CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ဥရောပမှတင့်ကားများပို့လျှင် ထိုအကျိုးဆက်ကိုခံစားရမည်ဟု ရုရှားခြိမ်းခြောက်

By CNI
CNI
Category: Watch TV
Hits: 611

Share
Tweet
Share
Share
powered by social2s

ရှမ်းနီပါတီ(SSP) ကိုယ်စားလှယ်လောင်းတစ်ဦး အသတ်ခံရ

By CNI
CNI
Category: Watch TV
Hits: 733

Share
Tweet
Share
Share
powered by social2s
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်က ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကိုတွေ့ရစဉ်

ငြိမ်းချမ်းရေးမအောင်မြင်တာ ဘာကြောင့်လဲဟု ဗိုလ်ချုပ်ကြီးယွက်စစ် မေးခွန်းထုတ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1044

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄

အစိုးရအဆက်ဆက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ခဲ့သော်လည်း မခိုင်မြဲ၊ မတည်တံ့၊ မအောင်မြင်တာ ဘာကြောင့်လဲဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က မေးခွန်းထုတ်လာခဲ့သည်။

ယနေ့ (ဇန်နဝါရီ ၂၄ ရက်)တွင် နေပြည်တော်မှာ နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဗိုလ်ချုပ်ကြီးယွက်စစ်တို့ တွေ့ဆုံ ဆွေးနွေးစဉ် အထက်ပါအတိုင်း မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးယွက်စစ်က “ အနာဂတ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်မယ်ဆိုရင် အတိတ် ကာလက အမှားတွေကို သင်ခန်းစာယူပြီး အမှန်သို့ ရောက်အောင် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ရမှာ ဖြစ်ပါ တယ်။ ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ဖို့ လွတ်လပ်ရေးရယူခဲ့တာ နှစ်ပေါင်း ၇၅ နှစ် တင်းတင်း ပြည့်ပေမယ့် မိမိတို့ တိုင်းပြည်မဖွံ့ဖြိုး မတိုးတက်တာ ဘာကြောင့်လဲ၊ အစိုးရ အဆက်ဆက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ခဲ့ပေမယ့် မခိုင်မြဲ၊ မတည်တံ့၊ မအောင်မြင်တာ ဘာကြောင့်လဲ၊ ဒါတွေကို သေသေချာ ချာ ပြန်လည်သုံးသပ်ပြီး သဘာဝအရှိ တရားနဲ့ ၁၉၄၇ ပင်လုံစာချုပ်နဲ့အညီ တိုင်းပြည်ကို ပြန်လည်တည် ဆောက်နိုင်မှသာ အားလုံးလိုလား တောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုတဲ့ ပန်းတိုင်ကို ရောက် ရှိမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

 ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကိုတွေ့ရစဉ်

ထို့နောက် မိမိတို့သည် NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်မှာ ၇ နှစ်ကျော် ကြာခဲ့သော်လည်း နိုင်ငံရေးအ ရ တိုးတက်ဖြစ်ထွန်းမှုမရှိရုံသာမက NCA စာချုပ်မှာပါသည့်အတိုင်း လက်တွေ့အကောင်အထည် မဖော်နိုင်ခဲ့ ခြင်းက ပြီးခဲ့သည့် ၇ နှစ်ကျော် အချိန်ကာလကို နှမြောခြင်းများစွာ ဖြစ်မိကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်က “ပြည်ထောင်စုအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားများအားလုံးနဲ့ အဖွဲ့အ စည်း အားလုံးတို့ရဲ့ လိုလားချက်ဟာ အမျိုးသားတန်းတူရေးရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ တဖက်နဲ့တဖက် အပြန်အလှန် လေးစားမှုရှိရေး၊ တဖက်နဲ့တဖက် အသာစီး အပေါ်စီး ရယူမှုမရှိရေး၊ အားလုံးအတွက် Win- Win Solution ဖြစ်ရေး၊ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရေး၊ လိုအပ်သလို တစ်ဖက်နဲ့တဖက် အလျှော့အတင်း ပြုလုပ် ဆောင်ရွက်ပေးနိုင်ရေး တို့ကို ပြုလုပ်နိုင်မှသာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိပြီး အားလုံး လိုလားတောင့်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် RCSS ကိုယ်စားလှယ်အဖွဲ့သည် နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် ဇန်နဝါရီ ၂၄ ရက်မှ ၂၆ ရက်အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း အခြေအနေများကို ဆွေးနွေးကြမည်ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

အမေရိကန်ကို စိတ်ကုန်နေသည့် စစ်ဘက်ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ပေါ်လာနိုင်ဟု ရုရှားပြော

By CNI
CNI
Category: Watch TV
Hits: 575

Share
Tweet
Share
Share
powered by social2s

ဆူပူအုံကြွခဲ့ပြီးနောက် ဘရာဇီးစစ်တပ်ခေါင်းဆောင်ကို ရာထူးမှ ဖယ်ရှား

By CNI
CNI
Category: Watch TV
Hits: 611

Share
Tweet
Share
Share
powered by social2s
ရုရားအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပတ်စ်ကော့ဗ်ကို တွေ့ရစဉ် (GETTY IMAGES)

ဥရောပမှတင့်ကားများပို့လျှင် ထိုအကျိုးဆက်ကိုခံစားရမည်ဟု ရုရှားခြိမ်းခြောက်

By CNI
CNI
Category: နိုင်ငံရေး
Hits: 800

CNI International News

မော်စကို၊ ဇန်နဝါရီ ၂၄

အနောက်အုပ်စုကသာ ယူကရိန်းကို တင့်ကားများ ထောက်ပံ့ပေးမည်ဆိုလျှင် ယူကရိန်းပြည်သူများသည် ထိုအကျိုးဆက်ကို ခံစားရမည်ဟု ရုရှားဘက်က ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ဂျာမာန်လုပ် Leopard တင့်ကားများ ယူကရိန်းသို့ ပေးရေး၊ မပေးရေးနှင့် ပတ်သက်သည့် ကိစ္စကို အဆုံးမသတ် နိုင်သေးခင်မှာတင် ရုရှားဘက်က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နှင့် ယင်း၏ မဟာမိတ်များသည် ယူကရိန်းသို့ တင့်ကားများ ပေးရေးအတွက် ဂျာမနီကို စည်းရုံးရန် ပြီးခဲ့သည့် သီတင်းပတ်တွင် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

Leopard တင့်ကားများသည် ရုရှားတပ်ဖွဲ့များ၏ ထိုးစစ်ဆင်မှု အသစ်များဖြင့် ရင်ဆိုင်နေရသော ယူကရိန်းဘက်မှ အဓိက တောင်းဆိုနေသည့် စစ်ရေး အကူအညီလည်း ဖြစ်သည်။

မဟာမိတ်များ အားလုံးကသာ သဘောတူညီမှု ရှိမည်ဆိုလျှင် ၎င်းတို့ လက်နက်တိုက်များရှိ တင့်ကားများကို ယူကရိန်းသို့ လွှဲပြောင်းပေးရန် ဂျာမနီဘက်က မြန်မြန်ဆန်ဆန် သဘောတူသွားမည်ဟု ပြောခဲ့သော်လည်း ထိုသို့ ဖြစ်လာရန်မှာ သေချာရေရာမှု မရှိပေ။

Leopard 2 တင့်ကားများကိုတွေ့ရစဉ် (GETTY IMAGES)

ထိုအကြောင်းအရာနှင့် ပတ်သက်၍ နေ့စဉ်ပြုလုပ်နေကြ တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားတွင် မေးမြန်းခဲ့ရာ ရုရားအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပတ်စ်ကော့ဗ် (Dmitry Peskov) က ယူကရိန်းသို့ တင့်ကားများ ပေးရေးအတွက် ဥရောပတွင် သဘောထားကွဲလွဲမှုများ ရှိနေခြင်းက နေတိုးအဖွဲ့အတွင်း ထိတ်လန့်မှုများ မြင့်တက် နေသည်ကို ဖော်ပြနေသည်ဟု ပြောသည်။

ယူကရိန်းသို့ စစ်လက်နက်များ ထောက်ပံ့ခြင်း၊ နည်းပညာများ မြှင့်တင်ပေးခြင်းတို့တွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်သော နိုင်ငံများသည်လည်း စစ်ကို သက်ဆိုးရှည်စေခြင်းအတွက် တာဝန်ယူရမည်ဟု ပတ်စ်ကော့ဗ်က ပြောသည်။

ထိုသို့သော အမျှော်အမြင်နည်းပါးသည့် ထောက်ပံ့မှုအတွက် ပေးဆပ်ရမည့် သူများမှာ ယူကရိန်းပြည်သူများ ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

ဂျာမနီဘက်မှ သဘောတူညီချက် မပေးလျှင်တောင် မဟာမိတ်နိုင်ငံများ၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပိုလန် အနေဖြင့် ယူကရိန်းသို့ Leopard 2 တင့်ကားများ ပေးပို့နိုင်သည်ဟု ပိုလန်ဝန်ကြီးချုပ်က တနင်္လာနေ့ အစော ပိုင်းတွင် ပြောခဲ့သည်။

သို့သော် ဂျာမနီအနေဖြင့် ထိုသို့သော လုပ်ဆောင်ချက်များကို ထောက်ခံလိမ့်မည် မဟုတ်ကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့တွင် ပြောဆိုခဲ့သည်။

Source: ဘန်ကောက်ပို့စ်

 

 

 

 

Share
Tweet
Share
Share
powered by social2s

မိုဂါဒစ်ရှူး မြို့တော်ဝန်ရုံးအနီးမှ ပေါက်ကွဲမှုတွင် လူငါးဦးဒဏ်ရာရ

By CNI
CNI
Category: Watch TV
Hits: 613

Share
Tweet
Share
Share
powered by social2s

ရွေးကောက်ပွဲ မကျင်းပနိုင်ရင် ဘာဆက်ဖြစ်နိုင်လဲ

By CNI
CNI
Category: Watch TV
Hits: 596

Share
Tweet
Share
Share
powered by social2s
ပြည်သူတစ်ဦး မဲထည့်နေခြင်းနှင့် တင့်ကားများကိုတွေ့ရစဉ်

ရွေးကောက်ပွဲ မကျင်းပနိုင်ရင် ဘာဆက်ဖြစ်နိုင်လဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1355

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၃

ရွေးကောက်ပွဲ မကျင်းပနိုင်ပါက မည်ကဲ့သို့သော အခင်းအကျင်းမျိုး ဖြစ်လာမလဲသည့် မေးခွန်းနှင့်ပတ်သက်ပြီး နိုင်ငံရေးအသိုင်းအဝိုင်းကြားတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲ မကျင်းပနိုင်ပါက ၂၀၀၈ ဖွဲ့စည်းပုံ ပျက်သွားမှာဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

နိုင်သန်းရွှေ “၂၀၀၈ အခြေခံဥပဒေအရပေါ့နော်၊ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုရင် ကျနော်တို့ ဒီအာဏာသိမ်းရမယ့် သဘောပေါ့နော်၊ ၂၀၀၈ ဖျက်ပြီးတော့ ဘယ်လိုပြောရမလဲ အခြေခံဥပဒေအသစ်ကို ပြန်ရေးမလား၊ အဲဒီ အခင်းအကျင်း တစ်ခုခု‌တော့ ဖြစ်မှာပေါ့နော်၊ အာဏာသိမ်းမလား ဒါကတော့ ကျနော်တို့ မပြောနိုင်ဘူးပေါ့၊ ရွေးကောက်ပွဲ မလုပ်ဖြစ်လို့ရှိရင် ၂၀၀၈ ကတော့ ပျက်သွားမှာတော့ သေချာတာပေါ့နော်” ဟု ပြောသည်။

လာမည့် ဩဂုတ်လအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမည်ကြောင်း၊ အနိုင်ရသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲအပ်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မဲထည့်နေစဉ်

ရွေးကောက်ပွဲမှာ နစက၏ နိုင်ငံရေး ထွက်ပေါက်ဖြစ်ကြောင်း၊ မဖြစ်မနေ ကျင်းပမှာဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသန်းစိုးနိုင်က “ကျနော်က ရွေးကောက်ပွဲ မကျင်းပနိုင်ရင်ဆိုတဲ့ အဆိုပြုချက်ကို ကျနော်က ငြင်းပယ်ပါတယ်ဗျ၊ ဘာလို့ ငြင်းပယ်တာလဲဆိုလို့ရှိရင် ‌ရွေးကောက်ပွဲက စကစရဲ့ နိုင်ငံရေးထွက်ပေါက် ဖြစ်ပါတယ်၊ သူက အဲဒီဟာကို မဖြစ်မနေ ကျင်းပမှာပါ၊ ဒါပေမဲ့ တရားမျှတမှု ရှိမှာ မဟုတ်ဘူး။ စနစ်တကျလုပ်မှာ မဟုတ်ဘူး။ လိမ်ညာမှု အမျိုး မျိုးနဲ့ မဖြစ်မနေသူက ရွေးကောက်ပွဲဖြစ်အောင် ကျင်းပသွားမယ်လို့ ကျနော် ယူဆပါတယ်၊ ဒါမှမဟုတ် ရွေးကောက်ပွဲ မဖြစ်ရင်ဆိုတဲ့ သဘောထားနဲ့ စဉ်းစားချက် ကျနော်မရှိပါဘူး။ တစ်ခုတော့ရှိတယ် တကယ်လို့ အခြေအနေက လုံးဝရွေးကောက်ပွဲ ကျင်းပဖို့အတွက် အခြေအနေ မပေးဘူးဆိုလို့ရှိရင်လည်း သူတို့က စစ်အာဏာ သိမ်းမှုကို ဆက်ပြီးတော့ အာဏာကို ဆက်လက်ပြီး ချုပ်ကိုင်သွားဖို့အတွက် ကြိုးစားသွားပါလိမ့်မယ်လို့ ပြောချင်ပါ တယ်” ဟု ပြောသည်။

ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရှိတော့မှာ မဟုတ်ကြောင်း ကချင်နိုင်ငံရေး သမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၁ ခုနှစ်က နေပြည်တော်မြို့အ၀င်မှာ လုံခြုံရေးချထားသည်ကိုတွေ့ရစဉ်(AFP)

၎င်းက “အခုစစ်တပ်က ဘယ်လိုမျိုး သွားမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ ဒီဟာတော့ ၂၀၀၈ က‌‌တော့ ဖေဖော်ဝါရီ ၁ ရက်နေ့ဆိုရင် ပြည့်သွားပြီပေါ့၊ ၂၀၀၈ အခြေခံဥပဒေအရတော့ ရွေးကောက်ပွဲ ကျင်းပမလား မကျင်းပဘူးလားဆိုတဲ့ အပေါ်မှာတော့ စစ်တပ်အပေါ်မှာပဲ မူတည်တယ်၊ ရွေးကောက်ပွဲ မကျင်းပဘူးဆိုရင်တော့ အခြေခံဥပဒေက ရှိတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခြေခံဥပဒေရှိခြင်း၊ မရှိခြင်းဆိုတာထက် အခု ရွေး‌ကောက်ပွဲ ကျင်းပရင်လည်း အခက်အခဲတော့ ကြုံမယ်၊ ရွေးကောက်ပွဲ မကျင်းပရင်လည်း အခက်အခဲတော့ ကြုံမှာပါ၊ ဒါက‌ တော့ အာဏာသိမ်းတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၂၃ ရွေးကောက်ပွဲကို နစက-က ၎င်းတို့၏ နိုင်ငံရေးထွက်ပေါက်ဟု မျှော်လင့်ထားကြောင်း၊ ထို့ကြောင့် အဆိုပါ ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီ သမ္မတ ဒူဝါလရှီးလ က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်က ပြောကြားခဲ့သည်။

တခြားတစ်ဖက်မှာတော့ နစက-က ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လူဦးရေစာရင်းများ စတင်ကောက်ခံနေပြီ ဖြစ်ကြောင်း သိရသည်။

ထို့နောက် လ. ဝ.က ရုံးများ မီးရှို့ဖျက်ဆီးခံရမှုများလည်း ရှိလာနေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မွန်တာရေးပတ်ခ်မြို့ ပစ်ခတ်မှုဖြစ်ပွားရာ နေရာကိုတွေ့ရစဉ် (AFP)

မွန်တီရေးပတ်ခ်မြို့တွင် ပစ်ခတ်မှုဖြစ်၊ ၁၀ ဦးသေ ၁၀ ဦးထက်မနည်း ဒဏ်ရာရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1230

CNI International News

မွန်တီရေးပတ်ခ်၊ ဇန်နဝါရီ ၂၃

ကယ်လီဖိုးနီးယားတောင်းပိုင်း အာရှလူမျိုး အများစု နေထိုင်ရာမြို့တွင် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ပစ်ခတ်မှုကို ကျူးလွန်ခဲ့သူသည် ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ပြောသည်။

ဒေသခံများ တရုတ်နှစ်ကူး အခမ်းအနား ကျင်းပရာ မွန်တီရေးပတ်ခ်မြို့ရှိ ကပွဲ ကျင်းပရာ နေရာသို့ သေနတ်သမားက ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ဆီမီအော်တို သေနတ် အမျိုးအစားကို အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု ကိုယ်တိုင် ကြုံတွေ့ ခဲ့သူများက ပြောသည်။

မွန်တာရေးပတ်ခ်မြို့ ပစ်ခတ်မှုဖြစ်ပွားရာ နေရာကိုတွေ့ရစဉ် (BBC)

ပစ်ခတ်မှုနှင့်ပတ်သက်၍ စနေနေ့ ည ၁၀ နာရီ ၂၀ မိနစ်တွင် အရေးပေါ် ခေါ်ဆိုမှု ရရှိခဲ့ကြောင်း၊ အခင်း ဖြစ်ရာသို့ ရောက်ရှိ သွားချိန်တွင် လူများပြန့်ကျဲနေသည်ကို မြင်တွေ့ခဲ့ရကြောင်း လော့စ်အိန်ဂျလိစ်ကောင်တီ ရဲတပ်ဖွဲ့မှ ကပ္ပတိန်အန်ဒရူးမီယားစ် (Andrew Meyers) က ပြောသည်။

မွန်တာရေးပတ်ခ် မီးသတ်အဖွဲ့က ထိခိုက်သူများကို အရေးပေါ် ကုသမှု လုပ်ဆောင်ပေးခဲ့ပြီး ၁၀ ဦး သေဆုံးခဲ့ သည်ဟု ထုတ်ပြန်ခဲ့ကြောင်း၊ နောက်ထပ် ၁၀ ဦးလည်း ဒဏ်ရာရရှိခဲ့ကာ စိုးရိမ်ရသူ တချို့ ပါဝင်ကြောင်းနှင့် ပစ်ခတ်မှု ကျူးလွန်သူသည် ထွက်ပြေး လွတ်မြောက်သွားခဲ့ကာ ၎င်းကိုရှာဖွေနေဆဲ ဖြစ်ကြောင်းလည်း မီးယားစ်က ပြောသည်။

ပစ်ခတ်မှုအတွက် အလိုရှိသူ၊ ၎င်းအသုံးပြုခဲ့သော လက်နက် စသည်တို့နှင့် ပတ်သက်သည်များကိုတော့ ရဲတပ်ဖွဲ့ က ထုတ်ပြန်ခြင်း မရှိသေးပေ။ ပစ်ခတ်မှု ဖြစ်ပွားရာမြို့သည် လော့စ်အိန်ဂျလိစ် မြို့လယ်ခေါင် အရှေ့ဘက် ၁၃ ကီလိုမီတာအကွာတွင် ရှိသည်။

မွန်တာရေးပတ်ခ်မြို့ ပစ်ခတ်မှုဖြစ်ပွားရာ နေရာကိုတွေ့ရစဉ် (GETTY IMAGES)

ဒေသခံ ၆၁၀၀၀ နီးပါး နေထိုင်ကြပြီး အများစုမှာ အာရှလူမျိုးများ သို့မဟုတ် အာရှ-အမေရိကန်များ ဖြစ်သည်။

ထိုဖြစ်ရပ်အပြင် အနီးအနားရှိ အယ်လ်ဟမ်ဘရာ (Alhambra) မြို့တွင်လည်း ပစ်ခတ်ရန် ကြံစည်မှုတစ်ခု ဖြစ်ပွား ခဲ့သည်ဟု မီးယားစ်က ပြောသည်။

အယ်လ်ဟမ်ဘရာမြို့ရှိ ခမ်းမနှင့် အကစတိုဒီယိုသို့ သေနတ်သမားတစ်ဦးက ဝင်ရောက် ပစ်ခတ်ရန် ကြိုးစားခဲ့ရာ ၎င်းကို တားဆီးနိုင်ခဲ့သောကြောင့် ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ဟု သတင်းများတွင် ဖော်ပြသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပစ်ခတ်ရန် ကြံစည်မှုနှစ်ခုတို့ကြား ဆက်စပ်မှု ရှိ/မရှိကို စုံစမ်းစစ်ဆေးသူများက ရှာဖွေနေကြ ဆဲ ဖြစ်သည်ဟုလည်း မီးယားစ်က ပြောသည်။

မွန်တာရေးပတ်ခ် ပစ်ခတ်မှုနှင့်ပတ်သက်၍ ဒေသခံ အာဏာပိုင်အဖွဲ့များကို အပြည့်အဝ အကူအညီပေးရန် သမ္မတ ဂျိုးဘိုင်ဒန်က FBI ကို အမိန့်ပေးထားသည်ဟု အိမ်ဖြူတော် သတင်းထောက် ပြန်ရေးဝန်ကြီး ကာရင်း ဂျင်း-ပီယာရီ (Karine Jean-Pierre) က တွစ်တာတွင် ရေးသားခဲ့သည်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဒီမီထရိမက်ဗီဒက်ဗ်ကိုတွေ့ရစဉ် (တာ့စ်)

အမေရိကန်ကို စိတ်ကုန်နေသည့် စစ်ဘက်ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ပေါ်လာနိုင်ဟု ရုရှားပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 943

CNI International News

မော်စကို၊ဇန်နဝါရီ ၂၃

အမေရိကန်ကို စိတ်ကုန်နေသည့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စစ်ဘက်ဆိုင်ရာညွန့်ပေါင်း အဖွဲ့ အသစ်တစ်ခု ပေါ်ပေါက်လာနိုင်ဖွယ် ရှိနေကြောင်း ရုရှားလုံခြုံရေးကောင်စီ၏ လက်ထောက်ဥက္ကဋ္ဌဖြစ်သူ ဒီမီထရိ မက်ဗီဒက်ဗ် (Dmitry Medvedev)က တနင်္ဂနွေနေ့တွင် တယ်လီဂရမ်၌ ရေးသားခဲ့သည်ဟု တာ့စ်သတင်းတွင် ဖော်ပြထားသည်။

အနောက်အုပ်စုသည် ရမ်စတိန်း (Ramstein) အစည်းအဝေးနှင့် ယူကရိန်းသို့ လက်နက်ကြီးများ ထောက်ပံ့နေခြင်း က ရန်သူများ အနေ ဖြင့် ရုရှားကို ပျက်စီးရန် သို့မဟုတ် ဖျက်ဆီးရန် အဆုံးမရှိ ကြိုးစားနေခြင်း ဖြစ်ကြောင်း၊ ၎င်း တို့တွင် ထိုသို့ လုပ်ဆောင်ရန် လက်နက် အလုံအလောက်ရှိကြောင်းနှင့် လိုအပ်ပါက ထပ်မံ တီထွင်နိုင်ကြောင်း ကောက်ချက် ၂ ခုချ၍ မက်ဗီဒက်ဗ်က ပြောကြားခဲ့သည်။

ပထမကောက်ချက်မှာ ယင်းသည် များစွာခက်ခဲလိမ့် မည်ဆိုခြင်း ဖြစ်သည်။ ဒုတိယတစ်ချက်မှာ ပဋိပက္ခ သက်တမ်း ကြာရှည်လာသည်နှင့်အမျှ အချိန်တစ်ခုတွင် စစ်ဘက်ဆိုင်ရာညွန့်ပေါင်း အဖွဲ့အသစ်တစ်ခု ပေါ်ပေါက် လာနိုင်ခြင်း ဖြစ်သည်။

အမေရိကန်နဲ့ယူကရိန်းပါတဲ့ Ramstein အစည်းအဝေးကျင်းပနေစဉ်(GETTY IMAGES)

ကာလရှည်စစ်ပွဲများကို ရည်ညွှန်း၍ ဒီမီထရိ မက်ဗီဒက်ဗ်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၎င်း၏ ပြောစကားအရ အမေရိကန်ကသာ ဥရောပကို စွန့်ချိန်၊ အချိန်မနှောင်းခင် သနားစရာကောင်းသော ယူကရိန်းပြည်သူများထံမှ စွန့်ခွာချိန်တွင် ကမ္ဘာကြီးသည် နောက်တစ်ကြိမ် ထပ်မံတည်ငြိမ် အေးချမ်းလာလိမ့် မည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် သောကြာနေ့တွင် နိုင်ငံပေါင်း ၅၀ မှ ကာကွယ်ရေးဝန်ကြီးများ ဂျာမနီနိုင်ငံရှိ ရမ်းစတိန်းလေတပ် စခန်း တွင် တွေ့ဆုံခဲ့ကြပြီး ယူကရိန်းသို့ နောက်ထပ် လက်နက်များ ထောက်ပံ့ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

ယင်းတွင် ယူကရိန်းသို့ Leoprad တင့်ကားများ ထောက်ပံ့ရေးအတွက် အားလုံးသဘောတူသည့် အဖြေ တစ်ခု မရရှိခဲ့ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ်တိုးရီးရပ်စ်( Boris Pistorius) က ပြောသည်။

သို့သော် နောင်တစ်ချိန်တွင် ထိုသို့သော သဘောတူညီချက်မျိုး ရရှိနိုင်သည် ဆိုခြင်းကိုတော့ ၎င်းဘက်က ငြင်းပယ် ခဲ့ခြင်း မရှိပေ။

Source: တာ့စ်

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘရာဇီးသမ္မတဟောင်း ဂျဲလ်ဘော်ဆိုနာရိုအား ထောက်ခံသူများကြောင့် ပျက်စီးသွားသော ဂရိနတ်ဘုရား Themis ရုပ်တု၏ ဦးခေါင်းနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

ဆူပူအုံကြွခဲ့ပြီးနောက် ဘရာဇီးစစ်တပ်ခေါင်းဆောင်ကို ရာထူးမှ ဖယ်ရှား

By CNI
CNI
Category: နိုင်ငံရေး
Hits: 854


CNI International News

ဘရာဇီးလီးယား၊ ဇန်နဝါရီ ၂၃

ဘရာဇီးသမ္မတ လူးဝစ္စအင်နာစီယို လူလာ ဒါဆေးလ်ဗား (Luiz Inacio Lula da Sliva) သည် စစ်တပ်အကြီး အကဲဖြစ်သူကို စနေနေ့တွင် ရာထူးမှထုတ်ပယ်လိုက်သည်ဟု AP သတင်းတွင် ဖော်ပြသည်။

ဇန်နဝါရီ ၈ ရက် လက်ယာစွန်း ဆန္ဒပြသူများ၏ ဆူပူအုံကြွမှုများတွင် စစ်တပ်အဖွဲ့ဝင်များ ပါဝင်နေသည်ဟု သမ္မတကိုယ်တိုင် ပြောဆိုခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ယခုကဲ့သို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး ဂျူလီယို စီဆာဒီ အာရူဒါ (Gen.Julio Cesar de Arruda) အား စစ်တပ်အကြီးအကဲအဖြစ်မှ ဖယ်ရှားလိုက်သည်ဟု ဘရာဇီးလက်နက်ကိုင်အဖွဲ့၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင် ရေးသားထားသည်။၎င်း၏ နေရာကို အရှေ့တောင်ပိုင်းစစ်ဌာနချုပ်အကြီးအကဲဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး သောမတ်စ်မီဂွယ် ရီဘိုင်ရို ပိုင်ဗာ (Tomas Miguel Ribeiro Paiva) ကို အစားထိုးသွားမည်ဖြစ်သည်။

သမ္မတ လူလာသည် ရာထူးမှထုတ်ပယ်သည့်သတင်းကို လူသိရှင်ကြားပြောဆိုခဲ့ခြင်းမရှိပေ။၎င်းသည် ထိုနေ့မှာပင် ကာကွယ်ရေးဝန်ကြီး၊ စစ်ဦးစီးချုပ်၊ စစ်တပ်ခေါင်းဆောင်သစ်တို့နှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုအပြီးတွင် ကာကွယ်ရေးဝန်ကြီးက ဇန်နဝါရီ ၈ ရက် အုံကြွမှုများသည် စစ်တပ်၏ ထိပ်တန်းအဆင့်များအကြားတွင် ယုံကြည် မှုနှင့်ပတ်သက်သည့် အက်ကြောင်းများဖြစ်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုအပ်ပြီ ဟု ဆုံးဖြတ်ခဲ့ကြောင်း သတင်းထောက်များကို ပြောခဲ့သည်။

ဆူပူအုံကြွမှုဖြစ်ပွားပြီးနောက် ဘရာဇီးတရားရုံးချုပ်အဆောက်အဦး အပြင်ဘက် မြင်ကွင်း(ဓါတ်ပုံ-အေပီ)

သမ္မတဟောင်း ဘော်ဆိုနာရိုအား ရာထူးတွင် ဆက်ရှိစေရန်အတွက် ၎င်းကိုထောက်ခံသူများက အစိုးရ အဆောက် အဦးများနှင့် ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခဲ့မှုနဲ့ပတ်သက်လို့ ဘရာဇီးစစ်တပ်ကို သမ္မတလူလာက ပြီးခဲ့သည့် သီတင်းပတ်များက ဝေဖန်ခဲ့သည်။

အဆိုပါအုံကြွမှုက ဘရာဇီးနိုင်ငံ၏ လက်ဝဲနှင့်လက်ယာယိမ်းများအကြား ကွဲလွဲမှုများ ပေါ်ပေါက်နေသည်ကို လည်း မီးမောင်းထိုးပြခဲ့သည်။ထိုသို့ ဆူပူအုံကြွမှုပေါ်ပေါက်စေရန် စစ်တပ်တွင်းမှ လူများပါနေသည်ဟု လူလာက အကြိမ်ပေါင်းများစွာ လူသိရှင်ကြားဖော်ထုတ်ပြောဆိုခဲ့သော်လည်း အာရူဒါ၏ အမည်ကိုတော့ ထည့်သွင်းခဲ့ခြင်း မရှိပေ။ စစ်တပ်၊ရဲနှင့်လက်နက်ကိုင်အဖွဲ့များက ဆန္ဒပြသူများကို အဆောက်အဦများထံ ဝင်ရောက်လာနိုင်စေရန် ပါဝင်ကူညီခဲ့သည်ဟု ယခုသီတင်းပတ်အစောပိုင်း သတင်းထောက်များနှင့် တွေ့ဆုံရာတွင် လူလာက ပြောခဲ့ရုံ သာမက ထိုကဲ့သို့ အာဏာသိမ်းရန်ကြံစည်မှုတွင် ပါဝင်သည့်စစ်တပ်မှ မည်သူမဆို၊ မည်သည့်ရာထူးကိုမဆို အရေးယူသွားမည်ဟုလည်း အင်တာဗျူးတစ်ခုတွင်ဖြေကြားခဲ့သည်။

ဇန်နဝါရီ ၈ ရက်ဆူပူအုံကြွမှုတွင် သမ္မတဟောင်းကို ထောက်ခံသောဆန္ဒပြသူများက မြို့တော်ဘရာဇီးလီးယားရှိ ဘရာဇီးလွှတ်တော်၊ သမ္မတနန်းတော်နှင့် ဗဟိုတရားရုံးချုပ်တို့ကို ဝင်ရောက်စီးနင်းခဲ့သည်။ ယင်းနောက်တွင် ၎င်းတို့သည် နိုင်ငံရေးကိစ္စတွင် စစ်တပ်မှပါဝင်ရန်၊ လူလာအား ဘော်ဆိုနာရို ရှုံးနိမ့်ခဲ့သည့် သမ္မတရွေးကောက်ပွဲ ရလာဒ်ကိုပြောင်းလဲရန် ကြိုးပမ်းခဲ့ကြသည်။

Source:AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပူတင်နဲ့ ဆူရိုဗီကင်ကိုတွေ့ရစဉ်

စစ်ပွဲတွင် အလုပ်မဖြစ်သော ပူတင်ဝါဒ

By CNI
CNI
Category: ဆောင်းပါး
Hits: 2974

CNI International Article

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၂

ယူကရိန်းတွင် တိုက်ခိုက်နေသော ရုရှားစစ်သားများကို စစ်ဦးစီးချုပ် ဗယ်လ်လာရီ ဂီရာဆီမော့ဗ်က ကွပ်ကဲတော့မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဌာနက ဇန်နဝါရီ ၁၁ ရက်တွင် ကြေညာခဲ့သည်။

ဗိုလ်ချုပ်ကြီး ဆာဂျီဆူရိုဗီကင်၏ နေရာတွင် အစားထိုးလိုက်ခြင်းဖြစ်ကာ ဆူရိုဗီကင်သည် ဂီရာဆီမော့ဗ်၏ လက်ထောက်အဖြစ် ပြောင်းလဲ တာဝန်ယူရမည် ဖြစ်သည်။ ထိုအပြောင်းအလဲကြောင့် စစ်မြေပြင်တွင် တိုးတက်မှု မရှိခြင်းက ရုရှားအစိုးရအတွင်း အမျက်ဒေါသ ထွက်မှုများ ရှိနေပြီဆိုသည့် ခန့်မှန်းချက်များလည်း ပေါ်ထွက်လာသည်။

ဆူရိုဗီကင်သည် အတော်ဆုံး ရုရှားတပ်မှူးများမှ တစ်ဦးအဖြစ် ရုရှားနှင့်ယူကရိန်း စစ်သားများ၏ အသိအမှတ်ပြု ခြင်းကို ခံထားရသူ ဖြစ်သည်။ ဆူရိုဗီကင်သည် ပိတ်ဆို့ထားသော ခါဆန်မြို့ကို ဝိုင်းထားခြင်းသည် ရှုံးနိမ့်မှု တစ်ခု ဟု ယူဆကာ ယင်းကိုစွန့်လွှတ်ရန် ပူတင်ကို စည်းရုံးသိမ်းသွင်း နိုင်ခဲ့သည်။

ပူတင်က ထိုမြို့ကို ရုရှားထိန်းချုပ်မှု အောက်တွင်သာ ရှိချင်သော အခြေအနေတွင် ဖြစ်သည်။ ဖိအားများအောက် တွင် တပ်များ ပြန်ဆုတ်ရန်ကိစ္စမှာ ခက်ခဲသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သော်လည်း ဆူရိုဗီကင်က ယင်းကို အထိအခိုက် သေဆုံးမှု အနည်းဆုံး ဖြစ်အောင် စီမံနိုင်ခဲ့သည်။

ထို့အပြင် နောက်ထပ် အရေးပါသော မြို့ဖြစ်သည့် ဘတ်မုမြို့တွင်လည်း ဆူရိုဗီကင်က တပ်အင်အား တောင့်တင်း ခိုင်မာစေရေးကို အာရုံစိုက် ဆောင်ရွက်ခဲ့သည်။

ယူကရိန်းနိုင်ငံအတွင်းက အဆောက်အအုံ လက်နက်ကြီးမှန်ပျက်စီးမှုနဲ့ စစ်သားတစ်ဦးကိုတွေ့ရစဉ်

၎င်းက တောင်ဘက်ပိုင်းတွင် ဆူရိုဗီကင်လိုင်းဟု ခေါ်သော ကာကွယ်ရေးကို စတင်ခဲ့ပြီး ယခုနှစ် ထိုးစစ် မတိုင်ခင် ရောက်ရှိလာမည့် ရွှေ့ပြောင်းအရန် တပ်ဖွဲ့ဝင်များအတွက်လည်း မြေပြင်တွင် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။

ထို့နောက် ဆူရိုဗီကင်သည် ယူကရိန်း၏ စွမ်းအင်၊ ရေနှင့်ပတ်သက်သော အခြေခံ အဆောက်အဦများ အပေါ် ဗုံးကြဲ တိုက်ခိုက်မှုများလည်း ဦးစီးဆောင်ရွက်ခဲ့သည်။ ယူကရိန်းပြည်သူများ စိတ်ဓာတ် ပျက်ပြားစေရန်၊ အရင်းအမြစ် များကို အသုံးပြု၍ မရစေရန်နှင့် ဥရောပတွင် ဒုက္ခသည်များ ပို၍ များပြားလာစေရန် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းသည် ထူးချွန်သူဟု သတ်မှတ်နိုင်သည်။ သို့သော် ပူတင်အတွက် လုံလောက်မှု မရှိပေ။ ဆူရိုဗီကင် ၏ လုပ်ဆောင်ချက်များက စစ်မြေပြင်တွင် အောင်ပွဲကို ရယူပေးနိုင်ခြင်း မရှိခဲ့သည့်အပြင် ယူကရိန်းသားများ၏ ခုခံလိုစိတ်ကိုလည်း မဖျက်ဆီးနိုင်ခဲ့ပေ။

နှစ်သစ်ကူးနေ့ ရုရှားစစ်စခန်း တစ်ခု ဒုံးကျည် ထိမှန်ခဲ့ခြင်းကလည်း ဆူရိုဗီကင် ကျဆုံးမှုအတွက် လောင်စာ ဖြစ်ခဲ့ သည်။ ယင်းတွင် ရုရှားစစ်သည်များစွာ သေဆုံးခဲ့ရသည်။

ထိုကိစ္စသည် ဆိုရိုဗီကင်မှာ တိုက်ရိုက် တာဝန်ရှိသည်ဟု သတ်မှတ်ရန် ခက်ခဲသော်လည်း ထိုအခြေအနေက ယူကရိန်းဘက်မှ ပစ်ခတ်မှုများကို ကြိုတင် မခန့်မှန်းနိုင်ခဲ့သည့် ရုရှားအရာရှိများ၏ ညံ့ဖျင်းမှု ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ ပူတင်သည် အပြစ်ပုံချရမည့်သူတစ်ဦး အလိုရှိခဲ့ပြီး ဆူရိုဗီကင်က တရားခံဖြစ်ခဲ့သည်။ ထိုအခြေအနေအားလုံးက ရုရှားသည် စစ်ပွဲကို နိုင်ငံရေးကဲ့သို့ ဆောင်ရွက်နေကြောင်း ဖော်ပြနေသည်။

ပူတင်၏ နိုင်ငံရေးစနစ် တစ်ခုလုံးသည် နိုင်လိုစိတ်ပြင်းပြကာ အချင်းချင်း ချနင်းသည့်ပုံစံမျိုး ဖြစ်သည်။

ဆူရိုဗီကင်နဲ့ ဒုံးကျည်ပစ်ခတ်မှုကိုတွေ့ရစဉ်

တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ ပဋိပက္ခဖြစ်ရန် တွန်းအားပေးထားသည်။ ထိုမှသာလျှင် ပူတင်အနေ ဖြင့် ကြီးမြတ်သော ဆုံးဖြတ်နိုင်သူဆိုသည့် အခန်းကဏ္ဍတွင် ရှိနေမည်ဖြစ်သည်။

အားလုံးသည် ပူတင်၏ ပစားပေးမှုကို ရရှိရန် ကြိုးပမ်းရပြီး ၎င်း၏ အာဏာတည်မြဲရေးအတွက် မည်သူ့ကို နေရာ ပေးရမည်၊ မည်သူ့ကို အပြစ်ပေးရမည် ဆိုသည်ကိုလည်း ပူတင်က ရွေးချယ်မည်ဖြစ်သည်။

ယင်းက နိုင်ငံရေးတွင် အလုပ်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း စစ်ပွဲတွင် ကွဲပြားသော အဓိပ္ပါယ်ကို သက်ရောက် စေခဲ့သည်။ ဆူရိုဗီကင်သည် ပူးပေါင်းတပ်ဖွဲ့၏ တပ်မှူးဆိုသည့် ဂုဏ်ပုဒ်ကို ရရှိခဲ့သော်လည်း ၎င်းလက်အောက် တွင် ကွဲပြားနေသော တပ်ဖွဲ့များကို စုစည်းကာ ညီညွတ်သော တပ်ဖွဲ့တစ်ခု ဖွဲ့စည်းရန်အတွက် လိုအပ်သော နိုင်ငံရေး နောက်ခံ အင်အားကို ပူတင်က ၎င်းအပေါ် ပေးခဲ့ခြင်း မရှိပေ။

ဆူရိုဗီကင်သည် ချေချင်းညာတပ်ဖွဲ့များ၊ Wegner မှ ကြေးစားစစ်သည်များအပေါ် ထိန်းချုပ်ခွင့် မရခဲ့ခြင်းဖြစ် သည်။

ထိုအခြေအနေက ဆူရိုဗီကင်အတွက် စစ်ပွဲအတွင်း အောင်မြင်မှု ရရှိနိုင်ရန် အခွင့်အလမ်းကို နည်းပါးစေခဲ့သည်။

ပူတင်ဝါဒ၏ ဒုတိယ လက္ခဏာ သွင်ပြင်မှာ ပြဿနာတစ်ခုကို အောင်မြင်မှုအဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် သူရဲကောင်း ခေါင်းဆောင်များအပေါ် များစွာအာရုံစိုက်ခြင်းကြောင့် ဆူရိုဗီကင် အနေဖြင့် အထက်ပါ အခြေအနေ များတွင် ၎င်း၏ရာထူးကို ပေးဆပ်လိုက်ရခြင်း ဖြစ်သည်။

အနီးအနားရှိ ခရိုနီများနှင့် ပြောသမျှ ခေါင်းညိတ်လက်ခံသူများ၏ အားပေးအားမြှောက် လုပ်ဆောင်ခြင်းကြောင့် ပူတင် အနေဖြင့် ၎င်းသည် ပြုပြင်ပြောင်းလဲ နိုင်စွမ်းရှိသူ ခေါင်းဆောင်တစ်ဦး အနေဖြင့် ကိုယ့်ကိုယ်ကို အထင် ရောက် နေဖွယ် ရှိသည်။

ယင်းက အောင်မြင်မှုရှိလျှင် ငါတော်သောကြောင့်၊ ကျရှုံးလျင် တခြားသူများ အသုံးမကျသောကြောင့် ဆိုသော မေးခွန်းထုတ်ဖွယ် အခြေအနေတစ်ရပ်ကိုလည်း ဖြစ်စေသည်။

ယူကရိန်းစစ်သားများက ရုရှားကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်

ပူတင်၏ မျှော်မှန်းချက်များသည် ဖိအားများလာလေ၊ ပို၍လက်တွေ့ မဆန်လာလေ ဖြစ်သည်။

၎င်းအပေါ်သစ္စာရှိသော စက်မှုဝန်ကြီး ဒန်းနစ်မန်တူရော့ဗ်၏ ဖြစ်ရပ်သည် အကောင်းဆုံး ဥပမာပင် ဖြစ်သည်။

ပြည်တွင်းရှိ လေယာဉ်ထုတ်လုပ်မှုများ ကြန့်ကြာမှုအတွက် မန်တူရော့ဗ်သည် လူသိရှင်ကြား ဝေဖန်ပြစ်တင် ခံခဲ့ရသည်။

ပိတ်ဆို့ အရေးယူမှုများကြောင့် စက်ပစ္စည်း အစိတ်အပိုင်းများကို ဝယ်ယူရန် အခက်အခဲရှိကြောင်း ၎င်းက ရှင်းပြခဲ့ သော်လည်း ပူတင်က လက်မခံဘဲ ၎င်းကို ထုတ်ပယ်ခဲ့သည်။

ရေဗူးပေါက်တာ မလိုချင်၊ ရေပါတာသာ လိုချင်သည်ဆိုသည့် သဘောပင်။ စစ်ပွဲနှင့်ပတ်သက်၍ ကြီးမားသော အတွေ့အကြုံပိုင်း အားနည်းကာ ရှုပ်ထွေးသော ခေတ်သစ် အခြေအနေများနှင့် ဝေးကွာနေသော ပူတင်သည် ဆူရိုဗီကင်နှင့်ပတ်သက်၍ လက်တွေ့မကျသော မျှော်လင့်ချက်များ ထားရှိခဲ့ပုံရသည်။

စိန်ခေါ်မှုများ၏ အတိမ်အနက်ကို သဘောပေါက်ခြင်း မရှိဘဲ တာဝန်ရှိသူကို အပြစ်တင်ခြင်း ဖြစ်သည်။ ဆူရိုဗီကင် သည် တိုက်ပွဲတွင် ဆက်ရှိနေပြီး ပူးတွဲအဖွဲ့၏ တပ်မှူးအသစ် ဗိုလ်ချုပ်ကြီး ဂီရာဆီမော့ဗ်၏ လက်အောက်ရှိ တပ်မှူး သုံးဦးအနက်မှ တစ်ဦးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

ယင်းက ဆူရိုဗီကင်အတွက် ရာထူးချခံရခြင်းမျိုး မဟုတ်ဘဲ ပိုများသော တာဝန်များအတွက် ပို၍ရာထူးကြီးသော တပ်မှူးကို တာဝန်ပေးခြင်းဟု ရုရှားဘက်က သတ်မှတ်သော်လည်း လက်ရှိ အခြေအနေက ဆူရိုဗီကင်အတွက် သာမက ဂီရာဆီမော့ဗ် အတွက်လည်း ရာထူးချခံရခြင်းနှင့် ပတ်သက်သော သက်ရောက်မှုများပင် ဖြစ်သည်။

တိုင်းပြည်၏ စစ်ဦးစီးချုပ်ကို စစ်မြေပြင်တွင် တာဝန်ပေးခြင်းမျိုးသည် အင်မတန် ရှားပါးသော ဖြစ်စဉ်ဖြစ်ရုံမက ၎င်းကို ခက်ခဲသော နေရာသို့ ပြောင်းရွှေ့ခြင်းလည်း ဖြစ်သည်။

ဆူရိုဗီကင်နဲ့ ရုရှားစစ်ဘက်ဆိုင်ရာ အရာရှိကြီးများကို တွေ့ရစဉ်

ရုရှားသည် နောက်ကွယ်တွင် ပြင်ဆင်ထားသော အရံတပ်ဖွဲ့ဝင် ၁၅၀၀၀၀ ကို အသုံးပြုကာ ယခုနှစ် အစောပိုင်း၌ ထိုးစစ်ဆင်မှု အသစ်တစ်ရပ် ပြုလုပ်ရန် ပြင်ဆင်နေသည်ကို ယခင်ကတည်းက သိရှိခဲ့ရပြီး ဖြစ်သည်။

တပ်ဖွဲ့ဝင် အင်အားသည် တောင့်တင်းသည်မှာ မှန်သော်လည်း ယူကရိန်း ဘက်တွင်လည်း တပ်ကို ပြန်လည် ဖွဲ့စည်းမှု၊ အနောက်အုပ်စုမှ ထောက်ပံ့သော လက်နက်များ တပ်ဆင်မှုများကြောင့် ရုရှားအနေဖြင့် အလွယ်တကူ အောင်မြင်မှု ရရှိမည်တော့ မဟုတ်ပေ။

ရာထူးတည်မြဲမှုသည် ပူတင်၏ မြင့်မားသော မျှော်လင့်ချက်များ ပြည့်မှီအောင် ဖြည့်ဆည်းပေးနိုင်ခြင်း ရှိမရှိနှင့် ပတ်သက်နေသည့်အတွက် ဂီရာဆီမော့ဗ်သည်လည် ၎င်း၏ စစ်ရေး လုပ်ဆောင်ချက်များကို မြှင့်တင်ဆောင်ရွက် လာမည်မှာ သေချာသည်။

ရုရှားအနေဖြင့် နျူကလီးယား လက်နက်များပါ အသုံးပြုနိုင်ကြောင်း စိုးရမ်မှုများ ရှိနေသော်လည်း ထိုသို့သော အခြေအနေမျိုးမှာ ဖြစ်လာနိုင်ခြေ နည်းပါးသည်။ စစ်ပွဲတွင် ပါဝင်လာရန် ဘီလာရုစ်သမ္မတကို စည်းရုံးခြင်းနှင့် ရုရှားတပ်များကို တိုးချဲ့ခြင်း စသည်တို့တော့ ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု ယူဆရသည်။

ယင်းက ဂီရာဆီမော့ဗ်၏ ရာထူးအတွက် အရေးပါသော နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များလည်း ဖြစ်သည်။ ဘီလာရုစ်သမ္မတ လူကာရှန်ကိုက စစ်ပွဲတွင် တိုက်ရိုက် ပါဝင်ပတ်သက်လိုခြင်း မရှိကြောင်း ပြသထားသည်။

စစ်မြေပြင်သို့ အသစ်ရောက်ရှိလာသော အရန်တပ်ဖွဲ့များနှင့် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် စစ်ထဲရောက်ရှိ လာသူများသည် လက်ရှိအချိန်အထိ တိုက်ခိုက်ရေး အတွေ့အကြုံ မရှိကြသေးရုံမက ယင်းသည် ပြည်တွင်း၌ လူကြိုက်များသော ကိစ္စလည်း မဟုတ်ပေ။

ပူတင်သည် ရုရှားလူ့အဖွဲ့အစည်းနှင့် စီးပွားရေးကို စစ်ပုံသွင်း အုပ်ချုပ်နေသော်လည်း နောက်ဆုံး အခြေအနေသို့ ရောက်ရှိနေသည့် အစိုးရအဖွဲ့တစ်ခု၏ အန္တာရယ်ကိုလည်း ရှင်းရှင်းလင်းလင်း သတိပြုမိသည်။ ဆူရိုဗီကင်အား နောက်ပို့လိုက်ခြင်းသည်လည်း ထိုသို့သော အခြေအနေများအတွက် ၎င်းကို ထိုးကြွေးကာ အသုံးချလိုက်ခြင်း ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာစေရေး ဂီရာဆီဗော့ဗ်ကို စစ်မြေပြင်တွင်ကွပ်ကွဲရန် တာဝန် ပေးခဲ့သော်လည်း ချေချင်းညာနှင့် ကြေးစား တပ်ဖွဲ့များအပေါ် ပူတင်၏ သဘောထား ပြောင်းလဲမှု မပြုလုပ်လျှင် စစ်မြေပြင်တွင်လည်း မည်သည့် ပြောင်းလဲမှုမှ ပေါ်ပေါက်လာမည် မဟုတ်ပေ။

ကြေးစားတပ်ဖွဲ့ကို ထိန်းချုပ်ထားသော စီးပွားရေးသမား ပရီဂေါ့ဟင်က ဂီရာဆီဗော့အား အထင်မကြီးကြောင်း ပြောခဲ့သော်လည်း ရုရှားအစိုးရဘက်က ယင်းအပေါ် တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခဲ့ခြင်း မရှိပေ။

ဂီရာဆီမော့ဗ်သည် ရာထူးကြီးသူ ဖြစ်သော်လည်း ပူတင်ကသာ နိုင်ငံရေးအရ စွန့်စားမှုနှင့် လိုအပ်သော ထောက်ပံ့ မှု မလုပ်လျှင် ၎င်းသည်လည်း စစ်မြေပြင်မှာ အောင်မြင်မှုများနှင့် ဝေးကွာနေဦးမည် ဖြစ်သည်။

ထို့ကြောင့် ယခုတစ်ခေါက် ဂီရာဆီဗော့ဗ် မအောင်မြင်ခဲ့လျှင် ထိုကိစ္စ နှင့်ပတ်သက်၍ အပြစ်တင်ရမည့်သူမှာ ပူတင် သာပင်ဖြစ်သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်း ဘက်ခ်မွတ်မြို့အနီးမှ ကျေးရွာတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီဟု ရုရှားကြေညာ

By CNI
CNI
Category: Watch TV
Hits: 572

Share
Tweet
Share
Share
powered by social2s

အာဆီယံနှင့်အရှေ့အာရှညီလာခံများကို စက်တင်ဘာလတွင် ကျင်းပမည်

By CNI
CNI
Category: Watch TV
Hits: 559

Share
Tweet
Share
Share
powered by social2s

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် အဖြေရှာသည့် ရွေးကောက်ပွဲ မဖြစ်သင့်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 548

Share
Tweet
Share
Share
powered by social2s
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23

Page 19 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar