CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

နိုင်ငံရေးပြဿနာမှာ တပ်မတော်နှင့် NLD ကြောင့်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

By CNI
CNI
Category: Watch TV
Hits: 693

Share
Tweet
Share
Share
powered by social2s

ထရက်စ်နုတ်ထွက်သွားသော်လည်း ဗြိတိန်၏ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်သေး

By CNI
CNI
Category: Watch TV
Hits: 675

Share
Tweet
Share
Share
powered by social2s
မလေးရှားဝန်ကြီးချုပ် အစ္စမေးဆာဘရီယာကွပ်ကိုတွေ့ရစဉ် (AP)

ရေဘေးရှိသော်လည်း မလေးရှားရွေးကောက်ပွဲ နိုဝင်ဘာ ၁၉ ရက် ကျင်းပမည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1840

CNI International News

ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၁

မလေးရှားနိုင်ငံတွင် ယခုနှစ် မုတ်သုံရာသီ အကုန်ပိုင်း မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံသဖြင့် မဲဆန္ဒရှင် ပြည်သူများ အခက်အခဲ တွေ့မည်ကို စိုးရိမ်နေသည့်ကြားမှ အမျိုးသားရွေးကောက်ပွဲကို နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၀ ရက်တွင် ကြေညာခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

မုတ်သုံရာသီ အကုန်ပိုင်းတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အစိုးရမဟာမိတ်များအပြင် အတိုက်အခံများ၏ ဆန့်ကျင် ကန့်ကွက်မှုများကို မလေးရှားဝန်ကြီးချုပ် အစ္စမေးဆာဘရီယာကွပ် လျစ်လျူရှုထားခဲ့သည်။

၎င်းသည် အောက်တိုဘာ ၁၀ ရက်တွင် လွှတ်တော်ကို ဖျက်သိမ်းခဲ့သည်။

လွှတ်တော်၏ သက်တမ်းသည် လာမည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကျမှ ကုန်ဆုံးမည်ဖြစ်သော်လည်း မလေးရှား အမျိုးသားညီညွတ်ရေးအဖွဲ့(UMNO) ပါတီသည် အာဏာရညွန့်ပေါင်း အဖွဲ့ထဲတွင် မဟာမိတ်များနှင့် မသင့်မတင့် ဖြစ်နေပြီး ရွေးကောက်ပွဲ အဆောတလျင် ကျင်းပရန် စိတ်အားထက်သန်နေသည်။

လာမည့်နှစ် စီးပွားရေးမျှော်မှန်းချက် အားပျော့လာမည်ဟု ယူဆနေချိန်၌ UMNO သည် မလေးရှားနိုင်ငံသားများ၏ ထောက်ခံမှု ပြန်လည်ရရှိရန်နှင့် အတိုက်အခံများကို ပြန်လည်စုစည်းရန် အင်အားဖြည့်တင်း လျက်ရှိသည်။

မလေးရှား ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဗ္ဗဒူဂါနီဆဲလက် (AP)

ရွေးကောက်ပွဲဝင်ကြမည့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းရမည့် ရက်မှာ နိုဝင်ဘာ ၅ ရက် ဖြစ်ပြီး တရားဝင် မဲဆွယ်စည်းရုံးမှုများကို ရက်သတ္တနှစ်ပတ်ကြာ သတ်မှတ်ထားသည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဗ္ဗဒူဂါနီဆဲလက် (Abdul Ghani Salleh) က ပြောကြားခဲ့သည်။
မဲပေးကြမည့် မဲဆန္ဒရှင်ဦးရေမှာ ၂၁ ဒသမ ၁၇ သန်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

လာမည့်နိုဝင်ဘာ ၁၉ ရက်တွင် ပြည်နယ် ၃ ခုရှိ မဲရုံများတွင် စတင်မဲပေးနိုင်မည်ဟု ၎င်းက ရှင်းပြသည်။

မလေးရှားနိုင်ငံရှိ ပြည်နယ် ၁၃ ခုအနက် ၄ ခုတွင် ကြိုတင်မဲပေးမှုများ အစောပိုင်း ရှိနိုင်ကြောင်း သိရသည်။

၁၉၅၇ ခုနှစ်တွင် မလေးရှားသည် ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက် UMNO ပါတီက အမျိုးသားတပ်ဦး ညွန့်ပေါင်းအဖြစ် တိုင်းပြည်ကို တောက်လျှောက် ဦးဆောင်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်လာ ဘီလီယံနှင့်ချီ၍ ငွေကြေး အရှုပ်တော်ပုံကြောင့် အဆိုပါညွန့်ပေါင်းအဖွဲ့ ပြုတ်ကျသွားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို အကျင့်ပျက် ခြစားမှု စွဲချက်ဖြင့် ထောင်ဒဏ် ၁၂ နှစ် စီရင်ခဲ့သည်။

UMNO မှ လက်ရှိသမ္မတ အာမက်ဇာဟစ်ဟာမီဒီသည်လည်း ယခုအခါ အကျင့်ပျက်ခြစားမှုဖြင့် တရားရင်ဆိုင် နေရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်ကြီးယွက်စစ်ကိုတွေ့ရစဉ်

နိုင်ငံရေးပြဿနာမှာ တပ်မတော်နှင့် NLD ကြောင့်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1955

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၁

လက်ရှိ ပြည်တွင်းတွင် ဖြစ်ပွားနေသည့် နိုင်ငံရေး ပြဿနာများမှာ မြန်မာ့တပ်မတော်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) တို့၏ ပြဿနာများ ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခြေအနေများနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် Thai PBS သတင်းဌာနတို့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်က “အမှန်တော့ အဖွဲ့တိုင်း အပစ်ရပ်ပါတယ်။ ဆန္ဒပြပွဲတွေက စစ်တပ်နဲ့ NLD ရဲ့ ပြဿနာကြောင့် ဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မဆိုင်ဘူး၊ PDF ကလည်း NLD ထောက်ခံသူတွေပဲ။ ဒါပေမဲ့ ပြည်သူနဲ့ PDF တွေက အတူနေထိုင်ကြတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ် (AFP)

ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်မှုဖြင့် ဒေသကာကွယ်ရေးတပ် (PDF) ကို ဖွဲ့စည်းကာ မြန်မာ့တပ်မ‌တော်အား ဖြုတ်ချရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် ပူးပေါင်း၍ တိုက်ခိုက်လျက် ရှိသည်။

လက်ရှိတွင် နစက အနေဖြင့် တော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကြား သွေးခွဲရန် နည်းလမ်းစုံသုံးနေကြောင်း NUG ၏ ပြည်ထောင်စုဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းက အောက်တိုဘာ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။

“ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးမယ့် နည်းလမ်းတွေအပြင် ကျနော်တို့ တော်လှန်ရေး အင်အားစုတွေ ကြား ထဲ နည်းလမ်းမျိုးစုံ သုံးပြီး သွေးခွဲတာမျိုးတွေ တစိုက်မတ်မတ် လုပ်ဆောင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော် တို့ အနေနဲ့ သတိကြီးကြီးထားပြီး ရင်ဆိုင်နိုင်ဖို့ ဘယ်ကိစ္စကိုမှ မျက်ခြေပြတ်ခံလို့ မဖြစ်ပါဘူး။ စစ်ရေးအရ လုပ် ဆောင်ရမယ့်ကိစ္စတွေကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်သလို တစ်ဖက်က နိုင်ငံရေးကစားကွက်တွေကိုလည်း လေ့လာပြီး ပြင်ဆင်သင့်တာ ပြင်ဆင်ဖို့လိုအပ်မှာ အမှန်ပါ။ အခုဆိုရင် တိုင်းရင်းသား အင်အားစုတွေနဲ့ သွေးခွဲဖို့ နည်းလမ်းစုံကို သုံးနေတာကြောင့် ကျနော်တို့အနေနဲ့ ကျနော်တို့ရဲ့ မဟာမိတ်တွေနဲ့ ခိုင်ခိုင်မာမာ လက်ချင်းချိတ် ထားနိုင်ဖို့ လိုပါတယ်” ဟု ပြောသည်။

Thai PBS သတင်းဌာနနဲ့ ဗိုလ်ချုပ်ကြီးယွက်စစ် အင်တာဗျူး ဖြေနေစဉ်  

အဆိုပါ သွေးခွဲခြင်း ကိစ္စမှာ ယခင်ကတည်းက မိမိတို့ သိရှိခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့တွင် ၎င်းတို့(NUG)ထက် အချက်အလက် ပိုရှိကြောင်း ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။

၎င်းက “အဲဒါသူတို့ သတိပေးမှ မဟုတ်ပါဘူး။ ကျနော်တို့ နှစ်ပေါင်း ၅၀ - ၆၀ ကျော် တိုက်လာတာ ကျနော်တို့ သူတို့ထက် ပိုသိပါတယ်။ ကျနော်တို့ဆီမှာ အချက်အလက်တွေ သူတို့ထက် ပိုရှိတယ်၊ အမှန်က ပြဿနာက NUG နဲ့ တပ်မတော်ကြား ဖြစ်နေတာ။ တို့တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မဆိုင်ဘူး။ တို့လည်း သွားမပတ်သက်ဘူး။ အဖွဲ့တိုင်းနဲ့တော့ ဆွေးနွေးလို့ ရပါတယ်။ တော်လှန်ရေးက ဘာကြောင့် ဖြစ်လာရသလဲဆိုရင် ဆွေးနွေးဖို့ စားပွဲဝိုင်း မရှိလို့ပေါ့” ဟု ပြောသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့၊ PDF ပူးပေါင်းတပ်တို့ အကြား စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့မှာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

နယ်မြေ ၄ ခု၌ စစ်အုပ်ချုပ်ရေး(မာရှယ်လော)အမိန့် ပူတင်ကြေညာ

By CNI
CNI
Category: Watch TV
Hits: 702

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်နှင့် ပူးတွဲလက်နက်ထုတ်ရန် အမေရိကန်စဉ်းစားနေ

By CNI
CNI
Category: Watch TV
Hits: 672

Share
Tweet
Share
Share
powered by social2s

မြန်မာ့တပ်မတော်ပြိုကွဲပါက တိုင်းပြည်ပြိုကွဲမှာလား

By CNI
CNI
Category: Watch TV
Hits: 730

Share
Tweet
Share
Share
powered by social2s
ပူတင်ကိုတွေ့ရစဉ်

နယ်မြေ ၄ ခု၌ စစ်အုပ်ချုပ်ရေး(မာရှယ်လော)အမိန့် ပူတင်ကြေညာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1338

CNI International News

မော်စကို၊ အောက်တိုဘာ ၂၀

ရုရှားပိုင်ဆိုင်သည်ဟု အဆိုရှိသည့် နယ်မြေဒေသ ၄ ခု၌ စစ်အုပ်ချုပ်ရေးဥပဒေ (မာရှယ်လော) အမိန့် ထုတ်ပြန် ကြေညာပြီးဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ရုရှားလုံခြုံရေးကောင်စီသို့ အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

သမ္မတ၏ အမိန့်အရ ဒွန်နက်စ်နှင့် လူဟန့်စ် ပြည်သူ့သမ္မတနိုင်ငံများနှင့် ဇာပိုရေဇီးယား (Zaporozhye) ၊ ခါဆွန် (Kherson) စသည့် ဒေသများတွင် အောက်တိုဘာ ၂၀ ရက်မှစ၍ မာရှယ်လော စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း ရုရှားနိုင်ငံအခြေစိုက် တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

ထို့နောက် ယူကရိန်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ရုရှား၏ဒေသများမှ အလယ်အလတ် တုံ့ပြန်မှုအဆင့်ကို စောင့်ကြည့်သွားမည်ဖြစ်သည်။

 ဒွန်နက်စ်၊ လူဟန့်စ်၊ ခါဆွန်၊ ဇာပိုရေဇီးယား တို့ကိုတွေ့ပြသထားစဉ် (GETTY IMAGES)

လုံခြုံရေးကောင်စီသို့ ပူတင်ပြောကြားခဲ့သော မိန့်ခွန်းနှင့် အဆိုပါ ဒေသများအတွက် လတ်တလော ချမှတ်ထား သော ဥပဒေနှင့်အမိန့်များကို တာ့စ်သတင်းတွင် အနှစ်ချုပ် ဖော်ပြထားသည်။

“မော်စကို ဦးစီးကျင်းပခဲ့သော လူထုဆန္ဒခံယူပွဲတွင် ဒွန်နက်စ်နှင့် လူဟန့်ပြည်သူ့သမ္မတ နှစ်နိုင်ငံ၊ ဇာပိုရေဇီးယား၊ ခါဆွန်ဒေသများတွင် နေထိုင်သူများက ၎င်းတို့၏ဆန္ဒကို ပြတ်သားစွာ ထုတ်ဖော်ခဲ့ကြကြောင်း၊ ၎င်းတို့က ရုရှား နိုင်ငံနှင့် အတူပူးပေါင်း နေထိုင်လိုကြသည်ဟု ထုတ်ဖော်ခဲ့ကြကြောင်း” တာ့စ်သတင်းအရ သိရသည်။

ထို့ပြင် နာဇီလက်သစ်များသည် အကြမ်းဖက် နည်းလမ်းများကို ပြောင်ပြောင်တင်းတင်း အသုံးချ၍ အသက်ကယ် ထောက်ပံ့ရေး အဆောက်အအုံများကို ဖြိုခွင်းခဲ့ကြကြောင်း ပူတင်၏ ပြောကြားချက်တွင် ဖော်ပြထားသည်။

အဆိုပါ မာရှယ်လောအမိန့်ကို ပူတင်က လက်မှတ်ရေးထိုးပေးခဲ့ပြီး အတည်ပြုချက်ရယူရန် ရုရှားဖက်ဒရေး ကောင်စီ ထံသို့ ချက်ချင်းပေးပို့မည် ဖြစ်သည်။ တဆက်တည်းတွင် ဆုံးဖြတ်ချက် ချမှတ်ရန်အတွက် ရုရှားနိုင်ငံ၏ ဒူးမားလွှတ်ထံသို့ အကြောင်းကြား ပေးပို့ရမည်ဟု သိရသည်။

 ပူတင်နဲ့ ရုရှားလိုလာသော ဒေသလေးခုမှ ခေါင်းဆောင်များကိုတွေ့ရစဉ်

စစ်အုပ်ချုပ်ရေး စတင်ကျင့်သုံးသော နယ်မြေများအလိုက် အရေးယူ ဆောင်ရွက်မှုများ မကြာမီ လာမည်ဖြစ်၍ နယ်မြေအသီးသီးရှိ အာဏာပိုင်များအနေဖြင့် ၎င်းတို့၏ အဆိုပြုချက်များကို ၃ ရက် နောက်ဆုံးထား၍ တင်ပြသွား ရမည်ဖြစ်သည်။

ယနေ့ ရုရှားနိုင်ငံသည် အဆင့်တိုင်းမှ အာဏာပိုင်များ၊ အထူးသဖြင့် နယ်မြေဆိုင်ရာ အကြီးအကဲများ ကိုယ်တိုင် အာရုံစူးစိုက်၍ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း သမ္မတက မှတ်ချက်ချခဲ့သည်။

“ကျနော်တို့ အားသွန်စိုက်၊ မှန်မှန်ကန်ကန်နဲ့ ဟန်ချက်ညီညီ လုပ်သွားမှာဖြစ်တယ်။ အရေးကြီးဆုံးနဲ့ ဦးစားပေး နယ်မြေတွေမှာ ဖြည့်စွက် ညှိနှိုင်းမှုများနှင့် ကြိုးစား အားထုတ်မှုတွေကို အာရုံစိုက် ဆောင်ရွက်ကြဖို့က လိုအပ် ချက် တစ်ခုဖြစ်ပါတယ်” ဟု ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။

Source: တာ့စ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရက်စ်သည် အောက်တိုဘာလ ၁၉ ရက်နေ့တွင် အောက်လွှတ်တော်၌ အမေးအဖြေ ပြုလုပ်နေစဉ်(ဓါတ်ပုံ-အေပီ)

ဝန်ကြီးချုပ်ရာထူး ဆက်ယူထားရန် ထရက်စ်ပြော၊ အစိုးရအဖွဲ့ဝင်တစ်ဦး နုတ်ထွက်သွား

By CNI
CNI
Category: နိုင်ငံရေး
Hits: 1210

CNI International News

လန်ဒန်၊ အောက်တိုဘာ ၂၀

ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရက်စ်သည် တိုင်းပြည်စီးပွားရေးအစီအစဉ်နှင့်ပတ်သက်၍ ၎င်း၏အာဏာရ ကွန်ဆာဗေးတစ်ပါတီမှ ရန်လိုသောအတိုက်အခံပြုသူများထံမှ ဒေါသနှင့် ရင်ဆိုင်နေရစဉ်အတွင်း အောက်တိုဘာ ၁၉ ရက်တွင် သူ့ကိုယ်သူ တိုက်ခိုက်လိုသူနှင့်စွန့်စားသူမဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အံတုရင်ဆိုင်သော ကြေညာချက် ပြောကြားအပြီး နာရီပိုင်းအတွင်း ထရက်စ်၏အစိုးရသည် ပြိုလဲလုနီးနီး အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။

ထရက်စ်အပေါ် ဝေဖန်မှုများ စုပြုံနေချိန်အတွင်း အစိုးရအဖွဲ့ဝင်တစ်ဦးလည်း ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

ဗြိတိန်အောက်လွှတ်တော်မဲခွဲဆုံးဖြတ်မှုတွင် ရာဇဝတ်မှုနှင့် အနိုင်ကျင့်ခံရမှု စွပ်စွဲချက်များမှာလည်း ကျဆင်း သွားခဲ့သည်။

ပြည်ထဲရေးအတွင်းဝန် ဆူလာဘရေဗာမန်း (Suella Braverman) သည် ၎င်း၏ကိုယ်ရေးကိုယ်တာအီးမေးလ် account အစိုးရဆိုင်ရာစာရွက်စာတမ်းပေးပို့မိသဖြင့် စည်းမျဉ်းချိုးဖောက်မိ၍ ရာထူးမှ နုတ်ထွက်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် ထရက်စ်အပေါ် ဝေဖန်ရန်အတွက် ၎င်း၏နုတ်ထွက်လွှာကို အသုံးချခဲ့ပြီး အစိုးရ ဦးတည်ချက်များကို စိုးရိမ်မိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ပြည်ထဲရေးအတွင်းဝန် ဆူလာဘရေဗာမန်း အောက်တိုဘာလ ၁၈ ရက်နေ့က လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းသို့ ရောက်ရှိလာစဉ်(ဓါတ်ပုံ-အေပီ)

“အစိုးရရဲ့စီးပွားရေးဦးတည်ချက်ဟာ အမှားတွေရှိနေပြီး တာဝန်ရှိတယ်လို့ ပြည်သူတွေ ယုံကြည်လက်ခံထား ကြပါတယ်။ တကယ်တော့ ကျမတို့ အစိုးရကလည်း အမှားတွေမလုပ်မိခဲ့ဘူးဆိုပြီး ဟန်ဆောင်နေတာရှင့်။ ကျမတို့ လုပ်ထားမိတာတွေကို ပြည်သူတွေ မမြင်သလိုလို ဆက်လုပ်နေတာ။ မှော်ဆန်တဲ့အရာတွေ အမှန်ဖြစ်လာလိမ့် မယ်လို့ မျှော်လင့်နေတာဟာ လေးနက်တဲ့နိုင်ငံရေး မဟုတ်ပါဘူး” ဟု ဆူလာဘရေဗာမန်းက ဆက်လက် ပြောကြားခဲ့သည်။

ဘရေဗာမန်းသည် ကွန်ဆာဗေးတစ်ပါတီထဲတွင် လက်ယာယိမ်းသည်ဟု ရေပန်းစားသူတစ်ဦးဖြစ်ပြီး ယခုနွေရာသီ ၌ ပါတီခေါင်းဆောင်ပိုင်းကို လူဝင်မှုကြီးကြပ်ရေးမူဝါဒများဖြင့် ထိုးနှက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အဆိုပါ ထိုးနှက်မှုတွင် ထရက်စ်က အနိုင်ရခဲ့သည်။
ထို့နောက် အစိုးရအဖွဲ့ဝင်များအတွင်း ဘရေဗာမန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဝန်ကြီးဟောင်း ဂရန့်ရှက်စ်က ပြည်ထဲရေးအတွင်းဝန်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။

ဘရေဗာမန်းသည် ကွန်ဆာဗေးတစ်ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ကြရာတွင် နောက်ဆုံးအကျော့၌ ထရက်စ်ကို ရှုံးနိမ့်ခဲ့သော ဘဏ္ဍာရေးအဆင့်မြင့်အရာရှိဟောင်း ရီရှီဆန်းနက်ကို တခဲနက်ထောက်ခံခဲ့သူ တစ်ဦးလည်းဖြစ်သည်။

ကွန်ဆာဗေးတစ်လွှတ်တော်အမတ်များ၏ဆန့်ကျင်ဝေဖန်ခံနေရသူ ထရက်စ်သည် လွှတ်တော်အတွင်း အောက်တိုဘာ ၁၉ ရက်၊ ညနေပိုင်း၌ ကမောက်ကမနိုင်လှသော မဲခွဲဆုံးဖြတ်မှုနှင့်အတူ နိုင်ငံရေးအရှုပ်အထွေး များနှင့် ရင်ဆိုင်နေရသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်းစစ်တပ် ချေးငွေအမှု စုံစမ်းစစ်ဆေးနေ

By CNI
CNI
Category: Watch TV
Hits: 734

Share
Tweet
Share
Share
powered by social2s

OPEC ဖြတ်တောက်မှုကို တုံ့ပြန်သည့်အနေဖြင့် အရန်ရေနံစိမ်းထုတ်သုံးရန် ဘိုင်ဒန်ခွင့်ပြု

By CNI
CNI
Category: Watch TV
Hits: 714

Share
Tweet
Share
Share
powered by social2s

ထိုင်းနယ်စပ်အနီး ပေါက်ကွဲမှု မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် အခက်ကြုံ

By CNI
CNI
Category: Watch TV
Hits: 683

Share
Tweet
Share
Share
powered by social2s

ရုရှားသို့ ဒုံးနှင့်ဒရုန်း ထပ်ပို့ရန် အီရန်သဘောတူ

By CNI
CNI
Category: Watch TV
Hits: 701

Share
Tweet
Share
Share
powered by social2s

စီးပွားရေးကောင်းပါက နိုင်ငံရေးနှင့်ကာကွယ်ရေးစွမ်းအား ကောင်းမည်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 701

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်

စီးပွားရေးကောင်းပါက နိုင်ငံရေးနှင့်ကာကွယ်ရေးစွမ်းအား ကောင်းမည်ဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1981

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၉

စီးပွားရေး မောင်းနှင်အား ကောင်းပါက နိုင်ငံရေးနှင့်ကာကွယ်ရေးစွမ်းအား ကောင်းမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အောက်တိုဘာ ၁၈ ရက်နေ့က မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက “နိုင်ငံတစ်ခုသည် စီးပွားရေးမောင်းနှင်အား၊ နိုင်ငံရေးအားနှင့် ကာကွယ်ရေးစွမ်းအား ကောင်းရန် လိုအပ်ကြောင်း၊ စီးပွားရေး မောင်းနှင်အား ကောင်းမွန်ပါက နိုင်ငံရေးနှင့် ကာကွယ်ရေး စွမ်းအားများသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး အားကောင်းသည့် နိုင်ငံတစ်ခု ဖြစ်လာမည်”ဟု ပြောသည်။

တပ်မတော် ဆန့်ကျင်ရေး ဒီမိုကရေစီး တောင်းဆိုသူများကိုတွေ့ရစဉ် (ဖရွန်းတီးယားမြန်မာ)

စီးပွား‌ရေး၊ လူမှုရေးများမှာ နိုင်ငံ‌ရေး၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း၊ နိုင်ငံရေး မကောင်းပါက စီးပွားရေး၊ လူမှုရေးများလည်း မကောင်းနိုင်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တကယ်တော့ စီးပွားရေးဆိုတာလည်းပဲ နိုင်ငံ‌ရေးရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ လူမှု‌ရေးဆိုတာလည်းပဲ နိုင်ငံ ရေးရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ နိုင်ငံရေးကောင်းမှ ကျန်တာတွေ အားလုံးကောင်းနိုင်မယ်၊ နိုင်ငံရေး မကောင်းဘဲနဲ့ ကျန်တာတွေ ကောင်းမှာ မဟုတ်ဘူး။ အဲဒီတော့ သူပြောတဲ့ စကားကိုပဲ ပြောင်းပြန် အဓိပ္ပာယ် ကောက်လို့ရှိရင် သူက ပြောတယ်၊ စီးပွားရေး မောင်းနှင်အားကောင်းရင် နိုင်ငံရေး အခြေအနေတွေ ဘာညာကောင်းလာမယ်၊ လူမှုရေး ကောင်းလာမယ်လို့ ပြောတယ်၊ အဲဒီတော့ သူပြောတဲ့ စကားထဲမှာကိုပဲ Solution (ဖြေရှင်းချက်) က အတိအကျ ပါပြီးသား ဖြစ်နေတယ်၊ စီးပွားရေးဟာ ကောင်းမှ မကောင်းတာ၊ နိုင်ငံရေးမကောင်းရင် စီးပွားရေး မကောင်းနိုင်ဘူး။ အဲဒါကြောင့် စီးပွားရေး မကောင်းရင် နိုင်ငံ‌ရေးလည်း မကောင်းနိုင်ဘူးပေါ့၊ ဒီသဘော ဖြစ်သွား တာပေါ့။ ဆရာတို့ မြင်တဲ့အရ ပြောရလို့ရှိရင် စီးပွားရေးတို့၊ လူမှုရေးတို့ဆိုတာ နိုင်ငံရေးရဲ့ အစိတ်အပိုင်းပဲ၊ အဲဒီ တော့ နိုင်ငံရေးအခြေအနေ မကောင်းဘဲနဲ့ ဘယ်နည်းနဲ့မှ စီးပွားရေးလည်း မကောင်းနိုင်ဘူး။ လူမှုရေးလည်း မကောင်းနိုင်ဘူး။ အဲဒီတော့ ပြောင်းပြန် သုံးသပ်ပါတယ် ဆရာတို့က” ဟု ပြောသည်။

စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စများကို အမိန့်အာဏာဖြင့် လုပ်ဆောင်၍ မရကြောင်း၊ စီးပွားရေးနှင့် လူမှုရေးကိစ္စများ ကောင်းမွန်လိုပါက လက်ရှိ နစက လုပ်ဆောင်နေသည့် ပုံစံများကို ပြောင်းလဲရန် လိုအပ်ကြောင်း၊ နိုင်ငံရေးအရ အများ လက်ခံနိုင်သည့် အခြေအနေတစ်ရပ်ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း ၎င်းက ပြောသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန် ပစ္စည်းများကို လေ့လာနေစဉ်

တိုင်းရင်းသား ပြည်သူလူထုများ လိုလားသည့် တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လွတ်လပ်ခွင့်များနှင့်အညီ ဖက်ဒရယ်ပြည်ထောင်စုကို အကောင်အထည် ဖော်နိုင်ပါက စီးပွားရေး ကိစ္စများလည်း အဆင်ပြေသွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF) မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် အေးလွင်က CNI သတင်းဌာနသို့ ပြောသည်။

ရဲဘော်အေးလွင်က “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ မှန်မှန်ကန်ကန် မဖြေရှင်းခဲ့တဲ့ အပေါ်မှာ ဒီစစ်ပွဲတွေ ကြောင့်ပဲ၊ ဒီစစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှု အလွဲအမှားတွေကြောင့်ပဲ၊ တိုင်းပြည်က ဆင်းရဲတွင်းတွေ နက်နေ တာ၊ ဒီတော့ ကျနော်တို့ တိုင်းပြည်မှာက နိုင်ငံရေးအရ မှန်မှန်ကန်ကန် ဖြေရှင်းဖို့လိုတယ်၊ ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေ အားလုံးလိုလားနေတဲ့ တန်းတူရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လွတ်လပ်ခွင့်တွေနဲ့ ဒီမိုကရေစီကိစ္စ တွေကို ဖက်ဒရယ်ပြည်ထောင်စု စနစ်နဲ့အညီ အကောင်အထည် ဖော်မယ်ဆိုတဲ့ နိုင်ငံရေး ဖြစ်စဉ်ရှိဖို့တော့ လို တယ်၊ အဲဒါရှိမယ်ဆိုရင်‌တော့ ကျနော်တို့ ဒီစီးပွားရေးကိစ္စတွေက အဆင်ပြေသွားမယ်လို့ ကျနော်တို့ဖက်က အဲဒီလို ယူဆတယ်ဗျ” ဟု ပြောသည်။

နစက-က လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးဖြစ်ကြောင်း၊ အနိုင်ရသည့် ပါတီကို နိုင်ငံတော် အာဏာ လွှဲအပ်မည်ဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေး ဦးမော့လာအောင်လည်း နိုင်ငံတော်က အသေးစား၊ အလတ် စားနှင့် အငယ်စား လုပ်ငန်းများတွင် ချေးငွေများ ထုတ်ပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
Lafarge ကုမ္ပဏီကို အမေရိကန်တရားရေးဌာနက စစ်ဆေးအပြီး သတင်းစာရှင်းလင်းပွဲလုပ်နေစဉ် (AP)

IS အဖွဲ့ကို ငွေပေးချေမှု ကျူးလွန်မိကြောင်း ပြင်သစ်ဘိလပ်မြေကုမ္ပဏီ ဝန်ခံ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1300

CNI International News

နယူးယောက်၊ အောက်တိုဘာ ၁၉

Lafarge အမည်ရှိ ပြင်သစ်ဘိလပ်မြေကုမ္ပဏီသည် ဆီးရီးယားနိုင်ငံတွင် စက်ရုံလည်ပတ်နိုင်ရေး IS အဖွဲ့ကို ဒေါ်လာသန်းနှင့်ချီ၍ ပေးခဲ့ခြင်းအတွက် အပြစ်ရှိကြောင်း အောက်တိုဘာ ၁၈ ရက်တွင် ဝန်ခံခဲ့သည်ဟု အေပီ သတင်းအရ သိရသည်။

ဆီးရီးယားတွင် ပြန်ပေးဆွဲခံခဲ့ရသော အနောက်တိုင်းသားများအပေါ် နှိပ်စက်ညှင်းပန်းမှု၌ IS စစ်သွေးကြွနှင့်အတူ ပါဝင်ပတ်သက်သဖြင့် ဒဏ်ငွေအကြမ်းဖျင်း ဒေါ်လာ ၇၇၈ သန်း ပေးဆာင်ရန် အဆိုပါကုမ္ပဏီက သဘောတူ လက်ခံခဲ့သည်။

Lafarge ကုမ္ပဏီသည် နယ်မြေသစ်များ ရယူပြီး ဆီးရီးယားပြည်တွင်းစစ် ပြင်းထန်နေချိန်၌ စစ်သွေးကြွအဖွဲ့နှင့် ဝင်ငွေခွဲဝေယူခဲ့သည့်အပြင် ရက်စက်ကြမ်းကြုတ်သော IS အဖွဲ့၏ အပြုအမူများကို မျက်ကွယ်ပြုခဲ့ကြောင်း အမေရိကန်တရားရေးဌာနက စွပ်စွဲထားသည်။

ကုမ္ပဏီသည် ဆွစ်ဇာလန်မှ Holcim ဘိလပ်မြေကုမ္ပဏီနှင့် မပူးပေါင်းမီ အဆိုပါလုပ်ရပ်များကို ဆီးရီးယားတွင် ဖော်ဆောင်ခဲ့ကြောင်း ပြင်သစ်ဥပဒေစိုးမိုးရေး အာဏာပိုင်များက စုံစမ်းတွေ့ရှိခဲ့သည်။

Lafarge ကုမ္ပဏီအနေဖြင့် ပြည်ပအကြမ်းဖက်အဖွဲ့နှင့် ထောက်ပံ့ရေးပစ္စည်းများ ပူးပေါင်းကြံစည်မှုတွင် အပြစ် ရှိကြောင်း ဝန်ခံခဲ့သော ပထမဆုံး အမှုဖြစ်ကြောင်း တရားရေးဌာန တာဝန်ရှိသူများက ဆက်လက် ပြောကြားခဲ့သည်။

ပြင်သစ်ဘိလပ်မြေ Lafarge ကုမ္ပဏီကိုတွေ့ရစဉ် (AP)

Lafarge နှင့် တွဲဖက် လုပ်ကိုင်မှု မပြုသည်မှာ နှစ်အတန်ကြာပြီဖြစ်သည့် ဆီးရီးယားလုပ်ငန်းခွဲ တစ်ခုကလည်း ရာဇဝတ်မှုဒဏ်ငွေ ဒေါ်လာ ၉၀ ဒသမ ၇၈ သန်းနှင့် လျော်ကြေးငွေ ဒေါ်လာ ၆၈၇ သန်းကို ပေးဆောင်ရမည့် ကိစ္စ အတွက် ဘရွတ်ကလင်းရှိ ဗဟိုတရားရုံးသို့ အယူခံဝင်ခဲ့သည်။

“နိုင်ငံပေါင်းစုံ ကော်ပိုရေးရှင်း တစ်ခုအနေဖြင့် အကြမ်းဖက်ဟု သတ်မှတ်ထားသော အဖွဲ့တစ်ဖွဲ့အတွက် ငွေပေး ချေမှုမှာ တရားမျှတမှု မရှိပါ။ ထိုသို့ ပေးချေမှုများသည် ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ပြီး အမေရိကန် အာဏာပိုင်များ၏ အမြင့်ဆုံး စိစစ်ဆုံးဖြတ်မှုအပေါ် မူတည်၍ ပြင်းထန်သော ပြစ်ဒဏ်ချမှတ်သင့်ကြောင်း အာမခံ တင်ပြ ပါသည်” ဟု တရားရေးဌာန၊ အမျိုးသားထိပ်တန်းလုံခြုံရေး အရာရှိဖြစ်သူ လက်ထောက်ရှေ့နေချုပ် မက်သရူး အော်ဆန်က ပြောကြားခဲ့သည်။

အဆိုပါကုမ္ပဏီသည် ကြားခံအဖွဲ့များမှတဆင့် IS နှင့် အယ်လ်နူရက်တပ်ဦး စသည့် စစ်သွေးကြွအဖွဲ့များထံသို့ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ဒေါ်လာ ၆ သန်းနီးပါး ပေးအပ်ခဲ့ကြောင်း အမေရိကန် အစိုးရရှေ့နေများက ပြောကြားခဲ့ကြသည်။

၎င်းတို့ သတ်မှတ်ထားသော လစဉ်ပေးချေသည့် ငွေများမှာ အုပ်စုအသီးသီးနှင့် ကုမ္ပဏီ၏ နားလည်မှုကြောင့် မဟုတ်ဘဲ စီးပွားရေးအရ အမြတ်ထုတ်ရန် သက်သက်ဖြစ်ကြောင်း တရားရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 44
  • 45
  • 46
  • 47
  • 48
  • 49
  • 50
  • 51
  • 52
  • 53

Page 49 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar