CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ယူကရိန်းသမ္မတ ဇာလန်းစကီးသည် မြူးနစ်လုံခြုံရေးညီလာခံကို ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားစဉ် (ဓါတ်ပုံ-ရိုက်တာ)

ရုရှားသည် ဆိုဗီယက်နိုင်ငံဟောင်းများပါ ပစ်မှတ်ထားလာနိုင်ကြောင်း ယူကရိန်းသမ္မတ သတိပေး

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 5331

CNI International News

မြူးနစ်၊ ဖေဖော်ဝါရီ ၁၈

ယူကရိန်းသည် ရုရှားကျူးကျော်မှု၏ နောက်ဆုံးနိုင်ငံမဟုတ်သည်မှာ ထင်ရှားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး (Volodymyr Zelenskyy) က ပြောကြားသည်ဟု Aljazeera သတင်းတွင်ဖော်ပြသည်။

ရုရှားတပ်ဖွဲ့များကို တိုက်ထုတ်ရေးအတွက် အထောက်အကူဖြစ်စေရန် အနောက်အုပ်စုမှ လက်နက်များ ပေးပို့ရာတွင် မကြန့်ကြာစေရန်မှာလည်း အရေးကြီးသည်ဟု ၎င်းက ပြောသည်။

အနောက်အုပ်စုက ယူကရိန်းသို့ တင့်ကားများပေးပို့ရန် ဆွေးနွေးနေချိန်တွင်ပင် ရုရှားသည် ယူကရိန်း အနောက်ဘက်ရှိ မော်ဒိုမာနိုင်ငံ(Moldova)အား ကျူးကျော်ရန် နည်းလမ်းများကို စဉ်းစားနေပြီဟုလည်း ၎င်းကပြောသည်။

သောကြာနေ့က မြူးနစ်လုံခြုံရေးညီလာခံသို့ ယူကရိန်းခေါင်းဆောင်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။ မော်ဒိုဗာနိုင်ငံသည် ယူကရိန်းနှင့်ရုရှားနိုင်ငံကြားတွင် တည်ရှိသည်။ ယင်းသည် ရုရှားနှင့်အနောက် အုပ်စုအားပြိုင်မှုတွင်လည်း ကြားညှပ်လျက် ရှိသည်။

ယူကရိန်းနိုင်ငံ အနောက်ဘက်တွင်တည်ရှိသည့် မော်ဒိုဗာနိုင်ငံ၏ တည်နေရာမြေပုံ

နိုင်ငံအရှေ့ပိုင်းတွင် ရုရှားဘက်မှ တပ်သား ၁၅၀၀ ချထားသည့် ရုရှားလိုးလား၍ ခွဲထွက်လိုနေသော ပြည်နယ် တစ်ခုကြောင့် မော်ဒိုဗာနိုင်ငံတွင်လည်း တင်းမာမှုများ မြင့်တက်လာလျက်ရှိသည်။ ရုရှားသည် မော်ဒိုဗာအစိုးရကို ဖယ်ရှားကာ နိုင်ငံ၏ ဥရောပနှင့်ပူးပေါင်းရေးကို တားဆီးနိုင်ရေး ၎င်းတို့အလိုကျ အသုံးတော်ခံမည့် တရားမဝင် အစိုးရတစ်ရပ်ကို တင်မြှောက်ရန် ကြံစည်နေသည်ဟု မော်ဒိုဗာ သမ္မတ မိုင်အီရာ ဆန်ဒူ (Maia Sandu) က တနင်္လာနေ့တွင် ပြောသည်။ ရုရှားသည် ယူကရိန်းစစ်ပွဲအတွက် နိုင်ငံအား အသုံးချရန် ကြံစည်နေသည်ဟုလည်း သူမက စွပ်စွဲသည်။

ကြန့်ကြာမှုများသည် အမြဲတမ်းရှိနေကာ၊ ယင်းသည် အမှားဖြစ်ကြောင်း ဇာလန်းစကီးက သောကြာနေ့ ညီလာခံ တွင်ပြောကာ လက်နက်ပို့ဆောင်မှုများကို အရှိန်မြှင့်တင် ဆောင်ရွက်ရန်တိုက်တွန်းခဲ့သည်။ ၎င်းသည် ထိပ်သီး နိုင်ငံရေးသမားများ၊ စစ်ဘက်အရာရှိများ၊ လုံခြုံရေးအရာရှိများနှင့် သံတမန်များတက်ရောက်သော လုံခြုံရေး ညီလာခံတွင် အဖွင့်မိန့်ခွန်း ပြောခဲ့သည်။

ထိုသို့ သတိပေးခဲ့စေကာမူ ယူကရိန်းစစ်ပွဲတွင် ရုရှားအနိုင်ရလိမ့်မည်ဟု မထင်ကြောင်းလည်း ယူကရိန်း သမ္မတက ပြောသည်။

Source:Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
တိုင်းရင်းသားလူမျိုးစု ကိုယ်စားပြု အလံများကိုင်၍ EAO ခေါင်းဆောင်များကို ကြိုဆိုနေကြစဉ်

ဗမာပြည်နယ် ဖွဲ့စည်းဖို့ ဖြစ်နိုင်လား

By CNI
CNI
Category: နိုင်ငံရေး
Hits: 2903

CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်‌ရေးမှာ ဗမာပြည်နယ်ဖွဲ့စည်းရေး ဆွေးနွေးမှုများ ရှိသည့်တိုင် ဗမာပြည်နယ်ဖွဲ့စည်းရန် ဖြစ်နိုင်ပါ့မလားဆိုသည့် မေးခွန်းထုတ်မှုများ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်း ကြားမှာ ထွက်ပေါ်လာခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်ခဲ့သည့် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားများ တန်းတူရေးအတွက် ဗမာပြည်နယ် ပေါ်ထွန်းရေးသည် အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ(NUCC)မှ ကိုယ်စားလှယ် လွေးပိုးငယ်မှ အကြံပြု ပြောကြားခဲ့သည်။
စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီးမှသာ ဗမာပြည်နယ် ဖွဲ့စည်းရေးကိစ္စများကို ညှိနှိုင်းဆွေး‌နွေးသင့်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာ လှကျော်ဇောက “ကျမ တိုင်းရင်းသား ခေါင်းဆောင် တစ်ယောက်ပြောတာ သိပ်သဘောကျတာ၊ သူပြောတာ ကျနော်တို့ရဲ့ အဓိက တာဝန်ကတဲ့ ဒီစစ်အာဏာရှင်စနစ်ကို ပြုတ်အောင် တိုက်ဖို့ပဲတဲ့၊ တိုက်ပြီးရင် ကျန်တာ ကျနော်တို့ မောင်နှမ အချင်းချင်းတွေတဲ့ ဖြေရှင်းလို့ ရပါတယ်။ ဒီကိစ္စတွေ ပြဿနာတက်နေတာ ဖက်ဒရယ် တို့၊ ဘာတို့ ဒါတွေဟာ ဒီစစ်တပ်က ပြည်တွင်းစစ်ကို ဖန်တီးပြီး ကတည်းက လူမျိုးစု အမျိုးမျိုးကွဲအောင် ပြည်တွင်းမှာရော၊ တောင်တန်းဒေသတွေ၊ လူမျိုးစုကြားတွေမှာရော သူတို့ လုပ်နေတာ ဒီကိစ္စပြီးသွားမှ ခုန တိုင်းရင်းသား ခေါင်းဆောင် တစ်ယောက် ပြောသွားတဲ့ မောင်နှမ အချင်းချင်း ဖြစ်တဲ့အတွက် ဖြေရှင်းလို့ရမှာပါ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့နှင့် နစကတို့ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ တန်းတူရေးအတွက် ဗမာပြည်နယ် ဖွဲ့စည်းရေး တင်ပြဆွေး‌နွေးခဲ့သော်လည်း နစကဘက်မှ လက်ခံသည့် အနေအထားမရှိကြောင်း သိရသည်။

တိုင်းရင်းသားလူမျိုးစု ကိုယ်စားပြု အလံများကိုင်၍ EAO ခေါင်းဆောင်များကို ကြိုဆိုနေကြစဉ်

အနာဂတ် ပြည်ထောင်စုအတွက် ဗမာပြည်နယ် ဖွဲ့စည်းရန် လိုအပ်ကြောင်း၊ ထို့အတူ ပင်လုံစာချုပ်ကို အကောင် အထည်ဖော်ရန် လိုအပ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ သဘောထားတွေကလည်း ဒီအတိုင်းပါပဲ။ ဗမာပြည်နယ်ဖွဲ့စည်းဖို့ လိုပါတယ်၊ အဓိက-ကတော့ ၈ ပြည်နယ်မူပေါ့ဗျာ၊ ဒါပေမဲ့ တခြားအမျိုးသားများ ပြည်နယ်လည်း ရှိလာရင်လည်း ရှိလာနိုင်တာပေါ့။ ကျနော်တို့ ပင်လုံစာချုပ်အရ သွားဖို့တော့ လိုအပ်ပါတယ်။ ဘယ်လိုနေရာမှာလဲ ဆိုတာက‌တော့ ဒါက‌တော့ ဘယ်လိုနေရာဆို တာက ယတိပြတ် ပြောဖို့တော့ ခက်ပါတယ်။ ဒါက ပြန်ပြီးမှ ညှိနှိုင်းရမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲရှိရှိ ပြည်မလို့ခေါ်တဲ့ နေရာတွေကတော့ အထူးသဖြင့် အများဆုံးကတော့ ဗမာပြည်နယ်ထဲမှာ ပါသွားပါ လိမ့်မယ်၊ ပေါင်းစု ပြည်ထောင်စုဆိုတဲ့ဟာမျိုး ဖက်ဒရယ်ဆိုတာက အဲဒီအတိုင်းပဲ သွားရမယ် ဒါမှမဟုတ်ဘူးဆိုရင် ပြည်နယ်တွေနဲ့ပဲ အခုက တိုင်းလည်းရှိနေတယ်၊ ပြည်နယ်လည်း ရှိနေတယ်ဆိုတော့ ဒီနှစ်ခုက ယူနစ်ချင်းက တူချင်မှ တူမှာကိုး၊ ဒါကြောင့်မို့လည်း ပြည်နယ်ယူနစ် တစ်ခုတည်းဖြစ်ပြီးမှ သွားဖို့က လိုတာပေါ့၊ ဒါမှလည်း စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားရမှာ” ဟု ပြောသည်။

ဗမာပြည်နယ် ဖွဲ့စည်းရေးအတွက် ဗမာလူထု လက်ခံခြင်း၊ လက်မခံခြင်းဆိုသည်မှာ ဗမာလူထုကို ကိုယ်စားပြု သည့် အဖွဲ့အစည်းအပေါ် မူတည်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာန သို့ ပြောသည်။

ဦးသာထွန်းလှက “ဒါကတော့က မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာမယ့် နိုင်ငံရေး အဖြေရှာမှု အပေါ်မှာ မူတည်လိမ့်မယ် ထင်တယ်၊ လောလောဆယ် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာကို ဘယ်လိုပုံစံ အဖြေရှာရမလဲ၊ အဲအပေါ် မှာသာ မူတည်လိမ့်မယ်လို့ ကျနော်တော့ အဲဒီလို မြင်တယ်လို့ပဲ ပြောချင်တယ်။ ဗမာလူထု လက်ခံနိုင်သလားဆို တာ ဗမာလူထုကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေရဲ့ သဘောထားက ဘယ်လိုရှိမလဲဆိုတော့က ကျနော်တို့ စောင့်ကြည့်မှရမယ်၊ ဒါပေမဲ့ ဒါကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာကို အဖြေရှာဖို့အတွက် စဉ်းစားချက် တစ်ခုတော့က ပြောလို့ရမယ်ထင်တယ်” ဟု ပြောသည်။

ဗမာပြည်နယ် ဖွဲ့စည်းရေးအတွက် တိုင်းရင်းသား အင်အားစုအချို့မှ တင်ပြမှုများ ရှိသလို အခြားတစ်ဖက်မှာလည်း ရှမ်းနီ၊ ပအိုဝ်း၊ တအာင်း (ပလောင်)နှင့် ‘ဝ’ တို့သည်လည်း ပြည်နယ်သစ်များ ဖွဲ့စည်း‌‌‌ပေးရန် တောင်းဆိုမှုများ ရှိနေသည်။

လက်ရှိ မြန်မာနိုင်ငံကို တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း ၁ ခု၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ ၁ ခု စသဖြင့် ဖွဲ့စည်းထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

မဏိပူရ သူပုန်နှစ်ဦး မြန်မာနိုင်ငံတွင် အသတ်ခံရ၊ နှစ်ဦးပျောက်ဆုံး

By CNI
CNI
Category: Watch TV
Hits: 761

Share
Tweet
Share
Share
powered by social2s

တပ်မတော်နှင့် AA တို့ အပစ်ရပ်သော်လည်း တိုက်ပွဲရှောင်များ နေရပ်မပြန်နိုင်သေး

By CNI
CNI
Category: Watch TV
Hits: 718

Share
Tweet
Share
Share
powered by social2s
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်(ဓါတ်ပုံ-အေအက်ဖ်ပီ)

နိုင်ငံတွင်းသို့စစ်မီးပျံ့နှံ့လာမှသာ ရုရှားနှင့်အတူ တိုက်ခိုက်မည်ဟု ဘယ်လာရုစ်သမ္မတ ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1930

CNI International News

မင့်ခ်၊ ဖေဖော်ဝါရီ ၁၇

တိုင်းပြည်သို့ ရန်လိုမှုများရှိလာချိန်မှသာ ရုရှားနှင့်အတူတကွ တိုက်ပွဲဝင်သွားမည်ဟု ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို (Alexander Lukashenko) က ကြေညာခဲ့ကြောင်း BelTA သတင်းတွင် ဖော်ပြသည်။

ယူကရိန်းမှ စစ်သားတစ်ဦး ဘယ်လာရုစ်နိုင်ငံတွင်းသို့ ရောက်ရှိကာ ဘယ်လာရုစ်ပြည်သူများကို သတ်ဖြတ် လာချိန်မှသာ ရုရှားနှင့်အတူ တိုက်ပွဲဝင်ရန် အဆင်သင့်ရှိနေပါသည်ဟု လူကာရှန်ကိုက ကြာသပတေးနေ့တွင် မီဒီယာများကို ပြောသည်။

ဘယ်လာရုစ်ကို ရန်လိုလာလျှင် ပြင်းထန်သော လက်စားခြေမှုကို လုပ်ဆောင်မည်ဟုလည်း ၎င်းက ပြောသည်။ ထိုအခြေအနေတွင် စစ်ပွဲသည် လုံးဝခြားနားသောအသွင်အပြင်သို့ ရောက်ရှိသွားမည်ဟုလည်း လူကာရှန်ကိုက သတိပေးသည်။ ယူကရိန်းသာမက အခြားအိမ်နီးချင်းများနှင့်လည်း သက်ဆိုင်မှုရှိပြီး ဘယ်လာရုစ်ပြည်သူများသည် ငြိမ်းချမ်းသော စိတ်ထားရှိကြောင်း လူကာရှန်ကိုက ပြောသည်။

အီတလီနိုင်ငံ မီလန်မြို့တွင်ပြုလုပ်သည့် ဆန္ဒပြပွဲတစ်ခု၌ ရုရှား-ယူကရိန်းစစ်ပွဲအရေးနဲ့ပတ်သက်ပြီး No War ဆိုသည့် ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်နေစဉ်(ဓါတ်ပုံ-Getty Images)

စစ်ကိုမလိုလားကြောင်း၊ ဘယ်လာရုစ်နိုင်ငံအတွင်း မည်သည့်ရန်လိုမှုမှ မရှိမခြင်း ဘယ်လာရုစ်စစ်တပ်ကို အသုံးမပြုကြောင်းလည်း ၎င်းက ပြောသည်။ ရုရှားသည် ဘယ်လာရုစ်၏ မဟာမိတ်တစ်ဦးဖြစ်ပြီး နှစ်နိုင်ငံကြား ပူးတွဲ တပ်ဖွဲ့များ ဖွဲ့စည်းထားကြောင်း၊ သို့သော် ရုရှားသည် ဘယ်လာရုစ်အား ယူကရိန်းစစ်ပွဲအတွင်းသို့ ဝင်ရောက်ရန် တောင်ဆိုခဲ့ခြင်း မရှိကြောင်းလည်း ၎င်းက ပြောသည်။

လူကာရှန်ကို၏ ပြောစကားများအရ ဘယ်လာရုစ်သည် အနောက်အုပ်စုသို့ လုံခြုံရေးအရ ထောက်ပံ့ပေးကြောင်း၊ သို့သော် ထောက်လှမ်းရေးအချက်အလက်များအရ အနောက်အုပ်စုသည် ဘယ်လာရုစ်အား စစ်ပွဲအတွင်းသို့ ပါဝင်လိုနေကြောင်း၊ ယင်းသည် စိတ်ကူးယဉ်ခြင်းသာဖြစ်ပြီး ဘယ်လာရုစ်သည် စစ်ပွဲအတွင်း ပါဝင်လာပါက ၂၅၀၀ ကီလိုမီတာရှည်သော နယ်စပ်သည် ရှေ့တန်းစစ်မျက်နှာပြင်များ ဖြစ်လာနိုင်ကာ အခြေအနေများသည် ပိုမို ရှုပ်ထွေးလာမည်ဖြစ်ကြောင်း သိရသည်။

ဘယ်လာရုစ်သည် သာမာန်အချိန်တွင် စစ်သည်အင်အား ၇၅၀၀၀(ခုနှစ်သောင်းငါးထောင်)သာရှိသော်လည်း စစ်ဖြစ်လာမည်ဆိုလျှင် အဆိုပါအရေအတွက်သည် တစ်သန်းခွဲအထိ မြင့်တက်လာနိုင်ကြောင်းလည်း လူကာရှန်ကို က ဆက်လက်ပြောကြားခဲ့သည်။

Source:တာ့စ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s

အနောက်အုပ်စု၏ ဖိအားဒဏ်ခံနေရသော အီရန်အား တရုတ်ကူညီမည်

By CNI
CNI
Category: Watch TV
Hits: 730

Share
Tweet
Share
Share
powered by social2s
LockheedMartin ကုမ္ပဏီကိုတွေ့ရစဉ်

ထိုင်ဝမ်သို့ လက်နက်ရောင်းသည့် Lockheed Martin နှင့် Raytheon ကို တရုတ်ကပိတ်ဆို့

By CNI
CNI
Category: နိုင်ငံရေး
Hits: 1062

CNI International News

ဘေဂျင်း၊ ဖေဖော်ဝါရီ ၁၇

ထိုင်ဝမ်သို့ လက်နက်များ ထောက်ပံ့ခြင်းအတွက် တရုတ်အစိုးရသည် အမေရိကန်၏ စစ်ဘက်ကန်ထရိုက်တာ များဖြစ်သော Lockheed Martin နှင့် Raytheon တို့ကို ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရေးယူ ပိတ်ဆို့ မှုများ ချမှတ်ခဲ့သည်ဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် အမေရိကန် လက်နက်ကုမ္ပဏီများသည် တရုတ်နိုင်ငံအတွင်း ကုန်ပစ္စည်းများ တင်သွင်းခြင်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု အသစ်များ လုပ်ဆောင်ခြင်းမှ တားဆီးပိတ်ပင်ခံရမည်ဟု တရုတ်ကုန်သွယ်ရေးဌာနက ကြာသပတေးနေ့တွင် ပြောသည်။

ထိုင်ဝမ်ကို လက်နက် ရောင်းချခြင်းအတွက် ထိုကုမ္ပဏီများသည် ယုံကြည်၍ မရသော အဖွဲ့အစည်း စာရင်းသို့ အသွင်းခံရသည်ဟုလည်း သိရသည်။

ယခု လုပ်ဆောင်ချက်သည် ထိုကုမ္ပဏီများအပေါ် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ တရုတ်အစိုးရ၏ အရေးယူ ပိတ်ဆို့မှု များ ချမှတ်ခဲ့ခြင်း အောင်မြင်မှု သို့မဟုတ် ယင်းတို့အပေါ် ထပ်တိုး လုပ်ဆောင်မှု ပြုလုပ်ခြင်းတို့ ဖြစ်ဖွယ်ရှိသည်။

 ထိုင်ဝမ်စစ်တပ်ကိုတွေ့ရစဉ်

တရုတ်အစိုးရသည် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတွင်လည်း Raytheon နှင့် တခြားသော အမေရိကန် လက်နက် ကုမ္ပဏီများနှင့် အမေရိကန်နိုင်ငံသားများကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

လက်ရှိ အချိန်အထိ ပိတ်ဆို့ အရေးယူမှုများကြောင့် ကုမ္ပဏီနှစ်ခုအပေါ် မည်သည့် အကျိုးသက်ရောက်မှုများ ဖြစ်စေမည်လည်း ကွဲကွဲပြားပြား မသိနိုင်ပေ။

အမေရိကန်အစိုးရသည် တရုတ်သို့ လက်နက်နှင့် ဆက်စပ်နေသော နည်းပညာများ ရောင်းချခြင်း အများစုကို ပိတ်ပင်ထားသော်လည်း တစ်ချို့သော စစ်ဘက်ကန်ထရိုက်များသည် လေကြောင်းနှင့်တခြားသော ဈေးကွက်များတွင် အရပ်ဘက် စီးပွားရေးလုပ်ငန်းများကို ပိုင်ဆိုင်ထားသည်။

အမေရိကန်သည် ထိုင်ဝမ်၏ အရေးပါသော စစ်လက်နက်ပစ္စည်းဆိုင်ရာ ထောက်ပံ့သူ ဖြစ်သည်။

အမေရိကန်၏ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန် လက်နက်ရောင်းချမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်ဝမ်

Raytheon နည်းပညာကိုတွေ့ရစဉ်

စစ်တပ် ရေဒါများကို အဆင့်မြှင့်တင်ရန် Raytheon နည်းပညာကော်ပိုရေးရှင်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သော Raytheon ဒုံးကျည်နှင့် ကာကွယ်ရေးအဖွဲ့သည် စက်တင်ဘာလတွင် ဒေါ်လာ ၄၁၂ သန်းတန် စာချုပ်ကို ရရှိခဲ့သည်။

Lockheed Martin ကုမ္ပဏီသည် ထိုင်ဝမ်စစ်တပ်အား ရေဒါ၊ ရဟတ်ယာဉ်နှင့် လေကြောင်းသွားလာမှု ထိန်းချုပ်ရေး ပစ္စည်းများ ပံ့ပိုးသည်။

တရုတ်တွင် Lockheed Martin သည် အရပ်ဘက် လေယာဉ်ကွင်းများအတွက် လေကြောင်း ထိန်းချုပ်ရေး ကိရိယာများ၊ စီးပွားဖြစ် အသုံးပြုရန် ရဟတ်ယာဉ်များကို ရောင်းချသည်။


အမေရိကန် ကုမ္ပဏီများအပေါ် တရုတ်၏ ပိတ်ဆို့အရေးယူမှု လုပ်ဆောင်ခြင်းသည် အမေရိကန် လေပိုင်နက် အတွင်းသို့ တရုတ်၏ မိုးပျံပူဖောင်းများ ဝင်ရောက်လာခြင်းအတွက် အမေရိကန်ဘက်က တရုတ်ကုမ္ပဏီ ခြောက်ခု ကို အရေးယူမှု လုပ်ဆောင်လိုက်ပြီး တစ်ပတ်မပြည့်မီ အချိန်အတွင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Source: အယ်ဂျာဇီးယား

 

 

 

 

Share
Tweet
Share
Share
powered by social2s

အကြီးမားဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဖိလစ်ပိုင်နှင့်အမေရိကန်တို့ ပြုလုပ်မည်

By CNI
CNI
Category: Watch TV
Hits: 732

Share
Tweet
Share
Share
powered by social2s

စစ်ပွဲအတွင်း ယူကရိန်းစစ်သားအချို့ သုတ်ရေခဲ၍ မျိုးဆက်ဖန်တီးရေးလုပ်ဆောင်နေ

By CNI
CNI
Category: Watch TV
Hits: 752

Share
Tweet
Share
Share
powered by social2s

မိုဒီ၏မှတ်တမ်းရုပ်ရှင်ကို ထုတ်လွှင့်ပြီးနောက် BBC ရုံးများကို ဝင်ရောက်ရှာဖွေ

By CNI
CNI
Category: Watch TV
Hits: 719

Share
Tweet
Share
Share
powered by social2s

လက်နက် ကိုင်ဆောင်ခွင့်လိုင်စင်မှာ လူထုအတွက် အန္တရာယ်ကြီးဟု ပြော

By CNI
CNI
Category: Watch TV
Hits: 701

Share
Tweet
Share
Share
powered by social2s

အမေရိကန် မလုပ်လိုသည့် အလုပ်ကို ယူကရိန်းလုပ်နေရဟု ကာကွယ်ရေးဝန်ကြီးဟောင်းပြော

By CNI
CNI
Category: Watch TV
Hits: 723

Share
Tweet
Share
Share
powered by social2s

ယူကရိန်းအတွက် ဘုံမူဝါဒတစ်ခု ဖော်ဆောင်ရန် CSTO နိုင်ငံများကို လူကာရှန်ကို တိုက်တွန်း

By CNI
CNI
Category: Watch TV
Hits: 723

Share
Tweet
Share
Share
powered by social2s

မိမိပိုင်နက်ထဲသို့ အမေရိကန်၏ မိုးပျံပူဖောင်းများရောက်ခဲ့ဟု တရုတ်ပြော

By CNI
CNI
Category: Watch TV
Hits: 822

Share
Tweet
Share
Share
powered by social2s

မည်သည့်ပုံစံဖြင့် ပါတီမှတ်ပုံတင်ရမည်ကို မဆုံးဖြတ်ရသေးဟု ANP ပြော

By CNI
CNI
Category: Watch TV
Hits: 703

Share
Tweet
Share
Share
powered by social2s

ယူကရိန်းတွင် ဗြိတိန်ကုမ္ပဏီများ လက်နက်ထုတ်လုပ်ဖွယ်ရှိဟု ဆို

By CNI
CNI
Category: Watch TV
Hits: 747

Share
Tweet
Share
Share
powered by social2s
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17

Page 13 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar