CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

လုံခြုံရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရမည်ဟု အမေရိကန်ကို ကင်မ်ဂျုံအန်း၏ညီမ သတိပေး

By CNI
CNI
Category: Watch TV
Hits: 682

Share
Tweet
Share
Share
powered by social2s

ထိုင်းမှာ MOU သမားများ အခွင့်အရေး ချိုးဖောက်ခံရခြင်း မရှိဟု အလုပ်သမားဝန်ကြီးဌာန ပြော

By CNI
CNI
Category: Watch TV
Hits: 656

Share
Tweet
Share
Share
powered by social2s

ယူကရိန်းတောင်းသည့် မောင်းသူမဲ့လေယာဉ်ကိစ္စ ပြန်စဉ်းစားရန် ဘိုင်ဒန်ကို လွှတ်တော်ပြော

By CNI
CNI
Category: Watch TV
Hits: 679

Share
Tweet
Share
Share
powered by social2s

စက်ဖြင့် မဲပေးသည့် ရွေးကောက်ပွဲရလဒ်ကို ဘရာဇီးလ်သမ္မတ လက်မခံ

By CNI
CNI
Category: Watch TV
Hits: 661

Share
Tweet
Share
Share
powered by social2s

ရှမ်းတိုင်းရင်းသားများ သက္ကရာဇ် ၂၁၁၇ ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပ

By CNI
CNI
Category: Watch TV
Hits: 656

Share
Tweet
Share
Share
powered by social2s
Grey Eagle မောင်းသူမဲ့လေယာဉ်ကိုတွေ့ရစဉ် (GETTY IMAGES)

ယူကရိန်းတောင်းသည့် မောင်းသူမဲ့လေယာဉ်ကိစ္စ ပြန်စဉ်းစားရန် ဘိုင်ဒန်ကို လွှတ်တော်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1338

CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၂၃

ရုရှားကို တိုက်ခိုက်ရန်အတွက် လူအသေအပျောက်များစေမည့် Grey Eagle မောင်းသူမဲ့လေယာဉ် (ဒရုန်း)များကို ယူကရိန်းတောင်းခံခြင်းအပေါ် သတိကြီးကြီးဖြင့် ပြန်လည်သုံးသပ်စဉ်းစားရန် အမေရိကန် အထက်လွှတ်တော် အမတ် ၁၆ ဦးပါ အဖွဲ့တစ်ဖွဲ့က သမ္မတ ဂျိုးဘိုင်ဒန်ကို တိုက်တွန်းခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါအဖွဲ့တွင် ရီပက်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်များမှ လွှတ်တော်အမတ်များ ပါဝင်ကြသည်။

ထိုဒရုန်းသည် အကွာအဝေး မီတာ ၈,၈၀၀ (၂၉,၀၀၀ ပေ) အထိ ရောက်ရှိနိုင်ပြီး ၂၄ နာရီကျော်ကြာအောင် ပျံသန်းနိုင်သည်။

ဒရုန်းများမှနေ၍ ပစ်ခတ်ဖောက်ခွဲခြင်းကြောင့် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ တိုးလာမည်ကို စိုးရိမ်မိကြောင်း အထက်ပါ လွှတ်တော်အမတ်များက ပြောကြားခဲ့ကြသည်။

ရုရှားသည် အီရန်လုပ် kamikaze ဒရုန်းကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလျက် ယူကရိန်း အရပ်ဘက် အခြေခံ အဆောက်အအုံများကို တိုက်ခိုက်နေခြင်းကြောင့် ယူကရိန်းကလည်း ယခုကဲ့သို့ အစွမ်းထက်သည့် ဒရုန်းများကို အမေရိကန်ထံသို့ အသည်းအသန် တောင်းခံနေခြင်း ဖြစ်သည်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကို တွေ့ရစဉ် (GETTY IMAGES)

၎င်းတို့ တိုက်တွန်းလွှာထဲတွင် အထက်လွှတ်တော် အမတ်များက ယခုလကုန် နိုဝင်ဘာ ၃၀ ရက်အထိ ပင်တဂွန် အနေဖြင့် ယူကရိန်းတိုက်ပွဲများကို အထောက်အပံ့ပေးရန် မသင့်လျော်သေးဟု ယုံကြည်မိသော အကြောင်းပြချက် ကိုလည်း လွှတ်တော်သို့ လာရောက်ရှင်းပြရန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကို တိုက်တွန်းခဲ့သည်။

နိုဝင်ဘာ ၂၂ ရက် အစောပိုင်း၌ ခရိုင်းမီးယား ကျွန်းဆွယ်တွင် ရုရှားခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သူ မီခေးလ်ရက်ဇ်ဗိုဇာခိဗ် (Mikhail Razvozhaev) က ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်များ စတင် ချထား သည့် ဆီဗာစတိုပေါမြို့ (Sevastopol) ကောင်းကင်ယံသို့ ဝဲပျံလာသော ဒရုန်းနှစ်စင်းကို ပစ်ချခဲ့ကြောင်း ကြေညာ ခဲ့သည်။

“ကျနော်တို့ လေကြောင်းရန် ကာကွယ်ရေးတပ်တွေက အခုဆို စတင်လှုပ်ရှားနေပါပြီ။ သူတို့(ယူကရိန်း)ဘက်က ဒရုန်းနဲ့ လာတိုက်တာတွေ ရှိပါတယ်။ ပဏာမ အချက်အလက်တွေအရ မောင်းသူမဲ့လေယာဉ် (အင်ဂျင်မပါသည့် ဝေဟင်သုံး) တွေကို ပစ်ချနိုင်ခဲ့ပါတယ်။ အဲဒီတပ်တွေ အားလုံးဟာ သတိနဲ့ အသင့်ရှိနေကြပါတယ်” ဟု ပြောကြား ခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

အာဂျင်တီးနားကို အနိုင်ရလို့ ဗုဒ္ဓဟူးနေ့ကို အများပြည်သူအားလပ်ရက်အဖြစ် ဆော်ဒီ ကြေညာ

By CNI
CNI
Category: အားကစား
Hits: 1348

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်မှာ မက်ဆီရဲ့ အာဂျင်တီးနားအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိအောင် ဆော်ဒီအသင်း စွမ်းဆောင်ခဲ့ပြီးနောက် ဘုရင်ဆဲလ်မန်က ဗုဒ္ဓဟူးနေ့ကို အများပြည်သူအားလပ်ရက်အဖြစ် ကြေညာလိုက်ပါတယ်။

ဆော်ဒီနိုင်ငံရဲ့ တရားဝင်တွစ်တာမှာ “ နိုဝင်ဘာလ ၂၃ ရက် ဗုဒ္ဓဟူးနေ့ဟာ နိုင်ငံတော်နဲ့ ပုဂ္ဂလိကကဏ္ဍရှိ ဝန်ထမ်း တွေအားလုံး၊ပညာရေးအတန်းတိုင်းမှာရှိတဲ့ ကျောင်းသား၊ကျောင်းသူတွေအားလုံးအတွက် အားလပ်ရက်အဖြစ် ညွှန်ကြားထားတယ်” လို့ ဖော်ပြထားတာပါ။

ဆော်ဒီအသင်းဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ မက်ဆီရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ အာဂျင်တီးနားအသင်းရဲ့ ဦးဆောင်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် ဒုတိယပိုင်းအရောက်မှာ အယ်လ်ရှီဟီရီနဲ့ အယ်လ်ဒေါစာရီတို့က ဆော်ဒီအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းပေးခဲ့လို့ အာရှကလပ်အတွက် သမိုင်းဝင်နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာပါ။ ဆော်ဒီပရိသတ်တွေဟာ ဒီနိုင်ပွဲကြောင့် အလွန်ပျော်ရွှင်စွာ အောင်ပွဲခံနေကြတာဖြစ်ပါတယ်။

ဒီနိုင်ပွဲဟာ ဆော်ဒီအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ၄ ပွဲမြောက်နိုင်ပွဲဖြစ်ခဲ့ပြီး၊ အာဂျင်တီးနားအသင်းရဲ့ ပြိုင်ပွဲစုံ ၃၆ ပွဲဆက်ရှုံးပွဲမရှိစံချိန်ကိုလည်း ရပ်တန့်နိုင်ခဲ့တာပါ။ဆော်ဒီအသင်းဟာ ဂါနာအသင်းပြီးရင် အခု ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ဒုတိယမြောက်ကမ္ဘာ့အဆင့်ရပ်တည်မှုအနိမ့်ဆုံးအသင်းဖြစ်ပါတယ်။ဒါပေမယ့် ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အာဂျင်တီးနားအသင်းကို အံအားသင့်ဖွယ်အနိုင်ရခဲ့တာပါ။

ဆော်ဒီအသင်းနည်းပြ ရီနာတ့်က “ဒါက စာအုပ်တွေထဲမှာ မှတ်သားရမယ့်အရာတစ်ခုဖြစ်ပြီး ဆော်ဒီဘောလုံး သမိုင်းကို ဖန်တီးခဲ့တာပါ။ဒါက အမြဲတမ်းရှိနေတော့မယ့်အရာပါ။ဒါပေမယ့် ကျနော်တို့ အလွန်ခက်ခဲတဲ့ ပွဲ ၂ ပွဲ ကျန်သေးတာကြောင့် ဆက်သွားရဦးမှာပါ” လို့ ပြောခဲ့ပါတယ်။

ဆော်ဒီအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် စနေနေ့မှာ ပိုလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ပိုလန်အသင်းကတော့ အုပ်စုအဖွင့်ပွဲမှာ မက္ကဆီကိုအသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပါတယ်။

Source:Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယား ခေါင်းဆောင် ညီမဖြစ်သူ ကင်မ်ယိုဂျောင်ကိုတွေ့ရစဉ် (GETTY IMAGES)

လုံခြုံရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရမည်ဟု အမေရိကန်ကို ကင်မ်ဂျုံအန်း၏ညီမ သတိပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1447

CNI International News

ပြုံယမ်း၊ နိုဝင်ဘာ ၂၃

မြောက်ကိုရီးယားနိုင်ငံတွင် ဩဇာကြီးမားလှသော ကင်မ်ဂျုံအန်း၏ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က “အမေရိကန် သည် ပိုမိုဆိုးရွားသော လုံခြုံရေး အကျပ်အတည်းကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်ဟု South China Morning Post သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အမေရိကန်သည် မကြာသေးမီက မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည် (ICBM) စမ်းသပ်မှုကို ကုလသမဂ္ဂ (UN) ထဲ၌ ရှုတ်ချရန် တိုက်တွန်းထားသည်။

နိုဝင်ဘာ ၂၂ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး၌ အမေရိကန်သံအမတ် လင်ဒါ သောမတ် ဂရင်းဖီးလ် (Linda Thomas-Greenfield) က “မြောက်ကိုရီးယားအပေါ် တားမြစ်ထားသည့် ဒုံးကျည် ပစ်လွှတ်မှုနှင့် အခြား မတည်မငြိမ်ဖြစ်မည့် လုပ်ဆောင်ချက်များကို UN အတွင်း ရှုတ်ချရန် အမေရိကန် အဆိုပြု ထားသော သမ္မတ၏ကြေညာချက်” ကို တိုက်တွန်းပြောကြားခဲ့သည်။

ထိုသို့ ပြောကြားပြီး နာရီပိုင်းအတွင်း ကင်မ်ဂျုံအန်း၏ညီမ ကင်မ်ယိုဂျောင် (Kim Yo-jong) ၏ သတိပေးချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သံအမတ် လင်ဒါ သောမတ် ဂရင်းဖီးလ်ကိုတွေ့ရစဉ် (GETTY IMAGES)

အရေးပေါ် အစည်းအဝေးအပြီး သောမတ်ဂရင်းဖီးလ်က မြောက်ကိုရီးယား၏ လက်နက်အစီအစဉ်ကို ကန့်သတ်ရန် ထောက်ခံကြသည့် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ကြေညာချက် တစ်စောင်ကို ဖတ်ကြားတင်သွင်းခဲ့သည်။

အစ်ကိုဖြစ်သူပြီးလျှင် မြောက်ကိုရီးယား၏ ဒုတိယအာဏာ အရှိဆုံးဟု သတ်မှတ်ခံထားရသူ ကင်မ်ယိုဂျောင်သည် ဗြိတိန်၊ ပြင်သစ်၊ ဩစတြေးလျ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့နှင့်အတူ စက်ဆုပ်ရွံရှာစရာ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သဖြင့် အမေရိကန်ကို အပြစ်တင်ခဲ့သည်။

အမေရိကန်သည် ကြောက်အားလန့်အားဖြင့် ထဟောင်သော ခွေးတစ်ကောင်နှင့်တူကြောင်း ကင်မ်ယိုဂျောင်က ခိုင်းနှိုင်းပြောကြားခဲ့သည်။

“အမေရိကန်ဦးဆောင်၍ ထုတ်ပြန်သော ယခုကြေညာချက်သည် မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးပြီး ပြင်းထန်သည့် နိုင်ငံရေးရန်စမှုအဖြစ် ယူဆကြောင်း” ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“ကျမတို့ (မြောက်ကိုရီးယား) ကို လက်နက်ဖြုတ်သိမ်းပြီး ဘယ်လောက်ပဲ ကြိုးစား … ကြိုးစား၊ ကျမတို့ကတော့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အတွက် ဘယ်တော့မှ နှုတ်ဆိတ်နေမှာ မဟုတ်ဘဲ ဆန့်ကျင်သွားမှာပါ။ မြောက်ကိုရီးယားကို ဒါမျိုးလာလုပ်ရင် အထိနာစေမယ့် လုံခြုံရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ရပါလိမ့်မယ်” ဟု အစိုးရပိုင်မီဒီယာမှ ထုတ်ပြန်သည့် ကြေညာချက် တစ်စောင်တွင် ကင်မ်ယိုဂျောင်က ပြောကြားထားသည်။

မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်ကိုတွေ့ရစဉ် (GETTY IMAGES)

မြောက်ကိုရီးယား၏ ICBM ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်သည့် အနေဖြင့် နိုဝင်ဘာ ၂၁ ရက်တွင် UN လုံခြုံရေး ကောင်စီ၏ အရေးပေါ် အစည်းအဝေး ခေါ်ယူကျင်းပခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယား လက်နက်များကို ခေတ်မီစေရန်နှင့် အနာဂတ် သံခင်းတမန်ခင်းတွင် ဩဇာတိုးမြှင့်နိုင်ရန် ယခုနှစ်အတွင်း ဒုံးကျည်များ ဆက်တိုက် စမ်းသပ်မှု၏ တစိတ်တပိုင်းအဖြစ် ICBM ပစ်လွှတ်ခဲ့ ကြောင်း စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

နိုဝင်ဘာ ၁၈ ရက် စမ်းသပ်ပစ်လွှတ်မှုတွင် မြောက်ကိုရီးယား၏ အားအပြင်းဆုံး ဟွာဆောင်း-၁၇ (Hwasong-17) ဒုံးကျည် ပါဝင်ခဲ့ပြီး မတ်စောက်သော ထောင့်ဖြတ်ချိန်ရွယ်၍ သတ်မှတ်စံချိန်၊ စံညွှန်းတိုင်း ပစ်လွှတ်ခဲ့ပါက အမေရိကန်နိုင်ငံရှိ မည်သည့်နေရာမဆို ထိမှန်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်အချို့က သုံးသပ်ပြခဲ့သည်။

Source: South China Morning Post

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘရာဇီးလ်နိုင်ငံတွင် လက်ရှိသမ္မတ ဂျိုင်ယာဘော်ဆိုနာရိုကိုတွေ့ရစဉ် (GETTY IMAGES)

စက်ဖြင့် မဲပေးသည့် ရွေးကောက်ပွဲရလဒ်ကို ဘရာဇီးလ်သမ္မတ လက်မခံ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1160

CNI International News

ဘရာဇီးလီယာ၊ နိုဝင်ဘာ ၂၃

ဘရာဇီးလ်နိုင်ငံတွင် လက်ရှိသမ္မတ ဂျိုင်ယာဘော်ဆိုနာရိုသည် ဘရာဇီးလ်ရွေးကောက်ပွဲတွင် အရှုံးနှင့် ရင်ဆိုင် ခဲ့ရပြီးနောက် အီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးသည့်စနစ်ကို ပယ်ဖျက်ပေးရန် ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များ(ကော်မရှင်)ကို တောင်းဆိုခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

လွတ်လပ်သော ကျွမ်းကျင်ပညာရှင်များကမူ အဆိုပါကွန်ပျူတာ အပါအဝင် စက်နှင့်မဲပေးခြင်းဖြင့် လွဲချော်မှုရှိသည့်တိုင် ထွက်ပေါ်လာသော ရလဒ်များ၏ ယုံကြည်စိတ်ချရမှုကို မထိခိုက်စေကြောင်း ပြောကြားခဲ့ကြသည်။

ထိုသို့ တောင်းဆိုခြင်းအားဖြင့် ဘော်ဆိုနာရိုသည် ကျန်ရှိနေသည့် တရားဝင်မဲ ၅၁ ရာခိုင်နှုန်းကို ချန်လှပ်၍ ပြန်လည် ရွေးကောက်တင်မြှောက်ခံရရန် ရည်ရွယ်ကြောင်း သမ္မတနှင့် ၎င်း၏လစ်ဘရယ်ပါတီ ကိုယ်စား စာမျက်နှာ ၃၃ မျက်နှာပါ တောင်းဆိုချက်ကို တင်သွင်းခဲ့သည့် ရှေ့နေ မာဆီလိုဒီဘက်ဆာ (Marcelo de Bessa)က သတင်းထောက်များကို ပြောကြားခဲ့သည်။

သို့ရာတွင် ဘော်ဆိုနာရိုကို အဆိုးဝါးဆုံး ရလဒ်ဖြစ်စေမည့် လက်ဝဲဝါဒီ ယခင်သမ္မတဟောင်း လူဝိဇ်အင်နာစီယို လူလာဒါဆေဗာ (Luiz Inácio Lula da Silva) အောင်ပွဲခံပြီဟု ရွေးကောက်ပွဲ အာဏာပိုင်များက ကြေညာထားပြီး ဖြစ်သည်။

ဘရာဇီးလ် ရွေးကောက်ပွဲ စက်ဖြင့် ပေးသည့်စနစ်ကိုတွေ့ရစဉ် (AP)

အဆိုပါ ရွေးကောက်ပွဲရလဒ်ကို လက်ရှိသမ္မတ၏ နိုင်ငံရေးမဟာမိတ် အများအပြားကပင် လက်ခံထားကြသည်။

အထူးသဖြင့် ရွေးကောက်ပွဲရလဒ်ကို ဘော်ဆိုနာရိုက လက်မခံဘဲ အပြင်းအထန် ငြင်းဆန်နေသဖြင့် နိုင်ငံတဝန်းရှိ မြို့ကြီးများတွင် ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။

လစ်ဘရယ်ပါတီခေါင်းဆောင် ဗယ်ဒီမာကော်စတာ (Valdemar Costa) နှင့် ပါတီမှ ငှားရမ်းထားသော စာရင်းစစ် တစ်ဦးတို့က “၎င်းတို့အကဲဖြတ်ချက်အရ ၂၀၂၀ ပြည့်နှစ် မတိုင်မီက မဲပေးမှုများ၏ စနစ်အားလုံးကို သိရှိပြီး ဖြစ် ကြောင်း၊ ၎င်းတို့အထဲမှ မဲပေါင်း ၂၈၀,၀၀၀ နီးပါး (သို့မဟုတ်) ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်တွင် အသုံးပြုခဲ့ သည့် မဲရေတွက်မှု စနစ်၏ ၅၉ ရာခိုင်နှုန်း ဖြစ်နေသည်ကို တွေ့ရကြောင်း၊ ကော်မရှင်၏ အတွင်း မှတ်တမ်းများ တွင် မဲဆန္ဒရှင်တစ်ဦးချင်းစီ၏ မှတ်ပုံတင်နံပါတ်များ မပါဝင်ကြောင်း” ပြောကြားခဲ့ကြသည်။

ယခုထွက်ပေါ်လာသော ရွေးကောက်ပွဲရလဒ်သည် မည်သို့ထိခိုက်စေနိုင်ကြောင်း ၎င်းတို့က ရှင်းမပြသော်လည်း စက်ဖြင့် ရရှိလာသော မဲအားလုံးကို ပျက်ပြယ်စေရန် ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုနေခြင်း ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ အနိုင်ရသည့် လူဝိဇ်အင်နာစီယို လူလာဒါဆေဗာကို တွေ့ရစဉ် (GETTY IMAGES)

၎င်းတို့၏ တောင်းဆို တိုင်ကြားချက်တွင် စက်၏ချို့ယွင်းမှုမှာ ရလဒ်များ၏ စစ်မှန်ခြင်း အနေအထားကို မေးခွန်း ထုတ်စရာ ဖြစ်ကြောင်း၊ ပြန်လည် ပြုပြင်မရတော့သည့် လိုက်နာမှု ကင်းမဲ့ခြင်းအဖြစ် သတ်မှတ်ကြောင်း လစ်ဘရယ်ပါတီက ဆက်လက် ပြောကြားခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ဘော်ဆိုနာရို၏ ပါတီအနေဖြင့် ထိုကဲ့သို့ စိန်ခေါ်မှုမျိုး ကြုံတွေ့ရနိုင်ခြေကို သိသာ စွာ တိုးလာစေသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ရွေးကောက်ပွဲကော်မရှင် အကြီးအကဲက သတင်းထုတ်ပြန်ခဲ့သည်။

၎င်း၏ပါတီအနေဖြင့် ၂၄ နာရီအတွင်း ပြင်ဆင်ထားသည့် အဆိုပါသတင်းထုတ်ပြန်ခဲ့သည့် ဆုံးဖြတ်ချက်ကို ကမ်းလှမ်းခြင်း မရှိခဲ့လျှင် တရားရုံးက ပါတီ၏တိုင်ကြားချက်ကို လက်ခံစဉ်းစားမည် မဟုတ်ကြောင်း ကော်မရှင် အကြီးအကဲ အလက်ဇန္ဒရီဒီမော်ရေ့စ် (Alexandre de Moraes) က ပြောကြားခဲ့သည်။

ဘရာဇီးလ်နိုင်ငံတွင် လစ်ဘရယ်ပါတီသည် ကွန်ဂရက်(လွှတ်တော်)နှစ်ရပ်စလုံးတွင် အခြားနေရာများထက် ၎င်းပါတီမှ အမတ်နေရာ ပိုမိုရရှိခဲ့သော မဲဆန္ဒနယ်များ အပါအဝင် ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက် ပထမ အကျော့ ရွေးကောက်ပွဲမှ ရလဒ်များ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

“ကျနော်ဟာ ပြည်သူ့အစေခံပါ”ဟု မိုဒီပြော

By CNI
CNI
Category: Watch TV
Hits: 662

Share
Tweet
Share
Share
powered by social2s

စစ်ရေးပို့ကုန်များ၌ တရုတ်ကို ကျော်တက်ရန် တောင်ကိုရီးယားရည်မှန်းထား

By CNI
CNI
Category: Watch TV
Hits: 661

Share
Tweet
Share
Share
powered by social2s

တနိုင်းတွင် ဖြတ်သန်းသွားလာသူများထံမှ KIA၊ PDF တို့ ငွေကြေးကောက်ခံနေ

By CNI
CNI
Category: Watch TV
Hits: 672

Share
Tweet
Share
Share
powered by social2s

ခါဆွန်မြို့၌ ရုရှားညှင်းပန်းနှိပ်စက်ခဲ့ဟု သံသယနေရာ ၄ ခုတွေ့ရ

By CNI
CNI
Category: Watch TV
Hits: 755

Share
Tweet
Share
Share
powered by social2s

အမေရိကန်က ရွေးကောက်ပွဲဖြစ်မှာကို မလိုလားဘူး

By CNI
CNI
Category: Exclusive Interview
Hits: 1238

Share
Tweet
Share
Share
powered by social2s
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို တွေ့ရစဉ် (GETTY IMAGES)

ပရာယွတ်၏အစိုးရ အပြောင်းအလဲလုပ်ရန် အချိန်တန်ပြီဟု ဒီမိုကရက်တစ်ပါတီကြေညာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1582

CNI International News

ဘန်ကောက်၊ နိုဝင်ဘာ ၂၂

လစ်လပ်နေရာများစွာကို အစားထိုးရန်အတွက် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲ ပြုလုပ်ရန် အချိန်တန်ပြီဟု ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဂျူရင်လက်စာနာဝီဆစ်က နိုဝင်ဘာ ၂၁ ရက်တွင် ကြေညာခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။

ဖာ့သလောင် ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် နာရစ်ခမ်နူရက်ကို ပြည်ထဲရေး ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ရန် ဆုံးဖြတ်လိုက်ကြောင်း မစ္စတာ ဂျူရင်က တဆက်တည်းတွင် ကြေညာခဲ့သည်။

ထိုသို့ ခန့်အပ်ခြင်းဖြင့် ဆောင်ခလရခိုင် အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ၂၀၁၃ ခုနှစ်၌ စတင်ထမ်းဆောင်ချိန် နောက်ပိုင်း ရာထူးမှ နုတ်ထွက်ခဲ့သော နီဖွန်ဘန်ညမန်နီး၏ လစ်လပ်နေရာကို အစားထိုးနိုင်မည် ဖြစ်သည်။

ပြည်ထဲရေးဒုတိယဝန်ကြီး ခန့်အပ်ခြင်းအပေါ် ထိုင်းဘုရင်မင်းမြတ်ထံမှ ထောက်ခံချက် ရရှိရန် တင်ပြထားကြောင်း၊ အလားတူ မစ္စတာနာရစ်ကို ဒုတိယဝန်ကြီး ခန့်အပ်ရေး တောင်းဆိုလွှာကို ဗိုလ်ချုပ်ကြီး ပရာယွတ် ထံသို့လည်း ပေးပို့ထားကြောင်း မစ္စတာဂျူရင်က ဆက်လက် ပြောကြားခဲ့သည်။

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (APEC) အစည်းအဝေးအပြီးတွင် မစ္စတာနာရစ်ကို အစိုးရ အဖွဲ့ဝင်အဖြစ် ခန့်အပ်ရေးမှာ နှောင့်နှေးစရာ အကြောင်းမရှိဟု ၎င်းက အလေးပေး ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဂျူရင်လက်စာနာဝီဆစ်ကိုတွေ့ရစဉ် (PBS)

ဗိုလ်ချုပ်ကြီးပရာယွတ် အနေဖြင့် ၎င်း၏ဝန်ကြီးချုပ်ရာထူး သက်တမ်းကိစ္စ ဆုံးဖြတ်ချက် ကျပြီးသည်နှင့် ယခု ပြည်ထဲရေး ဒုတိယဝန်ကြီး ခန့်အပ်ရေးကို အာရုံစိုက်သွားမည်ဟု ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် မစ္စတာဂျူရင် က ယခင်လ၌လည်း ပြောကြားခဲ့ပြီး ဖြစ်သည်။

ထိုကဲ့သို့ ဒီမိုကရက်တစ်ပါတီ၏ လှုပ်ရှားမှုများသည် အာဏာရ ပါလန်းပရာချာရတ် (PPRP) ပါတီနှင့် ဘွန်ဂျိုင် ထိုင်းပါတီတို့က တောင်းဆိုထားသည့် အစိုးရအဖွဲ့ အပြောင်းအလဲကို လှုပ်လှုပ်ခတ်ခတ် ဖြစ်စေနိုင်ဖွယ်ရှိနေသည်။

PPRP ပါတီသည် ဗိုလ်မှူးကြီး သာမာနက်ပရွမ်ပေါ ထုတ်ပယ်ခံရ၍ လစ်လပ်နေသည့် စိုက်ပျိုးရေး ဒုတိယဝန်ကြီး နေရာနှင့် နာရူမွန်ပင်ယိုစင်ဝပ် ထုတ်ပယ်ခံရ၍ လစ်လပ်နေသည့် အလုပ်သမား ဒုတိယဝန်ကြီး ရာထူးများကို အစားထိုး ခန့်အပ်ခြင်း မရှိသေးပေ။

၎င်းတို့နှစ်ဦးစလုံးကို ယမန်နှစ်၌ ဗိုလ်ချုပ်ကြီး ပရာယွတ်က အစိုးရအဖွဲ့ထဲမှ ထုတ်ပယ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဘွန်ဂျိုင်ထိုင်းပါတီမှလည်း တောင်းဆိုထားသည့် ပညာရေး ဒုတိယဝန်ကြီးနေရာ ခန့်အပ်ရေး ကလည်း ရှိသေးသည်။

ထိုင်းအောက်လွှတ်တော်၏ သက်တမ်းသည် လာမည့်နှစ် မတ်လတွင် ကုန်ဆုံးမည်ဖြစ်၍ ဗိုလ်ချုပ်ကြီး ပရာယွတ် သည် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲလုပ်ရန် တွန့်ဆုတ်နေနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြကြောင်း ဘန်ကောက်ပို့စ်တွင် ရေးသားထားသည်။

Source: Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s
KIA တပ်ဖွဲ့ကိုတွေ့ရစဉ် (EPA)

တနိုင်းတွင် ဖြတ်သန်းသွားလာသူများထံမှ KIA၊ PDF တို့ ငွေကြေးကောက်ခံနေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 2223

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ဒေသကာကွယ်ရေးတပ် (PDF) တို့မှ ခရီးသွားလာသော ပြည်သူများထံမှ ငွေကြေး ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။

ငွေးကြေးကောက်ခံမှုကို လူခွန်ဟုဆိုကာ ကောက်ခံနေကြောင်း၊ KIA နှင့် PDF နှစ်ဖွဲ့ခွဲ၍ ကောက်ခံနေကြောင်း ဒေသခံ တစ်ဦးဖြစ်သူ ကိုမျိုးဝင်းက CNI သတင်းဌာနသို့ ပြောသည်။

တနိုင်းမြို့အ၀င်ကိုတွေ့ရစဉ်

၎င်းက “သူတို့က လဝါး တစ်လျှေက်လောက်ပေါ့၊ အဲဒီလောက်မှာ သူတို့က စောင့်ပြီးမှ ဘယ်လိုပြောမလဲ၊ ဝါးထမ်း လို့ ပြောတာပေါ့၊ လူခွန်ပြောတာပေါ့နော်၊ ဝါးထမ်းလို့ ပြောတာပဲ၊ ကချင်လိုလား၊ မြန်မာလို ပြောတာလားတော့ မသိဘူး။ ဝါးထမ်းလို့ ပြောတာပဲ။ အဲဒါပထမက KIA ဘက်ကနေ ၅ သောင်း၊ ၅ သောင်းကို ကျနော်တို့ တောင်း တောင်း ပန်ပန်နဲ့ ၃ သောင်းပေါ့၊ နောက်ဆုံး ၃ သောင်းနဲ့ ရသွားတာ၊ တစ်ယောက်ကို ၃ သောင်းနှုန်း တောင်းတယ်၊ ကားတွေကတော့ ၁ သိန်း ကောက်ရင်ကောက်မယ်၊ ၂ သိန်းကောက်ရင် ကောက်မယ်ပေါ့၊ ကျနော်တို့ လူခွန်က တော့ ၃ သောင်း၊ နောက် ၃ သောင်းဆိုရင် လက်မှတ်လုပ်ပေးတယ်၊ အဲဒီလက်မှတ်နဲ့ လမ်းမှာ ကျနော်တို့ နောက် တစ်ခေါက် သွားရင်းနဲ့ အဲဒီလက်မှတ်ပြတာ မဟုတ်တော့ဘူးတဲ့ အဲဒီအတွက် မဟုတ်ဘူးတဲ့ ကျနော်တို့ကတော့ PDF ကပါတဲ့၊ PDF ကြတော့ ရန်ပုံငွေပေါ့၊ ၂ သောင်း ပြန်ထည့်ပေးတယ်၊ ရန်ပုံငွေလည်း ပြောတယ်၊ စေတနာ မရဘူး။ ၂ သောင်း ပြန်သတ်မှတ်တယ်၊ အဲဒီ ၂ သောင်း ပြန်ထည့်ရတာပဲ၊ ၅ သောင်း ကျသွားတာပေါ့” ဟု ပြော သည်။

ထို့နောက် တနိုင်းမြို့နယ်အတွင်း ပယင်းလုပ်ငန်းများ လုပ်ကိုင်နေသူများသည် KIA ထံ အခွန်ဆောင်ထားပြီးသာ ပယင်းကျောက်များကို သွယ်ဆောင်သွားစဉ် လမ်း၌ဖြတ်သန်းသွားလာသူများကို ငွေကြေးကောက်ခံနေသော KIA အဖွဲ့က သိမ်းဆည်းသွားသည်များ ကြုံတွေ့နေရကြောင်း၊ ထိုပယင်းများကို KIA က ၎င်းတို့သတ်မှတ်သော ဈေးနှုန်းဖြင့် ပြန်လည် ရွေးယူခိုင်းကြောင်း ၎င်းက ပြောသည်။

KIA လက်အောက်ခံ KPDF ကိုတွေ့ရစဉ် (kpdf-hopin)

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ CNI သတင်းဌာနမှ ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

ယခင်က PDF များသည် ငွေကြေး ကောက်ခံခြင်း မရှိကြောင်း၊ ယခုကောက်ခံမှုမှာ အထက်က ညွှန်ကြားချက်အရ ကောက်ခံနေသည်ဟု ယူဆကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် ယခင်က ပယင်းကျောက် တစ်အိတ်ကို KIA ထံ အခွန်အနေဖြင့် ကျပ်ငွေ ၅ ထောင် ပေးဆောင်ရ ကြောင်း၊ သို့သော်လည်း ယခုလ ပထမပတ်မှ စတင်ပြီး တစ်အိတ်လျှင် ကျပ်ငွေ ၂ သောင်းနှုန်းဖြင့် ကောက်ခံနေ ကြောင်း တနိုင်းဒေသခံ တစ်ဦးဖြစ်သူ ကိုဇော်နိုင်က CNI သတင်းဌာနသို့ ပြောသည်။

ပယင်းကို စစ်ဆေးနေစဉ် (Hkun Lat)

၎င်းက “KIA ဘက်က ဖမ်းသွားတာပေါ့နော်၊ ပယင်းကျောက် ကုန်သည်တွေ ဆီကနေပြီးတော့မှ ပယင်းတွေ ဖမ်း သွားတာပေါ့နော်၊ အဲဒီ ကုန်သည်တွေကလည်း အားလုံးက အခွန်ဆောင်ပြီးသားပဲ၊ အခွန်ဆိုတာ KIA ဘက်က သတ်မှတ်ထားတဲ့ အခွန်တွေ၊ သူက ကားဂိတ်မှာ ဆောင်ရတာကိုး၊ ဒါပေမဲ့ ဂိတ်မှူးတွေ၊ ကားမောင်းတဲ့ သူတွေက သူတို့အဖွဲ့ကို သွားမပေးလို့များလား လာပြီးဖမ်းတာပေါ့နော်၊ လာပြီးဖမ်းတဲ့ အခါကြတော့ အကုန်လုံးပါသွားတယ်၊ ပါသွားတာက တန်ဖိုးက သိန်း ၁၀၀၀ ကျော်လောက်တော့ ရှိလိမ့်မယ် အနည်းဆုံး ၁၀၀၀ ဆိုရင် ကျနော်သိတဲ့သူ တောင် သိန်း ၁၀၀၀ လောက် ရှိနေပြီဆိုတော့ သိန်း ၁၀၀၀ ကျော်လောက်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ ရက်၊ ၃ ရက်က ပြန်ရွေးခိုင်းတာ ရှိတယ်၊ ပြန်ပြီးတော့ ပိုက်ဆံပေးရတဲ့ အပိုင်းတွေ ရှိတယ်” ဟု ပြောသည်။

တနိုင်းဒေသတွင် KIA ၏ တပ်မဟာ (၉) လှုပ်ရှားလျက်ရှိကြောင်း၊ လက်ရှိတွင် KIA၊ PDF ပူးပေါင်းတပ်များ လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

အဆိုပါ တနိုင်းဒေသတွင် မြန်မာ့တပ်မတော်နှင့် KIA ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 33
  • 34
  • 35
  • 36
  • 37
  • 38
  • 39
  • 40
  • 41
  • 42

Page 38 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar