- By CNI
- Category: နိုင်ငံရေး
- Hits: 1685
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇
ကရင်နီလူမျိုးစုနှင့် ပအိုဝ်းလူမျိုးစုအကြား သွေးခွဲသပ်လျှို ရန်တိုက်မှုများကို သတိကြီးစွာထား၍ စည်းလုံးရမည့် အချိန်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က တိုက်တွန်းခဲ့သည်။
ယနေ့ (အောက်တိုဘာ ၂၇ ရက်) နေ့တွင် ကျရောက်သည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း-၁၀ (KNDF B-10) ၏ ဖွဲ့စည်းခုံတော်လှန်မှု နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
PNFC မှ ပေးပို့သည့် သဝဏ်လွှာတွင် “နယ်မြေအချင်းချင်း ပဋိပက္ခများကို ဖန်တီး၍ လူမျိုးတစ်မျိုး အတွင်းရှိ မတူကွဲပြားသော အစုအဖွဲ့များ အကြားတွင် သွေးခွဲသပ်လျှို ရန်တိုက်ပေးခြင်း၊ နယ်မြေချင်း ပဋိပက္ခများမှ တဆင့် လူမျိုးတစ်မျိုးနှင့် တစ်မျိုး အကြား လူမျိုးစုပဋိပက္ခများ ဖြစ်ပွားစေရန် သွေးခွဲသပ်လျှို ရန်တိုက်ပေးခြင်းတို့ကို ဖန်တီးလျက်ရှိသည်။ ကရင်နီ နှင့် ပအိုဝ်းတို့သည် ဆွေရင်းမျိုးရင် ညီကိုမောင်နှမရင်းများ ဖြစ်ကြသကဲ့သို့ “တစ်ဦး နှင့်တစ်ဦး မပစ်ပယ်ကြစတမ်း ကတိကဝတ်များ” ကို သမိုင်းစဉ် တစ်လျှောက်လုံး ထိန်းသိမ်း၍ အေးတူပူအမျှ နေထိုင်ခဲ့ကြသည့် မိသားစုများ ဖြစ် သည့် အလျှောက် ကရန်နီနှင့် ပအိုဝ်းအကြား သွေးခွဲသပ်လျှို ရန်တိုက်မှုများ ကို သတိကြီးစွားထား၍ စည်းလုံးရ မည့် အချိန်ဖြစ်သည်” ဟု ဖော်ပြထားသည်။

KNDF-B 10 တပ်ဖွဲ့ကိုတွေ့ရစဉ်(KNDF)
ထို့အတူ ပအိုဝ်းပြည်သူများနှင့် ကရင်နီပြည်သူများ အပါအဝင် လူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးတွင် အစဉ်တစိုက် လက်တွဲ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC)ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တွင် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ခွန်မြင့်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ပအိုဝ်း နွေဦးတော်လှန်ရေး အင်အားစုများဖြင့် စုဖွဲ့ထားသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်ခဲ့သည့် ကရင်နီ လက်နက်ကိုင် အစုအဖွဲ့ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1018
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇
ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်များကို နယ်မြေလုံခြုံမှု မရှိဘဲ နေရပ်ပြန်ခိုင်း ခြင်းကြောင့် ပြည်သူများ ဒုက္ခရောက်မည့် သဘောဖြစ်နေကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ တိုက်ပွဲရှောင်များမှာ နေစရာ အိမ်မရှိတော့သည့် သူများ ပါဝင်ကြောင်း၊ တကျော့ပြန် တိုက်ပွဲမှာလည်း ပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေကြောင်း ၎င်းက ပြောသည်။
ဦးသာထွန်းလှက “အဲဒီမှာ စစ်ဘေးရှောင်တွေက အမှန်ပြောရရင် ဟိုမှာ တချို့ကျေးရွာတွေဆိုရင် နေစရာအိမ်ကို မရှိတော့ဘူး။ တချို့ကျေးရွာတွေကလည်း တိုက်ပွဲကာလတုန်းကလည်း ဖျက်ဆီးခံလိုက်ရတဲ့ သဘောမျိုးရှိတဲ့ ရွာတွေဖြစ်တယ်၊ အဲဒါကြောင့် အဲဒီလို ရွာတွေကို ဘာမှ နေစရာ၊ ထိုင်စရာအိမ် စီစဉ်ပေးတာလည်း မရှိဘဲနဲ့ လုပ်ကိုင် စားသောက်ဖို့ အတွက်လည်း ဘာမှ အကူအညီ မပေးဘဲနဲ့ နယ်မြေလုံခြုံမှုလည်း မရှိဘူး။ အခု ရခိုင်ပြည် မှာက တကျော့ပြန် တိုက်ပွဲကလည်း ပိုလို့ ပြင်းထန်လာနိုင်တယ်၊ အဲဒီလို အခြေအနေမျိုးမှာ အတင်းအဓမ္မပုံစံမျိုး လို အဲဒီလို ဖိအားပေးပြီး နေရပ်ပြန်ခိုင်းတာဆိုတော့ ပြည်သူတွေအတွက် အကြီးအကျယ် ဒုက္ခရောက်မယ့် သဘော ဖြစ်နေတယ်။ ကျနော်တို့ သိသလောက် ပြောမယ်ဆိုရင် အဲဒီလူတွေက ကိုယ့်ရပ်ကွက်ကို ပြန်လို့ရတဲ့ အခြေအနေ လုံးဝမရှိသေးဘူးလို့ ကျနော်ကတော့ အဲဒီလိုမြင်တယ်"ဟု CNI သတင်းဌာနသို့ ပြောသည်။

ဘူးသီးတောင်မြို့ဆိုင်းဘုတ်ကိုတွေ့ရစဉ် (Cape Diamond)
ဘူးသီးတောင်မြို့ပေါ်ရှိ တိုက်ပွဲရှောင် စခန်းများမှ တာဝန်ခံများကို နစက-က ခေါ်၍ အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်ပြန်ကြရန် ပြောခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲရှောင်များကို နေရပ်ပြန်ခိုင်းခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းထံ CNI သတင်းဌာနက ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်း လက်ခံ ဖြေကြားခြင်း မရှိပေ။
မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်များကိုတော့ နေရပ်ပြန်ရန် ညွှန်ကြားချက် မရှိသေးကြောင်း၊ လက်ရှိ အနေအထားအရ နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း စင်းဘောကိုင်း တိုက်ပွဲရှောင်စခန်းတာဝန်ခံ ဦးညီပုက ပြောသည်။
၎င်းက “ကျနော်တို့ဖက်တွေကိုတော့ အဲဒီဟာတွေ အကြောင်းကြားစာတွေတော့ မရောက်သေးပါဘူးခင်ဗျ၊ နေရပ် ပြန်ဖို့ ကိစ္စကတော့ မသေချာသေးဘူး ထင်တယ်၊ ဘာလို့လဲဆိုတော့ နှစ်ဖက်က စစ်ရေးတွေ တင်းမာနေကြတဲ့ အချိန်ကြတော့ ဒုက္ခသည်တွေက နေရပ်ပြန်ဖို့လည်း စိုးရိမ်နေကြတာ ရှိတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်နေရာကိုတွေ့ရစဉ်
လက်ရှိတွင် တိုက်ပွဲရှောင်များမှာ မိမိတို့၏ လယ်ယာလုပ်ငန်းခွင်သုံး ကျွဲ၊ နွားများလည်း မရှိတော့ကြောင်း၊ ၎င်း အခြေအနေတွင် ဖိအားပေး နေရပ်ပြန်ခိုင်းခြင်းမှာ လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့ရာကျကြောင်း ဦးသာထွန်းလှက ပြောသည်။
၎င်းက “တိုက်ပွဲရှိနေရင် ဒီလူတွေ အဲဒီဒေသက ကိုယ့်ရပ်၊ ကိုယ့်ရွာကို ပြန်လို့ရတဲ့ အခြေအနေမရှိဘူး။ အဲဒါ ကြောင့် အရေးကြီးတာက တိုက်ပွဲတွေ မရှိမှ၊ ပြီးရင် ရပ်ရွာတွေထဲမှာ အရင်တုန်းကလည်း တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ အတွက်ကြောင့် လက်နက်ကြီးတွေ၊ မပေါက်ကွဲသေးတဲ့ ကျန်နေခဲ့တဲ့ အရာတွေနဲ့ ဒီလူတွေနဲ့ အသက်အန္တရာယ် ကတော့က စိုးရိမ်မှု ရှိမယ်လို့ ကျနော်မြင်တယ်၊ ပြီးရင် ဒီလူတွေမှာ လုပ်ကိုင်စားသောက်ဖို့ ကိရိယာတွေ ဘာမှ အဆင်သင့် မရှိဘူး။ အရင်တုန်းကဆိုရင် မွေးမြူထားတဲ့ ကျွဲတွေ၊ နွားတွေနဲ့ လယ်ယာတွေ ဘာတွေ လုပ်ကိုင် စားသောက်တာ ရှိတယ်၊ အခုအဲဒီလို လုပ်ငန်းခွင်သုံး ကျွဲ၊ နွားတွေကလည်း မရှိတော့တဲ့ အခြေအနေမှာ အခုလို အတင်းအဓမ္မ ပုံစံမျိုးနဲ့ ဖိအားပေးပြီး တစ်စုံတစ်ရာ ကူညီထောက်ပံ့မှု မရှိဘဲနဲ့ အဲဒီလို ပြန်ခိုင်းတာတော့က ပြည်သူ တွေ အပေါ်မှာ လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့ရာ ကျတယ်လို့ ကျနော်တော့ အဲဒီလို မြင်တယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လကနေ စက်တင်ဘာလအထိ တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ဦးရေ ၁၆၀၀၀ ကျော် တိုးလာခဲ့ ကြောင်း၊ ယခင်နှင့် လက်ရှိ ပဋိပက္ခကြောင့် ထွက်ပြေးရသူ စုစုပေါင်း ၉၀၀၀၀ ကျော် ရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1162
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၂၇
ထိုင်ဝမ်ကို ဆယ်စုနှစ်များစွာ စစ်မတိုက်ဘဲ ရပ်တည်လာသည့်အနေအထားမှ တရုတ်ပြောင်းလဲလာခဲ့ကြောင်း၊ အဆိုပါကျွန်းကို သိမ်းယူရန် တရုတ်သည် အရှိန်မြှင့်တင်ပြီး ကြိုးပမ်းနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောကြားခဲ့သည်ဟု Bloomberg မီဒီယာကို ကိုးကားလျက် ဟိန္ဒူစတန်တိုင်းမ် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
“ဒီလို ပြောင်းလဲသွားတဲ့အနေအထားကို လက်ခံနိုင်စရာမရှိပါဘူး။ ဘေဂျင်းဟာ ဒီကျွန်းကို ပြန်လည်ပေါင်းစည်းဖို့ အရှိန်မြှင့်ချင်နေပါတယ်” ဟု အောက်တိုဘာ ၂၆ ရက်၌ ဝါရှင်တန်ရှိ Bloomberg မီဒီယာနှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ဘလင်ကင်က ပြောကြားခဲ့သည်။
“သူတို့ဟာ ထိုင်ဝမ်ကို ဖိအားပိုပေးဖို့အပါအဝင် ဘာတွေဆက်လုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ပြန်လည်ပေါင်းစည်းရေး မြန်ဆန်ဖို့ မျှော်လင့်ချက်နဲ့ နည်းလမ်းအမျိုးမျိုးသုံး အကျပ်ကိုင်တော့ ထိုင်ဝမ်အတွက် အခက်အခဲဖြစ်စေပါတယ်” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။
အထက်ပါမှတ်ချက်မှာ ထိုင်ဝမ်နှင့်ပတ်သက်၍ တရုတ်အပေါ် အမေရိကန်ထိပ်တန်းသံတမန်တစ်ဦး၏ နောက်ဆုံး အပြစ်တင်ရှုတ်ချမှုဖြစ်သည်။ တရုတ်သည် ယခင်က ထင်ထားသည်ထက် အချိန်ပိုစောပြီး ထိုင်ဝမ်ကို သိမ်းယူနိုင် ခြေကိုလည်း ဘလင်ကင်က စောဒကတက်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်(ဓါတ်ပုံ-AFP)
ဝါရှင်တန်နှင့် ဘေဂျင်းတို့အကြား ပိုမိုကျယ်ပြန့်သော စကားစစ်ထိုးမှု၏ တစိတ်တပိုင်းအဖြစ် ယခုကဲ့သို့ ဘလင်ကင်၏မှတ်ချက်သည် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်(အစည်းအဝေး)အပြီးတွင် ထွက်ပေါ်လာခဲ့သည်။
မကြာသေးမီကပင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် ၎င်း၏အာဏာကို ပိုမိုခိုင်မာအောင် ချဲ့ထွင်စုစည်းခဲ့ပြီး ဖြစ်သည်။
တရုတ်နှင့်ထိုင်ဝမ်တို့ကတော့ အချိန်မရွေး ဝင်ရောက်ကျူးကျော်နိုင်ခြေကို ကျယ်ကျယ်လောင်လောင် ပြောဆို ကြခြင်း မရှိသေးပေ။
ပြီးခဲ့သော ဩဂုတ်လ၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အမေရိကန်ဆိုင်ရာ တရုတ်သံအမတ် ချီဂန် (Qin Gang) က “ဘေဂျင်းသည် တိုက်ခိုက်မှုစတင်ရန် အချိန်ဇယားမြှင့်တင်လိုက်သည့် ဝါရှင်တန်၏ပြောကြားချက်မှာ အခြေအမြစ်မရှိကြောင်း” ငြင်းဆိုခဲ့သည်။
တိုင်ပေရှိ တာဝန်ရှိသူများကလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်သည် လိုအပ်သည့်စစ်စွမ်းရည်များ ထုတ်ဖော်ပြသမှု နည်းပါးသေးကြောင်း ပြောကြားခဲ့ကြသည်။
Source: Hindustan Times
- By CNI
- Category: Watch TV
- Hits: 553
- By CNI
- Category: Watch TV
- Hits: 553
- By CNI
- Category: Watch TV
- Hits: 569
- By CNI
- Category: နိုင်ငံရေး
- Hits: 1083
CNI International News
မော်စကို၊ အောက်တိုဘာ ၂၆
ရုရှားသည် ၎င်း၏ နျူကလီးယားတပ်ဖွဲ့များဖြင့် နှစ်စဉ်စစ်ရေး လေ့ကျင့်မည်ဟု မိမိတို့ကို အသိပေးခဲ့ကြောင်း အမေရိကန်အစိုးရက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနမှာ ရေးသား ဖော်ပြသည်။
ယခုကဲ့သို့ အသိပေးမှုသည် ရုရှား၏ နျူကလီးယား အပြောအဆို များနေချိန်တွင် မှားယွင်းတွက်ချက်မှု အန္တရာယ်ကို လျှော့ချပေးသည့် အပြုအမူဖြစ်ကြောင်း၊ မဟာဗျူဟာမြောက် နျူကလီးယား တပ်ဖွဲ့များ၏ နှစ်စဉ် Grom စစ်ရေး လေ့ကျင့်မှုအတွင်း ရုရှားသည် ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မည်ဟု မျှော်မှန်းမိကြောင်း အမေရိကန် အစိုးရက ဆက်လက် ပြောကြားခဲ့သည်။
ယခင်က ရုရှား၏ တိုက်ချင်းပစ် ဒုံးကျည်များ (inter-continental ballistic missiles) ကို ရည်ညွှန်း၍ အမေရိကန် အစိုးရက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
New START စာချုပ်အရ ရုရှားသည် အဆိုပါ ဒုံးကျည်အမျိုးအစား ပစ်လွှတ်မှုနှင့်ပတ်သက်၍ ကြိုတင် အသိပေး ရန် တာဝန်ရှိကြောင်း အမေရိကန်အစိုးရအရာရှိများက ဖြည့်စွက်ပြောကြားခဲ့ကြသည်။

ရုရှား ဒုံးကျည်နဲ့ ပေါက်ကွဲမှုဒဏ်ကို ညွန်းပြခြင်း (GETTY IMAGES)
“အရင်က ကျနော်တို့ မီးမောင်းထိုးပြခဲ့သလို အမေရိကန်ဘက်ကို သူတို့ အသိပေးထားပြီး ဖြစ်ပါတယ်။ ဒါဟာ နှစ်စဉ် လုပ်နေကျ လေ့ကျင့်မှုဖြစ်ပါတယ်” ဟု အမေရိကန်စစ်ရေး ပြောခွင့်ရသူ လေတပ်ဗိုလ်မှူးချုပ် ပက်ထရစ် ရိုင်ဒါ (Patrick Ryder) က သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။
နောက်ထပ် အသေးစိတ် အချက်အလက်များကိုတော့ ၎င်းက ထုတ်ဖော် ပြောကြားခြင်း မရှိပါ။
ရုရှား၏ စစ်ရေး လေ့ကျင့်မှုသည် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအတွက် အလားအလာရှိသော စိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း၊ ယူကရိန်းကို ရုရှားသမ္မတ ဗလာဒီမာပူတင် ကျူးကျော်ချိန်မှစ၍ ၎င်း၏ တိုင်းပြည်အတွက် ကာကွယ်ရန် နျူကလီးယား လက်နက်သုံးမည်ဟု အတိအလင်း ခြိမ်းခြောက်ထားကြောင်း ရိုက်တာက ဆက်လက် ရေးသားသည်။
ယူကရိန်းသည် ၎င်း၏ပိုင်နက် နယ်မြေအတွင်း မလျော်ကန်သည့် ဗုံးအမျိုးအစား သုံးရန် ပြင်ဆင်နေကြောင်း ရုရှား နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ထံသို့ အောက်တိုဘာ ၂၅ ရက်တွင် စွပ်စွဲတင်ပြခဲ့သည်။
ထိုစွပ်စွဲချက်ကို သတင်းအမှားသာ ဖြစ်ကြောင်းနှင့် စစ်ပွဲအရှိန်မြှင့်ရန် အကြောင်းပြချက်ဖြစ်ကြောင်း အနောက် အုပ်စုနှင့် ယူကရိန်းတို့က ပြတ်ပြတ်သားသား ပယ်ချခဲ့ကြသည်။
Source: Reutuers
- By CNI
- Category: Watch TV
- Hits: 588
- By CNI
- Category: Watch TV
- Hits: 564
- By CNI
- Category: Watch TV
- Hits: 560
- By CNI
- Category: Exclusive Interview
- Hits: 1199
- By CNI
- Category: နိုင်ငံရေး
- Hits: 1663
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၅
မြန်မာနိုင်ငံသားများအား နေရပ်ပြန်မပို့ရန်အတွက် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မြန်မာနိုင်ငံနှင့် နီးစပ်သည့် အိမ်နီးချင်း နိုင်ငံများသို့ တိုက်တွန်းတောင်းဆိုမှုသည် မြေပြင်တွင် သက်ရောက်မှု မရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံသားများ အများဆုံး ရောက်ရှိနေသည့် ထိုင်းနှင့် မလေးရှားတို့တွင် တရားမဝင် နေထိုင်၊ အလုပ် လုပ်ကိုင်သူများအား ဖမ်းဆီးစိစစ်မှုမှာ ပိုမိုများပြာလာကြောင်း၊ ဖမ်းဆီးခံရသူများထဲတွင် တတိယနိုင်ငံသို့ သွား ရောက်ရန် UNHCR ထံ၌ လျှောက်ထားသူ တချို့လည်း ပါဝင်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့ကို တတိယနိုင်ငံသွားဖို့ လျှောက်ထားတယ်ဆိုတဲ့ အထောက်အထား A4 စာရွက်ထဲမှာ နာမည်လေး တွေနဲ့ link တစ်ခုတော့ ပေးထားတယ်ပေါ့။ ဒီအထောက်အထား တစ်ရပ် ပေးထားရုံနဲ့ မလုံလောက်ဘူး။ အဖမ်း ခံရတဲ့ အချိန်မှာ သူတို့တွေက UN ကို စောင့်တယ်။ UN ရုံးမှာ တာဝန်ရှိသူတွေ၊ တကယ် ဆုံးဖြတ်နိုင်တဲ့ သူတွေက မရှိဘူး။ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားဟာ ဘာတွေ နစ်နာသွားသလဲဆိုတော့ UNHCR ကို စောင့်ဆိုင်းနေတဲ့ အချိန်မှာပဲ တစ်ဖက်က လူမှုရေးအရ ပိုက်ဆံ ပေးပြီးတော့ အဖမ်းခံရသူနဲ့ အာဏာပိုင်နဲ့ ဆွေးနွေးပြီး ထုတ်မယ် ဆိုရင်တောင် ကျနော်တို့ထုတ်လို့ မရတော့ဘူး။ UN က လာမှလို့ အဲဒီလိုတွေ ဖြစ်သွားရော။ တကယ် အဖမ်းခံရရင် ထဲထဲဝင်ဝင် ချက်ချင်း လာထုတ်သွားတာ မရှိသလောက်ပဲ။ ဒါနဲ့ပတ်သက်ပြီးတော့ UN ကထိုင်းကို CDM သမား တွေပေါ့ အစရှိသဖြင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ ထည့်ပြောရမှာ ဆိုတော့ တတိယနိုင်ငံ သွား မယ့် လူတွေ အားလုံးကို အပြည့်အဝ အကူအညီ မပေးနိုင်ဘူး ဆိုတာကိုတော့ ပေါ်လွင် ထင်ရှားနေတယ်။ ဘယ်လိုပဲ စာထုတ်ထုတ် အထောက်အထားမဲ့ အဖြစ်နဲ့ ဖမ်းရမှာကလည်း သက်ဆိုင်ရာနိုင်ငံရဲ့ တည်ဆဲဥပဒေကို။ ဒါကိုလည်း ဖမ်းဆီးတဲ့ အာဏာပိုင်တွေကို ကျနော်တို့ အပြစ် ပြောလို့မရဘူး။ UNHCR အနေနဲ့ သူထုတ်ထားတဲ့ A4 စာရွက်တစ်ရွက်ဟာ သူ့ရဲ့ဩဇာဟာ ဘယ်လောက်ထိ သက်ရောက်သလဲဆိုတာကို သူကိုယ်တိုင် ပြန်လည် မေး ခွန်း ထုတ်ဖို့ လိုအပ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ခံရစဉ်
အိမ်နီးချင်းနိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံသားများအား နေရပ်ပြန်ပို့ခြင်းကို ရပ်တန့်ရန်နှင့် အကာအကွယ်ပေးရန် UNHCR အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့က တိုက်တွန်း တောင်းဆိုထားသည်။
သို့သော် ကမ့်(Camp)များ၊ အချုပ်ခန်းများတွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသူ အင်မတန် များပြားနေကြောင်း၊ ထို အထဲတွင် UN ကတ် ကိုင်ဆောင်ထားသူများနှင့် လျှောက်ထားသူများ ပါဝင်ကြောင်း၊ သို့သော်လည်း UN မှ လာရောက် တွေ့ဆုံခြင်းမှာ နည်းပါးသဖြင့် နေရပ်ပြန်မပို့၍ မရသည့် အခြေအနေ ဖြစ်ကြောင်း မလေးရှားတွင် မြန်မာဒုက္ခသည်အရေး ဆောင်ရွက်နေသူ ကျန်ကျောင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “UNHCR ရဲ့ ပါဝါတွေက သိပ်မရှိတော့ဘူး မလေးရှားမှာ။ ရှေ့နေပိုင်းဆိုင်ရာကအစ တရားရုံးကအစ UN က ပါဝါတွေ မလေးရှားမှာ သိပ်ပြီးတော့ မရှိတော့ဘူး ပြောရမှာပေါ့။ အခုက ကမ့်ထဲမှာ ထောင်ထဲမှာ ရှိနေတဲ့ သူတွေကို သိပ်ပြီးတော့ UN ရုံးကနေ မလုပ်ပေးတော့ဘူး။ ဒီကမ့်ထဲမှာ ရှိနေတဲ့ လူတွေကိုကျတော့ UN ရုံးကနေ တားပိုင်ခွင့်နဲ့မရဘူး။ ဒါ မလေးရှားအစိုးရနဲ့ပဲ ဆိုင်တယ်။ ပြန်ပို့တယ်ဆိုတာက လောလောဆယ် သူတို့မှာ မလေးရှားရဲ့ အစိုးရရဲ့ လ.ဝ.က ရဲ့ လုပ်ထုံးလုပ်နည်းပေါ့နော်။ မပို့လို့မှ မရတာ။ ကမ့်ထဲမှာနေပြီး အများကြီး ရက်ကြာရှည်ထားလို့ မရဘူးလေ သူတို့မှာ။ မလေးရှား လ.ဝ.က ရဲ့ ဥပဒေကနေပြီး ကမ့်ထဲမှာ လူတွေတအားများ တယ်လေ။ ကမ့်မှာက နေရထိုင်ရတာလည်း အဆင်မပြေဘူး။ စားရသောက်ရတာလည်း အဆင်မပြေဘူးဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် မလေးရှားအစိုးရကတော့ ပို့မှာပဲ။ ကမ့်ကိုလည်း UN ကလည်း သွားတွေ့တာ မဟုတ်ဘူးလေ” ဟု ပြောသည်။
UNHCR အနေဖြင့် ယခုကဲ့သို့ ထုတ်ပြန်ချက် စာများထုတ်မည့်အစား မြေပြင်တွင် မြန်မာနိုင်ငံသားများအတွက် အမှန်တကယ် ထိရောက်မည့် လုပ်ဆောင်ချက်မျိုးကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း FED မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသားများကို ဖမ်းဆီးထားစဉ်
၎င်းက “UNHCR အနေနဲ့ တောင်းဆိုတယ်ဆိုတဲ့ စကားလုံးတွေထက် ကြပ်ကြပ်မတ်မတ်ပေါ့။ ထိုင်း လ.ဝ.က အချုပ်တွေထဲမှာ ပုံမှန် သွားလေ့လာပြီးတော့ စိစစ်သင့်တယ်။ ဒါတရားမဝင် အလုပ်သမားတွေကို ပြန်ပို့တယ်ဆို တာကတော့ ဒါကတော့ ပြဿနာ မရှိဘူး။ ဒါကတော့ သူတို့ ဟိုဘက် ဒီဘက်နိုင်ငံ လက်မှတ်မရှိလို့ ပြန်ပို့တယ်။ ဒါပေမယ့် ကျနော်တို့ ပြောနေတာသည် CDM ပေါ့ အစိုးရကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ ကျနော်တို့ ဝန်ထမ်းတွေကို ပြန်ပို့တဲ့ဟာမျိုးကျတော့ ဒါက အန္တရာယ်ရှိတယ်။ လောလောဆယ် ထိုင်းမှာတော့ UNHCR က သူတို့ကို အရေးပေါ် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ပေးထားတယ်။ ဒါပေမယ့် ပြဿနာက ဖုန်းတွေက ဆက်လို့မရဘူး။ တကယ်လို့ UNHCR က ထိုင်းအစိုးရနဲ့ သပ်သပ်မတ်မတ် စနစ်တကျနဲ့ ဆွေးနွေးမယ်ဆိုရင်တော့ ထိုင်းအစိုးရ ဘာပဲဖြစ်ဖြစ် လိုက်နာမယ်လို့ ယုံကြည်တယ်ပေါ့လေ။ ဒါကြောင့်မို့လို့ UNHCR အနေနဲ့ ထိုင်းအစိုးရနဲ့ စနစ်တကျ ဆွေးနွေး ညှိနှိုင်း တောင်းဆိုသင့်တယ်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်” ဟု ပြောသည်။
လက်ရှိတွင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းအပြင် မလေးရှားတို့၌ ၎င်းတို့ နိုင်ငံအတွင်း အခြေအနေများကြောင့် တရားမဝင် နေထိုင်၊ အလုပ်လုပ်ကိုင်သူများအား နေ့စဉ်နှင့်အမျှ ဖမ်းဆီးခြင်းနှင့် စိစစ်ခြင်းများ ပိုမို လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် အထောက်အထားမဲ့ မြန်မာများအနေဖြင့် အလုပ်လုပ်ကိုင်သည့် အခါသာမက နေထိုင်သွားလာသည့် အခါများတွင် ယခင်ထက် ပိုမို သတိပြု နေထိုင်နေကြရကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများ ထံက သိရသည်။
အဖမ်းအဆီးနှင့် စိစစ်မှုများ များပြားနေသည့်အတွက် တရားမဝင် လမ်းကြောင်းမှ ခိုးဝင်မည့်သူများ အနေဖြင့် လက်ရှိတွင် မလာကြသေးရန် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက တိုက်တွန်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1612
CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၅
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဗဟိုကော်မတီအတွင်း အားပြိုင်မှုကြောင့် ကွန်ဂရက်ကို မကြာခဏ ရွှေ့ဆိုင်းနေရခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနကို ပြောသည်။
အဆိုပါ အားပြိုင်မှုတွင် တစ်ဖွဲ့ဖွဲ့မှ ပြတ်ပြတ်သားသား အသားစီးရသွားမှသာလျှင် ကွန်ဂရက်ကို ကျင်းပနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးသန်းစိုးနိုင်က “ကျနော်မြင်တာတော့ KNU ဆိုတာ ဗဟိုကော်မတီထဲမှာလည်း အင်အားစုကွဲနေတယ်၊ ဗဟိုကော် မတီနဲ့ အောက်ခြေတပ်တွေ ကြားထဲမှာလည်း သဘောထား မတူကြဘူး။ အဲဒီအောက်မှာ ဒီကိစ္စတွေ ခဏခဏ ဖြစ်နေတယ်၊ ဗဟိုကော်မတီမှာ စောမူတူးစေးဖိုးနဲ့ နော်စီဖိုးရာစိန်တို့ အုပ်စုက အားပြိုင်နေကြတာ၊ နောက်ပြီး တော့ တပ်မဟာတွေကလည်း ကျနော်တို့ အခု တစ်ဗိုလ်၊ တစ်မင်းပေါ့ ကိုယ့်နယ်နဲ့ လုပ်ကိုင်နေကြတယ်၊ အခု လှုပ်ရှားမှုအတွင်းမှာ ပေါ်လာတဲ့ နယ်ဒါးမြဆိုရင်လည်း သူ့ကို ဗဟိုကော်မတီက ထုတ်ထားတယ်၊ ဒါပေမဲ့ သူက KNLA တပ်ဖွဲ့တွေနဲ့ တိုက်နေတယ်၊ အဲဒီလို အနေအထားတွေ ရှိတဲ့အောက်မှာ ခဏခဏ ရွှေ့ပြောင်းရတာ မဆန်း ဘူးလို့ ထင်ပါတယ်။ အဖွဲ့တစ်ဖွဲ့က အင်အားစု ပြတ်ပြတ်သားသား အသာစီးရသွားတဲ့ အချိန်ကြမှ သူတို့ လုပ်ကြပါ လိမ့်မယ်၊ ကျနော်ထင်တာတော့” ဟု CNI သတင်းဌာနသို့ ပြောသည်။

KNU တပ်ဖွဲ့ကိုတွေ့ရစဉ် (KNU)
၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ကျင်းပရန် လျာထားသည့် KNU ၏ (၁၇)ကြိမ်မြောက် ကွန်ဂရက်ကို အကြိမ်ကြိမ် ရွှေ့ ဆိုင်းလာခဲ့ရာ ယခုလ (အောက်တိုဘာ) ၂၄ ရက်၌ ကျင်းပရန် စီစဉ်ခဲ့သည်။
သို့သော် အစည်းအဝေးသို့ ကိုယ်စားလှယ် ၁၈၀ ဦး၏ ၇၅ ရာခိုင်နှုန်း ရောက်ရှိမှ အထမြောက်မည်ဖြစ်သော်လည်း ၇၅ ရာခိုင်နှုန်း မပြည့်မီသည့်အတွက် မကျင်းပနိုင်ဘဲ ဖြစ်ခဲ့ကြောင်း KNU နှင့် နီးစပ်သူများက ပြောသည်။
ထို့ကြောင့် KNU ကွန်ဂရက် မကျင်းပနိုင်ခဲ့ခြင်းနှင့် ရွှေ့ဆိုင်းနေရမှု အခြေအနေများနှင့်ပတ်သက်၍ KNU တာဝန်ရှိ ပုဂ္ဂိုလ်များထံ CNI သတင်းဌာနမှ အကြိမ်ကြိမ် ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
KNU ကွန်ဂရက်တွင် ခေါင်းဆောင်များကို ပြန်လည်ရွေးချယ်ရန်အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ်အတိုင်း ဆက်လက်ရပ်တည်ရန် သင့်/မသင့်နှင့် လက်ရှိ တပ်မတော်ကို တော်လှန်နေသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းမည် မပူးပေါင်းမည် စသည့် အကြောင်းအရာများကို ဆွေးနွေးရန် ရှိကြောင်း သိရသည်။
လက်ရှိတွင် KNU ၏ ကွန်ဂရက် ကျင်းပရန် အချိန် ၂ နှစ်လွန်သွားပြီဖြစ်ကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ် ပါတီမှ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီဟာက သူတို့ ညီလာခံက လုပ်ဖို့ အချိန်ကျနေတာ ၂ နှစ်တောင် လွန်သွားပြီလေ၊ ၂ နှစ်တောင် လွန်သွားပြီဆိုတော့ အဲဒီဟာနဲ့ အခုဖြစ်တဲ့ဟာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု သက်ရောက်မှု ရှိမလားဆိုတာ ကျနော်တို့လည်း ကြိုပြီးတော့ သုံးသပ်လို့ မရနိုင်သေးဘူးလို့ ပြောရမှာပဲ၊ သူတို့ ဘာတွေ ဆုံးဖြတ်လို့ ဘာတွေ လုပ်မလဲမှ မသိသေးတာ၊ အကြမ်းဖျင်း အားဖြင့်တော့ သူတို့ EC ပေါ့၊ အသစ်ပြန်ရွေးမယ်၊ အဲဒီ EC အသစ်တွေ ကနေ ဖြစ်လာတဲ့ လူတွေက ဘယ်လို သဘောထား ရှိသလဲဆိုတာ ကျနော်တို့လည်း မသိရသေးဘူးလေ၊ မသိနိုင် သေးဘူး၊ ဒါကြောင့်မို့ အဲဒီဟာကတော့ ပြောဖို့ နည်းနည်း မရသေးဘူး။ ပြောဖို့လည်း စောသေးတယ်လို့ပဲ ခင်ဗျား ကို အသိပေးပါရစေ” ဟု ပြောသည်။

မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပြီးနောက် KNU က သိမ်းဆည်းရမိခဲ့သော လက်နက်များကိုတွေ့ရစဉ် (KNU)
KNU ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကွန်ဂရက်ကို လေးနှစ်တစ်ကြိမ် ကျင်းပရမည် ဖြစ်သော်လည်း ကိုဗစ်ကပ် ရောဂါနှင့် တပ်မတော်က အာဏာရယူပြီးနောက် ဖြစ်ပေါ်လာသည့် နိုင်ငံရေး အကျပ်အတည်းများကြောင့် ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။
တခြားတစ်ဖက်မှာလည်း နွေဦးတော်လှန်ရေး အင်အားစုများကို လူသားချင်းစာနာထောက်ထားမှုအရ စောင့် ရှောက်ထားသလို PDF များနှင့်ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။
Page 46 of 137
