CNI International News

ဘာလင်၊ဇန်နဝါရီ ၃၀

ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တယ်လီဖုန်း အဆက်အသွယ် ဆက်လုပ်သွားမည်ဟု ဂျာမနီ ဝန်ကြီးချုပ် အိုလပ်ဇ်ရှလော့ဇ် (Olaf Scholz) ကယူဆကြောင်း TASS သတင်းတွင်ဖော် ပြသည်။

တစ်ဖက်နှင့် တစ်ဖက် ပြောဆို ဆက်သွယ်ရန် လိုအပ်လာမည်ဆိုလျှင် ပူတင်နှင့် တယ်လီဖုန်း ပြောဆိုမှု လုပ်ဆောင် သွားမည်ဟု Der Tagesspiegal နှင့် အင်တာဗျူးတွင် ရှလော့ဇ်က ပြောခဲ့သည်။

ယူကရိန်း အရေးနှင့်ပတ်သက်၍ နှစ်ဖက် အမြင်ခြင်း လုံးဝကွဲပြားနေသော်လည်း ထိုကဲ့သို့ ဆက်သွယ်မှု လုပ်ဆောင်ရမည်ဆိုလျှင် ရိုင်းရိုင်းပြပြ ပြောဆိုသွားမည် မဟုတ်ကြောင်းလည်း ဂျာမနီဝန်ကြီးချုပ်က ပြောသည်။

ပူတင်နဲ့ အိုလပ်ဇ်ရှလော့ဇ်ကိုတွေ့ရစဉ်

ယူကရိန်းတွင် ပြုလုပ်လျက်ရှိသော ရုရှား၏ အထူးစစ်ဆင်ရေးကိုလည်း လုံးဝအဓိပ္ပါယ်မရှိသော စစ်ပွဲဟု ရှလော့ဇ်က သုံးနှုန်းသည်။

အကျဉ်းသား လဲလှယ်မှု၊ ပြောင်းစေ့တင်ပို့မှုနှင့် ဇာပိုရိုဇီရီ (Zaporozhye) နျူကလီးယား စွမ်းအင်စက်ရုံ စသည် တို့နှင့်ပတ်သက်၍ ပြောဆို ဆက်သွယ်သွားမည်ဟု ရှလော့ဇ်က ပြောသည်။

ယခုကဲ့သို့ ဆိုးရွားသော အခြေအနေမှ ကမ္ဘာကြီးကို ဆွဲထုတ်ရန် နည်းလမ်းအဖြစ် ပုံမှန်အတိုင်း ဆက်သွယ်မှုများ ပြန်လုပ်ဖို့ အရေးကြီးကြောင်း၊ ထိုကဲ့သို့ အခြေအနေများအတွက် ရုရှားတပ်များ ပြန်ဆုတ်ရန်ပင် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ဂျာမနီ ဝန်ကြီးချုပ်နှင့် ရုရှားသမ္မတတို့သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့တွင် နောက်ဆုံးအဖြစ် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှု လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

Source: တာ့စ်