- By CNI
- Category: နိုင်ငံရေး
- Hits: 941
CNI International News
မော်စကို၊ ဖေဖော်ဝါရီ ၁၄
ရုရှားနှင့်ပဋိပက္ခအတွင်း ပါဝင်နေရသော ယူကရိန်းလူမျိုးများသည် အမေရိကန်တို့ မလုပ်လိုသော ညစ်ပတ်သည့် အလုပ်များကို လုပ်ဆောင်နေရသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း မတ်ခ်အက်စ်ပါ (Mark Esper) က ပြောကြောင်း တာ့စ်သတင်းတွင် ဖော်ပြထားသည်။
ရုရှားလူပြက်နှစ်ဦးဖြစ်သူ ဗလာဒီမာ ကတ်ဇ်နတ်ဆော့ဗ် (Vladimir Kuznetsov) ၊ အလက်ဇီ စတိုယာရော့ဗ် (Alexey Stolyarov) နှင့် တွေ့ဆုံစဉ် ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။
လူပြက်နှစ်ဦးသည် ယူကရိန်းသမ္မတဟောင်း ပီတာပိုရိုရှန်ကို (Petr Poroshenko) ကိုယ်စား အက်စ်ပါကို ခေါ်ယူ ခဲ့ခြင်းဖြစ်ကာ ယူကရိန်းပဋိပက္ခအတွင်း အမေရိကန်၏ ပါဝင်နှင့်ပတ်သက်၍ ၎င်း၏ သဘောထားအမြင်ကို မေးမြန်းခဲ့သည်။
ဘိုင်ဒန်နဲ့ဇာလန်းစကီးကိုတွေ့ရစဉ်(GETTY IMAGES)
အက်စ်ပါက အမေရိကန်တို့ မလုပ်ချင်သည့် ညစ်ပတ်သော အလုပ်များကို ယူကရိန်လူမျိုးများ လုပ်ဆောင်နေရ ကြောင်း၊ ထို့ကြောင့် ယူကရိန်းကို ခဲယမ်းနှင့်လက်နက် သို့မဟုတ် နည်းပညာစသော ၎င်းတို့ လိုချင်သည် များကို ဆက်လက် ထောက်ပံ့ပေးသင့်ကြောင်း ဖြေကြားခဲ့သည်။
အာဖရိက အပါအဝင် ရုရှား၏ လွှမ်းမိုးမှု ကျယ်ပြန့်လာခြင်းသည် အမေရိကန်အတွက် ပြဿနာ ဖြစ်စေသည် ဟုလည်း ၎င်းက ပြောသည်။
ယူကရိန်းသို့ လက်နက်များ ထောက်ပံ့နေရခြင်းကြောင့် အမေရိကန်၏ နည်းပညာများ တခြားသူများလက်တွင်း သို့ ရောက်ရှိသွားမည်ကို စိုးရိမ်မိသည်ဟုလည်း ပင်တဂွန် အကြီးအကဲဟောင်းက ပြောသည်။
အမေရိကန်၏ စစ်ဘက်ဆိုင်ရာ နည်းပညာများ ရန်ဘက် နိုင်ငံများထံသို့ မရောက်ရှိရေး သေချာအောင် ဆောင်ရွက်ရမည်ဟု အက်စ်ပါက အခိုင်အမာ ပြောကြားခဲ့သည်။
Source: တာ့စ်
- By CNI
- Category: Watch TV
- Hits: 699
- By CNI
- Category: နိုင်ငံရေး
- Hits: 2010
CNI Nwes
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
မြန်မာနိုင်ငံတစ်ဝှမ်း မြို့နယ်ပေါင်း ၁၅၈ မြို့နယ်မှာ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားနိုင်ပြီး ၇၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်သည့် မြို့ပေါင်းမှာလည်း ၇၃ မြို့အထိ ရှိနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကျင်းပသည့် NUG နှင့် တစ်ကမ္ဘာလုံးရှိ ပြည်သူလူထု၊ အွန်လိုင်းတွေ့ဆုံ မေးမြန်းပွဲတွင် NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာနဝန်ကြီး ဦးလွင်ကိုလတ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးလွင်ကိုလတ်က “တိုင်းဒေသကြီးတွေ အားလုံးမှာတော့ လတ်တလော အခြေအနေမှာ ကျနော်တို့ ၁၅၈ မြို့နယ် မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ အဲဒီတော့ ဒီ ၁၅၈ မြို့နယ်က အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းတဲ့အခါမှာလည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းဒေသတွေမှာ မြို့တွေကို ကျနော်တို့က ၇၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်တဲ့မြို့ စုစုပေါင်းဆိုလို့ရှိရင် ကျနော်တို့ ၇၃ မြို့လောက် ရှိပါပြီ” ဟု ပြောသည်။
ထို့အတူ ကျန်ရှိသည့် မြို့နယ်များတွင်လည်း အုပ်ချုပ်အဖွဲ့များ၏ နယ်မြေတိုးချဲ့မှုမှာ အရှိန်အဟုန် ရလာပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။

တပ်မတော်နဲ့ လက်နက်ကိုင်၊ PDF များလှုပ်ရှားနေတဲ့ နယ်မြေတပ် အညွန်းပြမြေပုံကိုတွေ့ရစဉ်(ISP)
စစ်ရေးကဏ္ဍက နယ်မြေများ တိုးချဲ့ရရှိလာသည်နှင့်အမျှ အုပ်ချုပ်မှုကဏ္ဍက အဆင်သင့် အုပ်ချုပ်မှုကို တည်ဆောက်နိုင်ရန် သက်ဆိုင်ရာ ဒေသခံများကို တတ်နိုင်သလောက် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက် နေကြောင်း ဦးလွင်ကိုလတ်က ပြောသည်။
NUG က ထိန်းချုပ်ထားသည့် မြို့နယ်များမှာ မည်ကဲ့သို့ ထိန်းချုပ်ထားသလဲဆိုတာ မေးခွန်းထုတ်စရာ ရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါတော့ မရှိပါဘူး။ ထိန်းချုပ်တယ်ဆိုတဲ့အဆင့် ဘာကိုလဲလို့ ကျနော်တို့က မေးရတော့မယ်၊ တောထဲ ကနေပြီး ထိန်းချုပ်တယ်ဆိုတာကတော့ ဒါကတော့ အစကတည်းက KNU ကလည်း သူ့ဟာသူ ထိန်းချုပ်ထားတာ ပဲလေ၊ KIA လည်း သူ့ဟာသူ ထိန်းချုပ်ထားတာရှိပါတယ်၊ ရှမ်းပြည်နယ်ထဲလည်း ကျန်တဲ့ RCSS တို့၊ SSPP တို့ ထိန်းချုပ်ထားတာတွေ ရှိတယ်လေ၊ ထိန်းချုပ်တယ်ဆိုတာက အဓိက ကျနော်တို့က ဒီနယ်တစ်နယ်လုံးရဲ့ အုပ်ချုပ် ရေး၊ လူမှုရေး၊ စီးပွားရေးအစ အားလုံးကို သူတို့ ထိန်းသိမ်းကွပ်ကဲပြီးတော့ လှမ်းနေတယ်ဆိုတဲ့ ဥစ္စာလေး၊ သဘော မျိုးတာ ပြောလို့ရတာပေါ့။ အခုကတော့ ဘာမှ ပြောလို့မရသေးဘူး။ တောထဲမှာ နေပြီးတော့ အကြောက်တရားနဲ့ ဟိုဖြစ်ပြီးတော့ ပြောလို့ရတာပေါ့၊ အဲဒါတွေကတော့ ကျနော်တို့လည်း တွေ့ပါဘူး တစ်ခါမှ” ဟု ပြောသည်။

NUG ဝန်ကြီး သုံးဦးကိုတွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာ့တပ်တော်က အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင် နွေဦးတော်လှန်ရေးကို ဒီမိုကရေစီအင်အားစုများမှ ဆင်နွှဲလျက်ရှိသည်။
လက်ရှိတွင်လည်း မြန်မာ့တပ်တော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား ကရင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
- By CNI
- Category: Watch TV
- Hits: 805
- By CNI
- Category: Watch TV
- Hits: 710
- By CNI
- Category: Watch TV
- Hits: 670
- By CNI
- Category: Watch TV
- Hits: 710
- By CNI
- Category: Watch TV
- Hits: 690
- By CNI
- Category: ရုရှား-ယူကရိန်းအရေး
- Hits: 5097
CNI International News
ကိယက်ဗ်၊ ဖေဖော်ဝါရီ ၁၁
ရုရှားတပ်များသည် သောကြောနေ့ အစောပိုင်းတွင် ဗုံးကြဲလေယာဉ်များ၊ ခရုစ်ဒုံးကျည်များနှင့် ဖောက်ခွဲရေး ဒရုန်းများအသုံးပြုကာ ယူကရိန်းနိုင်ငံတလွှား တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု AP သတင်းတွင် ဖော်ပြသည်။
ရုရှားတပ်များသည် ကြာသပတေးနေ့ နှောင်းပိုင်းမှစတင်ကာ ခရုစ်ဒုံးကျည် ၇၁ လုံး၊ S-300 ဒုံးကျည် ၃၅ လုံးနှင့် Shahed ဒရုန်း ခုနစ်စင်းတို့ ပစ်လွှတ်ခဲ့သည်ဟု ယူကရိန်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗဲလ်လာရီ ဇာလူဇီညီ (Valerii Zaluzhnyi ) က ပြောသည်။
ယူကရိန်းတပ်များက ခရုစ်ဒုံးကျည် ၆၁ လုံးနှင့် ဒရုန်းငါးစင်းကို ပစ်ချနိုင်သည်လည်း သိရသည်။ ရုရှား၏ တိုက်ခိုက် မှုများသည်မဖြစ်မနေ ရပ်တန့်ရမည့် အကြမ်းဖက်မှုဖြစ်သည်ဟု ယူကရိန်းသမ္မတ ဇာလန်းစကီး က ပြောသည်။ သမ္မတသည် ရုရှား၏ ကျူးကျော်မှုကို ကာကွယ်ရန် အနောက်အုပ်စုထံမှ ထောက်ပံ့မှုများ ပိုမိုရရှိရေးအတွက် စည်းရုံးမှုများ လုပ်ဆောင်လျက်ရှိသည်။ မြေပြင်အခြေအနေများတွင် ရုရှားတပ်များသည် ယူကရိန်းအရှေ့ပိုင်း စက်မှုဒေသဖြစ်သော ဒွန်ဘတ်စ် (Donbas) ဒေသကို ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု ယူကရိန်းစစ်ဘက်က ပြောသည်။ ထိုဒေသတွင် လူဟန့်ခ် (Luhansk) နှင့် ဒွန်နက်စ် (Donetsk) ပြည်နယ်များပါဝင်သည်။ ယင်းတွင် ရုရှားကိုလိုလားသော ခွဲထွက်ရေးသမားများသည် ၂၀၁၄ ခုနှစ်မှ စတင်ကာ ယူကရိန်းအစိုးရကို တိုက်ခိုက်လျက် ရှိသည်။

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့လယ်ခေါင်မြင်ကွင်း(ဓါတ်ပုံ-အေပီ)
ရုရှားတပ်များသည် ဒွန်နက်ခ်၊ ခါဆွန် (Kherson)၊ လူဟန့်ခ်နှင့် ဇာပိုရေးဇီးယား (Zaporizhzhia) ဒေသများ အပါအဝင် စက်တင်ဘာလနှောင်းပိုင်းက ၎င်းတို့ တရားမဝင် သိမ်းပိုက်ထားသော ဧရိယာများအား အပိုင်ထိန်းချုပ် နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ အဆိုပါဒေသများသည် ရုရှားအုပ်ချုပ်မှုကိုကြိုဆိုနေကြသည်ဟုလည်း ရုရှားအရာရှိ များက ပြောသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ကျူးကျော်မှုလုပ်ဆောင်ချိန်တွင် ရည်မှန်းချက်များစွာရှိခဲ့သော်လည်း လက်ရှိ အချိန်တွင် ရုရှား၏ရည်မှန်းချက်များမှာ လျော့နည်းလာသည်ဟု စစ်ဘက်ဆိုင်ရာပညာရှင်များက ပြောသည်။ ကျူးကျော်မှုပြုလုပ်ချိန်တွင် မြို့တော်ကိယက်ဗ်ကို သိမ်းယူရန်၊ ၎င်းတို့ကြိုးဆွဲရာကမည့် အစိုးရတစ်ရပ်ကို တင်မြှောက်ရန် ရည်ရွယ်ခဲ့သော်ငြားလည်း သိမ်းပိုက်ထားသောဧရိယာများကို ပြန်လည်လက်လွှတ်လိုက်ရမှုနှင့် အတူ စစ်မြေပြင်တွင် ရှုံးနိမ့်မှုများက ရုရှားသမ္မတ ပူတင်ကို အရှက်ရစေခဲ့သည်။
ရုရှားအစိုးရသည်လက်ရှိတွင် ဒွန်ဘတ်စ်ကို အပြည့်အဝထိန်းချုပ်နိုင်ရေးကြိုးပမ်းမှုများကို အားထည့် ဆောင်ရွက် နေပြီး တိုးတက်မှုနှေးကွေးနေသည့်တိုင် ရှေ့တန်းစစ်မျက်နှာပြင်အသီးသီးတွင် အရေးပါသောနေရာများကို ထိုး စစ်ဆင်မှုများ လုပ်ဆောင်နေသည်ဟု ယူကရိန်းတာဝန်ရှိသူများက ပြောသည်။ ဒွန်နက်စ်တွင် ရုရှားစစ်တပ်သည် တပ်သားသစ်များချထားခြင်းနှင့် ထိုးစစ်ဆင်မှုသစ်များကို လုပ်ဆောင်နေသည်ဟု ဒေသခံအာဏာပိုင်များက ပြောသည်။ လူဟန့်ခ်တွင်လည်း ရုရှားစစ်တပ်သည် ယူကရိန်းခံစစ်များကို ထိုးဖောက်နိုင်ရေး ကြိုးပမ်းနေသည်ဟု သိရသည်။
Source:AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1304
CNI International News
ဘန်ကောက်၊ဖေဖော်ဝါရီ ၁၁
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးပဋိပက္ခ ဖြေရှင်းရေးတွင် ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဗရာဟင်(Anwar Ibrahim)က ထိုင်းနိုင်ငံကို တိုက်တွန်းခဲ့သည်ဟု ဘန်ကောက်ပို့ သတင်းတွင် ဖော်ပြ ထားသည်။
၎င်းက မြန်မာ့အရေးနှင့် ပတ်သက်ရာတွင် ထိုင်းနိုင်ငံကဲ့သို့ တိုက်ရိုက်ထိစပ်နေသော အိမ်နီးချင်းများက ထုတ်ဖော် ပြောဆိုခြင်း နည်းပါးနေချိန်၌ တခြားသော ရေကြောင်းအရ ထိစပ်နေသည့် အရှေ့တောင်အာရှ နိုင်ငံများက ဒုက္ခ သည် ပြဿနာကို ဖြစ်စေသည့် မြန်မာပဋိပက္ခအပေါ် ပိုမိုအာရုံစိုက် ထုတ်ဖော်ပြောဆိုလျက် ရှိနေသည့် အနေ အထားကိုလည်း ပိုမိုပေါ်လွင် လာစေသည်။
အခြားသော အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်အတူ ထိုင်းနှင့်မလေးရှားတို့သည် မြန်မာနိုင်ငံတွင်းမှ ပြဿနာများကို အနည်းဆုံး လျော့နည်းသွားစေရန် အရှိန်မြှင့် ဆောင်ရွက်သင့်ကြောင့် အန်ဝါက ပြောသည်။
ဘန်ကောက်မြို့တွင် ထိုင်းဝန်ကြီး ချုပ်ပရာယွတ် (Prayut) နှင့် တွေ့ဆုံခဲ့ပြီးနောက် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပရာယွတ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်(GETTY IMAGES)
မလေးရှားဝန်ကြီးချုပ်သည် ပြီးခဲ့သည့်နှစ်က အာဏာရရှိခဲ့ပြီးနောက် ပထမဆုံးသော တရားဝင် ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
မြန်မာ့ပြည်တွင်းရေးကို ပြည်တွင်း၌သာ ဖြေရှင်းရမည်ဖြစ်သော်လည်း ယင်းက ဒေသတွင်း နိုင်ငံများအတွက် အကျိုးဆက်များ ဖြစ်စေသည့် စိုးရိမ်မှုများကို ဖော်ပြရန် အကောင်းဆုံး အခြေအနေတွင် ရှိနေသည်ဟု အန်ဝါက ပူးတွဲသတင်းစာ ရှင်းလင်းပွဲ၌ ပရာယွတ်ကို ပြောကြားခဲ့သည်။
ယင်းက မြန်မာအရေးနှင့်ပတ်သက်၍ တိုက်ရိုက် အကျဆုံး ထောက်ပြမှုလည်း ဖြစ်သည်။
အန်ဝါ၏ ပြောဆိုမှုကို ပရာယွတ်ဘက်က တိုက်ရိုက် တုန့်ပြန်ပြောဆိုမှု လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ နောက်ပိုင်းတွင်မှ “အားလုံးဟာ မိသားစု ဖြစ်ပြီး ကျေးဇူးတင်ပါတယ်၊ မိတ်ဆွေကြီး”ဟု တုန့်ပြန်ပြောဆို သွားခဲ့သည်။

ဒီမိုကရေစီအရေးတောင်းဆိုနေကြစဉ်(ဖရွန်တီးယားမြန်မာ)
၂၀၂၁ အရပ်သားအစိုးရကို ဖယ်ရှားပြီးချိန်မှ စတင်ကာ နစကသည် သဘောထား မတိုက်ဆိုင်သူများကို နှိမ်နင်း လျက်ရှိသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခများတွင် လူပေါင်း ၃၀၀၀ နီးပါး သေဆုံးခဲ့ရပြီး ခန့်မှန်းခြေ လူပေါင်း ၇၂၀၀၀ နီးပါးသည်လည်း ထိုင်း၊ မလေးရှား၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။
နစကသည် အရေးပေါ်ကာလကို ခြောက်လ တိုးမြှင့် သတ်မှတ်ခဲ့ခြင်းကြောင့် သြဂုတ်လတွင် လျာထားသည့် ရွေးကောက်ပွဲကို ကြန့်ကြာသွားဖွယ်ရှိသည်။
အမေရိကန်နှင့် မဟာမိတ်များက မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများကို ပိုမိုပြုလုပ်ချိန်တွင် အရေးပါသော ကာလကို သက်တမ်းတိုး ခဲ့ခြင်းဖြစ်သည်။
မလေးရှားတွင် ဒုက္ခသည် ၂၀၀၀၀၀ နီးပါးရှိပြီး အများစုမှာ မြန်မာလူမျိုးများ ဖြစ်သည်ဟု အန်ဝါက ပြောသည်။
သေးငယ်သော အရွယ်အစားအရ မလေးရှားသည် ကန့်သတ်ချက်များကို ချမှတ်ထားကာ ဒုက္ခသည် အရေအတွက် များပြားလာချိန်တွင် အရင်းအမြစ်ဆုံးရှုံးမှု သို့မဟုတ် လူသားချင်း စာနာမှုဆိုင်ရာ စိုးရိမ်မှုများကို ထိထိရောက် ရောက် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဟုလည်း ပြောသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: Watch TV
- Hits: 733
- By CNI
- Category: Watch TV
- Hits: 711
- By CNI
- Category: Watch TV
- Hits: 701
Page 14 of 138
