CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

အတိုက်အခံတစ်ဦးမှ မပါသည့် လွှတ်တော်ရွေးကောက်ပွဲ အောင်မြင်ဟု ကျူးဘားသတ်မှတ်

By CNI
CNI
Category: Watch TV
Hits: 790

Share
Tweet
Share
Share
powered by social2s
မဲစာရင်း ကြည့်နေသူတစ်ဦးကိုတွေ့ရစဉ်

NLD၊ SNLD တို့ မပါဝင်သည့် ရွေးကောက်ပွဲ ပြည်သူများ မဲပေးမှုနည်းမည်ဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1773

 

CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ မပါဝင်သည့် ရွေးကောက်ပွဲမှာ ပြည်သူလူထု၏ မဲပေးမှု နည်းပါးနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း က CNI သတင်းဌာနသို့ ပြောသည်။

ထို့အတူ လက်ရှိနိုင်ငံရေးအရ နစက ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ် လောင်းများ၏ လုံခြုံရေး အခြေအနေမှာလည်း အန္တရာယ်ရှိသည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် မဲဆွယ်စည်းရုံးနိုင်မှာ မဟုတ်ကြောင်း ၎င်းက ပြောသည်။

ဦးရဲထွန်းက “ဒီပါတီတွေက NLD၊ SNLD ပေါ့နော်၊ အထူးသဖြင့်တော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သူတို့က အနိုင်ရတဲ့ ပါတီတွေလို့ ပြောနိုင်တာပေါ့၊ မဲအများဆုံးရတာပေါ့၊ SNLD ရှမ်းပြည်နယ်မှာ ပြည်သူလူထုထောက်ခံမဲ အများဆုံး ရတဲ့ ပါတီဖြစ်သလို NLD ဆိုရင်လည်း တစ်ပြည်လုံး အတိုင်းအတာအရ မဲအများဆုံးရတဲ့ ပါတီဖြစ်တယ်၊ သူတို့ မပါ ဘူးဆိုရင် လာမယ့် နစက လုပ်မယ့် ရွေးကောက်ပွဲမှာလည်း မဲလာပေးတာ နည်းနိုင်တာပေါ့နော်၊ မဲလာပေးတာ နည်းနိုင်တယ်၊ ဘာကြောင့်တုန်းဆိုတော့ အခု ရှိနေတဲ့ အခြေအနေအောက်မှာ လုံခြုံရေးအရကလည်း ဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေအတွက်ရော ကိုယ်စားလှယ်လောင်းတွေအတွက်ပါ အန္တရာယ်ရှိတဲ့ အနေအထားမှာ ကျယ်ကျယ် ပြန့်ပြန့် မဲဆွယ်စည်းရုံးတာတွေလည်း လုပ်နိုင်မှာ မဟုတ်ဘူး။ ဒီရွေးကောက်ပွဲကနေ ထွက်‌ပေါ်လာတဲ့ အစိုးရကို လည်း ပြည်သူလူထုက ချစ်ခင်မှု အသိအမှတ်ပြုမှု နည်းပါးမှာ ဖြစ်သလို နိုင်ငံတကာကလည်း အသိအမှတ်ပြုတာ နည်းလိမ့်မယ်၊ အထူးသဖြင့် အမေရိကန်နဲ့ အနောက်အုပ်စုကပေါ့နော်၊ အဲဒီလို အနေအထားရှိပါတယ်ဗျ” ဟု ပြော သည်။

NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က မတ်လ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်ကို နစက-က ပြဋ္ဌာန်းခဲ့ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့နောက် သတ်မှတ်ကာလအတွင်း မှတ်ပုံပြန်မတင်သည့် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း မတ်လ ၂၈ ရက်က ထုတ်ပြန်ခဲ့သည်။

ဒီမိုကရေစီဖြင့် သွားမည်ဆိုပါ ရွေးကောက်ပွဲမှာ မဖြစ်မနေ ကျင်းပရမှာဖြစ်ပြီး ရွေးကောက်ပွဲကို မည်ကဲ့သို့ အဆင်ပြေစွာ ကျင်းပနိုင်ခြင်း ရှိ/မရှိဆိုသည်မှာ အဓိကကျမည်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေး အဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဦးသိန်းထွန်းဦးက “အထူးသဖြင့် ကျနော်တို့ ဒီမိုကရေစီ သွားမယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲဆိုတာ မဖြစ်မနေ ဖြတ်ရတဲ့ pass ပေါ့နော်၊ အဲဒီတော့ အဲဒီရွေးကောက်ပွဲကို မဖြစ်မနေ ဖြတ်ရတာ ဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲမှာ ဘယ်လောက် percent (ရာခိုင်နှုန်း) ကျလည်း မကျလည်းဆိုတာထက် အဲဒီရွေးကောက်ပွဲ ဘယ်လို အဆင်ပြေပြေ၊ လုပ်သွားနိုင်သလဲ၊ မလုပ်သွားနိုင်သလဲဆိုတာ အဓိက မူတည်ပါတယ်လို့ ကျနော် ထင်တယ်၊ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ အနိုင်ရတဲ့ သူကို နစက အနေနဲ့ အာဏာပြန်လွှဲပြောင်းပေးလိုက်ရင် သူထမ်းဆောင်ရမယ့်တာဝန် ကျေပြတ်သွားပြီ။ အဲဒီတော့ သွားမယ့် Process (လုပ်ငန်းစဉ်) ဘယ်လောက် ချောမွေ့မလဲဆိုတာပဲ အဓိကကျမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

 ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးကိုတွေ့ရစဉ်

နိုင်ငံရေးအရ မျှမျှတတ ဖြစ်လာပြီး အားလုံးပါဝင် လှုပ်ရှားခွင့်ရသည့် အနေအထားတွင် ပြန်လည် ပါဝင်လာ နိုင်ကြောင်း ဦးရဲထွန်းက ပြောသည်။

၎င်းက “သူတို့ကတော့ သူတို့ ဖြတ်သန်းခဲ့တဲ့ သမိုင်းမှာကတော့ အခုလို ကျပ်တည်းတဲ့ အခြေအနေမျိုးမှာ နောက်တစ်ခုက ဘာခေါ်မလဲ နိုင်ငံရေးအရ သိပ်ပြီးတော့ မျှမျှတတ မရှိတဲ့ အခြေအနေမျိုးမှာ ဒီလို အလိုတူ အလိုပါလို့ ခေါ်မှာပေါ့နော်၊ ဒီဖက်က ပြောတဲ့ စကားလုံး အသုံးအနှုန်းအရ အဲဒီလို လိုက်ပါဆောင်ရွက်တာဟာ ပြည်သူလူထုရဲ့ ထောက်ခံမှု ပိုပြီးတော့ ကျဆင်းစေတယ်၊ ပြည်သူလူထုရဲ့ အမြင်မှာ တပ်နဲ့ ပူးပေါင်း ဆောင်ရွက် တဲ့သူလို့ အဲဒီလို အထင်အမြင် ခံရတယ်ဆိုတဲ့ အတွေ့အကြုံတွေ သူတို့မှာရှိတယ်၊ တကယ်တမ်း အခြေအနေက မျှမျှတတဖြစ်လာပြီ အားလုံးပါဝင်ခွင့် လှုပ်ရှားခွင့်ရပြီဆိုတဲ့ အနေအထားမျိုးမှာ သူတို့ ပြန်ပြီးတော့ ဝင်ရောက် ယှဉ်ပြိုင်တယ်ဆိုရင် အဲဒီအကျိူးကို အဲဒီမှာ ခံစားရမယ်လို့ အတွေ့အကြုံအရ သူတို့က ယုံကြည်ထားတာပေါ့နော်” ဟု ပြောသည်။

ယခု ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်းနှင့် အနိုင်ရသည့် နိုင်ငံရေး ပါတီအား နိုင်ငံတော်အာဏာ လွှဲအပ်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆားဘီးယား သမ္မတ အလက်ဇန္ဒားဗူချိကိုတွေ့ရစဉ်

လက်ရှိ ကမ္ဘာ့အခြေအနေအပေါ် ကြောက်သည်ဟု ဆားဘီးယားခေါင်းဆောင် ဝန်ခံ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1317

CNI International News

ဘဲလ်ဂရိတ်၊ မတ်လ ၂၉

လက်ရှိ ကမ္ဘာတွင် ဖြစ်ပွားနေသည့် အရာများအပေါ် အင်မတန် ကြောက်သည်ဟု ဆားဘီးယား သမ္မတ အလက် ဇန္ဒား ဗူချိ(Aleksandar Vucic)က အင်္ဂါနေ့တွင် ပြောခဲ့ကြောင်း တာ့စ်သတင်းတွင် ဖော်ပြထားသည်။

အကောင်းမြင်ဝါဒီ တစ်ဦးမဟုတ်ဘဲ နိုင်ငံငယ်လေးတစ်ခုမှ မထင်မရှား ခေါင်းဆောင်တစ်ဦးသာ ဖြစ်ကြောင်း၊ ဥရောတွင် အရာအားလုံးကို ပိုသိသည့် အင်အားကြီးနိုင်ငံများမှ ခေါင်းဆောင်များ ရှိနေကြောင်း ဗူချိက ဂရိသမ္မတ ကာတီရီနာ ဆာကဲလ်လာရိုပိုလူး (Katerina Sakellaropoulou) နှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

အကျိုးဆက်များက ယခင်က ကြုံခဲ့ဖူးသည်များထက် များစွာ ပိုမိုဆိုးရွားနေမည်ကို ထိတ်လန့်မိ သည်ဟုလည်း ၎င်းက ပြောသည်။

ဂရိသမ္မတ ကာတီရီနာ ဆာကဲလ်လာရိုပိုလူးနဲ့ ဆားဘီးယား သမ္မတ အလက်ဇန္ဒားဗူချိကိုတွေ့ရစဉ်

နိုင်ငံငယ်လေး တစ်ခုမှ မထင်မရှား ခေါင်းဆောင်တစ်ဦး အနေဖြင့် နိုင်ငံကြီးများမှ အင်အားကြီး ခေါင်းဆောင်များသည် ပိုသိကာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယူဆကြောင်း၊ ဆားဘီးယား အနေဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ခိုင်မာစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗူချိက အခိုင်အမာ ပြောခဲ့သည်။

ယူကရိန်းပဋိပက္ခသည် လာမည့် ငါးလမှ ခြောက်လအတွင်း ပိုမိုဆိုးရွားလာကာ ထိန်းချုပ်မရသည့် အခြေအနေသို့ ရောက်ရှိသွားမည်ဟု ဗူချိက ဖေဖော်ဝါရီလတွင် ထင်မြင်ချက် ပေးခဲ့ဖူးသည်။

ယူကရိန်းသို့ တင့်ကားများ ထောက်ပံ့ပေးမည့် ဆုံးဖြတ်ချက်ပြီးလျှင် F-16 ဂျက်တိုက်လေယာဉ်များ ထောက်ပံ့ ပေးမည့် အစီအစဉ်များပါ ပေါ်ပေါက်လာလိမ့်မည်ဟု သမ္မတက ယုံကြည်ထားသည်။

ဆလိုဗက်ကီးယားဝန်ကြီးချုပ် အက်ဒွပ်ဟီဂါကိုတွေ့ရစဉ်

ယူကရိန်းသို့ MiG-29 တိုက်လေယာဉ် ၁၃ စင်းပေးရန် စလိုဗက်ကီးယားအစိုးရက မတ်လ ၁၇ ရက်နေ့တွင် အတည်ပြု ပေးခဲ့သည်ဟု ဆလိုဗက်ကီးယားဝန်ကြီးချုပ် အက်ဒွပ်ဟီဂါ(Eduard Heger)က ပြောသည်။

တစ်ချိန်တည်းမှာပင် လေယာဉ်များသည် ကာကွယ်ရေးအတွက်သာ ဖြစ်ပြီး တိုက်ခိုက်ရေးအတွက် မဟုတ် ကြောင်းလည်း ၎င်းက အခိုင်အမာ ပြောခဲ့သည်။

ယူကရိန်းအား MiG-29 များပေးခြင်းဖြင့် အီးယူထံမှ ဒေါ်လာ သန်း ၉၀၀ ခန့် ပြန်ရမည်ဟု မျှော်လင့် ထားကြောင်း လည်း ဆလိုဗက်ကီးယား ကာကွယ်ရေးဌာနက ကြေညာထားသည်။

အစောပိုင်းတွင်လည်း ပိုလန်အာဏာပိုင်များက ၎င်းတို့အနေဖြင့် ယူကရိန်းသို့ MiG-29 များပို့ပေးရန် စီစဉ်နေကြောင်း ပြောဆိုထားသည်။

Source: တာ့စ်

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရာဟူးဂန္ဒီ ဖယ်ရှားခံခဲ့ရပြီးနောက် အိန္ဒိယပါလီမန်ကို အတိုက်အခံများက ကန့်ကွက်ဆန္ဒပြ

By CNI
CNI
Category: Watch TV
Hits: 807

Share
Tweet
Share
Share
powered by social2s

ဖက်ဒရယ်နှင့် ဒီမိုကရေစီ ဘယ်စနစ်ကို အရင်တည်ဆောက်မလဲ

By CNI
CNI
Category: Watch TV
Hits: 819

Share
Tweet
Share
Share
powered by social2s

ဒီမိုကရေစီမကျ ကန့်သတ်ချုပ်ခြယ်တဲ့ ရွေးကောက်ပွဲဆိုရင် ထွက်ပေါက်မဖြစ်နိုင်ဘူး

By CNI
CNI
Category: Exclusive Interview
Hits: 1027

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယားရဲ့ ရေအောက်ဒရုန်း စမ်းသမ်မှုကိုတွေ့ရစဉ်

ရေဒီယိုသတ္တိကြွဆူနာမီ ဖြစ်စေမည့် ဒရုန်းလက်နက်တစ်ခုကို မြောက်ကိုရီးယားစမ်းသပ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1578

CNI International News

ဆိုးလ်၊ မတ်လ ၂၅

ရန်သူ၏ ရေတပ်အင်အားနှင့် ဆိပ်ကမ်းများကို ဖျက်ဆီးရေး အလွန်အင်အားကြီးမားသည့် ရေဒီယိုသတ္တိကြွ ဆူနာမီ တစ်ခုကို ဖန်တီးနိုင်ရန် ရည်ရွယ်ထားသော နျူကလီးယား သယ်ဆောင်နိုင်သည့် ရေအောက်ဒရုန်း လက်နက် တစ်ခုကို စမ်းသပ်ခဲ့သည်ဟု မြောက်ကိုရီးယားက သောကြာနေ့တွင် ပြောသည်။

ထိုစမ်းသပ်မှုက ကိုရီးယားကျွန်းဆွယ် ကမ်းလွန်တွင် အမေရိကန်ဘက်က လေယာဉ်တင် သင်္ဘောအုပ်စုနှင့် ခေတ်မှီ တပ်ဖွဲ့များ ချထားရန် စီစဉ်နေစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မူ၊ အမေရိကန် -တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုများကြောင့် စစ်ရေး တင်းမာမှုများသည် အမြင့်ဆုံးသို့ ရောက်ရှိနေသည်။

လက်နက်သစ်ကို ကမ်းရိုးတန်းမှ သို့မဟုတ် သင်္ဘောတွင် ကြိုးဖြင့်ဆွဲ၍ တပ်ဆင်နိုင်ကြောင်း၊ ယင်းသည် တိုက်ပွဲ ဖြစ်ရာ ရေပြင်သို့ တိတ်တဆိတ် ရောက်ရှိလာနိုင်ကာ ရေအောက်ပေါက်ကွဲမှုမှတဆင့် အင်အားပြင်း ရေဒီယိုသတ္တိ ကြွ ဆူနာမီတစ်ခုကို ဖြစ်စေခြင်းဖြင့် ရန်သူ၏ ရေတပ်နှင့် ဆိပ်ကမ်းများကို ဖျက်ဆီးနိုင်သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းတွင် ဖော်ပြသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ဒရုန်းတစ်ခု ပစ်လွှတ်နေသည်ကို မြင်နေစဉ်

ရေအောက် နျူကလီးယား ဒရုန်းဟု ထင်ရသည့် ယခု လက်နက်စမ်းသပ်မှုသည် မြောက်ကိုရီးယား၏ သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ယင်းတွင် တောင်ကိုရီးယား ပစ်မှတ်များကို သတ်မှတ်ကာ နျူကလီးယားဖြင့် တိုက်ခိုက်မှု ပုံစံကိုလည်း လေ့ကျင့်ခဲ့ သည်။ ယခု စမ်းသပ်မှုသည် ရန်လိုသော စစ်ရေးလေ့ကျင့်မှုများဖြင့် နျူကလီးယား ပဋိပက္ခ ပေါ်ပေါက်လာစေရန် အစပျိုးနေသော တောင်ကိုရီးယားနှင့်အမေရိကန်တို့ကို သတိပေးခြင်းဟု KCNA တွင် ဖော်ပြသည်။

ထိုစမ်းသပ်မှုကို ခေါင်းဆောင် ကင်မ်ဂျုံအန်က ကြီးမှူး ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ၁၁ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ပြီးနောက် နောက်ထပ် ပူးတွဲ ရေတပ်စစ်ရေး လေ့ကျင့်မှုတစ်ခု လုပ်ဆောင်ရန် ပြင်ဆင်နေသည်။ ငါးရက်ကြာ စစ်ရေး လေ့ကျင့်မှုတွင် ဝေဟင်မှ ဝေဟင်ပစ် လက်နက်များနှင့် ဝေဟင်မှ မြေပြင်ပစ် လက်နက်များကို ကျည်အစစ်များ အသုံးပြုကာ ပြုလုပ်သွားမည်ဟုလည်း တောင်ကိုရီးယားလေတပ်က ထုတ်ပြန်သည်။

မြောက်ကိုရီးယားရဲ့ ရေအောက်ဒရုန်း စမ်းသမ်မှုသတင်း ပြသနေစဉ်

စမ်းသပ်ခဲ့သော မြောက်ကိုရီးယားဒရုန်းကို Haeil ဟု အမည်ပေးထားကာ ယင်းသည် ကိုရီးယားလို ရေလှိုင်းများ သို့မဟုတ် ဆူနာမီလှိုင်းများဟု အဓိပ္ပါယ်ရသည်။

မြောက်ကိုရီးယား၏ Rodong Sinmun သတင်းစာတွင်လည်း စခန်းတစ်ခုအတွင်း တော်ပီဒိုပုံစံ အရာဝတ္ထုကြီး တစ်ခုဘေးတွင် ရယ်ပြုံးနေသည့် ကမ်မ်၏ပုံကို ဖော်ပြထားသည်။

အင်္ဂါနေ့က မြောက်ကိုရီးယား၏ အရှေ့ဘက်ကမ်းလွန်တွင် စမ်းသပ်ခဲ့သော ဒရုန်းလက်နက်သည် ရေအောက်တွင် နာရီ ၆၀ နီးပါးသွားခဲ့ကာ သတ်မှတ်ထားသော ပစ်မှတ်၌ ပေါက်ကွဲခဲ့သည်ဟု KCNA သတင်းမှာ ဖော်ပြထားသည်။

ယင်းကို မြောက်ကိုရီးယားက ၂၀၁၂ မှ စတင်ခဲ့ကာ ပြီးခဲ့သော နှစ်နှစ်အတွင်း အကြိမ် ၅၀ ကျော် စမ်းသပ်ခဲ့သည် ဟု ပြောသော်လည်း သောကြာနေ့အထိ ထိုသတင်းကို မီဒီယာများတွင် ဖော်ပြခဲ့ခြင်း မရှိပေ။

သောကြာနေ့တွင် စမ်းသပ်မှုက ရေအောက်ဒရုန်း၏ လုပ်ငန်းတာဝန်ပေးရန် ယုံကြည်စိတ်ချရမှုရှိကြောင်း သေချာ စေသည်ဟု KCNA သတင်း၌ ဖော်ပြထားပြီး ထိုဒရုန်းက ခြိမ်းခြောက်မှု အသစ်တစ်ခုကို ဖြစ်စေသည်ဟု ပညာရှင် များက သုံးသပ်သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

သူခိုးတိုင်းနာမည်တွင် မိုဒီပါသည်ဟုပြော၍ ရာဟူးဂန္ဒီကို ထောင်ဒဏ်ချမှတ်

By CNI
CNI
Category: Watch TV
Hits: 745

Share
Tweet
Share
Share
powered by social2s

ပဲရစ်တွင်လူ ၁ သန်းကျော်စုဝေးဆန္ဒပြ၊ နောက်ထပ် ဆန္ဒပြပွဲများလုပ်ရန် သမဂ္ဂများတောင်းဆို

By CNI
CNI
Category: Watch TV
Hits: 791

Share
Tweet
Share
Share
powered by social2s

မဲဆောက်တွင် ယခင်ကထက် စစ်ဆေးမှု များပြားလာနိုင်သလို လုံခြုံရေးတင်းကြပ်လာနိုင်

By CNI
CNI
Category: Watch TV
Hits: 776

Share
Tweet
Share
Share
powered by social2s

ဗြိတိန်မှ သံချပ်ကာဖောက်ကျည်များ ယူကရိန်းသို့ ထောက်ပံ့မည်

By CNI
CNI
Category: Watch TV
Hits: 809

Share
Tweet
Share
Share
powered by social2s

ဒေါ်စောမြရာဇာလင်းက ALP ဥက္ကဋ္ဌအဖြစ် ကြေညာခြင်း တရားမဝင်ဘူးဟု ပြော

By CNI
CNI
Category: Watch TV
Hits: 859

Share
Tweet
Share
Share
powered by social2s

ထရမ့်ထောက်ခံသူများ နယူးယောက်မြို့မှာ အလုံးအရင်းဖြင့် စုဝေး၊ လုံခြုံရေးတိုးထား

By CNI
CNI
Category: Watch TV
Hits: 825

Share
Tweet
Share
Share
powered by social2s

စီးပွားရေးကျဆင်းမှု ပိုဆိုးလာ၍ လက်ဘနွန်ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြ

By CNI
CNI
Category: Watch TV
Hits: 791

Share
Tweet
Share
Share
powered by social2s

ရှီကျင့်ဖျင် ပြန်ပြီးနောက် ရုရှားက ယူကရိန်းသို့ ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်

By CNI
CNI
Category: Watch TV
Hits: 821

Share
Tweet
Share
Share
powered by social2s

နစကကို ခုံရုံးတင် အရေးယူနိုင်မှာလား

By CNI
CNI
Category: Watch TV
Hits: 726

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10

Page 4 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar