CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

တရုတ်က ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ ၂ ရာခိုင်နှုန်းအထိတိုးမြှင့်

By CNI
CNI
Category: Watch TV
Hits: 936

Share
Tweet
Share
Share
powered by social2s

ကုလမှ အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုများကို အဆုံးသတ်ရန် တောင်းဆိုသင့်

By CNI
CNI
Category: Watch TV
Hits: 1039

Share
Tweet
Share
Share
powered by social2s

တရုတ်က ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ ၂ ရာခိုင်နှုန်းအထိတိုးမြှင့်

By CNI
CNI
Category: Watch TV
Hits: 908

Share
Tweet
Share
Share
powered by social2s

NLD ရဲ့ အလားအလာ ဘယ်လိုဖြစ်နိုင်လဲ

By CNI
CNI
Category: Watch TV
Hits: 979

Share
Tweet
Share
Share
powered by social2s
ပြင်သစ် ဆန္ဒပြပွဲကိုတွေ့ရစဉ်

ပင်စင်ပြုပြင်ပြောင်းလဲရေးကြောင့် ပြင်သစ်တွင် အကြီးအကျယ်ဆန္ဒပြမှုများ ပေါ်ပေါက်ရန်ရှိ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1386

CNI International News

ပဲရစ်၊ မတ်လ ၆

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) ၏ ပင်စင်ရေးရာ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ ပြင်သစ်ကုန်သွယ်ရေးသမဂ္ဂများသည် အဆုံးအဖြတ်ပေးမည့် နောက်ဆုံးပိတ် တိုက်ပွဲဆီသို့ ဦးတည်နေကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြသည်။


နိုင်ငံအား လုံးဝ ရပ်တန့်သွားစေရေး ရည်ရွယ်ကာ လာမည့် အင်္ဂါနေ့တွင် အကြီးအကျယ် သပိတ်မှောက်မှုများ လုပ်ဆောင်သွားရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ယခုနှစ်အတွင်း ငါးကြိမ်မြောက် သီးသန့်ဆန္ဒပြပွဲများ လုပ်ဆောင်ပြီးချိန် ယခုသီတင်းပတ် ဆန္ဒပြပွဲများ ရပ်နားခဲ့မှု သည် အစိုးရနှင့် ပြုပြင်ပြောင်းလဲမှုများအပေါ် ကန့်ကွက်သူတို့အကြား တိုက်ပွဲ၏ နောက်တစ်ဆင့်သို့ ပြောင်းလဲ သွားမည့် အရိပ်အယောင် ဖြစ်သည်။

ကန့်ကွက်သူများတွင် ပြင်သစ် မဲဆန္ဒရှင် အများစု ပါဝင်နေသည်။

လိုအပ်လာလျှင် ပိုမိုအရှိန်မြှင့်တင် ဆောင်ရွက်လာမည်ဟု သြဇာကြီးမားသည့် CGT သမဂ္ဂခေါင်းဆောင် ဖိလစ် မာတီနက်ဇ် (Phillipe Martinez)က ပြောသည်။

ယင်းကို အင်္ဂါနေ့တွင် တွေ့ရမည်ဟုလည်း ၎င်းက ပြောသည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်

ထိုနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြပွဲပေါင်း ၂၆၀ ကျော် ဖြစ်မည်ဟု ယူဆရပြီး အများစုမှာ အတိုက်အခံများ အားကောင်းရာ အသေးစားနှင့် အလတ်စားမြို့များတွင် ဖြစ်သည်။

ဆန္ဒပြ သပိတ်မှောက်မှုများကြောင့် သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့်ပြည်သူ့ လုပ်ငန်းတို့ သက်ရောက်မှု ရှိမည် ဖြစ်သည်။ အင်္ဂါနေ့တွင် ပြည်သူပေါင်း ၁ ဒသမ ၁ သန်းမှ ၁ ဒသမ ၄ သန်းအထိ လမ်းပေါ်ထွက် ဆန္ဒပြမည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းထားကြောင်း သတင်းအရင်းအမြစ် တစ်ခုက AFP သို့ ပြောသည်။

ခန့်မှန်းထားသည့် အများဆုံး အရေအတွက်သာ အမှန်တကယ် လမ်းပေါ်သို့ ရောက်ရှိလာမည်ဆိုလျှင် ယင်းသည် ဆယ်စုနှစ်များအတွင်း အများဆုံး ကန့်ကွက်ဆန္ဒပြမှု ဖြစ်လာမည် ဖြစ်သည်။

ရထားလမ်း၊ ပဲရစ်မက်ထရိုနှင့် စွမ်းအင်ကဏ္ဍတို့မှ အလုပ်သမားများကို ကိုယ်စားပြုသော သမဂ္ဂများသည် ဆန္ဒပြရန် တောင်းဆိုမှုကို ပထမဆုံး ပြုလုပ်ခဲ့ပြီး တခြားသော ကဏ္ဍများမှ ဝန်ထမ်းများလည်း ပူးပေါင်းလာမည်ဟု ယူဆရသည်။

ပြင်သစ်၏ ပင်မကုန်သွယ်ရေးသမဂ္ဂကြီး ရှစ်ခုစလုံးက အင်္ဂါနေ့တွင် အားလုံးကို ရပ်တန့်ကာ နိုင်ငံအား ထိုးရပ်သွား အောင် ပြုလုပ်ရန် တောင်းဆိုထားပြီး ဆိုင်များကိုလည်း ပိတ်ရန် တိုက်တွန်းထားသည်။

ပြင်သစ် ဆန္ဒပြပွဲကိုတွေ့ရစဉ်

အင်္ဂါနေ့တွင် ခက်ခဲမှုများ ရင်ဆိုင်ရမည်ဟု ပြင်သစ် သယ်ယူပို့ဆောင်ရေးဝန်ကြီးက ဝန်ခံသည်။

အငြိမ်းစား ယူရမည့် တရားဝင် အသက်အရွယ်ကို ၆၂ နှစ်မှ ၆၄ နှစ်သို့ တိုးမြှင့်မည့် မက်ခရွန်၏ စီမံကိန်း၏ သူ၏ ဒုတိယ သက်တမ်းတွင် ထင်ရှားသည့်ကိစ္စတစ်ခု ဖြစ်ခဲ့သည်။ လာမည့် ၂၅ နှစ်မှ နှစ်အများစုတွင် လိုငွေပြမှုများ ရှိမည်ဟု ကြိုတင်ခန့်မှန်းမှုများကြောင့် ထိုသို့သော ပြောင်းလဲမှုသည် အရေးပါသည်ဟု မက်ခရွန်က ပြောသည်။

အိမ်နီးချင်းများ၊ တခြားသော ဥရောပ ထိပ်သီးနိုင်ငံများသည် အငြိမ်းစား ယူရမည့် အသက်အရွယ်ကို ၆၅ နှစ်နှင့် အထက်သို့ မြှင့်တင်ခဲ့ပြီး ဖြစ်သည်။

သို့သော် လက်မခံသူများက ထိုပြောင်းလဲမှုသည် တရားမျှတမှုမရှိဟု ယူဆသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် လုပ်ငန်း ခွင် စဝင်ရသော အရည်အချင်း နိမ့်သည့် အလုပ်သမားများအတွက် အနားယူရမည့် အချိန်ကို လျော့ကျ စေသောကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ပြင်သစ်သမဂ္ဂများနှင့် အတိုက်အခံများအတွက် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုကို နောက် ကြောင်း ပြန်လှည့်ရေး ဖိအားပေးရန် အချိန်မှာ နည်းပါးလာပြီ ဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဥပဒေပြုမှုကို အောက်လွှတ်တော်တွင် ဆွေးနွေးခဲ့ပြီးဖြစ်ကာ ယင်းကို လက်ရှိအချိန် အထက်လွှတ်တော်၌ ငြင်းခုန်မှု လုပ်ဆောင် နေပြီ ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပါလက်စတိုင်း တော်လှန်ရေးအဖွဲ့ကိုတွေ့ရစဉ်

အစ္စရေး၏ ဖိနှိပ်မှုများနဲ့ ပါလက်စတိုင်းတို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်

By CNI
CNI
Category: ဆောင်းပါး
Hits: 1877

CNI International Article

၂၀၂၃ ခုနှစ်၊ မတ်လ ၅

အစ္စရေးတို့၏ ဖိနှိပ်မှုများက ဂျာဘာရှိ ပါလက်စတိုင်း လူငယ်များကို လက်နက်ကိုင်များ ဖြစ်လာစေလျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ဂျာဘာရှိ စစ်သွေးကြွအဖွဲ့သစ်၏ ခေါင်းဆောင်ဖြစ်သူ အသတ်ခံခဲ့ရပြီး သူ၏ ဈာပန ပွဲသို့ ခေါင်းစွပ်များ ဝတ်ဆင်ကာ ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားသည့် လူငယ်စစ်သွေးကြွများစွာ တက် ရောက်ခဲ့သည်။

မိဘတွေ ငိုရတာကို မုန်းကြောင်း၊ သို့သော် အာဇာနည်အဖြစ် အသက်ပေးရန် အသင့်ရှိကြောင်း အသက် ၂၈ နှစ် အရွယ် ယူဆွဖ်ဟူစနီဟမ်းမော်က ပြောသည်။ ၎င်းသည် သေဆုံးသွားသော အဖွဲ့ ခေါင်းဆောင်နှင့် ရင်းနှီးသော မိတ်ဆွေ တစ်ဦးလည်း ဖြစ်သည်။

ထိုသို့သော ဖြစ်ရပ်များသည် အနောက်ဘက် ကမ်းခြေတစ်လျှောက်တွင် အုံနှင့်ကျင်းနှင့် ပေါ်ပေါက်လာလျက်ရှိ သည်။ မြောက်ဘက် ဂျီနင် ဒုက္ခသည်စခန်းမှ တောင်ဘက် ဟီဘရွမ်မြို့ တစ်လျှောက် ပါလက်စတိုင်း လူငယ်များ သည် အစ္စရေးတို့၏ ကျူးကျော်မှုများကို လက်နက်ကိုင်ကာ တော်လှန်ရန် အဖွဲ့ငယ် ပေါင်းများစွာ ဖွဲ့စည်းခဲ့သည်။

 ပါလက်စတိုင်း တော်လှန်ရေးအဖွဲ့၀င် တစ်ဦးက ကလေးငယ်ကို တော်လှန်ရေး စိတ်ဓာတ်ရိုက်သွင်းနေစဉ်

အစ္စရေးနှင့် ပူးပေါင်းလိုသူများ၏ ၎င်းတို့ဘက်မှ ယူဆသော ပါလက်စတိုင်း ခေါင်းဆောင်များကို ဆန့်ကျင်ကာ လက်နက်ကိုင်တပ်ဖွဲ့များတွင်းသို့ ဝင်ရောက်ခြင်း ဖြစ်သည်။

ရှိနှင့်ပြီးသော လက်နက်ကိုင်အဖွဲ့များနှင့် အဆက်အသွယ် ရှိသော်လည်း ထိုကဲ့သို့သော အဖွဲ့များတွင် မူဝါဒပိုင်း ဆိုင်ရာ ခိုင်မာမှုမရှိဘဲ အစဉ်အဆက် ရှိခဲ့သော ဖြစ်တည်မှုအတိုင်း လွတ်လပ်စွာ လှုပ်ရှားမှု လုပ်ဆောင်သည်။

စစ်သွေးကြွများကို နှိမ်နင်းရန်အတွက် အစ္စရေးစစ်တပ်သည် ပြီးခဲ့သည့်နှစ်မှ စတင်ကာ နေ့စဉ်နီးပါး ရှာဖွေစီးနင်း မှုများ လုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် သေဆုံးမှုများစွာ ပေါ်ပေါက်ခဲ့ပြီး ဆယ်စုနှစ် နှစ်ခုနီးပါးအတွင်း မကြုံခဲ့ဘူးသော မတည်ငြိမ်မှုများစွာကို လည်း ဖြစ်စေခဲ့သည်။ တိုက်ခိုက်မှုများ ဖြစ်မလာရန် စီးနင်းရှာဖွေမှုများ လုပ်ဆောင်ရခြင်းဟု အစ္စရေးဘက်က ပြောသော်လည်း ထိုလုပ်ရပ်များက ပါလက်စတိုင်း လူငယ်များကို လက်နက်ကိုင်ရန် တွန်းအားဖြစ်စေသည်ဟု ပါလက်စတိုင်းတို့က ယူဆသည်။

ထိုလူငယ်မျိုးဆက်သည် တိုက်ပွဲများ၊ ပိတ်ဆို့မှုများကြားတွင် အရွယ်ရောက်လာကြသူများဖြစ်သည်။

သေဆုံးသွားသော ပါလက်စတိုင်း လူငယ်တစ်ဦးရဲ့ အုတ်ဂူကိုတွေ့ရစဉ်

အစ္စရေး သမိုင်းတွင် လက်ယာယိမ်းဆုံး အစိုးရတက်လာပြီးနောက် ၂၀၂၃ ခုနှစ်မှ စတင်ကာ ပါလက်စတိုင်း ၆၀ ကျော် သေဆုံးခဲ့ရသည်။

ယင်းတို့မှ တစ်ဝက်မှာ အစ္စရေးနှင့် တိုက်ပွဲများတွင် သေဆုံးခဲ့သော စစ်သွေးကြွများ ဖြစ်သော်လည်း ကျန်တစ်ဝက် မှာ ကျောက်ခဲဖြင့် ပစ်သူနှင့် အကြမ်းဖက် ဖြစ်ရပ် အနီးအနားတွင် ရှိနေသူများ ဖြစ်သည်။ ပါလက်စတိုင်းတို့ကြောင့် အစ္စရေးသေဆုံးသူ အနည်းဆုံး ၁၅ ဦးခန့်ရှိပြီး ထိုသေဆုံးမှုများကို တုန့်ပြန်ရန် အစ္စရေး အခြေချနေထိုင်သူများက အဆောက်အဦများစွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

အစ္စရေး အစိုးရသစ်သည် စစ်သားများ၊ အခြေချနေထိုင်သူများကို ၎င်းတို့ စိတ်ကြိုက် လုပ်ဆောင်ခွင့် ပေးထားပုံရ ကြောင်း၊ ယင်းအတွက် ရလဒ်က ယခုကဲ့သို့ ဖြစ်လာကြောင်း ဂျာဘာဒေသခံ ကောင်စီဝင်တစ်ဦးက ပြောသည်။

သေဆုံးခဲ့သော အဖွဲ့ခေါင်းဆောင် နာရေးသို့ လက်နက်ကိုင်များနှင့်အတူ တက်ရောက်ခဲ့သော အရွယ် မရောက် သေးသည့် ကလေးများကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် အစ္စရေးစစ်တပ်သည် အထင်ရှားဆုံး စစ်သွေးကြွအဖွဲ့တစ်ခုဖြစ်သော Lion’s Den အား ချေမှုန်းရန် မြောက်ဘက် နာဘလက်စ်မြို့တွင် စီးနင်းမှုတစ်ခု လုပ်ဆောင်ခဲ့သည်။

အဖွဲ့အား ဖြိုခွင်းခဲ့ပြီးနောက် ထင်ရှားသော အဖွဲ့ဝင်များကို ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်း အစ္စရေးစစ်တပ်ဘက်က ပြောသော်လည်း ထိုဖမ်းဆီးမှုက အဆိုပါ ဒေသတစ်လျှောက် တော်လှန်လိုသော စိတ်ဓာတ်များ နိုးကြွလာစေရေး လှုံ့ဆော်မှု ဖြစ်စေသည်။

ပါလက်စတိုင်း လူငယ်များသည် ကျောက်တုံး၊ မီးဗုံးများဖြင့် တိုက်ခိုက်ခြင်းထက် သေနတ်ကိုင် တော်လှန်လိုမှု ပိုများလာကြောင်း အစ္စရေးစစ်တပ် အရာရှိတစ်ဦးက ပြောခဲ့ပြီး ဂျာဘာနှင့်တခြားသော မြောက်ပိုင်းမြို့များမှ စစ်သွေးကြွအဖွဲ့များကို စောင့်ကြည့်နေသည်။

သို့သော်လည်း သေးငယ်၍ စနစ်ကျမှုမရှိသော အဖွဲ့များ၏ သတင်းကို စုဆောင်းရန် အခက်အခဲရှိသည်ဟု ဝန်ခံသည်။

ပါလက်စတိုင်း အစိုးရဘက်မှ အနောက်ဘက်ကမ်းခြေ အစိတ်အပိုင်း တချို့ကို အုပ်ချုပ်ပြီး ယင်း၏ အစဉ်အလာ ရန်ဘက်ဖြစ်သော ဟားမတ်စ်အဖွဲ့ကို ချေမှုန်းရန် အစ္စရေးနှင့်အနီးကပ် ပူးတွဲလုပ်ဆောင်သည်။

သို့သော် ထိုအခြေအနေတွင် ပါလက်စတိုင်း လူငယ်များက ပါလက်စတိုင်း ခေါင်းဆောင်များကို အနာဂတ်နိုင်ငံ အား ပုံမှန်ပေးမည်ဆိုခြင်းထက် အစ္စရေး၏ လက်တံတစ်ခုအဖြစ်သာ ရှုမြင်ကြသည်။ ပါလက်စတိုင်း လုံခြုံရေးတပ် ဖွဲ့များသည် စစ်သွေးကြွများအား ကောင်းလာခြင်းအပေါ် ကြားဝင်ဆောင်ရွက်နိုင်ခြင်း မရှိသည့်အပြင် ထိုအဖွဲ့များ ခြေကုပ်ယူထားရာ နာဘလက်စ်မြို့နှင့် ဂျီနင်ဒုက္ခသည်စခန်းကဲ့သို့ နေရာများသို့ ဝင်ရောက်ခြင်းမရှိသလောက် နည်းပါးသည်ဟု ဒေသခံများနှင့် အစ္စရေး စစ်တပ်တို့က ပြောသည်။

ပါလက်စတိုင်းဘက်က ၎င်းတို့ကို တိုက်ခိုက်မှုမလုပ်ကြောင်း ဂျာဘာ စစ်သွေးကြွများက ပြောသည်။ အဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာကမှ တည်ထောင်ခဲ့သော်လည်း အဖွဲ့ဝင် အရေအတွက်မှာ ၄၀၊ ၅၀ အထိ မြင့်တက်လာ သည်ဟုလည်း ဒေသခံများက ပြောသည်။

 ပါလက်စတိုင်း မိခင်တစ်ဦးကိုတွေ့ရစဉ်

ပါလက်စတိုင်း ခေါင်းဆောင်များသည် အကျင့်ပျက်ကာ ပြည်သူများနှင့် ထိတွေ့မှု နည်းကြောင်း ဟမ်မော်က ပြော သည်။ ၎င်းတို့တွင် ပါလက်စတိုင်း အာဏာပိုင်များနှင့် ပြဿနာ ဖြစ်သည်ထက် ပိုကြီးသော ရည်ရွယ်ချက်များ ရှိသည်ဟုလည်း ၎င်းက ပြောသည်။

စစ်သွေးကြွများ အားကောင်းလာသည့် အခြေအနေတွင် ထင်ရှားသော ခေါင်းဆောင်များကို ဖမ်းဆီးလိုက်ခြင်းဖြင့် တင်းမာမှုများ ရှိလာနိုင်ခြေမရှိဟု ကျွမ်းကျင်သူများက သုံးသပ်သည်။

ထိုအဖွဲ့များအပေါ် တစ်စုံတစ်ရာ ပြုလုပ်ခြင်းဖြင့် အကျိုးဆက်များ လမ်းပေါ် ရောက်လာမည်ကို စိုးရိမ်သည်ဟု လည်း အမည်မဖော်လိုသူ ပါလက်စတိုင်း ထောက်လှမ်းရေး အရာရှိတစ်ဦးက ပြောသည်။

အစ္စရေးဘက်မှ စီးနင်းမှုများ မြှင့်တင်ဆောင်ရွက်လာခြင်း၊ အနောက်ဘက်ကမ်းခြေ၏ စွမ်းအင် တည်ဆောက်မှု များ ယိုင်နဲ့လာခြင်းအပြင် နေတန်ညာဟု အစိုးရ၏ သိမ်းပိုက်ထားသော ပါလက်စတိုင်း မြေများတွင် အခြေချ နေထိုင်မှုများ တိုးမြှင့်လာခြင်းတို့အပေါ် ဒေါသထွက်လျက်ရှိသော ပါလက်စတိုင်းများက ၎င်းတို့တွင် အစ္စလာမ္မစ် အစွန်းရောက်စိတ်ဓာတ် သို့မဟုတ် နိုင်ငံရေးအစီအစဉ်များ မရှိကြောင်း ပြောသည်။

ထို့နောက် ၎င်းတို့ပိုင် မြို့များကို ကာကွယ်ကာ အစ္စရေး၏ ၅၅ နှစ်ကြာ သိမ်းပိုက်မှုကို တွန်းလှန်ရန်သာ ရည်ရွယ် ကြောင်း ပါလက်စတိုင်းများက ပြောသည်။

ဂျာဘာ အဖွဲ့သည် ဖိနှိပ်မှုများကြောင့် ဖြစ်ပေါ်လာသော တုန့်ပြန်မှု ဖြစ်သည်ဟု အသက် ၂၈ နှစ်အရွယ် ဒေသခံ တစ်ဦးက ပြောသည်။

သိမ်းပိုက်ထားမှုများ အဆုံးသတ် သွားချိန်နှင့် ဂျော်ဒန်မြစ်နှင့် မြေထဲပင်လယ်တို့ကြား တိုင်းပြည်တစ်ခု တည် ထောင်ခြင်း ရှိလာချိန်တွင် ငြိမ်းချမ်းရေးကို အားပေးသွားမည်ဖြစ်သော်လည်း အစ္စရေးဘက်တွင် ငြိမ်းချမ်းရေးကို လိုချင်ပုံ မရဟုလည်း ၎င်းက ဆက်ပြောသည်။

အသတ်ခံခဲ့ရသော ဂျာဘာအဖွဲ့ခေါင်းဆောင် ဟာမာမာ့ချ်သည် သူ၏အသက် ၁၀ နှစ်အရွယ်တွင် အစ္စရေးစစ်တပ် ကို ခဲဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းတွင် သမ္မတ အာဘတ်၏ ဖာတတ်ပါတီမှ အဖွဲ့ခွဲ စစ်တပ်တစ်ခုသို့ ပူးပေါင်းခဲ့သည်။

၎င်းသည် အစ္စရေးထောင်အတွင်း ၁၀ လကြာ အပြစ်ပေးခံခဲ့ရပြီးနောက် ပြောင်းလဲသွားခဲ့ကာ လက်စားချေရန် စတင် ကြိုးပမ်းခဲ့သည်ဟု သူ၏မိခင်ဖြစ်သူ လာမီယာက ပြောသည်။

၎င်း ကွယ်လွန်ပြီးချိန်မှ ဟာမာမာ့ချ်သည် ဂျာဘာအဖွဲ့ တည်ထောင်ရန် ဦးစီးခဲ့သည်ဆိုသည်နှင့် အစ္စလာမ္မစ် ဂျီဟတ်များထံမှ လက်နက်များ ရရှိခဲ့သည်ကို သိရှိရကြောင်းလည်း လာမီယာက ပြောသည်။

ဟာမာမာ့ချ်သည် အစ္စရေးစစ်တပ်၏ ဖမ်းဆီးရန် ကြိုးစားမှု တစ်ခုအတွင်း နောက်ထပ် သေနတ်သမား တစ်ဦး နှင့်အတူ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

၎င်း၏ နာရေးတွင် အပေါင်းအသင်း မိတ်ဆွေများက ဟာမာမာ့ချ်သည် သူရဲကောင်းတစ်ဦးအဖြစ် သေဆုံးကာ တစ်ရွာလုံးအား တော်လှန်ရေး စိတ်ဓာတ် ပြင်းထန် လာစေခဲ့ခြင်းကြောင်း ဂုဏ်ယူသင့်သည်ဟု တိုက်တွန်းခံ ခဲ့ရကြောင်း လာမီယာက ပြောသည်။

သို့သော် လာမီယာသည် သားဖြစ်သူ သေဆုံးရခြင်းအတွက် ငိုရုံသာ တတ်နိုင်ခဲ့ပြီး သူမအတွက် နောက်ထပ် ပြဿနာတစ်ခုမှာ ၁၄ နှစ်အရွယ် သမီးဖြစ်သူကပါ အာဇာနည် ဖြစ်လိုနေခြင်း ဖြစ်သည်။

သူမသည် သားကို ဆုံးရှုံးထားရသည့် မိခင်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေအနေမျိုးကို အဆုံးသတ်စေချင်ကြောင်း လာမီယာက ပြောသည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s

ရထားလမ်း မတော်တဆမှုကြောင့် ဂရိတွင် လူထောင်ချီ စုဝေးဆန္ဒပြ

By CNI
CNI
Category: Watch TV
Hits: 954

Share
Tweet
Share
Share
powered by social2s

ကျောင်းသူများအဆိပ်သင့်ခြင်းအပေါ် အီရန်သမ္မတက နိုင်ငံခြားရန်သူများကို အပြစ်တင်

By CNI
CNI
Category: Watch TV
Hits: 966

Share
Tweet
Share
Share
powered by social2s

ဘက်ခ်မွတ်မြို့တွင်တိုက်ပွဲများ အချိန်ပြည့် ဖြစ်ပွား

By CNI
CNI
Category: Watch TV
Hits: 978

Share
Tweet
Share
Share
powered by social2s

ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၃၀၀ ကျော်နိုင်မည်ဟု မျှော်လင့်ကြောင်း စိုင်းအိုက်ပေါင်း ပြော

By CNI
CNI
Category: Watch TV
Hits: 922

Share
Tweet
Share
Share
powered by social2s

ထိုင်းသို့ ထွက်ပြေးတိမ်းရှောင်နေသည့် မြန်မာများ လုံခြုံရေးကြောင့် နေရပ်ပြန်ကြမည်မဟုတ်

By CNI
CNI
Category: Watch TV
Hits: 968

Share
Tweet
Share
Share
powered by social2s
စိုင်းအိုက်ပေါင်းကိုတွေ့ရစဉ်

ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၃၀၀ ကျော်နိုင်မည်ဟု မျှော်လင့်ကြောင်း စိုင်းအိုက်ပေါင်း ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1558

CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၄

လာမည့် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၃၀၀ ကျော် အနိုင်ရမည်ဟု မျှော်လင့်ထားကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။

စိုင်းအိုက်ပေါင်းသည် ယခင်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်ပါတီ အဖြစ်ထူထောင်ခဲ့ရာမှ နစက၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဉပဒေ အသစ် ထွက်ပေါ်လာပြီးနောက် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီဟုဆိုကာ အမည်ပြောင်းလဲ မှတ်ပုံတင်ခဲ့သည်။

ထို့နောက် နိုင်ငံတစ်ဝန်းလုံးကို ဝင်ပြိုင်မည်ဟု ဆိုသည်။

စိုင်းအိုက်ပေါင်းက “ဒေသခံတွေပဲ ကျနော်တို့ ရွေးမှာ ရှမ်းတွေလာပြီး မရွေးဘူး။ ဒေသခံ တိုင်းရင်းသားပဲ ရွေးမှာ၊ ရန်ကုန်တိုင်းက ၄၅ မြို့နယ်၊ ဧရာဝတီတိုင်း ၂၆၊ ပဲခူးတိုင်း ၂၈၊ မန္တလေးတိုင်း ၂၈၊ နေပြည်တော် ၈၊ မကွေးတိုင်း ၂၅၊ ရှမ်းပြည်နယ် ၄၃ အဲဒီလို၊ ဝင်ပြိုင်မှာ၊ ကျနော်တို့ ပြိုင်တာ မြို့နယ်ပေါင်း လွှတ်တော်ကိုယ်စားလှယ်ပေါင်းက သဘောက ၆၀၀ ဆိုရင်တော့ဗျာ၊ ကျနော်တို့က ၃၀၀ လောက် နိုင်မယ်လို့ ကျနော်တို့က မျှော်လင့်ထားတယ်လေ၊ တစ်ဝက်တော့ ကျော်မှာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုပါက ဥပဒေပြဋ္ဌာန်းသည့် နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း၊ အဆိုပါ သတ်မှတ် ရက်အတွင်း လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်ပြီးဟု မှတ်ယူကြောင်း နစကမှ ထုတ်ပြန်ခဲ့သည်။

 မဲလက်မှတ်ကိုတွေ့ရစဉ်(AFP)

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ မှတ်ပုံတင် ပြန်တင်ထားသည့် နိုင်ငံရေးပါတီ ၁၄ ပါတီရှိလာကြောင်း သိရသည်။

နစက အနေဖြင့် အရေးပေါ်ကာလ နောက်ထပ် သက်တမ်း ၆ လ တိုးသွားနိုင်သလို၊ ရွေးကောက်ပွဲမှာလည်း နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလမှာ ကျင်းပနိုင်ခြေရှိကြောင်း စိုင်းအိုက်ပေါင်းက ပြောသည်။

၎င်းက “သူတို့ လုပ်ရမယ့် အလုပ်လေ၊ သူတို့လုပ်မှာပေါ့၊ တည်ငြိမ်အေးချမ်းအောင် သူတို့လုပ်ရမယ့် တာဝန်လေ၊ တရားဥပဒေစိုးမိုးမှုရှိအောင် သူတို့လုပ်မှာပေါ့၊ ခုနတုန်းက ပြောသလိုပေါ့၊ ဒီ ၆ လဆိုလို့ရှိရင် သူက ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်ဆိုရင် သူက ပြီးသွားပြီ ၆ လ၊ နောက်ထပ် ၆ လရှိသေးတာကိုး။ နောက်ထပ် ၆ လဆိုလို့ ရှိရင် ဘယ်လိုဖြစ်ဖြစ် နိုဝင်ဘာ၊ ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ လုပ်ဖြစ်မှာပဲ ကျနော်ခန့်မှန်းကြည့်တာပေါ့နော်၊ ခန့်မှန်းကြည့်တာ နိုဝင်ဘာ၊ ဒီဇင်ဘာ ဖြစ်လိမ့်မယ်၊ နောက်ကျဆုံး ဒီဇင်ဘာ ဖြစ်မယ်၊ ဖြစ်ပြီးတာနဲ့ ဇန်နဝါရီလ လောက်ဆိုရင် လွှတ်တော် ပေါ်လာမယ်၊ လွှတ်တော်ပေါ်လာရင် ဖေဖော်ဝါရီလကြရင် အစိုးရဖွဲ့လို့ ပြီးသွားပြီ၊ မတ်မှ အဆင်သင့်ဖြစ်သွားမယ်၊ မတ်မှာ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး အစိုးရ၊ ပြည်နယ်အစိုးရတွေ ဖြစ်ပေါ်လာရင် ဧပြီလ ၁ ရက်နေ့မှာ အာဏာလွှဲလို့ ရပြီလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမှာ ဖြစ်ကြောင်း၊ အနိုင်ရသည့် နိုင်ငံရေးပါတီကို နိုင်ငံတော် အာဏာလွှဲအပ်ပေးမှာဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားထားသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်းစစ်သားများသည် ဒွန်နက်ခ်ပြည်နယ် ဘက်ခ်မွတ်မြို့တွင် ရုရှား၏တိုက်ခိုက်မှုကို ခုခံရန် ရှေ့တန်း စစ်မျက်နှာပြင်၌ ဟောင်ဝစ်ဇာများဖြင့် ပစ်ချရန် ပြင်ဆင်နေစဉ်(ဓါတ်ပုံ- ရိုက်တာ)

ဘက်ခ်မွတ်မြို့တွင်တိုက်ပွဲများ အချိန်ပြည့် ဖြစ်ပွား

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 5308

CNI International News

ချာဆစ်ယာ၊ မတ်လ ၄

ရုရှားဘက်မှ တိုက်ခိုက်ရေးသမားများကို ခုခံရန်အတွက် အရှေ့ပိုင်း ဘက်ခ်မွတ် (Bakhmut) မြို့တွင် ရှိနေသော ယူကရိန်းတပ်ဖွဲ့များသည် ကတုတ်ကျင်းအသစ်များကို တူးခဲ့သည်ဟု CNA သတင်းတွင် ဖော်ပြသည်။

ဒွန်နက်ခ်ပြည်နယ်တွင်ရှိသော ဘက်ခ်မွတ်မြို့ကိုသိမ်းပိုက်ရန် ရုရှားဘက်က လနှင့်ချီ၍ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး ယင်းသည် စစ်ပွဲအတွင်း သွေးထွက်သံယိုဖြစ်ပွားမှု အများဆုံးနေရာများမှ တစ်ခုလည်းဖြစ်သည်။

ဘက်ခ်မွတ်တွင် အချိန်နှင့်အမျှတိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ အရေးတကြီးအခြေအနေတွင် ရှိနေကြောင်း ယူကရိန်းကာကွယ်ရေးတပ်မှ တပ်မှူးတစ်ဦးဖြစ်သူ ဗိုလိုဒီမီယာ နာဇာရန်ကို (Volodymyr Nazarenko) က ပြောသည်။ ရန်သူဘက်မှအထိအခိုက်စာရင်းကို ထုတ်ပြန်မှုမရှိကြောင်း၊ ဘက်ခ်မွတ်ရှိ ယူကရိန်းတပ်များ၏ တာဝန်မှာ ရန်သူကို များနိုင်သမျှများများ ချေမှုန်းနိုင်ရန်ဖြစ်ကြောင်း၊ ယူကရိန်းနယ်မြေတစ်မီတာစီတိုင်းအတွက် ရန်သူ၏အသက်ပေါင်းများစွာ ပေးဆပ်ရမည်ဟုလည်း ၎င်းက ပြောသည်။

ယူကရိန်းနိုင်ငံ၊ ဒွန်နက်ခ်ပြည်နယ် ဘက်ခ်မွတ်မြို့ရှိ ရှေ့တန်းစစ်မျက်နှာတစ်ခုတွင် ယူကရိန်းစစ်သည်တစ်ဦး ကို တွေ့ရစဉ်

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ယူကရိန်းတပ်ဖွဲ့များသည် ဘက်ခ်မွတ် ရှေ့တန်းစစ်မျက်နှာမှ ခရိုင်ငါးခုအတွင်း တိုက်ခိုက်မှုပေါင်း ၈၅ ခုကျော်ကို တွန်းလှန်နိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်မှ သောကြာနေ့တွင်ထုတ်ပြန်သည်။ ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်တွင် နယ်မြေများကို ဆုံးရှုံးခဲ့ရသော ရုရှားသည် ဘက်ခ်မွတ်မြို့အား ရယူခြင်းသည် ဒွန်ဘတ်စ် (Donbas) ဟု ထင်ရှားသော စက်မှုဒေသပတ်ဝန်းကျင်ရှိ တခြားသောနယ်မြေဒေသများကို သိမ်းပိုက်ရန် ခြေလှမ်းဖြစ်လိမ့်မည်ဟု ပြောသည်။

မြို့သည် မဟာဗျူဟာအရ တန်ဖိုးကန့်သတ်ချက်ရှိသော်လည်း ရုရှားတပ်များကို စစ်ပန်းအောင် လုပ်ဆောင်လိုသည်ဟု ယူကရိန်းဘက်က ပြောသည်။ ယင်း၏ အနီးရှိ မြို့ရွာများတွင် ကတုတ်ကျင်းအသစ်များကို တူးခဲ့ပြီး ယင်းသည် ယူကရိန်းတပ်များအနေဖြင့် ခုခံစစ်ကို ပြင်ဆင်နေသည့် လက္ခဏာလည်းဖြစ်သည်။ လက်နက်ခဲယမ်း များကို လိုအပ်ကြောင်း၊ ရန်သူအင်အားသည် လက်နက်အင်အားထက် ပိုများကြောင်း၊ ပိုများသော်ငြားလည်း နည်းပညာလိုအပ်ချက်သည် အရေးပါကြောင်း ယူကရိန်းစစ်တပ်မှ ပြောသည်။

ဒွန်နက်ခ် (Donetsk)၊ ဇာပိုရေးဇီးယား (Zaporizhzhia) နှင့် ခါဆွန်အော်ဘလက်စ် (Kherson Oblasts) တို့တွင် ရုရှားတို့သည် အရပ်သားများကို ပစ်မှတ်ထားကာ လေကြောင်းနှင့်ဒုံးကျည်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ယူကရိန်းဘက်က စွပ်စွဲသော်လည်း ရုရှားဘက်က ယင်းကို ငြင်းဆိုသည်။

Source:ChannelNewsAsia

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂရိနိုင်ငံမှာ ရထားမှောက်မှုကြောင့် ဆန္ဒပြနေကြစဉ် (AP)

ရထားလမ်း မတော်တဆမှုကြောင့် ဂရိတွင် လူထောင်ချီ စုဝေးဆန္ဒပြ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1291

CNI International News

အေသင်၊မတ်လ ၄

နိုင်ငံ၏ အဆိုးရွားဆုံးသော ရထားလမ်း မတော်တဆမှု ဖြစ်ပွားပြီးနောက် ဂရိနိုင်ငံတွင် လူထောင်ချီ စုဝေး ဆန္ဒပြမှုများ ပြင်းထန်လာကြောင်း အေပီက ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ဆန္ဒပြ ကျောင်းသားများစွာက မြို့ကြီးများရှိ လမ်းများတွင် ဆန္ဒပြပွဲများ လုပ်ဆောင်ခဲ့ပြီး ဆန္ဒပြသူ တချို့နှင့် ရဲတပ်ဖွဲ့တို့ကြား ပဋိပက္ခများလည်း ဖြစ်ပွားခဲ့သည်။

အင်္ဂါနေ့ သန်းခေါင်ယံအချိန် မတိုင်ခင် ခရီးသည်တင် ရထားတစ်စီးနှင့် ကုန်တင်ရထားတစ်စီးတို့ တိုက်မိခဲ့ပြီး တက္ကသိုလ်ကျောင်းသား တချို့ အပါအဝင် အနည်းဆုံး လူ ၅၇ ဦး သေဆုံးခဲ့သည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ အစိုးရဘက်က လူအမှားဟု အပြစ်တင်ခဲ့ပြီး ရထားလမ်းတာဝန်ရှိသူများကိုလည်း လူသေမှုဖြင့် တရားစွဲဆိုထားသည်။

ဂရိနိုင်ငံမှာ ရထားမှောက်သွားစဉ် (AP)

သောကြာနေ့ည ဆန္ဒပြမှုများတွင် အကြမ်းဖက်မှုများ မဖြစ်ခဲ့ဘဲ များသောအားဖြင့် ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့သည်။

ဂရိနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့ဖြစ်သော သက်ဆာလိုနီကီ (Thessaloniki) တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

အေသင်မြို့ လွှတ်တော် ပြင်ဘက်တွင် အဓိကရုဏ်း ရဲများသည် ၎င်းတို့အား လောင်စာဗုံးများဖြင့် ပစ်ခြင်း၊ အမှိုက်ပုံးများကို မီးရှို့ခြင်းနှင့် ရဲ အကာအရံများကို ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည့် ဆန္ဒပြသူများအား မျက်ရည် ယိုဗုံး၊ အသံဗုံးများဖြင့် ပစ်ခတ် လူစုခွဲခဲ့သည်။သို့သော် ဖမ်းဆီးခြင်း၊ ဒဏ်ရာရရှိခြင်းမျိုး မရှိခဲ့ပေ။

ဂရိနိုင်ငံမှာ ရထားမှောက်မှုကြောင့် ဆန္ဒပြနေကြစဉ် (AP)

ဆန္ဒပြမှုများသည် နိုင်ငံ၏ ရထားလမ်း ကွန်ယက်များတွင် လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များ အားနည်းမှုအပေါ် ဒေါသထွက်နေသာ တက္ကသိုလ်ကျောင်းသားများနှင့် လက်ဝဲယိမ်း နိုင်ငံရေး အင်အားစုများ၏ ဦးဆောင်မှုကြောင့် ပေါ်ပေါက်လာသည်။

သောကြာနေ့တွင် ဖြစ်ပွားခဲ့သော အကြီးမားဆုံး ဆန္ဒပြမှုမှာ နိုင်ငံအလယ်ပိုင်း လာရစ်ဆာ (Larissa) မြို့တွင် ဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာ ပါဝင်ခဲ့သည်။ ဆန္ဒပြမှုသည် ငြိမ်းချမ်းစွာနှင့် ပြီးဆုံးသွားခဲ့ပြီး ရှေ့ရက်များတွင် လည်း ထိုသို့သော ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အေသင်မြို့ မြောက်ဘက် ၃၈၀ ကီလိုမီတာ အကွာတွင်ရှိသော တမ်ပီ (Tempe) မြို့တွင် ဖြစ်ခဲ့သည့် မတော်တဆ မှုသည် ဂရိတစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ပြီး သေးငယ်သော်လည်း အိုဟောင်းနေပြီဖြစ်သော နိုငိငံ၏ ရထား လမ်း ကွန်ယက်များ၏ လုံခြုံရေးအားနည်းမှုကိုပါ မီးမောင်းထိုးပြနေသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကွန်ဟိန်းမှာ RCSS နဲ့ SSPP တိုက်ပွဲဖြစ်

By CNI
CNI
Category: Watch TV
Hits: 939

Share
Tweet
Share
Share
powered by social2s

၂၀၂၂ တွင် တစ်ကမ္ဘာလုံး၌ အစိုးရမှ အင်တာနက်ဖြတ်တောက်မှု အိန္ဒိယက အများဆုံးဖြစ်

By CNI
CNI
Category: Watch TV
Hits: 999

Share
Tweet
Share
Share
powered by social2s
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13

Page 9 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar