CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ပါတီမှတ်ပုံတင် အသစ်တင်ခိုင်းမှု ရှုပ်ထွေးခက်ခဲနေဟု နိုင်ငံရေးပါတီများပြော

By CNI
CNI
Category: Watch TV
Hits: 542

Share
Tweet
Share
Share
powered by social2s
ထိုင်းရောက် မြန်မာအလုပ်သမားများကိုတွေ့ရစဉ်

ထိုင်းက မြန်မာအပါ MOU လေးနှစ်ပြည့်သူများကို ခြောက်လ ယာယီနေထိုင်လုပ်ကိုင်ခွင့်ပြု

By CNI
CNI
Category: စီးပွားရေး
Hits: 828

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀

ထိုင်းနိုင်ငံရှိ မြန်မာ အပါအဝင် MOU သက်တမ်း လေးနှစ်ပြည့်သည့် နိုင်ငံခြားသား အလုပ်သမား တစ်သိန်းကျော် အား ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ခြောက်လ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် ပြုပေးလိုက်ခြင်းသည် ကောင်းမွန်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ သက်တမ်း လေးနှစ်ပြည့် MOU အလုပ် သမား ၆၀၀၀၀ ခန့်နှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်နေ့အထိ သက်တမ်း လေးနှစ်ပြည့် MOU အလုပ်သမား ၅၀၀၀၀ ခန့်တို့အား အထူးအစီအစဉ်အဖြစ် မူလပါမစ် သက်တမ်း ကုန်ဆုံးသည့် နေ့မှစ၍ ခြောက်လ ထက် မပိုသော ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် ပြုပေးလိုက်ခြင်း ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများကိုတွေ့ရစဉ်

လက်ရှိတွင် မြန်မာနိုင်ငံမှ သက်ဆိုင်ရာအာဏာပိုင်များက အထောက်အထား စာရွက်စာတမ်းများ ထုတ်ပေးနေ ခြင်းမှာ ကြန့်ကြာမှုများ ရှိခြင်းကြောင့် ယခုကဲ့သို့ ခွင့်ပြုပေးလိုက်ခြင်းသည် မြန်မာအလုပ်သမားများအတွက် ကောင်းမွန်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မြန်မာအလုပ်သမားတွေ အတွက်တော့ ဒါအချိန်ရတယ်ဆိုတော့ ကောင်းတာပေါ့နော်။ တရားဝင် ဆက်ပြီး တော့ နေထိုင်ခွင့် အတောအတွင်းမှာ ကိုယ့်ရဲ့ အလုပ်အကိုင် အထောက်အထားပေါ့ အထူးသဖြင့်တော့ ပတ်စပို့ တွေ လျှောက်လို့ရမယ်။ တကယ်လို့ အဲဒီလို မရဘူးဆိုရင် သူ့ဟာက ပတ်စပို့မှာ သူ့သတ်မှတ်ထားတဲ့ သက်တမ်း က ရှိဖို့လိုတာကို။ အဲဒီသက်တမ်း မရှိဘူးဆိုရင် ဗီဇာနဲ့ work permitက ဒီဘက်အခြမ်းက ထုတ်ပေးတာ မဟုတ် ဘူး။ အခုလို တစ်ဖက်က လျှော့ပေးတယ်ဆိုတော့ ဒီအလုပ်သမားတွေအတွက်က အချိန်ရတာပေါ့။ ဒါကတော့ ကောင်းတာပေါ့။ ဒါတွေက တကယ့် တကယ်ဆိုရင် နှစ်ဖက် အစိုးရတွေက အစောကြီး ကတည်းကနေ ဘယ်သူ တွေက ဘယ်အချိန်မှာ ဘယ်အုပ်စုတွေက သက်တမ်းကုန်ပြီဆိုတာ သိနေတာပဲလေ။ အဲဒါကို ညှိနှိုင်း ပြီးတော့ လုပ်တယ်ဆိုရင်တော့ ပိုပြီးတော့ကောင်းတာပေါ့။ ဘယ် passport အမျိုးစားတွေဆိုရင် သက်တမ်း တိုးတဲ့ဟာကို လုပ်ပေးလို့ရမယ်၊ ဒါပေမယ့် အဲဒါကလည်း နှစ်အလိုက်ပေါ့။ နှစ်အလိုက်ဆိုတာက ၂၀၂၂ သက်တမ်း ကုန်ထားတဲ့ အုပ်စုဆိုရင် တိုးခွင့်ရမယ်၊ ၂၀၂၃ မှာ သက်တမ်း ကုန်မယ့် အုပ်စုတွေကို ပေးမတိုး သေးဘူးဆိုပြီး ကြေညာတယ်။ အဲဒီအခါကျတော့ ၂၀၂၃ မှာ သက်တမ်းကုန်မယ့် သူတွေက ပြောရမယ်ဆိုရင် သက်တမ်းက ကုန်တာက ၂၀၂၃ ဒီ ၃ လပိုင်းတို့ ဘာညာ ကုန်တာက မှန်တယ်။ ဒါပေမယ့် ဒီလူတွေကို ဒီစာအုပ်တွေကို အလုပ်လုပ်ကိုင်ခွင့် ဗီဇာတို့ ပေးတဲ့အချိန်မှာ ဒီဘက်က နှစ်နဲ့ပေးတာမလား။ အဲဒီ နှစ်နဲ့ ပေးတဲ့ဥစ္စာက စာအုပ် သက်တမ်းက အနည်းဆုံး ၆ လ နဲ့ အထက် ရှိရမယ်။ အဲဒါမျိုးမှာ ကိုယ့်ဘက်က စာအုပ်သက်တမ်း မရှိတဲ့အခါကျတော့ သူတို့ပေးတဲ့ သက်တမ်းပဲ ရတာပေါ့နော်”ဟု ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများကိုတွေ့ရစဉ်

ထို့အပြင် လက်ရှိတွင် မြန်မာသံရုံးမှ နိုင်ငံကူး လက်မှတ် သက်တမ်းကုန်သည့် အလုပ်သမားများအား အချိန်မီ ထုတ်ပေးနိုင်ခြင်း မရှိသည့်အတွက်၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်နေ့အထိ အချိန်ကာလ တိုးမြှင့်ပေးရန် အဆိုပြုထား ကြောင်းလည်း သိရသည်။

ထို့ကြောင့် နိုင်ငံကူးလက်မှတ်၊ သက်သေခံ စာရွက်စာတမ်း ထုတ်ပေးသည့် လုပ်ငန်းစဉ်အတွင်း အထူး ကိစ္စရပ် အဖြစ် ထိုင်းနိုင်ငံ၌ နေထိုင်နိုင်စေရန် သက်ဆိုင်ရာ အပိုင်းတွင် စီမံခန့်ခွဲခြင်းဆိုင်ရာ လမ်းညွှန်ချက်များ ရှိရန် လိုအပ်ကြောင်း၊ သက်သေခံ စာရွက်စာတမ်းများ ထုတ်ပေးခြင်းအား အပြီးသတ် ဆောင်ရွက်နိုင်ရန် CI Center ၏ လုပ်ငန်းစဉ် ကာလအား တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ အစည်းအဝေး ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် နိုင်ငံကူးလက်မှတ်အား သက်တမ်း ကုန်နေသည့် မြန်မာအလုပ်သမားများ အားလုံးနီးပါးကို ထုတ်ပေးရန်မှာ ၆ လအတွင်း မပြီးနိုင်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများကိုတွေ့ရစဉ်

၎င်းက “ဘာကြောင့် ၆ လအတွင်း ပြတ်မှာမဟုတ်ဘူးလဲဆိုတော့ ထိုင်းနိုင်ငံထဲမှာ MOU စနစ်နဲ့ အရင်ကတည်းက ပို့ထားတဲ့ အလုပ်သမားတွေကလည်း သန်းနဲ့ရှိတာကို။ ပြီးတော့ အဲဒီနောက်ပိုင်းမှာ ဘတ်ပန်းရောင်ကတ်လို့ အများ နားလည်အောင်ခေါ်တဲ့ ယာယီ အလုပ်သမား လက်မှတ်တွေကို ထိုင်းမှာထုတ်ပေးတဲ့ အုပ်စု သုံး အုပ်စု ရှိတယ်။ ဒါကလည်း ဘယ်သူပဲဖြစ်ဖြစ် ပတ်စပို့ ရှိတယ်ဆိုရင် အဲဒီယာယီ အလုပ်သမား လက်မှတ်ထဲမှာ သက်တမ်းရှိတဲ့အတိုင်း စာအုပ်ထဲမှာ ဗီဇာပေးနေတာ ဖြစ်တဲ့အတွက် အလုပ်သမားတွေကတော့ လွတ်လွတ် လပ်လပ် သွားလာလို့ရဖို့အတွက် နိုင်ငံကူးလက်မှတ်ကို လိုချင်ကြတာချည်းပဲ။ ဒီ ၆ လ အတွင်းဆိုရင်လည်း ပြီးမှာ မဟုတ်ပါဘူး။ ၆ လအတွင်း မပြီးခဲ့ရင်လည်း ကျန်ခဲ့တဲ့ သက်တမ်းမှာရော အဖမ်းအဆီးတွေ ရှိနိုင်မလား။ သူက အထောက်အထားမဲ့ကို ဖမ်းဖို့ ဥပဒေက ရှိထားပြီးသား ဖြစ်တဲ့အတွက် visa section ရဲ့ Law မှာလည်း အထောက် အထား တစ်စုံတစ်ရာ သက်တမ်း ကျော်လွန်သွားရင် ဖမ်းမယ်ဆိုတာလည်း ရှိထားပြီးသား ဖြစ်တဲ့အတွက် သက် တမ်း ၆ လပြည့်သွားတဲ့ အချိန်အထိ သက်တမ်း ဆက်လို့ မမီခဲ့တာတို့၊ အကြောင်း အမျိုးမျိုး ကြောင့် ကျန်ခဲ့တာ မျိုးတွေ ရှိခဲ့ရင်ရော သူ့အနေနဲ့ ဖမ်းပြီး အရေးယူနိုင်ပါ့မလား၊ ဒါမှမဟုတ် ၆ လကျော်ရင်ရော နောက်ထပ် ပြန်ပြီး တော့ ဆက်မလဲဆိုတာ ဒါကတော့ ထိုင်းအစိုးရရဲ့ ပေါ်လစီပေါ်မှာပဲ မူတည်တယ်” ဟု ပြောသည်။

လက်ရှိတွင် MOU လုပ်သားများသည် နေရပ်နိုင်ငံသို့ ပြန်စရာမလိုဘဲ အလုပ်ရှင်များအနေဖြင့် နိုင်ငံခြားသား အလုပ် ခေါ်ယူခွင့် သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားခြင်းအား ဆောင်ရွက်ထားနိုင်ကြောင်းနှင့် ထွက်ခွာ လာသည့် နိုင်ငံပေါ်မူတည်ကာ ခရီးတိုအဖြစ် သွားရောက် လုပ်ဆောင်နိုင်ကြောင်းလည်း ထိုင်းအလုပ်သမား ဝန်ကြီးဌာန၏ အစည်းအဝေး သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့နိုင်ငံရေးပါတီများကိုတွေ့ရစဉ်

ပါတီမှတ်ပုံတင် အသစ်တင်ခိုင်းမှု ရှုပ်ထွေးခက်ခဲနေဟု နိုင်ငံရေးပါတီများပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1169

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ သတ်မှတ်ချက်များက မှတ်ပုံတင်ရေး လုပ်ငန်းစဉ်တွင် ရှုပ်ထွေးခက်ခဲ နေသည်ဟု နိုင်ငံရေးပါတီများက ပြောသည်။

အဆိုပါ ဥပဒေအရ မိမိတို့ ပါတီမှာ မှတ်ပုံတင်မည်ဆိုပါက ၄ ခုလောက် မှတ်ပုံတင်ရမည့် အနေအထား ဖြစ်နေကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

ဦးသာထွန်းလှက “ဒီဥပဒေအရဆိုရင် ကျနော်တို့ ပါတီမှာက အရင်တုန်းက ရခိုင်မှာရှိတယ်၊ ရန်ကုန်မှာရှိတယ်၊ ဧရာဝတီတိုင်းမှာ ရှိတယ်၊ ချင်းပြည်နယ် ပလက်ဝမှာ ရှိတယ်၊ အခု ဥပဒေအရဆိုရင် ကျနော်တို့ ပါတီက မှတ်ပုံ တင် မယ်ဆိုရင် မှတ်ပုံတင်ပါတီ ၄ ခုလောက် မှတ်ပုံတင်ရမယ့်သ‌ဘော သွားဖြစ်တယ်၊ အခုဥပဒေအရ ရခိုင်ပြည် အတွက် တစ်ခုတင်ရမယ်၊ ရန်ကုန်တိုင်းအတွက် တစ်ခုတင်ရမယ်၊ ဧရာဝတီတိုင်းအတွက် တစ်ခုတင်ရမယ်၊ ချင်း ပြည်နယ်အတွက် တစ်ခုတင်ရမယ်၊ အဲဒီလို ပါတီ ၄ ခု မှတ်ပုံတင်ရမယ့် အဲဒီပုံစံမျိုး အဓိပ္ပာယ် သွားသက် ရောက်တယ်” ဟု ပြောသည်။

နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဉပဒေ သတ်မှတ်ချက်ကိုတွေ့ရစဉ်

ပါတီစုံနိုင်ငံရေးစနစ်ကို ထူထောင်ရန် နိုင်ငံရေးပါတီများ အားကောင်းရန် လိုအပ်ကြောင်း၊ ထိုမှတဆင့် ပါတီစုံစနစ် ဖြင့် တည်တည်ငြိမ်ငြိမ် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခု ဖြစ်လာမှာဖြစ်ကြောင်း၊ လက်ရှိ အနေအထားအရ နိုင်ငံ ရေးပါတီများအတွက် အခက်အခဲများစွာ ဖြစ်စေကြောင်း ၎င်းက ပြောသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုတွင် စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ် တစ်ခုခုတွင် ငွေစာရင်း ဖွင့်လှစ်ထားရန်နှင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို စည်းရုံးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဉပဒေတွင် ဖော်ပြထားသည်။

ထို့နောက် ပြည်ထောင်စုတစ်ဝန်း စည်းရုံးမည့်ပါတီဖြစ်ပါက ပါတိရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကို မြန်မာ့စီးပွားရေး ဘဏ် တစ်ခုခုတွင် ငွေစာရင်း ဖွင့်လှစ်ထားရန်နှင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀၀၀(တစ်သိန်း)ကို စည်းရုံးရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများကိုတွေ့ရစဉ်

နစက ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မိမိတို့ ပါတီအနေဖြင့် အခက်အခဲ ရှိနေ ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP)မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခက်အခဲက ဒီလိုရှိတယ်နော်၊ သူထုတ်ပြန်ထားတဲ့ နိုင်ငံရေးမှတ်ပုံတင် ဥပ‌ဒေအရဆိုရင် ကျနော်တို့ ပြည်နယ်မှာ ပြိုင်လို့ရှိရင် ကျနော်တို့ MUP အနေနဲ့ကတော့ မွန်ပြည်နယ်မှာဆို မွန်ပြည်နယ် ကော်မရှင်ကို တင်ရ မှာပေါ့နော်၊ တကယ်လို့ ကျနော်တို့ ကရင်ပြည်နယ်မှာလဲ ပြိုင်ချင်တယ်ဆိုလို့ရှိရင် နောက်ထပ် ကရင်ပြည်နယ်မှာ လည်း ပြန်တင်ရဦးမယ်၊ ပါတီအင်အား ၁ ထောင်နဲ့ သိန်း ၁၀၀ ပြန်တင်ရမှာပေါ့ဗျာ၊ အလားတူ တနင်္သာရီတိုင်း၊ ရန်ကုန်၊ ပဲခူးတို့လည်း ကျနော်တို့ ဝင်ပြိုင်လို့ရှိရင်လည်း ဒီအတိုင်းပဲပေါ့၊ အဲဒါကြတော့ အခက်အခဲတော့ ဖြစ်တာ ပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လူဦး‌ရေ ပြန့်ကြဲပြီးတော့ နေထိုင်တဲ့ အတွက်ကြောင့် ဒါကတော့ အခက် အခဲ တစ်ခုပေါ့” ဟု ပြောသည်။

နစက ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်တွင် တည်ဆဲနိုင်ငံရေးပါတီ အားလုံး ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင် ပြန်တင်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အိုလပ်ဇ်ရှလော့ဇ်ကိုတွေ့ရစဉ်

ပူတင်နှင့် ဆက်သွယ်မှု ဆက်လုပ်သွားမည်ဟု ဂျာမနီဝန်ကြီးချုပ် ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 761

CNI International News

ဘာလင်၊ဇန်နဝါရီ ၃၀

ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တယ်လီဖုန်း အဆက်အသွယ် ဆက်လုပ်သွားမည်ဟု ဂျာမနီ ဝန်ကြီးချုပ် အိုလပ်ဇ်ရှလော့ဇ် (Olaf Scholz) ကယူဆကြောင်း TASS သတင်းတွင်ဖော် ပြသည်။

တစ်ဖက်နှင့် တစ်ဖက် ပြောဆို ဆက်သွယ်ရန် လိုအပ်လာမည်ဆိုလျှင် ပူတင်နှင့် တယ်လီဖုန်း ပြောဆိုမှု လုပ်ဆောင် သွားမည်ဟု Der Tagesspiegal နှင့် အင်တာဗျူးတွင် ရှလော့ဇ်က ပြောခဲ့သည်။

ယူကရိန်း အရေးနှင့်ပတ်သက်၍ နှစ်ဖက် အမြင်ခြင်း လုံးဝကွဲပြားနေသော်လည်း ထိုကဲ့သို့ ဆက်သွယ်မှု လုပ်ဆောင်ရမည်ဆိုလျှင် ရိုင်းရိုင်းပြပြ ပြောဆိုသွားမည် မဟုတ်ကြောင်းလည်း ဂျာမနီဝန်ကြီးချုပ်က ပြောသည်။

ပူတင်နဲ့ အိုလပ်ဇ်ရှလော့ဇ်ကိုတွေ့ရစဉ်

ယူကရိန်းတွင် ပြုလုပ်လျက်ရှိသော ရုရှား၏ အထူးစစ်ဆင်ရေးကိုလည်း လုံးဝအဓိပ္ပါယ်မရှိသော စစ်ပွဲဟု ရှလော့ဇ်က သုံးနှုန်းသည်။

အကျဉ်းသား လဲလှယ်မှု၊ ပြောင်းစေ့တင်ပို့မှုနှင့် ဇာပိုရိုဇီရီ (Zaporozhye) နျူကလီးယား စွမ်းအင်စက်ရုံ စသည် တို့နှင့်ပတ်သက်၍ ပြောဆို ဆက်သွယ်သွားမည်ဟု ရှလော့ဇ်က ပြောသည်။

ယခုကဲ့သို့ ဆိုးရွားသော အခြေအနေမှ ကမ္ဘာကြီးကို ဆွဲထုတ်ရန် နည်းလမ်းအဖြစ် ပုံမှန်အတိုင်း ဆက်သွယ်မှုများ ပြန်လုပ်ဖို့ အရေးကြီးကြောင်း၊ ထိုကဲ့သို့ အခြေအနေများအတွက် ရုရှားတပ်များ ပြန်ဆုတ်ရန်ပင် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ဂျာမနီ ဝန်ကြီးချုပ်နှင့် ရုရှားသမ္မတတို့သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့တွင် နောက်ဆုံးအဖြစ် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှု လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

Source: တာ့စ်

 

 

 

 

Share
Tweet
Share
Share
powered by social2s
တူနီးရှား ရွေးကောက်ပွဲ မဲပေးနေသူတစ်ဦးကိုတွေ့ရစဉ်(GETTY IMAGES)

တူနီးရှားရွေးကောက်ပွဲတွင် မဲပေးသူ အနည်းငယ်သာရှိမည်ဟု ခန့်မှန်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 858

CNI International News

တူးနစ်၊ဇန်နဝါရီ ၃၀

နိုင်ငံတွင်း နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အခက်အခဲများ ရှိနေချိန်တွင် တူနီးရှားပြည်သူများသည် လွှတ်တော် ရွေးကောက်ပွဲ ဒုတိယအကျော့ကို မဲပေးခဲ့ကြသည်ဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

မဲရုံများကို တနင်္ဂနွေနေ့ မနက် ၈ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး ကျန်ရှိသေးသည့် နေရာ ၁၃၁ နေရာအတွက် ကိုယ်စားလှယ်လောင်း ၂၆၂ ဦးထဲမှ မဲပေးရွေးချယ်ကြမည် ဖြစ်သည်။

ကိုယ်စားလှယ် မရှိသော မဲဆန္ဒနယ် ၇ နေရာအတွက် အထူးရွေးကောက်ပွဲကို မတ်လတွင် ကျင်းပမည်ဟု ယူဆရသည်။

တူနီးရှားသမ္မတ ကိုင်ဆာအစ် (Kais Saied)သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် အစိုးရကို ဖျက်သိမ်းခဲ့သလို လွှတ်တော်ကို ရပ်နားခဲ့သည်။

တူနီးရှားသမ္မတ ဆာအစ်ကိုတွေ့ရစဉ် (GETTY IMAGES)

ဆာအစ်သည် မဲအရေအတွက် ၇၂ ရာခိုင်နှုန်းဖြင့် ၂၀၁၉ တွင် သမ္မတရာထူးကို ရရှိခဲ့သော်လည်း ၎င်းအား ထောက်ခံ သူများသည် ရွေးကောက်ပွဲတွင် ပါဝင်ရန် စိတ်ဝင်စားမှု လျော့နည်းလာသည်။

မဲပေးမှု ပထမအကျော့ကို ဒီဇင်ဘာလတွင် ကျင်းပခဲ့ပြီး မဲပေးနိုင်သူများမှ ၁၁ ဒသမ ၂ ရာခိုင်နှုန်းသာ ပါဝင် မဲပေးခဲ့သည်။ ယင်းတို့တွင် ကိုယ်စားလှယ် ၂၃ ဦး အနိုင်ရရှိခဲ့ပြီး ၁၀ ဦးမှာ ပြိုင်ဘက် မရှိသောကြောင့် ဖြစ်သည်။

ကျန် ၁၃ ဦးမှာ မဲပေးမှု၏ ၅၀ ရာခိုင်နှုန်းအထက် အနိုင်ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ရွေးကောက်ပွဲ တာဝန်ရှိသူ များက ပြောသည်။

တနင်္ဂနွေနေ့ ဒုတိယအကျော့ ရွေးကောက်ပွဲကို ဆာအစ် လုပ်ဆောင်သော နိုင်ငံရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှု၏ နောက်ဆုံး ဒေါက်တိုင်အဖြစ် ရှုမြင်ကြသည်။ သို့သော် မည်သို့ပင် ဆိုစေကာမူ လွှတ်တော်အသစ်သည် သမ္မတ ရွေးချယ်ခွင့်အတွက် မည်သည့် အာဏာမှ ရှိနေမည် မဟုတ်ပေ။

တူနီးရှားလွှတ်တော်ကို တွေ့ရစဉ်(GETTY IMAGES)

မည်သူ့ကိုမှ မယုံကြည်သောကြောင့် မဲပေးမည် မဟုတ်ဟု မြို့တော်တူးနစ်ရှိ ပြည်သူတစ်ဦးက အေအက်စ်ပီသို့ ပြောသည်။

ဆာအစ်၏ အဓိကပြိုင်ဘက် Ennahdha ပါတီ အပါအဝင် ပါတီကြီးများက မဲပေးမှုကို သပိတ်မှောက် ထားခြင်း ကြောင့် တနင်္ဂနွေနေ့တွင်လည်း မဲပေးသူ အရေအတွက် အနည်းငယ်သာရှိမည်ဟု လေ့လာသူများက ခန့်မှန်း ထားသည်။

Ennahdha ပါတီမှ အရာရှိတချို့ ဖမ်းဆီးခံထားရပြီး တခြားသော ပါတီများကလည်း လွှတ်တော် ရွေးကောက်ပွဲ တွင် ပါဝင်ရန် ငြင်းဆိုထားကာ ဆန္ဒပြရန် တောင်းဆိုထားသည်။ လွှတ်တော်သည် တရားဝင် ဖြစ်မှု အနည်းငယ် သာရှိကာ ၂၀၂၂ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် သမ္မတသည် ယင်းကို ထိန်းချုပ်ထားနိုင်သည်ဟု တူးနစ်မြို့ရှိ နိုင်ငံရေးလေ့လာ သုံးသပ်သူ ယူဆွဖ်ရှီရပ်ဖ် (Youssef Sherif) ကပြောသည်။

တူနီးရှား ပြည်သူများသည် နိုင်ငံရေးတွင် စိတ်ဝင်စားမှု နည်းပါးသည်ဟုလည်း ၎င်းက ပြောသည်။

Source: အယ်ဂျာဇီးယား

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂန္ဒီ၏မြစ်ဖြစ်သူ တူရှာဂန္ဒီကို တွေ့ရစဉ်(GETTY IMAGES)

အမုန်းဝါဒက အိန္ဒိယကို ဝါးမျိုးနေသည်ဟု ဂန္ဒီ၏မြစ်ဖြစ်သူပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 916

CNI International News

နယူးဒေလီ၊ဇန်နဝါရီ ၃၀

အိန္ဒိယတွင် ဟိန္ဒူအမျိုးသားရေး စိတ်ဓာတ်ပြင်းထန်လာခြင်းသည် မဟတ္တမဂန္ဒီ(Mahatma Gandhi)၏ အမွေကို စော်ကားခြင်းဖြစ်ကြောင်း ဂန္ဒီ၏မြစ်ဖြစ်သူ တူရှာဂန္ဒီ(Tushar Gandhi)က ပြောသည်ဟု အယ်ဂျာဇီးယား သတင်း တွင် ဖော်ပြထားသည်။

ဂန္ဒီကို နာသူရမ် ဂေါ့ဆီ (Nathuram Godse)ဆိုသူက ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပခဲ့သော ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားတစ်ခုတွင် ပစ်ခတ်လုပ်ကြံခဲ့သည်။

ဘာသာရေးအရ တက်ကြွမှုရှိသူ ဂေါ့ဆီသည် နိုင်ငံတွင်းရှိ မူဆလင်များနှင့် ရင်းနှီးသော ဆက်ဆံရေး ထူထောင် သည့် ဂန္ဒီကို လုပ်ကြံခဲ့ခြင်း ဖြစ်သည်။

ထိုနှစ်တွင်ပင် ဂေါ့ဆီကို ကွပ်မျက်ခဲ့ကာ ၎င်းသည် သူ၏ လုပ်ရပ်ကြောင့် ယခုအထိ ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချခံ နေရဆဲဖြစ်သည်။ သို့သော် လက်ရှိ အိန္ဒိယ၏ အခြေအနေမှာ စိုးရိမ်ဖွယ် ဖြစ်နေသသည်ဟု ဂန္ဒီ၏မြစ် တူရှာဂန္ဒီက ပြောသည်။

၎င်းသည် စာရေးဆရာနှင့် လူမှုဘဝ တက်ကြွလှုပ်ရှားသူ တစ်ဦးလည်း ဖြစ်သည်။ အမုန်းပွားမှု၊ ကွဲပြားမှုနှင့် အစွန်း ရောက်မှု စသော အတွေးအခေါ်ကြီး တစ်ခုလုံးသည် အိန္ဒိယနိုင်ငံနှင့် နိုင်ငံသားတို့၏ အသည်းနှလုံးကို လွှမ်းခြုံသွား ခဲ့ပြီဟု တူရှာက အေအက်စ်ပီသို့ ပြောသည်။

ထိုသူများအတွက် ဂေါ့ဆီသည် ထင်ရှားသော မျိုးချစ်၊ စံထားထိုက်သူဖြစ်ကြောင်း အသက် ၆၃ နှစ်အရွယ် တူရှာက ပြောခဲ့၍ ဝန်ကြီးချုပ် မိုဒီနှင့် ၎င်း၏ BJP ပါတီတို့ အားကောင်းလာခြင်းက ထိုသို့သော ပြောင်းလဲမှုကို ဖြစ်စေသည်ဟု ၎င်းက မှတ်ယူသည်။

ဝန်ကြီးချုပ် မိုဒီကိုတွေ့ရစဉ်(GETTY IMAGES)

မိုဒီသည် ၂၀၁၄ တွင် ဝန်ကြီးချုပ်ရာထူးကို ရရှိခဲ့ကာ ၎င်း၏အစိုးရသည် ဂန္ဒီကြိုးစားခဲ့သည့် လောကီရေးရာနှင့် ယဉ်ကျေးမှုပေါင်းစုံ အစဉ်အလာကို လျော့ပါးစေခဲ့သည်ဟု တူရှာက အပြစ်တင်သည်။

မိုဒီ၏ အောင်မြင်မှုသည် အမုန်းတရားပေါ်တွင် အခြေခံကြောင်းနှင့် လက်ရှိ ၎င်းလုပ်ဆောင် နေမှုများသည် တစ်နေ့တွင် အိန္ဒိယနိုင်ငံကို ဝါးမျိုးသွားမည်ဟုလည်း မိုဒီအနေဖြင့် သိရှိနေကြောင်း တူရှာက ဆက်လက် ပြောကြားခဲ့သည်။

ဂေါ့ဆီကို အိန္ဒိယအမျိုးသားရေးဝါဒီ အများစုကြည်ညိုကြပြီး ၂၀၁၅ ခုနှစ်တွင် နယူးဒေလီ၌ ၎င်းအတွက် ရည်ရွယ် ၍ ဘုရားကျောင်းတစ်ခု တည်ဆောက်ခဲ့သည်။

တက်ကြွလှုပ်ရှားသူများကလည်း အိန္ဒိယမှ မြို့တစ်ခုအား ၎င်းကို အစွဲပြုကာ အမည်ပြောင်းလဲခဲ့သည်။ ဂေါ့ဆီ သည် လက်ရှိအချိန်အထိ အားကောင်းနေသော ဟိန္ဒူလက်ယာစွန်း အဖွဲ့တစ်ခုဖြစ်သည့် RSS ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။

 RSS အဖွဲ့အစည်းကိုတွေ့ရစဉ် (GETTY IMAGES)

RSS သည် ဂေါ့ဆီက ဂန္ဒီကို လုပ်ကြံမှုနှင့် ကင်းကင်းရှင်းရှင်း နေသော်လည်း နိုင်ငံရေး နယ်ပယ်တွင် ဟိန္ဒူရေးရာ ကိစ္စများကို ရင်ဆိုင်ရန် မိုဒီ၏ပါတီကို ဖွဲ့စည်းခဲ့သည်။ မိုဒီသည် ဂန္ဒီအား အမြဲလိုလို အရိုသေ ပေးလေ့ရှိပြီး ဂေါ့ဆီ နှင့် ပတ်သက်သော အခမ်းအနားကိုလည်း ရှောင်ကြဉ်သူ ဖြစ်သည်။

မိုဒီဝန်ကြီးချုပ် ဖြစ်လာပြီးနောက်ပိုင်း အိန္ဒိယတွင် မူဆလင်များအပေါ် အကြမ်းဖက်မှုများ မြင့်တက်လာခဲ့သည်။

လူဦးရေး ၁ ဒသမ ၄ ဘီလီယံရှိသော အိန္ဒိယ၏ ၁၅ ရာခိုင်နှုန်းသည် မူဆလင်များ ဖြစ်သည်။ ဟိန္ဒူများ ဘာသာ ပြောင်းလဲခြင်းကို BJP နှင့် RSS တို့က သတိပေးထားသည်။

လူမူပထဝီအရ မညီမမျှ ဖြစ်မည်ကို တားဆီးရန်ကြောင့်ဟု ဆိုသည်။ မိုဒီ၏ ပါတီသည် မူဆလင်များနှင့် လူနည်းစု များကို နှိပ်ကွပ်ရန် အားပေးအားမြှောက် လုပ်နေသည်ဟု စွပ်စွဲခံထားရသော်လည်း ၎င်းတို့က ငြင်းဆိုထားသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင်လည်း အစိုးရသည် ၂၀၀၂ ခုနှစ်က ဂူဂျာရတ် (Gujarat) ဖြစ်စဉ်အတွင်း မိုဒီ၏ ခေါင်ဆောင်မှုနှင့် ပတ်သက်၍ မေးခွန်းအိန္ဒိယထုတ်ထားသော documentary တစ်ခုကို ထုတ်လွှင့်ပြသခြင်းအား တားဆီး ရန် အရေးပေါ် အာဏာကို သုံးခဲ့သည်။

Source: အယ်ဂျာဇီးယား

 

 

 

 

Share
Tweet
Share
Share
powered by social2s
Leopard 2 တင့်ကား ပစ်ခတ်နေစဉ်

ယူကရိန်းဘက်က လိုချင်နေသော ဂျာမနီလုပ် Leopard 2 တင့်ကားများ၏လားရာ

By CNI
CNI
Category: ဆောင်းပါး
Hits: 2580

CNI International Article

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၉

ယူကရိန်းသို့ Leopard 2 တင့်ကားများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် တခြားနိုင်ငံများကိုလည်း ထိုသို့ ပြုလုပ်ရန် သဘောတူကြောင်း ဂျာမနီဘက်က ထုတ်ပြန်ခဲ့သည်။

ဂျာမနီလုပ် Leopard 2 တင့်ကားများကို ယူကရိန်းဘက်က ကာလရှည်ကြာ တောင်းဆိုခဲ့ပြီးနောက် ဂျာမနီဘက်က သဘောတူညီခဲ့ခြင်း ဖြစ်သည်။

ထိုတင့်ကားများက ရုရှားတို့၏ နွေဦးရာသီ ထိုးစစ်ဆင်မှု အသစ်များ မြင့်တက်လာချိန်တွင် ယူကရိန်းစစ်တပ်ကို အဆင့်မြှင့်တင်ရန် အရေးပါသည်ဟု ယူကရိန်းသမ္မတက ပြောသည်။

အဆိုပါတင့်ကားများ အကူအညီဖြင့် ယူကရိန်းဘက်က ရုရှားတပ်များ သိမ်းပိုက်ထားသော နယ်မြေများကို ပြန်လည် သိမ်းယူလိုနေခြင်း ဖြစ်သည်။

ယူကရိန်းသို့ တင့်ကားများ ထောက်ပံ့ရေး ဘာကြောင့် ကျန့်ကြာနေခဲ့ရသလဲ
************************************************************************

ဂျာမနီဝန်ကြီးချုပ် အိုလပ်ဇ်ရှလို့ဇ်သည် Leopard တင့်ကားများကို ယူကရိန်းသို့ပေးရေး တခြားနိုင်ငံများသို့ သဘောတူပေးရန် ဖိအားများနှင့်ရင်ဆိုင်ခဲ့ရသည်။

ဥရောပတလွှားရှိ စစ်တပ်များတွင် ထိုတင့်ကားများကို ပိုင်ဆိုင် ထားသော်လည်း ၎င်းတို့ပိုင် တင့်ကားများကို ယူကရိန်းသို့ပေးရန် ဂျာမနီ၏ သဘောတူညီချက် လိုအပ်သည်။ ကနဦးတွင် ဂျာမနီဘက်က ထိုသို့ ခွင့်ပြုပေးရန် တုန့်ဆိုင်းနေခဲ့သည်။

အမေရိကန်ကို ရည်ညွှန်းကာ ယူကရိန်း၏ ပင်မမဟာမိတ်များက သဘောတူမှသာလျှင် ထိုတင့်ကားများ ထောက်ပံ့ ပေးနိုင်မည်ဟု ပြောခဲ့သည်။

ယူကရိန်းသည် မိမိကိုယ် မိမိ ကာကွယ်ရန်နှင့် ထိုတင့်ကားများကြောင့် ယူကရိန်းသည် ရုရှားကို တိုက်ခိုက်ခြင်း သို့မဟုတ် ရုရှားနှင့်ပဋိပက္ခတွင် နေတိုးအဖွဲ့ပါ ပါဝင်လာရခြင်း စသည့် အခြေအနေ နှစ်ခုကြားတွင် ဟန်ချက်ညီစေ ရန် ဂျာမနီဘက်က ကြိုးစားခဲ့ခြင်း ဖြစ်သည်။

ရုရှားသမ္မတ ပူတင်က ယူကရိန်းကို ကျူးကျော်စစ်ပွဲ စတင်လိုက်ချိန်တွင် ဂျာမနီ၌ လုံခြုံရေးနှင့်ကာကွယ်ရေး မူဝဒါ ပြောင်းလဲမှုများ လုပ်ဆောင်မည်ဟု ဂျာမနီဝန်ကြီးချုပ်က ကတိပေးခဲ့သော်လည်း ထိုကတိသည် ယူကရိန်း နှင့် ပိုလန်၊ ဘောလ်တစ်နိုင်ငံများ အပါအဝင် ယူကရိန်း၏ ဥရောပမဟာမိတ်များအတွက် ကြန့်ကြာနေပုံရသည်။

ယူကရိန်းနဲ့အမေရိကန် ပါ၀င်တဲ့ Leopard 2 တင့်ကား ရရှိရေးဆွေးနွေးပွဲကျင်းပနေစဉ်

ထိုနိုင်ငံများသည် ရုရှားနှင့် တိုက်ရိုက် သို့မဟုတ် ဘယ်လာရုစ်၊ ယူကရိန်းတို့နှင့် နယ်စပ်ခြင်း ထိစပ်နေကြသည်။

ထို့နောက် ရုရှား၏ ကျူးကျော်မှုများသည် ၎င်းတို့အနီးသို့ ရောက်ရှိနေခြင်းနှင့် ယူကရိန်းပြီးလျှင် ပူတင် အနေဖြင့် ၎င်းတို့ဘက် လှည့်လာမည်ကို စိုးရိမ်နေကြသည်။

ထို့ကြောင့် ၎င်းတို့နိုင်ငံအတွင်းရှိ Leopard တင့်ကားများကို ယူကရိန်းသို့ပေးရန် ဂျာမနီထံမှ ခွင့်ပြုချက်ကို တောင်းခံနေကြခြင်း ဖြစ်သည်။ သို့သော် ဂျာမနီ ဝန်ကြီးချုပ်တွင်လည်း စိုးရိမ်မှုများ ရှိနေသည်။

ခွင့်ပြုလိုက်ခြင်းက ယူကရိန်းစစ်ပွဲကို ပို၍ ပြင်းထန်လာစေမည်နှင့် နျူကလီးယား လက်နက်အထိ သုံးမည်ဟု နှပ်ကြောင်းပေးထားသော ရုရှားသမ္မတပူတင်ကို ရန်စပေးသကဲ့သို့ ဖြစ်လာမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်၏ SPD ပါတီတွင် စစ်ဆန့်ကျင်ရေး ခိုင်မာသော သမိုင်းကြောင်း ရှိနေခြင်း၊ ရုရှားနှင့်နီးကပ်သော ဆက်ဆံရေးရရှိအောင် ဆောင်ရွက်ခဲ့ခြင်း စသည့် အချက်များကလည်း ရှလို့ဇ်ကို လွယ်လွယ်နှင့် ခွင့်ပြုပေးရန် အကန့်အသတ် ဖြစ်စေသည်။

Leopard 2 တင့်ကားများကို အလိုရှိနေသော ယူကရိန်းသမ္မတ ဇာလန်းစကီးကတော့ ထိုတင့်ကားများသည် ယူကရိန်းနိုင်ငံ ကာကွယ်ရေးအတွက်သာ ဖြစ်ကြောင်း၊ ရုရှားတို့ လုယူထားသော နယ်မြေများကို ပြန်သိမ်းရန် အတွက် ဖြစ်ကြောင်းနှင့် ရုရှားကို တိုက်ရိုက် တိုက်ခိုက်ရန်အတွက် မဟုတ်ကြောင်း ထပ်ခါထပ်ခါ အာမခံခဲ့ရ သည်။

ဘာကြောင့် ယူကရိန်းဘက်က Leopard တင့်ကားများကို လိုချင်ရပါသလဲ
************************************************************************

ဂျာမနီအစိုးရဘက်က ထုတ်ပြန်သော ကြေညာချက်တွင် ပထမခြေလှမ်းအဖြစ် ယူကရိန်းသို့ Leopard 2 တင့်ကား ၁၄ စီး ထောက်ပံ့ပေးမည်ဟု ဖော်ပြထားသည်။

ဂျာမနီတွင် ယူကရိန်းစစ်သားများကို လေ့ကျင့်ပေးခြင်းအား မကြာခင် စတင်တော့မည်ဖြစ်ကာ သယ်ယူပို့ဆောင် ရေး အကူအညီများနှင့် ခဲယမ်းများလည်း ပါဝင်သည်။ Leopard 2 တင့်ကားများသည် အနောက်အုပ်စုတွင် အကောင်းဆုံး တင့်ကားစာရင်းဝင်ဖြစ်သည်။

ယင်းတို့ကို ဂျာမနီကာကွယ်ရေးကုမ္ပဏီ Krauss-Maffei Wegmann က ၁၉၇၈ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ယနေ့အထိ ၃၅၀၀ ကျော် တည်ဆောက်ခဲ့ပြီး ဖြစ်သည်။

ထိုတင့်ကား တစ်စီးသည် တန် ၆၀ ကျော် အလေးချိန် ရှိသည်။ ၁၂၀ မမ လက်နက်တစ်ခု ပါဝင်ကာ ၅ ကီလိုမီတာ အတွင်းမှ ပစ်မှတ်များကို ပစ်နိုင်သည်။

ဂျာမနီဝန်ကြီးချုပ် အိုလပ်ဇ်ရှလို့ကိုတွေ့ရစဉ် 

အရာဝတ္တု တစ်ခု၏ အကွာအဝေးကို တိုင်းတာနိုင်သော လေဆာကိရိယာ တပ်ဆင်ထားသောကြောင့် ကြမ်းတမ်း သော မြေပြင် အနေအထားတွင် သွားနေရင်းနှင့်ပင် ရွေ့လျားနေသော ပစ်မှတ်များကို ချိန်ရွယ်နိုင်သည်။

လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၂၀ ခန့်က Leopard 2 တင့်ကားများကို ပိုင်ဆိုင်ထားသည်။ ထိုနိုင်ငံများမှ တချို့က ၎င်းတို့ စစ်တပ်အတွင်း အသုံးပြုနေသော တင့်ကားများကို ယူကရိန်းသို့ ထောက်ပံ့ပေးနိုင်ကာ ယူကရိန်း စစ်တပ် အတွက်လည်း တင့်ကားများကို ထိန်းသိမ်းခြင်း၊ တပ်သားများကို လေ့ကျင့်ပေးခြင်းတို့ လုပ်ရန် ပို၍ လွယ်ကူ စေမည် ဖြစ်သည်။
Leopard 2 ကို ပိုင်ဆိုင်ထားသော နိုင်ငံများတွင် ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ နယ်သာလန်၊ နော်ဝေ၊ သြစတြးလျ၊ ပိုလန်၊ စပိန်၊ ဆွီဒင်နှင့် တူရကီတို့ ပါဝင်သည်။

Leopard တင့်ကားမည်မျှ ရရှိနိုင်မည်နည်း
******************************************

Leopard 2 သည် အနောက်အုပ်စုတွင် အသုံးများသော တင့်ကား အမျိုးအစားများထဲမှ တစ်ခုဖြစ်သော်လည်း စစ်အေးတိုက်ပွဲ ပြီးဆုံးပြီး ဆယ်စုနှစ် သုံးခုအကြာတွင် အနောက်အုပ်စု နိုင်ငံများအတွင်း၌ တင့်ကားနှင့်အခြားသော လက်နက်ကြီး အရေအတွက် အနည်းငယ်သာ ကျန်ရှိတော့သည်။

ကွန်မြူနစ်ဝါဒ ကျဆုံးပြီးချိန် ကတည်းက နိုင်ငံအများစုသည် ၎င်းတို့၏ စစ်တပ်အင်အားကို သိသိသာသာ လျှော့ချ ခဲ့ကြသည်။ စစ်အေးတိုက်ပွဲ အရှိန်အမြင့်ဆုံး အချိန်တွင် ဂျာမနီ၌ တင့်ကား အစင်း ၄၀၀၀ ခန့်ရှိခဲ့သော်လည်း ယနေ့ အချိန်တွင်မူ Leopard 2 တင့်ကား ၃၅၀ ခန့်သာ ရှိတော့သည်ဟု ဂျာမနီစစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ပြောသည်။

ပူတင်ကို တွေ့ရစဉ်

ပိုလန်က ယူကရိန်းကို Leopard 2 ၁၄ စင်းအထိပေးရန် အဆင်သင့် ရှိသည်ဟု ပြောသည်။ ဖင်လန်ဘက်ကလည်း ဥရောပနိုင်ငံ အများစုကသာ ထောက်ပံ့မည်ဆိုလျှင် ၎င်းတို့အနေဖြင့် အနည်းငယ် ပါဝင်ကူညီမည်ဟု ပြောသည်။

နော်ဝေ အစိုးရသည်လည်း ၎င်းတို့ထံမှ တင့်ကားတချို့ကို ယူကရိန်းသို့ လှူရေးအတွက် စတင် စဉ်းစားနေပြီ ဖြစ် သည်။ ယူကရိန်းဘက်က အစင်း ၃၀၀ လိုချင်သည်ဟု တောင်းဆိုထားသော်လည်း ထိုအရေအတွက် ရရှိရန်မှာ မဖြစ်နိုင်ပေ။

ဥရောပနိုင်ငံများမှ အစင်းရေ ၁၀၀ ကျော်သာ ရရှိနိုင်ဖွယ်ရှိသည်။ ထို့အပြင် တင့်ကားအသစ် အရေအတွက် တိုး၍ ထပ်ထုတ်ရန်လည်း အဆောတလျှင် ဖြစ်လာနိုင်ဖွယ် ရှိချေ။ ဂျာမနီကာကွယ်ရေး ဥပဒေအရ ချက်ချင်း အသုံး မပြုဘဲ သိမ်းထားရန် ရည်ရွယ်ချက်ဖြင့် တင့်ကားများကို ထုတ်လုပ်ရန် ပိတ်ပင်ထားသည်။

ထို့ကြောင့် တင့်ကားအသစ် ထုတ်လုပ်မည့် နိုင်ငံများအနေဖြင့် နှစ်နှစ်မှ သုံးနှစ်အထိ စောင့်ရမည်ဖြစ်ကာ ထုတ်လုပ်ရေးပိုင်းတွင် အရှိန်မြှင့်တင် ဆောင်ရွက်လျှင်ပင် အနည်းဆုံး နှစ်နှစ်ခန့် ကြာနိုင်သည်ဟု ကျွမ်းကျင် သူများက ပြောသည်။

တင့်ကားတစ်စီးကိုတွေ့ရစဉ်

မည်သည့် တင့်ကားများ ရရှိနိုင်သလဲ
***********************************

ဗြိတိန်ဘက်က ယူကရိန်းကို ၎င်းတို့၏ Challenger 2 တင့်ကား ၁၄ စင်း ထောက်ပံ့ပေးမည်ဟု ကတိပြုထား သည်။ ယူကရိန်းတပ်ဖွဲ့များကိုလည်း လေ့ကျင့်ပေးမည် ဖြစ်သည်။ အမေရိကန်ဘက်ကလည်း ၎င်းတို့၏ Abrams တင့်ကား အစင်း ၃၀ အပြင် တခြားသော ယာဉ်များကို ယူကရိန်းသို့ ထောက်ပံ့ပေးရန် ကတိပေးထားသည်ဟု Washington Post သတင်းတွင် ဖော်ပြသည်။

သို့သော် တင့်ကားများကို စစ်မြေပြင်သို့ ပို့ဆောင်ရေး အပါအဝင် ကျယ်ပြန့်ရှုပ်ထွေးသော ထိန်းသိမ်းရေးနှင့် နည်းပညာမြင့်ယာဉ်များ လိုအပ်ချက် ရှိနေခြင်း စသည့် ထောက်ပံ့ပို့ဆောင်ရေး အခြေအနေများကြောင့် အနောက်အုပ်စု၏ ခေတ်မီ တင့်ကားများကို ယူကရိန်းစစ်မြေပြင်တွင် အချိန်တိုအတွင်း တွေ့ရှိနိုင်ဦးမည် မဟုတ်ပေ။

Source: MSN

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဆိုမာလီးယားရှိ ISIS အဖွဲ့ခေါင်းဆောင်ကို အမေရိကန်က သုတ်သင်ရှင်းလင်း

By CNI
CNI
Category: Watch TV
Hits: 603

Share
Tweet
Share
Share
powered by social2s

အီရန်ရှိ အဇာဘိုင်ဂျန်သံရုံးပစ်ခတ်ခံရမှုသည် နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုကို မြင့်တက်စေ

By CNI
CNI
Category: Watch TV
Hits: 559

Share
Tweet
Share
Share
powered by social2s

ထိုင်းကိုပြန်လာရန် သက်ဆင် နည်းလမ်းရှာဖွေနေဟု သမီးဖြစ်သူပြော

By CNI
CNI
Category: Watch TV
Hits: 517

Share
Tweet
Share
Share
powered by social2s

မြန်မာ့စစ်‌ရေး ပိုပြင်းထန်လာနိုင်ဟု ဦးဖေသန်းပြော

By CNI
CNI
Category: Watch TV
Hits: 523

Share
Tweet
Share
Share
powered by social2s

လူမှုစီးပွား မြှင့်တင်ရေး နစကဥက္ကဋ္ဌ ဘာပြောလဲ

By CNI
CNI
Category: Watch TV
Hits: 836

Share
Tweet
Share
Share
powered by social2s

ဘာကီနာဖာဆိုရှိ သံအမတ်နှင့် တပ်ဖွဲ့ဝင်များကို ပြင်သစ်ပြန်ခေါ်

By CNI
CNI
Category: Watch TV
Hits: 476

Share
Tweet
Share
Share
powered by social2s

၂၀၂၄ အိုလံပစ်ပြိုင်ပွဲကို ယူကရိန်း သပိတ်မှောက်နိုင်တယ်လို့ ပြော

By CNI
CNI
Category: Watch TV
Hits: 488

Share
Tweet
Share
Share
powered by social2s

အနောက်အုပ်စု၏ တင့်ကားထောက်ပံ့မှုကို ရုရှားအရေးမစိုက် တိုက်ခိုက်မှုအသစ်လုပ်

By CNI
CNI
Category: Watch TV
Hits: 539

Share
Tweet
Share
Share
powered by social2s
NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက PDF ရဲဘော်ကို လက်နက်ပေးအပ်နေစဉ်

မြန်မာ့စစ်‌ရေး ပိုပြင်းထန်လာနိုင်ဟု ဦးဖေသန်းပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1487

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေသော စစ်ရေး အပြောင်းအလဲမှာ ပိုမိုပြင်းထန်လာနိုင်ကြောင်း ရခိုင်နိုင်ငံရေး သမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော် အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကိုယူကာ နိုင်ငံရေးလောကမှ ထွက်ခွာ ပါက ဂုဏ်သိက္ခာရှိသည့် အဖွဲ့အစည်း ဖြစ်လာမည်ဟု ၎င်းက ပြောသည်။

ဦးဖေသန်းက “မြန်မာ့နိုင်ငံရေး အလဲအပြောင်းကတော့ ဒီအချိန်မှာတော့ အကုန်လုံးက အနှေးနဲ့အမြန် ဖြစ်လာ မယ်လို့ ကျနော်တို့ ထင်တာပေ့ါနော်၊ စစ်ကောင်စီက နိုင်ငံရေးအရရော၊ စစ်ရေးအရရော ထွက်ပေါက်ကျဉ်းလာ တယ်ပေါ့၊ တဖြည်းဖြည်း အဲဒါလည်း ကိုယ့်ထွက်‌ပေါက် ကိုယ်ပိတ်နေတာပေါ့နော်၊ သူ့အနေနဲ့ အမှန်က ကိုယ့်ရဲ့ မူလ တာဝန်ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ကို ယူပြီးတော့ နိုင်ငံရေးလောက-က သူ့အနေနဲ့ စွန့်ခွာလိုက်မယ်ဆိုရင် မြန်မာစစ်တပ်အနေနဲ့ ဂုဏ်သိက္ခာရှိပြီးတော့ ပြည်သူချစ်ခင်တဲ့ တပ်မတော် ပြန်ဖြစ်လာ မယ်၊ အဲဒီလို မဟုတ်ဘဲနဲ့ သူ့အနေနဲ့ နိုင်ငံရေးထဲကို စွတ်အတင်းပါဝင်ဖို့ ကြိုးစားနေတယ်ဆိုတာကိုက သူ့အနေနဲ့ ကိုယ့်ရဲ့ထွက်ပေါက်ကို ကိုယ်ပိတ်နေတာပေါ့နော်၊ ကိုယ့်ရဲ့သံသရာပေါ့၊ စစ်ရေးသံသရာ၊ နိုင်ငံရေးသံသရာထဲမှာ သူကျင်လည်ဖို့ ပိုပြီးတော့ ကိုယ့်ဟာကို အချိန်ဇယားဆွဲပြီး‌တော့ ကိုယ့်ဟာကို အကွက်ရှာပြီးတော့ ဖန်တီးနေသလို ဖြစ်တာပေါ့၊ အဲဒါကြောင့် ဒီစစ်ရေး အလဲအပြောင်းကတော့ တဖြည်းဖြည်း ပိုပြီးပြင်းထန်လာမယ်၊ တပ်မတော် အနေနဲ့လည်း တဖြည်းဖြည်း ဒီနိုင်ငံရေးလောက-က၊ စစ်ရေးလောက-က မထွက်တော့ဘဲနဲ့ ပိုပိုပြီးတော့ တွယ်ကပ် လာမှာပေါ့၊ ပိုပိုပြီး‌တော့ တွယ်ကပ်လာမယ်၊ ပြည်သူကိုလည်း ပိုပိုပြီးတော့ ဖိနှိပ်လာမယ်ပေါ့” ဟု CNI သတင်း ဌာနသို့ ပြောသည်။

တောင်ပိုင်းစစ်ဒေသ တပ်ဖွဲ့က ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်

၂၀၂၃ ခုနှစ်သည် နွေဦးတော်လှန်ရေး၏ အဆုံးသတ် တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ် ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က ပြောကြားထားသည်။

လက်ရှိမှာလည်း မြန်မာ့တပ်မ‌တော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာနေသည်။ ထိုတိုက်ပွဲသည် မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းကို တစ်စုံ တစ်ရာ အကျိုးသက်ရောက်လာနိုင် သလားဆိုပြီး သုံးသပ်မှုများလည်း ရှိနေသည်။

တိုက်ပွဲအရှိန် မြင့်လာသည့်အတွက် နိုင်ငံရေးဆွေး‌နွေးရန် အခွင့်အလမ်း နည်းပါးသွားကြောင်း သေနင်္ဂမဟာဗျူ ဟာ လေ့လာရေးအဖွဲ့မှာ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါက‌တော့ သာမန်အားဖြင့် တွေးရင်‌‌တော့ တိုက်ပွဲအရှိန် မြင့်လာလေလေ၊ ဒီနိုင်ငံရေး ဆွေးနွေးဖို့ အတွက်က အခွင့်အလမ်း နည်းနည်းတော့ အခက်အခဲ ရှိနေတာပေါ့နော်၊ အရင်က ဆွေး‌နွေးနေကြ ပုံမှန် လမ်း ကြောင်း ထက်‌တော့ နည်းနည်းလေး ပိုကျပ်သွားတဲ့ ဟာမျိုး‌တော့ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ တကယ်တမ်းက ဒီကရင်တို့ ဘာတို့ဘက်မှာလည်း သူက အဖွဲ့တွေက သဘောထားတွေက အကုန်လုံးအတူတူ ရှိကြတာ မဟုတ် ဘူးဆို‌တော့ တကယ်တမ်း ငြိမ်းချမ်းရေးအတွက် မှန်မှန်ကန်ကန်သွားမယ်၊ တကယ်ကို ငြိမ်းချမ်းရေး လိုချင်တယ် ဆိုတဲ့ အဖွဲ့တွေ အတွက်က‌တော့ အခွင့်အလမ်းက ရှိနေမှာပါ၊ လက်နက်ကိုင် လမ်းစဉ်ကို ပိုရွေးချယ်ပြီး သဘော ထား တင်းမာတဲ့ အဖွဲ့တွေ အတွက်ကတော့ နည်းနည်း ဆွေးနွေးဖို့ ပိုခက်မယ်လို့ ထင်ပါတယ်၊ အခွင့်အလမ်း လုံးဝ ပျောက်သွားတာတော့ မဟုတ်နိုင်ဘူး၊ ဒါပေမဲ့ အရင်ကထက် စာရင်‌တော့ နည်းနည်းလေး ပိုအေးစက်သွားတဲ့ ပုံစံ မျိုးတော့ ရှိမှာပေါ့၊ KNU ကိုယ်တိုင်ကိုယ်က ဒီငြိမ်းချမ်းရေးဘက်သွားချင်တဲ့ လမ်းကြောင်းနဲ့ ဒီလက်နက်ကိုင် လမ်း စဉ်ဘက်ကို ပိုပြီးတော့ အားသာတဲ့ဘက်က သူတို့ဆီမှာလည်း နှစ်ဖက်က ကွဲနေတာကိုး၊ အဲဒီတော့ ငြိမ်းချမ်းရေး သမားတွေ အတွက်ကတော့ အခွင့်အရေးကတော့ ရှိနေဦးမှာပါ၊ အဓိကတော့ ဘယ်လောက်အထိ ကျနော်တို့ ပူး‌ပေါင်း ဆောင်ရွက်မှုတွေ လုပ်နိုင်မလဲ၊ ဆွေးနွေးမှုတွေ လုပ်နိုင်မလဲ ဒီအပေါ်မှာပဲ မူတည်ပြီးတော့ ရလဒ်တွေ ထွက်လာပါလိမ့်မယ်” ဟု ပြောသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ နစကရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် တွေ့ဆုံစဉ်  

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် KIA၊ KNU၊ KNPP၊ CNF၊ PDF ပူးပေါင်းတပ်တို့အကြား ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်။

တခြားတစ်ဖက်မှာတော့ နစကနှင့် RCSS၊ ALP၊ PNLO၊ LDU၊ NMSP၊ DKBA၊ KNU/KNLA-PC၊ UWSA၊ NDAA၊ SSPP တို့ကြား ငြိမ်းချမ်းရေးလုပ်ငန်းများနှင့် မြန်မာ့နိုင်ငံရေး အခြေအနေများကို တွေ့ဆုံ ဆွေးနွေးလျက်ရှိနေကြ သည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20

Page 16 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar