CNI International News
၂၀၂၃ ခုနှစ်၊ မတ်လ ၂၀
၂၀၀၃ ခုနှစ်၊ မတ်လ ၂၀ ရက်တွင် အမေရိကန်သည် ညွှန့်ပေါင်းအဖွဲ့တစ်ခုကို ဦးဆောင်ကာ အီရတ်သို့ အလုံး အရင်းဖြင့် ကျူးကျော်စစ် စတင်ခဲ့သည်။
၎င်းတို့ကို ဗြိတိန်မှ အနီးကပ် ထောက်ပံ့မှု လုပ်ဆောင်ပေးခဲ့သည်။
အမေရိကန်သည် အီရတ်အား အကြောင်းပြချက် သုံးချက်ဖြင့် ကျူးကျော်မှု လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဆက်ဒမ်ဟူစိန် (Saddam Hussein) အစိုးရတွင် ဖျက်အားပြင်း လက်နက် (WMD) များရှိနေခြင်း၊ WMD များ ထပ်ထုတ်ကာ အကြမ်းဖက် အုပ်စုများကို ထောက်ပံ့ပေးနေခြင်းနှင့် အီရတ်အား ပိုမိုရင်းနှီးဖွယ်ကောင်းကာ ဒီမို ကရေစီစနစ် ကျင့်သုံးသော နိုင်ငံအဖြစ် ပြောင်းလဲ၍ ဒေသတွင်း ဥပမာတစ်ခုအဖြစ် ရှိနေစေရေးတို့အတွက် ဖြစ် သည်။
သို့သော် Operation Iraqi Freedom ဟုခေါ်သော ကျူးကျော်မှု နှစ်၂၀ ပြည့်သည့်တိုင် အီရတ် ကျူးကျော်စစ်သည် အမေရိကန်၊ ဗြိတိန်နှင့် တခြားနိုင်ငံများ၏ လိမ်ညာမှုရလဒ်တစ်ခုလား၊ ထောက်လှမ်းရေး သတင်းမှားကြောင့်လား သို့မဟုတ် မဟာဗျူဟာမြောက် တွက်ချက်မှုကြောင့်လား အငြင်းအခုန်တစ်ခုအဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။
အမေရိကန်သမ္မတ ဂျော့ဂျ်ဘုရ်
ထိုကျူးကျော်စစ်သည် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒများအပေါ် အရိပ်မည်းကြီး တစ်ခုသဖွယ် ယနေ့တိုင် ခြောက်လှန့်နေဆဲ ဖြစ်သည်။
ထိုစဉ်က အမေရိကန်သမ္မတ ဂျော့ဂျ်ဘုရှ် (George Bush)နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့သည် ကျူးကျော်စစ် မစတင် ခင် အီရတ်တွင် ဓာတုပစ္စည်းများနှင့် ဇီဝလက်နက်များရှိနေကာ နျူကလီးယားထုတ်ရန် ကြိုးပမ်းနေသည်ဟု ပြောခဲ့သည်။
သို့သော် အီရတ်၏ လက်နက်များကို ရှာဖွေ၊ ဖျက်ဆီးရေးအဖွဲ့ (ISG) ခေါင်းဆောင်၏ ၂၀၀၄ ခုနှစ် အမေရိကန် လွှတ်တော်သို့ အစီအရင်ခံစာတွင် ဆက်ဒမ်ဟူစိန်တွင် လက်နက်ထုတ်လုပ်ရေး စီမံကိန်းများ ရှိသည်ဆိုသည့် သက်သေ အထောက်အထားမျိုး လုံးဝ မတွေ့ခဲ့ရဟု ဖော်ပြထားသည်။
ဆက်ဒမ်ဟူစိန်သည် အီရတ်တွင် WMD အစီစဉ်အသက်ဝင်နေဆဲဖြစ်သည်ကိုအားလုံးယုံကြည်အောင် ပြောဆိုခဲ့သူ ဖြစ်ပြီး ထိုလက်နက်များနှင့် ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့မှ ဝင်ရောက်စစ်ဆေးခြင်းကိုလည်း ငြင်းဆန်ခဲ့သည်။
အမေရိကန်တွင် နှိမ့်ချတတ်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသွားမည်ဟု ဘုရ်က မဲဆွယ်မှုလုပ်နေစဉ်၌ ပြောကြားခဲ့သည်။
ထို့နောက် အမေရိကန်ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်သည် War on Terror ဟုခေါ်သော ဆယ်စုနှစ်ချီကြာ အကြမ်းဖက်မှု တန်ပြန်ရေး စစ်ရေးလှုပ်ရှားမှုကို စတင်ခဲ့သည်။
၂၀၀၂ မိန့်ခွန်းတွင် အမေရိကန် အနေဖြင့် အကြမ်းဖက်အုပ်စုများ သို့မဟုတ် ၎င်းတို့ကို ထောက်ပံ့၊ လေ့ကျင့်ပေးနေသော နိုင်ငံများအားလုံးကို နှိမ်နင်းသွားမည်ဟု ပြောခဲ့သည်။
ရှေ့တန်း တစ်နေရာကိုတွေ့ရစဉ်
၂၀၂၃ ခုနှစ်တွင် ဒုတိယသမ္မတ ဒစ်ချီနေး (Dick Cheney) က ဆက်ဒမ်ဟူစိန် အစိုးရနှင့် ၉/၁၁ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည့် အယ်လ်ကိုင်းဒါး (al-Qaeda) တို့အကြား ဆက်စပ်မှုရှိသည်ဟု ပြောခဲ့သည်
သို့သော် စစ်ပွဲအပြီး နှစ် ၂၀ ကြာခဲ့သည့်တိုင် ဆက်ဒမ်ဟူစိန်နှင့် အယ်လ်ကိုင်းဒါးတို့အကြား ဆက်စပ်နေသည့် သက်သေတစ်စုံတစ်ရာကို ရရှိခဲ့ခြင်းမရှိပေ။
အီရတ်တွင် ဒီမိုကရေစီ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာကာ ယင်းသည် ဒေသတွင်းရှိ တခြားနိုင်ငံများအတွက် လွတ်လပ်ခြင်း ဥပမာတစ်ခု ဖြစ်လာမည်ဟု ၂၀၀၂ ခုနှစ်တွင် ဘုရှ်က ပြောခဲ့သည်။
ထိုပြောဆိုမှု အပြီးတွင် အမေရိကန်အစိုးရသည် အီရတ်အား ဒီမိုကရက်တစ် နိုင်ငံတစ်ခုအဖြစ် ပြောင်းလဲရန် စတင်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိဟု လေ့လာသူများက ပြောသည်။
အာဏာရဘသ်ပါတီ (Baath Party)အား ပိတ်ပင်ခြင်း၊ အီရတ်စစ်တပ်အား ဖျက်သိမ်းခြင်းသည့် အမေရိကန်၏ ဆုံးဖြတ်ချက်သည် မှားယွင်းမှု ဖြစ်ခဲ့သည်။
၂၀၀၅ ခုနှစ် အမေရိကန်၏ သိမ်းပိုက်ခံကာလတွင် အမေရိကန်မှ ခေါ်ဆောင်လာသော ပညာရှင်များက အီရတ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ရေးဆွဲကာ လွှတ်တော် စနစ်သစ်တစ်ခုကိုပါ စတင်ခဲ့သည်။
ဖွဲ့စည်းပုံတွင် ထည့်သွင်း ရေးသားမထားသည့်တိုင် သမ္မတနေရာအတွက် ကာ့ဒ် (Kurd)၊ လွှတ်တော်ဥက္ကဋ္ဌကို ဆွန်နီ(Sunni) နှင့် ဝန်ကြီးချုပ်ကို ရှီးအိုက်လူမျိုးကို ပေးရမည်ဟု ယေဘုယျ သတ်မှတ်ထားခဲ့သည်။
သို့သော် ယင်းတို့သည် အီရတ်၏ ပကတိအခြေအနေနှင့် လုံးဝဆန့်ကျင်နေကာ အမေရိကန်အနေဖြင့် အီရတ်အား ၎င်းတို့ ကိုယ်ပိုင် ဖြေရှင်းနည်းကို ကျင့်သုံးစေခြင်းဖြင့် အမှားလုပ်ခဲ့သည်ဟု အရှေ့အလယ်ပိုင်းရေးရာ ပညာရှင် တစ်ဦးက သုံးသပ်သည်။
Source: Aljazeera