CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

စီးပွားရေးကောင်းပါက နိုင်ငံရေးနှင့်ကာကွယ်ရေးစွမ်းအား ကောင်းမည်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 553

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်

စီးပွားရေးကောင်းပါက နိုင်ငံရေးနှင့်ကာကွယ်ရေးစွမ်းအား ကောင်းမည်ဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1701

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၉

စီးပွားရေး မောင်းနှင်အား ကောင်းပါက နိုင်ငံရေးနှင့်ကာကွယ်ရေးစွမ်းအား ကောင်းမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အောက်တိုဘာ ၁၈ ရက်နေ့က မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက “နိုင်ငံတစ်ခုသည် စီးပွားရေးမောင်းနှင်အား၊ နိုင်ငံရေးအားနှင့် ကာကွယ်ရေးစွမ်းအား ကောင်းရန် လိုအပ်ကြောင်း၊ စီးပွားရေး မောင်းနှင်အား ကောင်းမွန်ပါက နိုင်ငံရေးနှင့် ကာကွယ်ရေး စွမ်းအားများသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး အားကောင်းသည့် နိုင်ငံတစ်ခု ဖြစ်လာမည်”ဟု ပြောသည်။

တပ်မတော် ဆန့်ကျင်ရေး ဒီမိုကရေစီး တောင်းဆိုသူများကိုတွေ့ရစဉ် (ဖရွန်းတီးယားမြန်မာ)

စီးပွား‌ရေး၊ လူမှုရေးများမှာ နိုင်ငံ‌ရေး၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း၊ နိုင်ငံရေး မကောင်းပါက စီးပွားရေး၊ လူမှုရေးများလည်း မကောင်းနိုင်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တကယ်တော့ စီးပွားရေးဆိုတာလည်းပဲ နိုင်ငံ‌ရေးရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ လူမှု‌ရေးဆိုတာလည်းပဲ နိုင်ငံ ရေးရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ နိုင်ငံရေးကောင်းမှ ကျန်တာတွေ အားလုံးကောင်းနိုင်မယ်၊ နိုင်ငံရေး မကောင်းဘဲနဲ့ ကျန်တာတွေ ကောင်းမှာ မဟုတ်ဘူး။ အဲဒီတော့ သူပြောတဲ့ စကားကိုပဲ ပြောင်းပြန် အဓိပ္ပာယ် ကောက်လို့ရှိရင် သူက ပြောတယ်၊ စီးပွားရေး မောင်းနှင်အားကောင်းရင် နိုင်ငံရေး အခြေအနေတွေ ဘာညာကောင်းလာမယ်၊ လူမှုရေး ကောင်းလာမယ်လို့ ပြောတယ်၊ အဲဒီတော့ သူပြောတဲ့ စကားထဲမှာကိုပဲ Solution (ဖြေရှင်းချက်) က အတိအကျ ပါပြီးသား ဖြစ်နေတယ်၊ စီးပွားရေးဟာ ကောင်းမှ မကောင်းတာ၊ နိုင်ငံရေးမကောင်းရင် စီးပွားရေး မကောင်းနိုင်ဘူး။ အဲဒါကြောင့် စီးပွားရေး မကောင်းရင် နိုင်ငံ‌ရေးလည်း မကောင်းနိုင်ဘူးပေါ့၊ ဒီသဘော ဖြစ်သွား တာပေါ့။ ဆရာတို့ မြင်တဲ့အရ ပြောရလို့ရှိရင် စီးပွားရေးတို့၊ လူမှုရေးတို့ဆိုတာ နိုင်ငံရေးရဲ့ အစိတ်အပိုင်းပဲ၊ အဲဒီ တော့ နိုင်ငံရေးအခြေအနေ မကောင်းဘဲနဲ့ ဘယ်နည်းနဲ့မှ စီးပွားရေးလည်း မကောင်းနိုင်ဘူး။ လူမှုရေးလည်း မကောင်းနိုင်ဘူး။ အဲဒီတော့ ပြောင်းပြန် သုံးသပ်ပါတယ် ဆရာတို့က” ဟု ပြောသည်။

စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စများကို အမိန့်အာဏာဖြင့် လုပ်ဆောင်၍ မရကြောင်း၊ စီးပွားရေးနှင့် လူမှုရေးကိစ္စများ ကောင်းမွန်လိုပါက လက်ရှိ နစက လုပ်ဆောင်နေသည့် ပုံစံများကို ပြောင်းလဲရန် လိုအပ်ကြောင်း၊ နိုင်ငံရေးအရ အများ လက်ခံနိုင်သည့် အခြေအနေတစ်ရပ်ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း ၎င်းက ပြောသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန် ပစ္စည်းများကို လေ့လာနေစဉ်

တိုင်းရင်းသား ပြည်သူလူထုများ လိုလားသည့် တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လွတ်လပ်ခွင့်များနှင့်အညီ ဖက်ဒရယ်ပြည်ထောင်စုကို အကောင်အထည် ဖော်နိုင်ပါက စီးပွားရေး ကိစ္စများလည်း အဆင်ပြေသွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF) မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် အေးလွင်က CNI သတင်းဌာနသို့ ပြောသည်။

ရဲဘော်အေးလွင်က “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ မှန်မှန်ကန်ကန် မဖြေရှင်းခဲ့တဲ့ အပေါ်မှာ ဒီစစ်ပွဲတွေ ကြောင့်ပဲ၊ ဒီစစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှု အလွဲအမှားတွေကြောင့်ပဲ၊ တိုင်းပြည်က ဆင်းရဲတွင်းတွေ နက်နေ တာ၊ ဒီတော့ ကျနော်တို့ တိုင်းပြည်မှာက နိုင်ငံရေးအရ မှန်မှန်ကန်ကန် ဖြေရှင်းဖို့လိုတယ်၊ ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေ အားလုံးလိုလားနေတဲ့ တန်းတူရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လွတ်လပ်ခွင့်တွေနဲ့ ဒီမိုကရေစီကိစ္စ တွေကို ဖက်ဒရယ်ပြည်ထောင်စု စနစ်နဲ့အညီ အကောင်အထည် ဖော်မယ်ဆိုတဲ့ နိုင်ငံရေး ဖြစ်စဉ်ရှိဖို့တော့ လို တယ်၊ အဲဒါရှိမယ်ဆိုရင်‌တော့ ကျနော်တို့ ဒီစီးပွားရေးကိစ္စတွေက အဆင်ပြေသွားမယ်လို့ ကျနော်တို့ဖက်က အဲဒီလို ယူဆတယ်ဗျ” ဟု ပြောသည်။

နစက-က လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးဖြစ်ကြောင်း၊ အနိုင်ရသည့် ပါတီကို နိုင်ငံတော် အာဏာ လွှဲအပ်မည်ဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေး ဦးမော့လာအောင်လည်း နိုင်ငံတော်က အသေးစား၊ အလတ် စားနှင့် အငယ်စား လုပ်ငန်းများတွင် ချေးငွေများ ထုတ်ပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
Lafarge ကုမ္ပဏီကို အမေရိကန်တရားရေးဌာနက စစ်ဆေးအပြီး သတင်းစာရှင်းလင်းပွဲလုပ်နေစဉ် (AP)

IS အဖွဲ့ကို ငွေပေးချေမှု ကျူးလွန်မိကြောင်း ပြင်သစ်ဘိလပ်မြေကုမ္ပဏီ ဝန်ခံ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1044

CNI International News

နယူးယောက်၊ အောက်တိုဘာ ၁၉

Lafarge အမည်ရှိ ပြင်သစ်ဘိလပ်မြေကုမ္ပဏီသည် ဆီးရီးယားနိုင်ငံတွင် စက်ရုံလည်ပတ်နိုင်ရေး IS အဖွဲ့ကို ဒေါ်လာသန်းနှင့်ချီ၍ ပေးခဲ့ခြင်းအတွက် အပြစ်ရှိကြောင်း အောက်တိုဘာ ၁၈ ရက်တွင် ဝန်ခံခဲ့သည်ဟု အေပီ သတင်းအရ သိရသည်။

ဆီးရီးယားတွင် ပြန်ပေးဆွဲခံခဲ့ရသော အနောက်တိုင်းသားများအပေါ် နှိပ်စက်ညှင်းပန်းမှု၌ IS စစ်သွေးကြွနှင့်အတူ ပါဝင်ပတ်သက်သဖြင့် ဒဏ်ငွေအကြမ်းဖျင်း ဒေါ်လာ ၇၇၈ သန်း ပေးဆာင်ရန် အဆိုပါကုမ္ပဏီက သဘောတူ လက်ခံခဲ့သည်။

Lafarge ကုမ္ပဏီသည် နယ်မြေသစ်များ ရယူပြီး ဆီးရီးယားပြည်တွင်းစစ် ပြင်းထန်နေချိန်၌ စစ်သွေးကြွအဖွဲ့နှင့် ဝင်ငွေခွဲဝေယူခဲ့သည့်အပြင် ရက်စက်ကြမ်းကြုတ်သော IS အဖွဲ့၏ အပြုအမူများကို မျက်ကွယ်ပြုခဲ့ကြောင်း အမေရိကန်တရားရေးဌာနက စွပ်စွဲထားသည်။

ကုမ္ပဏီသည် ဆွစ်ဇာလန်မှ Holcim ဘိလပ်မြေကုမ္ပဏီနှင့် မပူးပေါင်းမီ အဆိုပါလုပ်ရပ်များကို ဆီးရီးယားတွင် ဖော်ဆောင်ခဲ့ကြောင်း ပြင်သစ်ဥပဒေစိုးမိုးရေး အာဏာပိုင်များက စုံစမ်းတွေ့ရှိခဲ့သည်။

Lafarge ကုမ္ပဏီအနေဖြင့် ပြည်ပအကြမ်းဖက်အဖွဲ့နှင့် ထောက်ပံ့ရေးပစ္စည်းများ ပူးပေါင်းကြံစည်မှုတွင် အပြစ် ရှိကြောင်း ဝန်ခံခဲ့သော ပထမဆုံး အမှုဖြစ်ကြောင်း တရားရေးဌာန တာဝန်ရှိသူများက ဆက်လက် ပြောကြားခဲ့သည်။

ပြင်သစ်ဘိလပ်မြေ Lafarge ကုမ္ပဏီကိုတွေ့ရစဉ် (AP)

Lafarge နှင့် တွဲဖက် လုပ်ကိုင်မှု မပြုသည်မှာ နှစ်အတန်ကြာပြီဖြစ်သည့် ဆီးရီးယားလုပ်ငန်းခွဲ တစ်ခုကလည်း ရာဇဝတ်မှုဒဏ်ငွေ ဒေါ်လာ ၉၀ ဒသမ ၇၈ သန်းနှင့် လျော်ကြေးငွေ ဒေါ်လာ ၆၈၇ သန်းကို ပေးဆောင်ရမည့် ကိစ္စ အတွက် ဘရွတ်ကလင်းရှိ ဗဟိုတရားရုံးသို့ အယူခံဝင်ခဲ့သည်။

“နိုင်ငံပေါင်းစုံ ကော်ပိုရေးရှင်း တစ်ခုအနေဖြင့် အကြမ်းဖက်ဟု သတ်မှတ်ထားသော အဖွဲ့တစ်ဖွဲ့အတွက် ငွေပေး ချေမှုမှာ တရားမျှတမှု မရှိပါ။ ထိုသို့ ပေးချေမှုများသည် ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ပြီး အမေရိကန် အာဏာပိုင်များ၏ အမြင့်ဆုံး စိစစ်ဆုံးဖြတ်မှုအပေါ် မူတည်၍ ပြင်းထန်သော ပြစ်ဒဏ်ချမှတ်သင့်ကြောင်း အာမခံ တင်ပြ ပါသည်” ဟု တရားရေးဌာန၊ အမျိုးသားထိပ်တန်းလုံခြုံရေး အရာရှိဖြစ်သူ လက်ထောက်ရှေ့နေချုပ် မက်သရူး အော်ဆန်က ပြောကြားခဲ့သည်။

အဆိုပါကုမ္ပဏီသည် ကြားခံအဖွဲ့များမှတဆင့် IS နှင့် အယ်လ်နူရက်တပ်ဦး စသည့် စစ်သွေးကြွအဖွဲ့များထံသို့ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ဒေါ်လာ ၆ သန်းနီးပါး ပေးအပ်ခဲ့ကြောင်း အမေရိကန် အစိုးရရှေ့နေများက ပြောကြားခဲ့ကြသည်။

၎င်းတို့ သတ်မှတ်ထားသော လစဉ်ပေးချေသည့် ငွေများမှာ အုပ်စုအသီးသီးနှင့် ကုမ္ပဏီ၏ နားလည်မှုကြောင့် မဟုတ်ဘဲ စီးပွားရေးအရ အမြတ်ထုတ်ရန် သက်သက်ဖြစ်ကြောင်း တရားရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပါကစ္စတန်ရွေးကောက်ပွဲကို ဝန်ကြီးချုပ်ဟောင်း လွှမ်းမိုးထား

By CNI
CNI
Category: Watch TV
Hits: 537

Share
Tweet
Share
Share
powered by social2s

ယူကရိန်းနှင့် အကျဉ်းသားလဲလှယ်ရေး ရုရှားစစ်တပ် အတည်ပြုလက်ခံ

By CNI
CNI
Category: Watch TV
Hits: 534

Share
Tweet
Share
Share
powered by social2s

စီးပွားရေးမဟာဗျူဟာကြောင့် ကျပ်တည်းလာ၍ ဗြိတိန်ဝန်ကြီးချုပ် လူထုသို တောင်းပန်

By CNI
CNI
Category: Watch TV
Hits: 520

Share
Tweet
Share
Share
powered by social2s

ပြည်သူ၏ယုံကြည်မှုရဖို NUG က မြိုနယ်တရားရုံး ဖွင့်ခြင်းဖြစ်နိုင်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 564

Share
Tweet
Share
Share
powered by social2s
မလေးရှား အာဏာပိုင်များက ရွှေ့ပြောင်းလုပ်သမားများကို ဖမ်းဆီးထားစဉ်

မလေးရှားတွင် စီမံချက်ဖြင့် ဖမ်းဆီးလာ၍ တရားမဝင်မြန်မာများ အခက်ကြုံနေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 2473

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၈

မလေးရှားနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေမှုများနှင့် နိုင်ငံရေးအရ အားပြိုင်မှုများ ဖြစ်လာနေခြင်းကြောင့် စီမံချက်ဖြင့် တရားမဝင် အလုပ်သမားများကို အဖမ်းအဆီး များလာနေသည့်အတွက် မလေးရှားတွင် နေထိုင်၍ အလုပ်လုပ်ကိုင်နေသည့် တရားမဝင် မြန်မာများ အခက်အခဲများ ကြုံတွေ့နေရကြောင်း မလေးရှားရှိ မြန်မာ အဖွဲ့ အစည်းများက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီမှု အဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး ဦးချစ်ကောင်းက “အဖမ်းအဆီးတွေက လက်ရှိအနေအထားတော့ စက်ရုံတွေ တော်တော်များများကို လတ်တလောတော့ သူတို့ Target ထားပြီး စိစစ်နေတာတွေ တွေ့ရတယ်။ အလုပ်သမားတွေကတော့ သတိထားပြီးတော့ပဲ သွားလာနေထိုင် လုပ်ကိုင် စားသောက်နေရတာပေါ့။ ဒါကြီးကို ခေါင်းထဲထည့်ထားပြီးတော့ ကြောက်နေလို့မှ မရတာ။ အလုပ်က လည်း လုပ်နေရတာကိုး။ အကြောင်း အမျိုးမျိုးကြောင့် အဲဒီလိုဖြစ်တဲ့ အခါကျတော့ တရားမဝင် အလုပ်သမားကြ တော့ ဒီလိုမျိုးပဲ နေရတာကို။ တရားဝင် အလုပ်သမားကတော့ ဘာမှ ခေါင်းကိုက်စရာ မလိုဘူးလေ။ သူ့အလုပ်သူ ပုံမှန်အတိုင်း သွားလာ လှုပ်ရှားနေတာ။ အဓိကကတော့ တရားမဝင် အလုပ်သမားက နည်းနည်းလေး သတိထား ပြီးတော့ လုပ်ရတာပေါ့ အလုပ်ကို။ လုပ်ငန်းခွင်မှာ စက်ရုံဆိုလည်း စက်ရုံ အတိုင်းအတာအရ သတိလေး ထားရ တာပေါ့။ တချို့စက်ရုံတွေကျတော့ ရဲတို့၊ လ.ဝ.က တို့နဲ့ သူငယ်ချင်းတွေ ရှိတဲ့အခါကျတော့ သတင်းရတဲ့အခါ စက်ရုံ ပိတ်လိုက်တာမျိုးတွေ ရှိကြပါတယ်။ အခုအနေအထားက သတိထားပြီး သွားလာဖို့ လိုအပ်တယ်ပေါ့ ဒီအချိန်က။ နိုင်ငံရေးကလည်း အလှည့်အပြောင်းက ရှိနေတော့။ ကျန်းမာရေးဆိုင်ရာ တကယ်လို့ဆေးရုံ၊ ဆေးခန်း တက်မယ်ဆိုရင် ပတ်စပို့စ်မရှိလို့ အခက်အခဲရှိတယ်၊ ပါမစ်မရှိတဲ့ အခါကျတော့ အခက်အခဲရှိတယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသူ တစ်ဦးကို လက်ထိပ်ခတ်ထားစဉ်

မလေးရှားရောက် တရားမဝင် မြန်မာအလုပ်သမားများသည် ပုံမှန်ကာလများတွင်ပင် ဆေးရုံ၊ ဆေးခန်းများ၌ ဆေးကုသမှု ခံယူရန် မလွယ်ကူကြောင်း၊ ယခု စီမံချက်ဖြင့် အဖမ်းအဆီး များလာနေခြင်းကြောင့် ပို၍ ခက်ခဲလာ ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် အကူအညီပေးနေသည့် မြန်မာအဖွဲ့အစည်း တချို့မှာလည်း အဖမ်းအဆီး များနေသဖြင့် ရုံးများကို ယာယီရပ်နားလာကြေင်း၊ တခြားအဖွဲ့အစည်းများတွင်လည်း ဝင်ရောက် ဖမ်းဆီးမှုများ ရှိနေသည့်အတွက် တရားမဝင် မြန်မာများမှာ ပို၍ ဒုက္ခရောက်ကြကြောင်း Alliance of Chin Refugees(ACR) မှ စတီဗင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဖွဲ့အစည်းတစ်ခုက မလေးရှားမှာက သူ့လူမျိုးနဲ့သူ သူ့တိုင်းရင်းသားနဲ့သူ အဖွဲ့အစည်းရှိတဲ့ အခါကျတော့ ဥပမာ တိုင်းရင်းသားတစ်ခုဖြစ်တဲ့ ညီအစ်ကို အဖွဲ့အစည်းတစ်ခုက အဖမ်းခံလိုက်ရလို့ရှိရင် ကိုယ့် အဖွဲ့အစည်းက တစ်စုံတစ်ရာ ဖြစ်သွားမယ်ဆိုရင် ကိုယ့်မြန်မာတွေက ပထမ ဒုက္ခရောက်တာပေါ့။ ဒီလိုမျိုး မဖြစ်ရလေအောင်လည်း အဖွဲ့အစည်း အသီးအသီးက သော်လည်းကောင်း၊ အစိုးရပိုင်းဘက်က သော်လည်း ကောင်း ကျနော်တို့ သတိထားပြီးတော့ နေနေရပါတယ်။ မလေးရှားမှာက ကျနော်တို့ ဘယ်တိုင်းရင်းသား မဆို ပေါ့။ မြန်မာချည်းပဲ မဟုတ်ပါဘူး။ Middle East ဘက်ကပဲဖြစ်ဖြစ် ဒါတွေအားလုံးက အစိုးရမှာ မှတ်ပုံတင်ခွင့် မရှိ ဘူး။ မရှိတဲ့ အတွက်ကြောင့် UNHCR ရဲ့ processing အောက်မှာပဲ နေရပါတယ်။ ဘယ်သူမဆို သူတို့မှာ ဖမ်းပိုင် ခွင့် ရှိတာပေါ့။ အချိန်မရွေး ဘယ်သူမဆိုပေါ့ UN ကတ်ပဲ ကိုင်ကိုင်” ဟု ပြောသည်။

ရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရစဉ်   

မလေးရှားတွင် နိုင်ငံရေး အပြောင်းအလဲဖြစ်ပါက နိုင်ငံအတွက် ဝင်ငွေရှာသည့် အနေဖြင့် ယခုကဲ့သို့ တရားမဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထား၍ ရှာဖွေဖမ်းဆီးမှု လုပ်ဆောင်ကြောင်း၊ အစိုးရဌာန ဆိုင်ရာ များ၏ ထုတ်ပြန်ချက်များအရ တရားမဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများထံမှ အခွန်ဝင်ငွေ ဘီလီယံဖြင့် ချီ၍ ရရှိကြောင်း မလေးရှားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီမှုအဖွဲ့ အစည်းမှ အထွေထွေအတွင်းရေးမှူး ဦးချစ်ကောင်းက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ အဖမ်းအဆီးခံရသည့် တရားမဝင် နိုင်ငံခြားသား ရွှေ့ပြောင်း လုပ်သားများအား အစိုးရမှ ပါမစ် ထုတ်ပေးသည့်အခါတွင် တစ်ဦးလျှင် ရင်းဂစ်ငွေ ၂၈၀၀ ဝန်းကျင်ခန့် ကုန်ကျကြောင်းလည်း သိရသည်။

ယခုကဲ့သို့ အဖမ်းအဆီး များနေသည့် အချိန်တွင် မြန်မာသံရုံးအနေဖြင့် တစ်စုံတစ်ရာ ကူညီပေးခြင်းများ မရှိဘဲ အဖမ်းအဆီးခံရမှသာ မြန်မာသံရုံးအနေဖြင့် ၎င်း၏ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးသည်ကို တွေ့ရ ကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်း-ရုရှား အကျဉ်းသားလဲလှယ်ရေးအစီအစဉ်မှ လွတ်မြောက်လာသူများ(ဓါတ်ပုံ-The Associated Press)

ယူကရိန်းနှင့် အကျဉ်းသားလဲလှယ်ရေး ရုရှားစစ်တပ် အတည်ပြုလက်ခံ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1170

CNI International News

မော်စကို၊ အောက်တိုဘာ ၁၈

ကိယက်ဗ်အစိုးရနှင့် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်၏ တစိတ်တပိုင်းအဖြစ် ရုရှားနိုင်ငံသား စုစုပေါင်း ၁၁၀ သည် ယူကရိန်းမှ မော်စကိုသို့ ပြန်လာနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၇ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါလွတ်မြောက်လာသူများထဲတွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ယူကရိန်းတွင် ဖမ်းဆီးခံထားရသည့် အရပ်ဘက်မှ သင်္ဘောသား ၇၂ ဦးလည်း ပါဝင်ကြောင်း ၎င်းသတင်းထုတ်ပြန်ချက်အရ သိရသည်။

အပြန်အလှန်အားဖြင့် မော်စကိုသည် ယူကရိန်းဘက်သို့ အမျိုးသမီးစစ်သည် ၁၀၈ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ အကျဉ်းသားလဲလှယ်ရေးတွင် စီစဉ်ထားသည့် အမျိုးသမီးနှစ်ဦးကို ပြန်လွှတ်ပေးရန် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ၎င်းတို့သည် ရုရှားနိုင်ငံတွင် ဆက်လက်ဖမ်းဆီးရန် လိုအပ်ကြောင်း ကာကွယ်ရေးဝန်ကြီး၏ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

နေရပ်သို့ ပြန်လာကြသော ရုရှားနိုင်ငံသားအားလုံးသည် ဆေးဝါးကုသမှုနှင့် စိတ်ပိုင်းဆိုင်ရာအကူအညီများအားလုံး ရရှိကြမည်ဟု ၎င်းထုတ်ပြန်ချက်ထဲတွင် ဆက်လက်ဖော်ပြထားသည်။

အကျဉ်းသားလဲလှယ်ရေးအစီအစဉ်မှ ပြန်လည်လွတ်မြောက်လာခဲ့သည့် ရုရှား သင်္ဘောသားများကို တွေ့ရစဉ် (ဓါတ်ပုံ-Sputnik)

အဆိုပါအကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကို နောက်ထပ်အကြီးစားနှစ်ဘက်ဖလှယ်မှုဟူ၍ ကိယက်ဗ်အစိုးရက လည်း အတည်ပြုခဲ့သည်။ အောက်တိုဘာ ၁၇ ရက်အစောပိုင်းတွင် ဒွန်နက်စ်ပြည်သူ့သမ္မတနိုင်ငံ DPR (ရုရှား အဆိုအရ သီးခြားသမ္မတနိုင်ငံ၊ ယူကရိန်းအဆိုအရ ခွဲထွက်နယ်မြေ)၏ အကြီးအကဲဖြစ်သူ ဒင်းနစ်ပွတ်သျှလင် (Denis Pushilin) က အဆိုပါလဲလှယ်ရေးအစီအစဉ်ကို လူမှုကွန်ရက်မီဒီယာတွင် ကြေညာခဲ့သည်။

DPR နှင့် အိမ်နီးချင်း လူဟန့်စ် (Lugansk) ပြည်သူ့သမ္မတနိုင်ငံ (LPR) အပါအဝင် ရုရှားဒေသအသီးသီးမှ တပ်ဖွဲ့ဝင် ဦးရေ ၃၀ ခန့် ပါဝင်မည်ဟု ရုရှားတူဒေး (အာရ်တီ) သတင်းဌာနက ရေးသားဖော်ပြသည်။

ယူကရိန်းသို့ မော်စကို၏စစ်ဆင်ရေးစတင်ချိန် ပြီးခဲ့သည့်ဖေဖော်ဝါရီနှောင်းပိုင်း၌ ယူကရိန်းဆိပ်ကမ်းများတွင် ရပ်နားထားသော သင်္ဘောများပေါ် လိုက်ပါလာသည့် ရုရှားအရပ်သားဆယ်ဂဏန်းများကို ကိယက်ဗ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

မာရီယူပေါလ်ဆိပ်ကမ်းမြို့ကို ရုရှား သိမ်းပိုက်ပြီးနောက် ၎င်း၏တပ်ဖွဲ့ဝင်အချို့ လွတ်မြောက်လာခဲ့သော်လည်း အချို့မှာ ယူကရိန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်။

Source: အာရ်တီသတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
အီမရန်ခမ်းကိုတွေ့ရစဉ် (GETTY IMAGES)

ပါကစ္စတန်ရွေးကောက်ပွဲကို ဝန်ကြီးချုပ်ဟောင်း လွှမ်းမိုးထား

By CNI
CNI
Category: နိုင်ငံရေး
Hits: 1270

CNI International News

အစ္စလာမ္မာဘတ်၊ အောက်တိုဘာ ၁၈

ပြီးခဲ့သည့် ၆ လခန့်က ရာထူးမှ ဖယ်ရှားခံရသော ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းသည် ယခု ပါကစ္စတန် ကြားဖြတ်ရွေးကောက်ပွဲကို လွှမ်းမိုးထားပြီး အသာစီးရနေခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။

အောက်တိုဘာ ၁၆ ရက်က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်အတွက် လစ်လပ် နေသော အမတ်နေရာ ၈ နေရာအတွက် ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

ခိုင်ဘာပက်ထန်ခဝါ (Khyber Pakhtunkhwa) နှင့် ပန်ဂျပ် (Punjab) ပြည်နယ်များတွင် ၃ နေရာစီနှင့် ကရာချိမြို့ တွင် ၂ နေရာ ယှဉ်ပြိုင်ရွေးချယ်ခဲ့ရာ အသက် ၇၀ နှစ်အရွယ်ရှိ အီမရန်ခမ်း ဦးဆောင်သည့် ပါကစ္စတန် သီဟက် အီအင်ဆက်ဖ် (PTI) ပါတီက လစ်လပ် ၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၆ နေရာ အနိုင်ရခဲ့သည်။

အခြားနှစ်နေရာကိုတော့ လက်ရှိအာဏာရ မဟာမိတ်အဖွဲ့၏ တစိတ်တပိုင်းဖြစ်သော ပါကစ္စတန်ပြည်သူ့ပါတီ (PPP) မှ ကိုယ်စားလှယ်လောင်းများက အနိုင်ရသွားခဲ့သည်။

ပါကစ္စတန်ဥပဒေအရ ကိုယ်စားလှယ်လောင်း တစ်ဦးသည် နေရာအများအပြားကို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ သို့သော် နေရာတစ်ခုထက်ပို၍ နိုင်နေလျှင် တစ်ခုကို ရွေးချယ်ပြီး ကျန်တစ်ခုကို စွန့်လွှတ်ရန် ဖြစ်သည်။

ပါကစ္စတန် ရွေးကောက်ပွဲ မဲပေးနေစဉ် (GETTY IMAGES)

ပြီးခဲ့သည့် ဧပြီလတွင် လွှတ်တော်အတွင်း အယုံအကြည်မရှိ အဆိုကို မဲခွဲဆုံးဖြတ်ကြပြီးနောက် အီမရန်ခမ်းနှင့် ၎င်း၏အစိုးရကို ဖယ်ရှားခဲ့ရာ PTI ပါတီမှ အမတ်အချို့၏နေရာများ လစ်လပ်သွားခဲ့သည်။

ထိုလစ်လပ်နေရာများအတွက် ယခု အောက်တိုဘာ ၁၆ ရက်၌ ကျင်းပသည့် ရွေးကောက်ပွဲ၌ ပါကစ္စတန်နိုင်ငံသား များ မဲပေးခဲ့ကြခြင်း ဖြစ်သည်။

ထိုအချိန်မှစ၍ အီမရန်ခမ်းသည် နိုင်ငံခြားနှင့်ပူးပေါင်းကြံစည်မှု၏ သားကောင်အဖြစ် အစွပ်စွဲခံခဲ့ရပြီး အမေရိကန် ကို အပြစ်တင်ရန် လက်ညှိုးထိုးခဲ့ကြသည်။ ထိုစွပ်စွဲချက်များကိုတော့ ဝါရှင်တန်အစိုးရက ငြင်းဆိုခဲ့ပြီးဖြစ်သည်။

ခမ်းသည် ၎င်း၏နိုင်ငံရေး ကျဆုံးခဲ့ရချိန်တွင် ပါကစ္စတန်၏ စစ်ရေးထူထောင်မှု အခန်းကဏ္ဍ မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

စစ်တပ်သည် ပါကစ္စတန်နိုင်ငံ၏ အဓိကအာဏာရှင်အဖြစ် သတ်မှတ်ခံထားရပြီး ၇၅ နှစ်တာ ကာလအထိ ကြာရှည်အောင် လူဦးရေ သန်း ၂၂၀ ရှိသော နိုင်ငံကို အုပ်ချုပ်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် အီမရန်ခမ်း အာဏာရလာရေးအတွက် စစ်တပ်သည် အဓိက ဗိသုကာတစ်ဦးဖြစ်ကြောင်း စွပ်စွဲချက်များလည်း ပေါ်ပေါက်ခဲ့ရာ ခုခံချေပခဲ့ရသည်။

ရာထူးမှ ဖယ်ရှားခံရပြီးကတည်းက ခမ်းသည် ၎င်း၏ဝန်ကြီးချုပ်နေရာကို အစားထိုးခဲ့သည့် ပါကစ္စတန် ဒီမိုကရက်တစ်လှုပ်ရှားမှု (PDM) ကို ဆန့်ကျင်သည် လူထုစုဝေးပွဲများ ပြုလုပ်ခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

နယ်မြေတည်ငြိမ်မှု မရှိသည့် ဒေသများသို့ ပြည်ပခရီးသွားများကို ပို့ဆောင်ခြင်းမရှိ

By CNI
CNI
Category: Watch TV
Hits: 562

Share
Tweet
Share
Share
powered by social2s

ယူကရိန်း၊ ဒွန်နက်စ်ဒေသ၌ တိုက်ပွဲများ ပြင်းထန်နေ

By CNI
CNI
Category: Watch TV
Hits: 537

Share
Tweet
Share
Share
powered by social2s

ဗြိတိန်ဝန်ကြီးချုပ်ထရက်စ်ကို ဖြုတ်ချရန် လွှတ်တော်အမတ်များ ကြိုးစားမည်

By CNI
CNI
Category: Watch TV
Hits: 522

Share
Tweet
Share
Share
powered by social2s

တပ်တွင်းစည်းရုံးနေ၍ အလုပ်မဖြစ် ပြည်သူပါရန် လိုအပ်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 515

Share
Tweet
Share
Share
powered by social2s
အီရန်သမ္မတ အီဘရာဟင်ရိုင်စီ ကိုတွေ့ရစဉ် (GETTY IMAGES)

အမေရိကန်ကို မငြိမ်သက်အောင် လှုံ့ဆော်သည့် နတ်ဆိုးဟု အီရန်စွပ်စွဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1332

CNI International News

တီဟီရန်၊ အောက်တိုဘာ ၁၇

ပြီးခဲ့သည့် တစ်လနီးပါးခန့်က အီရန်အစိုးရအချုပ်အတွင်း မာရှားအေမီနီ သေဆုံးမှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲများကို အမေရိကန် ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် သမ္မတ ဂျိုးဘိုင်ဒန်သည် မငြိမ် သက်အောင် လှုံ့ဆော်နေသည့် နတ်ဆိုးဟု အီရန်သမ္မတ အီဘရာဟင်ရိုင်စီက စွပ်စွဲလိုက်သည်။

အမျိုးသမီးများ ဝတ်စားဆင်ယင်မှု စည်းကမ်း သတ်မှတ်ချက်ဖြင့် အီရန် အကျင့်စာရိတ္တရေးရာ ရဲတပ်ဖွဲ့က ချုပ်နှောင်ထားစဉ် ၃ ရက်အတွင်း အသက် ၂၂ နှစ်ရှိ အေမီနီ သေဆုံးသွားခဲ့ရာ ပြီးခဲ့သည့် စက်တင်ဘာလလယ်မှ စ၍ ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲများ စတင်ခဲ့သည်။

“မငြိမ်သက်မှုတွေ၊ အထိတ်တလန့် ဖြစ်စေမှုတွေနဲ့ တခြားနိုင်ငံကို ထိခိုက်အောင် လှုံ့ဆော်နေတဲ့ အမေရိကန် သမ္မတရဲ့ သဘောထား မှတ်ချက်တွေဟာ အမေရိကန်နတ်ဆိုးဟု ခေါ်ခဲ့ဖူးတဲ့ ကျနော်တို့ အစ္စလာမ္မစ် သမ္မတနိုင်ငံ တည်ထောင်သူရဲ့ ထာဝရ မှန်နေတဲ့ စကားကို အမှတ်ရစေပါတယ်” ဟု ရိုင်စီက ပြောကြားခဲ့သည်။

သွားလေသူ အယာတိုလာ ရူဟို လာခိုမေနီကို ရည်ညွှန်း၍ ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အေမီနီ သေဆုံးမှု အီရန်ပြည်သူများဆန္ဒပြ (GETTY IMAGES)

“ပြည်သူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ထိရောက်တဲ့ အစီအမံတွေနဲ့ ရန်သူရဲ့ အကြံအစည်ကို တန်ပြန်ရမယ်” ဟု ရိုင်စီက သမ္မတရုံး၏ ထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

ဆန္ဒပြပွဲများအတွင်း လူပေါင်း ဆယ်ဂဏန်းမျှ သေဆုံးခဲ့သည်။

သေဆုံးသူ အများစုမှာ ဆန္ဒပြသူများ ဖြစ်ကြသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးမှုလည်း ရှိခဲ့သည်။

ဖမ်းဆီးခံရသူများမှာ ရာနှင့်ချီသည်။

ယခင်သီတင်းပတ် အောက်တိုဘာ ၁၄ ရက်တွင် ဘိုင်ဒန်က “ကျနော်တို့ နိုင်ငံသားတွေဟာ ရဲရင်တဲ့ အီရန် အမျိုးသမီးတွေနဲ့အတူ ရပ်တည်နေပါတယ်” ဟု ပြောကြားခဲ့သည်။

“အီရန်မှာ နိုးကြားလာတဲ့အတွက် ကျနော် အံ့အားသင့်မိပါတယ်။ အချိန်အကြာကြီး တိတ်ဆိတ်နေရာက မထင်မှတ်ထားတဲ့ အရာတစ်ခုကြောင့် နိုးကြားလာတာပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ ပြောကြားချက်ကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နာဆာကာနီက တုံ့ပြန်ရာတွင် “နှစ်ပေါင်းများစွာ အရှုံးတွေနဲ့ ငြီးငွေ့နေတဲ့ နိုင်ငံရေးသမား တစ်ယောက်ရဲ့ ဝင်ရောက် စွက်ဖက်မှုကို အီရန်ဟာ ကိုယ့်သဘောဆန္ဒအတိုင်း ခိုင်ခိုင်မာမာ တွန်းလှန်နိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော်အရာရှိကြီးများကိုတွေ့ရစဉ် (GETTY IMAGES)

တပ်တွင်းစည်းရုံးနေ၍ အလုပ်မဖြစ် ပြည်သူပါရန် လိုအပ်ဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1237

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇

တပ်မတော်အတွင်း စည်းလုံးညီညွတ်မှုရှိရေး စည်းရုံးနေ၍ အလုပ်မဖြစ်ကြောင်း၊ ပြည်သူပါဝင်ရန် လိုအပ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော်အတွင်း စည်းလုံးညီညွတ်မှုရှိနေသည့် ကာလတစ်လျှောက်လုံး တိုင်းပြည်ကို ဖြိုခွဲ၍ရမှာ မဟုတ် ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၁၆ ရက် မော်လမြိုင်တပ်နယ်မှ တပ် မိသားစုများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်ကတော့ ပြည်သူနဲ့လည်း ပါရမှာပေါ့ဗျာ၊ သူပြောတာကတော့ ပြည်သူရော ထည့် ပြောသင့်တာပေ့ါ၊ သူတို့ စည်းရုံးနေတာက သူတို့အတွက်ပဲ ဖြစ်နေရင်တော့ အလုပ်မဖြစ်ဘူးပေါ့၊ ပြည်သူနဲ့ တကွ၊ ပြည်သူ့ထောက်ခံမှုကို ရတယ်ဆိုတာလေးထည့်ရင် ကောင်းတာပေါ့၊ အဲဒါလေးပါပဲ။ ပြည်သူပါဖို့ လိုတယ်လို့ တပ် ကြီးပဲ အလုပ်မဖြစ်ဘူးလို့ အဲဒါပါ ကျနော်မှတ်ချက်ကတော့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီအရေး တောင်းဆိုနေကြသူများ (ဖရွန်းတီးယားမြန်မာ)

တပ်မတော်အနေဖြင့် တပ်တွင်း စည်းလုံးညီညွတ်ရေးကို ယခင်ကတည်းက ဆောင်ရွက်ခဲ့ပြီး သက်သာချောင်ချိ ရေး လုပ်ငန်းများ၊ တပ်တည်ဆောက်ရေး လုပ်ငန်းများနှင့် လေ့ကျင့်ရေး လုပ်ငန်းများကို အမြဲမပြတ် ဆောင်ရွက်ခဲ့ ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

တောင့်တင်းခိုင်မာပြီး အင်အားရှိသည့် အဖွဲ့အစည်းတစ်ခုမှာ တပ်မတော် တစ်ရပ်သာ ဖြစ်ကြောင်း သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဦးသိန်းထွန်းဦးက “မြန်မာပြည်မှာ ဒီနိုင်ငံရေးသမားများနဲ့ ပတ်သက်ပြီး တော်တော်များများ လေ့လာသူတွေလည်း သုံးသပ်ကြတယ်၊ တောင့်တင်းခိုင်မာပြီးတော့ တကယ့်ကို အင်အားရှိတဲ့ Institution တွေ အများကြီး လိုအပ်တယ်၊ အဲဒီတော့ Institution အဲဒီလိုမျိုး ဒီအချက်အလက်တွေနဲ့ ညီတယ်၊ တကယ်ကို တောင့်တင်းခိုင်မာပြီးတော့ သမိုင်းကြောင်း ကောင်းခဲ့တဲ့ Institution ဆိုပြီးတော့ ကျနော်တို့ အချက်အလက်တွေ ပြန်ရှာလိုက်တဲ့အချိန်မှာ လောလောဆယ် လက်ရှိ တပ်မတော်ဆိုတဲ့ Institution တစ်ခုပဲ ကျနော်တို့ တွေ့တယ်၊ ကျန်တဲ့ Institution တွေက အင်အားတောင့်တင်းခဲ့တာရှိတယ်၊ ဒါပေမဲ့ ရေရှည် သွားနိုင်တဲ့ အနေအထားမျိုး မတွေ့ဘူး။ Institution တစ်ခုရဲ့ ပြောရရင်တော့ ဝိသေသ လက္ခဏာတွေနဲ့ ပြည့်စုံအောင် မသွားနိုင်တဲ့ အနေအထားပေါ့နော်၊ အဲဒီတော့ တပ်မတော် တစ်ရပ်ကတော့ Institution တစ်ခုဆိုတဲ့ ဝိသေသ လက္ခဏာလည်း ပြည့်တယ်၊ နောက် စတင် ဖြစ်ပေါ် လာကတည်းကနေပြီးတော့ ဒီအချိန်ထိပေါ့၊ ဒီဦးတည်ထားတဲ့ ဦးတည်ချက်တောင်မှ အမြဲတမ်း တည့် တည့်မတ်မတ် ထိန်းထားနိုင်တာ ကျနော်တို့ တွေ့တယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်တွင်း စစ်သည်၊ မိသားစုများတွေ့ဆုံကြစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆို ကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်သည့် ဒေသကာကွယ်ရေးတပ် (PDF)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့ ပူးပေါင်းကာ တပ်မတော်ကို ဖြုတ်ချရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 44
  • 45
  • 46
  • 47
  • 48
  • 49
  • 50
  • 51
  • 52
  • 53

Page 49 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar