CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

နိုင်ငံရေးပါတီဥပဒေက ပိုက်ဆံရှိသူများအတွက် အခွင့်အလမ်းဖြစ်နေဟု ပြော

By CNI
CNI
Category: Watch TV
Hits: 714

Share
Tweet
Share
Share
powered by social2s

ရုရှား၊တရုတ်ဆက်ဆံရေးသည် သာမာန်စစ်ဘက် မဟာမိတ်ထက်ပိုဟု ရုရှားပြော

By CNI
CNI
Category: Watch TV
Hits: 727

Share
Tweet
Share
Share
powered by social2s
ဦးသာထွန်းလှ၊ စိုင်းအိုက်ပေါင်းနဲ့ ဦးစိန်ဝင်းကိုတွေ့ရစဉ်

နိုင်ငံရေးပါတီဥပဒေက ပိုက်ဆံရှိသူများအတွက် အခွင့်အလမ်းဖြစ်နေဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1169

CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄

နစက ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများသည် ပိုက်ဆံရှိသူများအတွက် အခွင့်အလမ်း ဖန်တီးပေးထားသလို ဖြစ်နေသည်ဟု ရခိုင်အမျိုးသားပါတီ(ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံတစ်ဝန်း ရွေးကောက်ခံမည့် နိုင်ငံရေးပါတီတစ်ခု မှတ်ပုံတင်ရာတွင် မှတ်ပုံတင်ကြေး သိန်း ၁၀၀၀ နှင့် မြန်မာနိုင်ငံ၏ မဲဆန္ဒနယ် တစ်ဝက်ကို ပါတီရုံးခန်း ဖွင့်ရမည်ဆိုသည့်အတွက် ငွေကြေး အခက်အခဲရှိကြောင်း ၎င်းက ပြောသည်။

ဦးသာထွန်းလှက “ပိုက်ဆံရှိတဲ့ လူတွေက အဲဒီလိုပုံစံမျိုး ပိုက်ဆံရှိတဲ့ လူတွေအတွက်ပဲ တစ်နိုင်ငံလုံး ပါတီအဖြစ် ရပ်တည်လို့ရအောင် သဘောမျိုး သွားသက်ရောက်နေတယ်၊ ဘာဖြစ်လို့လဲဆိုရင် ဒီဥပဒေမှာက သိန်း ၁၀၀၀ တင် ရမယ်၊ ပြီးရင် ပါတီဝင် ၁၀၀၀၀၀(တစ်သိန်း)ရယ်၊ ပြီးရင် မြန်မာနိုင်ငံ မဲဆန္ဒနယ်ရဲ့ တစ်ဝက်မှာ ရုံးဖွင့်ရမယ်ဆို တော့ ၁၆၅ မြို့မှာ ရုံးဖွင့်ရမယ့် သဘောလို့ ကျနော်တို့ အဲဒီလိုမြင်တယ်၊ အဲဒါကြောင့် မြန်မာနိုင်ငံမြို့နယ် တစ်ဝက် ၁၆၅ မြို့မှာ ရုံးဖွင့်ဖို့အတွက် အဲဒါကို လည်ပတ်အောင် လုပ်ဖို့အတွက်က ပိုက်ဆံလိုတယ်ဆိုတာ သေချာသွား တယ်၊ အဲဒါကြောင့် ပိုက်ဆံရှိတဲ့ လူတွေအတွက် ဒီလိုတစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ ပါတီတစ်ခုအဖြစ် ရပ်တည်သွား မယ်ဆိုရင် ပိုက်ဆံရှိဖို့ လိုတာက သေချာသွားတယ်၊ အဲဒါကြောင့် ပိုက်ဆံရှိတဲ့ လူတွေအတွက် အခွင့်အလမ်း ပိုဖန်တီး သလိုတော့က သွားဖြစ်သွားတယ်လို့ ကျ‌နော်ကတော့ အဲဒီလိုတော့ မြင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

 နိုင်ငံရေးပါတီများနဲ့ UEC ကိုတွေ့ရစဉ်

ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်တွင် ပါတီရုံးခန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ဝန်ခံချက် ရှိရမည်ဟု နစက ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ တွင် ပြဋ္ဌာန်းထားသည်။

ပြည်တွင်းရှိ လုပ်ငန်းရှင်များ၊ ငွေကြေးချမ်းသာသူများက နိုင်ငံရေးပါတီများကို လှူ၍ရကြောင်း ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တော့ ပိုက်ဆံ မရှိဘူးဗျ၊ ပြည်တွင်းမှာ ရှိတဲ့ သူဋ္ဌေးတွေ ကျားဖြူပါတီကို လှူချင်လည်း လှူခိုင်းလိုက်ဦး ကျနော်တို့ ရေခန်းနေတယ်၊ လှူလို့ရတယ်လေ၊ ပြည်တွင်းမှာ ဘယ်သူမဆို လှူလို့ရတယ်လေ၊ ဘယ် သူဋ္ဌေးပဲ ဖြစ်ဖြစ်၊ FRC (Foreign Registration Certificate) ကိုင်ထားတဲ့ လူလည်း လှူလို့ရတယ်လေ၊ ဧည့် နိုင်ငံသားလည်း လှူလို့ရတယ်၊ ခင်ဗျားလည်း လှူချင်လှူလို့ရတယ် မီဒီယာကိုင်ထားတဲ့ လူလည်း လှူလို့ရတယ်၊ နိုင်ငံခြားမရဘူးလေ၊ နိုင်ငံခြား အဖွဲ့အစည်း မရဘူးလေဗျာ၊ ပြည်တွင်းကတော့ ရတာပေါ့” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်

ငွေကြေးချမ်းသာသည့် ပုဂ္ဂိုလ်များ၊ ဉာဏ်ပညာရှိသည့် ပုဂ္ဂိုလ်များ စု‌ပေါင်းလုပ်ဆောင်မှ ပါတီတစ်ခုမှာ အောင်မြင် မှာ ဖြစ်ကြောင်း အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)ဥက္ကဋ္ဌ ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါကတော့ ဒီလိုဗျ ဟိုတုန်းကတည်းကလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကတည်းကလည်း ကျနော်သိထားတာက ပညာတတ်တာလည်း ပါတာပဲ၊ ပိုက်ဆံရှိတဲ့ သူဌေးလည်း ပါတာပဲ၊ အားလုံးစုပေါင်းပြီးတော့ နိုင်ငံရေးဆိုတာ စုပေါင်းပြီးတော့ အလုပ်လုပ်ရတာလေ၊ ပိုက်ဆံရှိပါတယ်ဗျာ၊ သူရ‌ရွှေမန်းတို့ ဘာတို့ သူတို့ ဆက် လုပ်လို့ မရဘူးလေ၊ ဆိုလိုချင်တဲ့ သဘောက ပိုက်ဆံရှိမှ မဟုတ်ပါဘူး။ အရေးကြီးတာက ပိုက်ဆံရှိတဲ့လူ စိတ်ရင်း စိတ်ဓါတ်ကောင်းတဲ့ လူလာခဲ့၊ အရည်အချင်းရှိတဲ့လူ၊ ဥာဏ်ပညာရှိတဲ့လူ စိတ်ရင်းစိတ်ဓါတ် ကောင်းတဲ့လူ လာခဲ့၊ အချိန်ပေးနိုင်တဲ့လူ၊ စိတ်ရင်းစိတ်ဓါတ် ကောင်းတဲ့လူ လာခဲ့၊ ဒီလိုမျိုး ခေါင်းဆောင်တွေ Level တွေ ရှိတဲ့ဟာနဲ့ စုပေါင်းပြီးတော့ လုပ်မှ အောင်မြင်တာလေ၊ အဲဒါမှ ပါတီတစ်ခုက အောင်မြင်တာ” ဟု ပြောသည်။

ထို့အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံ‌ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေမှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ် အားလုံး၏ အနည်းဆုံး ၅ မြို့နယ်တွင် ပါတီရုံးခန်း ဖွင့်လှစ်ရမည်ဟု ဝန်ခံချက် လိုအပ်ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

စစ်အင်အား တိုးချဲ့ရန် အမေရိကန်နှင့် ဖိလစ်ပိုင် သဘောတူ

By CNI
CNI
Category: Watch TV
Hits: 746

Share
Tweet
Share
Share
powered by social2s
ဘရာဇီးလ်သမ္မတ လူးဝစ္စအင်နာစီယို လူလာ ဒါဆေးလ်ဗားကိုတွေ့ရစဉ်(GETTY IMAGES)

သမ္မတဟောင်းဘော်ဆိုနာရို အာဏာသိမ်းရန်ကြံစည်ခဲ့ဟု သမ္မတသစ် လူလာစွပ်စွဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 961

CNI International News

ဘရာစီးလီးယား၊ ဖေဖော်ဝါရီ ၄

သမ္မတဟောင်း ဂျဲလ်ဘော်ဆိုနာရို(Jair Bolsonaro)သည် ဇန်နဝါရီ ၈ ရက်နေ့က အစိုးရအဆောက်အဦများ ဝင်ရောက် စီးနင်းခဲ့သော ထောက်ခံသူများအတွက် အစီအစဉ် ရေးဆွဲပေးခြင်း၌ ပါဝင်ပတ်သတ်မှု ရှိခဲ့သည်ဟု ဘရာဇီးလ်သမ္မတ လူးဝစ္စအင်နာစီယို လူလာ ဒါဆေးလ်ဗား (Luiz Inacio Lula da Silva) က စွပ်စွဲပြောကြား လိုက်သည်။

လက်ယာစွန်း သမ္မတဟောင်းသည် ရွေးကောက်ပွဲ ဆန့်ကျင်ရေး အစီအစဉ် အစည်းအဝေး တစ်ခုသို့ တက်ရောက် ခဲ့သည်ဟု လွှတ်တော်အမတ်တစ်ဦးက ပြောသည်။

သမ္မတဟောင်းသည် အာဏာသိမ်းရန် ပြင်ဆင်ခဲ့ကြောင်း လူလာက RedeTV နှင့် ကြာသပတေးနေ့က ပြုလုပ် သည့် အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

ဘော်ဆိုနာရို ရွေးကောက်ပွဲတွင် ရှုံးနိမ့်မှုကို လက်မခံကျသော ထောက်ခံသူများက လူလာ သမ္မတအဖြစ် ကျမ်းကျိမ်ပြီးနောက် မြို့တော်ရှိ သမ္မတအိမ်တော်၊ လွှတ်တော်နှင့် ဗဟိုတရားရုံးချုပ် အဆောက်အဦးများကို ချိုးဖျက် ဝင်ရောက်ခဲ့သည်။

ဘရာဇီးလ်သမ္မတဟောင်း ဘော်ဆိုနာရိုကိုတွေ့ရစဉ်(GETTY IMAGES)

ထိုအချိန်တွင် သမ္မတဟောင်းသည် မြို့တော်တွင် ရှိမနေခဲ့သလို လူလာ၏ ကျမ်းကျိန်ပွဲသို့လည်း မတက်ရောက် ခဲ့ပေ။ ဘော်ဆိုနာရိုသည် ဒီဇင်ဘာလ နှောင်းပိုင်းကတည်းက အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်သို့ ရောက်ရှိ နေခဲ့သူ ဖြစ်သည်။

ဘော်ဆိုနာရိုသည် အဆိုပါ ဖြစ်ရပ်များတွင် ပါဝင်ခဲ့သည်ဟု တပ်အပ်ပြောနိုင်ကြောင်း၊ ပါဝင်ရန် ကြိုးပမ်းနေဆဲ လည်းဖြစ်ကြောင်း ဒီမိုကရေစီ အဆောက်အဦများကို တိုက်ခိုက်မှုများတွင် ဘော်ဆိုနာရို ပါဝင်မှုနှင့်ပတ်သက်၍ မေးမြန်းမှုကို လူလာက ပြန်လည် ဖြေကြားခဲ့သည်။

လူလာ၏ သမ္မတဟောင်းအပေါ် စွပ်စွဲမှုများသည် လွှတ်တော်အမတ် မားကို့စ်ဒိုဗဲလ် (Marcos do Val) က သမ္မတ ဟောင်းသည် လူလာထံသို့ အာဏာလွှဲပြောင်းပေးမှု မဖြစ်လာအောင် တားဆီးရန် အစီအစဉ်တစ်ခုအတွက် အစည်းအဝေးပွဲကို တက်ရောက်ခဲ့သည်ဟု ထုတ်ဖော် ပြောဆိုလိုက်သည့် တစ်နေ့တည်းမှာပင် ပေါ်ထွက် လာခဲ့သည်။

လွှတ်တော်အမတ် မားကို့စ်ဒိုဗဲလ်ကိုတွေ့ရစဉ်(GETTY IMAGES)

ဒိုဗဲလ်သည် ဘော်ဆိုနာရို၏ မဟာမိတ်ဟောင်း တစ်ဦးဖြစ်သည်။ ကနဦးတွင် ဘောဆိုနာရိုသည် အာဏာ လွှဲ ပြောင်းမှုကို နှောင့်ယှက်ရေး အစီအစဉ်ကို ၎င်းထံပြောပြခဲ့သည်ဟု Veja မဂ္ဂဇင်းထံ ဖွင့်ချခဲ့သော်လည်း နောက် ပိုင်းတွင် သမ္မတဟောင်းသည် အစည်းအဝေးပွဲအတွင်း ဘာမှဝင်ပြောခဲ့ခြင်းမရှိဟု ပြန်လျှောချခဲ့သည်။

ထိုပြောဆိုမှုသည် ဒေသတွင်း သတင်းဌာနများတွင် စိတ်ဝင်စားမှု အမြင့်ဆုံး ဖြစ်စေခဲ့သည်။ ထိုပြောဆိုမှုများ ကြောင့် ဒိုဗဲလ်အား ဖက်ဒရယ်ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းခဲ့သည်ဟု သိရသည်။

ထိုကိစ္စများနှင့်ပတ်သက်၍ ဘော်ဆိုနာရိုသည် မည်သည့် တုန့်ပြန်မှုမှ လုပ်ဆောင်ခြင်း မရှိသေးပေ။

Source: aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

အမေရိကန်ကို တန်ပြန်ရန် ပြင်းထန်ဆုံးနျူကလီးယား သုံးမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

By CNI
CNI
Category: Watch TV
Hits: 754

Share
Tweet
Share
Share
powered by social2s

ဘယ်ပါတီတွေ မှတ်ပုံတင်လာနိုင်လဲ

By CNI
CNI
Category: Watch TV
Hits: 709

Share
Tweet
Share
Share
powered by social2s

ထိုင်းတွင်ကျင်းပမည့် အစည်းအဝေးသို မြန်မာကိုဖိတ်ကြား

By CNI
CNI
Category: Watch TV
Hits: 722

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနှင့် နိုင်ငံရေးပါတီများ အခက်အခဲ

By CNI
CNI
Category: Watch TV
Hits: 711

Share
Tweet
Share
Share
powered by social2s

ရှီကျင့်ဖျင်၏ခရီးစဉ်က ရုရှား-တရုတ် အရေးပါသည့် ဆက်ဆံရေးဖြစ်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 723

Share
Tweet
Share
Share
powered by social2s

ပူတင်က ဒုံးကျည်ဖြင့် ခြိမ်းခြောက်ခဲ့ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ပြော

By CNI
CNI
Category: Watch TV
Hits: 719

Share
Tweet
Share
Share
powered by social2s

မြန်မာ့ငြိမ်းချမ်းရေးမှာ တရုတ်ဝင်ရောက်ဖြေရှင်း၍ မရဟုပြော

By CNI
CNI
Category: Watch TV
Hits: 722

Share
Tweet
Share
Share
powered by social2s
မြန်မာ့တပ်မတော်ကိုတွေ့ရစဉ် (GETTY IMAGES)

ထိုင်းတွင်ကျင်းပမည့် အစည်းအဝေးသို့ မြန်မာကိုဖိတ်ကြား

By CNI
CNI
Category: နိုင်ငံရေး
Hits: 1461

CNI International News

ဝါရှင်တန်၊ဖေဖော်ဝါရီ ၁

ဘန်ကောက်၌ ကျင်းပမည့် ဒေသတွင်း စစ်ဘက်ဆိုင်ရာ အစည်းအဝေးသို့ မြန်မာ့တပ်မတော်ကို ဖိတ်ကြား ထားသည်ဟု အမေရိကန်ဘက်က တနင်္လာနေ့တွင် အတည်ပြုခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ရေးသား ဖော်ပြ ထားသည်။

ဒီမိုကရေစီအစိုးရကို ဖယ်ရှားခဲ့သည့် မြန်မာ့တပ်မတော်ကို အမေရိကန်ဘက်က စဉ်ဆက်မပြတ် ဝေဖန်ပြစ် တင်ခဲ့သော်လည်း စစ်ဘက်ဆိုင်ရာ အစည်းအဝေးကို တက်ရောက်ရန်အတွက် ဖိတ်ကြားခဲ့သည်။

မြန်မာ့တပ်မတော်မှ အရေးပါသူတချို့အပြင် ၎င်းတို့နှင့် ဆက်နွယ် နေသူများကိုလည်း အမေရိကန်ဘက်က ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ထားသည်။

အာရှကာကွယ်ရေးဝန်ကြီးများနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာ ပညာရှင်များ အစည်းအဝေး ADMM-Plus ကို အမေရိကန်နှင့် ထိုင်းနိုင်ငံတို့က ပူးတွဲသဘာပတိအဖြစ် လက်ခံကျင်းပ သွားမည် ဖြစ်သည်။

အစည်းအဝေးတွင် ပါဝင်သူများသည် ဆွေးနွေးပွဲနှင့် ဆက်စပ် လုပ်ဆောင်ချက်များကို ဖေဖော်ဝါရီ ၂၀ မှ ၂၄ ရက် အထိ ဘန်ကောက်မြို့တွင် လုပ်ဆောင်သွားမည် ဖြစ်သည်။

ထိုင်းမှာ ကျင်းပမသည့် မြန်မာပါ၀င်သော လုံခြုံရေးအစည်းအဝေးကိုတွေ့ရစဉ် (GETTY IMAGES)

ထို့နောက် အစည်းအဝေးသို့ တက်ရောက်မည့် သူများကို အာဆီယံအဖွဲ့ဝင် နိုင်ငံများက ဆုံးဖြတ်သည်ဟု ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး မာတီမိုင်းနားစ် (Marty Meiners)က ပြောသည်။

အကြမ်းဖက်မှုများကို ရပ်တန့်ရေ၊ မတရား ထိန်းသိမ်းခံထားရသူ အားလုံးကို ပြန်လွှတ်ပေးရေ၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်သွားရေးနှင့် ADMM- Plus ဖိုရမ်များတွင် ပါဝင်ရေးတို့တွင် နစကကို တိုက်တွန်းရန် အမေရိကန်သည် နိုင်ငံတကာအသိုင်း အဝိုင်းနှင့်အတူ ဆက်လက် ပါဝင်သွားမည်ဟု ၎င်းက ပြောသည်။

အမေရိကန် ပါဝင်သော စစ်ဘက်ဆိုင်ရာ အခမ်းအနားများတွင် မြန်မာ့တပ်မတော်ကို ဖိတ်ခြင်းသည် ပထမဆုံး အကြိမ်တော့ မဟုတ်ပေ။ ပြီးခဲ့သောနှစ် ဖိုရမ်တွင်လည်း မြန်မာဘက်မှ တက်ရောက်ခဲ့သေးသည်။

၂၀၁၇ ခုနှစ်တွင် ပင်တဂွန်ဘက်က အမေရိကန်နှင့် ထိုင်း ဦးဆောင်ကျင်းပသည့် အရေးပါသော နိုင်ငံစုံ စစ်ဘက်ဆိုင်ရာ အခမ်းအနားတစ်ခုသို့ လေ့လာသူအဖြစ် မြန်မာနိုင်ငံကို ဖိတ်ကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်

 

 

 

 

Share
Tweet
Share
Share
powered by social2s

စစ်ပွဲကို အားပေးတယ်လို့ ယူကရိန်းရဲ့စွပ်စွဲမှုကို IOC ပယ်ချ

By CNI
CNI
Category: Watch TV
Hits: 722

Share
Tweet
Share
Share
powered by social2s

ပါကစ္စတန်အနောက်မြောက်ပိုင်း ဗလီတစ်ခုတွင် အသေခံဗုံးခွဲမှုဖြစ်ပွား

By CNI
CNI
Category: Watch TV
Hits: 716

Share
Tweet
Share
Share
powered by social2s
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်က ကျင်းပသည့် ကာ/လုံ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ်

NLD ပါတီဥက္ကဋ္ဌနှင့် သမ္မတဟောင်းက UEC ကို ဖိအားပေးခဲ့ဟု နစကဥက္ကဋ္ဌ ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1246

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတအဖြစ် တာဝန်ယူခဲ့သူ ဦးဝင်းမြင့်တို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ကို တိုက်ရိုက်နှင့် သွယ်ဝိုက် ဖိအားပေး ဆောင်ရွက်ခဲ့ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်က ပြောသည်။

ယနေ့ (ဇန်နဝါရီ ၃၁ ရက်)တွင် နေပြည်တော်၌ ကျင်းပသည့် အမျိုးသာကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသစ်ဖွဲ့စည်း၍ မဲစာရင်း စစ်ဆေးခဲ့ မှုနှင့် စစ်ဆေးတွေ့ရှိမှု အခြေအနေများ၊ မဲမသမာမှုတွင် အရေးယူ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ NLD ပါတီ ဥက္ကဋ္ဌနှင့် သမ္မတဟောင်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ် တိုက်ရိုက်နှင့် သွယ်ဝိုက် ဖိအားပေး ဆောင်ရွက်မှု အခြေအနေများ၊ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် အခြေအနေများကို” ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ  ၃၁ ရက်က ကာ/လုံ အစည်းအဝေး ကျင်းပနေစဉ်

အဆိုပါ အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်း ဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ တက်ရောက်ခဲ့ကြသည်။

သို့သော် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ကတော့ ကျန်းမာရေးကြောင့် တက်ရောက်နိုင်ခြင်း မရှိကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အကြမ်းဖက်မှုများ၊ လက်နက်ကိုင် ခြိမ်းခြောက်မှုများဖြင့် နိုင်ငံတော်အာဏာကို ရယူရန် ကြိုးပမ်း လုပ်ဆောင်လျက်ရှိသည့် သာမန်မဟုတ်သော အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း၊ အဆိုပါ အခြေအနေများကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20

Page 16 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar