CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ ဘာတွေလိုအပ်နေလဲ

By CNI
CNI
Category: Watch TV
Hits: 630

Share
Tweet
Share
Share
powered by social2s

သမ္မတဟောင်းဘော်ဆိုနာရို အာဏာသိမ်းရန်ကြံစည်ခဲ့ဟု သမ္မတသစ် လူလာစွပ်စွဲ

By CNI
CNI
Category: Watch TV
Hits: 621

Share
Tweet
Share
Share
powered by social2s

ဆူဒန်၊ လစ်ဗျားတို့မှ ရုရှားကြေးစားစစ်သားများကို နှင်ထုတ်ရန်အမေရိကန် ကြိုးပမ်း

By CNI
CNI
Category: Watch TV
Hits: 633

Share
Tweet
Share
Share
powered by social2s

ယီမင်သို့ပို့မည့် ရိုင်ဖယ်နှင့်ဒုံးကျည်များကို ပြင်သစ်ရေတပ်က ဖမ်းမိ

By CNI
CNI
Category: Watch TV
Hits: 603

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေးပါတီဥပဒေက ပိုက်ဆံရှိသူများအတွက် အခွင့်အလမ်းဖြစ်နေဟု ပြော

By CNI
CNI
Category: Watch TV
Hits: 594

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေးပါတီဥပဒေက ပိုက်ဆံရှိသူများအတွက် အခွင့်အလမ်းဖြစ်နေဟု ပြော

By CNI
CNI
Category: Watch TV
Hits: 599

Share
Tweet
Share
Share
powered by social2s

ရုရှား၊တရုတ်ဆက်ဆံရေးသည် သာမာန်စစ်ဘက် မဟာမိတ်ထက်ပိုဟု ရုရှားပြော

By CNI
CNI
Category: Watch TV
Hits: 600

Share
Tweet
Share
Share
powered by social2s
ဦးသာထွန်းလှ၊ စိုင်းအိုက်ပေါင်းနဲ့ ဦးစိန်ဝင်းကိုတွေ့ရစဉ်

နိုင်ငံရေးပါတီဥပဒေက ပိုက်ဆံရှိသူများအတွက် အခွင့်အလမ်းဖြစ်နေဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 980

CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄

နစက ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများသည် ပိုက်ဆံရှိသူများအတွက် အခွင့်အလမ်း ဖန်တီးပေးထားသလို ဖြစ်နေသည်ဟု ရခိုင်အမျိုးသားပါတီ(ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံတစ်ဝန်း ရွေးကောက်ခံမည့် နိုင်ငံရေးပါတီတစ်ခု မှတ်ပုံတင်ရာတွင် မှတ်ပုံတင်ကြေး သိန်း ၁၀၀၀ နှင့် မြန်မာနိုင်ငံ၏ မဲဆန္ဒနယ် တစ်ဝက်ကို ပါတီရုံးခန်း ဖွင့်ရမည်ဆိုသည့်အတွက် ငွေကြေး အခက်အခဲရှိကြောင်း ၎င်းက ပြောသည်။

ဦးသာထွန်းလှက “ပိုက်ဆံရှိတဲ့ လူတွေက အဲဒီလိုပုံစံမျိုး ပိုက်ဆံရှိတဲ့ လူတွေအတွက်ပဲ တစ်နိုင်ငံလုံး ပါတီအဖြစ် ရပ်တည်လို့ရအောင် သဘောမျိုး သွားသက်ရောက်နေတယ်၊ ဘာဖြစ်လို့လဲဆိုရင် ဒီဥပဒေမှာက သိန်း ၁၀၀၀ တင် ရမယ်၊ ပြီးရင် ပါတီဝင် ၁၀၀၀၀၀(တစ်သိန်း)ရယ်၊ ပြီးရင် မြန်မာနိုင်ငံ မဲဆန္ဒနယ်ရဲ့ တစ်ဝက်မှာ ရုံးဖွင့်ရမယ်ဆို တော့ ၁၆၅ မြို့မှာ ရုံးဖွင့်ရမယ့် သဘောလို့ ကျနော်တို့ အဲဒီလိုမြင်တယ်၊ အဲဒါကြောင့် မြန်မာနိုင်ငံမြို့နယ် တစ်ဝက် ၁၆၅ မြို့မှာ ရုံးဖွင့်ဖို့အတွက် အဲဒါကို လည်ပတ်အောင် လုပ်ဖို့အတွက်က ပိုက်ဆံလိုတယ်ဆိုတာ သေချာသွား တယ်၊ အဲဒါကြောင့် ပိုက်ဆံရှိတဲ့ လူတွေအတွက် ဒီလိုတစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ ပါတီတစ်ခုအဖြစ် ရပ်တည်သွား မယ်ဆိုရင် ပိုက်ဆံရှိဖို့ လိုတာက သေချာသွားတယ်၊ အဲဒါကြောင့် ပိုက်ဆံရှိတဲ့ လူတွေအတွက် အခွင့်အလမ်း ပိုဖန်တီး သလိုတော့က သွားဖြစ်သွားတယ်လို့ ကျ‌နော်ကတော့ အဲဒီလိုတော့ မြင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

 နိုင်ငံရေးပါတီများနဲ့ UEC ကိုတွေ့ရစဉ်

ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်တွင် ပါတီရုံးခန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ဝန်ခံချက် ရှိရမည်ဟု နစက ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ တွင် ပြဋ္ဌာန်းထားသည်။

ပြည်တွင်းရှိ လုပ်ငန်းရှင်များ၊ ငွေကြေးချမ်းသာသူများက နိုင်ငံရေးပါတီများကို လှူ၍ရကြောင်း ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တော့ ပိုက်ဆံ မရှိဘူးဗျ၊ ပြည်တွင်းမှာ ရှိတဲ့ သူဋ္ဌေးတွေ ကျားဖြူပါတီကို လှူချင်လည်း လှူခိုင်းလိုက်ဦး ကျနော်တို့ ရေခန်းနေတယ်၊ လှူလို့ရတယ်လေ၊ ပြည်တွင်းမှာ ဘယ်သူမဆို လှူလို့ရတယ်လေ၊ ဘယ် သူဋ္ဌေးပဲ ဖြစ်ဖြစ်၊ FRC (Foreign Registration Certificate) ကိုင်ထားတဲ့ လူလည်း လှူလို့ရတယ်လေ၊ ဧည့် နိုင်ငံသားလည်း လှူလို့ရတယ်၊ ခင်ဗျားလည်း လှူချင်လှူလို့ရတယ် မီဒီယာကိုင်ထားတဲ့ လူလည်း လှူလို့ရတယ်၊ နိုင်ငံခြားမရဘူးလေ၊ နိုင်ငံခြား အဖွဲ့အစည်း မရဘူးလေဗျာ၊ ပြည်တွင်းကတော့ ရတာပေါ့” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်

ငွေကြေးချမ်းသာသည့် ပုဂ္ဂိုလ်များ၊ ဉာဏ်ပညာရှိသည့် ပုဂ္ဂိုလ်များ စု‌ပေါင်းလုပ်ဆောင်မှ ပါတီတစ်ခုမှာ အောင်မြင် မှာ ဖြစ်ကြောင်း အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)ဥက္ကဋ္ဌ ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါကတော့ ဒီလိုဗျ ဟိုတုန်းကတည်းကလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကတည်းကလည်း ကျနော်သိထားတာက ပညာတတ်တာလည်း ပါတာပဲ၊ ပိုက်ဆံရှိတဲ့ သူဌေးလည်း ပါတာပဲ၊ အားလုံးစုပေါင်းပြီးတော့ နိုင်ငံရေးဆိုတာ စုပေါင်းပြီးတော့ အလုပ်လုပ်ရတာလေ၊ ပိုက်ဆံရှိပါတယ်ဗျာ၊ သူရ‌ရွှေမန်းတို့ ဘာတို့ သူတို့ ဆက် လုပ်လို့ မရဘူးလေ၊ ဆိုလိုချင်တဲ့ သဘောက ပိုက်ဆံရှိမှ မဟုတ်ပါဘူး။ အရေးကြီးတာက ပိုက်ဆံရှိတဲ့လူ စိတ်ရင်း စိတ်ဓါတ်ကောင်းတဲ့ လူလာခဲ့၊ အရည်အချင်းရှိတဲ့လူ၊ ဥာဏ်ပညာရှိတဲ့လူ စိတ်ရင်းစိတ်ဓါတ် ကောင်းတဲ့လူ လာခဲ့၊ အချိန်ပေးနိုင်တဲ့လူ၊ စိတ်ရင်းစိတ်ဓါတ် ကောင်းတဲ့လူ လာခဲ့၊ ဒီလိုမျိုး ခေါင်းဆောင်တွေ Level တွေ ရှိတဲ့ဟာနဲ့ စုပေါင်းပြီးတော့ လုပ်မှ အောင်မြင်တာလေ၊ အဲဒါမှ ပါတီတစ်ခုက အောင်မြင်တာ” ဟု ပြောသည်။

ထို့အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံ‌ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေမှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ် အားလုံး၏ အနည်းဆုံး ၅ မြို့နယ်တွင် ပါတီရုံးခန်း ဖွင့်လှစ်ရမည်ဟု ဝန်ခံချက် လိုအပ်ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

စစ်အင်အား တိုးချဲ့ရန် အမေရိကန်နှင့် ဖိလစ်ပိုင် သဘောတူ

By CNI
CNI
Category: Watch TV
Hits: 625

Share
Tweet
Share
Share
powered by social2s
ဘရာဇီးလ်သမ္မတ လူးဝစ္စအင်နာစီယို လူလာ ဒါဆေးလ်ဗားကိုတွေ့ရစဉ်(GETTY IMAGES)

သမ္မတဟောင်းဘော်ဆိုနာရို အာဏာသိမ်းရန်ကြံစည်ခဲ့ဟု သမ္မတသစ် လူလာစွပ်စွဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 823

CNI International News

ဘရာစီးလီးယား၊ ဖေဖော်ဝါရီ ၄

သမ္မတဟောင်း ဂျဲလ်ဘော်ဆိုနာရို(Jair Bolsonaro)သည် ဇန်နဝါရီ ၈ ရက်နေ့က အစိုးရအဆောက်အဦများ ဝင်ရောက် စီးနင်းခဲ့သော ထောက်ခံသူများအတွက် အစီအစဉ် ရေးဆွဲပေးခြင်း၌ ပါဝင်ပတ်သတ်မှု ရှိခဲ့သည်ဟု ဘရာဇီးလ်သမ္မတ လူးဝစ္စအင်နာစီယို လူလာ ဒါဆေးလ်ဗား (Luiz Inacio Lula da Silva) က စွပ်စွဲပြောကြား လိုက်သည်။

လက်ယာစွန်း သမ္မတဟောင်းသည် ရွေးကောက်ပွဲ ဆန့်ကျင်ရေး အစီအစဉ် အစည်းအဝေး တစ်ခုသို့ တက်ရောက် ခဲ့သည်ဟု လွှတ်တော်အမတ်တစ်ဦးက ပြောသည်။

သမ္မတဟောင်းသည် အာဏာသိမ်းရန် ပြင်ဆင်ခဲ့ကြောင်း လူလာက RedeTV နှင့် ကြာသပတေးနေ့က ပြုလုပ် သည့် အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

ဘော်ဆိုနာရို ရွေးကောက်ပွဲတွင် ရှုံးနိမ့်မှုကို လက်မခံကျသော ထောက်ခံသူများက လူလာ သမ္မတအဖြစ် ကျမ်းကျိမ်ပြီးနောက် မြို့တော်ရှိ သမ္မတအိမ်တော်၊ လွှတ်တော်နှင့် ဗဟိုတရားရုံးချုပ် အဆောက်အဦးများကို ချိုးဖျက် ဝင်ရောက်ခဲ့သည်။

ဘရာဇီးလ်သမ္မတဟောင်း ဘော်ဆိုနာရိုကိုတွေ့ရစဉ်(GETTY IMAGES)

ထိုအချိန်တွင် သမ္မတဟောင်းသည် မြို့တော်တွင် ရှိမနေခဲ့သလို လူလာ၏ ကျမ်းကျိန်ပွဲသို့လည်း မတက်ရောက် ခဲ့ပေ။ ဘော်ဆိုနာရိုသည် ဒီဇင်ဘာလ နှောင်းပိုင်းကတည်းက အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်သို့ ရောက်ရှိ နေခဲ့သူ ဖြစ်သည်။

ဘော်ဆိုနာရိုသည် အဆိုပါ ဖြစ်ရပ်များတွင် ပါဝင်ခဲ့သည်ဟု တပ်အပ်ပြောနိုင်ကြောင်း၊ ပါဝင်ရန် ကြိုးပမ်းနေဆဲ လည်းဖြစ်ကြောင်း ဒီမိုကရေစီ အဆောက်အဦများကို တိုက်ခိုက်မှုများတွင် ဘော်ဆိုနာရို ပါဝင်မှုနှင့်ပတ်သက်၍ မေးမြန်းမှုကို လူလာက ပြန်လည် ဖြေကြားခဲ့သည်။

လူလာ၏ သမ္မတဟောင်းအပေါ် စွပ်စွဲမှုများသည် လွှတ်တော်အမတ် မားကို့စ်ဒိုဗဲလ် (Marcos do Val) က သမ္မတ ဟောင်းသည် လူလာထံသို့ အာဏာလွှဲပြောင်းပေးမှု မဖြစ်လာအောင် တားဆီးရန် အစီအစဉ်တစ်ခုအတွက် အစည်းအဝေးပွဲကို တက်ရောက်ခဲ့သည်ဟု ထုတ်ဖော် ပြောဆိုလိုက်သည့် တစ်နေ့တည်းမှာပင် ပေါ်ထွက် လာခဲ့သည်။

လွှတ်တော်အမတ် မားကို့စ်ဒိုဗဲလ်ကိုတွေ့ရစဉ်(GETTY IMAGES)

ဒိုဗဲလ်သည် ဘော်ဆိုနာရို၏ မဟာမိတ်ဟောင်း တစ်ဦးဖြစ်သည်။ ကနဦးတွင် ဘောဆိုနာရိုသည် အာဏာ လွှဲ ပြောင်းမှုကို နှောင့်ယှက်ရေး အစီအစဉ်ကို ၎င်းထံပြောပြခဲ့သည်ဟု Veja မဂ္ဂဇင်းထံ ဖွင့်ချခဲ့သော်လည်း နောက် ပိုင်းတွင် သမ္မတဟောင်းသည် အစည်းအဝေးပွဲအတွင်း ဘာမှဝင်ပြောခဲ့ခြင်းမရှိဟု ပြန်လျှောချခဲ့သည်။

ထိုပြောဆိုမှုသည် ဒေသတွင်း သတင်းဌာနများတွင် စိတ်ဝင်စားမှု အမြင့်ဆုံး ဖြစ်စေခဲ့သည်။ ထိုပြောဆိုမှုများ ကြောင့် ဒိုဗဲလ်အား ဖက်ဒရယ်ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းခဲ့သည်ဟု သိရသည်။

ထိုကိစ္စများနှင့်ပတ်သက်၍ ဘော်ဆိုနာရိုသည် မည်သည့် တုန့်ပြန်မှုမှ လုပ်ဆောင်ခြင်း မရှိသေးပေ။

Source: aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

အမေရိကန်ကို တန်ပြန်ရန် ပြင်းထန်ဆုံးနျူကလီးယား သုံးမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

By CNI
CNI
Category: Watch TV
Hits: 643

Share
Tweet
Share
Share
powered by social2s

ဘယ်ပါတီတွေ မှတ်ပုံတင်လာနိုင်လဲ

By CNI
CNI
Category: Watch TV
Hits: 595

Share
Tweet
Share
Share
powered by social2s

ထိုင်းတွင်ကျင်းပမည့် အစည်းအဝေးသို မြန်မာကိုဖိတ်ကြား

By CNI
CNI
Category: Watch TV
Hits: 614

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနှင့် နိုင်ငံရေးပါတီများ အခက်အခဲ

By CNI
CNI
Category: Watch TV
Hits: 610

Share
Tweet
Share
Share
powered by social2s

ရှီကျင့်ဖျင်၏ခရီးစဉ်က ရုရှား-တရုတ် အရေးပါသည့် ဆက်ဆံရေးဖြစ်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 610

Share
Tweet
Share
Share
powered by social2s

ပူတင်က ဒုံးကျည်ဖြင့် ခြိမ်းခြောက်ခဲ့ဟု ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ပြော

By CNI
CNI
Category: Watch TV
Hits: 590

Share
Tweet
Share
Share
powered by social2s
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19

Page 15 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar