- By CNI
- Category: ဆောင်းပါး
- Hits: 2071
CNI International Article
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄
လက်ရှိတွင် ယူကရိန်း-ရုရှား၊ အစ္စရေး-ဟားမာ့စ်တို့အကြား ပြင်းထန်စွာ ဖြစ်ပွားနေသည့် စစ်ပွဲနှစ်ပွဲသည် နိုင်ငံတကာ၏ အာရုံကို ဖမ်းစားထားသည်။
သို့သော် ယခုလ အစောပိုင်းက မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားနယ်စပ်တွင် နှစ်နိုင်ငံစလုံးက လက်နက် ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည့် အကြောင်းအရာသည် ကမ္ဘာလုံး ဆိုင်ရာ စစ်ပွဲများအတွင်း အမေ့လျော့ခံ စစ်မျက်နှာတစ်ခု ဖြစ်နေခဲ့သည်ကို နိုင်ငံတကာအား ပြန်လည်သတိပေးရာ ရောက်ခဲ့သည်။
မြောက်ကိုရီးယားသည် ပင်လယ်ရေကြောင်း နယ်စပ် သို့မဟုတ် NLL အနီးရှိ တောင်ကိုရီးယား၏ ကျွန်းနှစ်ကျွန်း အနီးကို လက်နက်ကြီးများဖြင့် အကြိမ် ၂၀၀ ခန့် ပစ်ခတ်ခဲ့သည်။
တောင်ကိုရီးယားစစ်တပ်ကလည်း ထိုနေရာအနီးတွင် ရေတပ်စစ်ရေး လေ့ကျင့်မှုများနှင့် ပစ်ခတ်မှုများ ပြုလုပ် ခဲ့သည်။ ထိုဖြစ်စဉ်သည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ကိုရီးယားနှစ်နိုင်ငံအကြား ပြင်းထန်သည့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့သည်။
ကိုရီးယားနှစ်နိုင်ငံအကြား စစ်မဲ့ဇုန် (DMZ) မှ အမေရိကန်တပ်ဖွဲ့များ အပါအဝင် ထောင်နှင့်ချီသည့် ကိုရီးယား နှစ်နိုင်ငံမှ စစ်သားများကို ပြန်လည်ရုပ်သိမ်းရန် သဘောတူခဲ့သော ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူညီချက် ရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ကင်မ်က တောင်ကိုရီး ယားနိုင်ငံ၌ ကြီးမားသည့် ဖြစ်စဉ်တစ်ခု ပြုလုပ်ရန်အတွက် ပြင်ဆင်ထားရန် စစ်တပ်ကို တိုက်တွန်းခဲ့သည်။
ထို့အပြင် နျူကလီးယားအင်အား အပါအဝင် တပ်ဖွဲ့များနှင့် စစ်လက်နက် ပစ္စည်းများအားလုံးကို စုရုံးပြီး တောင်ကိုရီးယား နယ်နိမိတ်တစ်ခုလုံးကို လက်အောက်ခံအဖြစ် သွတ်သွင်းရန် ပြောကြားခဲ့သည်။
ယူကရိန်းစစ်သားတွေကို တွေ့ရစဉ်
ကိုရီးယားကျွန်းဆွယ်၏ အခြေအနေကို လေ့လာစောင့်ကြည့်နေသူများကမူ မြောက်ကိုရီးယား၏ ရန်လိုသည့် ကြေညာချက်များကြောင့်သာမက တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ (Yoon Suk-yeol) ၏ ခက်ထန်သည့် သဘောထားကြောင့်ပါ တင်းမာမှုများ မြင့်တက်လာမည့် အန္တရာယ်ကို စိုးရိမ်လျက်ရှိသည်။
"၂၀၂၄ ခုနှစ်ဟာ ကိုရီးယားနှစ်နိုင်ငံအကြား စစ်မဲ့ဇုန်နဲ့ ပင်လယ်ရေကြောင်းနယ်စပ်မှာ ရန်စမှုတွေ၊ တင်းမာမှုတွေ နဲ့ နည်းဗျူဟာမြောက် ပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့ နှစ်တစ်နှစ်အဖြစ် ပုံဖော်နေပါတယ်" ဟု ဝါရှင်တန်အခြေစိုက် Heritage Foundation မှ ထိပ်သီး သုတေသီလည်းဖြစ် စီအိုင်အေ (CIA) ကျွမ်းကျင်သူဟောင်းလည်းဖြစ်သည့် ဘရုစ် ကလင်နာက (Bruce Klingner) က ပြောကြားခဲ့သည်။
ကိုရီးယားနှစ်နိုင်ငံအကြား ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူညီချက် ပြိုကွဲသွားမှုသည် နှစ်နိုင်ငံလက်နက်ကိုင်တပ်ဖွဲ့ များအကြား အနီးကပ် ထိတွေ့မှုများ ပိုမိုမြင့်တက်လာမည့်သဘော ဖြစ်သည်။
ပင်လယ်ရေကြောင်း နယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်စဉ်များသည် နှစ်ဖက်စလုံးက ၎င်းတို့သည် အားနည်း ခြင်းမရှိကြောင်း ပြသသည့် သဘောဖြစ်သည်ဟု တောင်ကိုရီးယား၏ ထိပ်သီးကျွမ်းကျင်သူ အန်ဒရီ လန်ကော့ဗ် (Andrei Lankov) က ပြောကြားခဲ့သည်။
"နှစ်ဖက်စလုံးက သူ့ထက်ငါ အရင် အလျှော့ပေးမယ့်ပုံ မပေါ်ပါဘူး။ အဲဒါကြောင့် တင်းမာမှုကို ပိုပြီး မြင့်တက်ဖို့ပဲ ရှိပါတယ်။ မြောက်ကိုရီးယားဟာ ယွန်းဆော့ရွဲ အစိုးရအဖွဲ့ကို ရန်လိုတင်းမာတဲ့ မူဝါဒအတွက် သင်ခန်းစာပေးဖို့ ဆုံးဖြတ်ထားပုံပါပဲ" ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုရီးယားစစ်ပွဲ နောက်တစ်ကြိမ် ဖြစ်ပွားလာမည့် အခြေအနေမျိုးတွင် မြောက်ကိုရီးယားကို ထောက်ခံထားသည့် ရုရှား၊ တရုတ်နှင့် တောင်ကိုရီးယားအား ထောက်ခံသော အမေရိကန်တို့အကြား တင်းမာမှုမြင့်တက်နေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် ကင်မ်တို့ တွေ့ဆုံးပြီး အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြား စစ်ရေးနှင့် စီးပွားရေး ဆက်ဆံရေးများကို တိုးမြှင့်ခဲ့ကြသည်။
တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲကို တွေ့ရစဉ်
မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ရုရှားအတွက် လက်နက်ခဲယမ်း အများအပြားကို ပေးပို့ခဲ့ပြီး ရုရှားသည် မြောက်ကိုရီးယားက ထောက်ပံ့ပေးထားသည့် ပဲ့ထိန်းဒုံးကျည်များအား ပစ်ခတ်ခဲ့ကြောင်း အမေရိကန်အရာရှိများ က စွပ်စွဲခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယားသည် မကြာသေးမီက စစ်ဘက်သုံး စပိုင်ဂြိုဟ်တု လွှတ်တင်မှု အပါအဝင် ဒုံးကျည် စမ်းသပ်မှုများကို အရှိန်မြှင့်တင်ခဲ့ပြီး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) များကိုလည်း စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။
တောင်ကိုရီးယား ထောက်လှမ်းရေး အရာရှိများကမူ ရုရှားသည် မြောက်ကိုရီးယား၏ ဒုံးကျည်စနစ်များကို ပြီးပြည့် စုံမှုရှိစေရန် ကူညီထောက်ပံ့ပေးနေပြီး ခေတ်မီ လေယာဉ်များနှင့် အခြားလက်နက် နည်းပညာများကိုလည်း ထောက်ပံ့ပေးဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
ရုရှား၊ တရုတ်နှင့် မြောက်ကိုရီးယား၏ မဟာမိတ်ဖွဲ့မှုသည် ကင်မ်အတွက် မဟာဗျူဟာမြောက် ထိပ်တိုက်တွေ့မှု များ ပြုလုပ်ရန် ရဲဆေးတင်းပေးနိုင်ခြင်း ရှိ/မရှိ ရှင်းလင်းစွာ မသိရသေးသော်လည်း ရုရှားအနေနှင့် ကမ္ဘာလုံး ဆိုင်ရာ သြဇာ အာဏာယှဉ်ပြိုင်မှုတွင် အမေရိကန်နှင့် နောက်ထပ် စစ်မျက်နှာဖွင့်ရမည့် အခြေအနေကို လိုလား မည်မဟုတ်ပေ။
ထို့ပြင် မြောက်ကိုရီးယားအား စီးပွားရေး အထောက်အပံ့ပေးနေပြီး ကုန်သွယ်မှုများ ပြုလုပ်နေသည့် တရုတ်နိုင်ငံ ကလည်း မည်ကဲ့သို့ တုန့်ပြန်မည်ကို ရှင်းလင်းစွာ မသိရသေးပေ။
တရုတ်သည် လက်ရှိ ရုရှားနှင့် မြောက်ကိုရီးယားအကြား ရင်းနှီးသည့် ဆက်ဆံရေး အခြေအနေကို လိုလားခြင်း မရှိနိုင်ကြောင်း ဆိုးလ်အမျိုးသားတက္ကသိုလ်မှ အနာဂတ်မဟာဗျူဟာ အင်စတီကျူ၏ အကြီးအကဲဖြစ်သည့် မြောက်ကိုရီးယား ကျွမ်းကျင်သူ ကင်ဗြောင်ယွန် (Kim Byung-yeon) က ပြောကြားခဲ့သည်။
"ရုရှားရဲ့ ထောက်ပံ့မှုနဲ့အတူ ခေတ်မီနျူကလီယား လက်နက်တွေ ရရှိထားတဲ့ မြောက်ကိုရီးယားဟာ ရေရှည်မှာ တရုတ်ကို ခယနေတော့မှာ မဟုတ်ပါဘူး။ တရုတ်အနေနဲ့ မြောက်ကိုရီးယားကို ထိန်းချုပ်ဖို့ စီးပွားရေး အကူအညီ တွေကို လျှော့ချတဲ့နည်းနဲ့ ကြိုးပမ်းဖွယ်ရှိပါတယ်" ဟု ကင်မ်က ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ ရည်ရွယ်ချက်မှာ ရန်လိုမှုများ မဟုတ်နိုင်ကြောင်း၊ အထူးသဖြင့် ရှီသည် အမေရိကန်နှင့် တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းနေပြီး တောင်ကိုရီးယား၊ ဂျပန်တို့နှင့် ဆက်ဆံရေးများလည်း တိုးတက်နေကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် ထိပ်တိုက်တွေ့ရန် အခြားအကြောင်းရင်းများ ရှိနေပြီး အချို့အကြောင်းရင်းများမှာ လျှို့ဝှက်ထားဆဲဖြစ်သည်ဟု လန်ကော့ဗ်က ပြောကြားခဲ့သည်။
အစ္စရေးနဲ့ဟားမာ့စ်စစ်ပွဲကို တွေ့ရစဉ်
မြောက်ကိုရီးယားသည် လာမည့် တောင်ကိုရီးယား အမျိုးသားလွှတ်တော် ရွေးကောက်ပွဲအပေါ် သြဇာလွှမ်းမိုးရန် နည်းလမ်းတစ်ခုအဖြစ် တောင်ကိုရီးယားသမ္မတ ယွန်းနှင့် ၎င်း၏ အစိုးရအဖွဲ့ကို ထိပ်တိုက် တွေ့ဖွယ်ရှိပြီး တောင်ကိုရီးယား လူထုအကြား စစ်ပွဲအတွက် အကြောက်တရားများကို ရိုက်သွင်းနိုင်ခြေရှိသည်။
လက်ရှိအချိန်အထိ မြောက်ကိုရီးယားသည် ခြိမ်းခြောက်သည့် စကားများကို ပြောကြားနေသည့်တိုင် ကင်မ်ဂျုံအန် သည် ယခုနှစ်စမှစပြီး နျူကလီးယား အကျပ်အတည်းကို အဆုံးစွန်း အခြေအနေအထိ တွန်းအားပေး လုပ်ဆောင် သွားနိုင်ခြေမရှိကြောင်း ဆိုးလ်တက္ကသိုလ်မှ ပါမောက္ခ ကင်မ်ဗြောင်ယွန်က ပြောကြားခဲ့သည်။
"ဘာလို့လဲဆိုတော့ လက်ရှိအချိန်မှာ အမေရိကန်နဲ့ တရုတ် အားပြိုင်မှု၊ ရုရှား-ယူကရိန်း စစ်ပွဲတွေကြောင့် မြောက်ကိုရီးယားဟာ သူတို့ဆီမှာ အသာစီးရနေတဲ့ အခြေအနေရှိတယ်လို့ ယူဆထားလို့ ဖြစ်ပါတယ်" ဟု ကင်မ် က ပြောကြားခဲ့သည်။
ထို့ပြင် ရုရှားကို လက်နက်များရောင်းချမှု၊ တရုတ်နှင့် ကုန်သွယ်မှုများ ပြန်လည်စတင်မှုတို့ကြောင့် စီးပွားရေး တိုးတက် ကောင်းမွန်လာသည့် အခြေအနေကို ချက်ချင်း ပြောင်းလဲသွားစေမည့် အခြေအနေမျိုးကို မြောက်ကိုရီးယားက လုပ်ဆောင်လိမ့်မည် မဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။
လာမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲသည်လည်း မြောက်ကိုရီးယားက ထည့်သွင်းစဉ်းစားသည့် အကြောင်း အရာတစ်ရပ် ဖြစ်နေသည်။
"ဒေါ်နယ်ထရမ့် (Donald Trump) နောက်တစ်ကြိမ် ပြန်လည်ရွေးကောက်ခံရရင် အမေရိကန်နဲ့ မြောက်ကိုရီးယား အကြား ဆွေးနွေးပွဲ ဖြစ်လာနိုင်ခြေရှိပါတယ်။ အဲဒါကြောင့် မြောက်ကိုရီးယားဟာ ကောင်းမွန်တဲ့ အချိန်ကို စောင့်ဆိုင်း နေနိုင်ပါတယ်" ဟု ကင်မ်ဗြောင်ယွန်က ပြောကြားခဲ့သည်။
ထို့ကြောင့် လက်ရှိအချိန်တွင် အပြုသဘောဆောင်သည့် ရှုထောင့်မှ ကြည့်ရမည်ဆိုပါက မြောက်ကိုရီးယားသည် မဟာဗျူဟာမြောက် ဆုံးရှုံးနစ်နာမှုများကို ဖြစ်ပွားစေနိုင်မည့် အခြေအနေကို စတင်လုပ်ဆောင်လိမ့်မည် မဟုတ် ကြောင်း စီအိုင်အေ ကျွမ်းကျင်သူဟောင် ကလင်နာက ပြောကြားခဲ့သည်။
Source: Asia Times
- By CNI
- Category: ဆောင်းပါး
- Hits: 2153
CNI Article
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၇
အမေရိကန်တွင် လာမည့် နိုဝင်ဘာလ၌ သမ္မတရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump)သည် များပြားလှသည့် တရားမမှု စွဲချက်များ၊ ပြစ်မှုဆိုင်ရာ စွဲချက်များနှင့် ရင်ဆိုင်နေရသည့်တိုင် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြုသည့် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အလားအလားရှိနေသည်။
လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကမူ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် နောက်ထပ် သမ္မတသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
မဲဆန္ဒရှင်များကမူ ဘိုင်ဒန်၏ အသက်အရွယ်ကြောင့် သမ္မတအဖြစ် နောက်တစ်ကြိမ် တာဝန်ထမ်းဆောင်နိုင်ခြင်း ရှိ/မရှိကို စိုးရိမ်နေသော်လည်း လက်ရှိတွင် အမေရိကန်၏ ခိုင်မာတောင့်တင်းသည့် စီးပွားရေးစွမ်းဆောင်ရည် များကြောင့် ထိုစိုးရိမ်မှုများကို အနည်းငယ် ပြေလျော့စေခဲ့သည်။
နိုင်ငံတကာ အခင်းအကျင်းနှင့် နိုင်ငံရေး အခြေအနေများ ရှုပ်ထွေးနေချိန်တွင် ၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
အမေရိကန်နှင့် တရုတ်၏ သြဇာလွှမ်းမိုးရေး ယှဉ်ပြိုင်မှု၊ အစ္စရေးနှင့် ဟားမာ့စ် ပဋိပက္ခ၊ ရုရှား-ယူကရိန်း ပဋိပက္ခများ ဖြစ်ပွားနေချိန်တွင် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည်။
ထို့ပြင် သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်တို့ပါဝင်သည့် AUKUS အဖွဲ့နှင့် သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ ဖွဲ့စည်းထားသည့် Quad အဖွဲ့များ၏ စီမံချက်များကြောင့် အာရှ-ပစိဖိတ် လုံခြုံရေးအခြေအနေ ပြောင်းလဲလာသည့် အချိန်တွင် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်သည်။
ထရမ့်အနေနှင့် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်မည့် အခြေအနေကို အာရှ-ပစိဖိတ်ဒေသရှိ အမေရိကန်၏ မဟာမိတ်များက စိုးရိမ်ပူပန်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ထရမ့်သည် နောက်တစ်ကြိမ် ပြန်လည် ရွေးကောက်ခံရနိုင်မည့် အလားအလား ရှိနေခြင်းကြောင့် ဖြစ်သည်။
အမေရိကန်သာ ပထမဆိုသော ကြွေးကြော်သံကိုတွေ့ရစဉ်
ထရမ့်သည် ရီပတ်ဘလစ်ကန်ပါတီ၏ ပြယုဂ်တစ်ခုဖြစ်နေပြီး ရွေးကောက်ပွဲအကြို လူထုသဘောဆန္ဒခံယူမှု စစ်တမ်းများတွင်လည်း ထရမ့်သည် ဘိုင်ဒန်နှင့် သူတင်ကိုယ်တင် ယှဉ်ပြိုင်နိုင်သည့် ရလဒ်များ ထွက်ပေါ်နေသည်။
ထရမ့်၏ သမ္မတ ဒုတိယသက်တမ်းသည် ပထမသက်တမ်းထက် ပိုမိုပြင်းထန်ဖွယ် ရှိနေသည်။ ထရမ့်၏ မူဝါဒ များသည် ပြည်တွင်းရေးကို အဓိကထားသည်။
ထို့အတူ ဒီမိုကရက်များ၊ တိုးတက်ပြောင်းလဲရေးဝါဒီများ၊ မွတ်ဆလင်များ၊ ရွှေ့ပြောင်းနေထိုင်သူများကို နှိပ်ကွပ် မည်ဆိုပါက ၎င်းအား ထောက်ခံသူများ၏ မဲများကို တစ်ခဲနက် ရရှိလိမ့်မည်ကို ထရမ့်က သိရှိနားလည်ထားသည်။
ထရမ့်သည် ၎င်းအား သစ္စာခံသူများကို အစိုးရအဖွဲ့၏ ရာထူးနေရာများတွင် ခန့်ထားမည်ဟုလည်း မကြာခဏ ကတိပြုခဲ့သည်ဟု ဆိုသည်။
သူကိုယ်တိုင်ကလည်း ပြည်တွင်းရှိ သူ့ ပြိုင်ဘက်များကို နှိမ်နင်းနိုင်မည့် ဖက်ဒရယ်အာဏာကို မည်သို့ အသုံးပြု ရမည်ဆိုသည့် အန္တရာယ်များသော အတွေးအမြင်များကို ချပြနိုင်မည့်သူများကို သူ့အနီးတွင် ခေါ်ထားရန် အစီအစဉ်များရှိကြောင်း စွပ်စွဲခံထားရသည်။
ပထမသမ္မတသက်တမ်းနှင့် မတူညီသည့်အချက်မှာ ၎င်း၏ ကံကြမ္မာသည် အမေရိကန်၏ အဓိက အင်စတီကျူး ရှင်းများကို ပြတ်သားစွာ ဆန့်ကျင်ရန် ၎င်း၏ လုပ်နိုင်စွမ်းများအပေါ် မူတည်နေသည့် အချက်ကို သိရှိနားလည် သွားခြင်း ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ရန်အတွက်လည်း ထရမ့်တွင် ၎င်း၏ အထူးနိုင်ငံရေး အဖွဲ့ရှိထားသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က လွှတ်တော်ကို ဝင်ရောက်စီးနင်းပြီး အမေရိကန်၏ ဒီမိုကရေစီကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းမှု မအောင် မြင်ခဲ့ပြီးနောက် ထရမ့်သည် သမ္မတအုပ်ချုပ်ရေး အမိန့်ဖြင့် ထိုအခြေအနေကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းဖွယ် ရှိသည်။
အဘယ်ကြောင့်ဆိုသော် အမေရိကန်၏ သံခင်းတမန်ခင်း ဆက်ဆံရေး၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး မူဝါဒများ သည် ဖက်ဒရယ်အစိုးရအပေါ်တွင် မူတည်နေသည်။
ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) အကြား ရင်းနှီးမှုများကြောင့် ထရမ့်သည် ပုဂ္ဂိုလ်ရေး အရ ယူကရိန်းကို စွန့်လွှတ်ဖွယ် ရှိနေသည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဘိုင်ဒန်ကို တွေ့ရစဉ်
ဥရောပနှင့်ပတ်သက်ပြီး ထရမ့်အတွက် ရွေးချယ်စရာ များပြားလှသည်။ ထရမ့်အနေနှင့် အမေရိကန်ကို နေတိုး အဖွဲ့ထဲက ဆွဲထုတ်ခြင်း၊ ယူကရိန်းအတွက် စစ်ရေးအကူအညီများကို ရပ်တန့်လိုက်ခြင်း အစရှိသည့် အခြေအနေ များလည်း ဖြစ်လာနိုင်သည်။
ထရမ့်သည် အာရှ-ပစိဖိတ်ဒေသတွင်လည်း ပိုနေမြဲ ကျားနေမြဲ သို့မဟုတ် ရှိရင်းစွဲအခြေအနေကို ဆက်လက် ထိန်းသိမ်းရန် ကတိပြုနိုင်ခြေမရှိပေ။
အဘယ်ကြောင့်ဆိုသော် ထရမ့်သည် အာရှ-ပစိဖိတ်ဒေသအရေးကို မည်မျှ အရေးတယူ ကိုင်တွယ် ဆောင်ရွက် လိမ့်မည်ဆိုခြင်းကို ရှင်းလင်းတိကျစွာ မသိရသေးခြင်းကြောင့် ဖြစ်သည်။
ထို့ပြင် အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် ထရမ့်၏ အရှေ့အလယ်ပိုင်း မူဝါဒကို ရှုပ်ထွေးသွားစေနိုင်သော်လည်း ထရမ့်သည် ထိုပဋိပက္ခအတွက် အဖြေရှာရန် အစ္စရေး၏ တစ်ယူသန်သည့် အစွန်းရောက်အင်အားစုနှင့် ပူးပေါင်းသွားဖွယ်ရှိနေသည်။
ထိုအခြေအနေများထဲတွင် ဂါဇာဒေသပဋိပက္ခ၊ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း (West Bank) ဒေသတွင် ဂျူးရပ်ကွက်များ တည်ဆောက်မှုကြောင့် အကြမ်းဖက်မှုများ မြင့်တက်လာမှု၊ ပါလက်စတိုင်း အရပ်သားများ အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ အစ္စရေး-ပါလက်စတိုင်းနှစ်ပြည်ထောင် တူယှဉ်တွဲနေထိုင်မှုကို အဆုံးသတ်စေသည့် ဖြေရှင်း ချက်များလည်း ပါဝင်နေသည်။
ထိုအခြေအနေများထဲမှ တစ်စုံတစ်ခု လွဲချော်သွားခဲ့မည်ဆိုပါက အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များအကြား ဆက်ဆံရေး ကတောက်ကဆတ် ဖြစ်စေနိုင်မည်ဖြစ်သည်။
ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဘိုင်ဒန်၏ နိုင်ငံခြားရေးမူဝါဒမှာမူ ကမ္ဘာတစ်ဝန်းရှိ အမေရိကန်၏ မဟာမိတ်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် သဟဇာတဖြစ်မှု၊ မျှတမှု ရှိနေသည်ကို တွေ့ရသည်။
ဘိုင်ဒန်သည် နိုင်ငံပေါင်းစုံပါဝင်သည့် အဖွဲ့အစည်းများအပေါ် ယုံကြည်ချက်ရှိသည်။ အမေရိကန်သည် အမေရိကန် ပြည်သူများအတွက် လုံခြုံရေးနှင့် ချမ်းသာသုခကို ရရှိစေရန် ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းတစ်ခုကို ထူထောင်ခဲ့ ထားကြောင်း ဘိုင်ဒန်က သိရှိနားလည်ထားသည်။
ထို့ပြင် ဘိုင်ဒန်သည် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး အခြေအနေတွင် အလွန်ခက်ခဲသည့် အနေအထားမျိုး၌ပင် အမေရိကန်နိုင်ငံကို ကောင်းမွန်စွာ ထိန်းကျောင်းနိုင်ခဲ့သည်။
ထို့ကြောင့် အမေရိကန်၏ မဟာမိတ်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများက စိုးရိမ်နေသည့်ကြားထဲမှ ထရမ့်သာ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့မည်ဆိုပါက အမေရိကန်၏ မူဝါဒအပြောင်းအလဲသည် အဆိုးဘက်သို့လော သို့မဟုတ် အကောင်းဘက်သို့လော ဆိုသည့် အခြေအနေကို မြင်တွေ့ရမည်ဖြစ်သည်။
Source: Asia Times

- By CNI
- Category: ဆောင်းပါး
- Hits: 1517
CNI Article
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၂
နိုဝင်ဘာလလယ်သည် အာရှဒေသ၌ အမေရိကန်၏ ပါဝင်မှုအခန်းကဏ္ဍတွင် အဓိကကျသည့် သမိုင်းမှတ်တိုင် တစ်ခု ဖြစ်လာဖွယ်ရှိသည်။
အဘယ်ကြောင့်ဆိုသော် ဆန်ဖရန်စစ္စကိုတွင် နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ပြုလုပ်မည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်များ အစည်းအဝေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က သဘာပတိအဖြစ် ကြီးမှူးကျင်းပမည်ဖြစ်သည်။
လက်ရှိ ဖြစ်ပွားနေသည့် ပထဝီနိုင်ငံရေး အခြေအနေများအရ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အမေရိကန်အတွက် အကျိုးရှိသော ရလဒ်ထွက်ပေါ်စေရန် အလွန်အရေးကြီးနေသည်။
ထို့ပြင် ထိုအစည်းအဝေးသည် အာရှဒေသကို အမေရိကန်က ဗဟိုပြုနေဆဲ ဟုတ်/မဟုတ်ဆိုသည့် အခြေအနေကို ထုတ်ဖော်ပြသရာလည်း ရောက်မည်ဖြစ်သည်။
လက်ရှိအချိန်အထိ ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သည့် ရုရှားနှင့် တရုတ်မှလွဲပြီး APEC အစည်းအဝေးကို တက်ရောက်ရန် အတည်ပြုထားသည့် နိုင်ငံပေါင်း ၂၀ ခန့် ရှိနေသည်။
ရုရှားအနေနှင့် ထိုအစည်းအဝေးကို တက်ရောက်ဖွယ် မရှိသည်မှာ မေးခွန်းထုတ်စရာပင် မလိုပေ။
ယခင်ကတည်းက ရုရှား-ယူကရိန်းစစ်ပွဲသည် APEC အစည်းအဝေးများ၊ ဆွေးနွေးပွဲများနှင့် ပူးပေါင်းဆောင်ရွက်မှု များကို အဟန့်အတားဖြစ်စေခဲ့ပြီး လက်ရှိတွင် အစ္စရေး-ဟားမာ့စ် စစ်ပွဲက "ဘူးလေရာ ဖရုံဆင့်" သကဲ့သို့ ဖြစ်လာခဲ့သည်။
အစိုးရဝန်ကြီး အဆင့်များနှင့် ထိပ်သီး အရာရှိအဆင့်များ ဆွေးနွေးပွဲများတွင် အမေရိကန်သည် ရုရှား၏ ထောက်ခံမှုကို မည်သည့်အချိန်ကမှ မရရှိခဲ့ပေ။
ထို့ကြောင့် လက်ရှိတွင် အမေရိကန်သည် တရုတ်၏ ထောက်ခံမှုကို မဖြစ်မနေ လိုအပ်နေသည့် အခြေအနေ၌ ရှိနေသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကမူ APEC အစည်းအဝေးကို သူကိုယ်တိုင် တက်ရောက်ရန် ရှိ/မရှိ အတည်ပြု ပြောကြားခြင်း မရှိသေးပေ။
ကမ္ဘာကြီးက သိထားသည့် တစ်ခုတည်းသော အချက်တစ်ချက်မှာ လက်ရှိတွင် အမေရိကန်နှင့် တရုတ်သည် နှစ်ပေါင်းများစွာကြာ အေးခဲနေသည့် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်နွေးထွေးစေရန် လုပ်ဆောင်နေသည့် အချက် ဖြစ်သည်။
မကြာသေးမီက တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး နိုင်ငံတော်ကောင်စီဝင် ဝမ်ယိ (Wang Yi) သည် အမေရိကန်သို့ သွားရောက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) နှင့် တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းရန် လုပ်ဆောင်ခဲ့သည်။
အရေးအကြီးဆုံးအချက်မှာ APEC အစည်းအဝေးကို တရုတ်က တက်ရောက်ရေး ဖြစ်သည်။ ထို့ကြောင့် အမေရိကန်သည် ထိုအစည်းအဝေးကို တရုတ်က တက်ရောက်စေရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ ယခုနှစ်သည် အမေရိကန် ဦးဆောင်သည့် APEC အစည်းအဝေးတွင် တက်ရောက်မည့် နိုင်ငံများ အကြား သဘောထားချင်း တိုက်ဆိုင်မှုရှိသော အနေအထားမျိုး မဟုတ်ပေ။
ထို့ကြောင့် လာမည့် ရက်အနည်းငယ်အတွင်း အမေရိကန်သည် APEC အစည်းအဝေးတွင် မည်ကဲ့သို့ လုပ်ဆောင် မည်ဆိုခြင်းကို စောင့်ကြည့်ရမည် ဖြစ်သည်။ ထိုအစည်းအဝေးသည် အာရှ-ပစိဖိတ် အဖွဲ့ဝင်နိုင်ငံများ၏ ဘုံ သဘောထားကို စုစည်းတင်ပြရမည့် အခမ်းအနားတစ်ခု ဖြစ်လာမည် ဖြစ်သည်။
အမေရိကန်အတွက် ထိုထက် ပိုအရေးကြီးသည့် အချက်မှာ အာရှဒေသတွင် ၎င်း၏ ဗဟိုပြုလှုပ်ရှားနေသည့် အချက်ကို ဖော်ထုတ်ပြသရာ ရောက်မည့် အစည်းအဝေးတစ်ခု ဖြစ်လာနိုင်သည်။
ရုရှား-ယူကရိန်း စစ်ပွဲနှင့် အစ္စရေး-ဟားမာ့စ်စစ်ပွဲသည် အာရှဒေသတွင် အမေရိကန်၏ အာရုံစူးစိုက်မှုကို ပြောင်းလဲစေခဲ့သည့် နိုင်ငံတကာဖြစ်စဉ်များ ဖြစ်သည်။
ထို့ကြောင့် အမေရိကန်သည် APEC အစည်းအဝေးကို အကြောင်းပြုပြီး အာရှဒေသကို ဗဟိုပြုထားသည့် ၎င်း၏ မူဝါဒကို အလေးထားဖော်ပြဖွယ်ရှိနေသည်။
Source: ဘန်ကောက်ပို့စ်

- By CNI News
- Category: ဆောင်းပါး
- Hits: 2156
CNI International Article
၂၀၂၃ ခုနှစ်၊ ဧပြီ ၁
အပြာသရုပ်ဆောင် မင်းသမီးဟောင်းကို နှုတ်ပိတ်နေရန် ငွေပေး ခိုင်းစေခဲ့မှုနှင့် ပတ်သက်သည့် ပြစ်မှုတစ်ခု ကြောင့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် တရားစွဲခံခဲ့ရသည်။
ထို့ကြောင့် အမေရိကန်သမ္မတအဖြစ် လေးနှစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ထရမ့်သည် တရားသူကြီးရှေ့ အစစ် ဆေးမခံရခင် လက်ဗွေနှိပ်ရန်၊ မှုခင်းဓာတ်ပုံ အရိုက်ခံရရန် ရက်ပိုင်း အလိုသာ လိုတော့သည်။
ယခု ကိစ္စများသည် ထရမ့်တစ်ယောက် လာမည့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် မဲဆွယ်မှုများ လုပ်ဆောင်နေစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ထို့ကြောင့် ထရမ့်သည် သမိုင်းသစ်တစ်ခု တင်ရှိခဲ့ပြီ ဖြစ်သည်။ သို့သော် ယင်းသည် ၎င်းအလိုရှိ သကဲ့သို့ ကောင်းမွန်သည့် မှတ်တမ်းမျိုးတော့ မဟုတ်ပေ။
ထရမ့်သည် ရာဇဝတ်မှု စွပ်စွဲချက်အတွက် တရားစွဲဆိုခံရသည့် ပထမဆုံးသော အမေရိကန်သမ္မတ ဆိုသည့် မှတ်တမ်းကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။
တရားစွဲဆိုမှုနှင့် ပတ်သက်သည့် သတင်းများ ပေါ်ထွက်လာခဲ့ပြီးနောက် ထရမ့်ဘက်မှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းတွင် ယခု တရားစွဲဆိုမှုသည် ၎င်းအပေါ် တိုက်ခိုက်မှု ဖြစ်ကြောင်း၊ သူ၏ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုကို နှောင့်ယှက်ရန်အတွက် ဒီမိုကရက်တစ်များ၏ ကြိုးပမ်းမှုသာ ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
ထရမ့်နှင့် ပတ်သက်၍ ဘာတွေ ဖြစ်နေတာလဲ
******************************************
ထရမ့်ကို တရားစွဲဆိုရန် နယူးယောက်တွင် ရှိသော တရားသူကြီးများ အဖွဲ့တစ်ခုက ကြာသပတေးနေ့ ညတွင် မဲပေး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ရရှိထားသော သက်သေများသည် သမ္မတဟောင်းအပေါ် တရားစွဲဆိုရန် လုံလောက်မှု ရှိသည်ဟု ၎င်းတို့အနေဖြင့် ယုံကြည်ထားခြင်းကြောင့် ဖြစ်သည်။
သို့သော် လက်ရှိ အချိန်အထိ မည်သို့ စွဲချက်တင်ထားသည် ဆိုသည်ကိုတော့ မသိရပေးပေ။
တရားသူကြီးများဘက်က ထရမ့်သည် စတိုမီဒန်နီယဲလ် ဟုခေါ်သော အပြာမင်းသမီးဟောင်း တစ်ဦးကို နှုတ်ပိတ် နေစေရန် ငွေပေးခဲ့သည်ဟု ယုံကြည်နေကြပြီး ယင်းနှင့်ပတ်သက်သည့် သက်သေများအား ကြားနာစစ်ဆေးမှုကို သီတင်းပတ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သည်။
ထိုကိစ္စသည် ထရမ့် ဟီလာရီကလင်တန်ကို အနိုင်ရကာ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည့် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယခု တရားစွဲဆိုမှုနှင့် ပတ်သက်သည့် အသေးစိတ် အကြောင်းအရာများကို အသက် ၇၆ နှစ်အရွယ် ထရမ့် လာရောက် အဖမ်းခံကာ မန်ဟက်တန် တရားသူကြီး တစ်ဦးရှေ့မှောက်သို့ ရောက်ရှိလာမည့် အင်္ဂါနေ့တွင်မှ သိရမည် ဖြစ်သည်။
အပြာမင်းသမီး စတိုမီဒန်နီယဲလ်ကိုတွေ့ရစဉ်
ထရမ့်အပေါ် ဘာတွေ စွပ်စွဲထားသလဲ
*************************************
ထရမ့်နှင့် ၂၀၀၆ ခုနှစ်တွင် လိင်မှုရေးရာအရ ပတ်သက် ဆက်နွယ်မှု ရှိခဲ့သည်ဟု ဒန်နီယဲလ်က ပြောခဲ့သော်လည်း ထရမ့်ကတော့ ယင်းကို အစဉ်တစိုက် ငြင်းဆိုခဲ့သည်။
ဒန်နီယဲလ်သည် သူမနှင့် ထရမ့်တို့အကြား ဘာဖြစ်ခဲ့သလဲ ဆိုသည်နှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်တွင် သတင်း မီဒီယာများကို သတင်းအချက်အလက် ရောင်းချရန် ကြိုးပမ်းခဲ့သည်။
ထို့ကြောင့် ထရမ့်၏ ရှေ့နေဖြစ်သူ မိုက်ကယ်ကိုဟန်က သူမကို နှုတ်ပိတ်ရန် ဒေါ်လာ ၁၃၀,၀၀၀ ပေးခဲ့ရပြီး ထိုသို့သော ငွေပေးချေမှုကို နှုတ်ပိတ်ခဟု သတ်မှတ်သည်။
ထိုသို့ ငွေပေးမှုသည် တရားမဝင်ဟု သတ်မှတ်၍ မရနိုင်သော်လည်း ထရမ့်အတွက် ပြဿနာဖြစ်စေသည်မှာ ကိုဟန်က ယင်းအတွက် ငွေပြန်လည် ထုတ်ယူမှုကို သူ၏ အကောင့်တွင် မှတ်တမ်းအဖြစ် ရှိနေခြင်း ဖြစ်သည်။
ထို့ကြောင့် ထရမ့်သည် နှုတ်ပိတ်ရန် ငွေပေးချေမှုအား စီးပွားရေးအတွက် အသုံးစရိတ်ဟု လိမ်လည် ထွက်ဆိုခဲ့ သည်ဟု စွပ်စွဲခံထားရသည်။
ထိုကိစ္စသည် အမေရိကန်နိုင်ငံသားများ မဲပေးမှု မတိုင်ခင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သောကြောင့် ယင်းက ရွေးကောက်ပွဲ မဲဆွယ်မှုဆိုင်ရာ ငွေပေးချေမှု ဥပဒေကိုလည်း ချိုးဖောက်ရာ ရောက်နေသည်။
ထို့ကြောင့် ထရမ့်သည် ထိုငွေပေးချေမှု ကိစ္စအတွက် တရားရင်ဆိုင်ရတော့မည် ဖြစ်သည်။ သို့သော် ထရမ့်ဘက်က ၎င်းအနေဖြင့် မည်သည့် အမှားမှ လုပ်ဆောင်ခဲ့ခြင်းမရှိဟု ငြင်းဆိုထားကာ ယခုစွဲချက်သည်လည်း နိုင်ငံရေးအရ နှိပ်ကွပ်မှု ဖြစ်သည်ဟု ချေပထားသည်။
ထရမ့်ရဲ့ ရှေ့နေ ကိုဟန်ကိုတွေ့ရစဉ်
ပြစ်မှုထင်ရှားလျှင် ထရမ့် ထောင်ကျမည်လား
*******************************************
ယခု စွဲချက်များအတွက် ထရမ့် တစ်ယောက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့လျှင်ပင် ၎င်းအတွက် ဒဏ်ငွေ ပြစ်ဒဏ် ကျခံရနိုင်ခြေ ပိုများသော်လည်း ထရမ့်အနေဖြင့် ထောင်ကျနိုင်ခြေလည်း ရှိနေသေးသည်။
၎င်းအပေါ် စွဲဆိုထားသည့် စွဲချက်များထဲကို ရာဇဝတ်ပြစ်မှုကြီးဟု သတ်မှတ်လျှင်ပင် ထရမ့်သည် အမြင့်ဆုံး ထောင်ဒဏ် လေးနှစ်အထိ ကျခံရနိုင်ခြေရှိမှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ သို့သော် ယခုကိစ္စများတွင် ထရမ့် အနေ ဖြင့် ထောင်ဒဏ် ပြစ်ဒဏ် ကျခံရနိုင်ခြေမှာ မရှိသလောက် နည်းပါးသည်ဟု တရားရေးရာ ကျွမ်းကျင် သူများက သုံးသပ်ထားသည်။
ဒီမိုကရက်တစ် သမ္မတ ဘိုင်ဒန်ကိုတွေ့ရစဉ်
ထရမ့် သမ္မတရွေးကောက်ပွဲ ဆက်ပြိုင်ခွင့် ရပါ့မလား
*************************************************
ထိုမေးခွန်းအတွက် အဖြေမှာ ရပါမည်ဟူ၍ ဖြစ်သည်။ လက်ရှိ အချိန်အထိ အမေရိကန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ တွင် ထိုသို့သော ကန့်သတ်ချက်မျိုး မရှိခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် ထရမ့်သည်ပင် တရားစွဲခံထားရချိန်တွင်ပင် ယင်း၏ ရွေးကောက်ပွဲ မဲဆွယ်မှုများကို ဆက်လက် ပြုလုပ် သွားနိုင်မည်ဖြစ်သည်။ နောက်ဆုံး ထောင်ချခံထားရသည့် အခြေအနေတွင်ပင် ထရမ့်သည် သဘောတရားရေးရာ အရ သမ္မတရွေးကောက်ပွဲကို ဆက်လက် ယှဉ်ပြိုင်ခွင့် ရှိနေကာ ရွေးကောက်ပွဲ အနိုင်ရခွင့်လည်း ရှိနေသည်။
သို့သော် ထိုသို့ ဖြစ်လာနိုင်ခြေသည်လည်း များများစားစား ရှိနေသည်တော့ မဟုတ်ပေ။
ရှည်လျားသော တရားစွဲဆိုမှု၊ ရုံးတင် စစ်ဆေးမှုများက ထရမ့်အတွက် အနှောင့်အယှက် ဖြစ်စေမည် ဖြစ်ကာ ၎င်း၏အချိန်၊ စွမ်းအင်နှင့် ရွေးကောက်ပွဲအတွက် လူထုတွေ့ဆုံပွဲများ ပြုလုပ်ရေးအတွက် အချိန်သတ်မှတ်ခြင်း စသည့် ကိစ္စရပ်များအတွက် ကြီးမားစွာ အနှောင့်အယှက် ဖြစ်စေမည်မှာလည်း သေချာနေသည်။
ထရမ့်အတွက် ပထမဆုံး တရားစွဲခံရမှုလား
****************************************
ယခုဖြစ်ရပ်သည် ထရမ့်အတွက် ပထမဆုံးအကြိမ် တရားစွဲခံရမှုတော့ မဟုတ်ပေ။ ထရမ့်သည် သမ္မတအဖြစ် ရှိနေ စဉ် ကွန်ဂရက် လွှတ်တော်၏ စစ်ဆေးမေးမြန်းမှုနှင့် နှစ်ကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ရသည်။
ယင်းကို နိုင်ငံခေါင်းဆောင်များအပေါ် စွပ်စွဲပြစ်တင်ခြင်း၊ သံယရှိခြင်းဟု ခေါ်သည်။ သို့သော် ထိုနှစ်ကြိမ်လုံးကို ဆီးနိတ်လွှတ်တော်က တရားသေလွှတ်ပေးခဲ့သည်။
လက်ရှိ အချိန်တွင် သမ္မတအဖြစ် ဆက်မရှိနေတော့သည့်အတွက် ၎င်းသည် စွပ်စွဲပြစ်တင်ခြင်း ထပ်မံခံရတော့ မည် မဟုတ်သော်လည်း တရားစွဲဆိုမှုနှင့် ရင်ဆိုင်ရနိုင်ခြေရှိနေကာ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပေါင်းများ စွာကိုလည်း ကြုံတွေ့ရတော့မည် ဖြစ်သည်။
Source: BBC
- By CNI
- Category: Watch TV
- Hits: 706
- By CNI
- Category: Watch TV
- Hits: 701
- By CNI
- Category: Watch TV
- Hits: 703
- By CNI
- Category: Watch TV
- Hits: 708
- By CNI
- Category: Watch TV
- Hits: 683

- By CNI
- Category: နိုင်ငံရေး
- Hits: 1296
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၃၀
မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ဗဟိုပြုပြီး ငြိမ်းချမ်းရေးညီလာခံ ကျင်းပလာနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း ပါဝင်မည်ဆိုပါက အဖွဲ့အစည်း စုံစုံလင်လင်ဖြင့် ကျင်းပနိုင်ကြောင်း ၎င်းက ပြောသည်။
ဦးရဲထွန်းက “ဖြစ်လာနိုင်ပါတယ်၊ သူက မြောက်ပိုင်း ၇ ဖွဲ့က တရုတ်က မြန်မာအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံ ပြီးတဲ့နောက် သူတို့ ကြေညာချက် ထုတ်တဲ့အထဲမှာ သူက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို သွားဖို့အတွက် လမ်း အမျိုးမျိုး ရှိနိုင်တယ်ဆိုတဲ့ဟာ ပြောထားတာ သတိထားမိတယ်၊ နောက်တစ်ခုက အရင် ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက ဒီလို ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် NCA စာချုပ် လက်မှတ်ထိုးတုန်းကလည်း မြောက်ပိုင်း အဖွဲ့တွေက မပါဘူးပေါ့နော်၊ နောက်တစ်ခါ ပင်လုံစာချုပ်ဆိုပြီး NLD အစိုးရလက်ထက်မှာ ပင်လုံအစည်းအဝေး ဆိုပြီး ခေါ်တဲ့အချိန်မှာလည်း သူတို့ မပါဘူးပေါ့နော်၊ အခုဖြစ်မယ့်ဟာကတော့ နစကအစိုးရအနေနဲ့ အဲဒီအဖွဲ့တွေနဲ့ တိုင်ပင်ပြီးတော့ လုပ်တာ၊ ခေါ်ယူတာ၊ ကျင်းပတာ အဲဒီအဖွဲ့တွေရဲ့ သဘောတူညီချက်နဲ့ လုပ်တာဆိုရင်တော့ မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဗဟိုပြုတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မှာပေါ့၊ အရင် NCA စာချုပ်ချုပ်ဖို့ ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတို့ NLD အစိုးရလက်ထက်က ဆက်ပြီး တော့ ဖော်ခဲ့တဲ့ ပင်လုံငြိမ်းချမ်းရေးဆွေးနွေးပွဲတို့ ဆိုတာတော့ တောင်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကို ဗဟိုပြုတဲ့ သူတို့ သဘောကျ သူတို့လိုလားတဲ့ အစည်းအဝေးဖြစ်မှာပေါ့၊ အဲဒီလို မြင်ရပါတယ်ဗျ၊ ဆိုတော့ ဒီတစ်ခေါက်ကတော့ အဲဒီ အစည်းအဝေး လုပ်ဖြစ်ရင် တောင်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တက်မလားဆိုတာ စောင့်ကြည့်ရမှာပဲ။ နစကတော့ ဖိတ်လိမ့်မယ် တက်မတက်တော့ သိပ် မသေချာဘူးပေါ့နော်၊ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းပါ တက်တယ်ဆိုရင်တော့ တော်တော်များများ တောင်ပိုင်း၊ မြောက်ပိုင်း စုံသွားမှာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က UWSA-SSPP-NDAA နဲ့ NSPNC တို့ တွေ့ဆုံ ဆွေးနွေးစဉ်
ပြီးခဲ့သည့် မတ်လ ၂၂ ရက်က နစကနှင့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ တွေ့ဆုံဆွေးနွေးအပြီး ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အလားတူ မတ်လ ၂၈ ရက်နှင့် ၂၉ ရက်က နစကနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့တို့ တွေ့ဆုံစဉ် ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
လက်ရှိ နစကနှင့် တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ ဆွေးနွေးမှုမှ ရလာသည့် သဘောတူညီချက်ကို ငြိမ်းချမ်းရေးညီလာခံ ကျင်းပပြီး ပြည်သူသိအောင် ချပြနိုင်မှာ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပသင့် ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါက်တာအေးမောင်က “NSPNC ရဲ့ ကြွေးကြော်ချက်က ခုနလိုပေါ့ဗျာ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရင်း အဲဒီ နောက်မှာ ညီလာခံ တစ်ခုကိုလည်း သွားနိုင်တာပေါ့၊ သဘောတူညီချက် အဲဒီညီလာခံသည် ငြိမ်းချမ်းရေးညီလာခံ လည်း ဖြစ်နိုင်တယ်၊ ခုနဖွဲ့စည်းပုံအခြေခံဥပဒေကို Review (သုံးသပ်ချက်) တစ်ခုလည်း နောက်ဆုံးမှာ သွားနိုင် တာပေါ့၊ အဲဒီနောက်မှာ ရွေးကောက်ပွဲကြောင့် တက်လာတဲ့ အစိုးရ လွှတ်တော်ပေါ့ဗျာ၊ ထွက်ပေါက်ကောင်း ကောင်းနဲ့ အဲဒီထွက်ပေါက်ကို တရုတ်ဖက်က အားသန်သလား၊ တရုတ်ဖက်က ဒီထွက်ပေါက်အတိုင်းပဲ သွားသင့် တယ်ဆိုတဲ့ ယူဆချက် SAC နဲ့ တရုတ်ပြည်အစိုးရ၊ တရုတ်ပြည်ကွန်မြူနစ်ပါတီတို့ဖက်မှာ သဘောတူချက်တွေ သို့မဟုတ် တိုက်ဆိုင်မှုတွေ ရှိနေကြပြီလား၊ အဲဒီတိုက်ဆိုင်မှုအပေါ်မှာ FPNCC ဖက်ကလည်း သဘောတူညီကြ ပြီလား၊ သဘောထား တိုက်ဆိုင်မှုတွေ ရှိနေကြပြီလား၊ NCA ထိုးထားတဲ့ PPST ၇ ဖွဲ့မှာလည်း သဘောတူညီချက် တွေ ရှိပြီလား၊ တိုက်ဆိုင်မှုတွေ ရှိနေပြီလားဆိုရင်တော့ ခင်ဗျားပြောတဲ့ မေးခွန်းရဲ့ အဖြေပေါ့ဗျာ”ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်မှ ၂၉ ရက်အထိ အပစ်ရပ် ၇ ဖွဲ့နဲ့ NSPNC တွေ့ဆုံဆွေးနွေးနေစဉ်
ထို့နောက် ငြိမ်းချမ်းရေးညီလာခံသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထွက်ပေါက်တစ်ခုလည်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
ဒေါက်တာအေးမောင်က “ ငြိမ်းချမ်းရေးညီလာခံသည် ခုနက ကျနော်တို့ ပြောနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရင်းနဲ့ ပတ်သက်လို့ NCA စာချုပ်အရ အဓိက ခုန ထွက်ပေါက်ဗျ၊ အဲဒီညီလာခံသည် ၂၁ ရာစုပင်လုံမှာ ၄ ကြိမ် လား ပြီးခဲ့ပြီးပြီ၊ ဆက်သွားမှာလား သဘောတူညီချက် ၅၇ ခုတော့ ရပြီးပြီ၊ အခု ညှိနှိုင်းမှုတွေမှာ ဘယ်နှစ်ချက် ရနေပြီးပြီလဲ၊ အဲဒီရထားတဲ့ ညှိနှိုင်းချက်တွေကို ညီလာခံမှာပဲ အများပြည်သူသိအောင် ကြေညာနိုင်မှာဗျ၊ အဲဒါ ကြောင့် ညီလာခံတစ်ခုက သွားနိုင်တယ်၊ သွားဖို့လည်း သင့်တယ်၊ သွားမှပဲ ရှေ့ဆက်သွားနိုင်မယ်၊ ဒါဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရင်းနဲ့ လက်နက်ကိုင် တော်လှန်ရေးများနဲ့ SAC ရဲ့ မြန်မာ့တပ်မတော်ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ နှစ်ဖက် သဘောတူညီချက်နဲ့ သွားနေတဲ့ လမ်းကြောင်းပေါ့ဗျာ၊ အဲဒီမှာ နိုင်ငံရေးပါတီများရဲ့ ကဏ္ဍနဲ့ ရွေးကောက်ပွဲ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အကုန်လုံးကတော့ ရှေ့ဆက်ပြီး Process အတိုင်း သွားနေကြတာပဲ၊ အဲဒီလိုပဲ မြင်တယ်ဗျ” ဟု ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ယခင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၆ ခုနှစ်က စတင် ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် ၂၀၂၀ ခုနှစ်၊ သြဂုတ်လအတွင်းက နောက်ဆုံးအကြိမ် ကျင်းပခဲ့သည်။
Page 2 of 137