- By CNI
- Category: Watch TV
- Hits: 565

- By CNI
- Category: နိုင်ငံရေး
- Hits: 690
CNI International News
ဆိုးလ်၊ မတ်လ ၂၀
မြောက်ကိုရီးယားသည် ကိုရီးယားကျွန်းဆွယ်၏ အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်သို့ တာတိုပစ်ပဲ့ထိန်း ဒုံးကျည် တစ်စင်း ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားနှင့်ဂျပန်တို့က ပြောသည်။
ဒွန်ချန်းရီ (Dong Chang ri) မှ တနင်္ဂနွေနေ့ နေ့လည် ၁၁ နာရီ ၅ မိနစ်တွင် ပစ်လွှတ်ခဲ့သော ဒုံးကျည်သည် ပစ်မှတ်ကို မထိခင် ကီလိုမီတာ ၈၀၀ ခန့် ပျံသန်းခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်မှ ထုတ်ပြန်သော ကြေညာ ချက်တွင် ဖော်ပြထားသည်။
ဒုံးကျည်သည် အမြင့် ၅၀ ကီလိုမီတာခန့်မှ ပျံသန်းသွားခြင်း ဖြစ်သည်ဟု ဂျပန်ကာကွယ်ရေးဌာနက ပြောသည်။
ယခုကဲ့သို့ ပဲ့ထိန်းဒုံးကျည်များ မကြာခဏ ပစ်လွှတ်နေခြင်းသည် မြောက်ကိုရီးယားအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကို သိသိသာသာ ချိုးဖောက်မှုဟု တောင်ကိုရီးယားဘက်မှ ပြောသည်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တိုရှီရို အီနိုကိုတွေ့ရစဉ်
မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှု လုပ်ဆောင်ပြီးနောက် လေကြောင်း ပူးတွဲစစ်ရေး လေ့ကျင့်မှုများတွင် ပူးပေါင်းရန်အတွက် အမေရိကန်ဘက်မှ B-1B စစ်လေယာဉ်တစ်စင်း ထားရှိခဲ့သည်ဟု တောင်ကိုရီးယား အမျိုးသား ကာကွယ်ရေးဌာနက ပြောသည်။
မြောက်ကိုရီးယား၏ တနင်္ဂနွေနေ့ စမ်းသပ်ပစ်လွှတ်မှုကို အမေရိကန်နှင့်ဂျပန်တို့ကလည်း ပြစ်တင်ရှုတ်ချခဲ့သည်။
ဒုံးကျည်သည် ဂျပန်၏ အထူးစီးပွားရေးဇုန် အပြင်ဘက်သို့ ကျရောက်ခဲ့ပြီး ထိုဖြစ်ရပ်ကြောင့် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ သတင်းမရရှိသေးဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တိုရှီရို အီနို (Toshiro Ino) က ပြောသည်။
ထိုလုပ်ရပ်သည် လုံးဝ သည်းခံ၍ မရကြောင်း၊ ဂျပန်ဒေသတွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် ခြိမ်းခြောက် မှုဟုလည်း ဂျပန်ဘက်က သတ်မှတ်ခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကိုတွေ့ရစဉ်
မြောက်ကိုရီးယား၏ လုပ်ရပ်များသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ခြိမ်းခြောက်ကာ ယင်းသည် လက်ခံနိုင်စရာ မဟုတ်ကြောင်း အီနိုက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောဆိုခဲ့သည်။
ထို့နောက် ဂျပန်အစိုးရသည် ထိုဖြစ်ရပ်အတွက် ဘေဂျင်းရှိ မြောက်ကိုရီးယားသံရုံးကို ဆန္ဒပြ ကန့်ကွက်ခဲ့သည် ဟုလည်း ၎င်းက ဆိုသည်။
တနင်္ဂနွေနေ့ စမ်းသပ်ပစ်လွှတ်မှုသည် အမေရိကန် တပ်ဖွဲ့ဝင်များနှင့် မဟာမိတ်များအပေါ် ချက်ချင်း ဆိုးကျိုး သက်ရောက်မှုရှိသည်ဟု အမေရိကန် အင်ဒို-ပစိဖိတ်ဌာနချုပ်က ပြောသည်။
သို့သော် မကြာသေးခင်က ပြုလုပ်ခဲ့သော စမ်းသပ်မှုများသည် မြောက်ကိုရီးယား၏ တရားမဝင် အဖျက်စွမ်းအား ပြင်း လက်နက်များနှင့် ပဲ့ထိန်း ဒုံးကျည်စနစ်များက မတည်မငြိမ်ဖြစ်သော အကျိုးသက်ရောက်မှုများ ဖြစ်စေသည် ကို ဖော်ညွှန်းနေသည်ဟုလည်း ဌာနချုပ်မှ ထုတ်ပြန်သော ကြေညာချက် တစ်စောင်တွင် ဖော်ပြထားသည်။
Source: Aljazeera

- By CNI
- Category: နိုင်ငံရေး
- Hits: 956
CNI International News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၀
၂၀၀၃ ခုနှစ်၊ မတ်လ ၂၀ ရက်တွင် အမေရိကန်သည် ညွှန့်ပေါင်းအဖွဲ့တစ်ခုကို ဦးဆောင်ကာ အီရတ်သို့ အလုံး အရင်းဖြင့် ကျူးကျော်စစ် စတင်ခဲ့သည်။
၎င်းတို့ကို ဗြိတိန်မှ အနီးကပ် ထောက်ပံ့မှု လုပ်ဆောင်ပေးခဲ့သည်။
အမေရိကန်သည် အီရတ်အား အကြောင်းပြချက် သုံးချက်ဖြင့် ကျူးကျော်မှု လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဆက်ဒမ်ဟူစိန် (Saddam Hussein) အစိုးရတွင် ဖျက်အားပြင်း လက်နက် (WMD) များရှိနေခြင်း၊ WMD များ ထပ်ထုတ်ကာ အကြမ်းဖက် အုပ်စုများကို ထောက်ပံ့ပေးနေခြင်းနှင့် အီရတ်အား ပိုမိုရင်းနှီးဖွယ်ကောင်းကာ ဒီမို ကရေစီစနစ် ကျင့်သုံးသော နိုင်ငံအဖြစ် ပြောင်းလဲ၍ ဒေသတွင်း ဥပမာတစ်ခုအဖြစ် ရှိနေစေရေးတို့အတွက် ဖြစ် သည်။
သို့သော် Operation Iraqi Freedom ဟုခေါ်သော ကျူးကျော်မှု နှစ်၂၀ ပြည့်သည့်တိုင် အီရတ် ကျူးကျော်စစ်သည် အမေရိကန်၊ ဗြိတိန်နှင့် တခြားနိုင်ငံများ၏ လိမ်ညာမှုရလဒ်တစ်ခုလား၊ ထောက်လှမ်းရေး သတင်းမှားကြောင့်လား သို့မဟုတ် မဟာဗျူဟာမြောက် တွက်ချက်မှုကြောင့်လား အငြင်းအခုန်တစ်ခုအဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။
အမေရိကန်သမ္မတ ဂျော့ဂျ်ဘုရ်
ထိုကျူးကျော်စစ်သည် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒများအပေါ် အရိပ်မည်းကြီး တစ်ခုသဖွယ် ယနေ့တိုင် ခြောက်လှန့်နေဆဲ ဖြစ်သည်။
ထိုစဉ်က အမေရိကန်သမ္မတ ဂျော့ဂျ်ဘုရှ် (George Bush)နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့သည် ကျူးကျော်စစ် မစတင် ခင် အီရတ်တွင် ဓာတုပစ္စည်းများနှင့် ဇီဝလက်နက်များရှိနေကာ နျူကလီးယားထုတ်ရန် ကြိုးပမ်းနေသည်ဟု ပြောခဲ့သည်။
သို့သော် အီရတ်၏ လက်နက်များကို ရှာဖွေ၊ ဖျက်ဆီးရေးအဖွဲ့ (ISG) ခေါင်းဆောင်၏ ၂၀၀၄ ခုနှစ် အမေရိကန် လွှတ်တော်သို့ အစီအရင်ခံစာတွင် ဆက်ဒမ်ဟူစိန်တွင် လက်နက်ထုတ်လုပ်ရေး စီမံကိန်းများ ရှိသည်ဆိုသည့် သက်သေ အထောက်အထားမျိုး လုံးဝ မတွေ့ခဲ့ရဟု ဖော်ပြထားသည်။
ဆက်ဒမ်ဟူစိန်သည် အီရတ်တွင် WMD အစီစဉ်အသက်ဝင်နေဆဲဖြစ်သည်ကိုအားလုံးယုံကြည်အောင် ပြောဆိုခဲ့သူ ဖြစ်ပြီး ထိုလက်နက်များနှင့် ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့မှ ဝင်ရောက်စစ်ဆေးခြင်းကိုလည်း ငြင်းဆန်ခဲ့သည်။
အမေရိကန်တွင် နှိမ့်ချတတ်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသွားမည်ဟု ဘုရ်က မဲဆွယ်မှုလုပ်နေစဉ်၌ ပြောကြားခဲ့သည်။
ထို့နောက် အမေရိကန်ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်သည် War on Terror ဟုခေါ်သော ဆယ်စုနှစ်ချီကြာ အကြမ်းဖက်မှု တန်ပြန်ရေး စစ်ရေးလှုပ်ရှားမှုကို စတင်ခဲ့သည်။
၂၀၀၂ မိန့်ခွန်းတွင် အမေရိကန် အနေဖြင့် အကြမ်းဖက်အုပ်စုများ သို့မဟုတ် ၎င်းတို့ကို ထောက်ပံ့၊ လေ့ကျင့်ပေးနေသော နိုင်ငံများအားလုံးကို နှိမ်နင်းသွားမည်ဟု ပြောခဲ့သည်။
ရှေ့တန်း တစ်နေရာကိုတွေ့ရစဉ်
၂၀၂၃ ခုနှစ်တွင် ဒုတိယသမ္မတ ဒစ်ချီနေး (Dick Cheney) က ဆက်ဒမ်ဟူစိန် အစိုးရနှင့် ၉/၁၁ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည့် အယ်လ်ကိုင်းဒါး (al-Qaeda) တို့အကြား ဆက်စပ်မှုရှိသည်ဟု ပြောခဲ့သည်
သို့သော် စစ်ပွဲအပြီး နှစ် ၂၀ ကြာခဲ့သည့်တိုင် ဆက်ဒမ်ဟူစိန်နှင့် အယ်လ်ကိုင်းဒါးတို့အကြား ဆက်စပ်နေသည့် သက်သေတစ်စုံတစ်ရာကို ရရှိခဲ့ခြင်းမရှိပေ။
အီရတ်တွင် ဒီမိုကရေစီ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာကာ ယင်းသည် ဒေသတွင်းရှိ တခြားနိုင်ငံများအတွက် လွတ်လပ်ခြင်း ဥပမာတစ်ခု ဖြစ်လာမည်ဟု ၂၀၀၂ ခုနှစ်တွင် ဘုရှ်က ပြောခဲ့သည်။
ထိုပြောဆိုမှု အပြီးတွင် အမေရိကန်အစိုးရသည် အီရတ်အား ဒီမိုကရက်တစ် နိုင်ငံတစ်ခုအဖြစ် ပြောင်းလဲရန် စတင်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိဟု လေ့လာသူများက ပြောသည်။
အာဏာရဘသ်ပါတီ (Baath Party)အား ပိတ်ပင်ခြင်း၊ အီရတ်စစ်တပ်အား ဖျက်သိမ်းခြင်းသည့် အမေရိကန်၏ ဆုံးဖြတ်ချက်သည် မှားယွင်းမှု ဖြစ်ခဲ့သည်။
၂၀၀၅ ခုနှစ် အမေရိကန်၏ သိမ်းပိုက်ခံကာလတွင် အမေရိကန်မှ ခေါ်ဆောင်လာသော ပညာရှင်များက အီရတ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ရေးဆွဲကာ လွှတ်တော် စနစ်သစ်တစ်ခုကိုပါ စတင်ခဲ့သည်။
ဖွဲ့စည်းပုံတွင် ထည့်သွင်း ရေးသားမထားသည့်တိုင် သမ္မတနေရာအတွက် ကာ့ဒ် (Kurd)၊ လွှတ်တော်ဥက္ကဋ္ဌကို ဆွန်နီ(Sunni) နှင့် ဝန်ကြီးချုပ်ကို ရှီးအိုက်လူမျိုးကို ပေးရမည်ဟု ယေဘုယျ သတ်မှတ်ထားခဲ့သည်။
သို့သော် ယင်းတို့သည် အီရတ်၏ ပကတိအခြေအနေနှင့် လုံးဝဆန့်ကျင်နေကာ အမေရိကန်အနေဖြင့် အီရတ်အား ၎င်းတို့ ကိုယ်ပိုင် ဖြေရှင်းနည်းကို ကျင့်သုံးစေခြင်းဖြင့် အမှားလုပ်ခဲ့သည်ဟု အရှေ့အလယ်ပိုင်းရေးရာ ပညာရှင် တစ်ဦးက သုံးသပ်သည်။
Source: Aljazeera
- By CNI
- Category: Watch TV
- Hits: 489
- By CNI
- Category: Watch TV
- Hits: 537
- By CNI
- Category: Watch TV
- Hits: 533
- By CNI
- Category: Watch TV
- Hits: 464
- By CNI
- Category: Watch TV
- Hits: 457

- By CNI
- Category: နိုင်ငံရေး
- Hits: 861
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နမ်းနိန်း(နမ်းနိမ့်)ကျေးရွာမှာ သံဃာတော်သုံးပါး အပါအဝင် ပအိုဝ်းဒေသခံ ၂၀ ကျော် အသတ်ခံရမှုကြောင့် ပအိုဝ်းနှင့် ကရင်နီအကြား လူမျိုးရေးပဋိပက္ခ မဖြစ်အောင် ထိန်းသိမ်းသင့်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား တိုက်တွန်းလျက်ရှိနေသည်။
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ပအိုဝ်းတိုင်းရင်းသားများအပြင် မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အင်အားစုများအကြား အပြန်အလှန် စွပ်စွဲလျက် ရှိနေသည်။
ပင်လောင်းမြို့နယ်ကိုတွေ့ရစဉ်
လက်ရှိ အချိန်သည် ပအိုဝ်းနှင့် ကယား(ကရင်နီ) အကြား လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခများ ဖန်တီးနေ ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။
ခွန်မြင့်ထွန်းက “အခုအချိန်မှာ အင်မတန် စိတ်မကောင်းတာကတော့ ပအိုဝ်းနဲ့ ကရင်နီကြားမှာ လူမျိုးရေး ပဋိပက္ခ ရော၊ ဘာသာရေး ပဋိပက္ခရော စစ်ကောင်စီက ကောက်ကျစ်စွာနဲ့ ဖန်တီးတာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီ ပင်လောင်း၊ ဆောင်းဖြောင်းဒေသဆိုတာက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို့ ဆိုသော်လည်းပဲ ပအိုဝ်းတွေချည်းပဲ နေတာ မဟုတ်ဘူး။ အထူးသဖြင့် ပြောစမတ် စကားတစ်ခွန်း ရှိပါတယ်၊ အဲဒါက ဘာလဲဆိုရင် ပအိုဝ်းရှိရင် ကယန်းရှိတယ်၊ ကယန်းရှိရင် ပအိုဝ်းရှိတယ်၊ အထူးသဖြင့် ကယန်းတိုင်းရင်းသားများနဲ့ ကျနော်တို့ ပအိုဝ်းတွေဟာ အတူတကွ မောင်နှမတွေ အနေနဲ့ မိသားစုတွေလို ကူညီဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ဒီနေရာကနေ ပန်ကြားချင်တာက ပအိုဝ်းပြည်သူတွေရော၊ ကရင်နီပြည်သူတွေရော စစ်ကောင်စီရဲ့ လိမ် ညာ ဝါဒဖြန့်တာတွေကို မယုံကြဖို့ လိုတယ်။ နောက်တစ်ခုကတော့ ကရင်နီနဲ့ ပအိုဝ်းကြားမှာရှိတဲ့ မိသားစု စိတ်ဓာတ်ကို အပြိုကွဲမခံဘဲနဲ့ မိသားစုစိတ်ဓာတ်ကို ဆက်လက် စောင့်ရှောက်ဖို့ လိုတယ်ဆိုတာ တင်ပြချင်ပါ တယ်” ဟု ပြောသည်။
ထို့အတူ နာယက ဦးအောင်ခမ်းထီး ဦးဆောင်သည့် PNO/PNA ပြည်သူ့စစ်အနေဖြင့် မြန်မာ့တပ်မတော်နှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းကို ပြန်လည်သုံးသပ်ပေးရန် ခွန်မြင့်ထွန်းက တောင်းဆိုခဲ့သည်။
KRU တပ်ဖွဲ့ကိုတွေ့ရစဉ်
လက်ရှိ တစ်နိုင်ငံလုံးမှာရှိသည့် တော်လှန်ရေး လက်နက်ကိုင်များ အနေဖြင့် ဘုံသဘောတူညီချက်တစ်ခု အပေါ်မှာ ရပ်တည်ရန်လိုအပ်ကြောင်း၊ ပြဿနာဖြစ်လာပါက အချင်းချင်း ညှိနှိုင်းကြရန် လိုအပ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကတော့ တော်လှန်ရေးနဲ့ ပတ်သက်လို့ တော်လှန်ရေး အင်အားစုတွေက မဟာမိတ်ဖွဲ့တာတို့ ပြီးတော့ စည်းမျဉ်းစည်းကမ်း တစ်ခုပေါ်မှာ ပဋိညာဉ်တစ်ခုခု တည်ဆောက်ထားတာတို့ မရှိဘူးဗျ၊ အဲဒီလို အခြေအနေ ကြောင့် ပွတ်တိုက်မှုတွေက အလျားလိုက်တစ်မျိုး၊ ဘေးတိုက်တစ်မျိုး အမျိုးမျိုးဖြစ်နိုင်တယ်၊ တစ်ဖက်ကလည်း သွေးခွဲပြီးတော့ စည်းရုံးတာလည်း ဖြစ်နိုင်တာပေါ့၊ လက်ရှိ EAO တွေပေါ့နော် တစ်နိုင်ငံလုံးမှာရှိတဲ့ EAO တွေက ဘုံသဘောတူညီချက်တစ်ခု အပေါ်မှာ ရပ်တည်ဖို့လိုတယ်၊ ပြဿနာတစ်ခုခု ဖြစ်လာရင် အချင်းချင်း အရင် ညှိနှိုင်း ဖြေရှင်းဖို့လိုတယ်၊ အဲဒီလို အဖွဲ့အစည်းအောက်မှာ ဆိုရင်တော့ အဲဒါဖြစ်နိုင်တယ်၊ ပဋိပက္ခဖြစ်တဲ့ နှစ်ဖွဲ့ချင်း ဖြေရှင်းမယ်ဆိုရင်လည်း သိပ်မဖြစ်နိုင်ပြန်ဘူး။ ဒီကိစ္စမျိုးကိုတော့ လောလောဆယ် ပဋိပက္ခကိုပဲဖြစ်ဖြစ်၊ ရေရှည် နိုင်ငံရေးအတွက်ပဲ ဖြစ်ဖြစ် အဖွဲ့အစည်းတွေက တတ်နိုင်သမျှ စုစည်းပြီးတော့ အဖြေရှာဖို့လိုတယ်၊ အဲဒီလိုမှသာ လည်း ကျနော်တို့က တကယ်တမ်း စစ်မှန်တဲ့ အဖြေဆိုတာ ဖြစ်လိမ့်မယ်၊ မဟုတ်ရင်တော့ ဟိုဖက်က အသံ တစ်မျိုးထုတ်၊ ဒီဖက်က အသံတစ်မျိုးထုတ် ကြားက အမြတ်ထုတ် အဲဒီပုံစံမျိုး ဖြစ်သွားနိုင်တယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးရှိကြောင်း ဌာနဆိုင်ရာများ၏ တရားဝင် ထုတ်ပြန်ချက် များအရ သိရသည်။
ထိုကဲ့သို့ မတူကွဲပြားသော လူမျိုးစုများအကြား နယ်မြေအငြင်းပွားမှု၊ ဘာသာရေး ပဋိပက္ခများ၊ လူမျိုးရေးပဋိပက္ခ များ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
- By CNI
- Category: Watch TV
- Hits: 476
- By CNI
- Category: Watch TV
- Hits: 474
- By CNI
- Category: Watch TV
- Hits: 476
Page 5 of 136