CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

KNU ကွန်ဂရက် ရွှေ့ဆိုင်းရခြင်းအပေါ် ပဒိုစောတောနီး ဘာပြောလဲ

By CNI
CNI
Category: Watch TV
Hits: 886

Share
Tweet
Share
Share
powered by social2s
၂၀၁၅ ခုနှစ် မော်စကိုမြို့ အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားတွင် ရုရှားလုပ် Yars RS-24 တိုက်ချင်းပစ် ဒုံးကျည်ကို တင်ဆောင်လာစဉ်(ဓါတ်ပုံ-AFP)

ယူကရိန်းမှာ နျူမသုံးဟု ပူတင်ပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1648

CNI International News

မော်စကို၊ အောက်တိုဘာ ၂၈

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းမှာ နျူကလီးယားလက်နက်အသုံးပြုရန် ရည်ရွယ်ချက်မရှိကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

သို့သော် ယူကရိန်းပဋိပက္ခသည် ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးချုပ်ကိုင်ဖို့ အနောက်အုပ်စု ကြိုးပမ်းအားထုတ်မှု၏ တစိတ်တပိုင်းအဖြစ် ပူတင်က ပြောကြားခဲ့ပြီး ထိုသို့ကြိုးစားမှု ကျရှုံးရမည်ဟု အခိုင်အမာပြောကြားခဲ့သည်။

နိုင်ငံတကာ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်သူများ၏ညီလာခံတွင် ရုရှားသမ္မတ ပူတင်က “ယူကရိန်းကို နျူကလီးယားဖြင့် တိုက်ခိုက်ခြင်းသည် အဓိပ္ပါယ်မဲ့ကြောင်း” ဟု ပြောကြားခဲ့သည်။

“အဲဒါကို ထုတ်သုံးဖို့ မလိုဘူးလို့ ကျနော်တို့မြင်ပါတယ်။ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ ဘာမှ အဓိပ္ပါယ်မရှိပါ ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ရုရှားကို ကာကွယ်ဖို့ ရနိုင်သမျှ နည်းလမ်းတွေ သုံးဖို့ အဆင်သင့်ဖြစ်နေပြီ” ဟု ပူတင်၏အစောပိုင်း သတိ ပေးချက်သည် နျူကလီးယားကို အတင်းအဓမ္မသုံးရန် မရည်ရွယ်ဘဲ နျူကလီးယားလက်နက်အကြောင်း အနောက် အုပ်စုနိုင်ငံများ၏ထုတ်ပြန်ချက်များကို တုံ့ပြန်ခြင်းသာဖြစ်ကြောင်း ယခုအခါ ရှင်းလင်းပြောကြားလာခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က မော်စကိုမြို့ရှိ အမျိုးသားကာကွယ်ရေး၊ ထိန်းချုပ်ရေးဗဟိုဌာနသို့ လာရောက်လည်ပတ်ခဲ့စဉ်(ဓါတ်ပုံ-ရိုက်တာ)

“ဗြိတိန်မှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ရင် နျူကလီးယားလက်နက်သုံးဖို့ အဆင်သင့်ဖြစ်မယ်” ဟု ပြီးခဲ့သည့်ဩဂုတ်လ အတွင်း လစ်ဇ်ထရက်စ်၏ ပြောကြားချက်သည် ကရင်မလင်သမ္မတနန်းတော်အတွက် အထူးစိုးရိမ်ကြောင့်ကြစရာ ဖြစ်ခဲ့သည်။

“ကျနော်တို့ ဘာတွေစဉ်းစားရမှာလဲ။ ဒါဟာ ညှိနှိုင်းတဲ့အနေအထားလိုလိုနဲ့ ကျနော်တို့ကို ခြိမ်းခြောက်ဖို့ ကြိုးစား တာလို့ပဲ မြင်ပါတယ်” ဟု ပူတင်က ကောက်ချက်ချခဲ့သည်။

အမေရိကန်ဦးဆောင် မဟာမိတ်များကို ဆန့်ကျင်ဘက်သဘောထားမှတ်ချက်များဖြင့် ပြည့်နှက်နေခဲ့သော ၎င်း၏ရှည်လျားလှသည့် မိန့်ခွန်းထဲတွင် ဗလာဒီမာပူတင်က “အနောက်အုပ်စုသည် အန္တရာယ်အရှိဆုံး သွေးထွက်သံယိုမှုဖြစ်စေပြီး မကောင်းသည့်အကြံအစည်ဖြင့် လွှမ်းမိုးချုပ်ကိုင်လိုသည့် ဂိမ်းတွင် အခြားနိုင်ငံများကို ၎င်းတို့လိုလားသည့် ဝေါဟာရအဓိပ္ပါယ်များဖြင့် သတ်မှတ်ပြဋ္ဌာန်းရန် ကြိုးစားနေကြောင်း” စွပ်စွဲခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းသို့ ၎င်း၏တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့သည့် ပူတင်က “ဝါရှင်တန်နှင့် ၎င်း၏မဟာမိတ်များသည် စည်းမျဉ်းများကို အခြေခံသည့် ကမ္ဘာ့အစီအစဉ်အတွက် ၎င်းတို့သဘောဆန္ဒတိုင်း နိုင်ငံအားလုံး နာခံကြဖို့ ကြိုးပမ်းမှု၏တစိတ်တပိုင်းအဖြစ် ယူကရိန်းကို အနောက်အုပ်စု ထောက်ခံခဲ့ကြကြောင်း” အပြစ်တင်ခဲ့သည်။

“အနောက်အုပ်စုဟာ ကမ္ဘာ့လူသားတွေကို သူတို့လိုသလို မထိန်းနိုင်တော့ပေမယ့် အဲဒီဆန္ဒကို အကောင်အထည် ဖော်ဖို့ ကြိုးစားနေကြတုန်းပါ။ နိုင်ငံအများစုကတော့ သည်းမခံနိုင်တဲ့အခါမှာ ကမ္ဘာကြီးဟာ အချိုးအကွေ့တစ်ခု ရောက်နေပြီ” ဟု ၎င်းက စောဒကတက်ခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာကိုယ်စားလှယ် လွတ်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုတွေ့ရစဉ် (AFP)

မြန်မာကို တိကျခိုင်မာသည့် အချိန်ဇယားတစ်ခု အာဆီယံချပြ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1650

CNI International News

ဂျကာတာ၊ အောက်တိုဘာ ၂၈

မြန်မာနိုင်ငံအတွင်း ပြည်တွင်းအကြမ်းဖက်မှုများ အဆုံးသတ်ရေး အစီအစဉ် တိုးတက်လုပ်ဆောင်နိုင်အောင် မထုတ်ပြန်ရသေးသည့် အချိန်ဇယားတစ်ခုကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အောက်တိုဘာ ၂၇ ရက်တွင် ချမှတ်ခဲ့ကြောင်း ဘန်ကောက်ပို့စ်က ရေးသားဖော်ပြသည်။

ထို့နောက် မြန်မာနိုင်ငံကို ခိုင်မာသည့်ပုံစံတစ်ခုဖြင့် ထိန်းထားရေးအတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကြား သဘောတူညီခဲ့ကြသည်ဟု သိရသည်။

ယမန်နှစ်က NLD အစိုးရ ဖြုတ်ချခံရပြီးနောက် မြန်မာ့တပ်မတော် လက်ခံခဲ့သည့် သဘောတူညီမှု အချက် ၅ ချက် ကို အပြည့်အဝ အကောင်အထည်ဖော်ရန် ဂျကာတာတွင် ယခုကျင်းပသည့် အစည်းအဝေး၌ အာဆီယံ နိုင်ငံခြား ရေးဝန်ကြီးများက အကြံပြု ဆွေးနွေးခဲ့ကြသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ကမ္ဘောဒီးယား ထုတ်ပြန်သော ကြေညာချက် တစ်စောင်တွင် လာမည့် အာဆီယံထိပ်သီး အစည်းအဝေးကို ရှေ့လ နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပမည် ဖြစ်ပြီး ဒေသတွင်း၊ ကမ္ဘာ့ခေါင်းဆောင်များကို ဖိတ်ကြားနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပါရှိသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကိုတွေ့ရစဉ် (GETTY IMAGES)

“တကယ်တော့ မြေပြင် ပကတိ အခြေအနေဟာ အတိမ်းအစောင်း မခံနိုင်ဘဲ ထိရှလွယ်တုန်းပါ။ ဒါဟာ အာဆီယံ အသင်းနဲ့ အထူးသံတမန်တို့က ကတိကဝတ် ကင်းမဲ့မှုကြောင့် မဟုတ်ဘဲ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်များစွာ တိုင်အောင် ကြာရှည်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ရှုပ်ထွေး ခက်ခဲမှုတွေကြောင့်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး”ဟု ၎င်း ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။

“အာဆီယံအနေနဲ့ စိတ်ဓာတ် မကျသင့်ဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ မြန်မာနိုင်ငံကို ဆက်လက် ကူညီသွားနိုင်အောင် စိတ်ပိုင်းဖြတ်ထားပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်လည်းဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန် (Prak Sokhonn) က ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရပ်သားအစိုးရကို ယမန်နှစ်၌ ဖြုတ်ချပြီးကတည်းက အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုများ အဆုံးသတ်စေဖို့ နစကကို စည်းရုံးရန် အာဆီယံအသင်းအပေါ် ဖိအားကျရောက်လာခဲ့ သည်။

မြန်မာနိုင်ငံမှ နိုင်ငံရေးနယ်ပယ် တာဝန်မယူထားသူ ကိုယ်စားလှယ် တစ်ဦးဦးကို အောက်တိုဘာ ၂၇ ရက် အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးသို့ ဖိတ်ကြားခဲ့သော်လည်း အပြုသဘော တုံ့ပြန်မှု မရှိကြောင်း ကြေညာ ချက်တွင် ဆက်လက် ရေးသားထားသည်။

ယမန်နှစ် ဧပြီလတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အထူးအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး အရပ်သားများနှင့် ပဋိပက္ခများ ရပ်တန့်စေရေး အစီအမံများကို အာဆီယံအဖွဲ့ဝင်နိုင်ငံ အသီးသီး က သဘောတူ လက်ခံခဲ့ကြသည်။

Source: Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားသမ္မတ ဗလာဒီမာပူတင်(ဓါတ်ပုံ-ရိုက်တာ)

ကမ္ဘာသည် အန္တရာယ်အရှိဆုံး ဆယ်စုနှစ်ရောက်လာပြီဟု ပူတင်သတိပေး

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1670

CNI International News

မော်စကို၊ အောက်တိုဘာ ၂၈

ကမ္ဘာကြီးသည် ဒုတိယကမ္ဘာစစ်အပြီး ယခုဆယ်စုနှစ်အတွင်း အန္တရာယ်အရှိဆုံးအနေအထားသို့ ဆိုက်ရောက် လာဖွယ်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာ ၂၇ ရက်တွင် သတိပေးခဲ့သည်ဟု အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

ယူကရိန်းပဋိပက္ခအား အနောက်အုပ်စုနိုင်ငံများ၏ လွှမ်းမိုးချုပ်ကိုင်မှုအဖြစ် ဆန့်ကျင်သည့် ရုန်းကန်မှု ၏တစိတ်တပိုင်းအဖြစ် ထုတ်ဖော်ပြသရာတွင် ပူတင်က အထက်ပါအတိုင်း သတိပေးခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ရေးရာများတွင် အနောက်အုပ်စု၏ လွှမ်းမိုးချုပ်ကိုင်မှု နိဂုံးချုပ်သွားပြီဟု ပူတင်က စောဒကတက်ခဲ့ပြီး ရုရှားအနေဖြင့် အနောက်အုပ်စုကို စိန်ခေါ်ရုံတင်မကဘဲ မိမိ၏ကိုယ်ပိုင်ဖြစ်တည်ခွင့်အတွက် တိုက်ပွဲဝင် နေခြင်းဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

စစ်ပွဲအစ၌ မော်စကိုသိမ်းယူခဲ့သော နယ်မြေများကို ယူကရိန်းတပ်များက ပြန်လည်သိမ်းယူနိုင်ခဲ့ပြီးနောက် ရုရှားတပ်အင်အား ထပ်မံစုဆောင်းနေရသည့်အချိန်တွင် ပူတင်က ထိုသို့ ပြောကြားလာခဲ့သည်။

“ဒုတိယကမ္ဘာစစ်ပြီးကတည်းက မိမိတို့၏ရှေ့ခရီးသည် အန္တရာယ်အရှိဆုံး၊ ကြိုတင်မှန်းဆမရနိုင်ခြင်းနှင့်အတူ အရေးကြီးသောဆယ်စုနှစ်ဖြစ်နိုင်ကြောင်း” ပူတင်က နှစ်စဉ်ကျင်းပနေကျဖြစ်သည့် ဗယ်ဒိုင်းဆွေးနွေးရေးကလပ် (Valdai Discussion Club) အဖွဲ့ဝင်များ၏အမေးအဖြေကဏ္ဍတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရုရှားကို တိုက်ခိုက်ရာမှာ ကျဆုံးခဲ့သည့် ယူကရိန်း စစ်မှုထမ်းသုံးဦး၏ ရုပ်အလောင်းများကို ယူကရိန်း စစ်သားများက Lviv မြို့မှာ ဒူးထောက်ချ ဦးညွတ်ခဲ့ကြစဉ်(ဓါတ်ပုံ-AFP)

လက်ရှိအခြေအနေသည် အတိုင်းအတာတစ်ခုအထိ တော်လှန်နေမှု၏တိကျသောအစိတ်အပိုင်းဖြစ်ကြောင်း၊ ယူကရိန်းထိုးစစ်သည် ကမ္ဘာ့အစီအစဉ်တစ်ခုလုံး၏ ဟန်ချက်ညီညီမဖြစ်ဘဲ ဝေးကွာစေခြင်း၏သဘောတရားကို ရိုးရှင်းစွာပြသနေကြောင်း ပူတင်က ဆက်လက်ပြောကြားခဲ့သည်။

“ကမ္ဘာ့ရေးရာမှာ အနောက်အုပ်စု သီးခြားလွှမ်းမိုးနေခဲ့တဲ့ သမိုင်းဝင်ကာလ ကုန်ဆုံးတော့မှာပါ။ ကမ္ဘာကြီးမှာ တဖက်သတ်ဖြစ်နေတာဟာ အတိတ်မှာ ကျန်ခဲ့တော့မယ့် ကိစ္စပါပဲ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“အနောက်အုပ်စုနိုင်ငံတွေက ကမ္ဘာ့လူသားတွေကို လွှမ်းမိုးအုပ်ချုပ်ဖို့ အပြင်းအထန် ကြိုးစားခဲ့ပေမယ့် သူတို့ အရာမထင်ခဲ့ပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ လူများစုက ဒါကို သည်းမခံနိုင်ကြတော့ဘူး။ လက်ရှိအကျပ်အတည်းဟာ ရုရှားအတွက် ဆက်လက်ရှင်သန်နိုင်ဖို့ တိုက်ပွဲသာ ဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။

“ရုရှားဟာ အနောက်အုပ်စုရဲ့ ရေပေါ်ဆီလူတန်းစား (the elites) တွေကို စိန်ခေါ်နေတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ခုခံကာကွယ်ဖို့ ရုရှား ကြိုးစားနေတာသာ ဖြစ်ပါတယ်” ဟု ပူတင်က မှတ်ချက်ချခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ဝင်များသည် မလျော်ကန်သည့်ဗုံးအမျိုးအစား သုံးရန် ကြိုးစားနေကြောင်း ရုရှား၏စွပ်စွဲချက် နှင့်ပတ်သက်၍ ပူတင်က ငြင်းခုံစရာတစ်ခုကိုလည်း ယခုတလော ပြောကြားနေခဲ့သည်။

ကိယက်ဗ်အစိုးရသည် ထိုသို့ဗုံးအမျိုးအစား သုံးရန် ပြင်ဆင်ခဲ့မှုအပေါ် သဲလွန်စများ ဖုံးဖိရန် ကြိုးစားနေသည် ဟုလည်း ၎င်းက စွပ်စွဲခဲ့သည်။

မော်စကိုဘက်မှ မေးခွန်းထုတ်လာခဲ့သည့် နေရာနှစ်ခုကို မိမိတို့ ပုံမှန်စစ်ဆေးကြည့်ရှုပြီးဖြစ်ကြောင်း အောက်တို ဘာ ၂၄ ရက်တွင် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က သတင်းထုတ်ပြန်ခဲ့သည်။

Source: AFP, Bangkok Post

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

စီအိုင်အေအကြီးအကဲ ယူကရိန်းသို့ သွားရောက်

By CNI
CNI
Category: Watch TV
Hits: 643

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်ကို သိမ်းရန် တရုတ်အရှိန်မြှင့်လိုဟု အမေရိကန်ပြော

By CNI
CNI
Category: Watch TV
Hits: 624

Share
Tweet
Share
Share
powered by social2s

ထိုင်းအစိုးရသစ်ဖွဲ့ရေး ဆွေးနွေးမှု အချိန်မတန်သေးဟု အာဏာရပါတီပြော

By CNI
CNI
Category: Watch TV
Hits: 625

Share
Tweet
Share
Share
powered by social2s

လုံခြုံမှုမရှိဘဲ ဘူးသီးတောင်တိုက်ပွဲရှောင်များကို နေရပ်ပြန်ခိုင်းမှု ဒုက္ခရောက်နိုင်ဟုပြော

By CNI
CNI
Category: Watch TV
Hits: 617

Share
Tweet
Share
Share
powered by social2s

မြန်မာမပါဘဲ မြန်မာနိုင်ငံအကျပ်အတည်းကို အာဆီယံဝန်ကြီးများ ဆွေးနွေး

By CNI
CNI
Category: Watch TV
Hits: 706

Share
Tweet
Share
Share
powered by social2s
PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကိုတွေ့ရစဉ်(PNFC)

ကရင်နီနှင့် ပအိုဝ်းအကြား သွေးခွဲမှု သတိထားရန် PNFC ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1885

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇

ကရင်နီလူမျိုးစုနှင့် ပအိုဝ်းလူမျိုးစုအကြား သွေးခွဲသပ်လျှို ရန်တိုက်မှုများကို သတိကြီးစွာထား၍ စည်းလုံးရမည့် အချိန်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က တိုက်တွန်းခဲ့သည်။

ယနေ့ (အောက်တိုဘာ ၂၇ ရက်) နေ့တွင် ကျရောက်သည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း-၁၀ (KNDF B-10) ၏ ဖွဲ့စည်းခုံတော်လှန်မှု နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

PNFC မှ ပေးပို့သည့် သဝဏ်လွှာတွင် “နယ်မြေအချင်းချင်း ပဋိပက္ခများကို ဖန်တီး၍ လူမျိုးတစ်မျိုး အတွင်းရှိ မတူကွဲပြားသော အစုအဖွဲ့များ အကြားတွင် သွေးခွဲသပ်လျှို ရန်တိုက်ပေးခြင်း၊ နယ်မြေချင်း ပဋိပက္ခများမှ တဆင့် လူမျိုးတစ်မျိုးနှင့် တစ်မျိုး အကြား လူမျိုးစုပဋိပက္ခများ ဖြစ်ပွားစေရန် သွေးခွဲသပ်လျှို ရန်တိုက်ပေးခြင်းတို့ကို ဖန်တီးလျက်ရှိသည်။ ကရင်နီ နှင့် ပအိုဝ်းတို့သည် ဆွေရင်းမျိုးရင် ညီကိုမောင်နှမရင်းများ ဖြစ်ကြသကဲ့သို့ “တစ်ဦး နှင့်တစ်ဦး မပစ်ပယ်ကြစတမ်း ကတိကဝတ်များ” ကို သမိုင်းစဉ် တစ်လျှောက်လုံး ထိန်းသိမ်း၍ အေးတူပူအမျှ နေထိုင်ခဲ့ကြသည့် မိသားစုများ ဖြစ် သည့် အလျှောက် ကရန်နီနှင့် ပအိုဝ်းအကြား သွေးခွဲသပ်လျှို ရန်တိုက်မှုများ ကို သတိကြီးစွားထား၍ စည်းလုံးရ မည့် အချိန်ဖြစ်သည်” ဟု ဖော်ပြထားသည်။

KNDF-B 10 တပ်ဖွဲ့ကိုတွေ့ရစဉ်(KNDF)

ထို့အတူ ပအိုဝ်းပြည်သူများနှင့် ကရင်နီပြည်သူများ အပါအဝင် လူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်‌ရေးတွင် အစဉ်တစိုက် လက်တွဲ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC)ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တွင် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ခွန်မြင့်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ပအိုဝ်း နွေဦးတော်လှန်ရေး အင်အားစုများဖြင့် စုဖွဲ့ထားသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်ခဲ့သည့် ကရင်နီ လက်နက်ကိုင် အစုအဖွဲ့ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘူးသီးတောင်မြို့နယ်အတွင်းက တိုက်ပွဲရှောင်စခန်းတစ်ခုကိုတွေ့ရစဉ်(နိရဉ္စရာ)

လုံခြုံမှုမရှိဘဲ ဘူးသီးတောင်တိုက်ပွဲရှောင်များကို နေရပ်ပြန်ခိုင်းမှု ဒုက္ခရောက်နိုင်ဟုပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1181


CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇

ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်များကို နယ်မြေလုံခြုံမှု မရှိဘဲ နေရပ်ပြန်ခိုင်း ခြင်းကြောင့် ပြည်သူများ ဒုက္ခရောက်မည့် သဘောဖြစ်နေကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ တိုက်ပွဲရှောင်များမှာ နေစရာ အိမ်မရှိတော့သည့် သူများ ပါဝင်ကြောင်း၊ တကျော့ပြန် တိုက်ပွဲမှာလည်း ပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေကြောင်း ၎င်းက ပြောသည်။

ဦးသာထွန်းလှက “အဲဒီမှာ စစ်ဘေးရှောင်တွေက အမှန်ပြောရရင် ဟိုမှာ တချို့ကျေးရွာတွေဆိုရင် နေစရာအိမ်ကို မရှိတော့ဘူး။ တချို့ကျေးရွာတွေကလည်း တိုက်ပွဲကာလတုန်းကလည်း ဖျက်ဆီးခံလိုက်ရတဲ့ သဘောမျိုးရှိတဲ့ ရွာတွေဖြစ်တယ်၊ အဲဒါကြောင့် အဲဒီလို ရွာတွေကို ဘာမှ နေစရာ၊ ထိုင်စရာအိမ် စီစဉ်ပေးတာလည်း မရှိဘဲနဲ့ လုပ်ကိုင် စားသောက်ဖို့ အတွက်လည်း ဘာမှ အကူအညီ မပေးဘဲနဲ့ နယ်မြေလုံခြုံမှုလည်း မရှိဘူး။ အခု ရခိုင်ပြည် မှာက တကျော့ပြန် တိုက်ပွဲကလည်း ပိုလို့ ပြင်းထန်လာနိုင်တယ်၊ အဲဒီလို အခြေအနေမျိုးမှာ အတင်းအဓမ္မပုံစံမျိုး လို အဲဒီလို ဖိအားပေးပြီး နေရပ်ပြန်ခိုင်းတာဆိုတော့ ပြည်သူတွေအတွက် အကြီးအကျယ် ဒုက္ခရောက်မယ့် သဘော ဖြစ်နေတယ်။ ကျနော်တို့ သိသလောက် ပြောမယ်ဆိုရင် အဲဒီလူတွေက ကိုယ့်ရပ်ကွက်ကို ပြန်လို့ရတဲ့ အခြေအနေ လုံးဝမရှိသေးဘူးလို့ ကျနော်ကတော့ အဲဒီလိုမြင်တယ်"ဟု CNI သတင်းဌာနသို့ ပြောသည်။

 ဘူးသီးတောင်မြို့ဆိုင်းဘုတ်ကိုတွေ့ရစဉ် (Cape Diamond)

ဘူးသီးတောင်မြို့ပေါ်ရှိ တိုက်ပွဲရှောင် စခန်းများမှ တာဝန်ခံများကို နစက-က ခေါ်၍ အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်ပြန်ကြရန် ပြောခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင်များကို နေရပ်ပြန်ခိုင်းခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းထံ CNI သတင်းဌာနက ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်း လက်ခံ ဖြေကြားခြင်း မရှိပေ။

မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်များကိုတော့ နေရပ်ပြန်ရန် ညွှန်ကြားချက် မရှိသေးကြောင်း၊ လက်ရှိ အနေအထားအရ နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း စင်းဘောကိုင်း တိုက်ပွဲရှောင်စခန်းတာဝန်ခံ ဦးညီပုက ပြောသည်။

၎င်းက “ကျနော်တို့ဖက်တွေကိုတော့ အဲဒီဟာတွေ အကြောင်းကြားစာတွေတော့ မရောက်သေးပါဘူးခင်ဗျ၊ နေရပ် ပြန်ဖို့ ကိစ္စကတော့ မသေချာသေးဘူး ထင်တယ်၊ ဘာလို့လဲဆိုတော့ နှစ်ဖက်က စစ်ရေးတွေ တင်းမာနေကြတဲ့ အချိန်ကြတော့ ဒုက္ခသည်တွေက နေရပ်ပြန်ဖို့လည်း စိုးရိမ်နေကြတာ ရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်နေရာကိုတွေ့ရစဉ်

လက်ရှိတွင် တိုက်ပွဲရှောင်များမှာ မိမိတို့၏ လယ်ယာလုပ်ငန်းခွင်သုံး ကျွဲ၊ နွားများလည်း မရှိတော့ကြောင်း၊ ၎င်း အခြေအနေတွင် ဖိအားပေး နေရပ်ပြန်ခိုင်းခြင်းမှာ လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့ရာကျကြောင်း ဦးသာထွန်းလှက ပြောသည်။

၎င်းက “တိုက်ပွဲရှိနေရင် ဒီလူတွေ အဲဒီဒေသက ကိုယ့်ရပ်၊ ကိုယ့်ရွာကို ပြန်လို့ရတဲ့ အခြေအနေမရှိဘူး။ အဲဒါ ကြောင့် အရေးကြီးတာက တိုက်ပွဲတွေ မရှိမှ၊ ပြီးရင် ရပ်ရွာတွေထဲမှာ အရင်တုန်းကလည်း တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ အတွက်ကြောင့် လက်နက်ကြီးတွေ၊ မပေါက်ကွဲသေးတဲ့ ကျန်နေခဲ့တဲ့ အရာတွေနဲ့ ဒီလူတွေနဲ့ အသက်အန္တရာယ် ကတော့က စိုးရိမ်မှု ရှိမယ်လို့ ကျနော်မြင်တယ်၊ ပြီးရင် ဒီလူတွေမှာ လုပ်ကိုင်စားသောက်ဖို့ ကိရိယာတွေ ဘာမှ အဆင်သင့် မရှိဘူး။ အရင်တုန်းကဆိုရင် မွေးမြူထားတဲ့ ကျွဲတွေ၊ နွားတွေနဲ့ လယ်ယာတွေ ဘာတွေ လုပ်ကိုင် စားသောက်တာ ရှိတယ်၊ အခုအဲဒီလို လုပ်ငန်းခွင်သုံး ကျွဲ၊ နွားတွေကလည်း မရှိတော့တဲ့ အခြေအနေမှာ အခုလို အတင်းအဓမ္မ ပုံစံမျိုးနဲ့ ဖိအားပေးပြီး တစ်စုံတစ်ရာ ကူညီထောက်ပံ့မှု မရှိဘဲနဲ့ အဲဒီလို ပြန်ခိုင်းတာတော့က ပြည်သူ တွေ အပေါ်မှာ လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့ရာ ကျတယ်လို့ ကျနော်တော့ အဲဒီလို မြင်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လကနေ စက်တင်ဘာလအထိ တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ဦးရေ ၁၆၀၀၀ ကျော် တိုးလာခဲ့ ကြောင်း၊ ယခင်နှင့် လက်ရှိ ပဋိပက္ခကြောင့် ထွက်ပြေးရသူ စုစုပေါင်း ၉၀၀၀၀ ကျော် ရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်(ဓါတ်ပုံ-အေပီနှင့် ရိုက်တာ)

ထိုင်ဝမ်ကို သိမ်းရန် တရုတ်အရှိန်မြှင့်လိုဟု အမေရိကန်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1376

CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၂၇

ထိုင်ဝမ်ကို ဆယ်စုနှစ်များစွာ စစ်မတိုက်ဘဲ ရပ်တည်လာသည့်အနေအထားမှ တရုတ်ပြောင်းလဲလာခဲ့ကြောင်း၊ အဆိုပါကျွန်းကို သိမ်းယူရန် တရုတ်သည် အရှိန်မြှင့်တင်ပြီး ကြိုးပမ်းနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောကြားခဲ့သည်ဟု Bloomberg မီဒီယာကို ကိုးကားလျက် ဟိန္ဒူစတန်တိုင်းမ် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

“ဒီလို ပြောင်းလဲသွားတဲ့အနေအထားကို လက်ခံနိုင်စရာမရှိပါဘူး။ ဘေဂျင်းဟာ ဒီကျွန်းကို ပြန်လည်ပေါင်းစည်းဖို့ အရှိန်မြှင့်ချင်နေပါတယ်” ဟု အောက်တိုဘာ ၂၆ ရက်၌ ဝါရှင်တန်ရှိ Bloomberg မီဒီယာနှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ဘလင်ကင်က ပြောကြားခဲ့သည်။

“သူတို့ဟာ ထိုင်ဝမ်ကို ဖိအားပိုပေးဖို့အပါအဝင် ဘာတွေဆက်လုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ပြန်လည်ပေါင်းစည်းရေး မြန်ဆန်ဖို့ မျှော်လင့်ချက်နဲ့ နည်းလမ်းအမျိုးမျိုးသုံး အကျပ်ကိုင်တော့ ထိုင်ဝမ်အတွက် အခက်အခဲဖြစ်စေပါတယ်” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။

အထက်ပါမှတ်ချက်မှာ ထိုင်ဝမ်နှင့်ပတ်သက်၍ တရုတ်အပေါ် အမေရိကန်ထိပ်တန်းသံတမန်တစ်ဦး၏ နောက်ဆုံး အပြစ်တင်ရှုတ်ချမှုဖြစ်သည်။ တရုတ်သည် ယခင်က ထင်ထားသည်ထက် အချိန်ပိုစောပြီး ထိုင်ဝမ်ကို သိမ်းယူနိုင် ခြေကိုလည်း ဘလင်ကင်က စောဒကတက်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်(ဓါတ်ပုံ-AFP)

ဝါရှင်တန်နှင့် ဘေဂျင်းတို့အကြား ပိုမိုကျယ်ပြန့်သော စကားစစ်ထိုးမှု၏ တစိတ်တပိုင်းအဖြစ် ယခုကဲ့သို့ ဘလင်ကင်၏မှတ်ချက်သည် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်(အစည်းအဝေး)အပြီးတွင် ထွက်ပေါ်လာခဲ့သည်။

မကြာသေးမီကပင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် ၎င်း၏အာဏာကို ပိုမိုခိုင်မာအောင် ချဲ့ထွင်စုစည်းခဲ့ပြီး ဖြစ်သည်။

တရုတ်နှင့်ထိုင်ဝမ်တို့ကတော့ အချိန်မရွေး ဝင်ရောက်ကျူးကျော်နိုင်ခြေကို ကျယ်ကျယ်လောင်လောင် ပြောဆို ကြခြင်း မရှိသေးပေ။

ပြီးခဲ့သော ဩဂုတ်လ၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အမေရိကန်ဆိုင်ရာ တရုတ်သံအမတ် ချီဂန် (Qin Gang) က “ဘေဂျင်းသည် တိုက်ခိုက်မှုစတင်ရန် အချိန်ဇယားမြှင့်တင်လိုက်သည့် ဝါရှင်တန်၏ပြောကြားချက်မှာ အခြေအမြစ်မရှိကြောင်း” ငြင်းဆိုခဲ့သည်။

တိုင်ပေရှိ တာဝန်ရှိသူများကလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်သည် လိုအပ်သည့်စစ်စွမ်းရည်များ ထုတ်ဖော်ပြသမှု နည်းပါးသေးကြောင်း ပြောကြားခဲ့ကြသည်။

Source: Hindustan Times

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်းရှိ US ဇီဝဓာတ်ခွဲခန်းစစ်ရန် UN လုံခြုံရေးကောင်စီထံ ရုရှားအကြံပြု

By CNI
CNI
Category: Watch TV
Hits: 656

Share
Tweet
Share
Share
powered by social2s

ကြားဖြတ်ရွေးကောက်ပွဲ အလားအလာကြောင့် ဘိုင်ဒန်၏အိမ်ဖြူတော် စိုးရိမ်နေ

By CNI
CNI
Category: Watch TV
Hits: 657

Share
Tweet
Share
Share
powered by social2s

ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းဖို့ ဖြစ်နိုင်လား

By CNI
CNI
Category: Watch TV
Hits: 665

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယားကြောင့် မဟာမိတ်များကို စစ်ရေးအပြည့်ပေးမည်ဟု အမေရိကန်ကတိပြု

By CNI
CNI
Category: Watch TV
Hits: 666

Share
Tweet
Share
Share
powered by social2s
  • 41
  • 42
  • 43
  • 44
  • 45
  • 46
  • 47
  • 48
  • 49
  • 50

Page 46 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar