CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ရွေးကောက်ပွဲ ကျင်းပရာတွင် အသုံးပြုသည့် ပစ္စည်းများဝယ်ယူရေး တင်ဒါခေါ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1573

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် အသုံးပြုမည့် ပစ္စည်းကရိယာများ ဝယ်ယူလိုခြင်းကြောင့် တင်ဒါခေါ်ယူလျက်ရှိကြောင်း မြန်မာ့အလင်းသတင်းစာတွင် ယနေ့ (အောက်တိုဘာ ၁၄ ရက်)တွင် ထုတ်ပြန် ကြေညာခဲ့သည်။

နစကဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရရှိမည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြား ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ နစကကျင်းပမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တိုက် တွန်းထားသည်။

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ပြုလုပ်ခဲ့သည့် (၃၃) ကြိမ်မြောက် OPEC အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးကို တက်ရောက်လာသည့် ကိုယ်စားလှယ်များ သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြစဉ်(ဓါတ်ပုံ-Getty Images)

OPEC+ စွမ်းအင်ဖြတ်တောက်မှု တစ်လဆိုင်းငံ့ပေးရန် အမေရိကန်တောင်းဆိုဟု ဆော်ဒီပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1009

CNI International News

ဒူဘိုင်း၊ အောက်တိုဘာ ၁၄

OPEC+ နှင့် ရုရှားအပါအဝင် မဟာမိတ်များ၏ စွမ်းအင်ဖြတ်တောက်ဖို့ ဆုံးဖြတ်ချက်ကို တစ်လဆိုင်းငံ့ပေးပါရန် အမေရိကန်တောင်းဆိုလာကြောင်း ဆော်ဒီအာရေဗျက အောက်တိုဘာ ၁၃ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဆိုင်းငံ့ပေးခြင်းကြောင့် လာမည့်လတွင် ကျင်းပမည့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ စွမ်းအင်ဈေးနှုန်းများ တက်နိုင်ခြေကို လျှော့ချနိုင်မည်ဖြစ်သည်။

လာမည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် ကွန်ဂရက်(လွှတ်တော်)အတွင်း ဒီမိုကရက်တစ်ပါတီဝင်အများစု ထိန်းထားရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြိုးပမ်းနေကြောင်းတော့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် အတိအကျရည်ညွှန်းထားခြင်း မတွေ့ရပေ။

သို့သော် စွမ်းအင်ထုတ်လုပ်မှုကို တစ်လဆိုင်းငံ့ပေးရန် မိမိတို့ကို အမေရိကန်က တောင်းဆိုကြောင်း အဆိုပါ ကြေညာချက်ထဲတွင် ရေးသားထားသည်။ ကြေညာချက်နိဂုံးပိုင်းတွင် OPEC သည် ဗီယင်နာ၌ အောက်တိုဘာ ၅ ရက်ကျင်းပပြီးစီးခဲ့သည့် အစည်းအဝေးတွင် ထိုကဲ့သို့ စွမ်းအင်ဖြတ်တောက်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း ဆက်လက် ရေးသားဖော်ပြသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင်ပြုလုပ်ခဲ့သည့် OPEC အစည်းအဝေးဝင်ပေါက်တွင် မီဒီယာသမားများ သတင်းရယူရန် စောင့်ဆိုင်းခဲ့ကြစဉ်(ဓါတ်ပုံ-အေပီ)

စွမ်းအင်ဖြတ်တောက်မှုကို ဆိုင်းငံ့ခြင်းကြောင့် အမေရိကန်ပြည်တွင်းရွေးကောက်ပွဲများ ပြီးစီးချိန်အထိ လောင်စာဆီဈေးနှုန်းများ တက်လာခြင်းကို နှောင့်နှေးစေမည်ဖြစ်သည်။

ရေနံဈေးများတက်၍ လောင်စာဆီစရိတ် တိုးလာခြင်းသည် အမေရိကန်နှင့်တကမ္ဘာလုံးအတွက် ငွေကြေး ဖောင်းပွမှုဖြစ်စေခြင်းအတွက် အဓိကမောင်းနှင်အားတစ်ခုလည်းဖြစ်သည်။

လပေါင်းများစွာ ကြာမြင့်အောင် ယူကရိန်းကို ရုရှားစစ်တိုက်နေခဲ့၍ ကမ္ဘာ့စားနပ်ရိက္ခာများ ပြတ်တောက်ခဲ့ရပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမပြေလည်မှုမှာ ပိုမိုဆိုးရွားလာခဲ့သည်။

အခြားတဖက်တွင်လည်း ဓာတ်ဆီဈေးများ တဟုန်ထိုးတက်လာခြင်းကြောင့် ၎င်းမဲဆန္ဒရှင်များ မကျေနပ်မှုက ဘိုင်ဒန်အတွက် ထိခိုက်စေမည်ဖြစ်သည်။

ရှားရှားပါးပါး ထုတ်ပြန်ခဲ့သော ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်သည် အမေရိကန်နှင့်ဆော်ဒီ နှစ်နိုင်ငံကြားဆက်ဆံရေး မည်မျှတင်းမာနေကြောင်း ပြသခဲ့သည်။

အဆိုပါ ဆိုင်းငံ့စေရေး တောင်းဆိုချက်သည် အမေရိကန်ရွေးကောက်ပွဲများနှင့် ဆက်နွှယ်နေကြောင်း ကောက်ချက်ချမှုများကို အိမ်ဖြူတော်က အောက်တိုဘာ ၁၃ ရက်တွင် ငြင်းဆိုခဲ့သည်။ အမေရိကန်၏ စီးပွားရေး ဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများ၊ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်တို့နှင့်သာ ဆက်နွှယ်ခြင်းရှိသည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ် (Reuters)

နေတိုးထဲ ယူကရိန်းဝင်လျှင် တတိယကမ္ဘာစစ်ဖြစ်နိုင်ဟု ရုရှားသတိပေး

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1795

CNI International News

မော်စကို၊ အောက်တိုဘာ ၁၄

အကယ်၍ အမေရိကန်ဦးဆောင်သော မြောက်အတ္တလန္တိတ်စစ်စာချုပ်(နေတိုး)အဖွဲ့ထဲသို့ ယူကရိန်းကို ဝင်ခွင့်ပြုခဲ့လျှင် လက်ရှိစစ်ရေးပဋိပက္ခသည် တတိယကမ္ဘာစစ်ဖြစ်ဖို့ အလားအလာရှိကြောင်း ရုရှားလုံခြုံရေးကောင်စီမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်တွင် ယူကရိန်းနယ်မြေ ၁၈ ရာခိုင်နှုန်း သိမ်းယူကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် တရားဝင်ကြေညာပြီး နာရီပိုင်းအကြာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက နေတိုးအဖွဲ့ထဲသို့ အဖွဲ့ဝင်ရန် အဆိုပြု ကမ်းလှမ်းချက်ကို တုံ့ပြန်ကြေညာခဲ့သည်။

နေတိုးအဖွဲ့ဝင် အပြည့်အဝဖြစ်ရေးမှာ အဆိုပါမဟာမိတ် အဖွဲ့ဝင် နိုင်ငံအားလုံး၏ သဘောတူညီချက် ရယူရန် လိုအပ်သဖြင့် ယူကရိန်းအတွက် လတ်တလော အလှမ်းဝေးသေးသည်။

“ဒီခြေလှမ်းဟာ တတိယကမ္ဘာစစ်ဖြစ်ဖို့ နီးလာပြီဆိုတာ ကိယက်ဗ်အစိုးရ ကောင်းကောင်းသိပါတယ်” ဟု ရုရှား လုံခြုံရေးကောင်စီ၊ လက်ထောက်အတွင်းဝန် အလက်ဇန္ဒားဗီနီဒစ်တော့ဗ် (Alexander Venediktov) က ပြောကြားကြောင်း တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။

ယူကရိန်း ခေါင်းဆောင်များကိုတွေ့ရစဉ် 

နေတိုးထဲ ဝင်ရေးအတွက် ယူကရိန်းအဆိုပြုချက်၏ နောက်ဆက်တွဲ အကျိုးဆက်များကို အနောက်အုပ်စုနိုင်ငံများ နားလည်သောကြောင့် ယခုကဲ့သို့ အဆိုပြုကမ်းလှမ်းခြင်းမှာ ဝါဒဖြန့်ချိရေးအဖြစ်သာ မိမိခံစားရကြောင်း ရုရှား လုံခြုံရေး ကောင်စီ၊ အတွင်းရေးမှူး နီကိုလပ်ပက်ထရူရှက်ဗ် (Nikolai Patrushev) ၏ လက်ထောက်ဖြစ်သူ ဗီနီဒစ်တော့ဗ်က ပြောကြားခဲ့သည်။

နီကိုလပ်ပက်ထရူရှက်ဗ်သည် ပူတင်နှင့်နီးစပ်သော မဟာမိတ်တစ်ဦးလည်း ဖြစ်သည်။

“အဲဒီလို ကိုယ့်ကိုယ်ကို ပြန်သတ်သေမယ့် ခြေလှမ်းရဲ့သဘောသဘာဝကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေ နားလည်ပြီး သားပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

နေတိုးကို အရှေ့ဘက်သို့ အမေရိကန် ချဲ့ထွင်နေခြင်းအား သမ္မတ ဗလာဒီမာပူတင်က အကြိမ်ကြိမ် အပြစ်တင် ရှုတ်ချခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံဟောင်းများ ဖြစ်ကြသည့် ယူကရိန်းနှင့် ဂျော်ဂျီယာ ကဲ့သို့နိုင်ငံများကို ရုရှားက ၎င်း၏ကိုယ်ပိုင် ဩဇာလွှမ်းမိုးရာ အစိတ်အပိုင်းများအဖြစ် မှတ်ယူထားသည်။

ရုရှားနိုင်ငံကို ကာကွယ်ရန်အတွက် နျူကလီးယား လက်နက်ထုတ်သုံးရန် အဆင်သင့် ဖြစ်နေပြီဟု အနောက် အုပ်စုနိုင်ငံများအား ပူတင်က စက်တင်ဘာ ၂၁ ရက်တွင် သတိပေးခဲ့သည်။

သို့ဖြစ်၍ ၁၉၆၂ ခုနှစ်၊ ကျူးဘားဒုံးကျည် အကျပ်အတည်း နောက်ပိုင်း အကြီးမားဆုံး နျူကလီးယား အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့သည်။

လာမည့် သီတင်းပတ်တွင် နေတိုးသည် “တည်ကြည်မွန်းတည့်နေ (Steadfast Noon)” ဟု အမည်ပေးထားသည့် နျူကလီးယား ကြိုတင်ပြင်ဆင်ရေး စစ်ရေး လေ့ကျင့်မှုကို စတင်မည်ဖြစ်သည်။ အဆိုပါလေ့ကျင့်မှုသည် နှစ်စဉ် ပြုလုပ်နေကျ ဖြစ်သည်။

ယူကရိန်း စစ်မြေပြင်ကိုတွေ့ရစဉ်

လက်ရှိ ကာလအထိ ရုရှားနှင့်အမေရိကန်တို့သည် အကြီးမားဆုံး အဏုမြူ အင်အား ပိုင်ဆိုင်ကြသူများဖြစ်ပြီး တကမ္ဘာလုံး စုစုပေါင်း နျူကလီးယား ထိပ်ဖူးများ၏ ၉၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားကြသည်။

ရုရှားအပေါ် ကြိုတင်ကာကွယ်ရေး တိုက်ခိုက်ရန် ဇာလန်းစကီး၏ တောင်းဆိုချက်သည် အန္တရာယ်များလှပြီး နျူကလီးယားစစ်ပွဲကြောင့် ကမ္ဘာ့ကြီး ဆိုးရွားသော အကျိုးဆက်များဖြစ်လာနိုင်ကြောင်း ဗီနီဒစ်တော့ဗ်က ထောက်ပြခဲ့သည်။

“ကျနော်တို့ သတိထားရမယ့် အချက်ဟာ နျူကလီးယား ပဋိက္ခဆိုတာ ရုရှားနဲ့အနောက်အုပ်စုတင် မကဘဲ ကမ္ဘာ့နိုင်ငံတိုင်းအတွက် သက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။ ဒီအကျိုးဆက်တွေက လူသားအားလုံးအတွက် ဆိုးရွားစေလိမ့်မယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘိုင်ဒန်၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာက တရုတ်နှင့်ရုရှားကို ဦးတည်

By CNI
CNI
Category: Watch TV
Hits: 565

Share
Tweet
Share
Share
powered by social2s

ဘယ်လာရုစ် ယူကရိန်းစစ်ပွဲထဲပါဝင်ရန် နီးလာ

By CNI
CNI
Category: Watch TV
Hits: 556

Share
Tweet
Share
Share
powered by social2s

နျူလက်နက် သယ်ဆောင်နိုင်သည့် ခရုဇ်ဒုံးကျည် မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်

By CNI
CNI
Category: Watch TV
Hits: 544

Share
Tweet
Share
Share
powered by social2s

တည်ဆဲဥပဒေများ လိုက်နာရန် ANP ကို UEC သတိပေး

By CNI
CNI
Category: Watch TV
Hits: 550

Share
Tweet
Share
Share
powered by social2s
နေတိုးအထွေထွေ အတွင်းရေးမှူးချုပ် ဂျန်စ့်စတိုလန်ဘတ်ကိုတွေ့ရစဉ် (AP)

ယူကရိန်းစစ်ပွဲ နေတိုး ရှောင်ရှား၊ အဖွဲ့ဝင်များကို မည်သည့်နည်းဖြင့်မဆို ကူညီမည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1198

CNI International News

ဘရပ်ဆဲလ်၊ အောက်တိုဘာ ၁၃

ယူကရိန်းအတွက် လက်နက်ထုတ်လုပ်ပေးရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ရုန်းကန်နေရသည့် စိန်ခေါ်မှုနှစ်ရပ်ကို အဖွဲ့ဝင်နိုင်ငံများ ရင်ဆိုင်နေရစဉ်အတွင်း မြောက်အတ္တလန္တိတ်စစ်စာချုပ်(နေတိုး)အဖွဲ့ဝင် နိုင်ငံအသီးသီးမှ ကာကွယ်ရေးဝန်ကြီးများ အောက်တိုဘာ ၁၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

လတ်တလော အနေအထားတွင် ရုရှားလက်တုံ့ပြန် ဖျက်ဆီးလိုသည့် စွမ်းအင်ပိုက်လိုင်းများ (သို့မဟုတ်) ဓာတ်အားနှင့်ဆက်သွယ်ရေး ကေဘယ်ကြိုးများကဲ့သို့ အရေးကြီးသည် ဥရောပအခြေခံ အဆောက်အဦများကိုလည်း အကာအကွယ်ပေးနေရသည်။

ယူကရိန်းထဲသို့ ကျူးကျော်ဝင်ရောက်ရန် ၎င်း၏တပ်ဖွဲ့များကို သမ္မတပူတင် အမိန့်ပေးပြီးနောက်ပိုင်း ၈ လတာ အတွင်း နိုင်ငံပေါင်း ၃၀ ပါဝင်သည့် နေတိုးမဟာမိတ်အဖွဲ့သည် စည်းမျဉ်းစည်းကမ်းအတိုင်း ထိန်းသိမ်း ရပ်တည်ခဲ့သည်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီးကိုတွေ့ရစဉ် (AP)

နျူကလီးယား လက်နက်ပိုင်ရှင် ရုရှားနှင့် စစ်ရေးအခြေအနေ ပိုမိုဆိုးရွားလာခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် နေတိုး အဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းထံသို့ နယ်မြေခုခံ ကာကွယ်ရေး အတွက်သာ အထောက်အပံ့များ ပေးပို့ခဲ့သည်။

သို့သော် နေတိုးအဖွဲ့ဝင် တစ်နိုင်ငံချင်းကတော့ သံချပ်ကာယာဉ်များ၊ လေကြောင်းရန် ကာကွယ်ရေးစနစ်များ (သို့မဟုတ်) တင့်ကားဖျက် ဒုံးကျည်များ အပါအဝင် ခဲယမ်းမီးကျောက်များကို ယူကရိန်းထဲသို့ ပေးပို့နေကြသည်။

အဆိုပါ အထောက်အပံ့များအနက် ယူကရိန်းတပ်ဖွဲ့ဝင်များကို စစ်ဆင်ရေး သင်ခန်းစာများ လေ့ကျင့်သင်ကြား ပေးခြင်းလည်း အကျုံးဝင်သည်။

သို့သော် ယခုသီတင်းပတ်အတွင်း ယူကရိန်းမြို့ကြီးများကို ရုရှားက ဒုံးကျည်များဖြင့် ဆက်တိုက် ပစ်ခတ်လာခဲ့ရာ နေတိုးနိုင်ငံများ၏ လက်ရှိစစ်ရေး အထောက်အပံ့များမှာ မလုံလောက်သည့် အနေအထားသို့ ရောက်ရှိလာခဲ့သည်။

ဖင်လန်ကာကွယ်ရေးဝန်ကြီးကိုတွေ့ရစဉ် (AP)

နေတိုးကာကွယ်ရေးဝန်ကြီးများသည် ထောက်ပံ့ရေးဆိုင်ရာ နည်းလမ်းများကို စုစည်း၍ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ပေးရေး စက်မှုလုပ်ငန်းများ အရှိန်မြှင့်တင်ရန် ဆွေးနွေးငြင်းခုံခဲ့ကြသည်။

“ကျနော်တို့ မဟာမိတ်နိုင်ငံတွေက လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ထောက်ပံ့ပေးခဲ့ကြပေမယ့် ပိုပြီး ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ ခရုဇ်ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ မတူညီတဲ့ စစ်ရေးတာဝန်တွေကို ဆက်လုပ်နိုင်ဖို့ တာတို၊ တာဝေး လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ လိုအပ်တာဖြစ်ပါတယ်” ဟု နေတိုးအထွေထွေ အတွင်း ရေးမှူးချုပ် ဂျန်စ့်စတိုလန်ဘတ်က ပြောကြားခဲ့သည်။

“ယူကရိန်းဟာ ကျယ်ပြန့်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီးတော့ မြို့တွေလည်း အများကြီးပါပဲ။ ဒါကြောင့် မြို့တွေနဲ့ နယ်မြေ အစိတ်အပိုင်းတွေကို ရုရှားတိုက်ခိုက်ခံရတာကနေ ကာကွယ်ဖို့ ယူကရိန်းအတွက် အတိုင်းအတာတစ်ခု အထိ တိုးမြှင့်ထောက်ပံ့ဖို့ လိုအပ်ပါတယ်” ဟု ဘရပ်ဆဲလ်မြို့ရှိ နေတိုးဌာနချုပ်တွင် ကျင်းပသည့် အစည်းအဝေး မတိုင်မီ သတင်းထောက်များကို စတိုလန်ဘတ်က ရှင်းပြခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘယ်လာရုစ် သမ္မတ လူကာရှန်ကို (Reuters)

ဘယ်လာရုစ် ယူကရိန်းစစ်ပွဲထဲပါဝင်ရန် နီးလာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1391

CNI International News

မင့်ခ်၊ အောက်တိုဘာ ၁၃

ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲနေသည့် ရုရှား၏ မဟာမိတ်ဖြစ်သော ဘယ်လာရုစ်သည် ယူကရိန်းစစ်ပွဲထဲ ပါဝင်လာရန် နီးကပ်လာနေကြောင်း ရိုက်တာက ရေးသားထားသည်။

ယခုသီတင်းပတ်အတွင်း ဘယ်လာရုစ်နိုင်ငံ၌ စစ်ရေးလှုပ်ရှားမှုများ ဂယက်ရိုက်ခတ်ခြင်းကို ယူကရိန်းနှင့် အနောက်အုပ်စု နိုင်ငံများ အာရုံစိုက်ခဲ့ကြသည်။

ယူကရိန်းမြေပေါ်တွင် ရုရှား၏ ကျူးကျော်စစ်ကို ထောက်ခံအားပေးရန်အတွက် ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို အနေဖြင့် ၎င်း၏စစ်တပ်အား ရုရှားအပေါ် ကတိကဝတ်ပြုလာမည့် အလားအလာရှိကြောင်း အရိပ် လက္ခဏာတစ်ရပ် ပြသလာသည်ဟု ရိုက်တာက ရေးသားသည်။

လူကာရှန်ကိုသည် ယူကရိန်းနယ်စပ်အနီး ရုရှားတပ်ဖွဲ့များနှင့်အတူ ဘယ်လာရုစ်တပ်များ ဖြန့်ကြက်ချထားရန် အမိန့်ပေးထားပြီး တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြောင်း ဘယ်လာရုစ် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ယူကရိန်းရဲ့ စစ်မြေပြင်ကိုတွေ့ရစဉ် (GETTY IMAGES)

ယူကရိန်းနယ်စပ်မှ ကီလိုမီတာ ၂၀ (၁၂ မိုင်)သာ ဝေးကွာသော ယာ့ခ် (Yelk) မြို့အနီးတွင် ဘယ်လာရုစ် ပြည်ထဲရေးဝန်ကြီးဌာနက ချေမှုန်းရေးဆိုင်ရာ လက်နက်ကိုင် လေ့ကျင့်မှုများကို အောက်တိုဘာ ၁၁ ရက်၌ ပြုလုပ်ခဲ့သည်။

ယူကရိန်းအရေးတွင် ဘယ်လာရုစ် ပါဝင်ပတ်သက်မှု ပိုမို၍ ထဲထဲဝင်ဝင် လုပ်ဆောင်လာလျှင် အနောက်အုပ်စု၏ ပိတ်ဆို့ အရေးယူခြင်းနှင့် ရင်ဆိုင်ရနိုင်ကြောင်း ပြင်သစ်က ဘယ်လာရုစ်ကို သတိပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် အဆိုပါ နယ်စပ်အနီးတွင် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးမစ်ရှင် တစ်ခုကို စေလွှတ်ချထားရန် စက်မှုထိပ်သီး (G-7) အုပ်စုဝင် ၇ နိုင်ငံထံသို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက တောင်းဆိုခဲ့သည်။

ယူကရိန်းသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှား စတင်ကျူးကျော်စဉ်က ဘယ်လာရုစ်သည် ၎င်း၏ပိုင်နက် ကို လက်နက်ကြီး ပစ်လွှတ်ရေးအတွက် အသုံးပြုခွင့် ပေးခဲ့သော်လည်း စစ်ပွဲထဲသို့ တိုက်ရိုက်ပါဝင်ခဲ့ခြင်း မရှိပေ။

ရုရှားသမ္မတ ဗလာဒီမာပူတင်က စစ်ပွဲထဲ ဝင်ရန် တောင်းဆိုလာပါက လူကာရှန်ကို အနေဖြင့် ရွေးချယ်စရာမရှိ ကြောင်း ပြောကြားခဲ့ပြီး ဖြစ်သည်။

ယူကရိန်းစစ်ပွဲအတွင်းက ယူကရိန်းပြည်သူများများကိုတွေ့ရစဉ် (GETTY IMAGES)

ယခုအခါ ယူကရိန်းစစ်မြေပြင်တွင် မော်စကိုသည် ဆက်တိုက် ရှုံးနိမ့်မှုများမှ ရုန်းထွက်နိုင်ရန် အားယူနေရပြီး ရုရှား စစ်ဗိုလ်ချုပ်များအပေါ် မကြုံစဖူး လူထုဝေဖန်မှုများ ရင်ဆိုင်နေရချိန်လည်း ဖြစ်သည်။

သို့သော် ဘယ်လာရုစ်၏ စွက်ဖက်မှုရှိလာလျှင် စစ်ရေးအခြေအနေ များစွာ ကွာခြားသွားလိမ့်မည်ဟုလည်း ယူဆနေကြသည်။

နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးသိပ္ပံ၏ အဆိုအရ ဘယ်လာရုစ်နိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီး ချိန် လွတ်လပ်ရေးရစဉ်ကတည်းက စစ်မတိုက်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော် ကြာခဲ့ပြီဖြစ်ကြောင်း သိရသည်။

“သူတို့တပ်ကို တိုက်ခိုက်ရေးစွမ်းရည် အစမ်းသပ်ခံနိုင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့လို့ အတိအကျ ပြောလို့မရပါဘူး” ဟု စစ်ရေးလေ့လာသုံးသပ်သူ ဆာမီယာပူရီ (Samir Puri) က ပြောကြားခဲ့သည်။

၎င်းသည် “ရုရှားနှင့်ယူကရိန်း စစ်ပွဲသို့ သွားရာလမ်း” စာအုပ်ကို ရေးသားပြုစုခဲ့သူ ဖြစ်သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
ANP ပါတီကိုတွေ့ရစဉ်

တည်ဆဲဥပဒေများ လိုက်နာရန် ANP ကို UEC သတိပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1027

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃

လက်ရှိ တည်ဆဲဥပဒေများကို လိုက်နာရန် ရခိုင်အမျိုးသားပါတီ (ANP)အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)မှ သတိပေးခဲ့ကြောင်း ANP ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်က မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန် တိုက်ပွဲကြောင့် ဒေသခံလူထုများ၏ အခက်အခဲနှင့် ပတ်သက်၍ ထုတ်ပြန်ချက် တစ်စောင်ကို ANP မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်သည် မျှတမှု မရှိဟုဆိုကာ UEC က ခေါ်ယူ တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA တိုက်ပွဲ အခြေပြုမြေပုံ

ဦးသာထွန်းလှက “တွေ့ဆုံဆွေးနွေးတာကတော့ အဓိကကြတော့ ကျနော်တို့ စက်တင်ဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့တဲ့ Statement ကိစ္စလေ အဲဒီအပေါ်မှာ UEC ဘက်က သူတို့ အဲဒီ Statement ကို သုံးသပ်ရာမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေက တချို့ပုဒ်မတွေနဲ့ အဲဒီပုဒ်မတွေကို စောင့်ထိန်းလိုက်နာဖို့အတွက် အားနည်း ပျက် ကွက်မှုတွေ တွေ့တယ်ဆိုပြီး အဲဒီလို မနေ့က ရှင်းပြတယ်၊ ပြီးရင် ဒီထုတ်ပြန်ချက် အပေါ်မှာ တဖက်သတ် ဆန်မှု တွေ ရှိတယ်ဆိုတဲ့ အမြင်လည်း သူတို့ ပြောတယ်၊ အဲဒါကြောင့် အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ နောက် နောင် အဲဒီလို ထုတ်မယ်ဆိုရင် ဒီလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေ၊ နည်းဥပဒေတွေကို လိုက်နာဖို့ လိုအပ်တယ်၊ အဲဒီဥပဒေတွေကို လိုက်နာမှု မရှိဘဲ ဆန့်ကျင်တဲ့ သဘောထား ထုတ်ပြန်ချက်တွေကို မထုတ်ပြန်ဖို့ လိုအပ်တယ်၊ UEC ဖက်က အမြင်ကို သူတို့က အဲဒီလို သူတို့အမြင်ကို ပြောတယ်၊ အခုလက်ရှိ ဥပဒေတွေ အပေါ် မှာ လိုက်နာဖို့ လိုတယ်ဆိုတဲ့ ကိစ္စကိုတော့ သူတို့ဖက်က ကျနော်တို့ကို ပါတီကို အသိပေးသလို၊ သတိပေးတဲ့ ပုံစံ မျိုးလည်း ရှိတယ်လို့ ပြောလို့ရတယ်၊ ကျနော်တို့ကလည်း အဲဒီအပေါ်မှာ မူတည်ပြီးကျနော်တို့ ပြန်ပြီး ကျနော်တို့ ဆွေးနွေးတင်ပြတာ ဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို အကာအကွယ်ယူပြီး တိုက်ပွဲ မဖော်ဆောင် ကြရန်၊ မြန်မာ့တပ်မ‌တော်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုတို့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်က လမ်းဆုံတစ်နေရာကိုတွေ့ရစဉ်

ထို့အတူ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးနေကြသည့် INGOs၊ NGOs နှင့် CSOs များအား ပိတ်ပင် ထားမှုကို ပြန်လည်ဖွင့်ပေးရန်၊ စစ်ပွဲဧရိယာ၊ စစ်ပွဲနှင့် မပတ်သက်သည့် နေရာများ အပါအဝင် မြို့နယ်တချို့အား ကုန်းလမ်း၊ ရေလမ်းများကို အကန့်အသတ်မရှိ ပိတ်ဆို့ထားမှုသည် ၎င်းဒေသရှိ ဒေသခံပြည်သူ လူမျိုးပေါင်းစုံ၏ အသက်ရှင် နေထိုင်ရေးကို ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု ရှုမြင်ကြောင်း ANP ထုတ်ပြန်ချက်က ပြောထားသည်။

ဦးသာထွန်းလှက “ကျနော်တို့ကလည်း သဘောထားထုတ်ပြန်ချက်က အခုလက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ တကျော့ပြန် စစ်ပွဲမှာ ပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ရှိနေတယ်၊ အဲဒါကြောင့် ပြည်သူတွေ ခံစားနေရတဲ့ အခြေအနေတွေ ရှိနေတယ်၊ အဲဒီအပေါ်မှာ ကျနော်တို့ ပါတီ အနေနဲ့လည်း ပြည်သူတွေအတွက်၊ နိုင်ငံအတွက် ထူထောင်ထားတဲ့ ပါတီဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ကလည်း အဲဒီလို ထုတ်ဖော်ပြောဆိုဖို့ တာဝန်ရှိတယ်လို့ ယူဆတယ်၊ ယုံလည်း ယုံကြည်တယ်၊ အဲဒါကြောင့် ပြည်သူတွေအတွက် ကျနော်တို့ ပြည်သူတွေ ထိခိုက်နစ်နာမှု အတွက် ရည်ရွယ်လို့ အဲဒါကို ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်၊ ကာကွယ်ဖို့လည်း လိုအပ်တယ်လို့ ယူဆလို့ ထုတ် ပြန်တာ ဖြစ်တယ်၊ အဲဒါကြောင့် အဲဒီအပေါ်မှာကတော့ တစ်ဖက်က အမြင်စိုးရိမ်မှု ရှိနိုင်တယ်၊ ကျနော်တို့ ဖက်က လည်း လိုအပ်လို့ ထုတ်ပြန်တာ ဖြစ်တယ်ဆိုတာ ကျနော်တို့လည်း ပြန်ရှင်းပြတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ULA/AA နှင့် တပ်မတော်တို့ ၂ နှစ်နီးပါး ရပ်နားထားသည့် တိုက်ပွဲမှာ ပြီးခဲ့သည့် ဩဂုတ်လ အတွင်းက စတင်ကာ တကျော့ပြန် ဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲများကြောင့် သြဂုတ်လနှင့် စက်တင်ဘာလအတွင်းမှာ တိုက်ပွဲရှောင် လူဦးရေ ၆၁၆၇ ဦး တိုးလာကြောင်း AA က ထုတ်ပြန်ထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဒုံးကျည်ပစ်လွှတ်နေခြင်းနဲ့အတူ ကင်မ်ဂျုံအန်းကို တွေ့ရစဉ် (AFP)

နျူလက်နက် သယ်ဆောင်နိုင်သည့် ခရုဇ်ဒုံးကျည် မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1551

CNI International News

ပြုံယမ်း၊ အောက်တိုဘာ ၁၃

နျူကလီးယားလက်နက် သယ်ဆောင်နိုင်သည့် ခရုဇ်ဒုံးကျည်ကို မြောက်ကိုရီးယားက စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တာဝေးပစ် မဟာဗျူဟာမြောက် ခရုဇ် (Cruise) ဒုံးကျည်နှစ်စင်း ပစ်လွှတ်မှုကို ခေါင်းဆောင် ကင်မ်ဂျုံ အန်း ကြီးကြပ်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရမီဒီယာကို ကိုးကား၍ ရိုက်တာက အောက်တိုဘာ ၁၃ ရက်တွင် သတင်းဖော်ပြသည်။

စစ်ဘက်ဆိုင်ရာ ယူနစ်များအတွက် နျူကလီးယား စွမ်းရည်နှင့် လက်နက်များ၏ စွမ်းဆောင်ရည်ကို အတည်ပြု စမ်းသပ်ရန် ထိုဒုံးကျည်နှစ်စင်းအား ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၂ ရက်တွင် စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဟု သိရပြီး ဗျူဟာမြောက် နျူကလီးယား စစ်ဆင်ရေးအတွက် ကိုရီးယားပြည်သူ့တပ်မတော် သုံးစွဲမည့် ခရုဇ်ဒုံးကျည်များ၏ ချေမှုန်းရေးစွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း မြောက်ကိုရီးယားမီဒီယာ KCNA က ထုတ်လွှင့်ခဲ့သည်။

ယခု စမ်းသပ် ပစ်လွှတ်ခြင်းသည် မိမိ၏ ရန်သူများကို ထပ်မံ၍ အတိအလင်း သတိပေးချက်ဖြစ်ကြောင်း မြောက်ကိုရီးယားက အလေးပေး ပြောကြားခဲ့သည်။

ဒုံးကျည်ပစ်လွှတ်နေစဉ် (KCNA)

မိမိတို့နိုင်ငံသည် စစ်ရေး အကျပ်အတည်းကို အချိန်မရွေး ပြတ်သားစွာ ဟန့်တားနိုင်ရန်အတွက် ဗျူဟာမြောက် နျူကလီးယား လက်နက်ကိုင် တပ်ဖွဲ့များ၏ စစ်ဆင်ရေး နယ်ပယ်ကို ချဲ့ထွင်သင့်ကြောင်း၊ ထို့အတွက် ယခု စမ်းသပ်ပစ်လွှတ်မှုဖြင့် အစပြုခြင်းဖြစ်ကြောင်း KCNA က သတင်း ဆက်လက် ဖော်ပြသည်။

အောက်တိုဘာ ၁၀ ရက်တွင် ကင်မ်ဂျုံအန်းသည် ယခင်သီတင်းပတ်၌ တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲ ရေတပ် လေ့ကျင့်မှု ကန့်ကွက်သည့် အနေဖြင့် ဗျူဟာမြောက် နျူကလီးယား စစ်ရေးစွမ်းရည် လေ့ကျင့်ရန် ညွှန်ကြားခဲ့ကြောင်း KCNA သတင်းအရ သိရသည်။

အောက်တိုဘာ ၁၂ ရက်၌ စမ်းသပ်ပစ်လွှတ်ခဲ့သော ခရုဇ်ဒုံးကျည်နှစ်စင်းသည် စက္ကန့်ပေါင်း ၁၀,၂၃၄ ကြာအောင် လေထဲတွင် ပျံသန်းခဲ့ပြီး ကီလိုမီတာ ၂,၀၀၀ ( မိုင် ၁၂၄၀) အကွာအဝေးရှိ ပစ်မှတ်ကို တိကျစွာထိမှန်ခဲ့သည်။

အဆိုပါ ဒုံးကျည် ပစ်လွှတ်မှုနှင့်ပတ်သက်၍ ရိုက်တာက သဘောထား မှတ်ချက် တောင်းခံခဲ့သော်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ငြင်းဆိုခဲ့သည်။

ဝါရှင်တန်သည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် မဟာမိတ်များ၊ မိတ်ဖက် နိုင်ငံ များနှင့် အနီးကပ် ပူပေါင်းဆောင်ရွက်သွားရေး အာရုံစိုက်ထားကြောင်းသာ ၎င်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ဗျူဟာမြောက် ခရုဇ်ဒုံးကျည်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ပထမဆုံး စမ်းသပ်ခဲ့ရာ ထိုစဉ်က အဆိုပါ ဒုံးကျည်ကို ၎င်းနိုင်ငံ၏ပထမဆုံး နျူကလီးယားလက်နက်ဟု စစ်ရေးလေ့လာသုံးသပ်သူများက ရှုမြင်ခဲ့ကြသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုတွေ့ရစဉ် (GETTY IMAGES)

ဘိုင်ဒန်၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာက တရုတ်နှင့်ရုရှားကို ဦးတည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1502

CNI International news

ဝါရှင်တန်၊အောက်တိုဘာ ၁၃

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အမျိုးသားလုံခြုံရေးမဟာဗျူဟာသည် တရုတ်၏ အင်အားကြီးထွားလာခြင်းနှင့် ရုရှားကို ဦးတည်ထားသည်ဟု နိုင်ငံတကာ သတင်းများက ရေးသားဖော်ပြခဲ့ကြသည်။

တရုတ်အင်အားကြီးထွားလာမှုကို ထိန်းချုပ်ရန် ကြိုးပမ်းချက်တစ်ရပ်အဖြစ် ကာလအတန်ကြာအောင် နှောင့်နှေး ခဲ့ရသော အမျိုးသားလုံခြုံရေးမဟာဗျူဟာကို အိမ်ဖြူတော်က အောက်တိုဘာ ၁၂ ရက်၌ ထုတ်ပြန်ခဲ့ကြောင်း ဗွီအိုအေ အင်္ဂလိပ်ပိုင်းက ဖော်ပြထားသည်။ သတင်းအရ သိရသည်။

အမေရိကန်သည် ဒီမိုကရေစီနိုင်ငံများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် မဟာမိတ်များနှင့် လက်တွဲ လုပ်ဆောင်ခြင်း၏ အရေးပါမှုကို ပြန်လည် အလေးပေးနေစဉ်အတွင်း အဆိုပါ မဟာဗျူဟာကို ထုတ်ပြန်ခဲ့သည်။

ယူကရိန်း အကျပ်အတည်းကြောင့် နှောင့်နှေးခဲ့ရသော စာမျက်နှာ ၄၈ မျက်နှာပါ မဟာဗျူဟာစာတမ်းတွင် အတွေးအခေါ် ပြောင်းလဲပုံများ ထင်ထင်ရှားရှား မပါဝင်သည့်အပြင် ဘိုင်ဒန်၏ နိုင်ငံခြားရေးမူဝါဒအတွက် အယူအဆ ကြီးကြီးမားမား မိတ်ဆက်ထားခြင်းလည်း မတွေ့ရပေ။

နိုင်ငံခြားရေးမူဝါဒ အယူအဆများအစား ရာသီဥတုပြောင်းလဲမှုနှင့် အာဏာရှင်အစိုးရများ ကျယ်ပြန့်လာခြင်းကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများကို ကျော်လွှားရန်အတွက် အမေရိကန်၏ဦးဆောင်မှု အဓိကသော့ချက် ဖြစ် ကြောင်း အိမ်ဖြူတော်၏ သဘောတရားရေးရာ ရှုမြင်ချက်ကို ယခုထုတ်ပြန်ချက်ထဲတွင် မီးမောင်းထိုးပြထားသည်။

ပူတင်နဲ့ ရှီကျင့်ဖျင်ကိုတွေ့ရစဉ် (GETTY IMAGES)

ရုရှားကျူးကျော်စစ် စတင်ပြီးနောက် တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအတွက် အဆိုးရွားဆုံး စိန်ခေါ်မှုကို ကိုယ်စားပြုနေကြောင်း ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ရေးသားထားသည်။

ကမ္ဘာတလွှား တရုတ်ဩဇာ ဆက်ရှိနေမည်ဟု ယူဆထားပါက အမေရိကန်သည် စူပါပါဝါအနေအထားနှင့် စီးပွားရေး လက်နက် ပြိုင်ဆိုင်မှုအပိုင်းတွင် အနိုင်ယူရမည်ဟု အဆိုပါမဟာဗျူဟာတွင် ချမှတ်ထားသည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ရည်ရွယ်ချက်ရှိရှိဖြင့် ကမ္ဘာလုံးဆိုင်ရာ ကစားကွက်၌ နိုင်ငံတကာ အစီအစဉ်ကို တိမ်းစောင်းစေမည့် အလားအလာ ပိုများလာ၍ အမေရိကန်ပြည်ထောင်စုက နိုင်ငံအချင်းချင်း ပြိုင်ဆိုင်မှုများ အကြား တာဝန်သိသိနှင့် စီမံခန့်ခွဲပေးရန် သန္နိဋ္ဌာန်ချထားဆဲဖြစ်ကြောင်း” အမေရိကန် အမျိုးသားလုံခြုံရေး အကြံ ပေး ဂျက်ဆူလီဗန် (Jake Sullivan) က မူဝါဒအကြိုသုံးသပ်မှုအဖြစ် အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ဖော်ပြော ကြားခဲ့သည်။

ဘိုင်ဒန်သည် ယခင်သမ္မတ ဒေါ်နယ်ထရမ့် ချမှတ်ခဲ့သော တရုတ်ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်များ ကောက်ခံခြင်း အပါအဝင် အဓိကနိုင်ငံခြားရေးမူဝါဒအပေါ် အခြေအတင် ဆွေးနွေးမှုများကို မဖြေရှင်းရသေးဘဲ ရှိသည်။

ထို့ပြင် ကာလအတန်ကြာအောင် မဟာမိတ်ဟောင်း ဆော်ဒီအာရေဗျနှင့် ဆက်ဆံရေး ပျက်ပြားနေခြင်း အပါအဝင် ရုရှားအပေါ်လည်း အရေးယူဆောင်ရွက်မှုများ ဆက်တိုက်ချမှတ်ခဲ့သည်။ လက်ရှိတွင် ရုရှားစွမ်းအင်ကို အာရှ အင်အားကြီး အိန္ဒိယက မှီခိုလာပြီ ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်သူများဖြစ်သည့် OPEC+ က အမေရိကန် ကန့်ကွက်မှုကြောင့် ၎င်း၏ ရေနံထုတ် လုပ်မှု ပစ်မှတ်ကို ဖြတ်တောက်မည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့ရာ အမေရိကန်ကလည်း ဆော်ဒီ အာရေဗျနှင့် ၎င်း၏ ဆက်ဆံရေးကို ပြန်လည်သုံးသ ပ်နေပြီဖြစ်ကြောင်း ယခုသီတင်းပတ် အစောပိုင်းတွင် ဂျက်ဆူ လီဗန်က သဘောထား မှတ်ချက်ပေး၍ တုံ့ပြန်ခဲ့သည်။

Source: VOA

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပူတင် နျူကလီးယားထုတ်သုံးမည်ဟု ဘိုင်ဒန်သံသယရှိ

By CNI
CNI
Category: Watch TV
Hits: 566

Share
Tweet
Share
Share
powered by social2s

အသက် ၉၇ နှစ်ရှိ မဟာသီယာ မလေးရှားရွေးကောက်ပွဲဝင်မည်

By CNI
CNI
Category: Watch TV
Hits: 627

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယားဒုံးကျည်ကို ကြားဖြတ်ဟန့်တားနိုင်စွမ်းရှိဟု တောင်ကိုရီးယားပြော

By CNI
CNI
Category: Watch TV
Hits: 569

Share
Tweet
Share
Share
powered by social2s

နစက ကျင်းပမည့် ရွေးကောက်ပွဲ မပျက်ပျက်အောင် ဖျက်မည်ဟု NUG ယာယီသမ္မတပြော

By CNI
CNI
Category: Watch TV
Hits: 578

Share
Tweet
Share
Share
powered by social2s
  • 46
  • 47
  • 48
  • 49
  • 50
  • 51
  • 52
  • 53
  • 54
  • 55

Page 51 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar