CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ယူကရိန်းသမ္မတ ဇာလန်းစကီးနှင့် ရှရှားသမ္မတ ပူတင်

ဇာလန်းစကီးနှင့်ပူတင်တို့ကြား ဆွေးနွေးပွဲများလုပ်ရန်မရှိဟု ရုရှားပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 5050

CNI International News

မော်စကို၊ဇန်နဝါရီ ၂၇

ယူကရိန်းသမ္မတ ဇာလန်းစကီး သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးနိုင်သူအဖြစ် မရှိတော့ သည်မှာ ကြာမြင့်ခဲ့ပြီဟု ရုရှားအစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) က ပြောဆို ကြောင်း တာ့စ်သတင်းတွင် ဖော်ပြသည်။

ပူတင်နှင့်ငြိမ်းချမ်းရေးဆွေးနွေးရန် စိတ်မဝင်စားဟု ဇာလန်းစကီး၏ပြောဆိုချက်ကို ပက်စ်ကော့ဗ်က ကြာသပတေးနေ့တွင် တုန့်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုများတွင် ဇာလန်းစကီး ပေးခဲ့သည့်ကတိများကို အားလုံးသိကြောင်း၊ ၎င်းကို သမ္မတ အဖြစ် ရွေးချယ်ခဲ့သူများအနေဖြင့် အဆိုပါကတိများကို ပြန်စဉ်းစားရန်မခက်ကြောင်း၊ ဇာလန်းစကီးသည် ဒွန်းဘတ်စ် (Donbass) ပြဿနာကို မဖြေရှင်းနိုင်ခဲ့သည့်အပြင် မင့်ခ် (Minsk) သဘောတူညီချက်ကို ထပ်မံပြောဆို ခဲ့ကြောင်း၊ ထို့အပြင် ၎င်းသည် အဆိုပါကတိများကို အကောင်အထည်ဖော်ရန် ကြိုးစားခဲ့ခြင်းမရှိကြောင်းနှင့် ၎င်း သည် စစ်ဖြစ်ရန်ပြင်ဆင်ခဲ့ကြောင်း ပက်စ်ကော့ဗ်ကပြောသည်။

ယူကရိန်းနိုင်ငံရှိ မာရီယူပေါလ်မြို့ကြီး၏ ပျက်ဆီးနေမှု မြင်ကွင်း(ဓါတ်ပုံ-CNN)

ထို့ကြောင့် ၎င်းသည်သမ္မတ ပူတင်နှင့်ဆွေနွေးပွဲ ကျင်းပနိုင်မည့်သူ မဟုတ်တော့သည်မှာ ကြာခဲ့ပြီ ဖြစ်ကြောင်း လည်း ပြောခွင့်ရပုဂ္ဂိုလ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ကြာသပတေးနေ့အစောပိုင်းတွင် ဇာလန်းစကီးသည် Sky News TV ချန်နယ်နှင့်တွေ့ဆုံကာ ယူကရိန်းကို စစ်ပွဲ စတင်ခဲ့ချိန်ကတည်းက ပူတင်သည် ၎င်းအတွက်အရေးပါသူ မဟုတ်တော့ကြောင်းပြောကာ ၎င်းသည် ပူတင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်လုံးဝ စိတ်ဝင်စားမှု မရှိကြောင်းပြောဆိုခဲ့သည်။

ဇာလန်းစကီးသည် ယခင်ကတည်းက ရုရှားနှင့်ဆွေးနွေးညှိနှိုင်းမှုများကို လုပ်ဆောင်ရန် တားမြစ်ခဲ့သူဖြစ်သည်။ လက်ရှိအချိန်တွင် ယူကရိန်းနှင့်ရုရှားတို့အကြား ဆွေးနွေးမှုများ လုပ်ဆောင်ရန်မဖြစ်နိုင်ကြောင်းနှင့် မည်သည့် အနေအထားမျိုးတွင်မဆို ထိုသို့ ဖြစ်ရန်အခြေအနေမရှိကြောင်းလည်း ပက်စ်ကော့ဗ်က ပြောသည်။

Source:Tass

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်းကို Leopard တင့်ကားများထောက်ပံ့ရန် ဂျာမနီသဘောတူ

By CNI
CNI
Category: Watch TV
Hits: 682

Share
Tweet
Share
Share
powered by social2s

တစ်ပတ်အတွင်း ခရစ္စတယ်မက် ၁ ဒသမ ၁ တန်ကျော် ထိုင်းတွင်ဖမ်းဆီးရမိ

By CNI
CNI
Category: Watch TV
Hits: 732

Share
Tweet
Share
Share
powered by social2s
ဝန်ကြီးချုပ် အိုလဖ်ရှလော့ဇ်နဲ့ တင့်ကားကိုတွေ့ရစဉ် (AP)

ယူကရိန်းကို Leopard တင့်ကားများထောက်ပံ့ရန် ဂျာမနီသဘောတူ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 5413

CNI International News

ဘာလင်၊ဇန်နဝါရီ ၂၆

ဂျာမနီအစိုးရသည် ယူကရိန်းသို့ Leopard 2 တင့်ကားများ ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ တခြားနိုင်ငံများ ထိုသို့ ထောက်ပံ့ရန်လည်း သဘောတူကြောင်း ဝန်ကြီးချုပ် အိုလဖ်ရှလော့ဇ် (Olaf Scholz)က ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။

သီတင်းပတ် အတန်ကြာ တွန့်ဆုတ်နေခဲ့ခြင်းကြောင့် မဟာမိတ်နိုင်ငံများကြား စိတ်မရှည်မှုများ ရှိလာချိန်တွင် ထိုသို့ ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။

ကနဦးတွင် Leopard 2 A6 တင့်ကား တပ်ခွဲတစ်ခု သို့မဟုတ် ၁၄ စင်း ယူကရိန်းသို့ ထောက်ပံ့သွားမည်ဟု ဂျာမနီအစိုးရက ပြောသည်။

ဂျာမနီနှင့် မဟာမိတ်များ၏ ရည်ရွယ်ချက်မှာ တပ်ရင်းနှစ်ခုနှင့်ညီမျှသော တင့်ကား ၈၈ စင်း ထောက်ပံ့ရန် ဖြစ် သည်။ မဟာမိတ်များ၊ နိုင်ငံတကာ မိတ်ဖက်များနှင့် အကြိတ်အနယ် ဆွေးနွေးမှု၏ ရလဒ်ဖြစ်ကြောင်း ရှလော့ဇ်က ဂျာမနီလွှတ်တော် အမတ်များအား ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ် အိုလဖ်ရှလော့ဇ်နဲ့ ယူကရိန်း သမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ် (GETTY IMAGES)

ထိုသတင်းအတွက် ဝမ်းမြောက်မိသည်ဟုလည်း ယူကရိန်းသမ္မတ ဇာလန်းစကီး(Volodymyr Zelenskyy) က ပြောသည်။

ဥရောပနိုင်ငံ တချို့ကလည်း ဂျာမနီလုပ် Leopard 2 တင့်ကားများကို ပိုင်ဆိုင်ထားခြင်းကြောင့် ဂျာမနီဘက်က ခွင့်ပြုချိန်တွင် ၎င်းတို့အနေဖြင့် ကိုယ်ပိုင်တင့်ကားများအား ယူကရိန်းသို့ ထောက်ပံ့ ပေးနိုင်မည် ဖြစ်သည်။

ကာလရှည်ကြာ စောင့်စားခဲ့ရသော ဂျာမနီဘက်မှ ကြေညာချက်သည် အမေရိကန်ဘက်က ၎င်းတို့၏ M1 Abrams တင့်ကားများကို ယူကရိန်းသို့ ပေးပို့ရန် သဘောတူခဲ့ပြီးနောက် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယူကရိန်း အရှေ့ပိုင်းမှ ရုရှားတို့ကို တိုက်ထုတ်ရေး ယူကရိန်းစစ်တပ်ကို ကူညီပေးရန် အမေရိကန် M1 Abrams တင့်ကားများအား ယူကရိန်းသို့ ပေးပို့ရေးအတွက်လည်း အကြိုသဘောတူညီချက် တစ်ခုကို ရရှိခဲ့ပြီဟု အမေရိကန် အရာရှိများက အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

တရားဝင် မဆုံးဖြတ်ရသေးသော ကိစ္စဖြစ်ခြင်းကြောင့် ၎င်းတို့ အမည်များကို မဖော်ပြရန်လည်း အမေရိကန် အရာရှိများက တောင်းဆိုခဲ့သည်။

ဝန်ကြီးချုပ် အိုလဖ်ရှလော့ဇ် လွှတ်တော်မိန့်ခွန်းပြောနေစဉ်(AP)

သို့သော် ထိုတင့်ကားများ ယူကရိန်းသို့ မည်သည့်အချိန်တွင် ပေးပို့မည် သို့မဟုတ် ယင်းတို့သည် တိုက်ပွဲတွင် မည်သို့သော အကျိုးသက်ရောက်မှု ရှိမည်ဆိုခြင်းကိုတော့ ကွဲကွဲပြားပြား မသိရသေးပေ။

ရုရှားသည်နွေဦး ထိုးစစ်ဆင်မှု တစ်ခုကို လုပ်ဆောင်ရန် ပြင်ဆင်နေသည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်သည်။

ယူကရိန်းသို့ ယခင်ကတည်းက တင့်ကားများ ထောက်ပံ့ခဲ့သော်လည်း ယင်းတို့မှာ ဆိုဗီယက်ခေတ် မော်ဒယ်လ် များဖြစ်သည်။ ယခင်က ရုရှားနှင့် အဆင်ပြေပြီး ယခုချိန်တွင် အနောက်အုပ်စုဘက်သို့ ရောက်ရှိလာသော ဥရောပ နိုင်ငံများက ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။
ရုရှားတပ်များကို နှိမ်နင်းရန် ယူကရိန်းတပ်ဖွဲ့များ အနေဖြင့် အနောက်အုပ်စုထုတ် ခေတ်မီ တင့်ကားများ လိုအပ် နေဆဲဖြစ်သည်ဟု ယူကရိန်းဘက်က ပြောထားသည်။

ဂျာမနီ၏ ကြေညာချက် အပေါ် နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်က ကြိုဆိုကြောင်း ပြောခဲ့သော်လည်း ယင်းသည် အင်မတန်အန္တရာယ်များသည်ဟု ဂျာမနီရှိ ရုရှားသံအမတ်က မှတ်ချက်ပြုသည်။

Source:AP

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂျပန်ဝန်ကြီးချုပ်ဟောင်း ယိုရှီရို မိုရီကို ၂၀၀၁ ခုနှစ်က မြင်တွေ့ရစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

ယူကရိန်းအရေးတွင် ရုရှား ရှုံးနိုင်ဖွယ်မရှိဟု ဂျပန်ဝန်ကြီးချုပ်ဟောင်း သုံးသပ်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 2187

CNI International News

တိုကျို၊ဇန်နဝါရီ ၂၆

ယူကရိန်းစစ်ပွဲတွင် ရုရှားတို့ ရှုံးနိမ့်ရန်မှာ ဖြစ်နိုင်ခြေနည်းပါးကြောင်း ဂျပန်ဝန်ကြီးချုပ်ဟောင်း ယိုရှီရို မိုရီ (Yoshiro Mori) က ပြောကြားပြီးနောက် ဂျပန်ပါဝင်နေသော အမေရိကန်ဦးဆောင်သည့် ယူကရိန်းထောက်ပံ့ရေး လုပ်ငန်းကိုလည်း မေးခွန်းထုတ်ခဲ့သည်ဟု အာရ်တီသတင်းတွင် ဖော်ပြသည်။

ရုရှားအနေဖြင့် ယခုစစ်ပွဲတွင် ရှုံးနိမ့်ရန်ဖြစ်နိုင်ခြင်း မရှိကြောင်းကို ဝန်ကြီးချုပ်ဟောင်းက ဗုဒ္ဓဟူးနေ့ တိုကျိုရှိ ဂျပန်-အိန္ဒိယ အဖွဲ့အစည်းအစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် ဂျပန်အစိုးရအနေဖြင့် အဘယ့်ကြောင့် ရုရှားနှင့်ဆက်ဆံရေးကိုဖျက်ဆီးရန် ဆန္ဒရှိနေသလဲဆိုသည်ကို နားမလည် နိုင်ကြောင်းလည်း အသက် ၈၅ နှစ်အရွယ် နိုင်ငံရေးသမားကြီးက ပြောသည်။

ရုရှားနှင့်ဂျပန်တို့တွင် မဖြေရှင်းရသေးသော နိုင်ငံပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုရှိနေပြီး ထိုနှစ်နိုင်ငံသည် လုပ်ထုံး လုပ်နည်းများအရ စစ်ဖြစ်နေဆဲဖြစ်သည်။ မိုရီသည် ဝန်ကြီးချုပ်အဖြစ် ၂၀၀၀ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ တစ်နှစ်ကျော်သာထမ်းဆောင်ခဲ့သူဖြစ်ကာ ၎င်း၏ သက်တမ်းသည်လည်း ပြောဆို၊လုပ်ကိုင်ပုံ မှားယွင်းမှုများ အပေါ် မီဒီယာများ၏ထောက်ပြမှုများဖြင့် ကုန်ဆုံးခဲ့ရသည်။ ရာထူးမှ နုတ်ထွက်သွားချိန်တွင် ၎င်းသည် ၂၀၂၀ နွေရာသီအိုလံပစ်ကျင်းပရေးအဖွဲ့အား ဦးဆောင်ရန်ရွေးချယ်ခြင်းခံခဲ့ရသည်။

ယူကရိန်းနိုင်ငံ Kryvyi Rih မြို့တွင် ရုရှားတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးများအကြား ဝမ်းနည်းစွာ ငိုကြွေးနေသည့် ယူကရိန်းနိုင်ငံသူ သက်ကြီးရွယ်အိုတစ်ဦးကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

ဝေဖန်ခံရမှုအကြားမှာပင် မိုရီသည် ရုရှားအစိုးရနှင့်ကောင်းမွန်သော ဆက်ဆံရေးကို မြှင့်တင်နိုင်ခဲ့သည်။ မြို့ငယ်လေးတစ်ခုတွင် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော မိုရီ၏ဖခင်ဖြစ်သူသည် ဆိုဗီယက် ပြည်ထောင်စုရှိ ဂျပန်စစ်သားများ၏ အုတ်ဂူများကို ထိန်းသိမ်းလိုခဲ့သူဖြစ်သည်။ ၎င်းသည် တူညီသော သဘောထားရှိသည့် ရုရှားမိတ်ဆွေများစွာနှင့် တွေ့ခဲ့ရပြီး ၎င်းကွယ်လွန်ချိန်တွင် အရိုးပြာတစ်ချို့ကို ရုရှားတွင် မြုပ်နှံပေးရန်အထိ တောင်းဆိုခဲ့သူလည်းဖြစ်သည်။

မိုရီငယ်ရွယ်စဉ်အချိန်အခါမှာလည်း ရုရှားသမ္မတပူတင်နှင့်ကောင်းမွန်သောဆက်ဆံရေးရှိခဲ့ကာ ၎င်းသည် ထိုစဉ်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ၂၀၁၇ ရုရှားခရီးစဉ်အတွက် လိုအပ်သည်များကိုပင် စီစဉ်ပေးခဲ့ရသည်ဟု သိရ သည်။ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်လို့ အမေရိကန်နှင့်ဥရောပမှ သတင်းရင်းမြစ်များကို မှီငြမ်းကာ တစ်ဖက် သတ် သတင်းထုတ်ပြန်မှု လုပ်ဆောင်နေသည်ဟု နိုဝင်ဘာလတွင် နိုရီက ၎င်း၏ယူဆချက်နှင့် ပတ်သက်၍ ဂျပန်မီဒီယာများကို ပြောခဲ့သည်။ ယူကရိန်းပြည်သူမြောက်များစွာကို ထိခိုက်စေခဲ့သော်လည်း ပူတင်သည် ဝေဖန်မခံရသင့်ဟု ၎င်းကယူဆသည်။

တနင်္လာနေ့ လွှတ်တော်မိန့်ခွန်းတစ်ခုတွင် လက်ရှိဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ရုရှားသမ္မတပူတင်ကို ဝေဖန် ခဲ့သည်။ အငြင်းပွားနေသော ကူရီကျွန်းများနှင့်ပတ်သက်၍ ဂျပန်အစိုးရသည် နယ်မြေရေးရာဆိုင်ရာဖြေရှင်းမှု မူဝါဒများကို ဆက်လက်ကျင့်သုံးသွားမည်ဟု ပြောကာ ယူကရိန်းကို စစ်ရေးအရ တိုက်ခိုက်ခြင်းဖြင့် ပူတင်သည် နိုင်ငံတကာစည်းမျဉ်၏ အခြေခံအုတ်မြစ်များကို လှုပ်ခါအောင်လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ ဂျပန်အစိုးရသည် ရုရှားကိုအရေးယူပိတ်ဆို့ခြင်းဖြင့် ယူကရိန်းကို ဆက်လက်ထောက်ပံ့သွားမည်ဟုလည်း ကီရှီဒါက ကတိပြုခဲ့သည်။

Source:အာရ်တီ

 

 

 

 

Share
Tweet
Share
Share
powered by social2s
မိုက်ပွန်ပီယိုကိုတွေ့ရစဉ်(GETTY IMAGES)

၂၀၁၉ တုန်းက အိန္ဒိယနှင့်ပါကစ္စတန် နျူကလီးယားစစ်ပွဲ ဖြစ်ပွားရန် နီးစပ်ခဲ့

By CNI
CNI
Category: နိုင်ငံရေး
Hits: 1190

CNI International News

ဝါရှင်တန်၊ဇန်နဝါရီ ၂၆

၂၀၁၉ ခုနှစ်တုန်းက အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငံကြား နျူကလီးယားစစ်ပွဲ ဖြစ်ပွားမည့် အခြေအနေသို့ ရောက်ရှိခဲ့ကာ အမေရိကန် ကြားဝင်ဟန့်တားနိုင်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဟောင်း မိုက်ပွန်ပီယို (Mike Pompeo)၏ စာအုပ်သစ်တွင် ရေးသားထားသည်။

ထိုဖြစ်ရပ်သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ရီလတွင် ဖြစ်ပွားခဲ့သည်။ ကတ်ရှ်မီးယားဒေသတွင် အိန္ဒိယလက်နက်ကိုင် တပ်ဖွဲ့ဝင် ၄၁ ဦး သေဆုံးခဲ့သည့် အသေခံ ဗုံးခွဲမှုတစ်ခုအတွက် ပါကစ္စတန်နိုင်ငံတွင်းရှိ လက်နက်ကိုင်အဖွဲ့ တစ်ခုကို ပြစ်တင်ခဲ့ကာ ထိုအဖွဲ့ရှိရာနေရာကို အိန္ဒိယဘက်က စတင်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကို တုန့်ပြန်သည့် အနေဖြင့် ပါကစ္စတန်ဘက်က အိန္ဒိယစစ်လေယာဉ် တစ်စင်းကို ပစ်ချခဲ့ကာ လေယာဉ်မှူးကို ဖမ်းဆီးခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီတွင် အိန္ဒိယ-ပါကစ္စတန် ရန်ဘက်နှစ်နိုင်ငံ နျူကလီးယား စစ်ပွဲ ဆင်နွဲရန် မည်မျှနီးစပ်မှု ရှိခဲ့သည်ကို တခြားသူများ သိရှိမည်ဟု မထင်ကြောင်း ပွန်ပီယိုက ၎င်း၏ ကိုယ်တွေ့ မှတ်တမ်းစာအုပ်သစ်ဖြစ်သော Never Give an Inch တွင် ရေးသားထားသည်။

အင်္ဂါနေ့တွင် ထွက်ရှိခဲ့သော ထိုစာအုပ်တွင် ပွန်ပီယွန်က ဒေါ်နယ်ထရမ့် လက်ထက် ထိပ်တန်း သံတမန်တစ်ဦး အဖြစ် ကြုံတွေ့ခဲ့ရသည်များနှင့် CIA အကြီးအကဲဟောင်း တစ်ခုအဖြစ် တာဝန်ထမ်းဆောင်စဉ် သိရှိခဲ့ရသည် များကို ရေးသားဖော်ပြထားသည်။

မိုက်ပွန်ပီယို ရေးသားထားတဲ့စာအုပ်ကိုတွေ့ရစဉ်(GETTY IMAGES)

ထိုဖြစ်ရပ် ပေါ်ပေါက်ချိန်တွင် ထရမ့်နှင့် ကင်ဂျုံအန်တို့ တွေ့ဆုံပွဲအတွက် ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်း (Hanoi) သို့ ရောက်ရှိနေကြောင်း၊ ထို့နောက် သတင်းရရှိခဲ့သည်နှင့်တပြိုင်တည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆက်ရှ်မာ ဆာဝါရတ်ဂျ် (Sushma Saraj)ကို ဆက်သွယ်၍ ဆွေးနွေးခဲ့ရသည်။

ဆာဝါရတ်ဂျ်သည် ပါကစ္စတန်ဘက်က အိန္ဒိယကို တိုက်ခိုက်ရန် နျူကလီးယား လက်နက် ပြင်ဆင်နေသည်ဟု ယုံကြည်ခဲ့ကြောင်း၊ ထို့ကြောင့် အိန္ဒိယဘက်မှလည်း ပြင်ဆင်မှု ပြုလုပ်ထားသည်ဟု ပြောကြောင်း စာအုပ်တွင် ဖော်ပြထားသည်။

ထို့အတွက်ကြောင့် မည်သည့်အရာကိုမှ မလုပ်ဆောင်ရန်နှင့် အမေရိကန်နိုင်ငံခြားရေးအဖွဲ့ကို အချိန်ပေးရန် ပြောဆိုခဲ့ရသည်ဟုလည်း သိရသည်။

အိန္ဒိယ နဲ့ ပါကစ္စတန် နယ်မြေကိုတွေ့ရစဉ် (GETTY IMAGES)

အိန္ဒိယဘက်နှင့် စကားပြောဆိုပြီးနောက် ၎င်းနှင့်အတူ ဟနွိုင်းသို့ ရောက်ရှိနေသော အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန် (John Bolton) နှင့် ဆွေးနွေးသည်။ထို့နောက် ပါကစ္စတန်၏ ခေါင်းဆောင် အစစ်အမှန် ဖြစ်သူ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက်ဘက်ဂျ်ဝါ (Qamar Javed Bajwa) နှင့် ဆက်လက် ဆွေးနွေးခဲ့သည်။

ဆွေးနွေးမှုများအတွင်း ပါကစ္စတန်နိုင်ငံကလည်း အိန္ဒိယသည် ၎င်းတို့ကို တိုက်ခိုက်ရန် နျူကလီးယား ပြင်ဆင်နေ သည်ဟု ယုံကြည်နေကြောင်း သိခဲ့ရသည်။

ထို့ကြောင့် နယူးဒေလီ (New Delhi) နှင့် အစ္စလာမ္မာဘတ် (Islamabad) မြို့များရှိ အမေရိကန်သံ အဖွဲ့များက မည်သည့်ဘက်တွင်မှ နျူကလီးယားနှင့် ပတ်သက်၍ လှုပ်ရှားမှုမရှိကြောင်း သက်ဆိုင်ရာနိုင်ငံအသီးသီးကို အသိ ပေးခဲ့ရသည်။

ထိုဖြစ်ရပ်သည် နာရီပိုင်းသာ ကြာမြင့်ခဲ့ကြောင်းနှင့် မည်သည့် နိုင်ငံသည်မှ ထိုစဉ်က ၎င်းတို့ ဆောင်ရွက်ခဲ့သလို ဆိုးရွားသည့် ဖြစ်ရပ်တစ်ခုအား တားဆီးရေး စွမ်းဆောင်နိုင်ခဲ့မည် မဟုတ်ကြောင်း စာအုပ်တွင် ရေးသားဖော်ပြ ထားသည်ဟု သိရသည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

နေတိုးအဖွဲ့တိုးချဲ့လာမှုကြောင့် စစ်ဘက်ဆိုင်ရာ ပြောင်းလဲမှုလုပ်မည်ဟု ရုရှားပြော

By CNI
CNI
Category: Watch TV
Hits: 746

Share
Tweet
Share
Share
powered by social2s

ရှမ်းနီလူမျိုးများသည် ပြည်နယ်ရဖို့ ထိုက်တန်ကြောင်း SNNC ပြော

By CNI
CNI
Category: Watch TV
Hits: 813

Share
Tweet
Share
Share
powered by social2s

မည်သည့် အခြေအနေရှိပါစေ ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ရမည်ဟုပြော

By CNI
CNI
Category: Watch TV
Hits: 747

Share
Tweet
Share
Share
powered by social2s

ထိုင်းက သေမင်းကျွန်းတွင် ဗြိတိန်ရေကူးနည်းပြတစ်ဦး ပဟေဠိဆန်ဆန်သေဆုံး

By CNI
CNI
Category: Watch TV
Hits: 741

Share
Tweet
Share
Share
powered by social2s

မလေးတွင် ပါမစ်ပြန်ဖွင့်မည့်ရက် ကြေညာပြီးနောက် အဖမ်းအဆီးများ နည်းပါးလာ

By CNI
CNI
Category: Watch TV
Hits: 687

Share
Tweet
Share
Share
powered by social2s
ပစ်သတ်ခံလိုက်ရသော သတင်းသမားတစ်ဦး လဲနေသည်ကိုတွေ့ရစဉ် (AP)

၂၀၂၂ ခုနှစ်တွင် သတင်းသမားများ အသတ်ခံရမှု ၅၀ ရာခိုင်နှုန်း မြင့်တက်လာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 872

CNI International News

ပေါ့ထ်-အူ-ပရင့်စ်၊ ဇန်နဝါရီ ၂၅

၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းလုံး၌ သတင်းသမားများ အသတ်ခံရမှု ၅၀ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

အများစုမှာ ယူကရိန်း၊ မက္ကဆီကိုနှင့် ဟေတီတို့မှ ဖြစ်သည်။

နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်ပေးရေးကော်မတီမှ အင်္ဂါနေ့ ထုတ်ပြန်ချက်တွင် ၂၀၂၂ ခုနှစ် အတွင်း တစ်ကမ္ဘာလုံး၌ အနည်းဆုံး သတင်းသမား ၆၇ ဦး အသတ်ခံခဲ့ရသည်ဟု ဖော်ပြထားသည်။

၂၀၁၈ ခုနှစ် နောက်ပိုင်း အမြင့်ဆုံး အရေအတွက်လည်း ဖြစ်သည်။ မြင့်တက်လာသော အန္တရာယ်များကြောင့် ပြင်းထန်သော ဖိအားများအောက်တွင် အလုပ်လုပ်နေရသည်ဟု ယူကရိန်း၊ မက္ကဆီကိုနှင့် ဟေတီတို့မှ သတင်း သမားများက ပြောသည်။

အသတ်ခံခဲ့ရသော သတင်းသမားများကို ဂုဏ်ပြုထားစဉ်(AP)

အသိအသာ အထင်ရှားဆုံးမှာ ဟေတီတွင်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် သတင်းသမား ၇ ဦး အသတ်ခံခဲ့ရသည်။ လူဦးရေ ၁၂ သန်းသာရှိသော ကျွန်းနိုင်ငံမှ မြင့်မားသော အရေအတွက်လည်း ဖြစ်သည်။

ထို ၇ ဦးမှ အချို့မှာ မြို့တော်ကိုပင် ထိန်းချုပ်ထားသော လမ်းပေါ်ရှိ ရာဇဝတ်ဂိုဏ်းများကြောင့် ဖြစ်ပြီး အနည်းဆုံး ၂ ဦးမှာ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ သတင်းသမားများ အနေဖြင့် မည်သူ့ကို ယုံကြည်ရမှန်းပင် မသိတော့ဟု ဟေတီနိုင်ငံရှိ သတင်းသမားတစ်ဦးက ပြောသည်။

သတင်းသမားများ ကာကွယ်ပေးရေးကော်မတီ(CPJ)၏ ထုတ်ပြန်ချက်၌ အသတ်ခံရသူ ၆၇ ဦးမှ ၃၅ ဦး မှာ ဖော်ပြပါ သုံးနိုင်ငံမှ ဖြစ်သည်ဟု ဖော်ပြထားသည်။

မက္ကဆီကိုတွင် ၁၃ ဦး အသတ်ခံရသည်ဟု ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း တခြား မီဒီယာများတွင် ၁၅ ဦးဟု ရေးသားသည်။

ယူကရိန်းအမျိုးသမီးတစ်ဦးကိုတွေ့ရစဉ်(AP)

ထို့ကြောင့် ၂၀၂၂ သည် ဆယ်စုနှစ် သုံးခုအတွင်း မက္ကဆီကို သတင်းသမားများအတွက် အဆိုးရွားဆုံးနှစ်လည်း ဖြစ်ခဲ့သည်။

စစ်ပွဲများ ဖြစ်ပွားရာ ယူကရိန်းတွင် ပြီးခဲ့သည့်နှစ်၌ သတင်းသမား သေဆုံးမှု ၁၅ မှုရှိသည်ဟု ဆိုသည်။

အသတ်ခံရမှု ၆၇ မှုထဲမှ ၄၁ မှုသည် ၎င်းတို့ အလုပ်အကိုင်များနှင့် တိုက်ရိုက် သက်ဆိုင်နေကြောင်း CPJ က ပြောကာ ကျန် ၂၆ ခုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

ယူကရိန်း စစ်မြေပြင်တွင် သတင်းယူနေသော သတင်းထောက်များသည်လည်း များပြားသော အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်ဟု CPJ က ပြောသည်။ မက္ကဆီကိုတွင် သတင်းသမားများ သေဆုံးမှုမှာ ဂိုဏ်းများ၏ အကြမ်း ဖက်မှု၊ ဒေသခံနိုင်ငံရေး သမားများ၏ အကျင့်ပျက် ခြစားမှုနှင့် လူသတ် တရားခံများကို အပြစ်ပေးမှု နည်းပါးခြင်း စသည့် အကြောင်းအရာများ ရောထွေးနေခြင်းကြောင့် ဖြစ်သည်ဟုလည်း CPJ က ပြောသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

တရုတ်နှင့် စစ်ပွဲဖြစ်ပွားခြင်းသည် ရွေးချယ်စရာနည်းလမ်းမဟုတ်ဟု ထိုင်ဝမ်သမ္မတပြော

By CNI
CNI
Category: Watch TV
Hits: 722

Share
Tweet
Share
Share
powered by social2s
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရုရှားစစ်တပ်၏ စစ်ဦးစီးချုပ် ဗယ်လာရီ ဂီရာဆီမော့ဗ်တို့ကို ရုရှားနိုင်ငံ မော်စကို၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ဘုတ်အဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးတွင် တွေ့ရစဉ်(ဓါတ်ပုံ-Sputnik)

နေတိုးအဖွဲ့တိုးချဲ့လာမှုကြောင့် စစ်ဘက်ဆိုင်ရာ ပြောင်းလဲမှုလုပ်မည်ဟု ရုရှားပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1830

CNI International News

မော်စကို၊ ဇန်နဝါရီ ၂၅

ဖြစ်နိုင်ခြေရှိသည့် နေတိုးအဖွဲ့ဝင်တိုးချဲ့လာမှုနှင့် အနောက်အုပ်စု စုပေါင်းအင်အားတို့ကို တုန့်ပြန်ရန်အတွက် စစ်ဘက်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သွားမည်ဟု ရုရှားဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂီရာဆီမော့ဗ်က ပြောကြောင်း Aljazeera သတင်းတွင် ဖော်ပြသည်။

ရုရှားစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ဂီရာဆီမော့ဗ်သည် ယူကရိန်းစစ်မြေပြင်တွင်ရုရှားတပ်များကို ကိုင်တွယ်ရန် ပြောင်းလဲတာဝန်ပေးခံခဲ့ရသူဖြစ်ကာ ၁၁ လကြာစစ်ပွဲတွင် တပ်သားစုဆောင်းရေးအပြင် နယ်စပ်ဒေသဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်နေရသည်ဟု ဝန်ခံခဲ့သည်။

ရုရှားနိုင်ငံတွင်းရှိတပ်သားသစ်စုဆောင်းရေးစနစ်သည် မျက်မှောက်ခေတ် စီးပွားရေးအခြေအနေများနှင့် အပြည့်အဝ ကိုက်ညီမှုမရှိဟု ဂီရာဆီမော့ဗ်က ပြောသည်။ ယင်းကို မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲရမည်ဟု ၎င်းကပြောကာ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို တုန့်ပြန်ရန်အတွက် ဇန်နဝါရီလလယ်ပိုင်းတွင် ကြေညာခဲ့သော စစ်ဘက်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ချိန်ညှိမှုများလုပ်ဆောင်ရမည်ဟုလည်း ၎င်းက သတိပေးသည်။

လက်ရှိကြုံတွေ့နေရသော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများတွင် ဖင်လန်နှင့်ဆွီဒင်နိုင်ငံတို့ နေတိုးအဖွဲ့သို့ ဝင်ရောက်ရန် ကြိုးပမ်းခြင်းအပြင် ရုရှားကိုစစ်ပွဲဆင်နွှဲရန် ယူကရိန်းကို ကိရိယာတစ်ခုအဖြစ် အသုံးချနေခြင်းတို့ ပါဝင်သည်ဟုလည်း ၎င်းက ပြောသည်။ ယူကရိန်းနိုင်ငံအပေါ် ရုရှားတို့၏ကျူးကျော်မှုကြောင့် ဖင်လန်နှင့် ဆွီဒင် တို့သည် ပြီးခဲ့သည့်နှစ်တွင် နေတိုးအဖွဲ့သို့ဝင်ရောက်ရန် လျှောက်ထားခဲ့သည်။

ရုရှားသိမ်းယူထားသည့် နယ်မြေများကို မြေပုံတွင် ပြသထားစဉ်

ပြုပြင်ပြောင်းလဲရေး အစီအစဉ်များတွင် ရုရှားဘက်က သိမ်းပိုက်ထားသော ခါဆွမ်နှင့် ဇာပိုရေးဇီးယားဒေသတို့ တွင် တပ်ဖွဲ့များ ပူးပေါင်းဖွဲ့စည်းခြင်းအစိတ်အပိုင်းတစ်ခုအဖြစ် စစ်ဘက်ဆိုင်ရာယန္တရားတပ်မ သုံးခုဖွဲ့စည်းရန်၊ မော်စကိုနှင့် စိန့်ပီတာစဘတ်(လီနင်ဂတ်)မြို့တို့တွင် စစ်ဘက်ဆိုင်ရာဒေသနှစ်ခု ထပ်တိုးရန် တောင်းဆိုမှုလည်း ပါဝင်သည်။

ခေတ်သစ် ရုရှားနိုင်ငံတွင် ယခုကဲ့သို့သော ပြင်းထန်သည့် စစ်ဘက်ဆိုင်ရာ ရန်လိုမှုများနှင့် မကြုံတွေ့ခဲ့ဖူးကြောင်း နှင့် အခြေအနေကို တည်ငြိမ်စေရေးအတွက် ထိုးစစ်ဆင်မှုများလုပ်ဆောင်ရန် တွန်းအားဖြစ်စေသည်ဟုလည်း ဂီရာဆီမော့ဗ်က ပြောသည်။ ရုရှားနှင့် ရုရှားတပ်ဖွဲ့များသည် အနောက်အုပ်စုတစ်ခုလုံးနှင့် ရင်ဆိုင်နေရသည် ဟုလည်း ၎င်းကဆိုသည်။

အနောက်အုပ်စု မဟာမိတ်များသည် လက်နက်၊ ခဲယမ်းနှင့် လူသားချင်းစာနာမှုအကူအညီများကို ထောက်ပံ့ခြင်း ဖြင့် ယူကရိန်းနိုင်ငံကို ကူညီလျက်ရှိသည်။ သို့သော် ရုရှား၏ကျူးကျော်မှု တစ်နှစ်နီးပါးသို့ ရောက်ရှိလာချိန်တွင် ၎င်းတို့၏ အထူးစစ်ဆင်ရေး ရည်ရွယ်ချက်မှာ ပြောင်းလဲလာသည်။ ယူကရိန်းကို နာဇီကင်းစင်ရေးနှင့် စစ်ရေး လှုပ်ရှားမှု ကင်းပရေး စစ်ဆင်ရေးသည် လက်ရှိအချိန်တွင် အနောက်အုပ်စု၏ ရန်လိုမှုနှင့် တစ်ဦးတည်း အုပ်စိုး လိုသော ကမ္ဘာကြီးအား ကာကွယ်ရေးအဖြစ် ညွှန်းဆိုလာသည်။ ထိုသို့ စစ်ရေးပြောင်းလဲမှုများသည် ရုရှားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေကို ကာကွယ်ရန်ဖြစ်သည်ဟု ဂီရာဆီမော့ဗ်က Argumenty i Fakty သတင်းကို ပြောခဲ့သည်။

Source:Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဥရောပမှတင့်ကားများပို့လျှင် ထိုအကျိုးဆက်ကိုခံစားရမည်ဟု ရုရှားခြိမ်းခြောက်

By CNI
CNI
Category: Watch TV
Hits: 741

Share
Tweet
Share
Share
powered by social2s

ရှမ်းနီပါတီ(SSP) ကိုယ်စားလှယ်လောင်းတစ်ဦး အသတ်ခံရ

By CNI
CNI
Category: Watch TV
Hits: 863

Share
Tweet
Share
Share
powered by social2s
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23

Page 19 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar