CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ်

လက်နက်ကိုင်ပေါင်းစုံရှိသည့် မြန်မာ့အ‌ရေးကို ဘယ်လို ဖြေရှင်းမလဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1479

CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၃

မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်လာပြီးဖြစ်သလို လက်နက် ကိုင် အဖွဲ့အစည်းများကလည်း ပေါင်းစုံပေါ်ပေါက်လာခြင်းကြောင့် မြန်မာ့နိုင်ငံရေးကို မည်ကဲ့သို့သော နည်းလမ်း ဖြင့် ဖြေရှင်းမလဲ မေးခွန်းထုတ်နေကြသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံ‌ရေး အပြောင်းအလဲကြောင့် လက်နက်ကိုင် ပဋိပက္ခမှာ ပိုမိုကျယ်ပြန့်လာပြီး တိုင်းရင်းသားဒေသများတွင် သာမက ပြည်မအထိ ပျံ့နှံ့လာခဲ့သည်။

NUG နဲ့ PDF ကိုတွေ့ရစဉ်

အဆိုပါ ပဋိပက္ခများကို ပြည်တွင်းရှိ လူထုကသာ အဓိကဖြေရှင်းရမှာဖြစ်ကြောင်း၊ ၁၉၄၇ ပင်လုံ ကတိကဝတ်များကို အခြေခံရန် လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာန သို့ ပြောသည်။

‌ဒေါက်တာ အေးမောင်က “မြန်မာနိုင်ငံမှာကြ‌တော့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ လက်နက်ကိုင်ပဋိပက္ခ ရပ်တည်မှု၊ အမျိုးသားတန်းတူမှုလို့ ပြောတဲ့ လူမျိုးက စုံတယ်၊ အဲဒီဥစ္စာ သဘောတူညီမှုရဖို့က တော်တော်လေး သဘောတူညီမှုရဖို့က တော်တော်လေး ကြိုးစားဖြေရှင်းမှ ရမယ်၊ အာဆီယံရဲ့ လက်ရှိ ဥက္ကဋ္ဌ ဖြစ်တဲ့ အင်ဒိုနီးရှား ဘက်က လာနိုင်တာက အင်ဒိုနီးရှား တပ်မ‌တော် ဘယ်လို၊ အင်ဒိုနီးရှား ဒီမိုကရေစီ အခင်းအကျင်း ဖြစ်အောင် တပ်မတော်ပါဝင်တဲ့ ကဏ္ဍကို ဘယ်လို နောက်ကို ဆုတ်သလဲဆိုတဲ့ နည်းဗျူဟာနဲ့ နိုင်ငံရေး၊ စစ်ရေး၊ ခံယူချက် တစ်ခုကိုတော့ဖြင့် နမူနာပေးနိုင်တာပေါ့ဗျာ၊ တနည်းအားဖြင့် နိုင်ငံရေးထဲက တပ်မတော်နောက်ကို ဆုတ်အောင် နည်းမှန်လမ်းမှန်ကိုတော့ဖြင့် အင်ဒိုနီးရှား မော်ဒယ်ကဖြင့် အကြံပြုနိုင်ပါတယ်၊ ပေးနိုင်ပါတယ်၊ ဒါပေတည်း လက်နက်ကိုင် ပဋိပက္ခ နှစ်ပေါင်း ၇၅ နှစ်ကြာနေတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ မော်ဒယ်ပေါင်းစုံရှိတဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဖို့ ကိစ္စကြတော့ မြန်မာ့နိုင်ငံအတွင်းက လူထုကပဲ သုံးသပ်ပြီးမှ ခုနကပြောတဲ့ ထွက်ပေါက်ဗျ၊ ၄၇ ပင်လုံစာချုပ် ကတိကဝတ်၊ စာချုပ်နဲ့ မဆိုင်ဘူး၊ စာချုပ်ဖြစ်တည်လာတဲ့ ကတိကဝတ် ပင်လုံ ရဲ့ သဘောတရားပေါ့ဗျာ၊ အဲဒါတွေကိုလည်း အခြေခံဖို့ လိုတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာ့နိုင်ငံ‌ရေး အကျပ်အတည်းကို ပြည်တွင်းရှိ အဖွဲ့အစည်းအချို့၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အာဆီယံတို့မှာ ဖြေရှင်းနိုင်ရေး နည်းလမ်းရှာဖွေ လျက်ရှိသည်။

KNDF ကိုတွေ့ရစဉ်

လက်ရှိ မြန်မာ့တပ်မ‌တော်ကို ဖြုတ်ချပြီးမှ မိမိတို့ အချင်းချင်းကြား ပြဿနာကို ဖြေရှင်းကြမှာ ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါတွေကတော့ အခုချိန်မှာ စစ်ကောင်စီ ပြုတ်အောင် တိုက်ကြတယ်၊ အဲဒါပြီးတော့မှ ကိုယ့်အချင်းချင်း ပြဿနာကိုတော့ ညှိနှိုင်းဆွေး‌နွေး ဆောင်ရွက်ကြမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်အကြား ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

ထို့အတူ ပြည်တွင်းမှာလည်း လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာ ရေး၊ လူမှုရေးများမှာ အကျပ်အတည်းဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ထို့နောက် အမျိုးမျိုး စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်ကာ တရားဥပဒေ စိုးမိုးမှု အားနည်းနေမှုများ ဖြစ်ပေါ်နေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အစ္စရေးရဲ့ တိုက်လေယာဉ်ကိုတွေ့ရစဉ် (GETTY IMAGES)

ဆီးရီးယားကို အစ္စရေးက လေကြောင်းတိုက်ခိုက်၊ သုံးဦးဒဏ်ရာရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1575

CNI International News

ဒမတ်စကပ်၊ မတ်လ ၁၃

ဆီးရီးယားအနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသကို အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အနည်းဆုံး စစ်သားသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြသည်။

တိုက်ခိုက်မှုတစ်ခုကို တနင်္ဂနွေနေ့ မနက်ပိုင်းတွင် လုပ်ဆောင်ခဲ့ခြင်းဟု ဆီးရီးယားနိုင်ငံပိုင် SANA သတင်းတွင် ဖော်ပြထားသည်။

မနက် ၇ နာရီ ၁၅ မိနစ်ခန့်က အစ္စရေးလေကြောင်း တိုက်ခိုက်မှုတစ်ခုတွင် လက်ဘနွန် မြောက်ပိုင်းမှ တာတက်စ် (Tartus) နှင့် ဟာမာ (Hama) ကျေးလက်ဒေသများရှိ ပစ်မှတ်များသို့ ဒုံးကျည်များ ပစ်ခတ်ခဲ့သည်ဟု စစ်ဘက် သတင်း ရင်းမြစ်တစ်ခုကို ကိုးကား၍ SANA သတင်းတွင် ဖော်ပြသည်။

တိုက်ခိုက်မှုကြောင့် စစ်သားသုံးဦး ဒဏ်ရာရရှိခဲ့ကာ ပစ္စည်းပျက်စီးမှုတချို့ရှိကြောင်း၊ ဒုံးကျည်တချို့ကို ဆီးရီးယား လေကြောင်း ကာကွယ်ရေးများက ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်းလည်း သတင်းတွင် ဖော်ပြသည်။

 အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု ခံရသော ဆီးရီးယား(GETTY IMAGES)

SANA သတင်းတွင် မည်သည့်အရာကို ပစ်မှတ်ထား တိုက်ခိုက်သည်ကိုတော့ မဖော်ပြထားသော်လည်း ဒုံးကျည် ထိမှန်ရာ ဧရိယာများတွင် အီရန်လိုလားသော တပ်ဖွဲ့များနှင့် သိပ္ပံသုတေသန စင်တာတစ်ခု ရှိသည်ဟု စစ်ပွဲ စောင့်ကြည့်ရေး အဖွဲ့တစ်ခုဖြစ်သည့် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က ပြောသည်။

ယခုသီတင်းပတ် အစောပိုင်းတွင် အစ္စရေးတို့သည် အလက်ပို (Aleppo) လေဆိပ်ကို တိုက်ခိုက်ခဲ့ပြီး ယင်းကို အသုံးပြု၍ မရဖြစ်စေခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

အစ္စရေးသည် ဆယ်စုနှစ် တစ်ခုနီးပါးကြာ အိမ်နီးချင်း ဆီးရီးယားရှိ အီရန်မှ ထောက်ပံ့ပေးသော လက်နက် လွဲပြောင်းမှုနှင့် တပ်ဖွဲ့ဝင်များရှိသည်ဟု သံယရှိရာ နေရာများကို လေကြောင်းတိုက်ခိုက်မှုပေါင်း ရာချီ လုပ်ဆောင် ခဲ့သော်လည်း ယင်းနှင့်ပတ်သက်၍ ဆွေးနွေးခြင်း သို့မဟုတ် အသိပေးခြင်း မရှိခဲ့ပေ။

ဆီးရီးယားသမ္မတ ဘာရှားအယ်လ်-အာဆတ်ကိုတွေ့ရစဉ် (GETTY IMAGES)

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဆီးရီးယားလေဆိပ်နှင့် လေတပ်စခန်းများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု များသည် ဆီးရီးယားတွင် အီရန်၏ ခြေကုပ်ယူမှု ကြီးထားလာခြင်းအား လျော့ချရန်အတွက် အရှိန် မြှင့်တင် ဆောင်ရွက်မှု အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟု စစ်ဘက်ဆိုင်ရာ သုံးသပ်သူများက ပြောသည်။

ဆီးရီးယားသမ္မတ ဘာရှားအယ်လ်-အာဆတ် (Bashar al-Assad) အား ထောက်ခံသော အီရန်သည် ပြီးခဲ့သည့်နှစ် များအတွင်း ဆီးရီယားတွင် တပ်အင်အား တိုးမြှင့်လာခဲ့ကာ အစိုးရထိန်းချုပ်ထားသော ဧရိယာအများစုကို ခြေကုပ် ယူထားပြီး လက်နက်ကိုင်နှင့် ပြည်သူ့စစ်အင်အား ထောင်ပေါင်းများစွာကိုလည်း ပိုင်ဆိုင်ထားသည်ဟု အနောက် အုပ်စု ထောက်လှမ်းရေး သတင်းများတွင် ဖော်ပြသည်။

လက်ဘနွန်၏ ဟစ်ဇ်ဘိုလာ (Hezbollah) များ ဦးဆောင်သည့် အီရန်၏ ကြားခံလက်နက်ကိုင်များသည် ဆီးရီးယား အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဧရိယာများစွာကိုသာမက မြို့တော် ဒမတ်စကပ် (Damascus) အနီးမှ ဆင်ခြေဖုံးများတချို့ကိုလည်း ထိန်းချုပ်ထားသည်။

Source: အယ်ဂျာဇီးယား

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘက်ခ်မွတ်မြို့သိမ်းတိုက်ပွဲတွင် တိုးတက်မှုများရှိလာပြီဟု ရုရှားဘက်က ဆို

By CNI
CNI
Category: Watch TV
Hits: 966

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းက မဲထည့်နေစဉ်

ရွေးကောက်ပွဲ မကျင်းပနိုင်ရင် ဘယ်လို အခင်းအကျင်း ဖြစ်ပေါ်လာနိုင်လဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1290

CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၀

နစက-က ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ပြောထားသော်လည်း ရွေးကောက်ပွဲ မကျင်းပ နိုင်ခဲ့ပါက မည်သည့် အခင်းအကျင်း ဖြစ်ပေါ်လာနိုင်သလဲဆိုသည့်အပေါ် နိုင်ငံရေး အသိုင်းအဝိုင်းကြား ဆွေးနွေး လျက်ရှိနေသည်။

၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ အနိုင်ရသည့် နိုင်ငံရေးပါတီကို နိုင်ငံတော် အာဏာလွှဲအပ်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားထားသည်။

တခြား တစ်ဖက်မှာတော့ လက်ရှိ ပြည်တွင်းမှာ ဖြစ်ပေါ်နေသည့် လက်နက်ကိုင် ပဋိပက္ခကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ နည်းကြောင်း၊ ရွေးကောက်ပွဲကို ရွေ့ဆိုင်းနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြားတွင် ဝေဖန်သုံး သပ်မှုများ ရှိနေသည်။

နစက ကျင်းပမည့် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ပါက နစက အနေဖြင့် အာဏာကို ဆက်ယူသွားမှာဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာအေးမောင်က “ထိထိမိမိ ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပနိုင်တဲ့ လုံခြုံမှု၊ အေးချမ်းမှုပေါ့ဗျာ၊ ထိထိမိမိ လိုတဲ့ ၆၅ မြို့နယ်ဆိုတဲ့ စာရင်းမှာ ကျန်တဲ့ မြို့နယ် ၂၀ ကျော်က ရှိသေးတယ်ဗျ၊ အဲဒီအပေါ်မှာ ကြည့်ပြီးမှ တကယ်လို့ ထိထိမိမိ သူတို့ဆောင်ရွက်တဲ့ကာလ ဘယ်လောက်ကြာမှာလဲ၊ ရွေးကောက်ပွဲမဖြစ်ဘူး။ ရွေးကောက် ပွဲကို လုပ်လို့ရနိုင်ခြေ မရှိဘူးဆိုရင် ထပ်ပြီးတော့ ၄၂၅ အရ ၆ လထပ်ယူဦးမှာလား။ ၆ လယူပြီးနောက် ၆ လယူတဲ့ ၁ နှစ်တာ ကာလကို ဖြတ်သန်းတဲ့အခါမှာ ရွေးကောက်ပွဲ လုပ်လို့ ဖြစ်နိုင်တဲ့ အနေအထား မရှိဘူးဆိုရင် အခြေခံ ဥပဒေအရ ဘာလာမှာလဲ ၄၁၀ ကို ပြန်သုံးပြီးမှ ၄၁၇ အရ နောက်တစ်နှစ် ပေးဦးမှာလား၊ ဒါက ဘာဖြစ်လာမလဲ ဆိုတဲ့ ခင်ဗျားတို့ မေးခွန်းကို အခြေခံဥပဒေအရ ဒါမျိုး ဒါမျိုးတွေ သွားနိုင်တယ်၊ သွားဦးမယ်၊ အဲဒီလို သွားအောင် ‌ရွေးကောက်ပွဲကို မဖြစ်အောင် လုပ်ကြမှာလား၊ ရွေးကောက်ပွဲကို မြန်မြန်ဖြစ်အောင် ကူညီကြမှာလားဆိုတာ မေးခွန်းက အဖြေပေါ်လာပြီးသားလေ၊ အဲဒီအဖြေကို ကြိုက်မကြိုက်ပဲ ဆိုင်မယ်ထင်တယ်၊ အာဆီယံကြိုက်လား၊ မကြိုက်လား အာဆီယံနဲ့ ဆိုင်မယ်ထင်တယ်၊ လူထုကြိုက်လား၊ မကြိုက်လား လူထုနဲ့ ဆိုင်တယ်၊ SAC ကြိုက် လား၊ မကြိုက်လား SAC နဲ့ ဆိုင်တယ်၊ တကယ်လို့ ရွေးကောက်ပွဲ မဖြစ်ရင် SAC သည် ဆက်သွားဦးမှာပဲ၊ ဒီအတိုင်း သွားမှာပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

 ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ်

ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုပါက ဥပဒေပြဋ္ဌာန်းသည့် နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း၊ အဆိုပါ သတ်မှတ် ရက်အတွင်း လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်ပြီးဟု မှတ်ယူကြောင်း နစကမှ ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ထံ နိုင်ငံရေးပါတီများ မှတ်ပုံတင် ပြန်တင်လာကြောင်း သိရသည်။

နစက အနေဖြင့် ၎င်းတို့ ကတိပေးထားသည့်အတိုင်း ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။

စိုင်းအိုက်ပေါင်းက “ခင်ဗျားတို့ Negative ဖက် မတွေးနဲ့လေ၊ positive ဖက်တွေးစမ်းပါ၊ မဖြစ်နိုင်တဲ့ ဖက်ကိုပဲ တွေးနေတာကိုး ခင်ဗျားတို့ မီဒီယာတွေက ခက်တာပဲဗျ အဲဒါ၊ ဖြစ်မယ်လို့ သူက ကတိပေးထားတဲ့ အတိုင်းပဲလေ၊ သူလုပ်မှာပေါ့၊ စောင့်ကြည့်ဦးလေဗျာ၊ ခင်ဗျား ချက်ချင်း မဖြစ်ဘူးဆိုတဲ့ဟာကြီးက မကောင်းတဲ့ဖက်က မတွေးနဲ့ လေ၊ ကောင်းတဲ့ဖက် အရင်တွေးစမ်းပါ အချိန်က ရှိပါသေးတယ်၊ အချိန်ရှိပါသေးတယ်” ဟု ပြောသည်။

 NUG နဲ့ PDF ကိုတွေ့ရစဉ်

လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းကြောင့် ရွေးကောက်ပွဲ ကျင်းပဖြစ်/ မဖြစ်ဆိုသည်ကို မပြော နိုင်သေးကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ်ကတော့ အရေးပေါ်ကာလ အခြေအနေကလည်း အခုထက်ထိ မကုန်ဆုံးသေးဘူးဆို တော့ ကျနော်တို့ မြင်တာတစ်ခုက ရွေးကောက်ပွဲတော့ဖြစ်မယ် ဒါပေမယ့် ဘယ်လိုဖြစ်မလဲဆိုတာကတော့ ကျနော်တို့လည်း အတိအကျတော့ မပြောနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသံထွက်နေတာကတော့ သန်းခေါင် စာရင်း ပြန်ကောက်မယ် လူဦးရေစာရင်း ကောက်မယ်ဆိုတော့ ရွေးကောက်ပွဲက ဖြစ်တော့ ဖြစ်မှာပေါ့၊ ဒါပေမယ့် ဘယ်လို အခြေအနေ ဖြစ်မလဲဆိုတာ ကျနော်တို့လည်း မခန့်မှန်းနိုင်သေးဘူး” ဟု ပြောသည်။

နစက ကျင်းပမည့် ရွေးကောက်ပွဲမှာ ၎င်းတို့အတွက် နိုင်ငံရေးထွက်ပေါက်ဖြစ်ကြောင်း၊ အဆိုပါ ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောကြားထားသည်။

တခြားသော နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများကတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာ နိုင်ငံအတွက် ထွက်ပေါက် တစ်ခုဖြစ်၍ နစကကို မကြိုက်သော်လည်း ရွေးကောက်ပွဲကိုတော့ အားပေးသင့်သည်ဟု ပြောသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပါကစ္စတန်ရဲတပ်ဖွဲ့နှင့် ဝန်ကြီးချုပ်ဟောင်းကို ထောက်ခံသူများအကြား ပဋိပက္ခဖြစ်

By CNI
CNI
Category: Watch TV
Hits: 966

Share
Tweet
Share
Share
powered by social2s

ရထားလမ်းမတော်တဆမှုဖြစ်ရပ်အတွက် ဂရိတွင် လူပေါင်းသောင်းချီ စုဝေးဆန္ဒပြ

By CNI
CNI
Category: Watch TV
Hits: 958

Share
Tweet
Share
Share
powered by social2s

နစကနှင့် ဆွေး‌နွေးနေသည့်အဖွဲ့များ တော်လှန်ရေးမှာ ပါဝင်လာဖို့ စည်းရုံးသင့်

By CNI
CNI
Category: Watch TV
Hits: 1033

Share
Tweet
Share
Share
powered by social2s

US ၏ခိုင်းစေမှုကြောင့် ယူကရိန်းက ဘယ်လာရုစ်ကို ပဋိပက္ခတွင်းသို့ ဆွဲထည့်နေ

By CNI
CNI
Category: Watch TV
Hits: 925

Share
Tweet
Share
Share
powered by social2s

တရုတ်နှင့်အမေရိကန်တို့ ထိပ်တိုက်တွေ့ဆုံနိုင်ခြေရှိနေဟု တရုတ်သတိပေး

By CNI
CNI
Category: Watch TV
Hits: 913

Share
Tweet
Share
Share
powered by social2s

စမ်းသပ်ဒုံးကျည်များကို ပစ်ချလျှင် စစ်ကြေညာခြင်းဟု အမေရိကန်ကို မြောက်ကိုရီးယား သတိပေး

By CNI
CNI
Category: Watch TV
Hits: 1015

Share
Tweet
Share
Share
powered by social2s

တရုတ်တပ်များ ရုတ်တရက် ဝင်ရောက်လာနိုင်သည်ဟု ထိုင်ဝမ် သတိပေး

By CNI
CNI
Category: Watch TV
Hits: 972

Share
Tweet
Share
Share
powered by social2s

နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကို သည်းခံမည်မဟုတ်ဟု ဟွန်ဆန်ပြော

By CNI
CNI
Category: Watch TV
Hits: 948

Share
Tweet
Share
Share
powered by social2s

ဘက်ခ်မွတ်မြို့ကျခဲ့လျှင်ပင် ရုရှားတို့အောင်ပွဲရရှိခြင်းမဟုတ်ဟု ပင်တဂွန် ပြော

By CNI
CNI
Category: Watch TV
Hits: 903

Share
Tweet
Share
Share
powered by social2s

တည်ငြိမ်ရေး ပိုမိုမြှင့်တင်ရန် တရုတ် အထူးကိုယ်စားလှယ်နှင့် နစက တွေ့ဆုံဆွေးနွေး

By CNI
CNI
Category: Watch TV
Hits: 927

Share
Tweet
Share
Share
powered by social2s

တရုတ်က ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ ၂ ရာခိုင်နှုန်းအထိတိုးမြှင့်

By CNI
CNI
Category: Watch TV
Hits: 916

Share
Tweet
Share
Share
powered by social2s

ကုလမှ အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုများကို အဆုံးသတ်ရန် တောင်းဆိုသင့်

By CNI
CNI
Category: Watch TV
Hits: 1024

Share
Tweet
Share
Share
powered by social2s
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12

Page 8 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar