CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

တရုတ်သည် ရုရှားသို့လက်နက်များ ထောက်ပံ့ရန် စီစဉ်နေသည်ဟု ဘလင်ကန် သတိပေး

By CNI
CNI
Category: Watch TV
Hits: 825

Share
Tweet
Share
Share
powered by social2s

ကချင်ပြည်နယ်ရှိ SNDP ပါတီကို ရွေးကောက်ပွဲ မဝင်ရန် KIA သတိပေး

By CNI
CNI
Category: Watch TV
Hits: 835

Share
Tweet
Share
Share
powered by social2s
ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်

ထိပ်ဆုံး ၂ သင်းကို လိုက်မှီဖို့ ယူနိုက်တက် နီးစပ်နေပြီလို့ ရက်ရှ်ဖို့ဒ်ပြော

By CNI
CNI
Category: အားကစား
Hits: 979

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

ရက်ရှ်ဖို့ဒ်က ယူနိုက်တက်အသင်းဟာ လက်စတာအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီးနောက် ပရီးမီးယား လိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာရှိနေတဲ့ အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ကို လိုက်မှီဖို့ နီးစပ်နေပြီလို့ ပြောလိုက်ပါတယ်။

ရက်ရှ်ဖို့ဒ်က “ကျနော်တို့ နီးစပ်နေပေမယ့် အရှေ့မှာရှိနေတဲ့ အသင်းနှစ်သင်း စလုံးက အသင်းကောင်းတွေဖြစ်ပြီး ဘောလုံးကစားတာလည်း ကောင်းပါတယ်။ ကျနော်တို့ကတော့ ကိုယ့်ကိုယ်ကို အာရုံစိုက်ရမှာပါ။ ပြီးရင်တော့ ကျနော်တို့ လုပ်နိုင်တဲ့ အရာတွေ အားလုံး လုပ်ဆောင်ပြီး ရမှတ်တွေ ဆက်တိုက် ယူနေရာမှာပါ”လို့ Sky Sports ကို ပြောခဲ့တာပါ။

လက်စတာအသင်းကို အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်အတွက် ဂိုးတွေကို ရက်ရှ်ဖို့ဒ်က ၂ ဂိုးနဲ့ ဆန်ချိုက ၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီပွဲ အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေပြီး အဆင့် ၂ နေရာက မန်စီးတီးအသင်းနဲ့ ၃ မှတ်၊ အဆင့် ၁ နေရာက အာဆင်နယ် အသင်းနဲ့ ၅ မှတ်သာ ကွာဟတော့တာပါ။

ယူနိုက်တက်အသင်းသားများကိုတွေ့ရစဉ်

ရက်ရှ်ဖို့ဒ်အတွက်တော့ ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာဟာ အိုးထရက်ဖို့ဒ်မှာ ၇ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင် ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီပြိုင်ပွဲစုံ သွင်းဂိုး ၂၄ ဂိုးအထိ ရှိထားပြီဖြစ်ပါတယ်။

ဒါဟာ အင်္ဂလန်တိုက်စစ်မှူးရဲ့ အကောင်းဆုံးရာသီ ဖြစ်လာခဲ့ပြီး အရင်အကောင်းဆုံး ရာသီအဖြစ် သတ်မှတ် ထားတဲ့ ၂၀၁၉-၂၀ ရာသီ သွင်းဂိုးထက် ၂ ဂိုး အသာရခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင် ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားအပြီး ကစားခဲ့တဲ့ ယူနိုက်တက်အသင်းအတွက် ၁၇ ပွဲမှာ ၁၆ ဂိုးအထိ သွင်းယူ နိုင်ခဲ့တာပါ။ ယူနိုက်တက် ပရိသတ်တွေကတော့ ရက်ရှ်ဖို့ဒ်အနေနဲ့ အခုပုံစံအတိုင်း ဆက်ပြီး ခြေစွမ်းပြသနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ရက်ရှ်ဖို့ဒ်က “ဒါဟာ ရာသီရဲ့ အစောပိုင်းပဲ ရှိသေးတာဖြစ်ပြီး မတူညီတဲ့ အရာတွေ အများကြီးအတွက် ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။ ကျနော်တို့ဟာ ဒီတစ်ပတ်အတွင်းမှာ ဘာစီလိုနာအသင်းနဲ့ ပွဲကြီးပွဲကောင်း ကစားဖို့ ရှိနေပြီး ယူရိုပါလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ပါတယ်။ ပြီးရင်တော့ နောက်ထပ် ပွဲကြီးတစ်ပွဲဖြစ်တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်မှာ ဘာစီလိုနာအသင်းနဲ့ ယူရိုပါလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ ပွဲစဉ် ကစားရမှာဖြစ်ပြီး ပထမအကျော့အဖြစ် ကစားခဲ့တုန်းက ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲအပြီးမှာ နယူးကာဆယ်နဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယားဒုံးကျည်နဲ့ အမေရိကန်ဗုံးကြဲလေယာဉ်ကိုတွေ့ရစဉ်(AP)

မြောက်ကိုရီးယားမှ ခြိမ်းခြောက်မှုအသစ်လုပ်၊ အမေရိကန်က ဗုံးကြဲလေယာဉ်ပျံသန်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1151

CNI International News

ဆိုးလ်၊ ဖေဖော်ဝါရီ - ၂၀

မြောက်ကိုရီးယားအစိုးရသည် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်(ICBM)စမ်းသပ် ပစ်လွှတ်ခြင်းဖြင့် ခြိမ်းခြောက်မှု အသစ်များ ပြုလုပ်ခဲ့သလို အမေရိကန်ကလည်း ဗုံးကြဲလေယာဉ်များ ပျံသန်းခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံး လုပ်ဆောင်ခဲ့သည့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) စမ်းသပ် ပစ်လွှတ်မှုများသည် နိုင်ငံ၏ နျူကလီးယား တိုက်ခိုက်မှု လုပ်ဆောင်နိုင်စွမ်းကို ထပ်မံမြှင့်တင်မှုဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ပြောသည်။

မကြာခင်လုပ်မည့် အမေရိကန်၊ တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုနှင့်ပတ်သက်၍ နောက်ထပ် ပြင်းထန် သော ဆောင်ရွက်ချက်များ ချမှတ်သွားမည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ကြောင်း အေပီ သတင်းတွင် ဖော်ပြသည်။

တောင်ကိုရီးယား၊ ဂျပန် စသော နိုင်ငံများနှင့် သီးခြား စစ်ရေး လေ့ကျင့်မှုအဖြစ် အမေရိကန်ဘက်ကလည်း အသံထက်မြန်သော ဗုံးကြဲလေယာဉ်များကို ပျံသန်းပြခြင်းဖြင့် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တနင်္ဂနွေနေ့ နှောင်းပိုင်းတွင် တုန့်ပြန်ခဲ့သည်။

ကိုရီးယား စစ်ပွဲ အဆုံးသတ်ရန် ဆုတောင်းထားကြစဉ်(AP)

မြောက်ကိုရီးယားသည် စနေနေ့တွင် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ စမ်သပ် ပစ်လွှတ်မှုကို လုပ်ဆောင်ခဲ့သည်။

ထိုပစ်လွှတ်မှုက ယခုနှစ်အတွက် ပထမဆုံးလည်း ဖြစ်သည်။

မြောက်ကိုရီးယားသည် ရန်ဘက်နိုင်ငံများ၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို အသုံးချပြီး ၎င်းတို့၏ နျူကလီးယား လက်နက် အင်အားကို တိုးချဲ့ရန်၊ အမေရိကန်နှင့် အနာဂတ် ဆွေးနွေးမှုများတွင် အသာစီးရရန် ဆောင်ရွက်ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားအနေဖြင့် ICBM များ ပါဝင်သည့် ပုံမှန်စစ်ရေး လေ့ကျင့်မှုများကို လုပ်ဆောင်လာနိုင်သည်ဟု လေ့လာသူတစ်ဦးက သုံးသပ်သည်။

Hwasong-15 ICBM များ စမ်းသပ်မှုကို ကင်မ်ဂျုံအန်၏ တိုက်ရိုက်အမိန့်အရ ကြိုတင် စီစဉ်ထားခြင်း မရှိဘဲ ရုတ်တရက် လုပ်ဆောင်ခဲ့ခြင်းဟု နိုင်ငံပိုင် KCNA သတင်းတွင် ဖော်ပြထားသည်။

စနေနေ့ စမ်းသပ်မှုသည် လက်နက်၏ စိတ်ချရမှု၊ နျူကလီးယားတပ်ဖွဲ့၏ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်မှုတို့ကို စမ်းသပ်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းလည်း သတင်းအရ သိရသည်။

အမေရိကန်- ရုရှား အကွာအဝေးကို ပြသထားစဉ် (AP)

စမ်းသပ်ခဲ့သော ဒုံးကျည်သည် အမြင့်ပေ ၅၇၇၀ ကီလိုမီတာသို့ ပျံ့တက်ခဲ့ပြီး ၆၇ မိနစ်အတွင်း ၉၉၀ ကီလိုမီတာ ပျံသန်းခဲ့ကာ ကိုရီးယားကျွန်းဆွယ်နှင့် ဂျပန်တို့ကြား ရေပြင်ရှိ သတ်မှတ်ထားသော ပစ်မှတ်ကို တိတိကျကျ ထိမှန် ခဲ့သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

အိမ်နီးချင်း နိုင်ငံများကို မထိလိုက်စေရန် ဒုံးကျည်ကို ထောင်လိုက် ပျံသန်းစေခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားဘက်က ထုတ်ပြန်သော သတင်းများသည် အိမ်နီးချင်းများ ရရှိထားသော သတင်းများနှင့် အကြမ်းအားဖြင့် ကိုက်ညီလျက်ရှိသည်။

သတ်မှတ်စံညွှန်းများအတိုင်း ပစ်ခတ်မည်ဆိုလျှင် မြောက်ကိုရီးယား၏ ဒုံးကျည်သည် သဘောတရားအရ အမေရိကန်သို့ပင် ရောက်ရှိလာနိုင်ဖွယ် ရှိနေသည်ဟု ယင်း၏ အိမ်နီးချင်းများက ခန့်မှန်းထားခြင်း ဖြစ်သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

တောင်ကိုရီးယားနဲ့အမေရိကန်ကို မမျှော်လင့်နိုင်သည့် တုန့်ပြန်မှုများလုပ်မည်ဟု မြောက်ကိုရီးယား ပြော

By CNI
CNI
Category: Watch TV
Hits: 795

Share
Tweet
Share
Share
powered by social2s

အင်အားကြီးနိုင်ငံများက ဒီမိုကရေစီကို အကြောင်းပြ၍ ပြည်တွင်းရေးစွက်ဖက်နေဟုပြော

By CNI
CNI
Category: Watch TV
Hits: 788

Share
Tweet
Share
Share
powered by social2s

မိုဒီ အင်အားနည်းလာမည်ဟု ပြောသည့် ဆိုးရော့စ်ကို BJP ပါတီတုန့်ပြန်

By CNI
CNI
Category: Watch TV
Hits: 727

Share
Tweet
Share
Share
powered by social2s

ရုရှားသည် ဆိုဗီယက်နိုင်ငံဟောင်းများပါ ပစ်မှတ်ထားလာနိုင်ကြောင်း ယူကရိန်းသမ္မတ သတိပေး

By CNI
CNI
Category: Watch TV
Hits: 735

Share
Tweet
Share
Share
powered by social2s

ဗမာပြည်နယ် ဖွဲ့စည်းဖို့ ဖြစ်နိုင်လား

By CNI
CNI
Category: Watch TV
Hits: 698

Share
Tweet
Share
Share
powered by social2s
ရုရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာဇတ်ဟာရိုဗာကို တွေ့ရစဉ်

ယူကရိန်းပဋိပက္ခတွင် နေတိုး၏ပါဝင်မှုမှာ အမြင့်ဆုံးတွင်ရှိနေဟု ရုရှားပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1139

CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၁၈

ယူကရိန်းပဋိပက္ခအတွင်း နေတိုးနိုင်ငံများ၏ ပါဝင်ပတ်သက်မှုမှာ အမြင့်ဆုံး အခြေအနေ၌ ရှိနေကြောင်း ရုရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇတ်ဟာရိုဗာက သောကြာနေ့တွင် ပြောကြားခဲ့သည်ဟု တာ့စ် သတင်းတွင် ဖော်ပြထားသည်။

“နေတိုးအဖွဲ့ဝင် နိုင်ငံများသည် ယူကရိန်းပဋိပက္ခနှင့် မသိသယောင်၊ အပြစ်ကင်းယောင် ဟန်ဆောင်နေကြောင်း၊ ၎င်းတို့၏ ပါဝင်မှုမှာ အမြင့်ဆုံး အနေအထားတွင်ရှိကြောင်း၊ ၎င်းတို့သည် ရန်စသော အပြုအမှုများကို နှစ်ပေါင်း များစွာ လုပ်ဆောင်ခဲ့ကြောင်းနှင့် လက်ရှိတွင် ယူကရိန်းအစိုးရကို ချုပ်ကိုင်နေကြကြောင်း၊ အားလုံးသည် ဆက်စပ် နေကြောင်း” ဇတ်ဟာရိုဗာက ပြောသည်။

ယူကရိန်းသမ္မတဇာလန်းစကီးနဲ့ နေတိုး အထွေထွေအတွင်းရေးမှူးကိုတွေ့ရစဉ်

ရုရှားသည် ယူကရိန်းနှင့် ဗြိတိန်တို့ ပူးပေါင်းကာ အမြောက်နှင့်အခြား လက်နက်များ ထုတ်လုပ်မည် ဆိုသည့် အပြင် အခြားသော နေတိုးနိုင်ငံများသည် အလားတူ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ပူးတွဲထုတ်လုပ် နိုင်ဖွယ်ရှိသည် ဆိုသည့် သတင်းများအပေါ် အာရုံစိုက် ဆောင်ရွက်နေသည်ဟုလည်း သူမ၏ ပြောဆိုမှုတွင် ပါဝင်သည်။

အနောက်အုပ်စု၏ ငွေလုံးငွေရင်း အင်အား ကြီးကြီးမားမားသည် ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များ၊ စစ်ဆင်ရေး များ၏ နောက်ကွယ်တွင် ရှိနေသည်မှာ ထင်ရှားသည်ဟုလည်း သူမက ဆက်လက် ပြောဆိုသည်။

Source: တာ့စ်

 

 

 

 

Share
Tweet
Share
Share
powered by social2s

နိုင်ငံတွင်းသို့စစ်မီးပျံ့နှံ့လာမှသာ ရုရှားနှင့်အတူ တိုက်ခိုက်မည်ဟု ဘယ်လာရုစ်သမ္မတ ပြော

By CNI
CNI
Category: Watch TV
Hits: 692

Share
Tweet
Share
Share
powered by social2s
ယူကရိန်းသမ္မတ ဇာလန်းစကီးသည် မြူးနစ်လုံခြုံရေးညီလာခံကို ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားစဉ် (ဓါတ်ပုံ-ရိုက်တာ)

ရုရှားသည် ဆိုဗီယက်နိုင်ငံဟောင်းများပါ ပစ်မှတ်ထားလာနိုင်ကြောင်း ယူကရိန်းသမ္မတ သတိပေး

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 5040

CNI International News

မြူးနစ်၊ ဖေဖော်ဝါရီ ၁၈

ယူကရိန်းသည် ရုရှားကျူးကျော်မှု၏ နောက်ဆုံးနိုင်ငံမဟုတ်သည်မှာ ထင်ရှားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး (Volodymyr Zelenskyy) က ပြောကြားသည်ဟု Aljazeera သတင်းတွင်ဖော်ပြသည်။

ရုရှားတပ်ဖွဲ့များကို တိုက်ထုတ်ရေးအတွက် အထောက်အကူဖြစ်စေရန် အနောက်အုပ်စုမှ လက်နက်များ ပေးပို့ရာတွင် မကြန့်ကြာစေရန်မှာလည်း အရေးကြီးသည်ဟု ၎င်းက ပြောသည်။

အနောက်အုပ်စုက ယူကရိန်းသို့ တင့်ကားများပေးပို့ရန် ဆွေးနွေးနေချိန်တွင်ပင် ရုရှားသည် ယူကရိန်း အနောက်ဘက်ရှိ မော်ဒိုမာနိုင်ငံ(Moldova)အား ကျူးကျော်ရန် နည်းလမ်းများကို စဉ်းစားနေပြီဟုလည်း ၎င်းကပြောသည်။

သောကြာနေ့က မြူးနစ်လုံခြုံရေးညီလာခံသို့ ယူကရိန်းခေါင်းဆောင်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။ မော်ဒိုဗာနိုင်ငံသည် ယူကရိန်းနှင့်ရုရှားနိုင်ငံကြားတွင် တည်ရှိသည်။ ယင်းသည် ရုရှားနှင့်အနောက် အုပ်စုအားပြိုင်မှုတွင်လည်း ကြားညှပ်လျက် ရှိသည်။

ယူကရိန်းနိုင်ငံ အနောက်ဘက်တွင်တည်ရှိသည့် မော်ဒိုဗာနိုင်ငံ၏ တည်နေရာမြေပုံ

နိုင်ငံအရှေ့ပိုင်းတွင် ရုရှားဘက်မှ တပ်သား ၁၅၀၀ ချထားသည့် ရုရှားလိုးလား၍ ခွဲထွက်လိုနေသော ပြည်နယ် တစ်ခုကြောင့် မော်ဒိုဗာနိုင်ငံတွင်လည်း တင်းမာမှုများ မြင့်တက်လာလျက်ရှိသည်။ ရုရှားသည် မော်ဒိုဗာအစိုးရကို ဖယ်ရှားကာ နိုင်ငံ၏ ဥရောပနှင့်ပူးပေါင်းရေးကို တားဆီးနိုင်ရေး ၎င်းတို့အလိုကျ အသုံးတော်ခံမည့် တရားမဝင် အစိုးရတစ်ရပ်ကို တင်မြှောက်ရန် ကြံစည်နေသည်ဟု မော်ဒိုဗာ သမ္မတ မိုင်အီရာ ဆန်ဒူ (Maia Sandu) က တနင်္လာနေ့တွင် ပြောသည်။ ရုရှားသည် ယူကရိန်းစစ်ပွဲအတွက် နိုင်ငံအား အသုံးချရန် ကြံစည်နေသည်ဟုလည်း သူမက စွပ်စွဲသည်။

ကြန့်ကြာမှုများသည် အမြဲတမ်းရှိနေကာ၊ ယင်းသည် အမှားဖြစ်ကြောင်း ဇာလန်းစကီးက သောကြာနေ့ ညီလာခံ တွင်ပြောကာ လက်နက်ပို့ဆောင်မှုများကို အရှိန်မြှင့်တင် ဆောင်ရွက်ရန်တိုက်တွန်းခဲ့သည်။ ၎င်းသည် ထိပ်သီး နိုင်ငံရေးသမားများ၊ စစ်ဘက်အရာရှိများ၊ လုံခြုံရေးအရာရှိများနှင့် သံတမန်များတက်ရောက်သော လုံခြုံရေး ညီလာခံတွင် အဖွင့်မိန့်ခွန်း ပြောခဲ့သည်။

ထိုသို့ သတိပေးခဲ့စေကာမူ ယူကရိန်းစစ်ပွဲတွင် ရုရှားအနိုင်ရလိမ့်မည်ဟု မထင်ကြောင်းလည်း ယူကရိန်း သမ္မတက ပြောသည်။

Source:Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
တိုင်းရင်းသားလူမျိုးစု ကိုယ်စားပြု အလံများကိုင်၍ EAO ခေါင်းဆောင်များကို ကြိုဆိုနေကြစဉ်

ဗမာပြည်နယ် ဖွဲ့စည်းဖို့ ဖြစ်နိုင်လား

By CNI
CNI
Category: နိုင်ငံရေး
Hits: 2788

CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်‌ရေးမှာ ဗမာပြည်နယ်ဖွဲ့စည်းရေး ဆွေးနွေးမှုများ ရှိသည့်တိုင် ဗမာပြည်နယ်ဖွဲ့စည်းရန် ဖြစ်နိုင်ပါ့မလားဆိုသည့် မေးခွန်းထုတ်မှုများ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်း ကြားမှာ ထွက်ပေါ်လာခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်ခဲ့သည့် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားများ တန်းတူရေးအတွက် ဗမာပြည်နယ် ပေါ်ထွန်းရေးသည် အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ(NUCC)မှ ကိုယ်စားလှယ် လွေးပိုးငယ်မှ အကြံပြု ပြောကြားခဲ့သည်။
စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီးမှသာ ဗမာပြည်နယ် ဖွဲ့စည်းရေးကိစ္စများကို ညှိနှိုင်းဆွေး‌နွေးသင့်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာ လှကျော်ဇောက “ကျမ တိုင်းရင်းသား ခေါင်းဆောင် တစ်ယောက်ပြောတာ သိပ်သဘောကျတာ၊ သူပြောတာ ကျနော်တို့ရဲ့ အဓိက တာဝန်ကတဲ့ ဒီစစ်အာဏာရှင်စနစ်ကို ပြုတ်အောင် တိုက်ဖို့ပဲတဲ့၊ တိုက်ပြီးရင် ကျန်တာ ကျနော်တို့ မောင်နှမ အချင်းချင်းတွေတဲ့ ဖြေရှင်းလို့ ရပါတယ်။ ဒီကိစ္စတွေ ပြဿနာတက်နေတာ ဖက်ဒရယ် တို့၊ ဘာတို့ ဒါတွေဟာ ဒီစစ်တပ်က ပြည်တွင်းစစ်ကို ဖန်တီးပြီး ကတည်းက လူမျိုးစု အမျိုးမျိုးကွဲအောင် ပြည်တွင်းမှာရော၊ တောင်တန်းဒေသတွေ၊ လူမျိုးစုကြားတွေမှာရော သူတို့ လုပ်နေတာ ဒီကိစ္စပြီးသွားမှ ခုန တိုင်းရင်းသား ခေါင်းဆောင် တစ်ယောက် ပြောသွားတဲ့ မောင်နှမ အချင်းချင်း ဖြစ်တဲ့အတွက် ဖြေရှင်းလို့ရမှာပါ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့နှင့် နစကတို့ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ တန်းတူရေးအတွက် ဗမာပြည်နယ် ဖွဲ့စည်းရေး တင်ပြဆွေး‌နွေးခဲ့သော်လည်း နစကဘက်မှ လက်ခံသည့် အနေအထားမရှိကြောင်း သိရသည်။

တိုင်းရင်းသားလူမျိုးစု ကိုယ်စားပြု အလံများကိုင်၍ EAO ခေါင်းဆောင်များကို ကြိုဆိုနေကြစဉ်

အနာဂတ် ပြည်ထောင်စုအတွက် ဗမာပြည်နယ် ဖွဲ့စည်းရန် လိုအပ်ကြောင်း၊ ထို့အတူ ပင်လုံစာချုပ်ကို အကောင် အထည်ဖော်ရန် လိုအပ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ သဘောထားတွေကလည်း ဒီအတိုင်းပါပဲ။ ဗမာပြည်နယ်ဖွဲ့စည်းဖို့ လိုပါတယ်၊ အဓိက-ကတော့ ၈ ပြည်နယ်မူပေါ့ဗျာ၊ ဒါပေမဲ့ တခြားအမျိုးသားများ ပြည်နယ်လည်း ရှိလာရင်လည်း ရှိလာနိုင်တာပေါ့။ ကျနော်တို့ ပင်လုံစာချုပ်အရ သွားဖို့တော့ လိုအပ်ပါတယ်။ ဘယ်လိုနေရာမှာလဲ ဆိုတာက‌တော့ ဒါက‌တော့ ဘယ်လိုနေရာဆို တာက ယတိပြတ် ပြောဖို့တော့ ခက်ပါတယ်။ ဒါက ပြန်ပြီးမှ ညှိနှိုင်းရမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲရှိရှိ ပြည်မလို့ခေါ်တဲ့ နေရာတွေကတော့ အထူးသဖြင့် အများဆုံးကတော့ ဗမာပြည်နယ်ထဲမှာ ပါသွားပါ လိမ့်မယ်၊ ပေါင်းစု ပြည်ထောင်စုဆိုတဲ့ဟာမျိုး ဖက်ဒရယ်ဆိုတာက အဲဒီအတိုင်းပဲ သွားရမယ် ဒါမှမဟုတ်ဘူးဆိုရင် ပြည်နယ်တွေနဲ့ပဲ အခုက တိုင်းလည်းရှိနေတယ်၊ ပြည်နယ်လည်း ရှိနေတယ်ဆိုတော့ ဒီနှစ်ခုက ယူနစ်ချင်းက တူချင်မှ တူမှာကိုး၊ ဒါကြောင့်မို့လည်း ပြည်နယ်ယူနစ် တစ်ခုတည်းဖြစ်ပြီးမှ သွားဖို့က လိုတာပေါ့၊ ဒါမှလည်း စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားရမှာ” ဟု ပြောသည်။

ဗမာပြည်နယ် ဖွဲ့စည်းရေးအတွက် ဗမာလူထု လက်ခံခြင်း၊ လက်မခံခြင်းဆိုသည်မှာ ဗမာလူထုကို ကိုယ်စားပြု သည့် အဖွဲ့အစည်းအပေါ် မူတည်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာန သို့ ပြောသည်။

ဦးသာထွန်းလှက “ဒါကတော့က မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာမယ့် နိုင်ငံရေး အဖြေရှာမှု အပေါ်မှာ မူတည်လိမ့်မယ် ထင်တယ်၊ လောလောဆယ် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာကို ဘယ်လိုပုံစံ အဖြေရှာရမလဲ၊ အဲအပေါ် မှာသာ မူတည်လိမ့်မယ်လို့ ကျနော်တော့ အဲဒီလို မြင်တယ်လို့ပဲ ပြောချင်တယ်။ ဗမာလူထု လက်ခံနိုင်သလားဆို တာ ဗမာလူထုကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေရဲ့ သဘောထားက ဘယ်လိုရှိမလဲဆိုတော့က ကျနော်တို့ စောင့်ကြည့်မှရမယ်၊ ဒါပေမဲ့ ဒါကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာကို အဖြေရှာဖို့အတွက် စဉ်းစားချက် တစ်ခုတော့က ပြောလို့ရမယ်ထင်တယ်” ဟု ပြောသည်။

ဗမာပြည်နယ် ဖွဲ့စည်းရေးအတွက် တိုင်းရင်းသား အင်အားစုအချို့မှ တင်ပြမှုများ ရှိသလို အခြားတစ်ဖက်မှာလည်း ရှမ်းနီ၊ ပအိုဝ်း၊ တအာင်း (ပလောင်)နှင့် ‘ဝ’ တို့သည်လည်း ပြည်နယ်သစ်များ ဖွဲ့စည်း‌‌‌ပေးရန် တောင်းဆိုမှုများ ရှိနေသည်။

လက်ရှိ မြန်မာနိုင်ငံကို တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း ၁ ခု၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ ၁ ခု စသဖြင့် ဖွဲ့စည်းထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

မဏိပူရ သူပုန်နှစ်ဦး မြန်မာနိုင်ငံတွင် အသတ်ခံရ၊ နှစ်ဦးပျောက်ဆုံး

By CNI
CNI
Category: Watch TV
Hits: 693

Share
Tweet
Share
Share
powered by social2s

တပ်မတော်နှင့် AA တို့ အပစ်ရပ်သော်လည်း တိုက်ပွဲရှောင်များ နေရပ်မပြန်နိုင်သေး

By CNI
CNI
Category: Watch TV
Hits: 654

Share
Tweet
Share
Share
powered by social2s
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်(ဓါတ်ပုံ-အေအက်ဖ်ပီ)

နိုင်ငံတွင်းသို့စစ်မီးပျံ့နှံ့လာမှသာ ရုရှားနှင့်အတူ တိုက်ခိုက်မည်ဟု ဘယ်လာရုစ်သမ္မတ ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1849

CNI International News

မင့်ခ်၊ ဖေဖော်ဝါရီ ၁၇

တိုင်းပြည်သို့ ရန်လိုမှုများရှိလာချိန်မှသာ ရုရှားနှင့်အတူတကွ တိုက်ပွဲဝင်သွားမည်ဟု ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို (Alexander Lukashenko) က ကြေညာခဲ့ကြောင်း BelTA သတင်းတွင် ဖော်ပြသည်။

ယူကရိန်းမှ စစ်သားတစ်ဦး ဘယ်လာရုစ်နိုင်ငံတွင်းသို့ ရောက်ရှိကာ ဘယ်လာရုစ်ပြည်သူများကို သတ်ဖြတ် လာချိန်မှသာ ရုရှားနှင့်အတူ တိုက်ပွဲဝင်ရန် အဆင်သင့်ရှိနေပါသည်ဟု လူကာရှန်ကိုက ကြာသပတေးနေ့တွင် မီဒီယာများကို ပြောသည်။

ဘယ်လာရုစ်ကို ရန်လိုလာလျှင် ပြင်းထန်သော လက်စားခြေမှုကို လုပ်ဆောင်မည်ဟုလည်း ၎င်းက ပြောသည်။ ထိုအခြေအနေတွင် စစ်ပွဲသည် လုံးဝခြားနားသောအသွင်အပြင်သို့ ရောက်ရှိသွားမည်ဟုလည်း လူကာရှန်ကိုက သတိပေးသည်။ ယူကရိန်းသာမက အခြားအိမ်နီးချင်းများနှင့်လည်း သက်ဆိုင်မှုရှိပြီး ဘယ်လာရုစ်ပြည်သူများသည် ငြိမ်းချမ်းသော စိတ်ထားရှိကြောင်း လူကာရှန်ကိုက ပြောသည်။

အီတလီနိုင်ငံ မီလန်မြို့တွင်ပြုလုပ်သည့် ဆန္ဒပြပွဲတစ်ခု၌ ရုရှား-ယူကရိန်းစစ်ပွဲအရေးနဲ့ပတ်သက်ပြီး No War ဆိုသည့် ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်နေစဉ်(ဓါတ်ပုံ-Getty Images)

စစ်ကိုမလိုလားကြောင်း၊ ဘယ်လာရုစ်နိုင်ငံအတွင်း မည်သည့်ရန်လိုမှုမှ မရှိမခြင်း ဘယ်လာရုစ်စစ်တပ်ကို အသုံးမပြုကြောင်းလည်း ၎င်းက ပြောသည်။ ရုရှားသည် ဘယ်လာရုစ်၏ မဟာမိတ်တစ်ဦးဖြစ်ပြီး နှစ်နိုင်ငံကြား ပူးတွဲ တပ်ဖွဲ့များ ဖွဲ့စည်းထားကြောင်း၊ သို့သော် ရုရှားသည် ဘယ်လာရုစ်အား ယူကရိန်းစစ်ပွဲအတွင်းသို့ ဝင်ရောက်ရန် တောင်ဆိုခဲ့ခြင်း မရှိကြောင်းလည်း ၎င်းက ပြောသည်။

လူကာရှန်ကို၏ ပြောစကားများအရ ဘယ်လာရုစ်သည် အနောက်အုပ်စုသို့ လုံခြုံရေးအရ ထောက်ပံ့ပေးကြောင်း၊ သို့သော် ထောက်လှမ်းရေးအချက်အလက်များအရ အနောက်အုပ်စုသည် ဘယ်လာရုစ်အား စစ်ပွဲအတွင်းသို့ ပါဝင်လိုနေကြောင်း၊ ယင်းသည် စိတ်ကူးယဉ်ခြင်းသာဖြစ်ပြီး ဘယ်လာရုစ်သည် စစ်ပွဲအတွင်း ပါဝင်လာပါက ၂၅၀၀ ကီလိုမီတာရှည်သော နယ်စပ်သည် ရှေ့တန်းစစ်မျက်နှာပြင်များ ဖြစ်လာနိုင်ကာ အခြေအနေများသည် ပိုမို ရှုပ်ထွေးလာမည်ဖြစ်ကြောင်း သိရသည်။

ဘယ်လာရုစ်သည် သာမာန်အချိန်တွင် စစ်သည်အင်အား ၇၅၀၀၀(ခုနှစ်သောင်းငါးထောင်)သာရှိသော်လည်း စစ်ဖြစ်လာမည်ဆိုလျှင် အဆိုပါအရေအတွက်သည် တစ်သန်းခွဲအထိ မြင့်တက်လာနိုင်ကြောင်းလည်း လူကာရှန်ကို က ဆက်လက်ပြောကြားခဲ့သည်။

Source:တာ့စ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16

Page 12 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar