ခေါင်းဆောင်တစ်ဦးဖြစ်သူ ကီဗင်မက်ကာသီက “၎င်းတို့ ရီပက်ဘလစ်ကန်ပါတီ အနေဖြင့် မကြာခင် ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အောက်လွှတ်တော် အမတ်နေရာ အများစုကို ပြန်လည်ရယူနိုင်ခဲ့လျှင် မော်စကို၏ ကျူးကျော်စစ်အတွက် ချက်လက်မှတ် အလွတ်များ (ငွေကြေးကုန်ကျခံခြင်းသဘော) ရေးပေးနေမည် မဟုတ်ကြောင်း” ပြောကြားခဲ့သည်။

စံချိန်တင် မြင့်မားနေသည့် အမေရိကန်ပြည်တွင်း ငွေကြေးဖောင်းပွမှုနှုန်းသည် မော်စကို၏ ကျူးကျော်စစ်ကို ဆန့်ကျင်ပြီး ယူကရိန်းအစိုးရအား ကူညီနေခြင်းအတွက် အမေရိကန်လူထု၏ဆန္ဒအပေါ် ပြောင်းလဲစေဖို့ ကီဗင်မက်ကာသီက အကြံပြုခဲ့သည်။

ထရမ့်ထောက်ခံသူ မာဂျိုရီ တေလာ ဂရင်းနီကိုတွေ့ရစဉ်

“လူထုက စီးပွားရေး ကျဆင်းမှုကြားမှာ နေထိုင်နေရတော့ သူတို့က ယူကရိန်းအတွက် ချက်လက်မှတ် အလွတ်တွေ ရေးပေးချင်မှာ မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ယူကရိန်းကိစ္စ အရေးကြီးပါတယ်။ ဒါပေမယ့် တစ်ချိန် တည်းမှာပဲ သူတို့(လက်ရှိ အစိုးရနှင့်ဒီမိုကရက်တစ် အမတ်များ) လုပ်နေတာကို လူထုက လွတ်လွတ်လပ်လပ် စစ်ဆေးလို့လည်း မရဘူးဖြစ်နေတယ်” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။

၎င်း၏ သဘောထား မှတ်ချက်သည် ရီပက်ဘလစ်ကန်ပါတီ၏ အတိအလင်း အပြောင်းအလဲ လိုလားမှုကို ထင်ဟပ် စေခဲ့သည်။

မကြာသေးမီအထိ လက်ယာစွန်းနှင့် ထရမ့်ကို ထောက်ခံကြသည့် မက်ဂေးတစ်ဇ် (Matt Gaetz) နှင့် မာဂျိုရီ တေ လာ ဂရင်းနီ (Marjorie Taylor Greene) တို့ကဲ့သို့ ရီပက်ဘလစ်ကန် အမတ်များသည် ယူကရိန်းသို့ အမေရိကန် ကူညီမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်နေခဲ့ကြသည်။

ပြီးခဲ့သည့် မေလတွင် အောက်လွှတ်တော် အမတ်ဖြစ်ကြသည့် ရီပက်ဘလစ်ကန်ပါတီဝင် ၅၇ ဦးတို့က ယူကရိန်း သို့ ဒေါ်လာ ဘီလီယံ ၄၀ အထိ အကူအညီပေးပို့ရေး အစီအစဉ်ကို လွှတ်တော်အတွင်း ကန့်ကွက်မဲ ပေးခဲ့ကြသည်။

Source: News Week

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘယ်လာရုစ်သမ္မတ လူကာရှန်ကို(ဓါတ်ပုံ-Sputnik)

စစ်ပွဲကို ဘယ်လာရုစ်မလိုလားဟု လူကာရှန်ကိုပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1158

CNI International News

မင့်ခ်၊ အောက်တိုဘာ ၂၂

မိမိနိုင်ငံကို အခြားနိုင်ငံများ လာရောက် မတိုက်ခိုက်လျှင် ဘယ်လာရုစ်နှင့်ပတ်သက်သည့် စစ်ပွဲဖြစ်လာမည် မဟုတ်ဟု သမ္မတ အလက်ဇန္ဒားလူကာရှန်ကာကိုက အောက်တိုဘာ ၂၁ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့ကြောင်း ရုရှားအခြေစိုက် အာရ်တီသတင်းဌာနက ရေးသားဖော်ပြသည်။

ယူကရိန်းစစ်ပွဲ၌ ဘယ်လာရုစ်တပ်များ ရုရှားဘက်မှ ပါဝင်နိုင်ကြောင်း စွပ်စွဲမှုအကြား ယခုကဲ့သို့ လူကာရှန်ကိုက သဘောထားမှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

“ဒီလိုမျိုး ပြောသံဆိုသံတွေကို ဂရုမစိုက်ပါနဲ့” ဟု လူကာရှန်ကို၏ ပြောကြားချက်ကို ဘယ်လာရုစ်အစိုးရပိုင် မီဒီယာဖြစ်သော ဘယ်လ်တာ (Belta) က ကိုးကားဖော်ပြခဲ့သည်။ ဘယ်လာရုစ်နိုင်ငံ၊ အနောက်ပိုင်း ဘရက်စ် ဒေသရှိ စစ်ရေးပြလေ့ကျင့်ရေးကွင်းသို့ သွားရောက်စဉ်က ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ဆိုရင် ကျနော်တို့က ဘယ်ကိုသွားတာမဟုတ်ဘူး။ လောလောဆယ် စစ်ဆိုတာ ကျနော်တို့မှာ မရှိဘူး။ တိုက်ဖို့လည်း မလိုအပ်ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လူကာရှန်ကိုက စိတ်အေးအေးထားကြရန်နှင့် မိမိတို့ဆောင်ရွက်နေကျ လုပ်ငန်းဆောင်တာများ ဆက်လက် ဆောင်ရွက်ကြရန် နိုင်ငံသူ၊ နိုင်ငံသားများကို တိုက်တွန်းခဲ့သည်။

ရုရှားနှင့် ဘယ်လာရုစ်တပ်များ ၂၀၁၉ ခုနှစ်တွင် ဘယ်လာရုစ်နိုင်ငံ Muchavec အနီး၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြစဉ်(ဓါတ်ပုံ-Getty)

မဝေးလှသည့်အနာဂတ်တွင် တတိယကမ္ဘာစစ် ဖြစ်ပွားနိုင်ခြေ ထင်ကြေးများကိုလည်း ၎င်းက ရှုတ်ချခဲ့သည်။ ကမ္ဘာစစ်ကဲ့သို့ ပဋိပက္ခသည် လူသားအားလုံး ပျက်သုဉ်းနိုင်သည့် အလားအလာကို ဆိုလိုနေသည်။

သို့သော် ကမ္ဘာကြီးသည် ထိုသို့အလားအလာ ယခင်ကထက် ပိုမိုနီးကပ်လာသည်ဟု ၎င်းက သတိပေးခဲ့သည်။

ယခင်သီတင်းပတ်၌ လူကာရှန်ကိုသည် ရုရှား-ဘယ်လာရုစ်နှစ်နိုင်ငံနယ်စပ်တွင် ပူးတွဲတပ်များ ဖြန့်ကြက်ချ ထားကြောင်း ကြေညာခဲ့သည်။ တပ်များ အရွှေ့အပြောင်းလုပ်ရခြင်း၏ အကြောင်းရင်းအဖြစ် နယ်နမိတ်ကိစ္စ တင်းမာမှုတိုးလာသည်ဟု ၎င်းက ရည်ညွှန်းပြောကြားခဲ့သည်။ ဘယ်လာရုစ်တပ်များအကြား အမာခံတပ်သားများ ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၇ ရက်တွင် ဘယ်လာရုစ်ကာကွယ်ရေးဝန်ကြီး၏ လက်ထောက်တစ်ဦးဖြစ်သူ ဗယ်လာရီရီဗန်ကို (Valery Revenko) က ရုရှားစစ်တပ်ထံမှ တင့်ကားအစီးရေ ၁၇၀၊ သံချပ်ကာ ကားအစီးရေ ၂၀၀ နှင့် အမြောက် အလက် ၁၀၀ တို့ကို ၎င်းတို့ပြည်တွင်း၌ ဖြန့်ကြက်ချထားမည်ဟု တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

“တွေ့ဆုံဆွေးနွေးမှု ကင်းမဲ့နေတဲ့ကြားက နေတိုးတပ်တွေ ကျနော်တို့နိုင်ငံရဲ့နယ်နမိတ်အနားမှာဖြန့်ပြီး မဟာ မိတ်တပ်အဖြစ် ထူထောင်လာပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

Source: အာရ်တီသတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရွေးကောက်ပွဲအပြီး အလုပ်အကိုင် ၁ သန်းဖန်တီးပေးမည်ဟု မိုဒီကတိပြု

By CNI
CNI
Category: Watch TV
Hits: 552

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေးပြဿနာမှာ တပ်မတော်နှင့် NLD ကြောင့်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

By CNI
CNI
Category: Watch TV
Hits: 567

Share
Tweet
Share
Share
powered by social2s

ထရက်စ်နုတ်ထွက်သွားသော်လည်း ဗြိတိန်၏ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်သေး

By CNI
CNI
Category: Watch TV
Hits: 551

Share
Tweet
Share
Share
powered by social2s
မလေးရှားဝန်ကြီးချုပ် အစ္စမေးဆာဘရီယာကွပ်ကိုတွေ့ရစဉ် (AP)

ရေဘေးရှိသော်လည်း မလေးရှားရွေးကောက်ပွဲ နိုဝင်ဘာ ၁၉ ရက် ကျင်းပမည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1635

CNI International News

ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၁

မလေးရှားနိုင်ငံတွင် ယခုနှစ် မုတ်သုံရာသီ အကုန်ပိုင်း မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံသဖြင့် မဲဆန္ဒရှင် ပြည်သူများ အခက်အခဲ တွေ့မည်ကို စိုးရိမ်နေသည့်ကြားမှ အမျိုးသားရွေးကောက်ပွဲကို နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၀ ရက်တွင် ကြေညာခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

မုတ်သုံရာသီ အကုန်ပိုင်းတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အစိုးရမဟာမိတ်များအပြင် အတိုက်အခံများ၏ ဆန့်ကျင် ကန့်ကွက်မှုများကို မလေးရှားဝန်ကြီးချုပ် အစ္စမေးဆာဘရီယာကွပ် လျစ်လျူရှုထားခဲ့သည်။

၎င်းသည် အောက်တိုဘာ ၁၀ ရက်တွင် လွှတ်တော်ကို ဖျက်သိမ်းခဲ့သည်။

လွှတ်တော်၏ သက်တမ်းသည် လာမည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကျမှ ကုန်ဆုံးမည်ဖြစ်သော်လည်း မလေးရှား အမျိုးသားညီညွတ်ရေးအဖွဲ့(UMNO) ပါတီသည် အာဏာရညွန့်ပေါင်း အဖွဲ့ထဲတွင် မဟာမိတ်များနှင့် မသင့်မတင့် ဖြစ်နေပြီး ရွေးကောက်ပွဲ အဆောတလျင် ကျင်းပရန် စိတ်အားထက်သန်နေသည်။

လာမည့်နှစ် စီးပွားရေးမျှော်မှန်းချက် အားပျော့လာမည်ဟု ယူဆနေချိန်၌ UMNO သည် မလေးရှားနိုင်ငံသားများ၏ ထောက်ခံမှု ပြန်လည်ရရှိရန်နှင့် အတိုက်အခံများကို ပြန်လည်စုစည်းရန် အင်အားဖြည့်တင်း လျက်ရှိသည်။

မလေးရှား ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဗ္ဗဒူဂါနီဆဲလက် (AP)

ရွေးကောက်ပွဲဝင်ကြမည့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းရမည့် ရက်မှာ နိုဝင်ဘာ ၅ ရက် ဖြစ်ပြီး တရားဝင် မဲဆွယ်စည်းရုံးမှုများကို ရက်သတ္တနှစ်ပတ်ကြာ သတ်မှတ်ထားသည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဗ္ဗဒူဂါနီဆဲလက် (Abdul Ghani Salleh) က ပြောကြားခဲ့သည်။
မဲပေးကြမည့် မဲဆန္ဒရှင်ဦးရေမှာ ၂၁ ဒသမ ၁၇ သန်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

လာမည့်နိုဝင်ဘာ ၁၉ ရက်တွင် ပြည်နယ် ၃ ခုရှိ မဲရုံများတွင် စတင်မဲပေးနိုင်မည်ဟု ၎င်းက ရှင်းပြသည်။

မလေးရှားနိုင်ငံရှိ ပြည်နယ် ၁၃ ခုအနက် ၄ ခုတွင် ကြိုတင်မဲပေးမှုများ အစောပိုင်း ရှိနိုင်ကြောင်း သိရသည်။

၁၉၅၇ ခုနှစ်တွင် မလေးရှားသည် ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက် UMNO ပါတီက အမျိုးသားတပ်ဦး ညွန့်ပေါင်းအဖြစ် တိုင်းပြည်ကို တောက်လျှောက် ဦးဆောင်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်လာ ဘီလီယံနှင့်ချီ၍ ငွေကြေး အရှုပ်တော်ပုံကြောင့် အဆိုပါညွန့်ပေါင်းအဖွဲ့ ပြုတ်ကျသွားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို အကျင့်ပျက် ခြစားမှု စွဲချက်ဖြင့် ထောင်ဒဏ် ၁၂ နှစ် စီရင်ခဲ့သည်။

UMNO မှ လက်ရှိသမ္မတ အာမက်ဇာဟစ်ဟာမီဒီသည်လည်း ယခုအခါ အကျင့်ပျက်ခြစားမှုဖြင့် တရားရင်ဆိုင် နေရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်ကြီးယွက်စစ်ကိုတွေ့ရစဉ်

နိုင်ငံရေးပြဿနာမှာ တပ်မတော်နှင့် NLD ကြောင့်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1635

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၁

လက်ရှိ ပြည်တွင်းတွင် ဖြစ်ပွားနေသည့် နိုင်ငံရေး ပြဿနာများမှာ မြန်မာ့တပ်မတော်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) တို့၏ ပြဿနာများ ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခြေအနေများနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် Thai PBS သတင်းဌာနတို့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်က “အမှန်တော့ အဖွဲ့တိုင်း အပစ်ရပ်ပါတယ်။ ဆန္ဒပြပွဲတွေက စစ်တပ်နဲ့ NLD ရဲ့ ပြဿနာကြောင့် ဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မဆိုင်ဘူး၊ PDF ကလည်း NLD ထောက်ခံသူတွေပဲ။ ဒါပေမဲ့ ပြည်သူနဲ့ PDF တွေက အတူနေထိုင်ကြတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ် (AFP)

ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်မှုဖြင့် ဒေသကာကွယ်ရေးတပ် (PDF) ကို ဖွဲ့စည်းကာ မြန်မာ့တပ်မ‌တော်အား ဖြုတ်ချရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် ပူးပေါင်း၍ တိုက်ခိုက်လျက် ရှိသည်။

လက်ရှိတွင် နစက အနေဖြင့် တော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကြား သွေးခွဲရန် နည်းလမ်းစုံသုံးနေကြောင်း NUG ၏ ပြည်ထောင်စုဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းက အောက်တိုဘာ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။

“ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးမယ့် နည်းလမ်းတွေအပြင် ကျနော်တို့ တော်လှန်ရေး အင်အားစုတွေ ကြား ထဲ နည်းလမ်းမျိုးစုံ သုံးပြီး သွေးခွဲတာမျိုးတွေ တစိုက်မတ်မတ် လုပ်ဆောင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော် တို့ အနေနဲ့ သတိကြီးကြီးထားပြီး ရင်ဆိုင်နိုင်ဖို့ ဘယ်ကိစ္စကိုမှ မျက်ခြေပြတ်ခံလို့ မဖြစ်ပါဘူး။ စစ်ရေးအရ လုပ် ဆောင်ရမယ့်ကိစ္စတွေကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်သလို တစ်ဖက်က နိုင်ငံရေးကစားကွက်တွေကိုလည်း လေ့လာပြီး ပြင်ဆင်သင့်တာ ပြင်ဆင်ဖို့လိုအပ်မှာ အမှန်ပါ။ အခုဆိုရင် တိုင်းရင်းသား အင်အားစုတွေနဲ့ သွေးခွဲဖို့ နည်းလမ်းစုံကို သုံးနေတာကြောင့် ကျနော်တို့အနေနဲ့ ကျနော်တို့ရဲ့ မဟာမိတ်တွေနဲ့ ခိုင်ခိုင်မာမာ လက်ချင်းချိတ် ထားနိုင်ဖို့ လိုပါတယ်” ဟု ပြောသည်။

Thai PBS သတင်းဌာနနဲ့ ဗိုလ်ချုပ်ကြီးယွက်စစ် အင်တာဗျူး ဖြေနေစဉ်  

အဆိုပါ သွေးခွဲခြင်း ကိစ္စမှာ ယခင်ကတည်းက မိမိတို့ သိရှိခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့တွင် ၎င်းတို့(NUG)ထက် အချက်အလက် ပိုရှိကြောင်း ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။

၎င်းက “အဲဒါသူတို့ သတိပေးမှ မဟုတ်ပါဘူး။ ကျနော်တို့ နှစ်ပေါင်း ၅၀ - ၆၀ ကျော် တိုက်လာတာ ကျနော်တို့ သူတို့ထက် ပိုသိပါတယ်။ ကျနော်တို့ဆီမှာ အချက်အလက်တွေ သူတို့ထက် ပိုရှိတယ်၊ အမှန်က ပြဿနာက NUG နဲ့ တပ်မတော်ကြား ဖြစ်နေတာ။ တို့တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မဆိုင်ဘူး။ တို့လည်း သွားမပတ်သက်ဘူး။ အဖွဲ့တိုင်းနဲ့တော့ ဆွေးနွေးလို့ ရပါတယ်။ တော်လှန်ရေးက ဘာကြောင့် ဖြစ်လာရသလဲဆိုရင် ဆွေးနွေးဖို့ စားပွဲဝိုင်း မရှိလို့ပေါ့” ဟု ပြောသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့၊ PDF ပူးပေါင်းတပ်တို့ အကြား စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့မှာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

နယ်မြေ ၄ ခု၌ စစ်အုပ်ချုပ်ရေး(မာရှယ်လော)အမိန့် ပူတင်ကြေညာ

By CNI
CNI
Category: Watch TV
Hits: 565

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်နှင့် ပူးတွဲလက်နက်ထုတ်ရန် အမေရိကန်စဉ်းစားနေ

By CNI
CNI
Category: Watch TV
Hits: 547

Share
Tweet
Share
Share
powered by social2s

မြန်မာ့တပ်မတော်ပြိုကွဲပါက တိုင်းပြည်ပြိုကွဲမှာလား

By CNI
CNI
Category: Watch TV
Hits: 604

Share
Tweet
Share
Share
powered by social2s
ပူတင်ကိုတွေ့ရစဉ်

နယ်မြေ ၄ ခု၌ စစ်အုပ်ချုပ်ရေး(မာရှယ်လော)အမိန့် ပူတင်ကြေညာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1117

CNI International News

မော်စကို၊ အောက်တိုဘာ ၂၀

ရုရှားပိုင်ဆိုင်သည်ဟု အဆိုရှိသည့် နယ်မြေဒေသ ၄ ခု၌ စစ်အုပ်ချုပ်ရေးဥပဒေ (မာရှယ်လော) အမိန့် ထုတ်ပြန် ကြေညာပြီးဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ရုရှားလုံခြုံရေးကောင်စီသို့ အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

သမ္မတ၏ အမိန့်အရ ဒွန်နက်စ်နှင့် လူဟန့်စ် ပြည်သူ့သမ္မတနိုင်ငံများနှင့် ဇာပိုရေဇီးယား (Zaporozhye) ၊ ခါဆွန် (Kherson) စသည့် ဒေသများတွင် အောက်တိုဘာ ၂၀ ရက်မှစ၍ မာရှယ်လော စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း ရုရှားနိုင်ငံအခြေစိုက် တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

ထို့နောက် ယူကရိန်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ရုရှား၏ဒေသများမှ အလယ်အလတ် တုံ့ပြန်မှုအဆင့်ကို စောင့်ကြည့်သွားမည်ဖြစ်သည်။

 ဒွန်နက်စ်၊ လူဟန့်စ်၊ ခါဆွန်၊ ဇာပိုရေဇီးယား တို့ကိုတွေ့ပြသထားစဉ် (GETTY IMAGES)

လုံခြုံရေးကောင်စီသို့ ပူတင်ပြောကြားခဲ့သော မိန့်ခွန်းနှင့် အဆိုပါ ဒေသများအတွက် လတ်တလော ချမှတ်ထား သော ဥပဒေနှင့်အမိန့်များကို တာ့စ်သတင်းတွင် အနှစ်ချုပ် ဖော်ပြထားသည်။

“မော်စကို ဦးစီးကျင်းပခဲ့သော လူထုဆန္ဒခံယူပွဲတွင် ဒွန်နက်စ်နှင့် လူဟန့်ပြည်သူ့သမ္မတ နှစ်နိုင်ငံ၊ ဇာပိုရေဇီးယား၊ ခါဆွန်ဒေသများတွင် နေထိုင်သူများက ၎င်းတို့၏ဆန္ဒကို ပြတ်သားစွာ ထုတ်ဖော်ခဲ့ကြကြောင်း၊ ၎င်းတို့က ရုရှား နိုင်ငံနှင့် အတူပူးပေါင်း နေထိုင်လိုကြသည်ဟု ထုတ်ဖော်ခဲ့ကြကြောင်း” တာ့စ်သတင်းအရ သိရသည်။

ထို့ပြင် နာဇီလက်သစ်များသည် အကြမ်းဖက် နည်းလမ်းများကို ပြောင်ပြောင်တင်းတင်း အသုံးချ၍ အသက်ကယ် ထောက်ပံ့ရေး အဆောက်အအုံများကို ဖြိုခွင်းခဲ့ကြကြောင်း ပူတင်၏ ပြောကြားချက်တွင် ဖော်ပြထားသည်။

အဆိုပါ မာရှယ်လောအမိန့်ကို ပူတင်က လက်မှတ်ရေးထိုးပေးခဲ့ပြီး အတည်ပြုချက်ရယူရန် ရုရှားဖက်ဒရေး ကောင်စီ ထံသို့ ချက်ချင်းပေးပို့မည် ဖြစ်သည်။ တဆက်တည်းတွင် ဆုံးဖြတ်ချက် ချမှတ်ရန်အတွက် ရုရှားနိုင်ငံ၏ ဒူးမားလွှတ်ထံသို့ အကြောင်းကြား ပေးပို့ရမည်ဟု သိရသည်။

 ပူတင်နဲ့ ရုရှားလိုလာသော ဒေသလေးခုမှ ခေါင်းဆောင်များကိုတွေ့ရစဉ်

စစ်အုပ်ချုပ်ရေး စတင်ကျင့်သုံးသော နယ်မြေများအလိုက် အရေးယူ ဆောင်ရွက်မှုများ မကြာမီ လာမည်ဖြစ်၍ နယ်မြေအသီးသီးရှိ အာဏာပိုင်များအနေဖြင့် ၎င်းတို့၏ အဆိုပြုချက်များကို ၃ ရက် နောက်ဆုံးထား၍ တင်ပြသွား ရမည်ဖြစ်သည်။

ယနေ့ ရုရှားနိုင်ငံသည် အဆင့်တိုင်းမှ အာဏာပိုင်များ၊ အထူးသဖြင့် နယ်မြေဆိုင်ရာ အကြီးအကဲများ ကိုယ်တိုင် အာရုံစူးစိုက်၍ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း သမ္မတက မှတ်ချက်ချခဲ့သည်။

“ကျနော်တို့ အားသွန်စိုက်၊ မှန်မှန်ကန်ကန်နဲ့ ဟန်ချက်ညီညီ လုပ်သွားမှာဖြစ်တယ်။ အရေးကြီးဆုံးနဲ့ ဦးစားပေး နယ်မြေတွေမှာ ဖြည့်စွက် ညှိနှိုင်းမှုများနှင့် ကြိုးစား အားထုတ်မှုတွေကို အာရုံစိုက် ဆောင်ရွက်ကြဖို့က လိုအပ် ချက် တစ်ခုဖြစ်ပါတယ်” ဟု ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။

Source: တာ့စ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရက်စ်သည် အောက်တိုဘာလ ၁၉ ရက်နေ့တွင် အောက်လွှတ်တော်၌ အမေးအဖြေ ပြုလုပ်နေစဉ်(ဓါတ်ပုံ-အေပီ)

ဝန်ကြီးချုပ်ရာထူး ဆက်ယူထားရန် ထရက်စ်ပြော၊ အစိုးရအဖွဲ့ဝင်တစ်ဦး နုတ်ထွက်သွား

By CNI
CNI
Category: နိုင်ငံရေး
Hits: 1031

CNI International News

လန်ဒန်၊ အောက်တိုဘာ ၂၀

ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရက်စ်သည် တိုင်းပြည်စီးပွားရေးအစီအစဉ်နှင့်ပတ်သက်၍ ၎င်း၏အာဏာရ ကွန်ဆာဗေးတစ်ပါတီမှ ရန်လိုသောအတိုက်အခံပြုသူများထံမှ ဒေါသနှင့် ရင်ဆိုင်နေရစဉ်အတွင်း အောက်တိုဘာ ၁၉ ရက်တွင် သူ့ကိုယ်သူ တိုက်ခိုက်လိုသူနှင့်စွန့်စားသူမဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အံတုရင်ဆိုင်သော ကြေညာချက် ပြောကြားအပြီး နာရီပိုင်းအတွင်း ထရက်စ်၏အစိုးရသည် ပြိုလဲလုနီးနီး အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။

ထရက်စ်အပေါ် ဝေဖန်မှုများ စုပြုံနေချိန်အတွင်း အစိုးရအဖွဲ့ဝင်တစ်ဦးလည်း ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

ဗြိတိန်အောက်လွှတ်တော်မဲခွဲဆုံးဖြတ်မှုတွင် ရာဇဝတ်မှုနှင့် အနိုင်ကျင့်ခံရမှု စွပ်စွဲချက်များမှာလည်း ကျဆင်း သွားခဲ့သည်။

ပြည်ထဲရေးအတွင်းဝန် ဆူလာဘရေဗာမန်း (Suella Braverman) သည် ၎င်း၏ကိုယ်ရေးကိုယ်တာအီးမေးလ် account အစိုးရဆိုင်ရာစာရွက်စာတမ်းပေးပို့မိသဖြင့် စည်းမျဉ်းချိုးဖောက်မိ၍ ရာထူးမှ နုတ်ထွက်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် ထရက်စ်အပေါ် ဝေဖန်ရန်အတွက် ၎င်း၏နုတ်ထွက်လွှာကို အသုံးချခဲ့ပြီး အစိုးရ ဦးတည်ချက်များကို စိုးရိမ်မိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ပြည်ထဲရေးအတွင်းဝန် ဆူလာဘရေဗာမန်း အောက်တိုဘာလ ၁၈ ရက်နေ့က လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းသို့ ရောက်ရှိလာစဉ်(ဓါတ်ပုံ-အေပီ)

“အစိုးရရဲ့စီးပွားရေးဦးတည်ချက်ဟာ အမှားတွေရှိနေပြီး တာဝန်ရှိတယ်လို့ ပြည်သူတွေ ယုံကြည်လက်ခံထား ကြပါတယ်။ တကယ်တော့ ကျမတို့ အစိုးရကလည်း အမှားတွေမလုပ်မိခဲ့ဘူးဆိုပြီး ဟန်ဆောင်နေတာရှင့်။ ကျမတို့ လုပ်ထားမိတာတွေကို ပြည်သူတွေ မမြင်သလိုလို ဆက်လုပ်နေတာ။ မှော်ဆန်တဲ့အရာတွေ အမှန်ဖြစ်လာလိမ့် မယ်လို့ မျှော်လင့်နေတာဟာ လေးနက်တဲ့နိုင်ငံရေး မဟုတ်ပါဘူး” ဟု ဆူလာဘရေဗာမန်းက ဆက်လက် ပြောကြားခဲ့သည်။

ဘရေဗာမန်းသည် ကွန်ဆာဗေးတစ်ပါတီထဲတွင် လက်ယာယိမ်းသည်ဟု ရေပန်းစားသူတစ်ဦးဖြစ်ပြီး ယခုနွေရာသီ ၌ ပါတီခေါင်းဆောင်ပိုင်းကို လူဝင်မှုကြီးကြပ်ရေးမူဝါဒများဖြင့် ထိုးနှက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အဆိုပါ ထိုးနှက်မှုတွင် ထရက်စ်က အနိုင်ရခဲ့သည်။
ထို့နောက် အစိုးရအဖွဲ့ဝင်များအတွင်း ဘရေဗာမန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဝန်ကြီးဟောင်း ဂရန့်ရှက်စ်က ပြည်ထဲရေးအတွင်းဝန်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။

ဘရေဗာမန်းသည် ကွန်ဆာဗေးတစ်ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ကြရာတွင် နောက်ဆုံးအကျော့၌ ထရက်စ်ကို ရှုံးနိမ့်ခဲ့သော ဘဏ္ဍာရေးအဆင့်မြင့်အရာရှိဟောင်း ရီရှီဆန်းနက်ကို တခဲနက်ထောက်ခံခဲ့သူ တစ်ဦးလည်းဖြစ်သည်။

ကွန်ဆာဗေးတစ်လွှတ်တော်အမတ်များ၏ဆန့်ကျင်ဝေဖန်ခံနေရသူ ထရက်စ်သည် လွှတ်တော်အတွင်း အောက်တိုဘာ ၁၉ ရက်၊ ညနေပိုင်း၌ ကမောက်ကမနိုင်လှသော မဲခွဲဆုံးဖြတ်မှုနှင့်အတူ နိုင်ငံရေးအရှုပ်အထွေး များနှင့် ရင်ဆိုင်နေရသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်းစစ်တပ် ချေးငွေအမှု စုံစမ်းစစ်ဆေးနေ

By CNI
CNI
Category: Watch TV
Hits: 611

Share
Tweet
Share
Share
powered by social2s

OPEC ဖြတ်တောက်မှုကို တုံ့ပြန်သည့်အနေဖြင့် အရန်ရေနံစိမ်းထုတ်သုံးရန် ဘိုင်ဒန်ခွင့်ပြု

By CNI
CNI
Category: Watch TV
Hits: 587

Share
Tweet
Share
Share
powered by social2s

ထိုင်းနယ်စပ်အနီး ပေါက်ကွဲမှု မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် အခက်ကြုံ

By CNI
CNI
Category: Watch TV
Hits: 555

Share
Tweet
Share
Share
powered by social2s

ရုရှားသို့ ဒုံးနှင့်ဒရုန်း ထပ်ပို့ရန် အီရန်သဘောတူ

By CNI
CNI
Category: Watch TV
Hits: 566

Share
Tweet
Share
Share
powered by social2s
  • 43
  • 44
  • 45
  • 46
  • 47
  • 48
  • 49
  • 50
  • 51
  • 52

Page 48 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar