CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ယူကရိန်းကို ရုရှား မဖျက်ဆီးလိုဟု ပူတင်ပြော

By CNI
CNI
Category: Watch TV
Hits: 647

Share
Tweet
Share
Share
powered by social2s

B-52 ဗုံးကြဲလေယာဉ်အပါအဝင် နျူစစ်ရေးလေ့ကျင့်မှု နေတိုး စတင်မည်

By CNI
CNI
Category: Watch TV
Hits: 652

Share
Tweet
Share
Share
powered by social2s

ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကန်တီ ပါဝင်နိုင်ဖွယ်မရှိ

By CNI
CNI
Category: Watch TV
Hits: 681

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ စစ်ရေးအကူအညီ ဒေါ်လာ ၇၂၅ သန်းဖိုး အမေရိကန် ထပ်ပေးမည်

By CNI
CNI
Category: Watch TV
Hits: 667

Share
Tweet
Share
Share
powered by social2s

NCA နှင့် ၂၀၀၈ ဖွဲ့စည်းပုံအပေါ် ခိုင်ခိုင်မာမာ ရပ်တည်သွားမည်ဟု နစက ဥက္ကဋ္ဌပြော

By CNI
CNI
Category: Watch TV
Hits: 679

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုတွေ့ရစဉ်

NCA နှင့် ၂၀၀၈ ဖွဲ့စည်းပုံအပေါ် ခိုင်ခိုင်မာမာ ရပ်တည်သွားမည်ဟု နစက ဥက္ကဋ္ဌပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2043

 


CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ခိုင်ခိုင်မာမာ ရပ်တည်သွားမည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယနေ့ (အောက်တိုဘာ ၁၅ ရက်)တွင် ကျရောက်သည့် NCA စာချုပ် လက်မှတ်ရေးထိုး ချုပ်ဆိုခြင်း (၇) နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ပြောကြားသော မိန့်ခွန်းတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျာ၊ ကျနော်တို့ အနေနဲ့ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်တွေကို ဆက်လက် ဆောင်ရွက်ရာမှာ ရပ်တည်သွားရမယ့် အခြေခံအချက် နှစ်ခုရှိပါမယ်၊ ဒါတွေ ကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွား ပါမယ်၊ နောက်တစ်ခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားပါမယ်၊ NCA အပေါ်မှာ ဘာကြောင့် ရပ်တည်သင့်တယ်ဆိုတာ ကျနော်ပြောခဲ့ပြီး ဖြစ်ပါတယ်။ အလားတူ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ခုနှစ်ဟာလည်း တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့ သဘောဆန္ဒအရ ရေးဆွဲထားတာ မဟုတ် ပါဘူး။ နိုင်ငံရေးပါတီများ အစုအဖွဲ့၊ ရွေးကောက်ပွဲမှာ ရွေးချယ်ခံထားရတဲ့ အစုအဖွဲ့၊ တိုင်းရင်းသားလူမျိုးများ အစု အဖွဲ့၊ တောင်သူလယ်သမား အစုအဖွဲ့၊ အလုပ်သမားအစုအဖွဲ့၊ အသိပညာရှင်၊ အတတ်ပညာရှင်များ အစုအဖွဲ့၊ နိုင်ငံ့ဝန်ထမ်းများ အစုအဖွဲ့၊ အခြားဖိတ်ကြားသင့်တဲ့ အစုအဖွဲ့များ စတဲ့ အစုအဖွဲ့ (၈) ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရေးဆွဲခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ထိုးကြစဉ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေး စွဲခြင်း ကို ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၉၆ ခုနှစ်အထိ နှစ်နှစ်ကျော်ကြာ ကျင်းပခဲ့သည့် အမျိုးသားညီလာခံ၌ အဆိုပါ အစုအဖွဲ့ (၈) ဖွဲ့မှ ကိုယ်စားလှယ် ၇၀၂ ဦးမှ ဆွေးနွေး ရေးဆွဲခဲ့ဖြစ် ကြောင်း ၎င်းက ပြောသည်။

နစကနှင့် တပ်မတော်ကို ဖြုတ်ချရေး ကြိုးပမ်းနေသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) မှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ် ဖျက်သိမ်းကြောင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ကြေညာထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ရပ်တည်သွားမည်ဆိုသည်မှာ လက်ရှိ လုပ်ဆောင်နေသည့် ငြိမ်းချမ်း‌ရေး ကိစ္စများကို ရည်ရွယ်‌၍ ပြောဆိုခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ UWSA-NDAA-SSPP ခေါင်းဆောင်များတွေ့ဆုံစဉ်

၎င်းက “အဓိက ပြောချင်တာက ၂၀၀၈ အခြေခံဥပဒေ ဘောင်ထဲအတိုင်းပဲ သွားမယ်ဆိုတာ အဓိကပြောချင်တာက ငြိမ်းချမ်းရေးကိစ္စကို ပြောချင်တာ၊ ငြိမ်းချမ်းရေးကိစ္စ အခုသူက တာဝန်ယူထားတဲ့ ကာလမှာ နစက တာဝန်ယူ ထားတဲ့ ကာလမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမယ်၊ ဆွေးနွေးပြီးတော့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းတွေ တင်ပြတဲ့ အထဲကနေပြီးတော့ သူတို့ သဘောကျတယ်၊ ဖြစ်သင့်တယ်၊ ဖြစ် စေချင်တယ်ဆိုတဲ့ဟာကို ၂၀၀၈ အခြေခံဥပဒေအတိုင်းပဲ အခြေခံဥပဒေ ပြင်စရာတွေ ပါလာရင် လွှတ်တော်ထဲကြ မှ ပြင်မယ်၊ အဲဒီအခါမှာ တပ်အနေနဲ့ ထောက်ခံပေးမယ်၊ အဓိကအားဖြင့် အဲဒါကို သူပြောချင်တာ၊ အဲဒါကို ပြောချင် တဲ့ အတွက်ကြောင့်မို့ ၂၀၀၈ အခြေခံဥပဒေအတိုင်းပဲ သွားမယ်ဆိုပြီးတော့ ဒီငြိမ်းချမ်းရေး (၇) နှစ်မြောက်ကို ရည်ရွယ်ပြီးမှ ပြောတာ” ဟု ပြောသည်။

နစကအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်မှ ရွေးကောက်ပွဲကို လာမည့် ၂၀၂၃ ခုနှစ်တွင် ကျင်းပ သွား မည်ဖြစ်ကြောင်း၊ အနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာကို လွှဲအပ်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားသမ္မတ ဗလာဒီမာပူတင်(ဓါတ်ပုံ-Tass)

ယူကရိန်းကို ရုရှား မဖျက်ဆီးလိုဟု ပူတင်ပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1748

CNI International News

မော်စကို၊ အောက်တိုဘာ ၁၅

ယူကရိန်းကို နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေခြင်းမှ ဖျက်ဆီးလိုသည့်ဆန္ဒမရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အောက်တိုဘာ ၁၄ တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

ယူကရိန်းသည် နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမှာလား ဆိုသည့်မေးခွန်းကို ပူတင်က “ကျနော်တို့ ရည်မှန်းချက်ထဲမှာ ယူကရိန်းတနိုင်ငံလုံးကို ဖျက်ဆီးဖို့ မဟုတ်ပါဘူး။ သူတို့ဟာ လူဦးရေ ၂ ဒသမ ၄ သန်းလောက် နေတဲ့ ခရိုင်းမီးယားဒေသကို တစ်ချိန်က သောက်သုံးရေဖြတ်တောက်ခဲ့တာ ရှိပါတယ်။ ကျနော်တို့တပ်တွေက ခရိုင်းမီးယားထဲ ဝင်ပြီးတော့ ရေပေးဝေရေး ပြန်လုပ်ရပါတယ်။ ဒါမျိုးကို ယူကရိန်းမလုပ်ခဲ့ရင် ကျနော်တို့ဘက်ကလည်း အခုလို လက်တုံ့ပြန်တာမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ဖြေကြားခဲ့သည်။

ခရိုင်းမီးယားကို ဗုံးကြဲတိုက်ခိုက်ခြင်းသည် ခရိုင်းမီးယားနှင့် မြေဧရိယာချင်းချိတ်ဆက်ရန်အတွက် အရေးကြီး ကြောင်း ပူတင်က ဆက်လက်ပြောကြားခဲ့သည်။

Source: တာ့စ်သတင်းဌာန

Share
Tweet
Share
Share
powered by social2s

ငြိမ်းချမ်းရေးပျက်စီးအောင် ဝေဖန်အပုတ်ချမှုအပေါ် နားမယောင်ဖို့ပြော

By CNI
CNI
Category: Watch TV
Hits: 1152

Share
Tweet
Share
Share
powered by social2s

OPEC+ စွမ်းအင်ဖြတ်တောက်မှု တစ်လဆိုင်းငံ့ပေးရန် အမေရိကန်တောင်းဆိုဟု ဆော်ဒီပြော

By CNI
CNI
Category: Watch TV
Hits: 648

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ လေ/ကာစနစ်ပေးရေး မဟာမိတ်များကို အမေရိကန်တိုက်တွန်း

By CNI
CNI
Category: Watch TV
Hits: 682

Share
Tweet
Share
Share
powered by social2s

နေတိုးထဲ ယူကရိန်းဝင်လျှင် တတိယကမ္ဘာစစ်ဖြစ်နိုင်ဟု ရုရှားသတိပေး

By CNI
CNI
Category: Watch TV
Hits: 701

Share
Tweet
Share
Share
powered by social2s
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်(ဓါတ်ပုံ-ရိုက်တာ)

လုံခြုံရေးမဟာဗျူဟာတွင် စစ်အေးတိုက်ပွဲအတွေးအခေါ်ရှိနေဟု အမေရိကန်ကို တရုတ်စွပ်စွဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1451

CNI International News

ဘေဂျင်း၊ အောက်တိုဘာ ၁၄

ဝါရှင်တန်သည် စစ်အေးတိုက်ပွဲအတွေးအခေါ်များကို လုံခြုံရေးမဟာဗျူဟာတွင် ထည့်သွင်းရေးဆွဲထားကြောင်း တရုတ်အစိုးရက စွပ်စွဲလိုက်ပြီး ၎င်းတို့အကြား တင်းမာနေသော ဆက်ဆံရေးကို ပြန်လည်ပြုပြင်နိုင်အောင် ကြိုးပမ်းဖို့ အောက်တိုဘာ ၁၃ ရက်တွင် တောင်းဆိုလိုက်သည်ဟု အေပီသတင်းအရ သိရသည်။

ကမ္ဘာ့ရေးရာများတွင် ပြိုင်ဘက်ကင်းသည့် တရုတ်နိုင်ငံဖြစ်အောင် ပုံဖော်ကြိုးပမ်းနေကြောင်း သုံးနှုန်းထားသည့် အမေရိကန်အမျိုးသားလုံခြုံရေးမဟာဗျူဟာကို သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုး၍ ထုတ်ပြန်ပြီးနောက် တရုတ်က အထက်ပါအတိုင်း စွပ်စွဲလိုက်ခြင်းဖြစ်သည်။

တရုတ်၊ ရုရှားနှင့် အခြားအစိုးရများ၏ ပထဝီဝင်နိုင်ငံရေးအရ အကျပ်ကိုင်ခံရမှုမှ ကာကွယ်ရန် အမေရိကန်သည် ၎င်း၏ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များကို အားဖြည့်သွားမည်ဟု ဘိုင်ဒန်အစိုးရ၏ ဘဏ္ဍာရေးဝန်ကြီး ဂျာနက်ယီလန်က ပြောကြားပြီးနောက် ထိုအပြုအမူသည် ဝါရှင်တန်၏ကုန်သွယ်ရေးကာကွယ်မှုဝါဒဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲခဲ့သည်။

ဘိုင်ဒန်၏မဟာဗျူဟာထုတ်ပြန်ချက်သည် တရုတ်အပေါ် အမေရိကန်မဟာမိတ်များနှင့် အဆက်ပြတ်အောင်နှင့် ၎င်း၏ကိုယ်ပိုင်အာဏာရှင်ပုံစံဖြစ်စေဖို့ အခြေအနေများ ဖန်တီးလာအောင် ကြိုးပမ်းချက်ဟု တရုတ်က အောက်တိုဘာ ၁၂ တွင် စွပ်စွဲခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း (ဓါတ်ပုံ-အေပီ)

နိုင်ငံရေးမဟာမိတ်များနှင့် ကမ္ဘာ့ဦးဆောင်မှုအခန်းကဏ္ဍအပြင် စီးပွားရေး၊ နည်းပညာနှင့် စစ်ရေးတို့တွင် ပြိုင်ဆိုင်မှုမရှိသော တရုတ်နိုင်ငံသာဖြစ်ကြောင်း ဝါရှင်တန်ကို ချေပပြောကြားခဲ့သည်။

လတ်တလောအနေအထားတွင် နည်းပညာ၊ လုံခြုံရေး၊ ထိုင်ဝမ်နှင့် လူ့အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများကြောင့် ဆယ်စုနှစ်များစွာအတွင်း အမေရိကန်-တရုတ်ဆက်ဆံရေးသည် အထူးတင်းမာနေပြီး အနိမ့်ဆုံးအဆင့်တွင် ရှိနေခဲ့သည်။

“စစ်အေးခေတ်အတွေးအခေါ်နှင့် သုညရလဒ်ဂိမ်းများ၊ ပထဝီဝင်နိုင်ငံရေးပဋိပက္ခများနှင့် ကြီးမားသော ပါဝါ ပြိုင်ဆိုင်မှုများကို အရသာခံနေခြင်းသည် လူကြိုက်နည်းပြီး အပြုသဘော မဆောင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောကြားခဲ့သည်။

“ကျမတို့တရုတ်ပြည်ကို အချိုးအကွေ့တစ်ခုရောက်နေတယ်လို့ မြင်ရင် အမေရိကန်-တရုတ်ဆက်ဆံရေးမြှင့်တင်ဖို့ ဝါရှင်တန်ကို ကျမတို့တောင်းဆိုပါတယ်။ ဒါမှ ဆက်ဆံရေးပြန်ကောင်းပြီး တည်ငြိမ်တဲ့လမ်းကြောင်းပေါ် ပြန် ရောက်မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကိုတွေ့ရစဉ် (Reuters)

ယူကရိန်းသို့ လေ/ကာစနစ်ပေးရေး မဟာမိတ်များကို အမေရိကန်တိုက်တွန်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 2389

CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၁၄

ယူကရိန်းစစ်မျက်နှာ၌ ရုရှား၏ဗျူဟာမြောက် ပစ်မှတ်များကို တိုက်ခိုက်နေခြင်းမှ ကာကွယ်ရန် ခေတ်မီ လက်နက် ကိရိယာများ အလျင်အမြန်ထုတ်လုပ်၍ ပေးပို့ထောက်ပံ့ကြဖို့ မြောက်အတ္တလန္တိတ်စစ်စာချုပ် (နေတိုး) အုပ်စုဝင် မဟာမိတ်များကို အမေရိကန်က တိုက်တွန်းခဲ့ကြောင်း AFP သတင်းကို ကိုးကားလျက် Channel News Asia ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယခုသီတင်းပတ်အတွင်း မော်စကိုသည် ယူကရိန်းနိုင်ငံတဝန်းရှိ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ဒုံးကျည် များဖြင့် ပစ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ရသဖြင့် အထက်ပါအတိုင်း နေတိုးအုပ်စုကို အမေရိကန်က တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

“မနေ့တနေ့ကအထိ (ယူကရိန်း)မှာ အလိုအပ်ဆုံးက လေကြောင်းရန် ကာကွယ်ရေး စွမ်းရည်ပဲ” ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) က အောက်တိုဘာ ၁၄ ၌ ဘရပ်ဆဲလ်မြို့တွင် ပြောကြားခဲ့သည်။

ဘရပ်ဆဲလ်မြို့တွင် ကိယက်ဗ်ကို စစ်ရေးကူညီသည့် မဟာမိတ်နိုင်ငံပေါင်း ၅၀ ကျော်တို့၏ အစည်းအဝေးအပြီး တစ်ရက်အကြာ အော်စတင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နဲ့ မဟာမိတ်နိုင်ငံများကိုတွေ့ရစဉ် (GETTY IMAGES)

သို့သော်လည်း ရုရှား၏ အမျိုးမျိုးသော တိုက်ခိုက်မှုများမှ ယူကရိန်းကို ကာကွယ်ရန်အတွက် အလွှာအဆင့်ဆင့်ဖြင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ တည်ဆောက်ပေးသွားရန် လိုအပ်ချက်ရှိနေကြောင်း အမေရိကန် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး မာ့ခ်မိုင်လီ (Mark Milley) က ပြောကြားခဲ့သည်။

“တကယ်တမ်းကြည့်ရင် ခင်ဗျားတို့ မြင်ရမှာက တာတို၊ အနိမ့်အမြင့် စနစ်တွေ၊ တိုလတ်အဆင့်၊ တာဝေးပစ်နဲ့ အမြင့်ပေ အများကြီးကနေ လာတာတွေကို ဟန့်တားနိုင်မယ့် စနစ်တွေ လိုအပ်ချက်ပဲ” ဟု ၎င်း ဘရပ်ဆဲလ်မြို့ တွင် အောက်တိုဘာ ၁၂ ၌ ပြောကြားခဲ့သည်။

အဆိုပါ အလွှာ ၃ ဆင့်ဖြင့် လေကြောင်းရန် ကာကွယ်ရေးစနစ် ချထားမှသာ ယူကရိန်း၏ အရေးပါသော မြို့ကြီး များနှင့် အခြေခံ အဆောက်အအုံများကို ရုရှားပဲ့ထိန်းဒုံးကျည်များ၊ ခရုဇ်ဒုံးကျည်များအပြင် မောင်းသူမဲ့လေယာဉ် (ဒရုန်း)များဖြင့် တိုက်ခိုက်ခြင်းမှ အကာအကွယ် ပေးနိုင်မည်ဖြစ်သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး (GETTY IMAGES)

“အဲဒါတွေက ယူကရိန်း ဝေဟင်ပိုင်နက်အားလုံးကို ထိန်းချုပ်တာတော့ မဟုတ်ဘူးဗျ။ ဒါပေမယ့် ယူကရိန်းအတွက် လိုအပ်နေတဲ့ ဦးစားပေး ပစ်မှတ်တွေကို အကာအကွယ်ပေးဖို့ ဒီဇိုင်းထုတ်ထားတာပါ” ဟု မိုင်လီက သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားခဲ့သည်။

တာတိုမှ တာလစ်ပစ်၊ တာလတ်အမြင့်ပေမှ ပျံသန်း ရောက်ရှိလာသော ဒုံးကျည်များကို ဟန့်တား၍ ပြန်လည် ပစ်ချနိုင်မည့် NASAMS လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဝါရှင်တန်က ယူကရိန်းထံသို့ ပေးအပ်သွားရန် ကတိပြုထားပြီး မကြာမီ အဆိုပါစနစ်နှစ်ခု ပထမဆုံး ရောက်ရှိလာမည်ဖြစ်သည်။

အဆိုပါစနစ် ထုတ်လုပ်ပေးသည့် ရေသီယွန် (Raytheon) နည်းပညာကုမ္ပဏီထံမှ နောက်ထပ် ၆ ခု မှာယူထား သော်လည်း ယူကရိန်းအရောက် ပို့ဆောင်နိုင်ရေးမှာ နှစ်နှစ်မှ သုံးနှစ်အတွင်း ဖြစ်မလာနိုင်သေးပေ။

Source: AFP, Channel News Asia

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရွေးကောက်ပွဲ ကျင်းပရာတွင် အသုံးပြုသည့် ပစ္စည်းများဝယ်ယူရေး တင်ဒါခေါ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1893

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် အသုံးပြုမည့် ပစ္စည်းကရိယာများ ဝယ်ယူလိုခြင်းကြောင့် တင်ဒါခေါ်ယူလျက်ရှိကြောင်း မြန်မာ့အလင်းသတင်းစာတွင် ယနေ့ (အောက်တိုဘာ ၁၄ ရက်)တွင် ထုတ်ပြန် ကြေညာခဲ့သည်။

နစကဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရရှိမည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြား ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ နစကကျင်းပမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တိုက် တွန်းထားသည်။

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ပြုလုပ်ခဲ့သည့် (၃၃) ကြိမ်မြောက် OPEC အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးကို တက်ရောက်လာသည့် ကိုယ်စားလှယ်များ သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြစဉ်(ဓါတ်ပုံ-Getty Images)

OPEC+ စွမ်းအင်ဖြတ်တောက်မှု တစ်လဆိုင်းငံ့ပေးရန် အမေရိကန်တောင်းဆိုဟု ဆော်ဒီပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1189

CNI International News

ဒူဘိုင်း၊ အောက်တိုဘာ ၁၄

OPEC+ နှင့် ရုရှားအပါအဝင် မဟာမိတ်များ၏ စွမ်းအင်ဖြတ်တောက်ဖို့ ဆုံးဖြတ်ချက်ကို တစ်လဆိုင်းငံ့ပေးပါရန် အမေရိကန်တောင်းဆိုလာကြောင်း ဆော်ဒီအာရေဗျက အောက်တိုဘာ ၁၃ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဆိုင်းငံ့ပေးခြင်းကြောင့် လာမည့်လတွင် ကျင်းပမည့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ စွမ်းအင်ဈေးနှုန်းများ တက်နိုင်ခြေကို လျှော့ချနိုင်မည်ဖြစ်သည်။

လာမည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် ကွန်ဂရက်(လွှတ်တော်)အတွင်း ဒီမိုကရက်တစ်ပါတီဝင်အများစု ထိန်းထားရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြိုးပမ်းနေကြောင်းတော့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် အတိအကျရည်ညွှန်းထားခြင်း မတွေ့ရပေ။

သို့သော် စွမ်းအင်ထုတ်လုပ်မှုကို တစ်လဆိုင်းငံ့ပေးရန် မိမိတို့ကို အမေရိကန်က တောင်းဆိုကြောင်း အဆိုပါ ကြေညာချက်ထဲတွင် ရေးသားထားသည်။ ကြေညာချက်နိဂုံးပိုင်းတွင် OPEC သည် ဗီယင်နာ၌ အောက်တိုဘာ ၅ ရက်ကျင်းပပြီးစီးခဲ့သည့် အစည်းအဝေးတွင် ထိုကဲ့သို့ စွမ်းအင်ဖြတ်တောက်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း ဆက်လက် ရေးသားဖော်ပြသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင်ပြုလုပ်ခဲ့သည့် OPEC အစည်းအဝေးဝင်ပေါက်တွင် မီဒီယာသမားများ သတင်းရယူရန် စောင့်ဆိုင်းခဲ့ကြစဉ်(ဓါတ်ပုံ-အေပီ)

စွမ်းအင်ဖြတ်တောက်မှုကို ဆိုင်းငံ့ခြင်းကြောင့် အမေရိကန်ပြည်တွင်းရွေးကောက်ပွဲများ ပြီးစီးချိန်အထိ လောင်စာဆီဈေးနှုန်းများ တက်လာခြင်းကို နှောင့်နှေးစေမည်ဖြစ်သည်။

ရေနံဈေးများတက်၍ လောင်စာဆီစရိတ် တိုးလာခြင်းသည် အမေရိကန်နှင့်တကမ္ဘာလုံးအတွက် ငွေကြေး ဖောင်းပွမှုဖြစ်စေခြင်းအတွက် အဓိကမောင်းနှင်အားတစ်ခုလည်းဖြစ်သည်။

လပေါင်းများစွာ ကြာမြင့်အောင် ယူကရိန်းကို ရုရှားစစ်တိုက်နေခဲ့၍ ကမ္ဘာ့စားနပ်ရိက္ခာများ ပြတ်တောက်ခဲ့ရပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမပြေလည်မှုမှာ ပိုမိုဆိုးရွားလာခဲ့သည်။

အခြားတဖက်တွင်လည်း ဓာတ်ဆီဈေးများ တဟုန်ထိုးတက်လာခြင်းကြောင့် ၎င်းမဲဆန္ဒရှင်များ မကျေနပ်မှုက ဘိုင်ဒန်အတွက် ထိခိုက်စေမည်ဖြစ်သည်။

ရှားရှားပါးပါး ထုတ်ပြန်ခဲ့သော ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်သည် အမေရိကန်နှင့်ဆော်ဒီ နှစ်နိုင်ငံကြားဆက်ဆံရေး မည်မျှတင်းမာနေကြောင်း ပြသခဲ့သည်။

အဆိုပါ ဆိုင်းငံ့စေရေး တောင်းဆိုချက်သည် အမေရိကန်ရွေးကောက်ပွဲများနှင့် ဆက်နွှယ်နေကြောင်း ကောက်ချက်ချမှုများကို အိမ်ဖြူတော်က အောက်တိုဘာ ၁၃ ရက်တွင် ငြင်းဆိုခဲ့သည်။ အမေရိကန်၏ စီးပွားရေး ဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများ၊ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်တို့နှင့်သာ ဆက်နွှယ်ခြင်းရှိသည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ် (Reuters)

နေတိုးထဲ ယူကရိန်းဝင်လျှင် တတိယကမ္ဘာစစ်ဖြစ်နိုင်ဟု ရုရှားသတိပေး

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 2078

CNI International News

မော်စကို၊ အောက်တိုဘာ ၁၄

အကယ်၍ အမေရိကန်ဦးဆောင်သော မြောက်အတ္တလန္တိတ်စစ်စာချုပ်(နေတိုး)အဖွဲ့ထဲသို့ ယူကရိန်းကို ဝင်ခွင့်ပြုခဲ့လျှင် လက်ရှိစစ်ရေးပဋိပက္ခသည် တတိယကမ္ဘာစစ်ဖြစ်ဖို့ အလားအလာရှိကြောင်း ရုရှားလုံခြုံရေးကောင်စီမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်တွင် ယူကရိန်းနယ်မြေ ၁၈ ရာခိုင်နှုန်း သိမ်းယူကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် တရားဝင်ကြေညာပြီး နာရီပိုင်းအကြာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက နေတိုးအဖွဲ့ထဲသို့ အဖွဲ့ဝင်ရန် အဆိုပြု ကမ်းလှမ်းချက်ကို တုံ့ပြန်ကြေညာခဲ့သည်။

နေတိုးအဖွဲ့ဝင် အပြည့်အဝဖြစ်ရေးမှာ အဆိုပါမဟာမိတ် အဖွဲ့ဝင် နိုင်ငံအားလုံး၏ သဘောတူညီချက် ရယူရန် လိုအပ်သဖြင့် ယူကရိန်းအတွက် လတ်တလော အလှမ်းဝေးသေးသည်။

“ဒီခြေလှမ်းဟာ တတိယကမ္ဘာစစ်ဖြစ်ဖို့ နီးလာပြီဆိုတာ ကိယက်ဗ်အစိုးရ ကောင်းကောင်းသိပါတယ်” ဟု ရုရှား လုံခြုံရေးကောင်စီ၊ လက်ထောက်အတွင်းဝန် အလက်ဇန္ဒားဗီနီဒစ်တော့ဗ် (Alexander Venediktov) က ပြောကြားကြောင်း တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။

ယူကရိန်း ခေါင်းဆောင်များကိုတွေ့ရစဉ် 

နေတိုးထဲ ဝင်ရေးအတွက် ယူကရိန်းအဆိုပြုချက်၏ နောက်ဆက်တွဲ အကျိုးဆက်များကို အနောက်အုပ်စုနိုင်ငံများ နားလည်သောကြောင့် ယခုကဲ့သို့ အဆိုပြုကမ်းလှမ်းခြင်းမှာ ဝါဒဖြန့်ချိရေးအဖြစ်သာ မိမိခံစားရကြောင်း ရုရှား လုံခြုံရေး ကောင်စီ၊ အတွင်းရေးမှူး နီကိုလပ်ပက်ထရူရှက်ဗ် (Nikolai Patrushev) ၏ လက်ထောက်ဖြစ်သူ ဗီနီဒစ်တော့ဗ်က ပြောကြားခဲ့သည်။

နီကိုလပ်ပက်ထရူရှက်ဗ်သည် ပူတင်နှင့်နီးစပ်သော မဟာမိတ်တစ်ဦးလည်း ဖြစ်သည်။

“အဲဒီလို ကိုယ့်ကိုယ်ကို ပြန်သတ်သေမယ့် ခြေလှမ်းရဲ့သဘောသဘာဝကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေ နားလည်ပြီး သားပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

နေတိုးကို အရှေ့ဘက်သို့ အမေရိကန် ချဲ့ထွင်နေခြင်းအား သမ္မတ ဗလာဒီမာပူတင်က အကြိမ်ကြိမ် အပြစ်တင် ရှုတ်ချခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံဟောင်းများ ဖြစ်ကြသည့် ယူကရိန်းနှင့် ဂျော်ဂျီယာ ကဲ့သို့နိုင်ငံများကို ရုရှားက ၎င်း၏ကိုယ်ပိုင် ဩဇာလွှမ်းမိုးရာ အစိတ်အပိုင်းများအဖြစ် မှတ်ယူထားသည်။

ရုရှားနိုင်ငံကို ကာကွယ်ရန်အတွက် နျူကလီးယား လက်နက်ထုတ်သုံးရန် အဆင်သင့် ဖြစ်နေပြီဟု အနောက် အုပ်စုနိုင်ငံများအား ပူတင်က စက်တင်ဘာ ၂၁ ရက်တွင် သတိပေးခဲ့သည်။

သို့ဖြစ်၍ ၁၉၆၂ ခုနှစ်၊ ကျူးဘားဒုံးကျည် အကျပ်အတည်း နောက်ပိုင်း အကြီးမားဆုံး နျူကလီးယား အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့သည်။

လာမည့် သီတင်းပတ်တွင် နေတိုးသည် “တည်ကြည်မွန်းတည့်နေ (Steadfast Noon)” ဟု အမည်ပေးထားသည့် နျူကလီးယား ကြိုတင်ပြင်ဆင်ရေး စစ်ရေး လေ့ကျင့်မှုကို စတင်မည်ဖြစ်သည်။ အဆိုပါလေ့ကျင့်မှုသည် နှစ်စဉ် ပြုလုပ်နေကျ ဖြစ်သည်။

ယူကရိန်း စစ်မြေပြင်ကိုတွေ့ရစဉ်

လက်ရှိ ကာလအထိ ရုရှားနှင့်အမေရိကန်တို့သည် အကြီးမားဆုံး အဏုမြူ အင်အား ပိုင်ဆိုင်ကြသူများဖြစ်ပြီး တကမ္ဘာလုံး စုစုပေါင်း နျူကလီးယား ထိပ်ဖူးများ၏ ၉၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားကြသည်။

ရုရှားအပေါ် ကြိုတင်ကာကွယ်ရေး တိုက်ခိုက်ရန် ဇာလန်းစကီး၏ တောင်းဆိုချက်သည် အန္တရာယ်များလှပြီး နျူကလီးယားစစ်ပွဲကြောင့် ကမ္ဘာ့ကြီး ဆိုးရွားသော အကျိုးဆက်များဖြစ်လာနိုင်ကြောင်း ဗီနီဒစ်တော့ဗ်က ထောက်ပြခဲ့သည်။

“ကျနော်တို့ သတိထားရမယ့် အချက်ဟာ နျူကလီးယား ပဋိက္ခဆိုတာ ရုရှားနဲ့အနောက်အုပ်စုတင် မကဘဲ ကမ္ဘာ့နိုင်ငံတိုင်းအတွက် သက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။ ဒီအကျိုးဆက်တွေက လူသားအားလုံးအတွက် ဆိုးရွားစေလိမ့်မယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 46
  • 47
  • 48
  • 49
  • 50
  • 51
  • 52
  • 53
  • 54
  • 55

Page 51 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar